If we never met

By Nana_Phoo

2.6K 418 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... More

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Six
If we never met : Seven
If we never met : Eight
If we never met : Ten
If we never met : Eleven
If we never met : Twelve
If we never met : Thirteen
If we never met : Fourteen

If we never met : Nine

159 27 2
By Nana_Phoo

*Unicode*

တိတ်ဆိတ်ခြင်း၊ မှောင်မှိက်ခြင်းတို့ ကြီးစိုးနေသော အခန်းငယ်လေးအတွင်းက အလဲလဲအပြိုပြိုလူသား။

တရွေ့ရွေ့ကုန်ဆုံးနေသော နာရီလက်တံတွေနှင့် ကုန်ဆုံးသွားသောနေ့ရက်တွေကို လက်ချိုးရေတွက်ရင်းက ပိုလို့ငိုကြွေးနေသောမျက်ဝန်းတွေ။

နီးကပ်လာသော ပြက္ခဒိန်ပေါ်က အနီရောင်ရက်စွဲလေးက ခြိမ်းခြောက်လာနေတာ သူ့စိတ်ကို။

မခွဲချင်၊ မခွဲရက်လို့ နာနာကျင်ကျင်ငိုကြွေးနေတာကို ဘယ်သူကမှသိမှာမဟုတ်ဘူး။

မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် နာကျင်ရင်းက ဝေဝါးနေရတဲ့ ရှေ့ဆက်ရမယ့် လမ်းခရီး။

ပျော့ညံ့လိုက်တာလို့ ရေရွတ်ရင်း ကိုယ့်ကိုကိုယ် ဟားတိုက်ရယ်မောပစ်လိုက်သည်။

"မင်းက မင်း မပီသလိုက်တာ. .ငကြောက်ပဲ"

မချိတင်ကဲရေရွတ်အပြစ်တင်ရင်း ထပ်ခြစ်ချလိုက်ရတဲ့ ပြက္ခဒိန်ထက်က နေ့ရက်တစ်ရက်။

အခြစ်ခံလိုက်ရတဲ့နေ့ရက်နဲ့ အနီရောင်အမှတ်အသားလေးကြားက ကျန်နေသေးသော နေ့ရက်လေးတစ်ရက်ကို စူးစိုက်ကြည့်ရင်း ဝေဝါးနေတဲ့ဆုံးဖြတ်ချက်တွေကို အတိအလင်းဖြတ်ချဖို့ ပြင်ရသည်။

တွေးရင်းတောရင်း နောင်တမရစေဖို့ ဘယ်လမ်းက ပိုသင့်တော်သလဲ သူ့မှာပိုလမ်းပျောက်လာရတာ။

"အချစ်ဆိုတာ ငြိမ်းသတ်မရတဲ့မီးလိုပဲ ငြိမ်းဖို့ကြိုးစားရင်းနဲ့ ကိုယ်ပဲတမြေ့မြေ့လောင်ကျွမ်းရတယ်. .ပူပြင်းတဲ့ဒဏ်ကို အံ့ကြိတ်ခံရင်း ငြိမ်းသွားဖို့ ဆုတောင်းလည်း ငြိမ်းသတ်မရတဲ့အချစ်မီးလေ မကစားသင့်၊ ဝင်မတိုးသင့်ဆိုတာ သိပ်မှန်တာပဲ"

တစ်ယောက်တည်းရေရွတ်တဲ့ သူ့စကားတွေကို တုံ့ပြန်သူမရှိ။

များပြားတဲ့နံရံထက်က ဓာတ်ပုံတွေကြားက ကောင်လေးတစ်ယောက်ကတော့ အပြစ်မရှိသူလို ပြုံးလို့ပျော်လို့။

"မင်းကလူဆိုးပဲ ငါ့ကိုလောင်ကျွမ်းအောင် လုပ်ပြီး ပျော်နေပြီမလားအခု"

မှောင်မှိက်နေတဲ့အခန်းထဲ မီးလင်းလာသောဖုန်းအလင်းက စူးရှလို့. .။

စာလေးတစ်စောင်ပေမဲ့ သူ့ကိုလှုပ်ခတ်သွားစေသော အကြောင်းအရာတွေ။

ဘယ်လိုလုပ်မလဲ. .အစကတည်းက ဝေဝါးနေတဲ့ဆုံးဖြတ်ချက်တွေက အခုပိုဆိုးလို့လာပြီ။

တောင်ပြေးရနိုး၊ မြောက်ပြေးရနိုးနဲ့ ရူးသွပ်လာတဲ့ငါ့စိတ်တွေ. .။

မင်းနဲ့ပတ်သတ်လာရင် ရူးနှမ်းကုန်တဲ့ ဒီစိတ်တွေကို ဘယ်သံသရာအထိ ငါသယ်ဆောင်သွားရမလဲ အချစ်ရေ. .။

ကုန်ပါစေ ကြေပါစေ ဆုတောင်းလည်း မကုန်နိုင် မကြေနိုင်တဲ့ ရှေးဝဋ်ကြွေးတွေက သိပ်ကိုများလှပါလား။

တစ်နှစ်တန်သည် နှစ်နှစ်တန်သည်. .စောင့်လည်း ပြီးဆုံးမသွား။

မင်းနဲ့တွေ့မှစတဲ့ ဝဋ်ကြွေးတွေမို့. .

ဘယ်သောအခါကမှ ငါတို့မကြုံကြိုက်ခဲ့ရင်
ဒီသံသရာဝဋ်ကြွေးကြား ငါမနစ်မွန်းရလောက်. .။
ဟုတ်တယ်မလား ငါ့အချစ်. .။

. . .

December 25,Christmas Day

Luggageထဲ နောက်ဆုံးကျန်တဲ့ပစ္စည်းတွေကို ဖြည့်ပြီး ဇစ်ကိုဆွဲပိတ်လိုက်သည်။

မမှတ်မိချင်လို့ မမှတ်ထားသော်လည်း မှတ်မိနေသောနှလုံးသားက ကိုယ့်နာကျင်မှုကို ကိုယ်တိုင်ရှာဖွေသည်။

ဒီနေ့က ယုံးငယ်နဲ့လီဂျင်အာရဲ့ မင်္ဂလာပွဲနေ့. .။

ယုံးငယ်က သူ့ကိုမချစ်ဘူး။

သူဒါကိုကောင်းကောင်းကြီးသိနေတာကို အမှတ်မရှိတဲ့စိတ်တွေက ယုံးငယ်ကသူ့ဆီလာလိမ့်မယ်လို့ သူအရင်ကျောခိုင်းထွက်လာတဲ့နေ့ကတည်းက အတွေးရောက်နေခဲ့တာ။

ရူးရူးမိုက်မိုက်စိတ်တွေကြောင့် မျှော်လင့်ပြီးရင်းမျှော်လင့်ရင်း မောဟိုက်လာတဲ့နှလုံးသားနဲ့ ဒီလိုနေ့ကို ရောက်လာတာပါပဲ။

နာကျင်နေတဲ့နှလုံးသားကို သယ်ဆောင်ပြီး ထွက်ပြေးသွားလိုက်ဖို့ သူကပြင်ဆင်ရင်း နောက်ဆုံးအနေနဲ့ တိုက်ခန်းလေးကို ဝေ့ကြည့်လိုက်သည်။

ဒီတိုက်ခန်းလေးထဲမှာ မများပေမဲ့ သူနဲ့ယုံးငယ်ရဲ့ အမှတ်တရလှလှလေးတွေ ရှိနေတယ်။

ဝေ့ကြည့်ရင်းနဲ့ မီးဖိုခန်းလေးထဲက သူနဲ့ယုံးငယ်ရဲ့ သေးငယ်သော စနောက်ကျီစယ်မှုတွေ၊ ဆိုဖာပေါ်က အနမ်းသေးသေးလေးတွေ၊ နွေးထွေးသောပွေ့ဖက်မှုလေးတွေကို လွမ်းဆွတ်လာသည်။

ဒီရက်တွေထဲ အတိတ်တွေကြား နစ်မွန်းပြီးနေခဲ့ပြီးတာတောင် မကျေနပ်သေးသလို။

အတိတ်တွေဆီကလည်း သူကရုန်းထွက်ပစ်လိုက်ချင်ပါတယ်။

ဘာလို့များမရရတာလဲ။

ကြားနေရသောရယ်သံတွေနဲ့ မြင်နေရသောပုံရိပ်တွေကို ခေါင်းခါထုတ်ပြီး တိုက်ခန်းတံခါးကို ပိတ်ပစ်လိုက်သည်။

မေ့ပစ်လိုက်ရအောင်ပါ. .။

လေဆိပ်ကိုထွက်လာတဲ့လမ်းတစ်လျှောက် လက်ထဲကဖုန်းကိုဆုပ်ကိုင်ရင်း အတွေးတွေက ဝေဝေဝါးဝါး။

မေ့ပစ်ဖို့ကြိုးစားလေ ပိုရစ်တွယ်လာလေ သံယောဇဥ်ကြိုးတွေအကြောင်း ကြားဖူးခဲ့တယ်။

အမှန်တကယ်ကြုံလာတဲ့အခါ ဖြတ်တောက်ပစ်ဖို့နည်းလမ်းကိုကျ မကြားဖူးခဲ့တာ သတိပြုမိရတယ်။

ယုံးငယ်. .မင်းကော မင်းနဲ့အမှတ်တရတွေကိုကော မေ့ပစ်ချင်လိုက်ရတာ. .ဒါမဲ့ မောင်မလုပ်နိုင်ဘူး။

တစ်ကြိမ်တော့ မင်းကိုကော မောင့်ကိုမောင်ကော အခွင့်ရေး ပေးပစ်လိုက်ချင်မိသည်။

ဆုံးဖြတ်ချက်ပြတ်သားခဲ့သလို ဟန်ဆောင်ခဲ့တဲ့မောင်ကို မင်းလှောင်ရယ်ချင်လည်း ရယ်ပစ်လိုက်ပေါ့။

"ဒီနေ့မင်းမပျော်နေဘူးမလားယုံး မင်းဒီလက်ထပ်ပွဲကို စိတ်မပါကြောင်း မောင့်ကိုပြောပြခဲ့ဖူးတယ်မလား မင်းမပျော်ရင် မောင့်ဆီလာခဲ့မလား လာခဲ့ပါလားကွယ်. .မောင်ကမင်းနဲ့ပတ်သတ်လာရင် ဒီလိုရူးနှမ်းတယ် မင်းကိုမပြောဖူးခဲ့ပေမဲ့ မောင်မင်းကိုသိပ်ချစ်ရတာ ချစ်သည်းရဲ့! မောင်ဟိုတစ်နေ့က ပြောခဲ့တာတွေက စိတ်ကယောက်ကယက်ဖြစ်ချိန်ကြောင့်မို့ ထွက်ခဲ့တာတွေပါ မောင်စိတ်မပါဘူး ယုံးငယ်. .မောင်မင်းကိုချစ်တယ် မင်းလက်ကိုလွတ်မချချင်ဘူး မင်းနဲ့မသင့်တော်ဘူးဆိုတဲ့ မင်းအဖေရဲ့စကားတွေက မောင့်ကိုရူးသွားစေသလိုမို့ အဲ့နေ့ကမောင်..မသိတော့ဘူး အခုမောင်နဲ့လိုက်ခဲ့မလားယုံးငယ် မင်းမပျော်တဲ့အဲ့နေရာ အဲ့အသိုက်အမြုံကနေ မောင်နဲ့အတူ ထွက်ပြေးပြီး မောင့်လက်ကိုတစ်သက်တာတွဲမလားယုံးငယ်. .မင်းကိုပျော်အောင်ထားမှာကို မင်းယုံမှာပါ ဟုတ်တယ်မလား"

အကြိမ်ကြိမ်အခါခါ ထပ်တွေးမိပြီးနောက် ပို့ပစ်လိုက်မိတဲ့စာတစ်စောင်ဟာ မကျက်ပါဘဲ အလွတ်ရနေခဲ့တဲ့ နံပါတ်ကလေးတစ်ခုဆီ။

လူအများစည်ကားနေတဲ့ ဆိုးလ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲ တစ်ကိုယ်တည်းထိုင်နေတဲ့သူဟာ ဝင်ပေါက်ကို ငေးလို့။

အကြိမ်ကြိမ်ထွက်ပေါ်လာနေတဲ့ ကြေငြာသံတွေကြား သူ့ရဲ့လေယာဥ်ချိန်ဟာ နီးကပ်လာနေပြီ။

မျှော်လင့်တကြီးငေးမောနေမိတဲ့ အရိပ်ကလေးတော့ ယောင်လို့တောင်မမြင်ရပါ။

"တီ. .မနက်ကိုးနာရီလေယာဥ်နှင့် လန်ဒန်ကိုလိုက်ပါ့မည့် ခရီးသည်များ အချိန်နီးကပ်လာပြီဖြစ်ပါ၍ လေယာဥ်ပေါ်သို့ တက်ရောက်နေရာယူပေးရန်အတွက် နောက်တစ်ကြိမ်သတိပေးပါတယ်ရှင်"

"တင်!"

ထပ်ပြီးသတိပေးကြေငြာချက်နှင့်အတူ သူ့ဖုန်းဆီကစာဝင်လာသောသံစဥ်။

ဝင်ပေါက်ဆီငေးကြည့်နေမိသောသူ့အကြည့်တွေကို ဖုန်းဆီရွှေ့ကာထားလိုက်မိတော့ ကြမ်းပြင်ထက်ကျကွဲသွားသည့် သူ့နောက်ဆုံးမျှော်လင့်ချက်မီးအိမ်။

ယုံးငယ်. .မင်းသိပ်ရက်စက်တယ်လို့ ငါမရေရွတ်ရဲလောက်အောင် မင်းငါ့အပေါ် လုပ်နိုင် လုပ်ရက်ခဲ့တာပဲ။

"ဒီကောင်မလေးလက်ကိုပဲ ဆုပ်ကိုင်ပြီး ငါ့ဘဝကိုငါလျှောက်မယ် ဒယ်ဒီပြောတာမှန်တယ်ထင်တယ် ဒီလိုပြီးပြည့်စုံတဲ့မိန်းကလေးကမှ ငါ့လက်တွဲဖော်ဖြစ်သင့်ပြီး မင်းကတော့. .ဆောရီးဂျယ်ဟျွန်း ငါမလုပ်နိုင်ဘူး"

သူ့ဆန္ဒတွေအား ငြင်းပယ်စာနှင့်အတူ ရောက်ရှိလာသောဓာတ်ပုံလေး. .။

မင်းနဲ့အတူလက်ချင်းချိတ်ကာ စိတ်ကြိုက်ရွေးခဲ့လောက်မည့် အဲ့သတို့သမီးဝတ်စုံလေးက သူမနဲ့တအားလိုက်ဖက်ကြောင်း ငါဝန်မခံချင်ဘူး။

အဖြူရောင်ဝတ်စုံလေးနဲ့သူမဟာ မင်းနဲ့ပိုပြီးတောင် လိုက်ဖက်နေမှာဆိုတာ မဖြစ်နိုင်ပါဘူးလို့ ငြင်းချင်တာတောင် ငါမငြင်းနိုင်နေတာ။

မင်းပြောသလို သူမကမှ မင်းနဲ့သင့်တော်တဲ့လက်တွဲဖော်. .။
ငါကဒီတိုင်း အညတရမိဘမဲ့တစ်ယောက်. .။

"အင်း. .သိပ်ကိုလိုက်ဖက်နေမှာ ငါဘာတွေမျှော်လင့်မိရပြန်တာလဲ"

ကျဆင်းနေသည့်မျက်ရည်တွေကို ဆွဲပွတ်သုတ်လိုက်ပြီး ခဏခဏငေးနေမိသောဝင်ပေါက်ကို ကျောခိုင်းပစ်လိုက်သည်။

ခြေတစ်လှမ်းလှမ်းတိုင်းမှာ ငါဟာတစ်ခါသေရင်း ဒီတစ်ခါတော့ အပြီးတိုင်လက်လွတ်ဖို့ ပိုလို့ခိုင်မာလာသည်။

ပြီးပြတ်သွားတဲ့ဒီဇာတ်လမ်းမှာ ငါရင်အနာဆုံးက မင်းကငါ့ကို နည်းနည်းလေးတောင် မချစ်ခဲ့ဘူးဆိုတာပါပဲ။

"ဝေးကြတာပေါ့ ချစ်သည်းရေ. .
သူမလက်ကိုတွဲရင်း မင်းကမင်းဘဝမင်းတည်
ငါကငါ့ဘဝငါဆောက်မယ် တွဲရမယ့်လက်တစ်စုံမပါပေမဲ့ ငါကပျော်နေလောက်မှာပါ ပျော်မှာပါ. .
တစ်ခါတလေတော့ မင်းကိုရူးနှမ်းခဲ့တဲ့ ဒီလူကိုအမှတ်တရရှိပေးပေါ့. ."

ဆိုးလ်ကောင်းကင်ထက်က ပျံသန်းထွက်ခွာသွားတဲ့လေယာဥ်ပေါ်က နောက်မလှည့်စတမ်းထွက်သွားနိုင်ခဲ့သည့် နောက်ကျောပြင်ပိုင်ရှင်ဟာ မျက်ရည်တွေကိုအဖော်ပြုလို့ဆိုတာ ဘယ်သူကသိမှာလဲ။

သူ့ဘေးကနေရာလွတ်လေးကလည်း ပိုင်ရှင်မဲ့စွာ အေးစက်နေခဲ့တာ သိသူမရှိ၊ မြင်သူမရှိ။

ပြန်လှည့်မရတဲ့လမ်းကို မင်းကရွေးပြီး
ပြန်မလာတော့မယ့်လမ်းကို ငါကလျှောက်မယ်. .။
ချစ်တယ် ကြိုက်တယ် ဖွင့်မဟခဲ့ရပေမဲ့
ငါနဲ့အလှမ်းဝေးလွန်းတဲ့ကြယ်ပွင့်လေးရေ. .
မင်းကိုငါက ချစ်ပါတယ် မြတ်နိုးပါတယ်ကွယ်. .။

..........။..........

Ending of Flashback!! ပြီးရင်
Ending of Story လာပါတော့မယ် ╥﹏╥

ဝမ်းနည်းစရာကြီးပဲ!
(ပီအက်စ်. .အပ်ဒိတ်မှန်နေတဲ့ နာနာဖူးကိုဆုချကြပါ)

*Zawgyi*

တိတ္ဆိတ္ျခင္း၊ ေမွာင္မွိက္ျခင္းတို႔ ႀကီးစိုးေနေသာ အခန္းငယ္ေလးအတြင္းက အလဲလဲအၿပိဳၿပိဳလူသား။

တေ႐ြ႕ေ႐ြ႕ကုန္ဆုံးေနေသာ နာရီလက္တံေတြႏွင့္ ကုန္ဆုံးသြားေသာေန႕ရက္ေတြကို လက္ခ်ိဳးေရတြက္ရင္းက ပိုလို႔ငိုေႂကြးေနေသာမ်က္ဝန္းေတြ။

နီးကပ္လာေသာ ျပကၡဒိန္ေပၚက အနီေရာင္ရက္စြဲေလးက ၿခိမ္းေျခာက္လာေနတာ သူ႕စိတ္ကို။

မခြဲခ်င္၊ မခြဲရက္လို႔ နာနာက်င္က်င္ငိုေႂကြးေနတာကို ဘယ္သူကမွသိမွာမဟုတ္ဘူး။

မျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြေၾကာင့္ နာက်င္ရင္းက ေဝဝါးေနရတဲ့ ေရွ႕ဆက္ရမယ့္ လမ္းခရီး။

ေပ်ာ့ညံ့လိုက္တာလို႔ ေရ႐ြတ္ရင္း ကိုယ့္ကိုကိုယ္ ဟားတိုက္ရယ္ေမာပစ္လိုက္သည္။

"မင္းက မင္း မပီသလိုက္တာ. .ငေၾကာက္ပဲ"

မခ်ိတင္ကဲေရ႐ြတ္အျပစ္တင္ရင္း ထပ္ျခစ္ခ်လိဳက္ရတဲ့ ျပကၡဒိန္ထက္က ေန႕ရက္တစ္ရက္။

အျခစ္ခံလိုက္ရတဲ့ေန႕ရက္နဲ႕ အနီေရာင္အမွတ္အသားေလးၾကားက က်န္ေနေသးေသာ ေန႕ရက္ေလးတစ္ရက္ကို စူးစိုက္ၾကည့္ရင္း ေဝဝါးေနတဲ့ဆုံးျဖတ္ခ်က္ေတြကို အတိအလင္းျဖတ္ခ်ဖိဳ႕ ျပင္ရသည္။

ေတြးရင္းေတာရင္း ေနာင္တမရေစဖို႔ ဘယ္လမ္းက ပိုသင့္ေတာ္သလဲ သူ႕မွာပိုလမ္းေပ်ာက္လာရတာ။

"အခ်စ္ဆိုတာ ၿငိမ္းသတ္မရတဲ့မီးလိုပဲ ၿငိမ္းဖို႔ႀကိဳးစားရင္းနဲ႕ ကိုယ္ပဲတေျမ့ေျမ့ေလာင္ကြၽမ္းရတယ္. .ပူျပင္းတဲ့ဒဏ္ကို အံ့ႀကိတ္ခံရင္း ၿငိမ္းသြားဖို႔ ဆုေတာင္းလည္း ၿငိမ္းသတ္မရတဲ့အခ်စ္မီးေလ မကစားသင့္၊ ဝင္မတိုးသင့္ဆိုတာ သိပ္မွန္တာပဲ"

တစ္ေယာက္တည္းေရ႐ြတ္တဲ့ သူ႕စကားေတြကို တုံ႕ျပန္သူမရွိ။

မ်ားျပားတဲ့နံရံထက္က ဓာတ္ပုံေတြၾကားက ေကာင္ေလးတစ္ေယာက္ကေတာ့ အျပစ္မရွိသူလို ၿပဳံးလို႔ေပ်ာ္လို႔။

"မင္းကလူဆိုးပဲ ငါ့ကိုေလာင္ကြၽမ္းေအာင္ လုပ္ၿပီး ေပ်ာ္ေနၿပီမလားအခု"

ေမွာင္မွိက္ေနတဲ့အခန္းထဲ မီးလင္းလာေသာဖုန္းအလင္းက စူးရွလို႔. .။

စာေလးတစ္ေစာင္ေပမဲ့ သူ႕ကိုလႈပ္ခတ္သြားေစေသာ အေၾကာင္းအရာေတြ။

ဘယ္လိုလုပ္မလဲ. .အစကတည္းက ေဝဝါးေနတဲ့ဆုံးျဖတ္ခ်က္ေတြက အခုပိုဆိုးလို႔လာၿပီ။

ေတာင္ေျပးရနိုး၊ ေျမာက္ေျပးရနိုးနဲ႕ ႐ူးသြပ္လာတဲ့ငါ့စိတ္ေတြ. .။

မင္းနဲ႕ပတ္သတ္လာရင္ ႐ူးႏွမ္းကုန္တဲ့ ဒီစိတ္ေတြကို ဘယ္သံသရာအထိ ငါသယ္ေဆာင္သြားရမလဲ အခ်စ္ေရ. .။

ကုန္ပါေစ ေၾကပါေစ ဆုေတာင္းလည္း မကုန္နိုင္ မေၾကနိုင္တဲ့ ေရွးဝဋ္ေႂကြးေတြက သိပ္ကိုမ်ားလွပါလား။

တစ္ႏွစ္တန္သည္ ႏွစ္ႏွစ္တန္သည္. .ေစာင့္လည္း ၿပီးဆုံးမသြား။

မင္းနဲ႕ေတြ႕မွစတဲ့ ဝဋ္ေႂကြးေတြမို႔. .

ဘယ္ေသာအခါကမွ ငါတို႔မႀကဳံႀကိဳက္ခဲ့ရင္
ဒီသံသရာဝဋ္ေႂကြးၾကား ငါမနစ္မြန္းရေလာက္. .။
ဟုတ္တယ္မလား ငါ့အခ်စ္. .။

. . .

December 25,Christmas Day

Luggageထဲ ေနာက္ဆုံးက်န္တဲ့ပစၥည္းေတြကို ျဖည့္ၿပီး ဇစ္ကိုဆြဲပိတ္လိုက္သည္။

မမွတ္မိခ်င္လို႔ မမွတ္ထားေသာ္လည္း မွတ္မိေနေသာႏွလုံးသားက ကိုယ့္နာက်င္မႈကို ကိုယ္တိုင္ရွာေဖြသည္။

ဒီေန႕က ယုံးငယ္နဲ႕လီဂ်င္အာရဲ႕ မဂၤလာပြဲေန႕. .။

ယုံးငယ္က သူ႕ကိုမခ်စ္ဘူး။

သူဒါကိုေကာင္းေကာင္းႀကီးသိေနတာကို အမွတ္မရွိတဲ့စိတ္ေတြက ယုံးငယ္ကသူ႕ဆီလာလိမ့္မယ္လို႔ သူအရင္ေက်ာခိုင္းထြက္လာတဲ့ေန႕ကတည္းက အေတြးေရာက္ေနခဲ့တာ။

႐ူး႐ူးမိုက္မိုက္စိတ္ေတြေၾကာင့္ ေမွ်ာ္လင့္ၿပီးရင္းေမွ်ာ္လင့္ရင္း ေမာဟိုက္လာတဲ့ႏွလုံးသားနဲ႕ ဒီလိုေန႕ကို ေရာက္လာတာပါပဲ။

နာက်င္ေနတဲ့ႏွလုံးသားကို သယ္ေဆာင္ၿပီး ထြက္ေျပးသြားလိုက္ဖို႔ သူကျပင္ဆင္ရင္း ေနာက္ဆုံးအေနနဲ႕ တိုက္ခန္းေလးကို ေဝ့ၾကည့္လိုက္သည္။

ဒီတိုက္ခန္းေလးထဲမွာ မမ်ားေပမဲ့ သူနဲ႕ယုံးငယ္ရဲ႕ အမွတ္တရလွလွေလးေတြ ရွိေနတယ္။

ေဝ့ၾကည့္ရင္းနဲ႕ မီးဖိုခန္းေလးထဲက သူနဲ႕ယုံးငယ္ရဲ႕ ေသးငယ္ေသာ စေနာက္က်ီစယ္မႈေတြ၊ ဆိုဖာေပၚက အနမ္းေသးေသးေလးေတြ၊ ေႏြးေထြးေသာေပြ႕ဖက္မႈေလးေတြကို လြမ္းဆြတ္လာသည္။

ဒီရက္ေတြထဲ အတိတ္ေတြၾကား နစ္မြန္းၿပီးေနခဲ့ၿပီးတာေတာင္ မေက်နပ္ေသးသလို။

အတိတ္ေတြဆီကလည္း သူက႐ုန္းထြက္ပစ္လိုက္ခ်င္ပါတယ္။

ဘာလို႔မ်ားမရရတာလဲ။

ၾကားေနရေသာရယ္သံေတြနဲ႕ ျမင္ေနရေသာပုံရိပ္ေတြကို ေခါင္းခါထုတ္ၿပီး တိုက္ခန္းတံခါးကို ပိတ္ပစ္လိုက္သည္။

ေမ့ပစ္လိုက္ရေအာင္ပါ. .။

ေလဆိပ္ကိုထြက္လာတဲ့လမ္းတစ္ေလွ်ာက္ လက္ထဲကဖုန္းကိုဆုပ္ကိုင္ရင္း အေတြးေတြက ေဝေဝဝါးဝါး။

ေမ့ပစ္ဖို႔ႀကိဳးစားေလ ပိုရစ္တြယ္လာေလ သံေယာဇဥ္ႀကိဳးေတြအေၾကာင္း ၾကားဖူးခဲ့တယ္။

အမွန္တကယ္ႀကဳံလာတဲ့အခါ ျဖတ္ေတာက္ပစ္ဖို႔နည္းလမ္းကိုက် မၾကားဖူးခဲ့တာ သတိျပဳမိရတယ္။

ယုံးငယ္. .မင္းေကာ မင္းနဲ႕အမွတ္တရေတြကိုေကာ ေမ့ပစ္ခ်င္လိုက္ရတာ. .ဒါမဲ့ ေမာင္မလုပ္နိုင္ဘူး။

တစ္ႀကိမ္ေတာ့ မင္းကိုေကာ ေမာင့္ကိုေမာင္ေကာ အခြင့္ေရး ေပးပစ္လိုက္ခ်င္မိသည္။

ဆုံးျဖတ္ခ်က္ျပတ္သားခဲ့သလို ဟန္ေဆာင္ခဲ့တဲ့ေမာင္ကို မင္းေလွာင္ရယ္ခ်င္လည္း ရယ္ပစ္လိုက္ေပါ့။

"ဒီေန႕မင္းမေပ်ာ္ေနဘူးမလားယုံး မင္းဒီလက္ထပ္ပြဲကို စိတ္မပါေၾကာင္း ေမာင့္ကိုေျပာျပခဲ့ဖူးတယ္မလား မင္းမေပ်ာ္ရင္ ေမာင့္ဆီလာခဲ့မလား လာခဲ့ပါလားကြယ္. .ေမာင္ကမင္းနဲ႕ပတ္သတ္လာရင္ ဒီလို႐ူးႏွမ္းတယ္ မင္းကိုမေျပာဖူးခဲ့ေပမဲ့ ေမာင္မင္းကိုသိပ္ခ်စ္ရတာ ခ်စ္သည္းရဲ႕! ေမာင္ဟိုတစ္ေန႕က ေျပာခဲ့တာေတြက စိတ္ကေယာက္ကယက္ျဖစ္ခ်ိန္ေၾကာင့္မို႔ ထြက္ခဲ့တာေတြပါ ေမာင္စိတ္မပါဘူး ယုံးငယ္. .ေမာင္မင္းကိုခ်စ္တယ္ မင္းလက္ကိုလြတ္မခ်ခ်င္ဘူး မင္းနဲ႕မသင့္ေတာ္ဘူးဆိုတဲ့ မင္းအေဖရဲ႕စကားေတြက ေမာင့္ကို႐ူးသြားေစသလိုမို႔ အဲ့ေန႕ကေမာင္..မသိေတာ့ဘူး အခုေမာင္နဲ႕လိုက္ခဲ့မလားယုံးငယ္ မင္းမေပ်ာ္တဲ့အဲ့ေနရာ အဲ့အသိုက္အၿမဳံကေန ေမာင္နဲ႕အတူ ထြက္ေျပးၿပီး ေမာင့္လက္ကိုတစ္သက္တာတြဲမလားယုံးငယ္. .မင္းကိုေပ်ာ္ေအာင္ထားမွာကို မင္းယုံမွာပါ ဟုတ္တယ္မလား"

အႀကိမ္ႀကိမ္အခါခါ ထပ္ေတြးမိၿပီးေနာက္ ပို႔ပစ္လိုက္မိတဲ့စာတစ္ေစာင္ဟာ မက်က္ပါဘဲ အလြတ္ရေနခဲ့တဲ့ နံပါတ္ကေလးတစ္ခုဆီ။

လူအမ်ားစည္ကားေနတဲ့ ဆိုးလ္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ထဲ တစ္ကိုယ္တည္းထိုင္ေနတဲ့သူဟာ ဝင္ေပါက္ကို ေငးလို႔။

အႀကိမ္ႀကိမ္ထြက္ေပၚလာေနတဲ့ ေၾကျငာသံေတြၾကား သူ႕ရဲ႕ေလယာဥ္ခ်ိန္ဟာ နီးကပ္လာေနၿပီ။

ေမွ်ာ္လင့္တႀကီးေငးေမာေနမိတဲ့ အရိပ္ကေလးေတာ့ ေယာင္လို႔ေတာင္မျမင္ရပါ။

"တီ. .မနက္ကိုးနာရီေလယာဥ္ႏွင့္ လန္ဒန္ကိုလိုက္ပါ့မည့္ ခရီးသည္မ်ား အခ်ိန္နီးကပ္လာၿပီျဖစ္ပါ၍ ေလယာဥ္ေပၚသို႔ တက္ေရာက္ေနရာယူေပးရန္အတြက္ ေနာက္တစ္ႀကိမ္သတိေပးပါတယ္ရွင္"

"တင္!"

ထပ္ၿပီးသတိေပးေၾကျငာခ်က္ႏွင့္အတူ သူ႕ဖုန္းဆီကစာဝင္လာေသာသံစဥ္။

ဝင္ေပါက္ဆီေငးၾကည့္ေနမိေသာသူ႕အၾကည့္ေတြကို ဖုန္းဆီေ႐ႊ႕ကာထားလိုက္မိေတာ့ ၾကမ္းျပင္ထက္က်ကြဲသြားသည့္ သူ႕ေနာက္ဆုံးေမွ်ာ္လင့္ခ်က္မီးအိမ္။

ယုံးငယ္. .မင္းသိပ္ရက္စက္တယ္လို႔ ငါမေရ႐ြတ္ရဲေလာက္ေအာင္ မင္းငါ့ကိုအေပၚ လုပ္နိုင္ လုပ္ရက္ခဲ့တာပဲ။

"ဒီေကာင္မေလးလက္ကိုပဲ ဆုပ္ကိုင္ၿပီး ငါ့ဘဝကိုငါေလွ်ာက္မယ္ ဒယ္ဒီေျပာတာမွန္တယ္ထင္တယ္ ဒီလိုၿပီးျပည့္စုံတဲ့မိန္းကေလးကမွ ငါ့လက္တြဲေဖာ္ျဖစ္သင့္ၿပီး မင္းကေတာ့. .ေဆာရီးဂ်ယ္ဟြၽန္း ငါမလုပ္နိုင္ဘူး"

သူ႕ဆႏၵေတြအား ျငင္းပယ္စာႏွင့္အတူ ေရာက္ရွိလာေသာဓာတ္ပုံေလး. .။

မင္းနဲ႕အတူလက္ခ်င္းခ်ိတ္ကာ စိတ္ႀကိဳက္ေ႐ြးခဲ့ေလာက္မည့္ အဲ့သတို႔သမီးဝတ္စုံေလးက သူမနဲ႕တအားလိုက္ဖက္ေၾကာင္း ငါဝန္မခံခ်င္ဘူး။

အျဖဴေရာင္ဝတ္စုံေလးနဲ႕သူမဟာ မင္းနဲ႕ပိုၿပီးေတာင္ လိုက္ဖက္ေနမွာဆိုတာ မျဖစ္နိုင္ပါဘူးလို႔ ျငင္းခ်င္တာေတာင္ ငါမျငင္းနိုင္ေနတာ။

မင္းေျပာသလို သူမကမွ မင္းနဲ႕သင့္ေတာ္တဲ့လက္တြဲေဖာ္. .။
ငါကဒီတိုင္း အညတရမိဘမဲ့တစ္ေယာက္. .။

"အင္း. .သိပ္ကိုလိုက္ဖက္ေနမွာ ငါဘာေတြေမွ်ာ္လင့္မိရျပန္တာလဲ"

က်ဆင္းေနသည့္မ်က္ရည္ေတြကို ဆြဲပြတ္သုတ္လိုက္ၿပီး ခဏခဏေငးေနမိေသာဝင္ေပါက္ကို ေက်ာခိုင္းပစ္လိုက္သည္။

ေျခတစ္လွမ္းလွမ္းတိုင္းမွာ ငါဟာတစ္ခါေသရင္း ဒီတစ္ခါေတာ့ အၿပီးတိုင္လက္လြတ္ဖို႔ ပိုလို႔ခိုင္မာလာသည္။

ၿပီးျပတ္သြားတဲ့ဒီဇာတ္လမ္းမွာ ငါရင္အနာဆုံးက မင္းကငါ့ကို နည္းနည္းေလးေတာင္ မခ်စ္ခဲ့ဘူးဆိုတာပါပဲ။

"ေဝးၾကတာေပါ့ ခ်စ္သည္းေရ. .
သူမလက္ကိုတြဲရင္း မင္းကမင္းဘဝမင္းတည္
ငါကငါ့ဘဝငါေဆာက္မယ္ တြဲရမယ့္လက္တစ္စုံမပါေပမဲ့ ငါကေပ်ာ္ေနေလာက္မွာပါ ေပ်ာ္မွာပါ. .
တစ္ခါတေလေတာ့ မင္းကို႐ူးႏွမ္းခဲ့တဲ့ ဒီလူကိုအမွတ္တရရွိေပးေပါ့. ."

ဆိုးလ္ေကာင္းကင္ထက္က ပ်ံသန္းထြက္ခြာသြားတဲ့ေလယာဥ္ေပၚက ေနာက္မလွည့္စတမ္းထြက္သြားနိုင္ခဲ့သည့္ ေနာက္ေက်ာျပင္ပိုင္ရွင္ဟာ မ်က္ရည္ေတြကိုအေဖာ္ျပဳလို႔ဆိုတာ ဘယ္သူကသိမွာလဲ။

သူ႕ေဘးကေနရာလြတ္ေလးကလည္း ပိုင္ရွင္မဲ့စြာ ေအးစက္ေနခဲ့တာ သိသူမရွိ၊ ျမင္သူမရွိ။

ျပန္လွည့္မရတဲ့လမ္းကို မင္းကေ႐ြးၿပီး
ျပန္မလာေတာ့မယ့္လမ္းကို ငါကေလွ်ာက္မယ္. .။
ခ်စ္တယ္ ႀကိဳက္တယ္ ဖြင့္မဟခဲ့ရေပမဲ့
ငါနဲ႕အလွမ္းေဝးလြန္းတဲ့ၾကယ္ပြင့္ေလးေရ. .
မင္းကိုငါက ခ်စ္ပါတယ္ ျမတ္နိုးပါတယ္ကြယ္. .။

..........။..........

Ending of Flashback!! ၿပီးရင္
Ending of Story လာပါေတာ့မယ္ ╥﹏╥

ဝမ္းနည္းစရာႀကီးပဲ!
(ပီအက္စ္. .အပ္ဒိတ္မွန္ေနတဲ့ နာနာဖူးကိုဆုခ်ၾကပါ)

Continue Reading

You'll Also Like

761K 28.2K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.1M 30K 37
After the passing of Abigail Bentley's mother, she is now the only one responsible for her family's well-being. Her father, often too drunk to stand...
456K 31.2K 46
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
412K 24.8K 84
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...