စာအုပ်ထဲသို့ကူးပြောင်းသွားခြင...

By suyinhtike

33.6K 2.5K 47

This is translation story. World-1 (24 chapters) World-2 (21 chapters) World-3 (..... More

Synopsis
1.A Curse book
2. World-1: Let me hear your voice
3. World-1.2
4. World-1.3
5. World 1.4
6. World-1.5
7. World-1.6
8. World-1.7
9. World-1.8
10. World-1.9
11. World-1.10
12. World-1.11
13. World-1.12
14. World-1.13
15. World-1.14
16. World-1.15
17. World-1.16
18. World-1.17
20. World-1.19
21.World-1.20
22. World-1.21
World-1.22
World-1.23
World-1.24: Memories(Final)

19. World-1.18

662 68 3
By suyinhtike

Unicode

ယန်ချက်ချင်း အမှိုက်ပုံးဆီပြေးသွားကာ သူ့လက်ထဲကဟာကို လွှတ်ပစ်လိုက်၏... အကုန်လုံး သူ့လက်ထဲလွတ်ထွက်သွားသလို ဒေါသထွက်နေသည်... သူအံကြိတ်ရင်း ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ အလေးအနက် တွေးတောနေ၏... မင်ယော့ ဆိုတဲ့ကောင်ကို အရှင်လတ်လတ်မြေမြှုပ်ပစ်မယ်... ဒီကောင်က သူ့ဒေါသကို လာလာစွနေတယ်...

Author : မင်းသူ့ကို ထိုးပစ်ချင်နေတယ်မလား...

{ကျိန်းသေပဲပေါ့ သူ့မျက်နှာတည့်တည့်ကို လက်သီးနဲ့ထိုးပစ်ချင်တာ}

Author : အရင်ဆုံး မင်းPheromonesတွေကို သိမ်းဖို့ သင်ယူလိုက်အုံး အရူးကောင်ရဲ့... မဟုတ်ရင် ဘေးခန်းက Omegaတွေအကုန်လုံး မင်းရဲ့ မောင်းမဆောင်ထဲ ရောက်လာလိမ့်မယ်...

{ဘယ်သူက မောင်းမဆောင်ကိုမကြိုက်မှာ... မဟုတ်.... ကျွန်တော်ပြောတာက ဒီကိစ္စဆွေးနွေးရမယ့်အချိန်မဟုတ်ဘူး}

 Author : တွေ့လား... မင်းက လူယုတ်မာ! နှာဘူးကောင်!

{ကျွန်တော်နှာဘူးမဟုတ်ဘူး!}

ထို့နောက် ယန်မတ်တပ်ရပ်ကာ အကြွေစေ့တစ်စေ့ထုတ်ပြီး အအေးစက်ထဲသို့ထည့်ကာ တစ်ဘူးယူလိုက်သည်... သူနောက်ပြန်လှည့်လိုက်တဲ့ အချိန်မှာတော့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရလေ၏...

"ယိုး... စိတ်ကောက်နေတဲ့လူကြီးရေ" ထိုလူကပြုံးကာ ယန်မျက်နှာရှေ့ကို လက်ဝှေ့ယမ်းလိုက်၏...

ထိုအပြုံးကနေ ယန် မကောင်းတဲ့အငွေ့အသက်ရလိုက်သည်.. "မင်း!" သူအံကြိတ်လိုက်၏...

Author : ဂုဏ်သိက္ခာထိန်းနော် မှတ်မိလား...

ထို့နောက် ယန်က လည်ချောင်းတစ်ချက်ရှင်းကာ "ငါပြောတာက မင်းဒီမှာဘာ လုပ် နေ တာ လဲလို့" မေးရင်း ဘူးကို ဖွင့်ကာ‌ သောက်လိုက်သည်...

မင်ယော့လည်း မျက်လုံးတွေကျယ်သွားပြီး "ငါ့အတွက်ရော?" "ငါနို့သောက်ချင်တယ်" သူပြောကာ အကြွေစေ့ယူပြီး အအေးစက်ထဲထည့်လိုက်သည်... နို့ဘူးတွေကို ယူပြီးနောက် သူမတ်တပ်ရပ်နေကာ ယန်ကိုမေးလိုက်သည်.. "မင်းနဲ့ Jihoonနဲ့က တွဲနေတာလား" 

ယန်မှာ သီးသွားပြီး Colaတွေ ပါးစပ်ထဲက ပြန်ထွက်လာ၏... "ဘာလို့ ရုတ်တရတ်ကြီး ထမေးလိုက်တာလဲ" ယန် ထိတ်လန့်စွာပြောလိုက်သည်...

"အာ မင်းတို့နှစ်ယောက် တွဲနေတာ မဟုတ်ဘူးလား" မင်ယော့တစ်ယောက် ယန့်ရှေ့မှာ ရပ်ကာ "မင်းသူ့ကိုကြိုက်လား" သူ ဂရုမစိုက်တဲ့ပုံနဲ့ မေးလိုက်သည်...

ယန်မှာ မျက်နှာနီရဲလာပြီး "အဲ့...အဲ့လိုကြီး လာမမေး...မေးနဲ့လေ" သူပြောရင်း အကြည့်လွှဲလိုက်၏...

"ငါတွေ့တာတော့" မင်ယော့နောက်တစ်လှမ်းဆုတ်ပြီး သူ့လက်ချောင်းတွေကို ပါးစပ်နားမှာထားလိုက်သည်... "Jihoon... မင်းထွက်လာလို့ရပြီ" သူအော်လိုက်တော့ ယန်ရင်းနှီးနေတဲ့ ပုံရိပ်လေးက သစ်ပင်နောက်ကနေ ထွက်လာလေသည်... ထိုသူက Jihoonဖြစ်လေသည်...

ယန်တောင့်တင်းသွားကာ ပြောလိုက်၏.... "Jihoon..."

{ဘာတွေဖြစ်ကုန်တာလဲ... ဘာလို့ ရှုပ်ထွေးနေတာလဲ}

Author : ငါလည်း မသိဘူး Systemကိုမေး....

ထိုအချိန်မှာပဲ မင်ယော့က Jihoonဘေးမှာ သွားရပ်လိုက်သည်... "ငါ့အကြံက အလုပ်ဖြစ်မယ်လို့ ထင်သားပဲ" မင်ယော့ ခေါင်းကိုပွတ်ရင်းပြောလိုက်၏... သူ Omegaလေးရဲ့ပုခုံးကို သိုင်းဖက်ရင်း "Jihoon...မင်းသိပြီမလား... အမြဲတမ်း နောက်တစ်ကြိမ်ဆိုတာ ရှိပါသေးတယ်" မင်ယော့ဆိုသည်...

ယန် သူတို့နားကို လျှောက်သွားပြီး "ခဏလေး"... "မင်းလက်တွေက ဘာလို့ သူ့ပခုံးပေါ်ရောက်နေတာလဲ" ယန်က မင်ရဲ့အပြုအမူကိုကြည့်ရင်း မေးလိုက်သည်... "ပြီးတော့ မင်းတို့ပြောနေတဲ့ အကြံဆိုတာကရောဘာလဲ"

မင်ယော့ သူ့လက်တွေကိုဖယ်ကာပြောသည်... "ကောင်းပြီ... ငါမင်းကိုရှင်းပြမယ်... Jihoonနဲ့ ငါက ဂိမ်းတစ်ခုကို ကစားခဲ့တယ်... ပြီးတော့ Jihoonရှုံးသွားတယ်... နိုင်တဲ့လူက ရှုံးတဲ့လူကို အပြစ်ပေးရမယ်... ဒါပေမဲ့ အဲ့အစားငါတို့အလောင်းအစားလုပ်ခဲ့တယ်... ဘယ်လိုလဲဆိုတော့ မင်း...." ယန် သူ့ပါးစပ်ကိုပိတ်ကာ " တော်ပြီ လုံလောက်ပြီ မင်းတို့ အလောင်းအစားအကြောင်း မကြားချင်တော့ဘူး... ငါက မင်းတို့ကစားစရာလား" သူမျက်ခုံးတွေတွန့်ချိုးနေပေမဲ့ Jihoonရီသံကို ကြားလိုက်ရချိန်မှာတော့ ကြောင်အမ်းအမ်းဖြစ်ကာ တုန်လှုပ်သွား၏.. "သူ..သူ အခု ရီလိုက်တာလား" ယန်စိတ်ထဲမှာ တွေးလိုက်သည်...

ဂိမ်းကစားတယ် ဆိုတဲ့ဟာ သူ့စိတ်ထဲကမထွက်တော့ပေ... အဲ့ထဲမှာ Jihoonလုပ်ထားတဲ့စာရင်းကလည်း အပါအဝင်ဖြစ်လောက်တယ်... ဒါဆို သူ့Omegaလေးက မင်ယော့နဲ့တချိန်လုံး ကစားနေတာပေါ့.... သူနည်းနည်းတော့ မနာလိုဖြစ်တယ်...ဒါကအခွင့်အရေးပဲ... မင်ယော့ဆီကနေ လုယူရမယ်...

မင်ယော့နဲ့ Jihoonထွက်သွားတော့မယ့်အချိန်မှာပဲ ယန်က သူတို့ကိုတားလိုက်သည်... "ခဏလေး" ထို့နောက် နှစ်ယောက်လုံးကိုကြည့်ကာ ပြောလိုက်၏... "ငါ့အိမ်ကိုသွားပြီး ဂိမ်းဆော့ရအောင်"

"အိုး တကယ်လား" မင်ယော့က ပျော်ရွှင်ကာ ပါးစပ်က လွှတ်ခနဲထွက်သွား၏.. သို့သော်လည်း ယန်က ဒီဟာကို ထိုAlphaအတွက်မဟုတ်ဘဲ Jihoonကိုပြောတာဖြစ်တာကြောင့် အနှောက်အယှက်ဖြစ်သလို ခံစားလိုက်ရသည်.... 

{ကျစ်! ဒီကောင်ကို Jihoonနားကနေ ဘယ်လိုခွာထုတ်ရမလဲ.... ....သူ့ခန္ဓာကိုယ်ကနေ အားနည်းချက်ကို ရှာပေးလို့ရလား}

Author : မင်းသူ့ကို သတ်ချင်နေတာတော့ မဟုတ်ဘူးမလား...

{သေချာတာပေါ့ သူက ကျွန်တော့်လမ်းမှာ လာရှုပ်နေတယ်... Jihoonကိုပြန်ရအောင် ဘယ်လိုလုပ်ရမလဲ... သူ့ကို တောင်းတောင် မတောင်းပန်ရသေးဘူး}

Author : ဒါပေမဲ့ သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေပုံပေါ်တယ်နော်...

{မသင်္ကာစရာကောင်းနေသေးတယ်}

ထို့နောက် သုံးယောက်သား ယန်ရဲ့အိမ်ကို သွားလိုက်ကြသည်... ယန်က အိမ်အကူတွေအား သူတို့အတွက် စားစရာတွေပြင်ပေးဖို့ ပြောလိုက်သည်... Daewonဆိုတဲ့ ကောင်မှာ ကိုယ်ပိုင် gameဆော့တယ့်အခန်းရှိတယ်ဆိုတာ ယန်မသိခဲ့ချေ...  အခန်းကကြီးပြီး သက်တောင့်သက်သာလည်းရှိတယ်... Jihoonက ဆိုဖာပေါ်တွင်ထိုင်နေပြီး မင်ယော့ကတော့ ကလေးတစ်ယောက်လို လျှောက်ပတ်ကြည့်နေလေ၏...

{ဒီကောင်ဘာဖြစ်နေတာလဲ}

Author : အရမ်းချစ်စရာကောင်းတာပဲ....

{ခင်ဗျားဘာပြောလိုက်တာ?!}

 ထိုအချိန်တွင် အစေခံနှစ်ယောက်က တံခါးလာခေါက်သည်... စားစရာ၊ သောက်စရာတွေ လာပေးပြီးနောက် ပြန်ထွက်သွား၏... Jihoonကတော့ ဆိုဖာအစွန်းနားတွင် ထိုင်နေဆဲဖြစ်ကာ မင်ယော့ကို ကြည့်နေလေသည်... ထို့နောက် ယန်က "Jihoon... သူ့နာမည်က ဘာဖြစ်တယ်" ယန်က ဟိုကောင်ရဲ့နာမည်ကို မှတ်တောင်မမှတ်မိပေ...

"မင်ယော့ပါ" Jihoonပြန်ဖြေလိုက်၏... ယန်တစ်ယောက် သေလောက်အောင်ဆွံ့အသွားသည်.. ကောင်လေး သူ့ဘေးမှာရှိနေတုန်း အခြားတစ်ယောက်နာမည်ကိုပြောတာ ဒါပထမဆုံးပင်... ဘာပဲဖြစ်ဖြစ် ယန်မှာ ရင်ထဲတွင် တင်းကျပ်လာသလို ခံစားလိုက်ရ၏..

ယန်ပြံဒးပြီး "မင်းတို့နှစ်ယောက်ကြည့်ရတာ အရမ်းရင်းနှီးပုံပေါ်တယ်နော်...ဘာဖြစ်" ယန်စကားကိုဖြတ်ချကာ ချောင်းဟန့်လိုက်၏... "ကိုယ်ပြောချင်တာက သူက အရမ်းလန်းဆန်းပြီး ပျော်ပျော်ရွှင်ရွှင်ရှိပုံရတယ်နော်... ကိုယ်မှန်းကြည့်တာပါ"

{သေစမ်း! ကျွန်တော်သူ့ကိုမေးကြည့်ချင်ပေမဲ့ တစ်မျိုးကြီးဖြစ်နေတယ်}

ယန်တစ်ယောက် လက်သီးဆုပ်ကာ "Jihoon.... အရင်နေ့တုန်းကအတွက် ကိုယ်တောင်းပန်ပါတယ်... မင်ယော့ ကိုယ့်ကို sandwichပေးတဲ့နေ့တုန်းကလေ...." Jihoonက သူ့စကားကိုဖြတ်ပြောလိုက်၏... "ဘာမှမဖြစ်ပါဘူး"

မင်ယော့က ရုတ်တရတ်ကြီး သူ့တို့ရှေ့ကို ခုန်ကာရောက်လာတာကြောင့် နှစ်ယောက်လုံးအံ့အားသင့်သွား၏... "sandwichပဲ ငါ အရမ်းကြိုက်တယ်" သူပြောရင်း စားပွဲပေါ်က စားစရာတွေကိုယူလိုက်သည်....

စားသောက်ပြီးနောက် သူတို့ဂိမ်းစဆော့ကြသည်... မင်ယော့က အရမ်းတော်ပြီး ယန့်ကို အကြိမ်ပေါင်းများစွာ ရိုက်နိုင်၏.... တစ်ဖက်မှာတော့ ယန်ဟာ Jihoonကို ခိုးခိုးကြည့်နေသည်...

ဂိမ်းအလယ်ရောက်တဲ့အချိန်မှာတော့ ရွှေရောင်ဆံပင်နဲ့ Alphaက မတ်တပ်ထရပ်လိုက်၏... "ငါအပေါ့သွားချင်နေပြီ" သူဂိမ်းစက်ကို Jihoonလက်ထဲသို့ထည့်ပေးရင်း Jihoonကို ပြောလိုက်သည်... "ဂရုစိုက်နော်.. ဟိုကောင်မနိုင်စေနဲ့" မင်ယော့မှာ မျက်လုံးတစ်ဖက်မှတ်ပြကာ အပြင်ထွက်သွား၏...

Jihoonက ယန့်ဘေးမှာထိုင်ချလိုက်၏... "အမ်း... မင်းမကြိုက်ရင် လုပ်စရာမလို..."

'KNOCK OUT'

Screenမှာပေါ်လာတဲ့ စကားလုံးကြောင့် ယန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်... ဂိမ်းထဲမှာ Jihoonက သူ့ကို လုံးဝရိုက်ထုတ်ပစ်လိုက်တဲ့အချိန်ထိ ယန်မှာ Screen ပေါ်ကနေ မျက်လုံးမခွာတော့ချေ... "ဝိုး! မင်းဂိမ်းကစားတာတော်တယ်ဆိုတာ ကိုယ်မသိခဲ့ဘူး" ယန်ပြောပြီး ရယ်လိုက်၏... ထို့နောက် မင်ယော့မရှိတုန်း နှစ်ယောက်သား အတူတူဂိမ်းကစားနေလိုက်သည်... ဒါပေါ့... Omegaလေးနဲ့အတူတူရှိရတဲ့ အဖိုးတန်အချိန်တွေကို ဖြုန်းမပစ်ချင်ပါဘူး... 'အတူတူဂိမ်းကစားချင်တယ်' ဆိုတဲ့ Jihoonဆန္ဒတွေထဲတစ်ခုပြည့်သွားတာကြောင့် ယန်မှာ အလွန်ပျော်နေလေသည်... 

"အို့ သူအိပ်ပျော်သွားပြီလား" မင်ယော့ပြန်လာတဲ့အချိန်မှာ Jihoonက ယန်ရဲ့ပေါင်ပေါ်မှာ လှဲအိပ်နေတာကိုတွေ့တာကြောင့် သူမေးလိုက်သည်... ယန်က လေးကို မနှောက်ယှက်ရန် တိုးတိုးလေးနေဖို့ပြောလိုက်၏...မင်ယော့တစ်ယောက် Jihoonဘေးနားက ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ပါးကို ပွတ်လိုက်လေ၏...

ယန်မှာ Jihoonရဲ့လက်ကို Alphaကောင်ဆီက ပြန်ယူလိုက်သည်... "ဒီမှာ ငါအရင်ကိုင်ထားတာ"  "မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက်ရင်းနှီးနေတာလဲ... တကယ်ပဲ မင်းကဘယ်သူလဲ" ယန် ခံပြင်းတဲ့အသံနဲ့ပြောလိုက်သည်...

မင်ယော့တစ်ယောက် မတ်တပ်ရပ်ပြီး ယန်နားကို တိုးသွားလိုက်၏... ထို့နောက် ယန်ရဲ့မျက်နှာနားကို ကိုင်းကာ အင်္ကျီကော်လာကို ဆောင့်ဆွဲပြီး လှောင်ပြုံးတစ်ခုပြုံးကာ ပြောလိုက်သည်... " ဟက်... မင်းက နလပိန်းတုံးဖြစ်နေတုန်းပဲ... ငါကမင်ယော့ Jihoonရဲ့ချစ်သူ" ယန်မှာ မျက်လုံးတွေပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွား၏...

ထိုအချိန်မှာ Jihoonက အနည်းငယ်လှုပ်ရှားလာပြီး နိုးလာကာ ထမထိုင်ခင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်.. မင်ယော့က Jihoonဘေးမှာထိုင်လိုက်ပြီး လက်မောင်းကို တွယ်ဖက်လိုက်၏... "အာ... ကိုယ်Jihoonလေး... နိုးလာပြီလား... ကောင်းကောင်းအိပ်ပျော်ရဲ့လား" ရွှင်ပြတဲ့အပြုံးတစ်ခုပန်ဆင်ရင်း မင်ယော့ပြောလိုက်သည်... Jihoonမှာ ယန်ကိုကြည့်ပြီး "အိပ်ပျော်သွားတဲ့အတွက် တောင်း...တောင်းပန်ပါတယ်" ယန်မှာ ကြောင်အနေဆဲ....

"အားနာဖို့မလိုပါဘူး... ရုတ်တရတ် အိပ်ချင်လာတာက အမှားမှမဟုတ်တာ... ကိုယ်တို့ အိမ်ပြန်ရအောင်" မင်ယော့က Jihoonရဲ့လက်မောင်းကို တင်းတင်းကျပ်ကျပ်ဖက်လိုက်၏... "မင်ယော့... လွှတ်" Jihoonပြောလိုက်၏... ထို့နောက် သူတို့နှစ်ယောက်မှာ ယန်ကို နှုတ်ဆက်ကာ ပြန်သွားကြလေသည်... 

ယန်မှာ တုန်လှုပ်နေ၏... ပုံမှန်အတိုင်း Jihoonစကားပြောတာကို ပထမဆုံးကြားဖူးတာပင်ဖြစ်၏... ပြီးတော့ မင်ယော့ထိတာကိုလည်း မရှောင်ဘူး... သူတို့နှစ်ယောက်က တကယ်ပဲ ချစ်သူတွေလား... ဒါဆို ဒီကမ္ဘာမှာ သူ့ရဲ့ roleအစစ်က ဘာလဲ...

{ဘာရယ်... ကျွန်တော်က ဇာတ်လိုက်မဟုတ်ဘူးလား}

သုံးဖက်မြင်ပုံရိပ်က ပေါ်လာပြန်ကာ သူ့နားတွင် ရစ်ဝဲနေသည်...

'အချက်အလက်အသစ် ပွင့်သွားပါပြီ'

'သင်ဟာ Mission option(ရွေးချယ်နိုင်မည့် အခွင့်အရေးအသစ်)  ကို ဖွင့်လိုက်ပါပြီ'

'Characterအသစ်ကိုတော့ မသိရသေးပါ' 

'အချစ်Levelမှာ 70% သို့ မြင့်တက်လာပါသည်'

{ခဏ! Mission optionဆိုတာ ဘာလဲ}

'Mission option: ဇာတ်လိုက်တွေအား အချစ်ကို ခံစားတတ်အောင်လုပ်ခြင်း (သို့မဟုတ်) ဇာတ်လိုက်တွေအား သင့်ကိုချစ်အောင်လုပ်ခြင်း'

{ဘာ?!! Author! ဒါကိုရှင်းစမ်း!}













Zawgyi



















{ဘာတြွေဖစ်ကုန်တာလဲ... ဘာလို့ ရှုပ်ထွေးနေတာလဲ}













ထို့နောက် သုံးယောက်သား ယန်ရဲ့အိမ်ကို သွားလိုက်ကြသည်... ယန်က အိမ်အကူတွေအား သူတို့အတွက် စားစရာတြွေပင်ပေးဖို့ ပြောလိုက်သည်... Daewonဆိုတဲ့ ကောင်မှာ ကိုယ်ပိုင် gameဆော့တယ့်အခန်းရှိတယ်ဆိုတာ ယန်မသိခဲ့ချေ...  အခန်းကကြီးပြီး သက်တောင့်သက်သာလည်းရှိတယ်... Jihoonက ဆိုဖာပေါ်တွင်ထိုင်နေပြီး မင်ယော့ကတော့ ကလေးတစ်ယောက်လို လျှောက်ပတ်ကြည့်နေလေ၏...

{ဒီကောင်ဘာဖြစ်နေတာလဲ}












'KNOCK OUT'




မင်ယော့တစ်ယောက် မတ်တပ်ရပ်ပြီး ယန်နားကို တိုးသွားလိုက်၏... ထို့နောက် ယန်ရဲ့မျက်နှာနားကို ကိုင်းကာ အင်္ကျီကော်လာကို ဆောင့်ဆွဲပြီး လှောင်ပြုံးတစ်ခုပြုံးကာ ပြောလိုက်သည်... " ဟက်... မင်းက နလပိန်းတုံးဖြစ်နေတုန်းပဲ... ငါကမင်ယော့ Jihoonရဲ့ချစ်သူ" ယန်မှာ မျက်လုံးတြွေပူးကာ ပါးစပ်အဟောင်းသားဖြစ်သွား၏...













Continue Reading

You'll Also Like

162K 3.8K 83
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
34.9K 3.4K 78
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
1.1M 83.9K 23
#Book-2 in Lost Royalty series (But can be read standalone ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spr...
402K 16.8K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...