Zawgyi
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
ေက်ာင္းတက္ရက္ ပထမဆံုးအေတြ႔အၾကံဳက သူေတြးထင္ထားသလိုမ်ဳိး မေကာင္းမြန္ေသာ္ျငားလည္းပဲ ယြီဂ်င္လီတစ္ေယာက္ အရမ္းေပ်ာ္ရႊင္ေနမိတယ္။ အိမ္သို႔ျပန္ေရာက္ၿပီးေနာက္မွာ ေ႐ွာင္မုလန္နဲ႔ က်န္းဇန္ေထာင္တို႔ ႏွစ္ေယာက္စလံုးက ေက်ာင္းကိစၥအေၾကာင္းအရာအခ်ဳိ႕ကို စိုးရိမ္ပူပန္စြာ ေမးျမန္းလိုက္ၾကတယ္။ ယြီဂ်င္လီက သူ႔ရဲ႕ေကာလိပ္ေက်ာင္းသားဘဝအေၾကာင္းကို သူတို႔ေတြကို ေပ်ာ္ရႊင္စြာ ျပန္လည္ေဝမွ်လိုက္တယ္။ ဒီေန႔ ဆရာေတြ ဘာသင္လိုက္သလဲဆိုတာနဲ႔ သူဘာေတြ သင္ယူခဲ့သလဲ ဆိုတာကိုေပါ့။ သူဘာေတြ လုပ္ခဲ့သလဲ ဆိုတာေတြကို အေသးစိတ္က်က် မိဘႏွစ္ေယာက္ကို ျပန္လည္ေျပာျပလိုက္တယ္။
ယြီဂ်င္လီတစ္ေယာက္ ေက်ာင္းတက္ႏိုင္သြားတာေၾကာင့္ အမွန္တကယ္ ေပ်ာ္ရႊင္ေနတယ္ဆိုတာကို ေ႐ွာင္မုလန္နဲ႔ က်န္းဇန္ေထာင္တို႔တေတြ ျမင္ႏိုင္ပါတယ္။ ကေလးေပ်ာ္ရႊင္ေနတာကို ျမင္ေတြ႔ရတာ သူတို႔ေတြလည္း စိတ္ခ်မ္းသာပါတယ္ေလ။
သို႔ေသာ္လည္း ႏွစ္ေယာက္သားမွာလည္း က်န္းေမာ့႐ွန္းနည္းတူ ယြီဂ်င္လီတစ္ေယာက္ ဒီလိုမ်ဳိး ဖ႐ိုဖရဲပရမ္းပတာျဖစ္ေနတဲ့ အတန္းထဲမွာ ဘာဗဟုသုတအစစ္အမွန္ကိုမွ မေလ့လာမသင္ယူႏိုင္ပဲ အဲ့ဒီေက်ာင္းသားေတြရဲ႕ဆြဲေဆာင္ျခင္း ခံသြားရႏိုင္တယ္ဆိုတဲ့ စိုးရိမ္စိတ္ေတြ ႐ွိေနၾကပါတယ္။
"ဇန္ေထာင္ ေ႐ွာင္လီအတြက္ အတန္းေျပာင္းေပးလို႔ ရႏိုင္မလားလို႔ ႐ွင္ၾကည့္ၾကည့္ပါလား?" ေ႐ွာင္မုလန္က စိုးရိမ္တႀကီးနဲ႔ ေျပာလိုက္တယ္။
"ေ႐ွာင္လီမွာက စိတ္စြမ္းအားအဆင့္နိမ့္႐ွိေနတယ္။ ေက်ာင္းကိုလည္း ေနာက္က်မွဝင္ခဲ့တာ။ တစ္ျခားအတန္းေတြရဲ႕ သင္ၾကားမႈျဖစ္စဥ္ကို သူအမွီလိုက္ႏိုင္မွာ မဟုတ္ဘူး။ ၿပီးေတာ့ သူဒီအေျခအေနမ်ဳိးနဲ႔ တစ္ျခားအတန္းဆီ ေျပာင္းသြားခဲ့မယ္ဆိုရင္ အဲ့ဒီေက်ာင္းသားေတြရဲ႕ သီးျခားဖယ္ၾကဥ္ထားျခင္းခံရမွာကို ကိုယ္စိုးရိမ္မိတယ္။" ေ႐ွာင္မုလန္ထက္ အနည္းငယ္ပိုစိုးရိမ္ေနမွန္း သိသာပါတယ္။
"အဲ့ဒါဆို ဘယ္လိုလုပ္ရမလဲ? ကြၽန္မတို႔အခု ေ႐ွာင္လီေလးကို ေက်ာင္းလႊတ္လိုက္တာက သူ႔ရဲ႕ေကာလိပ္ေက်ာင္းသားဘဝမွာ အနည္းငယ္ပိုၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရပါေစဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ေလ။ ေ႐ွာင္လီေလးက အရမ္းသင္လြယ္၊ တတ္လြယ္တာ။ ဒါေပမဲ့ သူ႔ရဲ႕အတန္းေဖာ္ေတြနဲ႔ ဆရာေတြေၾကာင့္ သူဘာတစ္ခုကိုမွ မသင္ယူႏိုင္ခဲ့ဘူးေလ။ သူဘယ္လိုလုပ္ၿပီး ေပ်ာ္ရႊင္ႏိုင္မွာလဲ?" အခုခ်ိန္မွာ ေ႐ွာင္မုလန္တစ္ေယာက္ အတန္း F က ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသားေတြအေၾကာင္းကိုပါ မေက်မနပ္ ညည္းညဴေျပာဆိုလိုက္မိတယ္။
ဆရာတစ္ေယာက္အေနနဲ႔ သင္ယူတဲ့ေနရာမွာေတာ္တဲ့ ေက်ာင္းသားေတြရဲ႕ အခက္အခဲ၊ သံသယေတြကို အေျဖမေပးႏိုင္ဘူးတဲ့ေလ။ ဘယ္လိုမ်ဳိး ဆရာဆက္ၿပီး လုပ္ေနေသးတာလဲ? ေ႐ွာင္မုလန္တစ္ေယာက္ ေဒါသတႀကီး ေတြးေတာလိုက္မိတယ္။
"မျဖစ္ေသးပါဘူး။ မနက္ျဖန္ ကြၽန္မေက်ာင္းကို သြားၿပီးေတာ့ ေက်ာင္းအုပ္ႀကီးနဲ႔ စကားသြားေျပာၾကည့္ရမယ္။" ေ႐ွာင္မုလန္တစ္ေယာက္ အခိုင္အမာ ေျပာလိုက္တယ္။ ပထမဦးဆံုးအႀကိမ္အေနနဲ႔ ငါ့ကေလးရဲ႕ေက်ာင္းပတ္ဝန္းက်င္နဲ႔ ပတ္သက္ၿပီး မိဘတစ္ေယာက္ရဲ႕စိုးရိမ္စိတ္ကို ငါခံစားလိုက္ရတယ္။
က်န္းေမာ့႐ွန္း ပထမစစ္တပ္အကယ္ဒမီမွာ တက္ေရာက္တုန္းကဆိုရင္ သူမအာရံုစိုက္ေပးဖို႔ လံုးဝကို မလိုအပ္ခဲ့ပါဘူး။ သူက အရာအားလံုးကို အလြယ္တကူ ေခ်ာေခ်ာေမြ႔ေမြ႔ လုပ္ေဆာင္ႏိုင္ခဲ့ၿပီးေတာ့ သူ႔ရဲ႕မိဘေတြကို မိဘဝတ္တရားမေက်ပြန္ဘူးလို႔ အရမ္းခံစားရေအာင္ ျပဳလုပ္ခဲ့တယ္။ ဒါကလည္း ေ႐ွာင္မုလန္အတြက္ ေနာင္တရစရာ ကိစၥရပ္ေတြထဲကတစ္ခု ျဖစ္လာခဲ့တယ္။
အခုခ်ိန္မွာ သစ္အယ္သီးေလး ႐ွိလာၿပီးတဲ့ေနာက္မွာ သူမရဲ႕ေနာင္တအကုန္လံုးနီးပါးက သစ္အယ္သီးေလးေၾကာင့္ ဆႏၵေတြ ျပည့္ဝသြားခဲ့ရတာေၾကာင့္ ေ႐ွာင္မုလန္တစ္ေယာက္ ယြီဂ်င္လီကို ပိုၿပီးခ်စ္ခင္ႏွစ္သက္လာခဲ့တယ္။
သူ႔ဇနီးသည္ရဲ႕ ရည္ရြယ္ခ်က္ကို ရိပ္စားမိေတာ့ မနက္ျဖန္က်ရင္ သူ႔ဇနီးသည္က ေက်ာင္းအုပ္ဆီကို မာ႐ွယ္ရဲ႕ဇနီးသည္ဆိုတဲ့နာမည္နဲ႔ သြားေတြ႔မွာမဟုတ္ပဲ ေက်ာင္းသားရဲ႕မိဘတစ္ေယာက္အေနနဲ႔ပဲ သြားေတြ႔မွာ ဆိုတာကို သူသိေနတာေၾကာင့္ က်န္းဇန္ေထာင္တစ္ေယာက္ မည္သည့္ကန္႔ကြက္ခ်က္မ်ဳိးကိုမွ ထုတ္ေဖာ္ ေျပာဆိုမေနေတာ့ပါဘူး။
"အေမ ကြၽန္ေတာ္အေမ့ကို ေျပာျပဖို႔ ေမ့သြားတာ တစ္ခု႐ွိတယ္။" ယြီဂ်င္လီတစ္ေယာက္ အခန္းထဲမွာ စြမ္းအင္ကတ္အသစ္ေတြကို ဆြဲေလ့က်င့္ေနရင္း ႐ုတ္တရက္ မနက္တုန္းက ဆရာသူ႔ကို ေျပာခဲ့တဲ့စကားကို ေတြးမိသြားတာေၾကာင့္ သူေအာက္ကို အလ်င္အျမန္ ေျပးဆင္းလာခဲ့တယ္။
"ဘာျဖစ္လို႔လဲ? သစ္အယ္သီးေလး" ေ႐ွာင္မုလန္က ယြီဂ်င္လီကို ညင္သာစြာ ၾကည့္လိုက္ၿပီးေတာ့ အျပံဳးေလးနဲ႔ ေမးလိုက္တယ္။
"အေမ မနက္ျဖန္ကေနစၿပီး ကြၽန္ေတာ္ေက်ာင္းမွာ စေနလို႔ရၿပီလို႔ ဆရာမက ေျပာလိုက္တယ္။" ယြီဂ်င္လီက ေခါင္းေလးအနည္းငယ္ ေစာင္းၿပီးေတာ့ ေျပာလိုက္တယ္။
ဘာလို႔ သူအိမ္မျပန္ႏိုင္ပဲ ေက်ာင္းမွာပဲ ေနရတာလဲဆိုတာကို သူနားမလည္ေပမဲ့ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားတိုင္းက ေက်ာင္းထဲမွာပဲ ေနရမယ္လို႔ ဆရာမက ေျပာခဲ့ၿပီးေတာ့ အတိတ္ဘဝမွာတုန္းကလည္း ေက်ာင္းသားအမ်ားစုက ေက်ာင္းထဲမွာပဲ ေနၾကတယ္ေလ။
ေက်ာင္းမွာေနရတာက ယြီဂ်င္လီအတြက္ အေတြ႔အၾကံဳအသစ္တစ္ခု ျဖစ္ေနတာေၾကာင့္ သူအေတာ္ေလးကို လက္ႏိုင္ခံစြမ္းအျပည့္ ျဖစ္ေနတယ္။
ေ႐ွာင္မုလန္နဲ႔ က်န္းဇန္ေထာင္တို႔တေတြက ေ႐ွာင္လီေလးကို ေက်ာင္းမွာေနခိုင္းဖို႔အတြက္ကို တြန္႔ဆုတ္ေနၾကေသာ္ျငားလည္းပဲ ဒါက ပထမစစ္တပ္အကယ္ဒမီရဲ႕ စည္းမ်ဥ္းဆိုတာကိုလည္း သူတို႔ေတြ သိထားၾကတယ္။ ဒီေန႔မွာ ေကာင္ငယ္ေလးကို အိမ္ျပန္ေနခြင့္ျပဳထားတာကကို အထူးအခြင့္အေရးတစ္ခု ျဖစ္ေနၿပီျဖစ္တယ္။
"ဟုတ္ပါၿပီ။ သားအေမက သားအတြက္ ကူထုပ္ပိုးေပးၿပီးေတာ့ မနက္ျဖန္က်ရင္ သားကို ေက်ာင္းေခၚေဆာင္သြားေပးတာကို ေစာင့္။ ဟုတ္ၿပီလား?" ေ႐ွာင္မုလန္က အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။
ေနာက္ဆံုးမွာေတာ့ ငါ့ကေလးကို ေက်ာင္းသြားပို႔ရတဲ့ခံစားခ်က္ကို ငါတစ္ခါၾကံဳေတြ႔ဖူးရေတာ့မယ္ေပါ့။ အတိတ္တုန္းက ငါ့သားေက်ာင္းတက္တဲ့ အခ်ိန္တုန္းကဆိုရင္ ေကာလိပ္ကို မေျပာနဲ႔။ မူလတန္းေက်ာင္းေလးကိုေတာင္ သူမတစ္ခါမွ ပို႔ခြင့္မ႐ွိခဲ့ဖူးတာေၾကာင့္ ဒီကိစၥက အေမတစ္ေယာက္အေနနဲ႔ သူမကို အရမ္းစိတ္မခ်င့္မရဲျဖစ္ေစခဲ့တယ္ေလ။
ေအာင္ျမင္မႈ အရသာေလးပဲ။
"ဟုတ္ကဲ့။" ယြီဂ်င္လီက ေပ်ာ္ရႊင္စြာ ရယ္ေမာလိုက္တယ္။ ဒီအျပံဳးကို ျမင္လိုက္ရတဲ့လူတိုင္း စိတ္အေျခအေန အေတာ္ေလး ေကာင္းမြန္လာခဲ့ၾကတယ္။
ေ႐ွာင္မုလန္တစ္ေယာက္ မနက္ျဖန္အတြက္ ယြီဂ်င္လီကို အေပၚထပ္ဆီ ေခၚေဆာင္သြားၿပီး သူ႔အတြက္ ခရီးေဆာင္အိတ္ကို ထုပ္ပိုးေပးဖို႔အတြက္ကို ေစာင့္မေနႏိုင္ေတာ့တာမို႔ မ်က္လံုးအႀကီးႀကီးတစ္စံုနဲ႔ မ်က္လံုးအေသးေလးတစ္စံုတို႔ျဖင့္ တိတ္တဆိတ္ ထိုင္ၾကည့္ေနၾကတဲ့ က်န္းေမာ့႐ွန္းနဲ႔ က်န္းဇန္ေထာင္တို႔ သားအဖႏွစ္ေယာက္ကို ထားရစ္ခဲ့လိုက္ၿပီး ထြက္ခြာသြားလိုက္ေတာ့တယ္။
ေနာက္တစ္ေန႔မနက္ခင္းတြင္ ယြီဂ်င္လီကို ေက်ာင္းသြားပို႔ေတာ့မွာျဖစ္တယ္။ က်န္းဇန္ေထာင္ကလည္း သူနဲ႔အတူလိုက္သြားဖို႔ စီစဥ္ေနတယ္။ သို႔ေသာ္လည္း စစ္တပ္ထဲမွာ ကိစၥတစ္ခု ေပၚလာခဲ့တာေၾကာင့္ သူစစ္တပ္ဆီကိုပဲ အရင္လာခဲ့လိုက္ရတယ္။
ပထမစစ္တပ္အကယ္ဒမီမွာ ဒီေန႔က ေက်ာင္းပိတ္ရက္ျဖစ္တယ္။ ေက်ာင္းသားတစ္ေယာက္ရဲ႕အိမ္က ေက်ာင္းနဲ႔ ဘယ္ေလာက္ပဲ နီးကပ္ေနပါေစ။ အိမ္က ေက်ာင္းရဲ႕တစ္ဖက္ျခမ္းမွာ ႐ွိေနတယ္ ဆိုရင္ေတာင္မွ ေက်ာင္းသားေတြက ေက်ာင္းထဲမွာပဲ ေနၾကရမွာျဖစ္ၿပီးေတာ့ ဆရာ၊ ဆရာမေတြကလည္း အတူတူသာျဖစ္တယ္။
ဒါ့အျပင္ ျပည္ေထာင္စုတပ္မေတာ္ရဲ႕ အရန္တပ္မေတာ္တစ္ခုအေနနဲ႔ ပထမစစ္တပ္အကယ္ဒမီက ဒီအလိုလိုက္ အႀကိဳက္ေဆာင္ခံထားရတဲ့ သခင္ေလး၊ သခင္မေလးေတြကို စုေပါင္းဘဝရဲ႕အေတြ႔အၾကံဳကို သင္ၾကားေပးရမွာ ျဖစ္တယ္။
သို႔ေသာ္လည္း ပထမစစ္တပ္အကယ္ဒမီမွာက အပတ္တိုင္း ပိတ္ရက္တစ္ရက္ ႐ွိပါတယ္။ အိမ္ျပန္ခ်င္ၾကတဲ့ ေက်ာင္းသားေတြအပါအဝင္ အဲ့ရက္မွာ ေက်ာင္းသားေတြက လြတ္လြတ္လပ္လပ္ သြားလာလႈပ္႐ွားႏိုင္ၾကပါတယ္။
ထို႔ေၾကာင့္ စုေပါင္းေက်ာင္းတက္ရတဲ့ ဘဝအေတြ႔အၾကံဳက ေက်ာင္းသားေတြအတြက္ လက္ခံဖို႔ အထူးခဲယဥ္းျခင္းမ႐ွိေပ။ အထူးသျဖင့္ တစ္ဦးတည္းေသာ ကေလးေတြအတြက္ ဒါက အလြန္ဆန္းသစ္တဲ့ အေတြ႔အၾကံဳအသစ္တစ္ခု ျဖစ္ေနတာျဖစ္တယ္။
ယြီဂ်င္လီကလည္း လာမဲ့ေနထိုင္မႈဘဝအေပၚမွာ ေမွ်ာ္လင့္ေစာင့္စားေနမိတယ္။ ေက်ာင္းမွာ႐ွိတဲ့ အရာအားလံုးက သူ႔အတြက္ ပထမဦးဆံုး အေတြ႔အၾကံဳတစ္ခုလို႔ ေျပာလို႔ရၿပီးေတာ့ အရာအားလံုးက ဆန္းသစ္ေနတာျဖစ္တယ္။
အေဆာင္ဝင္ရန္ လိုအပ္တာေၾကာင့္ ဒီမနက္ခင္းတြင္ ယြီဂ်င္လီကို အတန္းသြားတက္စရာမလိုပဲ အေဆာင္ထဲမွာပဲ အခန္းသန္႔႐ွင္းေရးလုပ္ဖို႔အတြက္ ေနခြင့္ျပဳခဲ့တယ္။ မြန္းလြဲပိုင္းတြင္ သူအတန္းသြားတက္ႏိုင္တယ္ေလ။
"သစ္အယ္သီးေလးရဲ႕အေဆာင္က ဘယ္ေနရာမွာလဲ?" ေ႐ွာင္မုလန္က အျပံဳးေလးနဲ႔ ေမးလိုက္တယ္။ "ဆရာမေျပာတာေတာ့ ကတ္လက္မႈအတတ္ပညာအေဆာက္အအံု အခန္းနံပါတ္ ၇၀၇ တဲ့။" ယြီဂ်င္လီက ႐ိုးသားစြာ ေျပာလိုက္တယ္။
တစ္ခ်ိန္တုန္းက က်န္းေမာ့႐ွန္းက ပထမစစ္တပ္အကယ္ဒမီကေန ဘြဲ႔ရခဲ့တာျဖစ္တယ္။ ေက်ာင္းသားေတြရဲ႕ ေနထိုင္ရာ အေဆာက္အအံုတည္ေနရာကို သိေနတာက သဘာဝက်ပါတယ္။ ပထမစစ္တပ္အကယ္ဒမီရဲ႕ အကယ္ဒမီတစ္ခုခ်င္းစီမွာ သီးျခားသင္ၾကားေရး အေဆာက္အအံုနဲ႔ သူ႔ရဲ႕ကိုယ္ပိုင္ ေလ့က်င့္ေရးကြင္းေတြ ႐ွိေသာ္ျငားလည္းပဲ ေက်ာင္းသားေတြရဲ႕ စုေပါင္းဘဝအေတြ႔အၾကံဳခံစားခ်က္ကို ျပဳစုပ်ိဳးေထာင္ဖို႔အတြက္ ပေရာ္ဖက္႐ွင္နယ္ ေနရာထိုင္ခင္း အေဆာက္အအံုမ်ားကို အတူတကြ စုေပါင္းတည္ေဆာက္ထားတယ္။
ေမဂ်ာရပ္အားလံုးထဲတြင္ ကတ္လက္မႈအတတ္ပညာေမဂ်ာရပ္က ေက်ာင္းသားအေရအတြက္ အနည္းဆံုး႐ွိတာမို႔ ေနရာထိုင္ခင္း အေဆာက္အအံုက တစ္ခုတည္းသာ႐ွိၿပီးေတာ့ တစ္ျခားေမဂ်ာရပ္ေတြရဲ႕ ေနရာထိုင္ခင္း အေဆာက္အအံုေတြနဲ႔ ပတ္လည္ဝိုင္းရံထားျခင္း ခံထားရၿပီးေတာ့ ဒီအေဆာက္အအံုကို ကာကြယ္ထားသကဲ့သို႔ ျဖစ္ေနတယ္။
က်န္းေမာ့႐ွန္းက ေ႐ွာင္မုလန္နဲ႔ ယြီဂ်င္လီတို႔တေတြကို ကတ္လက္မႈအတတ္ပညာရပ္ အေဆာက္အအံု တည္႐ွိေနတဲ့ေနရာဆီကို တိုက္႐ိုက္ ေခၚေဆာင္သြားလိုက္တယ္။
ပံုမွန္အားျဖင့္ ေက်ာင္းသားေတြက အတန္းထဲမွာ ႐ွိေနၾကတာေၾကာင့္ ေနရာထိုင္ခင္းဧရိယာမွာ လူအနည္းငယ္ေလးသာ ႐ွိေနၾကတယ္။ သံုးေယာက္သား ကတ္လက္မႈအတတ္ပညာရပ္ အေဆာက္အအံု ေအာက္ထပ္ဆီကို တိုက္႐ိုက္ ေမာင္းႏွင္သြားလိုက္တယ္။
တစ္ေယာက္ေယာက္က ကားနဲ႔ ဝင္ေရာက္လာတာကို ျမင္လိုက္ရေတာ့ အေဆာင္မန္ေနဂ်ာက မ်က္ေမွာင္ၾကဳပ္လိုက္မိတယ္။
ပထမစစ္တပ္အကယ္ဒမီမွာ ေက်ာင္းသားသစ္ေလးေတြ နာမည္စာရင္းသြင္းတဲ့ ေန႔တစ္ေန႔တည္းသာ လူတိုင္းကို ေက်ာင္းဆီ ကိုယ္ပိုင္ကားနဲ႔ လာခြင့္ျပဳထားတာျဖစ္တယ္။ က်န္အခ်ိန္ေတြမွာဆိုရင္ ဘယ္အဆင့္အတန္း႐ွိတဲ့ ေက်ာင္းသားမ်ဳိးပဲျဖစ္ျဖစ္ ေက်ာင္းဘတ္စ္ကားကိုသာ စီးၾကရမွာျဖစ္တယ္။
Unicode
Chapter(86):ဆိုးရွားသော ပတ်ဝန်းကျင်-1
ကျောင်းတက်ရက် ပထမဆုံးအတွေ့အကြုံက သူတွေးထင်ထားသလိုမျိုး မကောင်းမွန်သော်ငြားလည်းပဲ ယွီဂျင်လီတစ်ယောက် အရမ်းပျော်ရွှင်နေမိတယ်။ အိမ်သို့ပြန်ရောက်ပြီးနောက်မှာ ရှောင်မုလန်နဲ့ ကျန်းဇန်ထောင်တို့ နှစ်ယောက်စလုံးက ကျောင်းကိစ္စအကြောင်းအရာအချို့ကို စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ကြတယ်။ ယွီဂျင်လီက သူ့ရဲ့ကောလိပ်ကျောင်းသားဘဝအကြောင်းကို သူတို့တွေကို ပျော်ရွှင်စွာ ပြန်လည်ဝေမျှလိုက်တယ်။ ဒီနေ့ ဆရာတွေ ဘာသင်လိုက်သလဲဆိုတာနဲ့ သူဘာတွေ သင်ယူခဲ့သလဲ ဆိုတာကိုပေါ့။ သူဘာတွေ လုပ်ခဲ့သလဲ ဆိုတာတွေကို အသေးစိတ်ကျကျ မိဘနှစ်ယောက်ကို ပြန်လည်ပြောပြလိုက်တယ်။
ယွီဂျင်လီတစ်ယောက် ကျောင်းတက်နိုင်သွားတာကြောင့် အမှန်တကယ် ပျော်ရွှင်နေတယ်ဆိုတာကို ရှောင်မုလန်နဲ့ ကျန်းဇန်ထောင်တို့တတွေ မြင်နိုင်ပါတယ်။ ကလေးပျော်ရွှင်နေတာကို မြင်တွေ့ရတာ သူတို့တွေလည်း စိတ်ချမ်းသာပါတယ်လေ။
သို့သော်လည်း နှစ်ယောက်သားမှာလည်း ကျန်းမော့ရှန်းနည်းတူ ယွီဂျင်လီတစ်ယောက် ဒီလိုမျိုး ဖရိုဖရဲပရမ်းပတာဖြစ်နေတဲ့ အတန်းထဲမှာ ဘာဗဟုသုတအစစ်အမှန်ကိုမှ မလေ့လာမသင်ယူနိုင်ပဲ အဲ့ဒီကျောင်းသားတွေရဲ့ဆွဲဆောင်ခြင်း ခံသွားရနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။
"ဇန်ထောင် ရှောင်လီအတွက် အတန်းပြောင်းပေးလို့ ရနိုင်မလားလို့ ရှင်ကြည့်ကြည့်ပါလား?" ရှောင်မုလန်က စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။
"ရှောင်လီမှာက စိတ်စွမ်းအားအဆင့်နိမ့်ရှိနေတယ်။ ကျောင်းကိုလည်း နောက်ကျမှဝင်ခဲ့တာ။ တစ်ခြားအတန်းတွေရဲ့ သင်ကြားမှုဖြစ်စဉ်ကို သူအမှီလိုက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူဒီအခြေအနေမျိုးနဲ့ တစ်ခြားအတန်းဆီ ပြောင်းသွားခဲ့မယ်ဆိုရင် အဲ့ဒီကျောင်းသားတွေရဲ့ သီးခြားဖယ်ကြဉ်ထားခြင်းခံရမှာကို ကိုယ်စိုးရိမ်မိတယ်။" ရှောင်မုလန်ထက် အနည်းငယ်ပိုစိုးရိမ်နေမှန်း သိသာပါတယ်။
"အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ? ကျွန်မတို့အခု ရှောင်လီလေးကို ကျောင်းလွှတ်လိုက်တာက သူ့ရဲ့ကောလိပ်ကျောင်းသားဘဝမှာ အနည်းငယ်ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေရပါစေဆိုတဲ့ မျှော်လင့်ချက်လေးနဲ့လေ။ ရှောင်လီလေးက အရမ်းသင်လွယ်၊ တတ်လွယ်တာ။ ဒါပေမဲ့ သူ့ရဲ့အတန်းဖော်တွေနဲ့ ဆရာတွေကြောင့် သူဘာတစ်ခုကိုမှ မသင်ယူနိုင်ခဲ့ဘူးလေ။ သူဘယ်လိုလုပ်ပြီး ပျော်ရွှင်နိုင်မှာလဲ?" အခုချိန်မှာ ရှောင်မုလန်တစ်ယောက် အတန်း F က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအကြောင်းကိုပါ မကျေမနပ် ညည်းညူပြောဆိုလိုက်မိတယ်။
ဆရာတစ်ယောက်အနေနဲ့ သင်ယူတဲ့နေရာမှာတော်တဲ့ ကျောင်းသားတွေရဲ့ အခက်အခဲ၊ သံသယတွေကို အဖြေမပေးနိုင်ဘူးတဲ့လေ။ ဘယ်လိုမျိုး ဆရာဆက်ပြီး လုပ်နေသေးတာလဲ? ရှောင်မုလန်တစ်ယောက် ဒေါသတကြီး တွေးတောလိုက်မိတယ်။
"မဖြစ်သေးပါဘူး။ မနက်ဖြန် ကျွန်မကျောင်းကို သွားပြီးတော့ ကျောင်းအုပ်ကြီးနဲ့ စကားသွားပြောကြည့်ရမယ်။" ရှောင်မုလန်တစ်ယောက် အခိုင်အမာ ပြောလိုက်တယ်။ ပထမဦးဆုံးအကြိမ်အနေနဲ့ ငါ့ကလေးရဲ့ကျောင်းပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မိဘတစ်ယောက်ရဲ့စိုးရိမ်စိတ်ကို ငါခံစားလိုက်ရတယ်။
ကျန်းမော့ရှန်း ပထမစစ်တပ်အကယ်ဒမီမှာ တက်ရောက်တုန်းကဆိုရင် သူမအာရုံစိုက်ပေးဖို့ လုံးဝကို မလိုအပ်ခဲ့ပါဘူး။ သူက အရာအားလုံးကို အလွယ်တကူ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့ပြီးတော့ သူ့ရဲ့မိဘတွေကို မိဘဝတ်တရားမကျေပွန်ဘူးလို့ အရမ်းခံစားရအောင် ပြုလုပ်ခဲ့တယ်။ ဒါကလည်း ရှောင်မုလန်အတွက် နောင်တရစရာ ကိစ္စရပ်တွေထဲကတစ်ခု ဖြစ်လာခဲ့တယ်။
အခုချိန်မှာ သစ်အယ်သီးလေး ရှိလာပြီးတဲ့နောက်မှာ သူမရဲ့နောင်တအကုန်လုံးနီးပါးက သစ်အယ်သီးလေးကြောင့် ဆန္ဒတွေ ပြည့်ဝသွားခဲ့ရတာကြောင့် ရှောင်မုလန်တစ်ယောက် ယွီဂျင်လီကို ပိုပြီးချစ်ခင်နှစ်သက်လာခဲ့တယ်။
သူ့ဇနီးသည်ရဲ့ ရည်ရွယ်ချက်ကို ရိပ်စားမိတော့ မနက်ဖြန်ကျရင် သူ့ဇနီးသည်က ကျောင်းအုပ်ဆီကို မာရှယ်ရဲ့ဇနီးသည်ဆိုတဲ့နာမည်နဲ့ သွားတွေ့မှာမဟုတ်ပဲ ကျောင်းသားရဲ့မိဘတစ်ယောက်အနေနဲ့ပဲ သွားတွေ့မှာ ဆိုတာကို သူသိနေတာကြောင့် ကျန်းဇန်ထောင်တစ်ယောက် မည်သည့်ကန့်ကွက်ချက်မျိုးကိုမှ ထုတ်ဖော် ပြောဆိုမနေတော့ပါဘူး။
"အမေ ကျွန်တော်အမေ့ကို ပြောပြဖို့ မေ့သွားတာ တစ်ခုရှိတယ်။" ယွီဂျင်လီတစ်ယောက် အခန်းထဲမှာ စွမ်းအင်ကတ်အသစ်တွေကို ဆွဲလေ့ကျင့်နေရင်း ရုတ်တရက် မနက်တုန်းက ဆရာသူ့ကို ပြောခဲ့တဲ့စကားကို တွေးမိသွားတာကြောင့် သူအောက်ကို အလျင်အမြန် ပြေးဆင်းလာခဲ့တယ်။
"ဘာဖြစ်လို့လဲ? သစ်အယ်သီးလေး" ရှောင်မုလန်က ယွီဂျင်လီကို ညင်သာစွာ ကြည့်လိုက်ပြီးတော့ အပြုံးလေးနဲ့ မေးလိုက်တယ်။
"အမေ မနက်ဖြန်ကနေစပြီး ကျွန်တော်ကျောင်းမှာ စနေလို့ရပြီလို့ ဆရာမက ပြောလိုက်တယ်။" ယွီဂျင်လီက ခေါင်းလေးအနည်းငယ် စောင်းပြီးတော့ ပြောလိုက်တယ်။
ဘာလို့ သူအိမ်မပြန်နိုင်ပဲ ကျောင်းမှာပဲ နေရတာလဲဆိုတာကို သူနားမလည်ပေမဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားတိုင်းက ကျောင်းထဲမှာပဲ နေရမယ်လို့ ဆရာမက ပြောခဲ့ပြီးတော့ အတိတ်ဘဝမှာတုန်းကလည်း ကျောင်းသားအများစုက ကျောင်းထဲမှာပဲ နေကြတယ်လေ။
ကျောင်းမှာနေရတာက ယွီဂျင်လီအတွက် အတွေ့အကြုံအသစ်တစ်ခု ဖြစ်နေတာကြောင့် သူအတော်လေးကို လက်နိုင်ခံစွမ်းအပြည့် ဖြစ်နေတယ်။
ရှောင်မုလန်နဲ့ ကျန်းဇန်ထောင်တို့တတွေက ရှောင်လီလေးကို ကျောင်းမှာနေခိုင်းဖို့အတွက်ကို တွန့်ဆုတ်နေကြသော်ငြားလည်းပဲ ဒါက ပထမစစ်တပ်အကယ်ဒမီရဲ့ စည်းမျဉ်းဆိုတာကိုလည်း သူတို့တွေ သိထားကြတယ်။ ဒီနေ့မှာ ကောင်ငယ်လေးကို အိမ်ပြန်နေခွင့်ပြုထားတာကကို အထူးအခွင့်အရေးတစ်ခု ဖြစ်နေပြီဖြစ်တယ်။
"ဟုတ်ပါပြီ။ သားအမေက သားအတွက် ကူထုပ်ပိုးပေးပြီးတော့ မနက်ဖြန်ကျရင် သားကို ကျောင်းခေါ်ဆောင်သွားပေးတာကို စောင့်။ ဟုတ်ပြီလား?" ရှောင်မုလန်က အပြုံးလေးနဲ့ ပြောလိုက်တယ်။
နောက်ဆုံးမှာတော့ ငါ့ကလေးကို ကျောင်းသွားပို့ရတဲ့ခံစားချက်ကို ငါတစ်ခါကြုံတွေ့ဖူးရတော့မယ်ပေါ့။ အတိတ်တုန်းက ငါ့သားကျောင်းတက်တဲ့ အချိန်တုန်းကဆိုရင် ကောလိပ်ကို မပြောနဲ့။ မူလတန်းကျောင်းလေးကိုတောင် သူမတစ်ခါမှ ပို့ခွင့်မရှိခဲ့ဖူးတာကြောင့် ဒီကိစ္စက အမေတစ်ယောက်အနေနဲ့ သူမကို အရမ်းစိတ်မချင့်မရဲဖြစ်စေခဲ့တယ်လေ။
အောင်မြင်မှု အရသာလေးပဲ။
"ဟုတ်ကဲ့။" ယွီဂျင်လီက ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။ ဒီအပြုံးကို မြင်လိုက်ရတဲ့လူတိုင်း စိတ်အခြေအနေ အတော်လေး ကောင်းမွန်လာခဲ့ကြတယ်။
ရှောင်မုလန်တစ်ယောက် မနက်ဖြန်အတွက် ယွီဂျင်လီကို အပေါ်ထပ်ဆီ ခေါ်ဆောင်သွားပြီး သူ့အတွက် ခရီးဆောင်အိတ်ကို ထုပ်ပိုးပေးဖို့အတွက်ကို စောင့်မနေနိုင်တော့တာမို့ မျက်လုံးအကြီးကြီးတစ်စုံနဲ့ မျက်လုံးအသေးလေးတစ်စုံတို့ဖြင့် တိတ်တဆိတ် ထိုင်ကြည့်နေကြတဲ့ ကျန်းမော့ရှန်းနဲ့ ကျန်းဇန်ထောင်တို့ သားအဖနှစ်ယောက်ကို ထားရစ်ခဲ့လိုက်ပြီး ထွက်ခွာသွားလိုက်တော့တယ်။
နောက်တစ်နေ့မနက်ခင်းတွင် ယွီဂျင်လီကို ကျောင်းသွားပို့တော့မှာဖြစ်တယ်။ ကျန်းဇန်ထောင်ကလည်း သူနဲ့အတူလိုက်သွားဖို့ စီစဉ်နေတယ်။ သို့သော်လည်း စစ်တပ်ထဲမှာ ကိစ္စတစ်ခု ပေါ်လာခဲ့တာကြောင့် သူစစ်တပ်ဆီကိုပဲ အရင်လာခဲ့လိုက်ရတယ်။
ပထမစစ်တပ်အကယ်ဒမီမှာ ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တယ်။ ကျောင်းသားတစ်ယောက်ရဲ့အိမ်က ကျောင်းနဲ့ ဘယ်လောက်ပဲ နီးကပ်နေပါစေ။ အိမ်က ကျောင်းရဲ့တစ်ဖက်ခြမ်းမှာ ရှိနေတယ် ဆိုရင်တောင်မှ ကျောင်းသားတွေက ကျောင်းထဲမှာပဲ နေကြရမှာဖြစ်ပြီးတော့ ဆရာ၊ ဆရာမတွေကလည်း အတူတူသာဖြစ်တယ်။
ဒါ့အပြင် ပြည်ထောင်စုတပ်မတော်ရဲ့ အရန်တပ်မတော်တစ်ခုအနေနဲ့ ပထမစစ်တပ်အကယ်ဒမီက ဒီအလိုလိုက် အကြိုက်ဆောင်ခံထားရတဲ့ သခင်လေး၊ သခင်မလေးတွေကို စုပေါင်းဘဝရဲ့အတွေ့အကြုံကို သင်ကြားပေးရမှာ ဖြစ်တယ်။
သို့သော်လည်း ပထမစစ်တပ်အကယ်ဒမီမှာက အပတ်တိုင်း ပိတ်ရက်တစ်ရက် ရှိပါတယ်။ အိမ်ပြန်ချင်ကြတဲ့ ကျောင်းသားတွေအပါအဝင် အဲ့ရက်မှာ ကျောင်းသားတွေက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ကြပါတယ်။
ထို့ကြောင့် စုပေါင်းကျောင်းတက်ရတဲ့ ဘဝအတွေ့အကြုံက ကျောင်းသားတွေအတွက် လက်ခံဖို့ အထူးခဲယဉ်းခြင်းမရှိပေ။ အထူးသဖြင့် တစ်ဦးတည်းသော ကလေးတွေအတွက် ဒါက အလွန်ဆန်းသစ်တဲ့ အတွေ့အကြုံအသစ်တစ်ခု ဖြစ်နေတာဖြစ်တယ်။
ယွီဂျင်လီကလည်း လာမဲ့နေထိုင်မှုဘဝအပေါ်မှာ မျှော်လင့်စောင့်စားနေမိတယ်။ ကျောင်းမှာရှိတဲ့ အရာအားလုံးက သူ့အတွက် ပထမဦးဆုံး အတွေ့အကြုံတစ်ခုလို့ ပြောလို့ရပြီးတော့ အရာအားလုံးက ဆန်းသစ်နေတာဖြစ်တယ်။
အဆောင်ဝင်ရန် လိုအပ်တာကြောင့် ဒီမနက်ခင်းတွင် ယွီဂျင်လီကို အတန်းသွားတက်စရာမလိုပဲ အဆောင်ထဲမှာပဲ အခန်းသန့်ရှင်းရေးလုပ်ဖို့အတွက် နေခွင့်ပြုခဲ့တယ်။ မွန်းလွဲပိုင်းတွင် သူအတန်းသွားတက်နိုင်တယ်လေ။
"သစ်အယ်သီးလေးရဲ့အဆောင်က ဘယ်နေရာမှာလဲ?" ရှောင်မုလန်က အပြုံးလေးနဲ့ မေးလိုက်တယ်။ "ဆရာမပြောတာတော့ ကတ်လက်မှုအတတ်ပညာအဆောက်အအုံ အခန်းနံပါတ် ၇၀၇ တဲ့။" ယွီဂျင်လီက ရိုးသားစွာ ပြောလိုက်တယ်။
တစ်ချိန်တုန်းက ကျန်းမော့ရှန်းက ပထမစစ်တပ်အကယ်ဒမီကနေ ဘွဲ့ရခဲ့တာဖြစ်တယ်။ ကျောင်းသားတွေရဲ့ နေထိုင်ရာ အဆောက်အအုံတည်နေရာကို သိနေတာက သဘာဝကျပါတယ်။ ပထမစစ်တပ်အကယ်ဒမီရဲ့ အကယ်ဒမီတစ်ခုချင်းစီမှာ သီးခြားသင်ကြားရေး အဆောက်အအုံနဲ့ သူ့ရဲ့ကိုယ်ပိုင် လေ့ကျင့်ရေးကွင်းတွေ ရှိသော်ငြားလည်းပဲ ကျောင်းသားတွေရဲ့ စုပေါင်းဘဝအတွေ့အကြုံခံစားချက်ကို ပြုစုပျိုးထောင်ဖို့အတွက် ပရော်ဖက်ရှင်နယ် နေရာထိုင်ခင်း အဆောက်အအုံများကို အတူတကွ စုပေါင်းတည်ဆောက်ထားတယ်။
မေဂျာရပ်အားလုံးထဲတွင် ကတ်လက်မှုအတတ်ပညာမေဂျာရပ်က ကျောင်းသားအရေအတွက် အနည်းဆုံးရှိတာမို့ နေရာထိုင်ခင်း အဆောက်အအုံက တစ်ခုတည်းသာရှိပြီးတော့ တစ်ခြားမေဂျာရပ်တွေရဲ့ နေရာထိုင်ခင်း အဆောက်အအုံတွေနဲ့ ပတ်လည်ဝိုင်းရံထားခြင်း ခံထားရပြီးတော့ ဒီအဆောက်အအုံကို ကာကွယ်ထားသကဲ့သို့ ဖြစ်နေတယ်။
ကျန်းမော့ရှန်းက ရှောင်မုလန်နဲ့ ယွီဂျင်လီတို့တတွေကို ကတ်လက်မှုအတတ်ပညာရပ် အဆောက်အအုံ တည်ရှိနေတဲ့နေရာဆီကို တိုက်ရိုက် ခေါ်ဆောင်သွားလိုက်တယ်။
ပုံမှန်အားဖြင့် ကျောင်းသားတွေက အတန်းထဲမှာ ရှိနေကြတာကြောင့် နေရာထိုင်ခင်းဧရိယာမှာ လူအနည်းငယ်လေးသာ ရှိနေကြတယ်။ သုံးယောက်သား ကတ်လက်မှုအတတ်ပညာရပ် အဆောက်အအုံ အောက်ထပ်ဆီကို တိုက်ရိုက် မောင်းနှင်သွားလိုက်တယ်။
တစ်ယောက်ယောက်က ကားနဲ့ ဝင်ရောက်လာတာကို မြင်လိုက်ရတော့ အဆောင်မန်နေဂျာက မျက်မှောင်ကြုပ်လိုက်မိတယ်။
ပထမစစ်တပ်အကယ်ဒမီမှာ ကျောင်းသားသစ်လေးတွေ နာမည်စာရင်းသွင်းတဲ့ နေ့တစ်နေ့တည်းသာ လူတိုင်းကို ကျောင်းဆီ ကိုယ်ပိုင်ကားနဲ့ လာခွင့်ပြုထားတာဖြစ်တယ်။ ကျန်အချိန်တွေမှာဆိုရင် ဘယ်အဆင့်အတန်းရှိတဲ့ ကျောင်းသားမျိုးပဲဖြစ်ဖြစ် ကျောင်းဘတ်စ်ကားကိုသာ စီးကြရမှာဖြစ်တယ်။