မောင့်လေပြေ (Completed)

By hannawizard

53.5K 2.9K 180

ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
ခွင့်တောင်းလွှာ
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
ကျေးဇူးတင်လွှာ

ဇာတ်သိမ်းပိုင်း

2.1K 61 11
By hannawizard

"ငါ့ဘ၀တစ်ခုလုံး မင်းကြောင့်ပျက်စီးခဲ့ရတာ"

"ကျွန်တော်တောင်းပန်ပါတယ်"

မျက်ရည်တွေ တသွင်သွင်ကျဆင်းနေရင်းက လေပြေတောင်းပန်နေမိသည်။ တောင်းပန်စကားကိုအထပ်ထပ်ဆို‌နေရခြင်းကြောင့်လား။ ပိုင့်ရဲ့ခပ်ကြမ်းကြမ်းစကားတွေကြောင့်လားမသိပေမယ့် လေပြေရင်မှာ မောဟိုက်လိုနေခဲ့ရသည်။

"မင်းပါ လိုက်ခဲ့မှရမယ်.. အဲ့မှာ အရမ်းမှောင်တယ် ပြီးတော့ကြောက်စရာကောင်းတယ်"

ပိုင့်မျက်လုံးတွေက အမုန်းငွေ့တွေပြည့်နေရာမှ ရုတ်ချည်းမငြိမ်မသက်ဖြစ်သွားပြန်သည်။ ပိုင်က လေပြေ့လက်ကောက်၀တ်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်ရင်း အရူးလိုအော်ဟစ်နေခဲ့သည်။

"ဟင့်အင်း"

"အနည်းဆုံးတော့ မင်းလိုက်ခဲ့ရမယ်.. မင်းကလေ င့ါဘ၀ကိုမီးလောင်တိုက်သွင်းခဲ့တာ။ မင်းကြောင့်. မင်းကြောင့် မင်းကိုချစ်ခဲ့မိလို့ ငါ့ဘ၀တစ်စစီပျက်စီးခဲ့ရပြီ"

လေပြေ ခေါင်းကိုအကြိမ်ကြိမ်ခါရင်း ပိုင့်လက်တွေကြားမှ ရုန်းကန်နေမိသည်။ မောင်ကရော.. မောင်ဘယ်မှာလဲ။ မောင်သာရှိရင် အေးချမ်းသွားမှာ။ မောင်ကြားလား. သူ့ဘ၀ကိုဖျက်ဆီးခဲ့တာ ငါတဲ့..။

"လေပြေ.. ကြားလား"

"မောင်.."

"လေပြေ.. မောင် ဒီမှာရှိတယ်လေ။ လေပြေ.. ထပါကွာ ကျစ်. ဘာအိမ်မက်တွေမက်နေလို့ ဒီလိုဖြစ်နေရတာလဲ"

သူ့ပါးပေါ်ထိတွေ့လာတဲ့မောင့်လက်‌တွေကြောင့်နိုးလာရ၏။

"မောင်..ဟင့်"

"အင်း မောင်ဒီမှာ.. မကြောက်နဲ့တော့နော် ဘာမှမရှိဘူး. ခဏလေး မောင်ရေသွားခပ်ပေးမယ်"

"ဟင့်အင်း မောင်ငါ့ကိုဖက်ထားပေးပါ"

"လေပြေရယ်"

ခွန်ပြည့် ချွေးစို့နေတဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲခပ်တင်းတင်းဆွဲပွေ့ထားလိုက်ရင်း သက်ပြင်းချမိသည်။

ဆံပင်တွေကို ဖွပေးရင်း လေဖြင့်မှုတ်ပေးနေမိသည်။ ဒါဟာ သူငယ်စဥ်က အိမ်မက်ဆိုးမက်တိုင်း သူ့အမေလုပ်ပေးကျေ အမူအရာတစ်ခု. ခေါင်းအေးစေရန်ဟူသော အမေ့အယူအဆတစ်ခုပင်။ သူ့ခါးစကအင်္ကျီကို တင်းတင်းဆုပ်ရင်း ငိုရှိုက်နေတဲ့ကောင်လေးအတွက် လောလောဆယ်လုပ်ပေးလို့ရတာ ဘာမဆိုလုပ်ပေးချင်မိရုံ။

"ငါကြောက်တယ် မောင်"

"မောင်ရှိတယ်နော်.. မငိုပါနဲ့ကွာ.. မောင့်ရင်ကို မီးစနဲ့ထိုးနေသလိုဘဲ"

"ငါတောင်းပန်ပါတယ် မောင်ရယ်... မောင်က ပျော်အောင်ထားပေးရက်နဲ့ ငါတကယ်ပျော့ညံ့တာဘဲ"

ခွန်ပြည့် လေပြေ့ရဲ့လက်ဖဝါးနုနုကို ဆွဲဖြှစ်လိုက်ရင်း သက်ပြင်းသာ အထပ်ထပ်ချမိသည်။ အရင်ရက်တွေက လေပြေ အောင်ကျော့်ထံ ပိုင့်အကြောင်းမေးသည်ဟု သူပြန်သိရသည်။

ဘာမှမသိရဘဲ ကြောက်နေရတာထက်စာရင် အမှန်တရားကိုပေးသိခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုဘဲလား။

"မောင်တောင်းပန်ပါတယ်..အိမ်မက်ထဲထိ ပူပန်ရအောင်လွှတ်ထားပေးခဲ့မိလို့။ မောင် အကုန်ဖြေရှင်းပေးမှာမို့ မကြောက်နဲ့တော့နော်"

"မောင် ငါ အောင်ကျော်ကို သူ့အကြောင်းမေးမိတယ်. မောင်စိတ်ဆိုးသလားဟင်။ ဒါပေမယ့် ငါသိချင်တယ် မောင်ရယ်"

"အင်း မောင်သိတယ်.. အောင်ကျော်ပြောတယ်"

"အောင်ကျော်က မောင့်ကိုမေးဖို့ပြောတယ်. ငါကြောက်တယ် မောင်"

"ဘာကိုကြောက်တာလဲ လေပြေ.. မောင့်ကို ကြောက်စရာမလိုဘူးနော်"

"ငါ့ကို မောင်ပစ်ထားခဲ့မှာကို ကြောက်တယ်. သူ့ကိုမမေ့နိုင်သေးတာလားလို့ မောင်ထင်သွားမှာ"

ခွန်ပြည့် သူ့ကိုယ်သူစိတ်ပျက်သွားမိသည်။ ဒီကောင်လေးခေါင်းထဲကို ဒီလိုအကြောက်တရားရိုက်သွင်းပြီး တစ်ယောက်ထဲကြိတ်ခံစားစေခဲ့တာလား။

"မောင် မထင်ပါဘူး။ လေပြေ မောင့်ကိုချစ်တာ ‌မောင်သိပါတယ်"

"သူကပြောတယ် ငါက သူ့ဘ၀ကို တစစီဖျက်ဆီးခဲ့တာလား။ ဟုတ်လား မောင် ငါက လူတစ်ယောက်ရဲ့ဘ၀ကိုဖျက်ဆီးခဲ့မိတာလား။ ငါတစ်ဘ၀လုံးမောင့်တစ်ယောက်ထဲကိုကြည့်ပြီးချစ်ခဲ့မိရုံပါ။ ငါ မှားသွားလား မောင်။ ငါ တကယ်ဘဲ သူ့ဘ၀ကိုဖျက်ဆီးခဲ့တာလား"

တုန်ခိုက်နေတဲ့လေပြေ့ရဲ့စကားသံဟာ သူ့ရင်ကိုအကြိမ်ကြိမ်‌ကြေမွစေသည်။ တကယ်ဆို ပိုင့်ဘ၀ကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့လေပြေ့ရဲ့ဆုံးဖြတ်ချက်တိုင်းဟာ သူနဲ့တိုက်ရိုက်ဆက်နွယ်နေခဲ့တာချည်းသာ။

သူပစ်ထားမိလို့ ပိုင့်ကိုတွဲသည်။ သူပြန်လာလို့ ပိုင့်ကိုထားရစ်ခဲ့သည်.. စသဖြင့် သူ့ကြောင့်ဖြစ်တည်ခဲ့ရတဲ့မှားယွင်းမှုတွေ။

"မဟုတ်ဘူး.. မောင့်လေပြေက ဘယ်သူ့ဘ၀ကိုမှ မဖျက်ဆီးခဲ့ပါဘူး။ မောင့်ကိုယုံနော်. လေပြေကလေ မောင်စတွေ့တဲ့နေ့ကနေ ခုချိန်ထိ မောင့်အတွက်တော့ ဘာဆေးရောင်မှမရှိတဲ့စာရွက်ဖြူလေးဘဲ.. အမြဲ ဖြူစင်နေတုန်းဘဲ"

"ဒါပေမယ့်.."

"မောင့်ကိုယုံပါ.. မနက်ဖြန်ကျ မောင်အကုန်ဖြေရှင်းပေးမှာမို့ ဒီညလေပြေက အိပ်ရေး၀အောင်အိပ်နော်။ မနက်ကျ ခေါင်းတွေမူးနေလိမ့်မယ်"

"အင်း.. မောင့်ကိုချစ်တယ်သိလား.. ‌မောင်ရှိရင် ငါဘာကိုမှမကြောက်တော့တဲ့အထိ ‌မောင့်ကိုချစ်ရတာ"

"မောင်လဲ လေပြေကိုမောင့်တစ်ဘ၀လုံးနဲ့ရင်းပြီးကာကွယ်ပေးချင်လောက်တဲ့အထိကို ချစ်ရတာပါကွာ"

ချွေးစို့နေတဲ့နဖူးပြင်လေးကို ချစ်မြတ်နိုးစွာနမ်းရှိုက်မိသည်။ မောင်ရွေးချယ်သမျှနည်းလမ်းဟာ လေပြေ့ကိုအထိအခိုက်နည်းစေမယ့်နည်းလမ်းပါဘဲ ‌မောင့်ကလေးငယ်ရယ်။

လေပြေ့ကို မောင်တကယ်ဘဲ တန်ဖိုးထားရပါတယ်။ ဒါကြောင့် မနက်ဖြန်ကျော်လွန်ပြီးတဲ့အခါ မောင့်ချစ်ခြင်းကြောင့် မောင့်ရဲ့လေပြေဘ၀တစ်လျှောက် အပူအပင်ကင်းကင်းနဲ့ကြီးပြင်းခွင့်ရပါစေတော့။

... 💜 ...

"ဒါတကယ်ဘဲအကိုလား.. မောင်ညာတာပါ.. မောင်ညာတာပါ ဟုတ်တယ်မလားဟင်"

အုတ်ဂူဖြူလေးကိုခပ်တွေတွေစိုက်ကြည့်ရင်း တုန်ခိုက်စွာမေးလာတဲ့လေပြေ့စကားသံဟာ ခွန်ပြည့်ရင်ကို ချေမွနေသလို။

"ငါ အကိုနဲ့ထပ်တွေ့မှာစိုးလို့ မောင်ညာနေတာပါ.. ငါမတွေ့တော့ပါဘူး‌ မောင်ရယ်။ ဒါပေမယ့် ဒီလိုတော့ ငါ့ကိုမညာပါနဲ့"

လေပြေက အုတ်ဂူပေါ်က ပိုင်ဆိုတဲ့စာလုံးကို မမြင်ချင်ယောင်ပြုကာ မောင့်ကိုပင်အထပ်ထပ်အော်ဟစ်နေမိသည်။

ပိုင်ဆိုတဲ့နာမည်ဟာ တစ်ကမ္ဘာလုံးမှာ အကိုတစ်ယောက်သာရှိမှာ၊ တင်စီးလွန်းသောနာမည်ရယ်လို့ လေပြေမဲ့ကာ မကြာခဏပြောဖူးသည်။ ခုချိန်မှာတော့ အုတ်ဂူပေါ်က နာမည်က အကိုနဲ့နာမည်တူတာပါလို့ လေပြေယုံကြည်ချင်လာသည်။

"မောင်မညာဘူး လေပြေ!!!"

"ဟင့်အင်း.. မောင်ညာတာ ဟိုတစ်နေ့ကတွေ့တော့တောင် အကိုက ငါ့ကိုအော်ဟစ်နေခဲ့သေးတာ. ဘာလို့ဒီလိုဖြစ်ရမှာလဲ"

"မောင်ပြောတယ်လေ လေပြေ.. ရဲတွေသူ့ကိုလိုက်ဖမ်းတော့ သူထွက်ပြေးရင်း ကားနဲ့တိုက်မိတာလို့ ..ပြီးတော့အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးတာဘဲ"

"ဟင့်အင်း မောင်မပြောနဲ့.. မောင်ညာတာပါ မောင်ညာတာလို့ ငါ့ကိုပြောစမ်းပါ မောင်ရဲ့"

လေပြေက ခွန်ပြည့်ရဲ့ရင်ဘတ်ကို အဆက်မပြတ်ထုရင်း ရှိုက်ရှိုက်ငိုသည်။ ခွန်ပြည့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပိုင့်ကြောင့်နဲ့ လေပြေငိုရတာဟာ ဒါနောက်ဆုံးအကြိမ်ဖြစ်ရမည်ဟု အသိကပ်ထားရသည်။

ပြီးတော့ တစ်သက်တာလုံး သူသယ်ဆောင်သွားရတော့မည့် ၀န်ထုပ်ဝန်ပိုးတစ်ခုအကြောင်း..။ ဒါဟာ လေပြေ့အတွက်ဆို တန်ပါသည်။

"မောင် မညာဘူး။ လေပြေ အမှန်တရားကို လက်ခံရမယ်!!"

"မောင် အဲ့လိုမပြောနဲ့.. မောင်ညာတာ"

"မောင်မညာဘူး လေပြေ။ လေပြေမကြားချင်လဲ မောင်အထပ်ထပ်ပြောရမှာဘဲ။ မောင့်ရဲ့လေပြေဟာ ဘာမှန်းမသိတဲ့၀န်ထုပ်၀န်ပိုးတစ်ခုကို ရင်မှာပိုက်ပြီးတစ်သက်လုံးကြောက်နေလို့မရဘူး"

"ဟင့်အင်း"

ခွန်ပြည့် သူ့ရင်ဘတ်ပေါ်က လေပြေ့လက်တွေကိုဖယ်ရင်း ပုခုံးနှစ်ဖက်ကို တင်းတင်းဆွဲကိုင်လိုက်သည်။ မျက်ရည်တွေပြည့်နေသော လေပြေ့မျက်၀န်းတွေကို သူ့ထံတည့်တည့်ကြည့်စေရင်း

"မောင်ချစ်ရတဲ့လေပြေ့ကို မောင်ကအမှန်တရားကိုလက်ခံပြီးရဲရဲဝံ့ဝံ့ရင်ဆိုင်တဲ့သူမျိုးဖြစ်စေချင်တာ။ မောင့်ကိုကြည့်စမ်း.. ဒီလောကမှာ ပိုင်ဆိုတဲ့လူဟာမရှိတော့ဘူး။ ပြီးတော့ သူ့ဘ၀ကို လေပြေကဖျက်ဆီးခဲ့တာဆိုတာလဲ သူ့အမှားသူလက်မခံနိုင်လို့ သူ့စိတ်ထင်ရာပြောခဲ့တဲ့စကားတွေ။

လေပြေ မနေ့ညကပြောခဲ့သလိုဘဲ။ လေပြေက မောင့်ကိုဘဲချစ်ခဲ့တာ။ သူ့ကိုသနားလို့ လေပြေစိတ်ယိုင်ခဲ့တာ။ မောင်ပြောတာ မတရားဘူးလို့လေပြေထင်နိုင်ပေမယ့် လောကမှာ ဘယ်အရာမဆို အနိုင်နဲ့အရှုံးဘဲရှိတယ်လေပြေ။ အချစ်ဘဲဖြစ်ဖြစ်၊ စစ်ဘဲဖြစ်ဖြစ်။

ဒီပွဲမှာ မောင်နိုင်ပြီး သူရှုံးတယ်။ သူရှုံးတာကိုလက်မခံနိုင်လို့ သူ့လောဘနဲ့သူဆက်မှားတဲ့အမှားတွေအတွက် လေပြေကဘာမှခံစား‌ပေးစရာမလိုတော့ဘူး။ ဒီလူ့အတွက်နဲ့ လေပြေခံစားတာ ဒီနေ့မောင်ခွင့်ပြုပေးတာ နောက်ဆုံးအကြိမ်ဘဲ။ ‌ရှေ့လျှောက်မှာ မောင်ကလဲ မောင်နိုင်ခဲ့တဲ့အနိုင်အတွက် အားနာနေမှာမဟုတ်သလို လေပြေကလဲ လူတစ်ယောက်ကိုမချစ်နိုင်ခဲ့တာအတွက်စိတ်မကောင်းဖြစ်နေစရာမလိုဘူးလို့ မောင်ထင်တယ်"

"မောင် လူတစ်ယောက်ရဲ့အုတ်ဂူရှေ့မှာဘာလို့ ဒီလိုပြောနိုင်တာလဲ။မောင့်မှာလူစိတ်ရောရှိရဲ့လား။ မောင်က‌လေ အရမ်းရက်စက်.."

စိတ်ပျက်သယောင်ကြည့်နေတဲ့လေပြေ့မျက်၀န်းတွေကို လွှဲဖယ်ဖို့ ရင်ခွင်ထဲအလျင်အမြန်ဆွဲသွင်းပြီး တင်းကြပ်စွာဖက်ထားလိုက်မိသည်။ လေပြေကို မထိခိုက်စေဖို့ အမှန်ကန်ဆုံးနည်းလမ်းလို့‌ရွေးချယ်ခဲ့ပြီးပြီမို့ အဆုံးထိလျှောက်ရုံကလွဲ ရွေးချယ်စရာမရှိတော့..။

"ဟုတ်တယ်..မောင်က အရမ်းရက်စက်တယ် လေပြေ.. ပြီးတော့ မောင်ကအတ္တလဲကြီးတယ်။ အထူးသဖြင့် လေပြေနဲ့ပက်သက်ရင် တခြားဘယ်သူ့ကိုမှမစာနာနိုင်လောက်အောင် မောင်ဟာလူစိတ်ကင်းမဲ့တယ်။ သိပ်ကိုရှုပ်ထွေးတဲ့ဒီလောကကြီးထဲမှာ မောင်ကာကွယ်ရမယ့် မောင့်ကောင်လေးက သိပ်ကိုအားပျော့လွန်းတယ် လေပြေ။ ဒါကြောင့် မောင်ကဘဲဖြစ်ဖြစ်ပိုရက်စက်တတ်ရမယ်မဟုတ်လား"

"မောင့်လိုလူက သိပ်မုန်းဖို့ကောင်းတာဘဲ"

မောဟိုက်စွာပြောလာတဲ့ လေပြေ့စကားသံအဆုံးမှာ ခွန်ပြည့်ခါးပေါ်သို့ လေပြေ့လက်သွယ်သွယ်လေးတွေနေရာယူလာသည်။ ခွန်ပြည့်ရင်ဘတ်နားက အင်္ကျီတွင်မျက်ရည်စတွေစွန်းထင်းကုန်သည်အထိ ပိုပြီးသည်းထန်စွာ ငိုကြွေးရုံကလွဲလို့ ခွန်ပြည့်ကိုအပြစ်တင်စကားထပ်မဆိုတော့။

သူ့အပေါ် ဒီတကြိမ်တော့ နားလည်ပေးလိုက်ပြီလို့ မှတ်ယူလိုက်သည်။ သို့သော်.. နောက်တကြိမ်။

အတွေးတွေကို ခွန်ပြည့်မောင်းထုတ်လိုက်သည်။ နောက်တကြိမ်ဆိုတာ ဘယ်တော့မှထပ်မရှိလာစေရတော့ဘူး။ သူနဲ့လေပြေနှစ်ယောက်လုံးလောကမှာ မရှိတော့တဲ့အချိန်ရောက်တဲ့အထိ ဒီအမှန်တရားကို အပြီးတိုင်ဖုံးကွယ်ထားလိုက်တော့မည်သာ။

...💜...

လေပြေအိပ်ပျော်သည်အထိ ဘေးမှာစောင့်ကြည့်ပေးပြီးနောက်မှ ၀ရန်တာဘက်ကိုထွက်လာတော့ ကြိုရောက်နေနှင့်သူ အောင်ကျော်က ဆေးလိပ်ဖွာရင်းက သူ့ထံစီးကရက်ဘူးလှမ်းထိုးပေးလာသည်။

"လေပြေ အိပ်သွားပြီလား"

"အင်း"

အောင်ကျော်က သူ့ကိုလေးနက်စွာ စိုက်ကြည့်နေတာမို့ ခွန်ပြည့်ခပ်ပေါ့ပေါ့ရယ်ရင်း ဆေးလိပ်ဆက်ဖွာနေမိသည်။ ရင်ထဲကလေးလံမှုကို ဘယ်သူ့ကိုမှမမြင်စေချင်. အောင်ကျော်က သူ့ရင်ထဲကခံစားမှုကို အတိုင်းသားမြင်နေရတဲ့သူမို့ ပိုပြီးမွန်းကြပ်ရသလို။

"အချစ်ဆိုတာမျိုးက တကယ်မလွယ်ဘူးနော်"

အောင်ကျော်က ခပ်ဝေးဝေးကတိုက်တွေစီ လှမ်းငေးရင်းပြော၏။ ကျောင်းတုန်းကချစ်ဇာတ်လမ်းကို အောင်ကျော်ဟာ ခုချိန်ထိလေးနက်စွာဆုပ်ကိုင်ထားဆဲပင်။

ဘုန်းပြည့်နဲ့လွဲပြီးကတည်းက အောင်ကျော်ဟာ မည်သူ့ကိုမှထပ်မတွဲခဲ့။ မိမိကဲ့သို့ပင် ချစ်ရသူချင်း၊ ဖြစ်ရပ်ချင်းဆင်ခဲ့ကြသူမို့ အောင်ကျော်ရယ်၊ သူရယ်ဟာ ပိုပြီးရင်ဘတ်ချင်းနီးတဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလဲ ပါမည်။

"အင်း.. လူတစ်ယောက်ကိုချစ်ရတာတကယ်မလွယ်ဘူး။ ငါသိတယ် အောင်ကျော်.. ပြီးတော့ ငါတို့လိုအချစ်တွေက ပိုမလွယ်ဘူးပေါ့ကွာ။ ဒီကြားထဲ ကြားလူကပါ ပါလာတော့.. အဟက်! ငါ့အတွက် တကယ်ကိုခက်ခဲလွန်းနေတာ"

"ငါ မင်းကိုနားလည်ပါတယ်.. လေပြေလဲ တစ်နေ့ မင်းကိုနားလည်လာမှာပါ"

"ငါ အမျှော်လင့်ဆုံးပေါ့ကွာ.. ဒါပေမဲ့ ဒီနေ့လေပြေပုံစံကိုကြည့်ရင်း ငါကြောက်လာမိတယ်။ ဒီလိုသေဆုံးမှုမျိုးကိုတောင် လက်မခံနိုင်တဲ့လေပြေက သူ့ကြောင့်နဲ့အဲ့လူသေသွားရတာကိုသာသိရင်.."

ခွန်ပြည့် ဆက်မတွေးနိုင်။ လေပြေကဘဲ သူ့ကိုယ်သူအပြစ်တင်စိတ်နဲ့ရူးမလား.. လေပြေသူ့စီက ထွက်ပြေးဖို့ကြိုးစားလို့ သူဘဲရူးရမလား။

"ငါတို့အတတ်နိုင်ဆုံးဖုံးကွယ်ကြတာပေါ့.. ဒါပေမယ့်ကွာ မင်းရည်မှန်းချက်ကိုစွန့်လွှတ်ဖို့ထိကျ စွန့်စားလွန်းရာမကျဘူးလား"

"ငါဆုံးဖြတ်ပြီးပြီ ‌အောင်ကျော်"

"မင်းအတွက်ပါကွာ.. မင်းကျောင်းတုန်းကတည်းက ဒါကိုရူးသွပ်ခဲ့ရတာမလား"

"အေး.. ဒါပေမယ့် ငါထင်တာ ဒါကအကောင်းဆုံးနည်းလမ်းဘဲ အောင်ကျော်.. လေပြေကို ငါရန်ကုန်မှာ ဆက်မထားနိုင်တော့ဘူး။ ငါ လေပြေ့ကို ဒီလူ့အငွေ့အသက်တွေရှိတဲ့နေရာမှာ တစ်ရက်တောင်ဆက်မထားချင်တော့ဘူး။ ငါ့နေရာမှာ ၀င်ကြည့်ရင် မင်းနားလည်မှာပါ"

အောင်ကျော်က သက်ပြင်းချရင်း ခေါင်းကိုတွင်တွင်ခါနေခဲ့သည်။ ခွန်ပြည့်တစ်ချက်ပြုံးရင်း အောင်ကျော်ပုခုံးကိုလှမ်းပုတ်လိုက်၏။

"လူတွေက သူ့ရူးသွပ်မှုနဲ့သူပါဘဲကွာ။ မင်းစေတနာကို ငါနားလည်ပေမယ့် ငါနောင်တရမှာကိုစိတ်မပူနဲ့ သူငယ်ချင်း.. လေပြေနဲ့ပက်သတ်ရင် င့ါအသက်ရင်းရရင်‌တောင် တန်တယ်လို့ထင်တဲ့ကောင်ပါကွာ။ ရည်မှန်းချက်ဆိုတာလောက်ကိုတော့ လေပြေ့ကိုငါ့ရင်ခွင်ထဲထားပြီးတစ်ညအိပ်လိုက်ရင် မေ့သွားမယ့်အရာပေါ့ကွာ. အဟက်!"

ခွန်ပြည့်ရဲ့ရယ်သံက ခြောက်ကပ်လွန်းတယ်လို့ အောင်ကျော်ခံစားရသည်။

လေပြေနဲ့ပက်သက်လို့ ခွန်ပြည့်ဟာ ဘ၀မှာ ဘယ်နှခုလောက်ကို လက်လျော့ခဲ့ရပြီလဲ။

မိဘ၊ သိက္ခာ၊ မာန၊ ပြီးတော့ ရည်မှန်းချက်.. နောင်ရော ဘာတွေစွန့်လွှတ်ဖို့ကျန်သေးလဲ။

ကံအကြောင်းမလှလို့ ပိုင့်ရဲ့သေဆုံးမှုအမှန်အကြာင်းလေပြေသိသွားတဲ့တစ်နေ့ .. လေပြေ့ကိုပြောလို့ရရင် သူပြောပြချင်ပါတယ်။

ငါ့ကောင်က မင်းကြောင့်နဲ့အရာအားလုံးစွန့်လွှတ်ခဲ့တဲ့သောက်ရူးကောင်ပါကွာ။ တစ်ဘ၀လုံး မာနကြီးပြီး သောက်ကြောတင်းခဲ့တဲ့ကောင်က မင်းနဲ့ကျမှ သူ့ကိုယ်သူတောင်သေချာမသိဘဲ ဘ၀ပျက်တဲ့အထိ မင်းကိုချစ်ခဲ့တဲ့ကောင်ပါ။ အဲ့လိုကောင်ကို အကြောင်းအရာတစ်ခုကြောင့်နဲ့ မင်းပစ်ချခဲ့ဖို့က မတရားရာကျလွန်းပါတယ်လို့ပေါ့။

...💜...

ခွန်ပြည့်ရဲ့ဒူးအရွတ်ကြောပြဿနာတစ်ခုကြောင့် ဘောလုံးကန်လို့မရတော့ဟု လေပြေသိရသည်။

အဲ့နေ့ကထိုအကြောင်းပြောချိန်တွင် မောင်ကတည်ငြိမ်နေခဲ့သလောက် လေပြေ့မှာမျက်ရည်လည်ရွဲဖြစ်ရသည်။ မောင့်တစ်ဘ၀လုံးမျှော်မှန်းခဲ့တဲ့အိမ်မက်ဖြစ်တာမို့ လေပြေက မောင့်ကိုနိုင်ငံခြားတွင် ဆေးကုသရန်တိုက်တွန်းသော်လည်း မောင်ကသူအကုန်ကြိုးစားကြည့်ပြီး မရတော့မှ လေပြေကိုပေးသိခြင်းဖြစ်သည်ဟုဆိုသည်။

ထိုနေ့က မောင့်ကိုလေပြေကမချော့မြှူရပါဘဲ မောင်ကသာ‌ လေပြေ့ကိုရင်ခွင်ထဲထည့်ကာ သူအဆင်ပြေကြောင်းခပ်‌အေးအေးပြောနေခဲ့သည်။

"မောင်တို့ ပင်လောင်းကိုသွားနေရအောင်။ လေပြေလည်း အဲ့မှာဘဲ အေး‌အေးချမ်းချမ်းနေချင်တယ်လို့ ပြောဖူးတယ်မလား။ မောင်အဲ့မှာ အလုပ်တစ်ခုခုလုပ်မယ်လေ။ ဘောလုံးမကန်ရတော့ပေမယ့် လေပြေ့ကိုတော့ ထမင်းမငတ်အောင်တော့ မောင်ထားနိုင်ပါတယ်"

မောင့်ရဲ့ရယ်သံနှောတဲ့စကားသံ..။ လေပြေ မငြင်းမိ။ မောင့်ရဲ့ဘောလုံးကန်ခြင်းနဲ့ပက်သတ်တဲ့ရည်မှန်းချက်တွေတမေ့တမောရှိခဲ့တဲ့ရန်ကုန်မြေမှာ မောင်ဟာဘယ်နေချင်ရှာပါ့မလဲ။

ထိုရက်တွေမှာ မောင့်စိတ်နဲ့လေပြေဟာ ပိုင့်ရဲ့သေဆုံးမှုကိုမေ့လျော့သွားခဲ့တာဟာလဲအမှန်။ တမလွန်က ပိုင်ဟာစိတ်မကောင်းဖြစ်နေရှာမလားမသိပေမဲ့ လေပြေဟာ ဘယ်အရာဘဲဖြစ်ဖြစ်‌ မောင်နဲ့ပက်သက်လာရင် အကုန်မေ့လျော့ရသည်ချည်းပင်။

တစ်သက်မေ့နိင်တော့မည်မထင်သော ပိုင့်ရဲ့သေဆုံးခြင်းသည် မောင်တစ်ဘ၀စာရည်မှန်းခဲ့ရှာသော ရည်မှန်းချက်ပျက်ရလေပြီဆိုသော လေပြေ့ရင်ထဲကအပူကို ဖုံးလွှမ်းနိုင်စွမ်းမရှိခဲ့ပေ။

ကျောင်းကတည်းက ဘောလုံးတစ်လုံးနဲ့အလုပ်ရှုပ်နေတတ်သလို၊ သူငယ်ချင်းမစုံစုံအောင်စုကာ ဘောလုံးကန်ခဲ့သော မောင့်ပုံစံကိုမြင်ယောင်မိသည်။ ထိုရက်တွေထဲတွင် လေပြေဟာ မောင့်ကိုအရိပ်တကြည့်ကြည့်ဖြင့်သာ အချိန်ကုန်ခဲ့ရသော်လည်း မောင့်ကတော့တည်ငြိမ်စွာပင် ပင်လောင်းမြို့သို့ အမြန်ဆုံးပြောင်းနိုင်ဖို့ကိုစီစဥ်နေခဲ့သည်။

...💜...

ပိုင်

အသက်(၂၀)နှစ်။

ဒီနေရာသို့ ခွန်ပြည့်ရောက်တာလေးကြိမ်မြောက်။ ဒီတစ်ကြိမ်ဟာ နောက်ဆုံးအကြိမ်ပင်။

မနက်ဖြန် သူတို့နှစ်ဦး ပင်လောင်းကိုအပြီးအပိုင်‌ပြောင်းရွေ့ကြတော့မည်။ အတတ်နိုင်ဆုံး ရန်ကုန်ကိုမလာမိအောင်၊ အထူးသဖြင့် လေပြေ့ကိုရန်ကုန်လွှတ်စရာမလိုအောင် သူအစွမ်းကုန်ကြိုးစားတော့မည်။

နောက်ဆုံးအကြိမ်တွေ့ရတဲ့ပိုင့်ပုံသဏ္ဍာန်ကိုမြင်ယောင်မိသည်။ အဲ့တုန်းက ပိုင်ဟာ လမ်းဘေးမှာသတိမေ့မျောနေခဲ့တဲ့ လေပြေ့ရဲ့မနီးမ‌ဝေးက ကားအောက်မှာသွေးအလိမ်းလိမ်းနဲ့အသက်ရှုခြင်းကင်းမဲ့နေခဲ့သည်။ ငြိမ်သက်နေခဲ့တဲ့ပ်ိုင့်မျက်လုံးတွေက မလှမ်းမကမ်းကလေပြေ့ထံမှာ။

ထိုမြင်ကွင်းကို လေပြေ့ကိုရင်ခွင်ထဲထည့်ထားရင်းက သူမြင်ခဲ့ရတာ။ သူ့ရင်ခွင်ထဲက လေပြေ့ကို လူနာတင်လှည်းပေါ်တင်ပြီးတဲ့အထိ သူအဲ့နေရာမှာဆက်ရပ်ကြည့်နေခဲ့မိသည်။ ပိုင့်ရဲ့ပုံစံကို ကျေးဇူးတင်စိတ်ဖြင့်တစ်သက်မမေ့အောင် မှတ်ယူထားချင်ခဲ့သည်။ သူသိပ်ချစ်ရသောလေပြေ့ကိုအသက်ပေးပြီးချစ်ခဲ့သူတစ်ယောက်ကို သူလေးနက်စွာ ကျေးဇူးတင်နေမိသည်။

ပိုင်သာမဟုတ်ရင် ထိုနေရာတွင်ရှိနေရမယ့်သူဟာ လေပြေ... သူဆက်မတွေးရဲ။ ဆက်မတွေးချင်တော့။ ပိုင့်ကိုကျေးဇူးတင်ရင်းမှပင် သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက်အားနာနေမိသည်။

"မနက်ဖြန် ကျွန်တော်တို့နှစ်ယောက် ပင်လောင်းကိုအပြီးပြောင်းတော့မယ်။ ကျွန်တော် လေပြေ့ကိုရန်ကုန်မြေကိုမလွှတ်မိအောင် အတတ်နိုင်ဆုံးကြိုးစားမှာ။ ပထမတကြိမ်မှာ ကျွန်တော်က လေပြေ့ကို ခင်ဗျားနဲ့ဝေးစေဖို့အတွက် ပင်လောင်းကိုခိုးပြေးခဲ့တယ်။ အခုတကြိမ်မှာတော့ လေပြေ့ကို ခင်ဗျားရဲ့အငွေ့အသက်တွေနဲ့ကင်း‌ဝေးစေဖို့အတွက် ပင်လောင်းကိုအပြီးခေါ်သွားတော့မယ်။ ဒါက နောက်ဆုံးအကြိမ်ပါဘဲ.. နောက်ထပ်တော့မရှိတော့ဘူးပေါ့။ ခင်ဗျားလည်း ဒီလောကကြီးထဲမှာ မရှိတော့ဘူးဘဲ။

ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတွက် လေပြေသာ အမှန်တွေသိရင် ကျွန်တော့်ကိုသိပ်မုန်းနေမလားမသိပေမဲ့ ခင်ဗျားကတော့ နားလည်မယ်ထင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က အစွန်းနှစ်ဖက်မှာရပ်နေခဲ့ကြပေမယ့် သွားလိုရာခရီးဆုံးက တူခဲ့ကြတယ်မဟုတ်လား။ လေပြေစိတ်ချမ်းသာဖို့က ခရီးဆုံးလို့ ကျွန်တော်တွေးသလို ခင်ဗျားလဲတွေးမယ်လို့ယုံကြည်ပါတယ်"

အုတ်ဂူပေါ်သို့ လက်ထဲမှာအသင့်ပါလာသော နှင်းဆီပန်းအဖြူတစ်ပွင့်နဲ့ဓာတ်ပုံတစ်ပုံတင်ပေးလိုက်သည်။ ဓာတ်ပုံထဲတွင် ပိုင်ဟာကျောင်းစိမ်း၀တ်စုံ၀တ်ကာ ကြည်လင်စွာပြုံးနေခဲ့သည်။ ထိုအပြုံးသည် ပိုင်နဲ့ပက်သက်သမျှထဲ လေပြေ့သဘောအကျခဲ့ဆုံးအရာတစ်ခုလဲဖြစ်နိုင်သည်။

"လေပြေ့ရဲ့ဒိုင်ယာရီထဲက ခင်ဗျားဓာတ်ပုံယူလာခဲ့တယ်။ ဒီပုံက ခင်ဗျားနဲ့ပက်သက်ပြီး လေပြေသိမ်းထားတဲ့တစ်ခုတည်းသောအရာဖြစ်လိမ့်မယ်။ ကျွန်တော်အတ္တကြီးတယ်လို့ဘဲဆိုဆို.. ပြီးမှတော့ မြူတစ်မှုန်တောင်မကျန်ဘဲပြီးစေချင်တယ်ဗျာ။ လေပြေဟာ ဒိုင်ယာရီရေးတိုင်း ခင်ဗျားဓာတ်ပုံကို ရင်မှာပိုက်ပြီး ကျွန်တော်မသိအောင်ကြိတ်ငိုတာမျိုးလဲမဖြစ်စေချင်ဘူး။ လေပြေက သိပ်အားပျော့လွန်းတယ်။ ဒါကို ခင်ဗျားကအသိဆုံးဖြစ်မှာပါ။

အဲ့အတွက် ကျွန်တော်ကအစွမ်းကုန်ကာကွယ်ထားဖို့လိုတယ်။ ခင်ဗျားအတွက် တရားရဲ့လားမသိပေမဲ့ ကျွန်တော့်အတွက်ကတော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါဘဲ။ ဒါပေမယ့် လောကမှာ ကျွန်တော်အကာကွယ်ချင်ဆုံး လူတစ်ယောက်ကိုအသက်ပေးပြီးကာကွယ်ပေးသွားတဲ့အတွက် ကျွန်တော့်ဘ၀တစ်လျှောက်လုံး ခင်ဗျားကို ကျေးဇူးတင်ပြီး ရှင်သန်သွားမှာပါ။ ခင်ဗျားလဲ နောက်ဆံတင်းရသမျှလွတ်ငြိမ်းပြီး ကောင်းရာမွန်ရာကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်"

ပိုင့်ဓာတ်ပုံကို ကျေးဇူးရှင်တစ်ဦးအဖြစ်‌ နောက်ဆုံးအကြိမ်မှတ်ယူကြည့်ကာ ကျောခိုင်းလှည့်ထွက်ခဲ့သည်။

သူချစ်ရတဲ့ လေပြေ့ကို သူ့လိုပင် ပျော်ရွင်စေချင်ခဲ့သူ၊ တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်ခဲ့သူ၊ ပြီးတော့ လေပြေ့အစား ကားဘီးအောက်အစား၀င်ကာအသက်ပေးခဲ့သူ။ ဒီလူ့ရဲ့အသက်ပေးတဲ့အထိ ပေးဆပ်မှုတစ်ခုကို ပေးဆပ်သူနဲ့ ပေးဆပ်ခံခဲ့ရသူ ကာယကံရှင်နှစ်ဦးလုံးကို ပေးမသိပါဘဲ ဖြစ်ရပ်ကိုသူ့စိတ်တိုင်းကျပြောင်းကာ လိမ်လည်ခဲ့ရသည်။ ဒီလိမ်လည်မှုကို လေပြေသိမှာကြောက်တဲ့စိတ်၊ တချိန်ချိန်အမှန်တွေသိကာ သူ့ကိုမုန်းတီးသွားမှာကြောက်တဲ့စိတ်.. စတဲ့၀န်ထုပ်၀န်ပိုးတွေကို သူဟာတစ်သက်လုံးသယ်ပိုးသွားရ‌တော့မယ်။

ဒါဟာ သူ့ကြောင့်ပိုင်သေဆုံးရမှန်း လေပြေသိသွားရင် တစ်သက်လုံးကိုယ့်ကိုကိုယ်အပြစ်တင်စိတ်နဲ့ရှင်သန်သွားရတော့မဲ့လေပြေ့အတွက် သူပေးနိုင်တဲ့အကောင်းဆုံးပေးဆပ်မှုတစ်ခုပင်။

"ငါက ပိုင့်ဘ၀ကိုဖျက်ဆီးခဲ့မိတာလား မောင်"

လေပြေ့ရဲ့တုန်ရီနေတဲ့စကားသံလေးကို ပြန်ကြားယောင်လာမိသည်။ မင်းက ဘယ်သူ့ဘ၀ကိုမှ မဖျက်ဆီးခဲ့ပါဘူး လေပြေရယ်။

တကယ်ဆို ပိုင်ရှင်ရှိပြီးတဲ့လူကို ချစ်ခဲ့မိတဲ့ပိုင်နဲ့... တစ်သက်လုံးမောင့်ကိုဘဲကြည့်ပြီးချစ်လာတဲ့မင်းကိုပစ်ထားပြီး မကြာခဏဖောက်ပြန်ခဲ့တဲ့မောင်တို့နှစ်ယောက်ကသာ လေပြေ့ရဲ့နလုံးသားနုနုကို ဖျက်ဆီးခဲ့မိကြတာနေမှာပါ။

...💜...

ချယ်ရီပန်းတွေကြားထဲက မိုးပြာရောင်ဖျော့ဖျော့အိမ်လေး..။

"မောင် ပြန်လာပြီကွ"

ပန်းခင်းတွေကြားထဲက သူ့ဆီပြေးလာတဲ့ကောင်လေး။ လက်အသားဖြူနုနုပေါ်က မြေဆွေးမှုန့်တွေက ဒီကောင်လေးစိုက်ခင်းတွေကြား တနေကုန်အလုပ်ရှုပ်နေခဲ့ကြောင်းကို သက်သေပြသည်။

လက်တွေကိုဖြန့်ကားပေးထားမိတော့ သူ့ရင်ခွင်ကြားထဲ အပြေးနေရာယူသည်။ ဒါဟာ သူအိမ်ပြန်ချိန်တိုင်း ဘေးလူတွေမြင်ရတဲ့မရိုးရတဲ့ ညနေခင်းမြင်ကွင်းပင်။

"မောင့်ကိုလွမ်းနေတာ"

"မောင်‌ရောဘဲပေါ့.. မှန်းစမ်း ဒီနေ့ခေါင်းလျှော်ထားတာလား"

ရှန်ပူနံ့သင်းနေတဲ့ဆံနွယ်ဝဲလေးကို သူတစ်ချက်မွှေးလိုက်၏။

"အင်း.. ဒီနေ့အိမ်ကို အဘွားလာလည်တယ်"

"ဟုတ်လား"

လေပြေက သူ့ရဲ့ကျောပိုးအိတ်ကို ကူဆွဲဖို့လုပ်ပေမယ့် သူကပြန်ဆွဲကာ လေပြေ့ပုခုံးကို ခပ်ဖွဖွဖက်ရင်း လမ်းဆက်လျှောက်လာခဲ့၏။

"အိမ်မလာလည်ကြလို့တဲ့လေ။ အဲ့တာနဲ့ ငါလဲ မောင်မအားလို့ပါလို့ ပြောလိုက်တယ်"

"‌မောင့်ကို လူမိုက်ငှားလိုက်တယ်ပေ့ါလေ"

"မဟုတ်လို့လား.. မောင်က ငါတစ်ယောက်ထဲသွားမယ်ဆိုတော့လဲ မလွှတ်ဘဲနဲ့"

"ဟုတ်ပါတယ်.. ဟုတ်ပါတယ်။ မောင်မလွှတ်တာပါ"

"သိရင်ပြီး‌ရော"

သူ့ဆီရောက်လာတဲ့ မျက်စောင်းလှလှလေး။ အမောပြေတယ်ဆိုတာ အပြုံးလှလှလေးမဟုတ်ဘဲ မျက်စောင်းလေးထဲတွင်လဲရှိတတ်ကြောင်း ခွန်ပြည့်သတိပြုမိခဲ့တာကြာပြီ။

လေပြေက ခွန်ပြည့်ကို ရေတစ်ခွက်ကမ်းပေးတာမို့ ကုန်အောင်သောက်လိုက်သည်။ ပန်းရနံ့သင်းသင်းက အိမ်ထဲထိ၀င်ရောက်ကာ နေရာယူလျက်ရှိသည်။ ပြတင်းဘက်လှမ်းကြည့်တော့ နေမင်းကငုပ်လျှိုးရန်အရှိန်ယူလျက်ရှိသည်။

"မောင် ရေသွားချိုးနော်။ ငါ ဟင်းတွေပြန်နွေးထားလိုက်မယ်"

"အင်း"

မီးဖိုချောင်ထဲ လေပြေ၀င်သွားတာနဲ့ ခွန်ပြည့်လဲ အိမ်ပြင်ထွက်ကာ လေပြေလုပ်လက်စ မြေတူးဂေါ်တွေနဲ့ အတိုအစတွေကို တစ်စုတစ်စည်းထဲစုသိမ်းပေးလိုက်ပြီးမှ ရေချိုးခန်းထဲ၀င်လာလိုက်သည်။

ညစာစားပြီးနောက် အိမ်ရှေ့ကခုံတန်းလေးပေါ် နှစ်ယောက်သားထိုင်ဖြစ်ခဲ့ကြသည်။ ဒါဟာ သူတို့ရဲ့နေ့စဥ်အပြုအမူတွေထဲက တစ်ခုပင်။ တစ်ပါတ်တစ်ခါ နေရာသစ်တွေကို လျှောက်လည်ဖြစ်တာကလွဲလို့ နေ့စဥ် တူညီသောအလုပ်တွေကိုပင် လုပ်ဖြစ်ခဲ့ကြသည်။

လူတွေက သူတို့ဘ၀ကို ပျင်းစရာကောင်းတဲ့ဘ၀ရယ်လို့ တွေးကြမလားမသိပေမယ့် သူတို့နှစ်ယောက်ကတော့ ရိုးစင်းပြီး ငြိမ်းချမ်းတယ်ဟု ထင်သည်။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဘ၀ရဲ့စံနှုန်းတွေကို တိုင်းတာကြပုံချင်း မတူကြဘူးမလား။

လေပြေ့ပေါင်ပေါ်ခေါင်းအုံးကာ လေပြေ့ရဲ့စာဖတ်သံငြိမ့်ငြိမ့်လေးကို နားထောင်ရခြင်းဟာ သူ့အတွက်တော့အဖိုးမဖြတ်နိုင်တဲ့လောကစည်းစိမ်တစ်ခုပင်။ ချစ်ခြင်းနဲ့ပက်သက်တဲ့စာများပါလာလျှင် လေပြေ့ရဲ့လက်ဖမိုးတစ်ဖက်ကိုဆွဲယူကာနမ်းရှိုက်ရင်း ချစ်ကြောင်းပြောရတာကိုလဲ သူဘယ်တော့မှ မရိုးသွားခဲ့..။

"မောင်အိပ်ချင်ပြီလား"

"မအိပ်ချင်သေးပါဘူး"

"မောင်က ဒီလိုအမြဲပြောတာ.. မောင့်မျက်လုံးတွေကဖြင့်မှေးစင်းနေပြီ။ ထ အိမ်ထဲ၀င်ကြရအောင်"

လေပြေက ဖတ်လက်စစာအုပ်ကိုပိတ်ကာ ခွန်ပြည့်ဆံစတွေကို သပ်တင်ပေးလိုက်၏။ ခွန်ပြည့်က မျက်လုံးကိုအားတင်းဖွင့်ရင်း လေပြေ့ရဲ့ဆူပူသံလေးမလာခင်ထရပ်ကာ ပုခုံးသားနုနုကိုခပ်ဖွဖွဖက်လိုက်၏။

ကောင်းကင်နက်နက်မှာ ကြယ်တွေစုံလှပြီ။ နေ့ရက်တွေဟာလဲ ငြိမ်းချမ်းစွာနဲ့တစ်ရိပ်ရိပ်ကုန်ဆုံးနေခဲ့လေသည်။ ချယ်ရီပန်းတွေ၀န်းရံလျက်ရှိသောအိမ်လေးသည်လည်း အေးစက်လှသောတောင်ပေါ်ဒေသကိုအံတုကာ ချစ်ခြင်းမေတ္တာအငွေ့အသက်ကြောင့် နွေးထွေးလျက်ရှိလေသည်။
#Unicode

"ငါ့ဘ၀တစ္ခုလုံး မင္းေၾကာင့္ပ်က္စီးခဲ့ရတာ"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

မ်က္ရည္ေတြ တသြင္သြင္က်ဆင္းေနရင္းက ေလေျပေတာင္းပန္ေနမိသည္။ ေတာင္းပန္စကားကိုအထပ္ထပ္ဆို‌ေနရျခင္းေၾကာင့္လား။ ပိုင့္ရဲ႕ခပ္ၾကမ္းၾကမ္းစကားေတြေၾကာင့္လားမသိေပမယ့္ ေလေျပရင္မွာ ေမာဟိုက္လိုေနခဲ့ရသည္။

"မင္းပါ လိုက္ခဲ့မွရမယ္.. အဲ့မွာ အရမ္းေမွာင္တယ္ ၿပီးေတာ့ေၾကာက္စရာေကာင္းတယ္"

ပိုင့္မ်က္လုံးေတြက အမုန္းေငြ႕ေတြျပည့္ေနရာမွ ႐ုတ္ခ်ည္းမၿငိမ္မသက္ျဖစ္သြားျပန္သည္။ ပိုင္က ေလေျပ့လက္ေကာက္၀တ္ကို ခပ္ၾကမ္းၾကမ္းဆြဲကိုင္ရင္း အ႐ူးလိုေအာ္ဟစ္ေနခဲ့သည္။

"ဟင့္အင္း"

"အနည္းဆုံးေတာ့ မင္းလိုက္ခဲ့ရမယ္.. မင္းကေလ င့ါဘ၀ကိုမီးေလာင္တိုက္သြင္းခဲ့တာ။ မင္းေၾကာင့္. မင္းေၾကာင့္ မင္းကိုခ်စ္ခဲ့မိလို႔ ငါ့ဘ၀တစ္စစီပ်က္စီးခဲ့ရၿပီ"

ေလေျပ ေခါင္းကိုအႀကိမ္ႀကိမ္ခါရင္း ပိုင့္လက္ေတြၾကားမွ ႐ုန္းကန္ေနမိသည္။ ေမာင္ကေရာ.. ေမာင္ဘယ္မွာလဲ။ ေမာင္သာ႐ွိရင္ ေအးခ်မ္းသြားမွာ။ ေမာင္ၾကားလား. သူ႕ဘ၀ကိုဖ်က္ဆီးခဲ့တာ ငါတဲ့..။

"ေလေျပ.. ၾကားလား"

"ေမာင္.."

"ေလေျပ.. ေမာင္ ဒီမွာ႐ွိတယ္ေလ။ ေလေျပ.. ထပါကြာ က်စ္. ဘာအိမ္မက္ေတြမက္ေနလို႔ ဒီလိုျဖစ္ေနရတာလဲ"

သူ႕ပါးေပၚထိေတြ႕လာတဲ့ေမာင့္လက္‌ေတြေၾကာင့္ႏိုးလာရ၏။

"ေမာင္..ဟင့္"

"အင္း ေမာင္ဒီမွာ.. မေၾကာက္နဲ႔ေတာ့ေနာ္ ဘာမွမ႐ွိဘူး. ခဏေလး ေမာင္ေရသြားခပ္ေပးမယ္"

"ဟင့္အင္း ေမာင္ငါ့ကိုဖက္ထားေပးပါ"

"ေလေျပရယ္"

ခြန္ျပည့္ ေခြၽးစို႔ေနတဲ့ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲခပ္တင္းတင္းဆြဲေပြ႕ထားလိုက္ရင္း သက္ျပင္းခ်မိသည္။

ဆံပင္ေတြကို ဖြေပးရင္း ေလျဖင့္မႈတ္ေပးေနမိသည္။ ဒါဟာ သူငယ္စဥ္က အိမ္မက္ဆိုးမက္တိုင္း သူ႕အေမလုပ္ေပးေက် အမူအရာတစ္ခု. ေခါင္းေအးေစရန္ဟူေသာ အေမ့အယူအဆတစ္ခုပင္။ သူ႕ခါးစကအက်ႌကို တင္းတင္းဆုပ္ရင္း ငို႐ိႈက္ေနတဲ့ေကာင္ေလးအတြက္ ေလာေလာဆယ္လုပ္ေပးလို႔ရတာ ဘာမဆိုလုပ္ေပးခ်င္မိ႐ုံ။

"ငါေၾကာက္တယ္ ေမာင္"

"ေမာင္႐ွိတယ္ေနာ္.. မငိုပါနဲ႔ကြာ.. ေမာင့္ရင္ကို မီးစနဲ႔ထိုးေနသလိုဘဲ"

"ငါေတာင္းပန္ပါတယ္ ေမာင္ရယ္... ေမာင္က ေပ်ာ္ေအာင္ထားေပးရက္နဲ႔ ငါတကယ္ေပ်ာ့ညံ့တာဘဲ"

ခြန္ျပည့္ ေလေျပ့ရဲ႕လက္ဖဝါးႏုႏုကို ဆြဲျဖႇစ္လိုက္ရင္း သက္ျပင္းသာ အထပ္ထပ္ခ်မိသည္။ အရင္ရက္ေတြက ေလေျပ ေအာင္ေက်ာ့္ထံ ပိုင့္အေၾကာင္းေမးသည္ဟု သူျပန္သိရသည္။

ဘာမွမသိရဘဲ ေၾကာက္ေနရတာထက္စာရင္ အမွန္တရားကိုေပးသိျခင္းက အေကာင္းဆုံးနည္းလမ္းတစ္ခုဘဲလား။

"ေမာင္ေတာင္းပန္ပါတယ္..အိမ္မက္ထဲထိ ပူပန္ရေအာင္လႊတ္ထားေပးခဲ့မိလို႔။ ေမာင္ အကုန္ေျဖ႐ွင္းေပးမွာမို႔ မေၾကာက္နဲ႔ေတာ့ေနာ္"

"ေမာင္ ငါ ေအာင္ေက်ာ္ကို သူ႕အေၾကာင္းေမးမိတယ္. ေမာင္စိတ္ဆိုးသလားဟင္။ ဒါေပမယ့္ ငါသိခ်င္တယ္ ေမာင္ရယ္"

"အင္း ေမာင္သိတယ္.. ေအာင္ေက်ာ္ေျပာတယ္"

"ေအာင္ေက်ာ္က ေမာင့္ကိုေမးဖို႔ေျပာတယ္. ငါေၾကာက္တယ္ ေမာင္"

"ဘာကိုေၾကာက္တာလဲ ေလေျပ.. ေမာင့္ကို ေၾကာက္စရာမလိုဘူးေနာ္"

"ငါ့ကို ေမာင္ပစ္ထားခဲ့မွာကို ေၾကာက္တယ္. သူ႕ကိုမေမ့ႏိုင္ေသးတာလားလို႔ ေမာင္ထင္သြားမွာ"

ခြန္ျပည့္ သူ႕ကိုယ္သူစိတ္ပ်က္သြားမိသည္။ ဒီေကာင္ေလးေခါင္းထဲကို ဒီလိုအေၾကာက္တရား႐ိုက္သြင္းၿပီး တစ္ေယာက္ထဲႀကိတ္ခံစားေစခဲ့တာလား။

"ေမာင္ မထင္ပါဘူး။ ေလေျပ ေမာင့္ကိုခ်စ္တာ ‌ေမာင္သိပါတယ္"

"သူကေျပာတယ္ ငါက သူ႕ဘ၀ကို တစစီဖ်က္ဆီးခဲ့တာလား။ ဟုတ္လား ေမာင္ ငါက လူတစ္ေယာက္ရဲ႕ဘ၀ကိုဖ်က္ဆီးခဲ့မိတာလား။ ငါတစ္ဘ၀လုံးေမာင့္တစ္ေယာက္ထဲကိုၾကည့္ၿပီးခ်စ္ခဲ့မိ႐ုံပါ။ ငါ မွားသြားလား ေမာင္။ ငါ တကယ္ဘဲ သူ႕ဘ၀ကိုဖ်က္ဆီးခဲ့တာလား"

တုန္ခိုက္ေနတဲ့ေလေျပ့ရဲ႕စကားသံဟာ သူ႕ရင္ကိုအႀကိမ္ႀကိမ္‌ေၾကမြေစသည္။ တကယ္ဆို ပိုင့္ဘ၀ကိုဖ်က္ဆီးခဲ့တယ္ဆိုတဲ့ေလေျပ့ရဲ႕ဆုံးျဖတ္ခ်က္တိုင္းဟာ သူနဲ႔တိုက္႐ိုက္ဆက္ႏြယ္ေနခဲ့တာခ်ည္းသာ။

သူပစ္ထားမိလို႔ ပိုင့္ကိုတြဲသည္။ သူျပန္လာလို႔ ပိုင့္ကိုထားရစ္ခဲ့သည္.. စသျဖင့္ သူ႕ေၾကာင့္ျဖစ္တည္ခဲ့ရတဲ့မွားယြင္းမႈေတြ။

"မဟုတ္ဘူး.. ေမာင့္ေလေျပက ဘယ္သူ႕ဘ၀ကိုမွ မဖ်က္ဆီးခဲ့ပါဘူး။ ေမာင့္ကိုယုံေနာ္. ေလေျပကေလ ေမာင္စေတြ႕တဲ့ေန႔ကေန ခုခ်ိန္ထိ ေမာင့္အတြက္ေတာ့ ဘာေဆးေရာင္မွမ႐ွိတဲ့စာ႐ြက္ျဖဴေလးဘဲ.. အၿမဲ ျဖဴစင္ေနတုန္းဘဲ"

"ဒါေပမယ့္.."

"ေမာင့္ကိုယုံပါ.. မနက္ျဖန္က် ေမာင္အကုန္ေျဖ႐ွင္းေပးမွာမို႔ ဒီညေလေျပက အိပ္ေရး၀ေအာင္အိပ္ေနာ္။ မနက္က် ေခါင္းေတြမူးေနလိမ့္မယ္"

"အင္း.. ေမာင့္ကိုခ်စ္တယ္သိလား.. ‌ေမာင္႐ွိရင္ ငါဘာကိုမွမေၾကာက္ေတာ့တဲ့အထိ ‌ေမာင့္ကိုခ်စ္ရတာ"

"ေမာင္လဲ ေလေျပကိုေမာင့္တစ္ဘ၀လုံးနဲ႔ရင္းၿပီးကာကြယ္ေပးခ်င္ေလာက္တဲ့အထိကို ခ်စ္ရတာပါကြာ"

ေခြၽးစို႔ေနတဲ့နဖူးျပင္ေလးကို ခ်စ္ျမတ္ႏိုးစြာနမ္း႐ိႈက္မိသည္။ ေမာင္ေ႐ြးခ်ယ္သမွ်နည္းလမ္းဟာ ေလေျပ့ကိုအထိအခိုက္နည္းေစမယ့္နည္းလမ္းပါဘဲ ‌ေမာင့္ကေလးငယ္ရယ္။

ေလေျပ့ကို ေမာင္တကယ္ဘဲ တန္ဖိုးထားရပါတယ္။ ဒါေၾကာင့္ မနက္ျဖန္ေက်ာ္လြန္ၿပီးတဲ့အခါ ေမာင့္ခ်စ္ျခင္းေၾကာင့္ ေမာင့္ရဲ႕ေလေျပဘ၀တစ္ေလွ်ာက္ အပူအပင္ကင္းကင္းနဲ႔ႀကီးျပင္းခြင့္ရပါေစေတာ့။

... 💜 ...

"ဒါတကယ္ဘဲအကိုလား.. ေမာင္ညာတာပါ.. ေမာင္ညာတာပါ ဟုတ္တယ္မလားဟင္"

အုတ္ဂူျဖဴေလးကိုခပ္ေတြေတြစိုက္ၾကည့္ရင္း တုန္ခိုက္စြာေမးလာတဲ့ေလေျပ့စကားသံဟာ ခြန္ျပည့္ရင္ကို ေခ်မြေနသလို။

"ငါ အကိုနဲ႔ထပ္ေတြ႕မွာစိုးလို႔ ေမာင္ညာေနတာပါ.. ငါမေတြ႕ေတာ့ပါဘူး‌ ေမာင္ရယ္။ ဒါေပမယ့္ ဒီလိုေတာ့ ငါ့ကိုမညာပါနဲ႔"

ေလေျပက အုတ္ဂူေပၚက ပိုင္ဆိုတဲ့စာလုံးကို မျမင္ခ်င္ေယာင္ျပဳကာ ေမာင့္ကိုပင္အထပ္ထပ္ေအာ္ဟစ္ေနမိသည္။

ပိုင္ဆိုတဲ့နာမည္ဟာ တစ္ကမ႓ာလုံးမွာ အကိုတစ္ေယာက္သာ႐ွိမွာ၊ တင္စီးလြန္းေသာနာမည္ရယ္လို႔ ေလေျပမဲ့ကာ မၾကာခဏေျပာဖူးသည္။ ခုခ်ိန္မွာေတာ့ အုတ္ဂူေပၚက နာမည္က အကိုနဲ႔နာမည္တူတာပါလို႔ ေလေျပယုံၾကည္ခ်င္လာသည္။

"ေမာင္မညာဘူး ေလေျပ!!!"

"ဟင့္အင္း.. ေမာင္ညာတာ ဟိုတစ္ေန႔ကေတြ႕ေတာ့ေတာင္ အကိုက ငါ့ကိုေအာ္ဟစ္ေနခဲ့ေသးတာ. ဘာလို႔ဒီလိုျဖစ္ရမွာလဲ"

"ေမာင္ေျပာတယ္ေလ ေလေျပ.. ရဲေတြသူ႕ကိုလိုက္ဖမ္းေတာ့ သူထြက္ေျပးရင္း ကားနဲ႔တိုက္မိတာလို႔ ..ၿပီးေတာ့အဲ့ေနရာမွာတင္ ပြဲခ်င္းၿပီးဆုံးတာဘဲ"

"ဟင့္အင္း ေမာင္မေျပာနဲ႔.. ေမာင္ညာတာပါ ေမာင္ညာတာလို႔ ငါ့ကိုေျပာစမ္းပါ ေမာင္ရဲ႕"

ေလေျပက ခြန္ျပည့္ရဲ႕ရင္ဘတ္ကို အဆက္မျပတ္ထုရင္း ႐ိႈက္႐ိႈက္ငိုသည္။ ခြန္ျပည့္ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ရင္း ပိုင့္ေၾကာင့္နဲ႔ ေလေျပငိုရတာဟာ ဒါေနာက္ဆုံးအႀကိမ္ျဖစ္ရမည္ဟု အသိကပ္ထားရသည္။

ၿပီးေတာ့ တစ္သက္တာလုံး သူသယ္ေဆာင္သြားရေတာ့မည့္ ၀န္ထုပ္ဝန္ပိုးတစ္ခုအေၾကာင္း..။ ဒါဟာ ေလေျပ့အတြက္ဆို တန္ပါသည္။

"ေမာင္ မညာဘူး။ ေလေျပ အမွန္တရားကို လက္ခံရမယ္!!"

"ေမာင္ အဲ့လိုမေျပာနဲ႔.. ေမာင္ညာတာ"

"ေမာင္မညာဘူး ေလေျပ။ ေလေျပမၾကားခ်င္လဲ ေမာင္အထပ္ထပ္ေျပာရမွာဘဲ။ ေမာင့္ရဲ႕ေလေျပဟာ ဘာမွန္းမသိတဲ့၀န္ထုပ္၀န္ပိုးတစ္ခုကို ရင္မွာပိုက္ၿပီးတစ္သက္လုံးေၾကာက္ေနလို႔မရဘူး"

"ဟင့္အင္း"

ခြန္ျပည့္ သူ႕ရင္ဘတ္ေပၚက ေလေျပ့လက္ေတြကိုဖယ္ရင္း ပုခုံးႏွစ္ဖက္ကို တင္းတင္းဆြဲကိုင္လိုက္သည္။ မ်က္ရည္ေတြျပည့္ေနေသာ ေလေျပ့မ်က္၀န္းေတြကို သူ႕ထံတည့္တည့္ၾကည့္ေစရင္း

"ေမာင္ခ်စ္ရတဲ့ေလေျပ့ကို ေမာင္ကအမွန္တရားကိုလက္ခံၿပီးရဲရဲဝံ့ဝံ့ရင္ဆိုင္တဲ့သူမ်ိဳးျဖစ္ေစခ်င္တာ။ ေမာင့္ကိုၾကည့္စမ္း.. ဒီေလာကမွာ ပိုင္ဆိုတဲ့လူဟာမ႐ွိေတာ့ဘူး။ ၿပီးေတာ့ သူ႕ဘ၀ကို ေလေျပကဖ်က္ဆီးခဲ့တာဆိုတာလဲ သူ႕အမွားသူလက္မခံႏိုင္လို႔ သူ႕စိတ္ထင္ရာေျပာခဲ့တဲ့စကားေတြ။

ေလေျပ မေန႔ညကေျပာခဲ့သလိုဘဲ။ ေလေျပက ေမာင့္ကိုဘဲခ်စ္ခဲ့တာ။ သူ႕ကိုသနားလို႔ ေလေျပစိတ္ယိုင္ခဲ့တာ။ ေမာင္ေျပာတာ မတရားဘူးလို႔ေလေျပထင္ႏိုင္ေပမယ့္ ေလာကမွာ ဘယ္အရာမဆို အႏိုင္နဲ႔အ႐ႈံးဘဲ႐ွိတယ္ေလေျပ။ အခ်စ္ဘဲျဖစ္ျဖစ္၊ စစ္ဘဲျဖစ္ျဖစ္။

ဒီပြဲမွာ ေမာင္ႏိုင္ၿပီး သူ႐ႈံးတယ္။ သူ႐ႈံးတာကိုလက္မခံႏိုင္လို႔ သူ႕ေလာဘနဲ႔သူဆက္မွားတဲ့အမွားေတြအတြက္ ေလေျပကဘာမွခံစား‌ေပးစရာမလိုေတာ့ဘူး။ ဒီလူ႕အတြက္နဲ႔ ေလေျပခံစားတာ ဒီေန႔ေမာင္ခြင့္ျပဳေပးတာ ေနာက္ဆုံးအႀကိမ္ဘဲ။ ‌ေ႐ွ႕ေလွ်ာက္မွာ ေမာင္ကလဲ ေမာင္ႏိုင္ခဲ့တဲ့အႏိုင္အတြက္ အားနာေနမွာမဟုတ္သလို ေလေျပကလဲ လူတစ္ေယာက္ကိုမခ်စ္ႏိုင္ခဲ့တာအတြက္စိတ္မေကာင္းျဖစ္ေနစရာမလိုဘူးလို႔ ေမာင္ထင္တယ္"

"ေမာင္ လူတစ္ေယာက္ရဲ႕အုတ္ဂူေ႐ွ႕မွာဘာလို႔ ဒီလိုေျပာႏိုင္တာလဲ။ေမာင့္မွာလူစိတ္ေရာ႐ွိရဲ႕လား။ ေမာင္က‌ေလ အရမ္းရက္စက္.."

စိတ္ပ်က္သေယာင္ၾကည့္ေနတဲ့ေလေျပ့မ်က္၀န္းေတြကို လႊဲဖယ္ဖို႔ ရင္ခြင္ထဲအလ်င္အျမန္ဆြဲသြင္းၿပီး တင္းၾကပ္စြာဖက္ထားလိုက္မိသည္။ ေလေျပကို မထိခိုက္ေစဖို႔ အမွန္ကန္ဆုံးနည္းလမ္းလို႔‌ေ႐ြးခ်ယ္ခဲ့ၿပီးၿပီမို႔ အဆုံးထိေလွ်ာက္႐ုံကလြဲ ေ႐ြးခ်ယ္စရာမ႐ွိေတာ့..။

"ဟုတ္တယ္..ေမာင္က အရမ္းရက္စက္တယ္ ေလေျပ.. ၿပီးေတာ့ ေမာင္ကအတၱလဲႀကီးတယ္။ အထူးသျဖင့္ ေလေျပနဲ႔ပက္သက္ရင္ တျခားဘယ္သူ႕ကိုမွမစာနာႏိုင္ေလာက္ေအာင္ ေမာင္ဟာလူစိတ္ကင္းမဲ့တယ္။ သိပ္ကို႐ႈပ္ေထြးတဲ့ဒီေလာကႀကီးထဲမွာ ေမာင္ကာကြယ္ရမယ့္ ေမာင့္ေကာင္ေလးက သိပ္ကိုအားေပ်ာ့လြန္းတယ္ ေလေျပ။ ဒါေၾကာင့္ ေမာင္ကဘဲျဖစ္ျဖစ္ပိုရက္စက္တတ္ရမယ္မဟုတ္လား"

"ေမာင့္လိုလူက သိပ္မုန္းဖို႔ေကာင္းတာဘဲ"

ေမာဟိုက္စြာေျပာလာတဲ့ ေလေျပ့စကားသံအဆုံးမွာ ခြန္ျပည့္ခါးေပၚသို႔ ေလေျပ့လက္သြယ္သြယ္ေလးေတြေနရာယူလာသည္။ ခြန္ျပည့္ရင္ဘတ္နားက အက်ႌတြင္မ်က္ရည္စေတြစြန္းထင္းကုန္သည္အထိ ပိုၿပီးသည္းထန္စြာ ငိုေႂကြး႐ုံကလြဲလို႔ ခြန္ျပည့္ကိုအျပစ္တင္စကားထပ္မဆိုေတာ့။

သူ႕အေပၚ ဒီတႀကိမ္ေတာ့ နားလည္ေပးလိုက္ၿပီလို႔ မွတ္ယူလိုက္သည္။ သို႔ေသာ္.. ေနာက္တႀကိမ္။

အေတြးေတြကို ခြန္ျပည့္ေမာင္းထုတ္လိုက္သည္။ ေနာက္တႀကိမ္ဆိုတာ ဘယ္ေတာ့မွထပ္မ႐ွိလာေစရေတာ့ဘူး။ သူနဲ႔ေလေျပႏွစ္ေယာက္လုံးေလာကမွာ မ႐ွိေတာ့တဲ့အခ်ိန္ေရာက္တဲ့အထိ ဒီအမွန္တရားကို အၿပီးတိုင္ဖုံးကြယ္ထားလိုက္ေတာ့မည္သာ။

...💜...

ေလေျပအိပ္ေပ်ာ္သည္အထိ ေဘးမွာေစာင့္ၾကည့္ေပးၿပီးေနာက္မွ ၀ရန္တာဘက္ကိုထြက္လာေတာ့ ႀကိဳေရာက္ေနႏွင့္သူ ေအာင္ေက်ာ္က ေဆးလိပ္ဖြာရင္းက သူ႕ထံစီးကရက္ဘူးလွမ္းထိုးေပးလာသည္။

"ေလေျပ အိပ္သြားၿပီလား"

"အင္း"

ေအာင္ေက်ာ္က သူ႕ကိုေလးနက္စြာ စိုက္ၾကည့္ေနတာမို႔ ခြန္ျပည့္ခပ္ေပါ့ေပါ့ရယ္ရင္း ေဆးလိပ္ဆက္ဖြာေနမိသည္။ ရင္ထဲကေလးလံမႈကို ဘယ္သူ႕ကိုမွမျမင္ေစခ်င္. ေအာင္ေက်ာ္က သူ႕ရင္ထဲကခံစားမႈကို အတိုင္းသားျမင္ေနရတဲ့သူမို႔ ပိုၿပီးမြန္းၾကပ္ရသလို။

"အခ်စ္ဆိုတာမ်ိဳးက တကယ္မလြယ္ဘူးေနာ္"

ေအာင္ေက်ာ္က ခပ္ေဝးေဝးကတိုက္ေတြစီ လွမ္းေငးရင္းေျပာ၏။ ေက်ာင္းတုန္းကခ်စ္ဇာတ္လမ္းကို ေအာင္ေက်ာ္ဟာ ခုခ်ိန္ထိေလးနက္စြာဆုပ္ကိုင္ထားဆဲပင္။

ဘုန္းျပည့္နဲ႔လြဲၿပီးကတည္းက ေအာင္ေက်ာ္ဟာ မည္သူ႕ကိုမွထပ္မတြဲခဲ့။ မိမိကဲ့သို႔ပင္ ခ်စ္ရသူခ်င္း၊ ျဖစ္ရပ္ခ်င္းဆင္ခဲ့ၾကသူမို႔ ေအာင္ေက်ာ္ရယ္၊ သူရယ္ဟာ ပိုၿပီးရင္ဘတ္ခ်င္းနီးတဲ့သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတာလဲ ပါမည္။

"အင္း.. လူတစ္ေယာက္ကိုခ်စ္ရတာတကယ္မလြယ္ဘူး။ ငါသိတယ္ ေအာင္ေက်ာ္.. ၿပီးေတာ့ ငါတို႔လိုအခ်စ္ေတြက ပိုမလြယ္ဘူးေပါ့ကြာ။ ဒီၾကားထဲ ၾကားလူကပါ ပါလာေတာ့.. အဟက္! ငါ့အတြက္ တကယ္ကိုခက္ခဲလြန္းေနတာ"

"ငါ မင္းကိုနားလည္ပါတယ္.. ေလေျပလဲ တစ္ေန႔ မင္းကိုနားလည္လာမွာပါ"

"ငါ အေမွ်ာ္လင့္ဆုံးေပါ့ကြာ.. ဒါေပမဲ့ ဒီေန႔ေလေျပပုံစံကိုၾကည့္ရင္း ငါေၾကာက္လာမိတယ္။ ဒီလိုေသဆုံးမႈမ်ိဳးကိုေတာင္ လက္မခံႏိုင္တဲ့ေလေျပက သူ႕ေၾကာင့္နဲ႔အဲ့လူေသသြားရတာကိုသာသိရင္.."

ခြန္ျပည့္ ဆက္မေတြးႏိုင္။ ေလေျပကဘဲ သူ႕ကိုယ္သူအျပစ္တင္စိတ္နဲ႔႐ူးမလား.. ေလေျပသူ႕စီက ထြက္ေျပးဖို႔ႀကိဳးစားလို႔ သူဘဲ႐ူးရမလား။

"ငါတို႔အတတ္ႏိုင္ဆုံးဖုံးကြယ္ၾကတာေပါ့.. ဒါေပမယ့္ကြာ မင္းရည္မွန္းခ်က္ကိုစြန္႔လႊတ္ဖို႔ထိက် စြန္႔စားလြန္းရာမက်ဘူးလား"

"ငါဆုံးျဖတ္ၿပီးၿပီ ‌ေအာင္ေက်ာ္"

"မင္းအတြက္ပါကြာ.. မင္းေက်ာင္းတုန္းကတည္းက ဒါကို႐ူးသြပ္ခဲ့ရတာမလား"

"ေအး.. ဒါေပမယ့္ ငါထင္တာ ဒါကအေကာင္းဆုံးနည္းလမ္းဘဲ ေအာင္ေက်ာ္.. ေလေျပကို ငါရန္ကုန္မွာ ဆက္မထားႏိုင္ေတာ့ဘူး။ ငါ ေလေျပ့ကို ဒီလူ႕အေငြ႕အသက္ေတြ႐ွိတဲ့ေနရာမွာ တစ္ရက္ေတာင္ဆက္မထားခ်င္ေတာ့ဘူး။ ငါ့ေနရာမွာ ၀င္ၾကည့္ရင္ မင္းနားလည္မွာပါ"

ေအာင္ေက်ာ္က သက္ျပင္းခ်ရင္း ေခါင္းကိုတြင္တြင္ခါေနခဲ့သည္။ ခြန္ျပည့္တစ္ခ်က္ျပဳံးရင္း ေအာင္ေက်ာ္ပုခုံးကိုလွမ္းပုတ္လိုက္၏။

"လူေတြက သူ႕႐ူးသြပ္မႈနဲ႔သူပါဘဲကြာ။ မင္းေစတနာကို ငါနားလည္ေပမယ့္ ငါေနာင္တရမွာကိုစိတ္မပူနဲ႔ သူငယ္ခ်င္း.. ေလေျပနဲ႔ပက္သတ္ရင္ င့ါအသက္ရင္းရရင္‌ေတာင္ တန္တယ္လို႔ထင္တဲ့ေကာင္ပါကြာ။ ရည္မွန္းခ်က္ဆိုတာေလာက္ကိုေတာ့ ေလေျပ့ကိုငါ့ရင္ခြင္ထဲထားၿပီးတစ္ညအိပ္လိုက္ရင္ ေမ့သြားမယ့္အရာေပါ့ကြာ. အဟက္!"

ခြန္ျပည့္ရဲ႕ရယ္သံက ေျခာက္ကပ္လြန္းတယ္လို႔ ေအာင္ေက်ာ္ခံစားရသည္။

ေလေျပနဲ႔ပက္သက္လို႔ ခြန္ျပည့္ဟာ ဘ၀မွာ ဘယ္ႏွခုေလာက္ကို လက္ေလ်ာ့ခဲ့ရၿပီလဲ။

မိဘ၊ သိကၡာ၊ မာန၊ ၿပီးေတာ့ ရည္မွန္းခ်က္.. ေနာင္ေရာ ဘာေတြစြန္႔လႊတ္ဖို႔က်န္ေသးလဲ။

ကံအေၾကာင္းမလွလို႔ ပိုင့္ရဲ႕ေသဆုံးမႈအမွန္အၾကာင္းေလေျပသိသြားတဲ့တစ္ေန႔ .. ေလေျပ့ကိုေျပာလို႔ရရင္ သူေျပာျပခ်င္ပါတယ္။

ငါ့ေကာင္က မင္းေၾကာင့္နဲ႔အရာအားလုံးစြန္႔လႊတ္ခဲ့တဲ့ေသာက္႐ူးေကာင္ပါကြာ။ တစ္ဘ၀လုံး မာနႀကီးၿပီး ေသာက္ေၾကာတင္းခဲ့တဲ့ေကာင္က မင္းနဲ႔က်မွ သူ႕ကိုယ္သူေတာင္ေသခ်ာမသိဘဲ ဘ၀ပ်က္တဲ့အထိ မင္းကိုခ်စ္ခဲ့တဲ့ေကာင္ပါ။ အဲ့လိုေကာင္ကို အေၾကာင္းအရာတစ္ခုေၾကာင့္နဲ႔ မင္းပစ္ခ်ခဲ့ဖို႔က မတရားရာက်လြန္းပါတယ္လို႔ေပါ့။

...💜...

ခြန္ျပည့္ရဲ႕ဒူးအ႐ြတ္ေၾကာျပႆနာတစ္ခုေၾကာင့္ ေဘာလုံးကန္လို႔မရေတာ့ဟု ေလေျပသိရသည္။

အဲ့ေန႔ကထိုအေၾကာင္းေျပာခ်ိန္တြင္ ေမာင္ကတည္ၿငိမ္ေနခဲ့သေလာက္ ေလေျပ့မွာမ်က္ရည္လည္႐ြဲျဖစ္ရသည္။ ေမာင့္တစ္ဘ၀လုံးေမွ်ာ္မွန္းခဲ့တဲ့အိမ္မက္ျဖစ္တာမို႔ ေလေျပက ေမာင့္ကိုႏိုင္ငံျခားတြင္ ေဆးကုသရန္တိုက္တြန္းေသာ္လည္း ေမာင္ကသူအကုန္ႀကိဳးစားၾကည့္ၿပီး မရေတာ့မွ ေလေျပကိုေပးသိျခင္းျဖစ္သည္ဟုဆိုသည္။

ထိုေန႔က ေမာင့္ကိုေလေျပကမေခ်ာ့ျမႇဴရပါဘဲ ေမာင္ကသာ‌ ေလေျပ့ကိုရင္ခြင္ထဲထည့္ကာ သူအဆင္ေျပေၾကာင္းခပ္‌ေအးေအးေျပာေနခဲ့သည္။

"ေမာင္တို႔ ပင္ေလာင္းကိုသြားေနရေအာင္။ ေလေျပလည္း အဲ့မွာဘဲ ေအး‌ေအးခ်မ္းခ်မ္းေနခ်င္တယ္လို႔ ေျပာဖူးတယ္မလား။ ေမာင္အဲ့မွာ အလုပ္တစ္ခုခုလုပ္မယ္ေလ။ ေဘာလုံးမကန္ရေတာ့ေပမယ့္ ေလေျပ့ကိုေတာ့ ထမင္းမငတ္ေအာင္ေတာ့ ေမာင္ထားႏိုင္ပါတယ္"

ေမာင့္ရဲ႕ရယ္သံေႏွာတဲ့စကားသံ..။ ေလေျပ မျငင္းမိ။ ေမာင့္ရဲ႕ေဘာလုံးကန္ျခင္းနဲ႔ပက္သတ္တဲ့ရည္မွန္းခ်က္ေတြတေမ့တေမာ႐ွိခဲ့တဲ့ရန္ကုန္ေျမမွာ ေမာင္ဟာဘယ္ေနခ်င္႐ွာပါ့မလဲ။

ထိုရက္ေတြမွာ ေမာင့္စိတ္နဲ႔ေလေျပဟာ ပိုင့္ရဲ႕ေသဆုံးမႈကိုေမ့ေလ်ာ့သြားခဲ့တာဟာလဲအမွန္။ တမလြန္က ပိုင္ဟာစိတ္မေကာင္းျဖစ္ေန႐ွာမလားမသိေပမဲ့ ေလေျပဟာ ဘယ္အရာဘဲျဖစ္ျဖစ္‌ ေမာင္နဲ႔ပက္သက္လာရင္ အကုန္ေမ့ေလ်ာ့ရသည္ခ်ည္းပင္။

တစ္သက္ေမ့နိင္ေတာ့မည္မထင္ေသာ ပိုင့္ရဲ႕ေသဆုံးျခင္းသည္ ေမာင္တစ္ဘ၀စာရည္မွန္းခဲ့႐ွာေသာ ရည္မွန္းခ်က္ပ်က္ရေလၿပီဆိုေသာ ေလေျပ့ရင္ထဲကအပူကို ဖုံးလႊမ္းႏိုင္စြမ္းမ႐ွိခဲ့ေပ။

ေက်ာင္းကတည္းက ေဘာလုံးတစ္လုံးနဲ႔အလုပ္႐ႈပ္ေနတတ္သလို၊ သူငယ္ခ်င္းမစုံစုံေအာင္စုကာ ေဘာလုံးကန္ခဲ့ေသာ ေမာင့္ပုံစံကိုျမင္ေယာင္မိသည္။ ထိုရက္ေတြထဲတြင္ ေလေျပဟာ ေမာင့္ကိုအရိပ္တၾကည့္ၾကည့္ျဖင့္သာ အခ်ိန္ကုန္ခဲ့ရေသာ္လည္း ေမာင့္ကေတာ့တည္ၿငိမ္စြာပင္ ပင္ေလာင္းၿမိဳ႕သို႔ အျမန္ဆုံးေျပာင္းႏိုင္ဖို႔ကိုစီစဥ္ေနခဲ့သည္။

...💜...

ပိုင္

အသက္(၂၀)ႏွစ္။

ဒီေနရာသို႔ ခြန္ျပည့္ေရာက္တာေလးႀကိမ္ေျမာက္။ ဒီတစ္ႀကိမ္ဟာ ေနာက္ဆုံးအႀကိမ္ပင္။

မနက္ျဖန္ သူတို႔ႏွစ္ဦး ပင္ေလာင္းကိုအၿပီးအပိုင္‌ေျပာင္းေ႐ြ႕ၾကေတာ့မည္။ အတတ္ႏိုင္ဆုံး ရန္ကုန္ကိုမလာမိေအာင္၊ အထူးသျဖင့္ ေလေျပ့ကိုရန္ကုန္လႊတ္စရာမလိုေအာင္ သူအစြမ္းကုန္ႀကိဳးစားေတာ့မည္။

ေနာက္ဆုံးအႀကိမ္ေတြ႕ရတဲ့ပိုင့္ပုံသ႑ာန္ကိုျမင္ေယာင္မိသည္။ အဲ့တုန္းက ပိုင္ဟာ လမ္းေဘးမွာသတိေမ့ေမ်ာေနခဲ့တဲ့ ေလေျပ့ရဲ႕မနီးမ‌ေဝးက ကားေအာက္မွာေသြးအလိမ္းလိမ္းနဲ႔အသက္႐ႈျခင္းကင္းမဲ့ေနခဲ့သည္။ ၿငိမ္သက္ေနခဲ့တဲ့ပ္ိဳင့္မ်က္လုံးေတြက မလွမ္းမကမ္းကေလေျပ့ထံမွာ။

ထိုျမင္ကြင္းကို ေလေျပ့ကိုရင္ခြင္ထဲထည့္ထားရင္းက သူျမင္ခဲ့ရတာ။ သူ႕ရင္ခြင္ထဲက ေလေျပ့ကို လူနာတင္လွည္းေပၚတင္ၿပီးတဲ့အထိ သူအဲ့ေနရာမွာဆက္ရပ္ၾကည့္ေနခဲ့မိသည္။ ပိုင့္ရဲ႕ပုံစံကို ေက်းဇူးတင္စိတ္ျဖင့္တစ္သက္မေမ့ေအာင္ မွတ္ယူထားခ်င္ခဲ့သည္။ သူသိပ္ခ်စ္ရေသာေလေျပ့ကိုအသက္ေပးၿပီးခ်စ္ခဲ့သူတစ္ေယာက္ကို သူေလးနက္စြာ ေက်းဇူးတင္ေနမိသည္။

ပိုင္သာမဟုတ္ရင္ ထိုေနရာတြင္႐ွိေနရမယ့္သူဟာ ေလေျပ... သူဆက္မေတြးရဲ။ ဆက္မေတြးခ်င္ေတာ့။ ပိုင့္ကိုေက်းဇူးတင္ရင္းမွပင္ သူ႕ရဲ႕ဆုံးျဖတ္ခ်က္ေတြအတြက္အားနာေနမိသည္။

"မနက္ျဖန္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ပင္ေလာင္းကိုအၿပီးေျပာင္းေတာ့မယ္။ ကြၽန္ေတာ္ ေလေျပ့ကိုရန္ကုန္ေျမကိုမလႊတ္မိေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားမွာ။ ပထမတႀကိမ္မွာ ကြၽန္ေတာ္က ေလေျပ့ကို ခင္ဗ်ားနဲ႔ေဝးေစဖို႔အတြက္ ပင္ေလာင္းကိုခိုးေျပးခဲ့တယ္။ အခုတႀကိမ္မွာေတာ့ ေလေျပ့ကို ခင္ဗ်ားရဲ႕အေငြ႕အသက္ေတြနဲ႔ကင္း‌ေဝးေစဖို႔အတြက္ ပင္ေလာင္းကိုအၿပီးေခၚသြားေတာ့မယ္။ ဒါက ေနာက္ဆုံးအႀကိမ္ပါဘဲ.. ေနာက္ထပ္ေတာ့မ႐ွိေတာ့ဘူးေပါ့။ ခင္ဗ်ားလည္း ဒီေလာကႀကီးထဲမွာ မ႐ွိေတာ့ဘူးဘဲ။

ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္အတြက္ ေလေျပသာ အမွန္ေတြသိရင္ ကြၽန္ေတာ့္ကိုသိပ္မုန္းေနမလားမသိေပမဲ့ ခင္ဗ်ားကေတာ့ နားလည္မယ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အစြန္းႏွစ္ဖက္မွာရပ္ေနခဲ့ၾကေပမယ့္ သြားလိုရာခရီးဆုံးက တူခဲ့ၾကတယ္မဟုတ္လား။ ေလေျပစိတ္ခ်မ္းသာဖို႔က ခရီးဆုံးလို႔ ကြၽန္ေတာ္ေတြးသလို ခင္ဗ်ားလဲေတြးမယ္လို႔ယုံၾကည္ပါတယ္"

အုတ္ဂူေပၚသို႔ လက္ထဲမွာအသင့္ပါလာေသာ ႏွင္းဆီပန္းအျဖဴတစ္ပြင့္နဲ႔ဓာတ္ပုံတစ္ပုံတင္ေပးလိုက္သည္။ ဓာတ္ပုံထဲတြင္ ပိုင္ဟာေက်ာင္းစိမ္း၀တ္စုံ၀တ္ကာ ၾကည္လင္စြာျပဳံးေနခဲ့သည္။ ထိုအျပဳံးသည္ ပိုင္နဲ႔ပက္သက္သမွ်ထဲ ေလေျပ့သေဘာအက်ခဲ့ဆုံးအရာတစ္ခုလဲျဖစ္ႏိုင္သည္။

"ေလေျပ့ရဲ႕ဒိုင္ယာရီထဲက ခင္ဗ်ားဓာတ္ပုံယူလာခဲ့တယ္။ ဒီပုံက ခင္ဗ်ားနဲ႔ပက္သက္ၿပီး ေလေျပသိမ္းထားတဲ့တစ္ခုတည္းေသာအရာျဖစ္လိမ့္မယ္။ ကြၽန္ေတာ္အတၱႀကီးတယ္လို႔ဘဲဆိုဆို.. ၿပီးမွေတာ့ ျမဴတစ္မႈန္ေတာင္မက်န္ဘဲၿပီးေစခ်င္တယ္ဗ်ာ။ ေလေျပဟာ ဒိုင္ယာရီေရးတိုင္း ခင္ဗ်ားဓာတ္ပုံကို ရင္မွာပိုက္ၿပီး ကြၽန္ေတာ္မသိေအာင္ႀကိတ္ငိုတာမ်ိဳးလဲမျဖစ္ေစခ်င္ဘူး။ ေလေျပက သိပ္အားေပ်ာ့လြန္းတယ္။ ဒါကို ခင္ဗ်ားကအသိဆုံးျဖစ္မွာပါ။

အဲ့အတြက္ ကြၽန္ေတာ္ကအစြမ္းကုန္ကာကြယ္ထားဖို႔လိုတယ္။ ခင္ဗ်ားအတြက္ တရားရဲ႕လားမသိေပမဲ့ ကြၽန္ေတာ့္အတြက္ကေတာ့ အမွန္ကန္ဆုံး ဆုံးျဖတ္ခ်က္ပါဘဲ။ ဒါေပမယ့္ ေလာကမွာ ကြၽန္ေတာ္အကာကြယ္ခ်င္ဆုံး လူတစ္ေယာက္ကိုအသက္ေပးၿပီးကာကြယ္ေပးသြားတဲ့အတြက္ ကြၽန္ေတာ့္ဘ၀တစ္ေလွ်ာက္လုံး ခင္ဗ်ားကို ေက်းဇူးတင္ၿပီး ႐ွင္သန္သြားမွာပါ။ ခင္ဗ်ားလဲ ေနာက္ဆံတင္းရသမွ်လြတ္ၿငိမ္းၿပီး ေကာင္းရာမြန္ရာကိုစိတ္ေျဖာင့္ေျဖာင့္နဲ႔သြားႏိုင္ပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းေပးလိုက္ပါတယ္"

ပိုင့္ဓာတ္ပုံကို ေက်းဇူး႐ွင္တစ္ဦးအျဖစ္‌ ေနာက္ဆုံးအႀကိမ္မွတ္ယူၾကည့္ကာ ေက်ာခိုင္းလွည့္ထြက္ခဲ့သည္။

သူခ်စ္ရတဲ့ ေလေျပ့ကို သူ႕လိုပင္ ေပ်ာ္႐ြင္ေစခ်င္ခဲ့သူ၊ တတ္ႏိုင္သမွ် ျဖည့္ဆည္းေပးခ်င္ခဲ့သူ၊ ၿပီးေတာ့ ေလေျပ့အစား ကားဘီးေအာက္အစား၀င္ကာအသက္ေပးခဲ့သူ။ ဒီလူ႕ရဲ႕အသက္ေပးတဲ့အထိ ေပးဆပ္မႈတစ္ခုကို ေပးဆပ္သူနဲ႔ ေပးဆပ္ခံခဲ့ရသူ ကာယကံ႐ွင္ႏွစ္ဦးလုံးကို ေပးမသိပါဘဲ ျဖစ္ရပ္ကိုသူ႕စိတ္တိုင္းက်ေျပာင္းကာ လိမ္လည္ခဲ့ရသည္။ ဒီလိမ္လည္မႈကို ေလေျပသိမွာေၾကာက္တဲ့စိတ္၊ တခ်ိန္ခ်ိန္အမွန္ေတြသိကာ သူ႕ကိုမုန္းတီးသြားမွာေၾကာက္တဲ့စိတ္.. စတဲ့၀န္ထုပ္၀န္ပိုးေတြကို သူဟာတစ္သက္လုံးသယ္ပိုးသြားရ‌ေတာ့မယ္။

ဒါဟာ သူ႕ေၾကာင့္ပိုင္ေသဆုံးရမွန္း ေလေျပသိသြားရင္ တစ္သက္လုံးကိုယ့္ကိုကိုယ္အျပစ္တင္စိတ္နဲ႔႐ွင္သန္သြားရေတာ့မဲ့ေလေျပ့အတြက္ သူေပးႏိုင္တဲ့အေကာင္းဆုံးေပးဆပ္မႈတစ္ခုပင္။

"ငါက ပိုင့္ဘ၀ကိုဖ်က္ဆီးခဲ့မိတာလား ေမာင္"

ေလေျပ့ရဲ႕တုန္ရီေနတဲ့စကားသံေလးကို ျပန္ၾကားေယာင္လာမိသည္။ မင္းက ဘယ္သူ႕ဘ၀ကိုမွ မဖ်က္ဆီးခဲ့ပါဘူး ေလေျပရယ္။

တကယ္ဆို ပိုင္႐ွင္႐ွိၿပီးတဲ့လူကို ခ်စ္ခဲ့မိတဲ့ပိုင္နဲ႔... တစ္သက္လုံးေမာင့္ကိုဘဲၾကည့္ၿပီးခ်စ္လာတဲ့မင္းကိုပစ္ထားၿပီး မၾကာခဏေဖာက္ျပန္ခဲ့တဲ့ေမာင္တို႔ႏွစ္ေယာက္ကသာ ေလေျပ့ရဲ႕နလုံးသားႏုႏုကို ဖ်က္ဆီးခဲ့မိၾကတာေနမွာပါ။

...💜...

ခ်ယ္ရီပန္းေတြၾကားထဲက မိုးျပာေရာင္ေဖ်ာ့ေဖ်ာ့အိမ္ေလး..။

"ေမာင္ ျပန္လာၿပီကြ"

ပန္းခင္းေတြၾကားထဲက သူ႕ဆီေျပးလာတဲ့ေကာင္ေလး။ လက္အသားျဖဴႏုႏုေပၚက ေျမေဆြးမႈန္႔ေတြက ဒီေကာင္ေလးစိုက္ခင္းေတြၾကား တေနကုန္အလုပ္႐ႈပ္ေနခဲ့ေၾကာင္းကို သက္ေသျပသည္။

လက္ေတြကိုျဖန္႔ကားေပးထားမိေတာ့ သူ႕ရင္ခြင္ၾကားထဲ အေျပးေနရာယူသည္။ ဒါဟာ သူအိမ္ျပန္ခ်ိန္တိုင္း ေဘးလူေတြျမင္ရတဲ့မ႐ိုးရတဲ့ ညေနခင္းျမင္ကြင္းပင္။

"ေမာင့္ကိုလြမ္းေနတာ"

"ေမာင္‌ေရာဘဲေပါ့.. မွန္းစမ္း ဒီေန႔ေခါင္းေလွ်ာ္ထားတာလား"

႐ွန္ပူနံ႔သင္းေနတဲ့ဆံႏြယ္ဝဲေလးကို သူတစ္ခ်က္ေမႊးလိုက္၏။

"အင္း.. ဒီေန႔အိမ္ကို အဘြားလာလည္တယ္"

"ဟုတ္လား"

ေလေျပက သူ႕ရဲ႕ေက်ာပိုးအိတ္ကို ကူဆြဲဖို႔လုပ္ေပမယ့္ သူကျပန္ဆြဲကာ ေလေျပ့ပုခုံးကို ခပ္ဖြဖြဖက္ရင္း လမ္းဆက္ေလွ်ာက္လာခဲ့၏။

"အိမ္မလာလည္ၾကလို႔တဲ့ေလ။ အဲ့တာနဲ႔ ငါလဲ ေမာင္မအားလို႔ပါလို႔ ေျပာလိုက္တယ္"

"‌ေမာင့္ကို လူမိုက္ငွားလိုက္တယ္ေပ့ါေလ"

"မဟုတ္လို႔လား.. ေမာင္က ငါတစ္ေယာက္ထဲသြားမယ္ဆိုေတာ့လဲ မလႊတ္ဘဲနဲ႔"

"ဟုတ္ပါတယ္.. ဟုတ္ပါတယ္။ ေမာင္မလႊတ္တာပါ"

"သိရင္ၿပီး‌ေရာ"

သူ႕ဆီေရာက္လာတဲ့ မ်က္ေစာင္းလွလွေလး။ အေမာေျပတယ္ဆိုတာ အျပဳံးလွလွေလးမဟုတ္ဘဲ မ်က္ေစာင္းေလးထဲတြင္လဲ႐ွိတတ္ေၾကာင္း ခြန္ျပည့္သတိျပဳမိခဲ့တာၾကာၿပီ။

ေလေျပက ခြန္ျပည့္ကို ေရတစ္ခြက္ကမ္းေပးတာမို႔ ကုန္ေအာင္ေသာက္လိုက္သည္။ ပန္းရနံ႔သင္းသင္းက အိမ္ထဲထိ၀င္ေရာက္ကာ ေနရာယူလ်က္႐ွိသည္။ ျပတင္းဘက္လွမ္းၾကည့္ေတာ့ ေနမင္းကငုပ္လွ်ိဳးရန္အ႐ွိန္ယူလ်က္႐ွိသည္။

"ေမာင္ ေရသြားခ်ိဳးေနာ္။ ငါ ဟင္းေတြျပန္ေႏြးထားလိုက္မယ္"

"အင္း"

မီးဖိုေခ်ာင္ထဲ ေလေျပ၀င္သြားတာနဲ႔ ခြန္ျပည့္လဲ အိမ္ျပင္ထြက္ကာ ေလေျပလုပ္လက္စ ေျမတူးေဂၚေတြနဲ႔ အတိုအစေတြကို တစ္စုတစ္စည္းထဲစုသိမ္းေပးလိုက္ၿပီးမွ ေရခ်ိဳးခန္းထဲ၀င္လာလိုက္သည္။

ညစာစားၿပီးေနာက္ အိမ္ေ႐ွ႕ကခုံတန္းေလးေပၚ ႏွစ္ေယာက္သားထိုင္ျဖစ္ခဲ့ၾကသည္။ ဒါဟာ သူတို႔ရဲ႕ေန႔စဥ္အျပဳအမူေတြထဲက တစ္ခုပင္။ တစ္ပါတ္တစ္ခါ ေနရာသစ္ေတြကို ေလွ်ာက္လည္ျဖစ္တာကလြဲလို႔ ေန႔စဥ္ တူညီေသာအလုပ္ေတြကိုပင္ လုပ္ျဖစ္ခဲ့ၾကသည္။

လူေတြက သူတို႔ဘ၀ကို ပ်င္းစရာေကာင္းတဲ့ဘ၀ရယ္လို႔ ေတြးၾကမလားမသိေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ ႐ိုးစင္းၿပီး ၿငိမ္းခ်မ္းတယ္ဟု ထင္သည္။ လူေတြဟာ တစ္ဦးနဲ႔တစ္ဦး ဘ၀ရဲ႕စံႏႈန္းေတြကို တိုင္းတာၾကပုံခ်င္း မတူၾကဘူးမလား။

ေလေျပ့ေပါင္ေပၚေခါင္းအုံးကာ ေလေျပ့ရဲ႕စာဖတ္သံၿငိမ့္ၿငိမ့္ေလးကို နားေထာင္ရျခင္းဟာ သူ႕အတြက္ေတာ့အဖိုးမျဖတ္ႏိုင္တဲ့ေလာကစည္းစိမ္တစ္ခုပင္။ ခ်စ္ျခင္းနဲ႔ပက္သက္တဲ့စာမ်ားပါလာလွ်င္ ေလေျပ့ရဲ႕လက္ဖမိုးတစ္ဖက္ကိုဆြဲယူကာနမ္း႐ိႈက္ရင္း ခ်စ္ေၾကာင္းေျပာရတာကိုလဲ သူဘယ္ေတာ့မွ မ႐ိုးသြားခဲ့..။

"ေမာင္အိပ္ခ်င္ၿပီလား"

"မအိပ္ခ်င္ေသးပါဘူး"

"ေမာင္က ဒီလိုအၿမဲေျပာတာ.. ေမာင့္မ်က္လုံးေတြကျဖင့္ေမွးစင္းေနၿပီ။ ထ အိမ္ထဲ၀င္ၾကရေအာင္"

ေလေျပက ဖတ္လက္စစာအုပ္ကိုပိတ္ကာ ခြန္ျပည့္ဆံစေတြကို သပ္တင္ေပးလိုက္၏။ ခြန္ျပည့္က မ်က္လုံးကိုအားတင္းဖြင့္ရင္း ေလေျပ့ရဲ႕ဆူပူသံေလးမလာခင္ထရပ္ကာ ပုခုံးသားႏုႏုကိုခပ္ဖြဖြဖက္လိုက္၏။

ေကာင္းကင္နက္နက္မွာ ၾကယ္ေတြစုံလွၿပီ။ ေန႔ရက္ေတြဟာလဲ ၿငိမ္းခ်မ္းစြာနဲ႔တစ္ရိပ္ရိပ္ကုန္ဆုံးေနခဲ့ေလသည္။ ခ်ယ္ရီပန္းေတြ၀န္းရံလ်က္႐ွိေသာအိမ္ေလးသည္လည္း ေအးစက္လွေသာေတာင္ေပၚေဒသကိုအံတုကာ ခ်စ္ျခင္းေမတၱာအေငြ႕အသက္ေၾကာင့္ ေႏြးေထြးလ်က္႐ွိေလသည္။
#Zawgyi

#Blfic
-Hanna
2022 Oct 24 Mon
11:45PM

Continue Reading

You'll Also Like

612K 59.4K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
247K 13.4K 50
Unicode> "ခင်ဗျား ဘယ်သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" Zawgyi> "ခင္ဗ်ား ဘယ္သူလဲ?" "ကိုကမင္းေလ!မင္းရဲ့Parallel Worldက ယင္းယာ!" Star D...
244K 20.1K 30
The blue sea and its bright sun.