[Unicode]
လင်းသစ်မြင်လိုက်ရတာက အရမ်းချောတဲ့ကောင်လေးတစ်ယောက်.... အရပ်ရှည်ရှည် အသားဖြူဖြူ ရုပ်ရည်ရူပကာအလွန်ခန့်ညားထယ်ဝါသူတစ်ဦး... မိန်ကလေးများကြားပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပုံရသည်
ထိုသူရဲ့ချောမောမှုတွေအောက်လင်းသစ် ခနတော့မှင်သက်မိလေရဲ့.....။
"အားလုံပဲမင်္ဂလာပါ....ငါကမင်းအုပ်စိုး မသိနားမလည်တာရှိရင် ကူညီပေးကြပါဦးဗျ"
"ဟုတ်ပီ သားလေး ဟိုနားကလင်းသစ်ခေတ်ရဲ့ဘေးနား၀င်ထိုင်လိုက်နော်"
ဆရာမကျနော့်ကိုလက်ညိုးထိုးကာပြောနေသည် ထိုသူကလည်းကျနော့်ဆီလျှောက်လာလေပီ သူအနားရောက်လာတာနဲ့ နှာခေါင်းထဲ၀င်လာတဲ့အနံလေးတစ်ခု မွှေးလာသည်....သူ၏ကိုယ်သင်းနံ့လေး......
သို့ပေမဲ့ကြာကြာ သဘောမကျနိုင် မြင်သလောက်ကတော့သူသည်ကျနော့်လောက်နီးနီးချောသည်
ကျနော့ဖန်လေးတွေမျက်စိမကောင်းပဲသူ့သွားကြိုက်မှာတော့စိုးသည်.....
"မင်းနာမည်က လင်းသစ်ခေတ်တဲ့လား"
"ဒါငါ့အကြောင်းပါ မင်းသိစရာမလိုဘူး"
"ဟ အစွာလေးပါလား ချစ်ဖို့တော့ကောင်းသား"
"ငါသိတယ်"
"ဟုတ်ပါပြီဗျာ နှုတ်ဆက်ခွင့်လေးတောင်မပေးပါလားနော်"
"ဟုတ်တယ် ဘာဖြစ်လဲ"
"ဘာမှမဖြစ်ပါဘူးဗျာ"
"အင်း"
ကျနော်သူကိုခက်ချေချေပြောဆိုနေသည်ကို ကျနော်သူငယ်ချင်းတွေကစိုက်ကြည့်နေကြသည်...
ထိုအခါထိုသူကို အတန်းတွင်းမှရှိတဲ့ ရှိုင်းသုတနဲ့မြတ်မင်းမောင်တို့ကဝင်နှုတ်ဆက်လေသည်...
"Hi မင်းက မင်းအုပ်စိုးမှတ်လား ငါကမြတ်မင်းမောင် သူကရှိုင်းသုတ"
"အော် တွေ့ရတာဝမ်းသာပါတယ် ငါမှာလည်းသူငယ်ချင်းမရှိဘူးဆိုတော့"
"ရပါတယ်ဟ ငါတို့ကခင်တတ်ပါတယ်"
"ကဲ ကဲအားလုံးစာသင်ကြမယ် စာအုပ်ထုတ်ကြ"
ဆရာမပြောလိုက်တဲ့အတွက်ကြောင့်မြတ်မင်းမောင်နဲ့ရှိုင်းသုတတို့က ကိုယ့်နေရာကိုထိုင်ကြသည်
ကျနော်နဲ့ထိုကျောင်းသားသစ်နဲ့ဘေးချင်းကပ်ရက်ဆိုပေမယ့် မြတ်မင်းမောင်နဲ့က ရှေ့နောက်ပင်...
"ဟေ့ ဆရာမသင်တာဘယ်ထိရောက်ပြီလဲ"
"ကိုယ့်ဘာသာ ဆရာမကိုမေးပါလား"
ထိုသူမှာကျနော်ကိုမေးတာကြောင့် ပြန်အရွဲ့တိုက်သည်
မြတ်မင်းမောင်ကလည်း ထိုသူကိုလက်ဆွဲလိုက်ကာ...
"ဟျောင့် သူ့ကိုသွားမေးမနေနဲ့ မေးချင်တာရှိရင်ငါ့ကိုမေး သူကစာတော်တယ်ဆိုတဲ့အရှိန်နဲ့ ချေမွန်းနေတာပဲ"
မြတ်မင်းမောင်တိုးတိုးလေးပြောနေပေမယ့် ကျနော်ကြားသည် ဒါမယ့်မကြားချင်သလိုသာဟန်မပျက်နေ နေလိုက်သည်....
..................................
ထမင်းစားဆင်းချိန်
"ချောလိုက်တာဟယ် သူ့ကိုငါ့မျက်လုံးထဲကနေထုတ်လို့မရဘူး"
"မေသွန်းဆက် နှာဘူးမ! ဘေးနားမှာရှိနေတဲ့လင်းသစ်ခေတ်ကိုလည်းအားနာပါဦး"
မေသွန်းဆက် လှိုင်းဝေပြောနေတာကိုကျနော်မကြား ကျနော်ထိုသူကိုဘယ်လိုအနိုင်ယူရမလဲတွေးနေသည် အကယ်၍ကျနော်ဖန်လေးတွေသူ့အနားရောက်သွားခဲ့ရင်ရော....
"အကို....အကိုကချောတယ်နော်"
"အကို့မှာကောင်မလေးရှိလားဟင်"
စသည်ဖြင့်အသံတွေလင်းသစ်နားထဲတန်းစီ၀င်လာသည် ထိုကောင်မလေးတွေကလင်းသစ်ဖန်လေးတွေ
လင်းသစ်ထင်တဲ့အတိုင်းပါပဲ
သည်းမခံနိုင်တော့တဲ့အဆုံးမတ်တပ်ထရပ်ကာအပြင်ထွက်မယ်လုပ်တော့
"ဟဲ့ လင်းသစ်ဘယ်သွားမလို့လဲ"
"မေသွန်း ငါဒီမှာဆက်နေရင်လူသတ်မိတော့မယ် ငါအပြင်ထွက်စားတော့မယ်"
"အေး အေးပါ ငါလိုက်ခဲ့ရဦးမလား"
"ရတယ် မလိုဘူး"
..............................
"မေသွန်း လင်းသစ်ရော"
"အပြင်ထွက်သွားတယ်"
"ဟမ် အရင်ဆိုကန်တင်းမှာ ထိုင်ခုံနဲ့ဖင်ကော်ကပ်ထားသလားမှတ်ရတဲ့အကောင်ကအပြင်ထွက်သွားတယ်ဆိုတော့ ဘုရား ဘုရား ညဘက်ကြီးနေထွက်ကုန်တော့မယ်
နေပါဦး ဒီကောင်ငါတို့စားဖို့မုန့်သွား၀ယ်တာနေမယ်"
"ခန့်သော်!!! တော်တော်ငတ်နေလား ဟိုကဒေါသတကြီးအပြင်ထွက်သွားတာ"
"အော် ငါအခုမှရောက်တာကို မသိလို့လေဟာ ဘာလို့ဒေါသထွက်တာ"
"ကျောင်းသားသစ်ကြောင့်ထင်တယ်ဟ ငါလည်းသေချာမသိဘူး"
"အရင်ဆုံးသူ့ကိုလိုက်ရှာဦး ဘယ်မှာပေါက်ကွဲနေပီလဲမသိဘူး"
"အေး ဟုတ်သား မိနစ်20လိုသေးတယ် ရှာရအောင်"
....................................
"ဟူး မောတယ် ဒီကောင်ဘယ်ရောက်နေလဲမသိဘူး"
"အာ ဟိုနားလေးမှာသူနဲ့တူသလိုပဲ"
"တူတာမဟုတ်ဘူး နွားရဲ့ အဲ့ဒါနင့်အမေရီးလင်းသစ်"
"လာသွားခေါ်ရအောင်"
လင်းသစ်တစ်ယောက် ကန်တင်းအနီးနားက ဂျောင်ချိုဂျောင်ချား လှေကားရင်းမှာထိုင်နေလေရဲ့
"လင်းသစ် မင်းဘာလုပ်နေတာလဲဒီမှာထိုင်ပြီး"
"ငါ ဟိုကောင့်ကိုမကျေနပ်ဖူးဟာ ငါသူ့ထက်ချောတယ်မလားဟင်"
"ချောတာပေါ့ ငါ့ကောင်ကြီးကအချောဆုံး"
"အဲ့ဒါကို ငါ့ဖန်လေးတွေကသူ့ကိုဘာကြည့်ကြိုက်တာလဲမသိဘူး ငါဖန်လေးတေကုန်ပါပီ"
"အေးနော် ဒါပေမဲ့အဲ့ကောင်လေးကဆက်ဆံရေးကောင်းပါတယ် ချေတဲ့ပုံလေးဆိုပေမဲ့..."
"နေပါဦး ခန့်သော်မင်းသူနဲ့စကားပြောဖူးလို့လား"
"မ မဟုတ်ပါဘူးဟ ငါကမြင်တဲ့အတိုင်းပြောတာပါ"
"မင်းသူနဲ့စကားသွားမပြောနဲ့နော် မင်းတင်မကဘူး"
"လှိုင်းဝေရော မေသွန်းရော"
"ဟမ် ငါတို့ရောလား"
"ဟုတ်တယ်"
..................................
"ဒီနေ့ကတော့အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနေ့လေးပါ"
"လင်းသစ် နင်အဆင်သင့်ဖြစ်နေပီလား"
"အေး ငါနဲနဲတော့စိတ်လှုပ်ရှားနေတယ် မေသွန်း"
"အဆင်ပြေသွားမှာပါဟ နင့်ကိုငါတို့အားပေးနေမယ်"
"ဟိုကျောင်းသားသစ်လေးကိုနိုင်အောင်လုပ်နော်"
"နိုင်မှာပါ...အဲ့ကောင်လောက်ကတော့အိပ်နေသလောက်ပဲရှိတယ် အေးဆေး စိတ်မပူနဲ့"
"စိတ်တော့မပူဘူးလေ ဒါမယ့်ငါကနင်.....နင်"
"ဟဲ့မေသွန်း ဆက်ပြောလေ"
"နင်သူ့ရုပ်ရည်ရူပကာထဲ ကြွေစင်းသွားမှာဆိုးလို့"
"မေသွန်းဆက်!!!"
"မသာမ!! ပါးစပ်ပုပ်ကြီးနဲ့လင်းသစ်ကိုလျှောက်ပြောနေတယ်!'
ကျနော်မေသွန်းဆက်ကိုအော်လိုက်ပြီးတော့ အနောက်ကနေ လှိုင်းဝေရောက်လာပြီးမေသွန်းဆက်ရဲ့ခေါင်းကိုလက်နဲ့ရိုက်လိုက်ပါတယ်
လှိုင်းဝေနင်လုပ်တာကောင်းတယ်
"ဟဲ့ကောင်! ဘာလို့ငါ့ရိုက်တာလဲ နာတာ"
"ရိုက်မှာပေါ့ နင်ကပေါက်ကရပြောနေတာကို"
"ငါက လင်းသစ်ကိုသတိပေးတာပါ ဘာစိတ်မှာမရှိပါဘူး"
"ငါနင့်ကိုပါရိုက်တော့မယ် အရေးထဲFujoshiမမလာလုပ်နေတယ်"
"လင်းသစ် လင်းသစ် မှားမယ်နော် ငါ့ကိုရိုက်ရင်ကံဆိုးမှုတွေရတတ်တယ်"
ကျနော်လက်ရွယ်လိုက်တဲ့အချိန် မေသွန်းဆက်ကကြောက်ကြောက်လန့်လန့်တားပါတယ်
"အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်ပြိုင်သူများနောက်နာရီဝက်နေလျှင် ပြိုင်ပွဲစတင်တော့မည်ဖြစ်ပါကြောင်းပြောသားချင်ပါတယ်"
အတန်းထဲမှာရှိတဲ့ သတိပေးဆောင်းဘောက်ကနေ ပြိုင်ပွဲစတော့မယ့်အကြောင်းနေသည်
ထိုအချိန်...
"အားး"
"ဟဲ့လင်းသစ် ဘာဖြစ်တာလဲ"
"ငါ..ငါ"
"ဘာဖြစ်လို့လဲ ဟဲ့စိတ်ပူအောင်မလုပ်နဲ့ပြိုင်ပွဲကစရတော့မှာ"
"အီးပါချင်လို့"
အားလုံးရဲ့မျက်နှာကစိတ်ပူနေတဲ့ရုပ်ကနေ စိတ်ပျက်သွားကြသည်
"ဟဲ့လင်းသစ် စနိုင်သေးတယ်နော် သွားမြန်မြန်သွားပြီး ပါ"
အိမ်သာရှိရာခြေကုန်တုတ်ပြေးပါတော့တယ် မြန်မြန်ဆန်ဆန် ပါ ရမယ် ပြိုင်ပွဲနောက်ကျသွားရင် ဟိုကောင့်ကိုငါရှုံးသွားမှာ...
.........................
ကျနော်10မိနစ်လောက် ပါပြီးတော့ အိမ်သာထဲကထွက်လာတဲ့အချိန် ကျနော်အရှေ့တည့်တည့်မှာ....
"အမလေး အမေကယ်ပါအမေကယ်ပါ"
"မင်းက ဒီလိုလည်းယောင်တတ်တယ်ပေါ့"
ကျနော်အရှေ့တည့်တည့်မှာရပ်နေတဲ့သူက ကျောင်းသားသစ်လေး ကျနော်ဖန်တွေလုသွားတဲ့တစ်ယောက်..
"ခွေးကောင်! လန့်သွားတာပဲ ငါ့အရှေ့တည့်တည့်မှာသရဲလိုလာရပ်နေရလား"
"ရပ်လို့မရဘူးလား ဘာလဲငါကမင်းကိုစောင့်နေတယ်ထင်လို့လား"
သူ့ခြေထောက်ကွေးပြီး ကျနော့်မျက်နှာတည့်တည့်ကိုအနီးကပ်စွာစိုက်ကြည့်ပြီး ပြုံးပြနေပါတယ်
'ယီး သူဘာလို့အဲ့လောက်တောင်ချောနေတာလဲ'
သူ့မျက်နှာကကျနော်ရှေ့ အရမ်းနီးကပ်လွန်းနေပြီ ကျနော်မျက်နှာနွေးတက်လာတော့ စတွေးကိုမြိုချလိုက်သည်
"ရှက်နေတာလား"
"ဘာ..ဘာကိုရှက်တာလဲ ဖယ်စမ်းပါ"
ကျနော်သူ့ကိုတွန်းထုတ်လိုက်ကာ လက်ဆေးဘေစင်ဆီသွားပြီးလက်ဆေးလိုက်သည်
"မရှက်ဘူးဆို ဘာလို့မင်းမျက်နှာကနီလာတာလဲ"
သူကျနော်ဘေးနားလျှောက်လာကာ လက်ဆေးနေပါသည်
"ဘယ်မှာနီလို့လဲ ငါပြိုင်ပွဲအတွက်စိတ်လှုပ်ရှားနေလို့"
"ပြောပုံလေးက ရှက်ကိုးရှက်ကန်းနဲ့ ချစ်စရာလေး"
ကျနော်မျက်နှာကြီးတစ်ခုလုံးရဲတောက်နေသလိုခံစားနေရသည် ဘာဖြစ်သွားတာလဲ
"ငါမရှက်ဘူးကွ ငါမင်းကိုပြောမယ် ငါကိုပြိုင်ပွဲမှာအနိုင်ယူဖို့တော့မစဉ်းစားနဲ့ မဟုတ်ရင်ငါမင်းကိုဆွဲဖြဲပစ်မှာ"
"ဒါဆို ငါတို့အလောင်းအစားတစ်ခုလုပ်ကြမလား"
သူပြောတာလည်းကောင်းသားပဲ ဒါမှ မှတ်မှာ....
"ရတယ်လေ ငါနိုင်ရင် မင်းကျောင်းဂိတ်ဝမှာ အဝတ်တွေအကုန်ချွတ်ပြီး ကျနော့်ကိုကျောင်းထွက်ခွင့်ပြုပါဆိုပြီးအော်ရမယ်"
"အကဲ၍ ငါနိုင်ခဲ့ရင် မင်းငါ့ပါးကိုနမ်းရမယ်"
သူဘာပြောလိုက်တာလဲ ပါးကို ကျနော်က😳.....
"မင်းဘာပြောလိုက်တာလဲ"
"ငါ့ပါးကိုနမ်းရမယ်လို့ မင်းလည်းမင်းစိတ်ကြိုက်မင်းလောင်းတာပဲ ငါလည်းငါစိတ်ကြိုက်လောင်းမှာ"
"မင်းလောင်းခဲ့တဲ့ဟာလောက်တော့မဆိုးသေးပါဘူးဟုတ်တယ်မှတ်လား"
"သဘောတူတယ်"
ကျနော်သဘောတူပါတယ် ဘာလို့ဆိုရင် ဒီပြိုင်ပွဲမှာကျနော်ပဲအနိုင်ရမှာလေ
ကျနော်အခန်းပြန်ဖို့လုပ်တဲ့အချိန်အနောက်ကနေ ထိုသူက...
"မင်းရဲ့အနမ်းလေးကိုငါမျှော်နေမယ်နော်"
ချီး! စောက်ကောင် ငါမပြန်ခင်တောင်လှမ်းစလိုက်သေးတယ် ငါပဲနိုင်မှာဆိုတော့မင်းမျှော်လင့်နေတဲ့အနမ်းရမှာမဟုတ်ဘူး
.............................
"မေသွန်းဆက် ပြိုင်ပွဲစတော့မှာလား"
"အေး နောက်10မိနစ်ပဲကျန်တော့တယ် နင်ပြိုင်ပွဲဆီသွားလိုက်တော့ တော်ကြာနောက်ကျနေဦးမယ်"
"ဟျောင့်လင်းသစ် မြန်မြန်သွားလိုက်တော့ ဟိုကောင် ကျောင်းသားသစ်ဆိုတဲ့ကောင်ရောက်နေပြီတဲ့"
"ချီး! အဲ့ဆိုငါသွားတော့မယ်"
"အေးအေး ငါတို့နင့်ကိုအားပေးနေမယ်နော်"
ဒီပြိုင်ပွဲက ကျောင်းအတွင်းရှိTV screen မှာထုတ်လွင့်ပြသမှာပါ အဲ့ဒီအတွက်အကောင်းဆုံးဖြစ်အောင်ကြိုစားရမယ်
ကျနော်ပြိုင်ပွဲခန်းထဲရောက်သည့်အချိန်တွင် ထိုသူလည်းရောက်နှင့်နေပြီ ဒီလိုမှန်းသိအခန်းဆီမပြန်ပါဘူး
ကျနော်တို့ရဲ့အရှေ့မှာ ဒိုင်အနေနဲ့ နိုင်ငံခြားဆရာတွေရှိနေပါတယ်
"So, Lin Thit Khit, don't you know you have to come early to the race?"
"I'm sorry, teacher, I thought I still needed time for the competition, so I went back to the classroom, sorry."
"It's okay to be late, don't let it happen again"
"It's time for the contest to start, so I'm going to start asking"
"Ok teacher "
ကျနော် အင်္ဂလိပ်စာပြိုင်ပွဲတွေအများကြီးတင်ပြိုင်ဖူးပေမယ့် ဒီတစ်ခါကဘာဖြစ်လို့ရင်တွေအရမ်းခုန်နေပါလိမ့်...
.........................
3နာရီကြာပြီးနောက်
ကျနော်ဖြေနိုင်ခဲ့ပါတယ် ဒါမယ့်ပြိုင်ပွဲထဲမှာဟိုကောင်က ပိုသွက်လက်နေတယ် ဆရာတွေကဘက်လိုက်ပြီးသူ့ဘက်ပါသွားရင်ဘယ်လိုလုပ်မလဲ
"မင်းအနမ်းလေးကိုငါရတော့မှာပဲ"
ကျနော်အတွေးများနေတာ နားတည့်တည့်ကိုတိုးတိုးလေးလာပြောတော့လန့်သွားကာ
"ချီးပဲ!!!!!!"
လန့်သွားတာကြောင့် သူကိုလက်နဲ့မတော်တဆရိုက်လိုက်မိသွားသည်
"ဟာ....ငါတောင်းပန်ပါတယ်နာသွားလား"
"အားလာလား...သေပြီ လက်ကပြင်းလိုက်တာ ကျောက်တုံးကြီးများလား"
"မင်းကငါ့နားတည့်တည့်လာပြောတာကို ခံပေါ့"
"ဟုတ်ပါတယ် ဟုတ်ပါတယ် ငါ့အမှားပါ"
ကျနော်တစ်ချက်ပြုံးလိုက်မိသည် သူ့ကိုတမင်လုပ်တာမဟုတ်ပေမယ့် ထိသွားတော့လည်းကောင်းသား...
"မင်းအုပ်စိုးဖြေနိုင်လား"
"အင်းဖြေနိုင်ပါတယ်ကွာ"
"ဖြေနိုင်နိုင်ဆို မင်းငါတို့ကိုမုန့်လိုက်ကျွေး"
"အေးပါကွာ"
မြတ်မင်းမောင်နဲ့ရှိုင်းသုတခေါ်ရာနော်ကကိုပါသွားလေရဲ့
ကျနော်လည်းဟိုကောင်တွေဆီသွားလိုက်တော့သည်
....................
(ဒီနေ့အတွက်တော့ဒီလောက်ပါပဲ နည်းနည်းရှည်ရှည်လေးရေးပေးထားတယ်နော်)
[Zawgyi]
"ငါသိတယ်"
"ဟုတ်တယ် ဘာဖြစ်လဲ"
"ဘာမှမဖြစ်ပါဘူးဗျာ"
"အင်း"
..................................
ထမင်းစားဆင်းချိန်
"ရတယ် မလိုဘူး"
..............................
"မေသွန်း လင်းသစ်ရော"
"အပြင်ထွက်သွားတယ်"
....................................
"လာသွားခေါ်ရအောင်"
"ဟမ် ငါတို့ရောလား"
"ဟုတ်တယ်"
..................................
"ဟဲ့မေသွန်း ဆက်ပြောလေ"
"မေသွန်းဆက်!!!"
ထိုအချိန်...
"အားး"
"ငါ..ငါ"
"အီးပါချင်လို့"
.........................
"ရှက်နေတာလား"
"မင်းဘာပြောလိုက်တာလဲ"
"သဘောတူတယ်"
.............................
"Ok teacher "
.........................
3နာရီကြာပြီးနောက်
"ချီးပဲ!!!!!!"
"အေးပါကွာ"
....................