ငါကဗီလိန်! [Uni + Zaw]
By Adira_Mo
14.6K 1.4K 52
စာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updat... More
Intro
Ch 1
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 8.2
Ch 9
Ch 10
Ch 11
Story Glory Details and Update Schedules <3
Ch 12
Ch 13
Ch 2
959 94 0
By Adira_Mo
  'ဝါး ဦးမင်းခမ်းနားကိုဆူချလိုက်ပုံကမိမိုက်...'
ဘေးမှအမြီးလုံးလုံးလေး တစ်ဆတ်ဆတ်ခါရင်းပြောနေသော ဟမ်းဟမ်းအား
   'ဒီလိုပဲပေါ့၊ ငါfinal bossကိုဒီလောက်သည်းပြထားမှ ငါ့အတွက်အဆင်ပြေမှာ၊ မဟုတ်ရင် ရုတ်တရက်ကြီး final bossအပေါ် ကောင်းပြနေရင် OOCဖြစ်ကုန်မယ်၊ ပြီးတော့ ဒီရွှေပေါင်လုံးကြီးကို အသေရရ အရှင်ရရ ဖက်ထားရမယ်၊ ကလေးကပေါ့ရွှတ်နေတာပဲ နောက်ကြမှ အစားများများကျွေးပြီး ဂေါ်ဖီထုပ်လေးလို့ ဥထားရမယ်၊'
ထို့နောက် သူ့ခါးမှကလေးငယ်ကို သူ၏မွေ့ယာပေါ်သို့တင်လိုက်သည်။သူ၏မွေ့ရာသည် ကြက်သွေးရောင်ဖြစ်ကာ နူးညံ့အိစက်နေပြီး တိမ်တွေပေါ်တွင်လဲလျောင်းနေရသလိုခံစားချက်ကိုဖြစ်စေလေသည်။ထို့နောက်သူသည် နောက်မှပါလာသောအစေခံများကို
    "ဒီကလေးလေးမနိုးမချင်း ကျွန်တော်ဒီအခန်းထဲမှာပဲနေဦးမယ် မင်းတို့သွားလို့ရပြီ...ပြီးတော့ ကျွန်တော့်ခွင့်ပြုချက်မရပဲ ဒီအခန်းထဲဝင်မလာနဲ့..."
သူ၏တစ်ချက်လွှတ်အမိန့်ကြောင့် အိမ်စေကောင်မလေးများမှာ အခန်းအပြင်သို့သုတ်သုတ် ထွက်သွားလေသည်။သူတို့မရှိကာမှ မင်းသွန်းညှာလဲ ကုတင်ပေါ်တွင်ထိုင်နေသောဖြူဖျော့ဖျော့ကောင်လေးကိုထိုင်ငေးနေမိသည်။ထိုကောင်လေးထံမှလဲ ဆိုဒါအအေးနံ့သင်းသင်းလေးရနေသလိုလိုပင်။ကြည့်ရတာ ထိုကောင်လေး၏pheromoneအနံ့ပင်ဖြစ်လိမ့်မည်ထင်သည်။
Final boss၏ငယ်ဘ၀မှာလဲသနားစရာပင်။သခင်ကြီးသည် ဒုတိယဇနီးကို တခမ်းတနားလက်ထပ်ယူကာ ကလေးမွေးဖွားခဲ့သော်လဲ ဒုတိယဇနီး သည် မီးတွင်းထဲတွင်သေဆုံးသွားသလို ကျန်ရစ်ခဲ့သူကလေးကိုလဲ ထိုဆေးရုံမှသားရူးရူးနေသော စိတ်ရောဂါသည်တစ်ယောက်မှခိုးယူထွက်ပြေးသွားလေသည်။ထိုစိတ်ရောဂါသည်မိန်းမကြီးသည် ကလေးကိုသေချာစောင့်ရှောက်ပေးသော်လဲ စိတ်မထင်ရင်မထင်သလိုရိုက်နှက်တတ်သေးသည်။
ကလေး၆နှစ်သားအရွယ်တွင် ထိုမိန်းမကြီးသည် ဘယ်အရက်သမားကသတ်လို့သတ်သွားမှန်းမသိပဲ လမ်းဘေးတွင်သေဆုံးနေခဲ့သည်။ထို့ကြောင့် ကလေးကို အနားရှိမိဘမဲ့ဂေဟာမှ မွေးစားခဲ့လေသည်။ထိုမိဘမဲ့ဂေဟာသည် နွေးထွေးသော်လဲ ကလေးလေးသည် အကြီးများထံမှ မကြာခဏဆိုသလိုအနိုင်ကျင့်ခံ လေသည်။
ထမင်းတစ်လုပ်စားဖို့အတွက်ကို အကြီးများခိုင်းသမျှအကုန်လုပ်ပေးရရှာသည်။ဒီလိုနှင့်နေလာရင်းမှ ဦးမင်းခမ်းနားနှင့်အဆက်အသွယ်ပြန်ရကာ ကလေးကိုပြန်ခေါ်လာနိုင်ခြင်းဖြစ်သည်။ထိုအဖြစ်အပျက်အားလုံးကို မင်းသွန်းညှာသည် ဝတ္ထုဖတ်ထား၍သိနေသော်လဲ မူလမင်းသွန်းညှာ၏မှတ်ဥာဏ်ထဲတွင်မူ ထို ၁၀နှစ်စာပျောက်ဆုံးနေလေသည်။
အနည်းငယ်ထူးဆန်းသော်လဲအမှုမဲ့အမှတ်မဲ့သဘောထားကာ မင်းသွန်းညှာသည် သူ့ရှေ့ရှိကလေးကိုသာငေးနေမိသည်။
    'ဒီကလေးက Dominant Alphaတစ်ယောက်၊အနာဂတ်မှာလဲ လူတော်လေးဖြစ်လာမှာ၊ ဒီအချက်နဲ့တင် ငါသူ့အနားကပ်နေသင့်ပါတယ်လေ၊ ကဲ ညီလေးရေ ဒီအစ်ကိုကြီးကိုရှေ့လျှောက်ကူညီစောင်မ ပါဦးကွာ'
သူငေးကြည့်နေတုန်းမှာပင် နေနိုင်းမာန်လေးသည် လူးလိမ့်ကာနိုးလာလေသည်။နိုးနိုးချင်း မျက်လုံးလေးကိုလက်သေးသေးလေးဖြင့်ပွတ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။ပြီးမှ သူ့ကိုမြင်ကာ ခန္ဓာကိုယ်လေးကကျုံ့သွားပြီးကုတင်ထောင့်ကိုပြေးကပ်သွားလေသည်။
မင်းသွန်းညှာ၏ရင်ထဲတွင်နင့်ကနဲပင်။ဒီကလေးသည် သူ့ကိုယ်သူကာကွယ်နေပုံလေးက ချစ်ဖွယ်ကောင်းသလို တစ်ချိန်တည်းမှာပင်သနားစရာလေးပင်။အစကတည်းက ကလေးချစ်တတ်သော သူ့အဖို့ ဤကလေးလေးကို သူ့ခမြာ သနားကြင်နာစိတ်တွေကတဖွားဖွားပေါ်လျက်သားပင်။ထို့ကြောင့် သူ့ဘက်ကပင်စကာ
    "ဟေး ညီလေး၊ ကိုကိုက ညီလေးရဲ့အစ်ကိုဖြစ်လာမဲ့သူလေ၊ကိုကို့နာမည်က မင်းသွန်းညှာ၊ ကိုကိုလို့ပဲခေါ်ပေါ့နော်၊"
မိတ်ဆက်ပြီးနောက် သူသည်အလှဆုံးပြုံးပြလိုက်သည်။ထို့နောက်
    "ညီလေးနိုးပြီဆိုတော့ အောက်ထပ်မှာဖေဖေနဲ့ အကိုကြီးကိုသွားတွေ့ကြမလား၊ဒါမှမဟုတ် အနားယူချင်သေးလား..."
    "..........."
    'ငါဒီလောက်ပြောနေတာ ငါ့ကိုနဲနဲလောက်အဖက်လုပ်ပါဦးဟ၊ ငါ ကလေးချစ်တတ်ပေမဲ့ ကလေးတွေကိုမချော့တတ်ဘူးနော်လို့၊'
မင်းသွန်းညှာတစ်ယောက်ရင်ထဲမှငိုကြွေးနေသော်လဲ နေနိုင်းမာန်လေးအားထပ်မံပြုံးပြကာ
    "ညီလေးလိုအပ်တာ ကိုကို့ကို-----"
    *ဂွီ*
ကလေးငယ်၏ဗိုက်ဆီမှအသံကြောင့် မင်းသွန်းညှာတစ်ယောက်ရယ်မိမလိုဖြစ်သွားရသည်။သို့သော်ချက်ချင်းပြန်ထိန်းကာ ဗိုက်ကလေးကိုလက်နှင့်အုပ်ထားသောကလေးငယ်ကိုကြည့်ကာ
    "ညီလေးအတွက် ကိုကိုကွတ်ကီးနဲ့နွားနို့သွားယူပေးမယ်နော်...ဗိုက်ပြည့်မှ ညီလေးနေချင်သလိုနေနော် ဟုတ်ပြီလား..."
ပြောပြီးသော် မင်းသွန်းညှာသည် အောက်ထပ်ကိုဆင်းကာမြေပဲထောပတ် ကွက်ကီးများဖုတ်ပေးရန်ကြံလေသည်။မီးဖိုချောင်ထဲသို့မဝင်စဖူးဝင်လာသော သူ့ကြောင့်အစေခံများက ပြာသွားကြသော် သူလဲ
    "ညီလေးကဗိုက်ဆာနေပုံပဲ၊ ကျွန်တော့်ကို ကွတ်ကီးနဲ့နွားနို့နွေးနွေးလေးပြင်ပေးပါ၊ကျွန်တော်ဒီမှာပဲထိုင်စောင့်နေမယ်၊"
တကယ့်ကိုပင် မင်းသွန်းညှာသည်မီးဖိုချောင်အဝတွင်စောင့်နေခဲ့လေသည်။ဖခင်လုပ်သူနှင့်သူ၏အကိုသာမြင်ပါကအံ့သြလွန်း၍ မေးရိုးများပင်ပြုတ်ကျသွားမလားပင်။သူအောက်ထပ်တွင်အလုပ်များနေသကဲ့သို့ အပေါ်ထပ်ရှိသူ၏အခန်းမှ ကလေးငယ်လေးကလဲ...
မဲ့ပြုံးတစ်ပွင့်ကိုနှုတ်ခမ်းထက်ဆင်ကာ နေနိုင်းမာန်လေးသည်ပြုံးလိုက်သည်။ကလေးတစ်ယောက်နှင့်မည်သို့မျှမလိုက်ဖက်သည့်အပြုံးသည် နေနိုင်းမာန်နှင့်မူလိုက်ဖက်နေသယောင်ယောင်ပင်။ထို့နောက် လျှာကိုပါးစောင်တွင်ထိုးရင်း အခန်းကိုမျက်စိဝေ့ကြည့်ကာ ခေါင်းထဲတွင်အကြံအချို့အတွက်အစီအစဥ်ချနေတော့သည်။သူ၏ဘေးတွင်တော့ မှောင်မိုက်နေသောAuraများကအပြည့်ပင်။
တာဝန်မယူနိုင်ပဲပစ်ထားခဲ့တုန်းကပစ်ထားခဲ့ပြီး အခုမှ သကာရည်လာလောင်းပြနေသော ထိုသူတို့ကိုသူလုံး၀ လုံး၀မယုံပါ။
____
ဦးမင်းခမ်းနားနှင့် ဒေါ် ရတီဝါတို့သည် မိဘများ၏စီစဥ်ပေးမှုကြောင့်သာလက်ထပ်ခဲ့ရခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးချစ်ခင်နှစ်သက်ခဲ့ခြင်းမရှိပဲ သူငယ်ချင်းမိတ်ဆွေလိုသာသဘောထားခဲ့ကြသည်။သို့သော်ရတီဝါသည်လည်း Omegaပေမို့ သူမ heat ဝင်နေသည့်အချိန်တွင် မင်းခမ်းနားနှင့်မတော်တဆ အတူနေမိပြီး ကိုယ်ဝန်ရခဲ့လေသည်။
ထိုကိုယ်ဝန်မှာ မင်းစိုင်းသာလေးပင်ဖြစ်သည်။မင်းစိုင်းသာ အသက် ၁နှစ်မှာပဲ မင်းသွန်းညှာကိုရရှိခဲ့ပြန်သည်။ထို့နောက် မင်းစိုင်းသာအသက်၂နှစ်တွင်ဒေါ်ရတီဝါသည်ဆုံးပါးသွားခဲ့သည်။ဒေါ်ရတီဝါသည် မသေခင်တွင် ဦးမင်းခမ်းနားနှင့် သူ၏အချစ်ဦးဒေါ်ခတ္တာနှင့် လက်ဆက်ရန်သဘောတူညီခဲ့ပေးခဲ့သည်။
ဤသို့ဖြင့် ဒေါ်ရတီဝါသေဆုံးပြီးနောက် ဒေါ်ခတ္တာကိုလက်ထပ်ယူကာ အိမ်ပေါ်ခေါ်လာခဲ့သည်။မင်းသွန်းညှာလေး ၅နှစ်အရွယ်တွင် ဒေါ်ခတ္တာသည် နေနိုင်းမာန်လေးကိုမွေးဖွားရင်းမီးတွင်းတွင်သေဆုံးခဲ့သည်။မယားအပူမိနေသော ဦးမင်းခမ်းနားကြောင့် ကလေးကို သားရူးရူးနေသော စိတ်ရောဂါသည် နာ့စ်မက ခိုးယူထွက်ပြေးခဲ့သည်။သို့သော် ဦးမင်းခမ်းနားသည် လိုက်မရှာခဲ့ပေ။အဲ့အစားအခြားကိစ္စများဖြင့်သာအလုပ်ရှုပ်နေခဲ့သည်။
၉နှစ်ကျော်ကြာကာမှ ကလေးသတင်းကိုအဆက်မပြတ်လိုက်ရင်းမိဘမဲ့ဂေဟာမှ နေနိုင်းမာန်လေးကိုပြန်လည်တွေ့ရှိခဲ့လေသည်။နေနိုင်းမာန်လေးကိုအိမ်ပေါ်သို့တင်လာသောအခါ အကြီးဖြစ်သူ မင်းစိုင်းသာလေးကဘာမျှမပြောသော်လဲ မင်းသွန်းညှာက မလိုမုန်းထားစိတ်ထားကာ နေနိုင်းမာန်ကိုနှိပ်စက်ခဲ့သည်။သူသည် နေနိုင်းမာန်လေးအား မကြာခဏရိုက်နှက်လေ့ရှိသော်လဲ သတ်ပစ်ချင်လောက်အောင် မုန်းသည့်စိတ်တော့မရှိခဲ့ဖူးပေ။
အသက်ကြီးလာကြသော် မင်းစိုင်းသာသည် သူ့ငယ်သူချင်းဖြစ်သူ လကျာ်လှိုင်းထံမှ ဖွင့်ပြောခြင်းခံရလေသည်။လကျာ်လှိုင်းကို သူ့ညီ မင်းသွန်းညှာကကြိုက်နေခဲ့ရသည်မှန်းသိတာကြောင့်ရော၊Alphaအချင်းချင်းဖြစ်နေတာကြောင့်ရော သူငြင်းဆန်ခဲ့သည်။ထိုအကြောင်းကို မင်းသွန်းညှာသိသော်​ လကျာ်လှိုင်း၏ညီမဝမ်းကွဲ ၊ သူ၏သူငယ်ချင်းဖြစ်သူ နွေလှိုင်း ကိုပြောပြခဲ့သည်။သူ့ပျက်ဆီးခြင်း၏အစမှာ နွေလှိုင်းကြောင့်ပင်ဖြစ်သည်။နွေလှိုင်းသည် သူမ၏အကိုဝမ်းကွဲဖြစ်သူ လကျာ်လှိုင်းကိုစိတ်ဝင်စားနေသူဖြစ်တာကြောင့် မင်းစိုင်းသာကိုထိခိုက်အောင်လုပ်ရန်ကြိုးစားကာ မင်းသွန်းညှာကိုသာအပြစ်ပုံချလေ့ရှိသည်။
မင်းသွန်းညှာကလဲ အသုံးမကျသူမို့ ပြန်လည်မချေပတတ်ပေ။သို့သော် နေနိုင်းမာန်သည် သည်းညည်းမခံနိုင်တော့ပဲ နိုင်ငံခြားတွင်ပညာတော်သင်ကာ companyထောင်၍ မင်းစိုင်းသာကိုတင့်တောင်းတင့်တယ်ထားနိုင်ရန်စီစဥ်လေသည်။နေနိုင်းမာန်ပြန်ရောက်လာသောအချိန်တွင် မင်းစိုင်းသာနှင့်​လကျာ်လှိုင်းတို့သည် အလွန်ပင်နီးစပ်နေပြီဖြစ်သည်။နေနိုင်းမာန်သည်ဖွင့်ပြောခဲ့သေည်လဲ မင်းစိုင်းသာကငြင်းဆန်လိုက်သည်မို့ အဝေးကသာစောင့်ရှောက်နေခဲ့သည်။သို့သော် နွေလှိုင်းသည် မင်းစိုင်းသာကိုကားမှောက်စေရန်ကြံစည်ခဲ့ပြီး မင်းသွန်းညှာကိုတရားခံဖြစ်စေခဲ့သည်။နောက်ဆုံးတွင် မင်းသွန်းညှာသည် နေနိုင်းမာန်လက်ချက်ကြောင့်သေဆုံးကာ ဇာတ်သိမ်းမလှခဲ့ပေ။
ဇာတ်လိုက်နှစ်ယောက်ဖြစ်သည့် မင်းစိုင်းသာနှင့်​လကျာ်လှိုင်းတို့ကတော့ လက်ထပ်ကာပျော်ရွှင်စွာနေထိုင်သွားခဲ့ကြသည်။နေနိုင်းမာန်ကတော့အလုပ်ကိုသာဖိလုပ်ရင်းလူပျိုကြီးအဖြစ်နေခဲ့သည်။နွေလှိုင်းအကြောင်းကိုတော့ဇာတ်သိမ်းပိုင်းတွင်မဖော်ပြခဲ့ပေ။
ဘာလို့ဦးမင်းခမ်းနားက သူ့သားကို ၉နှစ်ကျော်တဲ့အထိမရှာခဲ့တာလဲ၊ လာမမေးနဲ့။ဘာလို့မင်းသွန်းညှာက အားနေ နေနိုင်းမာန်ကိုနှိပ်စက်ရတာလဲ၊ လာမမေးနဲ့။ဘာမဟုတ်တဲ့ နွေလှိုင်းလိုမိန်းကလေးက အဖော်မခံရပဲ မင်းသွန်းညှာကပဲ တောက်လျှောက်အဖော်ခံရတာလဲ၊ လာမမေးနဲ့။လာကို မေးမနေနဲ့တော့၊ ဒီဝတ္ထုကိုက ခွေးသွေးနဲ့ခွေးစာရောကြိတ်ထားတဲ့ ဝတ္ထုကြီး။
ဟာကွက်တွေမြောက်များစွာရှိနေသော်လဲ ချောမောကာအရည်အချင်းပြည့်ဝသည့် Alpha နှစ်ယောက်၏အချစ်ဇာတ်လမ်းဖြစ်သည်မို့ မိန်းကလေးများကသဲသဲလှုပ်အားပေးကြလေသည်။Final Bossလို လူဆိုးကောင်လေးကိုအားပေးကြသူများကလဲ ဒုနှင့်ဒေးပင်။ထို့ကြောင့်မင်းသွန်းညှာကသာ မထင်မရှားဗီလိန်သာသာဖြစ်ခဲ့ရလေတော့သည်။
___________
   'အခု ငါက မင်းရဲ့ Guideအနေနဲ့ ခဏပဲလာတာ ပြီးရင်ငါကပြန်သွားရမှာ...ဒီတော့ငါမသွားခင် မင်းကို ဒီစနစ်ရဲ့အလုပ်လုပ်ပုံကိုရှင်းပြခဲ့မယ်...'
   'ဟင်? မင်းကအချိန်ပြည့်ရှိမနေဘူးလား...'
ဟမ်းဟမ်း၏စကားကိုတုံ့ပြန်မိခြင်းအကျိုးဆက်ကတော့ မင်းသွန်းညှာ၏ခေါင်းကို အနားရှိစာအုပ်နှင့် ဗြန်းကနဲ အဆော်ခံလိုက်ရခြင်းသာ။
   'ငါ့မှာလဲအလုပ်နဲ့အကိုင်နဲ့၊ငါပြောပြမယ် မင်းက ဒီစာအုပ်ရဲ့ လျှို့ဝှက်ချက်တွေ ဟာကွက်တွေကိုရှာတွေ့ရင်၊ ပြီးတော့ ဒီကိုယ်ကို နစ်နာစေခဲ့သူတွေကိုလက်တုံ့ပြန်နိုင်ခဲ့ရင် Life save point ရမယ်၊အခုလောလောဆယ် မင်းမှာ အမှတ်၂၀ရှိနေပြီ၊အဲ့ Life save pointတွေက များလေလေ မင်းအန္တရာယ်ရှိတဲ့အချိန်မှာအော်တိုဖြေရှင်းပေးနိုင်လေလေပဲ၊'
   'ငါ့ဘာသာ ရွေးရမှာမဟုတ်ဘူးလား...'
    *ဗြန်း*
    'ရွေးချင်တိုင်းရွေးရအောင် shoppingထွက်နေတာမဟုတ်ဘူး၊အသာနေစမ်း အဲ့ Life save point အပြင် နောက်ထပ် point နှစ်ခုရှိတယ်၊ ပထမpoint က Positive thoughts from boss [PFB]၊ အဲ့ Point က အတက်အကျရှိလိမ့်မယ်၊သူ့ဘက်ကမင်းကို အကောင်းမြင်လေလေ ၁၀၀ရာခိုင်နှုန်းအထိ မြင့်လာလေလေပဲ၊ ရာခိုင်နှုန်းက 10% တိုးတိုင်းမှာ မင်းအတွက် LSP 10မှတ်ရလိမ့်မယ်၊ ဆိုတော့ကာ အဲ့PFB percentတက်ဖို့ကမင်းဘက်ကသူ့ကိုအလိုလိုက်အကြိုက်ဆောင်ပေးနိုင်ဖို့လိုတယ်၊'
    'ကလေးထိန်းနေရသလိုပဲပေါ့....'
    *ဗြန်း*
   'ဖြတ်မပြောနဲ့ဦးလို့၊ နောက်pointအမျိုးအစားက Love percentပဲ၊ LP ပေါ့ အဲ့percentက အတက်အကျရှိတာရှားတယ်၊သူက PFB ထက်ပိုငြိမ်တယ်၊pointတွေနဲ့percentတွေကတစ်ခုနဲ့တစ်ခုဆက်စပ်နေတယ်၊LP က တိုးလာရင် PFB ကလဲအော်တိုတက်လာမှာ၊ဒါဆိုရင် LSP အတွက်လဲ အလွယ်လေးပဲ၊အဓိကကတော့ အသက်ရှင်ချင်ရင် Final Bossရဲ့ ​ရွှေပေါင်ကြီးကိုဖက်ပါ..'
ဘယ်လိုပဲနေနေ အရေးကြီးသည်မှာ Final bossလေးအား အလိုလိုက်အကြိုက်ဆောင်ရန်ဖြစ်သည်ဟု သူအကြမ်းဖြင်းနားလည်လိုက်သည်။ဒီလိုအလိုလိုက်အကြိုက်ဆောင်ဖို့ဆို မုန့်ကျွေးတာကစရမည်။အစာအိမ်ဆိုတာ နှလုံးသားရဲ့တံခါးပေါက်ပဲမလား။
    "ဟိတ်.."
    "သခင်လေး ဘာများလိုအပ်လို့ပါလဲ..."
နဲနဲလေးဟန့်လိုက်ရုံပဲရှိသေး၊ သူ့အနားသို့ဝှစ်ကနဲရောက်လာသောအစေခံကြောင့်သူ့ခမြာလန့်သွားရသည်။တကယ်ပါ ဤကဲ့သို့ အထက်တန်းစားလူနေမှုဘ၀မျိုးနှင့်သူ့မှာ နေသားမကျသေးပေ။
    "ဟမ် ဘာမှမလိုပါဘူး...အကုန်ပြီးပြီ လာလာ ဒီမုန့်ဗန်းတွေအပေါ်ကိုသယ်ခဲ့ကြ...."
မုန့်ဗန်းတွေကိုအစေခံတွေကိုသယ်စေကာ သူကနောက်မှလိုက်လာရင်း ဟမ်းဟမ်းမှာသည်များကိုဆက်လက်နားထောင်နေမိသည်။
    'Pointတွေတက်လာရင် systemကnotiတက်လိမ့်မယ်၊ကဲ ငါသွားပြီ၊အသက်အကြာကြီးရှင်နိုင်ပါစေ...'
    'အင်းပါ bye...'
ထို့နောက် သူသည် သူ၏အခန်းရှေ့တွင်ရပ်ကာ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး
    'ဘ၀က ကျားကွက်တစ်ခုလိုပဲ၊တစ်ခေါက်လောက် ခြေချပြီးတာနဲ့ နောက်ပြန်လှည့်လို့မရတော့ဘူး..ရှေ့ဆက်တိုးဖို့ပဲရှိတယ်၊ ကိုယ်ကပဲ သူများကိုကွက်ကျော်ရိုက်ပြီး နိုင်စားမလား၊သူများကပဲ ကိုယ့်ကိုကွက်ကျော်ရိုက်ပြီးနိုင်စားသွားမလား၊ဒါတွေအကုန်လုံးက မင်းအပေါ်မှာပဲမူတည်တယ်၊ မင်းသွန်းညှာ အကောင်းဆုံးကြိုးစားလိုက်၊ ဖိုက်တင်း'
__________
နေနိုင်းမာန်။
အများအမြင်တွင် ၁၀နှစ်သာသာကလေးတစ်ယောက်။အဲ့ဒီ၁၀နှစ်အရွယ်ကလေးက သူ့အသက်ထက်၂ဆ ၃ဆကြီးတဲ့သူတွေကို ဒုက္ခရောက်စေတဲ့အထိအဆိပ်ပြင်းနေတယ်ဆိုရင်ရော ဘယ်သူကသိမှာတဲ့လဲ၊ ၁၀နှစ်ကလေးတစ်ယောက်ကလူသတ်နိုင်လား အကွက်ကျအောင်လုပ်တတ်ကိုင်တတ်လားဆိုတာကို ဘယ်သူကမှ အပေါ်ယံကြည့်ရုံနဲ့ သိနိုင်မှာမှမဟုတ်တာ။
ကိုယ့်ကိုကိုယ်ကလွဲရင်ဘယ်သူမှမယုံကြည်နိုင်ဘူး။တစ်ခါမှမမြင်ခဲ့ရတဲ့အမေဆိုတဲ့သူကိုရော ၁၀နှစ်လုံးလုံးဒုက္ခသုက္ခတွေ ခံစားခဲ့ရပြီးမှ လာဆက်သွယ်တဲ့အဖေဆိုတဲ့လူကိုရော မယုံကြည်ဘူး။ဘာရယ်...အစ်ကို၊ ညီအစ်ကိုတွေ ဟုတ်လား၊ သူ့အတွက်ကတော့သူစိမ်းတွေပဲ။သူဘယ်သူ့ကိုမှမယုံကြည်နိုင်ဘူး။မိ ဘ မဲ့ ဂေ ဟာ။အဲ့ငရဲကပဲသူ့ကိုဒီလိုဖြစ်အောင်ပြောင်းလဲပေးခဲ့တာ။အဟက်...အခုမှတော့ လာပြီးနွေးထွေးမနေကြနဲ့ အေးစက်မှုကပဲ နှလုံးသားထဲနေရာယူနေခဲ့တာမို့။
_____
Zawgyi
.
.
.
.
  'ဝါး ဉီးမင်းခမ်းနားကိုဆူချလိုက်ပုံကမိမိုက်...'
    "ဒီကလေးလေးမနိုးမချင်း ကျွန်တော်ဒီအခန်းထဲမှာပဲနေဉီးမယ် မင်းတို့သွားလို့ရပြီ...ပြီးတော့ ကျွန်တော့်ခွင့်ပြုချက်မရပဲ ဒီအခန်းထဲဝင်မလာနဲ့..."
    'ဒီကလေးက Dominant Alphaတစ်ယောက်၊အနာဂတ်မှာလဲ လူတော်လေးဖြစ်လာမှာ၊ ဒီအချက်နဲ့တင် ငါသူ့အနားကပ်နေသင့်ပါတယ်လေ၊ ကဲ ညီလေးရေ ဒီအစ်ကိုကြီးကိုရှေ့လျှောက်ကူညီစောင်မ ပါဉီးကွာ'
    "..........."
    'ငါဒီလောက်ပြောနေတာ ငါ့ကိုနဲနဲလောက်အဖက်လုပ်ပါဉီးဟ၊ ငါ ကလေးချစ်တတ်ပေမဲ့ ကလေးတွေကိုမချော့တတ်ဘူးနော်လို့၊'
    *ဂွီ*
____
___________
    *ဗြန်း*
    *ဗြန်း*
   'ဖြတ်မပြောနဲ့ဉီးလို့၊ နောက်pointအမျိုးအစားက Love percentပဲ၊ LP ပေါ့ အဲ့percentက အတက်အကျရှိတာရှားတယ်၊သူက PFB ထက်ပိုငြိမ်တယ်၊pointတွေနဲ့percentတွေကတစ်ခုနဲ့တစ်ခုဆက်စပ်နေတယ်၊LP က တိုးလာရင် PFB ကလဲအော်တိုတက်လာမှာ၊ဒါဆိုရင် LSP အတွက်လဲ အလွယ်လေးပဲ၊အဓိကကတော့ အသက်ရှင်ချင်ရင် Final Bossရဲ့ ​ရွှေပေါင်ကြီးကိုဖက်ပါ..'
    "ဟိတ်.."
    'အင်းပါ bye...'
__________
နေနိုင်းမာန်။
_____
Continue Reading
You'll Also Like
267K 20.2K 59
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
139K 7.6K 40
𝐁𝐎𝐎𝐊 𝐎𝐍𝐄 𝐎𝐅 𝐓𝐇𝐄𝐈𝐑 𝐅𝐀𝐈𝐓𝐇 𝐒𝐄𝐑𝐈𝐄𝐒 Aarohi and Siddharth's tale began unexpectedly at her brother's wedding. Their connection spa...
855K 71.4K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
742K 39.3K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...