သူ့မျက်လုံးများပွင့်လာခဲ့သည်။ထိုခဏတွင် သူသတိထားမိသည်က
"ဝါး...ဆေးရုံရဲ့မျက်နှာကျက်ကတောက်ပလိုက်တာ..."ဟူ၍။
မင်းသွန်းညှာသည် ဂုဏ်မက်သူမဟုတ်သော်ငြား မျက်စိပသာဒဖြစ်သော ပစ္စည်းလေးများကို ကြည့်ရှုရင်း မျက်စိအစာကျွေးရသည်ကိုတော့ အလွန်နှစ်သက်သူဖြစ်သည်။ဒါ့အပြင် အစားအသောက်များကိုရောပေါ့။
သူ၏လက်တစ်ဖက်ကို မြှောက်မိရာ အလွန်ပင်ပေါ့ပါးနေလေသည်။
ဟင်????
သူ၏မျက်ဝန်းထဲ Question markပေါင်းများစွာဖြတ်သန်းသွားသည်။၅လွှာအမြင့်ကနေပြုတ်ကျထားတာတောင် သူ့ခန္ဓာကိုယ်က ဘာလို့ပေါ့ပါးနေရတာတုန်း။ဒါ့အပြင် သူ့လက်ကလေးက အလွန်သေးသွယ်နေသည်။မသိလျှင် ၁၄နှစ်၊၁၅နှစ် အရွယ်ကလေးလေးတစ်ယောက်၏လက်နုနုလေးများအတိုင်းပင်။
ထိုစဥ်မှာပင် အခန်းတံခါးပွင့်လာသံနှင့်အတူ
"သခင်လေး မင်းသွန်းညှာ...ကိုယ်လက်သန့်စင်လို့ရပါပြီ..."
"ငါလိုး..."
ပါးစပ်ကဆဲမိမလိုပင်ဖြစ်သွားသည်။တော်သေးသည်က ခပ်တိုးတိုးအသံမို့ အလျင်အမြန်ထိန်းလိုက်နိုင်ခြင်းပင်။
စကားအဆုံးတွင် သူလဲလျောင်းနေသည့်ကုတင်နားသို့ အဖြူအမည်းစပ် maid dressဝတ်ဆင်ထားသော အမျိုးသမီးငယ်၃ယောက်နှင့် အသက်အရွယ်ကြီးရင့်နေသော မိန်းမကြီးတစ်ဦးက လျှောက်လာသည်။
'နေစမ်းပါဦး....ငါဆေးရုံရောက်နေတာမဟုတ်ဘူးလား...သူတို့ကဘယ်သူတွေတုန်း...ပြီးတော့ သခင်လေးမင်းသွန်းညှာတဲ့လား????..'
သူငိုင်နေစဥ်မှာပင် အသက်ကြီးသည့် မိန်းမကြီးက
"သခင်လေးရှင့်...ဒီနေ့ သခင်ကြီးက ဒုတိယအမျိုးသမီးရဲ့ သားလေးကို အိမ်တော်ကိုခေါ်လာမှာဖြစ်လို့ စောစောထပြီးပြင်ဆင်သင့်ပါပြီ....မဟုတ်ရင် ရိုင်းပြရာကျပါလိမ့်မယ်...."
'ဘယ်ကသခင်ကြီးတုန်း? ဘာတွေလဲဟ'
ထိုစဥ်မှာပင် သူ့လက်မောင်းပေါ်သို့ ဟမ်းစတား အဖြူကောင်လေးက တက်လာသည်။ထိုဟမ်းစတားလေးသည် အမွှေးဖြူပွပွ လုံးလုံးလေးနှင့်ချစ်ဖို့ကောင်းလှသည်။သို့သော် မျက်နှာထားကတော့ မာတင်းနေသလိုလိုပင်။ထိုဟမ်းစတားကောင်လေးသည် မင်းသွန်းညှာ၏လက်မောင်းပေါ်တွင်အခန့်သားခွထိုင်ကာ အရှေ့ဘက်မှလက်တိုတိုလေးများကို လက်ပိုက်သဏ္ဍာန်ပြု၍
'မှတ်ဥာဏ်ကလဲ ကောင်းလိုက်တာနော်...စောနလောက်ကမှဖတ်ထားတဲ့ ဝတ္ထုကိုမေ့ရတယ်လို့...'
'ဟင် စကားပြောနိုင်တယ်လား...'
'ပြောနိုင်တာပေါ့...ငါလေးက မြင့်မြတ်တဲ့ ဟမ်းစတားလေး "ဟမ်းဟမ်း" ပဲဟာ....'
'အယ်...ငါက စိတ်ထဲမှာပြော---....."
'စိတ်ထဲမှာပြောလဲကြားတယ်...အပြင်မှာပြောလဲကြားတယ် ဟုတ်ပြီနော်...ဒါပေမဲ့ အခုလောလောဆယ်တော့ ဟိုအစေခံတွေနဲ့လိုက်လျောညီထွေအရင်နေလိုက်...'
တစ်သက်နဲ့တစ်ကိုယ် သူများကိုဆရာလုပ်လာသော မင်းသွန်းညှာသည် ထို ဟမ်းစတားကောင်လေး ဟမ်းဟမ်း နှင့်ကြမှ အပိုးတွေကျိုးကာ သူခိုင်းသမျှလုပ်နေရလေသည်။
သူသည် ကုတင်ပေါ်မှထကာ
"ကောင်းပြီလေ...ရေအရင်ချိုးမယ်..."
ထိုသို့ပြောကာ သူမြင်နေရသည့် အခန်းတံခါးတစ်ခုဆီသွားဟန်ပြင်ရာ သူပုခုံးပေါ်ရှိ ဟမ်းဟမ်း က
'အဲ့တာ အဝတ်လဲခန်း...ရေချိုးခန်းက ညာဘက်မှာ...'
"အဟမ်း..."
မင်းသွန်းညှာလဲ အရှက်ပြေချောင်းဟမ့်ကာ ညာဘက်ရှိ ရေချိုးခန်းဆီသို့သွားလိုက်သည်။အနောက်မှအစေခံမိန်းမပျိုများက လိုက်မည့်ဟန်ပြင်နေ၍
"နေ နေ...ကျွန်တော့်ဘာသာကျွန်တော် ချိုးမယ်... အဝတ်အစားသာ အသင့်ပြင်ပေးထား..."
ထူးထူးခြားခြား ပြောဆိုပြုမူနေသော သခင်လေးကို အစေခံများက ကြောင်အကာကြည့်နေသော်လဲ သူတို့၏သခင်လေးကတော့ ရေချိုးခန်းတံခါးပင်ပိတ်ချပစ်လိုက်လေသည်။
မင်းသွန်းညှာလဲရေချိုးခန်းထဲရောက်ကာမှ လော့ချထားသော တံခါးကိုမှီရင်း မျက်နှာချင်းဆိုင်ကိုကြည့်လိုက်ရာ မျက်နှာချင်းဆိုင်ရှိ ကိုယ်လုံးပေါ်မှန်ကြီးတွင်ထင်နေသော သူ့ပုံရိပ်ကိုကြည့်ရင်း လန့်ဖြန့်ကာ ထအော်မိတော့သည်။
"အား...WTF??...ငါ့အသက်၁၄နှစ်ကိုပြန်ရောက်သွားတာလားဟ..."
ရေချိုးခန်းမှာအသံလုံ၍သာ သူ၏ အသံကျယ်ကို တံခါးတစ်ချပ်သာခြားသော အစေခံမိန်းမပျိုတို့ကမကြားနိုင်ခြင်းသာ။
ထိုအခါ သူပုခုံးပေါ်မှဟမ်းဟမ်းက
"အသက်၁၄နှစ်ကိုပြန်ရောက်သွားတာတော့မှန်တယ်...ဒါပေမဲ့...ဝတ္ထုတစ်ပုဒ်ထဲက မင်းသွန်းညှာဆိုတဲ့ကောင်လေးရဲ့ ကိုယ်ထဲကိုရောက်သွားတာ..."
"ဝတ္ထုထဲက မင်းသွန်းညှာ??? အဲ့ဝတ္ထုကိုငါရင်းနှီးနေတယ်...စဥ်းစားစမ်း အဲ့ဝတ္ထုနာမည်က....."
မှန်ထဲတွင်မြင်နေရသော သူ့ရုပ်လွှာတွင် မာနအငွေ့အသက်များပါနေသလို ထည်ဝါခြင်းAuraကလဲကပ်ပါလာသည်။ဒါ့အပြင် မျက်ဝန်းများကစူးရဲကာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နှင့်ပင်။
"မဟုတ်မှလွဲရော...ဟို "ကြယ်စင်ချစ်ခြင်း" ထဲက မင်းသွန်းညှာ???? "
"Ting! အဖြေမှန်၍ ဂုဏ်ယူပါတယ်..Life save point 10မှတ်ရရှိသွားပါပြီ..."
"နေစမ်းပါဦး...Life save point?အာ...ဘာတွေလား..."
"အမှန်က Life save point ရဲ့ အတိုကောက် LSP လို့ခေါ်လဲရပါတယ်..ပြီးတော့ novel ထဲဝင်လာရခြင်းက...မင်းပဲ အသက်ရှင်ပါရစေ...ဘုရားသခင်ရယ်...ဒုတိယအခွင့်အရေးပေးပါဆို....အဲ့တာကြောင့် ဒုတိယအခွင့်အရေးပေးတာလေ..."
"ဒါကြီးက ဒုတိယအခွင့်အရေးလား??!!! "
"ဟုတ်တယ်လေ...ဒီnovelထဲက မင်းသွန်းညှာရဲ့ ဘဝအဆုံးသတ်ကိုပြောင်းပေး...ပြောင်းပေးနိုင်ရင် မင်းရဲ့မူလကမ္ဘာကိုပြန်ခွင့်ရမယ်လေ..."
"မပြောင်းပေးနိုင်ရော...???"
"အဲ့မှာသေလိုက်တော့...ပြီးတော့ ငရဲ ကို ဝှီး ရွှတ် ဆိုပြီးသွားလိုက်တော့...အိုကေ?? "
"ဘာ ၊ ငါကဘာလို့သေရမှာလဲ အသက်ငယ်ငယ်လေးပဲရှိသေးတာကို...ပြီးတော့ ငရဲ၊ ဟုတ်လား..ငါ့ဘ၀တစ်လျှောက်လုံး ကောင်းမှုတွေချည်းပဲလုပ်ခဲ့တာပါနော်"
"အောင်မလေးလေး...အဲ့တာကြောင့် လူတွေက သေခါနီးအာရုံကအရေးကြီးတယ်လို့ပြောတာကိုး...ဒီမှာ..မင်းမသေခင်က novel ထဲက မင်းသွန်းညှာကို ကျိန်ဆဲခဲ့တယ်မလား...."
"အဲ့...အဲ့တာက...."
ဟမ်းဟမ်း ပြောနေတာအမှန်မို့ သူ့ပါးစပ်ပိတ်မိသွားသည်။ဟုတ်သည်။novelထဲမှ မင်းသွန်းညှာသည် အဖြည့်ခံဇာတ်ကောင်သာဖြစ်ရုံမက ယုတ်မာသောကြောင့် အလွန့်ကိုကျိန်ဆဲမိလေသည်။ပိုဆိုးတာက သူနဲ့နာမည်ချင်းတူပြီး သူ့လောက်မှအကျင့်ကောင်းမနေတာကြောင့်လေ။
"မင်းဆဲတာတွေ ငါကြားပါတယ်၊ ဘာတဲ့ သြော် ကြက်ဘောတွေရော ဆိတ်ဒစ်တွေရော၊ စုံနေတာပဲနော်"
"ကျစ် ၊ တကယ်ပါပဲ...ဒါဆိုငါက...ခြွင်းချက်မရှိ မင်းသွန်းညှာရဲ့ ကံကြမ္မာကိုပြောင်းလဲပစ်ရမှာပေါ့...ဟုတ်လား..."
"သိပ်ဟုတ်တာပေါ့...အဲ...နောက်ထပ်ပြောင်းလဲပစ်ရမဲ့အရာတစ်ခုရှိသေးတယ်...."
"ဘာကိုပြောင်းပစ်ရဦးမှာလဲ...."
"မင်းသွန်းညှာအပေါ်မှာထားတဲ့ final bossရဲ့အမြင်ကို..."
"FINAL BOSS????"
"....."
"ငါထင်နေတဲ့သူများလား..."
"ဒီnovelမှာ ဇာတ်လိုက်တွေကိုယှဥ်နိုင်တာ ဘယ်သူရှိလို့လဲ..."
"နေနိုင်းမာန်၊ ဒုတိယဇနီးကရတဲ့တရားမဝင်သား၊"
"Ding! အဖြေမှန်ကန်သဖြင့် LSP 10မှတ်ရရှိ..."
"မင်းသွန်းညှာက နေနိုင်းမာန်လက်ချက်နဲ့သေခဲ့ရတာမလား၊ အဲ့တာကလဲ အငြိုးတကြီး ကားနဲ့မသေမချင်းတိုက်သတ်ခံရတာ၊ သေစမ်း...ငါတော့သေတော့မှာပဲ၊"
"စိတ်မပူပါနဲ့ ငါတို့systemက အချိန်မှီတွေပဲပို့ပေးတာပါ...ဒီနေ့က သူဒီအိမ်ကိုစရောက်မဲ့နေ့လေ...ပြီးတော့..."
"မင်းသွန်းညှာက နေနိုင်းမာန်ကို စတွေ့ကတည်းကအမြင်မကြည်ပဲနှိပ်စက်ခဲ့တာ၊ ဒါပေမဲ့ ငါအချိန်မှီရောက်လာတော့ အကုန်အဆင်ပြေလောက်မှာပါ."
ခေတ္တမျှစိတ်ငြိမ်အောင်နေပြီးနောက် နောင်ခါလာနောင်ခါစျေးထားကာ ရေမိုးချိုးလိုက်လေသည်။ရေမိုးချိုးပြီးနောက် တဘက်လေးပတ်ကာ ရေချိုးခန်းအပြင်ကိုထွက်လာလိုက်သည်။ရေချိုးခန်းအပြင်ရောက်သော် အိမ်စေများက သူ့အတွက်အင်္ကျီပြင်ထားပေးကြလေသည်။ပြင်ထားပေးသောအင်္ကျီများကိုဝတ်ကာ အပေါ်ထပ်မှအောက်ထပ်သို့ဆင်းလာလိုက်သည်။သေချာကြည့်ကြည့်မှ ဆွန်းအိမ်တော်သည် အပြင်ပန်းတွင်လှပရုံသာမက အတွင်းပိုင်းတွင်လဲ လက်ရာမြောက်လှပေသည်။ရွှေရောင်တဖိတ်ဖိတ်တောက်ပနေကာ တစ်ချက်ကြည့်ရုံနှင့်တင် အလွန့်ကို တန်ဖိုးကြီးမှန်းသိသာလေသည်။
သူလဲ ငေးမောခြင်းကိုရပ်တန့်ကာ ထမင်းစားခန်းထဲဝင်လာခဲ့လိုက်သည်။ထမင်းစားခန်းထဲတွင် သူ့အကို မင်းစိုင်းသာ ကိုသာတွေ့ရပြီး သူ၏ဖခင် မင်းခမ်းနားကိုမူမတွေ့ရချေ။ဘယ်တွေ့ရပါ့မလဲ၊ဇာတ်လမ်းအရဆို ဦးမင်းခမ်းနားက မိဘမဲ့ဂေဟာကနေ နေနိုင်းမာန်ကိုသွားခေါ်လာပြီလေ။
သူ၏အကိုထိုင်နေသည့်နားသို့ရောက်သော် သူ့အကို၏pheromoneနံ့ဖြစ်သည့် Green teaအနံ့သင်းသင်းလေးကိုရလိုက်သည်။ဟုတ်သည်။သူ၏အကို မင်းစိုင်းသာက Alpha ဖြစ်သည်။ဤnovelသည် Alpha,Beta,Omega world အပေါ်ကိုအခြေခံယူထားလေသည်။မင်းသွန်းညှာ၏မိသားစုတွင် ဦးမင်းခမ်းနားနှင့် မင်းစိုင်းသာတို့သည်Alphaဖြစ်ကာ နေနိုင်းမာန်ကတော့ ခြွင်းချက်မရှိ Dominant Alphaဖြစ်သည်။ဇာတ်လိုက်ဖြစ်သူ လကျာ်လှိုင်း တောင်မှ ရိုးရိုးAlphaသာဖြစ်သည်။မင်းသွန်းညှာကိုတော့ Beta ဟုသာဖော်ပြထားသည်။ထို့ကြောင့် သူ့အသွင်မှာ ဒေါင်းများအလည်မှကျီးတစ်ကောင်နှယ်ဖြစ်နေသည်။သို့သော် သူ၏ဖခင်နှင့်အကိုက သူ့ကိုသဲသဲလှုပ်ချစ်လေသည်။
မူလဇာတ်ကြောင်းအရ နေနိုင်းမာန်ရောက်လာချိန်တွင်တော့ မင်းသွန်းညှာမှာ မနာလိုမှုတွေကြီးထွားကာ နေနိုင်းမာန်ကိုနှိပ်စက်လေသည်။သူက နှိပ်စက်လေလေ သူ၏အကို မင်းစိုင်းသာက နေနိုင်းမာန်ကိုဂရုစိုက်လေလေပင်။ဤသို့နှင့် ထိုဖအေတူအမေကွဲညီအစ်ကိုကြားမှ အချစ်ဇာတ်လမ်းလေးကပေါ်လာလေသည်။သို့သော်ထိုဇာတ်လမ်းမှာ ပေါ်မလာခင်မှာပင် မင်းသွန်းညှာ၏ကြားဝင်နှောင့်ယှက်မှုကြောင့် ပျက်စီးခဲ့ရလေသည်။မည်သို့ပင်ဆိုစေကာမူ ထိုအရာအားလုံးက မူလ မင်းသွန်းညှာ၏အပြစ်လေ သူ့အပြစ်မှမဟုတ်တာ။
မင်းသွန်းညှာဝင်လာသည်ကို မင်းစိုင်းသာကမြင်သော်
"ငယ်လေးတောင်နိုးပြီပဲ...လာလေ မုန့်လာစား..."
သူလဲခေါင်းငြိမ့်ကာ သူ့အကိုညာဘက်ရှိခုံတွင်ထိုင်လိုက်သည်။ထို့နောက်ကော်ဖီလေးသောက်ကာ ကိတ်မုန့်စားရန်ပြင်လိုက်သည်။မင်းစိုင်းသာသည်
"စားချင်တာရှိရင် ပြောနော် ငယ်လေး၊ ကိုကြီးလုပ်ခိုင်းလိုက်မယ်၊"
စားပွဲပေါ်မှများပြားလှသောမုန့်များကိုကြည့်ကာ မင်းသွန်းညှာခေါင်းခါပြလိုက်သည်။
"ရပါတယ် ကိုကြီးရ၊ ဒီလောက်ဆိုရင်ပဲ ရပါတယ်၊ မနက်စာအများကြီးမစားချင်လို့၊"
"ဟုတ်ပါပြီဗျား၊"
ညီအစ်ကိုနှစ်ယောက်မနက်စာစားပြီးသော် ခြံရှေ့မှကားရပ်လိုက်သံကြားရလေသည်။
'ကြည့်ရတာ final bossလာပြီထင်တယ်...'
'final bossဆိုပေမဲ့သူကအခုမှ ကလေးပဲရှိသေးတာ သူ့ကိုကြောက်နေစရာမလိုဘူး...'
'ငါမကြောက်ပါဘူးနော်...'
ဟမ်းဟမ်းသည် ဂျင်းဘောင်းဘီအသားစကိုဆုပ်ကိုင်ကာအနဲငယ်တုန်ရီချင်နေသည့်လက်များကိုကြည့်ရင်းမျက်လုံးလှန်မိသည်။ဒါနဲ့များမကြောက်ဘူးလေး ဘာလေးနဲ့...။
ကားပေါ်မှ ဒရိုင်ဘာဆင်းလာပြီးနောက် ဒရိုင်ဘာသည် ကားနောက်ခန်းကိုဖွင့်လိုက်ရာ အရင်ဆုံးထွက်လာသည်က သန့်ပြန့်ခန့်ညားနေသော လူကြီးတစ်ယောက်ပင်။ကြည့်ရတာ ဦးမင်းခမ်းနားပဲဖြစ်မည်ထင်သည်။ဦးမင်းခမ်းနားသည် ကားထဲမှ လူကောင်သေးသေးလေးသာရှိသော ကောင်ငယ်လေးကိုပွေ့ထုတ်လာလေသည်။
ထိုအပြုအမူကြောင့်မင်းစိုင်းသာ မျက်မှောင်ကြုတ်လိုက်မိသည်။သူ့ဖခင်၏အပြုအမူကြောင့် သူ့ညီငယ်လေးစိတ်ထဲမကောင်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ထို့ကြောင့်ညီငယ်လေး၏မျက်နှာအရိပ်အကဲကြည့်ရန် ဘေးကိုငဲ့ကြည့်ရာ ငယ်လေးသည် သူ၏ဂျင်းဘောင်းဘီအစကိုဆုပ်ကိုင်ထားကာ ဟိုကလေးကိုစူးစမ်းလိုစိတ်အပြည့်ဖြင့်ကြည့်နေသည်ကိုတွေ့ရလေသည်။ထိုအခါမှမင်းစိုင်းသာလဲစိတ်အေးကာ သူ့အဖေ၏ဒုတိယဇနီး၏သားကိုကြည့်မိလေသည်။
ထိုကလေးသည် အသားအရေမှာဖြူဖျော့နေကာလူမမာနှင့်ပင်တူနေတော့သည်။မျက်ကွင်းညိုညိုများကလဲ အရွယ်နှင့်မလိုက်အောင်ရှိနေပြီး လူကောင်ကလဲအလွန်သေးကွေးနေလေသည်။ထို့ကြောင့် မင်းစိုင်းသာက ဖခင်ဖြစ်သူအား
"သူ့အသက်ဘယ်နှနှစ်ရှိပြီလဲ ဖေဖေ..."
"၁၀နှစ်ရှိပြီ..."
၁၀နှစ်???နားရှိလို့သာကြားရသည်။မင်းစိုင်းသာတစ်ယောက်မယုံနိုင်ပေ။ဒီကလေးဟာအရွယ်နှင့်မလိုက်အောင်ဒီလောက်သေးကွေးနေတာ အာဟာရများလုံလုံလောက်လောက်မမှီဝဲခဲ့ရလို့များလား။ဒီလိုကြတော့ မင်းစိုင်းသာကသနားသွားမိသည်။ထို့ကြောင့် ကလေးကိုပြောင်း၍ပွေ့ချီရန်ပြင်လိုက်စဥ် မင်းသွန်းညှာက ကြားဖြတ်ကာ
"ကလေးက၁၀နှစ်လို့တောင်မထင်ရအောင်ပိန်လှီနေလိုက်တာ၊ ဖေဖေရယ် ဘယ်လိုဖြစ်လို့ ညီလေးကိုဒီအဖြစ်ရောက်တဲ့အထိပစ်ထားခဲ့ရတာလဲ၊ဘာလို့လိုက်မရှာခဲ့ရတာလဲ၊ ပေး ညီလေးကိုသားပဲချီမယ်..."
ပြောပြောဆိုဆိုနှင့် သူသည် ဦးမင်းခမ်းနား၏လက်ထဲမှ ကလေးငယ်ကိုဆွေ့ကနဲကောက်ချီကာ ခါးတွင်ခြေထောက်များကိုသိုင်းစေလိုက်သည်။သူ့ပုံသည် မသိလျှင် ကလေးချီထားသော ဖခင်ကြီးတစ်ယောက်နှင့်ပင်တူနေတော့သည်။ကလေးကိုပွေ့ချီပြီးနောက်သူသည် မျက်မှောင်ကြုတ်လိုက်ကာ
"ဒါကလူတစ်ယောက်ရဲ့ကိုယ်အလေးချိန်တောင်ဟုတ်သေးရဲ့လား၊ကလေးခမြာဘယ်လောက်တောင်ဒုက္ခသုက္ခရောက်ခဲ့ရှာလဲမသိဘူး၊သားဒီတစ်ခါတော့ ဖေဖေ့ကိုစိတ်ပျက်မိပြီ...."
ထိုစဥ် သူ့ရင်ခွင်ထဲမှအိပ်ပျော်နေသော ကလေးငယ်က လူးလွန့်လာရာ
"ကျွတ်...ကျွတ်...ကျွတ်၊ အိပ်နော်...အခုလုံခြုံနေပြီ၊အေးဆေးအနားယူတော့၊"
ချော့မော့ပြီးနောက် ကလေးငယ်၏ကိုယ်ကိုချီမလျက်ပင် အပေါ်ထပ်ရှိသူမအခန်းထဲသို့တက်သွားလေသည်။အောက်ထပ်ရှိမင်းစိုင်းသာနှင့်ဦးမင်းခမ်းနားကတော့ကြောင်တောင်တောင်နှင့်သာ။
မင်းစိုင်းသာ ; နေပါဦး၊အကိုအရင်းနဲ့တောင်အနားကပ်မခံတဲ့ငယ်လေးက အခုမှတွေ့တဲ့ကလေးကို ပွေ့ချီသွားတယ်၊ နေ့ခင်းဘက်ကြီးနေနှစ်စင်းထွက်လာတာများလား
ဦးမင်းခမ်းနားကလဲ သူ့ကိုချစ်လှစွာသောသားငယ်ဆီကဆူပူမှုခံလိုက်ရတာမို့ကြောင်လျက်သားနဲ့ပင်။စောနကသားငယ်၏ပုံက သူတို့Alphaများကိုပင် ပညာပြန်ပြသွားသလိုနှင့်တူနေသည်။သို့သော် သားငယ်၏ဒေါသကိုသိသူမို့ သားငယ်စိတ်ပြေချိန် သားထွေးလေးနိုးသည့်အချိန်ကြမှအားလုံးရှင်းပြရန်စီစဥ်လိုက်တော့သည်။
________________
Zawgyi
.
.
.
.
ဟင်????
"ငါလိုး..."
စကားအဆုံးတွင် သူလဲလျောင်းနေသည့်ကုတင်နားသို့ အဖြူအမည်းစပ် maid dressဝတ်ဆင်ထားသော အမျိုးသမီးငယ်၃ယောက်နှင့် အသက်အရွယ်ကြီးရင့်နေသော မိန်းမကြီးတစ်ဉီးက လျှောက်လာသည်။
'နေစမ်းပါဉီး....ငါဆေးရုံရောက်နေတာမဟုတ်ဘူးလား...သူတို့ကဘယ်သူတွေတုန်း...ပြီးတော့ သခင်လေးမင်းသွန်းညှာတဲ့လား????..'
'အယ်...ငါက စိတ်ထဲမှာပြော---....."
သူသည် ကုတင်ပေါ်မှထကာ
"အဟမ်း..."
"နေစမ်းပါဉီး...Life save point?အာ...ဘာတွေလား..."
"မပြောင်းပေးနိုင်ရော...???"
"အဲ့...အဲ့တာက...."
"ဘာကိုပြောင်းပစ်ရဉီးမှာလဲ...."
"FINAL BOSS????"
"....."
"ငါထင်နေတဲ့သူများလား..."
"ဟုတ်ပါပြီဗျား၊"
'ငါမကြောက်ပါဘူးနော်...'
"၁၀နှစ်ရှိပြီ..."
မင်းစိုင်းသာ ; နေပါဉီး၊အကိုအရင်းနဲ့တောင်အနားကပ်မခံတဲ့ငယ်လေးက အခုမှတွေ့တဲ့ကလေးကို ပွေ့ချီသွားတယ်၊ နေ့ခင်းဘက်ကြီးနေနှစ်စင်းထွက်လာတာများလား
________________