" သူငယ်ချင်းလို လုပ်မနေနဲ့ ၊ မင်းနဲ့ငါ ဘာမှ မပက်သက်ဘူး "
ရောင်နီက တကယ်ဘဲ လရောင်တမန်အပေါ်
အမြင်မကြည်သူပါ ၊ စတွေ့တဲ့ နေ့တည်းကပေါ့
" ဟမ့် ! ငါက ဘာလုပ်ပေးရမှာလဲ "
လရောင်ကတော့ အေးတိအေးစက်ပါဘဲ ၊ သူကလည်း အကြောမခံတဲ့ ပုံစံပါ
" တစ်ရုံးလုံးကို လာနှုတ်ဆက်မနေနဲ့ ၊ အခုကစပြီး မင်းနဲ့ပြောစရာ စကားကုန်ပြီ "
" ..................... "
ရောင်နီက ပြောပြီးပြီးချင်းဘဲ ၊ ထိုနေရာမှ ထွက်လာခဲ့သည် ။ ဒီအလုပ်က ရောင်နီ့အတွက် အရေးပါနေလို့သာ သည်းခံထားရတာကို လရောင်တမန်
ရိပ်မိသွားသည် ။ ကျောင်းတုန်းက ပုံစံသာဆို ရောင်နီက သူကိုယ်တိုင် မကြိုက်ရင် ဘာမှ မလုပ်တော့ ....
" နဲနဲတော့ ပြောင်းလဲသွားတယ် ..... ရောင်နီ "
လရောင်တမန်ရဲ့ နှုတ်ဖျားမှ ညင်သာစွာ ခေါ်လိုက်တဲ့ အသံက တစ်ခုခုကို သိနေပုံ
တဖြည်းဖြည်းနဲ့ ညနေစောင်းလာသည် ။
မန်နေဂျာ ဘုန်းခန့်ပိုင်က သူမပြန်ခင် အားလုံးကို သေချာမှာခဲ့သည်
" ဒီနေ့ ဌာနမှူး မွေးနေ့ကွ ၊ အဲ့တာ Supirse လုပ်ပေးမလို့ မင်းတို့အားလုံးက ပုံမှန်ရုံးဆင်းချိန်ဘဲ ပြန်လာ .... ငါကတော့ စီစဉ်စရာတွေရှိလို့ စောစော ပြန်နှင့်မယ် "
* ဟင် ငါလည်း မသိရပါလား ? ဟုတ်သား ရောက်တည်းက ဘယ်သူ့အကြောင်းမှ သေချာ
မသိဘူး *
ရောင်နီက သူလုပ်လက်စ အလုပ်ကိုဘဲ လက်စသပ်နေသည် ။ မထက်က ရုတ်တရက် ရောင့်နီအနားသို့ ရောက်လာပြီး
" ကြည့်ပါအူး အလုပ်တွေမြန်မြန် လက်စသပ်နေတယ် "
" ဟုတ် .... "
" ဒီနေ့တော့ အိမ်တန်းပြန်လို့ မဖြစ်ဘူးနော် "
" ဗျာ ... ကျနော်ပါ လိုက်ရမှာလား "
" ဒါပေါ့ ၊ ဒီနေ့ ဘယ်သူမှ အိမ်မပြန်ရဘူး ၊ အကုန် ညစာစားပွဲလိုက်ခဲ့ရမှာ "
" ဟိုလေ ... မလိုက်လို့ .... "
ရောင်နီ့ စကားပင် မဆုံးသေး ၊ မထက်က ကြိုသိနေပုံရသည်
" မရပါဘူး ... ဒီက ၀န်ထမ်းအသစ် နှစ်ယောက်လုံး လိုက်ကို လိုက်ရမယ် "
" .................... "
ရောင်နီ ငြင်းလို့မရတော့ ၊ စီနီယာဆိုတော့လည်း
သူ ဒီထက်ပိုပြီး မပြောရဲ ...
ခနကြာတော့ လရောင်တမန်က ဌာနမှူး အခန်းထဲ ၀င်သွားသည် ။
" လရောင် ! လာလေကွယ့် "
" ကျနော် မလိုက်တော့ဘူး ၊ လူရှုပ်တာ
သိပ်မကြိုက်လို့ "
အားလုံးက Supirse လို့သာ ပြောနေတာ ၊ နှစ်တိုင်းဆိုတော့ ဌာနမှူးက ကြိုသိနေပုံရသည် ။
" ဟဟ ! အဲ့တာကို ဒီအထိ လာပြောရလား "
လရောင်က ဌာနမှူးကို လေးစားသမှုနဲ့ သူကိုယ်တိုင်လာပြောပုံရသည် ၊ ရုံး စောစောဆင်းဖို့လည်း ပြောဖို့ ဖြစ်သည်
" အဲ့တာဆို ကျနော် အခု ရုံးဆင်းတော့မယ် "
အခန်းအပြင်ပြန်ထွက်ချိန် ... တံခါး၀မှာ ရပ်နေသော ဇောင်းရိပ် .....
" လရောင်တမန် ? ဌာနမှူးနဲ့ ရင်းနှီးပုံဘဲ "
" .................... "
လရောင်က ဘာမှ ပြန်မဖြေဘဲ ... ခပ်တည်တည်
ကျော်သွားသည် ၊ ဇောင်းရိပ်က ခက်ထေ့ထေ့လေး ပြုံးကာ ... သက်ပြင်ချလိုက်ရင်း ... ဌာနမှူး အခန်းသို့ ၀င်လာသည်
လရောင်တမန် ရုတ်တရက် သတိရသွားသည် ၊ ခြေလှမ်းတွေ ရပ်တန့်လိုက်ပြီး .... တစ်ခုခုစဉ်းစားနေဟန်
* အကုန်လုံး ? သူပါ ပါမှာပေါ့ ? *
အခုမှ သူဇောင်းရိပ်ကို သတိထားမိသွားသည် ၊ ဒီည ညစာစားပွဲမှာ ဇောင်းရိပ်ရော ရောင်နီရောပါ
သေချာပေါက် ပါမှာကို ....
* တောက် ချီးကွာ ! *
_____________________________
မိနစ် ၃၀ ကြာသော် ....
ကားပေါ်မှာ ထိုင်နေသော လရောင်တမန် ...
အခုထိ အိမ်မပြန်သေး .... ရုံးက ထွက်လာတည်းက ကားပေါ်ထိုင်စောင့်နေပုံ ရသည်
" ရောင်နီ ! ကိုယ့်ကားနဲ့ လိုက်ခဲ့မလား ? "
ဇောင်းရိပ်က အချိုသာဆုံးပြုံးရင် လှမ်းခေါ်လိုက်သည် ။
" ရပါတယ် ... ကျနော် မန်နေဂျာနဲ့ဘဲ လိုက်ခဲ့ပေါ့မယ် "
ရောင်နီက Busနဲ့ ပြန်နေကျ ဆိုတော့
ရုံး ဖယ်ရီ မစီး .....အားလုံးက ဖယ်ရီနဲ့ဘဲ
ချိန်းထားတဲ့ စားသောက်ဆိုင်ကို သွားကြမှာ ဆိုတော့ .... လူကပြည့်သွားသည်
" ရောင်နီ ! မထက်ပြောဖို့ အားနာနေတာ ၊ ဖယ်ရီက လူပြည့်သွားပြီ "
" အာ ဟုတ်လား ! "
မထက်ဘေးက စုမြတ်က မဝံ့မရဲလေးနဲ့
" ဟို ... စုမြတ်နေရာ ၀င်ထိုင်လို့ရပါတယ် "
မိန်းကလေးက ဦးစားပေးနေတော့ ရောင်နီ တန်းငြင်းတော့တာဘဲ
" အာ ရပါတယ်ဗျာ ...ကျနော် .... "
" ကိုယ်နဲ့ လိုက်ခဲ့ လိုက်တော့ ... ဟုတ်ပြီလား "
မထက်လည်း အခုမှ သတိရသွားသည် ၊ ရောင်နီ့ကို bus စီးခိုင်းပြီး လာခိုင်းလို့လည်း မဖြစ်တော့
" ဟုတ်သားဘဲ ၊ အဖွဲ့ခေါင်းဆောင်နဲ့ဆို အဆင်ပြေမှာ .... "
" ဗျာ ... ဟိုဟာ "
" ကဲ အဖွဲ့ခေါင်းဆောင်နဲ့ဘဲ လိုက်ခဲ့တော့နော်
မထက်တို့ သွားနှင့်ပြီ "
" ....................."
ခနတာ တိတ်ဆိတ်သွားသည် ။
" ကိုယ်တို့လည်း သွားရအောင် ! "
" ဟုတ်ကဲ့ "
ငြင်းမရတဲ့အဆုံး ရှေ့ခန်းမှာဘဲ ၀င်ထိုင်လိုက်သည်
* အော် ! ညစာစားပွဲတောင် အတူသွားတယ်ပေါ့
ငါနဲ့ကလွဲရင် အကုန်လုံးကို သဘောတွေကောင်းနေတာဘဲ *
လရောင်တမန် စိတ်ကိုလျှော့ချလိုက်ပြီး
သူပါ ညစာစားပွဲကို လိုက်သွားတော့သည်
မသိစိတ်ကတော့ ဇောင်းရိပ်နဲ့ ရောင်နီ့ကို အတူထားလို့မရဘူးဆိုတာဘဲ ....
သူတို့ကြားထဲမှာ ဘာတွေဖြစ်ခဲ့လဲ မသိပေမယ့်
တစ်ယောက်ယောက်ကတော့ အားလုံးမှတ်မိနေပုံပါ ....
" ဟေး .... ရောင်နီတို့လည်း ရောက်လာပြီကို "
မန်နေဂျာက တက်ကြွစွာ လှမ်းခေါ်လိုက်သည်
" အဖွဲ့ခေါင်းဆောင် ဒီမှာ ထိုင်ပါ "
" ဒါနဲ့ လရောင်တမန် မရောက်သေးပါလား "
မထက်က ဟိုရှာ ဒီရှာနဲ့ .... လှမ်းမေးလိုက်သည်၊
၀န်ထမ်းအသစ်ဆိုတော့ အားလုံးက မှတ်မိနေသည် ။
" ဆောရီးပါ ကျနော် နောက်ကျသွားတယ် "
ရောင်နီနဲ့ မျက်နှာချင်းဆိုင် စားပွဲဝိုင်းမှာ ၀င်ထိုင်လိုက်သည် ၊ စားပွဲမတူသောကြောင့် ... အနည်းငယ် အလှမ်းဝေးသည်
လရောင်တမန်ရဲ့ ချောမောမှုနဲ့ စမတ်ကျမှုက စားသောက်ဆိုင်က ကောင်မလေးတွေကပါ အကြည့်မခွာနိုင်တော့ .....
" ဝေါင်း ! လရောင်က တကယ်ကို စော်ကြည်တာဘဲ "
မန်နေဂျာက လှမ်းစလိုက်သည်
" ဟဟ! မဟုတ်ရပါဘူး "
" ကျောင်းတုန်းက ကောင်မလေးတွေ ရှိမှာပေါ့ "
" Ahh! ........."
သေချာမဖြေဘဲ ပြုံးပြလိုက်သည် ။
မထက်ကလည်း စနောက်ပြန်သည်
" အခုလည်း ရှိမှာပါ ၊ ဒီလောက် ချောတာကို "
" မရှိပါဘူး ! "
လရောင်က ရုပ်တည်ကြီးနဲ့ ချက်ချင်းပြန်ဖြေလိုက်သည်
" ဝေါင်း တကယ်ကြီး ! မယုံနိုင်ဘူးနော် ၊ ဖွက်ထားတာ များလား ? "
ရင်ထဲက မပါတဲ့ အပြုံးတွေသာ ပြုံးနေရင်း
သူ့ရှေ့က ရောင်နီ့ကို လှမ်းကြည့်လိုက်သည် ။
" ရောင်နီ ! ဒီဟာမကြိုက်လို့လား ? "
သေချာတာကတော့ ဇောင်းရိပ်က ရောင်နီနဲ့
တစ်ဝိုင်းထဲ ထိုင်လိုက်ရသည်
" ဗျာ ! ကျနော် ကရပါတယ် "
" သောက်နိုင်တယ်မလား ? "
" ဟူတ်ကဲ့ "
ဇောင်းရိပ်က ရောင်နီ့ ခွက်ထဲ ဝိုင် အနည်းငယ်
ထည့်ပေးလိုက်သည်
" ဒါမကုန်ရင် အိမ်မပြန်ရဘူးတဲ့ ... ညစာစားပွဲက အမြဲ အဲ့လိုဘဲ "
ဇောင်းရိပ်က အမြဲ ကြုံနေကျမို့ ရောင်နီ့ကို ပြောပြနေသည် ။
* ဒါကုန်ရင် ရပီမလား ၊ မြန်မြန်သောက်ပြီး အိမ်ပြန်လိုက်မယ် *
ဘာမှ မပြောဘဲ ၊ မော့ချလိုက်သည် ။
တစ်ခွက် ၊ နှစ်ခွက် ၊ ၁၀ ခွက်မြောက်သော် ....
" ရောင်နီ ! အဆင်ပြေရဲ့လား ? ကိုယ်
ဆက်သောက်ပေးမယ်လေ "
" ရ .... ရပါတယ် "
" မရဘူးထင်တယ် ၊ တော်ပြီ မသောက်နဲ့တော့နော် "
" ကျနော် ....သန့်စင်ခန်း .... "
ရောင်နီ တစ်ပုလင်းကုန်အောင်တောင် မသောက်နိုင်တော့တာကို လရောင် လှမ်းကြည့်လိုက်သည်
* သူတော်တော် ပြောင်းလဲသွားပါလား ? *
" ကိုယ်လိုက်ပို့ပေးမယ် ၊ ဒီက နဲနဲဝေးလို့ "
ဇောင်းရိပ်က ရောင်နီ့ကို တွဲထူလျက် .... ဖြည်းဖြည်းချင်း အပြင်သို့ ထွက်လာသည်
" အဖွဲ့ခေါင်းဆောင်က ဂျူနီယာတွေကို အရမ်း ဂရုစိုက်တာ "
" ဟုတ်ပ ဟုတ်ပ ! ရုပ်လေးလည်း ချော ၊ ဂျူနီယာတွေအပေါ်လည်း တန်းတူဆက်ဆံပေးတာ "
" ဒါမယ့် မိန်းကလေးတွေတော့ အဖွဲ့ခေါင်းဆောင်နားမှာ မတွေ့ဖူးဘူး "
" ဟုတ်လား ? အဖွဲ့ခေါင်းဆောင်က အိမ်ထောင်ရှိလို့နေမှာပေါ့ "
" မဟုတ်ပါဘူး ၊ အဖွဲ့ခေါင်းဆောင်က ရည်းစားတောင် မရှိဘူးတဲ့ "
" ဟယ် ! အဖွဲ့ခေါင်းဆောင် ကြိုက်တဲ့ ကောင်မလေးက ဘယ်လိုမျိုးပါလိမ့် "
လရောင်တမန်ရဲ့ အနောက်စားပွဲဝိုင်းမှ ကောင်မလေးနှစ်ယောက် ပြောနေတာ အကုန်ကြားရသည် ။
" ကျနော် သန့်စင်ခန်းသွားလိုက်ပါအူးမယ် "
ချက်ချင်းဘဲ ကောက်ထပြီး သန့်စင်ခန်းရှိရာသို့ ပြေးလာသည်
" ရောင်နီ ! အဆင်ပြေရဲ့လား "
" ဟုတ် "
ဟုတ်သာ ပြောနေတာ ၊ လူက ယိုင်နဲ့နဲ့ ဖြစ်နေသည်
" အဆင်ပြေရဲ့လား ?
ကိုယ် အထဲထိလိုက်ပေးရမလား "
ရောင်နီ့ အတွက် ဘောင်းဘီကူချွတ်ပေးမယ် ပြောတာပါ ၊ ဒီပုံစံသာဆို ပစ်လဲ သွားမယ့်ပုံ
ရုတ်တရက် ရောင်နီတစ်ယောက် ဇောင်းရိပ်ကို လှမ်းဆွဲလိုက်သည် ။
နတ်ကတိုင်ကနေ အားဖျော့ဖျော့လေး ကိုင်လိုက်ပြီး ...
" နမ်းချင်လား ? "
ဇောင်းရိပ်တစ်ယောက် မှင်သက်သွားရတော့သည် ။ ခနတာ စိတ်ကို ပြန်လျှော့လိုက်ပြီး
" ရောင်နီ ! အရမ်းမူးနေပြီ "
" မမူးပါဘူး ! ကျနော် အများကြီး သောက်နိုင်တယ် "
အခုထိ ဇောင်းရိပ်ရဲ့ နတ်ကတိုင်ကို ကိုင်ထားတာ မလွှတ်သေး ....
" နမ်းချင်လားလို့ ? "
" ....................... "
* ဒါက မူးရင် သူ့ရဲ့ အကျင့်တစ်မျိုးလား ? *
" ဟမ် ! မနမ်းချင်ဘူးပေါ့ ၊ အိုခီ "
အမြန်ဘဲ
ရောင်နီ့ရဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်။
" ကိုယ် နမ်းပေါ့မယ် ၊ ပြီးရင်တော့ စကားနားထောင်နော် "
ရောင်နီက သူလုပ်ချင်တာ မလုပ်ရ မချင်း ရစ်တော့မယ်ပုံ ဖြစ်နေတာမို့ ...
အရက်မူးနေတဲ့ အချိန် ရောင်နီက တအားကိုမှ ကလေးဆန်လွန်းသည် ၊ ရောင်နီ့ လက်တစ်ဖက်ကို တင်းကြပ်စွာ ကိုင်ထားရင်း ခါးကနေ အရှေ့သို့ ဆွဲ ဖက်လိုက်သည် ။
" ရောင်နီ !!!! "
စူးစူးရှရှ အော်သံ .... တစ်ခြားသူ မဟုတ်
သူတို့နှစ်ယောက် ပုံစံကို မြင်သွားတဲ့ လရောင်တမန် ....
အမြန်ပြေးလာပြီး ရောင်နီ့ကို
ဆွဲယူကာ ... ဘာမှစဉ်းစားချိန်မရဘဲ ဇောင်းရိပ်မျက်နှာကို ဆွဲထိုးလိုက်သည် ။
" ခင်ဗျား ဘာလုပ်တာလဲ ? "
ဇောင်းရိပ်က သွေးထွက်သွားတဲ့ သူ့နှုတ်ခမ်းကို
ဖြည်းဖြည်းချင်း သုတ်လိုက်ပြီး မခို့တရို့လေးပြုံးလိုက်သည် ။
" မင်းက အရမ်းကလေးဆန်တာဘဲ "
ဒေါသကို မထိန်းချုပ်ဘဲ တဇွတ်ထိုးလုပ်တက်တဲ့ အကျင့်ကို ရွဲ့ပြောလိုက်သည်။ ဇောင်းရိပ်က ရင့်ကျက်တဲ့သူမို့ ... သူ့စိတ်ကို ထိန်းချုပ်လိုက်သည် ။
" ခင်ဗျားနဲ့ မဆိုင်ဘူး ! "
" ကိုယ်က ကူညီရုံပါ ၊ တစ်ခြား ဘာမှ မလုပ်ပါဘူး "
" ........................ "
လရောင်တမန် စိတ်ကို ဖြည်းဖြည်းချင်း လျှော့ကာ .... ရောင်နီ့ကို ကြည့်လိုက်သည် ၊
* ဆက်ဆက်ထိမခံပါလား ၊ တကယ်ကို စိတ်၀င်စားစရာဘဲ * ဇောင်းရိပ် မသိမသာလေး ပြုံးလိုက်ပြီး ... ဘာမှမပြောဘဲ ထိုနေရာမှ လှည့်ထွက်လာခဲ့သည် ။
_______________________________________
ZawGyi ~
" ..................... "
မသိဘူး *
" ဟုတ် .... "
" ဟိုလေ ... မလိုက်လို့ .... "
" .................... "
" လရောင် ! လာလေကွယ့် "
သိပ်မကြိုက်လို့ "
" .................... "
သေချာပေါက် ပါမှာကို ....
* တောက် ချီးကွာ ! *
_____________________________
မိနစ် ၃၀ ကြာသော် ....
" အာ ဟုတ်လား ! "
" အာ ရပါတယ်ဗျာ ...ကျနော် .... "
" ဗျာ ... ဟိုဟာ "
" ....................."
ခနတာ တိတ်ဆိတ်သွားသည် ။
" ဟုတ်ကဲ့ "
" ဟဟ! မဟုတ်ရပါဘူး "
" Ahh! ........."
" မရှိပါဘူး ! "
" ဗျာ ! ကျနော် ကရပါတယ် "
" သောက်နိုင်တယ်မလား ? "
" ဟူတ်ကဲ့ "
ထည့်ပေးလိုက်သည်
ဆက်သောက်ပေးမယ်လေ "
" ရ .... ရပါတယ် "
" ကျနော် ....သန့်စင်ခန်း .... "
" ဟုတ် "
" အဆင်ပြေရဲ့လား ?
" နမ်းချင်လား ? "
" နမ်းချင်လားလို့ ? "
" ....................... "
အမြန်ဘဲ
" ရောင်နီ !!!! "
" ခင်ဗျား ဘာလုပ်တာလဲ ? "
" ခင်ဗျားနဲ့ မဆိုင်ဘူး ! "
" ........................ "
_______________________________________
ZawGyi ~