You💞💞💞(unicode + zawgyi)

By ToxicDaisy-2003

671 53 13

''ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ်'' ''ကျွန်တော် အရမ်းချစ်ရတဲ့သူကလည်း'ချစ်သော' တစ်ယောက်ထဲပါ'' ''ငါအရမ်းချ... More

Ep 6 unicode
Ep 7 part1 unicode
You💕💕💕 intro(uni+zaw)
Ep 1 unicode
Ep 1 Zawgyi
Ep 2 unicode
Ep2 Zawgyi
Ep 3 unicode
Ep 4 unicode
Ep 3 Zawgyi
Ep 5 unicode
Ep 5 Zawgyi
Ep6 Zawgyi
Ep 7 part1 Zawgyi
Ep7 part2 unicode
Ep 7 part2 zawgyi

Ep 3 Zawgyi

11 1 0
By ToxicDaisy-2003


ကုဝေတစ်ယောက် ဟိုတစ်နေ့က ကျိုးချန်ကော ရှင်းပြပြီးကတည်းက အဆက်ကို တအားသိချင်နေတာ
ဒါပေမယ့် လူနာတွေက ဒီအတောအတွင်း အရမ်းများနေတာနဲ့ပဲ ပြီးတော့ သူငယ်ချင်းတွေကလည်း
ကိုယ့်wardနဲ့ ကိုယ် အလုပ်ရှုပ်နေတာကြောင့် အတူ နေ့လည်စာမစားဖြစ်ကြတော့ ကျိုးချန်ကောနဲ့လဲ အ့အကြောင်း မမေးမိကြဘူး
ဒါပေမယ့် စီနီယာရှောင်းကတော့ တောင်းပန်ပြီးကတည်းက သူနဲ့ဆက်ဆံရေးက တအားကြီး အရင်လောက် မအေးစက်တော့ဘူး
နဲနဲရင်းနှီးလာတယ် ဒါပေမယ့်လည်း ကျိုးချန်ကော လောက်တော့ တအားကြီး ရင်းရင်းနှီးနှီးမပြောရဲသေးဘူး
ဒီနေ့တော့ မီရာတို့က အားတယ် ပြောတာပဲ ခဏနေ
နေ့လည်စာအတူစားမယ်တဲ့ အ့အချိန်ကျမှ ကျိုးချန်ကောကို ဆက်မေးရမယ်
" အာ ဖုန်းလာတာပဲ hello ပြော''

" ငါက ဆေးရုံမှာပဲ ရှိသေးတာ ဒီနေ့လား ဒီနေ့မအားဘူး''

" နေ့လည်စာက မီရာတို့နဲ့စားမှာလေ''

" မဟုတ်ပါဘူး မင်းနဲ့ မစားချင်လို့ မဟုတ်ဘူး ငါ မင်းကို ပြောထားတယ်လေ ကျိုးချန်ကောဆီက ဟိုနေ့က အဆက်ကို နားထောင်ချင်တယ်လို့''

" သူများကိစ္စ စပ်စုတာမဟုတ်ဘူးလေ ငါက ဒီအတိုင်း စိတ်ဝင်စားလို့ဟာကို''

" စိတ်ဆိုးလည်း မတတ်နိုင်ဘူး မင်းက မင်းအားတဲ့အချိန်ကျမှ ငါ့ကို တွေ့ဖို့ သတိရတာလေ မင်းအလုပ်ချည်းပဲ ဂရုစိုက်နေတာ''

" ငါ့မှာလည်း ငါ့အလုပ် ရှိတာပဲ ''

" မင်းက အမြဲ အ့လိုပဲ တော်ပြီ ဖုန်းချတော့မယ် မင်းကို တစ်ပတ်တိတိ စိတ်ကောက်တယ် ဒါပဲ''

"တီ.....''(ဖုန်းကျသွားတဲ့အသံပါနော်)
ကုဝေတစ်ယောက် အားကြီး စိတ်ဆိုးပါတယ်
သူနဲ့တွေ့ရတာမှ ခပ်ရှားရှားရယ်
ကိုယ်လည်း တွေ့ချင်တာပေါ့ ဒါပေမယ့် အားမှ မအားတာ
သူက သူ့အလုပ်လောက်ကို ကုဝေကို အလေးမထားဘူး ဟွန့်

Time skip>>>>
နေ့လည်စာစားချိန်
" ဟူး.... မောတာဟာ နင်တို့ စဉ်းစားကြည့် တစ်နေ့တစ်နေ့ ဆေးရုံကို ကလေးလာမွေးတဲ့ လူနာတွေက တအားများတာပဲဟာ ငါတို့wardက လူတွေ နားကို မနားရဘူး တိုင်းပြည်ရဲ့ လူဦးရေ ပွားများအောင် လုပ်နေသလားပဲ''(ဖေးဖေး)

" ငါတို့ wardကကော ဘာထူးလို့လဲ တစ်နေ့တစ်နေ့ accident တွေ ဖြစ်နေပြီး လက်ကျိုး ခြေကျိုးတဲ့ လူနာတွေ များနေတာ''( ရိချန်)

" ကုဝေတို့ wardလဲ အလုပ်များနေမှာပဲ မီရာတို့ပဲ နားအေးတယ် ကလေးတွေဆိုတော့'' (ဖေးဖေး)

" နင်ထင်လို့ပါဟာ တနေ့တနေ့ အ့ကလေးတွေက ဘယ်လောက်ငိုပြီး သောင်းကျန်းလိုက်သလဲဆိုတာ ကလေးငယ်ငယ်လေးတွေက ပိုဆိုး ကြီးတဲ့ကလေးတွေက မုန့်ပြ အရုပ်ပြရင် ငြိမ်သေးတယ် သူတို့က အသေအော်တာ ဘယ်လိုမှလည်း လုပ်မရပါဘူးဟယ်''(မီရာ )

" နင်တို့ကလည်း နင်တို့ ဝါသနာပါရာ လုပ်ကြတာပဲဟာကို ပင်ပန်းမနေကြပါနဲ့ ''( ကုဝေ)

" ဟုတ်သားပဲ မင်းတို့ကလည်း ကုဝေတောင် ဘာမှ မပြောတာကို မင်းတို့က ဆရာဝန်တွေပဲမလား လူနာတွေကို အကောင်းဆုံး ကုရမှာလေ ညည်းညူနေလို့ ဘယ်ဖြစ်ပါ့မလဲ''

"😁 ကောကလည်း မီရာတို့က ဒီလိုပဲ ပြောလိုက်တာပါ ဒါနဲ့လေ မီရာတို့ကို အားဆေးလေး မတိုက်ချင်ဘူးလား''

" ဟုတ်တယ် ဖေးဖေးလည်း ထောက်ခံတယ် ကော ဟိုနေ့က အကြောင်းလေး ဆက်ပြောပြပါလား''

" နင်တို့ကလည်း သူများအကြောင်းကို သိပ်စပ်စုတာပဲ'' ( ရိချန်)

" နင်တော်တော် ပွစိပွစိနိုင်တာပဲ အ့ကြောင့်မလို့ ခုထိ အပျိုကြီး ဖြစ်နေတာ 😝''( မီရာ)

" နင် နော်''( ရိချန်)

" ကဲပါ တော်ကြတော့ ကော ဆက်ပြောပြမယ် သူတို့၂ယောက် ပြန်တွေ့ဖြစ်ပုံကတော့ ဒီလို....''

Flashback starts<<<<
ကျွန်တော့်ကို ဘုရားသခင်က သနားသွားခဲ့တယ်ထင်ပါရဲ့
"ချစ်သော'' နဲ့တစ်ဖန်တွေ့ဆုံခွင့်ပေးခဲ့တယ်
အ့နေ့က ကျွန်တော်နဲ့ အကူရဲ၂ယောက်က ဓားစာခံကို သွားပြီးကယ်ဖို့ တိုက်ပျက်ကြီးတစ်ခုအနားကို သွားခဲ့ရတယ်
ဓားစာခံ မိန်းကလေးကို ကယ်လိုက်နိုင်ပေမယ့် တရားခံက ကျွန်တော်နဲ့ပါလာတဲ့ရဲတစ်ယောက်ရဲ့ ဝမ်းဗိုက်ကို သေနတ်နဲ့ပစ်ခဲ့တယ်
ကျွန်တော်နဲ့တရားခံနဲ့ လုံးထွေးသတ်ပုတ်နေရာက တရားခံက စားအတိုတစ်ချောင်းနဲ့ ကျွန်တော့်လက်မောင်းကို ဒဏ်ရာရအောင်လုပ်တယ်
ဒါတင် အားမရဘဲ ဝှက်ထားတဲ့ သေနတ်နဲ့ပါ ပစ်ဖို့ လုပ်တယ်
တကယ်တမ်း သူပစ်လိုက်တဲ့ ကျည်ဆန်က ကျွန်တော့်ဆီ ဆိုပေမယ့် အကိုရွှမ်ပင်းက ဝင်ခံလိုက်တာ
ကံကောင်းချင်တော့ နောက်ထပ်အကူ ရဲကား သုံးစီးနဲ့ ambulanceက သိပ်မကြာခင်မှာပဲ ရောက်လာတယ်
ကျွန်တော်လည်း အကိုရွှမ်ပင်းကို တစ်ခြားတစ်ယောက်နဲ့ အတူတွဲရင်း ambulance ဆီကို လျှောက်လာလိုက်တယ်
Ambulance ဆီရောက်တော့ ကျွန်တော် မထင်ထားခဲ့ဘူး ပါလာတဲ့ ဆရာဝန်က ''ချစ်သော'' တဲ့
ကျွန်တော်လည်း '' ချစ်သော'' ကို ကြောင်ပြီး ကြည့်နေမိတုန်း
" ဒီမှာ ဒီမှာ လူနာက ဝမ်းဗိုက်ကို ထိထားတော့ သွေးတွေ အများကြီး ထွက်နေတယ် သွေးထွက်မလွန်ခင် ဆေးရုံကို မြန်မြန် သွားရမယ် အမှုကို ဆက်စုံစမ်းချင်ရင် ပြီးမှ စုံစမ်းပါ လူနာက ပို အရေးကြီးတယ် ဒါနဲ့ လူနာနဲ့ တစ်ယောက်တော့ လိုက်ခဲ့ရမယ် ခင်ဗျားတို့၂ယောက်ထဲက ဘယ်သူလိုက်မှာလဲ ''

ရှောင်ကျန့်တစ်ယောက် ရဲတွေနဲ့ မပတ်သက်ချင်ပေမယ့်လည်း ကိုယ်က ဆရာဝန်ဆိုတော့ လူနာအသက်ကို ကယ်ရမှာပေါ့
သူတို့ရဲတွေက စုံစမ်းတာတွေ စစ်ဆေးတာတွေ လုပ်တာ ကြာနေရင် ကြားထဲက လူနာက အကြောင်းမဲ့သက်သက် အသက် ဆုံးရှုံးရနိုင်တယ် အ့ကြောင့်မို့ မပြောချင်လဲ ပြောနေရတာ

" အာ ဟုတ်တာပေါ့ ချန်ဟွေ့ မင်းပဲ နေခဲ့ပြီး လိုအပ်တဲ့ဟာတွေ စခန်းမှူးကို ကူညီလိုက်ပါ ငါ ရွှမ်ပင်းကောနဲ့ လိုက်သွားလိုက်မယ်''

" ဟုတ်ကဲ့ပါ ဒုရဲအုပ်''

လူနာနဲ့ အတူပါလာတဲ့ ကောင်လေးကို သာမန်ရဲလောက်ပဲထင်ထားပေမယ့် သူက ဒုရဲအုပ်ရာထူးတဲ့လား ငယ်ငယ်လေးနဲ့ ထူးချွန်အောင်မြင်နေတာပါပဲလ
ဒါပေမယ့် ဘာလုပ်ရမှာလဲ ဘယ်လောက် ထူးချွန် ထူးချွန် ရဲတွေက နောက်ဆုံး အသုံးမကျတာက မကျတာပါပဲ
ရှောင်ကျန့်လည်း ဆက်မတွေးနေတော့ဘဲ လူနာကို လိုအပ်တဲ့ စမ်းသပ်မှုတွေသာ လုပ်နေလိုက်တော့တယ်

ရိပေါ်လည်း ချန်ဟွေ့ကို ထားခဲ့လိုက်ပြီး '' ချစ်သော''တို့ ambulanceနဲ့အတူတူ ဆေးရုံကို လိုက်လာခဲ့တော့တယ်

ဆေးရုံရောက်တော့ ရွှမ်ပင်းကောက ခွဲစိတ်ခန်း ဝင်ရမယ်တဲ့ ခွဲစိတ်ဖို့ လူနာရှင်ရဲ့ လက်မှတ်လိုတယ်ဆိုတော့ ရွှမ်ပင်းကောရဲ့ မိဘတွေကလည်း နယ်မှာ beijingမှာလည်း အမျိုးမရှိတာကြောင့် ရိပေါ်ပဲ လူနာရှင်နေရာကနေ လက်မှတ်ထိုးပေးလိုက်တယ်

မိနစ်၂၀လောက် ကြာတော့ ခွဲခန်းထဲက '' ချစ်သော'' ရယ် တခြားဆရာဝန်တစ်ယောက်ရယ်က ထွက်လာတယ်
" ကျည်ဆံကို ထုတ်ပြီးပါပြီ အတွင်းအင်္ဂါတွေလည်း မထိခိုက်ပါဘူး လူနာက ဆေးရုံကို အချိန်မီရောက်တော့
သွေးထွက်လွန်တာလည်း မရှိတော့ စိုးရိမ်စရာမရှိတော့ပါဘူး ခဏနေရင် ရိုးရိုးလူနာခန်းထဲ ရွှေ့လို့ ရပါပြီ''

" ကျေးဇူးပါ Dr''

" ဒါနဲ့လေ သူများကိုချည်း စိတ်ပူမနေပါနဲ့ဦး ခင်ဗျားလက်မောင်းက ဒဏ်ရာကိုလည်း ဆေးထည့်ဦးဗျ ရှောင်ကျန့် မင်း ဒါပြီးရင် လုပ်စရာမရှိဘူးမလား မင်းပဲ ကြည့်ကြပ်ပြီး လုပ်ပေးလိုက်ပါကွာ''

" မင်းလုပ်ပေးလည်း ရတာပဲ ငါလဲ အားမအား မသေချာသေးဘူး''
( ရှောင်ကျန့် ရဲတွေနဲ့မပတ်သက်ချင်တာကြောင့် သူငယ်ချင်းအား တီးတိုးပြောလိုက်ခြင်းပင်)

" ငါက နောက်လူနာ သွားကြည့်ရမှာမလို့ပါကွာ အမယန်လီကပြောပြီးသား မင်း ဒီနေ့ ညဂျူတီ မရှိဘူးမလား ခုဟာလည်း လူလိုလို့ မင်းကိုအကူအညီတောင်းထားတာမလား လုပ်ပါကွာ ငါမအားလို့ပါ''

" ကျစ်... မင်းက ကွာ''

"ချစ်သော'' နဲ့ ဒေါက်တာ က တီးတီးတိုးတိုးနဲ့ သူ့ကြောင့် အချင်းများနေပုံရတယ်
သူလည်း ''ချစ်သော ''ကို စိတ်မရှုပ်စေချင်တာကြောင့်
သူကပဲ ကြားထဲက ဝင်ပြောလိုက်ရတယ်

" ရပါတယ် ဒေါက်တာတို့ ကျွန်တော့် ဒဏ်ရာက အ့လောက်ကြီး မဆိုးပါဘူး ရွှမ်ပင်းကောကို ကုပေးတာနဲ့တင် ကျေးဇူးတင်ပါတယ် ဒေါက်တာတို့ သွားစရာရှိတာသာ သွားပါခင်ဗျ''

" အားနာလိုက်တာဗျာ ကျွန်တော်ကလည်း ဂျူတီရှိနေတော့''

ရှောင်ကျန့်တစ်ယောက် ရှေ့က ပြုံးပြနေတဲ့ သူ့ကို
အမြင်ကပ်လိုက်တာ မသိရင် ကိုယ်ကပဲ လူနာကို ဂရုမစိုက်တဲ့ ဆရာဝန်ဆိုးကြီးကျလို့
မကောင်းတတ်တဲ့အဆုံး သူကပဲ အ့မျက်နှာရူးကို အရင်စပြောရတာပေါ့
" မလိုက်ခဲ့ဘဲ ဘာလုပ်နေတာလည်း''

"ဗျာ''

" ဒဏ်ရာကို ဆေးထည့်မယ်လေ ဟိုဘက်ခန်းမှာ ဆေးသေတ္တာပုံးက''

" အာ.. ဟုတ်ကဲ့ခင်ဗျ''

ရိပေါ်လည်း အူကြောင်ကြောင်နဲ့ '' ချစ်သော '' နောက်ကို လိုက်သွားခဲ့လိုက်တယ်

"အင်း ဒဏ်ရာက သိပ်မနက်တော့ ချုပ်စရာတော့ မလိုပါဘူး ပိုးမဝင်အောင်တော့ ဆေးထည့်ရလိမ့်မယ် နဲနဲတော့ စပ်မယ်''

"အ့...''

" စပ်လို့လား တအားကြီး''

" နည်းနည်းပါ ''

"ခဏ ပတ်တီးစီးရဦးမယ် ''

" ဟုတ်ကဲ့''
ရိပေါ် လေ့ကျင့်ရေးတုန်းကတောင် ဒီထက် ဒဏ်ရာများသေးတာ အခုဒဏ်ရာက သိပ်မနာပေမယ့်လည်း ''ချစ်သော'' သေးသေးလေးများ ဂရုစိုက်မလားလို့ ပိုလုပ်မိတယ်

" ရပြီ ဒဏ်ရာက ခုရက်ပိုင်းအတွင်းတော့ ကိုက်လိမ့်မယ် အကိုက်အခဲပျောက်ဆေးကို ကောင်တာက အမယန်လီဆီမှာယူလိုက် ဆေးစာ ရေးပေးလိုက်မယ်
ဒဏ်ရာက ရေထိလို့မရဘူးနော်''

" ဟုတ်ကဲ့ပါ ဒေါက်တာ''

" ဟုတ်ကဲ့ တစ်လုံးပဲ ပြောတတ်တာလား''

" ဗျာ''

" မဟုတ်ဘူးလေ အစကတည်းက ဟုတ်ကဲ့ ချည်းပဲပြောနေလို့ ''

" အာ တောင်းပန်ပါတယ်ဗျ ''

"ထားပါတော့ ဆေးစာကို သွားထုတ်လိုက်ပါ ''

" ဟုတ်ကဲ့ပါ ဒေါက်တာ''

ရှောင်ကျန့်လည်း အ့အရူးကို ဘာမှမပြောဘဲ တေးစာသာ သူ့ကိုပေးပြီး ထွက်လာခဲ့လိုက်တော့တယ်
ကောင်တာက အမယန်လီကိုတော့ သူ
ဆေးလာယူလိမ့်မယ်လို့ ပြောပြီး အိမ်ကိုပဲ taxiငှားပြီး ပြန်လာခဲ့တော့တယ်

အိမ်ရောက်တော့ တစ်အိမ်လုံးက မဲမှောင်နေတာပဲ
အိမ်မှာ လူမရှိတာ သိသာချက်
ဟုတ်သားပဲ သူမေ့နေတာ ည ၈နာရီ ရှိပြီလေ
အေဒၚႀကီးက ၇နာရီလောကဆြို အိမ္မႈကိစၥေတြ လုပ်ပြီး ပြန်ပြီလေ
ရှောင်ကျန့်တစ်ယောက် မီးခလုတ်ဖွင့်ပြီး အခန်းထဲကို ဝင်လာလိုက်တယ်
ညစာစားဖို့ မီးဖိုချောင်ဘက်ကို လာလိုက်ပေမယ့် ဟင်းတွေကို ပြန်မနွှေးချင်တာနဲ့ပဲ ညစာကို  ခေါက်ဆွဲဘူးနဲ့သာ နှစ်ပါးသွားလိုက်ရတယ်
ညစာစားပြီးတဲ့နောက် ဆေးပညာနဲ့ပတ်သက်တဲ့ စာအုပ်ကိုသာ ဖတ်နေလိုက်တော့တယ်
ခဏနေတော့ အိပ်ချင်လာတာနဲ့ ကြည့်လိုက်တော့ ညဆယ်နာရီ ရှိနေတာနဲ့ပဲ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ခဲ့လိုက်တော့တယ်
ဒါပေမယ့် မျက်လုံးထဲမှာ ညက ရူးကြောင်ကြောင်ရဲကိုပဲ မြင်နေမိတယ်
" ရူးနေလား ဘာလို့ မကွဈြိထဲ မြင်ယောင်နေတာလဲ အာ..ဟုတ်ပြီ အ့အရူးက အမြင်ကပ်စရာကောင်းလို့ မြင်နေတာ ဟုတ်တယ် ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက အ့လောက် တောက်စရာလိုလို့လား တော်ပြီ မစဉ်းစားတော့ဘူးကွာ စိတ်ရှုပ်တယ် အိပ်တာပဲ ကောင်းတယ်''

Skip time နောက်တစ်နေ့
ရိပေါ်လည်း ရွှမ်ပင်းကောက သတိရပြီဆိုလို့ လူနာ သတင်းမေးဖို့ အထုပ်တွေဆွဲပြီး ''ချစ်သော'' တို့ ဆေးရုံကို လာခဲ့ လိုက်တယ်

ကောင်တာမှာ ရွှမ်ပင်းကောရဲ့ အခန်းနံပါတ်ကို မေးနေတုန်း( မနေ့က ရိပေါ်က ဆေးစာယူပြီး ပြန်လာလို့ပါ ရွှမ်ပင်းက ရိုးရိုးလူနာခန်းထဲ ပြောင်းသွားတဲ့အချိန် ရိပေါ်က ဆေးရုံမှာ မရှိလို့ အခန်းနံပါတ် မသိတာပါ)
ဖရိုဖရဲဖစ်နေတဲ့ ဂျူတီကုတ်နဲ့ အမောတကော ဝင်လာတဲ့ ''ချစ်သော'' နဲ့ဆုံတယ်

ရှောင်ကျန့်တစ်ယောက် ဒီနေ့ အိပ်ရာထနောက်ကျလို့ ကမန်းကတန်း ပြင်ဆင်ပြီး ဆေးရုံကို အမြန်လာရတယ် ဒါတောင် bus ကားမမီလို့ taxiနဲ့သာ လာခဲ့ရတယ် အကုန်လုံးက ဟိုအရူးကြောင့် အ့အရူးမျက်နှာ မမြင်အောင်လို့ ဆိုးပြီး အိပ်လိုက်တာ အိပ်ရင်းအိပ်ရင်းနဲ့ မနက် နောက်ကျမှနိုးရော
ဆေးရုံရောက်တော့လည်း professorက ခေါ်နေတယ်ဆိုတာနဲ့ အင်္ကျီ အမြန်လဲပြီး ကောင်တာက အမယန်လီဆီ professor ဘယ်အခန်းမှာ ရှိနေလဲ မေးဖို့လာတုန်း မနေ့က အရူးနဲ့ မျက်နှာချင်းဆိုင်လာဆုံတယ်

" အရူး ''
ရှောင်ကျန့် ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားမိတယ်
တော်ပါသေးရဲ့ ဟို အရူးက မကြားဘူးထင်တယ်
ပြုံးပြပြီး သူ့ကို နှုတ်ဆက်နေသေးတယ်
ဟိုနေ့ကလို ရဲဝတ်စုံနဲ့ မဟုတ်ဘဲ ဂျင်းဘောင်းဘီအပြာနဲ့ ရှပ်အင်္ကျီအဖြူနဲ့ စတိုင်ကျနေပြန်ရော

"မင်္ဂလာနံနက်ခင်းပါ ဒေါက်တာ''

ရှောင်ကျန့်လည်း မတတ်သာလို့ '' အင်း '' လို့ပဲ ပြန်ဖြေလိုက်ပြီး အမယန်လီကိုပဲ မေးလိုက်တော့တယ်

" ဟို အမယန်လီ Professor က ဘယ်အခန်းမှာလဲဟင်''

" အားကျန့် professor က သူ့အခန်းကို ပြန်သွားပြီလေ''

" အာ.. မဟုတ်တာ ကျဲရဲ့ ကျွန်တော် စောနကတင် အ့အခန်းက ထွက်လာတာ ဘယ်သူမှ မရှိပါဘူး''

" ဟုတ်တယ် အားကျန့်ရဲ့ professorက စောနက အခန်းနံပါတ် 81က လူနာကို သွားကြည့်ပြီး ခုလေးတင် ပြန်သွားတာ''

" အာ... နောက်တစ်ခေါက် ပြန်သွားရတော့မှာပဲ ဟူး... ဒါနဲ့ ကျေးဇူးနော် အမယန်လီ''

" အေးအေးအေး ဒါနဲ့ ဒီက မောင်လေးက ဘယ်သူ့ကိုလာရှာတာ''

ရိပေါ်လည်း '' ချစ်သော'' ကို ငေးနေရင်း ကောင်တာက အစ်မ ပြောမှ လူနာမေးဖို့ သတိရတော့တယ်

" အာ ကျူးရွှမ်ပင်းပါ ခင်ဗျာ''

" အာ ဟုတ်ပြီ ခဏနော်''
ယန်လီလည်း ကွန်ပျူတာမှာ ကျူးရွှမ်ပင်းနာမည်ရိုက်ထည့်လိုက်ပြီး

" အာ ကျူးရွှမ်ပင်းက အခန်းနံပါတ်106 မှာပါ''

" ကျေးဇူးပါဗျ''

ရိပေါ်လည်း ရွှမ်ပင်းကောကို လူနာမေးဖို့ အခန်းနံပါတ် 106 ကိုသာ သွားခဲ့လိုက်တော့တယ်.

" အာ ဒုရဲအုပ်ပါလား ထိုင်ပါဦးခင်ဗျ''

" နေနေ ရပါတယ် ရွှမ်ပင်းကောရဲ့ နေသာသလို ထိုင်နေပါ ပြီးတော့ ရင်းရင်းနှီးနှီး ရိပေါ်လို့ပဲ ခေါ်ပါဗျ ဒုရဲအုပ်ဆိုတာကြီးက နည်းနည်းသူစိမ်းဆန်သလိုကြီးမို့''

" အာ အ့လိုဆိုတော့လည်း ရိပေါ်လို့ပဲ ခေါ်ပါ့မယ်ဗျ''

" ချန်ဟွေ့လည်း ရောက်နေတာကို''

"ဟုတ်တယ် ရိပေါ်ကောရဲ့ ဟီး😁 စခန်းမသွားသေးခင် လူနာအရင်လာမေးလိုက်တာ''

" ဟုတ်ပါပြီဒါနဲ့ တရားခံကိုကော ဖမ်းမိပြီလား ဟိုမိန်းကလေးကော ထိခိုက်မှုရှိသေးတာလား''

"တရားခံကိုတော့ လောလောဆယ် စခန်းမှာ အချုပ်ထဲ ထည့်ထားပါတယ် ဓားစာခံ မိန်းကလေးကိုတော့ ထိခိုက်ဒဏ်ရာမရှိပေမယ့် သူ့အိမ်နဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ အစောင့်ရဲတွေတော့ ချပေးထားတယ် တရားခံက မိန်းကလေးရဲ့ ရည်းစားဟောင်းတစ်ယောက်ပါ မိန်းကလေးက အခု ရည်းစားအသစ်ရနေပြီး လက်ထပ်တော့မှာကို သူက မိန်းကလေးကို ပြန်ပေးဆွဲတာပါ တရားခံရဲ့ ဖခင်အသိုင်းအဝန်းက နည်းနည်းခပ်ကြီးကြီးဆိုတော့ ဒီအမှုက ကိုင်တွယ်ရခက်နိုင်ပါတယ် ကော တရားခံက အချုပ်ထဲမှာဆိုပေမယ့် သူ့ရဲ့ တပည့်ငယ်သားတွေက အပြင်မှာပဲ ရှိတော့ မိန်းကလေးအနားကို စိတ်ချရအောင် အရပ်ဝတ်နဲ့ ရဲတစ်ချို့ကို ထားထားပေးတာပါ''

" အင်း ကောင်းတယ် သေချာ ဆက်လုပ် ''

" ဟုတ် ရိပေါ်ကော''

" ဒါနဲ့ ရွှမ်ပင်းကောက ကျွန်တော့်အစား ဝင်ခံရင်း ဖြစ်သွားတာ ကျွန်တော် တကယ် စိတ်မကောင်းပါဘူး ''

" ရပါတယ် ရိပေါ်ရယ် အကို့နေရာမှာ ရိပေါ်ဆိုလည်း အ့လိုပဲ လုပ်မှာမလား ထူးပြီး ကျေးဇူးတင်စရာမလိုပါဘူးကွာ အချင်းချင်းတွေပဲကို ''

" ဒါ ရွှမ်ပင်းကော အတွက်လား ''

" ဟုတ်တယ် ချန်ဟွေ့ ကောအတွက် အားပြည့်အောင်လို့လေ ကျွန်တော်လည်း ဘာဝယ်ရမှန်းမသိတာနဲ့ ဆိုင်ကဝန်ထမ်းကို လူနာအတွက် လိုအပ်တာတွေ
ထည့်ခိုင်းလိုက်တာ ''

" ဝါး... အသီးတွေကော မုန့်တွေကော အစုံပဲ ဟီး...''

" မင်းအကြောင်း သိပါတယ် ချန်ဟွေ့ရယ် ငါတစ်ယောက်ထဲ မကုန်ပါဘူး ကျွေးမှာပါ''

" ကော ကလည်း စားချင်လို့ ပြောတာ မဟုတ်ပါဘူး ဒါပေမယ့် ကောက အတင်းကျွေးနေတော့လည်း အားနာနာနဲ့ စားလိုက်ပါ့မယ်''

" ကောင်စုတ်လေး ပြောတတ်နေ ဒါနဲ့ ရိပေါ်ရယ် ဒီလောက်အများကြီး အားနာလိုက်တာ ''

" ရပါတယ် ကောရဲ့ ကျွန်တော့်ကို ကယ်လိုက်တာ ဒီလောက်လေးတော့ ပြန်လုပ်ပေးသင့်တာပေါ့ ဒါနဲ့ ကျွန်တော် ပြန်တော့မယ်နော် သွားစရာလေးရှိလို့''

" ဟုတ်ပါပြီ ''

" ကော ကောင်းကောင်း သွားပါ မုန့်တွေအတွက် ကျေးဇူးပါပဲ ''

" အေးပါ သွားပြီ ''

At Xiao Zhan's side,
" အော် ရှောင်ကျန့် ရောက်လာပြီလား ''

" ဟုတ်ကဲ့ professor''

" ထိုင်ပါဦးကွာ ဒီလူနာရဲ့ ဓာတ်မှန်ကို တစ်ချက်ကြည့်ပြီး ငါ့ကို မှတ်ချက် ပေးကြည့်ပါလား''

" ဟုတ်ကဲ့'' ဆိုပြီး ရှောင်ကျန့်လည်း professor ပေးတဲ့ X-ray ဓာတ်မှန်ကို ကြည့်လိုက်တယ်

"ကျွန်တော့်အမြင်ကိုတော့ ပြောပြရင် ဒီလူနာကို တစ်ချက် စောင့်ကြည့်ရဦးမယ်ထင်တယ် သူ့ရဲ့ ဦးနှောက်ထဲကအကျိတ်ကလေ ခွဲစိတ်ဖို့အထိတော့ မလိုသေးဘူးထင်တာပဲ သောက်ဆေးနဲ့တင် ထိန်းရမှာပဲ
မတော်လို့ ခွဲစိတ်ရာကနေ ဦးနှောက်အမြှေးပါးကို ထိခိုက်မိပြီး မမျှော်လင့်ဘဲ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်
ကျွန်တော့်အထင် ဦးနှောက်နှင့် အာရုံကြောဌာနဘက်က လူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်သင့်တယ်ထင်ပါတယ် professor ''

" ဆရာလည်း အ့လိုပဲ ယူဆထားတယ် ရှောင်ကျန့် မင်းက မင်းအမေအတိုင်းပဲ ထူးချွန်ရာမှာ မင်းအမေသာ ရှိသေးရင် မင်းကို ဂုဏ်ယူနေမှာ''

" ကျေးဇူးပါ professor အ့လောက်ထိလည်း မဟုတ်ပါဘူး ကျွန်တော်က မားလောက်တော့ အရည်အချင်းမရှိပါဘူး''

" မဟုတ်တာကွာ ဒီအမေက မွေးထားတဲ့သားပဲ မင်းအမေ ငယ်တုန်းကလည်း မင်းအတိုင်းပဲ အလုပ်ကို အရမ်းကြိုးစားတာ လူနာတွေကိုလည်း အရမ်းဂရုစိုက်တာ သင်တဲ့ တပည့်တွေထဲမှာ အတော်ဆုံးပဲ''

"ဟုတ်ကဲ့ ''

" ဆရာက မင်းမားကို သတိရအောင် လုပ်မိပြီထင်တယ် sryကွာ ''

" ရပါတယ် ဆရာ''

" ကဲပါ မင်းလည်း လူနာတွေကြည့်ရဦးမှာပဲ ဆရာ မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတော့ပါဘူး''

" ဟုတ်ကဲ့ပါ ဆရာ သွားခွင့်ပြုပါဦး''

"ကောင်းပြီကောင်းပြီ ''

ရှောင်ကျန့်လည်း professor အခန်းထဲက ထွက်လာခဲ့တော့တယ်
ဒါပေမယ့် မားကိုတော့ သတိရမိသွားတယ်
Professor ပြောသလို မားရှိနေသေးရင် ''ငါတို့ကျန့်ကျန့်လေးက တော်လိုက်တာ''ဆိုပြီး ဂုဏ်ယူနေမလားဟင်
ရှောင်ကျန့်တစ်ယောက် မားပေးတဲ့ ဆွဲကြိုးလေးကို ကိုင်ရင်း မျက်ရည်တွေဝဲလာတာနဲ့ ဆေးရုံထဲက ပန်းခြံဆီကိုသာ ထွက်လာခဲ့လိုက်တော့တယ်

အရိပ်ကောင်းတဲ့သစ်ပင်ကြီးအောက်က သစ်သားထိုင်ခုံလေးမှာထိုင်ရင်း အရင်က အဖြစ်အပျက်ကို တွေးမိပြန်တော့ မျက်ရည်တွေက တားမရအောင် ကျလာတယ်

ရိပေါ်လည်းရွှမ်ပင်းကောကို လူနာမေးပြီးပြန်အလာ ခပ်လှမ်းလှမ်းမှာရှိတဲ့ သစ်သားတန်းထိုင်ခုံလေးပေါ်က ငိုနေတဲ့ ''ချစ်သော'' ကို မြင်လိုက်ရတော့ ရင်ထဲမှာ ဗလောင်ဆူသွားတာပဲ
ကိုယ်ကိုတိုင် တောင် မသိလိုက်ဘဲ ခြေလှမ်းတွေက ''ချစ်သော'' အနားကို ရောက်သွားတယ်

ရှောင်ကျန့် မားကို သတိရမိလို့ ငိုနေတုန်း ဘေးနားကို လူလာလို့ ကြည့်လိုက်တော့ ဟိုအရူး
"ဘာလာလုပ်တာလဲ မင်းက''

" ဟို ရွှမ်ပင်းကောကို လူနာလာမေးတာပါ''

" ဒီခုံမှာ ထိုင်မလို့လား''

" မ..မဟုတ်ပါဘူး''

" မဟုတ်ဘူးဆို သွားလေ ဘာလာရပ်ကြည့်နေတာလဲ''

" အာ ဟုတ်ကဲ့''
ရိပေါ်လည်း ထွက်သွားမလို့ လုပ်ပြီးမှ ခြေနှစ်လှမ်းလောက်နောက်ပြန်ဆုတ်လာတယ်
" ဘာပြန်လာလုပ်တာလဲ''

"ဟို ဒီမှာ ဒေါက်တာ ဒါလေးလိုမယ်ထင်လို့ပါ''
ဆိုပြီး သူ့အင်္ကျီအိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကို ရှောင်ကျန့်ကို လှမ်းပေးလိုက်တယ်

"ဟို ကျွန်တော် သွားပြီနော်''
ဆိုပြီး ရှောင်ကျန့်တောင် ဘာမှ မပြောလိုက်ရသေးခင်
လူရိပ်တောင် မမြင်လိုက်ရဘဲ ပြေးသွားတော့တာပဲ

" ဘယ်လို အရူးလဲ မသိဘူး ဒါပေမယ့် စိတ်ကောင်းလေးတော့ ရှိသားပဲ ကဲ မျက်ရည်တွေ အကုန်သုတ်ပြီး အလုပ်လုပ်ရမယ် ဖိုက်တင်း ရှောင်ကျန့် မားဂုဏ်ယူရတဲ့ သားတစ်ယောက် ဖြစ်ရမယ် ကျားယို့''

At Present time,
" ဝါး... စီနီယာနဲ့ ဝမ်ရိပေါ်ဆိုတဲ့တစ်ယောက် တွေ့တာ လုံးဝကို dramaတွေလိုပဲ '' (မီရာ)

" ဟုတ်ပါ့ဟယ် ဒါနဲ့လေ သူတို့၂ယောက်က စတွေ့ကတည်းက စီနီယာက သူ့ကို အမြင်မကြည်တာပေါ့ ''(ဖေးဖေး)

" အင်း အ့လိုမျိုးပေါ့''

" တကယ်ဆန်းကြယ်တာနော် အမြင်ကပ်နေရင်းက ချစ်သွားတာဆိုတော့''( ရိချန်)

" မင်းကလည်း အ့လို အမြင်ကပ်နေရင်းကိုက သံယောဇဉ် ရှိသွားတာ နေမှာပေါ့ '' (ကုဝေ)

"ဘလိုပဲဖြစ်ဖြစ်ပါ ကော သူတို့ ဘယ်လိုလုပ်ပြီး ထပ်တွေ့ကြသေးတာလဲ ဆက်ပြောပြပါဦး''(မီရာ)

" သူတို့ နောက်တစ်ခေါက် တွေ့ဖြစ်ကြတာကတော့......''

😁နောက်တစ်ပိုင်းမှ ဆက်တာပေါ့နော်
ယွမ် ဒီကြားထဲမအားလို့ပါ friday ကနေ saturday ဖြစ်သွားတယ်
သွေ့ပုကျိ😅
ယွမ့်ရဲ့ စုတ်ချာနေတဲ့ အရေးအသားလေးကို သည်းခံပြီး ဖတ်ပေးကြပါနော်
ယွမ့်ကိုယွမ်လည်း အားမရဘူးရယ်
တနေ့တခြား အရေးအသားတွေက ပေါ့လာတယ်
တောင်းပန်ပါတယ်နော် 😔
[ဟိုလေ ကျန့်ကောနဲ့ ပြောတဲ့ professorက ကျန့်ကော အလုပ်သင်ဘဝတုန်းက တစ်ယောက် မဟုတ်ပါဘူးနော် အခုတစ်ယောက် က ကျန့်ကောမရဲ့ ဆရာလည်းဟုတ်တယ် ကျန့်ကောရဲ့ဆရာလည်း ဟုတ်ပါတယ်နော် ယွမ်ရေးတာ ရှုပ်သွားရင် တောင်းပန်ပါတယ်နော်
ဆေးပညာပိုင်းက ယွမ်သိပ်မကျွမ်းလို့ အမှားတွေ ရှိနိုင်ပါတယ်
တချို့နာမည်တွေက ယွမ်စိတ်ကူးထဲကဟာတွေပါ
တူသွားတာများရှိရင် သွေ့ပုကျိ 😁]

Continue Reading

You'll Also Like

169K 12.1K 49
ត្រូវចាំទុកថាគីមថេហ្យុងគឺជារបស់ខ្ញុំតែម្នាក់គត់បើអ្នកហ៊ានប៉ះគេប្រៀបដូចអ្នកហ៊ានប្រឡែងនិងភ្លើងអញ្ចឹងហើយភ្លើងដូចជាខ្ញុំក៏និងដុតកម្លោចអ្នកតែម្ដង បើជឿប៉ះព...
67.7K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
45.4K 6.5K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
24.1K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...