ချစ်ခြင်းတည်စေ

By Hsu_Lynn_Nge

71.5K 2.9K 204

Seme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒ... More

Part~1
Part~2
Part~3
Part~4
Part~5
Part~6
Part~7
Part~8
Part~9
Part-10
Part-11
Part~12
Part~13
Part-14
Part-15
Part~16
Part~17
Part~18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40(Completed)

Part-26

1.1K 46 4
By Hsu_Lynn_Nge

                      သုတ၏လက်ညှိုးသည် အဂ္ဂနောက်တွင်ပုန်းနေသော လွန်းထံကျရောက်နေသည်မို့ မဟာသည် မျက်လုံးလေးပြူးလျက် ကြည့်နေမိသည်။လွန်းသည် စနောက်သည်ဆိုသော်လည်း ငိုသည်အထိစနောက်လိုက်မည်ဟုမထင်မိသောကြောင့်ပင်။

ဟင်!

                     မဟာသည် ဟင်ခနဲဖြစ်သွားပြီးမှ အဂ္ဂအား ခုမှမြင်သွားဟန်ဖြင့် ကြည့်လိုက်သော် မျက်မှောင်ကြီးကုပ်၍ သူ့အားမကျေကြည့်,ကြည့်နေသူအားတွေ့လိုက်ရသည်။လွန်းသည်လည်း ခုမှအဂ္ဂနောက်မှ ခေါင်းလေးပြူထွက်လာကာ မဟာ့အား ဟီးခနဲရယ်ပြလိုက်သည်။

"အမောင် မင်း ငါ့ကလေးလေးကိုဘာလုပ်လိုက်တာလဲ ပြော"

             ယခုအချိန်တွင် မှုန်ကုပ်ကုပ်ကြည့်နေသော အဂ္ဂအားလည်းဂရုမစိုက်နိုင်ပေ။သူ့ကောင်လေးမျက်နှာသာ တစ်ကမ္ဘာဖြစ်သည်မို့ ကောင်လေး၏မျက်ရည်များအား မြင်နိုင်စွမ်းမရှိပေ။အမြဲပျော်ပျော်နေတတ်သောကောင်လေးသည် မျက်ရည်များနှင့်ဘယ်လိုမှမလိုက်ဖက်ပေ။မဟာသည် ငိုနေဆဲဖြစ်သော သုတအားကြည့်လိုက်သည်။

     

                   အသားအရည်မှာ အလယ်အလတ်ဖြစ်ပြီး မျက်ခွံလေးများမှာ ငိုထား၍ဖောင်းအစ်နေသည်။နှာခေါင်းလုံး‌လုံးလေးမှာနီရဲနေပြီး အလယ်မရောက်တရောက်ခွဲထားသော ဆံပင်များပင် ပြန်ကျနေသည်။အခုချိန်ထိကို ရှိုက်နေတုန်းပင်ဖြစ်သည်။မဟာသည် သုတအား ကြည့်၍သက်ပြင်းခပ်ဖွဖွလေးချလိုက်၏။ကောင်လေးသည် သူ့အားစကားပြောလာခြင်းမရှိသေးပေ။ထိုအချိန်တွင် ပြဿနာအိုး၏အသံထွက်လာသည်။

"ကျွန်တော်က အမှန်အတိုင်းပဲပြောလိုက်တာပါအစ်ကိုရာ..."

"အင်း ဘယ်လိုပြောလိုက်တာလဲ"


"အစ်ကိုကလက်ထပ်တော့မှာ အကုန်စီစဉ်ပြီးပြီလို့၊အဲ့ဒါအမှန်ပဲလေ အစ်ကိုပဲ အစ်ကိုသုတကို....."

"တော်တော့ တခြားဟာဆက်ပြော..."

မဟာသည် သူ့လျှို့ဝှက်ချက်အား သုတကိုသိစေချင်သေးသည့်ပုံမပေါ်။သူကောင်းသားလေးထံမှ လျှို့ဝှက်ချက်များထွက်ပေါ်မလာခင် အရင်ကြိုပိတ်လိုက်ရသည်။ထိုအခါ ကောင်လေးက သူ့အားတစ်ချက်မျှမော့ကြည့်ကာ အောက်သို့ပြန်ငုံ့သွား၏။

"ကျွန်တော် အစ်ကိုသုတကိုပြောလိုက်တဲ့ "ရှေ့ဆက်ရမယ့်အနာဂတ်အတွက်ပဲတွေးပြီး သတိရလာတိုင်းအတိတ်ကိုပြန်မကြည့်ကြေး"ဆိုတာကလည်း ရှေ့ဆက်ရမယ့်အစ်ကိုတို့အနာဂတ်အတွက်ပဲတွေးပြီး အတိတ်‌ဆိုးတွေကိုပြန်မတွေးနဲ့လို့ပြောတာလေဗျာ၊ပြီးတော့ "အမှတ်တရကောင်းတွေအတွက်လည်းကျေးဇူးတင်ပါတယ်"ဆိုတာက ပုဂံမှာရှိခဲ့တဲ့အမှတ်တရတွေကိုပြောတာလေ၊နောက်ဆုံးတစ်ခုလည်း ကျွန်တော်ပြောလိုက်ပါတယ်ဗျာ "တချိန်ချိန်ကျရင် သက်ဆိုင်သူတွေလိုပြန်တွေ့မယ်" လို့၊ကျွန်တော်ပြောတာ အမှားမပါဘူးလေ နော် ကိုကို"

"အင်းလေ နော်"

လွန်းသည် စကားအရှည်ကြီးဖြင့် ဖြေရှင်းချက်ပေးပြီးသောအခါ သူ့ကိုကို,ကိုပါစစ်ကူခေါ်‌လာသည်။အဂ္ဂကလည်းထောက်ခံသောကြောင့် မဟာပါ ကြောင်သွားသည်။

အမောင်ပြောတာလည်း ဟုတ်နေတာပဲကို၊ပေါက်စက ဘာကိုထငိုတာလဲ။ငါ့ကိုလက်မထပ်ချင်လို့များလား မဖြစ်ဘူးနော်။

အမ်!

"အမောင်ပြောတာလည်း ဟုတ်နေတာကို ပေါက်စကဘာလို့ငိုတာလဲ"

                  ကောင်လေး၏ပုခုံးကိုကိုင်ကာ မေးတော့မှ နှာတစ်ချက်ရှုံ့ကာဖြေလာသည်။သို့သော် ရှိုက်သံများသည်ကား မရပ်သေးပေ။

ဟင့်! ရွှတ်!

"အစ်ကိုပဲ စဉ်းစားကြည့်ဗျာ၊"ရှေ့ဆက်ရမယ့်အနာဂတ်အတွက်ပဲတွေးပြီး သတိရလာတိုင်းအတိတ်ကိုပြန်မကြည့်ကြေး"တဲ့ အဲ့ဒါကြီးက အစ်ကိုမပါတဲ့အနာဂတ်အတွက်အတွက်ပဲတွေးပြီး သတိရလာတိုင်း အစ်ကိုနဲ့အတူရှိခဲ့တဲ့အတိတ်ကိုပြန်မတွေးနဲ့ဆိုတဲ့ အဓိပ္ပာယ်ကြီးလေ၊ပြီးတော့ "အမှတ်တရကောင်းတွေအတွက် ကျေးဇူးလည်းတင်ပါတယ်"ဆိုတာကရော ကျွန်တော့ကိုအပြီးသတ်နှုတ်ဆက်တာနဲ့အတူတူပဲလေ၊နောက်ဆုံးတစ်ခုကကျတော့ မသက်ဆိုင်သူလို့ပဲကြားလိုက်မိတာ ကျွန်တော်က အစ်ကို့ကိုချစ်တဲ့အချစ်တွေများပြီးတော့ ဆုံးရှုံးရမှာကြောက်သွားလို့ပါ"



"ကိုယ့်ပေါက်စလေးမမှားဘူး၊မှားတာက အမောင်မှားတာ၊အဓိပ္ပာယ်အမျိုးမျိုးထွက်အောင်ကိုပြောသွားတာ သူမှားတာ နော် ‌အချစ်ကလေး"

          
                  သုတ၏တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွင် မျောပါသွားသော မဟာသည် မျက်နှာကြီးပြုံးဖြီးလျက် ထောက်ခံလာသည်။လွန်းသည်လည်း သူ့စေတနာကိုမမြင်ဘဲ သူ့အားကျေးစွပ်နေကြသောအတွဲအားအမြင်ကပ်လာသည်မို့ မျက်နှာကိုမဲ့ရွဲ့ပစ်လိုက်ပြီး.......…

"ဟွန့်! အလကား သူတုံးရင်တုံးတယ်ပေါ့ ရာရာစစငါ့ကိုကျေးဇူးမတင်  ဖင်လှန်ပြနေတယ်၊ဟိုတစ်ယောက်ကလဲ တကယ့်ကိုလောက်ကြင်အစစ် ဟိုကနည်းနည်းလေးတော်ကီတွေပစ်လိုက်တာနဲ့ ထန်းလျက်ခဲရသွားတဲ့ခွေးလိုပဲ အမြီးလေးတနှံ့နှံ့နဲ့"

                  အဂ္ဂသည် နှုတ်ခမ်းတထော်ထော်ဖြင့်ရန်တွေ့နေသော သက်ဆိုင်သူအားကြည့်ကာ ပြုံးနေတာပင်မရပ်တော့။မဟာသည် လွန်းပေးသောဥပမာကြီးကြောင့် ဆွံ့အသွားဟန်ဖြင့် လွန်းအား ကြောင်တောင်တောင်လေးကြည့်နေသည်။ထိုစဉ်........

ဝှီးးးး

အရှိန်ဖြင့် အဂ္ဂ၏မျက်နှာတည့်တည့်သို့ပစ်၀င်လာသော ခေါင်းအုံးအသေးတစ်လုံး။ပစ်တာက လွန်းကိုဖြစ်ပြီး ထိသွားတာက လွန်း၏ရှေ့တွင်ထိုင်နေသော အဂ္ဂကိုဖြစ်သည်။အဂ္ဂအား ခေါင်းအုံးမှန်သွားသောကြောင့် လွန်းသည်လည်ူ မကျေနပ်နိုင်တော့။

"အစ်ကိုသုတက ကျွန်တော့်ကိုကိုကို ခေါင်းအုံးနဲ့ပစ်တယ်ပေါ့၊လာလေရော့....ဟောဒီမှာ နှစ်တစ်ထောင်ခေါင်းအုံးပျံ"

ဝှီးးး

ယခုအလှည့်တွင်တော့ သုတအားမထိဘဲ သုတ၏အနီးတွင်ထိုင်နေသော မဟာ့မျက်နှာသို့ နှစ်တစ်ထောင်ခေါင်းအုံးပျံက ဝှီးခနဲကျရောက်လာသည်။


"အယုတ်တမာလေး မင်းက အကြီးတွေကိုတောင်ပြန်တိုက်ခိုက်တယ်ပေါ့၊ရော့ ဒီမှာ ငါ့ရဲ့ရွှေရောင်လက်ဝါးတိုက်ကွက်"


ခေါင်းအုံးတင်မဟုတ်တော့ပဲ အတွင်းအားများပါပြိုင်လာကြပြီး နှစ်ယောက်စလုံး ဆိုဖာပေါ်တွင်ထရပ်လိုက်ကြသည်မို့  မဟာနှင့်အဂ္ဂမှာဘာလုပ်လို့ လုပ်ရမှန်းကိုမသိတော့ချေ။သုတသည် လက်နှစ်ဖက်အား‌ဗိုက်နားတွင် တရားထိုင်သကဲ့သို့လက်ကိုယှက်တင်ထားလိုက်ပြီး လက်ကိုတဖြည်းဖြည်း အပေါ်သို့ဆွဲယူလာသည်။အတွင်းအားများအား ထုတ်ယူလာသကဲ့သို့လုပ်လိုက်ပြီး လက်ဖဝါးနှစ်ဖက်အားရှေ့သို့ထုတ်ကာ လွန်းဘက်သို့ပစ်လိုက်သည်။

အာ့!

                     နောက်သို့ယိုင်သွားဟန်လုပ်လိုက်သောလွန်းကြောင့် သုတသည် သဘောတကျဖြင့်ရယ်လိုက်ပြီး မဟာနှင့်အဂ္ဂမှာ ပါးစပ်များပင်ဟလျက်ကြည့်နေကြသည်။သူတို့၏သက်ဆိုင်သူများသည် ထိုသို့လည်းပေါတောတော ကြောင်တောင်တောင်ဖြစ်တတ်ကြသေးသည်ဟုပင်တွေးလိုက်ရသည်။ထိုစဉ်တွင် နောက်သို့ယိုင်သွားသော လွန်းက ကိုယ်ကိုပြန်မတ်လိုက်သည်။

"အကြီးက အငယ်ကိုအနိုင်ကျင့်တယ်ပေါ့၊ဒီမှာ! တန်ပြန်လက်ဝါးတိုက်ကွက်"

သုတသည် ကိုယ်ကိုတစ်ချက်ယိမ်း၍ရှောင်လိုက်သည်ကြောင့် လွတ်သွားသည်။ထို့နောက် နှစ်ယောက်စလုံးက အတွင်းအားများစုထုတ်လာကြပြီး တစ်ယောက်တစ်ပြန်အတွင်းအားသုံး၍တိုက်ခိုက်လိုက်ကြသည်။

အာ့! အာ့! သေသွားပြီ!

နှစ်ယောက်စလုံး ထိုကဲ့သို့အော်ကာ ဆိုဖာအနောက်သို့ ဘုန်းခနဲလဲကျသွားကြသည်။မဟာနှင့်အဂ္ဂမှာ အောက်မေးရိုးပင်ပြုတ်ကျသွားသယောင် ပါးစပ်ပင်မစိနိုင်တော့။တတ်လည်းတတ်နိုင်ကြသော ကလေးငယ်များပင်။အတွင်းအားများထုတ်သုံးလိုက်ရသောကြောင့် ပင်ပန်းသွားကြပုံပင်။သုတရော လွန်းပါ ပြန်၍ပင်ထမလာတော့ပေ။


—————————————

"အမလေး ကျွတ်! ကျွတ်!"

                   ခေတ်ဟန်သည် အိပ်ယာမှနိုးလျှင်နိုးချင်း ခေါင်းကမစောင်းနိုင်တော့သောကြောင့် ခေါင်းလေးအားကိုင်၍ထလာသည်။ရွာကိုရောက်သည့်နေ့မှာပင်  အမောင်သည် ဆေးရုံတန်းရောက်သွားသည်က အမှတ်တရပင်။အမောင် ဆေးရုံမရောက်ခင် ရွာလူကြီးသည် ရာရာတို့အိမ်တွင်နေစေလိုကြောင်းပြောလိုက်သည်မို့ ရွာကိုရောက်ကတည်းက ရာရာ့အိမ်တွင်သာလိုက်နေသည်။

                    ရာရာ့အမေသည်လည်း သူ့အားချစ်ရှာ၏။တစ်ခါတစ်ရံ "သမီးရှိရင် ဒေါက်တာနဲ့ပေးစားပါတယ်တော်" ဟုပြောတတ်သောကြောင့် သူ့မှာမျက်နှာပူရမြဲပင်။ရာရာ့အား လိင်တူတွဲခြင်းနှင့်ပတ်သက်၍မေးသည့်နေ့မှစ၍ ရာရာ့အမေသည်လည်း အနည်းငယ်ပြောင်းလဲသွားသည်။သူ့အားအနည်းငယ်စိမ်းသွားသလိုပင်။သို့သော် ရက်အနည်းငယ်အကြာတွင် ‌ရာရာမရှိတုန်း သူ့အားခေါ်သည်။

***

"ရာရာလေးကို ဒေါက်တာ့ဆီအပ်ပါတယ်ကွယ်"

               ရာရာကျောင်းသွားနေတုန်း သူဆေးရုံမသွားမီ ရာရာ့အမေခေါ်သောကြောင့် သူသွားလိုက်သည်။ဒေါ်နှင်းပြည့်ရာသည်လည်း ဒေါက်တာ့အား စောင့်ကြည့်ပြီးဖြစ်သည်။ဒေါက်တာသည် ရာရာနှင့်အတူရှိနေချိန်တွင် သာမန်ထက်ပိုပြုံးနေတတ်ပြီး ရာရာသည်လည်း ဒေါက်တာနှင့်ရှိနေလျှင် မျက်လုံးလေးများသည် နေရောင်ခြည်လိုပင်တောက်ပနေတတ်သည်။ဒေါက်တာ့၏ရာရာ့အပေါ်အပြုအမူများအရ အပိုလုပ်နေခြင်းမဟုတ်မှန်းသိသာစေသည်။သားငယ်သည်လည်း အရင်ကထက်စာပိုလုပ်လာသည်။သားငယ်အား သာမန်ဘ၀ကိုပဲဖြတ်သန်းစေချင်မိသည်။



                 သာမန်မဟုတ်သောဆက်ဆံရေးကြောင့် သားငယ်အားပတ်၀န်းကျင်၏အပြောအဆိုများမခံစေချင်ပါ။မြင်းမိုရ်တို့၏အတ္တဟူ၍ပင်ရှိသေးသည်မဟုတ်ပါလား။သို့သော် သူ့အတ္တကြောင့် သားငယ်၏ပျော်ရွှင်မှုအားမပျက်စီးစေလိုပါ။ဖခင်မေတ္တာငတ်ခဲ့ရသော သားငယ်လေးအားစိတ်ဒဏ်ရာများထပ်မပေးလိုတော့။အချိန်တစ်ခုယူ၍စဉ်းစားပြီးသည့်နောက်တွင် ဒေါက်တာသည် သားငယ်အတွက်သူပြီးလျှင် အကောင်းဆုံးလူအဖြစ်လက်ခံလိုက်တော့သည်။

                  ဒေါနှင်းပြည့်ရာသည် သူ့ရှေ့ခုံတွင်ထိုင်နေလျက်မှ သူ့လက်အားဆုပ်ကိုင်လာကာ ပြောလာသောစကားကြောင့် သူကြောင်သွားသည်။

"ဗျာ! ဒေါ်လေးပြောတာ ကျွန်တော်နားမလည်ဘူး"

"ဟိုနေ့က ဒေါက်တာနဲ့သားငယ်လေးတို့ အခန်းထဲမှာပြောနေတာကြားခဲ့ပါတယ်ကွယ်"


"ဟိုလေ ကျွန်တော်က ချာ အဲ ရာရာလေးကိုတကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်တာပါ ဒေါ်လေးရယ်၊အခုမှသူက ဆယ်တန်းကျောင်းသားဖြစ်နေလို့ ကျွန်တော်......"

ဒေါ်နှင်းပြည့်ရာသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ပြုံး၍ ခေတ်ဟန်အားကြည့်လာသည်။

"လောကမှာ ဖွင့်မပြောပေမယ့်အလိုလိုသိနိုင်တဲ့စကားတွေရှိပါတယ်ကွယ်၊ဒေါ်လေးသားအကြောင်း ‌ဒေါ်လေးသိတာပေါ့၊အဟင်း အရင်ကဆိုရာရာလေးက ဉာဏ်ကောင်းပေမယ့် စာလုပ်ဖို့မနည်းပြောရတယ်၊ဖတဆိုးလေးဆိုတော့ အလိုလိုက်မိတာလည်းပါမှာပေါ့၊ရာရာလေးကနည်းနည်းဆိုးချင်တယ်ကွယ်၊ဒေါက်တာပြောရင်ရပါတယ်၊အခုတောင် ဒေါက်တာပြောလို့ ရာရာလေးကစာသေချာလုပ်လာတာပဲကြည့်တော့လေ၊သားငယ်လေးကို အပ်ပါတယ်ကွယ်"


                   ဒေါ်နှင်းပြည့်ရာသည် သားဖြစ်သူအတွက်အများကြီးတွေးပေးခဲ့ပုံပင်။မျက်ရည်များဝိုင်းလျက် ခေတ်ဟန်အားကြည့်လာသည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေး၊ကျွန်တော်ရာရာ့ကို ‌အကောင်းဆုံးစောင့်ရှောက်မှာပါ၊နားလည်ပေးလို့ဒေါ်လေးကို ကျေးဇူးတင်ပါတယ်၊နားလည်ပေးနိုင်ဖို့အများကြီးကြိုးစားခဲ့ရမှာပဲ"


"ဒေါ်လေးလည်းမိခင်တစ်ယောက်ပဲလေ၊မိခင်အတ္တတော့ရှိတာပေါ့၊သားဖြစ်သူကို သာမန်ဘ၀လေးမှာပဲနေစေချင်တယ်၊ဒါပေမယ့် သားရဲ့စိတ်က ဒီလိုဖြစ်လာတော့မှ ဘာတတ်နိုင်တော့မှာလဲ၊ဒေါ်လေးသားရဲ့ဖြစ်တည်မှုကိုမပြောင်းလဲချင်ဘူး၊ဒေါ်လေးတို့မှာ ဒီအမေနဲ့ဒီသားပဲရှိတာ၊သူ့ကို ဒေါ်လေးကိုယ်တိုင်ကနားလည်မပေးလို့ ဘယ်သူကနားလည်ပေးမှာလဲ၊ဒေါ်လေးကိုယ်တိုင်ကမှ သားရဲ့ဖြစ်တည်မှုကိုကဲ့ရဲ့ပြီးအပြစ်တင်နေရင်ဘယ်သူက သားကိုလက်ခံပေးတော့မှာလဲ၊ဒေါ်လေးမှာ ဒီသားလေးပဲရှိတာမို့လို့ သားကိုတော့မဆုံးရှုံးချင်ဘူးကွယ်၊သားလေးကိုပျော်စေချင်တယ်"


"စိတ်ချပါ ဒေါ်လေး၊ကျွန်တော် ရာရာ့ကိုအဆုံးထိကာကွယ်ပေးမှာပါ"

ယခုတော့ ရာရာလေးကို ဆိုင်လို့ရပေပြီ။ပိုင်လို့တော့မရသေးပေ။

****

                 ခုနေ့  Juty offသောကြောင့် ရှစ်နာရီမှနိုးလာခဲ့ခြင်းဖြစ်သည်။လည်ပင်းတစ်ဖက်က စောင်း၍မရအောင်ပင် နာနေသောကြောင့် အနေအထားမှန်မှန်မအိပ်ခဲ့မိ၍ဆိုတာ သိလိုက်သည်။နာနေသည်က ခေါင်းပင်စောင်း၍လှည့်ကြည့်လို့ပင်မရတော့ပေ။ရာရာလည်း ကျောင်းပိတ်သောကြောင့် အိမ်အောက်တွင် ယခုအချိန်စာကျက်နေမည်ထင်သည်။မျက်နှာလေးအားမမြင်ရသေးသည်မို့ မျက်နှာသစ်ပြီးအိမ်အောက်သို့ဆင်းလာလိုက်သည်။

"ဟော နိုးလာပြီလား၊စားပွဲပေါ်မှာ အမေကမနက်စာပြင်ပေးခဲ့တယ်"

ကောင်လေးကသူ့နောက်မှခေါ်နေသည်မို့ သူလှည့်ကြည့်၍ပင်မရချေ။လှည့်လိုက်တိုင်းနာသည်။ထို့ကြောင့် ခေါင်းပင်ညိမ့်ပြလိုက်သည်။

"ဪ ခင်ဗျားက ကျွန်တော့်မျက်နှာကိုမမြင်ချင်ဘူးဆိုတဲ့သဘောပေါ့လေ ဟုတ်လား"

အသံအနေအထားအရ ကောင်လေးစိတ်ကောက်သွားပြီမှန်းသိလိုက်သည်။ထို့နောက် ကိုယ်ကိုသာနောက်လှည့်၍ ဖြေရှင်းချက်ပေးရသည်။ရှပ်လက်တိုအကွက်ကလေး၀တ်၍ ဘောင်းဘီတိုလေးဖြင့် စာရေးခုံ‌နားတွင်ထိုင်နေသောကောင်လေး၏ မျက်နှာသည်ရှင်းသန့်နေသည်။စိတ်ဆိုးနေ၍နှုတ်ခမ်းလေးသည်ကားခပ်စူစူဖြစ်နေသည်။

"မဟုတ်ပါဘူး ချာတိတ်ရယ်၊ကိုယ် အုံးလွဲနေလို့ပါကွာ"

"ဪ မသိဘူးလေ၊လွဲသွားရင်ပြန်တည့်လိုက်ပေါ့"

            သူ့အား ခေါင်းညိမ့်ပြကာလှည့်သွားသောလူကြီးအားစချင်လာသည်မို့ နာမ်စားသုံးကာခေါ်လိုက်သည်။

"ဦးခေတ်"

"ပြောပါဗျ"

သူ့အားလှည့်မကြည့်ဘဲ နောက်ခိုင်းနေရင်းပြောခိုင်းနေသူကြောင့် စိတ်ကမဆိုစလောက်လေးတိုသွားသည်။သို့သော်လည်း ထပ်စချင်လာသည်မို့ စာအုပ်လေးအား စားပွဲပေါ်သို့တင်လိုက်သည်။

"ကြင်သူရေ ခေါ်သံလေးကြားရင်

အချစ်ဆုံးလေးကို ခဏလောက်လှည့်လို့ကြည့်ပါဦး"

သီချင်းဆိုနေရင်း ရယ်သံပါပါလာသည်မို့ သူ့အားစနေမှန်းသိလိုက်သည်။

"သောက်ကလေးလေး အုံးလွဲနေလို့မလှည့်နိုင်ပါဘူးဆိုနေ"

ဟားးဟားး

"အဟွန်း!"

လည်ပင်းကနာနေသည့်ကြားတွင် ထပ်စလာသောကြောင့် သူဆဲရေးလိုက်သည်။ထိုကလေးကစိတ်မဆိုးသည့်အပြင် တဟားဟားရယ်နေသည်ကြောင့် သူပါရော၍ရယ်မိသည်။

အချစ်သည် ထိုကဲ့သို့လည်း ရယ်မောစေနိုင်သော ဟဒယရွှင်ဆေးလေးဖြစ်ပါသည်။


#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။

(လင်းငယ်အရင်ကထက်ပိုစောပြီး update ပေးထားပါတယ်။စာလည်းအများကြီးရေးပေးထားပါတယ်နော်။viewerတွေရော ကြယ်လေးတွေရောလျော့သွားတယ်။လင်းငယ် ရေးတာဖတ်လို့မကောင်းလို့လားဟင်၊လင်းငယ်ဘက်ကအမှားတစ်ခုခုရှိရင်လဲ လင်းငယ်ကိုပြောပြကြပါနော်။လင်းငယ်ကိုမချစ်ကြတော့ တကယ်စိတ်ဓာတ်ကကျချင်လာပြီ။unဖို့တောင်စဉ်းစားနေတာပါ။ဘယ်လိုလုပ်ရမလဲဟင်။စတာပါ မunပါဘူး။ရှိတဲ့လူနဲ့ပဲဆက်သွားမယ်လေနော်။အရင်ကထက် update စောပေးမယ်။ချစ်တယ်နော် ချောကလက်ကလေးတို့)

Zawgyi

                                            သုတ၏လက္ညႇိဳးသည္ အဂၢေနာက္တြင္ပုန္းေနေသာ လြန္းထံက်ေရာက္ေနသည္မို႔ မဟာသည္ မ်က္လုံးေလးျပဴးလ်က္ ၾကည့္ေနမိသည္။လြန္းသည္ စေနာက္သည္ဆိုေသာ္လည္း ငိုသည္အထိစေနာက္လိုက္မည္ဟုမထင္မိေသာေၾကာင့္ပင္။

ဟင္!

                     မဟာသည္ ဟင္ခနဲျဖစ္သြားၿပီးမွ အဂၢအား ခုမွျမင္သြားဟန္ျဖင့္ ၾကည့္လိုက္ေသာ္ မ်က္ေမွာင္ႀကီးကုပ္၍ သူ႔အားမေက်ၾကည့္,ၾကည့္ေနသူအားေတြ႕လိုက္ရသည္။လြန္းသည္လည္း ခုမွအဂၢေနာက္မွ ေခါင္းေလးျပဴထြက္လာကာ မဟာ့အား ဟီးခနဲရယ္ျပလိုက္သည္။

"အေမာင္ မင္း ငါ့ကေလးေလးကိုဘာလုပ္လိုက္တာလဲ ေျပာ"

             ယခုအခ်ိန္တြင္ မႈန္ကုပ္ကုပ္ၾကည့္ေနေသာ အဂၢအားလည္းဂ႐ုမစိုက္ႏိုင္ေပ။သူ႔ေကာင္ေလးမ်က္ႏွာသာ တစ္ကမာၻျဖစ္သည္မို႔ ေကာင္ေလး၏မ်က္ရည္မ်ားအား ျမင္ႏိုင္စြမ္းမရွိေပ။အၿမဲေပ်ာ္ေပ်ာ္ေနတတ္ေသာေကာင္ေလးသည္ မ်က္ရည္မ်ားႏွင့္ဘယ္လိုမွမလိုက္ဖက္ေပ။မဟာသည္ ငိုေနဆဲျဖစ္ေသာ သုတအားၾကည့္လိုက္သည္။

     

                   အသားအရည္မွာ အလယ္အလတ္ျဖစ္ၿပီး မ်က္ခြံေလးမ်ားမွာ ငိုထား၍ေဖာင္းအစ္ေနသည္။ႏွာေခါင္းလုံး‌လုံးေလးမွာနီရဲေနၿပီး အလယ္မေရာက္တေရာက္ခြဲထားေသာ ဆံပင္မ်ားပင္ ျပန္က်ေနသည္။အခုခ်ိန္ထိကို ရႈိက္ေနတုန္းပင္ျဖစ္သည္။မဟာသည္ သုတအား ၾကည့္၍သက္ျပင္းခပ္ဖြဖြေလးခ်လိုက္၏။ေကာင္ေလးသည္ သူ႔အားစကားေျပာလာျခင္းမရွိေသးေပ။ထိုအခ်ိန္တြင္ ျပႆနာအိုး၏အသံထြက္လာသည္။

"ကြၽန္ေတာ္က အမွန္အတိုင္းပဲေျပာလိုက္တာပါအစ္ကိုရာ..."

"အင္း ဘယ္လိုေျပာလိုက္တာလဲ"


"အစ္ကိုကလက္ထပ္ေတာ့မွာ အကုန္စီစဥ္ၿပီးၿပီလို႔၊အဲ့ဒါအမွန္ပဲေလ အစ္ကိုပဲ အစ္ကိုသုတကို....."

"ေတာ္ေတာ့ တျခားဟာဆက္ေျပာ..."

မဟာသည္ သူ႔လွ်ိဳ႕ဝွက္ခ်က္အား သုတကိုသိေစခ်င္ေသးသည့္ပုံမေပၚ။သူေကာင္းသားေလးထံမွ လွ်ိဳ႕ဝွက္ခ်က္မ်ားထြက္ေပၚမလာခင္ အရင္ႀကိဳပိတ္လိုက္ရသည္။ထိုအခါ ေကာင္ေလးက သူ႔အားတစ္ခ်က္မွ်ေမာ့ၾကည့္ကာ ေအာက္သို႔ျပန္ငုံ႔သြား၏။

"ကြၽန္ေတာ္ အစ္ကိုသုတကိုေျပာလိုက္တဲ့ "ေရွ႕ဆက္ရမယ့္အနာဂတ္အတြက္ပဲေတြးၿပီး သတိရလာတိုင္းအတိတ္ကိုျပန္မၾကည့္ေၾကး"ဆိုတာကလည္း ေရွ႕ဆက္ရမယ့္အစ္ကိုတို႔အနာဂတ္အတြက္ပဲေတြးၿပီး အတိတ္‌ဆိုးေတြကိုျပန္မေတြးနဲ႔လို႔ေျပာတာေလဗ်ာ၊ၿပီးေတာ့ "အမွတ္တရေကာင္းေတြအတြက္လည္းေက်းဇူးတင္ပါတယ္"ဆိုတာက ပုဂံမွာရွိခဲ့တဲ့အမွတ္တရေတြကိုေျပာတာေလ၊ေနာက္ဆုံးတစ္ခုလည္း ကြၽန္ေတာ္ေျပာလိုက္ပါတယ္ဗ်ာ "တခ်ိန္ခ်ိန္က်ရင္ သက္ဆိုင္သူေတြလိုျပန္ေတြ႕မယ္" လို႔၊ကြၽန္ေတာ္ေျပာတာ အမွားမပါဘူးေလ ေနာ္ ကိုကို"

"အင္းေလ ေနာ္"

လြန္းသည္ စကားအရွည္ႀကီးျဖင့္ ေျဖရွင္းခ်က္ေပးၿပီးေသာအခါ သူ႔ကိုကို,ကိုပါစစ္ကူေခၚ‌လာသည္။အဂၢကလည္းေထာက္ခံေသာေၾကာင့္ မဟာပါ ေၾကာင္သြားသည္။

အေမာင္ေျပာတာလည္း ဟုတ္ေနတာပဲကို၊ေပါက္စက ဘာကိုထငိုတာလဲ။ငါ့ကိုလက္မထပ္ခ်င္လို႔မ်ားလား မျဖစ္ဘူးေနာ္။

အမ္!

"အေမာင္ေျပာတာလည္း ဟုတ္ေနတာကို ေပါက္စကဘာလို႔ငိုတာလဲ"

                  ေကာင္ေလး၏ပုခုံးကိုကိုင္ကာ ေမးေတာ့မွ ႏွာတစ္ခ်က္ရႈံ႕ကာေျဖလာသည္။သို႔ေသာ္ ရႈိက္သံမ်ားသည္ကား မရပ္ေသးေပ။

ဟင့္! ႐ႊတ္!

"အစ္ကိုပဲ စဥ္းစားၾကည့္ဗ်ာ၊"ေရွ႕ဆက္ရမယ့္အနာဂတ္အတြက္ပဲေတြးၿပီး သတိရလာတိုင္းအတိတ္ကိုျပန္မၾကည့္ေၾကး"တဲ့ အဲ့ဒါႀကီးက အစ္ကိုမပါတဲ့အနာဂတ္အတြက္အတြက္ပဲေတြးၿပီး သတိရလာတိုင္း အစ္ကိုနဲ႔အတူရွိခဲ့တဲ့အတိတ္ကိုျပန္မေတြးနဲ႔ဆိုတဲ့ အဓိပၸာယ္ႀကီးေလ၊ၿပီးေတာ့ "အမွတ္တရေကာင္းေတြအတြက္ ေက်းဇူးလည္းတင္ပါတယ္"ဆိုတာကေရာ ကြၽန္ေတာ့ကိုအၿပီးသတ္ႏႈတ္ဆက္တာနဲ႔အတူတူပဲေလ၊ေနာက္ဆုံးတစ္ခုကက်ေတာ့ မသက္ဆိုင္သူလို႔ပဲၾကားလိုက္မိတာ ကြၽန္ေတာ္က အစ္ကို႔ကိုခ်စ္တဲ့အခ်စ္ေတြမ်ားၿပီးေတာ့ ဆုံးရႈံးရမွာေၾကာက္သြားလို႔ပါ"



"ကိုယ့္ေပါက္စေလးမမွားဘူး၊မွားတာက အေမာင္မွားတာ၊အဓိပၸာယ္အမ်ိဳးမ်ိဳးထြက္ေအာင္ကိုေျပာသြားတာ သူမွားတာ ေနာ္ ‌အခ်စ္ကေလး"

          
                  သုတ၏ေတာ္ကီတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္မႈတြင္ ေမ်ာပါသြားေသာ မဟာသည္ မ်က္ႏွာႀကီးၿပဳံးၿဖီးလ်က္ ေထာက္ခံလာသည္။လြန္းသည္လည္း သူ႔ေစတနာကိုမျမင္ဘဲ သူ႔အားေက်းစြပ္ေနၾကေသာအတြဲအားအျမင္ကပ္လာသည္မို႔ မ်က္ႏွာကိုမဲ့႐ြဲ႕ပစ္လိုက္ၿပီး.......…

"ဟြန႔္! အလကား သူတုံးရင္တုံးတယ္ေပါ့ ရာရာစစငါ့ကိုေက်းဇူးမတင္  ဖင္လွန္ျပေနတယ္၊ဟိုတစ္ေယာက္ကလဲ တကယ့္ကိုေလာက္ၾကင္အစစ္ ဟိုကနည္းနည္းေလးေတာ္ကီေတြပစ္လိုက္တာနဲ႔ ထန္းလ်က္ခဲရသြားတဲ့ေခြးလိုပဲ အၿမီးေလးတႏွံ႔ႏွံ႔နဲ႔"

                  အဂၢသည္ ႏႈတ္ခမ္းတေထာ္ေထာ္ျဖင့္ရန္ေတြ႕ေနေသာ သက္ဆိုင္သူအားၾကည့္ကာ ၿပဳံးေနတာပင္မရပ္ေတာ့။မဟာသည္ လြန္းေပးေသာဥပမာႀကီးေၾကာင့္ ဆြံ႕အသြားဟန္ျဖင့္ လြန္းအား ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနသည္။ထိုစဥ္........

ဝွီးးးး

အရွိန္ျဖင့္ အဂၢ၏မ်က္ႏွာတည့္တည့္သို႔ပစ္၀င္လာေသာ ေခါင္းအုံးအေသးတစ္လုံး။ပစ္တာက လြန္းကိုျဖစ္ၿပီး ထိသြားတာက လြန္း၏ေရွ႕တြင္ထိုင္ေနေသာ အဂၢကိုျဖစ္သည္။အဂၢအား ေခါင္းအုံးမွန္သြားေသာေၾကာင့္ လြန္းသည္လည္ူ မေက်နပ္ႏိုင္ေတာ့။

"အစ္ကိုသုတက ကြၽန္ေတာ့္ကိုကိုကို ေခါင္းအုံးနဲ႔ပစ္တယ္ေပါ့၊လာေလေရာ့....ေဟာဒီမွာ ႏွစ္တစ္ေထာင္ေခါင္းအုံးပ်ံ"

ဝွီးးး

ယခုအလွည့္တြင္ေတာ့ သုတအားမထိဘဲ သုတ၏အနီးတြင္ထိုင္ေနေသာ မဟာ့မ်က္ႏွာသို႔ ႏွစ္တစ္ေထာင္ေခါင္းအုံးပ်ံက ဝွီးခနဲက်ေရာက္လာသည္။


"အယုတ္တမာေလး မင္းက အႀကီးေတြကိုေတာင္ျပန္တိုက္ခိုက္တယ္ေပါ့၊ေရာ့ ဒီမွာ ငါ့ရဲ႕ေ႐ႊေရာင္လက္ဝါးတိုက္ကြက္"


ေခါင္းအုံးတင္မဟုတ္ေတာ့ပဲ အတြင္းအားမ်ားပါၿပိဳင္လာၾကၿပီး ႏွစ္ေယာက္စလုံး ဆိုဖာေပၚတြင္ထရပ္လိုက္ၾကသည္မို႔  မဟာႏွင့္အဂၢမွာဘာလုပ္လို႔ လုပ္ရမွန္းကိုမသိေတာ့ေခ်။သုတသည္ လက္ႏွစ္ဖက္အား‌ဗိုက္နားတြင္ တရားထိုင္သကဲ့သို႔လက္ကိုယွက္တင္ထားလိုက္ၿပီး လက္ကိုတျဖည္းျဖည္း အေပၚသို႔ဆြဲယူလာသည္။အတြင္းအားမ်ားအား ထုတ္ယူလာသကဲ့သို႔လုပ္လိုက္ၿပီး လက္ဖဝါးႏွစ္ဖက္အားေရွ႕သို႔ထုတ္ကာ လြန္းဘက္သို႔ပစ္လိုက္သည္။

အာ့!

                     ေနာက္သို႔ယိုင္သြားဟန္လုပ္လိုက္ေသာလြန္းေၾကာင့္ သုတသည္ သေဘာတက်ျဖင့္ရယ္လိုက္ၿပီး မဟာႏွင့္အဂၢမွာ ပါးစပ္မ်ားပင္ဟလ်က္ၾကည့္ေနၾကသည္။သူတို႔၏သက္ဆိုင္သူမ်ားသည္ ထိုသို႔လည္းေပါေတာေတာ ေၾကာင္ေတာင္ေတာင္ျဖစ္တတ္ၾကေသးသည္ဟုပင္ေတြးလိုက္ရသည္။ထိုစဥ္တြင္ ေနာက္သို႔ယိုင္သြားေသာ လြန္းက ကိုယ္ကိုျပန္မတ္လိုက္သည္။

"အႀကီးက အငယ္ကိုအႏိုင္က်င့္တယ္ေပါ့၊ဒီမွာ! တန္ျပန္လက္ဝါးတိုက္ကြက္"

သုတသည္ ကိုယ္ကိုတစ္ခ်က္ယိမ္း၍ေရွာင္လိုက္သည္ေၾကာင့္ လြတ္သြားသည္။ထို႔ေနာက္ ႏွစ္ေယာက္စလုံးက အတြင္းအားမ်ားစုထုတ္လာၾကၿပီး တစ္ေယာက္တစ္ျပန္အတြင္းအားသုံး၍တိုက္ခိုက္လိုက္ၾကသည္။

အာ့! အာ့! ေသသြားၿပီ!

ႏွစ္ေယာက္စလုံး ထိုကဲ့သို႔ေအာ္ကာ ဆိုဖာအေနာက္သို႔ ဘုန္းခနဲလဲက်သြားၾကသည္။မဟာႏွင့္အဂၢမွာ ေအာက္ေမး႐ိုးပင္ျပဳတ္က်သြားသေယာင္ ပါးစပ္ပင္မစိႏိုင္ေတာ့။တတ္လည္းတတ္ႏိုင္ၾကေသာ ကေလးငယ္မ်ားပင္။အတြင္းအားမ်ားထုတ္သုံးလိုက္ရေသာေၾကာင့္ ပင္ပန္းသြားၾကပုံပင္။သုတေရာ လြန္းပါ ျပန္၍ပင္ထမလာေတာ့ေပ။


—————————————

"အမေလး ကြၽတ္! ကြၽတ္!"

                   ေခတ္ဟန္သည္ အိပ္ယာမွႏိုးလွ်င္ႏိုးခ်င္း ေခါင္းကမေစာင္းႏိုင္ေတာ့ေသာေၾကာင့္ ေခါင္းေလးအားကိုင္၍ထလာသည္။႐ြာကိုေရာက္သည့္ေန႔မွာပင္  အေမာင္သည္ ေဆး႐ုံတန္းေရာက္သြားသည္က အမွတ္တရပင္။အေမာင္ ေဆး႐ုံမေရာက္ခင္ ႐ြာလူႀကီးသည္ ရာရာတို႔အိမ္တြင္ေနေစလိုေၾကာင္းေျပာလိုက္သည္မို႔ ႐ြာကိုေရာက္ကတည္းက ရာရာ့အိမ္တြင္သာလိုက္ေနသည္။

                    ရာရာ့အေမသည္လည္း သူ႔အားခ်စ္ရွာ၏။တစ္ခါတစ္ရံ "သမီးရွိရင္ ေဒါက္တာနဲ႔ေပးစားပါတယ္ေတာ္" ဟုေျပာတတ္ေသာေၾကာင့္ သူ႔မွာမ်က္ႏွာပူရၿမဲပင္။ရာရာ့အား လိင္တူတြဲျခင္းႏွင့္ပတ္သက္၍ေမးသည့္ေန႔မွစ၍ ရာရာ့အေမသည္လည္း အနည္းငယ္ေျပာင္းလဲသြားသည္။သူ႔အားအနည္းငယ္စိမ္းသြားသလိုပင္။သို႔ေသာ္ ရက္အနည္းငယ္အၾကာတြင္ ‌ရာရာမရွိတုန္း သူ႔အားေခၚသည္။

***

"ရာရာေလးကို ေဒါက္တာ့ဆီအပ္ပါတယ္ကြယ္"

               ရာရာေက်ာင္းသြားေနတုန္း သူေဆး႐ုံမသြားမီ ရာရာ့အေမေခၚေသာေၾကာင့္ သူသြားလိုက္သည္။ေဒၚႏွင္းျပည့္ရာသည္လည္း ေဒါက္တာ့အား ေစာင့္ၾကည့္ၿပီးျဖစ္သည္။ေဒါက္တာသည္ ရာရာႏွင့္အတူရွိေနခ်ိန္တြင္ သာမန္ထက္ပိုၿပဳံးေနတတ္ၿပီး ရာရာသည္လည္း ေဒါက္တာႏွင့္ရွိေနလွ်င္ မ်က္လုံးေလးမ်ားသည္ ေနေရာင္ျခည္လိုပင္ေတာက္ပေနတတ္သည္။ေဒါက္တာ့၏ရာရာ့အေပၚအျပဳအမူမ်ားအရ အပိုလုပ္ေနျခင္းမဟုတ္မွန္းသိသာေစသည္။သားငယ္သည္လည္း အရင္ကထက္စာပိုလုပ္လာသည္။သားငယ္အား သာမန္ဘ၀ကိုပဲျဖတ္သန္းေစခ်င္မိသည္။



                 သာမန္မဟုတ္ေသာဆက္ဆံေရးေၾကာင့္ သားငယ္အားပတ္၀န္းက်င္၏အေျပာအဆိုမ်ားမခံေစခ်င္ပါ။ျမင္းမိုရ္တို႔၏အတၱဟူ၍ပင္ရွိေသးသည္မဟုတ္ပါလား။သို႔ေသာ္ သူ႔အတၱေၾကာင့္ သားငယ္၏ေပ်ာ္႐ႊင္မႈအားမပ်က္စီးေစလိုပါ။ဖခင္ေမတၱာငတ္ခဲ့ရေသာ သားငယ္ေလးအားစိတ္ဒဏ္ရာမ်ားထပ္မေပးလိုေတာ့။အခ်ိန္တစ္ခုယူ၍စဥ္းစားၿပီးသည့္ေနာက္တြင္ ေဒါက္တာသည္ သားငယ္အတြက္သူၿပီးလွ်င္ အေကာင္းဆုံးလူအျဖစ္လက္ခံလိုက္ေတာ့သည္။

                  ေဒါႏွင္းျပည့္ရာသည္ သူ႔ေရွ႕ခုံတြင္ထိုင္ေနလ်က္မွ သူ႔လက္အားဆုပ္ကိုင္လာကာ ေျပာလာေသာစကားေၾကာင့္ သူေၾကာင္သြားသည္။

"ဗ်ာ! ေဒၚေလးေျပာတာ ကြၽန္ေတာ္နားမလည္ဘူး"

"ဟိုေန႔က ေဒါက္တာနဲ႔သားငယ္ေလးတို႔ အခန္းထဲမွာေျပာေနတာၾကားခဲ့ပါတယ္ကြယ္"


"ဟိုေလ ကြၽန္ေတာ္က ခ်ာ အဲ ရာရာေလးကိုတကယ္ျမတ္ျမတ္ႏိုးႏိုးနဲ႔ခ်စ္တာပါ ေဒၚေလးရယ္၊အခုမွသူက ဆယ္တန္းေက်ာင္းသားျဖစ္ေနလို႔ ကြၽန္ေတာ္......"

ေဒၚႏွင္းျပည့္ရာသည္ သက္ျပင္းတစ္ခ်က္ရႈိက္လိုက္ၿပီး ၿပဳံး၍ ေခတ္ဟန္အားၾကည့္လာသည္။

"ေလာကမွာ ဖြင့္မေျပာေပမယ့္အလိုလိုသိႏိုင္တဲ့စကားေတြရွိပါတယ္ကြယ္၊ေဒၚေလးသားအေၾကာင္း ‌ေဒၚေလးသိတာေပါ့၊အဟင္း အရင္ကဆိုရာရာေလးက ဉာဏ္ေကာင္းေပမယ့္ စာလုပ္ဖို႔မနည္းေျပာရတယ္၊ဖတဆိုးေလးဆိုေတာ့ အလိုလိုက္မိတာလည္းပါမွာေပါ့၊ရာရာေလးကနည္းနည္းဆိုးခ်င္တယ္ကြယ္၊ေဒါက္တာေျပာရင္ရပါတယ္၊အခုေတာင္ ေဒါက္တာေျပာလို႔ ရာရာေလးကစာေသခ်ာလုပ္လာတာပဲၾကည့္ေတာ့ေလ၊သားငယ္ေလးကို အပ္ပါတယ္ကြယ္"


                   ေဒၚႏွင္းျပည့္ရာသည္ သားျဖစ္သူအတြက္အမ်ားႀကီးေတြးေပးခဲ့ပုံပင္။မ်က္ရည္မ်ားဝိုင္းလ်က္ ေခတ္ဟန္အားၾကည့္လာသည္။

"ေက်းဇူးတင္ပါတယ္ ေဒၚေလး၊ကြၽန္ေတာ္ရာရာ့ကို ‌အေကာင္းဆုံးေစာင့္ေရွာက္မွာပါ၊နားလည္ေပးလို႔ေဒၚေလးကို ေက်းဇူးတင္ပါတယ္၊နားလည္ေပးႏိုင္ဖို႔အမ်ားႀကီးႀကိဳးစားခဲ့ရမွာပဲ"


"ေဒၚေလးလည္းမိခင္တစ္ေယာက္ပဲေလ၊မိခင္အတၱေတာ့ရွိတာေပါ့၊သားျဖစ္သူကို သာမန္ဘ၀ေလးမွာပဲေနေစခ်င္တယ္၊ဒါေပမယ့္ သားရဲ႕စိတ္က ဒီလိုျဖစ္လာေတာ့မွ ဘာတတ္ႏိုင္ေတာ့မွာလဲ၊ေဒၚေလးသားရဲ႕ျဖစ္တည္မႈကိုမေျပာင္းလဲခ်င္ဘူး၊ေဒၚေလးတို႔မွာ ဒီအေမနဲ႔ဒီသားပဲရွိတာ၊သူ႔ကို ေဒၚေလးကိုယ္တိုင္ကနားလည္မေပးလို႔ ဘယ္သူကနားလည္ေပးမွာလဲ၊ေဒၚေလးကိုယ္တိုင္ကမွ သားရဲ႕ျဖစ္တည္မႈကိုကဲ့ရဲ႕ၿပီးအျပစ္တင္ေနရင္ဘယ္သူက သားကိုလက္ခံေပးေတာ့မွာလဲ၊ေဒၚေလးမွာ ဒီသားေလးပဲရွိတာမို႔လို႔ သားကိုေတာ့မဆုံးရႈံးခ်င္ဘူးကြယ္၊သားေလးကိုေပ်ာ္ေစခ်င္တယ္"


"စိတ္ခ်ပါ ေဒၚေလး၊ကြၽန္ေတာ္ ရာရာ့ကိုအဆုံးထိကာကြယ္ေပးမွာပါ"

ယခုေတာ့ ရာရာေလးကို ဆိုင္လို႔ရေပၿပီ။ပိုင္လို႔ေတာ့မရေသးေပ။

****

                 ခုေန႔  Juty offေသာေၾကာင့္ ရွစ္နာရီမွႏိုးလာခဲ့ျခင္းျဖစ္သည္။လည္ပင္းတစ္ဖက္က ေစာင္း၍မရေအာင္ပင္ နာေနေသာေၾကာင့္ အေနအထားမွန္မွန္မအိပ္ခဲ့မိ၍ဆိုတာ သိလိုက္သည္။နာေနသည္က ေခါင္းပင္ေစာင္း၍လွည့္ၾကည့္လို႔ပင္မရေတာ့ေပ။ရာရာလည္း ေက်ာင္းပိတ္ေသာေၾကာင့္ အိမ္ေအာက္တြင္ ယခုအခ်ိန္စာက်က္ေနမည္ထင္သည္။မ်က္ႏွာေလးအားမျမင္ရေသးသည္မို႔ မ်က္ႏွာသစ္ၿပီးအိမ္ေအာက္သို႔ဆင္းလာလိုက္သည္။

"ေဟာ ႏိုးလာၿပီလား၊စားပြဲေပၚမွာ အေမကမနက္စာျပင္ေပးခဲ့တယ္"

ေကာင္ေလးကသူ႔ေနာက္မွေခၚေနသည္မို႔ သူလွည့္ၾကည့္၍ပင္မရေခ်။လွည့္လိုက္တိုင္းနာသည္။ထို႔ေၾကာင့္ ေခါင္းပင္ညိမ့္ျပလိုက္သည္။

"ဪ ခင္ဗ်ားက ကြၽန္ေတာ့္မ်က္ႏွာကိုမျမင္ခ်င္ဘူးဆိုတဲ့သေဘာေပါ့ေလ ဟုတ္လား"

အသံအေနအထားအရ ေကာင္ေလးစိတ္ေကာက္သြားၿပီမွန္းသိလိုက္သည္။ထို႔ေနာက္ ကိုယ္ကိုသာေနာက္လွည့္၍ ေျဖရွင္းခ်က္ေပးရသည္။ရွပ္လက္တိုအကြက္ကေလး၀တ္၍ ေဘာင္းဘီတိုေလးျဖင့္ စာေရးခုံ‌နားတြင္ထိုင္ေနေသာေကာင္ေလး၏ မ်က္ႏွာသည္ရွင္းသန႔္ေနသည္။စိတ္ဆိုးေန၍ႏႈတ္ခမ္းေလးသည္ကားခပ္စူစူျဖစ္ေနသည္။

"မဟုတ္ပါဘူး ခ်ာတိတ္ရယ္၊ကိုယ္ အုံးလြဲေနလို႔ပါကြာ"

"ဪ မသိဘူးေလ၊လြဲသြားရင္ျပန္တည့္လိုက္ေပါ့"

            သူ႔အား ေခါင္းညိမ့္ျပကာလွည့္သြားေသာလူႀကီးအားစခ်င္လာသည္မို႔ နာမ္စားသုံးကာေခၚလိုက္သည္။

"ဦးေခတ္"

"ေျပာပါဗ်"

သူ႔အားလွည့္မၾကည့္ဘဲ ေနာက္ခိုင္းေနရင္းေျပာခိုင္းေနသူေၾကာင့္ စိတ္ကမဆိုစေလာက္ေလးတိုသြားသည္။သို႔ေသာ္လည္း ထပ္စခ်င္လာသည္မို႔ စာအုပ္ေလးအား စားပြဲေပၚသို႔တင္လိုက္သည္။

"ၾကင္သူေရ ေခၚသံေလးၾကားရင္

အခ်စ္ဆုံးေလးကို ခဏေလာက္လွည့္လို႔ၾကည့္ပါဦး"

သီခ်င္းဆိုေနရင္း ရယ္သံပါပါလာသည္မို႔ သူ႔အားစေနမွန္းသိလိုက္သည္။

"ေသာက္ကေလးေလး အုံးလြဲေနလို႔မလွည့္ႏိုင္ပါဘူးဆိုေန"

ဟားးဟားး

"အဟြန္း!"

လည္ပင္းကနာေနသည့္ၾကားတြင္ ထပ္စလာေသာေၾကာင့္ သူဆဲေရးလိုက္သည္။ထိုကေလးကစိတ္မဆိုးသည့္အျပင္ တဟားဟားရယ္ေနသည္ေၾကာင့္ သူပါေရာ၍ရယ္မိသည္။

အခ်စ္သည္ ထိုကဲ့သို႔လည္း ရယ္ေမာေစႏိုင္ေသာ ဟဒယ႐ႊင္ေဆးေလးျဖစ္ပါသည္။


#Hsu Lynn Nge
#အခုမွစေရးတာျဖစ္လို႔မွားတာရွိရင္ေထာက္ျပၾကပါဗ်။အေကာင္းဆုံးႀကိဳးစားထားပါတယ္ဗ်။

(လင္းငယ္အရင္ကထက္ပိုေစာၿပီး update ေပးထားပါတယ္။စာလည္းအမ်ားႀကီးေရးေပးထားပါတယ္ေနာ္။viewerေတြေရာ ၾကယ္ေလးေတြေရာေလ်ာ့သြားတယ္။လင္းငယ္ ေရးတာဖတ္လို႔မေကာင္းလို႔လားဟင္၊လင္းငယ္ဘက္ကအမွားတစ္ခုခုရွိရင္လဲ လင္းငယ္ကိုေျပာျပၾကပါေနာ္။လင္းငယ္ကိုမခ်စ္ၾကေတာ့ တကယ္စိတ္ဓာတ္ကက်ခ်င္လာၿပီ။unဖို႔ေတာင္စဥ္းစားေနတာပါ။ဘယ္လိုလုပ္ရမလဲဟင္။စတာပါ မunပါဘူး။ရွိတဲ့လူနဲ႔ပဲဆက္သြားမယ္ေလေနာ္။အရင္ကထက္ update ေစာေပးမယ္။ခ်စ္တယ္ေနာ္ ေခ်ာကလက္ကေလးတို႔)

Continue Reading

You'll Also Like

1.1M 24.5K 39
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
740K 7.9K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
83.8K 15K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
346K 34.9K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်