You💞💞💞(unicode + zawgyi)

Por ToxicDaisy-2003

671 53 13

''ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ်'' ''ကျွန်တော် အရမ်းချစ်ရတဲ့သူကလည်း'ချစ်သော' တစ်ယောက်ထဲပါ'' ''ငါအရမ္းခ်... Más

Ep 6 unicode
Ep 7 part1 unicode
You💕💕💕 intro(uni+zaw)
Ep 1 unicode
Ep 1 Zawgyi
Ep 2 unicode
Ep2 Zawgyi
Ep 3 unicode
Ep 3 Zawgyi
Ep 4 unicode
Ep 3 Zawgyi
Ep 5 Zawgyi
Ep6 Zawgyi
Ep 7 part1 Zawgyi
Ep7 part2 unicode
Ep 7 part2 zawgyi

Ep 5 unicode

25 1 0
Por ToxicDaisy-2003

ဟင်း... ရှောင်ကျန့်တစ်ယောက် ဟိုတစ်နေ့မနက်ကလိုမျိုးလေး လိုချင်နေမိတုန်းပဲ ဘာလို့မှန်းမသိပေမယ့်ပေါ့
သူစိမ်းတစ်ယောက်ယောက်နဲ့ မနက်စာအတူတူစားရရင် ဟိုနေ့ကလို ခံစားမှုမျိုး ရလိမ့်မယ်လို့ ထင်လို့
တခြားသူငယ်ချင်းတွေနဲ့ မနက်စာကို ဆေးရုံမှာ အတူတူစားလိုက်တယ် ဒါပေမယ့် အ့ခံစားချက်ကို မရဘူး ဆေးရုံမှာ မို့လို့ နေမှာပါလို့ တွေးပြီး ကျိုးချန်ရဲ့အိမ်မှာလည်း မနက်စာသွားစားဖူးတယ်
ဒါပေမယ့် အ့လိုခံစားချက်မျိုး မရခဲ့ပြန်ဘူး
ဟိုကလေးပေါက်နဲ့ကလည်း မတွေ့ဖြစ်တာကြာပြီ
မခင်တော့ ကိုယ်နဲ့အတူ စားပေးဖို့လည်း မပြောရဲဘူး ဟူး.....

"ဒေါက်..ဒေါက်..ဒေါက်''

"ဝင်ခဲ့ပါ''

"အာ... အမယန်လီ ဘာကိစ္စရှိလို့လဲဟင်''

" ထုံးစံအတိုင်းလေ ပါဆယ်ဘူး ရောက်လာလို့တဲ့ ကောင်တာက ကလေးမတွေပြောတာ ဖွင့်ကြည့်လိုက်ပါဦး''

ရှောင်ကျန့်လည်း ဖွင့်ကြည့်လိုက်တော့

"Macroonလေးတွေပါလား''

"အားကျန့်တော့ မရိုးတော့ဘူး နော် ကောင်မလေးတွေများရနေပြီလား ဟိုနေ့ကလည်း cupcakeတွေပို့တာဆို များလို့ ကောင်တာက သူတွေကိုတောင် ခွဲကျွေးတယ်ဆို ကောင်မလေးရရင် မိတ်ဆက်ပေးပါဦး လျှိုမထားနဲ့လေ''

"မဟုတ်ပါဘူး ကျဲရယ် ဘယ်သူပို့မှန်း ကျွန်တော် တကယ်မသိတာပါ သူက တစ်ပတ်တစ်ခါတော့ အမြဲပို့တာ မုန့်တွေလည်း မျိုးစုံပဲ ကျွန်တော်လည်း ဘယ်သူမှန်းမသိလို့ သိချင်နေတာ ဒါနဲ့ macroonတွေက အများကြီးပဲ ကျဲတို့လည်း စားဖို့ ယူသွားပါလား''

"တော်ပါပြီတော် ပို့တဲ့သူက အားကျန့်ကို စားစေချင်လို့လေ ကျဲက ယူမစားရက်ပါဘူး ကဲပါ ကျဲသွားပြီနော် အရသာရှိရှိစားလိုက်ပါဦး''

"ဟီး...ဟုတ်''

ရှောင်ကျန့် macroonဘူးလေးကို သေချာကြည့်ကြည့်လိုက်တော့ အောက်ဘက်နားမှာ အစိမ်းရောင်စာရွက်လေးတစ်ခု ဝက်ရုပ်stickerလေးတွေနဲ့
" အရသာရှိအောင်စားပြီး လူနာတွေကို ကယ်တင်ပါ''လို့ရေးထားတယ်
အောက်ဘက်မှာတော့ အနီရောင်အသဲပုံတစ်ခုကိုဆွဲထားပြီး အစက်ကလေးတစ်ခု ရေးဆွဲထားသေးတယ်
ပေးတဲ့သူက တော်တော်လေး ကလေးဆန်တာပဲ
ဆယ်ကျော်သက်ကလေးတွေဖြစ်မယ်ထင်တယ်
တကယ်ပါပဲ ကလေးမလေးတွေကတော့ စာကြိုးစားမယ်မရှိဘူး ရှောင်ကျန့်က ဒါမျိုးတွေ မကြိုက်ပါဘူး
Macroonတွေကိုလည်း ပြီးမှ ကောင်တာက သူတွေကို သွားကျွေးတော့မယ်ဆိုပြီး စားပွဲပေါ် တင်ထားလိုက်တယ်

"ဒေါက်...ဒေါက်...ဒေါက်''

"ဝင်ခဲ့ပါ''

"အာ....ငါက အမယန်လီထင်လိုက်လို့ မေ့အော် ဘကိစ္စရှိလို့လဲဟင်''

" လင်း က ကိစ္စရှိမှ ရှောင်းဆီ လာရမှာလား''

"အ့လို မဟုတ်ပါဘူး ငါက ဒီအတိုင်း ပြောလိုက်တာ''

"ရပါတယ် လင်းက စတာပါ လင်း နောက်လဆို
အီတလီကို ပညာတော်သင် သွားရတော့မှာမလို့ လင်းက လာနှုတ်ဆက်တာပါ ''

"အာ...ဟုတ်လား မေ့အော်အတွက် ဝမ်းသာပါတယ် အနောက်တိုင်းဆေးပညာတွေကို ကောင်းကောင်း လေ့လာလို့ရတာပေါ့''

"အင်း''
* လင်းအတွက် အ့စကားပဲ ပြောစရာရှိတာလား ရှောင်းရယ် ဒါပေမယ့် လင်း ပြန်လာရင်တော့
မျှော်လင့်လို့ရသေးတယ်မလား*

"ဒါနဲ့ ဒီmacroonဘူးလေးတွေက''

"အာ... ဒါကလား တစ်ယောက်ယောက်က ပေးတာပါ စားကောင်းတယ် မေ့အော်ကော ယူဦးမှာလား''

ရှောင်ကျန့်လည်း မေ့အော်ရှေ့မှာဆိုတော့ macroonတစ်ခုကို ပါးစပ်ထဲထည့်လိုက်တယ်
အရသာက လုံးဝကို အံ့သြဖို့ကောင်းတယ်
ချိုတာတွေကို သိပ်မကြိုက်တဲ့ ရှောင်ကျန့်တောင်
တစ်ခါစားရုံတင်နဲ့ ထပ်စားချင်လောက်အောင် စွဲမက်ဖွယ်ကောင်းလွန်းတယ်
ဒီလိုမှန်းသိရင် အရင်တုန်းက မုန့်တွေလည်း ယူစားခဲ့ပါတယ်

* ရှောင်းရယ် လင်း မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါရဲ့ လင်း နှုတ်ဆက်ခဲ့ပါတယ်*
"တော်ပါပြီ ရှောင်း လင်း သွားတော့မယ်နော် ''

"အော်..အင်း လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေ''
( ရှောင်ကျန့် macroonအရသာခံစားနေတော့ အာရုံသိပ်မရတာနဲ့ ဆုပဲ တောင်းပေးလိုက်တယ်)

" ကျေးဇူးပါ ရှောင်း သွားပြီနော် ''

"အင်း''

"ဟူး....''
ရှောင်ကျန့်လည်း မေ့အော်တစ်​ယောက် ထွက်သွားတော့မှ အသက်ဝဝရှူနိုင်တော့တယ်
အင်း..လင်းမေ့အော်ဆိုတာက တခြားတော့မဟုတ်ဘူး
အထက်တန်းတုန်းကလည်း တစ်ကျောင်းထဲထွက်ဖြစ်ပြီး ဆေးကျောင်းလည်းအတူတူတက်ခဲ့ရတာ
ကျွန်တော်လည်း အရွယ်ရောက်ပြီးသား ယောကျာ်းလေးတစ်ယောက်ပဲ သိတာပေါ့
မေ့အော်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာကို
သူငယ်ချင်းတွေက ဝိုင်းပို့ကြပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက အချစ်ရေးကို စိတ်မဝင်စားသေးတာရယ် သူမကို သူငယ်ချင်းလိုပဲ သဘောထားနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက မိတ်ဆွေအဆင့်ထက် မပိုခဲ့ပါဘူး
ကျွန်တော့်ရဲ့ ဘဝမှ ဘယ်သူ့ကိုမှ မချစ်ဖူးသေးဘူး
ပြီးတော့ အချစ်ကိုလည်း အယုံအကြည်မရှိဘူး
မားဆို အသေချစ်ခဲ့ပေမယ့် နောက်ဆုံးတော့ မသေခင်တောင် ချစ်ရသူမျက်နှာကို မတွေ့လိုက်ရဘူးလေ

"ဟင်း.... အလုပ်ဆက်လုပ်တာပဲ ကောင်းပါတယ်လေ
Macroonပေးတဲ့ သူလေးရေ ကျေးဇူးပါပဲ
ကောင်းကောင်းစားလိုက်ရပါတယ်
မင်းပြောသလိုပဲ အရသာရှိအောင်စားပြီး လူနာတွေကို သွားကြည့်တော့မယ်နော်''

ရှောင်ကျန့်လည်း macroon သုံးလေးခုလောက် စားပြီး ဘူးလေးကို ပြန်ပိတ်ထားလိုက်တော့တယ်
Sticker noteလေးကိုတော့ မလွှင့်ပစ်တော့ဘဲ သိမ်းထားလိုက်တော့တယ်

Skip>>>>
"အာ.. စခန်းမှူးရောက်လာပြီလား''

"ဟုတ်ကဲ့ပါ အေးဆေးထိုင်လို့ ရပါတယ်ဗျ မတ်တပ်ရပ်ပြီး နှုတ်ဆက်စရာမလိုပါဘူးခင်ဗျ ဒါနဲ့ စုံထောက်မင်က ဘာသတင်းများထူးလို့ ရောက်လာတာလဲဗျ''

"အော် ဟုတ်ကဲ့ ဟိုကောင်မလေးကို ပြန်ပေးဆွဲတဲ့ ဝရမ်းပြေး တရားခံကို ရှာတွေ့ပြီမလို့ပါ''

"ဘယ်နေရာမှာလဲဗျ''

"မြို့အစွန်က တိုက်ခန်းတစ်ခုမှာပါ အ့တိုက်ခန်းက ဟိုလိုဟာမျိုးလုပ်စားတဲ့သူတွေ အများစုနေတာဖြစ်ပြီး တိုက်ခန်းခကလည်း သက်သာတယ် မြို့အစွန်လည်း ဖြစ်တော့ လူသွားလူလာ နည်းတယ် အ့ဒါကို တရားခံက သိထားပြီး ရှောင်ပုန်းနေတာ ဖြစ်နိုင်ပါတယ်''

" ဒါနဲ့ စုံထောက်မင်တို့က ဘယ်လိုသိတာလဲဗျ''

"ဟုတ်ကဲ့ ကျွန်တော်တို့ စခန်းဘက်ကို အမျိုးသမီးတစ်ယောက် က လာတိုင်လို့ပါ သူက အ့တိုက်ခန်းပိုင်ရှင်ဖြစ်ပြီး သူ အ့တရားခံကို တရားခံမှန်းမသိဘဲ
အခန်းငှားလိုက်တာတဲ့ ဒါပေမယ့် မနေ့က ညမှာ တရားခံက မိန်းမတစ်ယောက်ကို ခေါ်လာပါတယ်တဲ့ ပြီးတော့အ့အခန်းထဲက အော်သံဟစ်သံတွေလည်း ကြားရတယ် သူမကလည်း ဒီနေရာက ဟိုလိုမျိုးတွေပဲ လာငှားတာဆိုတော့ သူမလည်း ရိုးရိုးပဲ တွေးမိလိုက်တာတဲ့ ဒါပေမယ့် ဒီနေ့မနက်မှာ အ့မိန်းကလေးက အခန်းထဲကနေ ထွက်မလာခဲ့ဘူးတဲ့ သူမကိုယ်တိုင်က စပ်စုတတ်တာ​ကြောင့် တရားခံရဲ့ အခန်းထဲကို တရားခံ အပြင်သွားနေချိန် အပို​သော့နဲ့ ဖွင့်ပြီး ဝင်
ကြည့်ခဲ့ပါတယ်တဲ့ အခန်းထဲဝင်လိုက်တဲ့အချိန်မှာ လူတစ်ယောက်မှ မရှိဘူးတဲ့ ရေချိုးခန်းက ရေကျသံတော့ ကြားနေရတယ်တဲ့ သူမလည်း ကောင်လေးက ရေပိတ်ဖို့ မေ့ခဲ့တယ်ထင်ပြီး ရေချိုးခန်းထဲ ဝင်လိုက်တဲ့အချိန်မှာ ရေချိုးကန်ထဲမှာ အမျိုးသမီးလက်လို့ထင်ရတဲ့ လက်ပြတ်ကြီးတစ်ခုကို တွေ့ရတာပါပဲတဲ့ သူမလည်း ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ပဲ ဟိုကောင်လေး ပြန်မလာခင် ကျွန်တော်တို့ စခန်းဘက်ကို လာတိုင်ပါပဲ ခင်ဗျ''

" တရားခံက တိုက်ပိုင်ရှင် သူ့အကြောင်းကိုသိသွားတာကို သိလောက်လား ပြန်ကော ပြန်လာပါ့မလား တိုက်ခန်းကိုလေ''

" တိုက်ခန်းပိုင်ရှင်ဆီ သော့ ပြန်လာမအပ်သေးဘူးဆိုတော့ သေချာပေါက် ပြန်လာမယ်လို့ ထင်ပါတယ် ကျွန်တော်တို့အချိန်မီ လှုပ်ရှားရင် မီမှာပါ''

"ပြောနေရင် ကြာပါတယ် ခုပဲ သွားကြတာပေါ့ ကျွန်တော်က ဆိုင်ကယ်နဲ့ သွားလိုက်ပါ့မယ် ချန်ဟွေ့နဲ့ ကျန်တဲ့သူတွေက ကားနဲ့ လိုက်ခဲ့ကြပါ ကျွန်တော့်ကို တိုက်ခန်းပိုင်ရှင်ဆီက တရားခံနားက အခန်းကို ခဏငှားပေးပါ သူရောက်လာတဲ့ အချိန်ကျ အချိန်ကိုက် ဖမ်းလို့ရအောင်လို့ ကျန်တဲ့သူတွေက တိုက်ခန်းပတ်ဝန်းကျင် အနီးအနားမှာပဲ ၂ယောက်တစ်ဖွဲ့ခွဲပြီး တိတ်တဆိတ်ရှိနေကြပါ အားလုံး အဆင်ပြေတယ်ဆို သွားကြရအောင်''

"ဟုတ်ကဲ့ စခန်းမှူး''

"ဟို ကျွန်တော်တို့ စခန်းဘက်ကကော အင်အား ပူးပေါင်းပေးရမလား''

"လူတွေများလွန်းရင် တရားခံ ရိပ်မိသွားနိုင်တယ် စုံထေက်မင်တို့က တိုက်ခန်းပိုင်ရှင်ကိုသာ အကြောင်းကြားလိုက်ပါ ကျွန်တော် ရောက်သွားရင် တန်းဝင်နေလို့ရအောင်လို့''

"ဟုတ်ကဲ့ပါ စခန်းမှူးဝမ် ဒါဆို တာဝန်ကျေလိုက်ပါဦး''

"ဟုတ်ကဲ့ စုံထောက်မင်ကောပါပဲ''

ရိပေါ်တို့လည်း စုံထောက်မင်ပြောတဲ့ တိုက်ခန်းမှာပဲ သွားစောင့်နေတာပေါ့
ဒါပေမယ့် အချိန်အတော်ကြာထိတိုင်အောင် တရားခံက မလာသေးဘူး
ဒါနဲ့ပဲ ညနေလောက်ရောက်တော့ ချန်ဟွေ့ကို စုံထောက်မင်ဆီ ဖုန်းဆက်မေးခိုင်းရတော့တယ်
"Hello စုံထောက်မင် သေချာရဲ့လားဗျ ခုထိ လူမပြောနဲ့ အရိပ်တောင် မမြင်ရသေးဘူးဗျ''

" သေချာပါတယ် ခဏနေဦးနော် တိုက်ခန်းပိုင်ရှင်ဆီက အဆက်အသွယ်ရလာလို့''

"ဟုတ်''

"တိုက်ခန်းကို မပြန်တော့ဘဲ တိုက်ခန်းသော့ကို ပိုင်ရှင်ဆီ တန်းပြန်ပေးပြီး ခုထွက်သွားတော့မယ်တဲ့ စခမှူးကို အမြန်လိုက်ဖို့ ပြောပေးပါ ချန်ဟွေ့''

"ဟုတ်ကဲ့ အ့ဆို ဖုန်းချပြီနော်''

"ဟယ်လို ချန်ဟွေ့ပြော''

"ရိပေါ်ကော တရားခံက အခန်းသော့ ပြန်အပ်ပြီး ထွက်သွားတော့မယ်တဲ့''

"အ့ဆို အမြန်အမီလိုက်ရတော့မှာပေါ့ ဒါနဲ့ ဘယ်ဘက်ကလဲ''

"မြောက်ဘက်အပေါက်ကတဲ့ ကော''

"အေး ငါအရင် လိုက်သွားလိုက်ဦးမယ် မင်းတို့က အရှေ့ဘက်အပေါက်ကနေ သွား ဟုတ်ပြီလား ဒါပဲနော်''

"ဟုတ် ကော''

ရိပေါ်လည်း ချန်ဟွေ့ပြောတဲ့ဘက်ကနေထွက်သွားတော့ ရားခံကို မြင်လိုက်ရတယ်
တရားခံကလည်း ရိပေါ် နောက်က လိုက်လာမှန်း သိလို့ထင်တယ် ခပ်သုတ်သုတ်သွားရင်း သူ့ကားဆီ ရောက်တော့ သော့အမြန်ဖွင့်ပြီး သွားတော့တာပဲ
ရိပေါ်လည်း အသင့်ရပ်ထားတဲ့ ဆိုင်ကယ်ကို စီးပြီး
တရားခံနောက်ကို အမြန် လိုက်ရတော့တယ်

ရိပေါ်ကလည်း ဆိုင်ကယ်ကို ဒုန်းစီးပြီး အတင်းမောင်းနေတဲ့ တရားခံရဲ့ကားနောက် အမီလိုက်ရတယ်
ချန်ဟွေ့တို့လည်း လိုက်လာတယ် ဆိုပေမယ့် အနီးဆုံးက ရိပေါ်ရဲ့ဆိုင်ကယ်ပဲ
ရုတ်တရက် တရားခံက သူ့ရှေ့လာနေတဲ့ ပန်းရောင်းနေတဲ့ ကောင်မလေးကို မရှောင်ဘဲ တိုက်ပြီး ထွက်ပြေးသွားတယ်
ရိပေါ် တရားခံကို မီခါနီးပေမယ့် လူသားချင်းစာနာသင့်က တစ်ကြောင်း သူကိုယ်တိုင်ကရဲဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ရမယ်ဆိုတော့ ဆိုင်ကယ်ကို ရပ်ပစ်လိုက်ပြီး လဲကျနေတဲ့ကလေးမလေးအနားကို သွားလိုက်တယ်

"ဟယ် ကားပိုင်ရှင်က တာဝန်မယူဘဲ ထွက်ပြေးသွားတယ်ဟယ်''

"ကလေးမလေးသနားပါတယ်အေ ခေါင်းမှာလည်း သွေးတွေနဲ့ အသက်ရှင်ပါ့မလားအေ''

"ဟို ဒီမှာဗျ သူ့ကို ဆေးရုံ ပို့ပေးဖို့ ကူညီကြပါလား ကျွန်တော်ကလည်း ဆိုင်ကယ်နဲ့ဆိုတော့ ပို့ဖို့အခက်အခဲဖြစ်နေလို့ပါဗျ''

လူတွေကို အကူအညီတောင်းပေမယ့် အမှုပတ်မှာစိုးပြီး ရှောင်ဖယ်နေကြတယ်
နောက်တော့ အငှားကားမောင်းတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့အကူအညီနဲ့ ကလေးမလေးကို ဆေးရုံကို ပို့ခဲ့ရတယ်
ဆေးရုံရောက်တော့ ဦးလေးကြီးကလည်း ကိစ္စရှိလို့ ပြန်သွားတော့ ရိပေါ်တစ်ယောက်တည်း ခွဲစိတ်ခန်းထဲက ကလေးမလေးကို စောင့်နေရတယ်
ခွဲစိတ်ခန်းထဲက ဆရာဝန်တွေက အလုပ်ရှုပ်နေပုံရတယ်
ဝင်လိုက်ထွက်လိုက်နဲ့
ရိပေါ်လည်း ဖုန်းဝင်လာလို့ ခဏ အပြင်ထွက်ပြောလိုက်ရတယ်

" ဒီနေ့ ရှောင်ကျန့် ဂျူတီမရှိဘူးလား''

"ဟုတ်ကဲ့ Dr ဒေါက်တာရှောင်းက ဒီနေ့ ဂျူတီoffပါ ဒါပေမယ့် နားနေခန်းထဲမှာတော့ ရှိမယ်ထင်တယ် သွားခေါ်ပေးရမလား''

"အင်း မြန်မြန် သွားခေါ်လိုက်ပါ သူနာပြုမော့ ဒီcaseက အရေးပေါ်ဆိုတော့ ကျွမ်းကျင်တဲ့သူ ထပ် လိုတယ်''

"ဟုတ်ကဲ့ Dr''

*အင်း.. Drခေါ်ခိုင်းလည်း ခေါ်ခိုင်းစရာပဲ Drရှောင်းက အသက်ငယ်သေးပေမယ့် ခွဲစိတ်ရာမှ အတော့်ကို ပါရမီရှိတာရယ် *

သူနာပြုမော့လည်း Drကို အမြန်သွားခေါ်လိုက်တယ်
ကံကောင်းချင်တော့ Drက ပြန်တော့မှကို အချိန်မီသွားတယ် ပြီးတော့ Drကလည်း သဘောကောင်းရှာပါတယ် တခြားသူတွေဆို ကိုယ့်နားချိန်မှာ လူနာလာကြည့်ခိုင်းတာ ကြိုက်မှာမဟုတ်ပေမယ့် Drကတော့ အပြေးအလွှား လာပေးရှာတယ်

"Drဖန်း ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ ဒါနဲ့ လူနာအခြအနေက တော်တော်ဆိုးလို့လား''

"Omm အခြေအနေက ပြင်းထန်တယ် အစ်ကိုတစ်ယောက်ထဲ မနိုင်လို့ ကဲပါ လာကြည့်လိုက်ဦး''

"ဟုတ်''

ရိပေါ်လည်း ဖုန်းပြောပြီး ခွဲစိတ်ခန်းရှေ့မှာပဲ ပြန်စောင့်နေလိုက်တယ်
*အထက်လူကြီးက ရိပေါ်ကို တရားခံလွတ်သွားလို့ ဆူနေတာ ရိပေါ်လည်း တရားခံကို မလွတ်စေချင်ပေမယ့် လူ့အသက်ကို အရင်ကယ်ရမယ်မဟုတ်လား*

ရိပေါ် အနည်းငယ်ကြာအောင် စောင့်ပြီးတဲ့နောက် ခွဲစိတ်ခန်းထဲက ဆရာဝန် နဲ့ nurseမ တစ်ယောက် ထွက်လာပြီး
"ဒီမှာ လူနာရှင် လူနာက သွေးထွက်လွန်နေတယ် အမြန်ခွဲစိတ်ရမယ် လူနာရှင်ရဲ့ သဘောတူလက်မှတ်လိုပါတယ်''

"ဗျာ ဟို...ကျွန်တော်က လူနာရှင် မဟုတ်ပါဘူး''

"အ့ဆို ဘာလို့ လူနာကို ဆေးရုံ လာပို့ရတာလဲ''

"ဟို..ဟို..''

"ဖန်းကော လူနာက တော်တော့်ကို သွေးထွက်များနေပြီ လူနာရှင်ကို အမြန်ခွဲစိတ်ခိုင်းဖို့ကောင်းပြီ ဟင်...မင်း''

*ဟင်...''ချစ်သော''*

"ဟုတ်တယ် Drရှောင်း ကျွန်မတို့လဲ အ့ဒါပြောနေတာ''

"ဟို..ကျွန်တော်က လူနာရှင် မဟုတ်ပါဘူး သူက ကားနဲ့တိုက်မလို့ ခေါ်လာတာပါ''

"ဘာလည်း မင်းက ကားနဲ့တိုက်ထားပြီး မဆိုင်သလို လုပ်တာလား''

"ဟို...မဟုတ်''

"ကဲပါ ရှောင်ကျန့်ရယ် သေချာမေးပါဦး''

"ရတယ် ကော လူနာရှင်နေရာကနေ ကျွန်တော် လက်မှတ်ထိုးပေးမယ် ဖြစ်လာသမျှ ကျွန်တော် အကုန် တာဝန်ယူတယ် ခုတော့ ခွဲစိတ်ရအောင် နောက်ကျလို့ မဖြစ်ဘူး''

*''ချစ်သော''က ကျွန်တော် ကားနဲ့တိုက်တယ် ထင်သွားတယ် ရှင်းပြချိန်တောင်မရလိုက်ဘူး ''ချစ်သော''တော့ ကျွန်တော့်ကို အများကြီး ဒေါသထွက်သွားတယ်ထင်တယ် မျက်လုံးတွေက နီနေပြီး ကျွန်တော့်ကို ခပ်စူးစူး အကြည့်တစ်ချက်လွှတ်ပြီး အထဲ ပြန်ဝင်သွားတယ်*

ခဏကြာတော့
"ခွဲစိတ်မှုအောင်မြင်ပါတယ်ရှင့် ဒီတစ်ညတော့ စောင့်ကြည့်ရပါဦးမယ် မနက်ဖန်မနက်ကျရင်တော့ စိတ်ချလို့ ရပါပြီ ခဏနေရင် လူနာခန်းထဲ ဝင်ကြည့်လို့ ရပါပြီ''

" ကျေးဇူးပါဗျ''

"ချစ်သော''က ကျွန်တော့်ကို လှည့်တောင်မကြည့်ဘဲ ထွက်သွားတယ်

"ဟို အားနာလိုက်တာဗျာ ရှောင်ကျန့်က ဒီအတိုင်း စိတ်တိုလို့ ပြောလိုက်တာပါ စိတ်ထဲမထားနဲ့နော် ဒါနဲ့ လူနာရှင်မဟုတ်ဘူးဆိုတော့ လူနာရဲ့ အုပ်ထိန်းသူတွေကိုတော့ အကြောင်းကြားရလိမ့်မယ်နော်''

"ဟုတ်ကဲ့ ဟို ကျွန်တော် ကားနဲ့တိုက်တာ မဟုတ်ပါဘူးဗျ ကျွန်တော်က ဆိုင်ကယ်နဲ့လာတာပါ မယုံရင် အ့အနီးအနားက လူတွေကို မေးလို့ရပါတယ်ဗျ''

"အ့လိုဆိုရင် နားလည်မှု လွဲသွားတဲ့အတွက် ကျွန်တော်ကပဲ ရှောင်ကျန့်ကိုယ်စား တောင်းပန်ပါတယ်ဗျ ''

"ဟုတ်ကဲ့ ဟို ကျန့်ကော ကိုသာ အထင်လွဲအောင် ရှင်းပြပေးပါနော်''

"အော် ရပါတယ်ဗျ အ့ဆို ခွင့်ပြုပါဦး''

"ဟုတ်ကဲ့ပါ Dr''

ရိပေါ်လည်း ဖုန်းက ထပ်လာတော့ အပြင်ထွက်ပြီး ပြောရပြန်တယ်
"Hello ချန်ဟွေ့ပြော''

"ကော ခု ဆေးရုံမှာလား''

"အင်း''

"ဒုရဲမှူးကလေ ကောကို ဒေါသထွက်နေတယ် တရားခံကို မိခါနီး လွတ်သွားလို့တဲ့''

"ဒါတော့ ကော လဲ မတတ်နိုင်ဘူး ပြီးမှပဲ ပြစ်ဒဏ်ခံတော့မယ် ကော ရှေ့မှာ လူတစ်ယောက် ဒဏ်ရာရနေတာကို ကော ပစ်မထားလိုက်နိုင်ဘူးလေ''

"ကောရဲ့ အကြောင်းကို ကျွန်တော် သိပါတယ် ကောရဲ့ စိတ်ဓာတ်ကိုလည်း လေးစားပါတယ် သိပ်လည်း စိတ်ထဲ ထားမနေပါနဲ့ကောရာ ကော က လူ့အသက် ကယ်လိုက်တာပဲ ဘုရားက ကောင်းချီးပေးမှာပါ''

"အေးပါ ဒါနဲ့ တရားခံက ဘယ်နား ပျောက်သွားတာလဲ''

"ဟုတ် ကောက နေခဲ့လိုက်တဲ့နောက် ကျွန်တော်တို့လည်း တရားခံနောက် ဆက်လိုက်ပါသေးတယ် ဒါပေမယ့် တရားခံကို ခဏအကြာမှာ မျက်ခြေပြတ်သွားတာ တရားခံရဲ့ကားကိုပဲ တွေ့တော့တယ် တရားခံက ဘာ်ပြေးမှန်းမသိတော့ဘူး ကားနောက်ဖုံးထဲမှာတော့ ဟို တိုက်ခန်းပိုင်ရှင် ပြောတဲ့ အမျိုးသမီးလက်ပြတ်နေတဲ့ အလောင်းတစ်ခုကို တွေ့ရပါတယ် ကျွန်တော့်အထင် အ့အလောင်းကို ဖျောက်ပစ်ဖို့ လုပ်နေတယ် ထင်တာပဲ''

"အင်း အ့အလောင်းကိစ္စတွေ ဆက်စုံစမ်းထားလိုက်ပါ ကော ဒီနေ့တော့ ဆေးရုံမှာပဲ အိပ်လိုက်တော့မယ်''

"ဟုတ် ကော ကော...ခဏ ''

"အင်း ဘာဖြစ်လို့လဲ ''

"အာ.. ဒီမှာလေ ကောအကြောင်း သတင်းတက်လာလို့
တင်ထားတဲ့သူကတော့ ကိုယ်ချင်းစာစိတ်ရှိပြီး လေးစားဖို့​ကောင်းတဲ့တစ်ဦး ဆိုတဲ့ ခေါင်းစဥ်နဲ့ ကော ကလေးမလေးကို ပွေ့ထားတဲ့ပုံနဲ့''

"ပြီးတော့ likeတွေ shareတွေလည်း အများကြီးပဲ ကောတော့ နာမည်ကြီးတော့မှာပဲ''

"ဘာများလဲလို့ ချန်ဟွေ့ရာ ကော က နာမည်ကြီးချင်လို့ လုပ်တာမှ မဟုတ်တာ ဒါဆိုလည်း ဖုန်းချလိုက်ပြီနော်''

"အင်းပါ ကျွန်တော် သိပါတယ် ဒီလိုလေးတွေတက်လာတော့ ဒုရဲမှူးလည်း ကော ကို သိပ်မဆူလောက်တော့ပါဘူး ဒါဆို ဖုန်းချလိုက်ပြီနော် ကော''

"အင်း''

At Xz's side,
" ရှောင်ကျန့်ရယ် သူများကို အားနာစရာကြီး ''

" ကော မသိလို့ပါ အ့လိုမျိုး မျက်နှာလွှဲခဲပစ် လုပ်တတ်တဲ့သူတွေကို အရမ်းမုန်းတာ''

" ရှောင်ကျန့်ရယ် သူတိုက်မိတာ မဟုတ်ပါဘူးတဲ့ ကော ကို ရှင်းပြပြီးပါပြီ''

"ကော က သူပြောတာ ယုံတယ်ပေါ့''

"ဟာ...Drရှောင်းကလည်း သူ လိမ်တာ မဖြစ်နိုင်ပါဘူး ဒီမှာ ကြည့်ကြည့် သတင်းတင်ထားတာ သူက ဝင်ကူညီတာတဲ့ အောက်က cmtမှာလည်း ကောင်မလေးတစ်ယောက်က ဝင်ရေးထားသေးတယ်''

"အ့အစ်ကိုက ညီမအစ်ကိုတို့ရဲ့ စခန်းမှူးလေ သူက အရမ်းသဘောကောင်းတာ ခုလည်း တရားခံကို ဖမ်းတာ တရားခံကကောင်မလေးကို ကားနဲ့တိုက်ထွက်ပြေးသွားတာ ကော က တရားခံကို လိုက်ဖမ်းလည်း ရတာကို အ့ကောင်မလေးကို ဆေးရုံပို့ပေးခဲ့တာ တကယ့်ကို လေးစားဖို့ ကောင်းတဲ့အစ်ကိုပါ😇''

"ကျဲ ဟာက သေချာလို့လား''

" သေချာလောက်တယ် Drရှောင်းရဲ့ အ့ကလေးမနဲ့ အစ်မသိတယ် accမှာလည်း friendပဲ''

"အ့ဆိုရင်တော့ မင်း သွားတောင်းပန်သင့်တယ်ထင်တယ် ရှောင်ကျန့်''

"အာ....အစ်ကိုကလည်း ''

"အစ်ကိုကလည်း လုပ်မနေနဲ့ ဟိုကောင်လေးက သက်သက်မဲ့ ကလေးမလေးကို ကူညီပေးတာကို မင်းက အ့လိုမျိုးမြင်ပြီးသွားပြောလိုက်တော့
ဘယ်ကောင်းပါ့မလဲ ကဲပါ ငါတို့မလိုက်ပါဘူး ပြီးမှ မင်းဘာသာမင်း သွားတောင်းပန်လိုက် သူနာပြုမော့ သွားရအောင်''

"ဟုတ်ကဲ့ Dr''

ရှောင်ကျန့်တစ်ယောက် ရမ်းသမ်းပြီးပြောမိလိုက်တဲ့ ကိုယ့်ပါးစပ်ကိုပဲ ရိုက်ပလိုက်ချင်တော့တယ်
ကောင်လေးကို ဘယ်လိုတောင်းပန်ရမလဲ မသိတော့ဘူး
*အာ..ဟုတ်ပြီ ဒီလိုလုပ်ရမယ်*

ရိပေါ်လည်း ဖုန်းပြောပြီးတော့ ကလေးမလေးရှိတဲ့အခန်းထဲက လူနာစောင့်တဲ့နေရာမှာပဲ ထိုင်စောင့်နေလိုက်တော့တယ်
လူက ပင်ပန်းလာလို့လားမသိဘူး အိပ်ချင်လာလို့ မှေးမလို့လုပ်နေတုန်း အခန်းတံခါးကို ဆွဲဖွင့်သံ ကြားလိုက်လို့ နိုးသွားတယ်
အခန်းထဲကို ရောက်လာသူက ''ချစ်သော''

* ဘာကိစ္စများ ရှိလို့ပါလိမ့်
"ချစ်သော''က ဆရာဝန်လေ
လူနာလာကြည့်တာနေမှာပေါ့
ဝမ်ရိပေါ် မင်းကို ''ချစ်သော''က အထင်လွဲနေတာလေ
မင်းကို လာအဖက်လုပ်ပါ့မလား *

ဒါပေမယ့် မထင်မှတ်ထားဘဲ ''ချစ်သော''က ကျွန်တော့်နား လာထိုင်တယ်
ပြီးတော့ လက်ထဲက အအေးဘူးလေး ကမ်းပေးတယ်

"ကျွန်တော့်အတွက်လား''

"ဒီမှာ မင်းနဲ့ငါပဲ ရှိတာလေ မင်းကို မပေးလို့ ငါက လူနာကို သွားတိုက်ရမှာလား''

"မဟုတ်ပါဘူး ကျေးဇူးပါပဲ ကျန့်...အာ Dr''

"ကျန့်ကောလို့ ခေါ်လို့ရပါတယ် စောနက ကိစ္စအတွက် ငါ တောင်းပန်ပါတယ် သေချာမသိဘဲ မင်းကို မစွပ်စွဲသင့်ဘူးလေ ဒီအအေးနဲ့ ကျေအေးလို့ရတယ်မလား ကော်ဖီက ညဘက်ဆိုတော့ အိပ်မပျော်မှာစိုးလို့''

"ဟို...ရပါတယ် ကျွန်တော် စိတ်ထဲမထားပါဘူး ကျန့်ကောက မသိလို့ ပြောမိတာပဲဟာ ကျွန်တော်ဆိုလည်း လုပ်မိနိုင်တာပဲလေ''

"အေးပါ ခွှင့်လွှတ်တယ်ဆိုလဲ ပြီးတာပါပဲ ဒါနဲ့ လူနာရဲ့ အုပ်ထိန်းသူတွေကို ဆက်သွယ်ပြီးပြီလား''

"ကလေးမလေးရဲ့ အိတ်ထဲက သူ့အဘွားနေတဲ့ ရွာလိပ်စာက တစ်ဆင့် သူ့အဘွားဆီကိုတော့ ဆက်သွယ်ထားပြီးပါပြီ ကျန့်ကော''

"အင်းပါ ဒါနဲ့ မင်းက အိမ်မပြန်ဘဲစောင့်မှာလား''

"ဟုတ် လူနာရှင် မရောက်ခင်အထိတော့ စောင့်ပေးမှာပါ''

"အ့ဒါဆို အိမ်ကို ပြန်မလာနိုင်တဲ့အကြောင်း မင်းရဲ့ မိသားစုကို အကြောင်းကြားလေ''

"အာ ကျွန်တော့်မှာ မိဘတွေမရှိတော့ပါဘူး''

"Sry ငါ မပြောလိုက်သင့်ဘူး''

"ရပါတယ် ကျွန်တော်က တစ်ယောက်ထဲ နေတာလေ မောင်နှမအရင်းအချာတွေလည်း မရှိဘူးလေ ဒေါ်လေးတို့ကလည်း ဒီမှာ မနေဘူးလေ အ့ကြောင့် ကျွန်တော့်ကို အိမ်မပြန်လာလို့ စိတ်ပူပေးမယ့် မိသားစုလည်း မရှိဘူးလေ အ့တော့ အကြောင်းကြားဖို့ကိစ္စတွေ ပူစရာမလိုတာပေါ့''

"ငါ ကိုယ်ချင်းစာပါတယ်''

"ရပါတယ် ဒါနဲ့ ကော က အိမ်မပြန်သေးဘူးလား ကောအိမ်က စောင့်နေမှာပေါ့''

"ငါ့မှာလည်း မိဘတွေမရှိတော့ဘူးလေ မင်းလိုပါပဲ အိမ်ပြန်လာရင် ငါ့ကို ကြိုဆိုပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလေ ''

" သွေ့ပုကျိ ကျန့်ကောကို စိတ်ညစ်အောင် လုပ်မိသွားရင်''

"တောင်းပန်စရာမလိုပါဘူးကွာ ငါ့မှာ မိဘတွေ မရှိအောင် လုပ်တာ မင်းအမှားမှ မဟုတ်တာ ဒါနဲ့ ငါပါ လူနာကူစောင့်ပေးမယ်လေ အိမ်ပြန်လည်း ဘယ်သူမှမရှိတာ သရဲခြောက်မှာတောင် ကြောက်ရတယ် ပြီးတော့ လူနာရှင်နေရာကနေ ငါက လက်မှတ်ထိုးထားတာလေ''

"ကော အိပ်လို့ အဆင်ပြေပါ့မလား ဒီခုံက ကျဥ်းတယ် ကျွန်တော် ဒီမှာ အိပ်လိုက်မယ်လေ လေ့ကျင့်ရေးတုန်းကလည်း အ့လိုပဲ အဆင်ပြေသလို အိပ်နေကျဆိုတော့ ကျန့်ကော က ဆိုဖာပေါ်မှာ သက်တောင့်သက်သာ အိပ်လိုက်လေ''

"ငါက ယောကျာ်းလေးပါကွ ဒီလောက်လေးတော့ ခံနိုင်ရည်ရှိပါတယ် ကဲပါ အိပ်မနေတော့ဘူး မင်းနဲ့ငါ ထိုင် စကားပြောကြတာပေါ့ okတယ်မလား''

"ဟုတ်''

အ့လိုနဲ့ ကျွန်တော်နဲ့ ဝမ်ရိပေါ် တစ်ညလုံး စကားတွေထိုင်ပြောဖြစ်ကြတယ်
ကြိုက်တဲ့ ရုပ်ရှင်တွေ နားထောင်ဖြစ်တဲ့သီချင်းတွေ အားကစားအကြောင်းတွေပြောဖြစ်ကြတယ်
ဝမရိပေါ်က စခန်းမှူးသာဆိုတယ် သရဲကားကျ
မကြည့်ရဲဘူးတဲ့ အေးပေါ့လေ ကလေးရုပ်လေးက ရာထူးနဲ့လိုက်အောင်သာ ရင့်ကျက်ချင်ယောင်ဆောင်နေရမှာလေ
သီချင်းအကြိုက် ကတော့ အမျိုးအစား မတူကြပေမယ့် သီချင်းအေးအေးလေးတွေကို ပိုကြိုက်တာတော့ တူနေတယ်
အားကစားအကြောင်းမှာတော့ ကျွန်တော်က ဘောလုံး ဝါသနာပါပေမယ့် သူကကျ မဟုတ်ဘူး
Basketball ကျတော့ ၂ယောက်လုံး စိတ်ဝင်စားကြတော့ စကားလက်ဆုံကျပြန်တယ်
နောက်ပြီးတော့ သူလေ့ကျင့်ရေးတုန်းက အကြောင်းတွေလည်း ပြောပြဖြစ်သေးတယ်
ဝမ်ရိပေါ်က တည်ငြိမ်တယ်ထင်ရပေမယ့် ကျွန်တော့်ကိုကျ စကားတွေအများကြီးပြောတာ
စကားစတာ ကျွန်တော်ဆိုပေမယ့် သူကပဲဆက်ပြီး မနားတမ်း ပြောတော့တာပဲ
ကျွန်တော်ပြောသားပဲ ကလေးပေါက်က လူကြီးယောင်ဆောင်ထားတာပါဆို
ကျွန်တော်ရှေ့မှာတော့ ကလေးပေါက်က ကလေးပေါက်ပါပဲ
စကားတွေအများကြီးပြောကြပြီးတော့ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်

နာနာရဲ့အဘွား ဆေးရုံက နာနာ ဆေးရုံတင်ထားရတယ်လို့ ဖုန်းဆက်တယ်လို့ ရွာသူကြီးကပြောလို့ သူကြီးရဲ့သားလေးကို အကူအညီတောင်းပြီး မြို့က ဆေးရုံကို လာခဲ့ရတယ်
ကောင်တာက nurse မလေး ပြောလိုက်တဲ့အခန်းကို ဝင်သွားလိုက်တော့ လူနာစောင့်ဖို့ ပေးထားတဲ့ ခုံပေါ်မှာ ကောင်လေး၂ယောက်က တစ်ယောက်နဲ့တစ်ယောက် မှီအိပ်နေတယ်
တစ်ယောက်ကတော့ ဆရာဝန်လေးထင်ပါရဲ့ ဂျူတီကုတ်ဝတ်ထားတော့လေ
သူကြီးရဲ့သားလေးကို မအော်ဖို့ သတိပေးမလို့ရှိသေး
အော်လိုက်တော့ ၂ယောက်လုံးက နိုးသွားတယ်

"ဒီက အဘွားက လူနာရဲ့ အုပ်ထိန်းသူလားဟင်''

"ဟုတ်ပါတယ်ရှင့် Drလေး နာနာက စိုးရိမ်ရလားဟင်''

"မစိုးရိမ်ရတော့ပါဘူး ခဏလောက်နေရင် သတိရလာမှာပါဗျ''

" ကျေးဇူးတင်ပါတယ် Drလေးရယ် နာနာ့အသက်ကို ကယ်ပေးလို့''

"မလိုပါဘူး အဘွားရယ် ကျွန်တော်တို့ ဆရာဝန်တွေက လူနာတွေကို ကယ်တင်ရမှာ​ပဲလေ အဘွား ကျေးဇူးတင်ချင်ရင် သူ့ကို ကျေးဇူးတင်လိုက်ပါ သူက အဘွားမြေးကို ဆေးရုံကို အချိန်မီ ခေါ်လာပေးတာလေ သူသာ ခေါ်မလာပေးရင် ကျွန်တော်တိ​လြည်း မတတ်နိုင်ဘူးရယ်''

"ဟုတ်လား ကျေးဇူးပါပဲ သားလေးရေ အဘွား ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး''

"ရပါတယ် အဘွား ကျွန်တော်လည်း ကူညီပေးသင့်လို့ ကူညီပေးတာပါ စိတ်ထဲမထားပါနဲ့ ''

"မဟုတ်တာကွယ် အဘွားမှာလည်း ကျေးဇူးဆပ်စရာ မရှိတော့ ဒီလက်ပတ်လေး၂ခုကိုပဲ သားတို့ကို ပေးနိုင်တယ် ဒီလက်ပတ်လေးကို ဝတ်ထားလိုက်ရင် အ့လူ၂ယောက်က ဘယ်တော့မှ မခွဲရဘူးတဲ့ အဘွားတို့ရွာရဲ့ အယူအဆပေါ့လေ ယူပါနော်''

"ဟို ကျွန်တော်တို့ က အဘွားထင်သလိုမျိုး မဟုတ်ပါဘူး''

"ဟုတ်ပါတယ် ကျွန်တော်နဲ့ သူက ဒီအတိုင်း မိတ်ဆွေတွေပါ ဟုတ်တယ်မလား ရိပေါ်''

"ဟုတ်ပါတယ်ဗျ ''

" ခင်ဗျားတို့၂ယောက်ကလည်း အဘွား စိတ်ချမ်းသာအောင် ဝတ်ပေးလိုက်စမ်းပါ အဘွားက ရှေးရိုးမစွဲပါဘူး ဒါမျိုးတွေ နားလည်ပါတယ်ဗျ''

"ဟို...မဟုတ်''

"အဘွားကို ကျေးဇူးဆပ်ခွင့်ပြုပါနော် အဘွားကိုယ်တိုင် ၂ယောက်လုံးကို ဝတ်ပေးမယ်နော်''

"ကဲပါ လောင်ဝမ်ရယ် လက်ခံလိုက်ပါ''

"ဟင်....ဟို ကော ဘယ်လို ခေါ်လိုက်တာ''

"လောင်ဝမ်ကလည်း အဘွားက လက်ခံနိုင်တယ်တဲ့လေ ကဲပါ ဝတ်လိုက်ပါ''

""အဘွားကို စိတ်ချမ်းသာအောင်လို့ ရေလိုက်ငါးလိုက်လေးနေပေး ဟုတ်ပြီလား''''

"""ဟုတ်'''''
("""ဆိုတာ တိုးတိုးလေး ကပ်ပြောလိုက်တာပါနော်)

"ကဲ ငါ့မြေးလေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ မခွဲအတူ ရှိနိုင်ပါစေ သွားလေရာ ဘေးမတွေ့ပါစေနဲ့''

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘွားဘွား''×2

"ခင်ဗျားတို့၂ယောက် ထာဝရ အတူ ရှိနေနိုင်ပါစေလို့ ကျွန်တော် ကျင်းလင်က အပိုဆုတောင်းပေးလိုက်ပါတယ်''

"ဟုတ်ကဲ့''(xz)

* ''ချစ်သော ''တော့ ဘလိုသဘောထားပြီး ဝတ်လိုက်မှန်း မသိပေမယ့် ရိပေါ်ကတော့ အဘွားပြောသလို ဖြစ်စေချင်မိတယ်
ကျွန်တော့်ရဲ့ စေတနာတွေ စစ်မှန်ခဲ့ရင် အဘွားပြောသလိုပဲ ''ချစ်သော''နဲ့ အတူတူ အကြာကြီး ရှိနေပါရစေ*

"အ့ ကျွတ်ကျွတ်ကျွတ် ''

"အော် နာနာ နိုးလာပြီလား''

"ဘွားဘွား သမီး ဘယ်ရောက်နေတာလဲဟင်''

"နာနာက ကားနဲ့ တိုက်မိလို့ ဆေးရုံ ရောက်နေတာလေ ဒါ နာနာ့ကို ဆေးရုံပို့ပေးခဲ့တဲ့ မြေးလေူနဲ့ နာနာ့ကို ကုပေးခဲ့တဲ့ ဆရာဝန်လေး''

"အာ.....ဟုတ် ကျေးဇူးတင်ပါတယ်နော် ကောတို့ နာနာ့မှာ ကောတို့ ပေးတဲ့ အသက်ပဲ ရှိတာပါ ဘလိုကျေးဇူးဆပ်ရမှန်း မသိတော့ပါဘူး''

"အခုမှ သတိရခါစဆိုတော့ သိပ်မလှုပ်ရှားပါနဲ့ဦး ကျေးဇူးဆပ်စရာလဲမလိုပါဘူး''

"နာနာရယ် နင့်အဘွားက အရင်ကျေးဇူးဆပ်ပေးပြီးပေါ့ လက်ပတ်လေးတွေမမြင်ဘူးလား''

"အာ...ဟုတ်သား ခုမှ သတိထားမိတယ် ဒါဆို ကောတို့က...''

"ငါနဲ့ ကျင်းရီလိုပေါ့''

"ဟုတ်လားဟင်''

"အင်း''(xz)

"ကောတို့သိလား ဒီလက်ပတ်လေးတွေက တကယ်စွမ်းတာ နာနာတို့ရွာက အ့လက်ပတ်ရှိတဲ့ စုံတွဲတိုင်းက
မခွဲအတူ အကြာကြီး ရှိနေကြပြီး သက်ဆုံးတိုင် ပေါင်းဖက်သွားကြရတာ ကောတို့လဲ အ့လိုဖြစ်မှာပါ''

" ကျေးဇူး ဒါနဲ့ မင်းကို တိုက်မိသွားတဲ့ သူကို တရားစွဲမှာလား ဒါနဲ့ မင်းက အသက်ဘယ်လောက်ရှိပြီလဲ ၁၈ နှစ်မပြည့်သေးတော့ အုပ်ထိန်းသူကို အရင်ပြောရမယ်ထင်တယ်''(xz)

"ဟုတ် နာနာက ၁၅နှစ်ပါ နာနာတို့ အေးအေးဆေူဆေူပဲ နေချင်ပါတယ် တရားလည်း မစွဲတော့ပါဘူး အဘွားကလည်း အသက်ကြီးပြီလေ ပြီးတော့ နာနာတို့က ဆင်းရဲပါတယ် နာနာတောင် ပိုက်ဆံရအောင်လို့ မြို့မှာ ပန်းလာရောင်းတာ အဘွားကို ဒုက္ခမပေးချင်ပါဘူး''

"ဟုတ်ပါပြီ ဒါကတော့ မင်းသဘောပါ ငါကလည်း ရဲမဟုတ်ဘူးလေ သူကတော့ ရဲဆိုတော့ အ့အကြောင်းတွေ သူနဲ့တိုင်ပင်ကြည့်ပေါ့''

"ဟုတ် ဒါနဲ့ ဟိုကောအဖြူလုံးလေးက ရဲလား''

"ဘလို..ခွီးးး''(xz)

"အော်....အင်း''(ကျင်းလင်)

.ကလေးမလေး ခေါ်လိုက်တဲ့ နာမည်ကြောင့် ကလေးပေါက် နားရွက်တွေကော ပါးတွေကော နီကုန်ပြီ
ဟို အဘွားနဲ့ ပါလာတဲ့ ကောင်လေးကလည်း အလိုက်ကန်းဆိုးမသိထရယ်သေးတယ်

"ကော နာနာ တရားမစွဲတော့ဘူးနော် ရတယ်မလားဟင်''

"အော်...အင်း''

"ဟီးး နာနာ့ကို ဆေးရုံ ပို့ပေးလို့ ကျေးဇူးပါနော် နာနာတွေ့ဖူးသမျှ ရဲတွေထဲမှာ ကောက အမိုက်ဆုံးပဲ သိလား''

"ကဲပါ မြေးအဘွားတွေ စကားအေးဆေးပြောကြပါ ကျွန်တော်တို့ သွားတော့မယ်နော် လာ သွားရအောင် လောင်ဝမ် ''

"ဟု...ဟုတ် အဘွား ကျွန်တော်တို့ သွားပြီနော်''

"အေးကွယ် ''

"ကောတို့ တာ့တာ''

"အေးပါ ''(xz)

ရက်အနည်းငယ်အကြာ
"အဘွား ကျွန်တော် ဆေးရုံဆင်းဖို့ သွားမေးလိုက်ဦးမယ်နော် ဆေးရုံခ ရှင်းရအောင်လို့''

"အေးအေးအေး ''

At counter,
"လူနာ ရှင်းနာနာ အတွက် ဆေးရုံစရိတ်တွေက ရှင်းပြီးသွားပါပြီနော်''

"ဗျာ ခုမှ ကျွန်တော် ရှင်းဖို့ လာတာလေ မှားနေတာများလား နာမည်တူတာ ဖြစ်နေဦးမယ် ခု ရှင်းနာနာက အခန်းနံပါတ် 201ကပါနော်''

"ဟုတ်ကဲ့ ခု ရှင်းပြီးသွားတဲ့ ရှင်းနာနာကလည်း အခန်းနံပါတ် 201ကပါပဲ''

"ဟို ရှင်းသွားတာက ဘယ်သူလဲဟင်''

"ဟုတ်ကဲ့ ဝမ်ရိပေါ် နာမည်နဲ့ပါ''

"အာ...ဟုတ်ကဲ့ ကျေးဇူးပါဗျ ''

ကျင်းလင်လည်း ဆေးရုံစရိတ် မရှင်းရဘူးဆိုတော့ ပြန်မယ်အလုပ် ကောင်တာကို ဝင်လာတဲ့ အစ်မကြီးတစ်ယောက်က လာမေးတယ်
" ခဏလေးပါ လူနာ ရှင်းနာနာရဲ့ ဆေးရုံစရိတ် ကို လာရှင်းတာလားမသိဘူး''

"ဟုတ်ကဲ့ပါဗျ''

"ခဏလေးနော် ဒီမှာ ချက်လက်မှတ်လေးနဲ့ စာအိတ်လေးပါ''

"ဟို ဘာအတွက်လဲ မသိဘူးဗျ''

"Dr ရှောင်ကျန့်က လူနာ ရှင်းနာနာ အတွက် ဆေးရုံစရိတ် ရှင်းပေးတာပါ တကယ်ကျတော့ ဝမ်ရိပေါ်နာမည်နဲ့ ရှင်းပြီးသားဖြစ်နေလို့ ပြန်ပေးတာကို Drက လူနာရှင် လာတဲ့အခါ ပေးပေးပါဆိုလို့ပါ''

"ဗျာ ဟို ကျွန်တော် မယူလို့မရဘူးလားဟင်''

"ကျွန်မတို့ကလည်း Drခိုင်းတဲ့အတိုင်း လုပ်ရတာမလို့ပါ စိတ်မရှိပါနဲ့''

"အာ ဟုတ် ကျေးဇူးပါဗျ ''

ကျင်းလင်လည်း အူကြောင်ကြောင်နဲ့ counter က အစ်မကြီး ပေးလိုက်တဲ့ ချက်လက်မှတ်နဲ့ စာအိတ်ကို ယူပြီး အခန်းထဲပဲ ပြန်လာခဲ့လိုက်တယ်

"ကျင်းလင်ကော ဆေးရုံဆင်းလို့ ရပြီလား ဆေးဖိုးတွေက ဘယ်လောက်ကျလဲဟင် ခဏစိုက်ထားပေးပါနော် နာနာ ပြီးရင် ပြန်ဆပ်ပါ့မယ်နော်''

"ရတယ် နင် စိုက်စရာမလိုတော့ဘူး''

"ဘာလို့လဲဟင် ကော က ပြန်မယူတော့ဘူးလား''

"မဟုတ်ဘူးဟ ငါတောင်မရှင်းရသေးဘူး နင့်ကော အဖြူလုံးလေးက ရှင်းသွားတာ ပြီးတော့ သူ့ဘဲကြီးဟိုDrက ဒီချက်လက်မှတ်ကို ပေးသွားတယ်''

"ဘလို''

"တကယ်ကြီးလား အားလင်ရယ်''

"ဟုတ် အဘွား ပြီးတော့ စာအိတ်ကောပဲ''

"ဖွင့်ဖတ်ကြည့်ပါလား ကော''

"အေး''

"အဘွားအတွက် ဆေးရုံစရိတ်ကို ရှင်းပေးမလို့
ပေမယ့် လောင်ဝမ်က ရှင်းပြီးသား ဖြစ်နေလို့
ကောင်မလေးကလည်း ခုမှ ဆေးရုံက ဆင်းတာမလား
လုပ်ရကိုင်ရဖို့ အဆင်မပြေသေးဘူးလေ
အနားယူရဦးမှာပေါ့
အနားယူနေတဲ့ အချိန်အတောအတွင်း
အဘွားတို့ အဆင်ပြေအောင်
ကျွန်တော်က ကူညီပေးတဲ့ သဘောမျိုးပါ
လက်ခံပါနော်
လူကြီးကို ကန်တော့တယ်လို့ပဲ သဘောထားပေးပါနော်
ကျွန်တော့်ရဲ့ စေတနာကို တန်ဖိုးထားတယ်ဆို
လက်ခံပေးပါနော်
မယူဘဲ ပြန်ပေးရင် ကျွန်တော်က မီးရှို့လိုက်မှာ
ဟိုကောင်မလေး အဘွားကို သေချာဂရုစိုက်နော်
မိသားစုဆိုတာ ရှိနေတုန်းမှာ တန်ဖိုးထားရမှာ
ငါ့လိုမဖြစ်စေနဲ့နော်
အဘွားတို့ ကျန်းမာပျော်ရွှင်နိုင်ပါစေ
  Drရှောင်း''

"တကယ်ကို စုံတွဲလိုက် စိတ်ကောင်းရှိလိုက်ကြတာ''

"ဟုတ်ပါ့ ကောရယ်''

"ဒီလောက် စိတ်ထားကောင်းတဲ့ မြေးလေး၂ယောက် ထာဝရ ပေါင်းဖက်နိုင်ပါစေ လို့ပဲ အဘွားဆုတောင်းပေးပါတယ်''

"သူတို့က စိတ်ထားကောင်းတာ သေချာပေါက် ပေါင်းရမှာပါ''

At Present time,

"အဘွားက ကြို နိမိတ်ဖတ်သလို ဖြစ်သွားတာပေါ့😁''
(မီရာ)

"အင်းပေါ့''

"ဟဲ့ ဖေးဖေး ငြိမ်လှချည်လား''(မီရာ)

"ငါ စဥ်းစားနေတာ အ့လက်ပတ်ကို ဘယ်မှာ သွားရှာရမလဲလို့''

"ငါက အကောင်းမှတ်လို့ နားထောင်နေတာ နင်က လက်ပတ်ရရင်တောင် ရည်းစားရှိလို့လား FAမရဲ့''

"သူများပြောမနေနဲ့ နင်ကော ရှိလို့လား''

"ငါက အချစ်ကို စိတ်မဝင်စားတာ ငါကြိုက်တဲ့ typeမျိုး မတွေ့သေးလို့ ငါ့ကို ကြိုက်တဲ့ သူတွေမှ အများကြီး ခါချနေရတယ် သိလား''

"ပုရွက်ဆိတ်တွေလား''

"ရား....နင်နော်''

"ကဲပါ နင်တို့က နားထောင်ချင်တာလဲ နင်တို့ပဲ ထသတ်တော့လဲ နင်တို့ပဲ ကောင်းကောင်း နားထောင်ပါရစေဟာ''( ရိချန်)

"အေးပါ အပျိုကြီးရာ''(×2)

"နင်တို့နော်''( ရိချန်)

"တော်ကြပါတော့ဟာ ကော ဆက်ပြောပါ ''(ကုဝေ)

"အင်း အ့ဆေးရုံမှာ အတူတူရှိတဲ့နေ့ကတည်းက သူတို့ဆက်ဆံရေးက တိုးတက်လာတာ ဒါပေမယ့် ဒီထက်ပို တိုးတက်လာတာကတော့.........''

💛15.4.2022💛

Seguir leyendo

También te gustarán

665K 44.5K 67
အသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တို...
157K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
24.2K 3.2K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
45.6K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...