" Jimin..! "
ရယ်သံသေးသေးလေးနဲ့ခေါ်သံကြောင့်
သဘောမကျစွာဖြင့် ကြည့်လက်စဖုန်းကိုခနချကာ
လှမ်းခေါ်နေသော ယုန်သွားနှစ်ချောင်းဖြင့်
JeonJungKookကို မကျေနပ်စွာဖြင့်
ကြည့်လိုက်သည်။
" သေချင်နေတာလား..."
ခပ်တည်တည်မျက်နှာထားနဲ့ပြောလိုက်လဲ
မျက်နှာပိုးမသေပါဘဲ ရီနေပြန်သည်။
" Jimin..! "
" ငါစိတ်တိုလာပြီနော်..."
" အိုခေအိုခေ...မစတော့ဘူး...နော်...
နော်...."
Jiminရဲ့ဒေါသဖြင့်ထအော်သံကြောင့်
အခန်းထဲရှိဘေးတွင်ထိုင်နေသောNamJoonက
ကြည့်လာတော့သည်။
" မကြိုက်ရင်လဲသွားမစနဲ့လေကွာ...
JungKookရယ်..."
NamJoonသည်ရန်ပွဲအရှည်တွေဖြစ်မှာကို
မြင်နေတာကြောင့် ကြားကဝင်၍ဟန့်သည်။
" အေးလေဟိုက...အလုပ်ကိစ္စစကားပြော
နေတာမလား...မင်းက ကလေးကလားနဲ့..."
SeokJinသည်လည်း NamJoonနဲ့
တစ်လေသံထဲပင်ဖြစ်သည်။
" ကျွန်တော်ကချစ်လို့စတာပါဗျာ...
ဝိုင်းပြီးအပြစ်ပြောနေကြတော့တာပဲ..."
" ပြီးရင်မင်းတို့ပဲ ရန်သတ် ကြားထဲက
ငါတို့ပဲ နားငြီးတယ်.. "
TaeHyungကပါအဆစ်ပါလာသည်မို့
JungKookတစ်ယောက်ငိုချင်လာတော့သည်။
ဖုန်းဖြင့်လုပ်လက်စကိုသာ ဆက်လုပ်သည်။
" ရပါတယ်... JeonJungKook ကိုဆို
တအားပြောချင်ဆိုချင်ကြတယ်နော်....
ရီးဇားကလဲ ဖုန်းပဲကလိ..Hyungတွေကလဲ
ဆူပူနဲ့...တော်ပြီသွားတော့မယ်..."
ပြောဆိုကာ JungKookသည်
နားနေခန်းထဲမှ နှုတ်ခမ်းထော်ကာထွက်သွားတော့သည်။
" မင်းဘဲကိုမင်းမပြောတော့ဘူးလား..."
" မနိုင်ဘူး...YoongiHyungရယ်...
Jiminစကားကြောင့် နားနေခန်းထဲမှ
ကျန်member5ယောက်လုံးသည်
သဘောကျစွာထရယ်ကြတော့သည်။
အတန်ကြာလဲ ပြန်မဝင်လာတာကြောင့်
ဘယ်ဆီသွား၍စိတ်ကောက်နေပြီလဲမသိ၊
သို့ဖြစ်၍JungKookဆီသို့ Jiminသည်
မက်ဆေ့ချ်တစ်စောင်လှမ်းပို့လိုက်ရတော့သည်။
[ ဘယ်ရောက်သွားတာလဲ.. ? ]
စာပြန်မလာတာကြောင့် နားနေခန်းထဲမှ ထွက်ကာ
JungKookရှိနေမည့် Studioထဲသို့
ရောက်လာခဲ့သည်။
" တံခါးလော့ခ်ချခဲ့..."
ထုံးစံအတိုင်း အခန်းထဲဝင်လာရင်
JungKookသတိပေးနေကြဖြစ်သည်။
Jiminနဲ့ရှိချိန်သာ သတိပေးတတ်ခြင်းဖြစ်သည်။
သူ့အကြောင်းသူသိသည်လေ။
" စိတ်ဆိုးစရာပါလား..."
" ကျွန်တော်ကဘာပြောနေလို့လဲ..."
" ဒါဆို...ဒီမှာဘာလုပ်နေတာ...? "
" Hyungမအားဘူးမလား...ပြန်.."
စိတ်မဆိုးဘူးဟုပြောနေသော ယုန်ဗလသည်
နှုတ်ခမ်းကြီးထော်လျက်။
" မောင်...! "
ခပ်အီအီအသံ၊ ဒါမျိုးကရှားသည်၊
နှစ်ယောက်ထဲရှိချိန်မှာသာခေါ်တာ။
" ကိုယ်..ကအလုပ်ကိစ္စChatနေတာလေ...
မောင်ကအနားမှာ...လာစနေတာကို..."
" အလုပ်ကအရေးကြီးလား...မောင်ကအရေး
ကြီးလား..."
" မောင်ကအရေးကြီးတာပေါ့..
မောင်ကအရေး ကြီးဆုံးပဲ..."
ထော်ကြီးစိတ်ချမ်းသာလျှင် ParkJimin
အေးချမ်းတာမို့ အားလုံးကပဲနားလည်ပေးကြပါတော့။
" အပြောနဲ့အလုပ်ကတခြားစီဖြစ်နေတယ်..."
" မယုံဘူးလား...ကိုယ့်ကို..."
" ဒါဆို...နမ်းဦး...စိတ်ကောက်ရတာ
မောတယ်..."
တတ်တူးတွေနဲ့လက်ကြီးတစ်ဖက်သည်
ခပ်လှမ်းလှမ်းတွင် ရပ်နေသော Jiminရဲ့
ခါးသေးသေးလေးအားလှမ်းဆွဲလိုက်သည်။
" ဆိုင်လား..."
" မဆိုင်လဲနမ်း...ဒါဘဲ.."
" မ...နမ်း..တတ်..ဘူး..."
မျက်နှာနားကိုအနီးဆုံးတိုးကပ်၍
နှုတ်ခမ်းပါးတွေကိုစူးစိုက်ကြည့်ကာ ပြောလာသော
စကားသည် တစ်လုံးချင်းဆီ။
" သေချာပြီလား...Hyung..? "
မနမ်းတတ်ရင်...မောင်ပဲနမ်းမယ်လေ
မောင်နမ်းရင် အနည်းဆုံးတော့ သုံးနာရီပေါ့..
Hyungသိတယ်မဟုတ်လား.."
" ရတယ်လေ...သုံးနာရီမကလို့..
သုံးနှစ်ဆိုလဲ ကိုယ်ကအေးဆေးပဲ..
ဘာမှမလိုဘူး....JeonJungKookနဲ့သာဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ်..."
" သိပ်တတ်နေတာပေါ့လေ..."
ခါးသေးသေးလေးကိုအားထည့်ကာ
ပေါင်ပေါ်သို့ဆွဲချထိုင်စေသည်။
" နမ်းရုံနဲ့ရပါ့မလား...စားတောင်စားချင်လာပြီ..."
" ရူးနေလား..."
" ဒီပါးဖောင်းဖောင်းတွေကိုပြောတာပါ...
ဘာတွေတွေး..."
ယုန်ဗလကြီးရဲ့အပြောကြောင့် မချိုမချဥ်
မျက်နှာပေးနဲ့ထိုင်နေရာမှထသည်။
" ဘယ်ပြေးမလို့လဲ...နမ်းတောင်မနမ်းရသေးဘူး.."
" မြန်မြန်နမ်းကွာ...ကြာတယ်..."
" သိပ်အနမ်းခံချင်နေပြီလား...ဟင်
မောင့်Jiminလေး..."
" သွားသေလိုက်...!! "
Hyungကိုစရသည်ကိုသိပ်သဘောတွေ့နေသော
JungKookသည် အသံထွက်
အောင်ပင်ရယ်သည်။
" စတာ...အတည်နမ်းတော့မှာ..."
မျက်နှာဖူးဖူးလေးသည် ဘယ်အချိန်ကြည့်ကြည့်
ဆွဲဆောင်မှုအားကောင်းလွန်းတာကြောင့်
JungKookအကြိမ်ကြိမ် ခုန်ဆင်းခဲ့ရသော
ထောင်ချောက်လှလှလေး။
ခပ်ကြာကြာမငေးနိုင်တာမို့ လျင်မြန်စွာပင်
နှုတ်ခမ်းထူထူတွေကို ထိကပ်လိုက်သည်။
ကွေးညွှတ်ကျသွားသော နှုတ်ခမ်းပါးပါးတွေသည်
မသိမသာလေး၊
သိပ်ချိုတာပဲ ၊ ဘယ်တော့မှအလွတ်မပေးချင်ခဲ့သော
ဒီနှုတ်ခမ်းဖူးတွေသည် စတော်ဘယ်ရီသီးလေး
တွေတောင်ရှုံးသည်။
[ October 12 ]
" မောင်...ဘယ်အချိန်လာမှာလဲ..."
" 10နာရီလောက်တော့ရောက်မယ်ထင်တယ်..."
" စောင့်နေမယ်နော်...မောင်နဲ့အတူတူLive
လုပ်ချင်လို့..."
" အိုခေ...အိုခေ...ဒါပဲနော်အချစ်..."
ဖုန်းချပြီးနောက်တွင်တော့ Jiminသည်
မောင့်ကိုစောင့်နေခဲ့တာအတော်ကြာ။
လုပ်စရာရှိသည်တို့ကိုလုပ်၍ပြင်ဆင်ကာ
မောင်ပြန်လာမည့်10နာရီကိုမြန်မြန်ထိုးစေချင်ပြီသည်။
Fanတွေသည်လည်းမျှော်နေလောက်ပြီမို့
မောင်နဲ့အတူတူBirthday liveလွှင့်ကာ
fanတွေနဲ့စကားပြောချင်ခဲ့သည်။
သို့သော်သူရော ကိုယ်ရော မအားလပ်ကြသည့်အခါ
အချိန်ညှို့နှိုင်းရာမှာလဲ ခက်ခဲသည်။
ထိုစဥ် ဟိုလုပ်ဒီလုပ်နဲ့10နာရီသာ
ကျော်သွားခဲ့သည် မောင်သည် Jimin
studioသို့ရောက်မလာခဲ့ပါ။
သို့သော်လဲ စောင့်လက်စနဲ့ဆက်စောင့်ကာ
အချိန်သည် 11နာရီပင်ထိုးသွားခဲ့သည်။
စောင့်ရတာလဲ လည်ပင်းရှည်နေ၍
ဖုန်းခေါ်လဲ မကိုင်သော မောင့်ကြောင့်
စိတ်တွေကိုမနည်းဆွဲဆန့်ထားခဲ့သည်။
12နာရီတောင်ထိုးလုဆဲဆဲအချိန်တွင်တော့
မောင့်ကိုဆက်မစောင့်တော့ပါဘဲ
တစ်ယောက်ထဲ VLIVE လုပ်ရန်ဆုံးဖြတ်ခဲ့သည်။
ကော်ဖီရောင်ဆံပင်ရှည်လေးဖြင့် လက်ရှည်
အက်ျီလေးနဲ့ Jiminကို Fanတွေသည်
အသည်းတယားယားဖြင့် Commentတွင်
fanတွေမြောက်မြားစွာက Birthday wish
ပေးခဲ့သည်။
ဆံပင်လေးတွေကို သပ်တင်လိုက်၊
မျက်မှန်တလက်နဲ့လှန်တင်လိုက်နဲ့ Jimin
တစ်ယောက်အလုပ်ရှုပ်နေတော့သည်။
Fanတွေရေးသမျှ Commentတွေကိုလဲ
လိုက်လံဖတ်ရှုရင်း အပြန်အလှန်အပျော်တွေ
ဝေမျှခဲ့သည်။
ကိတ်မုန့်အဝါလေးကိုလဲ ထုတ်ကာရယ်ရယ်မောမောနဲ့
စကားတွေပြောနေသော Jiminကို
VLIVEထဲတွင် ဝင်ကြည့်ကာ မောင်သည်
ကားပေါ်တွင်ပြုံးစိစိလေး။
" မြန်မြန်လေးမောင်းပေးပါ..."
ဖုန်းထဲကနေတောင် ကြည့်ရင်းအသဲ
ယားလာတာကြောင့် Jiminရှိရာသို့
ရောက်ဖို့အရေးမောင်စိတ်လောနေခဲ့သည်။
မောင့်Jiminလေးကဒီအချိန်ဆိုရင်
စိတ်ကောက်နေလောက်ပြီမို့ အပြေးလေး
သွားချော့ရတော့မည်။
VLIVEသာပြီးသွားသည် မောင်သည်
ရောက်မလာတာကြောင့် Jiminသည်
အိမ်သို့ပင်ပြန်လာခဲ့သည်။
ကားပေါ်သို့အရောက်တွင်သော မောင့်ဖုန်း
ဝင်လာတာကြောင့် ကောက်ကိုင်လိုက်သည်။
" Hyung..."
" ပြော..."
" မောင့်ကိုကောက်နေပြီလား..."
" no.."
" သိပါတယ်...ဒီလောက်ဆိုကောက်နေပြီဆိုတာ.."
" ငါအိပ်ချင်နေပြီ...ဒါဘဲ..."
" နေ..နေပါဦး...အခုကstudioမှာပဲမလား
မောင်ရောက်တော့မယ်..."
" မလာနဲ့တော့...ငါအိမ်ပြန်တော့မှာ..."
ထိုမျှလောက်ပြောကာ Jiminသည်
ဖုန်းချသွားခဲ့တော့သည်။
မောင်ကတော့ကားပြန်လှည့်ကာ Jiminအိမ်သို့
လာရပြန်တော့သည်။
တိုက်ခန်းလျှို့ဝှက်နံပါတ်က မောင့်မွေးနေ့မို့
ဝင်ထွက်သွားလာနေကျမောင်ကသိပြီးသား။
" Jimin..! "
" Jimin..! "
" ဘာလဲ.."
Bathroom ထဲမှထွက်လာသော Jiminသည်
အဖြူရောင် Bathrobe ခပ်လျော့လျော့ကို
ဝတ်ဆင်ထားသည်။
" မောင်ခေါ်နေတာမကြားဘူးလား..."
" ဘာလာလုပ်တာလဲ...."
" လာချော့တာ...မောင့်အသဲလေးကို..."
ပြီတီတီမျက်နှာထားနဲ့ မေးဖျားကိုလာကိုင်သော
မောင့်လက်ကို နာနာလေးရိုက်ချလိုက်သည်။
" စိတ်မကောက်ပါနဲ့ကွာ...မောင့်အလုပ်က
မပြီးပြတ်နိုင်လို့...မောင်လဲHyungဆီလာချင်တာမှ
တစ်ပိုင်းကိုသေရော..."
" အချိန်ကိုကြည့်ဦး...နောက်ကျနေပြီ...
ပြန်တော့..."
" မပြန်ဘူး...ဒီနေ့ဒီမှာပဲအိပ်မှာ..."
" ရူးနေတာလား...ဒီမှာအိပ်ရအောင်...
မင်းအိမ်မို့လား..."
" Hyungအိမ်က မောင့်အိမ်ပဲပေါ့...
ဘာများမှားလို့လဲ..."
Jiminအိပ်ရာပေါ်သို့ ခုန်တတ်ကာ
မောင်သည် ကားယားကြီးမှောက်အိပ်နေတာကြောင့်
မောင့်ခြေထောက်တွေကနေ ဆွဲချကာ
နှင်ထုတ်ရတော့သည်။
" ရူးချင်ယောင်ဆောင်မနေနဲ့...ပြန်တော့
ငါအိပ်ချင်နေပြီ...!! "
" လာလေ...တူတူအိပ်ကြတာပေါ့.."
အတင်းတွေနှင်ထုတ်နေသော Jimin
လက်ကောက်ဝတ်ကို အားနဲ့လှမ်းဆွဲတော့
ဟန်ချက်ပျက်ကာ မွေ့ယာအိအိပေါ်ပစ်ကျတော့သည်။
" JeonJungKook!!! "
အော်သံလေးသည် တိုက်ခန်းလေးထဲ စူးခနဲ့။
" နားတွေလဲကွဲကုန်တော့မှာပဲ..."
အိပ်ရာပေါ်သို့ပစ်ကျလာသော Jimin
ခန္ဓာကိုယ် သေးသေးလေးကို ရင်ခွင်ထဲထည့်ကာ
မောင်က သူ့ဗလကြီးနဲ့ချုပ်ဖက်ထားသည်။
" ငြိမ်ငြိမ်နေ...မောင်တစ်ခုပြောပြမယ်..."
ရင်ခွင်ထဲမှ ကိုယ်လုံးငယ်လေးသည်အတင်းတွေ
ရုန်းကန်နေတာမို့ နားနားကပ်ကာခပ်တိုးတိုး
ပြောလိုက်တော့လဲ ငြိမ်ကျသွားသည်။
" ဒီနေ့က...Hyungမွေးနေ့လေ...
စိတ်ကိုကြည်ကြည်လင်လင်လေးထားပြီး
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမှာ...ဒီလိုကြီး
ဆူပုတ်နေရမှာမဟုတ်ဘူး..."
" အဲ့ဒါမောင့်ကြောင့်လေ..."
" အင်းပါ..မောင်တောင်းပန်တယ်နော်...
အဲ့ဒါကြောင့်ဆူပုတ်မနေနဲ့တော့.."
ပါးဖောင်းဖောင်းလေးတွေကို ခပ်ဖွဖွဆွဲကာ
မောင်ကအသည်းယားဟန်ပြုသည်။
" ပြုံးပြပါဦး...မောင့်အလှလေးရဲ့..."
" မပြုံးချင်ပါဘူး..."
" မရဘူး...ပြုံးပြရမယ်...မွေးနေ့ရှင်ဆိုတာ
ရယ်ရယ်ပြုံးပြုံးလေးနေရတယ်...မောင်ရောက်
ကတည်းကဆူပုတ်လေးဖြစ်နေတာ...
Hyungအပြုံးတွေကို မောင်မြင်ချင်တယ်..."
" ပြုံးမှမပြုံးချင်တာကို..."
" ဒါဆိုပြုံးချင်အောင်လုပ်ပေးမယ်...
မောင့်ကိုကြည့်..."
မောင့်ရင်ခွင်ထဲမှ မောင့်မျက်နှာချောချောကြီးအား
မျက်လုံးလေးတွေလှန်ကြည့်လိုက်တော့
မောင်ကချစ်စရာကောင်းအောင်ပြုံးပြနေသည်။
အပြန်အလှန်လုပ်ယူစရာမလိုအောင်
ကျင့်သားရနေခဲ့ပြီဖြစ်တာမို့ မောင့်အပြုံးတွေကို
မြင်တိုင်းမနေနိုင်ပါ ၊ Jiminပါလိုက်ပါ
ပြုံးမိသွားသည်။
" ဒီလိုလေးနေပါ...မောင့်မွေးနေ့ရှင်လေးက
ပြုံးလေလှလေပဲ..."
" လျှောက်ပြောမနေနဲ့..မွေးနေ့လက်ဆောင်ရော.."
" မွေးနေ့လက်ဆောင်က....
မောင်ဒီညHyungနဲ့အိပ်ပေးမယ်လေ..."
" သွားသေလိုက်...! "
Jiminသည်မောင့်ရင်ခွင်ထဲမှ အတင်းရုန်းကာ
ထဟန်ပြုတော့ မောင်ကသဘောကျစွာရယ်ရင်း
အတင်းဖက်ကာ လွှတ်မပေး။
မောင့်ရဲ့ဝါသနာတွေထဲ Jiminကိုစရခြင်းလဲ
အပါအဝင်ဖြစ်သည်။
" ဘာလို့လဲ...တစ်ယောက်ထဲအိပ်နေရတော့
ပျင်းနေမှာစိုးလို့လေ ...."
" ပေါက်ကရတွေပြောမနေနဲ့ ....ပြန်တော့..."
" စတာ....စတာ...ချစ်လို့.."
" စမနေနဲ့တော့...အချိန်ကိုလဲကြည့်ဦး
မိုးလင်းတော့မယ်...ကိုယ်အိပ်ချင်နေပြီ..."
" အိပ်လေ... မောင်ချော့သိပ်ပေးရမှာလား..."
" မလိုဘူး....အိမ်ပြန်တော့...ကိုယ်လဲ
အိပ်တော့မယ် မနက်မှတွေ့ရအောင်..."
" ဟင့်အင်း...ဒီညတော့ ဒီမှာပဲအိပ်ချင်တယ်..."
တကယ်ကိုနေရခက်အောင် နားနားကပ်ကာ
ပုခုံးသားဖွေးဖွေးကို နမ်း၍ မောင်က
ကပ်ချွဲနေပြန်သည်။
" မောင်နော်.... ဘာတွေကြံနေတာလဲ..."
" မောင်ကရိုးရိုးသားသားပါ....လက်လေးပဲ
ကိုင်ပြီးအိပ်မှာ..."
" ဖယ်...ဖယ်..အက်ျီသွားဝတ်ဦးမယ်..."
မောင့်ဗလကြီးနဲ့ချုပ်ဖက်ထားမှုကြောင့်
မောင့်လက်ထဲတွင် Jiminဝတ်ထားသည့်
Bathrobe ပင်အတော်လေးတွန့်ကြေနေပြီဖြစ်သည်။
" ဒီတိုင်းလဲ အဆင်ပြေတာပဲကို.. "
မောင်သည် ရင်ခွင်ထဲမှ လုံးဝမလွှတ်ပေး။
မောင်တစ်ယောက် ဒီနေ့မှဘာဖြစ်နေလဲမသိ၊
ခက်တော့ခက်ချေပြီ။
" မောင်တကယ်ပဲ...မပြန်တော့ဘူးလား..."
" မပြန်ပါဘူးဆိုမှ...ခုချိန်3နာရီကြီးအိမ်ပြန်လဲ
ဘာမှမထူးဘူး...အဲ့ဒါကြောင့်မွေးနေ့ရှင်နဲ့
ဒီမှာပဲအိပ်တော့မယ်..."
" ပြောမရလဲ...လုပ်ချင်တာသာလုပ်တော့..."
" ချစ်လိုက်တာ...တအားပဲ...ဒီသေးသေးလေးကို.."
" ငါက..ပို..ချစ်ခဲ့တာပါ..."
အသံသေးသေးလေးကြောင့် မောင်က
ရင်ခွင်ထဲမှသေးသေးလေးကို ငုံ့ကြည့်လာသည်။
" ဟင်...ဘာပြောလိုက်တယ်...
မောင်သေချာမကြားလိုက်လို့..."
ဒီလောက်နီးကပ်နေသည့်အနေအထားမှာ
မောင်ကမကြားလိုက်ပါဟုဆိုခြင်းသည်
ဟန်ဆောင်ကာမူပိုနေခြင်းပင်ဖြစ်သည်။
" ငါကပဲမင်းကို...စချစ်ပြီး...အခုချိန်ထိလဲ
ငါ့အချစ်တွေကို မင်းယှဥ်လို့မရဘူးမောင်..."
မောင့်ရင်ထဲနွေးသွားသည်၊ တစ်ဆက်ထဲမှာပဲ
မောင်သည် နူးညံ့စွာပြုံးမိသွားသည်။
ဒါဟာမောင်ငြင်းလို့မရသလို တလောကလုံးလဲ
ငြင်းလို့မရသည့်အမှန်တရား။
Jiminဆိုတာနဲ့ မောင်အချစ်ခံရခြင်းတွေသည်
အထူးတလည်ရှင်းပြစရာမလိုအောင်
Jiminရဲ့ချစ်ခြင်းမေတ္တာတွေထဲ JeonJungKook
ကနေသားတစ်ကျပါပဲ။
ဆယ်ကျော်သက်အရွယ်စတင်တွေ့ဆုံချိန်ကတည်းက
ParkJiminရဲ့ဂရုစိုက်ကြင်နာမှုတွေအောက်မှာ
JeonJungKook ကပြားပြားဝပ်။
" သိတာပေါ့...မောင်သိတာပေါ့...
ဒါကြောင့်လဲ Hyungအချစ်တွေကိုမောင်က
အမှီလိုက်နေတာပေါ့..."
" မယုံဘူးလို့လဲမပြောပါဘူး.... ကိုယ်က
သိပ်ချစ်တာကို...."
" ကျေးဇူးပါပဲ..Hyung..! မွေးဖွားလာပေးတဲ့
အတွက် ရော ၊ မောင့်ကိုကြင်နာပေးခဲ့တဲ့အတွက်ရော
ပြီးတော့ မောင်ကို ဒီချိန်ထိမငြိုမငြင်ဘဲချစ်ပေးခဲ့
တာတွေအတွက် ကျေးဇူးတင်ပါတယ်..
ပြီးတော့ HappyBirthday ပါမောင့်Jiminလေး"
" JeonJungKook ကိုသိပ်ချစ်တာပဲ..."
Jiminသည်မျက်လုံးလေးတွေမှိတ်ကျအောင်ပြူံးရင်း
မောင့်ခါးသိမ်သိမ်လေးအားတင်းနေအောင်
ဖက်ထားခဲ့သည်။
" ချစ်ရင် မနှင်ထုတ်နဲ့တော့..."
မောင်သည်အပြောနဲ့အလုပ်မဆီမဆိုင်စွာဖြင့်
Jiminနှုတ်ခမ်းထူထူတွေကို အကြောင်းမကြားပါဘဲ
ထိကပ်နမ်းလိုက်သည်။
" မောင့်..! "
" ချစ်တယ်..."
ထပ်မံ၍ ထိကပ်နမ်းကာ စက္ကန့်ပိုင်းလောက်သာ
ဖြစ်သည်။
ထိလိုက်ကပ်ကပ် နမ်းလိုက်ခွာလိုက်နဲ့
မောင်သည်ဘာတွေကြံနေပြန်ပြီလဲမသိ။
" မောင်...ကွာ.."
မောင့်အပြုအမူတွေ သည်ချစ်စရာကောင်း
လွန်းနေသည်မို့ Jiminမငြင်းနိုင်၊
သဘောကျစွာ တစ်ခစ်ခစ်နဲ့ ရယ်မိတော့သည်။
" စားပစ်ချင်လိုက်တာနော်..ဂျယ်လီလေးနဲ့တူတယ်"
ခပ်ထူထူနှုတ်ခမ်းဖူးဖူးတွေသည် အိစက်
လွန်းနေသည်မို့ နမ်းရုံနဲ့အားမရစွာ
လက်မလေးဖြင့်ထိတွေ့နေခဲ့သည်။
" အ့..မကိုက်နဲ့...နာတယ်..."
စိတ်မထိန်းထားနိုင်တော့သည်မို့ နှုတ်ခမ်း
ထူထူလေးတွေကို ခပ်ဖွဖွလေးကိုက်ခဲလိုက်တော့
မျက်စောင်းလှလှလေးသည် မောင့်ဆီဦးတည်
လာပါတော့သည်။
ဒီလိုနဲ့မောင့်ရဲ့ချစ်စဖွယ်အပြုအမူတွေနဲ့အတူ
Jiminရဲ့ခပ်သော့သော့ရယ်သံတွေသည်
တိုက်ခန်းလေးထဲ ဝေလီဝေလင်း အချိန်အထိပင်ဖြစ်သည်။
ရယ်မောနေရင်းမှ မောလာသည်ကြောင့်
ထင်ရဲ့ ရင်ခွင်ထဲတွင်ငြိမ်ကျကာ မောင့်အလှလေးသည်
အိပ်ပျော်သွားခဲ့တော့သည်။
" Hyung..! "
ခပ်တိုးတိုးလေးခေါ်ကာ အိပ်နေပြီလားဟု
အတည်ပြုကြည့်လိုက်သည်။
" အိပ်နေပြီပဲ..."
အိပ်ပျော်သွားသည့်ရင်ခွင်ထဲမှ မျက်နှာလှလှလေးကို
ကြည့်မိတော့ အိပ်ပျော်နေသည်မို့
ချစ်စရာနှုတ်ခမ်းထူထူတွေက ဆူထော်နေသည်။
တကယ်ပါပဲ ParkJiminက အိပ်နေချိန်တောင်
မောင့်ကို အသည်းယားအောင်ပြုစားနိုင်သည်။
ပါးဖောင်းဖောင်းလေး ကိုအသည်းယား
လွန်းသည်မို့ မောင့်နှာခေါင်းလုံးလုံးလေး
မြှုပ်ဝင်အောင်ထိ နမ်းလိုက်တော့သည်။
" အင့် " ခနဲ့ပင်ကိုယ်လုံးငယ်သည်
အသာအယာရုန်းကာ မောင့်ရင်ခွင်ထဲတိုး
ဝင်နေပြန်သည်။
အသည်းယားခြင်းတွေသည် အဆပေါင်း
များစွာဖြစ်နေသော်လည်း နှစ်ခြိုက်စွာအိပ်ပျော်
နေသည့် အလှလေးကိုမောင်မစချင်တော့ပါ။
ထို့နောက်လက်တွင်ပတ်ထားသော နာရီကို
တစ်ချက်ပင့်ကြည့်လိုက်တော့ မနက်5နာရီလောက်
ပင်ဖြစ်နေပြီဖြစ်သည်။
**************************
" HappyBirthday ပါ..Jimin.."
ကုမ္မဏီသို့ရောက်သည်နဲ့ JinHyungက
စတင်၍ Birthday Wishပေးတော့သည်။
" ဟုတ်ကဲ့ပါ..JinHyung... "
" JungKookရော...မလာသေးဘူးလား..."
" မသိဘူးလေ..."
ညကတစ်ညလုံး လူကိုလာနှောက်နေပြီး
မနက်ကဘယ်အချိန်ပြန်သွားမှန်းမသိ၊
ပြန်တော့မည့်အကြောင်းနှုတ်ဆက်သွားသော်လည်း
အိပ်ချင်နေသည်မို့ Jiminသေချာမသိလိုက်ပါ။
ညကအတူတူရှိခဲ့ကြလဲ ကုမ္မဏီသို့
ရောက်သည်နဲ့ သူတို့မဟုတ်တော့သည့်အတိုင်း။
" ဟိုမှာ...လာနေပါပြီ...မင်းလူ..."
JinHyung ရဲ့စကားကြောင့် အခန်းတံခါးဝ
ဆီကြည့်မိတော့ ဆံပင်ရှည်ရှည်တွေဖြင့်
သိပ်ကြည့်ကောင်းလွန်းသည့်မောင်။
မသိမသာလေးတော့ ပြုံးပြလိုက်မိသည်။
ဘယ်သူ့အားကိုးနဲ့များ မောင်ကဒီလောက်ထိ
ကြည့်ကောင်းနေရသလဲ။
" morning Jimin...! "
အခန်းထဲဝင်ဝင်ချင်း JungKookအသံကြောင့်
ကျန်Member 5ယောက်က လှည့်ကြည့်လာ
ကြသည်။
" ငါတို့ကိုလဲ...Morning ဘာညာ
လုပ်ကောင်းပါတယ်..."
" အေးလေ...အကုန်အတူတူထိုင်နေတာကို...
တစ်ယောက်ပဲမြင်တဲ့ပုံပဲ..."
YoongiHyungရဲ့စကားကြောင့်
ကျန် memberများသည် ဝိုင်း၍
ထောက်ခံနေကြပြန်သည်။
" Hyungတို့ကလဲ.."
လည်ဂုတ်လေးပွတ်၍ ရှက်ဟန်ပြုကာ
မျက်လုံးဝိုင်းတွေသည် Jiminဆီရောက်လာတာမို့
Jiminသည် ဖုန်းလေးကောက်ကိုင်ကာ
မသိချင်ယောင်ဆောင်လိုက်တော့သည်။
ဖုန်းထဲမှ ဟိုပွတ်ဒီပွတ် နဲ့မြင်တွေ့လိုက်ရသည်
တစ်ခုက JungKook တင်ထားသည့်
Video တစ်ခု၊ အချိန်သည် မနက် ငါးနာရီ
လောက်ရှိမည်ဖြစ်ကာ ထိုVideoသည်
Jiminရဲ့ တိုက်ခန်းတွင်ဖြစ်လောက်သည်။
မောင်ဘာတွေလျှောက်လုပ်ထားသလဲ
ဟုတွေးကာ မောင့်ကိုဖုန်းလေးထောင်ပြရင်း
မေးတော့ မောင်ကမသိချင်ယောင်ဆောင်နေပြန်သည်။
" JungKook...အပြင်ကိုခနထွက်ခဲ့..."
ရုပ်တည်ကြီးနဲ့ မောင့်studioထဲသို့
မောင့်ကိုခေါ်လာခဲ့သည်။
မောင်သည်လည်းတိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ
လိုက်ပါလာပြီး Studioထဲအရောက်တွင်တော့
တံခါးကို လော့ခ်ချလိုက်သည်။
" မောင်...ဒါဘာလဲ..."
" သိချင်ကြည့်ကြည့်လေ..."
စိတ်လဲမရှည်တော့တာကြောင့် မောင့်ကို
ဆက်မမေးတော့ပါဘဲ Videoကိုသာ
နှိပ်ဖွင့်လိုက်သည်။
မျက်မှန်တစ်လက်ကို ဘယ်ချိန်က ကောက်တပ်
လိုက်မှန်းမသိ၊ ထိုမျက်မျက်မှန်ကို ချွတ်ကာ
ဆံပင်ရှည်တွေကို ပင့်တင်၍ အမိုက်စား
ဆံစကောက်ကောက်လေးတွေကို နားရွက်ကြား
ညှပ်ကာ မောင်က ပဲများနေသည်။
ထို့နောက် သက်ပြင်းတချချနဲ့ဖြစ်နေသော
မောင့်ကို Jiminကြည့်ရတာအဆင်မပြေ။
" ဘာဖြစ်နေတာလဲ...ဒါက..."
videoကိုကြည့်ရင်း ဘေးတွင်ပူးကပ်
ထိုင်နေသော မောင့်ကိုမေးငေါ့နေလိုက်သေးသည်။
" Hyungနဲ့ပတ်သတ်ပြီး...မောင်သိပ်ပြော
ချင်နေတဲ့ဟာတစ်ခုကို ထုတ်ပြောလိုက်ရုံပါ.."
မောင်က ဘာတွေပြောတာလဲ၊
ဘာတွေလျှောက်လုပ်ထားတာလဲ
မဟုတ်မှလွဲရော Jiminနဲ့ပတ်သတ်မှုကို
ထုတ်ပြောလိုက်သလား ဆိုသည့်အတွေးမှာ
သွေးပင်ဆောင့်တတ်သွားချင်သည်။
" မောင့်..! "
" မအော်ပါနဲ့ဦး..ပြီးအောင်သေချာ
ကြည့်ပါဦး..."
မောင့်စကားကြောင့် Videoကို
ပြန်လည်ကြည့်နေချိန်တွင် videoထဲမှ
မောင်သည် တစ်ခုခုကို ပြောရန်ဟန်ပြင်နေသည်။
" Jimin..! "
" HappyBirthday... "
" HappyBirthday Bro!..."
ဒီတော့မှ စိတ်ချနိုင်ကာ မောင့်လက်မောင်းကို
ဘုန်းခနဲ့ ထုရိုက်လိုက်သည်။
" ဘာများလဲလို့...လန့်သွားတာပဲ..."
" birthday wishပေးတာလေ
အချစ်ရဲ့....ဘာတွေလန့်... "
" ရိုးရိုးwishလဲ ရတာကို...ရုပ်ကိုက..
ကျပ်မပြည့်ဘူးလား...."
" ပြောရဲတယ်နော်...ဒီဥပတိရုပ်ကိုများ...!
ကြွေရင်ကြွေတယ်ပေါ့...ဒဲ့ပြော..."
" မကြွေဘူး...ကျပ်မပြည့်တဲ့ဟာလေးကို
သနားလို့...."
" လာခဲ့.. ကျပ်ပြည့်ကြောင်းပြမယ်..."
" အား..! မောင့်...မောင့်..!
studio ထဲမှာနော်...ဘယ်..လိုဖြစ်..."
စားပွဲပေါ်ကိုဆွဲချကာ ဂလိတွေထိုးရင်း
ပါးဖောင်းဖောင်းနှစ်ဖက်ကိုကိုက်ဆွဲတော့
လွန့်လွန့်လူးကာ တစ်ခစ်ခစ်ရယ်ရင်း
အော်သံလေးသည် စူးခနဲ့။
ဒီလိုပါပဲ ၊ နှစ်တိုင်းမွေးနေ့တွေမှာ
အနီးကပ်အတူတူရှိပေးသော မောင့်ကို
ကျေးဇူးတင်သည်
ခံစားချက်တွေကို မောင်က သိပ်မဖော်ပြတတ်သူမို့
တခါတရံ မောင့်အပြုအမူ တွေသည်အဆန်းတကြယ်။
ယခင်နှစ်ကလဲ အတူတူရှိခဲ့သလို
ဒီနှစ် မောင့် videoလေးကိုလဲ
Jiminနဲ့အတူ စာရေးသူနဲ့စာဖတ်သူတို့သည်လည်း
သိပ်သဘောကျခဲ့ပါသည်။
ကျေးဇူးတင်ပါတယ် မောင်...။
ကျွန်တော့် ချစ်ခြင်းမေတ္တာတွေအပေါ်
မောင်ပြန်လည်ပေးအပ်ခဲ့သည့် အခမ်းနားဆုံးသော
ချစ်ခြင်းမေတ္တာတွေအတွက်...။
************** *********
[October 13] အတွက်
ဒါလေးဖန်တီးခဲ့ပေမယ် ဒီရက်တွေထဲ
မအားမလပ်တွေဖြစ်သွားတာမို့ ဒီနေ့မှပဲ
အပြီးသတ်နိုင်ခဲ့တယ်။💭
" Jimin..! "
ကြည့်လိုက်သည်။
" သေချင်နေတာလား..."
" Jimin..! "
" ငါစိတ်တိုလာပြီနော်..."
နော်...."
ကြည့်လာတော့သည်။
JungKookရယ်..."
တစ်လေသံထဲပင်ဖြစ်သည်။
ငါတို့ပဲ နားငြီးတယ်.. "
Jiminကတော့သူ့ဘဲအကွောငျးသူသျိသညျမို့
မနိုငျလို့ကျိုလှတျထားတာ... "
မက်ဆေ့ခ်ျတစ်စောင်လှမ်းပို့လိုက်ရတော့သည်။
[ ဘယ်ရောက်သွားတာလဲ.. ? ]
ရောက်လာခဲ့သည်။
" တံခါးလော့ခ်ချခဲ့..."
" စိတ်ဆိုးစရာပါလား..."
" မောင်...! "
ကြီးလား..."
" မယုံဘူးလား...ကိုယ့်ကို..."
မောတယ်..."
" ဆိုင်လား..."
" မဆိုင်လဲနမ်း...ဒါဘဲ.."
" မ...နမ်း..တတ်..ဘူး..."
" သေချာပြီလား...Hyung..? "
Hyungသိတယ်မဟုတ်လား.."
ဘယ်လိုပဲဖြစ်ဖြစ်..."
" သိပ်တတ်နေတာပေါ့လေ..."
" ရူးနေလား..."
ဘာတွေတွေး..."
မောင့်Jiminလေး..."
" သွားသေလိုက်...!! "
JungKookသည် အသံထွက်
အောင်ပင်ရယ်သည်။
" စတာ...အတည်နမ်းတော့မှာ..."
ထောင်ချောက်လှလှလေး။
မသိမသာလေး၊
တွေတောင်ရှုံးသည်။
[ October 12 ]
လုပ်ချင်လို့..."
ပေးခဲ့သည်။
ဝေမျှခဲ့သည်။
သွားချော့ရတော့မည်။
" Hyung..."
" ပြော..."
" no.."
" ငါအိပ်ချင်နေပြီ...ဒါဘဲ..."
မောင်ရောက်တော့မယ်..."
လာရပြန်တော့သည်။
" Jimin..! "
" Jimin..! "
" ဘာလဲ.."
ဝတ်ဆင်ထားသည်။
" ဘာလာလုပ်တာလဲ...."
တစ်ပိုင်းကိုသေရော..."
ပြန်တော့..."
မင်းအိမ်မို့လား..."
ဘာများမှားလို့လဲ..."
နှင်ထုတ်ရတော့သည်။
ငါအိပ်ချင်နေပြီ...!! "
" JeonJungKook!!! "
" မပြုံးချင်ပါဘူး..."
မောင့်ကိုကြည့်..."
ပြုံးမိသွားသည်။
ပြုံးလေလှလေပဲ..."
" မွေးနေ့လက်ဆောင်က....
" သွားသေလိုက်...! "
အတင်းဖက်ကာ လွှတ်မပေး။
အပါအဝင်ဖြစ်သည်။
" စတာ....စတာ...ချစ်လို့.."
ကပ်ချွဲနေပြန်သည်။
ကိုင်ပြီးအိပ်မှာ..."
ခက်တော့ခက်ချေပြီ။
ဒီမှာပဲအိပ်တော့မယ်..."
" ငါက..ပို..ချစ်ခဲ့တာပါ..."
" ဟင်...ဘာပြောလိုက်တယ်...
ကနေသားတစ်ကျပါပဲ။
အမှီလိုက်နေတာပေါ့..."
သိပ်ချစ်တာကို...."
ဖက်ထားခဲ့သည်။
ထိကပ်နမ်းလိုက်သည်။
" မောင့်..! "
" ချစ်တယ်..."
ဖြစ်သည်။
" မောင်...ကွာ.."
" အ့..မကိုက်နဲ့...နာတယ်..."
လာပါတော့သည်။
" Hyung..! "
" အိပ်နေပြီပဲ..."
ဝင်နေပြန်သည်။
ပင်ဖြစ်နေပြီဖြစ်သည်။
**************************
" ဟုတ်ကဲ့ပါ..JinHyung... "
" မသိဘူးလေ..."
ကြည့်ကောင်းနေရသလဲ။
" morning Jimin...! "
ကြသည်။
လုပ်ကောင်းပါတယ်..."
ထောက်ခံနေကြပြန်သည်။
" Hyungတို့ကလဲ.."
" မောင်...ဒါဘာလဲ..."
" သိချင်ကြည့်ကြည့်လေ..."
နှိပ်ဖွင့်လိုက်သည်။
" ဘာဖြစ်နေတာလဲ...ဒါက..."
မောင်က ဘာတွေပြောတာလဲ၊
" မောင့်..! "
ကြည့်ပါဦး..."
" Jimin..! "
" HappyBirthday... "
" HappyBirthday Bro!..."
" birthday wishပေးတာလေ
အချစ်ရဲ့....ဘာတွေလန့်... "
ကျပ်မပြည့်ဘူးလား...."
သနားလို့...."
" အား..! မောင့်...မောင့်..!
အော်သံလေးသည် စူးခနဲ့။
ကျေးဇူးတင်သည်
သိပ်သဘောကျခဲ့ပါသည်။
************** *********
[October 13] အတွက်
အၿပီးသတ္နိုင္ခဲ့တယ်။💭