စာအုပ်ထဲသို့ကူးပြောင်းသွားခြင...

By suyinhtike

33.3K 2.5K 47

This is translation story. World-1 (24 chapters) World-2 (21 chapters) World-3 (..... More

Synopsis
1.A Curse book
2. World-1: Let me hear your voice
3. World-1.2
4. World-1.3
5. World 1.4
6. World-1.5
7. World-1.6
8. World-1.7
9. World-1.8
11. World-1.10
12. World-1.11
13. World-1.12
14. World-1.13
15. World-1.14
16. World-1.15
17. World-1.16
18. World-1.17
19. World-1.18
20. World-1.19
21.World-1.20
22. World-1.21
World-1.22
World-1.23
World-1.24: Memories(Final)

10. World-1.9

777 84 0
By suyinhtike

Unicode

"Jihoon! ခ...ခဏလေး!" 

ယန်က ထိန်းချုပ်ဆေးရှာနေပေမဲ့လည်း Omegaလေးက အရမ်းသန်မာနေတာကြောင့် သူ့ကို မတွန်းထုတ်နိုင်ပေ... ထို့နောက် သူတို့နှစ်ယောက်လုံး ကြမ်းပြင်ပေါ်လှဲကျသွားကာ Jihoonက သူ့အပေါ်မှာဖြစ်နေ၏...

"Jihoon... မင်းဘယ်လိုခံစားနေရလဲဆိုတာ ကိုယ်နားလည်ပေမဲ့ ဒီလိုနည်းနဲ့လုပ်ဖို့တော့ ကိုယ်အစီအစဉ်မရှိ... အင်းးး!!..." ကောင်လေးရဲ့တင်ပါးက သူ့ဘောင်းဘီအောက်က အရာပေါ်ကို ပွတ်သပ်နေတာကြောင့် ယန်မှာ အခွင့်ကောင်းယူလုနီးပါးဖြစ်သွား၏... "Ji...Jihoon... လှုပ်...လှုပ်မနေနဲ့တော့!" ယန်က Omegaလေးကို သူ့ရင်ခွင်ထဲကို ထည့်ကာ ပြောလိုက်သည်... တတ်နိုင်သမျှ တင်းတင်းကျပ်ကျပ်ဖက်ထားကာ Omegaလေးမရုန်းနိုင်အောင်ချုပ်ထား၏...  Jihoonဆီက ချိုမြိန်တဲ့တွေက သူ့အပေါ်ပျံ့နှံ့နေပေမဲ့ သူရအောင်ချုပ်တည်းထားလေသည်....

{Author...ကျွန်တော့်ကိုကယ်ပါအုံး! ထပ်ပြီး မထိန်းချုပ်ထားနိုင်လောက်တော့ဘူး} 

Author : ထိန်းထား! မင်းတွေကို မထုတ်မိစေနဲ့...မဟုတ်ရင် သူပိုပြီးထိန်းချုပ်မရဖြစ်လာလိမ့်မယ်....

ယန်တစ်ယောက် သူ့အမြင်အာရုံတွေဝေဝါးလာပြီး Jihoonဆီမှာ ချိုမြိန်တဲ့ရနံလေးကြောင့် လိင်စိတ်နိုးကြွလာလေ၏... သူ ဒီOmegaလေးကို ပြင်းပြင်းထန်ထန်လိုချင်နေပေမဲ့ သူနောက်ဆုံးစည်းကို မကျော်ချင်ပေ....

Author : ကိုယ့်စိတ်ကို ထိန်းထား! ဟေး!

ထို့နောက် ယန်က Jihoonရဲ့အင်္ကျီအောက်ထဲ လက်လျှိုကာ ပွတ်သပ်လိုက်တော့ "အင်း......" ကောင်လေးက ညည်းညူလိုက်၏... 

"ဒါဆို မင်းheatဖြစ်ရင် ဒီနေရာလေးက အထိမခံနိုင်ဘူးပေါ့" ယန်က သူ့အပေါ်ငိုက်ကျလာတဲ့ Omegaလေးကိုကြည့်ကာ ဟန်လုပ်ပြုံးလိုက်သည်...

Author : ဟေး! ယန်...ချန်းယန်!

{ကျွန်တော်လုပ်နေတာ ကျွန်တော်သိတယ်}

ယန်က မဆိုင်းမတွဘဲ လက်တစ်ဖက်နဲ့ Jihoonလည်ပင်းကိုဖက်ပြီး ထိုလက်ကို သူ့ပါးစပ်နားရောက်တဲ့ထိတိုးကာ သူ့လက်ကို သွေးထွက်သည်အထိ ကိုက်လိုက်၏... ထို့နောက် Jihoonကိုလှည့်ကာ အိပ်ရာပေါ်သယ်သွားလိုက်သည်... 

"ကိုယ်တောင်းပန်ပါတယ်... ဒါပေမဲ့ကိုယ်လုပ်မှရမယ်" ယန်ပြောရင်း neaktieကိုဆွဲချွတ်လိုက်သည်...

Jihoonနိုးလာတဲ့အချိန်မှာ နေထွက်နေပြီဖြစ်၏... သူ့အိပ်ခန်းထဲမှာပဲဆိုပေမဲ့ သူ့ခန္ဓာကိုယ်က လေးလံနေပြီး တစ်ခုခုနှင့် ချည်ထားသလို ခံစားနေရသည်... သူအိပ်ချင်သလို ခံစားနေရတာကြောင့် ခဏလောက် ပြန်ခွေနေဖို့လုပ်လိုက်ပေမဲ့ သူ့လက်တွေ နောက်ပြန်ချည်ခံထားရတာကို သတိထားမိလိုက်ချိန်မှာတော့ ကြက်သေသေသွားလေ၏...

"နောက်ဆုံးတော့ မင်းနိုးလာပြီ" Alphaက တံခါးဝမှာရပ်နေရင်း သူ့ကိုနှုတ်ဆက်သည်...

ဒီကောင်လေးက ပုံမှန်ချိန်မှာ တော်တော်လေးငြိမ်သက်ပေမဲ့ Heatဝင်နေရင်တော့ ထိန်းမနိုင်သိမ်းမရပဲ

ယန် မျက်နှာကို လက်နှင့်သပ်လိုက်ပြီးနောက် Jihoonဆီလျှောက်သွားကာ ခုတင်ဘေးမှာ ထိုင်လိုက်သည်... "မနေ့ညက ကိုယ်တောင်းပန်ပါတယ်... ကိုယ်တကယ် ဘာလုပ်ရမှန်းမသိတော့လို့ မင်းလက်တွေကိုပဲ ချည်ထားလိုက်တော့တာ" သူပြောကာ Jihoonလက်တွေကို ကြိုးဖြည်ပေးနေသည်...

Omegaလေးက မရေရာတဲ့မျက်နှာနဲ့ သူ့ကိုကြည့်နေပြီး သူကြည့်ရတာ ဘာမှသတိရပုံမပေါ်ပေ... "မနေ့ညက ရုတ်တရတ် မင်းHeatဝင်လာတယ်... အဲ့တာကြောင့် ကိုယ်....." Jihoonမှာ နားမထောင်နိုင်တော့ဘဲ သူ့လက်နှစ်ဖက်လုံးနှင့် ယန်ရဲ့ပါးစပ်ကိုပိတ်လိုက်လေ၏.... Jihoonမျက်နှာတစ်ခုလုံးနီရဲလာပေမဲ့ Alphaက သူ့လက်တွေကို အောက်ချလိုက်ပြီး ခေါင်းကို အသာပုတ်ပေးသည်..."အဆင်ပြေပါတယ်... မင်းကိုယ့်ကိုအားကိုးလို့ရတယ်" ယန်က ပြုံးရင်းဆိုသည်...   

Jihoonရဲ့ အကြည့်က ယန်ရဲ့လက်ကိုရောက်သွားတော့ ကိုက်ရာတစ်ခုကိုတွေ့လိုက်တာကြောင့် သူစူးစမ်းလို ထိကြည့်လိုက်သည်... "အဲ့တာဘာမှမဟုတ်ဘူး...စိတ်ထဲမထားနဲ့... လာ...မနက်စာသွားစားကြစို့...ကိုယ်စားစရာတွေမှာပြီးပြီ" ယန်ထပ်ပြောလိုက်သည်...

ယန်က သူ့ကိုယ်သူထိန်းချုပ်ဖို့ လက်ကိုကိုက်ခဲ့တယ်ဆိုတာ Jihoonကို ပြောမပြခဲ့... သူ Jihoonကို စိတ်မပူစေချင်ဘူး... ပြီးတော့ သူ့အဖေကလည်း အခုထိဆေးရုံမှာပဲ ရှိသေးတယ်... သူတို့ အတူတကွစားသောက်နေကြပြီး မနေ့ညက အကြောင်းအရာကို နှစ်ယောက်လုံးစကားပင်မစချေ...

ထုံးစံအတိုင်း ယန်က Jihoonကို ဆေးရုံပန်းခြံမှာစောင့်၏...

{Jihoonအဖေ အဆင်ပြေသွားမှာလား}

Author : မင်းငါ့ကိုလှည့်စားလို့မရပါဘူး ငါကြိုမပြောဘူး...

{ဟေ့လူ! လုပ်ပါဗျာ}

ယန်က သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး ဘာမှမရှိတဲ့နေရာကို ငေးကြည့်နေသည်... ဇာတ်ကောင်ရဲ့ဘဝကို မြင်နိုင်ဖို့ အလွန်ခက်၏... Jihoonက ဒီကမ္ဘာကြီးရဲ့ အဓိကဇာတ်လိုက်ပြီး သူကတော့ Jihoonကိုကူညီပြီးတော့ လှည့်စားဖို့ရောက်နေတာပင်... ဟုတ်တယ် 'လှည်စားတယ်' ဆိုတဲ့စကားလုံးက သူ့နှလုံးသားထဲမှာ တင်းကျပ်နေပေမဲ့ တစ်ဖက်ကလည်း သူ့ကိုယ်သူ ဒီဟာက စာအုပ်တစ်အုပ်ဆိုတာ သတိပေးနေသည်... ဒါက သူ့အစစ်အမှန်ကမ္ဘာမှမဟုတ်တာ...

ရုတ်တရတ် မိုးစက်လေးတွေက သူ့ကိုယ်ပေါ်ကိုကျလာသည်... ကောင်းကင်က တိမ်ထူလာ၏.... မိုးစက်လေးတွေမှ တဖြည်းဖြည်းမိုးကြီးပေမဲ့ ယန်က မလှုပ်မယှက်ဘဲ သူ့ကို အအေးဓာတ်တွေ ပွေ့ဖက်လာဖို့ ထိုင်စောင့်နေလေသည်... 

ယန်တစ်ယောက် အတွေးထဲမှာနစ်နေတုန်း အနက်ရောင်ထီးတစ်ချောင်းက သူ့မြင်ကွင်းကို ဖုံးအုပ်သွား၏... သူမော့ပြီး ရင်းနှီးနေတဲ့ မျက်နှာလေးကို ကြည့်လိုက်သည်... "Jihoon" ထို့နောက် လေးက သူ့ကိုတစ်ချက်ကြည့်ပြီး လက်လှမ်းလိုက်လေ၏...

************************

Jihoonက သူ့အဖေအခန်းထဲကို တစ်ယောက်တည်းဝင်သွား၏... ယန်က သူနဲ့အတူ အထဲမဝင်ခဲ့ပေ... သူက Jihoonအဖေရဲ့ အခန်းတံခါးကိုကြည့်ရင်း ဝမ်းနည်းနေသည်... အဲ့နေ့တုန်းက သူJihoonကို အပြင်ခေါ်ထုတ်ခဲ့တာအတွက် နောင်တရနေဆဲဖြစ်သည်... သူ အိုကြီးကို သတင်းတောင်သွားမမေးဝံ့ချေ... 

"သား..." အိပ်ရာပေါ်မှာလှဲနေတဲ့ လူအိုကြီးကပြောပြီး Jihoonလက်ကိုဆုပ်ကိုင်လိုက်သည်... "မလုံလောက်သေးဘူးလား...အဲ့ကလေးက အဖေတို့ကို အများကြီးကူညီပေးထားတာ" လူအိုကြီးကပြောရင်း Jihoonလက်တွေကို ဖြည်းဖြည်းချင်းဖိလိုက်သည်... လေးကတော့ ခေါင်းငုံပြီးသာနေနေလေသည်...

"အတိတ်တုန်းက သားဘယ်လောက်နာကျင်ခဲ့လဲဆိုတာ အဖေသိတယ်... ဒါပေမဲ့ သားရယ် သားဒီလိုဖြစ်နေတာကိုသိရင် သားအမေက ကောင်းကင်ဘုံမှာ ပျော်နိုင်မျာမဟုတ်ဘူး... Jihoon... အဖေလည်းအိုလာပြီ...အနည်းဆုံးတော့ အဖေမသေခင် သားပျော်နေတာကို မြင်သွားချင်တယ်" 

သူ့အဖေဆီက ဒီလိုစကားတွေကြားလိုက်တာကြောင့် Jihoonက အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး ကျောမတ်ကာ သူ့အဖေကို မော့ကြည့်လိုက်တော့ သူ့ကို ပြုံးပြီးကြည့်နေတာကို တွေ့လိုက်ရလေသည်...

Jihoonက ဆေးရုံပန်းခြံကိုသွားနေတုန်း ပြတင်းပေါက်ကနေ မိုးစက်လေးတွေကျလာတာကိုတွေ့တာကြောင့် ထီးတစ်ချောင်းယူလာခဲ့သည်.... ယန်က သူမလာမချင်း ဘယ်မှမသွားဘူးဆိုတာ သူသိ၏... သူမမှားပေ...Alphaက ပုံမှန်ထိုင်နေကျနေရာမှာပဲ ထိုင်နေပြီး ငေးမောနေလေသည်...

ယန်က သူ့ကို ထီးမိုးပေးထားတဲ့လူကို မော့ကြည့်လိုက်၏...

"Oh! မင်းရောက်လာပြီ"ယန်က ထပြီး Jihoonဆီမှ ထီးယူလိုက်သည်... "သွားကြစို့... မိုးသည်းလာတော့မယ်" သို့သော် ယန်ခြေမလှမ်းရသေးခင်မှာပဲ Jihoonက သူ့ခါးကို နောက်ကနေဖက်လိုက်တာကြောင့် ယန်နောက်လှည့်ကြည့်လိုက်၏... Omegaလေး တုန်ယင်နေတာကို သူ့ခါးကိုဖက်ထားတဲ့လက်တွေကိုကြည့်ပြီး သိနိုင်လေသည်... "Ji..Jihoon? အဆင်ပြေရဲ့လား...ဘာဖြစ်လို့လဲ" ယန်က စိတ်ပူနေတဲ့ပုံနှင့် မေးလိုက်၏...

Omegaလေးက သူ့ရပ်နေတဲ့နေရာကနေ လုံးဝမရွေ့ဘဲ ယန်ရဲ့ခါးကိုသာ တင်းတင်းကျပ်ကျပ်ဖက်ထားလေသည်... သူက တုန်လှုပ်ကြောက်ရွံ့နေပြီး တစ်ချိန်တည်းမှာပဲ ရင်တွေအရမ်းခုန်နေတာ ယန်တောင်ကြားရလေသည်... သူတစ်ကိုယ်ကောင်းဆန်နေတယ်ဆိုတာသိပေမဲ့ ဒီလူကို သူတစ်ယောက်တည်းအတွက်လိုချင်သည်... သူ့ပွေ့ဖက်မှုတွေ သခေါင်းပုတ်ပေးတာလေးတွေ ပြုံးပြတာလေးတွေကို ပိုလိုချင်တယ်... အဲ့တာက သူ့ကို အရမ်းပျော်စေတာကြောင့် မျက်ရည်ကျချင်နေသည်... နောက်ဆုံးမှာတော့ သူဘယ်လိုခံစားနေရလဲဆိုတာ ပြောနိုင်လေပြီ...

 "ကျေးဇူးတင်ပါတယ်"

မိုးသံတွေက သူတို့အနားကအသံတွေကို ဖုံးအုပ်သွားဖို့လုံလောက်ပေမဲ့ ယန်ကတော့ Jihoonပြောတာကို ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ကြားလိုက်ရ၏.... 

ပထမဆုံးအကြိမ် Jihoonစကားပြောတာကို ကြားလိုက်ရလေသည်...

'အချစ် Levelမှာ 57%သို မြင့်တက်လာပါသည်'






Zawgyi

"Jihoon! ခ...ခဏေလး!" 























{ဟေ့လူ! လုပ်ပါဗျာ}




************************









 "ကျေးဇူးတင်ပါတယ်"




Continue Reading

You'll Also Like

119K 5.7K 19
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
74.3K 9.5K 196
"For if the devil was ever to see her, he would kiss her eyes and repent." ___________________________________ Falling from 38, 000 feet after her pa...
97K 6.2K 45
The boy in the basement was quiet. He always had been since I had found him. But he never scared me like they warned he would. They were the scary on...
182K 13.4K 134
Kaden Chauvet awakes in the same cold room that he remembers, seeing the reflection of pale viridescent eyes that scream curses at his mind. This is...