You💞💞💞(unicode + zawgyi)

By ToxicDaisy-2003

671 53 13

''ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ်'' ''ကျွန်တော် အရမ်းချစ်ရတဲ့သူကလည်း'ချစ်သော' တစ်ယောက်ထဲပါ'' ''ငါအရမ်းချ... More

Ep 6 unicode
Ep 7 part1 unicode
You💕💕💕 intro(uni+zaw)
Ep 1 unicode
Ep 1 Zawgyi
Ep 2 unicode
Ep2 Zawgyi
Ep 3 unicode
Ep 3 Zawgyi
Ep 4 unicode
Ep 3 Zawgyi
Ep 5 unicode
Ep 5 Zawgyi
Ep 7 part1 Zawgyi
Ep7 part2 unicode
Ep 7 part2 zawgyi

Ep6 Zawgyi

11 2 0
By ToxicDaisy-2003

ရှောင်ကျန့်တစ်ယောက် နေ့လည်စာစားပြီးကတည်းက ဒီနေ့ ခွဲစိတ်ထားတဲ့ထဲက တချို့လူနာတွေရဲ့ ဆေးမှတ်တမ်းတွေကို ပြန်ကြည့်လိုက် အ့ရောဂါနဲ့ဆိုင်တဲ့ ဆေးပညာနဲ့ ပတ်သက်တဲ့စာအုပ်ကို ဖတ်လိုက် လုပ်နေရင်း အချိန်က ညနေ ၆ နာရီတောင်ကျော်သွားတယ်
ဒါနဲ့ပဲ ပစ္စည်းတွေ သိမ်းပြီး ကောင်တာက အမယန်လီတို့ကို နှုတ်ဆက်ပြီး ပြန်ဖို့ လုပ်တော့တယ်
"အာ...အားကျန့်က ပြန်တော့မှာလား''

"ဟုတ် ကျဲ😁 ဒီနေ့ ညဂျူတီမရှိဘူးလေ ပြီးတော့...''

"အာ ကယ်ရီသမားလေးက ရောက်နေပြီလား ''

"Dr.Xiaoက ဘယ်တုန်းက ကယ်ရီ ငှားလိုက်တာလဲ''

"အားကျန့်က ငှားထားတာ မဟုတ်ဘူး လော့လော့ ရေ ဟိုက လိုလိုလားလား အခမဲ့ ကြိုပေးတာလေ''

"ဟင်''

" ဟုတယ်မလား အားကျန့်''

"မဟုတ်ပါဘူး ကျဲယန်လီကလည်း လူနာတွေအတွက် လိုအပ်တဲ့ ဆေးပညာလေ့လာမှုကလည်း စောစော ပြီးသွားလို့ပါ သူ့ကြောင့် မဟုတ်ပါဘူး ''

"အေးပါ ကျဲကလည်း ရိုက်စစ်မနေပါဘူးနော် အိုးမလုံ အုံမပွင့်တွေ ဖြစ်နေတာ ''

"ဟာဗျာ ကျွန်တော် သွားတော့မယ် ''ဆိုပြီး ရှက်ရမ်းရမ်းပြီး ထွက်သွားတော့တယ်

"ကျဲလီ drက ဘာဖြစ်သွားတာလဲဟင် ''

"ကျဲလဲ မသိဘူးလေ ရှက်ရမ်းရမ်းသွားတာ နေမှာပေါ့ ကဲပါ လာ သွားရအောင် ''

"ဟုတ်''
ဒါပေမယ့် လော့လော့စိတ်ထဲမှာတော့ Dr.Xiaoက ဘာလို့အ့လောက် ရှက်သွားတာလဲ ကယ်ရီငှားတဲ့ ကိစ္စက ရှက်စရာမှ မဟုတ်တာ ပြီးတော့ အလကား ဆိုတော့ ပိုတောင် ကောင်းသေး လော့လော့တို့ဆို အ့လို ကယ်ရီမျိုး လိုချင်ပါ့ ခုတော့ busကားပဲ တိုးစီးနေရတယ်

ရှောင်ကျန့် အမယန်လီတို့ဆီကနေ ထွက်လာပြီး ဆေးရုံအပေါက်ဝနားက မှတ်တိုင်နားလေးမှာပဲ ထိုင်စောင့်နေမိတော့တယ်
အင်း....အမယန်လီတို့ပြောလည်း ပြောစရာပါဘူး အ့ကလေးက နေ့တိုင်း လာကြိုနေတာ ရပါတယ်ဆိုတာကို သူက ကျန့်ကောကို စိတ်မချလို့ပါတဲ့ ဟိုနေ့ကလို ဖြစ်မှာစိုးလို့တဲ့
Omm....ဟိုနေ့က အကြောင်းကို ပြန်ပြောရရင်တော့.............

ရှောင်ကျန့် ဒီနေ့ ညဂျူတီ မရှိပါပဲနဲ့ တခြားဆရာဝန်တွေနဲ့အတူ ကူပြီး လူနာတွေကို ကြည့်ပေးနေရတာနဲ့တင် ညဆယ်နာရီလောက်နီးနီး ရောက်သွားတယ်
ဆေးရုံမှာ ညအိပ်လို့တော့ ရပေမယ့် လူက နွမ်းနေတော့ ရေမိုးချိုးပြီး အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တာနဲ့ပဲ ထွက်လာခဲ့လိုက်တယ်
ဒါပေမယ့် ကံဆိုးချင်တော့ ဒီနေ့ သူ့အိမ်ကို ပြန်တဲ့ busကား က ထွက်သွားနှင့်ပြီ
နောက်၂နာရီလောက်နေမှ နောက်busက ရောက်လာမှာ ဖြစ်တယ်
Taxiလည်း မငှားချင်တာနဲ့ busကားမှတ်တိုင်မှာပဲ
နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း စောင့်နေလိုက်တော့တယ်
ခဏနေတော့ ရှောင်ကျန့်အနားကို ရောက်လာတဲ့ ကားတစ်စီး
ကားမီးက ရှောင်ကျန့်မျက်နှာကို ထိုးနေတော့ အထဲကလူကို မမြင်ရဘူး
ခဏနေတော့ ကားမီး ပိတ်သွားပြီး ထွက်လာတဲ့သူက
ဟို ကလေးပေါက်

"ကျန့်ကော''

"အာ ရိပေါ်ပါလား မတွေ့တာ ကြာပြီနော် ''

"ကော မပြန်သေးဘူးလား''

"Omm busစောင့်နေတာ စောနက မမီလိုက်လို့ မင်းကော ခုမှ အလုပ်က ပြန်လာတာလား''

"ဟုတ် အမှုတစ်ခု စုံစမ်းနေလို့ ကြာသွားတာပါ ဒါနဲ့ ကော busက ဘယ်အချိန် လာမှာလဲဟင် သိပ်မကြာဘူးဆို ကျွန်တော် ကူစောင့်ပေးရမလားဟင်''

"ရပါတယ် မင်း သွားစရာ ရှိတာသာ သွားပါ busကားက စောနကမှ တစ်စီးထွက်သွားတာဆိုတော့ နောက်တစ်စီး လာဖို့က ၂နာရီလောက် လိုသေးတယ်''

" အ့လောက် အကြာကြီးလား ဟို...လေ ကျန့်ကော စိတ်မရှိရင် ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား''

" ရပါတယ် ငါ စောင့်နေနိုင်ပါတယ် မင်း သွားစရာ ရှိတာသာ သွားစမ်းပါ''
ရှောင်ကျန့်ပြောလိုက်တာ ဒေါသ သံ နည်းနည်း ပါသွားတယ်
လူက ပင်ပန်းနေတာကော busကားစောင့်ရလို့ စိတ်ညစ်နေတာပါပေါင်းပြီး သူ့ကို အော်မိသွားတယ်
ရှောင်ကျန့် လွန်သွားမိတယ်ထင်တယ် သေချာကြည့်ရင် ကောင်လေးက မျက်ရည်ဝဲနေသလိုပဲ

"ဟို ငါပြောတာက''

"ကျန့်ကော က ကျွန်တော်နဲ့ မလိုက်ချင်တာလားဟင်''

"မဟုတ်ပါဘူး ဟို ငါက ''

"ကျန့်ကော မလိုက်ချင်လည်း အငှားကားပဲ ဖြစ်ဖြစ် ကျွန်တော် ခေါ်ပေးမယ်လေ''

" အမှန်အတိုင်းပြောရရင် ငါက ကား စီးလို့ မရလို့ ငယ်ငယ်က အဖြစ်အပျက်ကြောင့် ဘာ ဇိမ်ခံကားမှ စီးမရဘူး ငါ စီးလို့ရတဲ့ကားက busတို့ လိုက်ထရပ်ခ်တို့ လောက်ပဲ စီးနိုင်တာ ငါ ပြောရမှာ ရှက်လို့ပါ ဟို မင်းကြောင့် မဟုတ်ပါဘူး ''

" အာ... အ့လိုလား ကျွန်တော်က မသိလို့ပါ ကော ခဏလေးနော် ''
ဆိုပြီး သူက ထပြီး ဖုန်းသွားပြောတယ်

သူဖုန်းပြောပြီး ၁၅ မိနစ်လောက်နေတော့ ဆိုင်ကယ်တစ်စီးနဲ့ ကောင်လေး ရောက်လာတယ်
"ဟို ကော ကောပြောတဲ့အတိုင်း ကျွန်တော် ယူလာတယ်နော် ဒီမှာ သော့''

" ကျေးဇူး ချန်ဟွေ့ မနက်ဖြန်မှ ပြန်ပေးမယ်နော်''

"ရပါတယ် ကော ဒါနဲ့ ဘာလုပ်မလို့လဲဟင်''

" ငါ ကျန့်ကော ကို ပြန်လိုက်ပို့မလို့ ကဲပါ စကားရှည်မနေနဲ့ ကားကိုသာ သေချာမောင်းပြီး သွား ကျန့်ကော လာလေ''

"ဟင်...အင်း''

ကလေးပေါက်က သူကိုယ်တိုင် ဆိုင်ကယ်ဦးထုပ်စောင်းပြီး ရှောင်ကျန့်ကို ဆိုင်ကယ်ဦးထုပ် စောင်းပေးဖို့ လုပ်ပေးပေမယ့် ရှောင်ကျန့်က ကလေးပေါက်က စောင်းပေးရတာဆိုတော့ imageကျမှာ ကြောက်လို့ ကိုယ့်ဘာသာကိုယ် ပဲ စောင်းလိုက်တယ်

"ကော သေချာကိုင်ထားနော် ကျွန်တော် မောင်းပြီ''

"အွန်း''

"ဝေါ''

"အမလေး''

"Sryနော် ကော ကျွန်တော် ဖြည်းဖြည်းပဲ မောင်းပါ့မယ်''

ချန်ဟွေ့တစ်ယောက် သူရှေ့ကနေ ဝေါခနဲ မောင်းထွက်သွားတဲ့ ရိပေါ်ကောနဲ့ အကိုကြီးတစ်ယောက်ကို ကြောင်တောင်တောင်ပဲ ကြည့်နေမိလိုက်တယ်
ချန်ဟွေ့ စဉ်းစားမရဘူး ကားအကောင်းစားကြီးကို ထားခဲ့ပြီး ဆိုင်ကယ်နဲ့ လိုက်ပို့ရတယ်လို့
တွေးမနေတော့ဘဲ ကားကိုသာ ယူပြီး ကောတိုက်ခန်း သွားပို့ဖို့ လုပ်လိုက်တော့တယ်

"ကော ပြုတ်ကျမှာ ကြောက်ရင် ဖက်ထားလို့ ရတယ်နော်''

"အေးအေးအေး ''
ရှောင်ကျန့်လည်း မရဲတရဲနဲ့ ကလေးပေါက်ခါးကို သေချာဖက်လိုက်မိတော့တယ်
တကယ့်ကို ကလေးပေါက်ပါပဲ ခါးလေးက သေးသေးလေး အမြင်ထက်ကို လက်တွေ့ကျ ပိုသေးလွန်းနေတယ်

၁၅မိနစ်လောက်မောင်းပြီးသွားတဲ့နောက်မှာတော့ ရှောင်ကျန့်ရဲ့ တိုက်ပုလေး ရှေ့ကို ရောက်လာခဲ့တယ်
ရှောင်ကျန့်လည်း helmetကို ကလေးပေါက်ကို ချွတ်ပေးလိုက်ပြီး အိမ်ထဲဝင်ဖို့ ပြင်လိုက်တယ်
" ကျေးဇူးပဲ ဒါနဲ့ အိမ်ထဲ ဝင်ဦးမလား''

"အာ... ညနက်နေတော့ မဝင်တော့ပါဘူး ကော ဒါနဲ့လေ ကျွန်တော် ကောကို ဆေးရုံကနေ နေ့တိုင်း ကြိုပေးလို့ရလားဟင်''

"ဟို ရပါတယ် ငါ အဆင်ပြေပါတယ် မင်းလည်း အားတာမှ မဟုတ်တာ''

"ကောကလည်း ဒီနေ့လို ဖြစ်နေရင်ဘယ်လိုလုပ်မလဲ လုပ်ပါနော် စိတ်ပူလို့ပါ ကျွန်တော် လာကြိုပါ့မယ်နော် ဆိုင်ကယ်နဲ့ပဲလေ နော်''

သူက ချစ်ဖို့ကောင်းအောင် လုပ်ပြနေတော့ ရှောင်ကျန့်လည်း မငြင်းနိုင်တော့ဘဲ ''အင်း''လို့ပဲ ပြန်ပြောလိုက်ရတယ်

"ဟုတ် ကော အ့ဆို ကျွန်တော် နေ့တိုင်း လာကြိုမယ်နော်''

"အင်း''

"ကျွန်တော် သွားလိုက်ဦးမယ်နော် ကော Good nightပါ ကော''

"အင်း''

ရှောင်ကျန့် မိမိရှေ့က မောင်းထွက်သွားတဲ့ ဆိုင်ကယ်လေးကို ကြည့်ပြီးတော့သာ ပြုံးနေမိတော့တယ်
"ငါက ဘာလို့ ပြုံးနေမိတာပါလိမ့် တော်ပါပြီ ရေသွားချိုးတာပဲ ကောင်းတယ် ''

ဒါကတော့ ဟိုကလေးပေါက် ကျွန်တော့်ကို နေ့တိုင်း ကယ်ရီ လုပ်ပေးနေရတဲ့ အကြောင်းအရင်းပါပဲ
အမယန်လီတို့ စလည်း စချင်စရာပဲ
အ့ကလေးပေါက်က ကျွန်တော် ရပါတယ် လို့ ပြောတာကို နေ့တိုင်း လာကြိုပေးနေတာ

"ကော''
ပြောရင်းဆိုရင်း ရောက်လာပါပြီ တကယ်ပဲ အ့ကောင်လေး သူ့မှာလည်း အလုပ် မရှိဘူးလား မသိဘူး
(ကောရယ် ကောပြောမှပဲ ရိပေါ်က အလုပ်လက်မဲ့ကျလို့)

"ဟို ကော အလုပ်ပြီးတာ ကြာပြီလားဟင် ကျွန်တော် နည်းနည်း နောက်ကျသွားတယ် စခန်းမှာက အလုပ်ရှုပ်နေလို့''

" ရပါတယ် သိပ်မကြာသေးပါဘူး ဒါနဲ့ နောက်နေ့တွေ မင်းမအားရင် လာမကြိုပါနဲ့တော့လား မင်းလည်း အလုပ်တွေရှုပ်နေတာဆိုတော့လေ ငါကလည်း အလုပ်ပြီးတဲ့အချိန်က တစ်နေ့နဲ့တစ်နေ့ တူတာ မဟုတ်ဘူးလေ''

"ဟို...ကော က ကျွန်တော် လာကြိုတာ မကြိုက်လို့လားဟင်''

"မဟုတ်ပါဘူး ငါက မင်း အလုပ်ရှုပ်မှာ စိုးလို့ပါ''

" ကျွန်တော်ကရပါတယ် အလုပ်မရှုပ်ပါဘူး အ့ဆို ပုံမှန်လိုပဲ နေ့တိုင်း ဆက်ကြိုမယ်နော်😁''

"အေးပါကွာ မင်းသဘော''

"ဟုတ် အ့ဆို ကော အိမ်တန်းပြန်မှာလားဟင်''

"စောသေးတယ် အရင်ဆုံး supermarket ကို လိုက်ပို့ပေး''

"ဟုတ်''

အ့လိုနဲ့ ရိပေါ်တို့ဆိုင်ကယ်လေးက supermarket လေးတစ်ခု ရှေ့မှာ ရပ်သွားတယ်

" မင်းက မလိုက်တော့ဘူးလား''

"ဟို....ကော အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ''

"ရပါတယ် လိုက်ခဲ့လေ ငါလည်း ဝယ်စရာရှိတာတွေဝယ်ရမှာ မင်းလည်း လိုတာရှိရင် ကြည့်ကြည့်ပေါ့''

"ဟုတ်''

ရှောင်ကျန့်လည်း ရိပေါ်ကိုပြောလိုက်ပြီး အသီးအရွက်တွေ ထားတဲ့အတန်းဘက်ကို အရင်လျှောက်လာလိုက်တယ်
" အင်း ဒီနေ့ ညစာကို ဘာချက်စားရင် ကောင်းမလဲ ခေါက်ဆွဲသုပ်ရယ် ဖက်ထုပ်ရယ် စားရင်ကောင်းမယ်ထင်တယ် ဒါပေမယ့် ငါတစ်ယောက်ထဲအတွက်ဆို ဒီဟင်းအမယ်တွေက ပိုနေလောက်တယ် အရင်ဆုံး အသားဘက်ကို သွားကြည့်ရမယ် ဟုတ်ပြီ အမဲသား ထည့်ရမယ် ခေါက်ဆွဲထဲကို''

ဒီလိုနဲ့ လိုတဲ့ အသီးအရွက်လေး နည်းနည်းပါးပါး ဝယ်ပြီး အသားတန်းဘက်ကို ရောက်လာခဲ့ပြန်ရော
ရှောင်ကျန့်တစ်ယောက် သူ့အတွက် အဆင်ပြေလောက်တဲ့ အမဲသားအမျိုးအစားကိုလည်း တွေ့ရော
ဝယ်ဖို့ ကောက်ကိုင်လိုက်ပေမယ့် ကောင်မလေးတစ်ယောက်နဲ့ လက်ချင်းဆုံပြန်ရော

"ဒီက အစ်ကိုရှင့် ဟိုလေ အမဲသားကို ညီမတို့ကို ပေးလို့ရမလားရှင့် ဟို ညီမတို့ သူငယ်ချင်းတစ်သိုက် ဟော့ပေါ့လုပ်စားချင်လို့ပါ''

"အစ်ကိုကလည်း သဘောကျတဲ့ဟာက ဒီတစ်ခုပဲ ရှိလို့လေ''
ရှောင်ကျန့်ကိုယ်တိုင်ကလည်း လတ်လတ်ဆတ်ဆတ်နဲ့ အသားပိုပါတဲ့ဟာက ဒီတစ်ခုပဲ မြင်လို့ မြင်တဲ့အတိုင်း ပြောလိုက်တာပါ
ရှောင်ကျန့်နဲ့ပြောနေတဲ့ ကောင်မလေးက ဘာမှ ပြန်မပြောပေမယ့် သူ့ဘေးက အရပ်ပိုရှည်တဲ့ သူ့သူငယ်ချင်းကတော့

" ဒီမှာ ကျွန်တော်တို့က လူအများကြီး စားမှာမလို့ ခင်ဗျားက တစ်ယောက်ထဲ စားမှာမလား အကြီးက အငယ်ကို အလျှော့ပေးသင့်တယ်မထင်ဘူးလား''

"Z စိတ်လျှော့လေဟာ အစ်ကို့ကို ညီမသူငယ်ချင်းအစား တောင်းပန်ပါတယ်နော်''

"နင်က ဘာမှားလို့လဲ သူကသာ အကြီးဖြစ်ပြီး အငယ်တွေနဲ့ ပြိုင်လုနေတာ သူ့မှာအတူစားစရာ သူငယ်ချင်းတို့ ရည်းစားတို့လည်း မရှိဘဲနဲ့ တစ်ယောက်ထဲ စားမှာကို''

"ဟေ့ မင်းတို့ကို ငါတစ်ယောက်တည်းစားမယ်လို့ ဘယ်သူပြောလဲ ဟိုမှာတွေ့လား'' ဆိုပြီး snackထုပ်တွေဘက်မှာ ရပ်နေတဲ့ ပါးဖောင်းဖောင်းနဲ့ ကောင်လေးကို ညွှန်ပြလိုက်တယ်

"သူနဲ့စားမှာ''

" လာရွှီးမနေနဲ့ ခင်ဗျား''

"ငါက အကြီးဖြစ်ပြီး လိမ်စရာလားလို့ ဝေ့ ရိပေါ်''ဆိုပြီး ကောင်လေးကို လက်လှမ်းပြတော့ ကလေးပေါက်က အူကြောင်ကြောင်နဲ့ ပြန်လှည့်ကြည့်တယ်

"လာပါ Zရာ တခြားအသားဝယ်ထည့်ရအောင် အစ်ကိုတို့အတွဲကို အားနာစရာကြီး''

" နင်ကလည်း ''

"နော်လို့နော်...နော် ငါ နင်ကြိုက်တဲ့ chocolate icecream ဝယ်ကျွေးမယ်လေ''

"အဟင်း..ဟုတ်ပါပြီ ကျွန်တော်တို့ မယူတော့ဘူး ခင်ဗျားပဲ ယူလိုက်တော့ လူ့ဂွစာအဖိုးကြီး '' ဆိုပြီး အ့ကောင်မလေးက ဆောင့်အောင့်ပြီး ထွက်သွားတယ်

" ဟို အစ်ကို့ကို ညီမသူငယ်ချင်းအစား တောင်းပန်ပါတယ်နော် သူက စကားပြောရင် ဘုဘောက်မတည့်ပေမယ့် စိတ်ရင်းကောင်းပါတယ်''

"ရပါတယ် အစ်ကိုက ကလေးတွေကို ဗွေမယူပါဘူး''

" ကျေးဇူးပါ ဒါနဲ့ ဟိုနားက ပါးဖောင်းဖောင်းနဲ့ အစ်ကို သေချာ ဂရုစိုက်နော် အ့အစ်ကိုက ချစ်ဖို့ကောင်းတော့ သူများတွေက လိုချင်နေမှာ ညီမသွားပြီနော် အစ်ကို ဟီးး😁''

"အော် အေးအေး''
ရှောင်ကျန့်လည်း ယောင် ပြီး ပြောလိုက်ပေမယ့် အ့ကောင်မလေးပြောတာကို စဉ်းစားမိတယ်

* ကလေးပေါက်က ချစ်ဖို့ကောင်းတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်နေတာ သူ့ကို လိုချင်တဲ့ မိန်းကလေးတွေ တန်းစီနေမှာပဲ ဟာ..သူ့ဘာသာ လိုချင်တဲ့သူ များတာကို ငါက ဘာလို့ စိတ်ပူနေသလို ဖြစ်နေတာလဲ တော်ပြီ မစဉ်းစားနဲ့ ရှောင်ကျန့် စိတ်ထိန်း*

"ချစ်သော'' က အရမ်းထူးဆန်းနေတယ်
စောနကလဲ သူ့ကို လက်လှမ်းပြတယ်
ခု ရိပေါ်လိုချင်တဲ့ snackတွေတောင် ရှင်းပြီးလို့ လာခေါ်တာကို
"ချစ်သော'' က လက်ထဲမှာ အသားထုပ်ကြီးကို ကိုင်ပြီး ရပ်နေတယ်
ပြီးတော့ ခေါင်းတွေလည်း ရမ်းလို့

"ကျန့်ကော ကျန့်ကော''

"ဟင်''

"ဟိုကျွန်တော်က ဝယ်ပြီးပြီး ကောရော ပြီးပြီလားဟင်''

"အာ..အင်း မင်းအရင် သွားနှင့်လေ ငါ ပိုက်ဆံရှင်းပြီး လာခဲ့မယ်''

"ဟုတ်''

ဒီလိုနဲ့ ပိုက်ဆံ ရှင်းပြီးတော့ ရိပေါ်ရဲ့ ဆိုင်ကယ်နဲ့ပဲ အိမ်ကို ပြန်လာလိုက်တယ်
အိမ်ရောက်ခါနီးတော့
"ရိပေါ်''

"ဟုတ် ကော''

" မင်းရဲ့ ဆိုင်ကယ် နောက်ကို ဘယ်သူတွေ ထိုင်လိုက်ဖူးလဲဟင် မဟုတ်သေးဘူး မိန်းကလေးတွေကော လိုက်ဖူးလား''

"ဗျာ''

"ထားပါတော့ ဘာမှမဟုတ်တော့ဘူး ''

"အာ....ဘယ်သူမှ မလိုက်ဖူးပါဘူး ကော က ပထမဆုံးပဲ ဘာဖြစ်လို့လဲဟင်''

"ဘာမှမဟုတ်ပါဘူး မေးကြည့်တာ''

"အာ...ဟုတ်''

ရှောင်ကျန့် ဘာလို့မှန်းမသိ ကောင်လေးရဲ့ ကော က ပထမဆုံးပဲ ဆိုတဲ့ စကား ကြားရတော့ နှုတ်ခမ်းပါးတွေက အလိုလိုနေရင်း ပြုံးမိသွားတယ်

"ကော အိမ်ရောက်ပြီနော် ''

"Omm ''

"ကျွန်တော် သွားတော့မယ်နော် ''

"ဟို ခဏ''

"ဗျာ...''

" ဒီမှာလေ အသားတွေက အများကြီးပဲ ငါမကုန်လို့ နောက်နေ့ကျရင် မကောင်းတော့မှာစိုးလို့ အတူတူ ညစာစားမလားလို့''
တကယ်တမ်း အသားတွေ မကုန်လည်း ရေခဲသေတ္တာထဲ ထည့်ပြီး နောက်နေ့တွေ စားလို့ရပေမယ့် ရှောင်ကျန့် ကလေးပေါကျကျို ညစာစားဖို့ ပြောကြည့်လိုက်တယ်

"ဟို..မင်း အဆင်ပြေမှပါ''

"အာ...ရပါတယ် ကျန့်ကောအတွက် အဆင်ပြေရင် ကျွန်တော်က အဆင်ပြေပါတယ်''

"Omm အ့ဆို ဧည့်ခန်းထဲမှာ ခဏ ထိုင်စောင့်နော် ငါ အရင်အဝတ်အစားလဲလိုက်ဦးမယ် ပြီးမှ ချက်ပေးမယ်''

"ဟုတ်ကဲ့''

ရှောင်ကျန်လ့ည်း ရိပေါ်ကို ထိုင်စောင့်ခိုင်းလိုက်ပြီး အဝတ်အစားလဲ ရေမိုးချိုးနေလိုက်တော့တယ်
ဧည့်ခန်းထဲကို ကြည့်လိုက်တော့ ကလေးပေါက်က magazineတွေ ဖတ်နေတာနဲ့ သူလည်း မီးဖိုချောင်ထဲ ဝင်လာလိုက်ပြီး အမဲသားကို နူးနေအောင် အရင်ပြုတ်ထားလိုက်ပြီး ခေါက်ဆွဲသုပ်ဖို့ လိုအပ်တဲ့ အသီးအရွက်တွေလှီးနေလိုက်တော့တယ်
(ယွမ်က ဟင်းချက်တာတွေ သိပ်မသိလို့ပါ ယွမ်ကိုယ်တိုင်ကလည်း ခေါက်ဆွဲပြုတ် လောက်ပဲ တတ်လို့ပါ hee😁)
ခဏအကြာမှာ ညစာစားဖို့ အသင့်ဖြစ်သွားတော့တယ်

"ရိပေါ် လာစားလို့ရပြီနော်''

"ဟုတ် ကော''

ထမင်းစားခန်းမှာတော့ ၂ဖက်လုံးက တိတ်ဆိတ်နေလွန်းလို့ အပ်ကျသံတောင် မကြားရဘူး

ရှောင်ကျန့်ကပဲ စကားစခေါ်လိုက်ရတယ်
"ဟို မင်းကြိုက်မလားတော့ မသိဘူး ဒါက အမဲသားခေါက်ဆွဲသုပ်ရယ် ဖက်ထုပ်ပေါင်းရယ် အိမ်မှာက ငါတစ်ယောက်ထဲရှိတော့ ဟင်းအမယ်တွေက မများဘူး စားလို့တော့ ရတယ်မလား ''

"ဟုတ် ရပါတယ် ကော''

"Omm အ့ဆို စားလေ''

ရှောင်ကျန့် စိတ်အထင် ကောင်လေးက ခေါက်ဆွဲသုပ်ကို မထိတထိစားနေပြီး မျက်လုံးကလည်း ဝမ်းနည်းနေသလိုပဲ
"ဟေ့ စားလို့ အဆင်မပြေလို့လား အစပ်လည်း မ
ထည့်ထားပါဘူး''

" ဟုတ် အဆင်ပြေပါတယ် ကော ''

" အဆင်ပြေရင်လည်း ပြီးတာပဲ မင်းကြည့်ရတာ တမျိုးကြီးမလို့ စားမကောင်းရင်လည်း မစားလည်းရပါတယ်''

"မဟုတ်ပါဘူး မားကို သတိရသွားလို့ပါ''

" အာ...အ့လိုလား ငါက မသိလို့ပါ ဆောရီး''

"ရပါတယ် မားက ကျွန်တော့်မွေးနေ့တိုင်း အမဲသားခေါက်ဆွဲသုပ် လုပ်ကျွေးနေကျမလို့ပါ ပြီးတော့ ဒီနေ့က ကျွန်တော့်မွေးနေ့လေ''

"ဟုတ်လား ရှင်းရီခွိုင်းလော့''

" ကျေးဇူးပါ ကော''

" ဒါနဲ့ မင်းက ကိုယ့်မွေးနေ့ကို ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ''

"ဟို ဒီနေ့က ကျွန်တော့် မွေးနေ့လည်း ဟုတ်သလို ကျွန်တော့်မိဘတွေ ဆုံးတဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်တယ်လေ''

"အာ... တောင်းပန်ပါတယ် ငါ က မသိလို့''

"ရပါတယ် ကော က မသိလို့ပဲဟာ''

" မင်း တအားဝမ်းနည်းရမှာပေါ့ ကိုယ့်ရဲ့ မွေးနေ့မှာ ကိုယ့်မိဘ၂ပါးလုံးကို ဆုံးရှုံးလိုက်ရတော့လေ ငါလဲ ကိုယ်ချင်းစာပါတယ် မားကို ဆုံးရှုံးလိုက်ရတုန်းက ငါလဲ ကမ္ဘာကြီးပြိုလဲသွားသလို ခံစားရတာလေ''

" ကော သိလား မားတို့က ကျွန်တော့်မွေးနေ့လေး လုပ်ပေးနေတုန်းမှာ လုပ်ကြံခံရတာလေ မီးလောင်မှုဖြစ်ပြီး မားတို့ပါးတို့က မီးလောင်တဲ့အထဲ ပါသွားတာ ကျွန်တော်က ကံကောင်းပြီး ဦးလေးကြီးတစ်ယောက်ရဲ့ အကယ်ခံလိုက်ရတာ ''

ကောင်လေးရဲ့ အသံတွေက ပုံမှန်ထက်ပိုပြီး ဝမ်းနည်းဖို့ကောင်းနေတယ် မျက်လုံးကနေလည်း မျက်ရည်တွေ ထွက်မကျလာအောင် ထိန်းပြောနေရသလိုပဲ
လူတွေအများကြီးရှေ့မှာ တည်ငြိမ်အောင် နေနေရပေမယ့် သူ့မှာလည်း ခံစားချက်တွေ စိတ်ဒဏ်ရာတွေ ရှိမှာပဲ

" တကယ်တမ်း ကျွန်တော် အ့နေ့က မားတို့ကို မွေးနေ့ပွဲ လုပ်ပေးဖို့ မပူဆာသင့်ခဲ့ဘူး မဟုတ်ရင် မားတို့က အပြင်ကို သွားနေမှာ အိမ်မှာလည်း ရှိမှာမဟုတ်ဘူး လုပ်ကြံခံရပြီး မီးလည်း မလောင်လောက်ဘူး ကျွန်တော့်ကြောင့်ပါ မားတို့ ဆုံးသွားရတာ အဟင့်😭''

ရုတ်တရက် ငိုလာတဲ့ ကလေးပေါက် ကြောင့် ရှောင်ကျန့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတယ်
လူကသာ ကြောင်သွားပေမယ့် လက်က သူ့အလိုလို ကလေးပေါက်ကို ဖက်မိနေပြီး ကျန်လက်တစ်ဖက်က သူ့ရဲ့ကျောလေးကို အသာပုတ်ပေးနေမိတယ်

"ဘာမှမဖြစ်ပါဘူး လောင်ဝမ်ရဲ့ လောင်ဝမ့်အမှားမှ မဟုတ်တာ ဖြစ်ချိန်တန်လို့ ဖြစ်တာပဲဟာ လောင်ဝမ့်မိဘတွေကလည်း လောင်ဝမ် ဒီလို ဖြစ်နေတာ မြင်ရင် စိတ်ကောင်းမှာ မဟုတ်ဘူးလေ တိတ်တော့နော် ''

" ဟုတ် 😢 ကောကို အားနာစရာတွေ ဖြစ်ပြန်ပြီ တောင်းပန်ပါတယ်နော် ကော''

"ရပါတယ် ''

ငိုထားလို့ စိုစွတ်နေတဲ့ မျက်တောင်လေးတွေ နီရဲတွတ်နေတဲ့ နှာခေါင်းလုံးလုံး ပြီးတော့ နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ရင်း တစ်ခုခု ဆာလောင်လာသလိုပဲ
ခန္ဓာကိုယ်ကလည်း မူမမှန်သလို ဖြစ်လာတာနဲ့ပဲ
" ဟို ရိပေါ် ကော ခဏ သန့်စင်ခန်း သွားလိုက်ဦးမယ်နော် ''

"ဟုတ် ကော''

ရှောင်ကျန့် ရေချိုးခန်းထဲဝင်လာပြီး မှန်ကို ကြည့်ပြီး
ကိုယ့်ကိုကိုယ် ပြောနေမိတယ်
" ရှောင်ကျန့် စိတ်ထိန်းစမ်း မင်းကော လောင်ဝမ်ကော က ယောကျာ်းလေးတွေလေ မဟုတ်တာတွေ မတွေးစမ်းပါနဲ့ကွာ ခဏနေဦး ငါက ဝမ်ရိပေါ်ကို လောင်ဝမ်လို့ သုံးနှုန်းလိုက်တာလား''

မှန်ထဲကနေ ရှောင်ကျန့်နဲ့ ပုံစံတူ ပုံရိပ်တစ်ခု ပေါ်လာပြီး '' ခုမှ သတိထားမိတာလား စောနကလည်း တစ်ခါခေါ်သေးတယ်လေ''

" မင်းက...''

"ငါကလည်း မင်းပဲလေ မှန်မှန်ပြောစမ်းပါ မင်း အ့ကောင်လေးကို ရင်ခုန်နေတာမလား''

"မဖြစ်နိုင်တာတွေ ငါက straight စစ်စစ်ကွ''

"အ့ဒါတော့ မင်းဘာသာမင်း သိမှာပါ အ့ကလေးရဲ့ နှုတ်ခမ်းကို မနမ်းချင်ဘူးလား နမ်းချင်စိတ် နည်းနည်းလေးတောင် မဖြစ်မိဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်''

"ငါကလား ''

"အင်း''

"ငါက ဘာလို့ အ့လို ဖြစ်ရမှာလဲ ငါက ဖြစ်စရာလား''

ရှောင့်ကျန့် သူ့ပုံရိပ်ကို ပြန်ပြောနေတုန်း မှန်က သူ့ပုံစံအစစ်ပဲ မြင်ရတော့တယ်

" ဝေ့ မင်း ဘယ်ရောက်သွားတာလဲ ဟမ် အစကတည်းက မရှိတာလား ငါတော့ ရူးနေပြီထင်တယ်
အိပ်ရေးပျက်တာတွေ များလို့ ဖြစ်မယ် ဟုတ်တယ်
စိတ်နဲ့ကိုယ်နဲ့ ကပ်စမ်း ရှောင်ကျန့် ''

ရိပေါ်တစ်ယောက် သူများရှေ့မှာ ငိုမိတာ နည်းနည်းတော့ ရှက်မိပေမယ့် ''ချစ်သော'' ဖြစ်နေလို့ တော်ပါသေးရဲ့
ရိပေါ်ရဲ့ စိတ်က ကိုယ့်ရဲ့ ခံစားချက်တွေကို အရင်းနှီးဆုံးသူတွေဆီမှာပဲ ချပြချင်တာ
ဒါပေမယ့် ''ချစ်သော'' ဘက်ကတော့ နားလည်ပေးလောက်မှာပါလေ

"နဲနဲ ကြာသွားတယ် Sryပါကွာ''

"ရပါတယ် ကောရဲ့''

"ဒါနဲ့ မင်းက မွေးနေ့ မလုပ်ဘူးလား''

"ဟင့်အင်း မားတို့ ဆုံးပြီးကတည်းက တစ်ခါမှ မလုပ်ဖြစ်တော့ဘူး ဒေါ်လေးကတော့ ခေါက်ဆွဲ လုပ်ကျွေးပါတယ် ခုက ဒေါ်လေးက ကျွန်တော်နဲ့ အတူမရှိဘူးဆိုတော့လေ''

"သူငယ်ချင်းတွေနဲ့ကော မလုပ်ဖူးလား''

"ကျွန်တော်က သူငယ်ချင်း သိပ်မရှိဘူး မွေးနေ့တိုင်း တစ်ယောက်ထဲ ဖြတ်သန်းဖြစ်တာ များပါတယ်''

"ထားပါ ခု ခေါက်ဆွဲသုပ်က မင်းမွေးနေ့အတွက် ငါက လုပ်ကျွေးတယ်လို့ သဘောထားလိုက်လေ ''

"ဗျာ''

"Omm နောက်ဆိုလည်း မင်းမွေးနေ့ရောက်တိုင်း ငါက ခေါက်ဆွဲ လုပ်ကျွေးမယ် ''

"ဗျာ တကယ်လားဟင် ''

ရှောင်ကျန့် ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုပဲ ပိတ်ရိုက်လိုက်ချင်တယ်
ဘယ်လိုပြောမိမှန်းမသိဘူး ဒါပေမယ့် ကိုယ်ပြောလိုက်လို့ အရောင်လက်သွားတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေကို မြင်တော့ ပြန်ပြင်ပြောဖို့ မစဉ်းစားနိုင်တော့ဘူး

"အင်း တကယ်ပြောတာ ငါက ဘာလို့ နောက်ရမှာလဲ
မင်းက ငါ့မိတ်ဆွေပဲလေ မင်းရဲ့မွေးနေ့ကို အတူတူ ဖြတ်သန်းပေးမယ်လေ''

"တကယ် အများကြီး ကျေးဇူးတင်ပါတယ်နော် ကော''
ဆိုပြီး ရိပေါ်က ရှောင်ကျန့်ကို ဖက်လိုက်မိတယ်

"ဟို..တောင်းပန်ပါတယ် ကော ကျွန်တော် ဝမ်းသာသွားလို့ပါ မရည်ရွယ်ပါဘူးနော် ''

"အင်း...ရပါတယ် ဘာမှမဖြစ်ပါဘူး တမင်လုပ်တာမှ မဟုတ်တာ မထင်မှတ်ဘဲ ဖြစ်သွားတာပဲဟာ''

" ဟုတ် ကျေးဇူးပါပဲ ကော''

"ရပါတယ် ခု မင်းမွေးနေ့ လုပ်ပေးမှာဆိုတော့ cakeလေးတစ်လုံးလောက်တော့ လိုမှာပေါ့ ဒါပေမယ့် ကိတ်မုန့်ဆိုင်တွေက ပိတ်လောက်ပြီ အာ..ခဏနေဦး''

"ဟုတ်''

"ချစ်သော'' က ကျွန်တော့်မွေးနေ့ကို အတူတူဖြတ်သန်းပေးမယ်ဆိုတော့ တကယ်ပျော်တာပဲ အပျော်လွန်ပြီး ''ချစ်သော'' ကိုတောင် ဖက်မိသွားသေးတယ် တော်သေးတယ် စိတ်မဆိုးလို့ ''ချစ်သော'' က ခုလည်း ကျွန်တော့်အတွက် မွေးနေ့ကိတ် လုပ်ပေးမလို့ဆိုပြီး ထသွားတယ်

ခဏနေတော့ ရှောင်ကျန့်က စက္ကူဘူးအသေးလေး တစ်ခုကိုယူလာတယ်

"ဟို ငါ့အိမ်မှာ ရှိတဲ့ cake မုန့်လုပ်လို့ရတဲ့ အဝိုင်းပုံစံမုန့်တွေထဲမှာ ဒါက အကြီးဆုံးပဲ မင်းအတွက် အဆင်ပြေတယ်မလား''

ရိပေါ်လည်း ရှောင်ကျန့်ပေးတဲ့ ဘူးလေးကို ယူကြည့်လိုက်တော့ အထဲမှာ chocopieလေး တစ်ခု

" ရပါတယ် ကျွန်တော့်အတွက် အဆင်ပြေတာထက် ပိုပါတယ် ''

"အားတော့နာပေမယ့် ငါ့အိမ်မှာက ဒါပဲ ရှိတာမလို့ နောက်တစ်ခါကျရင်တော့ ခပ်ကြီးကြီးလေး ဝယ်ပေးမယ်နော်''

*နောက်တစ်ခါလို့ '' ချစ်သော '' က ပြောလိုက်တာလား နောက်ထပ် '' ချစ်သော '' နဲ့ မွေးနေ့ ဖြတ်သန်း
ခွင့်ရဦးမှာပေါ့ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်ပါတယ် *

" ဟုတ် ကော''

" အာ...တော်သေးတယ် ဖယောင်းတိုင် တော့ ရှိသေးလို့ counter က အစ်မကြီးတစ်ယောက်က ရောင်းတုန်းက ဝယ်ထားလိုက်တာ အ့ဆို စလိုက်မလား''

"ဗျာ''

"လုပ်လေ ငါက ဖယောင်းတိုင် ထွန်းပေးမယ် မင်းက ဆုတောင်းပေါ့ ''

"ဟုတ်''

"ရသွားပြီ''

ရိပေါ်တစ်ယောက် စိတ်ထဲကနေ ဆုတောင်းလိုက်ရင်း ကျန့်ကော ထွန်းပေးထားတဲ့ ဖယောင်းတိုင်လေးကို ဖြည်းဖြည်းလေး မှုတ်လိုက်တယ်

" ဘာတွေ ဆုတောင်းလိုက်လဲ''

" ဟို...ဟို..''

"ရပါတယ် မပြောပြချင်လည်း''

"မဟုတ်ပါဘူး ဆုတောင်းက ပြောလိုက်ရင် မပြည့်ဘူးလို့ ကြားဖူးလို့ပါ''

" အေးပါ မင်းသဘောပဲ ကဲ ခု ဒီလိုလေးဆိုတော့ မင်းမွေးနေ့က ပျင်းစရာ မကောင်းတော့ဘူးမလား''

"ဟုတ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော် ကော''

"ရပါတယ် မင်းလည်း ငါ့ကို နေ့တိုင်း လာကြိုပေးနေတာပဲလေ ဒီလောက်လေးက အသေးအမွှားလေးပါ စားစရာရှိတာ စားတော့လေ''

"ဟုတ် ကော''

Additional part,
ရိပေါ်တို့ ဆိုင်ကယ်လေး supermarket က ထွက်သွားပြီး မကြာခင်မှာ အ့ supermarket ထဲက ကောင်မလေး၂ယောက် ထွက်လာတယ်

" နင်က ဘာလို့ အလျှော့ပေးလိုက်ရတာလဲ ''

" Z ကလည်း အားနာစရာကြီးလေ အ့အစ်ကိုက
အရင် ယူလိုက်တာလေဟာ''

" နင်လည်း ပြိုင်တူ ကိုင်လိုက်တာပဲကို''

" ငါက ရပါတယ်ဟာ အ့အစ်ကိုက သူ့ကောင်လေးနဲ့ အတူ စားမလို့ နေမှာ ကုသိုလ်ရပါတယ်ဟာ''

" ဘာကုသိုလ်လည်း ငါ သိတယ်နော် ယန်''

" သိရင်လည်း ပိုကောင်းတာပေါ့ဟာ ဟီးးး ''

" မပြောချင်ဘူး နင့်ကိုတော့''

" မပြောပါနဲ့ သူငယ်ချင်းလေးကလည်း ဟီးးး နင်ကြိုက်တဲ့ ချောကလက်ရေခဲမုန့် ဝယ်ကျွေးမယ်လေ နော်..နော်..''

" အေးပါ ''

" ဒါနဲ့ နင်က ဘာလို့ ငါတို့ ၂ယောက်ထဲ စားမှာကို ဘာလို့ သူငယ်ချင်းတွေ အများကြီး နဲ့ စားမှာလို့ ပြောလိုက်တာလဲဟ''

" ရား...အ့လိုပြောမှ ရအောင်လို့ပေါ့ဟ လူအများကြီးစာဆိုတော့ အလျှော့ပေးမလားလို့ပေါ့ ဒါပေမယ့် ဟို လူ့ဂွစာက ပေးမှမပေးတာ ပြီးဗာ့ နင်က ၂ယောက်စာလောက် စားမှာလေ''

"အယ်..Z နင်ကလည်း ဟီး...သိပြီးသားပဲဟာကို''

" မပြောချင်တော့ဘူးနော် ဒါနဲ့ နင့်ဖုန်းထဲက ဘာတွေလဲ အ့ဒါတွေက စောနက လူ့ဂွစာတို့အတွဲရဲ့ ပုံတွေလား ယန် နင်ကတော့နော် ပိုဆိုးလာပြီနော်''

" Z ကလည်း သူတို့အတွဲက ချစ်ဖို့ကောင်းလို့ပါ အမဲသားဝယ်တုန်းက တွေ့တဲ့ ချောတဲ့ အစ်ကိုကြီးက သူ့ကောင်လေး ရှောင်ကောကော ကို အရမ်းချစ်တယ် ထင်တယ် အေးပေါ့လေ အ့ရှောင်ကောကောကလည်း ချစ်ဖို့အရမ်းကောင်းတာကို ကြည့်ပါဦး ပါးလေးတွေကလည်း ဖောင်းဖောင်းလေးနဲ့ အူယားစရာလေး ဟီးး''

" ဘာ အ့လူဂွစာက ချောတယ် ဟုတ်လား ငါ့လောက်တောင် ခန့်လို့လား''

" Z ကလည်း နင်က ခန့်တာမှ မဟုတ်တာ လှတာလေ ဟုတ်တယ်မလား ငါ့သူငယ်ချင်းလေးက ''

" ကောင်မလေး လောကွတ်ချော်တတ်နေတာ ထားပါ အ့အစ်ကိုလို နင့်မှာလည်း ပါးဖောင်းဖောင်းလေးတွေ ရှိတာပဲဟာ''

" မဟုတ်တာတွေ''

" ဒီမှာလေ '' ဆိုပြီး ပါးကိုနမ်းလိုက်တယ်

" ရားး..Z''

"ဟားဟားဟား ကောင်မလေးတစ်ယောက် ရှက်နေပါတယ်ဗျို့''

"Z မကောင်းဘူး တော်ပြီ ရေခဲမုန့် ဝယ်မကျွေးတော့ဘူး ဟွန့်''

" အ့လို မလုပ်ပါနဲ့ အသည်းလေးကလည်း''

" ငါသွားပြီ လိုက်မလာနဲ့''

"ဟေ့ ဟေ့ ယန်လေးရေ ပေါင်ပေ့လေးကလည်း ငါလည်း လိုက်မှာပေါ့လို့''

ဒီလိုနဲ့ လမ်းမပေါ်မှာ ပါးဖောင်းဖောင်းလေးနဲ့ မျက်မှန်ဝတ်ထားတဲ့ အရပ်နဲနဲ ပုတဲ့ ကောင်မလေးကို သူ့ထက် အရပ်နည်းနည်း ရှည်တဲ့ ကောင်မလေးတစ်ယောက်က လိုက်ချော့နေလေရဲ့

Note
**additional partက အလကား ပါတာ မဟုတ်ပါဘူးနော် နောက်ကျရင် သူတို့ကလည်း အရေးကြီးတဲ့နေရာတစ်ခုရောက်ရင် ထပ်ပါလာဦးမှာမလို့ပါ ကြိုspoilerပေးထားပေးတာပါနော်😁

Chocopieက ယွမ် အ့လိုလုပ်ချင်တာရယ်
ဖယောင်းတိုင်မီးတော့ မထွန်းဖူးပေမယ့်
အ့လို မွေးနေ့ကိတ်လိုမျိုးတော့ လျှောက်လုပ်ဖူးတယ်😁


Continue Reading

You'll Also Like

576K 75.1K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
67.4K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
595K 38.4K 77
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...