ငါကဗီလိန်! [Uni + Zaw]

By Adira_Mo

14.4K 1.4K 51

စာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updat... More

Intro
Ch 1
Ch 2
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 8.2
Ch 9
Ch 10
Ch 11
Story Glory Details and Update Schedules <3
Ch 12
Ch 13

Ch 3

847 101 2
By Adira_Mo

ကွတ်ကီးဗန်းကို ကုတင်ဘေးရှိစားပွဲပေါ်တင်ကာ ကုတင်ပေါ်က ကလေးပေါက်လေးကို သူပြုံးပြလိုက်မိသည်။ကလေးလေးသည် ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လဲ မျက်ဝန်းလေးများကကြယ်အစုအတန်းလေးများကိုမြင်နေရသလိုပင်။မင်းသွန်းညှာလဲအသာပြုံးပြကာ သူ မိဘမဲ့ဂေဟာမှကလေးများကိုဆက်ဆံနေကြသကဲ့သို့ပင်

   "ညီလေး၊ဒီမှာ ကွတ်ကီးဖုတ်လာတယ်၊ စားလိုက်နော်၊ ကိုကို နို့လေးလဲပြန်ကျိုထားတာမို့ နို့နွေးနွေးလေးလဲသောက်လိုက်ဦး..."

သူဘယ်လောက်ပြောပြော နေနိုင်းမာန်လေးသည် သူ့အနားကိုကပ်မလာချေ။ထို့ကြောင့် သူလဲ ပြုံးပြကာ

   "ဗိုက်ဆာနေပြီမလား တစ်ခုခုစားလိုက်လေ၊ ကိုကိုရှိနေလို့မစားရဲဘူးဆိုရင် ကိုကိုအပြင်ထွက်ပေးမယ်နော်၊ အာ...ဒါနဲ့ ဒီကွတ်ကီးလေးကမြေပဲထောပတ်အပြည့်ဆိုတော့အရသာရှိတယ်သိလား၊"

ပြောရင်းဖြင့်သူသည် ကွတ်ကီးတစ်ခုကိုယူကာ နေနိုင်းမာန်လေးရှေ့မှာတင်ကိုက်စားပြလိုက်သည်။ထိုသို့လုပ်ခြင်းဖြင့် နေနိုင်းမာန်လေးသည်သူ့အပေါ်သိပ်မစိမ်းတော့ပဲရင်းနှီးမှုရလာနိုင်သည်ဟု စိတ်ထဲမှတွေးထင်မိလေသည်။သူ့စိတ်ထင် ဒီမုန့်တွေကိုမစားတာက ကလေးစိတ်ထဲစိုးရိမ်နေ၍များလားပေါ့။

နေနိုင်းမာန်သည် သူ့ရှေ့မှ ကလေးကလားပြုမူနေသောသူ၏အစ်ကိုဆိုသူအားကြည့်ကာ

   'ဒီအစ်ကိုကြီးက ကြပ်မပြည့်သလိုပဲ၊ ဟင်း ဒီအိမ်ကလူတွေကအန္တရာယ်လဲများတဲ့အပြင် ကြပ်မပြည့်တဲ့သူကပါရှိသေးတယ်၊'

မင်းသွန်းညှာသာ နေနိုင်းမာန်လေးတွေးနေသည်များကိုသိလျှင် နေနိုင်းမာန်၏တင်ပါးလေးကို ခပ်စပ်စပ်ကလေးရိုက်ပစ်လိုက်မည်ပင်ဖြစ်သည်။သို့သော် ယခုမူ သူဘာမျှမသိနိုင်ပေ။

   "ဒါဆို စားလိုက်နော် ရေချိုးမယ်ဆိုပြော ကိုကိုချိုးပေးမယ်၊လိုတာရှိရင် ဒီမှာ..ဒီကဘဲလ်လေးကိုနှိပ်လိုက်"

ကုတင်ဘေးရှိစားပွဲခုံအပုလေးပေါ်မှရွှေရောင်ဘဲလ်လေးကိုပြလိုက်ကာ သူလဲ အခန်းပြင်ထွက်လာလိုက်သည်။အခန်းပြင်ရောက်သော် သူ၏ခြေလှမ်းတို့သည်ဦးမင်းခမ်းနား၏စာကြည့်ခန်းသို့ ဦးတည်လိုက်သည်။

စာကြည့်ခန်းထဲဝင်လိုက်သော် ထင်သည့်အတိုင်းပင် သူ၏ဖခင်က ရှိနေလေသည်။

   "ဖေဖေ..."

   "ဟင် သားငယ်ပါလား၊ပြောလေ..ဘာပြောစရာရှိလို့လဲ"

ဦးမင်းခမ်းနားသည် မင်းသွန်းညှာကိုမြင်သော် လုပ်လက်စဖိုင်တွဲကိုချကာမေးမြန်းလိုက်သည်။ထိုသည်ကိုမြင်လိုက်သော် မူလပိုင်ရှင်အပေါ် ဖခင်ကလွန်အလိုလိုက်ပုံပေါ်မှန်းသူသိလိုက်သည်။ထို့ကြောင့် သူလဲအရဲစွန့်ကာ

   "ညီလေးကိုသားဆီအပိုင်ပေးပါလား..."

    "ဟင်...သားငယ်ကဘာကိုပြောချင်တာလဲ..."

ဦးမင်းခမ်းနားတစ်ယောက်မျက်မှောင်ကြုတ်ကာပြောလိုက်မိသည်။

   "ညီလေးက Dominant Alphaတစ်ယောက်၊ပြီးတော့အနည်းနှင့်အများ စိတ်ဒဏ်ရာရနေတဲ့ကလေး၊ ဖေဖေကလဲ ညီလေးနားမှာအချိန်ပြည့်ရှိမနေနိုင်ဘူးလေ၊ ကိုကြီးကလဲ ကျောင်းကိစ္စတွေနဲ့ ပြီးတော့ ကိုကြီးကလဲ Alphaတစ်ယောက်ဆိုတော့ သူ့မှာလုပ်ငန်းတာဝန်လေးတွေရှိသေးတယ်၊ဒါ့ကြောင့် beta ဖြစ်တဲ့ သားကပဲ ညီလေးကိုပြုစုပျိူးထောင်ပေးချင်တယ်..."

   "ဒါပေမဲ့...."

   "ခဏနေဦး ဖေဖေ...သားပြောလို့မပြီးသေးဘူး၊ညီလေးက Dominant Alphaဖြစ်နေပေမဲ့ သူ့မှာကြောက်စိတ်ဒဏ်ရာတွေရှိနေသေးမှန်း သားမပြောပြလဲ ဖေဖေရိပ်မိမှာပါ၊ဒါ့ကြောင့် ညီလေးကို ဒီနေ့ည ညစာစားရင်..မိသားစုတာဝန်တွေဘာညာတွေကို သူ့ရှေ့မှာမပြောစေချင်သေးဘူး၊ ပြီးတော့ သူကအမွေဆက်ခံသူဖြစ်ဖို့အားနည်းနေသေးတယ်၊ သူအသက်ကြီးလာမှ ဒီကိစ္စတွေကိုပြောကြတာပေါ့"

    "ဆက်ခံသူအဖြစ်သူ့ကိုလျာထားမှန်း သားဘယ်လိုသိတာလဲ..."

    'စာအုပ်ထဲမှာပါထားလို့သိနေတာပေါ့ဟ...'

     "သူက Dominantလေ ဖေဖေ၊သွေးသန့်Dominant၊ သူက သားတို့မမှီနိုင်တဲ့အဆင့်အတန်းမျိုးပဲမဟုတ်လား၊ ဖေဖေမပြောပေမဲ့ သားတို့ကြီးလာရင် ကိုကြီးက companyကိုဦးစီး၊ ညီလေးကမိသားစုဆက်ခံသူဖြစ်လာ၊ သားကိုတော့ သားဝါသနာပါရာ တစ်ခုခုလုပ်ခိုင်းမှာပေါ့၊ တစ်ခါတစ်လေကြရင် Alpha ဒါမှမဟုတ် Omegaတစ်ယောက်အဖြစ်မွေးဖွားမလာခဲ့လို့ အရမ်းကျေးဇူးတင်ရသလို အရမ်းလဲစိတ်ပျက်မိတာပဲ..."

ဦးမင်းခမ်းနားသည်ဘာမျှမပြောပဲ ငြိမ်နေလိုက်ကာ သူ့သားပြောသမျှကိုနားထောင်ပေးနေလိုက်သည်။အဘယ့်ကြောင့်ဆိုသော် သူ့သားပြောနေသည်မှာလဲမှန်ကန်လှသည်။Betaတစ်ယောက်အတွက် ဒီလောကကြီးမှာအထူးတလည်နေရာဆိုတာမရှိ။Alphaတွေကလွှမ်းမိုးသူဖြစ်ကာ Omegaတွေကြ တန်ဖိုးထားခံလေးတွေ။Betaတွေကြ...betaတွေကြ နေရာအထူးတလည်မရှိ။

   "ထားပါ၊ သားအဲ့တာလာပြောပြတာ...သားသွားတော့မယ်၊ သြော် ပြီးတော့ ညီလေးအတွက်အခန်းက အေးဆေးမှပြင်လဲရတယ်၊ သားနဲ့အတူအိပ်ခိုင်းမလို့..."

   "ဟုတ်ပြီ သားလိုအပ်တာရှိရင်ပြောပေါ့..."

    "ဟုတ်ကဲ့ ဖေဖေ..."

မင်းသွန်းညှာလဲ ဦးမင်းခမ်းနား၏စာကြည့်ခန်းမှထွက်လာကာ သူ၏အခန်းဆီပြန်လာလေသည်။အခန်းဝရောက်သော် စေ့ထားသော တံခါးကြားမှ ကလေးငယ်ရှိရာဆီချောင်းကြည့်မိသည်။ထိုအခါ သူမြင်ရသည်က ကွတ်ကီးများကို အားရပါးရစားနေသော ကလေးငယ်လေးပင်။သူလဲ အသာပြုံးမိသွားသည်။သို့သော် နေနိုင်းမာန်လေးသည် စားနေရင်း မျက်လုံးလေးကိုဟိုကြည့်ဒီကြည့်ကာ ကွတ်ကီးလေးအချို့ကိုသူ့လက်သေးသေးလေးနှင့်ကိုင်၍အင်္ကျီထဲထိုးထည့်ကာဖွက်နေပုံရသည်။

ထိုမြင်ကွင်းကိုကြည့်ကာ သူစာအုပ်ထဲမှဖတ်ဖူးသည်များကိုအမှတ်ရပြီး ရင်ထဲတွင်နင့်ကနဲ။နေနိုင်းမာန်လေးသည်မိဘမဲ့ဂေဟာတွင်နေခဲ့ရစဥ်က အကြီးများ၏အနိုင်ကျင့်မှုကြောင့်အစာရေစာကိုဝအောင်မစားရပဲ အမှိုက်ပုံးထဲမှစားကြွင်းစားကျန်များကိုသာ ခိုးဖွက်စားခဲ့ရသည်။ထို့ကြောင့် အခုလဲ ကွတ်ကီးလေးများကို သူနောက်တစ်ခါဗိုက်ဆာလျှင်စားရန် သိမ်းဆည်းနေခြင်းဖြစ်တန်ရာသည်။မင်းသွန်းညှာသည် နဂိုတည်းက မျက်ရည်လွယ်သူမို့ ထိုမြင်ကွင်းကိုမြင်လိုက်ရရာ မျက်ရည်များကျလာလေတော့သည်။ထို့နောက် သူသည်မျက်ရည်များကိုသုတ်ကာ အခန်းထဲဝင်သွားလေတော့သည်။ထိုအခါ ကွတ်ကီးလေးများကိုဖွက်နေသော နေနိုင်းမာန်၏လက်ကလေးများကတန့်ကနဲ။

    "နိုင်းလေးရယ်၊အဲ့လိုလုပ်စရာမလိုပါဘူး၊ နိုင်းလေးဗိုက်မဝသေးရင် ကိုကိုကိုယ်တိုင်ကွတ်ကီးတွေ ကိတ်မုန့်တွေအများကြီးလုပ်ကျွေးမယ်နော်၊ အဲ့လို ဖွက်ထားစရာမလိုဘူး..."

နေနိုင်းမာန်လေးကတော့ သူပြောသမျှကို မျက်လုံးအဝိုင်းသားလေးဖြင့် ကြည့်နေလေသည်။သူလဲ ပြုံးလိုက်ကာ နေနိုင်းမာန်လေး၏နှုတ်ခမ်းမှ မုန့်အစများကိုလက်ကလေးဖြင့်သုတ်ပေးလိုက်လေသည်။ထို့နောက်

    "အကယ်၍ နိုင်းလေးက မုန့်တွေကို နောက်တစ်ခါစားဖို့ သိမ်းထားချင်သေးတယ်ဆိုရင်..အာ...တွေ့ပြီ..."

သူသည် သူ၏အခန်းကိုမျက်စိကစားရင်း မှန်တင်ခုံပေါ်မှ သူ့အတွက်လက်ဝတ်လက်စားလိုမျိုးအပြင်အဆင်များထည့်သည့် သေတ္တာအသေးစားလေးကိုတွေ့လိုက်သည်။ထိုအခါ သူသည် ထိုသေတ္တာလေးကိုသွားယူကာ နေနိုင်းမာန်လေး၏ လက်ထဲမှ မုန့်ကလေးများကို သေတ္တာထဲပြောင်းရွှေ့ထည့်လိုက်လေသည်။ကြည့်ရုံနှင့်ပင်အဖိုးတန်မှန်းသိသာသော ကျောက်စီသေတ္တာကိုမုန့်ထည့်ဖို့သုံးခြင်းက အနည်းငယ်ဖြုန်းတီးရာကျသော်လဲ မင်းသွန်းညှာကတော့ အနှမြောပင်မရှိပါလေ။ဘာပဲဖြစ်ဖြစ် ဒါတွေကသူ့အပိုင်တွေမှမဟုတ်တာ။မူလပိုင်ရှင်ရဲ့ဟာတွေလေ။

ပြီးမှ သူသည် သေတ္တာလေးကိုအဖုံးပိတ်ကာ ကုတင်ဘေးမှစားပွဲခုံလေးပေါ်တင်ထားလိုက်သည်။ထို့နောက်

   "နိုင်းလေးအခုဘာလုပ်ချင်လဲ အိပ်မလား၊ဒါမှမဟုတ် ကိုကိုတို့မိသားစုရဲ့ အကြောင်းကိုပြောပြရမလား"

မိသားစုအကြောင်းဟု ပြောလိုက်ရာတွင် နေနိုင်းမာန်လေး၏မျက်လုံးလေးတောက်ပသွားသဖြင့် သူလဲ ပြုံးကာ နေနိုင်းမာန်လေးနားကပ်ကာ လေပြေအေးလေးဖြင့်ပြောပြနေတော့သည်။

   "ဒီမိသားစုတွေထဲမှာ dominant alphaတစ်ယောက်မှမပါဘူး၊ နိုင်းလေးကပဲ Dominant alpha၊ အဲ့သဘောက..နိုင်းလေးဘာလုပ်လုပ် သူတို့ကိုကြည့်စရာမလိုဘူး နိုင်းလေးနောက်မှာ ကိုကိုရှိတယ် ကိုကြီးရှိတယ် ပြီးတော့ ဖေဖေရှိတယ်၊ အမှန်တိုင်းပြောရရင် ကိုကိုကလဲ ဝမ်းကွဲဆွေမျိုးတွေကိုသဘောမကျဘူးရော် သူတို့ကလေ ကိုကို့ကိုဆိုBetaဆိုပြီးတအားနှိမ်ချင်ကြတာကွ...ကြည့်နေ ကြီးလာမှပိုက်ဆံတွေအများကြီးရှာပြီး သူတို့ကိုအနိုင်ကျင့်ပြမယ်..ဟဲဟဲ..."

သူ၏ရှင်းပြမှုများကောင်းလားမကောင်းလားတော့မသိ။နေနိုင်းမာန်လေးကအိပ်ပင်ပျော်နေပြီမို့ သူလဲ အနားမှစောင်အပါးလေးကိုယူကာ နေနိုင်းမာန်လေးကိုယ်ပေါ်လွှားခြုံပေးလိုက်သည်။

   "ကိုကိုက ကာကွယ်ပေးမှာမို့ ညီလေးက သန်သန်မာမာနဲ့ကြီးပြင်းလာရမယ်နော်..."

သူ့ဘာသာ Final bossမကလို့ဘာကြီးပဲဖြစ်နေနေ...မင်းသွန်းညှာကတော့ နိုင်းလေးကို သူ၏ညီအရင်းလေးအဖြစ်သတ်မှတ်လိုက်ပါပြီလေ။သို့သော် သူ့ရင်ခွင်ထဲက ကလေးငယ်လေး၏အတွေးစအချို့ကတော့.....

   "ကျွန်တော့်ကိုလောဘကြီးလာအောင်မလုပ်စမ်းနဲ့ ကျွန်တော်က နည်းနည်းရရင် များများအပိုင်လိုချင်တတ်တယ်၊ အဲ့ဒီ့အခါကြ ကိုကို့အတွက်စားသာမှာမဟုတ်ဘူး ကိုကို၊"

______________

ညစာစားရန်အချိန်ကျလာတော့ အိမ်တော်ထိန်းအဒေါ်ကြီးက မင်းသွန်းညှာ၏အခန်းတံခါးကိုလာခေါက်သည်။အခန်းတံခါးခေါက်သံကြောင့်နိုးလာသောမင်းသွန်းညှာသည် အိပ်ယာမှထရန်ပြင်လိုက်သော်လဲ သူလက်မောင်းက လေးနေ၍ ရင်ခွင်ထဲသို့ငုံ့ကြည့်လိုက်ရာ သူ့လက်မောင်းကိုခေါင်းအုံး၍ သူ၏ခါးလေးကိုဖက်ကာ ရင်ခွင်ထဲဝင်အိပ်နေသော နိုင်းလေးကိုတွေ့လိုက်ရလေသည်။ထို့​ကြောင့် ကလေးနိုးမည်စိုး၍ စားပွဲပေါ်မှ​ရွှေရောင် ခလုတ်လေးကိုလှမ်းဖိလိုက်သည်။

ထိုခလုတ်သည် အောက်ထပ်ရှိအိမ်စေများ၏အဆောင်နှင့်ဆက်သွယ်ထားသည်မို့ သူမခလုတ်နှိပ်သည်နှင့်အစေခံတစ်ယောက်မဟုတ်တစ်ယောက်ကသိမည်ပင်။ယခု ခလုတ်နှိပ်လိုက်ခြင်းကမူ အိမ်တော်ထိန်းကြီးကိုအခန်းထဲဝင်လာရန်အချက်ပြလိုက်ခြင်းပင်။ခဏကြာသော် အခန်းတံခါးရှေ့မှ အိမ်စေတစ်ယောက်နှင့်အိမ်တော်ထိန်းကြီး၏စကားပြောသံကိုကြားရပြီး အိမ်တော်ထိန်းကြီး၏

   "ဝင်လာမယ်နော် သခင်လေး..."

    *ချောက်*

အခန်းတံခါးပွင့်သံနှင့်အတူ အခန်းထဲရောက်လာသော အိမ်တော်ထိန်းကြီးသည် ကုတင်ပေါ်မှ စောင်ပုံထဲတွင်မြုပ်နေသော နေနိုင်းမာန်လေးကိုကြည့်ကာ အံ့သြသွားသည်။သို့သော် ချက်ချင်းရုပ်ပြန်တည်ကာ

   "နောက်မိနစ်၂၀အတွင်းမှာညစာစားပါတော့မယ် သခင်လေး၊ သခင်လေးအသင့်ပြင်ဆင်ချိန်ရအောင် နှောင့်ယှက်ရခြင်းဖြစ်ပါတယ်..."

   "အာ..ရပါတယ်၊ ကျွန်တော်တို့လဲ တစ်နေ့ခင်းလုံးအိပ်ပျော်သွားတာပဲ၊ ဝါး..ဟုတ်ပြီ ကျွန်တော် နောက်မိနစ်၂၀အတွင်းအသင့်ပြင်ပြီးဆင်းလာခဲ့မယ်နော်..."

   "သခင်လေး..."

    "yes?"

   "ဟိုကလေးကရော..."

    "သူ့မှာနာမည်ရှိတယ်လေ?..ပြီးတော့ သူက ဒီအိမ်တော်ရဲ့ တတိယသခင်လေး...ကျွန်တော်နဲ့ကျွန်တော့်အကိုအပေါ်ရိုသေသမှုထားသလိုပဲ သူ့အပေါ်လဲထားရမယ်၊ အဒေါ်တို့စိတ်ထဲဘယ်လိုတွေတွေးနေလဲသိပေမဲ့ ကျွန်တော့်ရှေ့မှာ ပြီးတော့ ကလေးရှေ့မှာလုံး၀မတွေးမိပါစေနဲ့...မပြောမိပါစေနဲ့..."

    ".........."

   "ဒါပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ..."

    "ကျွန်မတို့မှားသွားပါတယ် နောက်မဖြစ်စေရပါဘူး..."

    "ဟုတ်ပြီ"

အိမ်တော်ထိန်းကြီးပြန်ထွက်သွားသည်နှင့် သူသည် နေနိုင်းမာန်လေးမနိုးအောင်အသာထရန်ပြင်တော့သည်။လက်မောင်းလေးကိုအသာအယာဆွဲထုတ်၍ ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲဝင်၍ရေချိုးရန်ပြင်တော့သည်။သူ၏ရေချိုးခန်းတံခါးပိတ်သွားသည်နှင့် ကုတင်ပေါ်မှ အိပ်ပျော်နေသည်ဟုသူထင်နေသော နေနိုင်းမာန်လေး၏မျက်ဝန်းအစုံဟာ ပွင့်လာလေသည်။

နေနိုင်းမာန်လေး၏မျက်ဝန်းထဲတွင် တွေဝေမှုနှင့် စိုးရိမ်မှုများဖြတ်ပြေးသွားကာ ရေချိုးခန်းတံခါးကိုပဲ စိုက်ကြည့်နေမိတော့သည်။

ရေချိုးခန်းထဲရှိ မင်းသွန်းညှာကတော့ ရေချိုးရန် အဝတ်အကုန်ချွတ်ချကာ ဇက်ကြောကိုဟိုဘက်ဒီဘက်လှည့်လိုက်မိလေသည်။ထိုစဥ်မှာပင် သူ၏အကြည့်သည် သူချွတ်ထားသော အင်္ကျီ၏လည်ပင်းနှင့်ဂုတ်တစ်လျှောက်နေရာတွင်ရှိသော အသားရောင်ပိတ်စလေးကိုရောက်သွားလေသည်။

   "ဟင်၊အင်္ကျီမှာတပ်တဲ့တံဆိပ်ကလဲကြီးလိုက်တာဟယ်..."

သူသည် ပြီးသည်နှင့်အသင့်ဖွင့်ထားသောရေပန်းအောက်ဝင်ရပ်လိုက်လေသည်။ရေချိုးခန်းထဲတွင် ဆပ်ပြာအမွှေးနံ့များနှင့်အတူ ခပ်သင်းသင်းအမွှေးရနံ့တွေကလဲပျံ့နှံ့လျက်ပင်။သူလဲရေအမြန်ချိုးပြီးသည်နှင့် Bath robeတစ်ထည်ကောက်ဝတ်ကာ အခန်းပြင်ထွက်လာခဲ့သည်။

   "အမေ့!!...လန့်လိုက်တာ နိုင်းလေးရယ်..."

ကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်နေသော နေနိုင်းမာန်လေးကြောင့် မင်းသွန်းညှာခမြာလန့်ဖြတ်သွားရသည်။နေနိုင်းမာန်လေးကမူ သူ့ကိုပြန်ကြည့်နေလျက်သာ။

    "ရေချိုးတော့မလား နိုင်းလေး၊ ကိုကိုရေချိုးကန်ပြင်ပေးထားမယ်..."

    ".........."

   "အာ...ကိုကိုချိုးပေးရမလား..."

    "........."

   *နဲနဲပါးပါးတော့ပြန်ဖြေပါဟ...ငါလေးငိုချင်လာပြီ..( ・ั﹏・ั) *

မင်းသွန်းညှာသည် အဝတ်ပင်မလဲတော့ပဲ နေနိုင်းမာန်လေးကိုကောက်ချီလိုက်ပြီး

    "ကောင်ဆိုးလေး၊အစ်ကိုကမေးနေတာကိုဘာမှပြန်မဖြေဘူး...ကဲ ကိုကိုပဲ ချိုးပေးတော့မယ်နော်..."

ထိုအခါ နေနိုင်းမာန်လေးသည်ဘာမှပြန်မဖြေပဲ မင်းသွန်းညှာ၏ပုခုံးပေါ်မှီကာ ခေါင်းငုံ့နေလေသည်။ မင်းသွန်းညှာလဲ ရေချိုးခန်းထဲနောက်တစ်ခေါက်ပြန်ဝင်ကာ ရေချိုးကန်ထဲသို့ရေနွေးနွေးလေးဖြည့်၍ အနံ့ခပ်သင်းသင်းရှိသောဆပ်ပြာရည်ကိုလောင်းထည့်လိုက်လေသည်။လုပ်စရာရှိတာများကိုလုပ်နေစဥ်မှာလဲ နေနိုင်းမာန်လေးကို လက်တစ်ဖက်ကချီထားသေးသည်။သူ့အဖြစ်က ကလေးဖအေလိုဖြစ်နေ၍ ရယ်ပင်ရယ်လိုက်မိသေးသည်။

အကုန်အဆင်သင့်ဖြစ်ကာမှ သူ့ပုခုံးပေါ်က ခေါင်းမဖော်သေးသော ကလေးငယ်ကို

   "ကဲ အကုန်ပြင်ပြီးပြီ၊ခဏအောက်ဆင်း..ကိုကိုအဝတ်ချွတ်ပေးမယ်..."

ကလေးကိုအောက်ချလိုက်ရာ နေနိုင်းမာန်လေးသည် မင်းသွန်းညှာကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြည့်နေလေသည်။ထို့နောက် မင်းသွန်းညှာသည် နေနိုင်းမာန်လေးကို အင်္ကျီချွတ်ပေးမည်လုပ်ရာ အချွတ်မခံချေ။

    "ကဲ ဒါဆိုရင် ကိုယ့်ဘာကိုယ်ချွတ်ထား...ချွတ်ပြီးမှ ကိုကို ဝင်လာမယ် ဟုတ်ပြီလား၊."

ပြောပြီးသည်နှင့် မင်းသွန်းညှာသည် အခန်းပြင်ပြန်ထွက်ကာ အိမ်စေများကို ကလေးအတွက်ညဝတ်အင်္ကျီယူခိုင်း၍ သူ့အတွက်လဲညဝတ်အင်္ကျီတစ်ထည်ထုတ်ထားလိုက်လေသည်။

ရေချိုးခန်းထဲတွင်ကျန်ခဲ့သော နေနိုင်းမာန်လေးသည် အင်္ကျီကြယ်သီးလေးများကိုတစ်လုံးစီဖြုတ်ကာ အကုန်ချွတ်လိုက်လေသည်။ထိုအခါ တစ်ဘက်ခြမ်းရှိကိုယ်လုံးပေါ်မှန်ကြီးထဲတွင် နေနိုင်းမာန်လေး၏ကိုယ်ပေါ်မှ ဒဏ်ရာ အမာရွတ်တစ်ချို့ကပေါ်လာလေသည်။နေနိုင်းမာန်လေးသည် မင်းသွန်းညှာရှေ့တွင် အင်္ကျီမချွတ်ခဲ့ခြင်းမှာ ထိုအမာရွတ်များကို မင်းသွန်းညှာမြင်သွားပြီး သူ့ကို ရွံသွားမည်စိုးသောစိတ်ကလေးကြောင့်ပင်။ဘာလို့ရယ်မသိပေမဲ့ သူ ဒီကိုကိုအလှလေးကို သူ့အနားတွင်ဆွဲထားချင်မိသည်။

သူ့လက်ကိုအဆုံးထိတွဲထားပေးမည့်သူက ထိုကိုကိုအလှလေးဖြစ်မည်ဟု သူယုံကြည်နေမိသည်။

မင်းသွန်းညှာသည် လုပ်စရာရှိတာလုပ်ပြီးသည်နှင့်ရေချိုးခန်းထဲပြန်ဝင်လာတော့ ရေချိုးကန်ထဲတွင်ငြိမ်ငြိမ်လေးထိုင်နေသော နေနိုင်းမာန်လေးကိုတွေ့လိုက်ရလေသည်။သူသည်ရေချိုးကန်အနားသွားကာ နေနိုင်းမာန်လေးကိုယ်ကို ဆပ်ပြာတိုက်ပေးဖို့လုပ်တော့ နေနိုင်းမာန်လေးသည် အနားကိုသိပ်အကပ်မခံချေ။ထို့ကြောင့် သူမျက်မှောင်ကြုတ်ကာ နေနိုင်းမာန်လေး၏ကိုယ်ကို သေချာစေ့စေ့စပ်စပ်ကြည့်မိတော့....

    "ဘုရားရေ!!!"

   'သွားပြီ!..ဒီကိုကိုအလှလေးလဲ ငါ့ကိုယ်ပေါ်ကအမာရွတ်တွေကိုမြင်ပြီးရွံရှာသွားပြီထင်တယ်..'

သို့သော်

    "ကလေးလေးတစ်ယောက်ကိုဒီလိုအမာရွတ်တွေကျန်တဲ့အထိ ဘယ်သူတွေကများလုပ်ရက်ရတာလဲဟယ်...လူစိတ်မရှိကြတာ..တောက်ခ်.."

သူများကကိုယ့်အတွက်စိတ်ပူပေးပြီးကိုယ့်အစားဒေါသထွက်ပေးနေတဲ့ခံစားချက်ကလေးကကောင်းလိုက်တာ။ဂရုစိုက်ခံရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးပါလား။

မင်းသွန်းညှာကတော့အလွန်ကိုဒေါသထွက်နေကာ မိဘမဲ့ဂေဟာမှ နေနိုင်းမာန်လေးကိုအနိုင်ကျင့်သည့် အကြီးကလေးများကို အတော် စိတ်ပျက်နေပြီဖြစ်သည်။သို့သော် သူသည် ဒေါသကိုထိန်းကာ နေနိုင်းမာန်လေးကို ရေချိုးပေး၍ အဝတ်အစားလဲပေးလေသည်။သူ့အာရုံနှင့်သူဖြစ်နေ၍ နေနိုင်းမာန်လေးကိုစကားမပြောမိချေ။နေနိုင်းမာန်လေးကတော့ သူ့ကိုများစိတ်ပျက်သွားပြီလားဟုတွေးကာ အသက်ပင်ရဲရဲမရှုရဲ။

မင်းသွန်းညှာတစ်ယောက်အဝတ်အစားလဲရန် အဝတ်ကိုယူ၍ ရေချိုးခန်းထဲဝင်ချိန်တွင်တော့ မင်းသွန်းညှာသည် သူ့ကိုထားခဲ့ပြီးအပြင်ထွက်သွားမည်ဟုထင်ကာ bath robeကြိုးစလေးကိုဆွဲ၍ တိုးညှင်းသောအသံလေးဖြင့်

    "မသွားပါနဲ့..."

အသံလေးမှာတိုးညှင်းသော်လဲ မင်းသွန်းညှာကြားရဖို့ရန်တော့လုံလောက်သည်။

   "ဟင်၊ ကိုကိုအဝတ်အစားလဲဖို့ရေချိုးခန်းဝင်မလို့လေ နိုင်းလေးရဲ့..."

    "......"

    "ကိုကိုက နိုင်းလေးကိုထားခဲ့ပြီးဘယ်ကိုသွားရမှာတုန်းကွ၊ ညစာစားဖို့ကိုလဲ နိုင်းလေးနဲ့အတူတူဆင်းစားမှာပေါ့...ဟုတ်ပြီလား.."

    "မရွံဘူးလား...."

    "ဟင်...ရွံတာ၊ ကိုကိုကဘာကိုရွံရမှာလဲ နိုင်းလေးရဲ့..."

    "အ...အမာ..အမာရွတ်တွေကို..."

အဆုံးသတ်နားလေးတွင်အသံလေးတိမ်ဝင်သွားပုံက စိတ်ထိခိုက်နေမှန်းအလွန်သိသာသည်။ထို့ကြောင့် မင်းသွန်းညှာသည် ချက်ချင်းပင် နေနိုင်းမာန်လေးရှေ့ဒူးထောက်ထိုင်ချကာ

   "နိုင်းလေး ၊ဒီအမာရွတ်တွေကဘယ်ကရခဲ့လဲဆိုတာကို ကိုကိုရိပ်မိတယ်၊ ကိုကိုက ဒီအမာရွတ်တွေကိုရွံစရာလား၊ ဒီအမာရွတ်တွေကိုဖြစ်စေခဲ့တဲ့သူတွေကိုပဲ ဒေါသထွက်တာ၊ ငါ့ညီ နုနုထွတ်ထွတ်လေးကိုများလုပ်ရဲလေခြင်းဆိုပြီး ဒေါသထွက်မိတာပါ၊ ကိုကိုကလေ နိုင်းလေးနဲ့ပက်သက်ရင် ဘာမှမရွံဘူး၊ ဟုတ်ပြီလား..ပြီးတော့ ဒီအမာရွတ်တွေက ဆရာဝန်သေချာပြရင်လဲပျောက်တဲ့ဟာတွေပဲကို၊ ကိုကိုအတွက်ကနိုင်းလေးမှာ အမာရွတ်ရှိရှိ မရှိရှိ...ချစ်မှာပဲ..ဒါ့ကြောင့်လျှောက်တွေးမနေနဲ့..."

    "ဟုတ်~"

   "ကဲ...ဒါဆို ကိုကိုအဝတ်လဲပြီးရင်အောက်ဆင်းပြီးထမင်းစားကြမယ်နော်..."

ထို့နောက် မင်းသွန်းညှာလဲအဝတ်လဲကာ အောက်ထပ်ဆီသို့ နေနိုင်းမာန်လေးကိုချီကာ ဆင်းလာခဲ့လိုက်တော့သည်။အောက်ထပ်ထမင်းစားခန်းရောက်သော် စားပွဲတွင်ထိုင်နေသော ကိုကြီးက မင်းသွန်းညှာကိုအံ့သြသလိုကြည့်နေလေသည်။ဦးမင်းခမ်းနားမှာလဲ အံ့သြရိပ်တွေနှင့်ကြည့်နေသေးသည်။

အံ့သြမှာပေါ့။ဇီဇာကြောင်တဲ့သခင်လေးက ကလေးတစ်ယောက်ကိုချီကာ ကြီးမားရှည်လျားသောလှေကားတစ်လျှောက် ဆင်းလာလေသည်မဟုတ်လား။မင်းသွန်းညှာကတော့မသိချင်ယောင်ကာ ပလစ်ထားလိုက်လေသည်။မင်းသွန်းညှာသည် နေနိုင်းမာန်လေးကို ညာဘက်ရှိ ကိုကြီး၏ဘေးခုံတွင်နေရာချပေးကာ ထမင်းပန်းကန်ကိုအနားယူပေး၍ တူကိုပုဝါနှင့်သုတ်ပေးရုံသာမကအသားဖတ်လေးကိုပါခပ်ထည့်ပေးလိုက်သည်။

ထို့နောက်သူ၏နေရာဖြစ်သော ဘယ်ဘက်ခြမ်းတွင်ပြန်ထိုင်မည်ပြုရာ နေနိုင်းမာန်လေးသည် သူ၏အင်္ကျီအစကိုဆွဲထားလေသည်။ထို့ကြောင့်

   "ဘာဖြစ်လို့လဲ နိုင်းလေး...ဘာလိုလို့လဲ.. "

နေနိုင်းမာန်ကဘာမျှမပြောသော်လဲ ဦးမင်းခမ်းနားနှင့် မင်းစိုင်းသာမှာတော့ အဓိပ္ပါယ်နားလည်ပြီးပြီ။အငယ်ဆုံးသားလေးက သူ့ဘေးမှာ သားလတ်ကိုထိုင်စေချင်နေတာပဲ။ထို့ကြောင့် ဦးမင်းခမ်းနားမှာ

    "အဟမ်း၊ သားငယ် ဒီဘက်မှာပဲထိုင်စားလိုက်တော့..."

ထိုအခါမှ မင်းသွန်းညှာလဲ ညာဘက်ခြမ်းတွင်ဝင်ထိုင်လိုက်ပြီး နေနိုင်းမာန်လေးလိုအပ်သည်များကို ဘေးမှထည့်ပေးလေသည်။ထိုအခါ မင်းစိုင်းသာသည် မျက်မှောင်ကြုတ်ကာ

   "ငယ်လေး!"

   "ဟင်..."

   "ငယ်လေးက ကိုကြီးကိုတောင် ဟင်းထည့်မပေးတော့ဘူး၊"

      "အဲ့..."

ထိုအခါမှ မင်းသွန်းညှာလဲ ဇက်ကလေးပုကာ ကိုကြီး၏ပန်းကန်ထဲသို့ရော ဖေဖေ့ရဲ့ပန်းကန်ထဲသို့ပါ ဟင်းတွေထည့်ပေးလေသည်။ပြီးကာမှ သူလဲ ငုံ့စားတော့သည်။သူအေးဆေးစားစေရန် ကိုကြီးသည် သူ၏ညီငယ်လေး(နေနိုင်းမာန်)၏ပန်းကန်ထဲသို့ ဟင်းများထည့်ပေးလေသည်။သို့သော် ထိုညီငယ်လေးက သူထည့်ပေးသော ဟင်းများကိုထိတောင်မထိ။

    "ဝါး မင်းတို့ညီအစ်ကိုနှစ်ယောက်က ငါ့ကိုပယ်ထားကြတာပဲကွ"

ကိုကြီး၏အသံကြောင့် မင်းသွန်းညှာလဲ ခေါင်းမော့ကြည့်ရာ အဖြစ်အပျက်ကိုတွေ့လိုက်ရ၍ ဟန်မဆောင်နိုင်အောင်ရယ်မိတော့သည်။ဦးမင်းခမ်းနားကလဲ ပြုံးတုံ့တုံ့နှင့်ပင်။ဤသို့ဖြင့်ပင် ပထမဆုံး မိသားစုညစာစားပွဲသည် ရယ်မောသံများဖြင့်ပြီးဆုံးသွားလေတော့သည်။

ညစာစားပြီးတော့ ဧည့်ခန်းထဲတွင် ကိုကြီး၊ဖေဖေတို့က ထိုင်ကာအချိုတည်းနေကြ၍ မင်းသွန်းညှာလဲ နေနိုင်းမာန်လေးလက်ကိုဆွဲ၍ ကိုကြီးနှင့် ဖေဖေ့ကြား ဝင်ထိုင်လိုက်သည်။ဆိုဖာသည် အကျယ်ကြီးဖြစ်၍သာတော်တော့သည်။ယခုအခါ သူတို့သည် ဆိုဖာပေါ်တွင်စုထိုင်နေကြကာ မိသားစုအငွေ့အသက်လေးများလဲခံစားမိကြလေသည်။

အငယ်လေးသည် ညီငယ်လေးအနေရမခက်စေရန်လုပ်ပေးနေမှန်းသိ၍ မင်းစိုင်းသာသည်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလေသည်။အားဂူး...သူတို့ညီငယ်လေးတောင်အရွယ်ရောက်လာပြီပဲ။

နေနိုင်းမာန်လေးသည် သူစားရန်အတွက် လိမ္မော်သီးကိုအခွံနွှာပေးနေသော မင်းသွန်းညှာကိုငေးကြည့်နေလေသည်။သူဘာတွေးနေမှန်းမည်သူမျှမသိသလို သူ၏အတွေးတို့ကိုလဲ ဖုံးကွယ်ထားရှာသော ကလေးငယ်ပါပေ။

_________

Zawgyi
.
.
.
.
.
ကြတ္ကီးဗန္းကို ကုတင္ေဘးရိွစားပြဲေပၚတင္ကာ ကုတင္ေပၚက ကေလးေပါက္ေလးကို သူၿပံဳးျပလိုက္မိသည္။ကေလးေလးသည္ ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္ေနေသာ္လဲ မ်က္ဝန္းေလးမ်ားကၾကယ္အစုအတန္းေလးမ်ားကိုျမင္ေနရသလိုပင္။မင္းသြန္းၫွာလဲအသာၿပံဳးျပကာ သူ မိဘမဲ့ေဂဟာမွကေလးမ်ားကိုဆက္ဆံေနၾကသကဲ့သို႔ပင္

   "ညီေလး၊ဒီမွာ ကြတ္ကီးဖုတ္လာတယ္၊ စားလိုက္ေနာ္၊ ကိုကို ႏို႔ေလးလဲျပန္က်ိဳထားတာမို႔ ႏို႔ႏြေးေနြးေလးလဲေသာက္လိုက္ၪီး..."

သူဘယ္ေလာက္ေျပာေျပာ ေနႏိုင္းမာန္ေလးသည္ သူ႔အနားကိုကပ္မလာေခ်။ထို႔ေၾကာင့္ သူလဲ ၿပံဳးျပကာ

   "ဗိုက္ဆာေနၿပီမလား တစ္ခုခုစားလိုက္ေလ၊ ကိုကိုရိွေနလို႔မစားရဲဘူးဆိုရင္ ကိုကိုအျပင္ထြက္ေပးမယ္ေနာ္၊ အာ...ဒါနဲ႔ ဒီကြတ္ကီးေလးကေျမပဲေထာပတ္အျပည့္ဆိုေတာ့အရသာရိွတယ္သိလား၊"

ေျပာရင္းျဖင့္သူသည္ ကြတ္ကီးတစ္ခုကိုယူကာ ေနႏိုင္းမာန္ေလးေရ႔ွမွာတင္ကိုက္စားျပလိုက္သည္။ထိုသို႔လုပ္ျခင္းျဖင့္ ေနႏိုင္းမာန္ေလးသည္သူ႔အေပၚသိပ္မစိမ္းေတာ့ပဲရင္းႏွီးမႈရလာႏိုင္သည္ဟု စိတ္ထဲမွေတြးထင္မိေလသည္။သူ႔စိတ္ထင္ ဒီမုန္႔ေတြကိုမစားတာက ကေလးစိတ္ထဲစိုးရိမ္ေန၍မ်ားလားေပါ့။

ေနႏိုင္းမာန္သည္ သူ႔ေရ႔ွမွ ကေလးကလားျပဳမူေနေသာသူ၏အစ္ကိုဆိုသူအားၾကည့္ကာ

   'ဒီအစ္ကိုႀကီးက ၾကပ္မျပည့္သလိုပဲ၊ ဟင္း ဒီအိမ္ကလူေတြကအႏၲရာယ္လဲမ်ားတဲ့အျပင္ ၾကပ္မျပည့္တဲ့သူကပါရိွေသးတယ္၊'

မင္းသြန္းၫွာသာ ေနႏိုင္းမာန္ေလးေတြးေနသည္မ်ားကိုသိလ်ွင္ ေနႏိုင္းမာန္၏တင္ပါးေလးကို ခပ္စပ္စပ္ကေလးရိုက္ပစ္လိုက္မည္ပင္ျဖစ္သည္။သို႔ေသာ္ ယခုမူ သူဘာမ်ွမသိႏိုင္ေပ။

   "ဒါဆို စားလိုက္ေနာ္ ေရခ်ိဳးမယ္ဆိုေျပာ ကိုကိုခ်ိဳးေပးမယ္၊လိုတာရိွရင္ ဒီမွာ..ဒီကဘဲလ္ေလးကိုႏိွပ္လိုက္"

ကုတင္ေဘးရိွစားပြဲခံုအပုေလးေပၚမွေရႊေရာင္ဘဲလ္ေလးကိုျပလိုက္ကာ သူလဲ အခန္းျပင္ထြက္လာလိုက္သည္။အခန္းျပင္ေရာက္ေသာ္ သူ၏ေျခလွမ္းတို႔သည္ၪီးမင္းခမ္းနား၏စာၾကည့္ခန္းသို႔ ၪီးတည္လိုက္သည္။

စာၾကည့္ခန္းထဲဝင္လိုက္ေသာ္ ထင္သည့္အတိုင္းပင္ သူ၏ဖခင္က ရိွေနေလသည္။

   "ေဖေဖ..."

   "ဟင္ သားငယ္ပါလား၊ေျပာေလ..ဘာေျပာစရာရိွလို႔လဲ"

ၪီးမင္းခမ္းနားသည္ မင္းသြန္းၫွာကိုျမင္ေသာ္ လုပ္လက္စဖိုင္တြဲကိုခ်ကာေမးျမန္းလိုက္သည္။ထိုသည္ကိုျမင္လိုက္ေသာ္ မူလပိုင္ရွင္အေပၚ ဖခင္ကလြန္အလိုလိုက္ပံုေပၚမွန္းသူသိလိုက္သည္။ထို႔ေၾကာင့္ သူလဲအရဲစြန္႔ကာ

   "ညီေလးကိုသားဆီအပိုင္ေပးပါလား..."

    "ဟင္...သားငယ္ကဘာကိုေျပာခ်င္တာလဲ..."

ၪီးမင္းခမ္းနားတစ္ေယာက္မ်က္ေမွာင္ၾကဳတ္ကာေျပာလိုက္မိသည္။

   "ညီေလးက Dominant Alphaတစ္ေယာက္၊ၿပီးေတာ့အနည္းႏွင့္အမ်ား စိတ္ဒဏ္ရာရေနတဲ့ကေလး၊ ေဖေဖကလဲ ညီေလးနားမွာအခ်ိန္ျပည့္ရိွမေနႏိုင္ဘူးေလ၊ ကိုႀကီးကလဲ ေက်ာင္းကိစၥေတြနဲ႔ ၿပီးေတာ့ ကိုႀကီးကလဲ Alphaတစ္ေယာက္ဆိုေတာ့ သူ႔မွာလုပ္ငန္းတာဝန္ေလးေတြရိွေသးတယ္၊ဒါ့ေၾကာင့္ beta ျဖစ္တဲ့ သားကပဲ ညီေလးကိုျပဳစုပ်ိူးေထာင္ေပးခ်င္တယ္..."

   "ဒါေပမဲ့...."

   "ခဏေနၪီး ေဖေဖ...သားေျပာလို႔မၿပီးေသးဘူး၊ညီေလးက Dominant Alphaျဖစ္ေနေပမဲ့ သူ႔မွာေၾကာက္စိတ္ဒဏ္ရာေတြရိွေနေသးမွန္း သားမေျပာျပလဲ ေဖေဖရိပ္မိမွာပါ၊ဒါ့ေၾကာင့္ ညီေလးကို ဒီေန့ည ညစာစားရင္..မိသားစုတာဝန္ေတြဘာညာေတြကို သူ႔ေရ႔ွမွာမေျပာေစခ်င္ေသးဘူး၊ ၿပီးေတာ့ သူကအေမြဆက္ခံသူျဖစ္ဖို႔အားနည္းေနေသးတယ္၊ သူအသက္ႀကီးလာမွ ဒီကိစၥေတြကိုေျပာၾကတာေပါ့"

    "ဆက္ခံသူအျဖစ္သူ႔ကိုလ်ာထားမွန္း သားဘယ္လိုသိတာလဲ..."

    'စာအုပ္ထဲမွာပါထားလို႔သိေနတာေပါ့ဟ...'

     "သူက Dominantေလ ေဖေဖ၊ေသြးသန္႔Dominant၊ သူက သားတို႔မမွီႏိုင္တဲ့အဆင့္အတန္းမ်ိဳးပဲမဟုတ္လား၊ ေဖေဖမေျပာေပမဲ့ သားတို႔ႀကီးလာရင္ ကိုႀကီးက companyကိုၪီးစီး၊ ညီေလးကမိသားစုဆက္ခံသူျဖစ္လာ၊ သားကိုေတာ့ သားဝါသနာပါရာ တစ္ခုခုလုပ္ခိုင္းမွာေပါ့၊ တစ္ခါတစ္ေလၾကရင္ Alpha ဒါမွမဟုတ္ Omegaတစ္ေယာက္အျဖစ္ေမြးဖြားမလာခဲ့လို႔ အရမ္းေက်းဇူးတင္ရသလို အရမ္းလဲစိတ္ပ်က္မိတာပဲ..."

ၪီးမင္းခမ္းနားသည္ဘာမ်ွမေျပာပဲ ၿငိမ္ေနလိုက္ကာ သူ႔သားေျပာသမ်ွကိုနားေထာင္ေပးေနလိုက္သည္။အဘယ့္ေၾကာင့္ဆိုေသာ္ သူ႔သားေျပာေနသည္မွာလဲမွန္ကန္လွသည္။Betaတစ္ေယာက္အတြက္ ဒီေလာကႀကီးမွာအထူးတလည္ေနရာဆိုတာမရိွ။Alphaေတြကလႊမ္းမိုးသူျဖစ္ကာ Omegaေတြၾက တန္ဖိုးထားခံေလးေတြ။Betaေတြၾက...betaေတြၾက ေနရာအထူးတလည္မရိွ။

   "ထားပါ၊ သားအဲ့တာလာေျပာျပတာ...သားသြားေတာ့မယ္၊ ေၾသာ္ ၿပီးေတာ့ ညီေလးအတြက္အခန္းက ေအးေဆးမျွပင္လဲရတယ္၊ သားနဲ႔အတူအိပ္ခိုင္းမလို႔..."

   "ဟုတ္ၿပီ သားလိုအပ္တာရိွရင္ေျပာေပါ့..."

    "ဟုတ္ကဲ့ ေဖေဖ..."

မင္းသြန္းၫွာလဲ ၪီးမင္းခမ္းနား၏စာၾကည့္ခန္းမွထြက္လာကာ သူ၏အခန္းဆီျပန္လာေလသည္။အခန္းဝေရာက္ေသာ္ ေစ့ထားေသာ တံခါးၾကားမွ ကေလးငယ္ရိွရာဆီေခ်ာင္းၾကည့္မိသည္။ထိုအခါ သူျမင္ရသည္က ကြတ္ကီးမ်ားကို အားရပါးရစားေနေသာ ကေလးငယ္ေလးပင္။သူလဲ အသာၿပံဳးမိသြားသည္။သို႔ေသာ္ ေနႏိုင္းမာန္ေလးသည္ စားေနရင္း မ်က္လံုးေလးကိုဟိုၾကည့္ဒီၾကည့္ကာ ကြတ္ကီးေလးအခ်ိဳ႕ကိုသူ႔လက္ေသးေသးေလးႏွင့္ကိုင္၍အက်ႌထဲထိုးထည့္ကာဖြက္ေနပံုရသည္။

ထိုျမင္ကြင္းကိုၾကည့္ကာ သူစာအုပ္ထဲမွဖတ္ဖူးသည္မ်ားကိုအမွတ္ရၿပီး ရင္ထဲတြင္နင့္ကနဲ။ေနႏိုင္းမာန္ေလးသည္မိဘမဲ့ေဂဟာတြင္ေနခဲ့ရစဥ္က အႀကီးမ်ား၏အႏိုင္က်င့္မႈေၾကာင့္အစာေရစာကိုဝေအာင္မစားရပဲ အမိႈက္ပံုးထဲမွစားႂကြင္းစားက်န္မ်ားကိုသာ ခိုးဖြက္စားခဲ့ရသည္။ထို႔ေၾကာင့္ အခုလဲ ကြတ္ကီးေလးမ်ားကို သူေနာက္တစ္ခါဗိုက္ဆာလ်ွင္စားရန္ သိမ္းဆည္းေနျခင္းျဖစ္တန္ရာသည္။မင္းသြန္းၫွာသည္ နဂိုတည္းက မ်က္ရည္လြယ္သူမို႔ ထိုျမင္ကြင္းကိုျမင္လိုက္ရရာ မ်က္ရည္မ်ားက်လာေလေတာ့သည္။ထို႔ေနာက္ သူသည္မ်က္ရည္မ်ားကိုသုတ္ကာ အခန္းထဲဝင္သြားေလေတာ့သည္။ထိုအခါ ကြတ္ကီးေလးမ်ားကိုဖြက္ေနေသာ ေနႏိုင္းမာန္၏လက္ကေလးမ်ားကတန္႔ကနဲ။

    "ႏိုင္းေလးရယ္၊အဲ့လိုလုပ္စရာမလိုပါဘူး၊ ႏိုင္းေလးဗိုက္မဝေသးရင္ ကိုကိုကိုယ္တိုင္ကြတ္ကီးေတြ ကိတ္မုန္႔ေတြအမ်ားႀကီးလုပ္ေကြၽးမယ္ေနာ္၊ အဲ့လို ဖြက္ထားစရာမလိုဘူး..."

ေနႏိုင္းမာန္ေလးကေတာ့ သူေျပာသမ်ွကို မ်က္လံုးအဝိုင္းသားေလးျဖင့္ ၾကည့္ေနေလသည္။သူလဲ ၿပံဳးလိုက္ကာ ေနႏိုင္းမာန္ေလး၏ႏႈတ္ခမ္းမွ မုန္႔အစမ်ားကိုလက္ကေလးျဖင့္သုတ္ေပးလိုက္ေလသည္။ထို႔ေနာက္

    "အကယ္၍ ႏိုင္းေလးက မုန္႔ေတြကို ေနာက္တစ္ခါစားဖို႔ သိမ္းထားခ်င္ေသးတယ္ဆိုရင္..အာ...ေတြ့ၿပီ..."

သူသည္ သူ၏အခန္းကိုမ်က္စိကစားရင္း မွန္တင္ခံုေပၚမွ သူ႔အတြက္လက္ဝတ္လက္စားလိုမ်ိဳးအျပင္အဆင္မ်ားထည့္သည့္ ေသတၲာအေသးစားေလးကိုေတြ့လိုက္သည္။ထိုအခါ သူသည္ ထိုေသတၲာေလးကိုသြားယူကာ ေနႏိုင္းမာန္ေလး၏ လက္ထဲမွ မုန္႔ကေလးမ်ားကို ေသတၲာထဲေျပာင္းေရႊ့ထည့္လိုက္ေလသည္။ၾကည့္ရံုႏွင့္ပင္အဖိုးတန္မွန္းသိသာေသာ ေက်ာက္စီေသတၲာကိုမုန္႔ထည့္ဖို႔သံုးျခင္းက အနည္းငယ္ျဖဳန္းတီးရာက်ေသာ္လဲ မင္းသြန္းၫွာကေတာ့ အႏွေျမာပင္မရိွပါေလ။ဘာပဲျဖစ္ျဖစ္ ဒါေတြကသူ႔အပိုင္ေတြမွမဟုတ္တာ။မူလပိုင္ရွင္ရဲ့ဟာေတြေလ။

ၿပီးမွ သူသည္ ေသတၲာေလးကိုအဖံုးပိတ္ကာ ကုတင္ေဘးမွစားပြဲခံုေလးေပၚတင္ထားလိုက္သည္။ထို႔ေနာက္

   "ႏိုင္းေလးအခုဘာလုပ္ခ်င္လဲ အိပ္မလား၊ဒါမွမဟုတ္ ကိုကိုတို႔မိသားစုရဲ့ အေၾကာင္းကိုေျပာျပရမလား"

မိသားစုအေၾကာင္းဟု ေျပာလိုက္ရာတြင္ ေနႏိုင္းမာန္ေလး၏မ်က္လံုးေလးေတာက္ပသြားသျဖင့္ သူလဲ ၿပံဳးကာ ေနႏိုင္းမာန္ေလးနားကပ္ကာ ေလေျပေအးေလးျဖင့္ေျပာျပေနေတာ့သည္။

   "ဒီမိသားစုေတြထဲမွာ dominant alphaတစ္ေယာက္မွမပါဘူး၊ ႏိုင္းေလးကပဲ Dominant alpha၊ အဲ့သေဘာက..ႏိုင္းေလးဘာလုပ္လုပ္ သူတို႔ကိုၾကည့္စရာမလိုဘူး ႏိုင္းေလးေနာက္မွာ ကိုကိုရိွတယ္ ကိုႀကီးရိွတယ္ ၿပီးေတာ့ ေဖေဖရိွတယ္၊ အမွန္တိုင္းေျပာရရင္ ကိုကိုကလဲ ဝမ္းကြဲေဆြမ်ိဳးေတြကိုသေဘာမက်ဘူးေရာ္ သူတို႔ကေလ ကိုကို႔ကိုဆိုBetaဆိုၿပီးတအားႏိွမ္ခ်င္ၾကတာကြ...ၾကည့္ေန ႀကီးလာမွပိုက္ဆံေတြအမ်ားႀကီးရွာၿပီး သူတို႔ကိုအႏိုင္က်င့္ျပမယ္..ဟဲဟဲ..."

သူ၏ရွင္းျပမႈမ်ားေကာင္းလားမေကာင္းလားေတာ့မသိ။ေနႏိုင္းမာန္ေလးကအိပ္ပင္ေပ်ာ္ေနၿပီမို႔ သူလဲ အနားမွေစာင္အပါးေလးကိုယူကာ ေနႏိုင္းမာန္ေလးကိုယ္ေပၚလႊားၿခံဳေပးလိုက္သည္။

   "ကိုကိုက ကာကြယ္ေပးမွာမို႔ ညီေလးက သန္သန္မာမာနဲ႔ႀကီးျပင္းလာရမယ္ေနာ္..."

သူ႔ဘာသာ Final bossမကလို႔ဘာႀကီးပဲျဖစ္ေနေန...မင္းသြန္းၫွာကေတာ့ ႏိုင္းေလးကို သူ၏ညီအရင္းေလးအျဖစ္သတ္မွတ္လိုက္ပါၿပီေလ။သို႔ေသာ္ သူ႔ရင္ခြင္ထဲက ကေလးငယ္ေလး၏အေတြးစအခ်ိဳ႕ကေတာ့.....

   "ကြၽန္ေတာ့္ကိုေလာဘႀကီးလာေအာင္မလုပ္စမ္းနဲ႔ ကြၽန္ေတာ္က နည္းနည္းရရင္ မ်ားမ်ားအပိုင္လိုခ်င္တတ္တယ္၊ အဲ့ဒီ့အခါၾက ကိုကို႔အတြက္စားသာမွာမဟုတ္ဘူး ကိုကို၊"

______________

ညစာစားရန္အခ်ိန္က်လာေတာ့ အိမ္ေတာ္ထိန္းအေဒၚႀကီးက မင္းသြန္းၫွာ၏အခန္းတံခါးကိုလာေခါက္သည္။အခန္းတံခါးေခါက္သံေၾကာင့္ႏိုးလာေသာမင္းသြန္းၫွာသည္ အိပ္ယာမွထရန္ျပင္လိုက္ေသာ္လဲ သူလက္ေမာင္းက ေလးေန၍ ရင္ခြင္ထဲသို႔ငံု႔ၾကည့္လိုက္ရာ သူ႔လက္ေမာင္းကိုေခါင္းအံုး၍ သူ၏ခါးေလးကိုဖက္ကာ ရင္ခြင္ထဲဝင္အိပ္ေနေသာ ႏိုင္းေလးကိုေတြ့လိုက္ရေလသည္။ထို႔​ေၾကာင့္ ကေလးႏိုးမည္စိုး၍ စားပြဲေပၚမွ​ေရႊေရာင္ ခလုတ္ေလးကိုလွမ္းဖိလိုက္သည္။

ထိုခလုတ္သည္ ေအာက္ထပ္ရိွအိမ္ေစမ်ား၏အေဆာင္ႏွင့္ဆက္သြယ္ထားသည္မို႔ သူမခလုတ္ႏိွပ္သည္ႏွင့္အေစခံတစ္ေယာက္မဟုတ္တစ္ေယာက္ကသိမည္ပင္။ယခု ခလုတ္ႏိွပ္လိုက္ျခင္းကမူ အိမ္ေတာ္ထိန္းႀကီးကိုအခန္းထဲဝင္လာရန္အခ်က္ျပလိုက္ျခင္းပင္။ခဏၾကာေသာ္ အခန္းတံခါးေရ႔ွမွ အိမ္ေစတစ္ေယာက္ႏွင့္အိမ္ေတာ္ထိန္းႀကီး၏စကားေျပာသံကိုၾကားရၿပီး အိမ္ေတာ္ထိန္းႀကီး၏

   "ဝင္လာမယ္ေနာ္ သခင္ေလး..."

    *ေခ်ာက္*

အခန္းတံခါးပြင့္သံႏွင့္အတူ အခန္းထဲေရာက္လာေသာ အိမ္ေတာ္ထိန္းႀကီးသည္ ကုတင္ေပၚမွ ေစာင္ပံုထဲတြင္ျမဳပ္ေနေသာ ေနႏိုင္းမာန္ေလးကိုၾကည့္ကာ အံ့ၾသသြားသည္။သို႔ေသာ္ ခ်က္ခ်င္းရုပ္ျပန္တည္ကာ

   "ေနာက္မိနစ္၂၀အတြင္းမွာညစာစားပါေတာ့မယ္ သခင္ေလး၊ သခင္ေလးအသင့္ျပင္ဆင္ခ်ိန္ရေအာင္ ေနွာင့္ယွက္ရျခင္းျဖစ္ပါတယ္..."

   "အာ..ရပါတယ္၊ ကြၽန္ေတာ္တို႔လဲ တစ္ေန့ခင္းလံုးအိပ္ေပ်ာ္သြားတာပဲ၊ ဝါး..ဟုတ္ၿပီ ကြၽန္ေတာ္ ေနာက္မိနစ္၂၀အတြင္းအသင့္ျပင္ၿပီးဆင္းလာခဲ့မယ္ေနာ္..."

   "သခင္ေလး..."

    "yes?"

   "ဟိုကေလးကေရာ..."

    "သူ႔မွာနာမည္ရိွတယ္ေလ?..ၿပီးေတာ့ သူက ဒီအိမ္ေတာ္ရဲ့ တတိယသခင္ေလး...ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္အကိုအေပၚရိုေသသမႈထားသလိုပဲ သူ႔အေပၚလဲထားရမယ္၊ အေဒၚတို႔စိတ္ထဲဘယ္လိုေတြေတြးေနလဲသိေပမဲ့ ကြၽန္ေတာ့္ေရ႔ွမွာ ၿပီးေတာ့ ကေလးေရ႔ွမွာလံုး၀မေတြးမိပါေစနဲ႔...မေျပာမိပါေစနဲ႔..."

    ".........."

   "ဒါပထမဆံုးအႀကိမ္နဲ႔ေနာက္ဆံုးအႀကိမ္ျဖစ္ပါေစ..."

    "ကြၽန္မတို႔မွားသြားပါတယ္ ေနာက္မျဖစ္ေစရပါဘူး..."

    "ဟုတ္ၿပီ"

အိမ္ေတာ္ထိန္းႀကီးျပန္ထြက္သြားသည္ႏွင့္ သူသည္ ေနႏိုင္းမာန္ေလးမႏိုးေအာင္အသာထရန္ျပင္ေတာ့သည္။လက္ေမာင္းေလးကိုအသာအယာဆြဲထုတ္၍ ကုတင္ေပၚမွဆင္းကာ ေရခ်ိဳးခန္းထဲဝင္၍ေရခ်ိဳးရန္ျပင္ေတာ့သည္။သူ၏ေရခ်ိဳးခန္းတံခါးပိတ္သြားသည္ႏွင့္ ကုတင္ေပၚမွ အိပ္ေပ်ာ္ေနသည္ဟုသူထင္ေနေသာ ေနႏိုင္းမာန္ေလး၏မ်က္ဝန္းအစံုဟာ ပြင့္လာေလသည္။

ေနႏိုင္းမာန္ေလး၏မ်က္ဝန္းထဲတြင္ ေတြေဝမႈႏွင့္ စိုးရိမ္မႈမ်ားျဖတ္ေျပးသြားကာ ေရခ်ိဳးခန္းတံခါးကိုပဲ စိုက္ၾကည့္ေနမိေတာ့သည္။

ေရခ်ိဳးခန္းထဲရိွ မင္းသြန္းၫွာကေတာ့ ေရခ်ိဳးရန္ အဝတ္အကုန္ခြၽတ္ခ်ကာ ဇက္ေၾကာကိုဟိုဘက္ဒီဘက္လွည့္လိုက္မိေလသည္။ထိုစဥ္မွာပင္ သူ၏အၾကည့္သည္ သူခြၽတ္ထားေသာ အက်ႌ၏လည္ပင္းႏွင့္ဂုတ္တစ္ေလ်ွာက္ေနရာတြင္ရိွေသာ အသားေရာင္ပိတ္စေလးကိုေရာက္သြားေလသည္။

   "ဟင္၊အက်ႌမွာတပ္တဲ့တံဆိပ္ကလဲႀကီးလိုက္တာဟယ္..."

သူသည္ ၿပီးသည္ႏွင့္အသင့္ဖြင့္ထားေသာေရပန္းေအာက္ဝင္ရပ္လိုက္ေလသည္။ေရခ်ိဳးခန္းထဲတြင္ ဆပ္ျပာအေမႊးနံ႔မ်ားႏွင့္အတူ ခပ္သင္းသင္းအေမႊးရနံ႔ေတြကလဲပ်ံ့ႏွံ႔လ်က္ပင္။သူလဲေရအျမန္ခ်ိဳးၿပီးသည္ႏွင့္ Bath robeတစ္ထည္ေကာက္ဝတ္ကာ အခန္းျပင္ထြက္လာခဲ့သည္။

   "အေမ့!!...လန္႔လိုက္တာ ႏိုင္းေလးရယ္..."

ကုတင္ေပၚတြင္ငုတ္တုတ္ထိုင္ေနေသာ ေနႏိုင္းမာန္ေလးေၾကာင့္ မင္းသြန္းၫွာချမာလန္႔ျဖတ္သြားရသည္။ေနႏိုင္းမာန္ေလးကမူ သူ႔ကိုျပန္ၾကည့္ေနလ်က္သာ။

    "ေရခ်ိဳးေတာ့မလား ႏိုင္းေလး၊ ကိုကိုေရခ်ိဳးကန္ျပင္ေပးထားမယ္..."

    ".........."

   "အာ...ကိုကိုခ်ိဳးေပးရမလား..."

    "........."

   *နဲနဲပါးပါးေတာ့ျပန္ေျဖပါဟ...ငါေလးငိုခ်င္လာၿပီ..( ・ั﹏・ั) *

မင္းသြန္းၫွာသည္ အဝတ္ပင္မလဲေတာ့ပဲ ေနႏိုင္းမာန္ေလးကိုေကာက္ခ်ီလိုက္ၿပီး

    "ေကာင္ဆိုးေလး၊အစ္ကိုကေမးေနတာကိုဘာမျွပန္မေျဖဘူး...ကဲ ကိုကိုပဲ ခ်ိဳးေပးေတာ့မယ္ေနာ္..."

ထိုအခါ ေနႏိုင္းမာန္ေလးသည္ဘာမျွပန္မေျဖပဲ မင္းသြန္းၫွာ၏ပုခံုးေပၚမွီကာ ေခါင္းငံု႔ေနေလသည္။ မင္းသြန္းၫွာလဲ ေရခ်ိဳးခန္းထဲေနာက္တစ္ေခါက္ျပန္ဝင္ကာ ေရခ်ိဳးကန္ထဲသို႔ေရႏြေးေနြးေလးျဖည့္၍ အနံ႔ခပ္သင္းသင္းရိွေသာဆပ္ျပာရည္ကိုေလာင္းထည့္လိုက္ေလသည္။လုပ္စရာရိွတာမ်ားကိုလုပ္ေနစဥ္မွာလဲ ေနႏိုင္းမာန္ေလးကို လက္တစ္ဖက္ကခ်ီထားေသးသည္။သူ႔အျဖစ္က ကေလးဖေအလိုျဖစ္ေန၍ ရယ္ပင္ရယ္လိုက္မိေသးသည္။

အကုန္အဆင္သင့္ျဖစ္ကာမွ သူ႔ပုခံုးေပၚက ေခါင္းမေဖာ္ေသးေသာ ကေလးငယ္ကို

   "ကဲ အကုန္ျပင္ၿပီးၿပီ၊ခဏေအာက္ဆင္း..ကိုကိုအဝတ္ခြၽတ္ေပးမယ္..."

ကေလးကိုေအာက္ခ်လိုက္ရာ ေနႏိုင္းမာန္ေလးသည္ မင္းသြန္းၫွာကို မ်က္လံုးဝိုင္းဝိုင္းေလးမ်ားျဖင့္ၾကည့္ေနေလသည္။ထို႔ေနာက္ မင္းသြန္းၫွာသည္ ေနႏိုင္းမာန္ေလးကို အက်ႌခြၽတ္ေပးမည္လုပ္ရာ အခြၽတ္မခံေခ်။

    "ကဲ ဒါဆိုရင္ ကိုယ့္ဘာကိုယ္ခြၽတ္ထား...ခြၽတ္ၿပီးမွ ကိုကို ဝင္လာမယ္ ဟုတ္ၿပီလား၊."

ေျပာၿပီးသည္ႏွင့္ မင္းသြန္းၫွာသည္ အခန္းျပင္ျပန္ထြက္ကာ အိမ္ေစမ်ားကို ကေလးအတြက္ညဝတ္အက်ႌယူခိုင္း၍ သူ႔အတြက္လဲညဝတ္အက်ႌတစ္ထည္ထုတ္ထားလိုက္ေလသည္။

ေရခ်ိဳးခန္းထဲတြင္က်န္ခဲ့ေသာ ေနႏိုင္းမာန္ေလးသည္ အက်ႌၾကယ္သီးေလးမ်ားကိုတစ္လံုးစီျဖဳတ္ကာ အကုန္ခြၽတ္လိုက္ေလသည္။ထိုအခါ တစ္ဘက္ျခမ္းရိွကိုယ္လံုးေပၚမွန္ႀကီးထဲတြင္ ေနႏိုင္းမာန္ေလး၏ကိုယ္ေပၚမွ ဒဏ္ရာ အမာရြတ္တစ္ခ်ိဳ႕ကေပၚလာေလသည္။ေနႏိုင္းမာန္ေလးသည္ မင္းသြန္းၫွာေရ႔ွတြင္ အက်ႌမခြၽတ္ခဲ့ျခင္းမွာ ထိုအမာရြတ္မ်ားကို မင္းသြန္းၫွာျမင္သြားၿပီး သူ႔ကို ရြံသြားမည္စိုးေသာစိတ္ကေလးေၾကာင့္ပင္။ဘာလို႔ရယ္မသိေပမဲ့ သူ ဒီကိုကိုအလွေလးကို သူ႔အနားတြင္ဆြဲထားခ်င္မိသည္။

သူ႔လက္ကိုအဆံုးထိတြဲထားေပးမည့္သူက ထိုကိုကိုအလွေလးျဖစ္မည္ဟု သူယံုၾကည္ေနမိသည္။

မင္းသြန္းၫွာသည္ လုပ္စရာရိွတာလုပ္ၿပီးသည္ႏွင့္ေရခ်ိဳးခန္းထဲျပန္ဝင္လာေတာ့ ေရခ်ိဳးကန္ထဲတြင္ၿငိမ္ၿငိမ္ေလးထိုင္ေနေသာ ေနႏိုင္းမာန္ေလးကိုေတြ့လိုက္ရေလသည္။သူသည္ေရခ်ိဳးကန္အနားသြားကာ ေနႏိုင္းမာန္ေလးကိုယ္ကို ဆပ္ျပာတိုက္ေပးဖို႔လုပ္ေတာ့ ေနႏိုင္းမာန္ေလးသည္ အနားကိုသိပ္အကပ္မခံေခ်။ထို႔ေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ကာ ေနႏိုင္းမာန္ေလး၏ကိုယ္ကို ေသခ်ာေစ့ေစ့စပ္စပ္ၾကည့္မိေတာ့....

    "ဘုရားေရ!!!"

   'သြားၿပီ!..ဒီကိုကိုအလွေလးလဲ ငါ့ကိုယ္ေပၚကအမာရြတ္ေတြကိုျမင္ၿပီးရြံရွာသြားၿပီထင္တယ္..'

သို႔ေသာ္

    "ကေလးေလးတစ္ေယာက္ကိုဒီလိုအမာရြတ္ေတြက်န္တဲ့အထိ ဘယ္သူေတြကမ်ားလုပ္ရက္ရတာလဲဟယ္...လူစိတ္မရိွၾကတာ..ေတာက္ခ္.."

သူမ်ားကကိုယ့္အတြက္စိတ္ပူေပးၿပီးကိုယ့္အစားေဒါသထြက္ေပးေနတဲ့ခံစားခ်က္ကေလးကေကာင္းလိုက္တာ။ဂရုစိုက္ခံရတယ္ဆိုတာ ဒီလိုခံစားခ်က္မ်ိဳးပါလား။

မင္းသြန္းၫွာကေတာ့အလြန္ကိုေဒါသထြက္ေနကာ မိဘမဲ့ေဂဟာမွ ေနႏိုင္းမာန္ေလးကိုအႏိုင္က်င့္သည့္ အႀကီးကေလးမ်ားကို အေတာ္ စိတ္ပ်က္ေနၿပီျဖစ္သည္။သို႔ေသာ္ သူသည္ ေဒါသကိုထိန္းကာ ေနႏိုင္းမာန္ေလးကို ေရခ်ိဳးေပး၍ အဝတ္အစားလဲေပးေလသည္။သူ႔အာရံုႏွင့္သူျဖစ္ေန၍ ေနႏိုင္းမာန္ေလးကိုစကားမေျပာမိေခ်။ေနႏိုင္းမာန္ေလးကေတာ့ သူ႔ကိုမ်ားစိတ္ပ်က္သြားၿပီလားဟုေတြးကာ အသက္ပင္ရဲရဲမရႈရဲ။

မင္းသြန္းၫွာတစ္ေယာက္အဝတ္အစားလဲရန္ အဝတ္ကိုယူ၍ ေရခ်ိဳးခန္းထဲဝင္ခ်ိန္တြင္ေတာ့ မင္းသြန္းၫွာသည္ သူ႔ကိုထားခဲ့ၿပီးအျပင္ထြက္သြားမည္ဟုထင္ကာ bath robeႀကိဳးစေလးကိုဆြဲ၍ တိုးၫွင္းေသာအသံေလးျဖင့္

    "မသြားပါနဲ႔..."

အသံေလးမွာတိုးၫွင္းေသာ္လဲ မင္းသြန္းၫွာၾကားရဖို႔ရန္ေတာ့လံုေလာက္သည္။

   "ဟင္၊ ကိုကိုအဝတ္အစားလဲဖို႔ေရခ်ိဳးခန္းဝင္မလို႔ေလ ႏိုင္းေလးရဲ့..."

    "......"

    "ကိုကိုက ႏိုင္းေလးကိုထားခဲ့ၿပီးဘယ္ကိုသြားရမွာတုန္းကြ၊ ညစာစားဖို႔ကိုလဲ ႏိုင္းေလးနဲ႔အတူတူဆင္းစားမွာေပါ့...ဟုတ္ၿပီလား.."

    "မရြံဘူးလား...."

    "ဟင္...ရြံတာ၊ ကိုကိုကဘာကိုရြံရမွာလဲ ႏိုင္းေလးရဲ့..."

    "အ...အမာ..အမာရြတ္ေတြကို..."

အဆံုးသတ္နားေလးတြင္အသံေလးတိမ္ဝင္သြားပံုက စိတ္ထိခိုက္ေနမွန္းအလြန္သိသာသည္။ထို႔ေၾကာင့္ မင္းသြန္းၫွာသည္ ခ်က္ခ်င္းပင္ ေနႏိုင္းမာန္ေလးေရ႔ွဒူးေထာက္ထိုင္ခ်ကာ

   "ႏိုင္းေလး ၊ဒီအမာရြတ္ေတြကဘယ္ကရခဲ့လဲဆိုတာကို ကိုကိုရိပ္မိတယ္၊ ကိုကိုက ဒီအမာရြတ္ေတြကိုရြံစရာလား၊ ဒီအမာရြတ္ေတြကိုျဖစ္ေစခဲ့တဲ့သူေတြကိုပဲ ေဒါသထြက္တာ၊ ငါ့ညီ ႏုႏုထြတ္ထြတ္ေလးကိုမ်ားလုပ္ရဲေလျခင္းဆိုၿပီး ေဒါသထြက္မိတာပါ၊ ကိုကိုကေလ ႏိုင္းေလးနဲ႔ပက္သက္ရင္ ဘာမွမရြံဘူး၊ ဟုတ္ၿပီလား..ၿပီးေတာ့ ဒီအမာရြတ္ေတြက ဆရာဝန္ေသခ်ာျပရင္လဲေပ်ာက္တဲ့ဟာေတြပဲကို၊ ကိုကိုအတြက္ကႏိုင္းေလးမွာ အမာရြတ္ရိွရိွ မရိွရိွ...ခ်စ္မွာပဲ..ဒါ့ေၾကာင့္ေလ်ွာက္ေတြးမေနနဲ႔..."

    "ဟုတ္~"

   "ကဲ...ဒါဆို ကိုကိုအဝတ္လဲၿပီးရင္ေအာက္ဆင္းၿပီးထမင္းစားၾကမယ္ေနာ္..."

ထို႔ေနာက္ မင္းသြန္းၫွာလဲအဝတ္လဲကာ ေအာက္ထပ္ဆီသို႔ ေနႏိုင္းမာန္ေလးကိုခ်ီကာ ဆင္းလာခဲ့လိုက္ေတာ့သည္။ေအာက္ထပ္ထမင္းစားခန္းေရာက္ေသာ္ စားပြဲတြင္ထိုင္ေနေသာ ကိုႀကီးက မင္းသြန္းၫွာကိုအံ့ၾသသလိုၾကည့္ေနေလသည္။ၪီးမင္းခမ္းနားမွာလဲ အံ့ၾသရိပ္ေတြႏွင့္ၾကည့္ေနေသးသည္။

အံ့ၾသမွာေပါ့။ဇီဇာေၾကာင္တဲ့သခင္ေလးက ကေလးတစ္ေယာက္ကိုခ်ီကာ ႀကီးမားရွည္လ်ားေသာေလွကားတစ္ေလ်ွာက္ ဆင္းလာေလသည္မဟုတ္လား။မင္းသြန္းၫွာကေတာ့မသိခ်င္ေယာင္ကာ ပလစ္ထားလိုက္ေလသည္။မင္းသြန္းၫွာသည္ ေနႏိုင္းမာန္ေလးကို ညာဘက္ရိွ ကိုႀကီး၏ေဘးခံုတြင္ေနရာခ်ေပးကာ ထမင္းပန္းကန္ကိုအနားယူေပး၍ တူကိုပုဝါႏွင့္သုတ္ေပးရံုသာမကအသားဖတ္ေလးကိုပါခပ္ထည့္ေပးလိုက္သည္။

ထို႔ေနာက္သူ၏ေနရာျဖစ္ေသာ ဘယ္ဘက္ျခမ္းတြင္ျပန္ထိုင္မည္ျပဳရာ ေနႏိုင္းမာန္ေလးသည္ သူ၏အက်ႌအစကိုဆြဲထားေလသည္။ထို႔ေၾကာင့္

   "ဘာျဖစ္လို႔လဲ ႏိုင္းေလး...ဘာလိုလို႔လဲ.. "

ေနႏိုင္းမာန္ကဘာမ်ွမေျပာေသာ္လဲ ၪီးမင္းခမ္းနားႏွင့္ မင္းစိုင္းသာမွာေတာ့ အဓိပၸါယ္နားလည္ၿပီးၿပီ။အငယ္ဆံုးသားေလးက သူ႔ေဘးမွာ သားလတ္ကိုထိုင္ေစခ်င္ေနတာပဲ။ထို႔ေၾကာင့္ ၪီးမင္းခမ္းနားမွာ

    "အဟမ္း၊ သားငယ္ ဒီဘက္မွာပဲထိုင္စားလိုက္ေတာ့..."

ထိုအခါမွ မင္းသြန္းၫွာလဲ ညာဘက္ျခမ္းတြင္ဝင္ထိုင္လိုက္ၿပီး ေနႏိုင္းမာန္ေလးလိုအပ္သည္မ်ားကို ေဘးမွထည့္ေပးေလသည္။ထိုအခါ မင္းစိုင္းသာသည္ မ်က္ေမွာင္ၾကဳတ္ကာ

   "ငယ္ေလး!"

   "ဟင္..."

   "ငယ္ေလးက ကိုႀကီးကိုေတာင္ ဟင္းထည့္မေပးေတာ့ဘူး၊"

      "အဲ့..."

ထိုအခါမွ မင္းသြန္းၫွာလဲ ဇက္ကေလးပုကာ ကိုႀကီး၏ပန္းကန္ထဲသို႔ေရာ ေဖေဖ့ရဲ့ပန္းကန္ထဲသို႔ပါ ဟင္းေတြထည့္ေပးေလသည္။ၿပီးကာမွ သူလဲ ငံု႔စားေတာ့သည္။သူေအးေဆးစားေစရန္ ကိုႀကီးသည္ သူ၏ညီငယ္ေလး(ေနႏိုင္းမာန္)၏ပန္းကန္ထဲသို႔ ဟင္းမ်ားထည့္ေပးေလသည္။သို႔ေသာ္ ထိုညီငယ္ေလးက သူထည့္ေပးေသာ ဟင္းမ်ားကိုထိေတာင္မထိ။

    "ဝါး မင္းတို႔ညီအစ္ကိုႏွစ္ေယာက္က ငါ့ကိုပယ္ထားၾကတာပဲကြ"

ကိုႀကီး၏အသံေၾကာင့္ မင္းသြန္းၫွာလဲ ေခါင္းေမာ့ၾကည့္ရာ အျဖစ္အပ်က္ကိုေတြ့လိုက္ရ၍ ဟန္မေဆာင္ႏိုင္ေအာင္ရယ္မိေတာ့သည္။ၪီးမင္းခမ္းနားကလဲ ၿပံဳးတံု႔တံု႔ႏွင့္ပင္။ဤသို႔ျဖင့္ပင္ ပထမဆံုး မိသားစုညစာစားပြဲသည္ ရယ္ေမာသံမ်ားျဖင့္ၿပီးဆံုးသြားေလေတာ့သည္။

ညစာစားၿပီးေတာ့ ဧည့္ခန္းထဲတြင္ ကိုႀကီး၊ေဖေဖတို႔က ထိုင္ကာအခ်ိဳတည္းေနၾက၍ မင္းသြန္းၫွာလဲ ေနႏိုင္းမာန္ေလးလက္ကိုဆြဲ၍ ကိုႀကီးႏွင့္ ေဖေဖ့ၾကား ဝင္ထိုင္လိုက္သည္။ဆိုဖာသည္ အက်ယ္ႀကီးျဖစ္၍သာေတာ္ေတာ့သည္။ယခုအခါ သူတို႔သည္ ဆိုဖာေပၚတြင္စုထိုင္ေနၾကကာ မိသားစုအေငြ့အသက္ေလးမ်ားလဲခံစားမိၾကေလသည္။

အငယ္ေလးသည္ ညီငယ္ေလးအေနရမခက္ေစရန္လုပ္ေပးေနမွန္းသိ၍ မင္းစိုင္းသာသည္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပံဳးမိေလသည္။အားဂူး...သူတို႔ညီငယ္ေလးေတာင္အရြယ္ေရာက္လာၿပီပဲ။

ေနႏိုင္းမာန္ေလးသည္ သူစားရန္အတြက္ လိမၼော္သီးကိုအခြံႏႊာေပးေနေသာ မင္းသြန္းၫွာကိုေငးၾကည့္ေနေလသည္။သူဘာေတြးေနမွန္းမည္သူမ်ွမသိသလို သူ၏အေတြးတို႔ကိုလဲ ဖံုးကြယ္ထားရွာေသာ ကေလးငယ္ပါေပ။

__________

Continue Reading

You'll Also Like

2.5M 145K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
10.1M 303K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...
196K 4.3K 27
"I only fuck girls who want to be fucked, flipped over and banged, Sunshine and..." "And that's what I want, daddy. Exactly what I want from you." * ...
4M 166K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...