You💞💞💞(unicode + zawgyi)

Autorstwa ToxicDaisy-2003

671 53 13

''ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ်'' ''ကျွန်တော် အရမ်းချစ်ရတဲ့သူကလည်း'ချစ်သော' တစ်ယောက်ထဲပါ'' ''ငါအရမ်းချ... Więcej

Ep 6 unicode
Ep 7 part1 unicode
You💕💕💕 intro(uni+zaw)
Ep 1 unicode
Ep 1 Zawgyi
Ep 2 unicode
Ep2 Zawgyi
Ep 3 unicode
Ep 3 Zawgyi
Ep 4 unicode
Ep 5 unicode
Ep 5 Zawgyi
Ep6 Zawgyi
Ep 7 part1 Zawgyi
Ep7 part2 unicode
Ep 7 part2 zawgyi

Ep 3 Zawgyi

11 2 0

တစ်လကြာပြီးနောက်
ရိပေါ်တစ်ယောက် ''ချစ်သော'' ဆေးရုံကိုတွေ့ချင်ပေမယ့် သွားပြီး ''ချစ်သော''ကို ဟိုနေ့က တရားခံက လွတ်သွားတော့ အ့အမှုကိစ္စကို လိုက်စုံစမ်းနေရာတာနဲ့ မတွေ့ဖြစ်တာ တစ်လလောက်ရှိပြီ

ဒီကနေ့မှာတော့ ရိပေါ်တစ်ယောက် မရောက်ဖြစ်တာကြာနေတဲ့ မြို့ပြင်က နေရာတစ်ခုကို သာ ထွက်လာခဲ့တယ်
မသွားခင်မှာလည်း ပန်းဆိုင်ကနေ လီလီပန်းတွေအများကြီး ဝယ်လာခဲ့ပါသေးတယ်

ရိပေါ့်ရဲ့ကားလေး က မြို့ပြင်က လမ်းကြားလေးတစ်ခုထဲကို ဝင်သွားပြီး ခဏကြာတဲ့အချိန်မှာ အုတ်ဂူဖြူဖြူတွေအများကြီးရှိတဲ့ သုသာန်တစ်ခုရှေ့မှာ ရပ်သွားတယ်
ခြေလှမ်းလေးတွေဟာ လျှောက်လာရင်း အုတ်ဂူ၂ခုရဲ့ အရှေ့ရောက်တော့ လီလီပန်းလေးတွေကို အုတ်ဂူတစ်ခုအပေါ်မှာ ချလိုက်တယ်
အုတ်ဂူလေးမှာ ''ဝမ်လီလီ (အသက် ၃၁ နှစ်)''လို့ ရေးထိုးထားတယ် သူ့ရဲ့ ဘေးဘက်က အုတ်ဂူဘက်မှာတော့ '' ဝမ်ရိဖေး(အသက် ၃၅ နှစ်)'' လို့ ရေးထားတယ်

" မား ဒီတစ်ခါလည်း မားကြိုက်တဲ့ လီလီပန်းတွေအများကြီး ကျွန်တော် ဝယ်လာတယ် မား ကြိုက်ရဲ့လား''

" မားနဲ့ပါး ကောင်းကင်ဘုံမှာ အဆင်ပြေပြေရှိနေတယ်မလားဟင် ကျွန်တော့်အတွက်တော့ စိတ်မပူပါနဲ့နော်
ကျွန်တော် မားတို့ ဖြစ်စေချင်သလို ကောင်းကောင်းမွန်မွန် ရှိနေပါတယ်''

" ဒါနဲ့လေ မားတို့ သိလား ကျွန်တော့်မှာ ချစ်ရတဲ့သူ ရှိနေပြီ မားတို့ကို မသေချာသေးလို့ အရင်က မပြောမိတာပါ ခုတော့ သေချာသွားပြီမလို့ မားတို့ကို အသိပေးတာပါ မားတို့ ရှိသေးရင်လည်း ''ချစ်သော'' ကို သဘောကျမှာ '' ချစ်သော'' က အရမ်းချစ်ဖို့ကောင်းပြီး အရမ်းလည်း ကြည့်ကောင်းတာ ပါးသာ ရှိသေးရင် ပါးက '' ငါ့လောက်ချောလို့လား'' ဆိုပြီး စနေမှာ မြင်ယောင်သေးတယ် '' ချစ်သော'' နဲ့ ချစ်သူတွေ ဖြစ်ခဲ့ရင် မားတို့နဲ့ အရင်ဆုံး မိတ်ဆက်ပေးမယ်နော်''

" မားတို့လည်း အေးအေးချမ်းချမ်းနေပါ သားကို စိတ်ပူစရာမလို့တော့ဘူးလို့ ပြောတာပါ သား သွားတော့မယ်နော်''

ရိပေါ်လည်း မားတို့ကို နှုတ်ဆက်ပြီး ထွက်လာဖို့အလုပ် ဘေးက အုတ်ဂူအဖြူပေါ်မှာ ပန်းတွေက ညိုးခြောက်နေတာကို မြင်လိုက်ရတယ်
ရိပေါ်လည်း မားအတွက်ဝယ်ထားတဲ့ လီလီပန်းတွေထဲက ၃ပွင့်လောက်ကို အ့ အုတ်ဂူအပေါ်မှာ တင်လိုက်တယ်
*မားလည်း နားလည်လောက်မှာပါ ဒီအုတ်ဂူပိုင်ရှင်က ဆွေမျိုးမရှိတာလား ဆွေမျိုးတွေကမလာနိုင်လို့ထင်တယ် သူများကို စေတနာထားပေးတာ မားက ကောင်းတယ်လို့ ပြောမှာပါ*

ရိပေါ်လည်း ပြန်ထွက်လာတဲ့အချိန် ''ချစ်သော'' နဲ့ဆင်တူတဲ့သူကို မြင်လိုက်ရတယ် သူလဲ ဒေါ်လေးဆီက ဖုန်းလာလို့ ပြောနေရင်းကဆိုတော့ သိပ်တော့မသေချာလိုက်ဘူး
*မဖြစ်နိုင်တာ '' ချစ်သော'' က ခုချိန် ဆေးရုံမှာ ရှိမှာပေါ့ မနက်ဖြန်မှ သွားတွေ့ရမယ် '' ချစ်သော'' ကို တွေ့ချင်တာနဲ့ အကုန်လုံးကို စိတ်စွဲပြီး မြင်နေတယ်*

"ဟုတ် ဒေါ်လေး ကျွန်တော် လာပြီနော်''

ရိပေါ်ရဲ့ကားလေးလည်း ကွန်ဒိုတိုက်ခန်းဆီ ပြန်မောင်းလာခဲ့တော့တယ်
အခန်းရှေ့ရောက်တော့ ဒေါ်လေးက အထုပ်တွေအများကြီးနဲ့ ရပ်စောင့်နေလေရဲ့

"ဒေါ်လေးရယ် အခန်းpwသိနေတာပဲ ဝင်လိုက်တာတော့မဟုတ်ဘူး အထုပ်တွေက အလေးကြီးကို''

" အ့လိုတော့မဟုတ်ဘူးလေ သားဝမ်ရယ် သားအခန်းကို သားမရှိဘဲ မဝင်ချင်ပါဘူး ပြီးတော့ pw ရိုက်ထည့်ဖို့ ဒေါ်လေးလက်ကလည်း မအားလို့လေ''

"ဟုတ်ပါပြီ ကျွန်တော် ရိုက်ပေးမယ်နော်.... ''

"တီ''(တံခါးဖွင့်သံ)

"အမလေး ပူလိုက်တာ beijing က အတော်ပူတာပဲနော်''

" အ့ကြောင့်မလို့ ဒေါ်လေးကို ခဏခဏမလာဖို့ပြောတာပေါ့ ပင်ပန်းအောင်လို့ ဒေါ်လေးရယ်''

" အော် ကိုယ့်တူလေးနဲ့သားလေးအတွက်ပဲဟာ မပင်ပန်းပါဘူး''

" ဒါနဲ့ ကောဆီကိုကော ရောက်ပြီးပြီလား ဒေါ်လေး ကျွန်တော် လိုက်ပို့ပေးရမလား''

"ဝင်ပြီးပါပြီ သားဝမ်ရယ် သားဝမ်ကမှ သိတတ်သေးတယ် အိမ်ကကောင်ကတော့ မွေးရကျိုးကို မနပ်တာ
သားဝမ်လိုကို အလိုက်မသိဘူး ကိုယ့်အမေက စေတနာနဲ့ အပင်ပန်းခံပြီး ယူလာပေးတာကို ဒင်းက အော်ချင်နေသေးတာ ထားပါ သူ့အကြောင်းပြောရရင်
အသက်တိုလိမ့်မယ် ဒီတစ်ခါ ဒေါ်လေး သားကြိုက်တဲ့ဟင်းတွေ အများကြီး ထပ်လုပ်လာပေးတယ်နော် နောက်လအတွက်ကော ဘာတွေထပ်လုပ်ပေးရဦးမလဲ''

" ရပါတယ် ဒေါ်လေးရယ် ဒေါ်လေး ပင်ပန်းမှာပေါ့ ကျွန်တော်က ဒီအတိုင်းဆိုင်က ဝယ်စားလည်း ရပါတယ်''

"ဘယ်ဟုတ်ပါ့မလဲ သားရယ် အိမ်ကချက်တာက ဆိုင်ထက် ပိုသာပါတယ် ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့ ပြီးတော့ ပိုက်ဆံကုန်ပါတယ် အပြင်မှာဝယ်စားတော့''

"ဟုတ်ပါပြီဗျာ ဒေါ်လေးသဘောအတိုင်းပါပဲ ကျွန်တော်က ဒေါ်လေး ပင်ပန်းမှာစိုးလို့ပြောတာပါ''

" ရပါတယ် သားရယ်''

"😊''

" အယ်.... ဒေါ်လေးတော့ တော်တော် အသက်ကြီးပြီထင်တယ် သားဝမ်ကိုပေးရမဲ့ဟင်းဘူးနဲ့ အိမ်ကကောင်ရဲ့ဟာနဲ့ လွဲသွားတယ်''

" ရပါတယ် ဒေါ်လေးရဲ့ တခါတလေပဲဟာကို''

" သားက ရပေမယ့် အိမ်ကကောင်က မရလောက်ဘူး
ပြီးတော့ သားက အစပ်စားနိုင်ဘူးမလား သူက အစပ်ပါမှ ရတာ ဒီလိုလုပ်ပါလား သားပဲ ဟင်းဘူးချင်း သွားလဲလိုက်ပါလား သားအစ်ကိုနဲ့ ဒေါ်လေးက အိမ်နီးနားချင်းနဲ့ လမ်းကြုံလိုက်လာတာဆိုတော့ သူက ခဏနေရင်ပြန်မှာ ဒေါ်လေးလည်း ပြန်ရမှာမလို့''

"ဟုတ် ရပါတယ်ဒေါ်လေး ကျွန်တော် ချန်ကောနဲ့ သွားလဲလိုက်ပါမယ် ဒီနေ့က အားလပ်ရက်ဆိုတော့ ဒါပေမယ့် ချန်ကောက ဂျူတီရှိတယ်နဲ့ တူတယ် ဖုန်းဆက်ပြီး ချန်ကော ရှိလောက်မယ့်အချိန်ကျမှ သွားလဲလိုက်မယ်လေ''

"အေးပါ အ့ဆို ဒေါ်လေး ပြန်တော့မယ်နော် ဟင်းဘူးတွေကို ရေခဲသေတ္တာထဲ ထည့်ပေးပြီးပြီ စာရွက်တွေနဲ့ ဟင်းဘူးတွေကို ကပ်ပေးထားတယ် သေချာကြည့်ပြီးမှ စားနော် ကုန်သွားလည်း ပြော နောက်လမှ မဟုတ်ဘူး သားစားချင်ရင် ဖုန်းဆက်လိုက် ဒေါ်လေး လာပို့ပေးမယ်နော်''

"ဟုတ် ဒေါ်လေး''

At xz's side,
ဒီနေ့ဟာ ရှောင်ကျန့်ဘဝမှာ အရမ်းကို ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့နေ့ဖြစ်တယ်
ဘဝမှာ အချစ်ရဆုံးသော မား ရှောင်ကျန့်ကို အပြီးအပိုင် နှုတ်ဆက်သွားတဲ့နေ့
ဒီနှစ်မှာလည်း အရင်နှစ်တွေလိုပဲ ဆေးရုံမှာ ခွင့်ယူပြီး
မားဆီကိုပဲ လာခဲ့လိုက်တော့တယ်
မားရဲ့ အုတ်ဂူရှေ့ကို ရောက်တဲ့အခါ မားရဲ့ အုတ်ဂူဖြူလေးပေါ်မှာ မားကြိုက်တဲ့ လီလီပန်းတွေက ဘယ်သူလာထားသွားမှန်းမသိဘဲ ရှိနေတယ်
ဘေးဘီကို ကြည့်လိုက်တော့ မားရဲ့အုတ်ဂူဘေးက အမျိုးသမီးအုတ်ဂူတစ်ခုအပေါ်မှာလည်း လီလီပန်းတွေအများကြီး ရှိနေတာကို တွေ့လိုက်ရတယ်

"ကျွန်တော့် မားက စိတ်ထားကောင်းလို့ထင်တယ် မားကြိုက်တဲ့ ပန်းတွေကိုတောင် လာထားပေးတဲ့သူရှိတယ် ကျွန်တော်တောင် ပန်းမဝယ်ခဲ့ရဘူး မားကြိုက်တဲ့ ဖက်ထုပ်ဆိုင်ကလေ ဝက်သားဖက်ထုပ် ဝယ်ခဲ့တယ် သိလား မား ခုချိန်ထိ ကျွန်တော် ဖြေသိမ့်လို့မရနိုင်ဘူး မား ကို ခုထိ တမ်းတနေမိတုန်းပဲ ဘာလို့များ လောကကြီးထဲက စောစောစီးစီး ထွက်ခွာသွားတာလဲ ဘာလို့လဲ...😭 ကျွန်တော့်ကို တစ်ယောက်ထဲ ဘာလို့ စိတ်ချလက်ချ ထားရစ်နိုင်ခဲ့တာလဲ...😭 မား သိလား မားသိပ်ချစ်တဲ့ သိပ်ဂုဏ်ယူရတဲ့ မားယောကျာ်း ကျွန်တော့်အဖေက မားကို တောင် မကာကွယ်နိုင်ခဲ့တာ အဟက် မားကသာ သူ့ကို အရမ်းချစ်ခဲ့တာ သူက သူ့ကို အရမ်းချစ်ပြီး သူ့အတွက် အသက်တောင်ပေးသွားခဲ့ရတဲ့သူကိုတောင် မကာကွယ်နိုင်ခဲ့ဘူး မား ခု သူနဲ့တွေ့နေပြီလား သူက ပြောမှာပေါ့ ကျွန်တော်က သူ့ကို မားဆုံးကတည်းက စကားမပြောဖြစ်တော့ဘူး သူ့ကိုလည်း အရေးမစိုက်ဘူးလို့လေ မားကတော့ ကျွန်တော့်ကို အဖေကို မလေးမစားလုပ်တဲ့သူလို့များ အပြစ်မြင်နေမလားဟင်''

" ဘာပဲဖြစ်ဖြစ်ပါ မားအတွက် ဂုဏ်ယူရတဲ့သားတစ်ယောက် ဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ်နော် သူ(ကျန့်ကောအဖေကိုပြောတာပါနော်) နဲ့ပတ်သက်တာကလွဲပြီးပေါ့ ကျွန်တော် မား အေးအေးချမ်းချမ်း နေနေတာကို နှောင့်ယှက်မိပြီထင်တယ် ကျွန်တော် ပြန်တော့မယ်နော် မား အေးအေးချမ်းချမ်း အနားယူနေရစ်ပါ...😢''

ရှောင်ကျန့်လည်း မားအုတ်ဂူဆီက အပြန် ကျိုးချန်ဆီကနေ ဖုန်းဝင်လာခဲ့တယ်
"Hello ရှောင်ကျန့် ''

"Ommကျိုးချန်ပြော''

" မင်း ဘယ်တွေရောက်နေတာလဲ''

"မားဆီကိုပါ ဘာလို့လဲ''

" ဒီနေ့ညနေ ငါဂျူတီမရှိဘူး အ့တော့ ငါတို့ သူငယ်ချင်း၂ယောက် ညနေစာစားရင်း စားကြသောက်ကြမလားလို့ မနက်ဖြန်က ပိတ်ရက်ဆိုတော့လေ''

" မလာချင်ပါဘူးကွာ ပြီးတော့ မင်းက ပြန်မရောက်သေးဘူးမလား''

" ငါမရောက်သေးလည်း အခန်းpw မင်းသိတယ်မလား အခန်းထဲ ဖွင့်ပြီး နေနေပါ့ကွာ နောက်ကျလည်း ညကျ ငါပြန်လိုက်ပို့ပေးပါ့မယ် ဒါမှမဟုတ်လည်း ငါ့အခန်းမှာပဲ အိပ်လိုက်ပေါ့ကွာ နော်''

* ရှောင်ကျန့်သူငယ်ချင်းလေးက ရှောင်ကျန့်ကို တအားစိုးရိမ်တတ်ရန်ကော ဒီနေ့က မားရဲ့ နှစ်ပတ်လည်နေ့မှန်းသိတော့ တစ်ခုခုဖြစ်မှာစိုးလို့ သူနဲ့ အတူရှိနေခိုင်းမှန်း သိတာပေါ့*

"ငါ ဘာမှမဖြစ်ပါဘူး ကျိုးချန်ရယ် ကဲပါ မင်းစိတ်ကျေနပ်အောင် သွားစောင့်နေလိုက်မယ်နော် ဒါနဲ့ ဘီယာက မင်းဝယ်လာမှာလား''

"ဘီယာက ငါဝယ်လာခဲ့မယ် ညစာကတော့ မင်းပဲ ကြည့်ကြပ်လုပ်လိုက်နော် ငါ ညနေလောက်ကျ ဂျူတီ ပြီးလောက်ပါပြီ... နော် ''

"အေးပါ ငါခဏနေရင် မင်းတိုက်ခန်း သွားစောင့်နေလိုက်မယ် ညစာကတော့ mini marketက ပစ္စည်းတွေဝယ်ပြီး လုပ်ထားလိုက်မယ်လေ ဒါပဲမလား''

"အေးအေးအေး ''

" ဖုန်းချပြီနော် တီ...''

ရိပေါ်လည်း ဒေါ်လေး ပြန်သွားတာနဲ့ ကောဆီကို ဖုန်းဆက်ပြီး ကောအားတဲ့အချိန်ကို မေးလိုက်ရတယ်
ကောက ညနေမှ အားမယ်ဆိုလို့ ညနေ ၆ နာရီကျော်လောက် ကောတိုက်ခန်းကို လာခဲ့လိုက်တော့တယ်
ကောတိုက်ခန်းpwကလဲ သိနေတော့ ဖွင့်ပြီးတော့သာ ဝင်ခဲ့လိုက်တော့တယ်
ကောအခန်းက အရင်လို ရှုပ်ပွမနေဘဲ သပ်သပ်ရပ်ရပ်လေးနဲ့ရှိနေတယ် ဒေါ်လေးက ရှင်းပေးသွားတာ ဖြစ်မယ်
ကောက မရောက်သေးတော့ ထိုင်စောင့်နေလိုက်တယ်
ကောကို ဧည့်ခန်းထဲမှာ စောင့်နေတုန်း ကောအိပ်ခန်းထဲက အသံကြားတာနဲ့ ကျွန်တော်လည်း အ့ကို သွားလိုက်တယ်
ကောက ဆေးရုံမှာပဲ ရှိသေးတော့ သူခိုးတွေ ဘာတွေ ဖြစ်လာနိုင်တယ်လေ
အခန်းတံခါးကို ဖွင့်ပြီး ဝင်သွားတော့ အထဲမှာ အမျိုးသားတစ်ယောက်က bathrobeဝတ်ထားပြီး ကောရဲ့ ဗီရိုအံဆွဲထဲက တစ်စုံတစ်ခုကို ယူဖို့ ကြိုးစားနေတယ်
* သေချာတယ် ဒီလူက သူခိုးပဲ * ဆိုပြီး ကျွန်တော်လည်း တတ်ထားတဲ့ ကိုယ်ခံပညာနဲ့ အ့လူရဲ့လက်ကို ချုပ်ပြီး ကိုင်ပေါက်လိုက်မိတယ်

"အ့..ကျွတ်...ကျွတ်..''
သေချာကြည့်လိုက်တော့မှ ''ချစ်သော'' ဖြစ်နေတယ်

"မင်း...''
"ဒေါက်တာ..''

"အား....''
ဖြစ်ချင်တော့ "ချစ်သော''ရဲ့ bathrobeက ကြိုးပြေသွားတယ် ရိပေါ်လည်း မျက်နှာကို တခြားတစ်ဖက်ကို
မြန်မြန် လှည့်လိုက်ရတယ် ကံကောင်းတာက ''ချစ်သော''က boxer ဝတ်ထားသေးလို့

ရှောင်ကျန့်လည်း bathrobeကို ကမန်းကတန်းပြန်ဝတ်လိုက်ရပြီး မျက်နှာရူးကို ရန်ထောင်ဖို့ ပြင်လိုက်ရတယ်

"မျက်နှာရူး.... မင်းက ဘာလို့ ဒီရောက်နေတာလဲ ဒါ ငါ့သူငယ်ချင်းအခန်းနော် ကျွတ်ကျွတ်ကျွတ် နာလိုက်တာ မင်း ရဲဆိုတာ သိပေမယ့် ငါက လူဆိုးမှ မဟုတ်တာ ဘာလို့ ကိုင်ပေါက်ရတာလဲ အ့ နာလိုက်တာ''

" သွေ့ပုကျိပါ ဒေါက်တာ Drက ကျွန်တော့်အစ်ကို အခန်းထဲမှာရှိနေပြီး အံဆွဲထဲကို ရှာနေလို့လေ ပြီးတော့ ကျွန်တော်က drမျက်နှာကို မမြင်ရတော့ သူခိုးထင်လို့ပါ တောင်းပန်ပါတယ်နော် ''

" မင်းက ကျိုးချန်ရဲ့ ညီလား အ့ နာတာ ''

"ဟုတ်...ဟုတ်ကဲ့''

"အ့ဆိုလဲထားပါ ဒါနဲ့ ဘာမှ မမြင်လိုက်ဘူးမလား''

"ဟို...ဘာကို''

" ကျစ်... ဘာမှမဟုတ်ဘူး''

"အာ....ဟုတ်ကဲ့ ဘာမှမမြင်လိုက်ပါဘူး''

"ပြီးတာပဲ ငါထဦးမယ်.. အ့ နာလိုက်တာ ထလို့မရဘူး ဒီမှာ''

"ဟုတ်..''

"ဘာရပ်ကြည့်နေတာလဲ ငါ့ကိုထူဦးလေ ဒီမှာ မင်းလုပ်ထားလို့ ထမရဘူး အ့ ခါးက နာလိုက်တာ''

"ဟုတ်....''
ရိပေါ်လည်း ရှောင်ကျန့်ကို ထူဖို့အလုပ် ကြမ်းပြင်ကချော်နေတော့ သူပါရောချော်လဲပြီး ရှောင်ကျန့်အပေါ် ပြုတ်ကျသွားတယ်
၂ယောက်လုံးက တအားကို နီးကပ်သွားပြီး အကြည့်ချင်းတွေဆုံမိကြတော့တယ်

*တကယ်ပါပဲ ဒီလောက်နီးကပ်နေတာ ငါ့ရင်တွေက အရမ်းခုန်နေတာပဲ ''ချစ်သော''က ငါ့ရင်ခုန်သံတွေ ကြားတော့မှာပဲ ''ချစ်သော'' မျက်နှာ အစိတ်အပိုင်းတစ်ခုစီက ဘာလို့ အ့လောက် ကြည့်လို့ကောင်းနေရတာလဲ မြတ်နိုးဖို့အကောင်းဆုံးက ''ချစ်သော''ရဲ့ မေးစေ့အောက်က မှဲ့လေးပဲ*

*မျက်နှာရူးက အနီးကပ်ကျ ဘာလို့အ့လောက် ကြည့်ကောင်းပြီး ချစ်ဖို့ကောင်းနေရတာလဲ မျက်ပေတုံးလေးတွေနဲ့ နှုတ်ခမ်းကကော မိန်းကလေးတွေလို ဆေးဆိုးစရာမလိုဘဲ ဘာလို့အလောက် ပန်းရောင်သန်းနေတာလဲ ယောကျာ်းလေးတစ်ယောက်ရဲ့ နှုတ်ခမ်းက အ့လောက်လှဖို့ လိုလို့လားဟင် wait.... ငါဘာတွေတွေးနေပါလိမ့် ရှောင်ကျန့် စိတ်ထိန်းစမ်း မင်းတော့ အလုပ်လုပ်တာတွေများပြီး တွေးချင်ရာတွေတွေးနေပြီ professor ဆီက ဆေးတောင်းရမယ် ဟူး..*

အ့အချိန် ကျိုးချန်ကလည်း ဂျူတီပြီးလို့ သူငယ်ချင်းနဲ့ ဘီယာဝယ်လာပြီး တိုက်ခန်းကို ပြန်လာတယ်
ကျိုးချန်လည်း ဧည့်ခန်းမှာ ဘီယာဘူးတွေကို ထားပြီး ရေချိုးအဝတ်အစားလဲဖို့ အိပ်ခန်းထဲကို ဝင်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်ဖျပ်သွားတယ်
"အားဝမ်..ရှောင်ကျန့် ''

ရိပေါ်တို့၂ယောက်လည်း ကျိုးချန်ဝင်လာတော့မှ သတိဝင်လာတော့တယ်
ရိပေါ်လည်း ''ချစ်သော''ရဲ့ အပေါ်က ထလိုက်ပြီး ''ချစ်သော''ကို ဆွဲထူလိုက်ရတယ်

"ဟို အရင် အဝတ်အစား ဝတ်လိုက်ဦး ရှောင်ကျန့်''

Skip>>>
ကျိုးချန်လေး ဒီနေ့ဘာတွေမြင်နေရမှန်း ကိုယ့်ကိုကိုယ်လည်း တကယ်မသိတော့ဘူး
သူငယ်ချင်းဖြစ်သူကလည်း bathrobeပဲဝတ်ထားတယ်
ညီဖြစ်သူက သူငယ်ချင်းဖြစ်သူရဲ့အပေါ်မှာရှိနေပြီး ခု သူငယ်ချင်းဖြစ်သူက လမ်းလျှောက်ဖို့ ညီဖြစ်သူက ကူနေရတယ်
What! ဘယ်လိုလုပ်ပြီး အားဝမ်နဲ့ ရှောင်ကျန့်နဲ့က ဒီအဆင့်ထိ ရောက်သွားတာပါလိမ့်
ကိုယ့်ညီက ရှောင်ကျန့်ကို ကြိုက်နေမှန်းတော့သိပါတယ် ဒါပေမယ့်
ရှောင်ကျန့်က ရဲတွေကို အမြင်မကြည်လို့ ရှောင်ကျန့်နဲ့ ပြန်တွေ့ဖြစ်တာ ၃လလောက် ရှိတာကို အားဝမ်ကို မပြောခဲ့တာ
ဒီလိုအဆင်ပြေမှန်းသိရင် အစကတည်းက ပြောပါတယ်

"ကော.... ကော...''

ကျိုးချန်ကလည်း ဘာတွေတွေးနေလို့ မကြားမှန်းမသိဘူး
ဟိုကလေးပေါက်ကလည်း သူ့အစ်ကိုကို ခေါ်နေတာ တိုးတိုးလေး
အင်း...ဟုတ်တယ်လေ သူက ကိုယ့်သူငယ်ချင်းညီဆိုတော့ မျက်နှာရူးလို့တော့ ဘယ်ခေါ်ဖို့ကောင်းပါ့မလဲ
အ့ကြောင့် ကလေးပေါက်လို့ နာမည်ပေးလိုက်တာ
ဒီနေ့ သူခေါ်ပုံနဲ့ ကျိုးချန်က ကြားမှ မဟုတ်လို့ သူကပဲ
ဝင်အော်ပေးလိုက်ရတယ်

"ကျိုး...ချန်....''

"အော်...အေး ပြော''
ကျိုးချန်အတွေးလွန်နေတာ ရှောင်ကျန့်အော်မှ အသိပြန်ဝင်လာတယ်

"ဟိုဟာ...ငါတောင်းပန်ပါတယ်နော်''

"ကော...ကျွန်တော်လည်း တောင်းပန်ပါတယ်နော် ''

"ရပါတယ်ကွာ ဖြစ်ပြီးမှတော့ မထူးဘူးလေ လူကြီးတွေနဲ့ တိုင်ပင်ရမှာပေါ့''

"ဘာလို့ တိုင်ရမှာလဲဟင် ကျွန်တော်လုပ်တဲ့အပြစ်ကကြီးသွားလို့လားဟင်ကော''

"နေပါဦးကွာ မင်းညီက တမင်ရည်ရွယ်ပြီး လုပ်လိုက်တာမှမဟုတ်တာ ငါလည်း ဘာမှသိပ်မဖြစ်ပါဘူး လူကြီးတွေထိတော့ ပါစရာမလိုဘူးထင်တယ်နော်''

" မပါလို့မှမရတာ ဖြစ်ပြီးသွားမှတော့ အကုန် တာဝန်ယူရမှာပေါ့''

ကျိုးချန်ပြောတဲ့စကားကို နားမလည်နိုင်ဘဲ ၂ယောက်လုံး ကြောင်တောင်တောင် ဖြစ်နေကြတယ်
မနေနိုင်တဲ့အဆုံး ရှောင်ကျန့်ကပဲ ကျိုးချန်အနားကပ်ပြီး တိုးတိုးလေးမေးရတော့တယ်
"အ့လောက်ကြီးထိ မလိုဘူးထင်တာပဲ''

" ဘာလို့မလိုရမှာလဲ လိုတာပေါ့ မင်းက လူပျို ပြန်မဖြစ်နိုင်တော့ဘူးလေ ဘယ်လိုပဲ ငါ့ညီဆိုဦးတော့ သူငယ်ချင်းဖြစ်တဲ့ မင်းကိုတော့ အပျော်ကြံဖို့ ခွင့်မပြုပေးနိုင်ဘူး''

"ဟေ့ရောင်.. မင်းဘာတွေပြောနေတာလဲ''

"ဒီလိုလေကွာ..#$%%&&&&''

" ရူးနေလား မင်းညီက ငါ့ကို သူခိုးထင်ပြီး ကိုင်ပေါက်လိုက်တာကွ ငါ့ကိုထူရင်း သူပါချော်လဲပြီး ငါ့အပေါ် ပြုတ်ကျလာတာ မယုံရင် မင်းညီမေးကြည့်''

"သူပြောတာ ဟုတ်လား အားဝမ်''

"ဟုတ် ကော ''ဆိုပြီး အစအဆုံး ရှင်းပြလိုက်ရတယ်

" ကျွန်တော်က သူခိုးထင်လိုက်လို့ပါ Drကိုလည်း တောင်းပန်ပါတယ် ကျွန်တော်ကြောင့်ဖြစ်တာပဲ ကျွန်တော် တာဝန်ယူပါ့မယ်''

ရှောင်ကျန့်တစ်ယောက် ဒီညီအစ်ကိုနဲ့ စိတ်ဆင်းရဲပါတယ်
အစ်ကိုဖြစ်သူကလည်း ထင်ချင်ရာထင် ညီဖြစ်သူကလည်း အနှောင့်အသွားလွှတ်အောင်ကိုမပြောဘူး

"ရပါတယ် ဆေးလိမ်းလိုက်ရင် ခါးက သက်သာသွားမှာပါ နောက် သေချာကြည့်ပေါ့ကွာ မင်းတို့ရဲတွေက လုပ်လိုက်ရင် တစ်လွဲချည်းပဲ''

"ဟုတ် Dr''

"ကဲပါ အ့ဆိုပြေလည်သွားပြီပေါ့ ငါမင်းတို့ကို တရားဝင် မိတ်ဆက်ပေးမယ်လေ အားဝမ် ဒါက ကော သူငယ်ချင်း ရှောင်ကျန့်တဲ့ ကောနဲ့ဆေးကျောင်းအတူတူတက်လာတာ ရှောင်ကျန့် ဒါက ငါ့ညီတစ်ဝမ်းကွဲ ဝမ်ရိပေါ် တဲ့ လက်ရှိကတော့ စခန်းမှူးပေါ့''

"Omm ငါသိပါတယ်''

"မင်းနဲ့ အားဝမ်က ဆုံဖူးပြီးသားလား''

"ဟုတ်ကော ကျွန်တော်တို့စခန်းက အစ်ကိုတစ်ယောက် ဆေးရုံတက်ရတုန်းက တွေ့ဖူးပါတယ်''

"အော်...ဒါနဲ့ အားဝမ်ကို ကော ကနောက်နေ့မှလာမယ်ထင်တာ ဂျူတီချိန်မေးလိုက်ပေမယ့် နောက်နေ့လောက်မှ လာမယ်ထင်သွားတာ''

"ဟုတ် ဒေါ်လေးက ကောက အ့ဟင်းအရမ်းကြိုက်တာဆိုလို့ အစက မနက်ဖန်မှ လာပေးမလို့ဘဲ ဒါပေမယ့် ကောကြိုက်တဲ့ဟင်းဆိုလို့ လာပို့ဖြစ်တာ''

"အေးပါ ဒါနဲ့ ရှောင်ကျန့်က ဘာရှာနေတာလဲ အံဆွဲထဲက''

" ခေါင်းလိမ်းဆီ ပါကွာ''

"ဟားဟားဟား မင်းက အ့လို ရှာနေတော့ အားဝမ်က သူခိုးထင်သွားတာပေါ့ ထားပါတော့ ညစာက ကျက်ပြီလား''

"အင်း.. hot potနဲ့ bbqလုပ်ထားတယ်''

"ကောင်းကောင်း စားရချည်သေးရဲ့ အားဝမ်ကော စားသွားပါလား ရှောင်ကျန့်လုပ်တဲ့ hot potက အရမ်းစားကောင်းတာ''

"ရပါတယ် ကောရဲ့ ကောတို့ပဲ ဝအောင်စားပါ ကျွန်တော်ကြောင့် အလုပ်ပိုနေပါ့မယ်''

" စားသွားလို့ရပါတယ် ငါက အ့လောက် စေတနာမရှိတဲ့သူ မဟုတ်ပါဘူး ဝယ်ဘာတာလည်း အများကြီးပဲ မင်းတစ်ယောက်ထဲမှာ ထူးမကုန်ဘူး''

" အ့ဆို ကျွန်တော် စားသွားလို့ရမလား Dr''

" ငါ ညစာ သွားပြင်လိုက်ဦးမယ် စားလို့ရရင် လှမ်းခေါ်လိုက်မယ်နော်''ဆိုပြီး မီးဖိုချောင်ဘက် ထွက်သွားလိုက်တော့တယ်

" ငါ ပြောပါတယ် ရှောင်ကျန့်က သဘောကောင်းပါတယ်လို့''

"ဟုတ် ကော''

အ့လိုနဲ့ ၃ယောက်သား ညစာစားဖြစ်ကြတယ်
ရိပေါ်က အစပ်မစားနိုင်ပေမယ့် ''ချစ်သော''ကျွေးတဲ့ဟာဆိုတော့ ကြိတ်မှိတ်စားခဲ့ပါတယ်
ဘီယာကိုတော့ ပြန်ရမှာဆိုတော့ မသောက်ဖြစ်ဘူး
ကောနဲ့''ချစ်သော''ကတော့ သောက်ကြပါတယ်
"ချစ်သော''က မသောက်နိုင်ဘူး သုံးလေးဘူးလောက် ကုန်ပြီးတော့ မူးနေတာ
ကောကတော့ သောက်နေရင်း အရေးကြီးကိစ္စ ပေါ်လာလို့ဆိုပြီး ဆေးရုံကို သွားလေရဲ့
ကျန်ခဲ့တာက ကျွန်တော်နဲ့ ''ချစ်သော'' နှစ်ယောက်တည်း
"ချစ်သော''က မူးနေလို့ ဘာမှ မသိဘူး ဆိုပေမယ့်
အသိစိတ်ကပ်နေတဲ့ ကျွန်တော်ကတော့ ''ချစ်သော''နဲ့ ၂ယောက်တည်းရှိရတာကို စိတ်လှုပ်ရှားနေမိတယ်
ရုတ်တရက် ''ချစ်သော''က စကားစပြောလာတယ်

"အေ့...မင်းသိလား မင်းတို့ရဲတွေက အမြင်ကပ်ဖို့ကောင်းတာကို အေ့... ဇာတ်ကားတွေထဲမှာတောင် မင်းတို့ရဲတွေက မင်းသားက လူဆိုးတွေကို ချပြီး မင်းသမီးကိုကယ်ပြီးမှ ရောက်လာတာ အေ့...''

"မဟုတ်ပါဘူး Drရယ် ရဲတိုင်းမဟုတ်ပါဘူးဗျ''

"အေ့.... မင်းက ဘာသိလို့လဲ ရဲတွေအားလုံးက အတူတူတွေချည်း အေ့... မင်းယုံပါ့မလားမသိဘူး ငါ့ရဲ့ မွေးသဖခင်ကလည်း မင်းတို့လိုရဲပဲ အေ့...
ဒါပေမယ့် သိလား သူက ငါ့မား သူ့မိန်းမကိုတောင် မကာကွယ်နိုင်ခဲ့ဘူး သူသာ နည်းနည်းလောက် စောရောက်ခဲ့ရင် ငါ့မားက သေစရာအကြောင်းမရှိဘူး
မင်းတို့ရဲတွေက ပြောလိုက်ရင် တိုင်းပြည်နဲ့ ပြည်သူ့အတွက်တဲ့ ကိုယ့်မိသားစုတောင် မကာကွယ်နိုင်တာ ဘယ်လိုလုပ် လူအများကြီးကို ကာကွယ်နိုင်မှာလဲ အဟက်''

"ဒါကတော့ တချို့ကိစ္စတွေက ကျွန်တော်တို့ မတတ်နိုင်ဘူးလေ လူတွေအားလုံးကို မဟုတ်ရင်တောင် တတ်နိုင်သလောက် ကူညီစောင့်ရှောက်ကာကွယ်နိုင်ဖို့ ကျွန်တော်တို့က ရှိနေပေးကြတာပဲ''

"အေ့... မင်းတို့တွေက တစ်ပုံစံအတိုင်းပဲ စက်ရုပ်တွေလိုပဲ ပြီးတော့လဲ လေကြီးလေကျယ်နဲ့''

" ထားပါ ဒါက Drအမြင်ဆိုတော့ ကျွန်တော်လည်း ဝင်မစွက်ဖက်ပါဘူး''

"အေ့...အ့ဒါကောင်းတယ် ရဲတွေသာ အသုံးကျခဲ့ရင် ငါ့မားက ခုချိန်ထိ အသက်ရှင်ပြီး ငါ့ဘေးနားမှာ ရှိနေမှာ ခုတော့..😭 မင်းသိလား ငါ့မားက ငါအထက်တန်းအောင်တာတောင် မမြင်လိုက်ရဘူး ငါဘွဲ့ယူတဲ့နေ့က သူများတွေက ကိုယ့်အမေတွေအဖေတွေနဲ့ ငါ့မှာတော့ ဘယ်သူမှ မရှိဘူး..😭 ငါ မားဖြစ်စေချင်သလို ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားတယ် ဒါပေမယ့် မားမှ မရှိတာ ဘယ်အသုံးဝင်ပါ့မလဲ..😭 ငါ့မားကို ပြန်လိုချင်တယ်...😭''

ရိပေါ်လည်း ''ချစ်သော''က ဝမ်းနည်းပြီး ငိုနေတော့ ပြန်မပြောလိုက်တော့ဘူး
ကြာတော့ ''ချစ်သော'' က ငိုလွန်းလို့ပဲလား မူးပြီး အိပ်ပျော်သွားတယ်
ကျွန်တော်လည်း ''ချစ်သော''ကို ကောအိပ်ခန်းထဲပဲ တွဲပို့လိုက်ရတယ်

အိပ်ခန်းထဲရောက်တော့ ''ချစ်သော'' က အငြိမ်မနေဘဲ အခန်းထဲ ပတ်လျှောက်နေလို့ လိုက်ဆွဲရပြန်တယ်
နောက်ဆုံး အိပ်ရာပေါ်ရောက်တော့မှ ငြိမ်သွားလို့ ''ချစ်သော''ရဲ့ ဖိနပ်ကို ချွတ်ပေးနေတုန်း ''ချစ်သော''က ရုတ်တရက် ထထိုင်ပြီး ကျွန်တော့်ကို သူ့မားအထင်နဲ့ လာဖက်တယ်

"မား ကျွန်တော့်ဆီ လာတာလား ကျွန်တော် အရမ်းပျော်တာပဲ သိလား မား ပါးလိုမျိုး ရဲဆိုတဲ့ ကောင်လေးတစ်ယောက်ကို သားတွေ့ထားတယ် သူက လုံးဝကို ပါးတို့လိုမျိုးပဲသိလား ခစ်ခစ်ခစ် သံပတ်ပေးထားသလိုပဲ အ့တစ်ယောက်ကလေ ကျွန်တော့်ခါးကို နားအောင် လုပ်တာ သိလား မား သူ့ကို ဆုံးမပေးနော် ဟီး... မားရဲ့ ရနံလေးက မွှေးလိုက်တာ ''

ရိပေါ်တစ်ယောက် ရှက်လွန်းလို့ နားရွက်တွေကော မျက်နှာတွေကောနီနေပြီ
ဒီနေရာကနေ ချက်ချင်းပဲ အငွေ့ပျံချင်သလိုဖြစ်နေပြီ ''ချစ်သော'' ရဲ့ နှာခေါင်းက အငွေ့တွေက ဂုတ်ကို လာရိုက်နေပြီး လက်တွေကလည်း ခါးကို တင်းကျပ်နေအောင် ဖက်ထားတယ်
ပြီးတော့ သူ့မားထင်ပြီး ဂုတ်ကိုလာလာပြီး နှာခေါင်းနဲ့ နမ်းနေတော့ ရှက်လွန်းလို့ အိပ်ရာခင်းကိုပဲ ဆုပ်ထားမိတော့တယ်

"အာ.. မားကလည်း သားက ချစ်လို့နမ်းတာကို ဘာလို့ နောက်ဆုတ်နေတာလဲ အာ.... မင်းက မားမဟုတ်ဘူးပဲ ငါ့မားကော ငါ့မားကို ပြန်ခေါ်ပေးလို့ အီးဟီးဟီး ''

"ချစ်သော'' သူ့မား မဟုတ်မှန်းသိသွားလို့ တော်သေးတယ်လို့တွေးနေတုန်း ထငိုတဲ့ ''ချစ်သော''ကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်ပြန်တယ်

"နေပါဦး မင်းက ဘာလို့ ငါ့မားနေရာမှာ ရှိနေတာလဲ
ခစ်ခစ်ခစ် ဒါနဲ့ မင်းပါးက ကိုင်လို့ ကောင်းလိုက်တာ ဂျယ်လီတုံးလေးတွေလိုပဲ ငါ ကိုက်ကြည့်လို့ရလား ဟီးဟီးဟီး...ကိုက်မယ်နော်''

ရိပေါ်တစ်ယောက် ''ချစ်သော''က ပါးနားကပ်လာတော့ လန့်ပြီး မျက်လုံးမှိတ်နေတုန်း ငြိမ်သွားတဲ့ ''ချစ်သော''ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ''ချစ်သော''က အိပ်ပျော်နေပြီ
ဒါနဲ့ပဲ ''ချစ်သော''ကို စောင်ခြုံပေးလိုက်ပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ဖို့ ပြင်လိုက်ရတယ်
ကောကတော့ ဆေးရုံမှာပဲ အိပ်ဖြစ်တော့မယ်လို့ message ပို့ထားတယ်
ပြီးတော့ ''ချစ်သော'' ကို သေချာ ဂရုစိုက်လိုက်ပါတဲ့
ကောမပြောလည်း ကျွန်တော်က ဂရုစိုက်မှာပါလို့တော့ မပြောလိုက်ဘူး
ဒီနေ့တော့ ''ချစ်သော''နဲ့ တစ်နေရာထဲမှာ အတူတူရှိနေရတယ်ဆိုတဲ့အသိနဲ့တင် ရိပေါ်အတွက် အိမ်မက်လေးတွေက လှပနေခဲ့ပါတယ်

At morning,
"အ့ ကျွတ်ကျွတ်ကျွတ် ခေါင်းတွေ ကိုက်လိုက်တာ ဘယ်နှနာရီတောင်ရှိပြီလဲမသိဘူး''

ရှောင်ကျန့် မနေ့က အသိစိတ်လွတ်တဲ့အထိ သောက်နေမိတာ မနက်နောက်ကျမှ အိပ်ရာနိုးတော့တယ်
မျက်နှာသစ်သွားတိုက်ပြီး ဆင်းလာလိုက်တော့တယ်

ဧည့်ခန်းထဲရောက်တော့ ဧည့်ခန်းမှာ စောင်နဲ့ ခေါင်းအုံးတစ်လုံးထပ်ထားတာပဲ တွေ့ရပြီး လူမတွေ့ရဘူး
နှာခေါင်းထဲ ဟင်းနံ့ရလာလို့ မီးဖိုချောင်ဘက်
သွားကြည့်လိုက်တော့ Apronနဲ့ ဟင်းချက်နေတာ တွေ့ရတယ်

"Sry ကျိုးချန်ရာ မနေ့က ငါ အသောက်များသွားတယ် မင်းကို ဒုက္ခပေးမိသွားရင် ငါ တောင်းပန်ပါတယ် ဟင်... မင်းပါလား ကျိုးချန်ကော''

"ဟို..ကောက မနေ့က ညကတည်းက ဆေးရုံမှာ အိပ်တာပါ မနက်စာလည်း ဟိုမှာပဲ စားတော့မယ်တဲ့ ကျွန်တော်က Drဆင်းမလာသေးလို့ မနက်စာစားဖို့ စောင့်နေတာ''

"အ့ဆို မနေ့ညက ငါနဲ့အတူရှိနေတာ မင်းပေါ့''

"ဟုတ်''

"မနေ့က ငါမင်းကို ဘာတွေ ဒုက္ခပေးမိသေးလဲ''

"ဗျ....ဗျာ''

"ဒီလိုကွာ ငါက အများကြီး သောက်မိလို့ မူးသွားရင် ဘာတွေလုပ်မိမှန်း မနက်ကျရင် သတိမရတော့လို့ ငါ မင်းကို တစ်ခုခုများလုပ်မသလားလို့''

"ဟို..မလုပ်မိပါဘူး''

"တကယ်လား''

"ဟုတ်....ဟုတ်ကဲ့ တကယ်ပါ''

"အ့ဆိုလဲ ပြီးတာပဲ ''

"ဟို... ဒေါက်တာ့အတွက် အမူးပြေဟင်းချိုပါ သောက်...သောက်လိုက်ပါဦး ''

"အင်း.. ကျေးဇူးပဲ ''

"ရပါတယ် ''
*ငါ က ဒါလေး မေးတာကို ဘာလို့ နားရွက်တွေနီပြီး စကားတွေထစ်နေရတာပါလိမ့်*

*ဟူးးးးတော်သေးတာပေါ့ မနေ့ကအကြောင်းတွေ မမှတ်မိလို့ *

"ဒါနဲ့ မင်းရနံ့က မွှေးတယ်နော်''

"ဖူးးးး''
(ရိပေါ်က လန့်ပြီး ကော်ဖီတွေသီးပြီး မှုတ်ထုတ်မိလိုက်တာပါနော်)

"အာ... ဘယ်လိုတွေလုပ်လိုက်တာလဲ''

"Sryပါနော် Dr ပေသွားလားဟင်''

"ရပါတယ် နဲနဲစင်သွားတာပါ မင်းကလည်း ငါက မင်းဘာရေမွှေးသုံးလဲ မေးချင်လို့ပါ ''

" ဘာရေမွှေးမှ မသုံးပါဘူး Dr''

"အေးပါ ဒါနဲ့ ဟင်းတွေက မင်းကိုယ်တိုင် ချက်ထားတာလား''

"ဟုတ် အဆင်မပြေလို့လားဟင် Dr''

"မဟုတ်ပါဘူး အရသာရှိပါတယ် ဒါနဲ့ ငါ့ကို Dr Drနဲ့ မခေါ်စမ်းပါနဲ့လား နားထဲ တစ်မျိုးကြီးမလို့ မင်းကလည်း လူနာမှမဟုတ်တာ''

"ဟို အ့ဆို Drကို.. ဘယ်လိုခေါ်ရမှာလဲဟင်''

"Omm ကျိုးချန်ညီဆိုတော့ ကော ဖြစ်ဖြစ် ရှောင်ကျန့်ကော ဖြစ်ဖြစ် ခေါ်ပါ့လား''

"ဟုတ် အ့ဆို ကျန့်ကောလို့ ခေါ်ပါ့မယ်''

"Omm ငါကတော့ ဝမ်ရိပေါ်လို့ပဲ ခေါ်မယ်လေ အဆင်ပြေတယ်မလား''

"ဟုတ်ကဲ့ အဆင်ပြေပါတယ် ''

ရှောင်ကျန့်တစ်ယောက် မနက်စာစားချိန်မှာ သူ့ဘေးနား တစ်ယောက်ယောက် ရှိနေပေးတာ ပထမဆုံးဆိုတော့ စိတ်ထဲ ကြည်နူးနေမိတယ်
ပြီးတော့ ရှေ့ကလူသားလေးကလည်း ချစ်ဖို့ကောင်းနေတာကြောင့်လဲ ပါမှာပါ
ငါ ရူးနေတာလား ဒီကောင်လေးကို ဘာလို့ ခဏခဏ ချစ်ဖို့ကောင်းတယ်လို့ပဲ ထင်နေရတာလဲ
ဒါပေမယ့် တကယ်ချစ်ဖို့ကောင်းတာရယ် ပါးလေးတွေက ဖောင်းဖောင်းလေးနဲ့ နားရွက်လေးတွေ နီနေတဲ့ကောင်လေးက
ဒီလိုမျိုး မနက်ခင်းတိုင်း ဖြတ်သန်းချင်မိရဲ့

At present time,

"Daebaek စီနီယာ က အခုလိုမျိုးလည်း မူးရင် ကလေးဆန်ပြီး ရစ်တတ်သေးတာလား''(မီရာ)

" ဟိုလေ ဝမ်ရိပေါ်က စခန်းမှူးဆိုတော့ အနေတည်မယ်ထင်ထားတာ အ့လိုမျိုး သူက ရှက်တတ်သေးတာလား''(ဖေးဖေး)

"အင်း.. ဝမ်လေးက ခပ်တည်တည် ခပ်အေးအေး နေတတ်ပေမယ့် တကယ်တော့ သူလဲ လူငယ်တစ်ယောက်ပဲလေ ပြီးတော့ ငယ်ငယ်လေးကတည်းက သူက အရမ်းရှက်တတ်တာရယ်''

"ဒါနဲ့ ကော က စီနီယာနဲ့ ပြန်တွေ့တာကို ဝမ်ရိပေါ် ကို တကယ်ပြောမပြတာလား ဝမ်ရိပေါ်ကကော လုံးဝမသိတာလား''( ရိချန်)

" အင်း... ကောက ၂ဖက်လုံးကို ကြည့်ရတယ်လေ တစ်ဖက်ကလည်း ရှောင်ကျန့်ကရဲတွေကို အမြင်မကြည်ဘူးလေ တစ်ဖက်က အားဝမ်ကလည်း အကို့ညီလေ မခံစားစေချင်ဘူး ပြီးတော့ အားဝမ်က ကောတေးရုံကို မသိဘူးလေ အလုပ်တွေမအားတော့ မဆက်စပ်မိတာလည်း ပါတာပေါ့''

" ကောဘက်က ကြည့်ရင်လည်း မှန်တာပဲ ဒါနဲ့ ဘာတွေဆက်ဖြစ်ကြသေးလဲဟင်''(ကုဝေ)

"အင်း ဆက်ပြောရရင်တော့.......''

ယွမ် ရေးချင်တဲ့ပုံစံက ဝမ်က အများအမြင်မှာတော့ ခပ်တည်တည်နေတတ်ပေမယ့် သူချစ်တဲ့သူတွေ ရှေ့ကျတော့ အရှိအတိုင်း နေတတ်တဲ့ပုံစံပါ
ရှောင်းကတော့ ပေါ့ပေါ့ပါးပါး နေတတ်ပေမယ့် ချစ်တဲ့သူတွေကို အရမ်းဂရုစိုက်မြတ်နိုးတတ်တဲ့ပုံမျိုးပါ
ငယ်ရေးတာက zswwပါ ဒါပေမယ့် zswwလို့မခံစားရဘူးဆိုရင်တော့ ငယ်ရေးတာ ညံလို့ဖြစ်မှာပါ
အားလုံးကို တောင်းပန်ပါတယ်😔

Czytaj Dalej

To Też Polubisz

153K 7.7K 16
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
36.6K 4.5K 41
I don't wanna be right .
491K 66.9K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
64.2K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...