Unicode
တောက်ပစွာဖြာကျနေတဲ့ နေရောင်ခြည်ဟာ မျက်နှာနုနုပေါ်တွင် လှပစွာ အရိပ်ထင်နေသည်။ တစ်ညလုံး ကျဉ်းကျဉ်းကျပ်ကျပ်အိပ်နေရပေမယ့် အခုတော့ အလွန်တစ်ရာကို သက်တောင့်သက်သာရှိလှသည်။
"ဟင်"
Jungwonက ကိုယ့်မျက်စိကို မယုံနိုင်လောက်အောင်ဖြစ်နေသည်။ သူအခုအိပ်ရာပေါ်ရောက်နေတယ်။ ဒါမယ့် သူညက ဆိုဖာပေါ်မှာအိပ်နေခဲ့တာ။
ဒါဆိုရင် ဒါဆိုရင် မင်းသားက သူ့ကို ရွှေ့ပေးခဲ့ပုံပါပဲ။
သာမာန်လူဆို ဒီလိုဖြစ်ပျက်နေမှာမဟုတ်ပေမယ့်
အခု တော်၀င်မင်းသားတစ်ပါးက သူ့အား ချီပိုးပြီး အိပ်ရာပေါ်သို့တင်ပေးခဲ့တယ်ဆိုတဲ့အချက်ကြောင့်
Jungwonကို မျက်လုံးပြူးစေသည်။
မင်းသားဟာ စတွေ့ထဲကထူးဆန်းလွန်းလှပါဘိ။
အရင်က ကြားခဲ့ဖူးတဲ့ မင်းသားရဲ့အကြောင်းတွေက ဒီလိုမှမဟုတ်တာ။
"Mr.Won နိုးနေရင်လည်း ထသင့်ပြီမဟုတ်လား"
"အာ...ကျွန်တော်တောင်းပန်ပါတယ် အရှင်"
Jungwonက ထိုသို့ပြောတော့ Jayက ပြုံးတယ်ဆိုရုံလောက်ပြုံးသည်။
"ကိုယ်ကစနေတာပါ မင်းအိမ်ပဲ လွတ်လွတ်လပ်လပ် အိပ်ပေါ့"
"မဟုတ်တာ...အရှင်ရှိနေတာကို"
"ကိုယ်? ကိုယ်ကအဆင်ပြေပါတယ် ပြီးတော့ တလေးတစားမဆက်ဆံလဲရတယ် အခုကိုယ့်မှာ ဘာဂုဏ်ပုဒ်မှမရှိနေဘူးလေ"
"မသင့်"
"မသင့်လျှော်ဘူး....ထပ်ပြောအုံးမယ်မလား"
"...."
"ကျွန်တော်က...."
"ကဲ တော်ပြီ ကိုယ်မနက်စာပြင်ထားတယ် ဆက်အိပ်ချင်အိပ် မအိပ်ချင်တော့ရင် မျက်နှာသစ်ပြီး လာစား"
Jungwonထပ်ပြီး မနက်စာပြင်တာ မသင့်လျှော်ပါဟု ပြောချင်သော်လည်း "ဟုတ်ကဲ့"ဟုသာ ပြောနိုင်တော့သည်။
တကယ်ပဲ မင်းသားက ထူးဆန်းလိုက်တာ!
______
နေရောင်တွေကအရမ်းကိုတောက်ပေနေတော့တာပဲ။
နေရောင်ခြည်ရဲ့ ဖြာကျနေတဲ့အလင်းရောင်တွေက ဂျုံခင်းကြီးကိုရွှေရောင်သမ်းစေတယ်။
လေတစ်ချက်ဝေ့လိုက်တိုင်း လတ်ဆတ်တဲ့ ဂျုံနံ့တွေကို ရနေဆဲပဲ။
"Yang Jungwon!! Yang Jungwon!! Yang Jung.....ဟင် မိတ်ဆွေကဘယ်သူ...."
"ဪ Kimnoo"
"Won ya မင်းကငါ့ကိုတောင်မစောင့်ဘဲ အစောကြီး ထွက်လာတာပဲ ငါကမင်းနဲ့တူတူလာဖို့ တမင်နောက်ကျခံထားတာကို"
"တောင်းပန်ပါတယ်"
မျက်နှာငယ်လေးနဲ့ တောင်းပန်စကားဆိုလိုက်တော့လဲ 'ဘာမှမဖြစ်ပါဘူး' ဟုဆိုကာ ပြုံးရင်းပြောလာတဲ့ အကိုပေါက်စလေး။
Sunoo Kim က သူအရမ်းခင်ရတဲ့ ညီအစ်ကိုလို သူငယ်ချင်းမျိုး။ အပေါင်းသင်းရှားတဲ့ Jungwonအတွက် Sunooက လစ်လပ်နေတဲ့ ကွက်လပ်ကိုဖြည့်ပေးနိုင်ခဲ့တယ်။
ပြီးတော့ မိသားစုကြောင့်စိတ်ညစ်ရတိုင်းလဲ အမြဲအားပေးတတ်တဲ့ အကိုတစ်ယောက်။
သူက Jungwonထက် စာမေးပွဲအရင်ပြီးတာမို့ ဂျုံခင်းအိမ်ကိုကြိုလာလို့ရပေမယ့် Jungwonကိုစောင့်နေခဲ့ခြင်း။
Sunooကလဲ သူ့အိမ်နဲ့သိပ်မကွာတဲ့နေရာမှာ
သစ်သားတွေ နီယွန်မီးလုံးတွေအပြည့်နဲ့ အိမ်လေးတစ်လုံး ဆောက်ထားတယ်လေ။
"ဒါက ဧည့်သည်ရောက်နေတာလား"
"အမ်း..."
Jungwon မင်းသားရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ခေါင်းယမ်းပြလိုက်သည်မို့ Jungwonနားလည်လိုက်ပါသည်။
"ဒါက ငါ့ရဲ့အသိ တစ်ယောက် သူ့အိမ်နဲ့ပြသာနာတက်လို့ ငါနဲ့လာနေတာ"
"Jungwonလိုမျိုး မိတ်ဆွေလဲမိသားစုနဲ့အဆင်မပြေဘူးထင်ရဲ့ အင်းလေ လူတိုင်းကဒီလိုပါပဲ စိတ်အေးစွာနေပါနော်"
မင်းသားက ခေါင်းတစ်ချက်ငြိမ့်ပြကာ ကျေးဇူးတင်ကြောင်းပြောသည်။ ပြီးတော့အိမ်ထဲပြန်၀င်သွား၏။
"အကို Kim ငါမင်းကိုပြောစရာရှိတယ်"
ကျွန်တော် Sunooကို အိမ်နဲ့အတော်လှမ်းတဲ့ သစ်ပင်ရှိရာကိုခေါ်သွားလိုက်တယ်။
"ဘာပြောမလို့လဲ"
"ငါတို့ကမှော်ဆရာတွေဆိုတာ သူ့ကိုမပြောလို့ရမလား"
"ခုနကတစ်ယောက်ကိုလား"
"ဟုတ်တယ်"
"ဘာလို့လဲဆိုတာငါသိချင်တယ် ဒါပေမယ့်မင်းအဆင်ပြေမှပြောပါ''
''........''
''hum......ကောင်းပြီ ငါလျှို့ဝှက်ပေးမယ် အမြဲတမ်းတော့ရမှာမဟုတ်တာ မင်းသိပါတယ်နော်"
"ငါသိတယ်"
"အေးပါ ဒါဆိုငါအိမ်ကိုသွားရှင်းလိုက်အုံးမယ် ညကျမှပြန်တွေ့ကြမယ်"
"ဟုတ်ပြီ"
ညရောက်တော့ Sunooက Wineတွေယူပြီးရောက်လာသည်။
Sunooမလာခင်မှာ မင်းသားကသူ့ကို အရှင်လို့မခေါ်ဘဲ Jayလို့ပဲခေါ်ဖို့မှာထားသည်မို့ ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေမိသည်။
တော်၀င်မင်းသားတစ်ပါးကိုလေ မင်းသားမှန်းသိရက်နဲ့ သူက နာမည်ခေါ်ရမည်တဲ့လား။
"J..Jay....အကိုရော Wineသောက်တတ်လား"
"မင်းကကိုယ့်ကို အထင်သေးတာလား သောက်တတ်တာပေါ့"
"ဒါဆိုသောက်ပါ Kimnooတို့က Wineတွေဖောက်တာလေ Maxniဆိုတဲ့ တံဆိပ်နဲ့"
"အော် သိတယ် သိတယ်"
သူတို့က အမျိုးနွယ်နိမ့်တော့မဟုတ်ဟု Jayတွေးမိသည်။ ဒါလည်းအဆင်ပြေသည်မလား။
"မိတ်ဆွေ အကြိုက်တွေ့ရဲ့လား?"
"အဆင်ပြေတဲ့အရသာပါ ငါသဘောကျပါတယ်"
အတိုင်အဖောက်ညီညီနဲ့ သောက်နေကြတဲ့ နှစ်ယောက်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် လူပိုလိုခံစားမိတော့ စိတ်ကအဆင်မပြေ။
သူကျဘာလို့မသောက်နိုင်ရတာလဲ။ စိတ်တိုတိုနဲ့ မျက်စိရှေ့က ပုလင်းကိုကိုင်ပြီး မော့ချလိုက်သည်။
"Yang Jungwon!!!!"
တိတ်ဆိတ်နေတဲ့ညကို Sunooရဲ့ ၀မ်းခေါင်းခြစ်အော်သံက ထိုးခွင်းလိုက်၏။
Sunooခေါင်းနပန်းကြီးသွားသည်။ Yang Jungwonဆိုတဲ့ကောင်ကတော့ မဖြစ်သင့်တဲ့အရာတွေကို ခုလိုအဆင်မခြင်လုပ်ချလိုက်ပြန်ပြီ။
ဒီညတော့အိပ်ရမည်မဟုတ်တော့။ သူမူးလာရင် တခြားလူတွေနဲ့မှမတူတာ။ ပြီးတော့ Jungwonက Alcohol နဲ့လည်း ဓာတ်တည့်တာမဟုတ်။
"မိတ်ဆွေ ငါတို့တော့ ဒုက္ခရောက်ပြီ"
"ဘာလို့"
"Jungwonမူးရင် တကယ်မလွယ်ဘူးဘဲ"
"မင်းပြန်ရင်ပြန် ငါထိန်းထားလိုက်ပါ့မယ်"
"ဘယ်ဖြစ်ပါ့မလဲ!"
"...."
"ငါပြောချင်တာက... မိတ်ဆွေကိုငါမှမမြင်ဘူးတာပဲ
ဘယ်လိုစိတ်ချပြီးထားခဲ့ရမလဲ အသိစိတ်ပျောက်နေတဲ့ ငါ့သူငယ်ချင်းနဲ့လေ"
"အဲ့တော့ ဘာလုပ်ချင်လဲ?"
"အခုသူငြိမ်နေတုန်း တစ်ခုခုစဉ်းစား ခနနေရင် ကမ္ဘာစစ်ကြီးစဖြစ်လိမ့်မယ်"
"ဒါဆို မင်းနဲ့အတူ ငါစောင့်ပေးလို့ရပါတယ်"
"ဒါကိုငါသဘောတူတယ်"
"ဟုတ်ပြီ"
နှစ်ယောက်လုံးက အရှိန်ဝါတစ်ခုခုဖြင့် တစ်ယောက်ကိုတစ်ယောက်ဖိနှိပ်ဖို့ကြိုးစားနေကြသည်။
ဒီအခြေအနေကအားပြိုင်သလိုမျိုး။
Jungwonကိုထိန်းနေတဲ့ ဒီတစ်ညလုံးမှာ
Sunooက သူ့ရဲ့သူငယ်ချင်းအရင်းဆိုတဲ့ အကြောင်းပြချက်နဲ့ Jayကိုအနိုင်ယူနေသလို
ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ Jungwonကို Jayက
အားနှင့်အနိုင်ယူနေပြန်သည်။
အမည်မသိစစ်ပွဲတစ်ခုက မနက်4နာရီထိုးမှသာ အမှန်တကယ် ချုပ်ငြိမ်းသွားခဲ့ရသည်။
"မင်းပြန်ရင်ပြန်လို့ရပြီနော် Mr.Kim"
"မဟုတ်တာပဲ မင်းသာအိပ်ချင်အိပ်ပါ SR.Jay"
"ငါကအဆင်ပြေတယ်"
"ငါလဲပြေတယ်"
"ဒါဆိုလည်း ထိုင်စောင့်နေကြတာပေါ့"
"အင်း"
ပြင်းထန်သောတိုက်ပွဲကြီးသည် မနက်မိုးသောက်အလင်းရောက်ချိန် ၁၀နာရီတိတိ၌ ချုပ်ငြိမ်းသွားသည်။
Jungwonနိုးလာတော့ သူငယ်ချင်းဖြစ်သူနှင့် မင်းသားက ဧည့်ခန်းရှိဆိုဖာခုံပေါ်နှင့် ဆိုဖာေအာက်ကြမ်းပြင်ပေါ်တွင် အသီးသီးအိပ်မောကျ စက်တော်ခေါ်နေကြသည်။
ကြမ်းပြင်ပေါ်ရောက်နေသူဟာ Sunooဆိုလျှင် ကိစ္စမရှိပေးသေမယ့် အခုကမင်းသားဖြစ်နေတာမို့ Jungwonမျက်လုံးပြူးသွားတော့၏။
"အရှင် ဒီလိုကြီးကမသင့်လျော်ပါဘူး ထပါ။
မင်းသားရဲ့ လေးပင်နေတဲ့ ကိုယ်လုံးကို မ ပြီး အိပ်ခန်းထဲသို့တွဲခေါ်လာခဲ့သည်။
"ဟမ်း"
"အရှင် နိုးပြီလား"
"ဟမ် အာ ကိုယ်အိပ်ပျော်သွားတာပဲ"
"ညကအိပ်ရရဲ့လား"
"အမူးသမားလေးတစ်ယောက်ကြောင့်အိပ်မရဘူး"
"တောင်းပန်ပါတယ်အရှင်"
"မဟုတ်တာ မင်းတောင်းပန်စရာမလိုပါဘူး"
"ဘာပဲဖြစ်ဖြစ်အရှင်က..."
"တော်၀င်မင်းသားလို့ပြောအုံးမယ်မလား ကိုယ့်ကို ဒီတိုင်းသာမာန်လူတစ်ယောက်လို့ပဲမြင်ပေးလို့မရဘူးလားဟင်"
"...."
"ကဲပါ ကိုယ်မင်းအတွက် အမူးပြေဟင်းရည်ချက်ပေးထားတယ် ပြန်နွှေးပြီးသောက်လိုက်နော် ကိုယ်ခနအိပ်မယ်"
"ဟုတ်"
"အင်း လိမ္မာတယ်"
Jayက သွားတန်းတွေပေါ်အောင်ပြုံးရင်း ကျွန်တော့်ခေါင်းကိုလဲဖွလိုက်သေးတယ်။
အိုး အပြုံးတွေကလှလိုက်ပုံများ တခြားသူတွေကို မမြင်စေချင်တဲ့အထိပါပဲ။ ပြီးတော့ ကျွန်တော့်ခေါင်းပေါ်ရောက်လာတဲ့ အဲ့ဒိညင်သာတဲ့အထိအတွေ့လေး။
ဘယ်လိုလုပ်မလဲ။
ကျွန်တော်သဘောကျနေပြီထင်တယ်။
မမှန်းသင့်တဲ့အရာဆိုပေမယ့် ကျွန်တော်မှန်းကြည့်ခွင့်ရှိမလား။
အရှင်က ကျွန်တော့်ကိုရူးစေချင်ပုံပါပဲ!
-ttb-
#tbc
ZawGyi
ေတာက္ပစြာျဖာက်ေနတဲ့ ေနေရာင္ျခည္ဟာ မ်က္ႏွာႏုႏုေပၚတြင္ လွပစြာ အရိပ္ထင္ေနသည္။ တစ္ညလုံး က်ဥ္းက်ဥ္းက်ပ္က်ပ္အိပ္ေနရေပမယ့္ အခုေတာ့ အလြန္တစ္ရာကို သက္ေတာင့္သက္သာရွိလွသည္။
"ဟင္"
Jungwonက ကိုယ့္မ်က္စိကို မယုံနိုင္ေလာက္ေအာင္ျဖစ္ေနသည္။ သူအခုအိပ္ရာေပၚေရာက္ေနတယ္။ ဒါမယ့္ သူညက ဆိုဖာေပၚမွာအိပ္ေနခဲ့တာ။
ဒါဆိုရင္ ဒါဆိုရင္ မင္းသားက သူ႕ကို ေ႐ႊ႕ေပးခဲ့ပုံပါပဲ။
သာမာန္လူဆို ဒီလိုျဖစ္ပ်က္ေနမွာမဟုတ္ေပမယ့္
အခု ေတာ္၀င္မင္းသားတစ္ပါးက သူ႕အား ခ်ီပိုးၿပီး အိပ္ရာေပၚသို႔တင္ေပးခဲ့တယ္ဆိုတဲ့အခ်က္ေၾကာင့္
Jungwonကို မ်က္လုံးျပဴးေစသည္။
မင္းသားဟာ စေတြ႕ထဲကထူးဆန္းလြန္းလွပါဘိ။
အရင္က ၾကားခဲ့ဖူးတဲ့ မင္းသားရဲ႕အေၾကာင္းေတြက ဒီလိုမွမဟုတ္တာ။
"Mr.Won နိုးေနရင္လည္း ထသင့္ၿပီမဟုတ္လား"
"အာ...ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အရွင္"
Jungwonက ထိုသို႔ေျပာေတာ့ Jayက ၿပဳံးတယ္ဆို႐ုံေလာက္ၿပဳံးသည္။
"ကိုယ္ကစေနတာပါ မင္းအိမ္ပဲ လြတ္လြတ္လပ္လပ္ အိပ္ေပါ့"
"မဟုတ္တာ...အရွင္ရွိေနတာကို"
"ကိုယ္? ကိုယ္ကအဆင္ေျပပါတယ္ ၿပီးေတာ့ တေလးတစားမဆက္ဆံလဲရတယ္ အခုကိုယ့္မွာ ဘာဂုဏ္ပုဒ္မွမရွိေနဘူးေလ"
"မသင့္"
"မသင့္ေလွ်ာ္ဘူး....ထပ္ေျပာအုံးမယ္မလား"
"...."
"ကြၽန္ေတာ္က...."
"ကဲ ေတာ္ၿပီ ကိုယ္မနက္စာျပင္ထားတယ္ ဆက္အိပ္ခ်င္အိပ္ မအိပ္ခ်င္ေတာ့ရင္ မ်က္ႏွာသစ္ၿပီး လာစား"
Jungwonထပ္ၿပီး မနက္စာျပင္တာ မသင့္ေလွ်ာ္ပါဟု ေျပာခ်င္ေသာ္လည္း "ဟုတ္ကဲ့"ဟုသာ ေျပာနိုင္ေတာ့သည္။
တကယ္ပဲ မင္းသားက ထူးဆန္းလိုက္တာ!
______
ေနေရာင္ေတြကအရမ္းကိုေတာက္ေပေနေတာ့တာပဲ။
ေနေရာင္ျခည္ရဲ႕ ျဖာက်ေနတဲ့အလင္းေရာင္ေတြက ဂ်ဳံခင္းႀကီးကိုေ႐ႊေရာင္သမ္းေစတယ္။
ေလတစ္ခ်က္ေဝ့လိုက္တိုင္း လတ္ဆတ္တဲ့ ဂ်ဳံနံ႕ေတြကို ရေနဆဲပဲ။
"Yang Jungwon!! Yang Jungwon!! Yang Jung.....ဟင္ မိတ္ေဆြကဘယ္သူ...."
"ဪ Kimnoo"
"Won ya မင္းကငါ့ကိုေတာင္မေစာင့္ဘဲ အေစာႀကီး ထြက္လာတာပဲ ငါကမင္းနဲ႕တူတူလာဖို႔ တမင္ေနာက္က်ခံထားတာကို"
"ေတာင္းပန္ပါတယ္"
မ်က္ႏွာငယ္ေလးနဲ႕ ေတာင္းပန္စကားဆိုလိုက္ေတာ့လဲ 'ဘာမွမျဖစ္ပါဘူး' ဟုဆိုကာ ၿပဳံးရင္းေျပာလာတဲ့ အကိုေပါက္စေလး။
Sunoo Kim က သူအရမ္းခင္ရတဲ့ ညီအစ္ကိုလို သူငယ္ခ်င္းမ်ိဳး။ အေပါင္းသင္းရွားတဲ့ Jungwonအတြက္ Sunooက လစ္လပ္ေနတဲ့ ကြက္လပ္ကိုျဖည့္ေပးနိုင္ခဲ့တယ္။
ၿပီးေတာ့ မိသားစုေၾကာင့္စိတ္ညစ္ရတိုင္းလဲ အၿမဲအားေပးတတ္တဲ့ အကိုတစ္ေယာက္။
သူက Jungwonထက္ စာေမးပြဲအရင္ၿပီးတာမို႔ ဂ်ဳံခင္းအိမ္ကိုႀကိဳလာလို႔ရေပမယ့္ Jungwonကိုေစာင့္ေနခဲ့ျခင္း။
Sunooကလဲ သူ႕အိမ္နဲ႕သိပ္မကြာတဲ့ေနရာမွာ
သစ္သားေတြ နီယြန္မီးလုံးေတြအျပည့္နဲ႕ အိမ္ေလးတစ္လုံး ေဆာက္ထားတယ္ေလ။
"ဒါက ဧည့္သည္ေရာက္ေနတာလား"
"အမ္း..."
Jungwon မင္းသားရဲ႕မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္သည္။ ေခါင္းယမ္းျပလိုက္သည္မို႔ Jungwonနားလည္လိုက္ပါသည္။
"ဒါက ငါ့ရဲ႕အသိ တစ္ေယာက္ သူ႕အိမ္နဲ႕ျပသာနာတက္လို႔ ငါနဲ႕လာေနတာ"
"Jungwonလိုမ်ိဳး မိတ္ေဆြလဲမိသားစုနဲ႕အဆင္မေျပဘူးထင္ရဲ႕ အင္းေလ လူတိုင္းကဒီလိုပါပဲ စိတ္ေအးစြာေနပါေနာ္"
မင္းသားက ေခါင္းတစ္ခ်က္ၿငိမ့္ျပကာ ေက်းဇူးတင္ေၾကာင္းေျပာသည္။ ၿပီးေတာ့အိမ္ထဲျပန္၀င္သြား၏။
"အကို Kim ငါမင္းကိုေျပာစရာရွိတယ္"
ကြၽန္ေတာ္ Sunooကို အိမ္နဲ႕အေတာ္လွမ္းတဲ့ သစ္ပင္ရွိရာကိုေခၚသြားလိုက္တယ္။
"ဘာေျပာမလို႔လဲ"
"ငါတို႔ကေမွာ္ဆရာေတြဆိုတာ သူ႕ကိုမေျပာလို႔ရမလား"
"ခုနကတစ္ေယာက္ကိုလား"
"ဟုတ္တယ္"
"ဘာလို႔လဲဆိုတာငါသိခ်င္တယ္ ဒါေပမယ့္မင္းအဆင္ေျပမွေျပာပါ ေကာင္းၿပီ ငါလွ်ို႔ဝွက္ေပးမယ္ အၿမဲတမ္းေတာ့ရမွာမဟုတ္တာ မင္းသိပါတယ္ေနာ္"
"ငါသိတယ္"
"ေအးပါ ဒါဆိုငါအိမ္ကိုသြားရွင္းလိုက္အုံးမယ္ ညက်မွျပန္ေတြ႕ၾကမယ္"
"ဟုတ္ၿပီ"
ညေရာက္ေတာ့ Sunooက Wineေတြယူၿပီးေရာက္လာသည္။
Sunooမလာခင္မွာ မင္းသားကသူ႕ကို အရွင္လို႔မေခၚဘဲ Jayလို႔ပဲေခၚဖို႔မွာထားသည္မို႔ ကြၽန္ေတာ္အရမ္းကို စိတ္လႈပ္ရွားေနမိသည္။
ေတာ္၀င္မင္းသားတစ္ပါးကိုေလ မင္းသားမွန္းသိရက္နဲ႕ သူက နာမည္ေခၚရမည္တဲ့လား။
"J..Jay....အကိုေရာ Wineေသာက္တတ္လား"
"မင္းကကိုယ့္ကို အထင္ေသးတာလား ေသာက္တတ္တာေပါ့"
"ဒါဆိုေသာက္ပါ Kimnooတို႔က Wineေတြေဖာက္တာေလ Maxniဆိုတဲ့ တံဆိပ္နဲ႕"
"ေအာ္ သိတယ္ သိတယ္"
သူတို႔က အမ်ိဳးႏြယ္နိမ့္ေတာ့မဟုတ္ဟု Jayေတြးမိသည္။ ဒါလည္းအဆင္ေျပသည္မလား။
"မိတ္ေဆြ အႀကိဳက္ေတြ႕ရဲ႕လား?"
"အဆင္ေျပတဲ့အရသာပါ ငါသေဘာက်ပါတယ္"
အတိုင္အေဖာက္ညီညီနဲ႕ ေသာက္ေနၾကတဲ့ ႏွစ္ေယာက္ကိုၾကည့္ရင္း ကိုယ့္ကိုယ္ကိုယ္ လူပိုလိုခံစားမိေတာ့ စိတ္ကအဆင္မေျပ။
သူက်ဘာလို႔မေသာက္နိုင္ရတာလဲ။ စိတ္တိုတိုနဲ႕ မ်က္စိေရွ႕က ပုလင္းကိုကိုင္ၿပီး ေမာ့ခ်လိဳက္သည္။
"Yang Jungwon!!!!"
တိတ္ဆိတ္ေနတဲ့ညကို Sunooရဲ႕ ၀မ္းေခါင္းျခစ္ေအာ္သံက ထိုးခြင္းလိုက္၏။
Sunooေခါင္းနပန္းႀကီးသြားသည္။ Yang Jungwonဆိုတဲ့ေကာင္ကေတာ့ မျဖစ္သင့္တဲ့အရာေတြကို ခုလိုအဆင္မျခင္လုပ္ခ်လိဳက္ျပန္ၿပီ။
ဒီညေတာ့အိပ္ရမည္မဟုတ္ေတာ့။ သူမူးလာရင္ တျခားလူေတြနဲ႕မွမတူတာ။ ၿပီးေတာ့ Jungwonက Alcohol နဲ႕လည္း ဓာတ္တည့္တာမဟုတ္။
"မိတ္ေဆြ ငါတို႔ေတာ့ ဒုကၡေရာက္ၿပီ"
"ဘာလို႔"
"Jungwonမူးရင္ တကယ္မလြယ္ဘူးဘဲ"
"မင္းျပန္ရင္ျပန္ ငါထိန္းထားလိုက္ပါ့မယ္"
"ဘယ္ျဖစ္ပါ့မလဲ!"
"...."
"ငါေျပာခ်င္တာက... မိတ္ေဆြကိုငါမွမျမင္ဘူးတာပဲ
ဘယ္လိုစိတ္ခ်ၿပီးထားခဲ့ရမလဲ အသိစိတ္ေပ်ာက္ေနတဲ့ ငါ့သူငယ္ခ်င္းနဲ႕ေလ"
"အဲ့ေတာ့ ဘာလုပ္ခ်င္လဲ?"
"အခုသူၿငိမ္ေနတုန္း တစ္ခုခုစဥ္းစား ခနေနရင္ ကမၻာစစ္ႀကီးစျဖစ္လိမ့္မယ္"
"ဒါဆို မင္းနဲ႕အတူ ငါေစာင့္ေပးလို႔ရပါတယ္"
"ဒါကိုငါသေဘာတူတယ္"
"ဟုတ္ၿပီ"
ႏွစ္ေယာက္လုံးက အရွိန္ဝါတစ္ခုခုျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ဖိႏွိပ္ဖို႔ႀကိဳးစားေနၾကသည္။
ဒီအေျခအေနကအားၿပိဳင္သလိုမ်ိဳး။
Jungwonကိုထိန္းေနတဲ့ ဒီတစ္ညလုံးမွာ
Sunooက သူ႕ရဲ႕သူငယ္ခ်င္းအရင္းဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ Jayကိုအနိုင္ယူေနသလို
ထိန္းမနိုင္သိမ္းမရျဖစ္ေနတဲ့ Jungwonကို Jayက
အားႏွင့္အနိုင္ယူေနျပန္သည္။
အမည္မသိစစ္ပြဲတစ္ခုက မနက္4နာရီထိုးမွသာ အမွန္တကယ္ ခ်ဳပ္ၿငိမ္းသြားခဲ့ရသည္။
"မင္းျပန္ရင္ျပန္လို႔ရၿပီေနာ္ Mr.Kim"
"မဟုတ္တာပဲ မင္းသာအိပ္ခ်င္အိပ္ပါ SR.Jay"
"ငါကအဆင္ေျပတယ္"
"ငါလဲေျပတယ္"
"ဒါဆိုလည္း ထိုင္ေစာင့္ေနၾကတာေပါ့"
"အင္း"
ျပင္းထန္ေသာတိုက္ပြဲႀကီးသည္ မနက္မိုးေသာက္အလင္းေရာက္ခ်ိန္ ၁၀နာရီတိတိ၌ ခ်ဳပ္ၿငိမ္းသြားသည္။
Jungwonနိုးလာေတာ့ သူငယ္ခ်င္းျဖစ္သူႏွင့္ မင္းသားက ဧည့္ခန္းရွိဆိုဖာခုံေပၚႏွင့္ ဆိုဖာေအာက္ၾကမ္းျပင္ေပၚတြင္ အသီးသီးအိပ္ေမာက် စက္ေတာ္ေခၚေနၾကသည္။
ၾကမ္းျပင္ေပၚေရာက္ေနသူဟာ Sunooဆိုလွ်င္ ကိစၥမရွိေပးေသမယ့္ အခုကမင္းသားျဖစ္ေနတာမို႔ Jungwonမ်က္လုံးျပဴးသြားေတာ့၏။
"အရွင္ ဒီလိုႀကီးကမသင့္ေလ်ာ္ပါဘူး ထပါ။
မင္းသားရဲ႕ ေလးပင္ေနတဲ့ ကိုယ္လုံးကို မ ၿပီး အိပ္ခန္းထဲသို႔တြဲေခၚလာခဲ့သည္။
"ဟမ္း"
"အရွင္ နိုးၿပီလား"
"ဟမ္ အာ ကိုယ္အိပ္ေပ်ာ္သြားတာပဲ"
"ညကအိပ္ရရဲ႕လား"
"အမူးသမားေလးတစ္ေယာက္ေၾကာင့္အိပ္မရဘူး"
"ေတာင္းပန္ပါတယ္အရွင္"
"မဟုတ္တာ မင္းေတာင္းပန္စရာမလိုပါဘူး"
"ဘာပဲျဖစ္ျဖစ္အရွင္က..."
"ေတာ္၀င္မင္းသားလို႔ေျပာအုံးမယ္မလား ကိုယ့္ကို ဒီတိုင္းသာမာန္လူတစ္ေယာက္လို႔ပဲျမင္ေပးလို႔မရဘူးလားဟင္"
"...."
"ကဲပါ ကိုယ္မင္းအတြက္ အမူးေျပဟင္းရည္ခ်က္ေပးထားတယ္ ျပန္ႏႊေးၿပီးေသာက္လိုက္ေနာ္ ကိုယ္ခနအိပ္မယ္"
"ဟုတ္"
"အင္း လိမၼာတယ္"
Jayက သြားတန္းေတြေပၚေအာင္ၿပဳံးရင္း ကြၽန္ေတာ့္ေခါင္းကိုလဲဖြလိုက္ေသးတယ္။
အိုး အၿပဳံးေတြကလွလိုက္ပုံမ်ား တျခားသူေတြကို မျမင္ေစခ်င္တဲ့အထိပါပဲ။ ၿပီးေတာ့ ကြၽန္ေတာ့္ေခါင္းေပၚေရာက္လာတဲ့ အဲ့ဒိညင္သာတဲ့အထိအေတြ႕ေလး။
ဘယ္လိုလုပ္မလဲ။
ကြၽန္ေတာ္သေဘာက်ေနၿပီထင္တယ္။
မမွန္းသင့္တဲ့အရာဆိုေပမယ့္ ကြၽန္ေတာ္မွန္းၾကည့္ခြင့္ရွိမလား။
အရွင္က ကြၽန္ေတာ့္ကို႐ူးေစခ်င္ပုံပါပဲ!