Lastingly You and Me

By Yeong_May

5.2K 417 107

❇ JINKOOK ❇ ⚛ ONE SHORT STORIES ⚛ ◽BOOK◽ More

▪ Note ▪
▪ Owned by Kim ▪
▪ Take Me to Your Heart ▪
▪ Indifference ▪

▪ Me After You ▪

732 76 7
By Yeong_May

Uni

မိုးအေးအေးနဲ့ကော်ဖီလေးသောက်ပြီးငြိမ်နေချင်မိသော်လည်းအခုမှဘူဆန်ရုံးခွဲအသေးလေးကို ကိုယ်ပိုင်စပြီးခွဲထောင်သည်မို့ အလုပ်တွေက ရင်းနှီးမြှုပ်နှံမှုအပိုင်းကိုသေချာလေးစီစဥ်နေရသည်မို့ အလုပ်ကများသည်ဆိုတာထက်ကိုပိုများသည်။တနေကုန်အလုပ်ထဲမှာပဲရှိနေသည်မို့အပြင်ထွက်ပြီးလေကောင်းလေသန့်ရအောင်လမ်းလျှောက်နေမိတော့ရုန်းရင်းဆန်ခတ်နဲ့စူးစူးလေးထွက်လာတဲ့အသံကြောင့် ​ကြည့်မိတော့ သူကိုယ်တိုင် ခန့်ထားတဲ့ လုံခြုံရေးတွေနဲ့သက်လတ်ပိုင်းကောင်လေးတစ်ယောက်။

"ဒီမှာ အစ်ကိုကြီးတို့၊ကျွန်တော်မလုပ်ပါဘူးဆိုတာကိုလွှတ်ပေးပါဗျာ"

'ဘာဖြစ်လာကြတာလဲ အစ်ကို'

'ဒီကောင်လေးလေ၊သူ့လှည်းနဲ့ ရုံးရှေ့က ပန်းအိုးကို၀င်တိုက်လိုက်တာ၊အတန်းလိုက်ကြီး ကွဲကျကုန်ပြီ'

"တမင်လုပ်တာမဟုတ်ပါဘူး၊ကျွန်တော်က တစ်နေ့လုပ်တစ်နေ့စားလေဗျာ၊၀တ္တရားနှောင့်ယှက်မှုနဲ့အဖမ်းခံရတဲ့အထိဘာလို့၀င်တိုက်ရမှာလဲ"

'တကယ်ပဲ မလုပ်ဘူးလား ကောင်လေး'

ဆော့ဂျင်အရှေ့ကကောင်လေးကိုသေချာကြည့်ပြီးမေးတော့တကယ်သူမလုပ်ပါဘူးဆိုတဲ့ ပုံစံနဲ့ ကြည့်လာသည်မို့လုံခြုံရေးအစ်ကိုတို့ကို သွားခိုင်းလိုက်ပြီးအပြင်ဘက်ကကွဲသွားတဲ့ ပန်းအိုးတွေအနေအထားကိုကောင်လေးကိုပါခေါ်ပြီးထွက်ကြည့်မိသည်။တစ်စစီကိုကျကွဲနေတဲ့ ပန်းအိုးတွေကသူလိုချင်လို့ကိုအော်ဒါတင်ထားရတဲ့အလှအိုးတွေပင်။

'တော်တော်ဆိုးသွားတာပဲ၊ဒါကရောမင်းရဲ့လှည်းလား'

"ဟုတ်တယ် အစ်ကို"

ရေညှိထမင်းလိပ်နဲ့ ငါးပေါင်မုန့်လေးတွေ၊နောက်ပြီးကော်ဖီနဲ့ရိုးရာလက်ဖက်ရည်လေးတွေပါအစုံအစီတင်ထားတဲ့လှည်းကြီးကြီးလေးနဲ့မုန့်တွေကလတ်ဆတ်လောက်မဲ့အပြင် သေသေသပ်
သပ်ပင်။ကောင်လေးကိုကြည့်မိတော့လည်းမျက်လုံး၀ိုင်း၀ိုင်းတွေ၊နောက်ပြီး နို့နှစ်ရောင်လိုအသားအရေနဲ့မို့ဒါကပင်ပန်းတဲ့အလုပ်တွေကိုလုပ်နေရတဲ့သူတစ်ယောက်နဲ့ပင်မသက်ဆိုင်သည့်ရုပ်ရည်မျိုးသာ။

'ပြန်တော့လျော်ပေးမှရမယ် ကောင်လေး၊အစ်ကိုကသေချာလိုချင်လို့ အော်ဒါပါမှာထားတာမို့လို့လေ'

"အာ...တောင်းပန်ပါတယ်ပဲကျွန်တော်ပြောနိုင်တော့တယ်"

'ဒီလိုလုပ်မလား၊အစ်ကို့ပန်းအိုးတွေအစား မင်းရောင်းတဲ့ထဲက တစ်ခုစီကိုကျွေးလေ...အစ်ကိုလည်းဗိုက်ဆာနေတာမို့ ချေလိုက်တာပေါ့'

ဂျောင်ကုသူ့အရှေ့ကအစ်ကိုကိုသေချာကိုကြည့်နေမိသည်။ဒါကသိပ်ကိုသဘောကောင်းလွန်း
တဲ့သူလို့မထင်မြင်နိုင်ဘူးလား။မျက်၀န်းညိုညိုတွေ၊နောက်ပြီး ချယ််ရီရောင် နှုတ်ခမ်းဖူးဖူးလေးတွေ၊သူ့မုန့်တွေကိုထိုးပြတဲ့လက်ရှည်ရှည်သွယ်သွယ်ကောက်ကောက်လေးတွေက ဒီအစ်ကိုရဲ့ယပြည့်စုံခြင်းများလားဟု တွေးယူမိနေချိန်မှာ အရှေ့ကလူသားကိုကြည့်ပြီးခုန်နေတဲ့ နှလုံးခုန်နှုန်းတွေကမတည်ငြိမ်ဘဲ ပေါက်ထွက်တော့မည်အလား၊သူတော့ကျိန်းသေပေါက် အစ်ကို့ကို ပထမဆုံးအကြိမ်မှာတွေ့ဆုံခြင်းနဲ့တင်ချစ်မိဖို့အကြောင်းဖန်လာသည်ကကျိန်းသေပါသည်။ယောကျာ်းလေးဆိုတဲ့နာမ်တွေခွဲခြားပြီးအစ်ကို
ဖြစ်နေလို့ကိုသဘောကျမိသွားသည်ကသူ့ရဲ့အသက်၂၀ကျော်မှာပထမဆုံးရင်ခုန်ခြင်းသာ။

"ကျေးဇူးအများကြီးတင်ပါတယ်နော် အစ်ကို"

ချက်ချင်းပင် ခါးကို လေးဆယ့်ငါးဒီဂရီလောက်ချိုးပြီးပါးချိုင့်ရေးရေးပေါ်သည်အထိပြုံးပြပြီး မုန့်ကိုသေချာလေးလုပ်ပြီး ထုတ်ပိုးနေတဲ့ကောင်ငယ်လေးက သူ့ထက် လေးငါ့နှစ်လောက်ငယ်မဲ့သဘောမှာရှိသည်၊ဖြူစင်သလို ချစ်လည်းချစ်ဖို့ကောင်းတဲ့ ပုံစံလေးသာ...ဘာကြောင့်ရယ်မှန်းမသိ အခွင့်သာရှိခဲ့သေးရင် ဒီကောင်လေးနဲ့ စကားတူတူပြောခွင့်ရချင်သေးပေမဲ့ အလျင်လိုနေတဲ့ကောင်လေးကြောင့် ဘာမှမပြောနေမိတော့။

"ရပြီ အစ်ကို၊များများပိုထည့်ပေးထားတယ်နော်"

'ကျေးဇူးပါ ဂရုစိုက်ပြန်ဦးနော်'

"ဟုတ်ကဲ့ပါ အစ်ကို၊ကျေးဇူးအများကြီးတင်ပါတယ်"

'ရပါတယ်၊သြော်...ကောင်လေး၊မင်းနာမည်က ဘယ်လိုခေါ်လဲ'

"ဂျောင်ကုပါ၊ဂျွန်ဂျောင်ကု"

နာမည်ပြောပြီးတာနဲ့ သွားပြီနော် အစ်ကို ဟုဆိုကာထွက်သွားတဲ့ကောင်လေးကြောင့် ပန်းအိုးအ
ကွဲတွေကိုသန့်ရှင်းရေးကိုခေါ်ရှင်းခိုင်းပြီးရုံးခန်း
ကိုသာပြန်၀င်ထိုင်နေလိုက်ပြီး စာရင်းပုံထဲခေါင်းစိုက်နေမိတော့သန့်ရှင်းရေးအန်တီကပန်းအိုးတွေရှင်းရင်းလက်ပတ်လေးတစ်ခုကောက်ရထားတာဆိုပြီးလာပေးတာမို့ ကြည့်မိတော့လေးထောင့်
ပုံစံကျွန်းသားအတုံးသေးသေးလေးတွေပေါ်မှာ
ကနုတ်သေးသေးလေးတွေနဲ့"ဂျွန် JK"ဆိုပြီးထွင်းထားတာမို့အခြေအနေတွေအရရောစာလုံးပေါင်းအရကောင်လေးရဲ့လက်ပတ်လေးမှန်းတန်းသိပေမဲ့ဘယ်ကိုလိုက်ပေးရမှန်းလည်းမသိပါ၊လက်
မှာပဲ၀တ်ထားလိုက်ပြီးအလုပ်ထဲစိတ်ပြန်နှစ်နေမိရင်းမိုးဖွားလေးတွေကျလာတာတဲ့မိုးသံကြောင့်နာရီကိုကြည့်မိတော့သူသတိမမူဘဲနေမိလိုက်တာက9နာရီထိုးတော့မှာမို့အိမ်မှာလုပ်ရမဲ့စာရင်း
အချို့ကိုယူပြီးတော့မိုးမသည်းခင်အိမ်အမှီရောက်အောင်သာ စောထွက်လာလိုက်သည်။

ကားလမ်းမှာကားတွေတအားကျပ်နေတာက ဘာအကြောင်းကြောင့်မှန်းသေချာမသိ၊မီးပွိုင့်ကလွှတ်ပေးတော့ ပတ်၀န်းကျင်ကိုကြည့်မိတော့တစ်ခြမ်းလုံးကျိုးပဲ့နေတဲ့ လှည်းလေးနဲ့ လမ်းမပေါ်ပြန့်ကျဲနေတဲ့ ထမင်းလိပ်တွေကို မြင်မိတော့ နေ့လည်က ကောင်လေးကိုစိုးရိမ်တကြီးတွေးမိသေးသည်ပေမဲ့ မဖြစ်နိုင်တာမို့ ကောင်လေးဘေး
ကင်းကင်းအိမ်ပြန်ရောက်ပါစေဆုတောင်းပြီးသာအိမ်ကိုသာ ဂရုစိုက်ပြန်လာလိုက်မိသည်။

'ဘာလို့မှန်းမသိ၊မင်းကိုစိတ်ပူနေမိတာမို့ အဆင်ပြေပြေရှိနေတယ်မလား ကောင်လေး'

_-_-_-_

'အစ်ကိုဆော့ဂျင်။ဒီနေ့လည်း မရောက်လာဘူးထင်တယ်'

'ပြန်ပေးရမဲ့ကံမပါတော့လို့နေမှာပေါ့၊ထားတော့ အယ်လင်း။နောက်ရက်တွေ ထွက်ကြည့်မနေနဲ့တော့၊တစ်လတောင်ကြာပြီကို သူလည်းတခြားနေရာဖြစ်ဖြစ်ပြောင်းသွားလောက်ရောပေါ့'

'ဟုတ်၊အစ်ကိုဆော့ဂျင်'

ဒီနေ့အထိဆို ပုံမှန်နေ့လယ်ခင်းတိုင်း ကောင်လေးကိုတွေ့လို့တွေ့ငြားနဲ့ လက်ပတ်လေးပြန်ပေးဖို့ စောင့်နေခဲ့ပေမဲ့လုံး၀မတွေ့ရခဲ့။လူတစ်ယောက်ကိုဘာကြောင့်များ တစ်ခါပဲမြင်ဖူးရုံနဲ့အစွဲအလမ်းကြီးသွားမိလဲကိုတော့ ကိုယ့်စိတ်ကိုယ်တောင် ခန့်မှန်းမရတော့ပါ။တတီတီမြည်လာတဲ့ ဖုန်းသံကြောင့်ဖုန်းကိုင်လိုက်တော့ တစ်ဖက်က အမေ့အသံကစူးခနဲပင်။

'မေမေ'

'သတိရသေးတယ်ပေါ့လေ၊မေ့များမေ့နေပြီလားလို့'

'မမေ့ပါဘူး၊မေမေကလည်း'

'စကားမပြောဖြစ်တာ ၁ ပတ်ပြည့်တော့မယ်၊
ငယ်ဆုံးလေးရဲ့'

'အလုပ်တွေရှုပ်ပြီး၀န်ပိသွားလို့ပါ မေမေရဲ့'

'ဟုတ်ပါပြီ၊ဒီအမေကစတာပါ'

'မေမေ ဘာကိစ္စရှိလို့လဲဟင်'

'မေမေ့အသိရဲ့သားက ငယ်ဆုံးလေးရဲ့ကုမ္ပဏီ
ကိုစိတ်၀င်စားလို့တဲ့လေ၊ရှယ်ယာလည်း၀င်ချင်တယ်ပြောတယ်...အဲ့တာ သန်ဘက်ခါလောက် အဲ့ကိုရောက်လောက်မယ်၊ဒေါ်လေး ယောင်းမီကို သိတယ်မလား၊သားငယ်ငယ်က သွားလည်နေကြအ်ိမ်က ဒေါ်လေးယောင်းမီရဲ့သားကြီးလေးလေ၊တွေ့ရင် မှတ်မိမှာပါ။ပြန်သတိရအောင် ဂျွန်ဂျယ်မင်းလို့ခေါ်ပြီး သားထက်လည်း အသက်နည်းနည်းကြီးတဲ့အစ်ကိုလေ။အဲ့တာသေချာလေးဧည့်ခံပေးပါဦး'

'ဟုတ်ကဲ့ မေမေ၊ရောက်မဲ့အချိန်နဲ့ သူ့ဓာတ်ပုံလေးတစ်ချက်သားကိုပို့ပေးလိုက်နော်။မနက်ဖြန်လောက်ကျတန်းသိရအောင်ပါ'

'ဟုတ်ပြီ၊မေမေ ပို့ထားလိုက်မယ်နော်၊ပြီးတော့ Yurito လေးဆီလည်းဖုန်းဆက်ပါဦး၊ကိုယ်နဲ့စေ့စပ်ဖို့စီစဥ်ထားတဲ့မိန်းကလေးမလား၊ချစ်သည်မချစ်သည်ဆိုတာထက် ယောကျာ်းကောင်း ပီသရမယ်လေ'

'ဟုတ်ကဲ့ပါ ဆက်လိုက်ပါ့မယ် မေမေ၊ချစ်တယ်နော်'

မေမေ့ဆီက အတတ်ကလေးဆိုတဲ့ စကားကြားတော့ ပြုံးလိုက်မိသည်။မေမေက အခုအချိန်ထိသူ့ကို ကလေးလို့သာမြင်ပြီးငယ်ဆုံးလေးလို့ ပါးစပ်ကမချတမ်း တဖွဖွခေါ်တတ်သေးသည်။SNS ကနေ ပုံနဲ့ စာလေး၀င်လာတော့ ကြည့်လိုက်မိတော့သူ့ထက်အသက်ကြီးတဲ့ အစ်ကိုကတော်တော်လေးကိုကြည့်ကောင်းသည့်အပြင် ထက်ထက်မြက်မြက်ရှိမဲ့ပုံမို့ကုမ္ပဏီရှယ်ယာ၀င်အနေနဲ့ဆိုအဆင်ပြေမှာပင်။

'အယ်လင်းရေ၊လုံခြုံရေးအစ်ကိုတို့နဲ့ ဧည့်ကြိုကောင်မလေးတွေကို ဒီပုံလေး တစ်ချက်ပြထားပြီး လာခဲ့ရင် သေချာလေးကြိုပေးဖို့ပြောပေထားနော်။'

'ဟုတ်ကဲ့၊အစ်ကိုဆော့ဂျင်'

'အဲ့တာဆို အယ််လင်းအလုပ်ဆက်လုပ်ပြီး
လပတ်စာရင်းတွေ လာတင်ပေးပါနော်'

'ညနေအပြီးရစေရပါမယ်'

'ဟုတ်ပြီ အယ်လင်း'

အယ်လင်းထွက်သွားတော့မှ နာရီကိုကြည့်ရင်း အခုချိန်ထိ လက်မှာပတ်ထားမိတဲ့ လက်ပတ်လေးကို ကိုင်ကြည့်မိသည်ကအချိန်တစ်ခုကြာသည်အထိ၊ခဏတာ တွေ့တဲ့ကောင်လေးကို
ဘာလို့များ အခုအချိန်ထိ စိတ်ထဲရှိနေမှန်းကိုတွေးမရပါ။အလုပ်ကိုသာ အာရုံစိုက်လုပ်လိုက်ပြီးသာ အလုပ်ထဲပဲစိတ်ပြန်နှစ်ထားမိသည်။

'သန်ဘက်ခါကျလုပ်ငန်းရှင်အသစ်တိုးလာမှာပေါ့လေ'

_-_-_-_

'အစ်ကိုဆော့ဂျင်၊Mr.ဂျွန်ဂျယ်မင်းတို့ ရောက်နေပါပြီ ၀င်လာခိုင်းလိုက်ပါပြီနော်'

ရောက်လာပြီလို့ကြားတာမို့ အင်္ကျီကို သေချာပြန်ပြင်၀တ်ပြီးကော်ဖီဖျော်ပြိီးတော့မှ ထွက်ကြိုနေလိုက်သည်။အစ်ကိုဂျယ်မင်းက အပြင်မှာတွေ့တော့ ပိုတောင်ခန့်ညားသေးသည်။ဒါပေမဲ့ အစ်ကိုဂျယ်မင်းနောက်ကနေ လိုက်လာတဲ့ ပြောင်တင်းနေတဲ့အမဲရောင်လည်သာ၀မ်းဆက်ကို၀တ်ထားတဲ့မျက်လုံး၀ိုင်းတွေနဲ့ကောင်လေးကြောင့်အစ်ကိုဂျယ်မင်းကိုပင်အာရုံမရနိုငါတော့။

'ဂျောင်ကု၊ဂျောင်ကု ဟုတ်တယ်မလားဟင်'

"ခင်ဗျားက ကျွန်တော့်ကိုသိလို့လား"

'ညီညီ၊အကြီးကို ဘယ်လိုပြောနေတာလဲ'

'ကျွန်တော်ကပဲ တောင်းပန်ပါတယ်'

'မဟုတ်တာ၊ဒါက ကျွန်တော့်ညီလေး ဂျွန်ဂျောင်ကုပါ။ကြားထဲလချီပျောက်သွားပြီးမှ ဆေးရုံမှာအသက်လုနေရတဲ့ ညီညီ့ကိုပြန်တွေ့တာလေ၊သူ့နာမည်တစ်ခုနဲ့ သူဖြစ်ချင်တာတွေပဲရွေးမှတ်မိတော့ပြီးသတိရလာတော့ အဖေနဲ့အမေတို့က
တအားအလိုလိုက်တော့လူဆိုးလေးဖြစ်လာတော့တာပဲ'

"ကိုကြီးကလည်း၊ဘယ်ကမှန်းမသိတဲ့ သူစိမ်းကို"

'ညီညိီကဆိုးနေတာကို'

"တော်ပြီဗျာ၊မလိုက်ချင်တဲ့သူကိုလည်း ခေါ်လာတယ်...ဟော၊အခုကြည့် သူက ကျွန်တော့်ရဲ့ အုပ်ထိန်းသူလိုလို၊ရည်းစားလိုလိုနဲ့ လိုက်ပြောပြနေတာကိုကြည့်"

အရှေ့က ကောင်လေးက သူတွေ့ချင်ခဲ့တဲ့ကောင်လေးပေမဲ့အခုနေမှာတော့ သူ့ရဲ့ သိက္ခာကို ထိခိုက်သလိုမျိုးထိဆိုလာတော့ ဆက်လည်းမတွေ့ချင်တော့ပါ၊အဆင်ပြေပြေရှိနေတာသိရပြီ
မို့ကြားထဲသံယောစဥ်တွေကိုလည်းမေ့ဖျောက်
ပစ်ဖို့စဥ်းစားယူမိသည်။

'အစ်ကိုဂျယ်မင်းနဲ့လုပ်ငန်းကိစ္စပြောရအောင်လေ၊ဒီကတော့အဆင်ပြေသလိုနေပါနော်'

"နေမှာမို့ စိတ်သာချပါ"

မျက်နှာပေးက တစ်စက်ကလေးမှကိုအချိုးမပြေတာမို့သူ့လောက်စိတ်ရှည်တဲ့သူတောင် ကောင်လေးကိုမျက်လုံးထဲကန့်လန့်ဖြစ်လာသည်။
အစ်ကိုဂျယ်မင်းကိုအစအဆုံးသေချာရှင်းပြတော့အရင်ကတည်းကဆောက်လုပ်ရေးလုပ်ငန်းနဲ့စိတ်၀င်စားတဲ့အစ်ကိုကချက်ချင်းပင်ရှေ့နေနှင့် စာချုပ်ချုပ်သည်။

'ပူးပေါင်းပေးလို့ ကျေးဇူးပါ အစ်ကိုဂျယ်မင်း'

'ရပါတယ်၊အစ်ကိုက ဆော့ဂျင်ရဲ့အရည်အချင်းကိုယုံပါတယ်။ဟို...အားနာပေမဲ့လေ ညီညီ့ကို ဆော့ဂျင်နဲ့ထားခဲ့လို့ရမလားဟင်၊အစ်ကိုက ပြင်သစ်ဘက်ကိုသူငယ်ချင်းတစ်ယောက်ရဲ့ အလုပ်မှာသွားကူပေးရဦးမှာမို့ပါ၊ညီညီက ဘူဆန်မှာပဲ သူ့ရဲ့အချစ်ကိုရှာပြီးနေချင်တယ်ဆိုတော့လေ၊တစ်ယောက်တည်းကျကျန်းမာရေးက ဂရုစိုက်ရမဲ့ ကလေးမို့မေမေတို့ကလည်တစ်ယောက်တည်း
စိတ်မချဘူးဖြစ်နေတာ၊ဆော့ဂျင်အဆင်ပြေမှပါ'

''အာ...ရပါတယ် အစ်ကို ဂျယ်မင်း၊ထားခဲ့လိုက်လေဒေါ်လေးကိုလည်း စိတ်ချလို့ရတယ်ပြောပေးပါ"

'ဟုတ်ပါပြီ ဆော့ဂျင် အစ်ကိုကပဲ ကျေးဇူးအများကြီးတင်ပါတယ်နော်'

'လုပ်ငန်းပိုင်းက အယ်လင်းနဲ့ များသောအားဖြင့် လွှဲထားတာမို့ အယ်လင်းကိုလည်း ဆက်သွယ်လို့ရပါတယ် အစ်ကိုဂျယ်မင်း'

'မင်္ဂလာပါ မင်အယ်လင်းပါ အစ်ကိုဂျယ်မင်း၊လုပ်ငန်းအသေးစိတ်ကို မေးမြန်းလို့ရပါတယ်'

အယ်လင်းက လက်ကမ်းပေးတော့ သေချာကို ပြန်ဆုပ်ကိုင်ပြီးနှုတ်ဆက်တဲ့ အစ်ကိုဂျယ်မင်းက သူ့အတွင်းရေးမှူးမလေးအပေါ် မျက်၀န်းတွေက ကြည်လဲ့နေသယောင်။သေချာနှုတ်ဆက်ပြီး ထွက်သွားတဲ့ အစ်ကိုဂျယ်မင်းနဲ့ အယ်လင်းကိုပြုံးကြည့်နေပြီးသာဆိုဖာဘက်လှည့်လိုက်တော့ လက်ပိုက်ပြီး ပါးစောင်းကို လျှာနဲ့ထိုးကာကြည့်နေတဲ့ကောင်လေးကြောင့်ရုတ်တရက်အနေ
အထားမှာတုန်တက်မိသည်အထိ။အစ်ကို
ဂျယ်မင်းကစိတ်ချလက်ချကိုအပ်ခဲ့ပြီးထွက်သွားပြီမို့ သူတို့နှစ်ယောက်ကြားလေထုက အေးစက်စက်။

"ကင်မ်ဆော့ဂျင်နော်၊ခင်ဗျားက"

'ဟုတ်တယ်၊ညီလေး'

"ဘယ်လို!ကျွန်တော်က ခင်ဗျားညီလေးမဟုတ်ပါဘူး"

'အစ်ကိုဂျယ်မင်းရဲ့ ညီက ငါ့ညီပဲပေါ့'

"အဲ့လိုပြောရအောင် ကိုကြီးကို ခင်ဗျားက ကြိုက်နေတာလား"

'မင်းနော်၊အစ်ကိုဂျယ်မင်းကို ငါက အခုမှမြင်ဖူးတာ'

"အဲ့တာဆို ပါးတွေမို့အောင်ဘာလို့များပြုံးကြည့်နေသေးလဲ"

'ချောလို့ကြည့်တာပေါ့'

"အဲ့တာဆို ကျွန်တော်ကရော"

သူ့လက်ကိုဆွဲပြီးခါးကိုဖက်ကာမျက်နှာအနားထိ တိုးကပ်မိလိုက်တာမို့ နှစ်ယောက်ကြား လေ၀င်လေထွက်နဲ့ အသက်ရှုသံကို ရှင်းနေအောင်ကြားနေရတဲ့ အနေအထားပင်။ဆင်းသွယ်နေတဲ့ နှာတံလေးကသူ့ နှာခေါင်းနဲ့ထိလုအနေအထားမှာသူ့ရှေ့ကလူသားငယ်ကမျက်ခုံးတွေထိလုမတတ်
ကျုံ့ထားကညမျက်၀န်းအစုံကိုမှိတ်ထားသည်။ဘောက်ဆတ်ဆတ်ပြောနေခဲ့ပေမဲ့ အရှေ့က လူသားငယ်က်ို ရင်းနှီးနေတဲ့ရင်ခုန်သံတွေကဒါက"မင်းရဲ့ပထမဆုံးအကြိမ်မဟုတ်ဘူးဂျောင်ကု"ဟုအသိပေးနေသယောင်။

"ဟက်၊ကြောက်တတ်လိုက်တာဗျာ အစ်ကိုကြီးက"

'မင်း ငါ့ကိုရိသဲ့သဲ့တွေ မလုပ်နဲ့ ဂျွန်ဂျောင်ကု'

"သိနေခဲ့တာလား ကျွန်တော့်ကို၊ကျွန်တော်တို့ တွေ့ခဲ့ဖူးလား"

'မသိပါဘူး၊ငါသိခဲ့တဲ့သူက မင်းမဟုတ်ဘူး'

"သူ့အပေါ် ခင်ဗျားရိုးသားရဲ့လား၊ကျွန်တော့်ကို ပထမဆုံးကြည့်တဲ့အကြည့်တွေက မရိုးသားသလိုပဲ"

'ညီလေးတစ်ယောက်လိုပါပဲ၊ရိုးသားတယ်...ခါးပေါ်က လက်ဖယ်ပေးတော့ ဂျောင်ကု'

"ပိုင်ရှင်ရှိလား ခင်ဗျားမှာ"

'မရှိ...မရှိဘူး'

"ကျွန်တော် ခင်ဗျားရဲ့ပိုင်ရှင် ဖြစ်ခွင့်ရှိမလား"

'တစ်ရက်တည်းကိုမှ နာရီပိုင်းကို ယုတ္တိမရှိတာတွေ မလုပ်စမ်းနဲ့၊မင်း စနောက်နေရမဲ့အရွယ်မဟုတ်ဘူး ကောင်လေး'

"ကောင်လေး?,,,"

'ဆောရီး လူရောသွားတာ'

"ကျွန်တော် ခင်ဗျားကိုသိနေတာကြာပြီ ထင်တယ်၊ပထမဆုံးမဟုတ်သလို နာရီပိုင်းပဲသိခဲ့တာလည်းမဟုတ်လောက်ဘူး"

'မင်းရောနေတာနေမယ် ဂျောင်ကု'

"ထားပါတော့၊ကျွန်တော်မေးတာပဲဖြေပေး...
ခင်ဗျားရဲ့ပိုင်ရှင်ဖြစ်ခွင့်ရှိမလား"

'ငါ စိတ်မ၀င်စားဘူး ဂျောင်ကု'

"စိတ်မ၀င်စားရင် စိတ်၀င်စားလာအောင် ကျွန်တော်ကြိုးစားမယ်"

'မချစ်ဘဲနဲ့ ကစားတာမျိုးကို လက်ခံမှာမဟုတ်ဘူး'

"မဟုတ်ဘူး၊ရင်ခုန်လွန်းလို့ကို ခင်ဗျားကို ပိုးပမ်းမှာ"

နှုတ်ခမ်းပါးပါးကို သွားနဲ့ကိုက်ပြီး မျက်ခုံးပင့်ပြလာတဲ့ဂျောင်ကုက သူသိခဲ့တဲ့ကောင်လေးနဲ့ မအပ်စပ်၊တွဲယှဥ်မရလောက်အောင်ကို ကွဲပြားလွန်းသည်၊အခုလည်း စစတွေ့ချင်းအနေအထားမှာပင်၊မရိုးမသားစကားလုံးအချို့ကိုဆိုလာသည်မှာဘယ်လိုသတ္တိတွေရှိနေပါလိမ့်၊တစ်အိမ်တည်းလချီနေရမဲ့ အတွေးတွေပါ တွေးမိတော့ ခေါင်းကတင်းခနဲပင်။

"အချစ်က ဒီအလုပ်မှာအကြာကြီးနေမှာလား၊ဘယ်တော့ အိမ်ပြန်မှာလဲ"

'ဘယ်လို! အချစ်'

"အင်း၊မောင့်အချစ်"

'မောင်!!?'

"အာ...နား၀င်ချိုလိုက်တာဗျာ၊မောင်တဲ့ မူတောင်မနေဘူးကို"

'မင်းနော်၊ဆွဲထိုးမ်ိတော့မယ်'

"အစ်ကိုဂျယ်မင်းရဲ့ညီက အချစ်ရဲ့ညီဆို၊အဲ့တော့ ညီလေးထက် ပိုသာပြီးလှတဲ့ အခေါ်အဝေါ်မျိုးပေါ့"

'ဂျောင်ကု!ငါက မင်းကစားရမဲ့သူမဟုတ်ဘူးနော်၊ဒီထက်ဆိုးလာရင် သည်းခံနိုင်မယ်မထင်ဘူး'

"အင်း၊စိတ်ချပါ ခင်ဗျားယုံလာအောင် ကျွန်တော်ကချစ်ပြပေးမယ်၊တစ်ခုပဲ ခင်ဗျားမှတ်မိလား
မမှတ်မိလားမသိပေမဲ့ကျွန်တော်တို့အခုမှပထမဆုံးတွေ့ဖူးတာမဟုတ်ဘူးဆိုတာတော့ကျိန်းသေတယ်၊ကျွန်တော်သိနေခဲဲ့သလောက်ဆိုကျွန်တော်
အသက်ဆက်ရှင်နေခဲ့တာ ခင်ဗျားနဲ့သက်ဆိုင်နေမလားပဲ"

ပြောပြီးတာနဲ့ ဖုန်းကိုဆက်သုံးနေတဲ့ ဂျောင်ကုက သွေးအေးနေနိုင်ပေမဲ့ သူကတော့ မကြားဖူးတဲ့ အခေါ်အဝေါ်တွေနဲ့အတူတွေ့ချင်နေခဲ့တဲ့သူက မျက်စိရှေ့ကို မတူညိီတဲ့ပုံစံနဲ့ပြန်ရောက်လာပြီး အထူးအဆန်းဆိုနေတဲ့စကားတွေကြောင့်
ဦးနှောက်ရဲ့ တွေးခေါ်မှုတွေရော၊ရင်ခုန်သံတွေရောမတည်ငြိမ်နေပါ။

'အိမ်ပြန်ရအောင်၊မင်းနားချင်နားလို့ရအောင် စောပြန်လိုက်မယ်'

"ကောင်းပြီလေ သွားကြတာပေါ့"

ကွန်ဒိုကိုရောက်တော့ အခန်းတစ်ခန်းကိုရှင်းပြီး ဂျောင်ကုဖို့ ပေးလိုက်တော့ အထုတ်ဖြည်ကာ နေရာချပြီး အေးဆေးပင် သူ့အိမ်သူ့ယာလိုနေနေသည်မို့ ဒီကောင်လေး ပိုင်စိုးပိုင်နင်းဆန်သည်ကပြောနေစရာပင်မလိုတော့။

'ဂျောင်ကု!'

"​ပြောလေ!"

'မင်း တကယ်ပဲ ဘာမှမမှတ်မိတာလားဟင်၊အစ်ကိုဂျယ်မင်းပြောတာမင်းက လချီအိမ်ကပျောက်သွားခဲ့တာဆို'

"လချီပျောက်တာက ကျွန်တော်စီးပွားရေးဆက်မတက်ချင်လို့အိမ်ကထွက်ပြေးခဲ့တာ၊နောက်တော့ ဒီဘူဆန်ကိုလာဖြစ်တယ်ထင်တယ်...
ထမင်းလိပ်လေးတွေနဲ့ ငါးပေါင်မုန့်လေးတွေရောင်းတာတော့ သေချာသိတယ် အစ်ကို"

'ဟင်!အစ်ကို'

"အင်း၊အစ်ကို!ဘယ်လိုဖြစ်ဖြစ် အစ်က်ိုက ကျွန်တော်ထက် အသက်ကြီးတယ်လေနော်၊ခင်ဗျားဆိုတာက သိပ်ရိုင်းလွန်းနေမှာပဲ အစ်ကို့အမြင်မှာ၊အဲ့တာကြောင့် ပြင်ကြည့်တာပါဗျာ"

'သြော်!ကောင်းတာပေါ့ အဲ့တာလည်း'

"အဲ့ဒိီအစား ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်မောင်လို့ပဲသုံးမှာ၊အစ်ကိုက ကျွန်တော့်အပိုင်လို့ သတ်မှတ်ထားမှသင့်မှာလေ"

'လုပ်ချင်တာလုပ်မှာပဲကို၊အခုမှသိတဲ့သူကို ဘယ်လိုတောင်အတင့်ရဲတာလဲနော်'

"အဲ့တာက ဒီမောင့်ရဲ့ နှလုံးသားက အစ်ကို့ကို ရင်ခုန်နေမိလို့ပေါ့ မောင့်အချစ်ရဲ့"

'အဲ့လိုကြီးမခေါ်စမ်းနဲ့ ဂျောင်ကု'

မျက်စောင်းထိုးပြီး နှုတ်ခမ်းမို့မို့က ပွစိပွစိပြောပြီးသူ့အခန်းထဲသူ၀င်သွားတဲ့အစ်ကိုကဂျောင်ကုအတွက်တော့ ဖြစ်ညှစ်ချင်စရာကောင်းတဲ့ ဟမ်းစတားပေါက်စလေးလိုလို။သူအစ်ကို့ကိုကစားနေတာမဟုတ်ဘဲ တကယ်ရင်ခုန်နေမိခြင်း
ကြောင့်ပင်။ဒီကိုပြန်လာချင်ခဲ့တဲ့ မသိစိတ်ကအကြောင်းဟာလည်းကျိန်းသေ အစ်ကိုနဲ့သက်ဆိုင်နေတာသိပေမဲ့ ဘာကြောင့်ရယ်မှန်းသေချာစဥ်းစားမရနိုင်သေးတာ အခုထိသာ။

"ကျွန်တော်တော့ ရူးနေပြီထင်ရဲ့ အစ်ကိုရာ"

_-_-_-_

'ဂျောင်ကု!ထတော့၊ဒီဟာက အစ်ကို့ ဖုန်းနံပါတ်,,,အရေးအကြောင်းဆို ခေါ်လိုက်နော်'

"ခဏလေး၊အစ်ကို မောင်ပါလိုက်ခဲ့မယ်"

ချက်ချင်းပင် အိပ်ယာပေါ်က ကုန်းရုန်းထကာ ရေချိုးခန်းထဲ ၀င်သွားတာမို့ အလန့်တကြားလုပ်တဲ့နေရာမှာတော့ စတွေ့ကတည်းက အခုထိထပ်တူပင်။သူ့ကိုယ်သူ မောင်လို့သုံးပြောနေတာကလည်း သက်သက်လုပ်ယူနေသလိိုကိုမဟုတ်ဘဲပေါ့ပေါ့ပါးပါးကိုသုံးနေသည်မို့ ပြင်ခိုင်းလည်း နှုတ်ကျိုးနေပြီး ပြင်ဖို့ကမဖြစ်နိုင်၊ဒီကောင်လေးက တကယ်ခေါင်းမာပြီးမလွယ်စိန်လေးမို့ သူလည်းဘာမှမဖြစ်မဲ့အတူတူ ငြင်းဆန်မနေချင်ပါ။ရေချိုးနေတာမို့ ဖုန်းထိုင်သုံးပြီး စောင့်နေတော့မကြာလိုက်၊အပေါ်ရောအောက်ရော သဘက်ကိုပတ်လာတာမှလုံနေလွန်းလို့ခက်နေသည်က သူ့ကို နှာဘူးလို့များ ထင်နေသည်လားမသိ။

'အေးဆေးလဲလိုက်ဦး၊အပြင်ကပဲစောင့်နေတော့မယ်'

"ဟုတ်ပြီ အစ်ကို"

_-_

"ပြီးပြီ အစ်ကို၊သွားကြရအောင်"

'မိုက်လိုက်တာ'

"ဘာကို"

'Tattoo တွေလေ'

"အာ...အစ်ကိုအခုမှသိတာလား"

'အင်း၊မနေ့ကတော့ လက်ဖမိုးမှာမြင်မိပေမဲ့မထင်ထားဘူးလေ'

"အခုဏက အစ်ကိုမြင်ရင်တစ်မျိုးဖြစ်မှာဆိုးလို့ သဘက်နဲ့အုပ်ထားတာ၊လက်မောင်းရင်းထိ အပြည့်ရှိတယ်"

'အရင်ကတည်းကရှိနေတာလား'

"ဟုတ်တယ်၊တချို့ကတော့ အသစ်ထပ်ဖြည့်
ထားတာတွေရှိတယ်"

'သြော်'

"ကြည့်ချင်လို့လား ပြရမလား"

'အတင်းလည်းမတောင်းဆိုပေမဲ့ မင်းသာဆန္ဒရှိရင်ပေါ့လေ'

"ရစေရမှာပေါ့၊မောင့်အချစ်အတွက်ပဲလေ"

'မင်းနော်'

တံကောက်ကွေးအထိခေါက်တင်ထားတဲ့အပေါ်
ထပ်အင်္ကျီကိုချွတ်ပြလိုက်တော့ မျက်၀န်းညိုတွေက ပိုပြီး၀ိုင်းစက်လာသယောင်နဲ့သူ့တက်တူးတွေကို သေချာကြည့်ပြီး လက်ညှိုးနဲ့မထိတထိ
တို့ကာသီအိုရီထုတ်နေသေးသည်မို့ခေါင်းလုံးလုံးလေးက ဆံပင်လေးတွေကို စိတ်လိုလက်ရ ပွတ်သပ်မိတော့ကြောင်ကြည့်လာပြန်သည်။

"အဲ့အကြည့်တွေနဲ့ မကြည့်နဲ့လေ၊ဆွဲဖက်ပြီး နမ်းပစ်လိုက်ရအကြမ်းနမ်းတယ်ဖြစ်နေမယ်"

'ငါ့ကိုပဲ လိုက်ဘူးနေတဲ့ နှာဘူးလေး''

"အစ်ကို့ကိုပဲ ဘူးစရာရှိတာကိုနော်၊မောင့်အချစ်ရဲ့"

'အာ...အလုပ်နောက်ကျနေပြီ'

အလုပ်ချိန်နောက်ကျနေပြီမို့ ဂျောင်ကုလက်ကိုပါ အတင်းဆွဲခေါ်ပြီး အလုပ်ကိုလာတော့ ကားပိတ်တာနဲ့အပါ ပုံမှန်အလုပ်တက်ချိန်ထက် နာရီ၀က်နောက်ကျနေသည်မို့ အယ်လင်းက
အူကြောင်ကြောင်ကြည့်လာသည်။

'အစ်ကိုဆော့ဂျင်၊နောက်ကျနေတယ်နော်...တစ်ခုခုများဖြစ်နေလားဆိုပြီးစိတ်ပူနေတာ'

'အဲ့တာက မောင်!အာ...ဂျောင်ကုက တစ်ခါတည်းလိုက်မယ်ဆိုလို့ စောင့်ခေါ်နေတာလေ'

'သြော် မောင်!မဟုတ်ပါဘူး အစ်ကိုလေးကလိုက်မယ်ဆိုလို့ပေါ့'

'ရပြီလေ အယ်လင်း၊လုပ်စရာရှိတာလုပ်တော့လေနော်'

"မောင်တဲ့ဗျာ"

'မင်းနော်!မင်းက ခဏခဏသုံးပြောနေတော့ ယောင်သွားတာ'

"မယုံပါဘူး၊ကြိတ်ခေါ်နေလားမှမသိတာ"

'ခေါ်စရာလား ဆုတောင်းလေ'

"အစ်ကို့လက်ပတ်လေးလား၊လှတယ်နော်"

'မဟုတ်ဘူး၊မင်းမဟုတ်တဲ့မင်းရဲ့ဟာ'

"မောင့်ဟာပဲပေါ့၊ဘယ်လိုလုပ်ရောက်နေတာလဲ အစ်ကို့ဆီ"

'ကိုယ့်ဘာသာကိုယ် မှတ်မိအောင်ကြိုးစားလေ၊ဘာလို့ပြောပြရမှာလဲ'

"သိချင်လို့ပေါ့၊ဒီမှာဖြစ်တဲ့ ကာလအပိုင်းအခြားလေးကိုပဲမေ့နေတာ၊မဟုတ်လည်းကွက်မေ့နေတာက ကွက်ပြီးစဥ်းစားမရတာကို"

'ငါနဲ့တွေ့ခဲ့ဖူးတာကိုမေ့နေပြီးတော့ မင်းချစ်တယ်ဆိုတာက စိတ်ကစားနေတာပါနော်၊ဒီလူက ရုပ်ရည်ရူပကာပြည့်စုံနေလို့ရင်ခုန်နေတာပဲနေမှာ'

"မဟုတ်တာက၊အစ်ကိုကချောတာမှန်ပေမဲ့ ကျွန်တော်ကချောတိုင်းရင်မခုန်ပါဘူးနော်"

'မင်းပြောတော့လည်း မင်းစကားပါပဲလေ'

"ဒီအစ်ကိုပေါက်စလေးကတော့"

'သြော်၊မေ့လို့...မောင်လို့သုံးပြောတာက ကြိုက်လို့မဟုတ်ဘူးနော်၊မင်းနဲ့ပြဿနာမဖြစ်ချင်လို့'

"အစ်ကိုပြောတော့လည်း အစ်ကို့စကားပါပဲလေ"

"မင်းနော်" ဆိုတဲ့အသံလေးကိုကြားရပြန်တာမို့ အဲ့အသံလေးအပေါ်တောင် စွဲလမ်းမိနေသေးသည်။ဒီအစ်ကိုသည်အဘက်ဘက်ကနေ သူ့ကိုရူးသွပ်အောင်ပြုစားလွန်းပါသည်။

_-_

အစ်ကိုနဲ့ ရုံးတက်ရုံးဆင်းလိုက်လုပ်ပေးနေရသည်ကတစ်ပတ်ကျော်ပြီဖြစ်သော်လည်း သူနဲ့အစ်ကို့ကြားအခြေအနေက မတိုးတက်၊ဒီအစ်ကိုကသူ့ကိုနည်းနည်းလေးတောင်ရင်မခုန်တာကိုသိရတော့အတင်းလိုက်တွယ်ကပ်နေသလို ဖြစ်နေတဲ့သူကခံစားရတာအဆင်မပြေပေမဲ့လက်လျော့
မဲ့သူမျိုးမဟုတ်ဘဲ မျက်၀န်းညိုတွေနဲ့လူသားကိုဂျွန်ဆော့ဂျင်ဖြစ်အောင်လုပ်မည့်သူသာ။

'အာ...လချုပ်စာရင်းတွေကများလိုက်တာ၊
အရင်ရက်တွေကတည်းက လုပ်ရမှာကိုမလုပ်ဖြစ်တာနဲ့'

"ဘာတွေလဲ အစ်ကို၊မောင့်ကိုပြကြည့်"

'လုပ်နိုင်ပါ့မလား'

"စီးပွားရေးမှာ နောက်ဆုံးဘွဲ့ရတော့မှာပါနော်၊ပါးရဲ့ အလုပ်မှာလည်းလုပ်ဖူးတာမို့ အသာလေးပဲ"

'သိပ်ကိုဘ၀င်မြင့်လွန်းမနေဘူးလား'

"ဒါပေါ့၊မောင်ပဲလေ၊မလုပ်နိုင်တာဘာမှမရှိဘူး"

'လုပ်လေ၊လုပ်ပေါ့...ငါလုံး၀ကူပေးမှာမဟုတ်ဘူး'

"Okလေ၊ဒီညအတွင်းပြီးရင် အစ်ကိုဘာလုပ်ပေးမလဲ"

'ငါက ဘာကိုလုပ်ပေးရမှာလဲ'

"အလကားရရောလား၊အဖိုးအခဆိုတာရှိတယ်လေ"

'မင်းပြောကြည့်'

"Date ပေး၊ချစ်သူတွေလို တစ်ရက် Date ပေး"

'ဘာ!'

"နားတော့ကန်းတော့မှာပဲဗျာ၊အစ်ကိုမကြားလို့လား"

'အဲ့တာကြီးကတော့ မင်းကိုငါမှမချစ်တာ'

"နည်းနည်းလေးတောင်မှ မချစ်ဘူးလား"

'အင်း'

"သြော်၊ထားပါတော့...ကျွန်တော်ကတောင်းပန်ပါတယ်"

'မဟုတ်'

"အဲ့လိုပြောမယ်လို့များထင်နေတာလား၊မောင့်အချစ်ကမောင့်ကိုမချစ်လည်း ချစ်အောင်လုပ်မှာပေါ့၊ဒါပဲနော်တစ်ရက်လိုက်မ Date ပေးရင် Public Area မှာ အမုန်းခံပြီးဆွဲနမ်းမှာ"

'ပြီးရောလေ၊မင်းပြီးမပြီး စောင့်ကြည့်နေမှာ'

"ဟုတ်ပြီ၊နားနေပါတော့ မောင့်အချစ်"

တနေကုန် Computer အရှေ့ကနေ တဖ၀ါးမှမခွာဘဲသေချာကို ကြိုးစားလုပ်နေတဲ့ ဂျောင်ကုကို
ကြည့်ပြီးတော့ဒါလည်းသူတော်နေတာပဲဆိုတဲ့ အတွေးနဲ့ ပြုံးမိသည်ကကြိမ်ဖန်များစွာ။ပုံမှန်အလုပ်ရှုပ်နေကြအချိန်လုပ်စရာမရှိတော့တော့
အိပ်ငိုက်လာသည်မို့ ရုံးဆင်းချိန်လည်းမရောက်သေးတာကြောင့် ဂျောင်ကုချွတ်ထားတဲ့ အပေါ်လည်သာအင်္ကျီကိုသာခြုံပြီး ဆိုဖာပေါ်မှေးနေလိုက်သည်။

'အစ်ကိုဆော့ဂျင်!အာ...အစ်ကိုလေး'

အစ်ကိုဆော့ဂျင်ကို Mail တွေရောက်ကြောင်းပြောဖို့၀င်လာတော့ဆိုဖာပေါ် အိပ်နေတဲ့အစ်ကိုဆော့ဂျင်ကိုအစ်ကိုလေးကကြည့်နေတာက တကယ်ကို အသက်၀င်ပြီးနူးညံ့တဲ့မျက်၀န်းတွေနဲ့ပင်။အစ်ကိုလေးနဲ့ အစ်ကိုဂျယ်မင်းကတော်
တော်ကိုဆင်တူပါသည်၊အစ်ကိုဂျယ်မင်းကလည်း တကယ်ကို ကြည့်ကောင်းတဲ့ယောကျာ်းသားပင်။သူ(မ)အနေနဲ့အမြင်မှာ အစ်ကိုလေးက အစ်ကိုဆော့ဂျင်အပေါ် ချစ်ကျွမ်း၀င်နေတာကသိသာသည်မို့ သူ(မ)ရဲ့ သူဌေးအတွက်တော့ စိတ်ချရမည့်အနေအထားဆိုတော့ သူ(မ) သာဖူးစာဖက်ရှာဖို့လိုတော့မည်ကို တွေးပြီးရယ်မိတော့ မျက်လုံး၀ိုင်းတွေနဲ့ အစ်ကိုလေးကကြောင်ကြည့်လာသည်။

"သြော်...အယ်လင်း၊ပြောစရာရှိရင် ပြောခဲ့လေ၊ဒီနေ့ အစ်ကို့အစားကျွန်တော်တာ၀န်ယူထားတာနဲ့"

'ရုံးဆင်းချိန်ဆိုတော့လေ ရုံးဆင်းတော့မဲ့အကြောင်းရယ်၊နောက်ပြီး အစ်ကိုဂျယ်မင်းဆီက Mail ၀င်လာတာတွေ လာပြတာပါ'

"​ဟုတ်ပြီ၊ကျွန်တော် အစ်ကိုနဲ့တိုင်ပင်ပြီး စစ်ထားပေးပါ့မယ်၊ပြီးတော့ အစ်ကိုဂျယ်မင်းကိုအပ်ပါတယ်"

'ဟင်'

"ကိုကြီးနဲ့ဖုန်းပြောဖြစ်တယ်၊အခုထိသဘောကျတာဘာမှန်းမသိတဲ့လူပျိုကြီးပေါက်စကအယ်လင်းက ထက်မြက်တဲ့မိန်းကလေးမို့ သဘောကျတယ်တဲ့လေ၊အယ်လင်းလည်းသဘောကျနေလောက်တာမို့ကြားထဲကမြှားနတ်မောင်၀င်
လုပ်ကြည့်တာပါ"

'အာ၊အစ်ကိုလေးကလည်း'

"ကျွန်တော့်ကိုလည်း အစ်က်ိုဆော့ဂျင်နဲ့နီးဖို့ ကူညီပေးပါဦး"

'အဲ့တာတော့ ပူမနေနဲ့၊အစ်ကိုဆော့ဂျင်က ဂျောင်ကုကို တစ်လတိတိ သူစောင့်နေခဲ့တာ၊အယ်လင်းရဲ့နေ့လယ်ခင်းအလုပ်က CCTV ကိုစစ်နေရတာလေ'

"ကျွန်တော်နဲ့ အစ်ကိုဘယ်လိုတွေ့ခဲ့လဲ အယ်လင်း၊ပြောပြပေးလို့ရမလား"

'အစ်ကိုလေးမသိဘူးလား၊သိလို့ပဲ အစ်ကိုလေးက အစ်ကိုဆော့ဂျင်အပေါ် အခုလို ပြုမူနေတာမဟုတ်ဘူးလားဟင်'

"အရင်က အစ်ကိုနဲ့အဖြစ်အပျက်ကိုမသိတာပါ၊အခုနေ အပြုအမူတွေကလည်း ပထမဆုံးတွေ့တဲ့အချိန်မှာတင်အစ်ကို့ကို ရင်ခုန်မိသွားတာမို့လို့လေ"

'အာ၊ဆန်းကြယ်တာပဲ..အယ်လင်းထက် အစ်ကိုဆော့ဂျင်ကိုချော့မေးရင်မေးကြည့်လိုက်၊အယ်လင်းကကျပြောပြရင်အစ်က်ိုဆော့ဂျင်ပြောပြတဲ့အခါကျအစ်ကိုလေးရင်ခုန်စရာဘယ်ကောင်းမလဲနော်၊Fighting!အစ်ကိုလေး။'

"အယ်လင်း၊သြော် တန်းပြေးသွားတာက၊သူဌေးရော၀န်ထမ်းရောမလှိမ့်တပတ်လုပ်တာတစ်ထေရာတည်းပဲ"

'အကုန်ကြားတယ်နော်'

"ကြားကြားပေါ့၊အကျင့်ကိုမကောင်းတာ"

'ပြီးပြီလား အလုပ်က'

"ပြီးပြီ၊ကိုကြီးဆီက Mail တွေ စစ်ဖို့ပဲလိုတော့တယ်"

'တကယ်ပြီးသွားတာပဲ၊ကျေးဇူးပါ ဂျောင်ကု။အများကြီးကျေးဇူးတင်တယ်'

"ရပါတယ်၊မောင့်အချစ်အတွက်ပဲ"

'အဲ့တာဆို ငါကတိတည်ရမဲ့အလှည့်ပေါ့၊ဘယ်သွားမလဲ'

"စျေး၀ယ်ထွက်မယ်၊နောက်ပြီးအိမ်မှာပဲဟင်းချက်စားကြတာပေါ့၊ညပိုင်းကျအိမ်မှာပဲရုပ်ရှင်ကြည့်မယ်လေ"

'မိုက်တယ်၊အပြင်တွေ လျှောက်မသွားချင်တာနဲ့ အတော်ပဲ'

"အဲ့တာဆို အခုသွားကြတာပေါ့"

အစ်ကို့လက်ကိုကိုင်လိုက်တော့ကြောင်ကြည့်လာတော့ချစ်သူတွေလိုလေလို့နှုတ်ခမ်းလှုပ်ရုံမျှပြောတော့ချက်ချင်းပင်လက်ကိုပြန်လည်ဆုပ်
ကိုင်လာပြီးသွားကြရအောင်ဟုဆ်ိုလာသည်မို့ Market ကိုသာ အရင်ဆုံးထွက်လာလိုက်မိသည်။Market ရောက်တော့ ပင်လယ်စာတန်းကိုအရင်
သွားပြီး ပင်လယ်စာ၀ယ်တော့ ပုစွန်အကောင်ကြီးတွေကိုသာစိတ်ကြိုက်ရွေးထည့်နေတဲ့အပြင်သူ့ကိုပါ ပုစွန်နဲ့လာခြောက်နေသည့်အစ်ကို။

'မောင် ဒိကိုကြည့်၊ဒီပန်းသီးက ရဲနေတာပဲ'

သူကသာ ရုတ်တရက် မောင်လို့ စိတ်လိုလက်ရအခေါ်ခံရတာမို့အံ့သြနေပေမဲ့အစ်ကိုကတော့အာရုံရပုံမရှိ၊ပန်းသီးတွေကိုတစ်လုံးပြီးတစ်လုံး
ကောက်ကိုင်ပြီး ပါးမှာကပ်ကာ ဘယ်အလုံးကပိုကြီးပိုလှလဲဆိုပြီးတတွတ်တွတ်ရွေးခိုင်းနေသေးသည်မို့ အလုံးလှလှလေးတွေပဲရွေးကာလိုက်
ထည့်ရသေးသည်။Market တစ်ခုလုံး ကို၆ပတ်လောက်ပတ်ပြီးတော့စိတ််တိုင်းကျသွားသည့်ဟန်နဲ့ပင်။

'ပြန်ကြမယ်၊မုန့်တွေလည်းအများကြီးပါလာပြီ'

"ပြန်ကြမယ်လေ"

'ကုန်းပိုးသွားပါလား'

"ဘာလို့"

'အော်ဟော...မင်းပဲချစ်တယ်ဆို'

"ဟုတ်ပါပြီ၊တက်လေ"

ရုတ်တရက်ကြီးကုန်းပိုးလိုက်တာမို့ အထုတ်တွေကို အစ်ကိုကကိုင်ပေးထားသည်။လူတွေ၀ိုင်းကြည့်နေကြပေမဲ့ သူသိတဲ့တစ်ခုတည်းသောအာရုံက အစ်ကိုပျော်ဖို့သာ။ကားထဲချပေးတော့ ခါးပတ်ပတ်ပြီးတန်းအိပ်သည်မို့ ကားလည်းမင်းမောင်းတော့ဆိုတဲ့ သ​ဘောသာ။

"အစ်ကို၊ထတော့...အိမ်ရောက်ပြီ"

'အာ၊အတည်အိပ်ပျော်သွားတာပဲ'

"မသိရင် အလုပ်လုပ်ရတာအစ်ကိုကျနေရောပဲ"

'အဲ့တော့ ငြိုငြင်ချင်တာလား'

"မငြိုငြင်ပါဘူးဗျာ၊ထပ်ပြီး ချီခေါ်သွားရဦးမှာလား"

'ရတယ်၊ကိုယ့်ဘာသာကိုယ်သွားမယ်'

_-_

'မင်းက ဘာအရင်စားမလဲ၊ဘာချက်လိုက်ရမလဲ'

"အစ်ကိုစားချင်တာစားလေ"

'မင်းကိုမေးနေတာကို'

"အစ်ကိုချက်တာဘာကိုမဆိုပေါ့၊အကုန်စားတယ်အစ်ကို့ကိုလည်း မချန်ချင်ပါဘူး"

'ညစ်တီးညစ်ပတ်ကစပြန်ပြီ၊မင်းနော်'

"အစ်ကို အဆင်ပြေတာချက်လိုက်၊ရုပ်ရှင်ကားကောင်းကောင်းလေး ရှာပြီးစောင့်နေမယ်"

'အိုကေလေ'

Series ကောင်းကောင်းလေးတွေ ရှာနေတုန်း Romance Series ကောင်းကောင်းလေးတွေပဲတွေ့နေတာမို့ ဘယ်လိုဇာတ်လမ်းပဲဖြစ်ဖြစ် ဖွင့်ထားပြီးသာ ကိုကြီး ပို့ထားတဲ့ Gmail နဲ့ အလုပ်တွေကိုလက်စသတ်နေလိုက်တော့ မကြာလိုက်။ကြွေဇလုံအကြီးကြီးကိုင်ပြီး လာချတာမို့ ကြည့်တော့ပင်လယ်စာအစုံနဲ့ ခေါက်ဆွဲပြုတ်သာ။အသင့်စားမဟုတ်ဘဲအိမ်ကလက်လုပ်ခေါက်ဆွဲကို အရသာသေချာထည့်ထားသည်မို့ အနံ့နဲ့တင်အရသာကသိရသည်။နောက်မှ ဘယ်ကတည်း
ကရှိနေမှန်းမသိတဲ့ ဘီယာဗူးတွေထုတ်ပြီး ရောက်ချလာတဲ့အစ်ကို။

'အာ...ဒီ Series ကို ငါသိတယ်၊ကောင်လေးက ခေါက်ဆွဲစားနေရင်းနဲ့ ကောင်မလေးနှုတ်ခမ်းက ခေါက်ဆွဲဖက်အသေးလေးကို စားသလိုနဲ့ကောင်မလေးကိုစားလိုက်တာလေ'

"အဟွတ်၊အစ်ကိုရာဘယ်လိုတောင်ပြောနေတာလဲ"

'သိတာပြောပြတာပါ'

"အစပ်တွေသီးကုန်ပြီ"

'ဆောရီးပါ၊ဘယ်လိုလဲငါ့လက်ရာကောင်းတယ်မလား'

"ကျိန်းသေပေါက်ပေါ့"

'သိပါတယ်၊ဒီလောက်ကတော့ အသာလေးလေ'

ဘီယာလည်းသောက်ရင်း ရုပ်ရှင်ကိုလည်း ပွစိပွစိလုပ်နေသေးတဲ့ အစ်ကိုက ဘီယာ ၄ ဗူးလောက် ကုန်လာတဲ့အခိုက်အတန့်မှာရေချိန်တော်တော်ကိုက်နေသည့်ဟန်။

'ကြည့်နေ၊သူနောက်နည်းနည်းဆိုနမ်းတော့မှာ'

"သူတို့ဘာသာသူတို့နမ်းတာပဲ"

'မင်းနှုတ်ခမ်းအောက်ကမှဲ့လေးက ချစ်ဖို့ကောင်းတယ်၊နှာတံလုံးလုံးလေးပေါ်က မှဲ့လေးရော၊နောက်ပြီး ဒီလည်ပင်းက မှဲ့လေးရော အကုန်လုံးကချစ်စရာလေးတွေ'

"အစ်ကို မူးနေပြီ"

'မကောင်းလိုက်တာ၊မင်းမို့လို့ ငါ့ကိုမေ့ရက်တာနော်၊ငါသိခဲ့ဂျောင်ကုကတအားလိမ္မာတဲ့ကောင်လေးလေ'

"အဲ့တာကလည်း မောင်ပဲမဟုတ်ဘူးလား"

'အင်း၊မင်းပဲ ဒါပေမဲ့ မင်းက ငါသဘောကျတဲ့သူမဟုတ်ဘူး'

"သြော်"

'နမ်းချင်လား၊မင်းခဏခဏပြောသလိုလေ'

"မူးနေပြီဆို အိပ်လိုက်တော့ အစ်ကို၊မောင်တို့ကြားမလိုလားအပ်တဲ့ပြဿနာတွေအထင်လွဲမှုတွေ မရှိစေချင်ဘူး"

'ငါကရှိစေချင်တယ်ဆိုရင်ရော၊မင်းက ဘာလို့ ငါသဘောကျတဲ့ပုံစံမဖြစ်ရတာလား၊အဲ့တာက ငါ့ကိုစိတ်ရှုပ်စေပေမဲ့ ငါတော့ မင်းကို'

"တော်ပြီလေ၊မူးနေရင် ဆက်မပြောရအောင်လေ၊အွန်းမ်"

'ရှူး၊ခဏတာလောက် မင်းတိတ်တိတ်နေပေး မောင်၊ငါကငါ့ရင်ခုန်သံတွေကိုစမ်းသပ်မှာမို့'

ချက်ချင်းပင်လည်ပင်းကိုသိုင်းဖက်ကာနှုတ်ခမ်း
ပါးတွေကိုနမ်းရှိုက်မိစဥ်မှာ သူ့အနေနဲ့သိခဲ့တာက သူချစ်တာ ဂျောင်ကုကိုသာ။ဂျောင်ကုရဲ့ အမူအကျင့်တွေ မတူသည့်တိုင်အောင်၊ရိုးကျိုးခြင်းတွေ မရှိသည့်တိုင်အောင် သူဟာ သူ့ရှေ့မှာရှိနေတဲ့ဂျောင်ကုအပေါ်ကိုပဲ ဟိုးအစကတည်းက ရင်ခုန်သက်၀င်နေခဲ့တာပင်။အရှုပ်တွေရှင်းပြီးရင် မင်းကို ငါ့ဘက်ကစဖွင့်ပြောပါ့မယ်၊မင်းနဲ့တွေ့ပြီးမှ ငါကအချစ်ဆိုတာကိုစတင်ပြီးသိနိုင်ခဲ့တာမို့
ဂျွန်ဂျောင်ကုဆိုတဲ့မင်းကငါ့အချစ်ဦးဆိုတာကိုရောပေါ့။

'သွားအိပ်တော့မယ်၊မင်းလည်းကောင်းကောင်းအိပ် ငါ့ကောင်လေး'

"ငါ့ကောင်လေး?"

အစ်ကိုကသူ့အပေါ် တကယ်ပဲ စိတ်၀င်စားနေခဲ့ပြီလား။ပထမဆုံးတယုတယနမ်းရှိုက်မိခဲ့တဲ့ နှုတ်ခမ်းသားထူထူကရူးသွပ်ဖို့လုံလောက်စွာ။ဒါတွေက အမှတ်တမဲ့မဖြစ်ဖို့မျှော်လင့်ရင်း ကျွန်တော်ဒီညလည်းအိပ်လို့ပျော်တော့မယ်
မထင်ပါဘူး။

_-_-_-_

အဲ့နေ့ညပြီးသွားတဲ့နောက်ပိုင်းပုံမှန်အနေအထားနဲ့သာဆက်ဆံခဲ့တဲ့ သူတို့နှစ်ယောက်ကအေးတိ အေးစက်မဆန်တဲ့အနေအထားနဲ့နေလာသည်မှာ တစ်လတင်းတင်းပြည့်ခါနီးပင်။ဒီနေ့ကိုကြီးပြန်လာမှာမို့ ဒီအပတ်ပြီးရင် သူလည်း ကိုကြီးနဲ့အတူ အိမ်ကိုပြန်ရမှာမို့ အစ်ကိုနဲ့ Date ချင်တဲ့အကြောင်းက်ိုပြောပြဖို့ အခွင့်အရေးကိုစောင့်နေမိတာက မနက်ကတည်းက စိတ်နဲ့လူပါ မကပ်နိုင်။

'ဂျောင်ကု၊အစ်ကိုဂျယ်မင်းပြောတယ်...ဦးလေးနဲ့ တိုင်ပင်ပြီး Showroom လေးဖွင့်မယ်ဆို'

"ဟုတ်တယ် အစ်ကို"

'ဘာလို့မပြောပြတာလဲ'

"ပြောပြဖို့ပါပဲ၊တစ်ရက်လောက်ဖြစ်ဖြစ်အစ်ကိုနဲ့ Date ပြီးတော့ပေါ့။"

'ဘယ်ကို Date ကြမလဲ'

"တကယ်လား"

'လိမ်နေတယ်ထင်လို့လား'

"တကယ်လိုက်ရောပေးတယ်ပေါ့"

'အင်း၊ဒီအပတ်ထဲ ဖြစ်ဖြစ်သွားကြတာပေါ့၊နောက်အပတ်ဆိုဂျပန်ဘက်ကိုသွားစရာရှိတာမို့လို့လေ'

"သြော်၊ကြာမှာလား"

'စေ့စပ်ဖို့သွားရမှာပါ၊မင်းသိလောက်ပါတယ် Yutori နဲ့'

"Yutori?ဂျပန်က Model မလား"

'အင်း၊သူနဲ့ မိဘတွေ သဘောတူထားတာကြာပြီ။Yutori ကလည်း တကယ်ချောတဲ့မိန်းကလေးလေ'

"အစ်ကိုသူ့ကိုစိတ်၀င်စားတယ်ပေါ့"

'အဲ့လိုပြောရမလား၊ငါကသူ့ထက် ချစ်ဖို့ကောင်းတဲ့သူကို တွေ့ထားပြီးသားလေ၊သူနဲ့ပွဲကိုလည်းဖျက်ဖို့က ကျိန်းသေပေါက်ပါပဲ'

"အစ်ကိုလည်းဘာလို့မပြောပြတာလဲ"

'မင်းသိနေဖို့မလိုဘူးထင်လို့ပါ၊ပြီးတော့မင်းရဲ့ Showroom ဖွင့်ပွဲကိုမလာနိုင်ခဲ့ရင်တောင်းပန်ပါတယ်'

"သြော်၊ရပါတယ်.ထားပါ။ဒါဆို Date မဲ့အစီအစဥ်ကိုဖျက်လိုက်တာပေါ့၊ဒါကဒီတိုင်းစနောက်ပြီး ပြောလိုက်တာမို့လေ"

'ငါက သွားမယ်ပြောပြီးပြီလေ'

"ရတယ်ဆိုနေ!"

'ပြီးတာပဲလေ၊ပြီးတော့ ဒါက မင်းလက်ပတ်လေးလေ၊ငါဆက်သိမ်းထားဖို့လိုတော့မယ်မထင်လို့'

"မောင့်လက်ပတ်လေးပဲ"

'အင်း၊ငါတို့စတွေ့တဲ့နေ့ကကောက်ရထားတာ'

အစ်ကိုပြောမှလက်ပတ်လေးကိုကိုင်ကြည့်ရင်း
အနှေးပြကွက်တွေလိုပေါ်လာတဲ့ပုံရိပ်တွေမှာ သူနဲ့အစ်ကိုကမတူညီတဲ့အနေအထားနှစ်ခု။ပထမဆုံးအကြိမ်တွေ့ခဲ့တဲ့အမှတ်မထင်အခြေအနေမှာတင်သူကအစ်ကို့အပေါ်ခံစားချက်တွေရှိခဲ့သည်
ပဲ။တရိပ်ရိပ်ကိုက်လာတဲ့ခေါင်းကသူ့ခန္ဓာကိုယ်တောင်မထိန်းနိုင်ဘဲအရှေ့ကအစ်ကို့ကိုမြင်ရတဲ့ ပုံရိပ်တွေ၀ါးသည်အထိဟန်ချက်ပျက်စေသည်။နံရံကို မှီပြီးထိုင်ချလိုက်တော့စိုးရိမ်တကြီး​ခေါ်နေတဲ့အစ်ကို့အသံကိုကြားနေရပေမဲ့သိစိတ်မှာလောကကြီးဟာမှောင်မိုက်ခြင်းနဲ့ဆိတ်သုဥ်းခြင်းအတိ။

_-_-_-_

ဂျောင်ကုသတိလစ်သွားတော့အစ်ကိုဂျယ်မင်းကိုအကျိုးအကြောင်းစာပို့ထားတာမို့ လေဆိပ်ကဆင်းတာနဲ့ဆေးရုံကိုတန်းရောက်သည့် အစ်က်ိုဂျယ်မင်းကညီကိုတော်တော်ချစ်တဲ့အစ်ကိုမျိုးပင်။အစ်ကိုဂျယ်မင်းရောက်လာတော့အကြောင်းစုံ
ပြောပြတော့ ဘာမှမပြောဘဲ အရာအားလုံးက
ညီညီ့သဘောဆိုတာသာ။Yurito ဘက်ကလည်း အရေးကြီး အခြေအနေမှာတစ်ရက်ကျော်တဲ့ အထိ သတိမလည်သေးတဲ့ဂျောင်ကုကြောင့် ဘာလုပ်ရမှန်းသိမနေပါ၊အခုနေမှာYuritoဆီကို
သွားမှဖြစ်မှာမို့ သွားရမှာပင်။

'ဆော့ဂျင်ကအခုချက်ချင်း သွားမှဖြစ်မှာလား၊
ညီညီကသတိမလည်သေးတာကိုအကယ်၍
သတိလည်လာလို့ ဆော့ဂျင်မရှိရင်ရော'

'သူအဆင်ပြေမှာပါ၊အခုနာရီပိုင်းအတွင်း စီစဥ်လိုက်ရတာလည်း Yurito အမေရဲ့ကျန်းမာရေးကြောင့်ပါ။Date ဖို့ကတိမတည်နိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်ပြောပေးပါ အစ်ကိုဂျယ်မင်း'

'ရပါတယ်၊ဂရုစိုက်သွားပါ ဆော့ဂျင်'

'ဂျောင်ကုကို ဂရုစိုက်ပေးပါနော်'

"ခဏလေးအစ်ကို!မောင်ကမောင်မသိတဲ့အတိတ်မှာရော၊သိနေတဲ့လက်ရှိမှာရော အစ်ကို့ဆီကိုပဲ လှမ်းလာပြီး အစ်ကိုတစ်ယောက်တည်းကိုကြည့်ခဲ့တာ၊အခုတော့ အစ်ကိုထွက်သွားတာနဲ့ မောင်က အစ်ကိုဖြစ်ခဲ့တာမို့ အစ်ကို့ကို မရှိခဲ့တဲ့သူလိုသဘောထားလိုက်မှာမဟုတ်တာ သိထားပါ"

'ငါ့အပေါ်မင်းခံစားချက်တွေကိုအတင်းလုပ်မယူစေချင်ပါဘူး။ငါလည်းမင်းအပေါ် ခံစားချက်တွေကို လုပ်ယူခဲ့တာမရှိခဲ့ဘဲငါကမင်းကိုအနားလည်နိုင်ဆုံး"မင်း"ဖြစ်ခဲ့တယ် မောင်'

'ဆော့ဂျင်'

"ထားလိုက်၊ကိုကြီး...အစ်ကိုသွားချင်တာသွားပါစေ"

"ပြန်ပြီးမဆုံစည်းနိုင်ရအောင်မောင်တို့က
ပြိုင်မျဥ်းတွေမှမဟုတ်ဘဲကို၊ဟိုမှာအစစ
အရာရာဂရုစိုက်ပါ...ချစ်တယ် မောင့်အချစ်။"

_-_-_-_

တစ်လကျော်ဆိုတဲ့အချိန်မှာ လုပ်ငန်းကိစ္စကလွဲအဆက်အသွယ်မရှိတဲ့သူနဲ့အစ်ကိုရဲ့အခြေအနေက စိမ်းသက်သက်။သူ့တုန်းကရော ဘယ်ဆီရောက်နေမှန်းတောင်မသိတဲ့လူတစ်ယောက်ကို လချီအစ်ကိုဘယ်လိုများစောင့်နေခဲ့လဲဆိုတာတွေးမိတော့ အစ်ကို သူ့ကိုချစ်ခဲ့တဲ့ အချစ်က သူနားမလည်နိုင်စွာ။Yurito နဲ့ အစ်ကိုရဲ့ သတင်းကတော့ Yurito ကလည်း ဂျပန်နိုင်ငံသားချစ်ရသူရှိနေတာမို့ အစ်ကို့အစား တခြားအမျိုးသားနဲ့ စေ့စပ်လိုက်တာသိရသည်။ခက်တာက ဂျပန်ကိုဘာကို မက်နေမှန်းမသိတဲ့အစ်ကိုက သူ့ကို တကယ်မင်းစောင့်နိုင်ရင် စောင့်နေပေါ့ဆိုတဲ့
သဘောနဲ့ပင်။

"မိန်းမရှာယူပစ်ရင်လည်း ဂျွန်ဆော့ဂျင်တို့က
မှုမယ်မထင်ဘူး၊ဂျပန်က ကောင်မလေးတွေနဲ့များ ငြိသွားနေတာလား၊ငါက လက်မလျော့ဘူးဆ်ိုတာတောင်တကယ်အသည်းမာသွားတာလား"

'မောင်!'

"ဘယ်ကအသံထွက်လာတာလဲ"

'ကိုကြီးပါ၊စပြီးခေါ်ကြည့်တာ'

"မဟုတ်ပါဘူး၊အစ်ကို့အသံပါ"

'မင်းအစ်ကိုကဂျပန်မှာလေ၊ဒီ USB လေးကိုလေ
အစည်းအဝေးခန်းက Projector မှာသွားစစ်ပေးပါလား။အိမ်ရဲ့ပုံကြမ်းက အရေးကြီီးလို့လေ'

"အသည်းကွဲနေတဲ့ ညီရဲ့ Showroom ကိုကူမယ်မရှိဘူး၊သူ့အလုပ်ချည်းပဲ ခိုင်းနေတော့တာပဲ"

'ညီညီီနော်၊မင်းပဲ ဆော့ဂျင်နဲ့ ဖုန်းပြောရင် Speaker ဖွင့်ပေးရင် ခိုင်းသမျှလုပ်မယ်ဆိုပြီး နောက်ပြီးဆော့ဂျင်နဲ့'

"လုပ်ပေးမယ်၊လုပ်ပေးမယ် တော်ပါတော့ ရှက်စရာကြီး"

USB ကို ယူပြီး အစည်းအဝေးခန်းက Projector မှာ ထိုးကြည့်တော့ တော်ရုံနဲ့ ဘာမှပေါ်မလာတာမို့ ပြန်ထုတ်ဖို့ပြင်တော့မှ Projector မှာပေါ်လာတဲ့ သူ့ရဲ့အစ်ကိုနဲ့တူတူနေတုန်းက ရိုက်ထားမှန်းတောင်မသိခဲ့တဲ့ သူ့ရဲ့ပုံရိပ်တချို့နဲ့ အစ်ကို့ဆီက မောင်လို့ခေါ်လာတဲ့အသံချိုချို။

'မောင်!'

"အစ်ကို၊တကယ်ပဲ အစ်ကိုလား"

'မဟုတ်ဘူး၊မောင့်အချစ်'

"တကယ်ပဲ အစ််ကိုကို"

'ဒီကိုလာပါဦး၊တက်တူးတွေနဲ့ကလေးဆိုးဆိုးနေတဲ့ လူဆိုးလေး ငါ့ကောင်လေးကိုဖက်ထားချင်လို့'

"မောင်အများကြီးလွမ်းနေခဲ့တာသိလား၊ဂျွန်ဆော့ဂျင်ရဲ့"

'သိတာပေါ့၊သိလို့ပဲ မောင်ထပ်ပြီး လှမ်းလာစရာမလိုအောင်အစ််ကိုကမောင့်ဆီလာခဲ့တာ'

"မောင်က အစ်ကို့ကိုသိပ်ချစ်တာ မောင့်အချစ်ရဲ့"

'ဒီကြားထဲ ထားသွားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်၊မင်းကို နှစ်ဆတိုးချစ်နိုင်ဖို့ လုပ်စရာတွေများနေခဲ့တာ'

"အဲ့တာတွေကို နားလည်ပြီးသားပါ၊လက်တွန်းလှည်းနဲ့ ထမင်းလိပ်ရောင်းတဲ့ ကောင်လေးက သူဌေးလေးကိုချစ်ခဲ့မိတာကို"

'အခုတော့ အဲ့ကောင်လေးက သူဌေးပေါက်စလေးပါနော်။ချစ်တယ် ဂျွန်ဂျောင်ကု၊မောင့်ကို ဒီကအစ်ကိုကင်မ်ဆော့ဂျင်က တမြတ်တနိုးနဲ့ကိုချစ်ရပါတယ်လို့'

"ဒါက အစ်ကို့ရဲ့ရှက်တာပေါ့လေ"

'မပြောဖူးတာတွေပြောနေရတာကို'

"ချစ်စရာလေးပါဗျာ မောင့်အချစ်က"

မဲမှောင်နေတဲ့ဆံနွယ်ပျော့ပျော့တို့၀ဲကျကာခပ်အုပ်အုပ်ဖုံးနေတဲ့အစ်ကို့ရဲ့နဖူးပြင်ကိုနမ်းပြီးရေမြေအပြောင်းအလဲမှာပြန်ဖြစ်လာတဲ့ပါးမို့မို့လေးတွေကိုနမ်းတော့ရဲတက်လာတဲ့ပါးမို့မို့နီနီလေးတွေကို လက်နဲ့အုပ်ကာ အစ်ကိုက သူ့မျက်လုံးတွေကိုကြည့်စေပြီးခပ်တိုးတိုးစကားကိုဆိုလာသည်။

'မောင်နဲ့ မခွဲခင်က အစ်ကိုပြောခဲ့တာမှတ်မိလား၊ငါကမင်းကိုအနားလည်ဆုံး'မင်း'ဖြစ်ခဲ့တယ်ဆိုတာလေ၊လူတွေမှာ ဘေးလူတွေထက်ကိုယ့်ကိုယ်ကိုယ် ပိုအနားလည်နိုင်ဆုံးနဲ့ကိုယ်ကသာ
လျှင် ကိုယ့်အတွက်အကောင်းဆုံး အဖော်မွန်မို့
အစ်ကိုကမင်းက်ိုအနားလည်ဆုံး'မင်း'ဖြစ်ခဲ့တယ်ဆိုတာအစ်ကိုက မောင်နဲ့ အမြဲတစ်သားတည်း
ဖြစ်နေမဲ့ မောင့်ရဲ့ မူပိုင်ဆိုတာကို ပြောပြချင်ခဲ့
ရုံပါ'

"မောင်ကလည်း အစ်ကိုဖြစ်ခဲ့တယ်ဆိုတာ တစ်ဘ၀စာလုံးအတွက်သတ်မှတ်ထားတဲ့ချစ်ရသူအဖြစ် အစ်ကိုယုံကြည်နိုင်ဖို့ မောင်က ခပ်ဆိုးဆိုးကောင်လေးဖြစ်နေပါစေ၊ရိုးကျိုးနေတဲ့ကောင်လေးဖြစ်နေပါစေ အစ်ကိုဖြစ်စေချင်တဲ့ပုံစံကိုပဲကြိုးစားခဲ့တာမို့အစ်ကိုနဲ့တွေ့မှ ပြည့်စုံခဲ့တဲ့ ပြည့်စုံခြင်းတချို့ကို မောင့်လိုပဲ အစ်ကိုကို ခံစားရစေချင်လို့ အမြဲကြိုးစားနေခဲ့တဲ့အထိ မောင့်ရဲ့ စိတ်အစဥ်ကို အစ်ကိုပိုင်တဲ့အထိမောင်ရဲ့အရာရာကအစ်ကိုဖြစ်ခဲ့တယ်ဆိုတာရောယုံတယ်မလား"

"မောင်ဆိုတဲ့ ဂျွန်ဂျောင်ကုသာဖြစ်နေခဲ့ရင်ပေါ့၊
အရာအားလုံးထက်ပိုယုံကြည်တယ်"

'ချစ်တယ်၊မောင့်အချစ်...
မောင့်ရဲ့ဂျွန်ဆော့ဂျင်လေး'

လေးနက်တဲ့ချစ်ခြင်းတွေ၊ယုံကြည်မှုတွေနဲ့နားလည်မှုတွေကချစ်ခြင်းတစ်ခုခိုင်မြဲခြင်း၊
မခိုင်မြဲခြင်းရဲ့ အဓိကပြရုပ်တွေပဲမို့မောင်နဲ့အစ်ကိုက ဒီအရာတွေအပြည့်အ၀ရှိခဲ့တာမို့ မောင်ကလည်း အစ်ကို့အတွက်သာဖြစ်သလို၊အစ်ကိုကလည်း မောင့်အတွက်သာ။

_-_-_-_

{ Me After You } By Yeong_May

For Clover Project.

Aug လကတည်းက ပြီးထားတဲ့စာမူလေးမလို့တခြား Update တွေ ပေးဖို့ မလွယ်သေးတဲ့
အခြေအနေတွေကြောင့်တင်ပေးဖြစ်တာပါ။
မကြာခင်မှာMTF လေးရဲ့ Update လေးနဲ့ ပြန်
လာခဲ့ပါ့မယ်။

3/11/22 {Have a Good Day 🖇️}

Zawgyi

မိုးေအးေအးနဲ႔ေကာ္ဖီေလးေသာက္ၿပီးၿငိမ္ေနခ်င္မိေသာ္လည္းအခုမွဘူဆန္႐ုံးခြဲအေသးေလးကို ကိုယ္ပိုင္စၿပီးခြဲေထာင္သည္မို႔ အလုပ္ေတြက ရင္းႏွီးျမႇဳပ္ႏွံမႈအပိုင္းကိုေသခ်ာေလးစီစဥ္ေနရသည္မို႔ အလုပ္ကမ်ားသည္ဆိုတာထက္ကိုပိုမ်ားသည္။တေနကုန္အလုပ္ထဲမွာပဲရွိေနသည္မို႔အျပင္ထြက္ၿပီးေလေကာင္းေလသန္႔ရေအာင္လမ္းေလွ်ာက္ေနမိေတာ့႐ုန္းရင္းဆန္ခတ္နဲ႔စူးစူးေလးထြက္လာတဲ့အသံေၾကာင့္ ​ၾကည့္မိေတာ့ သူကိုယ္တိုင္ ခန္႔ထားတဲ့ လုံၿခဳံေရးေတြနဲ႔သက္လတ္ပိုင္းေကာင္ေလးတစ္ေယာက္။

"ဒီမွာ အစ္ကိုႀကီးတို႔၊ကြၽန္ေတာ္မလုပ္ပါဘူးဆိုတာကိုလႊတ္ေပးပါဗ်ာ"

'ဘာျဖစ္လာၾကတာလဲ အစ္ကို'

'ဒီေကာင္ေလးေလ၊သူ႔လွည္းနဲ႔ ႐ုံးေရွ႕က ပန္းအိုးကို၀င္တိုက္လိုက္တာ၊အတန္းလိုက္ႀကီး ကြဲက်ကုန္ၿပီ'

"တမင္လုပ္တာမဟုတ္ပါဘူး၊ကြၽန္ေတာ္က တစ္ေန႔လုပ္တစ္ေန႔စားေလဗ်ာ၊၀တၱရားေႏွာင့္ယွက္မႈနဲ႔အဖမ္းခံရတဲ့အထိဘာလို႔၀င္တိုက္ရမွာလဲ"

'တကယ္ပဲ မလုပ္ဘူးလား ေကာင္ေလး'

ေဆာ့ဂ်င္အေရွ႕ကေကာင္ေလးကိုေသခ်ာၾကည့္ၿပီးေမးေတာ့တကယ္သူမလုပ္ပါဘူးဆိုတဲ့ ပုံစံနဲ႔ ၾကည့္လာသည္မို႔လုံၿခဳံေရးအစ္ကိုတို႔ကို သြားခိုင္းလိုက္ၿပီးအျပင္ဘက္ကကြဲသြားတဲ့ ပန္းအိုးေတြအေနအထားကိုေကာင္ေလးကိုပါေခၚၿပီးထြက္ၾကည့္မိသည္။တစ္စစီကိုက်ကြဲေနတဲ့ ပန္းအိုးေတြကသူလိုခ်င္လို႔ကိုေအာ္ဒါတင္ထားရတဲ့အလွအိုးေတြပင္။

'ေတာ္ေတာ္ဆိုးသြားတာပဲ၊ဒါကေရာမင္းရဲ႕လွည္းလား'

"ဟုတ္တယ္ အစ္ကို"

ေရညႇိထမင္းလိပ္နဲ႔ ငါးေပါင္မုန္႔ေလးေတြ၊ေနာက္ၿပီးေကာ္ဖီနဲ႔႐ိုးရာလက္ဖက္ရည္ေလးေတြပါအစုံအစီတင္ထားတဲ့လွည္းႀကီးႀကီးေလးနဲ႔မုန္႔ေတြကလတ္ဆတ္ေလာက္မဲ့အျပင္ ေသေသသပ္
သပ္ပင္။ေကာင္ေလးကိုၾကည့္မိေတာ့လည္းမ်က္လုံး၀ိုင္း၀ိုင္းေတြ၊ေနာက္ၿပီး ႏို႔ႏွစ္ေရာင္လိုအသားအေရနဲ႔မို႔ဒါကပင္ပန္းတဲ့အလုပ္ေတြကိုလုပ္ေနရတဲ့သူတစ္ေယာက္နဲ႔ပင္မသက္ဆိုင္သည့္႐ုပ္ရည္မ်ိဳးသာ။

'ျပန္ေတာ့ေလ်ာ္ေပးမွရမယ္ ေကာင္ေလး၊အစ္ကိုကေသခ်ာလိုခ်င္လို႔ ေအာ္ဒါပါမွာထားတာမို႔လို႔ေလ'

"အာ...ေတာင္းပန္ပါတယ္ပဲကြၽန္ေတာ္ေျပာႏိုင္ေတာ့တယ္"

'ဒီလိုလုပ္မလား၊အစ္ကို႔ပန္းအိုးေတြအစား မင္းေရာင္းတဲ့ထဲက တစ္ခုစီကိုေကြၽးေလ...အစ္ကိုလည္းဗိုက္ဆာေနတာမို႔ ေခ်လိုက္တာေပါ့'

ေဂ်ာင္ကုသူ႔အေရွ႕ကအစ္ကိုကိုေသခ်ာကိုၾကည့္ေနမိသည္။ဒါကသိပ္ကိုသေဘာေကာင္းလြန္း
တဲ့သူလို႔မထင္ျမင္ႏိုင္ဘူးလား။မ်က္၀န္းညိဳညိဳေတြ၊ေနာက္ၿပီး ခ်ယ္္ရီေရာင္ ႏႈတ္ခမ္းဖူးဖူးေလးေတြ၊သူ႔မုန္႔ေတြကိုထိုးျပတဲ့လက္ရွည္ရွည္သြယ္သြယ္ေကာက္ေကာက္ေလးေတြက ဒီအစ္ကိုရဲ႕ယျပည့္စုံျခင္းမ်ားလားဟု ေတြးယူမိေနခ်ိန္မွာ အေရွ႕ကလူသားကိုၾကည့္ၿပီးခုန္ေနတဲ့ ႏွလုံးခုန္ႏႈန္းေတြကမတည္ၿငိမ္ဘဲ ေပါက္ထြက္ေတာ့မည္အလား၊သူေတာ့က်ိန္းေသေပါက္ အစ္ကို႔ကို ပထမဆုံးအႀကိမ္မွာေတြ႕ဆုံျခင္းနဲ႔တင္ခ်စ္မိဖို႔အေၾကာင္းဖန္လာသည္ကက်ိန္းေသပါသည္။ေယာက်ာ္းေလးဆိုတဲ့နာမ္ေတြခြဲျခားၿပီးအစ္ကို
ျဖစ္ေနလို႔ကိုသေဘာက်မိသြားသည္ကသူ႔ရဲ႕အသက္၂၀ေက်ာ္မွာပထမဆုံးရင္ခုန္ျခင္းသာ။

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ အစ္ကို"

ခ်က္ခ်င္းပင္ ခါးကို ေလးဆယ့္ငါးဒီဂရီေလာက္ခ်ိဳးၿပီးပါးခ်ိဳင့္ေရးေရးေပၚသည္အထိၿပဳံးျပၿပီး မုန္႔ကိုေသခ်ာေလးလုပ္ၿပီး ထုတ္ပိုးေနတဲ့ေကာင္ငယ္ေလးက သူ႔ထက္ ေလးငါ့ႏွစ္ေလာက္ငယ္မဲ့သေဘာမွာရွိသည္၊ျဖဴစင္သလို ခ်စ္လည္းခ်စ္ဖို႔ေကာင္းတဲ့ ပုံစံေလးသာ...ဘာေၾကာင့္ရယ္မွန္းမသိ အခြင့္သာရွိခဲ့ေသးရင္ ဒီေကာင္ေလးနဲ႔ စကားတူတူေျပာခြင့္ရခ်င္ေသးေပမဲ့ အလ်င္လိုေနတဲ့ေကာင္ေလးေၾကာင့္ ဘာမွမေျပာေနမိေတာ့။

"ရၿပီ အစ္ကို၊မ်ားမ်ားပိုထည့္ေပးထားတယ္ေနာ္"

'ေက်းဇူးပါ ဂ႐ုစိုက္ျပန္ဦးေနာ္'

"ဟုတ္ကဲ့ပါ အစ္ကို၊ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

'ရပါတယ္၊ေၾသာ္...ေကာင္ေလး၊မင္းနာမည္က ဘယ္လိုေခၚလဲ'

"ေဂ်ာင္ကုပါ၊ဂြၽန္ေဂ်ာင္ကု"

နာမည္ေျပာၿပီးတာနဲ႔ သြားၿပီေနာ္ အစ္ကို ဟုဆိုကာထြက္သြားတဲ့ေကာင္ေလးေၾကာင့္ ပန္းအိုးအ
ကြဲေတြကိုသန္႔ရွင္းေရးကိုေခၚရွင္းခိုင္းၿပီး႐ုံးခန္း
ကိုသာျပန္၀င္ထိုင္ေနလိုက္ၿပီး စာရင္းပုံထဲေခါင္းစိုက္ေနမိေတာ့သန္႔ရွင္းေရးအန္တီကပန္းအိုးေတြရွင္းရင္းလက္ပတ္ေလးတစ္ခုေကာက္ရထားတာဆိုၿပီးလာေပးတာမို႔ ၾကည့္မိေတာ့ေလးေထာင့္
ပုံစံကြၽန္းသားအတုံးေသးေသးေလးေတြေပၚမွာ
ကႏုတ္ေသးေသးေလးေတြနဲ႔"ဂြၽန္ JK"ဆိုၿပီးထြင္းထားတာမို႔အေျခအေနေတြအရေရာစာလုံးေပါင္းအရေကာင္ေလးရဲ႕လက္ပတ္ေလးမွန္းတန္းသိေပမဲ့ဘယ္ကိုလိုက္ေပးရမွန္းလည္းမသိပါ၊လက္
မွာပဲ၀တ္ထားလိုက္ၿပီးအလုပ္ထဲစိတ္ျပန္ႏွစ္ေနမိရင္းမိုးဖြားေလးေတြက်လာတာတဲ့မိုးသံေၾကာင့္နာရီကိုၾကည့္မိေတာ့သူသတိမမူဘဲေနမိလိုက္တာက9နာရီထိုးေတာ့မွာမို႔အိမ္မွာလုပ္ရမဲ့စာရင္း
အခ်ိဳ႕ကိုယူၿပီးေတာ့မိုးမသည္းခင္အိမ္အမွီေရာက္ေအာင္သာ ေစာထြက္လာလိုက္သည္။

ကားလမ္းမွာကားေတြတအားက်ပ္ေနတာက ဘာအေၾကာင္းေၾကာင့္မွန္းေသခ်ာမသိ၊မီးပြိဳင့္ကလႊတ္ေပးေတာ့ ပတ္၀န္းက်င္ကိုၾကည့္မိေတာ့တစ္ျခမ္းလုံးက်ိဳးပဲ့ေနတဲ့ လွည္းေလးနဲ႔ လမ္းမေပၚျပန္႔က်ဲေနတဲ့ ထမင္းလိပ္ေတြကို ျမင္မိေတာ့ ေန႔လည္က ေကာင္ေလးကိုစိုးရိမ္တႀကီးေတြးမိေသးသည္ေပမဲ့ မျဖစ္ႏိုင္တာမို႔ ေကာင္ေလးေဘး
ကင္းကင္းအိမ္ျပန္ေရာက္ပါေစဆုေတာင္းၿပီးသာအိမ္ကိုသာ ဂ႐ုစိုက္ျပန္လာလိုက္မိသည္။

'ဘာလို႔မွန္းမသိ၊မင္းကိုစိတ္ပူေနမိတာမို႔ အဆင္ေျပေျပရွိေနတယ္မလား ေကာင္ေလး'

_-_-_-_

'အစ္ကိုေဆာ့ဂ်င္။ဒီေန႔လည္း မေရာက္လာဘူးထင္တယ္'

'ျပန္ေပးရမဲ့ကံမပါေတာ့လို႔ေနမွာေပါ့၊ထားေတာ့ အယ္လင္း။ေနာက္ရက္ေတြ ထြက္ၾကည့္မေနနဲ႔ေတာ့၊တစ္လေတာင္ၾကာၿပီကို သူလည္းတျခားေနရာျဖစ္ျဖစ္ေျပာင္းသြားေလာက္ေရာေပါ့'

'ဟုတ္၊အစ္ကိုေဆာ့ဂ်င္'

ဒီေန႔အထိဆို ပုံမွန္ေန႔လယ္ခင္းတိုင္း ေကာင္ေလးကိုေတြ႕လို႔ေတြ႕ျငားနဲ႔ လက္ပတ္ေလးျပန္ေပးဖို႔ ေစာင့္ေနခဲ့ေပမဲ့လုံး၀မေတြ႕ရခဲ့။လူတစ္ေယာက္ကိုဘာေၾကာင့္မ်ား တစ္ခါပဲျမင္ဖူး႐ုံနဲ႔အစြဲအလမ္းႀကီးသြားမိလဲကိုေတာ့ ကိုယ့္စိတ္ကိုယ္ေတာင္ ခန္႔မွန္းမရေတာ့ပါ။တတီတီျမည္လာတဲ့ ဖုန္းသံေၾကာင့္ဖုန္းကိုင္လိုက္ေတာ့ တစ္ဖက္က အေမ့အသံကစူးခနဲပင္။

'ေမေမ'

'သတိရေသးတယ္ေပါ့ေလ၊ေမ့မ်ားေမ့ေနၿပီလားလို႔'

'မေမ့ပါဘူး၊ေမေမကလည္း'

'စကားမေျပာျဖစ္တာ ၁ ပတ္ျပည့္ေတာ့မယ္၊
ငယ္ဆုံးေလးရဲ႕'

'အလုပ္ေတြရႈပ္ၿပီး၀န္ပိသြားလို႔ပါ ေမေမရဲ႕'

'ဟုတ္ပါၿပီ၊ဒီအေမကစတာပါ'

'ေမေမ ဘာကိစၥရွိလို႔လဲဟင္'

'ေမေမ့အသိရဲ႕သားက ငယ္ဆုံးေလးရဲ႕ကုမၸဏီ
ကိုစိတ္၀င္စားလို႔တဲ့ေလ၊ရွယ္ယာလည္း၀င္ခ်င္တယ္ေျပာတယ္...အဲ့တာ သန္ဘက္ခါေလာက္ အဲ့ကိုေရာက္ေလာက္မယ္၊ေဒၚေလး ေယာင္းမီကို သိတယ္မလား၊သားငယ္ငယ္က သြားလည္ေနၾကအ္ိမ္က ေဒၚေလးေယာင္းမီရဲ႕သားႀကီးေလးေလ၊ေတြ႕ရင္ မွတ္မိမွာပါ။ျပန္သတိရေအာင္ ဂြၽန္ဂ်ယ္မင္းလို႔ေခၚၿပီး သားထက္လည္း အသက္နည္းနည္းႀကီးတဲ့အစ္ကိုေလ။အဲ့တာေသခ်ာေလးဧည့္ခံေပးပါဦး'

'ဟုတ္ကဲ့ ေမေမ၊ေရာက္မဲ့အခ်ိန္နဲ႔ သူ႔ဓာတ္ပုံေလးတစ္ခ်က္သားကိုပို႔ေပးလိုက္ေနာ္။မနက္ျဖန္ေလာက္က်တန္းသိရေအာင္ပါ'

'ဟုတ္ၿပီ၊ေမေမ ပို႔ထားလိုက္မယ္ေနာ္၊ၿပီးေတာ့ Yurito ေလးဆီလည္းဖုန္းဆက္ပါဦး၊ကိုယ္နဲ႔ေစ့စပ္ဖို႔စီစဥ္ထားတဲ့မိန္းကေလးမလား၊ခ်စ္သည္မခ်စ္သည္ဆိုတာထက္ ေယာက်ာ္းေကာင္း ပီသရမယ္ေလ'

'ဟုတ္ကဲ့ပါ ဆက္လိုက္ပါ့မယ္ ေမေမ၊ခ်စ္တယ္ေနာ္'

ေမေမ့ဆီက အတတ္ကေလးဆိုတဲ့ စကားၾကားေတာ့ ၿပဳံးလိုက္မိသည္။ေမေမက အခုအခ်ိန္ထိသူ႔ကို ကေလးလို႔သာျမင္ၿပီးငယ္ဆုံးေလးလို႔ ပါးစပ္ကမခ်တမ္း တဖြဖြေခၚတတ္ေသးသည္။SNS ကေန ပုံနဲ႔ စာေလး၀င္လာေတာ့ ၾကည့္လိုက္မိေတာ့သူ႔ထက္အသက္ႀကီးတဲ့ အစ္ကိုကေတာ္ေတာ္ေလးကိုၾကည့္ေကာင္းသည့္အျပင္ ထက္ထက္ျမက္ျမက္ရွိမဲ့ပုံမို႔ကုမၸဏီရွယ္ယာ၀င္အေနနဲ႔ဆိုအဆင္ေျပမွာပင္။

'အယ္လင္းေရ၊လုံၿခဳံေရးအစ္ကိုတို႔နဲ႔ ဧည့္ႀကိဳေကာင္မေလးေတြကို ဒီပုံေလး တစ္ခ်က္ျပထားၿပီး လာခဲ့ရင္ ေသခ်ာေလးႀကိဳေပးဖို႔ေျပာေပထားေနာ္။'

'ဟုတ္ကဲ့၊အစ္ကိုေဆာ့ဂ်င္'

'အဲ့တာဆို အယ္္လင္းအလုပ္ဆက္လုပ္ၿပီး
လပတ္စာရင္းေတြ လာတင္ေပးပါေနာ္'

'ညေနအၿပီးရေစရပါမယ္'

'ဟုတ္ၿပီ အယ္လင္း'

အယ္လင္းထြက္သြားေတာ့မွ နာရီကိုၾကည့္ရင္း အခုခ်ိန္ထိ လက္မွာပတ္ထားမိတဲ့ လက္ပတ္ေလးကို ကိုင္ၾကည့္မိသည္ကအခ်ိန္တစ္ခုၾကာသည္အထိ၊ခဏတာ ေတြ႕တဲ့ေကာင္ေလးကို
ဘာလို႔မ်ား အခုအခ်ိန္ထိ စိတ္ထဲရွိေနမွန္းကိုေတြးမရပါ။အလုပ္ကိုသာ အာ႐ုံစိုက္လုပ္လိုက္ၿပီးသာ အလုပ္ထဲပဲစိတ္ျပန္ႏွစ္ထားမိသည္။

'သန္ဘက္ခါက်လုပ္ငန္းရွင္အသစ္တိုးလာမွာေပါ့ေလ'

_-_-_-_

'အစ္ကိုေဆာ့ဂ်င္၊Mr.ဂြၽန္ဂ်ယ္မင္းတို႔ ေရာက္ေနပါၿပီ ၀င္လာခိုင္းလိုက္ပါၿပီေနာ္'

ေရာက္လာၿပီလို႔ၾကားတာမို႔ အက်ႌကို ေသခ်ာျပန္ျပင္၀တ္ၿပီးေကာ္ဖီေဖ်ာ္ၿပိီးေတာ့မွ ထြက္ႀကိဳေနလိုက္သည္။အစ္ကိုဂ်ယ္မင္းက အျပင္မွာေတြ႕ေတာ့ ပိုေတာင္ခန္႔ညားေသးသည္။ဒါေပမဲ့ အစ္ကိုဂ်ယ္မင္းေနာက္ကေန လိုက္လာတဲ့ ေျပာင္တင္းေနတဲ့အမဲေရာင္လည္သာ၀မ္းဆက္ကို၀တ္ထားတဲ့မ်က္လုံး၀ိုင္းေတြနဲ႔ေကာင္ေလးေၾကာင့္အစ္ကိုဂ်ယ္မင္းကိုပင္အာ႐ုံမရႏိုငါေတာ့။

'ေဂ်ာင္ကု၊ေဂ်ာင္ကု ဟုတ္တယ္မလားဟင္'

"ခင္ဗ်ားက ကြၽန္ေတာ့္ကိုသိလို႔လား"

'ညီညီ၊အႀကီးကို ဘယ္လိုေျပာေနတာလဲ'

'ကြၽန္ေတာ္ကပဲ ေတာင္းပန္ပါတယ္'

'မဟုတ္တာ၊ဒါက ကြၽန္ေတာ့္ညီေလး ဂြၽန္ေဂ်ာင္ကုပါ။ၾကားထဲလခ်ီေပ်ာက္သြားၿပီးမွ ေဆး႐ုံမွာအသက္လုေနရတဲ့ ညီညီ့ကိုျပန္ေတြ႕တာေလ၊သူ႔နာမည္တစ္ခုနဲ႔ သူျဖစ္ခ်င္တာေတြပဲေ႐ြးမွတ္မိေတာ့ၿပီးသတိရလာေတာ့ အေဖနဲ႔အေမတို႔က
တအားအလိုလိုက္ေတာ့လူဆိုးေလးျဖစ္လာေတာ့တာပဲ'

"ကိုႀကီးကလည္း၊ဘယ္ကမွန္းမသိတဲ့ သူစိမ္းကို"

'ညီညိီကဆိုးေနတာကို'

"ေတာ္ၿပီဗ်ာ၊မလိုက္ခ်င္တဲ့သူကိုလည္း ေခၚလာတယ္...ေဟာ၊အခုၾကည့္ သူက ကြၽန္ေတာ့္ရဲ႕ အုပ္ထိန္းသူလိုလို၊ရည္းစားလိုလိုနဲ႔ လိုက္ေျပာျပေနတာကိုၾကည့္"

အေရွ႕က ေကာင္ေလးက သူေတြ႕ခ်င္ခဲ့တဲ့ေကာင္ေလးေပမဲ့အခုေနမွာေတာ့ သူ႔ရဲ႕ သိကၡာကို ထိခိုက္သလိုမ်ိဳးထိဆိုလာေတာ့ ဆက္လည္းမေတြ႕ခ်င္ေတာ့ပါ၊အဆင္ေျပေျပရွိေနတာသိရၿပီ
မို႔ၾကားထဲသံေယာစဥ္ေတြကိုလည္းေမ့ေဖ်ာက္
ပစ္ဖို႔စဥ္းစားယူမိသည္။

'အစ္ကိုဂ်ယ္မင္းနဲ႔လုပ္ငန္းကိစၥေျပာရေအာင္ေလ၊ဒီကေတာ့အဆင္ေျပသလိုေနပါေနာ္'

"ေနမွာမို႔ စိတ္သာခ်ပါ"

မ်က္ႏွာေပးက တစ္စက္ကေလးမွကိုအခ်ိဳးမေျပတာမို႔သူ႔ေလာက္စိတ္ရွည္တဲ့သူေတာင္ ေကာင္ေလးကိုမ်က္လုံးထဲကန္႔လန္႔ျဖစ္လာသည္။
အစ္ကိုဂ်ယ္မင္းကိုအစအဆုံးေသခ်ာရွင္းျပေတာ့အရင္ကတည္းကေဆာက္လုပ္ေရးလုပ္ငန္းနဲ႔စိတ္၀င္စားတဲ့အစ္ကိုကခ်က္ခ်င္းပင္ေရွ႕ေနႏွင့္ စာခ်ဳပ္ခ်ဳပ္သည္။

'ပူးေပါင္းေပးလို႔ ေက်းဇူးပါ အစ္ကိုဂ်ယ္မင္း'

'ရပါတယ္၊အစ္ကိုက ေဆာ့ဂ်င္ရဲ႕အရည္အခ်င္းကိုယုံပါတယ္။ဟို...အားနာေပမဲ့ေလ ညီညီ့ကို ေဆာ့ဂ်င္နဲ႔ထားခဲ့လို႔ရမလားဟင္၊အစ္ကိုက ျပင္သစ္ဘက္ကိုသူငယ္ခ်င္းတစ္ေယာက္ရဲ႕ အလုပ္မွာသြားကူေပးရဦးမွာမို႔ပါ၊ညီညီက ဘူဆန္မွာပဲ သူ႔ရဲ႕အခ်စ္ကိုရွာၿပီးေနခ်င္တယ္ဆိုေတာ့ေလ၊တစ္ေယာက္တည္းက်က်န္းမာေရးက ဂ႐ုစိုက္ရမဲ့ ကေလးမို႔ေမေမတို႔ကလည္တစ္ေယာက္တည္း
စိတ္မခ်ဘူးျဖစ္ေနတာ၊ေဆာ့ဂ်င္အဆင္ေျပမွပါ'

''အာ...ရပါတယ္ အစ္ကို ဂ်ယ္မင္း၊ထားခဲ့လိုက္ေလေဒၚေလးကိုလည္း စိတ္ခ်လို႔ရတယ္ေျပာေပးပါ"

'ဟုတ္ပါၿပီ ေဆာ့ဂ်င္ အစ္ကိုကပဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္'

'လုပ္ငန္းပိုင္းက အယ္လင္းနဲ႔ မ်ားေသာအားျဖင့္ လႊဲထားတာမို႔ အယ္လင္းကိုလည္း ဆက္သြယ္လို႔ရပါတယ္ အစ္ကိုဂ်ယ္မင္း'

'မဂၤလာပါ မင္အယ္လင္းပါ အစ္ကိုဂ်ယ္မင္း၊လုပ္ငန္းအေသးစိတ္ကို ေမးျမန္းလို႔ရပါတယ္'

အယ္လင္းက လက္ကမ္းေပးေတာ့ ေသခ်ာကို ျပန္ဆုပ္ကိုင္ၿပီးႏႈတ္ဆက္တဲ့ အစ္ကိုဂ်ယ္မင္းက သူ႔အတြင္းေရးမႉးမေလးအေပၚ မ်က္၀န္းေတြက ၾကည္လဲ့ေနသေယာင္။ေသခ်ာႏႈတ္ဆက္ၿပီး ထြက္သြားတဲ့ အစ္ကိုဂ်ယ္မင္းနဲ႔ အယ္လင္းကိုၿပဳံးၾကည့္ေနၿပီးသာဆိုဖာဘက္လွည့္လိုက္ေတာ့ လက္ပိုက္ၿပီး ပါးေစာင္းကို လွ်ာနဲ႔ထိုးကာၾကည့္ေနတဲ့ေကာင္ေလးေၾကာင့္႐ုတ္တရက္အေန
အထားမွာတုန္တက္မိသည္အထိ။အစ္ကို
ဂ်ယ္မင္းကစိတ္ခ်လက္ခ်ကိုအပ္ခဲ့ၿပီးထြက္သြားၿပီမို႔ သူတို႔ႏွစ္ေယာက္ၾကားေလထုက ေအးစက္စက္။

"ကင္မ္ေဆာ့ဂ်င္ေနာ္၊ခင္ဗ်ားက"

'ဟုတ္တယ္၊ညီေလး'

"ဘယ္လို!ကြၽန္ေတာ္က ခင္ဗ်ားညီေလးမဟုတ္ပါဘူး"

'အစ္ကိုဂ်ယ္မင္းရဲ႕ ညီက ငါ့ညီပဲေပါ့'

"အဲ့လိုေျပာရေအာင္ ကိုႀကီးကို ခင္ဗ်ားက ႀကိဳက္ေနတာလား"

'မင္းေနာ္၊အစ္ကိုဂ်ယ္မင္းကို ငါက အခုမွျမင္ဖူးတာ'

"အဲ့တာဆို ပါးေတြမို႔ေအာင္ဘာလို႔မ်ားၿပဳံးၾကည့္ေနေသးလဲ"

'ေခ်ာလို႔ၾကည့္တာေပါ့'

"အဲ့တာဆို ကြၽန္ေတာ္ကေရာ"

သူ႔လက္ကိုဆြဲၿပီးခါးကိုဖက္ကာမ်က္ႏွာအနားထိ တိုးကပ္မိလိုက္တာမို႔ ႏွစ္ေယာက္ၾကား ေလ၀င္ေလထြက္နဲ႔ အသက္ရႈသံကို ရွင္းေနေအာင္ၾကားေနရတဲ့ အေနအထားပင္။ဆင္းသြယ္ေနတဲ့ ႏွာတံေလးကသူ႔ ႏွာေခါင္းနဲ႔ထိလုအေနအထားမွာသူ႔ေရွ႕ကလူသားငယ္ကမ်က္ခုံးေတြထိလုမတတ္
က်ဳံ႕ထားကညမ်က္၀န္းအစုံကိုမွိတ္ထားသည္။ေဘာက္ဆတ္ဆတ္ေျပာေနခဲ့ေပမဲ့ အေရွ႕က လူသားငယ္က္ို ရင္းႏွီးေနတဲ့ရင္ခုန္သံေတြကဒါက"မင္းရဲ႕ပထမဆုံးအႀကိမ္မဟုတ္ဘူးေဂ်ာင္ကု"ဟုအသိေပးေနသေယာင္။

"ဟက္၊ေၾကာက္တတ္လိုက္တာဗ်ာ အစ္ကိုႀကီးက"

'မင္း ငါ့ကိုရိသဲ့သဲ့ေတြ မလုပ္နဲ႔ ဂြၽန္ေဂ်ာင္ကု'

"သိေနခဲ့တာလား ကြၽန္ေတာ့္ကို၊ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ဖူးလား"

'မသိပါဘူး၊ငါသိခဲ့တဲ့သူက မင္းမဟုတ္ဘူး'

"သူ႔အေပၚ ခင္ဗ်ား႐ိုးသားရဲ႕လား၊ကြၽန္ေတာ့္ကို ပထမဆုံးၾကည့္တဲ့အၾကည့္ေတြက မ႐ိုးသားသလိုပဲ"

'ညီေလးတစ္ေယာက္လိုပါပဲ၊႐ိုးသားတယ္...ခါးေပၚက လက္ဖယ္ေပးေတာ့ ေဂ်ာင္ကု'

"ပိုင္ရွင္ရွိလား ခင္ဗ်ားမွာ"

'မရွိ...မရွိဘူး'

"ကြၽန္ေတာ္ ခင္ဗ်ားရဲ႕ပိုင္ရွင္ ျဖစ္ခြင့္ရွိမလား"

'တစ္ရက္တည္းကိုမွ နာရီပိုင္းကို ယုတၱိမရွိတာေတြ မလုပ္စမ္းနဲ႔၊မင္း စေနာက္ေနရမဲ့အ႐ြယ္မဟုတ္ဘူး ေကာင္ေလး'

"ေကာင္ေလး?,,,"

'ေဆာရီး လူေရာသြားတာ'

"ကြၽန္ေတာ္ ခင္ဗ်ားကိုသိေနတာၾကာၿပီ ထင္တယ္၊ပထမဆုံးမဟုတ္သလို နာရီပိုင္းပဲသိခဲ့တာလည္းမဟုတ္ေလာက္ဘူး"

'မင္းေရာေနတာေနမယ္ ေဂ်ာင္ကု'

"ထားပါေတာ့၊ကြၽန္ေတာ္ေမးတာပဲေျဖေပး...
ခင္ဗ်ားရဲ႕ပိုင္ရွင္ျဖစ္ခြင့္ရွိမလား"

'ငါ စိတ္မ၀င္စားဘူး ေဂ်ာင္ကု'

"စိတ္မ၀င္စားရင္ စိတ္၀င္စားလာေအာင္ ကြၽန္ေတာ္ႀကိဳးစားမယ္"

'မခ်စ္ဘဲနဲ႔ ကစားတာမ်ိဳးကို လက္ခံမွာမဟုတ္ဘူး'

"မဟုတ္ဘူး၊ရင္ခုန္လြန္းလို႔ကို ခင္ဗ်ားကို ပိုးပမ္းမွာ"

ႏႈတ္ခမ္းပါးပါးကို သြားနဲ႔ကိုက္ၿပီး မ်က္ခုံးပင့္ျပလာတဲ့ေဂ်ာင္ကုက သူသိခဲ့တဲ့ေကာင္ေလးနဲ႔ မအပ္စပ္၊တြဲယွဥ္မရေလာက္ေအာင္ကို ကြဲျပားလြန္းသည္၊အခုလည္း စစေတြ႕ခ်င္းအေနအထားမွာပင္၊မ႐ိုးမသားစကားလုံးအခ်ိဳ႕ကိုဆိုလာသည္မွာဘယ္လိုသတၱိေတြရွိေနပါလိမ့္၊တစ္အိမ္တည္းလခ်ီေနရမဲ့ အေတြးေတြပါ ေတြးမိေတာ့ ေခါင္းကတင္းခနဲပင္။

"အခ်စ္က ဒီအလုပ္မွာအၾကာႀကီးေနမွာလား၊ဘယ္ေတာ့ အိမ္ျပန္မွာလဲ"

'ဘယ္လို! အခ်စ္'

"အင္း၊ေမာင့္အခ်စ္"

'ေမာင္!!?'

"အာ...နား၀င္ခ်ိဳလိုက္တာဗ်ာ၊ေမာင္တဲ့ မူေတာင္မေနဘူးကို"

'မင္းေနာ္၊ဆြဲထိုးမ္ိေတာ့မယ္'

"အစ္ကိုဂ်ယ္မင္းရဲ႕ညီက အခ်စ္ရဲ႕ညီဆို၊အဲ့ေတာ့ ညီေလးထက္ ပိုသာၿပီးလွတဲ့ အေခၚအေဝၚမ်ိဳးေပါ့"

'ေဂ်ာင္ကု!ငါက မင္းကစားရမဲ့သူမဟုတ္ဘူးေနာ္၊ဒီထက္ဆိုးလာရင္ သည္းခံႏိုင္မယ္မထင္ဘူး'

"အင္း၊စိတ္ခ်ပါ ခင္ဗ်ားယုံလာေအာင္ ကြၽန္ေတာ္ကခ်စ္ျပေပးမယ္၊တစ္ခုပဲ ခင္ဗ်ားမွတ္မိလား
မမွတ္မိလားမသိေပမဲ့ကြၽန္ေတာ္တို႔အခုမွပထမဆုံးေတြ႕ဖူးတာမဟုတ္ဘူးဆိုတာေတာ့က်ိန္းေသတယ္၊ကြၽန္ေတာ္သိေနခဲဲ့သေလာက္ဆိုကြၽန္ေတာ္
အသက္ဆက္ရွင္ေနခဲ့တာ ခင္ဗ်ားနဲ႔သက္ဆိုင္ေနမလားပဲ"

ေျပာၿပီးတာနဲ႔ ဖုန္းကိုဆက္သုံးေနတဲ့ ေဂ်ာင္ကုက ေသြးေအးေနႏိုင္ေပမဲ့ သူကေတာ့ မၾကားဖူးတဲ့ အေခၚအေဝၚေတြနဲ႔အတူေတြ႕ခ်င္ေနခဲ့တဲ့သူက မ်က္စိေရွ႕ကို မတူညိီတဲ့ပုံစံနဲ႔ျပန္ေရာက္လာၿပီး အထူးအဆန္းဆိုေနတဲ့စကားေတြေၾကာင့္
ဦးေႏွာက္ရဲ႕ ေတြးေခၚမႈေတြေရာ၊ရင္ခုန္သံေတြေရာမတည္ၿငိမ္ေနပါ။

'အိမ္ျပန္ရေအာင္၊မင္းနားခ်င္နားလို႔ရေအာင္ ေစာျပန္လိုက္မယ္'

"ေကာင္းၿပီေလ သြားၾကတာေပါ့"

ကြန္ဒိုကိုေရာက္ေတာ့ အခန္းတစ္ခန္းကိုရွင္းၿပီး ေဂ်ာင္ကုဖို႔ ေပးလိုက္ေတာ့ အထုတ္ျဖည္ကာ ေနရာခ်ၿပီး ေအးေဆးပင္ သူ႔အိမ္သူ႔ယာလိုေနေနသည္မို႔ ဒီေကာင္ေလး ပိုင္စိုးပိုင္နင္းဆန္သည္ကေျပာေနစရာပင္မလိုေတာ့။

'ေဂ်ာင္ကု!'

"​ေျပာေလ!"

'မင္း တကယ္ပဲ ဘာမွမမွတ္မိတာလားဟင္၊အစ္ကိုဂ်ယ္မင္းေျပာတာမင္းက လခ်ီအိမ္ကေပ်ာက္သြားခဲ့တာဆို'

"လခ်ီေပ်ာက္တာက ကြၽန္ေတာ္စီးပြားေရးဆက္မတက္ခ်င္လို႔အိမ္ကထြက္ေျပးခဲ့တာ၊ေနာက္ေတာ့ ဒီဘူဆန္ကိုလာျဖစ္တယ္ထင္တယ္...
ထမင္းလိပ္ေလးေတြနဲ႔ ငါးေပါင္မုန္႔ေလးေတြေရာင္းတာေတာ့ ေသခ်ာသိတယ္ အစ္ကို"

'ဟင္!အစ္ကို'

"အင္း၊အစ္ကို!ဘယ္လိုျဖစ္ျဖစ္ အစ္က္ိုက ကြၽန္ေတာ္ထက္ အသက္ႀကီးတယ္ေလေနာ္၊ခင္ဗ်ားဆိုတာက သိပ္႐ိုင္းလြန္းေနမွာပဲ အစ္ကို႔အျမင္မွာ၊အဲ့တာေၾကာင့္ ျပင္ၾကည့္တာပါဗ်ာ"

'ေၾသာ္!ေကာင္းတာေပါ့ အဲ့တာလည္း'

"အဲ့ဒိီအစား ကြၽန္ေတာ္ကေတာ့ ကိုယ့္ကိုကိုယ္ေမာင္လို႔ပဲသုံးမွာ၊အစ္ကိုက ကြၽန္ေတာ့္အပိုင္လို႔ သတ္မွတ္ထားမွသင့္မွာေလ"

'လုပ္ခ်င္တာလုပ္မွာပဲကို၊အခုမွသိတဲ့သူကို ဘယ္လိုေတာင္အတင့္ရဲတာလဲေနာ္'

"အဲ့တာက ဒီေမာင့္ရဲ႕ ႏွလုံးသားက အစ္ကို႔ကို ရင္ခုန္ေနမိလို႔ေပါ့ ေမာင့္အခ်စ္ရဲ႕"

'အဲ့လိုႀကီးမေခၚစမ္းနဲ႔ ေဂ်ာင္ကု'

မ်က္ေစာင္းထိုးၿပီး ႏႈတ္ခမ္းမို႔မို႔က ပြစိပြစိေျပာၿပီးသူ႔အခန္းထဲသူ၀င္သြားတဲ့အစ္ကိုကေဂ်ာင္ကုအတြက္ေတာ့ ျဖစ္ညႇစ္ခ်င္စရာေကာင္းတဲ့ ဟမ္းစတားေပါက္စေလးလိုလို။သူအစ္ကို႔ကိုကစားေနတာမဟုတ္ဘဲ တကယ္ရင္ခုန္ေနမိျခင္း
ေၾကာင့္ပင္။ဒီကိုျပန္လာခ်င္ခဲ့တဲ့ မသိစိတ္ကအေၾကာင္းဟာလည္းက်ိန္းေသ အစ္ကိုနဲ႔သက္ဆိုင္ေနတာသိေပမဲ့ ဘာေၾကာင့္ရယ္မွန္းေသခ်ာစဥ္းစားမရႏိုင္ေသးတာ အခုထိသာ။

"ကြၽန္ေတာ္ေတာ့ ႐ူးေနၿပီထင္ရဲ႕ အစ္ကိုရာ"

_-_-_-_

'ေဂ်ာင္ကု!ထေတာ့၊ဒီဟာက အစ္ကို႔ ဖုန္းနံပါတ္,,,အေရးအေၾကာင္းဆို ေခၚလိုက္ေနာ္'

"ခဏေလး၊အစ္ကို ေမာင္ပါလိုက္ခဲ့မယ္"

ခ်က္ခ်င္းပင္ အိပ္ယာေပၚက ကုန္း႐ုန္းထကာ ေရခ်ိဳးခန္းထဲ ၀င္သြားတာမို႔ အလန္႔တၾကားလုပ္တဲ့ေနရာမွာေတာ့ စေတြ႕ကတည္းက အခုထိထပ္တူပင္။သူ႔ကိုယ္သူ ေမာင္လို႔သုံးေျပာေနတာကလည္း သက္သက္လုပ္ယူေနသလိိုကိုမဟုတ္ဘဲေပါ့ေပါ့ပါးပါးကိုသုံးေနသည္မို႔ ျပင္ခိုင္းလည္း ႏႈတ္က်ိဳးေနၿပီး ျပင္ဖို႔ကမျဖစ္ႏိုင္၊ဒီေကာင္ေလးက တကယ္ေခါင္းမာၿပီးမလြယ္စိန္ေလးမို႔ သူလည္းဘာမွမျဖစ္မဲ့အတူတူ ျငင္းဆန္မေနခ်င္ပါ။ေရခ်ိဳးေနတာမို႔ ဖုန္းထိုင္သုံးၿပီး ေစာင့္ေနေတာ့မၾကာလိုက္၊အေပၚေရာေအာက္ေရာ သဘက္ကိုပတ္လာတာမွလုံေနလြန္းလို႔ခက္ေနသည္က သူ႔ကို ႏွာဘူးလို႔မ်ား ထင္ေနသည္လားမသိ။

'ေအးေဆးလဲလိုက္ဦး၊အျပင္ကပဲေစာင့္ေနေတာ့မယ္'

"ဟုတ္ၿပီ အစ္ကို"

_-_

"ၿပီးၿပီ အစ္ကို၊သြားၾကရေအာင္"

'မိုက္လိုက္တာ'

"ဘာကို"

'Tattoo ေတြေလ'

"အာ...အစ္ကိုအခုမွသိတာလား"

'အင္း၊မေန႔ကေတာ့ လက္ဖမိုးမွာျမင္မိေပမဲ့မထင္ထားဘူးေလ'

"အခုဏက အစ္ကိုျမင္ရင္တစ္မ်ိဳးျဖစ္မွာဆိုးလို႔ သဘက္နဲ႔အုပ္ထားတာ၊လက္ေမာင္းရင္းထိ အျပည့္ရွိတယ္"

'အရင္ကတည္းကရွိေနတာလား'

"ဟုတ္တယ္၊တခ်ိဳ႕ကေတာ့ အသစ္ထပ္ျဖည့္
ထားတာေတြရွိတယ္"

'ေၾသာ္'

"ၾကည့္ခ်င္လို႔လား ျပရမလား"

'အတင္းလည္းမေတာင္းဆိုေပမဲ့ မင္းသာဆႏၵရွိရင္ေပါ့ေလ'

"ရေစရမွာေပါ့၊ေမာင့္အခ်စ္အတြက္ပဲေလ"

'မင္းေနာ္'

တံေကာက္ေကြးအထိေခါက္တင္ထားတဲ့အေပၚ
ထပ္အက်ႌကိုခြၽတ္ျပလိုက္ေတာ့ မ်က္၀န္းညိဳေတြက ပိုၿပီး၀ိုင္းစက္လာသေယာင္နဲ႔သူ႔တက္တူးေတြကို ေသခ်ာၾကည့္ၿပီး လက္ညႇိဳးနဲ႔မထိတထိ
တို႔ကာသီအိုရီထုတ္ေနေသးသည္မို႔ေခါင္းလုံးလုံးေလးက ဆံပင္ေလးေတြကို စိတ္လိုလက္ရ ပြတ္သပ္မိေတာ့ေၾကာင္ၾကည့္လာျပန္သည္။

"အဲ့အၾကည့္ေတြနဲ႔ မၾကည့္နဲ႔ေလ၊ဆြဲဖက္ၿပီး နမ္းပစ္လိုက္ရအၾကမ္းနမ္းတယ္ျဖစ္ေနမယ္"

'ငါ့ကိုပဲ လိုက္ဘူးေနတဲ့ ႏွာဘူးေလး''

"အစ္ကို႔ကိုပဲ ဘူးစရာရွိတာကိုေနာ္၊ေမာင့္အခ်စ္ရဲ႕"

'အာ...အလုပ္ေနာက္က်ေနၿပီ'

အလုပ္ခ်ိန္ေနာက္က်ေနၿပီမို႔ ေဂ်ာင္ကုလက္ကိုပါ အတင္းဆြဲေခၚၿပီး အလုပ္ကိုလာေတာ့ ကားပိတ္တာနဲ႔အပါ ပုံမွန္အလုပ္တက္ခ်ိန္ထက္ နာရီ၀က္ေနာက္က်ေနသည္မို႔ အယ္လင္းက
အူေၾကာင္ေၾကာင္ၾကည့္လာသည္။

'အစ္ကိုေဆာ့ဂ်င္၊ေနာက္က်ေနတယ္ေနာ္...တစ္ခုခုမ်ားျဖစ္ေနလားဆိုၿပီးစိတ္ပူေနတာ'

'အဲ့တာက ေမာင္!အာ...ေဂ်ာင္ကုက တစ္ခါတည္းလိုက္မယ္ဆိုလို႔ ေစာင့္ေခၚေနတာေလ'

'ေၾသာ္ ေမာင္!မဟုတ္ပါဘူး အစ္ကိုေလးကလိုက္မယ္ဆိုလို႔ေပါ့'

'ရၿပီေလ အယ္လင္း၊လုပ္စရာရွိတာလုပ္ေတာ့ေလေနာ္'

"ေမာင္တဲ့ဗ်ာ"

'မင္းေနာ္!မင္းက ခဏခဏသုံးေျပာေနေတာ့ ေယာင္သြားတာ'

"မယုံပါဘူး၊ႀကိတ္ေခၚေနလားမွမသိတာ"

'ေခၚစရာလား ဆုေတာင္းေလ'

"အစ္ကို႔လက္ပတ္ေလးလား၊လွတယ္ေနာ္"

'မဟုတ္ဘူး၊မင္းမဟုတ္တဲ့မင္းရဲ႕ဟာ'

"ေမာင့္ဟာပဲေပါ့၊ဘယ္လိုလုပ္ေရာက္ေနတာလဲ အစ္ကို႔ဆီ"

'ကိုယ့္ဘာသာကိုယ္ မွတ္မိေအာင္ႀကိဳးစားေလ၊ဘာလို႔ေျပာျပရမွာလဲ'

"သိခ်င္လို႔ေပါ့၊ဒီမွာျဖစ္တဲ့ ကာလအပိုင္းအျခားေလးကိုပဲေမ့ေနတာ၊မဟုတ္လည္းကြက္ေမ့ေနတာက ကြက္ၿပီးစဥ္းစားမရတာကို"

'ငါနဲ႔ေတြ႕ခဲ့ဖူးတာကိုေမ့ေနၿပီးေတာ့ မင္းခ်စ္တယ္ဆိုတာက စိတ္ကစားေနတာပါေနာ္၊ဒီလူက ႐ုပ္ရည္႐ူပကာျပည့္စုံေနလို႔ရင္ခုန္ေနတာပဲေနမွာ'

"မဟုတ္တာက၊အစ္ကိုကေခ်ာတာမွန္ေပမဲ့ ကြၽန္ေတာ္ကေခ်ာတိုင္းရင္မခုန္ပါဘူးေနာ္"

'မင္းေျပာေတာ့လည္း မင္းစကားပါပဲေလ'

"ဒီအစ္ကိုေပါက္စေလးကေတာ့"

'ေၾသာ္၊ေမ့လို႔...ေမာင္လို႔သုံးေျပာတာက ႀကိဳက္လို႔မဟုတ္ဘူးေနာ္၊မင္းနဲ႔ျပႆနာမျဖစ္ခ်င္လို႔'

"အစ္ကိုေျပာေတာ့လည္း အစ္ကို႔စကားပါပဲေလ"

"မင္းေနာ္" ဆိုတဲ့အသံေလးကိုၾကားရျပန္တာမို႔ အဲ့အသံေလးအေပၚေတာင္ စြဲလမ္းမိေနေသးသည္။ဒီအစ္ကိုသည္အဘက္ဘက္ကေန သူ႔ကို႐ူးသြပ္ေအာင္ျပဳစားလြန္းပါသည္။

_-_

အစ္ကိုနဲ႔ ႐ုံးတက္႐ုံးဆင္းလိုက္လုပ္ေပးေနရသည္ကတစ္ပတ္ေက်ာ္ၿပီျဖစ္ေသာ္လည္း သူနဲ႔အစ္ကို႔ၾကားအေျခအေနက မတိုးတက္၊ဒီအစ္ကိုကသူ႔ကိုနည္းနည္းေလးေတာင္ရင္မခုန္တာကိုသိရေတာ့အတင္းလိုက္တြယ္ကပ္ေနသလို ျဖစ္ေနတဲ့သူကခံစားရတာအဆင္မေျပေပမဲ့လက္ေလ်ာ့
မဲ့သူမ်ိဳးမဟုတ္ဘဲ မ်က္၀န္းညိဳေတြနဲ႔လူသားကိုဂြၽန္ေဆာ့ဂ်င္ျဖစ္ေအာင္လုပ္မည့္သူသာ။

'အာ...လခ်ဳပ္စာရင္းေတြကမ်ားလိုက္တာ၊
အရင္ရက္ေတြကတည္းက လုပ္ရမွာကိုမလုပ္ျဖစ္တာနဲ႔'

"ဘာေတြလဲ အစ္ကို၊ေမာင့္ကိုျပၾကည့္"

'လုပ္ႏိုင္ပါ့မလား'

"စီးပြားေရးမွာ ေနာက္ဆုံးဘြဲ႕ရေတာ့မွာပါေနာ္၊ပါးရဲ႕ အလုပ္မွာလည္းလုပ္ဖူးတာမို႔ အသာေလးပဲ"

'သိပ္ကိုဘ၀င္ျမင့္လြန္းမေနဘူးလား'

"ဒါေပါ့၊ေမာင္ပဲေလ၊မလုပ္ႏိုင္တာဘာမွမရွိဘူး"

'လုပ္ေလ၊လုပ္ေပါ့...ငါလုံး၀ကူေပးမွာမဟုတ္ဘူး'

"Okေလ၊ဒီညအတြင္းၿပီးရင္ အစ္ကိုဘာလုပ္ေပးမလဲ"

'ငါက ဘာကိုလုပ္ေပးရမွာလဲ'

"အလကားရေရာလား၊အဖိုးအခဆိုတာရွိတယ္ေလ"

'မင္းေျပာၾကည့္'

"Date ေပး၊ခ်စ္သူေတြလို တစ္ရက္ Date ေပး"

'ဘာ!'

"နားေတာ့ကန္းေတာ့မွာပဲဗ်ာ၊အစ္ကိုမၾကားလို႔လား"

'အဲ့တာႀကီးကေတာ့ မင္းကိုငါမွမခ်စ္တာ'

"နည္းနည္းေလးေတာင္မွ မခ်စ္ဘူးလား"

'အင္း'

"ေၾသာ္၊ထားပါေတာ့...ကြၽန္ေတာ္ကေတာင္းပန္ပါတယ္"

'မဟုတ္'

"အဲ့လိုေျပာမယ္လို႔မ်ားထင္ေနတာလား၊ေမာင့္အခ်စ္ကေမာင့္ကိုမခ်စ္လည္း ခ်စ္ေအာင္လုပ္မွာေပါ့၊ဒါပဲေနာ္တစ္ရက္လိုက္မ Date ေပးရင္ Public Area မွာ အမုန္းခံၿပီးဆြဲနမ္းမွာ"

'ၿပီးေရာေလ၊မင္းၿပီးမၿပီး ေစာင့္ၾကည့္ေနမွာ'

"ဟုတ္ၿပီ၊နားေနပါေတာ့ ေမာင့္အခ်စ္"

တေနကုန္ Computer အေရွ႕ကေန တဖ၀ါးမွမခြာဘဲေသခ်ာကို ႀကိဳးစားလုပ္ေနတဲ့ ေဂ်ာင္ကုကို
ၾကည့္ၿပီးေတာ့ဒါလည္းသူေတာ္ေနတာပဲဆိုတဲ့ အေတြးနဲ႔ ၿပဳံးမိသည္ကႀကိမ္ဖန္မ်ားစြာ။ပုံမွန္အလုပ္ရႈပ္ေနၾကအခ်ိန္လုပ္စရာမရွိေတာ့ေတာ့
အိပ္ငိုက္လာသည္မို႔ ႐ုံးဆင္းခ်ိန္လည္းမေရာက္ေသးတာေၾကာင့္ ေဂ်ာင္ကုခြၽတ္ထားတဲ့ အေပၚလည္သာအက်ႌကိုသာၿခဳံၿပီး ဆိုဖာေပၚေမွးေနလိုက္သည္။

'အစ္ကိုေဆာ့ဂ်င္!အာ...အစ္ကိုေလး'

အစ္ကိုေဆာ့ဂ်င္ကို Mail ေတြေရာက္ေၾကာင္းေျပာဖို႔၀င္လာေတာ့ဆိုဖာေပၚ အိပ္ေနတဲ့အစ္ကိုေဆာ့ဂ်င္ကိုအစ္ကိုေလးကၾကည့္ေနတာက တကယ္ကို အသက္၀င္ၿပီးႏူးညံ့တဲ့မ်က္၀န္းေတြနဲ႔ပင္။အစ္ကိုေလးနဲ႔ အစ္ကိုဂ်ယ္မင္းကေတာ္
ေတာ္ကိုဆင္တူပါသည္၊အစ္ကိုဂ်ယ္မင္းကလည္း တကယ္ကို ၾကည့္ေကာင္းတဲ့ေယာက်ာ္းသားပင္။သူ(မ)အေနနဲ႔အျမင္မွာ အစ္ကိုေလးက အစ္ကိုေဆာ့ဂ်င္အေပၚ ခ်စ္ကြၽမ္း၀င္ေနတာကသိသာသည္မို႔ သူ(မ)ရဲ႕ သူေဌးအတြက္ေတာ့ စိတ္ခ်ရမည့္အေနအထားဆိုေတာ့ သူ(မ) သာဖူးစာဖက္ရွာဖို႔လိုေတာ့မည္ကို ေတြးၿပီးရယ္မိေတာ့ မ်က္လုံး၀ိုင္းေတြနဲ႔ အစ္ကိုေလးကေၾကာင္ၾကည့္လာသည္။

"ေၾသာ္...အယ္လင္း၊ေျပာစရာရွိရင္ ေျပာခဲ့ေလ၊ဒီေန႔ အစ္ကို႔အစားကြၽန္ေတာ္တာ၀န္ယူထားတာနဲ႔"

'႐ုံးဆင္းခ်ိန္ဆိုေတာ့ေလ ႐ုံးဆင္းေတာ့မဲ့အေၾကာင္းရယ္၊ေနာက္ၿပီး အစ္ကိုဂ်ယ္မင္းဆီက Mail ၀င္လာတာေတြ လာျပတာပါ'

"​ဟုတ္ၿပီ၊ကြၽန္ေတာ္ အစ္ကိုနဲ႔တိုင္ပင္ၿပီး စစ္ထားေပးပါ့မယ္၊ၿပီးေတာ့ အစ္ကိုဂ်ယ္မင္းကိုအပ္ပါတယ္"

'ဟင္'

"ကိုႀကီးနဲ႔ဖုန္းေျပာျဖစ္တယ္၊အခုထိသေဘာက်တာဘာမွန္းမသိတဲ့လူပ်ိဳႀကီးေပါက္စကအယ္လင္းက ထက္ျမက္တဲ့မိန္းကေလးမို႔ သေဘာက်တယ္တဲ့ေလ၊အယ္လင္းလည္းသေဘာက်ေနေလာက္တာမို႔ၾကားထဲကျမႇားနတ္ေမာင္၀င္
လုပ္ၾကည့္တာပါ"

'အာ၊အစ္ကိုေလးကလည္း'

"ကြၽန္ေတာ့္ကိုလည္း အစ္က္ိုေဆာ့ဂ်င္နဲ႔နီးဖို႔ ကူညီေပးပါဦး"

'အဲ့တာေတာ့ ပူမေနနဲ႔၊အစ္ကိုေဆာ့ဂ်င္က ေဂ်ာင္ကုကို တစ္လတိတိ သူေစာင့္ေနခဲ့တာ၊အယ္လင္းရဲ႕ေန႔လယ္ခင္းအလုပ္က CCTV ကိုစစ္ေနရတာေလ'

"ကြၽန္ေတာ္နဲ႔ အစ္ကိုဘယ္လိုေတြ႕ခဲ့လဲ အယ္လင္း၊ေျပာျပေပးလို႔ရမလား"

'အစ္ကိုေလးမသိဘူးလား၊သိလို႔ပဲ အစ္ကိုေလးက အစ္ကိုေဆာ့ဂ်င္အေပၚ အခုလို ျပဳမူေနတာမဟုတ္ဘူးလားဟင္'

"အရင္က အစ္ကိုနဲ႔အျဖစ္အပ်က္ကိုမသိတာပါ၊အခုေန အျပဳအမူေတြကလည္း ပထမဆုံးေတြ႕တဲ့အခ်ိန္မွာတင္အစ္ကို႔ကို ရင္ခုန္မိသြားတာမို႔လို႔ေလ"

'အာ၊ဆန္းၾကယ္တာပဲ..အယ္လင္းထက္ အစ္ကိုေဆာ့ဂ်င္ကိုေခ်ာ့ေမးရင္ေမးၾကည့္လိုက္၊အယ္လင္းကက်ေျပာျပရင္အစ္က္ိုေဆာ့ဂ်င္ေျပာျပတဲ့အခါက်အစ္ကိုေလးရင္ခုန္စရာဘယ္ေကာင္းမလဲေနာ္၊Fighting!အစ္ကိုေလး။'

"အယ္လင္း၊ေၾသာ္ တန္းေျပးသြားတာက၊သူေဌးေရာ၀န္ထမ္းေရာမလွိမ့္တပတ္လုပ္တာတစ္ေထရာတည္းပဲ"

'အကုန္ၾကားတယ္ေနာ္'

"ၾကားၾကားေပါ့၊အက်င့္ကိုမေကာင္းတာ"

'ၿပီးၿပီလား အလုပ္က'

"ၿပီးၿပီ၊ကိုႀကီးဆီက Mail ေတြ စစ္ဖို႔ပဲလိုေတာ့တယ္"

'တကယ္ၿပီးသြားတာပဲ၊ေက်းဇူးပါ ေဂ်ာင္ကု။အမ်ားႀကီးေက်းဇူးတင္တယ္'

"ရပါတယ္၊ေမာင့္အခ်စ္အတြက္ပဲ"

'အဲ့တာဆို ငါကတိတည္ရမဲ့အလွည့္ေပါ့၊ဘယ္သြားမလဲ'

"ေစ်း၀ယ္ထြက္မယ္၊ေနာက္ၿပီးအိမ္မွာပဲဟင္းခ်က္စားၾကတာေပါ့၊ညပိုင္းက်အိမ္မွာပဲ႐ုပ္ရွင္ၾကည့္မယ္ေလ"

'မိုက္တယ္၊အျပင္ေတြ ေလွ်ာက္မသြားခ်င္တာနဲ႔ အေတာ္ပဲ'

"အဲ့တာဆို အခုသြားၾကတာေပါ့"

အစ္ကို႔လက္ကိုကိုင္လိုက္ေတာ့ေၾကာင္ၾကည့္လာေတာ့ခ်စ္သူေတြလိုေလလို႔ႏႈတ္ခမ္းလႈပ္႐ုံမွ်ေျပာေတာ့ခ်က္ခ်င္းပင္လက္ကိုျပန္လည္ဆုပ္
ကိုင္လာၿပီးသြားၾကရေအာင္ဟုဆ္ိုလာသည္မို႔ Market ကိုသာ အရင္ဆုံးထြက္လာလိုက္မိသည္။Market ေရာက္ေတာ့ ပင္လယ္စာတန္းကိုအရင္
သြားၿပီး ပင္လယ္စာ၀ယ္ေတာ့ ပုစြန္အေကာင္ႀကီးေတြကိုသာစိတ္ႀကိဳက္ေ႐ြးထည့္ေနတဲ့အျပင္သူ႔ကိုပါ ပုစြန္နဲ႔လာေျခာက္ေနသည့္အစ္ကို။

'ေမာင္ ဒိကိုၾကည့္၊ဒီပန္းသီးက ရဲေနတာပဲ'

သူကသာ ႐ုတ္တရက္ ေမာင္လို႔ စိတ္လိုလက္ရအေခၚခံရတာမို႔အံ့ၾသေနေပမဲ့အစ္ကိုကေတာ့အာ႐ုံရပုံမရွိ၊ပန္းသီးေတြကိုတစ္လုံးၿပီးတစ္လုံး
ေကာက္ကိုင္ၿပီး ပါးမွာကပ္ကာ ဘယ္အလုံးကပိုႀကီးပိုလွလဲဆိုၿပီးတတြတ္တြတ္ေ႐ြးခိုင္းေနေသးသည္မို႔ အလုံးလွလွေလးေတြပဲေ႐ြးကာလိုက္
ထည့္ရေသးသည္။Market တစ္ခုလုံး ကို၆ပတ္ေလာက္ပတ္ၿပီးေတာ့စိတ္္တိုင္းက်သြားသည့္ဟန္နဲ႔ပင္။

'ျပန္ၾကမယ္၊မုန္႔ေတြလည္းအမ်ားႀကီးပါလာၿပီ'

"ျပန္ၾကမယ္ေလ"

'ကုန္းပိုးသြားပါလား'

"ဘာလို႔"

'ေအာ္ေဟာ...မင္းပဲခ်စ္တယ္ဆို'

"ဟုတ္ပါၿပီ၊တက္ေလ"

႐ုတ္တရက္ႀကီးကုန္းပိုးလိုက္တာမို႔ အထုတ္ေတြကို အစ္ကိုကကိုင္ေပးထားသည္။လူေတြ၀ိုင္းၾကည့္ေနၾကေပမဲ့ သူသိတဲ့တစ္ခုတည္းေသာအာ႐ုံက အစ္ကိုေပ်ာ္ဖို႔သာ။ကားထဲခ်ေပးေတာ့ ခါးပတ္ပတ္ၿပီးတန္းအိပ္သည္မို႔ ကားလည္းမင္းေမာင္းေတာ့ဆိုတဲ့ သ​ေဘာသာ။

"အစ္ကို၊ထေတာ့...အိမ္ေရာက္ၿပီ"

'အာ၊အတည္အိပ္ေပ်ာ္သြားတာပဲ'

"မသိရင္ အလုပ္လုပ္ရတာအစ္ကိုက်ေနေရာပဲ"

'အဲ့ေတာ့ ၿငိဳျငင္ခ်င္တာလား'

"မၿငိဳျငင္ပါဘူးဗ်ာ၊ထပ္ၿပီး ခ်ီေခၚသြားရဦးမွာလား"

'ရတယ္၊ကိုယ့္ဘာသာကိုယ္သြားမယ္'

_-_

'မင္းက ဘာအရင္စားမလဲ၊ဘာခ်က္လိုက္ရမလဲ'

"အစ္ကိုစားခ်င္တာစားေလ"

'မင္းကိုေမးေနတာကို'

"အစ္ကိုခ်က္တာဘာကိုမဆိုေပါ့၊အကုန္စားတယ္အစ္ကို႔ကိုလည္း မခ်န္ခ်င္ပါဘူး"

'ညစ္တီးညစ္ပတ္ကစျပန္ၿပီ၊မင္းေနာ္'

"အစ္ကို အဆင္ေျပတာခ်က္လိုက္၊႐ုပ္ရွင္ကားေကာင္းေကာင္းေလး ရွာၿပီးေစာင့္ေနမယ္"

'အိုေကေလ'

Series ေကာင္းေကာင္းေလးေတြ ရွာေနတုန္း Romance Series ေကာင္းေကာင္းေလးေတြပဲေတြ႕ေနတာမို႔ ဘယ္လိုဇာတ္လမ္းပဲျဖစ္ျဖစ္ ဖြင့္ထားၿပီးသာ ကိုႀကီး ပို႔ထားတဲ့ Gmail နဲ႔ အလုပ္ေတြကိုလက္စသတ္ေနလိုက္ေတာ့ မၾကာလိုက္။ေႂကြဇလုံအႀကီးႀကီးကိုင္ၿပီး လာခ်တာမို႔ ၾကည့္ေတာ့ပင္လယ္စာအစုံနဲ႔ ေခါက္ဆြဲျပဳတ္သာ။အသင့္စားမဟုတ္ဘဲအိမ္ကလက္လုပ္ေခါက္ဆြဲကို အရသာေသခ်ာထည့္ထားသည္မို႔ အနံ႔နဲ႔တင္အရသာကသိရသည္။ေနာက္မွ ဘယ္ကတည္း
ကရွိေနမွန္းမသိတဲ့ ဘီယာဗူးေတြထုတ္ၿပီး ေရာက္ခ်လာတဲ့အစ္ကို။

'အာ...ဒီ Series ကို ငါသိတယ္၊ေကာင္ေလးက ေခါက္ဆြဲစားေနရင္းနဲ႔ ေကာင္မေလးႏႈတ္ခမ္းက ေခါက္ဆြဲဖက္အေသးေလးကို စားသလိုနဲ႔ေကာင္မေလးကိုစားလိုက္တာေလ'

"အဟြတ္၊အစ္ကိုရာဘယ္လိုေတာင္ေျပာေနတာလဲ"

'သိတာေျပာျပတာပါ'

"အစပ္ေတြသီးကုန္ၿပီ"

'ေဆာရီးပါ၊ဘယ္လိုလဲငါ့လက္ရာေကာင္းတယ္မလား'

"က်ိန္းေသေပါက္ေပါ့"

'သိပါတယ္၊ဒီေလာက္ကေတာ့ အသာေလးေလ'

ဘီယာလည္းေသာက္ရင္း ႐ုပ္ရွင္ကိုလည္း ပြစိပြစိလုပ္ေနေသးတဲ့ အစ္ကိုက ဘီယာ ၄ ဗူးေလာက္ ကုန္လာတဲ့အခိုက္အတန္႔မွာေရခ်ိန္ေတာ္ေတာ္ကိုက္ေနသည့္ဟန္။

'ၾကည့္ေန၊သူေနာက္နည္းနည္းဆိုနမ္းေတာ့မွာ'

"သူတို႔ဘာသာသူတို႔နမ္းတာပဲ"

'မင္းႏႈတ္ခမ္းေအာက္ကမွဲ႔ေလးက ခ်စ္ဖို႔ေကာင္းတယ္၊ႏွာတံလုံးလုံးေလးေပၚက မွဲ႔ေလးေရာ၊ေနာက္ၿပီး ဒီလည္ပင္းက မွဲ႔ေလးေရာ အကုန္လုံးကခ်စ္စရာေလးေတြ'

"အစ္ကို မူးေနၿပီ"

'မေကာင္းလိုက္တာ၊မင္းမို႔လို႔ ငါ့ကိုေမ့ရက္တာေနာ္၊ငါသိခဲ့ေဂ်ာင္ကုကတအားလိမၼာတဲ့ေကာင္ေလးေလ'

"အဲ့တာကလည္း ေမာင္ပဲမဟုတ္ဘူးလား"

'အင္း၊မင္းပဲ ဒါေပမဲ့ မင္းက ငါသေဘာက်တဲ့သူမဟုတ္ဘူး'

"ေၾသာ္"

'နမ္းခ်င္လား၊မင္းခဏခဏေျပာသလိုေလ'

"မူးေနၿပီဆို အိပ္လိုက္ေတာ့ အစ္ကို၊ေမာင္တို႔ၾကားမလိုလားအပ္တဲ့ျပႆနာေတြအထင္လြဲမႈေတြ မရွိေစခ်င္ဘူး"

'ငါကရွိေစခ်င္တယ္ဆိုရင္ေရာ၊မင္းက ဘာလို႔ ငါသေဘာက်တဲ့ပုံစံမျဖစ္ရတာလား၊အဲ့တာက ငါ့ကိုစိတ္ရႈပ္ေစေပမဲ့ ငါေတာ့ မင္းကို'

"ေတာ္ၿပီေလ၊မူးေနရင္ ဆက္မေျပာရေအာင္ေလ၊အြန္းမ္"

'ရႉး၊ခဏတာေလာက္ မင္းတိတ္တိတ္ေနေပး ေမာင္၊ငါကငါ့ရင္ခုန္သံေတြကိုစမ္းသပ္မွာမို႔'

ခ်က္ခ်င္းပင္လည္ပင္းကိုသိုင္းဖက္ကာႏႈတ္ခမ္း
ပါးေတြကိုနမ္းရႈိက္မိစဥ္မွာ သူ႔အေနနဲ႔သိခဲ့တာက သူခ်စ္တာ ေဂ်ာင္ကုကိုသာ။ေဂ်ာင္ကုရဲ႕ အမူအက်င့္ေတြ မတူသည့္တိုင္ေအာင္၊႐ိုးက်ိဳးျခင္းေတြ မရွိသည့္တိုင္ေအာင္ သူဟာ သူ႔ေရွ႕မွာရွိေနတဲ့ေဂ်ာင္ကုအေပၚကိုပဲ ဟိုးအစကတည္းက ရင္ခုန္သက္၀င္ေနခဲ့တာပင္။အရႈပ္ေတြရွင္းၿပီးရင္ မင္းကို ငါ့ဘက္ကစဖြင့္ေျပာပါ့မယ္၊မင္းနဲ႔ေတြ႕ၿပီးမွ ငါကအခ်စ္ဆိုတာကိုစတင္ၿပီးသိႏိုင္ခဲ့တာမို႔
ဂြၽန္ေဂ်ာင္ကုဆိုတဲ့မင္းကငါ့အခ်စ္ဦးဆိုတာကိုေရာေပါ့။

'သြားအိပ္ေတာ့မယ္၊မင္းလည္းေကာင္းေကာင္းအိပ္ ငါ့ေကာင္ေလး'

"ငါ့ေကာင္ေလး?"

အစ္ကိုကသူ႔အေပၚ တကယ္ပဲ စိတ္၀င္စားေနခဲ့ၿပီလား။ပထမဆုံးတယုတယနမ္းရႈိက္မိခဲ့တဲ့ ႏႈတ္ခမ္းသားထူထူက႐ူးသြပ္ဖို႔လုံေလာက္စြာ။ဒါေတြက အမွတ္တမဲ့မျဖစ္ဖို႔ေမွ်ာ္လင့္ရင္း ကြၽန္ေတာ္ဒီညလည္းအိပ္လို႔ေပ်ာ္ေတာ့မယ္
မထင္ပါဘူး။

_-_-_-_

အဲ့ေန႔ညၿပီးသြားတဲ့ေနာက္ပိုင္းပုံမွန္အေနအထားနဲ႔သာဆက္ဆံခဲ့တဲ့ သူတို႔ႏွစ္ေယာက္ကေအးတိ ေအးစက္မဆန္တဲ့အေနအထားနဲ႔ေနလာသည္မွာ တစ္လတင္းတင္းျပည့္ခါနီးပင္။ဒီေန႔ကိုႀကီးျပန္လာမွာမို႔ ဒီအပတ္ၿပီးရင္ သူလည္း ကိုႀကီးနဲ႔အတူ အိမ္ကိုျပန္ရမွာမို႔ အစ္ကိုနဲ႔ Date ခ်င္တဲ့အေၾကာင္းက္ိုေျပာျပဖို႔ အခြင့္အေရးကိုေစာင့္ေနမိတာက မနက္ကတည္းက စိတ္နဲ႔လူပါ မကပ္ႏိုင္။

'ေဂ်ာင္ကု၊အစ္ကိုဂ်ယ္မင္းေျပာတယ္...ဦးေလးနဲ႔ တိုင္ပင္ၿပီး Showroom ေလးဖြင့္မယ္ဆို'

"ဟုတ္တယ္ အစ္ကို"

'ဘာလို႔မေျပာျပတာလဲ'

"ေျပာျပဖို႔ပါပဲ၊တစ္ရက္ေလာက္ျဖစ္ျဖစ္အစ္ကိုနဲ႔ Date ၿပီးေတာ့ေပါ့။"

'ဘယ္ကို Date ၾကမလဲ'

"တကယ္လား"

'လိမ္ေနတယ္ထင္လို႔လား'

"တကယ္လိုက္ေရာေပးတယ္ေပါ့"

'အင္း၊ဒီအပတ္ထဲ ျဖစ္ျဖစ္သြားၾကတာေပါ့၊ေနာက္အပတ္ဆိုဂ်ပန္ဘက္ကိုသြားစရာရွိတာမို႔လို႔ေလ'

"ေၾသာ္၊ၾကာမွာလား"

'ေစ့စပ္ဖို႔သြားရမွာပါ၊မင္းသိေလာက္ပါတယ္ Yutori နဲ႔'

"Yutori?ဂ်ပန္က Model မလား"

'အင္း၊သူနဲ႔ မိဘေတြ သေဘာတူထားတာၾကာၿပီ။Yutori ကလည္း တကယ္ေခ်ာတဲ့မိန္းကေလးေလ'

"အစ္ကိုသူ႔ကိုစိတ္၀င္စားတယ္ေပါ့"

'အဲ့လိုေျပာရမလား၊ငါကသူ႔ထက္ ခ်စ္ဖို႔ေကာင္းတဲ့သူကို ေတြ႕ထားၿပီးသားေလ၊သူနဲ႔ပြဲကိုလည္းဖ်က္ဖို႔က က်ိန္းေသေပါက္ပါပဲ'

"အစ္ကိုလည္းဘာလို႔မေျပာျပတာလဲ"

'မင္းသိေနဖို႔မလိုဘူးထင္လို႔ပါ၊ၿပီးေတာ့မင္းရဲ႕ Showroom ဖြင့္ပြဲကိုမလာႏိုင္ခဲ့ရင္ေတာင္းပန္ပါတယ္'

"ေၾသာ္၊ရပါတယ္.ထားပါ။ဒါဆို Date မဲ့အစီအစဥ္ကိုဖ်က္လိုက္တာေပါ့၊ဒါကဒီတိုင္းစေနာက္ၿပီး ေျပာလိုက္တာမို႔ေလ"

'ငါက သြားမယ္ေျပာၿပီးၿပီေလ'

"ရတယ္ဆိုေန!"

'ၿပီးတာပဲေလ၊ၿပီးေတာ့ ဒါက မင္းလက္ပတ္ေလးေလ၊ငါဆက္သိမ္းထားဖို႔လိုေတာ့မယ္မထင္လို႔'

"ေမာင့္လက္ပတ္ေလးပဲ"

'အင္း၊ငါတို႔စေတြ႕တဲ့ေန႔ကေကာက္ရထားတာ'

အစ္ကိုေျပာမွလက္ပတ္ေလးကိုကိုင္ၾကည့္ရင္း
အေႏွးျပကြက္ေတြလိုေပၚလာတဲ့ပုံရိပ္ေတြမွာ သူနဲ႔အစ္ကိုကမတူညီတဲ့အေနအထားႏွစ္ခု။ပထမဆုံးအႀကိမ္ေတြ႕ခဲ့တဲ့အမွတ္မထင္အေျခအေနမွာတင္သူကအစ္ကို႔အေပၚခံစားခ်က္ေတြရွိခဲ့သည္
ပဲ။တရိပ္ရိပ္ကိုက္လာတဲ့ေခါင္းကသူ႔ခႏၶာကိုယ္ေတာင္မထိန္းႏိုင္ဘဲအေရွ႕ကအစ္ကို႔ကိုျမင္ရတဲ့ ပုံရိပ္ေတြ၀ါးသည္အထိဟန္ခ်က္ပ်က္ေစသည္။နံရံကို မွီၿပီးထိုင္ခ်လိုက္ေတာ့စိုးရိမ္တႀကီး​ေခၚေနတဲ့အစ္ကို႔အသံကိုၾကားေနရေပမဲ့သိစိတ္မွာေလာကႀကီးဟာေမွာင္မိုက္ျခင္းနဲ႔ဆိတ္သုဥ္းျခင္းအတိ။

_-_-_-_

ေဂ်ာင္ကုသတိလစ္သြားေတာ့အစ္ကိုဂ်ယ္မင္းကိုအက်ိဳးအေၾကာင္းစာပို႔ထားတာမို႔ ေလဆိပ္ကဆင္းတာနဲ႔ေဆး႐ုံကိုတန္းေရာက္သည့္ အစ္က္ိုဂ်ယ္မင္းကညီကိုေတာ္ေတာ္ခ်စ္တဲ့အစ္ကိုမ်ိဳးပင္။အစ္ကိုဂ်ယ္မင္းေရာက္လာေတာ့အေၾကာင္းစုံ
ေျပာျပေတာ့ ဘာမွမေျပာဘဲ အရာအားလုံးက
ညီညီ့သေဘာဆိုတာသာ။Yurito ဘက္ကလည္း အေရးႀကီး အေျခအေနမွာတစ္ရက္ေက်ာ္တဲ့ အထိ သတိမလည္ေသးတဲ့ေဂ်ာင္ကုေၾကာင့္ ဘာလုပ္ရမွန္းသိမေနပါ၊အခုေနမွာYuritoဆီကို
သြားမွျဖစ္မွာမို႔ သြားရမွာပင္။

'ေဆာ့ဂ်င္ကအခုခ်က္ခ်င္း သြားမွျဖစ္မွာလား၊
ညီညီကသတိမလည္ေသးတာကိုအကယ္၍
သတိလည္လာလို႔ ေဆာ့ဂ်င္မရွိရင္ေရာ'

'သူအဆင္ေျပမွာပါ၊အခုနာရီပိုင္းအတြင္း စီစဥ္လိုက္ရတာလည္း Yurito အေမရဲ႕က်န္းမာေရးေၾကာင့္ပါ။Date ဖို႔ကတိမတည္ႏိုင္ခဲ့တဲ့အတြက္ေတာင္းပန္ပါတယ္ေျပာေပးပါ အစ္ကိုဂ်ယ္မင္း'

'ရပါတယ္၊ဂ႐ုစိုက္သြားပါ ေဆာ့ဂ်င္'

'ေဂ်ာင္ကုကို ဂ႐ုစိုက္ေပးပါေနာ္'

"ခဏေလးအစ္ကို!ေမာင္ကေမာင္မသိတဲ့အတိတ္မွာေရာ၊သိေနတဲ့လက္ရွိမွာေရာ အစ္ကို႔ဆီကိုပဲ လွမ္းလာၿပီး အစ္ကိုတစ္ေယာက္တည္းကိုၾကည့္ခဲ့တာ၊အခုေတာ့ အစ္ကိုထြက္သြားတာနဲ႔ ေမာင္က အစ္ကိုျဖစ္ခဲ့တာမို႔ အစ္ကို႔ကို မရွိခဲ့တဲ့သူလိုသေဘာထားလိုက္မွာမဟုတ္တာ သိထားပါ"

'ငါ့အေပၚမင္းခံစားခ်က္ေတြကိုအတင္းလုပ္မယူေစခ်င္ပါဘူး။ငါလည္းမင္းအေပၚ ခံစားခ်က္ေတြကို လုပ္ယူခဲ့တာမရွိခဲ့ဘဲငါကမင္းကိုအနားလည္ႏိုင္ဆုံး"မင္း"ျဖစ္ခဲ့တယ္ ေမာင္'

'ေဆာ့ဂ်င္'

"ထားလိုက္၊ကိုႀကီး...အစ္ကိုသြားခ်င္တာသြားပါေစ"

"ျပန္ၿပီးမဆုံစည္းႏိုင္ရေအာင္ေမာင္တို႔က
ၿပိဳင္မ်ဥ္းေတြမွမဟုတ္ဘဲကို၊ဟိုမွာအစစ
အရာရာဂ႐ုစိုက္ပါ...ခ်စ္တယ္ ေမာင့္အခ်စ္။"

_-_-_-_

တစ္လေက်ာ္ဆိုတဲ့အခ်ိန္မွာ လုပ္ငန္းကိစၥကလြဲအဆက္အသြယ္မရွိတဲ့သူနဲ႔အစ္ကိုရဲ႕အေျခအေနက စိမ္းသက္သက္။သူ႔တုန္းကေရာ ဘယ္ဆီေရာက္ေနမွန္းေတာင္မသိတဲ့လူတစ္ေယာက္ကို လခ်ီအစ္ကိုဘယ္လိုမ်ားေစာင့္ေနခဲ့လဲဆိုတာေတြးမိေတာ့ အစ္ကို သူ႔ကိုခ်စ္ခဲ့တဲ့ အခ်စ္က သူနားမလည္ႏိုင္စြာ။Yurito နဲ႔ အစ္ကိုရဲ႕ သတင္းကေတာ့ Yurito ကလည္း ဂ်ပန္ႏိုင္ငံသားခ်စ္ရသူရွိေနတာမို႔ အစ္ကို႔အစား တျခားအမ်ိဳးသားနဲ႔ ေစ့စပ္လိုက္တာသိရသည္။ခက္တာက ဂ်ပန္ကိုဘာကို မက္ေနမွန္းမသိတဲ့အစ္ကိုက သူ႔ကို တကယ္မင္းေစာင့္ႏိုင္ရင္ ေစာင့္ေနေပါ့ဆိုတဲ့
သေဘာနဲ႔ပင္။

"မိန္းမရွာယူပစ္ရင္လည္း ဂြၽန္ေဆာ့ဂ်င္တို႔က
မႈမယ္မထင္ဘူး၊ဂ်ပန္က ေကာင္မေလးေတြနဲ႔မ်ား ၿငိသြားေနတာလား၊ငါက လက္မေလ်ာ့ဘူးဆ္ိုတာေတာင္တကယ္အသည္းမာသြားတာလား"

'ေမာင္!'

"ဘယ္ကအသံထြက္လာတာလဲ"

'ကိုႀကီးပါ၊စၿပီးေခၚၾကည့္တာ'

"မဟုတ္ပါဘူး၊အစ္ကို႔အသံပါ"

'မင္းအစ္ကိုကဂ်ပန္မွာေလ၊ဒီ USB ေလးကိုေလ
အစည္းအေဝးခန္းက Projector မွာသြားစစ္ေပးပါလား။အိမ္ရဲ႕ပုံၾကမ္းက အေရးႀကီီးလို႔ေလ'

"အသည္းကြဲေနတဲ့ ညီရဲ႕ Showroom ကိုကူမယ္မရွိဘူး၊သူ႔အလုပ္ခ်ည္းပဲ ခိုင္းေနေတာ့တာပဲ"

'ညီညီီေနာ္၊မင္းပဲ ေဆာ့ဂ်င္နဲ႔ ဖုန္းေျပာရင္ Speaker ဖြင့္ေပးရင္ ခိုင္းသမွ်လုပ္မယ္ဆိုၿပီး ေနာက္ၿပီးေဆာ့ဂ်င္နဲ႔'

"လုပ္ေပးမယ္၊လုပ္ေပးမယ္ ေတာ္ပါေတာ့ ရွက္စရာႀကီး"

USB ကို ယူၿပီး အစည္းအေဝးခန္းက Projector မွာ ထိုးၾကည့္ေတာ့ ေတာ္႐ုံနဲ႔ ဘာမွေပၚမလာတာမို႔ ျပန္ထုတ္ဖို႔ျပင္ေတာ့မွ Projector မွာေပၚလာတဲ့ သူ႔ရဲ႕အစ္ကိုနဲ႔တူတူေနတုန္းက ႐ိုက္ထားမွန္းေတာင္မသိခဲ့တဲ့ သူ႔ရဲ႕ပုံရိပ္တခ်ိဳ႕နဲ႔ အစ္ကို႔ဆီက ေမာင္လို႔ေခၚလာတဲ့အသံခ်ိဳခ်ိဳ။

'ေမာင္!'

"အစ္ကို၊တကယ္ပဲ အစ္ကိုလား"

'မဟုတ္ဘူး၊ေမာင့္အခ်စ္'

"တကယ္ပဲ အစ္္ကိုကို"

'ဒီကိုလာပါဦး၊တက္တူးေတြနဲ႔ကေလးဆိုးဆိုးေနတဲ့ လူဆိုးေလး ငါ့ေကာင္ေလးကိုဖက္ထားခ်င္လို႔'

"ေမာင္အမ်ားႀကီးလြမ္းေနခဲ့တာသိလား၊ဂြၽန္ေဆာ့ဂ်င္ရဲ႕"

'သိတာေပါ့၊သိလို႔ပဲ ေမာင္ထပ္ၿပီး လွမ္းလာစရာမလိုေအာင္အစ္္ကိုကေမာင့္ဆီလာခဲ့တာ'

"ေမာင္က အစ္ကို႔ကိုသိပ္ခ်စ္တာ ေမာင့္အခ်စ္ရဲ႕"

'ဒီၾကားထဲ ထားသြားခဲ့မိတဲ့အတြက္ ေတာင္းပန္ပါတယ္၊မင္းကို ႏွစ္ဆတိုးခ်စ္ႏိုင္ဖို႔ လုပ္စရာေတြမ်ားေနခဲ့တာ'

"အဲ့တာေတြကို နားလည္ၿပီးသားပါ၊လက္တြန္းလွည္းနဲ႔ ထမင္းလိပ္ေရာင္းတဲ့ ေကာင္ေလးက သူေဌးေလးကိုခ်စ္ခဲ့မိတာကို"

'အခုေတာ့ အဲ့ေကာင္ေလးက သူေဌးေပါက္စေလးပါေနာ္။ခ်စ္တယ္ ဂြၽန္ေဂ်ာင္ကု၊ေမာင့္ကို ဒီကအစ္ကိုကင္မ္ေဆာ့ဂ်င္က တျမတ္တႏိုးနဲ႔ကိုခ်စ္ရပါတယ္လို႔'

"ဒါက အစ္ကို႔ရဲ႕ရွက္တာေပါ့ေလ"

'မေျပာဖူးတာေတြေျပာေနရတာကို'

"ခ်စ္စရာေလးပါဗ်ာ ေမာင့္အခ်စ္က"

မဲေမွာင္ေနတဲ့ဆံႏြယ္ေပ်ာ့ေပ်ာ့တို႔၀ဲက်ကာခပ္အုပ္အုပ္ဖုံးေနတဲ့အစ္ကို႔ရဲ႕နဖူးျပင္ကိုနမ္းၿပီးေရေျမအေျပာင္းအလဲမွာျပန္ျဖစ္လာတဲ့ပါးမို႔မို႔ေလးေတြကိုနမ္းေတာ့ရဲတက္လာတဲ့ပါးမို႔မို႔နီနီေလးေတြကို လက္နဲ႔အုပ္ကာ အစ္ကိုက သူ႔မ်က္လုံးေတြကိုၾကည့္ေစၿပီးခပ္တိုးတိုးစကားကိုဆိုလာသည္။

'ေမာင္နဲ႔ မခြဲခင္က အစ္ကိုေျပာခဲ့တာမွတ္မိလား၊ငါကမင္းကိုအနားလည္ဆုံး'မင္း'ျဖစ္ခဲ့တယ္ဆိုတာေလ၊လူေတြမွာ ေဘးလူေတြထက္ကိုယ့္ကိုယ္ကိုယ္ ပိုအနားလည္ႏိုင္ဆုံးနဲ႔ကိုယ္ကသာ
လွ်င္ ကိုယ့္အတြက္အေကာင္းဆုံး အေဖာ္မြန္မို႔
အစ္ကိုကမင္းက္ိုအနားလည္ဆုံး'မင္း'ျဖစ္ခဲ့တယ္ဆိုတာအစ္ကိုက ေမာင္နဲ႔ အၿမဲတစ္သားတည္း
ျဖစ္ေနမဲ့ ေမာင့္ရဲ႕ မူပိုင္ဆိုတာကို ေျပာျပခ်င္ခဲ့
႐ုံပါ'

"ေမာင္ကလည္း အစ္ကိုျဖစ္ခဲ့တယ္ဆိုတာ တစ္ဘ၀စာလုံးအတြက္သတ္မွတ္ထားတဲ့ခ်စ္ရသူအျဖစ္ အစ္ကိုယုံၾကည္ႏိုင္ဖို႔ ေမာင္က ခပ္ဆိုးဆိုးေကာင္ေလးျဖစ္ေနပါေစ၊႐ိုးက်ိဳးေနတဲ့ေကာင္ေလးျဖစ္ေနပါေစ အစ္ကိုျဖစ္ေစခ်င္တဲ့ပုံစံကိုပဲႀကိဳးစားခဲ့တာမို႔အစ္ကိုနဲ႔ေတြ႕မွ ျပည့္စုံခဲ့တဲ့ ျပည့္စုံျခင္းတခ်ိဳ႕ကို ေမာင့္လိုပဲ အစ္ကိုကို ခံစားရေစခ်င္လို႔ အၿမဲႀကိဳးစားေနခဲ့တဲ့အထိ ေမာင့္ရဲ႕ စိတ္အစဥ္ကို အစ္ကိုပိုင္တဲ့အထိေမာင္ရဲ႕အရာရာကအစ္ကိုျဖစ္ခဲ့တယ္ဆိုတာေရာယုံတယ္မလား"

"ေမာင္ဆိုတဲ့ ဂြၽန္ေဂ်ာင္ကုသာျဖစ္ေနခဲ့ရင္ေပါ့၊
အရာအားလုံးထက္ပိုယုံၾကည္တယ္"

'ခ်စ္တယ္၊ေမာင့္အခ်စ္...
ေမာင့္ရဲ႕ဂြၽန္ေဆာ့ဂ်င္ေလး'

ေလးနက္တဲ့ခ်စ္ျခင္းေတြ၊ယုံၾကည္မႈေတြနဲ႔နားလည္မႈေတြကခ်စ္ျခင္းတစ္ခုခိုင္ၿမဲျခင္း၊
မခိုင္ၿမဲျခင္းရဲ႕ အဓိကျပ႐ုပ္ေတြပဲမို႔ေမာင္နဲ႔အစ္ကိုက ဒီအရာေတြအျပည့္အ၀ရွိခဲ့တာမို႔ ေမာင္ကလည္း အစ္ကို႔အတြက္သာျဖစ္သလို၊အစ္ကိုကလည္း ေမာင့္အတြက္သာ။

_-_-_-_

{ Me After You } By Yeong_May

For Clover Project.

Aug လကတည္းက ၿပီးထားတဲ့စာမူေလးမလို႔တျခား Update ေတြ ေပးဖို႔ မလြယ္ေသးတဲ့အေျခအေနေတြေၾကာင့္တင္ေပးျဖစ္တာပါ။မၾကာခင္မွာMTF ေလးရဲ့ Update ေလးနဲ႔ ျပန္လာခဲ့ပါ့မယ္။

3/11/22 {Have a Good Day 🖇️}

Continue Reading

You'll Also Like

274K 17.4K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...
104K 9.2K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
800K 29.8K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
211K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...