အပိုင္း ( ၁၅၁ ) - ဝင္ခြင့္ရလဒ္မ်ား ထြက္ၿပီ။
ထိုအမဲေရာင္ကားအမ်ိဳးအစားသည္ တျခားကားမ်ားထက္ ႀကီးမားၿပီး သိသာထင္ရွားတဲ့ ေနရာမွာ ရပ္ထားသည္။
သို႔ေသာ္၊ ကားထက္ပင္ ပို၍ မ်က္စိက်စရာမွာ ဖုန္းကို ေခါင္းငုံ႔ၾကည့္ေနၿပီး ကားကို မွီထားတဲ့ တစ္စုံတစ္ေယာက္ပဲ ျဖစ္သည္။
အနက္ေရာင္ ၀တ္စုံ ဝတ္ဆင္ထားသည့္ Noraသည္ ကားကို ပ်င္းရိစြာ မွီထားသည္။ သူမသည္ ျမင္ႏိုင္ေသာ ျမင္လြယ္သည့္ ေနရာတစ္ခုမွာ ေရာက္ေနသည္ကို သူမ လုံးဝ သတိမထားမိခဲ့ေပ။
အသြားအလာ ေက်ာင္းသားမ်ား ႏွင့္ တကၠသိုလ္ ဂိတ္ဝကို ျဖတ္သြားေသာ လမ္းသြားလမ္းလာ မ်ား သည္ သူမကို ၾကည့္တဲ့ အၾကည့္မ်ားက စူးစူးဝါးဝါးပင္ ၾကည့္ေနၾကသည္ ။
အသားအရည္ ေခ်ာေမာကာ အရပ္ရွည္၊ သြယ္လ်တဲ့အျပင္ ဆြဲေဆာင္မႈရွိေသာ သူမကေတာ့ ေခါင္းကို လွည့္ၿပီး ၾကည့္ေတာင္ မၾကည့္ေပ။
Lisa လည္း သူမကို ေတြ႕မယ္မထင္ထားတဲ့ အခ်ိန္ အခုလို ေတြ႕လိုက္ရေတာ့ အနည္းငယ္ အံ့ၾသသြားသည္။ "Nora?"
သူမ၏အသံကိုၾကားလိုက္သည္ႏွင့္ ေနာက္ဆုံးမွာေတာ့ Noraသည္ ပ်င္းရိစြာနဲ႔ ေခါင္းကိုေမာ့လိုက္သည္။ ေၾကာင္မ်က္လုံးမ်ားကဲ့သို႔ သူ႔မ်က္လုံးေလးမ်ားသည္ Lisa ၏နီရဲေရာင္ရမ္းေနေသာ မ်က္လုံးမ်ားကို ဦးစြာစိုက္ၾကည့္သည္.. သူမသည္ ဖုန္းေပၚတြင္ စာ႐ိုက္ေနသည္ကို ေအးေအးေဆးေဆး ၿပီးေအာင္လုပ္လိုက္ၿပီး ေနာက္ဆုံးတြင္ သူမကို ေမးလိုက္သည္။
"ဘာျဖစ္တာလဲ?"
သို႔ေသာ္ ထို စကားလုံးႏွစ္လုံးက Lisa သည္ ေနာက္ဆုံးတြင္ သူမ၏မိဘမ်ားကို ရွာေတြ႕ခဲ့ေသာ ဝမ္းနည္းပူေဆြးေသာ ကေလးတစ္ေယာက္လို ခံစားေစသည္။
သူ႔ခံစားခ်က္ေတြကို သူမထိန္းႏိုင္ေတာ့ပဲ မ်က္ရည္ေတြ ပါးျပင္ေပၚ စီးၾကရင္း သူမကို တိုင္တန္းသလို ေျပာလာသည္
“ငါ…ငါ့ ID ကတ္နဲ႔ ဝင္ခြင့္လက္မွတ္ ေပ်ာက္သြားတယ္ Nora”
Nora "?"
ဒီေန႔ Lisaက အင္တာဗ်ဴးရွိလို႔ ၾကည့္ဖို႔ လာခဲ့တာ။ ဒီလိုအေျခအေနမ်ိဳး ျဖစ္မယ္လို႔ေတာ့ သူမ လုံးဝ မေမွ်ာ္လင့္ထားပါဘူး။
သူမသည္ ဤႏွစ္မ်ားတစ္ေလွ်ာက္လုံး ႏိုင္ငံရပ္ျခားတြင္ ေနခဲ့ေသာေၾကာင့္ Lisa သည္ ေက်ာင္းတြင္ ဘယ္လိုေနခဲ့သည္ကို သူမသိပ္မသိခဲ့ေပ။
မူလက သူမကို သူ႔ဘာသာသူ ဘြဲ႕လြန္ေက်ာင္းတက္ရန္ ဆႏၵရွိခဲ့ေသာ္လည္း ျပႆနာတက္မယ္လို႔ေတာ့ သူမေမွ်ာ္လင့္ခဲ့ေပ။ သူမ၏ ID ကတ္ႏွင့္ ဝင္ခြင့္လက္မွတ္ ႏွစ္ခုစလုံး ေပ်ာက္ဆုံးသြားေသာေၾကာင့္ ဒီကိစၥသည္ မေတာ္တဆမႈတစ္ခုမွ်သာ မဟုတ္သည္မွာ သံသယျဖစ္စရာပင္။
Lisa က ထိုစကားကို ေျပာၿပီးေနာက္ လုံးဝ စိတ္ပ်က္သြားပုံရသည္။ သူမ ေခါင္းငိုက္စိုက္ခ်လိုက္ၿပီး ပခုံးေတြက ေအာက္ကို ေလ်ာက်သြားတယ္။ သူမနယူးေယာက္ကိုမလာခင္မွာ သူ႔အေမက Nora ကိုဒုကၡမေပးပါနဲ႔လို႔ ေျပာခဲ့ပါတယ္။ ထို႔ေၾကာင့္ သည္းခံေနခဲ့ေပမဲ့ သူမသည္ ဤအခ်ိန္တြင္ေတာ့ သည္းမခံႏိုင္ေတာ့ေပ။
သူမ သည္းမခံႏိုင္တဲ့ ေနာက္ဆုံး Noraကို သာ အကူအညီေတာင္းရသည္။ သူမကို ေနာက္ေဖးတံခါးကေနဝင္ဖို႔ ကူညီမေပးႏိုင္ေပမယ့္၊ အင္တာဗ်ဴးဝင္ခြင့္ရဖို႔ေတာ့ သူမကို ကူညီေပးေစခ်င္တယ္။
ဒါေပမယ့္ သူမ မေျပာခင္မွာပဲ Noraက သူ႔နားကို ျဖတ္ေလွ်ာက္ရင္း “ငါ့နဲ႔လိုက္ခဲ့” လို႔ေျပာလိုက္တယ္။
သို႔ေသာ္ ထိုေအးစက္ေသာစကားလုံးသုံးလုံးသည္ Lisa ၏မ်က္လုံးမ်ားကိုနီရဲသြားေစသည္။
ေခါင္းငုံ႔ၿပီး Noraေနာက္ကို လိုက္သြားသည္ ။
Angelaလဲ သူမလုပ္ရပ္ေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"နင္ ဘာလုပ္ေနတာလဲ Nora ဝန္ထမ္းက အင္တာဗ်ဴးဝင္ဖို႔ ျငင္းဆိုထားၿပီးသား ေနာက္ေဖးတံခါးေပါက္ကေန ဝင္ဖို႔ စိတ္ကူးရွိေနတာလား။ ဟက္ အလုပ္ျဖစ္မွာမဟုတ္ဘူး!” ( ေနာက္ေဖးတံခါးေပါက္ဆိုတာ ျဖတ္လမ္းကေနေပါ့ကြယ္ )
Nora က နား႐ြက္ေတြကို ပြတ္သပ္ၿပီး "နင္က အရမ္းဆူညံတာပဲ"
Angela "..."
သူမက ေဒါသထြက္ၿပီး "နင္-"
Nora သည္ ႐ုတ္တရက္ သူမကို ေအးခဲစြာ ၾကည့္လိုက္သည္။ "နင္သာ ပါးစပ္မပိတ္ထားရင္ ငါ နင့္ကို စကားျပန္မေျပာႏိုင္ေအာင္ လုပ္ပစ္မယ္"
သူမ၏ မ်က္လုံးမ်ားသည္ ေအးစက္စက္ႏွင့္ တုန္လႈပ္ေခ်ာက္ခ်ားစဖြယ္ ၾကည့္ၿပီး သူမစကားေျပာရင္း စိတ္မရွည္ပုံေနၿပီး သူမရဲ႕ မ်က္လုံးမ်ားက အေတာ္အသင့္ နီရဲေနသည္။ သို႔ေသာ္လည္း သူမ၏ စိတ္တိုေဒါသထြက္မႈ ေၾကာင့္ မဟုတ္ပဲအမွန္တကယ္မွာ အိပ္ေရးမဝေသာေၾကာင့္ ျဖစ္သည္။
သို႔ေသာ္ Angela သည္ ထပ္၍မေျပာဝံ့ဘဲ သူမေျပာတဲ့ အတိုင္း ႏႈတ္ဆိတ္ေနခဲ့သည္။
သူမသည္ သူတို႔ေနာက္မွ မေက်မနပ္ေနာက္ လိုက္သြားရာ သူမတို႔သည္ အင္တာဗ်ဴးေနရာသို႔ ျပန္သြားခဲ့တာ ျဖစ္သည္။
အဲဒီလမ္းမွာ Nora က သူမရဲ႕ ဖုန္းကို ထုတ္ၿပီး အႀကိမ္အနည္းငယ္ ႏွိပ္လိုက္တယ္။ အင္တာဗ်ဳးဆိုက္ကိုေရာက္တဲ့အခါမွာေတာ့ Angela က “ဒါ႐ိုက္တာ Shaw ကို ဒီလိုအေသးအဖြဲကိစၥေလးေတြနဲ႔ ေႏွာင့္ယွက္တာ ႐ိုင္းရာက်တယ္ မဟုတ္လား Nora ဒါ႐ိုက္တာ Shaw က နင္ဒီလိုလုပ္ရင္ ငါ့ကို သူ႔တပည့္အျဖစ္ ေခၚမွာမဟုတ္ဘူး။ Andersons ရဲ႕ နာမည္က ငါ့ကို ေက်ာင္းဝင္ခြင့္ရေအာင္ လုပ္ေပးႏိုင္လို႔ တစ္ခါေလာက္ပဲ သုံးသင့္တယ္။ …”
သူတို႔ကို အသိအမွတ္ျပဳတဲ့ ဝန္ထမ္းက သူတို႔ကို ထပ္ၿပီး ေမးလိုက္သည္။
"ေက်းဇူးျပဳၿပီး မင္းရဲ႕ ID ကဒ္နဲ႔ ၀င္ခြင့္လက္မွတ္ကို ျပေပးပါ"
Angela က သူ႔အသံကို ေလွ်ာ့လိုက္ၿပီး "ငါ နင့္ကို အဆင္မေျပဘူးလို႔ ငါေျပာခဲ့တယ္ေလ၊ ဒါေပမယ့္ နင္တို႔က ႀကိဳးစားဖို႔ပဲ ထပ္ေတာင္းဆိုေနတယ္။ ခုေတာ့ မဝင္ႏိုင္ျပန္ဘူးဆိုေတာ့ ရွက္စရာႀကီး။ နင္…”
ထိုအခ်ိန္တြင္ Noraသည္ သူမ၏ ဖုန္းကို ထုတ္ကာ ဝန္ထမ္းအား စခရင္ကို ျပလိုက္သည္။
သူ ဒါကို ျမင္လိုက္ရေတာ့ ဝန္ထမ္းက ခ်က္ခ်င္း အံ့ၾသသြားတယ္။
သူ႔အမူအရာက ပိုၿပီး ေလးစားစရာေကာင္းေနၿပီး ႐ိုေသတမႈနဲ႔ ေမးလိုက္တယ္။
“လူကိုယ္တိုင္လာတယ္ လိုအပ္တာမ်ား ရွိပါသလား ”
Noraလဲ သူမ ဖုန္းကို ျပန္ယူလိုက္သည္။
ဝန္ထမ္းေတြကို အခုေလးတင္ ျပသခဲ့တာကေတာ့ တကၠသိုလ္ရဲ႕ ဂုဏ္ထူးေဆာင္ ပါေမာကၡရာထူးပါပဲ။ ဒီရာထူးက တကယ္ကို အသုံးဝင္ပါတယ္။
Nora မသိခဲ့တာက ဒါက တျခားပါေမာကၡေတြရဲ႕ ကိစၥေတြမွာ ဘယ္ေတာ့မွ အလုပ္မျဖစ္ဘူး။ သို႔ေသာ္ Anti သည္ ဟိုးေရွးေရွးတုန္းထဲက ေဆးေက်ာင္းသားတိုင္းအတြက္ ဒ႑ာရီလာ တစ္ခုျဖစ္လာခဲ့ၿပီ။
ဤေနရာ၌ စည္းကမ္းထိန္းသိမ္းေရး ၀န္ ထမ္းသည္ ေက်ာင္းတြက္ လွည့္ပတ္ေနသူတစ္ဦးလည္းျဖစ္ ေသာေၾကာင့္ သူမကို သဘာဝက်က်ပဲ သိသည္။
Nora က Lisa ကို ၫႊန္ျပသည္။ "ဒီID ကတ္က သူမရဲ႕ အေထာက္အထားအျဖစ္ သက္ေသျပလို႔ ရလား မသိဘူး"
ဝန္ထမ္းကလဲ သူမကို တေလးတစား ျပန္ေျဖသည္။
“ကြၽန္ေတာ္သြားၿပီးေတာ့ အထက္လူႀကီးေတြကို ေျပာလိုက္ပါ့မယ္”
“ေကာင္းပါၿပီ။”
ထိုအခ်ိန္တြင္ သူတို႔ သုံးဦးသည္ ထိုေနရာတြင္ ဆက္လက္ရပ္ေနခဲ့သည္။ မ်က္ေမွာင္ၾကဳတ္ေနတဲ့ Angela က “ဝန္ထမ္းကို အခုေလးတင္ ဘာျပလိုက္တာလဲ”
“… ဘာမွမဟုတ္ပါဘူး”
Noraက တိုတိုတုတ္တုတ္နဲ႔ ျပန္ေျဖသည္။
Angelaက ႏႈတ္ခမ္းကို ခပ္ဖြဖြေလးကိုက္ဖိလိုက္သည္။
သူမ ေတြးလိုက္မိတာက ဒါ႐ိုက္တာ Shaw ထံမွ လိပ္စာကတ္ သို႔မဟုတ္ တစ္ခုခုျဖစ္ႏိုင္သည္ဟုေပါ့။ ေမွ်ာ္လင့္ထားသည့္အတိုင္း Andersons သည္ သူႏွင့္အဆက္အသြယ္ရွိေနသည္။ ဒါ႐ိုက္တာ Shaw သည္ ေဆးတကၠသိုလ္တစ္ခုလုံးတြင္ ရွိေသာ ဝန္ထမ္းမ်ားက အလြန္႐ိုေသစြာ ဆက္ဆံၾကေသာ တစ္ဦးတည္းေသာ သူတစ္ေယာက္ျဖစ္သည္။
Noraသည္ သူမကို ဂ႐ုမစိုက္ေပမဲ့လဲ အနည္းငယ္ေတာ့ အာ႐ုံစိုက္မိေနတယ္။
ငါးမိနစ္ေလာက္ၾကာေတာ့ ဝန္ထမ္းက ျပန္လာၿပီး ေျပာလိုက္တယ္။
“မင္း အခု အင္တာဗ်ဴး ဝင္လို႔ရပါၿပီ”
Lisaလဲ အင္တာဗ်ဴးခန္းထဲဝင္သြားတယ္။
Angela သည္ အျပင္ဘက္တြင္ နံရံကို မွီေနေသာ Noraကို ေလွာင္ေျပာင္ေသာ အသံျဖင့္ “နင္ သူ႔ကို ကူညီရင္ေတာင္ အသုံးမက်တာက အသုံးမက်တာပဲ။ ဦးေႏွာက္အာ႐ုံေၾကာပ်က္စီးျခင္းဆိုင္ရာ သုေတသနကို စိတ္ဝင္စားေနတာ နင္သင္သိလား။ ဒီလိုလုပ္မယ့္ ခြဲစိတ္ဆရာဝန္ေတြေတာင္ ရွိပါဦးမလား။ ဦးေႏွာက္ျပႆနာရွိေသာ လူနာအမ်ားစုက ေသဆုံးႏိုင္ေျခရွိေနၿပီပဲ။ ဒီလို အေရးမႀကီးတဲ့ ျပႆနာေတြကို ဘယ္သူက ဂ႐ုစိုက္မွာလဲ။ အဲ့ဒါအျပင္၊ ငါကေတာ့ ငါ့ကိစၥေတြကို ေသခ်ာ လုပ္ခဲ့ၿပီးၿပီ။ —အေမရိကန္မွာက အဲဒါနဲ႔ ပတ္သတ္ၿပီး စိတ္ဝင္စားတဲ့သူ အနည္းငယ္ပဲ ရွိတယ္။ တစ္ခါတုန္းက ဒါ႐ိုက္တာShaw က အဲ့အေၾကာင္းကို တစ္ခါ ေရးဖူးေပမဲ့ ေနာက္ဆုံးမွာေတာ့ ဘာကိုမွ မျဖစ္ေျမာက္ခဲ့ဘူး…”
Noraလဲ သူမ အေျပာကို ၾကားေတာ့ မ်က္ခုံးပင့္လိုက္မိသည္။ Lisa ရဲ႕ သုေတသနက အဲဒါကို စိတ္ဝင္စားလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိဘူး။
သူမ၏ မ်က္လုံးမ်ားထဲတြင္ အႀကံတစ္ခု ေပၚလာသည္။
အင္တာဗ်ဴးက သိပ္မၾကာလိုက္ဘူး။ ဆယ္မိနစ္ေလာက္ၾကာေတာ့ Lisa အခန္းထဲကထြက္လာတယ္။ သူမမ်က္ႏွာမွာ အေတာ္ေလးကို လန္႔စရာေကာင္းတဲ့ အၾကည့္ေတြ ရွိေနတယ္။
ဝင္ခြင့္လက္မွတ္ႏွင့္ ID ကတ္ ေပ်ာက္ဆုံးသြားၿပီးေနာက္ သူမသည္ အထိတ္တလန႔္ျဖစ္ခဲ့ရသည္။ ပိုဆိုးတာက အခု အင္တာဗ်ဴးမွာ စာေမးပြဲစစ္ေဆးသူေတြရဲ႕ ေမးခြန္းေတြက သူမကို ပိုလို႔ေတာင္ စိတ္ရႈပ္ေစတာမို႔ သူမေကာင္းေကာင္း မေျဖခဲ့မိဘူးလို႔ ခံစားရတယ္။
Angelaက သူမကို ရွက္႐ြံ႕စြာနဲ႔ ၾကည့္လိုက္သည္။ “အင္တာဗ်ဳးမသြားဖို႔ ငါေျပာခဲ့တယ္၊ ဒါေပမယ့္ နင္ပဲ အရမ္း အားစိုက္ထုတ္ၿပီး လုပ္ေနတာ။ အခု နင္မရွက္ဘူးလား"
Lisa က ဘာမွ ျပန္မေျပာ။ သူမသည္ ခပ္ေလးေလးေသာ သက္ျပင္းကိုသာ ခ်လိုက္မိသည္။
ေဆးတကၠသိုလ္ အင္တာဗ်ဴး ရလဒ္မ်ားကို ေန႔ခ်င္း ေၾကျငာေလ့ရွိေသာေၾကာင့္ သူတို႔ႏွစ္ဦးသည္ အင္တာဗ်ဴးၿပီးေနာက္ မထြက္ခြာသြားၾကေပ။ အျပင္မွာသာ ဆက္ထိုင္ေနၾကတယ္။
ေစာင့္ဆိုင္းရသည္မွာ ၿငီးေငြ႕ဖြယ္ေကာင္းေသာေၾကာင့္ Nora က ေျပာလိုက္တယ္။
"ေန႔လည္မွ ျပန္လာမယ္"
Lisa ေခါင္းညိတ္လိုက္သည္။
Angelaက ႏႈတ္ခမ္းကို ဖြဖြေလး ကိုက္ကာ Lisa ကို ၾကည့္လိုက္သည္။ “ေန႔လည္မွာ စားဖို႔ တစ္ခုခုသြားဝယ္။ နင္ဘာမွ မျဖစ္ဘူးမလား။ ဒါေၾကာင့္ နင္အဲ့ေလာက္စိတ္မပူပန္မေနနဲ႔ ငါ့အတြက္က်တာ့ စိတ္ပူစရာလည္း မရွိပါဘူး။ ဒါ႐ိုက္တာ Shaw နဲ႔ ငါက သေဘာတူညီမႈရထားၿပီးသားပါ…”
ဒါ႐ိုက္တာ Shawလို႔ ေျပာလိုက္တဲ့စကားေၾကာင့္ ပတ္ဝန္းက်င္ရွိ ဆန္းစစ္သူမ်ားက မနာလိုစိတ္ျဖင့္ ၾကည့္ေနမိသည္။
လူတိုင္း၏ မနာလိုမႈ တစ္ခုျဖစ္လာေသာအခါ အန္ဂ်လာသည္ သူမရဲ႕ မ်က္ႏွာကို ေမာ္ခ်ီလို႔ထားသည္။
ဘြဲ႕လြန္သင္တန္းေလွ်ာက္လႊာမ်ားတြင္ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ပါေမာကၡမ်ားအၾကား အျပန္အလွန္ေ႐ြးခ်ယ္မႈကို ခြင့္ျပဳထားသည္။ ဒါက လိမ္လည္လွည့္ျဖားမႈလို႔ မယူဆပါဘူး—အားလုံးက အဲဒါကို လူတိုင္းလုပ္ၾကပါတယ္။
သို႔ေသာ္လည္း၊ ဒါ႐ိုက္တာေရွာကို ဆက္သြယ္ၿပီး သူႏွင့္ သေဘာတူညီခ်က္ရႏိုင္သူမ်ားကေတာ့ အထင္ႀကီးေလာက္စရာေကာင္းတဲ့ သူမ်ားသာ ျဖစ္သည္။
ညေနငါးနာရီတြင္ ကိုယ္စားလွယ္ေလာင္းအားလုံး အင္တာဗ်ဴးၿပီးသြားၾကသည္။
ေနာက္ထပ္ နာရီဝက္အၾကာတြင္ ေနာက္ဆုံးဝင္ခြင့္ရလဒ္မ်ားကို ထုတ္ျပန္ခဲ့သည္။
Unicode
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
ထိုအမဲရောင်ကားအမျိုးအစားသည် တခြားကားများထက် ကြီးမားပြီး သိသာထင်ရှားတဲ့ နေရာမှာ ရပ်ထားသည်။
သို့သော်၊ ကားထက်ပင် ပို၍ မျက်စိကျစရာမှာ ဖုန်းကို ခေါင်းငုံ့ကြည့်နေပြီး ကားကို မှီထားတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်သည်။
အနက်ရောင် ၀တ်စုံ ဝတ်ဆင်ထားသည့် Noraသည် ကားကို ပျင်းရိစွာ မှီထားသည်။ သူမသည် မြင်နိုင်သော မြင်လွယ်သည့် နေရာတစ်ခုမှာ ရောက်နေသည်ကို သူမ လုံးဝ သတိမထားမိခဲ့ပေ။
အသွားအလာ ကျောင်းသားများ နှင့် တက္ကသိုလ် ဂိတ်ဝကို ဖြတ်သွားသော လမ်းသွားလမ်းလာ များ သည် သူမကို ကြည့်တဲ့ အကြည့်များက စူးစူးဝါးဝါးပင် ကြည့်နေကြသည် ။
အသားအရည် ချောမောကာ အရပ်ရှည်၊ သွယ်လျတဲ့အပြင် ဆွဲဆောင်မှုရှိသော သူမကတော့ ခေါင်းကို လှည့်ပြီး ကြည့်တောင် မကြည့်ပေ။
Lisa လည်း သူမကို တွေ့မယ်မထင်ထားတဲ့ အချိန် အခုလို တွေ့လိုက်ရတော့ အနည်းငယ် အံ့သြသွားသည်။ "Nora?"
သူမ၏အသံကိုကြားလိုက်သည်နှင့် နောက်ဆုံးမှာတော့ Noraသည် ပျင်းရိစွာနဲ့ ခေါင်းကိုမော့လိုက်သည်။ ကြောင်မျက်လုံးများကဲ့သို့ သူ့မျက်လုံးလေးများသည် Lisa ၏နီရဲရောင်ရမ်းနေသော မျက်လုံးများကို ဦးစွာစိုက်ကြည့်သည်.. သူမသည် ဖုန်းပေါ်တွင် စာရိုက်နေသည်ကို အေးအေးဆေးဆေး ပြီးအောင်လုပ်လိုက်ပြီး နောက်ဆုံးတွင် သူမကို မေးလိုက်သည်။
"ဘာဖြစ်တာလဲ?"
သို့သော် ထို စကားလုံးနှစ်လုံးက Lisa သည် နောက်ဆုံးတွင် သူမ၏မိဘများကို ရှာတွေ့ခဲ့သော ဝမ်းနည်းပူဆွေးသော ကလေးတစ်ယောက်လို ခံစားစေသည်။
သူ့ခံစားချက်တွေကို သူမထိန်းနိုင်တော့ပဲ မျက်ရည်တွေ ပါးပြင်ပေါ် စီးကြရင်း သူမကို တိုင်တန်းသလို ပြောလာသည်
“ငါ…ငါ့ ID ကတ်နဲ့ ဝင်ခွင့်လက်မှတ် ပျောက်သွားတယ် Nora”
Nora "?"
ဒီနေ့ Lisaက အင်တာဗျူးရှိလို့ ကြည့်ဖို့ လာခဲ့တာ။ ဒီလိုအခြေအနေမျိုး ဖြစ်မယ်လို့တော့ သူမ လုံးဝ မမျှော်လင့်ထားပါဘူး။
သူမသည် ဤနှစ်များတစ်လျှောက်လုံး နိုင်ငံရပ်ခြားတွင် နေခဲ့သောကြောင့် Lisa သည် ကျောင်းတွင် ဘယ်လိုနေခဲ့သည်ကို သူမသိပ်မသိခဲ့ပေ။
မူလက သူမကို သူ့ဘာသာသူ ဘွဲ့လွန်ကျောင်းတက်ရန် ဆန္ဒရှိခဲ့သော်လည်း ပြဿနာတက်မယ်လို့တော့ သူမမျှော်လင့်ခဲ့ပေ။ သူမ၏ ID ကတ်နှင့် ဝင်ခွင့်လက်မှတ် နှစ်ခုစလုံး ပျောက်ဆုံးသွားသောကြောင့် ဒီကိစ္စသည် မတော်တဆမှုတစ်ခုမျှသာ မဟုတ်သည်မှာ သံသယဖြစ်စရာပင်။
Lisa က ထိုစကားကို ပြောပြီးနောက် လုံးဝ စိတ်ပျက်သွားပုံရသည်။ သူမ ခေါင်းငိုက်စိုက်ချလိုက်ပြီး ပခုံးတွေက အောက်ကို လျောကျသွားတယ်။ သူမနယူးယောက်ကိုမလာခင်မှာ သူ့အမေက Nora ကိုဒုက္ခမပေးပါနဲ့လို့ ပြောခဲ့ပါတယ်။ ထို့ကြောင့် သည်းခံနေခဲ့ပေမဲ့ သူမသည် ဤအချိန်တွင်တော့ သည်းမခံနိုင်တော့ပေ။
သူမ သည်းမခံနိုင်တဲ့ နောက်ဆုံး Noraကို သာ အကူအညီတောင်းရသည်။ သူမကို နောက်ဖေးတံခါးကနေဝင်ဖို့ ကူညီမပေးနိုင်ပေမယ့်၊ အင်တာဗျူးဝင်ခွင့်ရဖို့တော့ သူမကို ကူညီပေးစေချင်တယ်။
ဒါပေမယ့် သူမ မပြောခင်မှာပဲ Noraက သူ့နားကို ဖြတ်လျှောက်ရင်း “ငါ့နဲ့လိုက်ခဲ့” လို့ပြောလိုက်တယ်။
သို့သော် ထိုအေးစက်သောစကားလုံးသုံးလုံးသည် Lisa ၏မျက်လုံးများကိုနီရဲသွားစေသည်။
ခေါင်းငုံ့ပြီး Noraနောက်ကို လိုက်သွားသည် ။
Angelaလဲ သူမလုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
"နင် ဘာလုပ်နေတာလဲ Nora ဝန်ထမ်းက အင်တာဗျူးဝင်ဖို့ ငြင်းဆိုထားပြီးသား နောက်ဖေးတံခါးပေါက်ကနေ ဝင်ဖို့ စိတ်ကူးရှိနေတာလား။ ဟက် အလုပ်ဖြစ်မှာမဟုတ်ဘူး!” ( နောက်ဖေးတံခါးပေါက်ဆိုတာ ဖြတ်လမ်းကနေပေါ့ကွယ် )
Nora က နားရွက်တွေကို ပွတ်သပ်ပြီး "နင်က အရမ်းဆူညံတာပဲ"
Angela "..."
သူမက ဒေါသထွက်ပြီး "နင်-"
Nora သည် ရုတ်တရက် သူမကို အေးခဲစွာ ကြည့်လိုက်သည်။ "နင်သာ ပါးစပ်မပိတ်ထားရင် ငါ နင့်ကို စကားပြန်မပြောနိုင်အောင် လုပ်ပစ်မယ်"
သူမ၏ မျက်လုံးများသည် အေးစက်စက်နှင့် တုန်လှုပ်ချောက်ချားစဖွယ် ကြည့်ပြီး သူမစကားပြောရင်း စိတ်မရှည်ပုံနေပြီး သူမရဲ့ မျက်လုံးများက အတော်အသင့် နီရဲနေသည်။ သို့သော်လည်း သူမ၏ စိတ်တိုဒေါသထွက်မှု ကြောင့် မဟုတ်ပဲအမှန်တကယ်မှာ အိပ်ရေးမဝသောကြောင့် ဖြစ်သည်။
သို့သော် Angela သည် ထပ်၍မပြောဝံ့ဘဲ သူမပြောတဲ့ အတိုင်း နှုတ်ဆိတ်နေခဲ့သည်။
သူမသည် သူတို့နောက်မှ မကျေမနပ်နောက် လိုက်သွားရာ သူမတို့သည် အင်တာဗျူးနေရာသို့ ပြန်သွားခဲ့တာ ဖြစ်သည်။
အဲဒီလမ်းမှာ Nora က သူမရဲ့ ဖုန်းကို ထုတ်ပြီး အကြိမ်အနည်းငယ် နှိပ်လိုက်တယ်။ အင်တာဗျုးဆိုက်ကိုရောက်တဲ့အခါမှာတော့ Angela က “ဒါရိုက်တာ Shaw ကို ဒီလိုအသေးအဖွဲကိစ္စလေးတွေနဲ့ နှောင့်ယှက်တာ ရိုင်းရာကျတယ် မဟုတ်လား Nora ဒါရိုက်တာ Shaw က နင်ဒီလိုလုပ်ရင် ငါ့ကို သူ့တပည့်အဖြစ် ခေါ်မှာမဟုတ်ဘူး။ Andersons ရဲ့ နာမည်က ငါ့ကို ကျောင်းဝင်ခွင့်ရအောင် လုပ်ပေးနိုင်လို့ တစ်ခါလောက်ပဲ သုံးသင့်တယ်။ …”
သူတို့ကို အသိအမှတ်ပြုတဲ့ ဝန်ထမ်းက သူတို့ကို ထပ်ပြီး မေးလိုက်သည်။
"ကျေးဇူးပြုပြီး မင်းရဲ့ ID ကဒ်နဲ့ ၀င်ခွင့်လက်မှတ်ကို ပြပေးပါ"
Angela က သူ့အသံကို လျှော့လိုက်ပြီး "ငါ နင့်ကို အဆင်မပြေဘူးလို့ ငါပြောခဲ့တယ်လေ၊ ဒါပေမယ့် နင်တို့က ကြိုးစားဖို့ပဲ ထပ်တောင်းဆိုနေတယ်။ ခုတော့ မဝင်နိုင်ပြန်ဘူးဆိုတော့ ရှက်စရာကြီး။ နင်…”
ထိုအချိန်တွင် Noraသည် သူမ၏ ဖုန်းကို ထုတ်ကာ ဝန်ထမ်းအား စခရင်ကို ပြလိုက်သည်။
သူ ဒါကို မြင်လိုက်ရတော့ ဝန်ထမ်းက ချက်ချင်း အံ့သြသွားတယ်။
သူ့အမူအရာက ပိုပြီး လေးစားစရာကောင်းနေပြီး ရိုသေတမှုနဲ့ မေးလိုက်တယ်။
“လူကိုယ်တိုင်လာတယ် လိုအပ်တာများ ရှိပါသလား ”
Noraလဲ သူမ ဖုန်းကို ပြန်ယူလိုက်သည်။
ဝန်ထမ်းတွေကို အခုလေးတင် ပြသခဲ့တာကတော့ တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခရာထူးပါပဲ။ ဒီရာထူးက တကယ်ကို အသုံးဝင်ပါတယ်။
Nora မသိခဲ့တာက ဒါက တခြားပါမောက္ခတွေရဲ့ ကိစ္စတွေမှာ ဘယ်တော့မှ အလုပ်မဖြစ်ဘူး။ သို့သော် Anti သည် ဟိုးရှေးရှေးတုန်းထဲက ဆေးကျောင်းသားတိုင်းအတွက် ဒဏ္ဍာရီလာ တစ်ခုဖြစ်လာခဲ့ပြီ။
ဤနေရာ၌ စည်းကမ်းထိန်းသိမ်းရေး ၀န် ထမ်းသည် ကျောင်းတွက် လှည့်ပတ်နေသူတစ်ဦးလည်းဖြစ် သောကြောင့် သူမကို သဘာဝကျကျပဲ သိသည်။
Nora က Lisa ကို ညွှန်ပြသည်။ "ဒီID ကတ်က သူမရဲ့ အထောက်အထားအဖြစ် သက်သေပြလို့ ရလား မသိဘူး"
ဝန်ထမ်းကလဲ သူမကို တလေးတစား ပြန်ဖြေသည်။
“ကျွန်တော်သွားပြီးတော့ အထက်လူကြီးတွေကို ပြောလိုက်ပါ့မယ်”
“ကောင်းပါပြီ။”
ထိုအချိန်တွင် သူတို့ သုံးဦးသည် ထိုနေရာတွင် ဆက်လက်ရပ်နေခဲ့သည်။ မျက်မှောင်ကြုတ်နေတဲ့ Angela က “ဝန်ထမ်းကို အခုလေးတင် ဘာပြလိုက်တာလဲ”
“… ဘာမှမဟုတ်ပါဘူး”
Noraက တိုတိုတုတ်တုတ်နဲ့ ပြန်ဖြေသည်။
Angelaက နှုတ်ခမ်းကို ခပ်ဖွဖွလေးကိုက်ဖိလိုက်သည်။
သူမ တွေးလိုက်မိတာက ဒါရိုက်တာ Shaw ထံမှ လိပ်စာကတ် သို့မဟုတ် တစ်ခုခုဖြစ်နိုင်သည်ဟုပေါ့။ မျှော်လင့်ထားသည့်အတိုင်း Andersons သည် သူနှင့်အဆက်အသွယ်ရှိနေသည်။ ဒါရိုက်တာ Shaw သည် ဆေးတက္ကသိုလ်တစ်ခုလုံးတွင် ရှိသော ဝန်ထမ်းများက အလွန်ရိုသေစွာ ဆက်ဆံကြသော တစ်ဦးတည်းသော သူတစ်ယောက်ဖြစ်သည်။
Noraသည် သူမကို ဂရုမစိုက်ပေမဲ့လဲ အနည်းငယ်တော့ အာရုံစိုက်မိနေတယ်။
ငါးမိနစ်လောက်ကြာတော့ ဝန်ထမ်းက ပြန်လာပြီး ပြောလိုက်တယ်။
“မင်း အခု အင်တာဗျူး ဝင်လို့ရပါပြီ”
Lisaလဲ အင်တာဗျူးခန်းထဲဝင်သွားတယ်။
Angela သည် အပြင်ဘက်တွင် နံရံကို မှီနေသော Noraကို လှောင်ပြောင်သော အသံဖြင့် “နင် သူ့ကို ကူညီရင်တောင် အသုံးမကျတာက အသုံးမကျတာပဲ။ ဦးနှောက်အာရုံကြောပျက်စီးခြင်းဆိုင်ရာ သုတေသနကို စိတ်ဝင်စားနေတာ နင်သင်သိလား။ ဒီလိုလုပ်မယ့် ခွဲစိတ်ဆရာဝန်တွေတောင် ရှိပါဦးမလား။ ဦးနှောက်ပြဿနာရှိသော လူနာအများစုက သေဆုံးနိုင်ခြေရှိနေပြီပဲ။ ဒီလို အရေးမကြီးတဲ့ ပြဿနာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ အဲ့ဒါအပြင်၊ ငါကတော့ ငါ့ကိစ္စတွေကို သေချာ လုပ်ခဲ့ပြီးပြီ။ —အမေရိကန်မှာက အဲဒါနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့သူ အနည်းငယ်ပဲ ရှိတယ်။ တစ်ခါတုန်းက ဒါရိုက်တာShaw က အဲ့အကြောင်းကို တစ်ခါ ရေးဖူးပေမဲ့ နောက်ဆုံးမှာတော့ ဘာကိုမှ မဖြစ်မြောက်ခဲ့ဘူး…”
Noraလဲ သူမ အပြောကို ကြားတော့ မျက်ခုံးပင့်လိုက်မိသည်။ Lisa ရဲ့ သုတေသနက အဲဒါကို စိတ်ဝင်စားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။
သူမ၏ မျက်လုံးများထဲတွင် အကြံတစ်ခု ပေါ်လာသည်။
အင်တာဗျူးက သိပ်မကြာလိုက်ဘူး။ ဆယ်မိနစ်လောက်ကြာတော့ Lisa အခန်းထဲကထွက်လာတယ်။ သူမမျက်နှာမှာ အတော်လေးကို လန့်စရာကောင်းတဲ့ အကြည့်တွေ ရှိနေတယ်။
ဝင်ခွင့်လက်မှတ်နှင့် ID ကတ် ပျောက်ဆုံးသွားပြီးနောက် သူမသည် အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ပိုဆိုးတာက အခု အင်တာဗျူးမှာ စာမေးပွဲစစ်ဆေးသူတွေရဲ့ မေးခွန်းတွေက သူမကို ပိုလို့တောင် စိတ်ရှုပ်စေတာမို့ သူမကောင်းကောင်း မဖြေခဲ့မိဘူးလို့ ခံစားရတယ်။
Angelaက သူမကို ရှက်ရွံ့စွာနဲ့ ကြည့်လိုက်သည်။ “အင်တာဗျုးမသွားဖို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် နင်ပဲ အရမ်း အားစိုက်ထုတ်ပြီး လုပ်နေတာ။ အခု နင်မရှက်ဘူးလား"
Lisa က ဘာမှ ပြန်မပြော။ သူမသည် ခပ်လေးလေးသော သက်ပြင်းကိုသာ ချလိုက်မိသည်။
ဆေးတက္ကသိုလ် အင်တာဗျူး ရလဒ်များကို နေ့ချင်း ကြေငြာလေ့ရှိသောကြောင့် သူတို့နှစ်ဦးသည် အင်တာဗျူးပြီးနောက် မထွက်ခွာသွားကြပေ။ အပြင်မှာသာ ဆက်ထိုင်နေကြတယ်။
စောင့်ဆိုင်းရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသောကြောင့် Nora က ပြောလိုက်တယ်။
"နေ့လည်မှ ပြန်လာမယ်"
Lisa ခေါင်းညိတ်လိုက်သည်။
Angelaက နှုတ်ခမ်းကို ဖွဖွလေး ကိုက်ကာ Lisa ကို ကြည့်လိုက်သည်။ “နေ့လည်မှာ စားဖို့ တစ်ခုခုသွားဝယ်။ နင်ဘာမှ မဖြစ်ဘူးမလား။ ဒါကြောင့် နင်အဲ့လောက်စိတ်မပူပန်မနေနဲ့ ငါ့အတွက်ကျတာ့ စိတ်ပူစရာလည်း မရှိပါဘူး။ ဒါရိုက်တာ Shaw နဲ့ ငါက သဘောတူညီမှုရထားပြီးသားပါ…”
ဒါရိုက်တာ Shawလို့ ပြောလိုက်တဲ့စကားကြောင့် ပတ်ဝန်းကျင်ရှိ ဆန်းစစ်သူများက မနာလိုစိတ်ဖြင့် ကြည့်နေမိသည်။
လူတိုင်း၏ မနာလိုမှု တစ်ခုဖြစ်လာသောအခါ အန်ဂျလာသည် သူမရဲ့ မျက်နှာကို မော်ချီလို့ထားသည်။
ဘွဲ့လွန်သင်တန်းလျှောက်လွှာများတွင် ကိုယ်စားလှယ်လောင်းများနှင့် ပါမောက္ခများအကြား အပြန်အလှန်ရွေးချယ်မှုကို ခွင့်ပြုထားသည်။ ဒါက လိမ်လည်လှည့်ဖြားမှုလို့ မယူဆပါဘူး—အားလုံးက အဲဒါကို လူတိုင်းလုပ်ကြပါတယ်။
သို့သော်လည်း၊ ဒါရိုက်တာရှောကို ဆက်သွယ်ပြီး သူနှင့် သဘောတူညီချက်ရနိုင်သူများကတော့ အထင်ကြီးလောက်စရာကောင်းတဲ့ သူများသာ ဖြစ်သည်။
ညနေငါးနာရီတွင် ကိုယ်စားလှယ်လောင်းအားလုံး အင်တာဗျူးပြီးသွားကြသည်။
နောက်ထပ် နာရီဝက်အကြာတွင် နောက်ဆုံးဝင်ခွင့်ရလဒ်များကို ထုတ်ပြန်ခဲ့သည်။