ငါကဗီလိန်! [Uni + Zaw]

By Adira_Mo

16.8K 1.5K 53

စာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updat... More

Intro
Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8.2
Ch 9
Ch 10
Ch 11
Story Glory Details and Update Schedules <3
Ch 12
Ch 13

Ch 8

760 114 0
By Adira_Mo

[A/N အရမ်းကြာသွားလို့တောင်းပန်ပါတယ်၊ ဒါ့ကြောင့် Ch 8.2အခွဲပိုဒ်လေးနဲ့ ပြန်ချော့ပါရစေနော်၊]

မင်းသွန်းညှာနှင့် လရောင်ငေးတို့နှစ်ယောက်သား အခြေအနေတို့ကိုအကြမ်းဖြင်းဆွေးနွေးပြီးနောက်အခန်းထဲမှထွက်လာတာကြာပြီဖြစ်သဖြင့်စာသင်ခန်းထဲပြန်လာလိုက်ကြသည်။နှစ်ယောက်သား စာသင်ခန်းထဲသို့ရောက်သော် စာသင်ခန်းအပေါက်ဝမှာတင် နှင်းစက်လင်းက သူတို့အနားသို့ ခပ်သုတ်သုတ်လာ၍ အလောတစ်ကြီးပြောလေသည်။

  "ဟဲ့ မနက်ကလေ၊ မင်းခေတ်လှိုင်းနဲ့နင့်ကိုဝင်တိုက်တဲ့ ဟိုကောင်လေး ဆေးရုံရောက်သွားပြီသိလား.."

   "ဟမ်၊ ဘယ်လိုဖြစ်တာတုန်းဟ၊ မနက်ကတောင်အကောင်းကြီးပါ.."

   "ငါလဲမသိဘူးဟ၊ စောနကပဲ ဆေးရုံကားနဲ့ဆေးရုံခေါ်သွားခံလိုက်ရတာ၊ သွားကြည့်တဲ့သူတွေပြောတာတော့ သူ့ရဲ့လက်ခုံနှစ်ခုလုံး ဓားနဲ့အမွှန်းခံထားရပြီး ဆပ်ပြာရည်တွေနဲ့လောင်းချခံထားရတယ်တဲ့..."

မင်းခေတ်လှိုင်းကပါ စကားဝိုင်းထဲဝငိပြောလိုက်သည်။မင်းခေတ်လှိုင်း၏စကားကြောင့် မင်းသွန်းညှာတစ်ယောက် သူ့လက်ခုံပါဖျဥ်းကနဲဖြစ်သွားရသည်။ကျောင်းဆေးခန်းနှင့်တင်မရပဲ ဆေးရုံကားပါခေါ်ရသည်ဆိုလျှင် ကျိန်းသေပေါက်အခြေအနေဆိုးဝါးနေ၍ဖြစ်ပေမည်။

  "လက်ခုံကိုဖြတ်မိတာဆိုတော့ သွေးအများကြီးဆုံးရှုံးရုံကလွဲပြီး ဘာမှမထိခိုက်လောက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အသက်နဲ့အဝေးကြီးပါပဲ၊"

လရောင်ငေး က တွေးဆဆနှင့်ဝင်ပြောသည်။လရောင်ငေး၏စကားကိုမင်းသွန်းညှာနှင့် နှင်းစက်လင်းကလဲ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်ထောက်ခံသည်။အတင်းပြောချင်ဇောနှင့် လရောင်ငေးကိုမမြင်ရှာသော မင်းခေတ်လှိုင်းသည် ယခုမှ မင်းခေတ်လှိုင်းကိုမြင်ကာ ချောင်းတွေပါထဆိုးတော့သည်။

  "အဟွတ်၊ အဟွတ်"

  "ချောင်းဆိုးရင်း အသက်ပါပါသွားဉီးမယ်နော်၊"

နှင်းစက်လင်းကရုပ်တည်ကြီးနှင့် မင်းခေတ်လှိုင်းကိုအားရပါးရဖဲ့လိုက်သေးသည်။မင်းသွန်းညှာကမူ စပ်ဖြဲဖြဲနှင့် စိတ်ထဲတွင် လရောင်ငေးနှင့် မင်းခေတ်လှိုင်းကို Shipပင်shipနေလိုက်သေးသည်။လရောင်ငေးကမူ သူတို့အဖွဲ့ဆီအာရုံမရောက်ပဲ သူ့ဘာသူ ဟိုကြည်ဒီကြည့်နှင့်ပင်။

   "ဘာပဲဖြစ်ဖြစ် အဲ့ကောင်လေးကိစ္စက တစ်ယောက်ယောက်ကတမင်တကာလုပ်တာသေချာတယ်၊ နင်တို့လဲသတိထားကြဉီး..."

မင်းခေတ်လှိုင်းက သူတို့အကုန်လုံးကိုသတိပေးစကားပြောလေသည်။ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတွင်းရန်ပွဲများထက်ပင် အခြေအနေဆိုးလှသော ထိုကောင်လေး၏လက်ခုံပေါ်မှ ဓားမွှန်းရာများကြောင့် မင်းခေတ်လှိုင်းပင်ဖြုံသွားမိသည်။အကယ်၍ ထိုကောင်လေးနှင့်ရန်ငြိုးရှိသူကလုပ်သည်ဆိုလျှင်တောင်မှ အလွန်ကိုရက်စက်ရာကျလွန်းလှသည်။

   "အောင်မာ၊ ငါတို့ကဘယ်သူတွေမို့လို့လဲ ငါတို့ကိုထိရဲတဲ့သူက အသက်အပိုပါလို့နေမှာပေါ့..."

နှင်းစက်လင်းက ဆောင့်ကြွားကြွားလေးဖြင့်ဝင်ထောက်သည်။ထုအခါ လရောင်ငေးက သူ၏ဆံပင်အရှည်ကို နဖူးပေါ်သပ်တင်ရင်းဝင်ပြောသည်။

   "ဒါပေမဲ့ မင်းခေတ်လှိုင်းပြောတာမမှားဘူး၊ မင်းတို့၃ယောက်ဂရုစိုက်သင့်တယ်၊ မင်းတို့၃ယောက်က အဓိကအိမ်တော်ကြီးကလူတွေ၊ ပြီးတော့ မင်းတို့တွေကအရေးကြီးပုဂ္ဂိုလ်လေးတွေ"

လရောင်ငေး၏စကားအဓိပ္ပါယ်ကိုမူ မင်းသွန်းညှာသေချာနားလည်လေသည်။ဘယ်လိုပင်အမြှောက်စာဇာတ်ကောင်ပြောပြော စောစောစီးစီးစျာန်ကြွသွားလျှင်ပင် မူရင်းဇာတ်ကြောင်းကိုထိခိုက်မှုရှိနိုင်သောကြောင့်ပင်။ဒါ့အပြင် လရောင်ငေး၏ပုံစံက သူတို့ကိုတကယ်စိတ်ပူ၍ပြောနေပုံလဲပေါ်လေသည်။

   "ဟဲ့၊ Ecရေ နင့်ဖားသားကြီးကအစိုးရဖက်ကနော်၊ တစ်ခုခုဆို နင်ကပိုသတိထားရမှာ၊ နိုင်ငံရေးအရလုပ်ကြံတာတွေကများရများနဲ့၊"

ထိုအခါ မင်းခေတ်လှိုင်းကလဲ ကြားထဲကအမှတ်ဝင်ယူလေသည်။

   "ဟုတ် ဟုတ်တယ်၊ မင်းလဲ ဂရုစိုက်သင့်တယ်၊ ဘာပဲဖြစ်ဖြစ် အကုန်လုံးသွားသတိ လာသတိထားကြ၊"

သို့နှင့်သူတို့လဲ ထိုကောင်လေးကိစ္စကိုစိတ်ထဲမထားပဲ မနက်ပိုင်းအတန်းချိန်တွေကိုဆက်တက်ကြသည်။ဤသို့ဖြင့်နေ့ခင်းဘက် ကန်တင်းထိုင်ချိန်ရောက်သောအခါ မင်းသွန်းညှာ၊နှင်းစက်လင်းနှင့်မင်းခေတ်လှိုင်းတို့က နေနိုင်းမာန်လေး၏အခန်းကိုဝင်ခေါ်ပြီးကာမှ ကန်တင်းသွားရန်ပြင်ကြသည်။နှင်းစက်လင်းကမူ လရောင်ငေးကိုပါ တစ်ပါတည်းချောဆွဲလာခဲ့လိုက်လေသည်။ဤသို့ဖြင့် လရောင်ငေးခမြာ ကန့်လန့်ကန့်လန့်ဖြင့်ပါလာရတော့သည်။​

သို့နှင့်သူတို့၄ယောက်စလုံး နေနိုင်းမာန်လေး၏အတန်းဆီအတူသွားရလေတော့သည်။နေနိုင်းမာန်လေး၏အခန်းရှေ့ရောက်သော် နေနိုင်းမာန်လေးသည် သူ၏ထိုင်ခုံပေါ်တွင်သာ မလှုပ်မယှက် ဖက်ထုပ်လုံးလေးကဲ့သို့ ထိုင်နေလေသည်။ထို့ကြောင့် မင်းသွန်းညှာက အခန်းဝမှနေ၍

   "နိုင်းလေးရေ၊"

မင်းသွန်းညှာအသံကိုကြားသော်နေနိုင်းမာန်လေးသည် သူ့ထိုင်ခုံမှထကာ အခန်းဝဆီလျှောက်လာလေသည်။

  "ကိုကိုတို့ ကန်တင်းမှာနေ့လည်စာအတူသွားစားကြရအောင်၊ အဲ့မှာကိုကြီးတို့လဲရှိနေမှာ၊ နိုင်းလေးဗိုက်ဆာနေပြီလား၊"

   "အာ၊ သားလဲကန်တင်းသွားမလို့ပဲ သွားရမဲ့လမ်းမသိလို့..."

   "ဟင်...ညီလေးကို ညီလေးအတန်းဖော်တွေကမခေါ်ဘူးလား...၊"

ခေါင်းလေးငုံ့ကာ ခေါင်းခါပြသော နေနိုင်းမန်လေးကြောင့် မင်းခေတ်လှိုင်းက

   "ဟူး..၊ အခုမှကျောင်းပြောင်းလာတာဆိုတော့ ကလေးတွေကမရင်းနှီးသေးလို့ဖြစ်မယ်၊ ထားလိုက်၊ နောက်ကြ ကိုကြီးတို့နဲ့ပဲအတူတူစားကြမယ်၊ တစ်ခြားကလေးတွေက ရူးတူးတူးပေါတောတောလေးတွေနဲ့"

မင်းခေတ်လှိုင်းစကားကို လရောင်ငေးကပါဝင်ထောက်ခံသည်။

   "ဟုတ်တယ်၊ ကလေးတွေကချစ်ဖို့မကောင်းဘူး"

   "....."

   "ညီလေးကလွဲလို့၊"

မင်းသွန်းညှာနှင့်နှင်းစက်လင်းမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ကျိန်းသေပေါက်ကို ထိုနှစ်ယောက်ပုံစံသည် ကလေးချစ်တတ်ကြသည့်ပုံပေါ်မနေပေ။

သို့နှင့် သူတို့လဲ ကန်တင်းဆီ တက်ညီလက်ညီ​ချီတက်ခဲ့ကြတော့သည်။သူတို့၏ကျောင်းဝန်းက ကျယ်လှသည့်အပြင် အဆောင်ပေါင်းများစွာနှင့် နန်းတော်ကြီးကဲ့သို့ပင်ဖြစ်သည်။ထမင်းစားဆောင်သည် နေနိုင်းမာန်လေး၏စာသင်ဆောင်နှင့်သိပ်မဝေးသောနေရာတွင်ရှိပြီး ကျယ်ဝန်းကာ အလင်းရောင်ကောင်းကောင်းရလေသည်။အစားအသောက်များမှာလဲသန့်ရှင်းလတ်ဆတ်ကာ hotelတွင် တည်ခင်းဧည့်ခံထားသကဲ့သို့ပင်။

သူတို့သည် ထမင်းစားဆောင်ထဲရောက်သည်နှင့် ကိုယ်စီဗန်းတစ်ချပ်ယူကာ သူတို့စားမည့်အစားအသောက်များကိုယ်တိုင်ရွေးကြလေသည်။နေနိုင်းမာန်လေး၏ဗန်းထဲတွင်တော့ မင်းသွန်းညှာက ထည့်ပေးလိုက်၊​နှင်းစက်လင်းက ထည့်ပေးလိုက်၊မင်းခေတ်လှိုင်းနှင့်လရောင်ငေး ကထည့်ပေးလိုက် နှင့် အမျိုးကိုစုံနေတော့သည်။တစ်​ဖြည်းဖြည်းနှင့် နေနိုင်းမာန်လေး၏အစားအသောက်ဗန်းလေးမှာ တောင်ပို့လေးသဖွယ်ဖြစ်လာလေတော့သည်။အစားအသောက်များရွေးပြီးသည်နှင့် သူတို့သည် ပြတင်းနားရှိစားပွဲတစ်ခုကိုရွေးကာစုထိုင်လိုက်သည်။

သူတို့စားနေစဉ်တွင်လဲ မင်းသွန်းညှာကနေနိုင်းမာန်လေးအတွက်အစစအရာရာလိုက်လုပ်ပေးလေသည်။Steakကိုလှီးဖြတ်ခြင်း၊ အချိုရည်ထည့်ပေးခြင်းနှင့်လက်သုတ်ပုဝါယူပေးခြင်းများသကဲ့သို့အသေးအမွှားလေးများကအစ အကုန်လိုက်လုပ်ပေးလေသည်။ကျန်၂ယောက်ကအံ့သြနေသော်လဲ လရောင်ငေးကမူမအံ့သြပါချေ။ဘာကြောင့်ဆို မင်းသွန်းညှာသည်လဲ အသက်ရှင်သန်ဖို့ရာ final bossကိုဖားထားရမည်ဖြစ်ကြောင်း သူသိနေသောကြောင့်ပင်။

မင်းသွန်းညှာသည် system၏ notification ကိုပိတ်ထားသော်လဲ ကျိန်းသေပေါက်ကို နေနိုင်းမာန်လေးစိတ်ကျေနပ်နေကြောင်း သေချာလှသည်။မင်းသွန်းညှာသည်လဲ systemနှင့်ကျွမ်းဝင်လာသည်နှင့်အမျှအခြေခံအချက်ဖြစ်သည့် noti ပိတ်တာ၊ဖွင့်တာလောက်တော့ နားလည်နေပြီဖြစ်သည်။ဒါ့အပြင် တစ်ခါတစ်လေကြ Systemကိုပါ Alarmများပေးခြင်း၊ သူမတွက်တတ်သည့်သချင်္ာဂဏန်းများတွက်ခိုင်းခြင်းတို့ကိုပါပြုလုပ်ခိုင်းသေးသည်။

သူတို့စားနေတုန်းမှာပင် မင်းစိုင်းသာနှင့် လကျာ်လှိုင်းတို့ပါ ရောက်လာလေသည်။လကျာ်လှိုင်း၏ မင်းစိုင်ူသာအပေါ်အသေးအမွှားလေးများကအစဂရုတစိုက်ရှိလှသော အမူအရာတို့ကိုကြည့်ပြီး အကြောင်းသိသည့် လရောင်ငေးနှင့် မင်းသွန်းညှာတို့မှာတော့ ခွေးစာ*နင်နေပြီဖြစ်သည်။ကန်တင်းတွင်နေ့လည်စာလာစားဖြင်းဖြစ်သော်ငြား ခွေးစာနှင့်ပင်ဗိုက်ပြည့်တော့မည့်ပုံပေါ်နေသည်။

   "အဟွတ်၊ အဟွတ်၊ နေ့လည်စာကလဲ ခွေးစာအရသာတွေတစ်ပြုံကြီးရနေသလိုလိုပဲ "

ရေသောက်ရင်းပြောလိုက်သော လရောင်ငေးစကားကြောင့် အကြောင်းသိသည့် မင်းသွန်းညှာကကြိတ်ရယ်လိုက်သည်။အကြောင်းမသိသည့်မင်းခေတ်လှိုင်းကမူ လရောင်ငေး၏ပန်းကန်ထဲမှအစားအသောက်များကိုတစ်ချက်ကြည့်ကာ ပြီးလျှင် ကန်တင်းစားဖိုမှူးကိုထူးထူးဆန်းဆန်းအရသာများမပေါက်အောင် ချက်စေရန် သေချာမှာကြားရမည်ဟု စိတ်ထဲတေးထားလေတော့သည်။နေနိုင်းမာန်ကတော့ ရယ်လိုက်သောကြောင့် မင်းသွန်းညှာ၏ လှစ်ခနဲပေါ်သွားသော သွားချွန်ချွန်လေးများကိုကြည့်ရင်း

  'ကိုကိုကလဲဗျာ၊ အဲ့လိုရယ်နေရင် တခြားသူတွေကဝိုင်းကြည့်ကုန်တော့မှာပေါ့၊ ဟင်း၊ ကိုကို့ကိုဘယ်သူမှမမြင်အောင် သော့ခတ်သိမ်းထားပစ်ချင်တော့တာပဲ ကိုကိုအဆိုးလေးရယ်၊'

ထိုစဥ်သူတို့၏ပျော်ရွှင်ဖွယ် အခိုက်အတန့်လေးကို ဖျက်ဆီးဖို့ အဖျက်ကောင်ရောက်ရှိလာလေသည်။ခပ်လှမ်းလှမ်းစားပွဲမှ နွေလှိုင်းသည် သူတို့စားပွဲဝိုင်းသု့ ခပ်ကြွကြွလေးလျှောက်လာလေသည်။နွေလှိုင်းသည်လဲကျောင်းတွင်းအလှလေးများထဲမှတစ်ယောက်မို့ သူမဆီသို့ ကန်တင်းထဲရှိ အချို့သူများ၏အာရုံကရောက်ရှိနေလေသည်။နွေလှိုင်းသည် သူမ၏အစ်ကိုအရင်းဖြစ်သည့် မင်းခေတ်လှိုင်းဆီလာသလိုလိုနှင့် သူမ၏အစ်ကိုဝမ်းကွဲ လကျာ်လှိုင်းနားကပ်ထိုင်လိုက်ကာ

  "ညီမလေး ဒီမှာထိုင်မယ်နော်၊"

   "ကန်တင်းထဲမှာထိုင်စရာနေရာရှားပုံပဲ၊"

ခပ်တိုးတိုးထွက်လာသော မင်းသွန်းညှာ၏စကားကြောင့် လေထုအ​နေအထားကတင်းကြပ်သွားသည်။နွေလှိုင်းသည် မင်းခေတ်လှိုင်း၏ညီမအရင်းဖြစ်သော်လဲ မင်းသွန်းညှာအနေဖြင့် ညှာတာရန်အစီအစဥ်မရှိပေ။မင်းခေတ်လှိုင်းကလဲ သူ့ညီမကို သူသဘောမကျမှန်း မင်းသွန်းညှာသိပါသည်။သို့သော် နွေလှိုင်းဆိုသူကဘယ်လိုလူမျိုးမို့လို့လဲ။ကျိန်းသေပေါက်ကိုအရှက်မရှိသည့်လူစားမျိုးမို့ မင်းသွန်းညှာ၏စကားကိုမသိချင်ယောင်ဆောင်ကာ လကျာ်လှိုင်း၏ဘေးတွင်ဝင်ထိုင်လျက်

   "ဟိုဟာလေ ညီမလေးက ကြက်တောင်ရိုက်အသင်းမှာဝင်ထားတော့ ကိုကြီး​လကျာ်အားရင် ညီမလေးနဲ့အတူကျင့်ပေးပါဉီးနော်၊ ညီမလေးက ဆော့ချင်လို့သာဝင်လိုက်တာ ကြက်တောင်သိပ်မရိုက်တတ်တာ ကိုကြီးလကျာ်လဲသိပါတယ်၊"

   "အမ်...sportအသင်းတွေ စာရင်းကောက်ဖို့ကလိုသေးတယ်မဟုတ်ဘူးလား၊ "

လရောင်ငေးကဖြတ်ပြောလိုက်သည်။သူဒီကိုယ်ထဲကိုရောက်နေ၍ ဒီမူလကိုယ်၏မှတ်ဥာဏ်အရ ကျောင်းပွဲတော်တွေကိုသေချာမှတ်မိနေပါသည်။ကျောင်းအားကစားပွဲတော်အတွက် စာရင်းကောက်ခြင်းက နောက်အပတ်လောက်မှစမည်ပင်။ဒါကိုဘယ်လိုဖြစ်လို့ နွေလှိုင်းက ကြိုတင်စာရင်းသွင်းလို့ရတာပါလိမ့်။

   "အဟမ်း၊ ငါတို့ Ecက ငါကြက်တောင်ရိုက်တာတော်မှန်းသိလို့ ငါမပြောရသေးပဲ ငါ့နာမည်ကိုအရင်စာရင်းသွင်းပေးတာလေ..."

​သူမ၏စကားကြောင့်လရောင်ငေးကမျက်နှာမျက်သွားသလို လကျာ်လှိုင်းနှင့်မင်းခေတ်လှိုင်းတို့မျက်နှာကလဲတင်းခနဲပင်။ကျောင်းကတရားဝင်မကြေငြာရသေးပဲ စာရင်းကြိုသွင်းလိုက်သည်က ကျောင်းကဆရာ ဆရာမများကိုမလေးမစားလုပ်ခြင်းသာ။

   "ဒါဆို နင်ပြောတဲ့အထဲမှာအဖြေပါနေပြီးသားလေ၊ နင်ကကြက်တောင်ရိုက်တော်ပြီးသားပဲမလား ဘာလို့ ကိုကြီး​လကျာ့်ကိုသင်ခိုင်းဉီးမှာလဲ..."

မင်းခေတ်လှိုင်းကဝင်​ဟန့်လိုက်သည်။သူတကယ့်ကိုပင် သူ့ညီမ၏စိတ်ဓာတ်ကို မကြိုက်ပါ။တစ်မအေတည်းမွေးသော်ငြား သူတို့နှစ်ဦး၏အကျင့်စရိုက်ကမူ ကွာခြားလွန်းလှသည်။

  "ဒါပေမဲ့ ကိုကြီးက ဘတ်စကတ်ဘောဆော့တာလေ၊ ညီမလေးနဲ့အတူလေ့ကျင့်ပေးနိုင်မှာမို့လို့လား၊ ကိုကြီး​လကျာ်က ကြက်တောင်ရိုက်အသင်းကလေ...အဲ့တော့သူနဲ့အတူတူလေ့ကျင့်လို့ရတာပေါ့၊"

နွေလှိုင်းကလဲ ပြန်ပက်သည်။ထိုအခါ လရောင်ငေးက

  "အမ်..၊ နင်တကယ်အကူအညီလိုရင် ငါကူလေ့ကျင့်ပေးမယ်လေ..."

လရောင်ငေးထံမှထွက်လာသောစကားကြောင့်နွေလှိုင်းလက်သီးဆုပ်လိုက်မိသည်။ရူးနေတဲ့လူပဲ မြို့နယ်အဆင့်ကြက်တောင်ရိုက်သမားနဲ့ အတူလေ့ကျင့်လိမ့်မှာပေါ့။သူမက ကြက်တောင်လေ့ကျင့်ရင်း ကိုကြီးလကျာ်လှိုင်းနှင့်ကိုယ်ပိုင်အချိန်လေးဖန်တီးချင်တာလေ၊လရောင်ငေးဆိုသည့်Ecကောင်နှင့်အတူ ကြက်တောင်ရိုက်ရင်း တစ်ဖက်လူရဲ့ကျွမ်းကျင်မှုကြောင့်ခွက်ခွက်လန်ရှုံးနိမ့်ရတာမျိုးဖြစ်ချင်တာမှမဟုတ်တာ။

   "နေကြပါဉီး၊ ​လကျာ့်ကိုအကူအညီလာတောင်းတည်းက ညီမလေးကတကယ်လိုအပ်လို့လေ၊ ​လကျာ်ကလဲ ကူလေ့ကျင့်ပေးလိုက်စမ်းပါကွာ..၊မင်းလဲအချိန်အားနေတာပဲကို နော်၊"

မင်းစိုင်းသာကလေပြေအေးလေးဖြင့်ပြောလိုက်လျှင် လကျာ်လှိုင်းသည်ပြုံးဖြီးဖြီးဖြင့်

   "အသဲလေးသဘော..."

ကျန်သူများ ; *ဆွံ့အ*

   "ဘောကို အသဲလေး..."

မင်းသွန်းညှာကတော့ အရှေ့မှထိုနှစ်ယောက်ကိုကြည့်ကာ

   'သြော် ငါ့ယောက်ဖတို့များ မယားပြောတော့ တစ်ညတောင်မကျော်လိုက်ဘူး ချက်ချင်းကို လက်ခံလိုက်တော့တာပဲ....'

ထိုမှသာနွေလှိုင်းသည်စိတ်ကျေနပ်လျက်သူတို့စားပွဲမှထွက်ခွါသွားတော့သည်။နွေလှိုင်းထွက်ခွါသွားသည်နှင့်တစ်ပြိုင်နက် မင်းစိုင်းသာသည် နွေလှိုင်းနှင့်အသားချင်းထိကပ်ခဲ့သော လကျာ်လှိုင်း၏လက်မောင်းကို ပုတ်ပေးသလိုလိုနှင့် အမှိုက်စတစ်ခုကိုရှင်းထုတ်သကဲ့သို့ ခပ်ပြင်းပြင်းပွတ်တိုက်ချလေတော့သည်။

   "အ့၊ နာတယ် အသဲလေး၊ ဖြေးဖြေးလုပ်ပါ"

    "ငြိမ်ငြိမ်နေ၊ ဒီမှာအမှိုက်စကပ်နေလို့၊"

ဤသို့ဖြင့်သူတို့၏နေ့လည်စာစားခြင်းလုပ်ငန်းစဥ်လေးမှာပြီးဆုံးသွားလေတော့သည်။နေ့လည်စာစားပြီးသော် ကန်တင်းမှအချိုပွဲမှာစားကြရင်း နှင်းစက်လင်းကတွေးဆဆဖြင့်

  "ဘာလိုလိုနဲ့ အားကစားပွဲတော်တောင်နီးလာပြီနော်၊ ငါကတော့ အားပဲအားပေးမယ်...ဝင်မပါတော့ဘူး..."

   "ဒီနှစ် ဘတ်စကတ်ဘောအသင်းက ကောင်ချောချောလေးတွေများလောက်တယ်...အင်း ဘတ်စကတ်ဘောအသင်းနဲ့နီးစပ်တာဆိုရင် ပန်းဖွားအကမယ်အဖွဲ့---"

မင်းသွန်းညှာ၏စကားပင်မဆုံးသေးပေ၊ နှင်းစက်လင်း၏အသံကြီးကဟိန်းထွက်လာသည်။

   "ငါ့ကို ပန်းဖွားအကမယ်အဖွဲ့ထဲထည့်လိုက်၊ Ec ငါ့ကိုကျိန်းသေပေါက်ထည့်ပေးနော်၊ ငါ ဘတ်စကတ်ဘောအသင်းထဲကကောင်လေးနဲ့ညားရင် မင်္ဂလာဆောင်မှာ နင့်ကိုရေခဲမုန့်တစ်ခွက်ပိုကျွေးမယ်၊"

နှင်းစက်လင်း၏စကားကြောင့်တစ်ဝိုင်းလုံးပွဲကျသွားရလေတော့သည်။ရေခဲမုန့်သိပ်မကြိုက်ရှာသော လရောင်ငေးကမူ နှင်းစက်လင်းကို ပန်းဖွားအကမယ်အဖွဲ့ထဲထည့်ရန်ကြိုမှတ်လိုက်ပြီပေ။

  "နိုင်းလေးကရော၊ဘယ်အဖွဲ့ထဲပါမလဲ..."

မင်းသွန်းညှာက ပူတင်းခွက်ကို နေနိုင်းမာန်လေးဆီကမ်းပေးရင်းမေးလိုက်သည်။

  "သားကလား၊ "

  "အင်း၊"

  "ဘတ်စကတ်ဘောဆော့ရင်ကောင်းမလားလို့...."

  "ဟားဟား၊ ကောင်းတယ်ညီလေး၊ ဒါမှငါ့ညီလေးကွ၊ တကယ့်ယောကျာ်းတွေကဘတ်စကတ်ဘောကစားကြတာ"

ဘတ်စကတ်ဘောအသင်းဝင်များဖြစ်ကြသည့်မင်းစိုင်းသာနှင့်မင်းခေတ်လှိုင်းက ဝမ်းသာအားရထပြောသည်။နေနိုင်းမာန်လေးသည် မင်းသွန်းညှာဘက်လှည့်ကာ

   "ကိုကိုကရော..."

   "ကိုကိုကလား၊ ကိုကိုကတော့ အပြေးပြိုင်ပွဲပဲဖြစ်ဖြစ်ကြက်တောင်ရိုက်တာပဲဖြစ်ဖြစ် ဆော့မလားလို့၊ ဘတ်စကတ်ဘောဆော့တာကကြပင်ပန်းတယ်လေ၊"

   "ကြက်တောင်ရိုက်တာဆော့လေ၊ ဒါဆိုရင် ငါတို့၃ယောက်အတူလေ့ကျင့်လို့ရတယ်..."

​လကျာ်လှိုင်းက Ecကိုရော မင်းသွန်းညှာကိုပါကြည့်၍ပြောလိုက်သည်။ထို့နောက်သူတို့ဘာသာ ဆက်လက်စကားပြောကြရင်း ဟေးလားဝါးလားလုပ်နေကြတော့သည်။တစ်ဖွဲ့လုံးမှာ အချောအလှလေးများဖြစ်သည်မို့ ကန်တင်းတွင် သူတို့တစ်ဝိုင်းတည်းကသာ ထင်ရှားနေတော့သည်။

ကန်တင်းရှိ ကျောင်းသူလေးအချို့မှာ သူတို့ထိုင်နေသည့်ဝိုင်းကို ဓာတ်ပုံခိုးရိုက်၍ ကျောင်း၏ Forum* တွင်တင်လိုက်လေသည်။

[အဆင်တွေအကုန်ငါ့လင် ; အိုး...ကြည့်ကြပါဉီး ဒီပုံကအရမ်းတောက်ပနေသလိုပဲ (ဓာတ်ပုံ)]

(Comment section)

[ငါ့ဖုန်းကြောင်နေပြီ ; အား...ဂရိနတ်ဘုရားတွေက ငါတို့ကျောင်းကန်တင်းမှာရောက်နေသလိုပဲ...ငါ့မျက်လုံးလေး ကောင်းချီးပေးခံလိုက်ရပြီ]

[ဒီနေ့ ငါကျောင်းမလာဘူး ; ဟာကွာ...ငါဒီနေ့ကျောင်းလာလိုက်ရအကောင်းသား...ကြည့်စမ်းပါဉီး ငါတို့နတ်ဘုရား မင်းစိုင်းသာက သူ့ညီတွေအပေါ်မှာနွေးထွေးနေလိုက်တာ၊ .]

[မင်းစိုင်းသာရဲ့ ဆစ်ပတ်လေး ; အပေါ်ကတစ်ယောက်၊ ကိုကိုစိုင်းသာက ငါ့ဟာနော်...လာမလုနဲ့]

[လကျာ်စိုင်း cpရဲ့ ခေါင်းကိုင်မိခင် ; @မင်းစိုင်းသာရဲ့ ဆစ်ပတ်လေး ရေ၊ လကျာ်စိုင်း couple is realပါနော်...ရှင်တို့ရဲ့နတ်ဘုရားတွေက အချင်းချင်းညားမှာကျိန်းသေပါပဲ...]

[ဖန်သားနန်းတော်ထဲက ဖန်သရဖူဆောင်းထားတဲ့အလှလေး ; အပေါ်က sis..ဒီလိုနာကျင်အောင်ပြောမှဖြစ်မှာလား၊ ရင်မှာ ရှရာဗရပွနဲ့ဟာကို ညှာညှာတာတာပြောပါဉီး...]

[မင်းခေတ်လှိုင်းရဲ့ ဗိုက်သားဖွေးဖွေးလေး ; ဟေ့ နတ်ဘုရားတွေကြားထဲက ကလေးလေးက ဘယ်သူလဲ...ငါ့ကိုအလင်းပြကြပါဉီး အတန်းဖော်အပေါင်းတို့...]

[​နှင်းစက်လင်းရဲ့ကောင်လေး ; သူကနေနိုင်းမာန်လေ၊ Kingမိသားစုရဲ့ ပျောက်ဆုံးနေတဲ့ သားတဲ့၊ မင်းစိုင်းသာနဲ့မင်းသွန်းညှာက သူတို့အငယ်လေးကိုချစ်လိုက်တာမှတုန်နေတာပဲ....]

[စာဂျပိုးတွေကို မုန်းတယ် ; ဘယ်လောက်ထိချစ်လဲဆိုရင် ဂိတ်ဝမှာ မင်းသွန်းညှာပြောပစ်ခဲ့တာကိုပဲကြည့်ကြည့် (video) ]

[ဒီနေ့ ငါကျောင်းမလာဘူး ; @စာဂျပိုးတွေကို မုန်းတယ် ရေ...ဒီvideoကို နတ်ဘုရားတွေသာမြင်သွားရင် မင်းအကောင့်တော့ ဘန်းခံရပြီပဲ..]

[ငါအိမ်စာမပြီးသေးဘူး ; @ဒီနေ့ ငါကျောင်းမလာဘူး ရေ...ငါက စာဂျပိုးတွေကို မုန်းတယ်ဆိုတဲ့ accပိုင်ရှင်ပါ..ငါ့acc အဘန်းခံလိုက်ရပါပြီ..videoလဲ ဒီforumပေါ်မှာမရှိတော့ဘူး ]

[Semeတွေက ကောင်းတယ် ရှယ်ပဲ ; အမလေးလေး နတ်ဘုရားတွေသာ သိသွားရင် ကျောင်းကပါအထုတ်ခံရလောက်တယ် သက်သေတွေကိုအမြန်ဖျောက်ဖျက်ကြ...]

ကျောင်း Forumပေါ်တွင် Hitဖြစ်နေသလောက် ကာယကံရှင်လူစုမှာတော့ ဘာကိုမှပင်မသိလိုက်ကြပေ။
_______

အတန်းချိန်​တွေဖြတ်ကျော်ပြီးနောက်မှာတော့ ကျောင်းပြန်ချိန်ကရောက်ရှိလာပြီဖြစ်သည်။မင်းစိုင်းသာတို့လိုအကြီးတန်းတွေမှလွဲ၍ ကျန်သည့်အတန်းများက အကုန်ပြန်ကုန်ကြရပြီဖြစ်သည်။ထို့ကြောင့်ကျောင်းထဲတွင်လူအနည်းငယ်ရှင်းနေလေသည်။သို့သော် မင်းသွန်းညှာနှင့် နေနိုင်းမာန်လေးကတော့ ကျောင်းဂိတ်နားက ခုံတန်းလေးမှာ bubble milk teaဝယ်သောက်ရင်း သူတို့၏အစ်ကိုကြီး အချိန်ပို ပြီးမည့်အချိန်ကိုစောင့်နေကြလေသည်။

နေနိုင်းမာန်လေး၏ပေါက်စီကဲ့သို့နူးညံ့နေသောပါးဖောင်းဖောင်းလေးသည် အအေးကိုစုပ်စုပ်သောက်နေ၍ ဖောင်းဖောင်းလေးဖြင့်ကာ ဂွမ်းစိုင်ကဲ့သို့နူးအိနေမည့်ပုံပေါ်နေလေတော့သည်။မင်းသွန်းညှာသည်လဲ ပျင်းရိပျင်းတွဲဖြင့်ခုံတွင်ခြေဆင်းထိုင်ကာ အအေးသောက်နေပုံက တစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်တော့သည်။

နှစ်ယောက်သားထိုင်စောင့်နေကြရင်း နေနိုင်းမာန်လေးသည်

  "ကိုကို၊ သား ခေါင်းထဲနောက်ကျိကျိဖြစ်နေတယ်၊ နေပြင်းလို့နဲ့တူတယ်"

  "ဟင်၊ဟုတ်လား...ဒါဆို ကိုကို့ပေါင်ပေါ်လှဲနေလိုက်လေ...လာလာ"

မင်းသွန်းညှာသည် နေနိုင်းမာန်လေး၏လွယ်အိတ်ကိုသူ့ဘေးတွင်ထောင်ထားလိုက်ကာ နေနိုင်းမာန်လေးကိုမူ သူ၏ပေါင်ပေါ်တွင်ခေါင်းအုံးလှဲစေလိုက်သည်။သူသည် လက်တစ်ဖက်က milk teaဘူးကိုကိုင်သောက်နေရင်း လက်တစ်ဖက်က နေနိုင်းမာန်လေး၏ဆံနွယ်လေးတွေကိုသပ်ပေးနေလိုက်၊ နဖူးပြင်လေးကိုလက်ကလေးဖြင့်ဖွဖွကလေးနှိပ်ပေးနေလိုက် လုပ်နေလေသည်။

လေအဝှေ့မို့ ကျောင်းဝန်းထဲရှိ အပင်များဆီမှ သစ်ရွက်အချို့က ဝေ့ဝဲနေသည်။အရာရာဟာ ကဗျာဆန်ကာလှပနေသလို ခုံတန်းပေါ်မှ ကောင်လေးနှင့် သူ၏ပေါင်ကိုခေါင်းအုံးထားသော ကလေးလေးလေးတို့ဟာလဲ နှစ်လိုဖွယ်မြင်ကွင်းတစ်ခုဖြစ်နေတော့သည်။

  'ကျွန်တော် အပိုင်မရပဲလက်လွှတ်ခဲ့ရတာတွေ သိပ်ကိုများခဲ့ပြီးပြီ ကိုကိုရယ်၊ ဒီတစ်ခါ ကိုကို့ကိုတော့ ကျွန်တော်အပိုင်ရခဲ့ပြီထင်ပါရဲ့၊ ကျွန်တော့်ကိုတော့ ကိုကိုက ထားရစ်ခဲ့မသွားဘူးမလားဟင်....'

_____

   "အား၊ အိမ်ကသာအကောင်းဆုံးသောနေရာပဲ..."

ကျောင်းမှပြန်ရောက်ပြီး ကားပေါ်မှဆင်းသည်နှင့်မင်းသွန်းညှာတစ်ယောက်အပျင်းကြောဆန့်ရင်းပြောလိုက်မိသည်။သူ၏စကားကိုကြားတော့ မင်းစိုင်းသာက ရယ်သည်။နေနိုင်းမာန်လေးလဲ ပြုံးလိုက်မိသေးသည်။ဒီလိုချစ်ဖို့ကောင်းတဲ့ ကလေးလေးက သူ့အစ်ကိုတဲ့လား။

မင်းသွန်းညှာသည် အိမ်၏ဧည့်ခန်းထဲရောက်သည်နှင့်လွယ်အိတ်ကိုပစ်ချကာ ဆိုဖာပေါ်ပစ်လှဲချလိုက်သည်။

  *ဒုန်း*

  "အား...ငါလိုး---"

ဆိုဖာ၏လက်ရန်းနှင့်ခေါင်းနှင့်ဆောင့်မိကာ ဆဲသံကထွက်ပေါ်လာသည်။မင်းသွန်းညှာက အမြန်ပင် ပါးစပ်ဘရိတ်အုပ်လိုက်သော်လဲ မင်းစိုင်းသာကမူ ထ ရယ်ပါတော့သည်။

ယခုရက်ပိုင်းသူ့ညီလေး အတော်ထူးခြားနေသည်။သို့သော် ဒီပုံစံလေးကိုသူပိုသဘောကျသည်။ပွင့်ပွင့်လင်းလင်းရှိကာ တည့်တိုးဆန်သည်။ထို့ကြောင့်ဒီပုံစံလေးကအလွန်ချစ်ဖို့ကောင်းလှသည်။အရင်ကလိုမပွင့်မလင်း မြုံစိစိပုံစံထက်စာလျှင်အခုပုံစံလေးကပိုပြီး ချစ်ဖို့ကောင်းလှသည်။

နေနိုင်းမာန်လေးကမူ မျက်မှောင်ကြုတ်ကာ သူ၏နဖူးကို လက်ဖဝါးနုနုလေးဖြင့်သွားပွတ်ပေးရင်း ပါးစပ်ကလေးကလဲ နှုတ်ခမ်းလေးစူကာ အနာသက်သာစေရန် တဖူးဖူးမှုတ်ပေးသေးသည်။

  "ကိုကိုကလဲ နမော်နမဲ့နဲ့...၊ အခုနာသွားပြီမလား"

  "ဟဲဟဲ အနာသက်သာသွားပြီ၊ ကိုကို့ညီလေးက ချစ်ဖို့ကောင်းလိုက်တာ..၊."

   "ထတော့လေ..ရေချိုးမယ်ဆို၊ ပြီးရင်ကိုကိုအိမ်စာတွေလဲလုပ်ရဉီးမယ်လေ..."

   "အား တကယ်ပြောတာ၊ စာမလုပ်ချင်ဘူး.."

ပျင်းရိပျင်းတွဲနှင့်အော်လိုက်သော မင်းသွန်းညှာစကားနောက်တွင်

   "မင်းလိမ်နေတယ်လို့လဲ ငါမထင်မိပါဘူး..."

မင်းစိုင်းသာကဝင်ပြောလိုက်လေသည်။ထို့နောက် မင်းသွန်းညှာလဲ နေနိုင်းမာန်လေးကိုလက်တွဲကာ သူ၏အခန်းဆီပြန်လေသည်။အခန်းထဲရောက်သည်နှင့် နေနိုင်းမာန်လေးကို အဝတ်အစားချွတ်ခိုင်းထားပြီး ခဏနေလျှင်ရေချိုးခန်းထဲဝင်လာရန်မှာခဲ့လေသည်။သူကတော့ ရေချိုးခန်းထဲတွင်ပင် အဝတ်လဲရန်ပြင်လိုက်သည်။သူ၏ ရှပ်အင်္ကျီကို ချွတ်ချလိုက်သည်နှင့် ရနံ့သင်းသင်းလေးက ရေချိုးခန်းတစ်ခုလုံးပြည့်လျှံသွားလေသည်။သူလဲBath robeတစ်ထည်ကိုဝတ်ဆင်ကာ နေနိုင်းမာန်လေးကိုလှမ်းခေါ်လိုက်သည်။

   "နိုင်းလေးရေ လာတော့လေ ရေချိုးကြမယ်..."

သူ့အသံကြားကာမှ နေနိုင်းမာန်လေးသည် လုံးတုံးလုံးတုံးနှင့်ရေချိုးခန်းထဲဝင်လာလေသည်။ရောက်စနှင့်မတူပဲ အသားပြည့်ပြည့် လုံးလုံးကစ်ကစ်လေးဖြစ်လာပြီမို့ မင်းသွန်းညှာမှာ နေနိုင်းမာန်လေးကို အသဲတယားယားဖြစ်နေတော့သည်။နေနိုင်းမာန်လေးသည်မွှေးပွတဘက်ကြီးကိုပတ်ထားသည်မို့ အလုံထုပ်ပိုးထားသော ဆန်ကိတ်ကလေးနှယ် ချစ်ဖို့ကောင်းလှသည်။နေနိုင်းမာန်လေးသည် တဘက်ကိုချွတ်ချကာရေဖြည့်ထားသော ရေချိုးကန်ထဲစွက်ခနဲဝင်ထိုင်ရင်း သူဝင်အလာကိုစောင့်နေလေသည်။ရေချိုးကန်ကြီးသည် ကျယ်ဝန်းလှကာ ခပ်ဝဝလူကြီး၅ယောက်လောက်အသာလေးထိုင်လို့ရလောက်အောင်ကျယ်ဝန်းလေသည်။

ယခုနောက်ပိုင်းတွင် နေနိုင်းမာန်လေးသည်ရေချိုးလျှင်မင်းသွန်းညှာနှင့်သာအတူချိုးလေသည်။ထို့ကြောင့် မင်းသွန်းညှာသည်လဲ ရေချိုးကန်ထဲတွင် နေနိုင်းမာန်လေးနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။သူ၏ခန္ဓာကိုယ်တွင် bathrobeမရှိတော့သော်လဲ ဘောင်းဘီအတိုလေးတစ်ထည်ကိုဝတ်ထားလေသည်။ရေစက်တို့က မင်းသွန်းညှာ၏ကိုယ်လုံးထက်တွင်တွဲလဲခိုနေကာ တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိနေတော့သည်။

  "လာလာ နိုင်းလေး..ကိုကိုချေးတွန်းပေးမယ်"

နိုင်းလေး၏အမာရွတ်များသည်လဲ အဆင့်မြင့်ဆေးဝါးများလိမ်းကျံမှုကြောင့်ပါးလျကာ ခပ်မှိန်မှိန်ဖြစ်နေပြီဖြစ်သည်။နိုင်းလေးကို သူ့ဘက်ဆွဲခေါ်ကာ ရေမြုပ်လေးဖြင့် နိုင်းလေး၏ရင်ဘတ်ကိုတိုက်ချွတ်ပေးလိုက်သည်။နိုင်းလေးကမူ နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ရင်းသူနှင့်မျက်နှာချင်းဆိုင်ထိုင်နေသော မင်းသွန်းညှာကို လှမ်းဖက်လိုက်ကာ မင်းသွန်းညှာ၏လည်ကုတ်နားသို့ခေါင်းကိုနှစ်ထားလိုက်သည်။

နိုင်းလေး၏ကပ်ချွဲသောသောအပြုအမူလေးကြောင့် မင်းသွန်းညှာလဲခပ်ဟဟရယ်လိုက်ကာ နိုင်းလေး၏ခေါင်းလေးကို သူ၏ခြောက်နေသောလက်တစ်ဖက်ဖြင့်အသာအယာပုတ်ပေးလိုက်လေသည်။

  "ဒီကောင်လေး ဘာလိုချင်လို့ အစ်ကို့ကိုချွဲနေရတာတုန်း၊ "

   "သား...ကျောင်းမှာ.၊"

   "ဟင်၊ ကျောင်းမှာဘာဖြစ်လို့လဲ..နိုင်းလေးကိုဘယ်သူကဘာပြောလို့လဲ..."

   "ဘယ်သူမှဘာမှမပြောပါဘူး...ဒီအတိုင်း...သားနဲ့ စိမ်းနေလို့...ကျောင်းက..."

   "သြော် ဘာများလဲလို့...နောက်ကြအသားကျသွားမှာမို့စိတ်မပူပါနဲ့၊ ပြီးတော့ ဒီကျောင်းမှာပဲ နိုင်းလေးက အထက်တန်းရောက်တဲ့အထိတက်ရမှာမို့ ဒီကျောင်းနဲ့အခုမဟုတ်လဲ နောက်ကြရင်းနှီးသွားမှာပဲ...၊တစ်ခုခုလိုအပ်တာရှိရင်သာ ကိုကိုတို့ကိုပြောဖို့မမေ့နဲ့...ပြီးတော့..အ့--"

သူပြောလို့မဆုံးသေးခင် သူ၏လည်ကုတ်နေရာလေးသို့ခပ်ဖွဖွကိုက်လိုက်သော နိုင်းလေးကြောင့် သူအသံထွက်ကာညည်းလိုက်မိသည်။

   "ဟင်၊ ကိုကို နာသွားတာလားဟင်..တောင်းပန်ပါတယ်...သားက..သားက.ကိုကို့ဆီကမွှေးနေလို့ အသည်းယားပြီး...ကိုက်မိတာပါ..."

သူ့ဆီမှခွါကာ ပျာပျာသလဲပြောနေသော ထိုကောင်လေးကြောင့် မင်းသွန်းညှာလဲ ခပ်ယဲ့ယဲ့ပြုံးကာ

   "ဘာများလဲလို့ နိုင်းလေးရယ်...၊ တောင်းပန်စရာမလိုပါဘူး..၊ ကိုကို့ဆီကမွှေးတာတော့မဟုတ်နိုင်ပါဘူး ဆပ်ပြာရည်ကမွှေးလို့နေမှာပါ..၊"

   "ကိုကိုစိတ်ဆိုးသွားတာလားဟင်..."

မျက်လုံးရွဲကြီးထက်တွင်မျက်ရည်များဝိုင်းကာပြောနေသော နိုင်းလေးကြောင့် မင်းသွန်းညှာမှာကပြာကယာပင်

   "ဘယ့်နှယ့်...မဟုတ်ကဟုတ်က၊ ကိုကိုကဘယ်တုန်းကနိုင်းလေးကိုစိတ်ဆိုးဖူးလို့တုန်း၊ နောက်လဲ ကိုက်ချင်ရင်ကိုက် ဟုတ်ပြီလား...၊ ဒါပေမဲ့တစ်ခြားသူတွေကိုမကိုက်ရဘူးနော်၊ ကြားလား"

မရဲတရဲခေါင်းငြိမ့်ပြလာသော နိုင်းလေးကို ခေါင်းလေးအသာအယာပုတ်ပေးရင်းရေဆက်ချိုးလိုက်သည်။ရေချိုးပြီးသည်နှင့် အဝတ်အစားလဲလှယ်ကာ ညစာစားရန်အောက်ထပ်ဆင်းကြလေသည်။အောက်ထပ်ရောက်သည်နှင့် အရင်နေ့တွေကလိုပင် ကိုကြီးနှင့်နေနိုင်းမာန်လေးအကြားဝင်ထိုင်ကာ ဦးမင်းခမ်းနားနှင့်အတူညစာစားရင်း ကျောင်းမှအဖြစ်အပျက်များကိုပြန်လည်ပြောပြဖြစ်လေသည်။

   "အာ၊ ငယ်လေးကြားပြီးပြီလား၊ ငယ်လေးတို့နဲ့အတန်းတူ ဟိုxxလုပ်ငန်းစုကကောင်လေး ဆေးရုံတက်လိုက်ရတယ်လေ...၊"

    "ကြားတော့ကြားလိုက်တယ် ဘာဖြစ်လို့လဲ..၊ သူ့အခြေအနေကတော်တော်ဆိုးလို့လား...၊"

မင်းသွန်းညှာက နိုင်းလေးအတွက်ဟင်းခပ်ထည့်ပေးရင်းမေးလိုက်သည်။

    "အရမ်းအဆိုးကြီးတော့မဟုတ်ပေမဲ့ လက်ခုံနှစ်ဖက်လုံးကို ဓားနဲ့အဖြတ်ခံရတာဆိုတော့ သွေးတော်တော်ဆုံးရှုံးသွားတယ်...၊ ပြီးတော့သွေးအားနည်းနေတုန်းမှာလဲ Alpha pheromonesတွေနဲ့ မြော့မြော့လေးပဲကျန်တဲ့အထိ ဖိနှိပ်သွားသေးတယ်လေ...၊ ဖြစ်ချင်တော့ အဲ့နားမှာက CCTVတွေမရှိတော့ အဲ့ကောင်လေးဆေးရုံကပြန်ဆင်းလာမှပဲ တရားခံကိုမေးရမှာပဲ...၊"

   "ကျွန်တော်ကတော့ ဘလိုင်းကြီးလုပ်တယ်လို့မထင်ဘူး...၊ အဲ့ကောင်လေးက နှာဘူး...၊ မိန်းကလေးတွေကိုလဲပါးစပ်ကသရမ်းသေးတယ် ကြည့်ရတာ သူသရမ်းဖူးတဲ့ကောင်မလေးတစ်ယောက်ယောက်ရဲ့ရည်းစားက လုပ်တာနေမှာပေါ့...၊ အဲ့လောက် သတ္တိရှိရှိနဲ့နေ့ခင်းဘက်ကြီးလုပ်ရဲတယ်ဆိုတော့ ကိုကြီးတို့စီနီယာတန်းကပဲနေမယ်...၊ တန်းခွဲ D ကများလားမသိဘူးနော်...၊ "

တန်းခွဲDသည်လူဆိုးများသာစုနေသောအတန်းမို့ ​မင်းသွန်းညှာပြောလိုက်မိလေသည်။

   *အဟမ်း*

ချောင်းဟန့်လိုက်သော ဖခင်ဖြစ်သူကြောင့်သူတို့လဲဆက်မပြောတော့ပဲ အစားသာငုံ့စားနေလိုက်သည်။သူတို့သာသေချာကြည့်ဖြစ်မည်ဆိုလျှင် အစားသာငြိမ်ငြိမ်သက်သက်စားနေသော နိုင်းလေး၏ စားပွဲအောက်ရှိပေါင်ပေါ်တင်ထားသော လက်များသည် စန္ဒယားတီးနေသကဲ့သို့တလှုပ်လှုပ်ဖြစ်နေသည်ကိုမြင်ရမည်ဖြစ်သည်။

________

[A/N vote 60ပြည့်ရင်ပြန်လာခဲ့ပါ့မယ်ဗျ]

* ခွေးစာ = Rsတွေ Faရှေ့မှာလာရိုပြတာ။

* Forum = school forumပါ။ပြောရမယ်ဆိုရင် ကျောင်းအတွက်ဖွင့်ထားတဲ့socialရပ်ဝန်းပေါ့နော်။သူက facebookလိုမျိုးပါပဲ။ဒါပေမဲ့ ကျောင်းသားတွေနဲ့ဆရာတွေပဲရှိတဲ့(အများဆုံးကကျောင်းသားတွေ) socialရပ်ဝန်းပါပဲ။နာမည်အစစ်ကိုမသုံးပဲ နာမည်ပြောင်တွေပဲသုံးကြတာမျိုးပါ။chinese novelဖတ်တဲ့သူတွေဆိုရင်းနှီးပါတယ်။ မသိတာရှိရင်လဲမေးခဲ့ပါဗျ။

______

ZAWGYI
.
.
.
.[A/N အရမ္းၾကာသြားလို႔ေတာင္းပန္ပါတယ္၊ ဒါ့ေၾကာင့္ Ch 8.2အခြဲပိုဒ္ေလးနဲ႔ ျပန္ေခ်ာ့ပါရေစေနာ္၊]

မင္းသြန္းၫွာႏွင့္ လေရာင္ေငးတို႔ႏွစ္ေယာက္သား အေျခအေနတို႔ကိုအၾကမ္းျဖင္းေဆြးေနြးၿပီးေနာက္အခန္းထဲမွထြက္လာတာၾကာၿပီျဖစ္သျဖင့္စာသင္ခန္းထဲျပန္လာလိုက္ၾကသည္။ႏွစ္ေယာက္သား စာသင္ခန္းထဲသို႔ေရာက္ေသာ္ စာသင္ခန္းအေပါက္ဝမွာတင္ ႏွင္းစက္လင္းက သူတို႔အနားသို႔ ခပ္သုတ္သုတ္လာ၍ အေလာတစ္ႀကီးေျပာေလသည္။

  "ဟဲ့ မနက္ကေလ၊ မင္းေခတ္လိႈင္းနဲ႔နင့္ကိုဝင္တိုက္တဲ့ ဟိုေကာင္ေလး ေဆးရံုေရာက္သြားၿပီသိလား.."

   "ဟမ္၊ ဘယ္လိုျဖစ္တာတုန္းဟ၊ မနက္ကေတာင္အေကာင္းႀကီးပါ.."

   "ငါလဲမသိဘူးဟ၊ ေစာနကပဲ ေဆးရံုကားနဲ႔ေဆးရံုေခၚသြားခံလိုက္ရတာ၊ သြားၾကၫ့္တဲ့သူေတြေျပာတာေတာ့ သူ႔ရဲ့လက္ခံုႏွစ္ခုလံုး ဓားနဲ႔အမႊန္းခံထားရၿပီး ဆပ္ျပာရည္ေတြနဲ႔ေလာင္းခ်ခံထားရတယ္တဲ့..."

မင္းေခတ္လိႈင္းကပါ စကားဝိုင္းထဲဝငိေျပာလိုက္သည္။မင္းေခတ္လိႈင္း၏စကားေၾကာင့္ မင္းသြန္းၫွာတစ္ေယာက္ သူ႔လက္ခံုပါဖ်ဥ္းကနဲျဖစ္သြားရသည္။ေက်ာင္းေဆးခန္းႏွင့္တင္မရပဲ ေဆးရံုကားပါေခၚရသည္ဆိုလ်ွင္ က်ိန္းေသေပါက္အေျခအေနဆိုးဝါးေန၍ျဖစ္ေပမည္။

  "လက္ခံုကိုျဖတ္မိတာဆိုေတာ့ ေသြးအမ်ားႀကီးဆံုးရႈံးရံုကလြဲၿပီး ဘာမွမထိခိုက္ေလာက္ပါဘူး၊ ဘာပဲျဖစ္ျဖစ္ အသက္နဲ႔အေဝးႀကီးပါပဲ၊"

လေရာင္ေငး က ေတြးဆဆႏွင့္ဝင္ေျပာသည္။လေရာင္ေငး၏စကားကိုမင္းသြန္းၫွာႏွင့္ ႏွင္းစက္လင္းကလဲ ေခါင္းတစ္ၿငိမ့္ၿငိမ့္ႏွင့္ေထာက္ခံသည္။အတင္းေျပာခ်င္ေဇာႏွင့္ လေရာင္ေငးကိုမျမင္ရွာေသာ မင္းေခတ္လိႈင္းသည္ ယခုမွ မင္းေခတ္လိႈင္းကိုျမင္ကာ ေခ်ာင္းေတြပါထဆိုးေတာ့သည္။

  "အဟြတ္၊ အဟြတ္"

  "ေခ်ာင္းဆိုးရင္း အသက္ပါပါသြားဉီးမယ္ေနာ္၊"

ႏွင္းစက္လင္းကရုပ္တည္ႀကီးႏွင့္ မင္းေခတ္လိႈင္းကိုအားရပါးရဖဲ့လိုက္ေသးသည္။မင္းသြန္းၫွာကမူ စပ္ၿဖဲျဖဲႏွင့္ စိတ္ထဲတြင္ လေရာင္ေငးႏွင့္ မင္းေခတ္လိႈင္းကို Shipပင္shipေနလိုက္ေသးသည္။လေရာင္ေငးကမူ သူတို႔အဖြဲ႔ဆီအာရံုမေရာက္ပဲ သူ႔ဘာသူ ဟိုၾကည္ဒီၾကည့္ႏွင့္ပင္။

   "ဘာပဲျဖစ္ျဖစ္ အဲ့ေကာင္ေလးကိစၥက တစ္ေယာက္ေယာက္ကတမင္တကာလုပ္တာေသခ်ာတယ္၊ နင္တို႔လဲသတိထားၾကဉီး..."

မင္းေခတ္လိႈင္းက သူတို႔အကုန္လံုးကိုသတိေပးစကားေျပာေလသည္။ဘယ္လိုပဲျဖစ္ျဖစ္ ေက်ာင္းတြင္းရန္ပြဲမ်ားထက္ပင္ အေျခအေနဆိုးလွေသာ ထိုေကာင္ေလး၏လက္ခံုေပၚမွ ဓားမႊန္းရာမ်ားေၾကာင့္ မင္းေခတ္လိႈင္းပင္ၿဖံဳသြားမိသည္။အကယ္၍ ထိုေကာင္ေလးႏွင့္ရန္ၿငိဳးရိွသူကလုပ္သည္ဆိုလ်ွင္ေတာင္မွ အလြန္ကိုရက္စက္ရာက်လြန္းလွသည္။

   "ေအာင္မာ၊ ငါတို႔ကဘယ္သူေတြမို႔လို႔လဲ ငါတို႔ကိုထိရဲတဲ့သူက အသက္အပိုပါလို႔ေနမွာေပါ့..."

ႏွင္းစက္လင္းက ေဆာင့္ႂကြားႂကြားေလးျဖင့္ဝင္ေထာက္သည္။ထုအခါ လေရာင္ေငးက သူ၏ဆံပင္အရွည္ကို နဖူးေပၚသပ္တင္ရင္းဝင္ေျပာသည္။

   "ဒါေပမဲ့ မင္းေခတ္လိႈင္းေျပာတာမမွားဘူး၊ မင္းတို႔၃ေယာက္ဂရုစိုက္သင့္တယ္၊ မင္းတို႔၃ေယာက္က အဓိကအိမ္ေတာ္ႀကီးကလူေတြ၊ ၿပီးေတာ့ မင္းတို႔ေတြကအေရးႀကီးပုဂၢိုလ္ေလးေတြ"

လေရာင္ေငး၏စကားအဓိပၸါယ္ကိုမူ မင္းသြန္းၫွာေသခ်ာနားလည္ေလသည္။ဘယ္လိုပင္အေျမႇာက္စာဇာတ္ေကာင္ေျပာေျပာ ေစာေစာစီးစီးစ်ာန္ႂကြသြားလ်ွင္ပင္ မူရင္းဇာတ္ေၾကာင္းကိုထိခိုက္မႈရိွႏိုင္ေသာေၾကာင့္ပင္။ဒါ့အျပင္ လေရာင္ေငး၏ပံုစံက သူတို႔ကိုတကယ္စိတ္ပူ၍ေျပာေနပံုလဲေပၚေလသည္။

   "ဟဲ့၊ Ecေရ နင့္ဖားသားႀကီးကအစိုးရဖက္ကေနာ္၊ တစ္ခုခုဆို နင္ကပိုသတိထားရမွာ၊ ႏိုင္ငံေရးအရလုပ္ႀကံတာေတြကမ်ားရမ်ားနဲ႔၊"

ထိုအခါ မင္းေခတ္လိႈင္းကလဲ ၾကားထဲကအမွတ္ဝင္ယူေလသည္။

   "ဟုတ္ ဟုတ္တယ္၊ မင္းလဲ ဂရုစိုက္သင့္တယ္၊ ဘာပဲျဖစ္ျဖစ္ အကုန္လံုးသြားသတိ လာသတိထားၾက၊"

သို႔ႏွင့္သူတို႔လဲ ထိုေကာင္ေလးကိစၥကိုစိတ္ထဲမထားပဲ မနက္ပိုင္းအတန္းခ်ိန္ေတြကိုဆက္တက္ၾကသည္။ဤသို႔ျဖင့္ေန့ခင္းဘက္ ကန္တင္းထိုင္ခ်ိန္ေရာက္ေသာအခါ မင္းသြန္းၫွာ၊ႏွင္းစက္လင္းႏွင့္မင္းေခတ္လိႈင္းတို႔က ေနႏိုင္းမာန္ေလး၏အခန္းကိုဝင္ေခၚၿပီးကာမွ ကန္တင္းသြားရန္ျပင္ၾကသည္။ႏွင္းစက္လင္းကမူ လေရာင္ေငးကိုပါ တစ္ပါတည္းေခ်ာဆြဲလာခဲ့လိုက္ေလသည္။ဤသို႔ျဖင့္ လေရာင္ေငးချမာ ကန္႔လန္႔ကန္႔လန္႔ျဖင့္ပါလာရေတာ့သည္။​

သို႔ႏွင့္သူတို႔၄ေယာက္စလံုး ေနႏိုင္းမာန္ေလး၏အတန္းဆီအတူသြားရေလေတာ့သည္။ေနႏိုင္းမာန္ေလး၏အခန္းေရ႔ွေရာက္ေသာ္ ေနႏိုင္းမာန္ေလးသည္ သူ၏ထိုင္ခံုေပၚတြင္သာ မလႈပ္မယွက္ ဖက္ထုပ္လံုးေလးကဲ့သို႔ ထိုင္ေနေလသည္။ထို႔ေၾကာင့္ မင္းသြန္းၫွာက အခန္းဝမွေန၍

   "ႏိုင္းေလးေရ၊"

မင္းသြန္းၫွာအသံကိုၾကားေသာ္ေနႏိုင္းမာန္ေလးသည္ သူ႔ထိုင္ခံုမွထကာ အခန္းဝဆီေလ်ွာက္လာေလသည္။

  "ကိုကိုတို႔ ကန္တင္းမွာေန့လည္စာအတူသြားစားၾကရေအာင္၊ အဲ့မွာကိုႀကီးတို႔လဲရိွေနမွာ၊ ႏိုင္းေလးဗိုက္ဆာေနၿပီလား၊"

   "အာ၊ သားလဲကန္တင္းသြားမလို႔ပဲ သြားရမဲ့လမ္းမသိလို႔..."

   "ဟင္...ညီေလးကို ညီေလးအတန္းေဖာ္ေတြကမေခၚဘူးလား...၊"

ေခါင္းေလးငံု႔ကာ ေခါင္းခါျပေသာ ေနႏိုင္းမန္ေလးေၾကာင့္ မင္းေခတ္လိႈင္းက

   "ဟူး..၊ အခုမွေက်ာင္းေျပာင္းလာတာဆိုေတာ့ ကေလးေတြကမရင္းႏွီးေသးလို႔ျဖစ္မယ္၊ ထားလိုက္၊ ေနာက္ၾက ကိုႀကီးတို႔နဲ႔ပဲအတူတူစားၾကမယ္၊ တစ္ျခားကေလးေတြက ရူးတူးတူးေပါေတာေတာေလးေတြနဲ႔"

မင္းေခတ္လိႈင္းစကားကို လေရာင္ေငးကပါဝင္ေထာက္ခံသည္။

   "ဟုတ္တယ္၊ ကေလးေတြကခ်စ္ဖို႔မေကာင္းဘူး"

   "....."

   "ညီေလးကလြဲလို႔၊"

မင္းသြန္းၫွာႏွင့္ႏွင္းစက္လင္းမွာေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ သက္ျပင္းခ်လိုက္မိသည္။က်ိန္းေသေပါက္ကို ထိုႏွစ္ေယာက္ပံုစံသည္ ကေလးခ်စ္တတ္ၾကသည့္ပံုေပၚမေနေပ။

သို႔ႏွင့္ သူတို႔လဲ ကန္တင္းဆီ တက္ညီလက္ညီ​ခ်ီတက္ခဲ့ၾကေတာ့သည္။သူတို႔၏ေက်ာင္းဝန္းက က်ယ္လွသၫ့္အျပင္ အေဆာင္ေပါင္းမ်ားစြာႏွင့္ နန္းေတာ္ႀကီးကဲ့သို႔ပင္ျဖစ္သည္။ထမင္းစားေဆာင္သည္ ေနႏိုင္းမာန္ေလး၏စာသင္ေဆာင္ႏွင့္သိပ္မေဝးေသာေနရာတြင္ရိွၿပီး က်ယ္ဝန္းကာ အလင္းေရာင္ေကာင္းေကာင္းရေလသည္။အစားအေသာက္မ်ားမွာလဲသန႔္ရွင္းလတ္ဆတ္ကာ hotelတြင္ တည္ခင္းဧၫ့္ခံထားသကဲ့သို႔ပင္။

သူတို႔သည္ ထမင္းစားေဆာင္ထဲေရာက္သည္ႏွင့္ ကိုယ္စီဗန္းတစ္ခ်ပ္ယူကာ သူတို႔စားမၫ့္အစားအေသာက္မ်ားကိုယ္တိုင္ေရြးၾကေလသည္။ေနႏိုင္းမာန္ေလး၏ဗန္းထဲတြင္ေတာ့ မင္းသြန္းၫွာက ထၫ့္ေပးလိုက္၊​ႏွင္းစက္လင္းက ထၫ့္ေပးလိုက္၊မင္းေခတ္လိႈင္းႏွင့္လေရာင္ေငး ကထၫ့္ေပးလိုက္ ႏွင့္ အမ်ိဳးကိုစံုေနေတာ့သည္။တစ္​ျဖည္းျဖည္းႏွင့္ ေနႏိုင္းမာန္ေလး၏အစားအေသာက္ဗန္းေလးမွာ ေတာင္ပို႔ေလးသဖြယ္ျဖစ္လာေလေတာ့သည္။အစားအေသာက္မ်ားေရြးၿပီးသည္ႏွင့္ သူတို႔သည္ ျပတင္းနားရိွစားပြဲတစ္ခုကိုေရြးကာစုထိုင္လိုက္သည္။

သူတို႔စားေနစဉ္တြင္လဲ မင္းသြန္းၫွာကေနႏိုင္းမာန္ေလးအတြက္အစစအရာရာလိုက္လုပ္ေပးေလသည္။Steakကိုလွီးျဖတ္ျခင္း၊ အခ်ိဳရည္ထည့္ေပးျခင္းႏွင့္လက္သုတ္ပုဝါယူေပးျခင္းမ်ားသကဲ့သို႔အေသးအမႊားေလးမ်ားကအစ အကုန္လိုက္လုပ္ေပးေလသည္။က်န္၂ေယာက္ကအံ့ၾသေနေသာ္လဲ လေရာင္ေငးကမူမအံ့ၾသပါေခ်။ဘာေၾကာင့္ဆို မင္းသြန္းၫွာသည္လဲ အသက္ရွင္သန္ဖို႔ရာ final bossကိုဖားထားရမည္ျဖစ္ေၾကာင္း သူသိေနေသာေၾကာင့္ပင္။

မင္းသြန္းၫွာသည္ system၏ notification ကိုပိတ္ထားေသာ္လဲ က်ိန္းေသေပါက္ကို ေနႏိုင္းမာန္ေလးစိတ္ေက်နပ္ေနေၾကာင္း ေသခ်ာလွသည္။မင္းသြန္းၫွာသည္လဲ systemႏွင့္ကြၽမ္းဝင္လာသည္ႏွင့္အမ်ွအေျခခံအခ်က္ျဖစ္သၫ့္ noti ပိတ္တာ၊ဖြင့္တာေလာက္ေတာ့ နားလည္ေနၿပီျဖစ္သည္။ဒါ့အျပင္ တစ္ခါတစ္ေလၾက Systemကိုပါ Alarmမ်ားေပးျခင္း၊ သူမတြက္တတ္သည့္သခ်င္္ာဂဏန္းမ်ားတြက္ခိုင္းျခင္းတို႔ကိုပါျပဳလုပ္ခိုင္းေသးသည္။

သူတို႔စားေနတုန္းမွာပင္ မင္းစိုင္းသာႏွင့္ လက်ာ္လိႈင္းတို႔ပါ ေရာက္လာေလသည္။လက်ာ္လိႈင္း၏ မင္းစိုင္ူသာအေပၚအေသးအမႊားေလးမ်ားကအစဂရုတစိုက္ရိွလွေသာ အမူအရာတို႔ကိုၾကၫ့္ၿပီး အေၾကာင္းသိသၫ့္ လေရာင္ေငးႏွင့္ မင္းသြန္းၫွာတို႔မွာေတာ့ ေခြးစာ*နင္ေနၿပီျဖစ္သည္။ကန္တင္းတြင္ေန့လည္စာလာစားျဖင္းျဖစ္ေသာ္ျငား ေခြးစာႏွင့္ပင္ဗိုက္ျပည့္ေတာ့မည့္ပံုေပၚေနသည္။

   "အဟြတ္၊ အဟြတ္၊ ေန့လည္စာကလဲ ေခြးစာအရသာေတြတစ္ၿပံဳႀကီးရေနသလိုလိုပဲ "

ေရေသာက္ရင္းေျပာလိုက္ေသာ လေရာင္ေငးစကားေၾကာင့္ အေၾကာင္းသိသၫ့္ မင္းသြန္းၫွာကႀကိတ္ရယ္လိုက္သည္။အေၾကာင္းမသိသည့္မင္းေခတ္လိႈင္းကမူ လေရာင္ေငး၏ပန္းကန္ထဲမွအစားအေသာက္မ်ားကိုတစ္ခ်က္ၾကည့္ကာ ၿပီးလ်ွင္ ကန္တင္းစားဖိုမွဴးကိုထူးထူးဆန္းဆန္းအရသာမ်ားမေပါက္ေအာင္ ခ်က္ေစရန္ ေသခ်ာမွာၾကားရမည္ဟု စိတ္ထဲေတးထားေလေတာ့သည္။ေနႏိုင္းမာန္ကေတာ့ ရယ္လိုက္ေသာေၾကာင့္ မင္းသြန္းၫွာ၏ လွစ္ခနဲေပၚသြားေသာ သြားခြၽန္ခြၽန္ေလးမ်ားကိုၾကည့္ရင္း

  'ကိုကိုကလဲဗ်ာ၊ အဲ့လိုရယ္ေနရင္ တျခားသူေတြကဝိုင္းၾကၫ့္ကုန္ေတာ့မွာေပါ့၊ ဟင္း၊ ကိုကို႔ကိုဘယ္သူမွမျမင္ေအာင္ ေသာ့ခတ္သိမ္းထားပစ္ခ်င္ေတာ့တာပဲ ကိုကိုအဆိုးေလးရယ္၊'

ထိုစဥ္သူတို႔၏ေပ်ာ္ရႊင္ဖြယ္ အခိုက္အတန႔္ေလးကို ဖ်က္ဆီးဖို႔ အဖ်က္ေကာင္ေရာက္ရိွလာေလသည္။ခပ္လွမ္းလွမ္းစားပြဲမွ ေနြလိႈင္းသည္ သူတို႔စားပြဲဝိုင္းသု႔ ခပ္ႂကြၾကြေလးေလ်ွာက္လာေလသည္။ေနြလိႈင္းသည္လဲေက်ာင္းတြင္းအလွေလးမ်ားထဲမွတစ္ေယာက္မို႔ သူမဆီသို႔ ကန္တင္းထဲရိွ အခ်ိဳ႕သူမ်ား၏အာရံုကေရာက္ရိွေနေလသည္။ေနြလိႈင္းသည္ သူမ၏အစ္ကိုအရင္းျဖစ္သၫ့္ မင္းေခတ္လိႈင္းဆီလာသလိုလိုႏွင့္ သူမ၏အစ္ကိုဝမ္းကြဲ လက်ာ္လိႈင္းနားကပ္ထိုင္လိုက္ကာ

  "ညီမေလး ဒီမွာထိုင္မယ္ေနာ္၊"

   "ကန္တင္းထဲမွာထိုင္စရာေနရာရွားပံုပဲ၊"

ခပ္တိုးတိုးထြက္လာေသာ မင္းသြန္းၫွာ၏စကားေၾကာင့္ ေလထုအ​ေနအထားကတင္းၾကပ္သြားသည္။ေနြလိႈင္းသည္ မင္းေခတ္လိႈင္း၏ညီမအရင္းျဖစ္ေသာ္လဲ မင္းသြန္းၫွာအေနျဖင့္ ၫွာတာရန္အစီအစဥ္မရိွေပ။မင္းေခတ္လိႈင္းကလဲ သူ႔ညီမကို သူသေဘာမက်မွန္း မင္းသြန္းၫွာသိပါသည္။သို႔ေသာ္ ေနြလိႈင္းဆိုသူကဘယ္လိုလူမ်ိဳးမို႔လို႔လဲ။က်ိန္းေသေပါက္ကိုအရွက္မရိွသၫ့္လူစားမ်ိဳးမို႔ မင္းသြန္းၫွာ၏စကားကိုမသိခ်င္ေယာင္ေဆာင္ကာ လက်ာ္လိႈင္း၏ေဘးတြင္ဝင္ထိုင္လ်က္

   "ဟိုဟာေလ ညီမေလးက ၾကက္ေတာင္ရိုက္အသင္းမွာဝင္ထားေတာ့ ကိုႀကီး​လက်ာ္အားရင္ ညီမေလးနဲ႔အတူက်င့္ေပးပါဉီးေနာ္၊ ညီမေလးက ေဆာ့ခ်င္လို႔သာဝင္လိုက္တာ ၾကက္ေတာင္သိပ္မရိုက္တတ္တာ ကိုႀကီးလက်ာ္လဲသိပါတယ္၊"

   "အမ္...sportအသင္းေတြ စာရင္းေကာက္ဖို႔ကလိုေသးတယ္မဟုတ္ဘူးလား၊ "

လေရာင္ေငးကျဖတ္ေျပာလိုက္သည္။သူဒီကိုယ္ထဲကိုေရာက္ေန၍ ဒီမူလကိုယ္၏မွတ္ဥာဏ္အရ ေက်ာင္းပြဲေတာ္ေတြကိုေသခ်ာမွတ္မိေနပါသည္။ေက်ာင္းအားကစားပြဲေတာ္အတြက္ စာရင္းေကာက္ျခင္းက ေနာက္အပတ္ေလာက္မွစမည္ပင္။ဒါကိုဘယ္လိုျဖစ္လို႔ ေနြလိႈင္းက ႀကိဳတင္စာရင္းသြင္းလို႔ရတာပါလိမ့္။

   "အဟမ္း၊ ငါတို႔ Ecက ငါၾကက္ေတာင္ရိုက္တာေတာ္မွန္းသိလို႔ ငါမေျပာရေသးပဲ ငါ့နာမည္ကိုအရင္စာရင္းသြင္းေပးတာေလ..."

​သူမ၏စကားေၾကာင့္လေရာင္ေငးကမ်က္ႏွာမ်က္သြားသလို လက်ာ္လိႈင္းႏွင့္မင္းေခတ္လိႈင္းတို႔မ်က္ႏွာကလဲတင္းခနဲပင္။ေက်ာင္းကတရားဝင္မေၾကျငာရေသးပဲ စာရင္းႀကိဳသြင္းလိုက္သည္က ေက်ာင္းကဆရာ ဆရာမမ်ားကိုမေလးမစားလုပ္ျခင္းသာ။

   "ဒါဆို နင္ေျပာတဲ့အထဲမွာအေျဖပါေနၿပီးသားေလ၊ နင္ကၾကက္ေတာင္ရိုက္ေတာ္ၿပီးသားပဲမလား ဘာလို႔ ကိုႀကီး​လက်ာ့္ကိုသင္ခိုင္းဉီးမွာလဲ..."

မင္းေခတ္လိႈင္းကဝင္​ဟန္႔လိုက္သည္။သူတကယ့္ကိုပင္ သူ႔ညီမ၏စိတ္ဓာတ္ကို မႀကိဳက္ပါ။တစ္မေအတည္းေမြးေသာ္ျငား သူတို႔ႏွစ္ၪီး၏အက်င့္စရိုက္ကမူ ကြာျခားလြန္းလွသည္။

  "ဒါေပမဲ့ ကိုႀကီးက ဘတ္စကတ္ေဘာေဆာ့တာေလ၊ ညီမေလးနဲ႔အတူေလ့က်င့္ေပးႏိုင္မွာမို႔လို႔လား၊ ကိုႀကီး​လက်ာ္က ၾကက္ေတာင္ရိုက္အသင္းကေလ...အဲ့ေတာ့သူနဲ႔အတူတူေလ့က်င့္လို႔ရတာေပါ့၊"

ေနြလိႈင္းကလဲ ျပန္ပက္သည္။ထိုအခါ လေရာင္ေငးက

  "အမ္..၊ နင္တကယ္အကူအညီလိုရင္ ငါကူေလ့က်င့္ေပးမယ္ေလ..."

လေရာင္ေငးထံမွထြက္လာေသာစကားေၾကာင့္ေနြလိႈင္းလက္သီးဆုပ္လိုက္မိသည္။ရူးေနတဲ့လူပဲ ၿမိဳ႔နယ္အဆင့္ၾကက္ေတာင္ရိုက္သမားနဲ႔ အတူေလ့က်င့္လိမ့္မွာေပါ့။သူမက ၾကက္ေတာင္ေလ့က်င့္ရင္း ကိုႀကီးလက်ာ္လိႈင္းႏွင့္ကိုယ္ပိုင္အခ်ိန္ေလးဖန္တီးခ်င္တာေလ၊လေရာင္ေငးဆိုသည့္Ecေကာင္ႏွင့္အတူ ၾကက္ေတာင္ရိုက္ရင္း တစ္ဖက္လူရဲ့ကြၽမ္းက်င္မႈေၾကာင့္ခြက္ခြက္လန္ရႈံးနိမ့္ရတာမ်ိဳးျဖစ္ခ်င္တာမွမဟုတ္တာ။

   "ေနၾကပါဉီး၊ ​လက်ာ့္ကိုအကူအညီလာေတာင္းတည္းက ညီမေလးကတကယ္လိုအပ္လို႔ေလ၊ ​လက်ာ္ကလဲ ကူေလ့က်င့္ေပးလိုက္စမ္းပါကြာ..၊မင္းလဲအခ်ိန္အားေနတာပဲကို ေနာ္၊"

မင္းစိုင္းသာကေလေျပေအးေလးျဖင့္ေျပာလိုက္လ်ွင္ လက်ာ္လိႈင္းသည္ၿပံဳးၿဖီးၿဖီးျဖင့္

   "အသဲေလးသေဘာ..."

က်န္သူမ်ား ; *ဆြံ႔အ*

   "ေဘာကို အသဲေလး..."

မင္းသြန္းၫွာကေတာ့ အေရ႔ွမွထိုႏွစ္ေယာက္ကိုၾကည့္ကာ

   'ေၾသာ္ ငါ့ေယာက္ဖတို႔မ်ား မယားေျပာေတာ့ တစ္ညေတာင္မေက်ာ္လိုက္ဘူး ခ်က္ခ်င္းကို လက္ခံလိုက္ေတာ့တာပဲ....'

ထိုမွသာေနြလိႈင္းသည္စိတ္ေက်နပ္လ်က္သူတို႔စားပြဲမွထြက္ခြါသြားေတာ့သည္။ေနြလိႈင္းထြက္ခြါသြားသည္ႏွင့္တစ္ၿပိဳင္နက္ မင္းစိုင္းသာသည္ ေနြလိႈင္းႏွင့္အသားခ်င္းထိကပ္ခဲ့ေသာ လက်ာ္လိႈင္း၏လက္ေမာင္းကို ပုတ္ေပးသလိုလိုႏွင့္ အမိႈက္စတစ္ခုကိုရွင္းထုတ္သကဲ့သို႔ ခပ္ျပင္းျပင္းပြတ္တိုက္ခ်ေလေတာ့သည္။

   "အ့၊ နာတယ္ အသဲေလး၊ ေျဖးေျဖးလုပ္ပါ"

    "ၿငိမ္ၿငိမ္ေန၊ ဒီမွာအမိႈက္စကပ္ေနလို႔၊"

ဤသို႔ျဖင့္သူတို႔၏ေန့လည္စာစားျခင္းလုပ္ငန္းစဥ္ေလးမွာၿပီးဆံုးသြားေလေတာ့သည္။ေန့လည္စာစားၿပီးေသာ္ ကန္တင္းမွအခ်ိဳပြဲမွာစားၾကရင္း ႏွင္းစက္လင္းကေတြးဆဆျဖင့္

  "ဘာလိုလိုနဲ႔ အားကစားပြဲေတာ္ေတာင္နီးလာၿပီေနာ္၊ ငါကေတာ့ အားပဲအားေပးမယ္...ဝင္မပါေတာ့ဘူး..."

   "ဒီႏွစ္ ဘတ္စကတ္ေဘာအသင္းက ေကာင္ေခ်ာေခ်ာေလးေတြမ်ားေလာက္တယ္...အင္း ဘတ္စကတ္ေဘာအသင္းနဲ႔နီးစပ္တာဆိုရင္ ပန္းဖြားအကမယ္အဖြဲ႔---"

မင္းသြန္းၫွာ၏စကားပင္မဆံုးေသးေပ၊ ႏွင္းစက္လင္း၏အသံႀကီးကဟိန္းထြက္လာသည္။

   "ငါ့ကို ပန္းဖြားအကမယ္အဖြဲ႔ထဲထၫ့္လိုက္၊ Ec ငါ့ကိုက်ိန္းေသေပါက္ထည့္ေပးေနာ္၊ ငါ ဘတ္စကတ္ေဘာအသင္းထဲကေကာင္ေလးနဲ႔ညားရင္ မဂၤလာေဆာင္မွာ နင့္ကိုေရခဲမုန္႔တစ္ခြက္ပိုေကြၽးမယ္၊"

ႏွင္းစက္လင္း၏စကားေၾကာင့္တစ္ဝိုင္းလံုးပြဲက်သြားရေလေတာ့သည္။ေရခဲမုန္႔သိပ္မႀကိဳက္ရွာေသာ လေရာင္ေငးကမူ ႏွင္းစက္လင္းကို ပန္းဖြားအကမယ္အဖြဲ႔ထဲထည့္ရန္ႀကိဳမွတ္လိုက္ၿပီေပ။

  "ႏိုင္းေလးကေရာ၊ဘယ္အဖြဲ႔ထဲပါမလဲ..."

မင္းသြန္းၫွာက ပူတင္းခြက္ကို ေနႏိုင္းမာန္ေလးဆီကမ္းေပးရင္းေမးလိုက္သည္။

  "သားကလား၊ "

  "အင္း၊"

  "ဘတ္စကတ္ေဘာေဆာ့ရင္ေကာင္းမလားလို႔...."

  "ဟားဟား၊ ေကာင္းတယ္ညီေလး၊ ဒါမွငါ့ညီေလးကြ၊ တကယ့္ေယာက်ာ္းေတြကဘတ္စကတ္ေဘာကစားၾကတာ"

ဘတ္စကတ္ေဘာအသင္းဝင္မ်ားျဖစ္ၾကသၫ့္မင္းစိုင္းသာႏွင့္မင္းေခတ္လိႈင္းက ဝမ္းသာအားရထေျပာသည္။ေနႏိုင္းမာန္ေလးသည္ မင္းသြန္းၫွာဘက္လွည့္ကာ

   "ကိုကိုကေရာ..."

   "ကိုကိုကလား၊ ကိုကိုကေတာ့ အေျပးၿပိဳင္ပြဲပဲျဖစ္ျဖစ္ၾကက္ေတာင္ရိုက္တာပဲျဖစ္ျဖစ္ ေဆာ့မလားလို႔၊ ဘတ္စကတ္ေဘာေဆာ့တာကၾကပင္ပန္းတယ္ေလ၊"

   "ၾကက္ေတာင္ရိုက္တာေဆာ့ေလ၊ ဒါဆိုရင္ ငါတို႔၃ေယာက္အတူေလ့က်င့္လို႔ရတယ္..."

​လက်ာ္လိႈင္းက Ecကိုေရာ မင္းသြန္းၫွာကိုပါၾကၫ့္၍ေျပာလိုက္သည္။ထို႔ေနာက္သူတို႔ဘာသာ ဆက္လက္စကားေျပာၾကရင္း ေဟးလားဝါးလားလုပ္ေနၾကေတာ့သည္။တစ္ဖြဲ႔လံုးမွာ အေခ်ာအလွေလးမ်ားျဖစ္သည္မို႔ ကန္တင္းတြင္ သူတို႔တစ္ဝိုင္းတည္းကသာ ထင္ရွားေနေတာ့သည္။

ကန္တင္းရိွ ေက်ာင္းသူေလးအခ်ိဳ႕မွာ သူတို႔ထိုင္ေနသၫ့္ဝိုင္းကို ဓာတ္ပံုခိုးရိုက္၍ ေက်ာင္း၏ Forum* တြင္တင္လိုက္ေလသည္။

[အဆင္ေတြအကုန္ငါ့လင္ ; အိုး...ၾကၫ့္ၾကပါဉီး ဒီပံုကအရမ္းေတာက္ပေနသလိုပဲ (ဓာတ္ပံု)]

(Comment section)

[ငါ့ဖုန္းေၾကာင္ေနၿပီ ; အား...ဂရိနတ္ဘုရားေတြက ငါတို႔ေက်ာင္းကန္တင္းမွာေရာက္ေနသလိုပဲ...ငါ့မ်က္လံုးေလး ေကာင္းခ်ီးေပးခံလိုက္ရၿပီ]

[ဒီေန့ ငါေက်ာင္းမလာဘူး ; ဟာကြာ...ငါဒီေန့ေက်ာင္းလာလိုက္ရအေကာင္းသား...ၾကၫ့္စမ္းပါဉီး ငါတို႔နတ္ဘုရား မင္းစိုင္းသာက သူ႔ညီေတြအေပၚမွာေနြးေထြးေနလိုက္တာ၊ .]

[မင္းစိုင္းသာရဲ့ ဆစ္ပတ္ေလး ; အေပၚကတစ္ေယာက္၊ ကိုကိုစိုင္းသာက ငါ့ဟာေနာ္...လာမလုနဲ႔]

[လက်ာ္စိုင္း cpရဲ့ ေခါင္းကိုင္မိခင္ ; @မင္းစိုင္းသာရဲ့ ဆစ္ပတ္ေလး ေရ၊ လက်ာ္စိုင္း couple is realပါေနာ္...ရွင္တို႔ရဲ့နတ္ဘုရားေတြက အခ်င္းခ်င္းညားမွာက်ိန္းေသပါပဲ...]

[ဖန္သားနန္းေတာ္ထဲက ဖန္သရဖူေဆာင္းထားတဲ့အလွေလး ; အေပၚက sis..ဒီလိုနာက်င္ေအာင္ေျပာမျွဖစ္မွာလား၊ ရင္မွာ ရွရာဗရပြနဲ႔ဟာကို ၫွာၫွာတာတာေျပာပါဉီး...]

[မင္းေခတ္လိႈင္းရဲ့ ဗိုက္သားေဖြးေဖြးေလး ; ေဟ့ နတ္ဘုရားေတြၾကားထဲက ကေလးေလးက ဘယ္သူလဲ...ငါ့ကိုအလင္းျပၾကပါဉီး အတန္းေဖာ္အေပါင္းတို႔...]

[​ႏွင္းစက္လင္းရဲ့ေကာင္ေလး ; သူကေနႏိုင္းမာန္ေလ၊ Kingမိသားစုရဲ့ ေပ်ာက္ဆံုးေနတဲ့ သားတဲ့၊ မင္းစိုင္းသာနဲ႔မင္းသြန္းၫွာက သူတို႔အငယ္ေလးကိုခ်စ္လိုက္တာမွတုန္ေနတာပဲ....]

[စာဂ်ပိုးေတြကို မုန္းတယ္ ; ဘယ္ေလာက္ထိခ်စ္လဲဆိုရင္ ဂိတ္ဝမွာ မင္းသြန္းၫွာေျပာပစ္ခဲ့တာကိုပဲၾကၫ့္ၾကၫ့္ (video) ]

[ဒီေန့ ငါေက်ာင္းမလာဘူး ; @စာဂ်ပိုးေတြကို မုန္းတယ္ ေရ...ဒီvideoကို နတ္ဘုရားေတြသာျမင္သြားရင္ မင္းအေကာင့္ေတာ့ ဘန္းခံရၿပီပဲ..]

[ငါအိမ္စာမၿပီးေသးဘူး ; @ဒီေန့ ငါေက်ာင္းမလာဘူး ေရ...ငါက စာဂ်ပိုးေတြကို မုန္းတယ္ဆိုတဲ့ accပိုင္ရွင္ပါ..ငါ့acc အဘန္းခံလိုက္ရပါၿပီ..videoလဲ ဒီforumေပၚမွာမရိွေတာ့ဘူး ]

[Semeေတြက ေကာင္းတယ္ ရွယ္ပဲ ; အမေလးေလး နတ္ဘုရားေတြသာ သိသြားရင္ ေက်ာင္းကပါအထုတ္ခံရေလာက္တယ္ သက္ေသေတြကိုအျမန္ေဖ်ာက္ဖ်က္ၾက...]

ေက်ာင္း Forumေပၚတြင္ Hitျဖစ္ေနသေလာက္ ကာယကံရွင္လူစုမွာေတာ့ ဘာကိုမွပင္မသိလိုက္ၾကေပ။
_______

အတန္းခ်ိန္​ေတျြဖတ္ေက်ာ္ၿပီးေနာက္မွာေတာ့ ေက်ာင္းျပန္ခ်ိန္ကေရာက္ရိွလာၿပီျဖစ္သည္။မင္းစိုင္းသာတို႔လိုအႀကီးတန္းေတြမွလြဲ၍ က်န္သၫ့္အတန္းမ်ားက အကုန္ျပန္ကုန္ၾကရၿပီျဖစ္သည္။ထို႔ေၾကာင့္ေက်ာင္းထဲတြင္လူအနည္းငယ္ရွင္းေနေလသည္။သို႔ေသာ္ မင္းသြန္းၫွာႏွင့္ ေနႏိုင္းမာန္ေလးကေတာ့ ေက်ာင္းဂိတ္နားက ခံုတန္းေလးမွာ bubble milk teaဝယ္ေသာက္ရင္း သူတို႔၏အစ္ကိုႀကီး အခ်ိန္ပို ၿပီးမၫ့္အခ်ိန္ကိုေစာင့္ေနၾကေလသည္။

ေနႏိုင္းမာန္ေလး၏ေပါက္စီကဲ့သို႔ႏူးညံ့ေနေသာပါးေဖာင္းေဖာင္းေလးသည္ အေအးကိုစုပ္စုပ္ေသာက္ေန၍ ေဖာင္းေဖာင္းေလးျဖင့္ကာ ဂြမ္းစိုင္ကဲ့သို႔ႏူးအိေနမည့္ပံုေပၚေနေလေတာ့သည္။မင္းသြန္းၫွာသည္လဲ ပ်င္းရိပ်င္းတြဲျဖင့္ခံုတြင္ေျခဆင္းထိုင္ကာ အေအးေသာက္ေနပံုက တစ္မ်ိဳးတစ္ဖံုၾကည့္ေကာင္းေနျပန္ေတာ့သည္။

ႏွစ္ေယာက္သားထိုင္ေစာင့္ေနၾကရင္း ေနႏိုင္းမာန္ေလးသည္

  "ကိုကို၊ သား ေခါင္းထဲေနာက္က်ိက်ိျဖစ္ေနတယ္၊ ေနျပင္းလို႔နဲ႔တူတယ္"

  "ဟင္၊ဟုတ္လား...ဒါဆို ကိုကို႔ေပါင္ေပၚလွဲေနလိုက္ေလ...လာလာ"

မင္းသြန္းၫွာသည္ ေနႏိုင္းမာန္ေလး၏လြယ္အိတ္ကိုသူ႔ေဘးတြင္ေထာင္ထားလိုက္ကာ ေနႏိုင္းမာန္ေလးကိုမူ သူ၏ေပါင္ေပၚတြင္ေခါင္းအံုးလွဲေစလိုက္သည္။သူသည္ လက္တစ္ဖက္က milk teaဘူးကိုကိုင္ေသာက္ေနရင္း လက္တစ္ဖက္က ေနႏိုင္းမာန္ေလး၏ဆံႏြယ္ေလးေတြကိုသပ္ေပးေနလိုက္၊ နဖူးျပင္ေလးကိုလက္ကေလးျဖင့္ဖြဖြကေလးႏိွပ္ေပးေနလိုက္ လုပ္ေနေလသည္။

ေလအေဝ႔ွမို႔ ေက်ာင္းဝန္းထဲရိွ အပင္မ်ားဆီမွ သစ္ရြက္အခ်ိဳ႕က ေဝ့ဝဲေနသည္။အရာရာဟာ ကဗ်ာဆန္ကာလွပေနသလို ခံုတန္းေပၚမွ ေကာင္ေလးႏွင့္ သူ၏ေပါင္ကိုေခါင္းအံုးထားေသာ ကေလးေလးေလးတို႔ဟာလဲ ႏွစ္လိုဖြယ္ျမင္ကြင္းတစ္ခုျဖစ္ေနေတာ့သည္။

  'ကြၽန္ေတာ္ အပိုင္မရပဲလက္လႊတ္ခဲ့ရတာေတြ သိပ္ကိုမ်ားခဲ့ၿပီးၿပီ ကိုကိုရယ္၊ ဒီတစ္ခါ ကိုကို႔ကိုေတာ့ ကြၽန္ေတာ္အပိုင္ရခဲ့ၿပီထင္ပါရဲ့၊ ကြၽန္ေတာ့္ကိုေတာ့ ကိုကိုက ထားရစ္ခဲ့မသြားဘူးမလားဟင္....'

_____

   "အား၊ အိမ္ကသာအေကာင္းဆံုးေသာေနရာပဲ..."

ေက်ာင္းမျွပန္ေရာက္ၿပီး ကားေပၚမွဆင္းသည္ႏွင့္မင္းသြန္းၫွာတစ္ေယာက္အပ်င္းေၾကာဆန႔္ရင္းေျပာလိုက္မိသည္။သူ၏စကားကိုၾကားေတာ့ မင္းစိုင္းသာက ရယ္သည္။ေနႏိုင္းမာန္ေလးလဲ ၿပံဳးလိုက္မိေသးသည္။ဒီလိုခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးက သူ႔အစ္ကိုတဲ့လား။

မင္းသြန္းၫွာသည္ အိမ္၏ဧၫ့္ခန္းထဲေရာက္သည္ႏွင့္လြယ္အိတ္ကိုပစ္ခ်ကာ ဆိုဖာေပၚပစ္လွဲခ်လိုက္သည္။

  *ဒုန္း*

  "အား...ငါလိုး---"

ဆိုဖာ၏လက္ရန္းႏွင့္ေခါင္းႏွင့္ေဆာင့္မိကာ ဆဲသံကထြက္ေပၚလာသည္။မင္းသြန္းၫွာက အျမန္ပင္ ပါးစပ္ဘရိတ္အုပ္လိုက္ေသာ္လဲ မင္းစိုင္းသာကမူ ထ ရယ္ပါေတာ့သည္။

ယခုရက္ပိုင္းသူ႔ညီေလး အေတာ္ထူးျခားေနသည္။သို႔ေသာ္ ဒီပံုစံေလးကိုသူပိုသေဘာက်သည္။ပြင့္ပြင့္လင္းလင္းရိွကာ တၫ့္တိုးဆန္သည္။ထို႔ေၾကာင့္ဒီပံုစံေလးကအလြန္ခ်စ္ဖို႔ေကာင္းလွသည္။အရင္ကလိုမပြင့္မလင္း ၿမံဳစိစိပံုစံထက္စာလ်ွင္အခုပံုစံေလးကပိုၿပီး ခ်စ္ဖို႔ေကာင္းလွသည္။

ေနႏိုင္းမာန္ေလးကမူ မ်က္ေမွာင္ၾကဳတ္ကာ သူ၏နဖူးကို လက္ဖဝါးႏုႏုေလးျဖင့္သြားပြတ္ေပးရင္း ပါးစပ္ကေလးကလဲ ႏႈတ္ခမ္းေလးစူကာ အနာသက္သာေစရန္ တဖူးဖူးမႈတ္ေပးေသးသည္။

  "ကိုကိုကလဲ နေမာ္နမဲ့နဲ႔...၊ အခုနာသြားၿပီမလား"

  "ဟဲဟဲ အနာသက္သာသြားၿပီ၊ ကိုကို႔ညီေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ..၊."

   "ထေတာ့ေလ..ေရခ်ိဳးမယ္ဆို၊ ၿပီးရင္ကိုကိုအိမ္စာေတြလဲလုပ္ရဉီးမယ္ေလ..."

   "အား တကယ္ေျပာတာ၊ စာမလုပ္ခ်င္ဘူး.."

ပ်င္းရိပ်င္းတြဲႏွင့္ေအာ္လိုက္ေသာ မင္းသြန္းၫွာစကားေနာက္တြင္

   "မင္းလိမ္ေနတယ္လို႔လဲ ငါမထင္မိပါဘူး..."

မင္းစိုင္းသာကဝင္ေျပာလိုက္ေလသည္။ထို႔ေနာက္ မင္းသြန္းၫွာလဲ ေနႏိုင္းမာန္ေလးကိုလက္တြဲကာ သူ၏အခန္းဆီျပန္ေလသည္။အခန္းထဲေရာက္သည္ႏွင့္ ေနႏိုင္းမာန္ေလးကို အဝတ္အစားခြၽတ္ခိုင္းထားၿပီး ခဏေနလ်ွင္ေရခ်ိဳးခန္းထဲဝင္လာရန္မွာခဲ့ေလသည္။သူကေတာ့ ေရခ်ိဳးခန္းထဲတြင္ပင္ အဝတ္လဲရန္ျပင္လိုက္သည္။သူ၏ ရွပ္အက်ႌကို ခြၽတ္ခ်လိုက္သည္ႏွင့္ ရနံ႔သင္းသင္းေလးက ေရခ်ိဳးခန္းတစ္ခုလံုးျပၫ့္လ်ွံသြားေလသည္။သူလဲBath robeတစ္ထည္ကိုဝတ္ဆင္ကာ ေနႏိုင္းမာန္ေလးကိုလွမ္းေခၚလိုက္သည္။

   "ႏိုင္းေလးေရ လာေတာ့ေလ ေရခ်ိဳးၾကမယ္..."

သူ႔အသံၾကားကာမွ ေနႏိုင္းမာန္ေလးသည္ လံုးတံုးလံုးတံုးႏွင့္ေရခ်ိဳးခန္းထဲဝင္လာေလသည္။ေရာက္စႏွင့္မတူပဲ အသားျပၫ့္ျပၫ့္ လံုးလံုးကစ္ကစ္ေလးျဖစ္လာၿပီမို႔ မင္းသြန္းၫွာမွာ ေနႏိုင္းမာန္ေလးကို အသဲတယားယားျဖစ္ေနေတာ့သည္။ေနႏိုင္းမာန္ေလးသည္ေမႊးပြတဘက္ႀကီးကိုပတ္ထားသည္မို႔ အလံုထုပ္ပိုးထားေသာ ဆန္ကိတ္ကေလးႏွယ္ ခ်စ္ဖို႔ေကာင္းလွသည္။ေနႏိုင္းမာန္ေလးသည္ တဘက္ကိုခြၽတ္ခ်ကာေရျဖၫ့္ထားေသာ ေရခ်ိဳးကန္ထဲစြက္ခနဲဝင္ထိုင္ရင္း သူဝင္အလာကိုေစာင့္ေနေလသည္။ေရခ်ိဳးကန္ႀကီးသည္ က်ယ္ဝန္းလွကာ ခပ္ဝဝလူႀကီး၅ေယာက္ေလာက္အသာေလးထိုင္လို႔ရေလာက္ေအာင္က်ယ္ဝန္းေလသည္။

ယခုေနာက္ပိုင္းတြင္ ေနႏိုင္းမာန္ေလးသည္ေရခ်ိဳးလ်ွင္မင္းသြန္းၫွာႏွင့္သာအတူခ်ိဳးေလသည္။ထို႔ေၾကာင့္ မင္းသြန္းၫွာသည္လဲ ေရခ်ိဳးကန္ထဲတြင္ ေနႏိုင္းမာန္ေလးႏွင့္မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္လိုက္သည္။သူ၏ခႏၶာကိုယ္တြင္ bathrobeမရိွေတာ့ေသာ္လဲ ေဘာင္းဘီအတိုေလးတစ္ထည္ကိုဝတ္ထားေလသည္။ေရစက္တို႔က မင္းသြန္းၫွာ၏ကိုယ္လံုးထက္တြင္တြဲလဲခိုေနကာ တစ္မ်ိဳးတစ္ဖံုဆြဲေဆာင္မႈရိွေနေတာ့သည္။

  "လာလာ ႏိုင္းေလး..ကိုကိုေခ်းတြန္းေပးမယ္"

ႏိုင္းေလး၏အမာရြတ္မ်ားသည္လဲ အဆင့္ျမင့္ေဆးဝါးမ်ားလိမ္းက်ံမႈေၾကာင့္ပါးလ်ကာ ခပ္မိွန္မိွန္ျဖစ္ေနၿပီျဖစ္သည္။ႏိုင္းေလးကို သူ႔ဘက္ဆြဲေခၚကာ ေရျမဳပ္ေလးျဖင့္ ႏိုင္းေလး၏ရင္ဘတ္ကိုတိုက္ခြၽတ္ေပးလိုက္သည္။ႏိုင္းေလးကမူ ႏွာေခါင္းတစ္ရႈံ႔ရႈံ႔လုပ္ရင္းသူႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေသာ မင္းသြန္းၫွာကို လွမ္းဖက္လိုက္ကာ မင္းသြန္းၫွာ၏လည္ကုတ္နားသို႔ေခါင္းကိုႏွစ္ထားလိုက္သည္။

ႏိုင္းေလး၏ကပ္ခြၽဲေသာေသာအျပဳအမူေလးေၾကာင့္ မင္းသြန္းၫွာလဲခပ္ဟဟရယ္လိုက္ကာ ႏိုင္းေလး၏ေခါင္းေလးကို သူ၏ေျခာက္ေနေသာလက္တစ္ဖက္ျဖင့္အသာအယာပုတ္ေပးလိုက္ေလသည္။

  "ဒီေကာင္ေလး ဘာလိုခ်င္လို႔ အစ္ကို႔ကိုခြၽဲေနရတာတုန္း၊ "

   "သား...ေက်ာင္းမွာ.၊"

   "ဟင္၊ ေက်ာင္းမွာဘာျဖစ္လို႔လဲ..ႏိုင္းေလးကိုဘယ္သူကဘာေျပာလို႔လဲ..."

   "ဘယ္သူမွဘာမွမေျပာပါဘူး...ဒီအတိုင္း...သားနဲ႔ စိမ္းေနလို႔...ေက်ာင္းက..."

   "ေၾသာ္ ဘာမ်ားလဲလို႔...ေနာက္ၾကအသားက်သြားမွာမို႔စိတ္မပူပါနဲ႔၊ ၿပီးေတာ့ ဒီေက်ာင္းမွာပဲ ႏိုင္းေလးက အထက္တန္းေရာက္တဲ့အထိတက္ရမွာမို႔ ဒီေက်ာင္းနဲ႔အခုမဟုတ္လဲ ေနာက္ၾကရင္းႏွီးသြားမွာပဲ...၊တစ္ခုခုလိုအပ္တာရိွရင္သာ ကိုကိုတို႔ကိုေျပာဖို႔မေမ့နဲ႔...ၿပီးေတာ့..အ့--"

သူေျပာလို႔မဆံုးေသးခင္ သူ၏လည္ကုတ္ေနရာေလးသို႔ခပ္ဖြဖြကိုက္လိုက္ေသာ ႏိုင္းေလးေၾကာင့္ သူအသံထြက္ကာညည္းလိုက္မိသည္။

   "ဟင္၊ ကိုကို နာသြားတာလားဟင္..ေတာင္းပန္ပါတယ္...သားက..သားက.ကိုကို႔ဆီကေမႊးေနလို႔ အသည္းယားၿပီး...ကိုက္မိတာပါ..."

သူ႔ဆီမွခြါကာ ပ်ာပ်ာသလဲေျပာေနေသာ ထိုေကာင္ေလးေၾကာင့္ မင္းသြန္းၫွာလဲ ခပ္ယဲ့ယဲ့ၿပံဳးကာ

   "ဘာမ်ားလဲလို႔ ႏိုင္းေလးရယ္...၊ ေတာင္းပန္စရာမလိုပါဘူး..၊ ကိုကို႔ဆီကေမႊးတာေတာ့မဟုတ္ႏိုင္ပါဘူး ဆပ္ျပာရည္ကေမႊးလို႔ေနမွာပါ..၊"

   "ကိုကိုစိတ္ဆိုးသြားတာလားဟင္..."

မ်က္လံုးရြဲႀကီးထက္တြင္မ်က္ရည္မ်ားဝိုင္းကာေျပာေနေသာ ႏိုင္းေလးေၾကာင့္ မင္းသြန္းၫွာမွာကျပာကယာပင္

   "ဘယ့္ႏွယ့္...မဟုတ္ကဟုတ္က၊ ကိုကိုကဘယ္တုန္းကႏိုင္းေလးကိုစိတ္ဆိုးဖူးလို႔တုန္း၊ ေနာက္လဲ ကိုက္ခ်င္ရင္ကိုက္ ဟုတ္ၿပီလား...၊ ဒါေပမဲ့တစ္ျခားသူေတြကိုမကိုက္ရဘူးေနာ္၊ ၾကားလား"

မရဲတရဲေခါင္းၿငိမ့္ျပလာေသာ ႏိုင္းေလးကို ေခါင္းေလးအသာအယာပုတ္ေပးရင္းေရဆက္ခ်ိဳးလိုက္သည္။ေရခ်ိဳးၿပီးသည္ႏွင့္ အဝတ္အစားလဲလွယ္ကာ ညစာစားရန္ေအာက္ထပ္ဆင္းၾကေလသည္။ေအာက္ထပ္ေရာက္သည္ႏွင့္ အရင္ေန့ေတြကလိုပင္ ကိုႀကီးႏွင့္ေနႏိုင္းမာန္ေလးအၾကားဝင္ထိုင္ကာ ၪီးမင္းခမ္းနားႏွင့္အတူညစာစားရင္း ေက်ာင္းမွအျဖစ္အပ်က္မ်ားကိုျပန္လည္ေျပာျပျဖစ္ေလသည္။

   "အာ၊ ငယ္ေလးၾကားၿပီးၿပီလား၊ ငယ္ေလးတို႔နဲ႔အတန္းတူ ဟိုxxလုပ္ငန္းစုကေကာင္ေလး ေဆးရံုတက္လိုက္ရတယ္ေလ...၊"

    "ၾကားေတာ့ၾကားလိုက္တယ္ ဘာျဖစ္လို႔လဲ..၊ သူ႔အေျခအေနကေတာ္ေတာ္ဆိုးလို႔လား...၊"

မင္းသြန္းၫွာက ႏိုင္းေလးအတြက္ဟင္းခပ္ထည့္ေပးရင္းေမးလိုက္သည္။

    "အရမ္းအဆိုးႀကီးေတာ့မဟုတ္ေပမဲ့ လက္ခံုႏွစ္ဖက္လံုးကို ဓားနဲ႔အျဖတ္ခံရတာဆိုေတာ့ ေသြးေတာ္ေတာ္ဆံုးရႈံးသြားတယ္...၊ ၿပီးေတာ့ေသြးအားနည္းေနတုန္းမွာလဲ Alpha pheromonesေတြနဲ႔ ေျမာ့ေျမာ့ေလးပဲက်န္တဲ့အထိ ဖိႏိွပ္သြားေသးတယ္ေလ...၊ ျဖစ္ခ်င္ေတာ့ အဲ့နားမွာက CCTVေတြမရိွေတာ့ အဲ့ေကာင္ေလးေဆးရံုကျပန္ဆင္းလာမွပဲ တရားခံကိုေမးရမွာပဲ...၊"

   "ကြၽန္ေတာ္ကေတာ့ ဘလိုင္းႀကီးလုပ္တယ္လို႔မထင္ဘူး...၊ အဲ့ေကာင္ေလးက ႏွာဘူး...၊ မိန္းကေလးေတြကိုလဲပါးစပ္ကသရမ္းေသးတယ္ ၾကၫ့္ရတာ သူသရမ္းဖူးတဲ့ေကာင္မေလးတစ္ေယာက္ေယာက္ရဲ့ရည္းစားက လုပ္တာေနမွာေပါ့...၊ အဲ့ေလာက္ သတၲိရိွရိွနဲ႔ေန့ခင္းဘက္ႀကီးလုပ္ရဲတယ္ဆိုေတာ့ ကိုႀကီးတို႔စီနီယာတန္းကပဲေနမယ္...၊ တန္းခြဲ D ကမ်ားလားမသိဘူးေနာ္...၊ "

တန္းခြဲDသည္လူဆိုးမ်ားသာစုေနေသာအတန္းမို႔ ​မင္းသြန္းၫွာေျပာလိုက္မိေလသည္။

   *အဟမ္း*

ေခ်ာင္းဟန႔္လိုက္ေသာ ဖခင္ျဖစ္သူေၾကာင့္သူတို႔လဲဆက္မေျပာေတာ့ပဲ အစားသာငံု႔စားေနလိုက္သည္။သူတို႔သာေသခ်ာၾကၫ့္ျဖစ္မည္ဆိုလ်ွင္ အစားသာၿငိမ္ၿငိမ္သက္သက္စားေနေသာ ႏိုင္းေလး၏ စားပြဲေအာက္ရိွေပါင္ေပၚတင္ထားေသာ လက္မ်ားသည္ စႏၵယားတီးေနသကဲ့သို႔တလႈပ္လႈပ္ျဖစ္ေနသည္ကိုျမင္ရမည္ျဖစ္သည္။

________

[A/N vote 60ျပည့္ရင္ျပန္လာခဲ့ပါ့မယ္ဗ်]

* ေခြးစာ = Rsေတြ Faေရ႔ွမွာလာရိုျပတာ။

* Forum = school forumပါ။ေျပာရမယ္ဆိုရင္ ေက်ာင္းအတြက္ဖြင့္ထားတဲ့socialရပ္ဝန္းေပါ့ေနာ္။သူက facebookလိုမ်ိဳးပါပဲ။ဒါေပမဲ့ ေက်ာင္းသားေတြနဲ႔ဆရာေတြပဲရိွတဲ့(အမ်ားဆံုးကေက်ာင္းသားေတြ) socialရပ္ဝန္းပါပဲ။နာမည္အစစ္ကိုမသံုးပဲ နာမည္ေျပာင္ေတြပဲသံုးၾကတာမ်ိဳးပါ။chinese novelဖတ္တဲ့သူေတြဆိုရင္းႏွီးပါတယ္။ မသိတာရိွရင္လဲေမးခဲ့ပါဗ်။

Continue Reading

You'll Also Like

298K 19.2K 48
The story of two souls who have experienced utmost love as well as heartbreak. What happens when two of them collide accidently? Will they heal each...
711K 101K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
787K 79.5K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
148K 4.2K 40
I was taught from birth, through force, how to be perfect for him, how to obey everything he said, and how to be his devoted follower. I was being pr...