ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

Da mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး Altro

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 40

2.1K 413 4
Da mizzle69

နန်ဟွိုင်လင် အမြန်ဆုံး စိတ်အေးအေးထားလိုက်ရပြီး ပုံမှန်အတိုင်းပဲ ပြုမူနေထိုင်လိုက်တော့၏။ သူ ခါးကုန်းကာ ဟယ်နီဘယ်လ်ရဲ့ ရုပ်ဆိုးဆိုးခွေးဘီလူးမျက်နှာကြီးကို ပွတ်သက်ရင်း ပြုံးလိုက်မိသည်။

" တော်တော်တောင် ကြာသွားပြီကို...မင်းက ငါ့ကို မှတ်မိနေတုန်းပဲပေါ့လေ? ငါ အရမ်း ဟက်ထိသွားရပြီကွာ "

ဟယ်နီဘယ်လ်က နန်ဟွိုင်လင်လက်ကို လျှက်ဖို့ လျှာအပြင်ထုတ်လိုက်တာကို ဖေ့ချန် အကြောင်သား ရပ်ကြည့်နေမိသည်။ " ဒါက ဘယ်လိုဖြစ်ရတာလဲ? ကိုယ့်အကိုရဲ့ခွေးက မင်းကို ဘယ်လိုသိနေတာလဲ? "

နန်ဟွိုင်လင် ဖိနပ်လဲစီးကာ ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ " ပြောရရင် အရှည်ကြီးပဲ...အရင်ဆုံး ကျတော့်ကို ရေတစ်ခွက်လောက် သောက်ခွင့်ပြုပါဦး...ရေဆာလို့ သေတော့မယ် "

နန်ဟွိုင်လင် အခုမှပဲ အသက်ရှုပေါက်ရသွားကာ ထမင်းစားခန်းထဲကို တန်းတန်းဝင်ပြီး ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးကိုထုတ်ရင်း ဖေ့ချန်ကို အော်မေးလိုက်သည်။

" ခင်ဗျား တစ်ခုခုသောက်ဦးမလား? "

" Coke တစ်ဗူးယူခဲ့! "

နန်ဟွိုင်လင် ဧည့်ခန်းဆီသို့ ပြန်လာပြီး ဖေ့ချန်ကို Cokeဗူးလှမ်းပေးရင်း သူ့ဘေးနားထိုင်ကာ ရေနှစ်ငုံသောက်ပြီး စကားစပြောလိုက်တယ်..

" ကျတော်တို့ စဆုံခဲ့တဲ့အချိန်လောက်ကို ပြန်ပြောရမယ်ဆိုရင် အဲ့တုန်းက ကျတော်နဲ့ ဟယ်တင်းဟုန်ကြားမှာ ကိစ္စတစ်ခုကြောင့် ပြဿနာလေးတွေ တက်ခဲ့ကြပြီး..ကျတော် မင်းရှိနဲ့ ချုပ်ထားတဲ့စာချုပ်ကို ဖျက်ဖို့လုပ်ခဲ့တယ်...အဲ့တာကြောင့်ရော..ကျတော် ရိုက်ဖို့ဇာတ်ကောင်နေရာတွေ မရှိတာကြောင့်ရော အဲ့တုန်းက ကျတော် ပိုက်ဆံပြတ်သွားခဲ့တာ..လက်ထောက်ရွမ်က သဘောကောင်းလွန်းလို့သာ ကျတော့်ကို အိမ်အကူအဖြစ် အစမ်းခန့်ထားကြည့်တာ "

ဖေ့ချန် တကယ်ကို အံ့အားသင့်သွားရပါ၏။ " ဒါဆို...မင်းက ကိုယ့်အကိုအိမ်မှာ အိမ်အကူလုပ်ခဲ့တယ်ပေါ့? "

နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်သည်။

" အင်း...ဒါပေမယ့် လေးရက်တည်းပါပဲ...ဘာလို့လဲဆိုတော့ ကျတော် သရုပ်ဆောင်ဖို့ အခွင့်အရေးထပ်ရလာလို့...အိမ်အကူအလုပ်ကနေ ထွက်လိုက်ရတာ "

ဖေ့ချန် စိတ်မကောင်းဖြစ်သွားရပြီး ရင်ထဲမှာလည်း ဘာမှန်းမသိတဲ့ မပီပြင်ဝိုးတဝါးထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေ၏။ အဲ့အရာတွေက မယ်မယ်ရရ ဘာလဲဆိုတာတော့ သေချာ မသိပေမယ့် သူ့ကို အနည်းငယ်သောစိတ်မသက်မသာမှုဖြစ်အောင် ပြုလုပ်နိုင်ကြပါ၏။

" မင်း အရင်ကပြောတာ..ကိုယ် ဘာလို့ မကြားမိတာလဲ? "

" အဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျတော် ခင်ဗျားကိုပြောစရာမှ မရှိတာ " နန်ဟွိုင်လင်က ပြုံးကာ ပြောနေ၏။ " အဲ့တာက စကားထဲထည့်ပြောဖို့တောင် မလိုတဲ့ အသေးအမွှားအရာလေးပဲလေ "

ဖေ့ချန် Cokeတစ်ငုံ ယူသောက်လိုက်ရင်း နန်ဟွိုင်လင် စိုက်ကြည့်ကာ ပြောလိုက်၏။

" မင်း အိမ်အကူလုပ်တုန်းက ကိုယ့်အကိုနဲ့ တွေ့သေးလား? "

" မတွေ့ပါဘူး " နန်ဟွိုင်လင့်နှလုံးခုန်သံတွေက အရမ်းကို ကျယ်လောင်လာ၏..သို့ပေမယ့် သူမျက်နှာကတော့ နဲနဲလေးမှတောင်ပြောင်လဲမသွားခဲ့ပေ။

" လက်ထောက်ရွမ်ကပြောတယ်...Mr.ဖေ့က သူ့အိမ်မှာ အပြင်ကသူတွေကို တွေ့ရတာမကြိုက်ဘူးတဲ့...အဲ့တာကြောင့် ကျတော် အမြဲတမ်း Mr.ဖေ့ အလုပ်သွားမှ လာရပြီး သူပြန်မလာခင် အလုပ်နားရတယ် "

နန်ဟွိုင်လင် ခနရပ်ကာ ထပ်လောင်းပြောဆိုလိုက်သည်။

" ကျတော် မင်းရှိမှာ ရှိနေတာကြာပေမယ့် တစ်ခါမှ Mr.ဖေ့ကို မတွေ့ဘူးဘူး...သူ ဘယ်လိုပုံစံရှိလဲ ကျတော် သိချင်လိုက်တာ..ပြပါလား?"

" ကိုယ့်လောက် မချောဘူး...ကြည့်ဖို့ မလိုဘူး "

ဖေ့ချန် Cokeဗူးကို ပြန်ချလိုက်သည်။ " ကိုယ် ရုံးကို ပြန်သွားရမယ်...ဒီနေ့လည် မင်း လုပ်စရာရှိလား? "

သူ ပြောခဲ့တဲ့အကြောင်းတွေကို ယုံသွားအောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီထင်တယ်..အခုမှပဲ နန်ဟွိုင်လင်ရဲ့ အပူမိနေတဲ့နှလုံးသားက တဖြည်းဖြည်းနဲ့ ငြိမ်သက်လာတော့သည်။

နန်ဟွိုင်လင် ခေါင်းညိမ့်ပြလိုက်သည်။ " အင်း"

ဖေ့ချနါက ဘာလုပ်ဖို့လဲဆိုတဲ့ပုံစံမျိုးနဲ့ သူ့ကို ကြည့်လာ၏။ သို့ပေမယ့် နန်ဟွိုင်လင်တွင် ပြန်ဖြေပေးဖို့ အစီအစဥ်မရှိဘဲ ရေပဲသောက်နေလိုက်။

" ဟုတ်ပါပြီ " ဖေ့ချန် သက်ပြင်းချရင်း မက်တပ်ရပ်ကာ ထွက်လာလိုက်သည်။ " ကိုယ် သွားပြီ "

နန်ဟွိုင်လင် တံခါးနားထိလိုက်ကာ ဖေ့ချန် ဖိနပ်လဲနေတာကို ကြည့်နေလိုက်သည်။ " အလုပ်ပြီးရင် စောစောပြန်လာခဲ့နော် "

" အင်း " တကယ်တော့ ဖေ့ချန် အလုပ်ကို လုံးဝ မသွားချင်ပေ..အခုချိန်မှာ နန်ပေါက်နဲ့ပဲ နေချင်တယ်..ဒါပေမယ့် အဲ့ကောင်လေးက အခုထိ ဘာမှ နားမလည်သေးဘူး..အဲ့တော့ သူ အလုပ်သွားပြီး သေချင်အောင် ပျင်းနေရုံပဲ ရှိတော့တယ်..

ဖေ့ချန် ထွက်သွားတော့မှ သူ့ရင်ထဲက အလုံးကြီး ကျသွားတော့တယ်..သူ ဟယ်နီဘယ့်လ်ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

" မင်းကြောင့် ငါ သေတော့မလို့...မင်းမှာ ဘာလို့ အဲ့လောက်ကောင်းတဲ့မှတ်ဉာဏ်ရှိရတာလဲ..ဟမ်? "

ဟယ်နီဘယ်လ်က မကျေမနပ်နဲ့ နှစ်ခါဟောင်ကာ နှုတ်ခမ်းဆူနေတော့သည်။

နန်ဟွိုင်လင် ပြုံးရယ်လိုက်မိတယ် " ဒါပေမယ့် ငါ မင်းကို ပြန်တွေ့ရတာ အရမ်းပျော်နေတုန်းပဲ..Mr.ဟယ်နီဘယ်လ် "

ဟယ်နီဘယ်လ်နဲ့ ဆော့ပေးပြီးနောက် နန်ဟွိုင်လင် ရေချိုးကာ ချောင်ချောင်ချိချိရှိတဲ့ အဝတ်တွေ ဝတ်ဆင်လိုက်၏။ ထို့နောက် အိမ် တစ်အိမ်လုံးကို ပတ်ကြည့်ရာ နေတိုင်းသန့်ရှင်းရေးလုပ်တယ်နဲ့တူတယ် မလိုအပ်တဲ့ ဘယ်အညစ်အကြေးကိုမှ မတွေ့ရပေ။ ဖေ့ချန်ကိုယ်တိုင် သန့်ရှင်းရေးလုပ်တာမဖြစ်နိုင်ဘဲ အိမ်အကူငှားထားတာ ဖြစ်နိုင်သည်။ ဒါဆို သူ ဒီအိမ်မှာဆက်နေဖို့ အကြောင်းမရှိတော့ဘူးပဲ။

နန်ဟွိုင်လင် ပိုက်ဆံ တွက်ကြည့်ရင်း ဖေ့ချန် သူ့ကို ပေးဖူးတဲ့ ယွမ် 5သောင်းကို ကဒ်ထဲ လွှဲကာ ထိုကဒ်ကို တီဗွီအောက်က အံဆွဲထဲ ထည့်လိုက်သည်။

ဆိုဖာပေါ် ခနထိုင်ရင်း သေချာစဥ်းစားပြီးနောက် သူ့ဖုန်းကို ယူကာ မိန်ထျန်းကျူဆီ ဖုန်းခေါ်လိုက်သည်။

" အမကျူ...ကျေးဇူးပြုပြီး ကျတော့်ကို တိုက်ခန်းတစ်ခန်းငှားဖို့ ကူညီပေးပါလား? "

" မင်း Dong Fangအိမ်ရာကနေ ပြောင်းတော့မလို့လား? "

" အင်း... ကုမ္ပဏီနဲ့ တအားမဝေးချင်ဘူး...ဖြစ်နိုင်ရင် တစ်ယောက်အခန်းတစ်ခုပါပြီး ကြေးက 6ထောင်မကျော်တဲ့ အခန်းမျိုး ငှားချင်တယ်..တခြားတော့ ဘာမှ မလိုပါဘူး "

" အိုကေ...အမြန်လိုတာလား? "

" အမြန် မလိုဘူး...တစ်ပတ်အတွင်း ငှားနိုင်ရင် ရပြီ "

" ကောင်းတယ်...ဒါနဲ့ ငါ အမရှန်ကိုတွေ့ဖို့ ကုမ္ပဏီကို သွားတုန်းက...သူ ငါ့ကို အိပ်မက်အသစ်တွေနောက်လိုက်ခြင်း ဇာတ်ညွှန်းပေးလိုက်တယ်...ငါ အခု မင်းဆီ လာပို့ပေးရမလား? "

" ကောင်းသားပဲ..အားနာပေမယ့် အဲ့လိုပဲ လုပ်လိုက်မယ် " ဇာတ်ညွှန်းဆိုတဲ့ အသံကြားရုံနဲ့ သူ နှလုံးခုန်သံက မြန်နေပြီ..

ဖုန်းချပြီးနောက် အခန်းနံပါတ်အတိအကျကို မိန်ထျန်းကျူဆီ မက်ဆေ့လှမ်းပို့လိုက်၏။ ထို့နောက် ယုန်ဟိုင်စူပါမားကပ်ဆိုတဲ့ appကို ဒေါင်းလော့လုပ်ကာ အသားတွေ, ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကို မှာယူလိုက်၏။ ပေကျင်းက Hengdianထက်ကို ပိုပူတာကြောင့် သူ အပြင်ထွက်ပြီး နေပူဒဏ်ကို မခံချင်တော့ပေ..

Deliveryသမားနဲ့ မိန်ထျန်းကျူက ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အပေါက်ဝမှာ ပလက်စတစ်အိတ်အကြီးကြီး သုံးအိတ်က တစ်ဆို့နေတာကြောင့် သူမက အံ့သြတကြီးဖြစ်နေတော့၏။

" ဘာလို့ အဲ့လောက်အများကြီး ဝယ်တာလဲ? စားသောက်ပွဲများ ရှိလို့လား? "

နန်ဟွိုင်လင် ပြုံးလိုက်မိသည်။ " ရေခဲသေတ္တာထဲမှာ ဘာမှ မရှိဘူး...ကျတော် ဖြည့်ပေးထားချင်လို့ "

မိန်ထျန်းကျူက အထုပ်တွေကို အိမ်ထဲကူသယ်ပေးရာမှ အခန်းထဲရောက်ခါရှိသေး သူမက ဟယ်နီဘယ်လ်ကို တွေ့ကာ ကြောက်လန့်တကြားနဲ့ နန်ဟွိုင်လင်နောက်ကို ဝင်ပုန်းတော့သည်။

သူ ဟယ်နီဘယ်လ်ကို စတွေ့ခါစက ဒီလိုပုံပဲဆိုတာ တွေးမိရင်း နန်ဟွိုင်လင် ရယ်လိုက်မိသည်။ " မကြောက်ပါနဲ့..ဒီကောင်က ရုပ်ဆိုးပေမယ့် တကယ် ချစ်ဖို့ကောင်းတယ်ဗျ "

မိန်ထျန်းကျူက ဟန်နီဘယ်လ်ကို ရှောင်ကာ သူသွားတဲ့ ထမင်းစားခန်းထဲကို နောက်ကလိုက်လာပြီး ရေခဲသေတ္တာထဲက များစွာသောအခန်းတွေထဲမှာ ဝယ်ထားတဲ့ပစ္စည်းတွေကို သူ့အမျိုးအစားအလိုက် နန်ဟွိုင်လင်နဲ့အတူတူ ထည့်ပေးလာ၏။ ထို့နောက် သူတို့ အဆာပြေမုန့်အချို့ကို ယူကာ ဧည့်ခန်းဆီ ရောက်လာကြသည်။

မိန်ထျန်းကျူက သူမအိပ်ထဲက ယူလာတဲ့ ဇာတ်ညွှန်းစာရွက်တစ်ထပ်လိုက်ကို ကမ်းပေးလာ၏။ " ရော့..ဒီမှာ "

နန်ဟွိုင်လင် ယူကာ အဖုံးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ " Swimming Beyond My Life? နာမည်ပြောင်းလိုက်တာလား?"

" အင်း....သူတို့ပြောတာကတော့ အိပ်မက်အသစ်တွေနောက်လိုက်ခြင်း ဆိုတဲ့ ခေါင်းစဥ်က ရိုးလွန်းလို့တဲ့...ပြီးတော့ ရိုက်မဲ့အကြောင်းအရာနဲ့လဲ သိပ်မလိုက်လို့ ​ချိန်းလိုက်ကြတာ "

နန်ဟွိုင်လင် ခေါင်းညိမ့်ပြလိုက်သည်။ " Swimming Beyond My Lifeက ပိုကောင်းပါတယ် "

ထိုအခါ မိန်ထျန်းကျူက မုန့်စားနေရင်း ပြောလာ၏။ " အမရှန်က ပြောတယ်...ဒီဇာတ်လမ်းတွဲက အဆက်အဆက်တွေနဲ့..ပြီးတော့ အဓိက သရုပ်ဆောင်မဲ့သူတွေကလဲ အသစ်တွေပဲဆိုတော့ ..ဖွင့်ပွဲအခမ်းအနားတွေ ဘာတွေ မရှိတော့ဘဲ 12ရက်နေ့ကြရင် စရိုက်ကြမယ်တဲ့ "

" ကောင်းတာပေါ့ "

ကြယ်နိုင်ငံ ဖွင့်ပွဲပြီးတည်းက သူ့ကိုလည်း စိတ်ဝင်စားလာကြမှု မရှိသေးပေ...

" တခြားသရုပ်ဆောင်တွေက တစ်လပြည့်တော့မယ် ရေကူးလေ့ကျင့်နေကြတာဆိုတော့ မင်းလဲ မနက်ဖြန်ကစပြီး သူတို့လဲ သွားJoinလိုက် သိလား"

" အိုကေ "

ရေကူးထရိန်နင် အကြောင်းကို ဟယ်သွမ့်ယန်ဆီကနေတဆင့် သူကြားထားပါ၏။ ရုပ်ရှင်ရိုက်နေရလို့ လဝက်ကျော်ကျော်လောက်ထိ သူ နောက်ကျသွားပေမယ့် အထက်တန်းရေကူးအသင်းမှာတုန်းက သူက အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် အခြေခံတွေ သိထားပြီး စိုးရိမ်မှုတော့ မရှိပါချေ။

စားလို့သောက်လို့လဲပြီးသွားရော ပြောစကားစကားလဲ ကုန်သွားတော့သည်။

မိန်ထျန်းကျူက ပြန်ချင်နေကာ ဟယ်နီဘယ်လ် ကိုက်ခံရမှာကြောက်တာကြောင့် သူ့ကို တံခါးနားထိ လိုက်ပို့ပေးဖို့ ပြောလာ၏။

မိန်ထျန်းကျူ ထွက်သွားပြီးနောက် လေးနာရီတောင် မထိုးသေးတာကို သူတွေ့လိုက်ရ၏။ ဖေ့ချန် အလုပ်ကပြန်လာဖို့ လိုသေးတာကြောင့် ဆိုဖာပေါ်မှီကာ ဇာတ်ညွှန်းတွေ ဖတ်ကြည့်နေလိုက်သည်။

စာမျက်နှာ နှစ်ခုလောက်ကြည့်ပြီးခါစရှိသေး တံခါးဘဲမြည်သံကို ကြားလိုက်ရကာ နန်ဟွိုင်လင် တံခါးသွားဖွင့်ဖို့ ထလိုက်ရသည်။

တံခါးဖွင့်ရင်း အပြင်ကရပ်နေတဲ့လူကိုတွေ့တော့ သူ ကြောင်အသွားရ၏။

" ခင်ဗျား ဘာလို့ တံခါးဘဲကို နှိပ်နေတာလဲ? ပက်စဝှက်နှိပ်ပြီး ဖွင့်ဝင်လာရင် ရနေပြီဟာကို ဘာဖြစ်ရတာလဲ? "

ထိုအခါ ဖေ့ချန်က ပြုံးကာဆိုလာ၏။

" မင်း ကိုယ့်ကိုလာပြီး တံခါးဖွင့်ပေးတာ လိုချင်လို့ "

ဖေ့ချန်၏ စိတ်ကို သူနားမလည်တော့ပေ.နန်ဟွိုင်လင် ထိုသူ့ကို အိမ်ထဲပေးဝင်ဖို့ လမ်းဖယ်ပေးလိုက်၏။

" ခင်ဗျား မဟုတ်ဘူးမလား? အလုပ်ဆင်းလာခဲ့တာလေ..ဟင်? "

" ဟုတ်တယ် "

နန်ဟွိုင်လင်, " ....... "

ဒါက..ဒါက အရမ်းစောလွန်းတယ် မလား?

သူ ဖေ့ချန်အတွက် စပရိုက်တောင် မပြင်ဆင်ရသေးဘူးလေ!....

_____________

17. 10. 22 ( Mon )

TN/ ဒီအပိုင်းက တိုနေလို့ Mizzle နောက်တစ်ပိုင်း ဆက်upထားပါတယ်

__________

Zawgyi

နန္ဟြိုင္လင္ အျမန္ဆံုး စိတ္ေအးေအးထားလိုက္ရၿပီး ပံုမွန္အတိုင္းပဲ ျပဳမူေနထိုင္လိုက္ေတာ့၏။ သူ ခါးကုန္းကာ ဟယ္နီဘယ္လ္ရဲ့ ရုပ္ဆိုးဆိုးေခြးဘီလူးမ်က္ႏွာႀကီးကို ပြတ္သက္ရင္း ၿပံဳးလိုက္မိသည္။

" ေတာ္ေတာ္ေတာင္ ၾကာသြားၿပီကို...မင္းက ငါ့ကို မွတ္မိေနတုန္းပဲေပါ့ေလ? ငါ အရမ္း ဟက္ထိသြားရၿပီကြာ "

ဟယ္နီဘယ္လ္က နန္ဟြိုင္လင္လက္ကို လ်ွက္ဖို႔ လ်ွာအျပင္ထုတ္လိုက္တာကို ေဖ့ခ်န္ အေၾကာင္သား ရပ္ၾကည့္ေနမိသည္။ " ဒါက ဘယ္လိုျဖစ္ရတာလဲ? ကိုယ့္အကိုရဲ့ေခြးက မင္းကို ဘယ္လိုသိေနတာလဲ? "

နန္ဟြိုင္လင္ ဖိနပ္လဲစီးကာ ဧည့္ခန္းထဲသို႔ လမ္းေလ်ွာက္ဝင္သြားလိုက္သည္။ " ေျပာရရင္ အရွည္ႀကီးပဲ...အရင္ဆံုး က်ေတာ့္ကို ေရတစ္ခြက္ေလာက္ ေသာက္ခြင့္ျပဳပါၪီး...ေရဆာလို႔ ေသေတာ့မယ္ "

နန္ဟြိုင္လင္ အခုမွပဲ အသက္ရႈေပါက္ရသြားကာ ထမင္းစားခန္းထဲကို တန္းတန္းဝင္ၿပီး ေရခဲေသတၲာထဲက ေရသန္႔တစ္ဗူးကိုထုတ္ရင္း ေဖ့ခ်န္ကို ေအာ္ေမးလိုက္သည္။

" ခင္ဗ်ား တစ္ခုခုေသာက္ၪီးမလား? "

" Coke တစ္ဗူးယူခဲ့! "

နန္ဟြိုင္လင္ ဧည့္ခန္းဆီသို႔ ျပန္လာၿပီး ေဖ့ခ်န္ကို Cokeဗူးလွမ္းေပးရင္း သူ႔ေဘးနားထိုင္ကာ ေရႏွစ္ငံုေသာက္ၿပီး စကားစေျပာလိုက္တယ္..

" က်ေတာ္တို႔ စဆံုခဲ့တဲ့အခ်ိန္ေလာက္ကို ျပန္ေျပာရမယ္ဆိုရင္ အဲ့တုန္းက က်ေတာ္နဲ႔ ဟယ္တင္းဟုန္ၾကားမွာ ကိစၥတစ္ခုေၾကာင့္ ျပႆနာေလးေတြ တက္ခဲ့ၾကၿပီး..က်ေတာ္ မင္းရိွနဲ႔ ခ်ဳပ္ထားတဲ့စာခ်ဳပ္ကို ဖ်က္ဖို႔လုပ္ခဲ့တယ္...အဲ့တာေၾကာင့္ေရာ..က်ေတာ္ ရိုက္ဖို႔ဇာတ္ေကာင္ေနရာေတြ မရိွတာေၾကာင့္ေရာ အဲ့တုန္းက က်ေတာ္ ပိုက္ဆံျပတ္သြားခဲ့တာ..လက္ေထာက္ရြမ္က သေဘာေကာင္းလြန္းလို႔သာ က်ေတာ့္ကို အိမ္အကူအျဖစ္ အစမ္းခန္႔ထားၾကည့္တာ "

ေဖ့ခ်န္ တကယ္ကို အံ့အားသင့္သြားရပါ၏။ " ဒါဆို...မင္းက ကိုယ့္အကိုအိမ္မွာ အိမ္အကူလုပ္ခဲ့တယ္ေပါ့? "

နန္ဟြိုင္လင္ ေခါင္းညိမ့္လိုက္သည္။

" အင္း...ဒါေပမယ့္ ေလးရက္တည္းပါပဲ...ဘာလို႔လဲဆိုေတာ့ က်ေတာ္ သရုပ္ေဆာင္ဖို႔ အခြင့္အေရးထပ္ရလာလို႔...အိမ္အကူအလုပ္ကေန ထြက္လိုက္ရတာ "

ေဖ့ခ်န္ စိတ္မေကာင္းျဖစ္သြားရၿပီး ရင္ထဲမွာလည္း ဘာမွန္းမသိတဲ့ မပီျပင္ဝိုးတဝါးထူးဆန္းတဲ့ ခံစားခ်က္ေတြ ျဖစ္ေပၚေန၏။ အဲ့အရာေတြက မယ္မယ္ရရ ဘာလဲဆိုတာေတာ့ ေသခ်ာ မသိေပမယ့္ သူ႔ကို အနည္းငယ္ေသာစိတ္မသက္မသာမႈျဖစ္ေအာင္ ျပဳလုပ္ႏိုင္ၾကပါ၏။

" မင္း အရင္ကေျပာတာ..ကိုယ္ ဘာလို႔ မၾကားမိတာလဲ? "

" အဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး က်ေတာ္ ခင္ဗ်ားကိုေျပာစရာမွ မရိွတာ " နန္ဟြိုင္လင္က ၿပံဳးကာ ေျပာေန၏။ " အဲ့တာက စကားထဲထည့္ေျပာဖို႔ေတာင္ မလိုတဲ့ အေသးအမႊားအရာေလးပဲေလ "

ေဖ့ခ်န္ Cokeတစ္ငံု ယူေသာက္လိုက္ရင္း နန္ဟြိုင္လင္ စိုက္ၾကည့္ကာ ေျပာလိုက္၏။

" မင္း အိမ္အကူလုပ္တုန္းက ကိုယ့္အကိုနဲ႔ ေတြ့ေသးလား? "

" မေတြ့ပါဘူး " နန္ဟြိုင္လင့္ႏွလံုးခုန္သံေတြက အရမ္းကို က်ယ္ေလာင္လာ၏..သို႔ေပမယ့္ သူမ်က္ႏွာကေတာ့ နဲနဲေလးမွေတာင္ေျပာင္လဲမသြားခဲ့ေပ။

" လက္ေထာက္ရြမ္ကေျပာတယ္...Mr.ေဖ့က သူ႔အိမ္မွာ အျပင္ကသူေတြကို ေတြ့ရတာမႀကိဳက္ဘူးတဲ့...အဲ့တာေၾကာင့္ က်ေတာ္ အၿမဲတမ္း Mr.ေဖ့ အလုပ္သြားမွ လာရၿပီး သူျပန္မလာခင္ အလုပ္နားရတယ္ "

နန္ဟြိုင္လင္ ခနရပ္ကာ ထပ္ေလာင္းေျပာဆိုလိုက္သည္။

" က်ေတာ္ မင္းရိွမွာ ရိွေနတာၾကာေပမယ့္ တစ္ခါမွ Mr.ေဖ့ကို မေတြ့ဘူးဘူး...သူ ဘယ္လိုပံုစံရိွလဲ က်ေတာ္ သိခ်င္လိုက္တာ..ျပပါလား?"

" ကိုယ့္ေလာက္ မေခ်ာဘူး...ၾကည့္ဖို႔ မလိုဘူး "

ေဖ့ခ်န္ Cokeဗူးကို ျပန္ခ်လိုက္သည္။ " ကိုယ္ ရံုးကို ျပန္သြားရမယ္...ဒီေန့လည္ မင္း လုပ္စရာရိွလား? "

သူ ေျပာခဲ့တဲ့အေၾကာင္းေတြကို ယံုသြားေအာင္ ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္ခဲ့ၿပီထင္တယ္..အခုမွပဲ နန္ဟြိုင္လင္ရဲ့ အပူမိေနတဲ့ႏွလံုးသားက တျဖည္းျဖည္းနဲ႔ ၿငိမ္သက္လာေတာ့သည္။

နန္ဟြိုင္လင္ ေခါင္းညိမ့္ျပလိုက္သည္။ " အင္း"

ေဖ့ခ်နါက ဘာလုပ္ဖို႔လဲဆိုတဲ့ပံုစံမ်ိဳးနဲ႔ သူ႔ကို ၾကည့္လာ၏။ သို႔ေပမယ့္ နန္ဟြိုင္လင္တြင္ ျပန္ေျဖေပးဖို႔ အစီအစဥ္မရိွဘဲ ေရပဲေသာက္ေနလိုက္။

" ဟုတ္ပါၿပီ " ေဖ့ခ်န္ သက္ျပင္းခ်ရင္း မက္တပ္ရပ္ကာ ထြက္လာလိုက္သည္။ " ကိုယ္ သြားၿပီ "

နန္ဟြိုင္လင္ တံခါးနားထိလိုက္ကာ ေဖ့ခ်န္ ဖိနပ္လဲေနတာကို ၾကည့္ေနလိုက္သည္။ " အလုပ္ၿပီးရင္ ေစာေစာျပန္လာခဲ့ေနာ္ "

" အင္း " တကယ္ေတာ့ ေဖ့ခ်န္ အလုပ္ကို လံုးဝ မသြားခ်င္ေပ..အခုခ်ိန္မွာ နန္ေပါက္နဲ႔ပဲ ေနခ်င္တယ္..ဒါေပမယ့္ အဲ့ေကာင္ေလးက အခုထိ ဘာမွ နားမလည္ေသးဘူး..အဲ့ေတာ့ သူ အလုပ္သြားၿပီး ေသခ်င္ေအာင္ ပ်င္းေနရံုပဲ ရိွေတာ့တယ္..

ေဖ့ခ်န္ ထြက္သြားေတာ့မွ သူ႔ရင္ထဲက အလံုးႀကီး က်သြားေတာ့တယ္..သူ ဟယ္နီဘယ့္လ္ေခါင္းကို ပြတ္ကာ ေျပာလိုက္သည္။

" မင္းေၾကာင့္ ငါ ေသေတာ့မလို႔...မင္းမွာ ဘာလို႔ အဲ့ေလာက္ေကာင္းတဲ့မွတ္ဉာဏ္ရိွရတာလဲ..ဟမ္? "

ဟယ္နီဘယ္လ္က မေက်မနပ္နဲ႔ ႏွစ္ခါေဟာင္ကာ ႏႈတ္ခမ္းဆူေနေတာ့သည္။

နန္ဟြိုင္လင္ ၿပံဳးရယ္လိုက္မိတယ္ " ဒါေပမယ့္ ငါ မင္းကို ျပန္ေတြ့ရတာ အရမ္းေပ်ာ္ေနတုန္းပဲ..Mr.ဟယ္နီဘယ္လ္ "

ဟယ္နီဘယ္လ္နဲ႔ ေဆာ့ေပးၿပီးေနာက္ နန္ဟြိုင္လင္ ေရခ်ိဳးကာ ေခ်ာင္ေခ်ာင္ခ်ိခ်ိရိွတဲ့ အဝတ္ေတြ ဝတ္ဆင္လိုက္၏။ ထို႔ေနာက္ အိမ္ တစ္အိမ္လံုးကို ပတ္ၾကည့္ရာ ေနတိုင္းသန္႔ရွင္းေရးလုပ္တယ္နဲ႔တူတယ္ မလိုအပ္တဲ့ ဘယ္အညစ္အေၾကးကိုမွ မေတြ့ရေပ။ ေဖ့ခ်န္ကိုယ္တိုင္ သန္႔ရွင္းေရးလုပ္တာမျဖစ္ႏိုင္ဘဲ အိမ္အကူငွားထားတာ ျဖစ္ႏိုင္သည္။ ဒါဆို သူ ဒီအိမ္မွာဆက္ေနဖို႔ အေၾကာင္းမရိွေတာ့ဘူးပဲ။

နန္ဟြိုင္လင္ ပိုက္ဆံ တြက္ၾကည့္ရင္း ေဖ့ခ်န္ သူ႔ကို ေပးဖူးတဲ့ ယြမ္ 5ေသာင္းကို ကဒ္ထဲ လႊဲကာ ထိုကဒ္ကို တီဗြီေအာက္က အံဆြဲထဲ ထည့္လိုက္သည္။

ဆိုဖာေပၚ ခနထိုင္ရင္း ေသခ်ာစဥ္းစားၿပီးေနာက္ သူ႔ဖုန္းကို ယူကာ မိန္ထ်န္းက်ူဆီ ဖုန္းေခၚလိုက္သည္။

" အမက်ူ...ေက်းဇူးျပဳျပီး က်ေတာ့္ကို တိုက္ခန္းတစ္ခန္းငွားဖို႔ ကူညီေပးပါလား? "

" မင္း Dong Fangအိမ္ရာကေန ေျပာင္းေတာ့မလို႔လား? "

" အင္း... ကုမၸဏီနဲ႔ တအားမေဝးခ်င္ဘူး...ျဖစ္ႏိုင္ရင္ တစ္ေယာက္အခန္းတစ္ခုပါၿပီး ေၾကးက 6ေထာင္မေက်ာ္တဲ့ အခန္းမ်ိဳး ငွားခ်င္တယ္..တျခားေတာ့ ဘာမွ မလိုပါဘူး "

" အိုေက...အျမန္လိုတာလား? "

" အျမန္ မလိုဘူး...တစ္ပတ္အတြင္း ငွားႏိုင္ရင္ ရၿပီ "

" ေကာင္းတယ္...ဒါနဲ႔ ငါ အမရွန္ကိုေတြ့ဖို႔ ကုမၸဏီကို သြားတုန္းက...သူ ငါ့ကို အိပ္မက္အသစ္ေတြေနာက္လိုက္ျခင္း ဇာတ္ၫႊန္းေပးလိုက္တယ္...ငါ အခု မင္းဆီ လာပို႔ေပးရမလား? "

" ေကာင္းသားပဲ..အားနာေပမယ့္ အဲ့လိုပဲ လုပ္လိုက္မယ္ " ဇာတ္ၫႊန္းဆိုတဲ့ အသံၾကားရံုနဲ႔ သူ ႏွလံုးခုန္သံက ျမန္ေနၿပီ..

ဖုန္းခ်ၿပီးေနာက္ အခန္းနံပါတ္အတိအက်ကို မိန္ထ်န္းက်ူဆီ မက္ေဆ့လွမ္းပို႔လိုက္၏။ ထို႔ေနာက္ ယုန္ဟိုင္စူပါမားကပ္ဆိုတဲ့ appကို ေဒါင္းေလာ့လုပ္ကာ အသားေတြ, ဟင္းသီးဟင္းရြက္ေတြ သစ္သီးေတြကို မွာယူလိုက္၏။ ေပက်င္းက Hengdianထက္ကို ပိုပူတာေၾကာင့္ သူ အျပင္ထြက္ၿပီး ေနပူဒဏ္ကို မခံခ်င္ေတာ့ေပ..

Deliveryသမားနဲ႔ မိန္ထ်န္းက်ူက ေရ႔ွဆင့္ေနာက္ဆင့္ေရာက္လာၿပီး အေပါက္ဝမွာ ပလက္စတစ္အိတ္အႀကီးႀကီး သံုးအိတ္က တစ္ဆို႔ေနတာေၾကာင့္ သူမက အံ့ၾသတႀကီးျဖစ္ေနေတာ့၏။

" ဘာလို႔ အဲ့ေလာက္အမ်ားႀကီး ဝယ္တာလဲ? စားေသာက္ပြဲမ်ား ရိွလို႔လား? "

နန္ဟြိုင္လင္ ၿပံဳးလိုက္မိသည္။ " ေရခဲေသတၲာထဲမွာ ဘာမွ မရိွဘူး...က်ေတာ္ ျဖည့္ေပးထားခ်င္လို႔ "

မိန္ထ်န္းက်ူက အထုပ္ေတြကို အိမ္ထဲကူသယ္ေပးရာမွ အခန္းထဲေရာက္ခါရိွေသး သူမက ဟယ္နီဘယ္လ္ကို ေတြ့ကာ ေၾကာက္လန္႔တၾကားနဲ႔ နန္ဟြိုင္လင္ေနာက္ကို ဝင္ပုန္းေတာ့သည္။

သူ ဟယ္နီဘယ္လ္ကို စေတြ့ခါစက ဒီလိုပံုပဲဆိုတာ ေတြးမိရင္း နန္ဟြိုင္လင္ ရယ္လိုက္မိသည္။ " မေၾကာက္ပါနဲ႔..ဒီေကာင္က ရုပ္ဆိုးေပမယ့္ တကယ္ ခ်စ္ဖို႔ေကာင္းတယ္ဗ် "

မိန္ထ်န္းက်ူက ဟန္နီဘယ္လ္ကို ေရွာင္ကာ သူသြားတဲ့ ထမင္းစားခန္းထဲကို ေနာက္ကလိုက္လာၿပီး ေရခဲေသတၲာထဲက မ်ားစြာေသာအခန္းေတြထဲမွာ ဝယ္ထားတဲ့ပစၥည္းေတြကို သူ႔အမ်ိဳးအစားအလိုက္ နန္ဟြိုင္လင္နဲ႔အတူတူ ထည့္ေပးလာ၏။ ထို႔ေနာက္ သူတို႔ အဆာေျပမုန္႔အခ်ိဳ႕ကို ယူကာ ဧည့္ခန္းဆီ ေရာက္လာၾကသည္။

မိန္ထ်န္းက်ူက သူမအိပ္ထဲက ယူလာတဲ့ ဇာတ္ၫႊန္းစာရြက္တစ္ထပ္လိုက္ကို ကမ္းေပးလာ၏။ " ေရာ့..ဒီမွာ "

နန္ဟြိုင္လင္ ယူကာ အဖံုးကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ " Swimming Beyond My Life? နာမည္ေျပာင္းလိုက္တာလား?"

" အင္း....သူတို႔ေျပာတာကေတာ့ အိပ္မက္အသစ္ေတြေနာက္လိုက္ျခင္း ဆိုတဲ့ ေခါင္းစဥ္က ရိုးလြန္းလို႔တဲ့...ၿပီးေတာ့ ရိုက္မဲ့အေၾကာင္းအရာနဲ႔လဲ သိပ္မလိုက္လို႔ ​ခ်ိန္းလိုက္ၾကတာ "

နန္ဟြိုင္လင္ ေခါင္းညိမ့္ျပလိုက္သည္။ " Swimming Beyond My Lifeက ပိုေကာင္းပါတယ္ "

ထိုအခါ မိန္ထ်န္းက်ူက မုန္႔စားေနရင္း ေျပာလာ၏။ " အမရွန္က ေျပာတယ္...ဒီဇာတ္လမ္းတြဲက အဆက္အဆက္ေတြနဲ႔..ၿပီးေတာ့ အဓိက သရုပ္ေဆာင္မဲ့သူေတြကလဲ အသစ္ေတြပဲဆိုေတာ့ ..ဖြင့္ပြဲအခမ္းအနားေတြ ဘာေတြ မရိွေတာ့ဘဲ 12ရက္ေန့ၾကရင္ စရိုက္ၾကမယ္တဲ့ "

" ေကာင္းတာေပါ့ "

ၾကယ္ႏိုင္ငံ ဖြင့္ပြဲၿပီးတည္းက သူ႔ကိုလည္း စိတ္ဝင္စားလာၾကမႈ မရိွေသးေပ...

" တျခားသရုပ္ေဆာင္ေတြက တစ္လျပည့္ေတာ့မယ္ ေရကူးေလ့က်င့္ေနၾကတာဆိုေတာ့ မင္းလဲ မနက္ျဖန္ကစၿပီး သူတို႔လဲ သြားJoinလိုက္ သိလား"

" အိုေက "

ေရကူးထရိန္နင္ အေၾကာင္းကို ဟယ္သြမ့္ယန္ဆီကေနတဆင့္ သူၾကားထားပါ၏။ ရုပ္ရွင္ရိုက္ေနရလို႔ လဝက္ေက်ာ္ေက်ာ္ေလာက္ထိ သူ ေနာက္က်သြားေပမယ့္ အထက္တန္းေရကူးအသင္းမွာတုန္းက သူက အဓိကအဖြဲ႔ဝင္တစ္ေယာက္ျဖစ္ခဲ့တာေၾကာင့္ အေျခခံေတြ သိထားၿပီး စိုးရိမ္မႈေတာ့ မရိွပါေခ်။

စားလို႔ေသာက္လို႔လဲၿပီးသြားေရာ ေျပာစကားစကားလဲ ကုန္သြားေတာ့သည္။

မိန္ထ်န္းက်ူက ျပန္ခ်င္ေနကာ ဟယ္နီဘယ္လ္ ကိုက္ခံရမွာေၾကာက္တာေၾကာင့္ သူ႔ကို တံခါးနားထိ လိုက္ပို႔ေပးဖို႔ ေျပာလာ၏။

မိန္ထ်န္းက်ူ ထြက္သြားၿပီးေနာက္ ေလးနာရီေတာင္ မထိုးေသးတာကို သူေတြ့လိုက္ရ၏။ ေဖ့ခ်န္ အလုပ္ကျပန္လာဖို႔ လိုေသးတာေၾကာင့္ ဆိုဖာေပၚမွီကာ ဇာတ္ၫႊန္းေတြ ဖတ္ၾကည့္ေနလိုက္သည္။

စာမ်က္ႏွာ ႏွစ္ခုေလာက္ၾကည့္ၿပီးခါစရိွေသး တံခါးဘဲျမည္သံကို ၾကားလိုက္ရကာ နန္ဟြိုင္လင္ တံခါးသြားဖြင့္ဖို႔ ထလိုက္ရသည္။

တံခါးဖြင့္ရင္း အျပင္ကရပ္ေနတဲ့လူကိုေတြ့ေတာ့ သူ ေၾကာင္အသြားရ၏။

" ခင္ဗ်ား ဘာလို႔ တံခါးဘဲကို ႏိွပ္ေနတာလဲ? ပက္စဝွက္ႏိွပ္ၿပီး ဖြင့္ဝင္လာရင္ ရေနၿပီဟာကို ဘာျဖစ္ရတာလဲ? "

ထိုအခါ ေဖ့ခ်န္က ၿပံဳးကာဆိုလာ၏။

" မင္း ကိုယ့္ကိုလာၿပီး တံခါးဖြင့္ေပးတာ လိုခ်င္လို႔ "

ေဖ့ခ်န္၏ စိတ္ကို သူနားမလည္ေတာ့ေပ.နန္ဟြိုင္လင္ ထိုသူ႔ကို အိမ္ထဲေပးဝင္ဖို႔ လမ္းဖယ္ေပးလိုက္၏။

" ခင္ဗ်ား မဟုတ္ဘူးမလား? အလုပ္ဆင္းလာခဲ့တာေလ..ဟင္? "

" ဟုတ္တယ္ "

နန္ဟြိုင္လင္, " ....... "

ဒါက..ဒါက အရမ္းေစာလြန္းတယ္ မလား?

သူ ေဖ့ခ်န္အတြက္ စပရိုက္ေတာင္ မျပင္ဆင္ရေသးဘူးေလ!....

_____________

17. 10. 22 ( Mon )

TN/ ဒီအပိုင္းက တိုေနလို႔ Mizzle ေနာက္တစ္ပိုင္း ဆက္upထားပါတယ္

Continua a leggere

Ti piacerà anche

49K 6.8K 90
မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ က...
1.2M 51.9K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
340K 27K 29
Mini Story Uni Life Style Sweet Romance
773K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...