အလုပ်တွေက တစ်ခုပြီးတစ်ခုရှိနေတာကြောင့် အချိန်တွေကလဲ ဆက်တိုက်ဆိုသလိုဖြစ်နေ၏။
သြဂုတ်လရောက်တဲ့အခါမှာ ကြယ်နိုင်ငံရဲ့ရှုတင်တွေက ပြီးဆုံးဖို့ နီးကပ်လာပြီဖြစ်သည်။ သရုပ်ဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရိုက်ကူးလို့ပြီးဆုံးသွားတဲ့နောက်မှာ နန်ဟွိုင်လင်ကလည်း သရုပ်ဆောင်ဖို့ နောက်ဆုံးဇာတ်ဝင်ခန်းတစ်ခုသာ ကျန်ရှိတော့သည်...ဒီဟာပြီးပြီဆိုရင်တော့ သူ ပေကျင်းကိုပြန်လို့ရပြီ
ရှန်ချုန်းအတွက်တော့မသိဘူး..သူကတော့ အကောင်းဆုံးပြင်ဆင်ထားတဲ့အတွက်ကြောင့် သူ အခက်အခဲမရှိ ရိုက်ကူးနိုင်မယ်ဆိုတာ ယုံကြည်ချက်အပြည့်ရှိတယ်
ထိုနေ့မှာ ရှန်ချုန်းရဲ့သရုပ်ဆောင်စကေးတွေက ဒီလောက်ထိ ခံစားချက်အပြည့်ရှိနေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူးပေ..သူတို့နှစ်ယောက် အတူတူအကောင်းဆုံးသရုပ်ဆောင်ကြရင်း တကယ်ပဲ နောက်ဆုံးဇာတ်ဝင်ခန်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
အမှန်ဘက်ရပ်တည်တဲ့သူတွေနဲ့ နတ်ဆိုးတို့ရဲ့ အဆုံးသတ်တိုက်ပွဲမှာ လုကျင့်ချင်းက လုကွမ်းလန်ဆီကျရောက်လာမဲ့ သေစေနိုင်တဲ့အတွင်းအားတစ်ခုကို သူက အစားထိုးဝင်ခံကာ ထိုတိုက်ပွဲမှာပဲ သေဆုံးသွားခဲ့သည်။
လုကျင်းချင်းသေဆုံးသွားစဥ်မှာ သူ့အကိုပေါ်ထားတဲ့ အမုန်းတွေ အညိုးတရားတွေကလည်း ကွယ်ပျောက်နေပြီဖြစ်တယ်...လုကွမ်းလန်က သေနေတဲ့သူ့ညီကို ထွေးဖက်ထားရင်း မျက်ရည်များက မိုးရွာသလို စီးဆင်းနေတော့သည်။
" အကို...." လုကျင့်ချင်းက သူ့ရဲ့နောက်ဆုံးလက်ကျန် အားလေးနဲ့ အသက်လုရှုနေတဲ့ကြားက သူ့အကိုရဲ့ မျက်နှာကိုထိဖို့ လက်ကို အသာအယာ ပင့်တင်လာခဲ့သည်။ " မငိုပါနဲ့..."
လုကွမ်းလန်က စီးကျနေဆဲဖြစ်သည့်မျက်ရည်များကြားမှ ပြုံးပြလာတယ်
" အကို မငိုပါဘူး....အကို အရမ်းပျော်လို့ပါ..အကို့ရဲ့ ..ကျင့်ချင်းလေး...နောက်ဆုံးတော့ အကိုရဲ့ကျင့်ချင်းက အကို့ဘက်ပြန်ရောက်လာခဲ့ပြီပဲ.."
ထိုအခါ လုကျင့်ချင်းမျက်နှာပေါ်မှာ ဖျော့တော့အပြုံးပါးပါးလေး ပေါ်ထွက်လာခဲ့ရင်း အားယူပြီး အသက်ရှုကာ ပြောနေတော့သည်။
" အကို..ကျတော့်ကို နောက်ထပ်...ထားမသွားပါနဲ့နော်...အိမ်ပြန်..ခေါ်သွားပေးပါ..နော်..ကျတော် အိမ်ကို လွမ်းတယ်- "
တဖြေးဖြေးနဲ့ လုကျင်းချင်းအသံက အားပျော့ပျော့လာကာ မကြားရလုနီပါးဖြစ်လာတာကြောင့် လုကွမ်းလန်က ခေါင်းငုံ့ကာ သူ့နားကို သူ့ညီရဲ့ နှုတ်ခမ်းနားလေး ကပ်ထားရင်း သူ့ရဲ့စက္ကူလိုဖြူစုတ်နေတဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ တစက်စက်ကျဆင်းနေတော့သည်။
" အကို...ကျတော် အရမ်းအေးနေတယ်...ကျတော့်ကို ဖက်ထားပေးပါ..ငယ်ငယ်ကလိုမျိုး..အဲ့တိုင်းလေး "
ထို့နောက် လုကျင်းချင်းရဲ့ မျက်လုံးလေးများက ဖြေးညှင်းစွာ ပိတ်သွားကာ မျက်ဝန်းထောင့်ကနေ မျက်ရည်တစ်ကြောင်းစီကျလာပြီး လုကွမ်းလန်ရဲ့ မျက်နှာကိုကိုင်ထားတဲ့ လက်က မြေပြင်ပေါ်ကို လျှောကျသွားတော့သည်။
လုကျင့်ချင်း၏နွေးနေဆဲဖြစ်သည့် ကိုယ်လေးကို လုကွမ်းလန် တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိရင်း သူ့ညီ၏လည်ပင်းထဲကို မျက်နှာအပ်ကာ နာနာကျင်ကျင် ငိုရှိုက်မိတော့သည်။
အချိန်ဘယ်လောက်ကြာသွားလဲတော့မသိပေ..ထိုအချိန်ကြမှ လုကွမ်းလန်က သူ့ညီရဲ့ကိုယ်ကို လက်ထဲ၌ထည့် မ,ကာ မတပ်ရပ်ပြီး အလွန်ဝေးကွာတဲ့နေရာတစ်ခုဆီသို့ လေကိုဆန်ကာ လမ်းလျှောက်သွားခဲ့သည်။ " ကျင့်ချင်း...အကို မင်းကို အိမ်ပြန်ခေါ်သွားမယ်နော်"
ရိုက်ကွင်းပြီးဆုံးသွားသည်ထိတိုင်အောင် ရှန်ချုန်း၏ စိတ်ခံစားချက်များက တော်တော်ကြာသည့်ထိ ငြိမ်သက်မသွားခဲ့ပေ။
ကြယ်နိုင်ငံ စရိုက်ကတည်းကနေ အခုထိ ဒီအပိုင်းက သူ့ကို နှစ်မြောမှု အပေးနိုင်ဆုံးအပိုင်းပဲ။ သူ့အသည်းတွေ ကြေမွသွားတဲ့ ခံစားချက်က တကယ်ကို ပြင်းထန်ခဲ့သည်။ ပြောခဲ့သည့်စကားလုံးတွေနဲ့ လုကျင့်ချင်းကို တွေးလိုက်မိရင် သူ့နှလုံးက နာကျင်မှုတွေနဲ့ပြည့်နက်သွားကာ မလုပ်ယူဘဲနဲ့ကို မျက်ရည်များက သူ့အလိုလို စီးကျလာတာဖြစ်သည်။
ရှန်ချုန်းသိတာပေါ့..သူ ဒီလောက်ထိ ဇာတ်လမ်းမှာ စိတ်နစ်သွားရတာက နန်ဟွိုင်လင်ကြောင့်ဆိုတာကို..သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ပီပြင်လွန်းတာကြောင့် လုကျင့်ချင်းကို တကယ့်လက်တွေ့ဘဝထဲကို ဆွဲခေါ်လာခဲ့တာ..ပုံမှန်အားဖြင့် ဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက် ယှဥ်ပြိုင်ရတဲ့အခန်းတွေပါလာပြီးဆိုရင် နန်ဟွိုင်လင်ကြောင့်ပဲ သူဇာတ်လမ်းထဲကို နစ်မြှုပ်သွားရတာ..အကြည့်တစ်ချက်နဲ့ဆိုရင်ကိုပဲရတယ်...အရင်က ဒီလိုအခြေအနေမျိုးကို သူ လုံးဝမတွေ့ခဲ့ဘူးဘူး..သူ့ရဲ့အရင်က ရုပ်ရှင်အတွေ့အကြုံမှာလဲ ဒါမျိုး မဖြစ်ခဲ့ဘူးဘူး..
ရိုက်ကူးရေးပြီးသွားတော့ လောခဲ့က ရှန်ချုန်းကို ပြောလာတယ်
" ဒီဇာတ်လမ်းမှာ လုကျင့်ချင်းက သေချာပေါက် လူကြိုက်များမဲ့ဇာတ်ကောင်ပဲ...နောက်တစ်နှစ် ဒီဇာတ်လမ်းသာထွက်ရင် နန်ဟွိုင်လင်က ဒီဇာတ်ကောင်ကြောင့်နဲ့ စတားတစ်ယောက်ဖြစ်လာမှာ ကျိန်းသေပဲ "
ရှန်ချုန်းလဲ ထိုသို့ ထင်ပါ၏။ " သူ့ရဲ့သရုပ်ဆောင်စကေးတွေနဲ့ ငါ့ကို မညာမတာ ဖိသတ်နေပေမယ့်လဲ ငါလက်ခံပါတယ်...ဒါပေမယ့် သူ ဘဲရုပ်ဆိုးကနေ ငန်းဖြူလေးအဖြစ်ကို ပြောင်းလဲသွားတာကိုတော့ ငါ မတွေးတက်သေးဘူး...မင်းရော သူအခု နဲနဲပိုချောလာပြန်ပြီလို့ မထင်ဘူးလား? "
" ဘဲရုပ်ဆိုးကနေလဲ ငန်းဖြူလေးဖြစ်လာနိုင်တာပဲ ဘာလို့လဲဆိုတော့ သူက အစတည်းက ငန်းဖြူလေးပဲလေ " လော့ခဲ့က မျက်ခုံးပင့်ပြကာ ပြုံးလာ၏။ " ဘာလို့ ငန်းဖြူလေးရဲ့ အသားကိုစားဖို့ အခုထိ တွေးနေသေးတာလဲ? မင်း သူ့အကြောင်းစိတ်မဝင်စားတော့ဘူးလို့ ငါထင်နေတာ "
" ငါ သူ့ကို စိတ်မဝင်စားပါဘူး.." ရှန်ချုန်း သက်ပြင်းချလိုက်မိသည်။ " သူကို သတို့သမီးငယ်လေးလို စောင့်ရှောက်ထားတာကို..."
" ဖေ့ချန်ကလား? "
" Fuck! " ရှန်ချုန်း တွေဝေစွာနဲ့ ကြည့်လိုက်သည်။ " မင်း ဘယ်လိုသိတာလဲ? "
" ဟိုတစ်ခါကပဲ အလုပ်သမားအဖွဲ့တစ်ခု ဒီသတင်းကို ပြောနေကြတာလေ..နန်ဟွိုင်လင်က ဖေ့ချန်ရဲ့ ရှူးဂါးဘေဘီလို့..မင်း မသိဘူးလား? "
ရှန်ချုန်း တကယ်ကို မသိခဲ့ပေ...အထူးသဖြင့် သူက ပျင်းစရာအတင်းအဖျင်းစကားတွေကို ကြားရတာ စိတ်ပျက်လို့လဲဖြစ်မယ်..သို့ပေမယ့်လည်း ဒီအတင်းစကားတွေ ပြန့်နေအောင်လုပ်သူတွေကို အမြန်တားမြစ်ပစ်ချင်သည်။
" ဒါပေမယ့် အဲ့ဒါတွေ မပြောကြတာ ကြာပါပြီ...ပြီးတော့ မင်းနဲ့ နန်ဟွိုင်လင်ရဲ့ ညီအစ်ကိုတော်စပ်ပုံအကြောင်းနဲ့ပဲ ရှုပ်နေကြတာ"
" ဒါရိုက်တာဖြစ်ပြီး မင်း ဒီအတင်းစကားတွေအကုန်လုံးကို ဘယ်လိုသိနေတာလဲ? " ရှန်ချုန်းကြည့်ရတာ ထိုစကားကိုပြောဖို့ အာစေးနေပုံရ၏။ " မင်း လုပ်စရာမရှိဘူးလား? "
လော့ခဲ့က ရယ်ကာ ပြောလာခဲ့သည်။
" ဘာမှ လုပ်စရာမရှိတော့ရင် အတင်းစကားတွေပြောနေရတာက ပျော်ဖို့မကောင်းဘူးလား? မင်း ပျော်စရာတွေ ဖန်တီးဖို့ လေ့လာသင့်တယ် "
" အရူးပဲ မင်းက " ရှန်ချုန်း ထိုသူနဲ့ စကားထပ်ပြီး မပြောချင်တော့ပေ...
---
ဟိုတယ်သို့ပြန်ရောက်ချိန်ထိ နန်ဟွိုင်လင်၏ နှလုံးသားက ခုန်ပေါက်နေဆဲဖြစ်သည်။
သူ့ဘဝမှာ ရိုက်ကူးခဲ့ဖူးတဲ့ ပထမဆုံးအဓိက ဇာတ်ကောင်လေးကို ပြီးဆုံးသွားခဲ့တာ အိပ်မက်တစ်ခုလိုပဲ.. အတုမရှိ လှပတဲ့အိပ်မက်လေးတစ်ခုပေါ့...အနာဂတ်မှာ ဘယ်လိုဇာတ်ကောင်ပုံစံတွေ အများကြီးကို သရုပ်ဆောင်ရပါစေ လုကျင့်ချင်းက သူ့အတွက် အမြဲအထူးခြားဆုံးတစ်ခုအဖြစ် တည်ရှိနေမှာပါ..
ဒီဇာတ်ကောင်ကနေ သူ့ကို ခေါ်ဆောင်သွားတဲ့အရာအားလုံးကို အမြဲမှတ်ဉာဏ်ထဲမှာ သိမ်းထားမှာပါ...
ဒါနဲ့ မနက်ဖြန် ပေကျင်းကို ပြန်ရမယ်ဆိုတဲ့အတွေးက နန်ဟွိုင်လင်ကို စိတ်ထင့်စေ၏။
ပေကျင်းကို ပြန်ရင် ဖေ့ချန်နဲ့ အတူနေရမှာ..ဖေ့ချန်က သူ့ကို တိုက်ရိုက်ဖွင့်ပြောခြင်းမဟုတ်တဲ့ ဝန်ခံချက်တစ်ခုမှာ သူ ဖေ့ချန်နဲ့အတူပြန်နေဖို့ ယုံကြည်ချက်တွေ ပျောက်ဆုံးနေခဲ့သည်။ ဖေ့ချန်သာ တစ်ဆင့်ထက်တစ်ဆင့် သူ့အပေါ် အဆင့်တက်လာခဲ့ရင် ရပ်တန့်ဖို့ ခက်ခဲလွန်းတဲ့ ထောင်ချောက်ထဲကို သူ ပိတ်မိသွားမှာ တကယ်ကို စိုးရွံမိပါ၏။
သိုပေမယ့်လည်း ဖေ့ချန်၏ မရှင်းလင်းတဲ့ဝန်ခံခြင်းအပြီးမှာ သူက တခြား ဘာအရိပ်အယောင်မျှ ထပ်မပြလာခဲ့ပေ..တခါတရံ ဖေ့ချန်က သူ့အပေါ် တကယ်ပဲ ဘာစိတ်မှမရှိတာကို သူကပဲ ယုံမှားသံသယဖြစ်နေတာပဲလား?ဆိုတာ နန်ဟွိုင်လင် မတွေးမိပဲ မနေနိုင်ခဲ့ပေ..တကယ်လို့ ဒီအကြောင်းသာမှန်ခဲ့ရင် ဒါက သူ့အတွက် အရမ်းကောင်းပါ၏..သူ ဘာအကြောင်းကိုမှ နောက်ဆံတင်းပြီး စိုးရိမ်စရာမလိုတော့ပေ..ဒါပေမယ့်လဲ မသိစိတ်ကတော့ နဲနဲလေးစိတ်မချနိုင်ဖြစ်နေခဲ့သည်..
ပြီးတော့ မကြာခင်က သူ ဖေ့ချန်အကြောင်းကိုတွေးမိတုန်းက သူ့နှလုံးသားက သပွတ်အူလို ရှုပ်ထွေးနေခဲ့သည်။ သူ အရာအားလုံးကိုတွေးခဲ့တယ်ထင်တယ်..ဒါပေမယ့် ပြန်စဥ်းစားကြည့်တော့ သူ ဘာတွေးတွေခဲ့လဲ သူလုံးဝမသိတော့ပေ
အရူးလိုပါပဲ..
ဒါမှမဟုတ်...ဖေ့ချန်ရဲ့တိုက်ခန်းကနေ ရွေ့နေဖို့ အကြောင်းများလား?
ထိုအကြောင်းကို တွေးနေစဥ်မှာ ရုတ်တရက် ဖုန်းမြည်သံကြောင့် သူ လန့်ဖျတ်သွားရသည်။ ဖုန်းကိုင်ပြီး ကြည့်လိုက်တော့ Mr.ယုန်ဆိုတာကြောင့် အသံရှင်းသွားအောင် ချောင်းနှစ်ခါဟန့်ပြီးမှ ပြန်ဖြေလိုက်၏။
" ဟယ်လို "
" မင်း ရှုပ်ရှင်ရိုက်ပြီးသွားပြီလား? "
" အင်း...ဇာတ်လမ်းရဲ့နောက်ဆုံးအခန်းရိုက်ပြီးတော့ အခုလေးတင်မှ ဟိုတယ်ပြန်ရောက်တာ"
" ဘယ်လိုခံစားရလဲ? "
" အင်..ဘယ်လိုပြောရမလဲ...ကျတော်..မပြောတက်ဘူးရယ် "
ဖေ့ချန် ပြုံးလိုက်မိသည်။ " မနက်ဖြန် လေယာဥ်ဘယ်ချိန်လဲ? "
" 9 ခွဲ "
" ကိုယ် လာကြိုမယ် "
" အလုပ်ရှုပ် မခံပါနဲ့...ကျတော် taxiငှားလာလို့ ရတာကို "
" ကိုယ် မနက်ဖြန် လေယာဥ်ကွင်းမှာ လူတစ်ယောက်ကို လိုက်ပို့ပေးစရာရှိလို့..အဲ့တာကြောင့် ကိုယ် မင်းကို တစ်ခါတည်း ခေါ်သွားမှာ...ဘာလဲ ကိုယ်က မင်းကို တကုတက လာကြိုတယ်လို့ ထင်နေတာလား? "
ဒီအချိန်မှာ တစ်ဖက်က ဖေ့ချန်၏မျက်လုံးများက ကျဥ်းမြောင်းသွားမယ်ဆိုတာ နန်ဟွိုင်လင် စဥ်းစားမိရင်း သူ ရယ်မောလိုက်မိသည်။
" ကျတော်ပြောတာ အဲ့လိုမဟုတ်ပါဘူး "
ဖေ့ချန် ပြုံးမိသွားသည်။ " ကိုယ်တို့ မနက်ဖြန်တွေ့ကြမယ်..အခု ဖုန်းချလိုက်ပြီနော် "
" အင်း..ဘိုင်ဘိုင် "
ဖုန်းချပြီးသွားတော့ နန်ဟွိုင်လင် သက်ပြင်းအရှည်ကြီးချမိကာ ညဘက်ထွက်ပြီး ပြေးဖို့ ဆုံးဖြတ်လိုက်သည်။
လေ့ကျင်းခန်းက စိတ်မအီမသာဖြစ်မှုတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ..ပြီးတော့ အိပ်ပျော်စေဖို့ ကူညီပေးတယ်..အဝတ်လဲကာ အပြေးဖိနပ်ပြောင်းစီးပြီး သူ အကြိုက်ဆုံးသီချင်းတွေကို နားထောင်ဖို့ ကြိုးမဲ့နားကြပ်တပ်လိုက်သည်။ ထို့နောက် သူ ပြေးတဲ့အကွာအဝေးကို သိရှိဖို့ ဖုန်းထဲက appတစ်ခုကိုနှိပ်လိုက်၏။
နွေရာသီရဲ့ ပူပြင်းတဲ့ညဆိုတော့ ရေငွေ့ပျံမှုများလို့လားမသိဘူး လေထုက စိုထိုင်းနေပြီး ခြေနှစ်လှမ်း လှမ်းရုံနဲ့ကို ချွေးတွေထွက်လာသည်။
နန်ဟွိုင်လင် ချွေးထွက်လာကို ကြိုက်ပါတယ်..ချွေးတွေနဲ့အတူ ကယ်လိုရီတွေရော ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့အရာတွေရော ပါသွားတယ်လို့ ခံစားရလို့...ချွေး အများကြီထွက်လာပြီး ရေချိုးလိုက်ရင်လဲ သန့်ရှင်းလန်းဆန်းသွားတာပဲကို..
ဘဝတစ်ခုကို စတင် တက်ကြွစေသလိုမျိုး..
ဆယ်မိနစ်လောက် ပြေးပြီးနောက်မှာ သူ့ဗိုက်ထဲက နာကျင်မှု ဝိုးတဝါးကို ခံစားလိုက်ရသည်။
နန်ဟွိုင်လင် သိပ်ဂရုမထားဘဲ ဆက်ပြေးနေလိုက်သည်။ ဒါပေမယ့် နာကျင်မှုက တဖြေးဖြေးနဲ့ ပိုပိုပြီးဆိုးလာကာ သူ လျစ်လျူရှုမထားနိုင်တဲ့ အနေအထားကို ရောက်ရှိလာတာကြောင့် ပြေးနေတာကို ရပ်ကာ အနားယူလိုက်ရသည်။ ထိုအခါကျတော့လဲ နာကျင်မှုက အလွယ်တကူ ပျောက်ကင်းသွား၏။
သူ ညစာတွေ အများကြီးစားလိုက်မိလို့ အခုထိ အစာမကြေသေးတာ ဖြစ်မယ်..ဆက်ပြီးမပြေးရဲတော့တာကြောင့် ခြေလှမ်းသွတ်သွတ်နဲ့ပဲ လမ်းလျှောက်နေလိုက်တော့သည်။
လေ့ကျင့်ခန်းရဲ့အဆုံးမှာ သူ ငါးကီလိုမီတာထိ လမ်းလျှောက်ခဲ့တယ်
ဟိုတယ်ပြန်ရောက်တော့ ခနနားကာ ရေချိုးပြီး သွားတိုက် သန့်ရှင်းရေးလုပ်လိုက်သည်။
မှန်ထဲကပေါ်နေတဲ့ သူ့မျက်နှာကို ကြည့်နေမိရင်း သက်ပြင်းချလိုက်မိ၏..အရမ်း လှတယ်..ဘယ်လိုများ အဲ့လောက်ထိ လှသွားရတာလဲ? နေရထိုင်ရတာ မသက်မသာဖြစ်လိုက်တာ
-----
နောက်တစ်နေ့မနက်၌ မိန်ထျန်းကျူနှင့် နန်ဟွိုင်လင် လေယာဥ်စီးပြီး ပေကျင်းကို အတူတူ ပြန်လာလိုက်ကြသည်။ သူ ညက ကောင်းကောင်းအိပ်ပျော်ခဲ့တာကြောင့် လေယာဥ်စီးချိန် 2ခွဲလုံးကို မအိပ်တော့ဘဲ ဆယ်ကြိမ်မကဖတ်ဖူးတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တဲ့ Chalie Burkeရဲ့ သရုပ်ဆောင်ဖို့ ခြေလှမ်း12သွယ် ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်အတွက်စွမ်းအား စာအုပ်ကို ထိုင်ဖတ်လာခဲ့သည်။ သူ ထိုစာအုပ်ကို ပြန်ဖတ်လိုက်တိုင်း အသစ်အဆန်းတွေများစွာကို မှတ်သားမိ၏။
နေ့လည် 1နာရီထိုးတော့ လေယာဥ်က မြို့၏လေဆိပ်ကို ဆင်းသက်လာတော့သည်။
သူ့ကို ဖေ့ချန်လာခေါ်မယ်ဆိုတာလည်း မိန်ထျန်းကျူသိရော သူမမှာ အသံတောင်မပြုနိုင်ဘဲ အထုပ်အပိုးတွေကိုသယ်ကာ ယုန်တစ်ကောင်ရဲ့အမြန်နှုန်းထက်တောင် ပိုမြန်အောင် သူ့ကိုထားကာ ထွက်ပြေးသွားတော့သည်။ လေဆိပ်ထဲကနေထွက်လာပြီးနောက် သူ ထွက်ပေါက်Cမှာ စောင့်နေတယ်ဆိုတဲ့အကြောင့် ဖေ့ချန်ကို ဖုန်းဆက်ပြောလိုက်သည်။ 10မိနစ်မကြာခင်မှာပဲ သူနဲ့ရင်းနှီးတဲ့ SUVကားက သူ့ရှေ့မှာရပ်တန့်သွားပြီး အထဲက ဖေ့ချန်က ဝင်းပတဲ့အပြုံးတွေနဲ့ထွက်လာကာ သူ့ဆီလာပြီး ဖတ်ထားတော့သည်။ ပြီးမှ အထုပ်အပိုးတွေကို ကားနောက်ခန်းထဲထည့်ကာ ပြုံးနေရင်းပဲ မေးလာလေ၏။
" ဗိုက်ဆာနေပြီလား? ကိုယ် အစာစားဖို့ ခေါ်သွားပေးရမလား? "
" ခုနလေးတင်မှ လေယာဥ်ပေါ်က စားလာခဲ့တာ...ကျတော် မဆာသေးဘူးရယ် "
သူ ကားထဲကို ဝင်ထိုင်တော့လဲ ဖေ့ချန်ကအေးအေးဆေးဆေးနဲ့ အခုထိမမောင်းသေးပဲ Steeringကို မှီကာ သူ့ကို ပလိန်းကြီး ငေးကြည့်နေတော့သည်။ အတော်ကြာသွားမှ ပြုံးရယ်ကာ ပြောလာတာကတော့ " မင်းကို မတွေ့ရတဲ့ တစ်လအတွင်းမှာ ပိုပြီးတောင် ချောလာသေးတယ် " ဆိုပဲ...
နန်ဟွိုင်လင်မှာတော့ အဲယားကွန်းဖွင့်ထားတာတောင် ပူအိုက်သလို ခံစားနေရတော့သည်။
သူ ဖေ့ချန်စကားကို ဆက်မပြောတော့ဘဲ စကားလမ်းလွဲလိုက်၏။
" ခင်ဗျား ဘယ်သူ့ကို လာပို့တာလဲ? "
" ကိုယ့်အကို...သူ အမေရိကကို ခနလောက် သွားဖို့ရှိလို့ "
သူ ဖေ့ကျန်းဆီက ပြေးဖို့မလိုတော့တာကြောင့် ပျော်သွားရသည်။
" ခင်ဗျား ဘာလို့ အခုထိ ဒီမှာရပ်နေသေးတာလဲ? "
" အိမ်ပြန်မှာလား? " ဖေ့ချန်က အပြုံးအေးအေးလေးနဲ့ ကားကိုစထွက်တော့သည်။ " ဟုတ်ပြီ..အိမ်ပြန်ပြီနော် "
လမ်းမှာ သူတို့နှစ်ယောက် စကားတွေပြောဖြစ်ကြသည်။ နန်ဟွိုင်လင်က အများဆုံးပြောတဲ့သူဖြစ်ပြီး ရိုက်ကွင်းကအလုပ်သမားတွေပြောခဲ့တဲ့ စိတ်ဝင်စားဖွယ် ပုံပြင်လေးတွေကို ပြောနေရင်း သူ့မျက်လုံးများကလည်း ဖေ့ချန်ဆီကိုပဲ ရောက်လို့နေ၏။ ဒါပေမယ့်လည်း ဘာမှ မဖြစ်သလိုဟန်ဆောင်နေရတာက သူ့အတွက် သရုပ်ဆောင်ရတာထက်ကို ပိုပြီး ပင်ပန်းရပါ၏။
တော်သေးတာပေါ့..ဒီနေ့ ဒီအချိန်ကြီးမှာ ကားလမ်းတွေ အကြာကြီးမပိတ်လို့ အိမ်ကိုရောက်ဖို့ နာရီဝက်ကျော်ကျော်လောက်ပဲ ကြာတာ..
ဓာတ်လှေကား ထဲကနေထွက်တော့ ရုတ်တရက် ဖေ့ချန်က သူ့ကို မေးလာတယ်
" ဒါနဲ့...မင်း ခွေးချစ်တက်လား? "
" အင်း...ကျတော် အမြဲတမ်း တစ်ကောင်လောက် လိုချင်ခဲ့တာ..ဒါပေမယ့် ဂရုစိုက်ဖို့ အချိန်မရှိတာနဲ့ မမွေးဖြစ်တာ "
" ကောင်းတယ် "
နန်ဟွိုင်လင်မျက်နှာပေါ်မှာ ?တွေ ပေါ်လာတော့သည်။ " ဘာကို ကောင်းတာလဲ? "
ဖေ့ချန်က လျှို့ဝှက်နံပါတ်နှိပ်ပြီး တံခါးဖွင့်ကာ ညင်သာတဲ့အမူအရာနဲ့ ဝင်ပါဆိုတဲ့ပုံစံလုပ်ပြလာ၏။
" ကျေးဇူးပြုပြီး ဝင်ပါဗျာ "
နန်ဟွိုင်လင် အခန်းထဲဝင်လာတော့ အရင်ဆုံး ကျယ်လောင်တဲ့ခွေးဟောင်သံကို ကြားလိုက်ရပြီး အနက်ရောင်ခွေးတစ်ကောင်က တံခါးဆီ အတင်းပြေးလာတာကို မြင်လိုက်ရသည်။
ဟန်..ဟန်နီဘယ်လ်?
" ဒါ ကိုယ့်အကိုရဲ့ ခွေးလေ..ဟန်နီဘယ်လ်လို့ခေါ်တယ်..အကိုက အမေရိကမှာ လဝက်လောက်နေမှာဆိုလို့ ကိုယ်ခေါ်လာလိုက်တာ " နန်ဟွိုင်လင်ဆီ အမြီးတယမ်းယမ်းလုပ်နေတဲ့ ဟယ်နီဘယ်လ်ကို ဖေ့ချန်က ကြည့်နေပြီး ရုတ်တရက် " ဟမ် " အသံလေးထွက်သွားကာ သံသယဖြစ်စွာနဲ့ ဆက်မေးလာတော့သည်။ " ဟယ်နီဘယ်လ်ကို ကြည့်ရတာ.......မင်းကို သိနေသလိုပဲ? "
နန်ဟွိုင်လင်, " ........ "
ထိုအချိန်မှာ ကြံရာမရဖြစ်တယ်ဆိုတာ ဘာကိုခေါ်တာလဲဆိုတာ နန်ဟွိုင်လင် နားလည်လိုက်တော့သည်။
________
15. 10. 22 ( Sat )
TN/ ဟယ်ဟယ့် .....
ရန်ခုန်ရတာတွေပျောက်အောင် upပေးပါတယ်ဆိုမှ ပိုပြီး ရင်ခုန်သွားရပြန်ပြီနော်😂
______________
Zawgyi
အလုပ္ေတြက တစ္ခုၿပီးတစ္ခုရိွေနတာေၾကာင့္ အခ်ိန္ေတြကလဲ ဆက္တိုက္ဆိုသလိုျဖစ္ေန၏။
ၾသဂုတ္လေရာက္တဲ့အခါမွာ ၾကယ္ႏိုင္ငံရဲ့ရႈတင္ေတြက ၿပီးဆံုးဖို႔ နီးကပ္လာၿပီျဖစ္သည္။ သရုပ္ေဆာင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ရိုက္ကူးလို႔ၿပီးဆံုးသြားတဲ့ေနာက္မွာ နန္ဟြိုင္လင္ကလည္း သရုပ္ေဆာင္ဖို႔ ေနာက္ဆံုးဇာတ္ဝင္ခန္းတစ္ခုသာ က်န္ရိွေတာ့သည္...ဒီဟာၿပီးၿပီဆိုရင္ေတာ့ သူ ေပက်င္းကိုျပန္လို႔ရၿပီ
ရွန္ခ်ဳန္းအတြက္ေတာ့မသိဘူး..သူကေတာ့ အေကာင္းဆံုးျပင္ဆင္ထားတဲ့အတြက္ေၾကာင့္ သူ အခက္အခဲမရိွ ရိုက္ကူးႏိုင္မယ္ဆိုတာ ယံုၾကည္ခ်က္အျပည့္ရိွတယ္
ထိုေန့မွာ ရွန္ခ်ဳန္းရဲ့သရုပ္ေဆာင္စေကးေတြက ဒီေလာက္ထိ ခံစားခ်က္အျပည့္ရိွေနလိမ့္မယ္လို႔ သူမေမ်ွာ္လင့္ထားခဲ့ဘူးေပ..သူတို႔ႏွစ္ေယာက္ အတူတူအေကာင္းဆံုးသရုပ္ေဆာင္ၾကရင္း တကယ္ပဲ ေနာက္ဆံုးဇာတ္ဝင္ခန္းကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့သည္။
အမွန္ဘက္ရပ္တည္တဲ့သူေတြနဲ႔ နတ္ဆိုးတို႔ရဲ့ အဆံုးသတ္တိုက္ပြဲမွာ လုက်င့္ခ်င္းက လုကြမ္းလန္ဆီက်ေရာက္လာမဲ့ ေသေစႏိုင္တဲ့အတြင္းအားတစ္ခုကို သူက အစားထိုးဝင္ခံကာ ထိုတိုက္ပြဲမွာပဲ ေသဆံုးသြားခဲ့သည္။
လုက်င္းခ်င္းေသဆံုးသြားစဥ္မွာ သူ႔အကိုေပၚထားတဲ့ အမုန္းေတြ အညိုးတရားေတြကလည္း ကြယ္ေပ်ာက္ေနၿပီျဖစ္တယ္...လုကြမ္းလန္က ေသေနတဲ့သူ႔ညီကို ေထြးဖက္ထားရင္း မ်က္ရည္မ်ားက မိုးရြာသလို စီးဆင္းေနေတာ့သည္။
" အကို...." လုက်င့္ခ်င္းက သူ႔ရဲ့ေနာက္ဆံုးလက္က်န္ အားေလးနဲ႔ အသက္လုရႈေနတဲ့ၾကားက သူ႔အကိုရဲ့ မ်က္ႏွာကိုထိဖို႔ လက္ကို အသာအယာ ပင့္တင္လာခဲ့သည္။ " မငိုပါနဲ႔..."
လုကြမ္းလန္က စီးက်ေနဆဲျဖစ္သည့္မ်က္ရည္မ်ားၾကားမွ ၿပံဳးျပလာတယ္
" အကို မငိုပါဘူး....အကို အရမ္းေပ်ာ္လို႔ပါ..အကို႔ရဲ့ ..က်င့္ခ်င္းေလး...ေနာက္ဆံုးေတာ့ အကိုရဲ့က်င့္ခ်င္းက အကို႔ဘက္ျပန္ေရာက္လာခဲ့ၿပီပဲ.."
ထိုအခါ လုက်င့္ခ်င္းမ်က္ႏွာေပၚမွာ ေဖ်ာ့ေတာ့အၿပံဳးပါးပါးေလး ေပၚထြက္လာခဲ့ရင္း အားယူၿပီး အသက္ရႈကာ ေျပာေနေတာ့သည္။
" အကို..က်ေတာ့္ကို ေနာက္ထပ္...ထားမသြားပါနဲ႔ေနာ္...အိမ္ျပန္..ေခၚသြားေပးပါ..ေနာ္..က်ေတာ္ အိမ္ကို လြမ္းတယ္- "
တေျဖးေျဖးနဲ႔ လုက်င္းခ်င္းအသံက အားေပ်ာ့ေပ်ာ့လာကာ မၾကားရလုနီပါးျဖစ္လာတာေၾကာင့္ လုကြမ္းလန္က ေခါင္းငံု႔ကာ သူ႔နားကို သူ႔ညီရဲ့ ႏႈတ္ခမ္းနားေလး ကပ္ထားရင္း သူ႔ရဲ့စကၠူလိုျဖဴစုတ္ေနတဲ့ မ်က္ႏွာေပၚမွာ မ်က္ရည္ေတြ တစက္စက္က်ဆင္းေနေတာ့သည္။
" အကို...က်ေတာ္ အရမ္းေအးေနတယ္...က်ေတာ့္ကို ဖက္ထားေပးပါ..ငယ္ငယ္ကလိုမ်ိဳး..အဲ့တိုင္းေလး "
ထို႔ေနာက္ လုက်င္းခ်င္းရဲ့ မ်က္လံုးေလးမ်ားက ေျဖးၫွင္းစြာ ပိတ္သြားကာ မ်က္ဝန္းေထာင့္ကေန မ်က္ရည္တစ္ေၾကာင္းစီက်လာၿပီး လုကြမ္းလန္ရဲ့ မ်က္ႏွာကိုကိုင္ထားတဲ့ လက္က ေျမျပင္ေပၚကို ေလ်ွာက်သြားေတာ့သည္။
လုက်င့္ခ်င္း၏ေနြးေနဆဲျဖစ္သည့္ ကိုယ္ေလးကို လုကြမ္းလန္ တင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားမိရင္း သူ႔ညီ၏လည္ပင္းထဲကို မ်က္ႏွာအပ္ကာ နာနာက်င္က်င္ ငိုရိႈက္မိေတာ့သည္။
အခ်ိန္ဘယ္ေလာက္ၾကာသြားလဲေတာ့မသိေပ..ထိုအခ်ိန္ၾကမွ လုကြမ္းလန္က သူ႔ညီရဲ့ကိုယ္ကို လက္ထဲ၌ထည့္ မ,ကာ မတပ္ရပ္ၿပီး အလြန္ေဝးကြာတဲ့ေနရာတစ္ခုဆီသို႔ ေလကိုဆန္ကာ လမ္းေလ်ွာက္သြားခဲ့သည္။ " က်င့္ခ်င္း...အကို မင္းကို အိမ္ျပန္ေခၚသြားမယ္ေနာ္"
ရိုက္ကြင္းၿပီးဆံုးသြားသည္ထိတိုင္ေအာင္ ရွန္ခ်ဳန္း၏ စိတ္ခံစားခ်က္မ်ားက ေတာ္ေတာ္ၾကာသည့္ထိ ၿငိမ္သက္မသြားခဲ့ေပ။
ၾကယ္ႏိုင္ငံ စရိုက္ကတည္းကေန အခုထိ ဒီအပိုင္းက သူ႔ကို ႏွစ္ေျမာမႈ အေပးႏိုင္ဆံုးအပိုင္းပဲ။ သူ႔အသည္းေတြ ေၾကမြသြားတဲ့ ခံစားခ်က္က တကယ္ကို ျပင္းထန္ခဲ့သည္။ ေျပာခဲ့သည့္စကားလံုးေတြနဲ႔ လုက်င့္ခ်င္းကို ေတြးလိုက္မိရင္ သူ႔ႏွလံုးက နာက်င္မႈေတြနဲ႔ျပည့္နက္သြားကာ မလုပ္ယူဘဲနဲ႔ကို မ်က္ရည္မ်ားက သူ႔အလိုလို စီးက်လာတာျဖစ္သည္။
ရွန္ခ်ဳန္းသိတာေပါ့..သူ ဒီေလာက္ထိ ဇာတ္လမ္းမွာ စိတ္နစ္သြားရတာက နန္ဟြိုင္လင္ေၾကာင့္ဆိုတာကို..သူ႔ရဲ့ သရုပ္ေဆာင္စြမ္းရည္ေတြက ပီျပင္လြန္းတာေၾကာင့္ လုက်င့္ခ်င္းကို တကယ့္လက္ေတြ့ဘဝထဲကို ဆြဲေခၚလာခဲ့တာ..ပံုမွန္အားျဖင့္ ဇာတ္လမ္းထဲမွာ သူတို႔ႏွစ္ေယာက္ ယွဥ္ၿပိဳင္ရတဲ့အခန္းေတြပါလာၿပီးဆိုရင္ နန္ဟြိုင္လင္ေၾကာင့္ပဲ သူဇာတ္လမ္းထဲကို နစ္ျမႇဳပ္သြားရတာ..အၾကည့္တစ္ခ်က္နဲ႔ဆိုရင္ကိုပဲရတယ္...အရင္က ဒီလိုအေျခအေနမ်ိဳးကို သူ လံုးဝမေတြ့ခဲ့ဘူးဘူး..သူ႔ရဲ့အရင္က ရုပ္ရွင္အေတြ့အႀကံဳမွာလဲ ဒါမ်ိဳး မျဖစ္ခဲ့ဘူးဘူး..
ရိုက္ကူးေရးၿပီးသြားေတာ့ ေလာခဲ့က ရွန္ခ်ဳန္းကို ေျပာလာတယ္
" ဒီဇာတ္လမ္းမွာ လုက်င့္ခ်င္းက ေသခ်ာေပါက္ လူႀကိဳက္မ်ားမဲ့ဇာတ္ေကာင္ပဲ...ေနာက္တစ္ႏွစ္ ဒီဇာတ္လမ္းသာထြက္ရင္ နန္ဟြိုင္လင္က ဒီဇာတ္ေကာင္ေၾကာင့္နဲ႔ စတားတစ္ေယာက္ျဖစ္လာမွာ က်ိန္းေသပဲ "
ရွန္ခ်ဳန္းလဲ ထိုသို႔ ထင္ပါ၏။ " သူ႔ရဲ့သရုပ္ေဆာင္စေကးေတြနဲ႔ ငါ့ကို မညာမတာ ဖိသတ္ေနေပမယ့္လဲ ငါလက္ခံပါတယ္...ဒါေပမယ့္ သူ ဘဲရုပ္ဆိုးကေန ငန္းျဖဴေလးအျဖစ္ကို ေျပာင္းလဲသြားတာကိုေတာ့ ငါ မေတြးတက္ေသးဘူး...မင္းေရာ သူအခု နဲနဲပိုေခ်ာလာျပန္ၿပီလို႔ မထင္ဘူးလား? "
" ဘဲရုပ္ဆိုးကေနလဲ ငန္းျဖဴေလးျဖစ္လာႏိုင္တာပဲ ဘာလို႔လဲဆိုေတာ့ သူက အစတည္းက ငန္းျဖဴေလးပဲေလ " ေလာ့ခဲ့က မ်က္ခံုးပင့္ျပကာ ၿပံဳးလာ၏။ " ဘာလို႔ ငန္းျဖဴေလးရဲ့ အသားကိုစားဖို႔ အခုထိ ေတြးေနေသးတာလဲ? မင္း သူ႔အေၾကာင္းစိတ္မဝင္စားေတာ့ဘူးလို႔ ငါထင္ေနတာ "
" ငါ သူ႔ကို စိတ္မဝင္စားပါဘူး.." ရွန္ခ်ဳန္း သက္ျပင္းခ်လိုက္မိသည္။ " သူကို သတို႔သမီးငယ္ေလးလို ေစာင့္ေရွာက္ထားတာကို..."
" ေဖ့ခ်န္ကလား? "
" Fuck! " ရွန္ခ်ဳန္း ေတြေဝစြာနဲ႔ ၾကည့္လိုက္သည္။ " မင္း ဘယ္လိုသိတာလဲ? "
" ဟိုတစ္ခါကပဲ အလုပ္သမားအဖြဲ႔တစ္ခု ဒီသတင္းကို ေျပာေနၾကတာေလ..နန္ဟြိုင္လင္က ေဖ့ခ်န္ရဲ့ ရႉးဂါးေဘဘီလို႔..မင္း မသိဘူးလား? "
ရွန္ခ်ဳန္း တကယ္ကို မသိခဲ့ေပ...အထူးသျဖင့္ သူက ပ်င္းစရာအတင္းအဖ်င္းစကားေတြကို ၾကားရတာ စိတ္ပ်က္လို႔လဲျဖစ္မယ္..သို႔ေပမယ့္လည္း ဒီအတင္းစကားေတြ ျပန္႔ေနေအာင္လုပ္သူေတြကို အျမန္တားျမစ္ပစ္ခ်င္သည္။
" ဒါေပမယ့္ အဲ့ဒါေတြ မေျပာၾကတာ ၾကာပါၿပီ...ၿပီးေတာ့ မင္းနဲ႔ နန္ဟြိုင္လင္ရဲ့ ညီအစ္ကိုေတာ္စပ္ပံုအေၾကာင္းနဲ႔ပဲ ရႈပ္ေနၾကတာ"
" ဒါရိုက္တာျဖစ္ၿပီး မင္း ဒီအတင္းစကားေတြအကုန္လံုးကို ဘယ္လိုသိေနတာလဲ? " ရွန္ခ်ဳန္းၾကည့္ရတာ ထိုစကားကိုေျပာဖို႔ အာေစးေနပံုရ၏။ " မင္း လုပ္စရာမရိွဘူးလား? "
ေလာ့ခဲ့က ရယ္ကာ ေျပာလာခဲ့သည္။
" ဘာမွ လုပ္စရာမရိွေတာ့ရင္ အတင္းစကားေတြေျပာေနရတာက ေပ်ာ္ဖို႔မေကာင္းဘူးလား? မင္း ေပ်ာ္စရာေတြ ဖန္တီးဖို႔ ေလ့လာသင့္တယ္ "
" အရူးပဲ မင္းက " ရွန္ခ်ဳန္း ထိုသူနဲ႔ စကားထပ္ၿပီး မေျပာခ်င္ေတာ့ေပ...
---
ဟိုတယ္သို႔ျပန္ေရာက္ခ်ိန္ထိ နန္ဟြိုင္လင္၏ ႏွလံုးသားက ခုန္ေပါက္ေနဆဲျဖစ္သည္။
သူ႔ဘဝမွာ ရိုက္ကူးခဲ့ဖူးတဲ့ ပထမဆံုးအဓိက ဇာတ္ေကာင္ေလးကို ၿပီးဆံုးသြားခဲ့တာ အိပ္မက္တစ္ခုလိုပဲ.. အတုမရိွ လွပတဲ့အိပ္မက္ေလးတစ္ခုေပါ့...အနာဂတ္မွာ ဘယ္လိုဇာတ္ေကာင္ပံုစံေတြ အမ်ားႀကီးကို သရုပ္ေဆာင္ရပါေစ လုက်င့္ခ်င္းက သူ႔အတြက္ အၿမဲအထူးျခားဆံုးတစ္ခုအျဖစ္ တည္ရိွေနမွာပါ..
ဒီဇာတ္ေကာင္ကေန သူ႔ကို ေခၚေဆာင္သြားတဲ့အရာအားလံုးကို အၿမဲမွတ္ဉာဏ္ထဲမွာ သိမ္းထားမွာပါ...
ဒါနဲ႔ မနက္ျဖန္ ေပက်င္းကို ျပန္ရမယ္ဆိုတဲ့အေတြးက နန္ဟြိုင္လင္ကို စိတ္ထင့္ေစ၏။
ေပက်င္းကို ျပန္ရင္ ေဖ့ခ်န္နဲ႔ အတူေနရမွာ..ေဖ့ခ်န္က သူ႔ကို တိုက္ရိုက္ဖြင့္ေျပာျခင္းမဟုတ္တဲ့ ဝန္ခံခ်က္တစ္ခုမွာ သူ ေဖ့ခ်န္နဲ႔အတူျပန္ေနဖို႔ ယံုၾကည္ခ်က္ေတြ ေပ်ာက္ဆံုးေနခဲ့သည္။ ေဖ့ခ်န္သာ တစ္ဆင့္ထက္တစ္ဆင့္ သူ႔အေပၚ အဆင့္တက္လာခဲ့ရင္ ရပ္တန္႔ဖို႔ ခက္ခဲလြန္းတဲ့ ေထာင္ေခ်ာက္ထဲကို သူ ပိတ္မိသြားမွာ တကယ္ကို စိုးရြံမိပါ၏။
သိုေပမယ့္လည္း ေဖ့ခ်န္၏ မရွင္းလင္းတဲ့ဝန္ခံျခင္းအၿပီးမွာ သူက တျခား ဘာအရိပ္အေယာင္မ်ွ ထပ္မျပလာခဲ့ေပ..တခါတရံ ေဖ့ခ်န္က သူ႔အေပၚ တကယ္ပဲ ဘာစိတ္မွမရိွတာကို သူကပဲ ယံုမွားသံသယျဖစ္ေနတာပဲလား?ဆိုတာ နန္ဟြိုင္လင္ မေတြးမိပဲ မေနႏိုင္ခဲ့ေပ..တကယ္လို႔ ဒီအေၾကာင္းသာမွန္ခဲ့ရင္ ဒါက သူ႔အတြက္ အရမ္းေကာင္းပါ၏..သူ ဘာအေၾကာင္းကိုမွ ေနာက္ဆံတင္းၿပီး စိုးရိမ္စရာမလိုေတာ့ေပ..ဒါေပမယ့္လဲ မသိစိတ္ကေတာ့ နဲနဲေလးစိတ္မခ်ႏိုင္ျဖစ္ေနခဲ့သည္..
ၿပီးေတာ့ မၾကာခင္က သူ ေဖ့ခ်န္အေၾကာင္းကိုေတြးမိတုန္းက သူ႔ႏွလံုးသားက သပြတ္အူလို ရႈပ္ေထြးေနခဲ့သည္။ သူ အရာအားလံုးကိုေတြးခဲ့တယ္ထင္တယ္..ဒါေပမယ့္ ျပန္စဥ္းစားၾကည့္ေတာ့ သူ ဘာေတြးေတြခဲ့လဲ သူလံုးဝမသိေတာ့ေပ
အရူးလိုပါပဲ..
ဒါမွမဟုတ္...ေဖ့ခ်န္ရဲ့တိုက္ခန္းကေန ေရြ့ေနဖို႔ အေၾကာင္းမ်ားလား?
ထိုအေၾကာင္းကို ေတြးေနစဥ္မွာ ရုတ္တရက္ ဖုန္းျမည္သံေၾကာင့္ သူ လန္႔ဖ်တ္သြားရသည္။ ဖုန္းကိုင္ၿပီး ၾကည့္လိုက္ေတာ့ Mr.ယုန္ဆိုတာေၾကာင့္ အသံရွင္းသြားေအာင္ ေခ်ာင္းႏွစ္ခါဟန္႔ၿပီးမွ ျပန္ေျဖလိုက္၏။
" ဟယ္လို "
" မင္း ရႈပ္ရွင္ရိုက္ၿပီးသြားၿပီလား? "
" အင္း...ဇာတ္လမ္းရဲ့ေနာက္ဆံုးအခန္းရိုက္ၿပီးေတာ့ အခုေလးတင္မွ ဟိုတယ္ျပန္ေရာက္တာ"
" ဘယ္လိုခံစားရလဲ? "
" အင္..ဘယ္လိုေျပာရမလဲ...က်ေတာ္..မေျပာတက္ဘူးရယ္ "
ေဖ့ခ်န္ ၿပံဳးလိုက္မိသည္။ " မနက္ျဖန္ ေလယာဥ္ဘယ္ခ်ိန္လဲ? "
" 9 ခြဲ "
" ကိုယ္ လာႀကိဳမယ္ "
" အလုပ္ရႈပ္ မခံပါနဲ႔...က်ေတာ္ taxiငွားလာလို႔ ရတာကို "
" ကိုယ္ မနက္ျဖန္ ေလယာဥ္ကြင္းမွာ လူတစ္ေယာက္ကို လိုက္ပို႔ေပးစရာရိွလို႔..အဲ့တာေၾကာင့္ ကိုယ္ မင္းကို တစ္ခါတည္း ေခၚသြားမွာ...ဘာလဲ ကိုယ္က မင္းကို တကုတက လာႀကိဳတယ္လို႔ ထင္ေနတာလား? "
ဒီအခ်ိန္မွာ တစ္ဖက္က ေဖ့ခ်န္၏မ်က္လံုးမ်ားက က်ဥ္းေျမာင္းသြားမယ္ဆိုတာ နန္ဟြိုင္လင္ စဥ္းစားမိရင္း သူ ရယ္ေမာလိုက္မိသည္။
" က်ေတာ္ေျပာတာ အဲ့လိုမဟုတ္ပါဘူး "
ေဖ့ခ်န္ ၿပံဳးမိသြားသည္။ " ကိုယ္တို႔ မနက္ျဖန္ေတြ့ၾကမယ္..အခု ဖုန္းခ်လိုက္ၿပီေနာ္ "
" အင္း..ဘိုင္ဘိုင္ "
ဖုန္းခ်ၿပီးသြားေတာ့ နန္ဟြိုင္လင္ သက္ျပင္းအရွည္ႀကီးခ်မိကာ ညဘက္ထြက္ၿပီး ေျပးဖို႔ ဆံုးျဖတ္လိုက္သည္။
ေလ့က်င္းခန္းက စိတ္မအီမသာျဖစ္မႈေတြကို ဖယ္ရွားဖို႔ အေကာင္းဆံုးနည္းလမ္းပဲ..ၿပီးေတာ့ အိပ္ေပ်ာ္ေစဖို႔ ကူညီေပးတယ္..အဝတ္လဲကာ အေျပးဖိနပ္ေျပာင္းစီးၿပီး သူ အႀကိဳက္ဆံုးသီခ်င္းေတြကို နားေထာင္ဖို႔ ႀကိဳးမဲ့နားၾကပ္တပ္လိုက္သည္။ ထို႔ေနာက္ သူ ေျပးတဲ့အကြာအေဝးကို သိရိွဖို႔ ဖုန္းထဲက appတစ္ခုကိုႏိွပ္လိုက္၏။
ေနြရာသီရဲ့ ပူျပင္းတဲ့ညဆိုေတာ့ ေရေငြ့ပ်ံမႈမ်ားလို႔လားမသိဘူး ေလထုက စိုထိုင္းေနၿပီး ေျခႏွစ္လွမ္း လွမ္းရံုနဲ႔ကို ေခြၽးေတြထြက္လာသည္။
နန္ဟြိုင္လင္ ေခြၽးထြက္လာကို ႀကိဳက္ပါတယ္..ေခြၽးေတြနဲ႔အတူ ကယ္လိုရီေတြေရာ ခႏၶာကိုယ္မွာရိွတဲ့ မလိုအပ္တဲ့အရာေတြေရာ ပါသြားတယ္လို႔ ခံစားရလို႔...ေခြၽး အမ်ားႀကီထြက္လာၿပီး ေရခ်ိဳးလိုက္ရင္လဲ သန္႔ရွင္းလန္းဆန္းသြားတာပဲကို..
ဘဝတစ္ခုကို စတင္ တက္ႂကြေစသလိုမ်ိဳး..
ဆယ္မိနစ္ေလာက္ ေျပးၿပီးေနာက္မွာ သူ႔ဗိုက္ထဲက နာက်င္မႈ ဝိုးတဝါးကို ခံစားလိုက္ရသည္။
နန္ဟြိုင္လင္ သိပ္ဂရုမထားဘဲ ဆက္ေျပးေနလိုက္သည္။ ဒါေပမယ့္ နာက်င္မႈက တေျဖးေျဖးနဲ႔ ပိုပိုၿပီးဆိုးလာကာ သူ လ်စ္လ်ူရႈမထားႏိုင္တဲ့ အေနအထားကို ေရာက္ရိွလာတာေၾကာင့္ ေျပးေနတာကို ရပ္ကာ အနားယူလိုက္ရသည္။ ထိုအခါက်ေတာ့လဲ နာက်င္မႈက အလြယ္တကူ ေပ်ာက္ကင္းသြား၏။
သူ ညစာေတြ အမ်ားႀကီးစားလိုက္မိလို႔ အခုထိ အစာမေၾကေသးတာ ျဖစ္မယ္..ဆက္ၿပီးမေျပးရဲေတာ့တာေၾကာင့္ ေျခလွမ္းသြတ္သြတ္နဲ႔ပဲ လမ္းေလ်ွာက္ေနလိုက္ေတာ့သည္။
ေလ့က်င့္ခန္းရဲ့အဆံုးမွာ သူ ငါးကီလိုမီတာထိ လမ္းေလ်ွာက္ခဲ့တယ္
ဟိုတယ္ျပန္ေရာက္ေတာ့ ခနနားကာ ေရခ်ိဳးၿပီး သြားတိုက္ သန္႔ရွင္းေရးလုပ္လိုက္သည္။
မွန္ထဲကေပၚေနတဲ့ သူ႔မ်က္ႏွာကို ၾကည့္ေနမိရင္း သက္ျပင္းခ်လိုက္မိ၏..အရမ္း လွတယ္..ဘယ္လိုမ်ား အဲ့ေလာက္ထိ လွသြားရတာလဲ? ေနရထိုင္ရတာ မသက္မသာျဖစ္လိုက္တာ
-----
ေနာက္တစ္ေန့မနက္၌ မိန္ထ်န္းက်ူႏွင့္ နန္ဟြိုင္လင္ ေလယာဥ္စီးၿပီး ေပက်င္းကို အတူတူ ျပန္လာလိုက္ၾကသည္။ သူ ညက ေကာင္းေကာင္းအိပ္ေပ်ာ္ခဲ့တာေၾကာင့္ ေလယာဥ္စီးခ်ိန္ 2ခြဲလံုးကို မအိပ္ေတာ့ဘဲ ဆယ္ႀကိမ္မကဖတ္ဖူးတဲ့ စာအုပ္ေလးတစ္အုပ္ျဖစ္တဲ့ Chalie Burkeရဲ့ သရုပ္ေဆာင္ဖို႔ ေျခလွမ္း12သြယ္ ဆိုတဲ့ သရုပ္ေဆာင္တစ္ေယာက္အတြက္စြမ္းအား စာအုပ္ကို ထိုင္ဖတ္လာခဲ့သည္။ သူ ထိုစာအုပ္ကို ျပန္ဖတ္လိုက္တိုင္း အသစ္အဆန္းေတြမ်ားစြာကို မွတ္သားမိ၏။
ေန့လည္ 1နာရီထိုးေတာ့ ေလယာဥ္က ၿမိဳ႔၏ေလဆိပ္ကို ဆင္းသက္လာေတာ့သည္။
သူ႔ကို ေဖ့ခ်န္လာေခၚမယ္ဆိုတာလည္း မိန္ထ်န္းက်ူသိေရာ သူမမွာ အသံေတာင္မျပဳႏိုင္ဘဲ အထုပ္အပိုးေတြကိုသယ္ကာ ယုန္တစ္ေကာင္ရဲ့အျမန္ႏႈန္းထက္ေတာင္ ပိုျမန္ေအာင္ သူ႔ကိုထားကာ ထြက္ေျပးသြားေတာ့သည္။ ေလဆိပ္ထဲကေနထြက္လာၿပီးေနာက္ သူ ထြက္ေပါက္Cမွာ ေစာင့္ေနတယ္ဆိုတဲ့အေၾကာင့္ ေဖ့ခ်န္ကို ဖုန္းဆက္ေျပာလိုက္သည္။ 10မိနစ္မၾကာခင္မွာပဲ သူနဲ႔ရင္းႏွီးတဲ့ SUVကားက သူ႔ေရ႔ွမွာရပ္တန္႔သြားၿပီး အထဲက ေဖ့ခ်န္က ဝင္းပတဲ့အၿပံဳးေတြနဲ႔ထြက္လာကာ သူ႔ဆီလာၿပီး ဖတ္ထားေတာ့သည္။ ၿပီးမွ အထုပ္အပိုးေတြကို ကားေနာက္ခန္းထဲထည့္ကာ ၿပံဳးေနရင္းပဲ ေမးလာေလ၏။
" ဗိုက္ဆာေနၿပီလား? ကိုယ္ အစာစားဖို႔ ေခၚသြားေပးရမလား? "
" ခုနေလးတင္မွ ေလယာဥ္ေပၚက စားလာခဲ့တာ...က်ေတာ္ မဆာေသးဘူးရယ္ "
သူ ကားထဲကို ဝင္ထိုင္ေတာ့လဲ ေဖ့ခ်န္ကေအးေအးေဆးေဆးနဲ႔ အခုထိမေမာင္းေသးပဲ Steeringကို မွီကာ သူ႔ကို ပလိန္းႀကီး ေငးၾကည့္ေနေတာ့သည္။ အေတာ္ၾကာသြားမွ ၿပံဳးရယ္ကာ ေျပာလာတာကေတာ့ " မင္းကို မေတြ့ရတဲ့ တစ္လအတြင္းမွာ ပိုၿပီးေတာင္ ေခ်ာလာေသးတယ္ " ဆိုပဲ...
နန္ဟြိုင္လင္မွာေတာ့ အဲယားကြန္းဖြင့္ထားတာေတာင္ ပူအိုက္သလို ခံစားေနရေတာ့သည္။
သူ ေဖ့ခ်န္စကားကို ဆက္မေျပာေတာ့ဘဲ စကားလမ္းလြဲလိုက္၏။
" ခင္ဗ်ား ဘယ္သူ႔ကို လာပို႔တာလဲ? "
" ကိုယ့္အကို...သူ အေမရိကကို ခနေလာက္ သြားဖို႔ရိွလို႔ "
သူ ေဖ့က်န္းဆီက ေျပးဖို႔မလိုေတာ့တာေၾကာင့္ ေပ်ာ္သြားရသည္။
" ခင္ဗ်ား ဘာလို႔ အခုထိ ဒီမွာရပ္ေနေသးတာလဲ? "
" အိမ္ျပန္မွာလား? " ေဖ့ခ်န္က အၿပံဳးေအးေအးေလးနဲ႔ ကားကိုစထြက္ေတာ့သည္။ " ဟုတ္ၿပီ..အိမ္ျပန္ၿပီေနာ္ "
လမ္းမွာ သူတို႔ႏွစ္ေယာက္ စကားေတြေျပာျဖစ္ၾကသည္။ နန္ဟြိုင္လင္က အမ်ားဆံုးေျပာတဲ့သူျဖစ္ၿပီး ရိုက္ကြင္းကအလုပ္သမားေတြေျပာခဲ့တဲ့ စိတ္ဝင္စားဖြယ္ ပံုျပင္ေလးေတြကို ေျပာေနရင္း သူ႔မ်က္လံုးမ်ားကလည္း ေဖ့ခ်န္ဆီကိုပဲ ေရာက္လို႔ေန၏။ ဒါေပမယ့္လည္း ဘာမွ မျဖစ္သလိုဟန္ေဆာင္ေနရတာက သူ႔အတြက္ သရုပ္ေဆာင္ရတာထက္ကို ပိုၿပီး ပင္ပန္းရပါ၏။
ေတာ္ေသးတာေပါ့..ဒီေန့ ဒီအခ်ိန္ႀကီးမွာ ကားလမ္းေတြ အၾကာႀကီးမပိတ္လို႔ အိမ္ကိုေရာက္ဖို႔ နာရီဝက္ေက်ာ္ေက်ာ္ေလာက္ပဲ ၾကာတာ..
ဓာတ္ေလွကား ထဲကေနထြက္ေတာ့ ရုတ္တရက္ ေဖ့ခ်န္က သူ႔ကို ေမးလာတယ္
" ဒါနဲ႔...မင္း ေခြးခ်စ္တက္လား? "
" အင္း...က်ေတာ္ အၿမဲတမ္း တစ္ေကာင္ေလာက္ လိုခ်င္ခဲ့တာ..ဒါေပမယ့္ ဂရုစိုက္ဖို႔ အခ်ိန္မရိွတာနဲ႔ မေမြးျဖစ္တာ "
" ေကာင္းတယ္ "
နန္ဟြိုင္လင္မ်က္ႏွာေပၚမွာ ?ေတြ ေပၚလာေတာ့သည္။ " ဘာကို ေကာင္းတာလဲ? "
ေဖ့ခ်န္က လ်ိႈ႔ဝွက္နံပါတ္ႏိွပ္ၿပီး တံခါးဖြင့္ကာ ညင္သာတဲ့အမူအရာနဲ႔ ဝင္ပါဆိုတဲ့ပံုစံလုပ္ျပလာ၏။
" ေက်းဇူးျပဳျပီး ဝင္ပါဗ်ာ "
နန္ဟြိုင္လင္ အခန္းထဲဝင္လာေတာ့ အရင္ဆံုး က်ယ္ေလာင္တဲ့ေခြးေဟာင္သံကို ၾကားလိုက္ရၿပီး အနက္ေရာင္ေခြးတစ္ေကာင္က တံခါးဆီ အတင္းေျပးလာတာကို ျမင္လိုက္ရသည္။
ဟန္..ဟန္နီဘယ္လ္?
" ဒါ ကိုယ့္အကိုရဲ့ ေခြးေလ..ဟန္နီဘယ္လ္လို႔ေခၚတယ္..အကိုက အေမရိကမွာ လဝက္ေလာက္ေနမွာဆိုလို႔ ကိုယ္ေခၚလာလိုက္တာ " နန္ဟြိုင္လင္ဆီ အၿမီးတယမ္းယမ္းလုပ္ေနတဲ့ ဟယ္နီဘယ္လ္ကို ေဖ့ခ်န္က ၾကည့္ေနၿပီး ရုတ္တရက္ " ဟမ္ " အသံေလးထြက္သြားကာ သံသယျဖစ္စြာနဲ႔ ဆက္ေမးလာေတာ့သည္။ " ဟယ္နီဘယ္လ္ကို ၾကည့္ရတာ.......မင္းကို သိေနသလိုပဲ? "
နန္ဟြိုင္လင္, " ........ "
ထိုအခ်ိန္မွာ ႀကံရာမရျဖစ္တယ္ဆိုတာ ဘာကိုေခၚတာလဲဆိုတာ နန္ဟြိုင္လင္ နားလည္လိုက္ေတာ့သည္။
________
15. 10. 22 ( Sat )
TN/ ဟယ္ဟယ့္ .....
ရန္ခုန္ရတာေတြေပ်ာက္ေအာင္ upေပးပါတယ္ဆိုမွ ပိုၿပီး ရင္ခုန္သြားရျပန္ၿပီေနာ္😂