🍂 မောင် 🍂

By ismebee22

12.5K 653 31

ချစ်ရပါသော..မောင်🧡 Just a fiction. Start - 13.10.2022 End - 28.10.2022 #Yizhan The fic cover is not mine. ... More

1
2
3
5
THE END

4

1.6K 98 9
By ismebee22

အိပ်ရာစိမ်းဖြစ်နေသည်ဟု ထင်သည်။ရှောင်းကျန့် ညက တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။

" ကျန့်ကော..နိုးပြီလား။ "

" ဟုတ် နိုးပါပြီ။အလုပ်သွားတော့မလို့လား တိတိ "

" ဟုတ်တယ်လေ..ကျန့်ကော လိုက်ခဲ့မလို့လား။ကျွန်တော် ဒီနေ့ Band ပဲတီးမှာလေ။ကျန့်ကောက သီချင်းလိုက်ဆိုရင် ဆိုပေါ့..ယွမ် ၁၀၀၀ လောက်တော့ ရမှာပါ ဘာလို့ဆို ကျန့်ကောက ချောလည်းချောတယ်လေ"

အင်္ကျီကို သေချာပြင်ကာ ဂျယ်လူးထားတဲ့ဆံပင်ကို တစ်ချက်ပြန်ပြင်ရင် ဖြေလာသည်။

" မဟုတ်တာဗျာ...တိတိလောက် ဘယ်ချောပါ့မလဲ။ကောလည်း လိုက်ခဲ့မယ် "

" ဟုတ်ပြီဗျာ..ကျွန်တော် အပြင်မှာစောင့်နေမယ် "

ရှောင်းကျန့် ခေါင်းသာငြိမ့်ပြလိုက်သည်။မနေ့ညကမှ စသိတဲ့သူတွေဆိုပေမယ့် သဘောကောင်းစွာပဲ သူ့ကို ကုတင်ပေါ်မှာ အိပ်ခိုင်းပြီး တိတိက ကြမ်းပြင်မှာ အခင်းနဲ့အိပ်တယ်။

သူ့ရဲ့ဇရီး ရှင်းရှင်းကတော့ တစ်ခန်းသပ်သပ်နေတာမို့ စိတ်ပူစရာမလို။အခုလည်း နိုးလာတော့ သွားတိုက်တံက အစ အဝတ်အစားအဆုံး အသစ်ကလေးတွေ စားပွဲပေါ်မှာ တင်ပေးထားပြန်တယ်​။

" ကျေးဇူးပါ..ကျွန်တော် ကျေးဇူးပြန်ဆပ်မှာပါ "

စားပွဲပေါ်မှာရှိတဲ့ ကြွပ်ကြွပ်အိတ်အထုပ်လေးကို ကိုင်
င်း ခပ်တိုးတိုးကျေးဇူးတင်မိသည်။

​" အချစ်ရေ..ကိုယ်တို့ သွားတော့မယ်နော်။ "

" နေဦးနေဦး..ရော့ ဒါယူသွား "

ရှောင်းကျန့်အပြင်ထွက်လာတော့ တိတိက အိမ်ထဲက ဇနီးဖြစ်သူကို လှမ်းအော်ပြောလိုက်သည်။

တိတိအသံကြားတော့ ရှင်းရှင်းက ဗူးလေးတစ်ခုနဲ့အတူ ပြေးထွက်လာသည်။ထို့နောက် တိတိရဲ့ ပါးပြင်အား တစ်ချက် ပြွတ်ခနဲမြည်အောင် နမ်းလိုက်သေးသည်။

ထိုအဖြစ်အပျက်ကို ကြည့်နေရတဲ့ ရှောင်းကျန့်က ရင်နာလာသလို ဝမ်းနည်းလာသည်။

* မောင်ရယ်..လွမ်းလိုက်တာ *

" အချစ်ကလည်း..ဒီမှာ ကျန့်ကောရှိနေတာကို... "

တိတိက ရှောင်းကျန့်အား လက်ညှိုးညွှန်ကာ ပြောတော့ ရှင်းရှင်းက နှုတ်ခမ်းဆူပြီး ခါးထောင်ကာ

" အဲ့တော့..ရှင်က ကျွန်မနမ်းတာကို မကြိုက်ဘူးပေါ့။ ရတယ်လေ နောက်နေ့ မနမ်းဘူး ဒါပဲ..တာ့တာ လစ်တော့ "

စကားတရပ်စပ်ပြောပြီး တံခါးကို ဒုန်းကနဲ မြည်အောင် ပိတ်ချလိုက်သည်။တိတိကတော့ စကားပြောမည်လုပ်နေတုန်း တန်းလန်းလေးကျန်ခဲ့သည်။

" ဟီးဟီး..အဲ့လိုပဲ ကျွန်တော့် မိန်းမက။ ဗွေမယူပါနဲ့ "

" ရပါတယ်..တိတိတို့အတွဲက တစ်ကယ်လိုက်တယ်။ချစ်စရာလေး.. "

" ဟုတ်လား ဟီးဟီး "

တိတိက ခေါင်းလေးကုတ်ကာ ရှက်ရမ်းရမ်းဖြင့် ပြန်ဖြေလာသည်။ထို့နောက် နှစ်ယောက်သား စကားတစ်ပြောပြောနှင့် လမ်းလျှောက်လာတာ ဘတ်စ်ကားဂိတ် သို့ ရောက်လာသည်။

" ဒီနေ့..ကျွန်တော်က နည်းနည်း feel တဲ့သီချင်းတီးဖို့ စဉ်းစားနေတာ။ကျန့်ကော ဆိုတတ်တဲ့ သီချင်းသိလား "

" အွန်းသိတယ်...Wuji ရှိတယ်လေ။အဲ့တာလေး ကျွန်တော်ဆိုတတ်တယ် "

" ဟာ..Wuji က ကျွန်တော် အတီးတတ်ဆုံးဆိုလဲမမှားဘူး။flute နဲ့တီးမယ်.. "

" ဟုတ်ပြီ..ဟိုမှာ ကားလာပြီ။သွားကြရအောင် "

တိတိက ခေါင်းငြိမ့်ပြပြီး ဘတ်စ်ကားပေါ်တက်သွားသည်။ရှောင်းကျန့်လည်း အနောက်မှ လိုက်တက်လိုက်သည်။

ရှောင်းကျန့် ကားပေါ်တွင်ထိုင်နေပြီး ပြတင်းပေါက်ဘက်ကိုသာ မျက်နှာလှည့်ထားလိုက် သည်။

" ကျန့်ကော..ရောက်ပြီ ဆင်းရအောင် "

" ဪ ရောက်ပြီလား..သွားကြမယ်လေ "

တိတိက ကားပေါ်ကနေ အရင်ဆင်းသွားသည်။ရှောင်းကျန့် ကားပေါ်ကနေဆင်းလိုက်တော့ မြင်လိုက်ရသည့် ခပ်နိမ့်နိမ့် အဆောက်အဦးတစ်ခု။

" လာ..ကျန့်ကော။ဒါ ကျွန်တော်တီးနေကျ Bar ကျွန်တော် ဒီနေ့ feel တဲ့သီချင်းတီးမယ်ဆိုတာ ဒီ Bar ပိုင်ရှင် ကျွန်တော့်သူငယ်ချင်းက ဘဲနဲ့ပျက်သွားလို့တဲ့ဗျာ.. "

ရှောင်းကျန့် မရယ်ရဲပါ။သူလည်း ရန်ဖြစ်ခဲ့တာမဟုတ်လား။တိတိကတော့ တစ်ဟားဟားနဲ့ ရယ်နေလေရဲ့။

" ကဲကဲ..ခဏနေ ဆိုရတော့မှာ။ကျန့်ကော စာသားအလွတ်ရတယ်ဟုတ်.. "

" အွန်း..ရပါတယ် "

ရှောင်းကျန့် သီချင်းကိုအတွေးထဲတွင် တဖန်ပြန်လည် သီဆိုလိုက်သည်။မောင့် အသံလေးကတော့ မပါမဖြစ်ပေါ့။

" ဟာ...ဟေ့ကောင် မင်း ငါ့ဆီလာသေးတယ်နော်။ "

တိတိလည်ပင်းကိုဖက်ကာ စကားပြောလာတဲ့ ထိုလူ။တရုတ်အသံထွက် မပီမသ နဲ့ အသားခပ်လတ်လတ်..ကြည့်ရတာ တရုတ်လူမျိုးဖြစ်ဟန် မပေါ်။

" လာရမှာပေါ့..ကျုပ် သူငယ်ချင်းက ဘဲအပစ်ခံလေးဖြစ်နေတာလေ။သီချင်းလေးနဲ့ နှစ်သိမ့်ရတာပေါ့.. "

" ဒီကောင်ကတော့..ဒါနဲ့ ဒါက.. "

​တိတိ နဲ့ နှစ်ယောက်သား စကားပြောနေရာမှ ရှောင်းကျန့်ဘက်ကို မေးငေါ့ကာ တိတိအား မေးခွန်းထုတ်သည်။

" သူလား..သူက ရှောင်းကျန့်။ကျုပ်တို့ထက် အသက်ကြီးတယ်..ကျန့်ကောလို့ခေါ်။ "

" အာ..အိုခေ။တွေ့ရတာဝမ်းသာပါတယ်.. "

လက်ကမ်းပေးလာသော ထိုလူ။ရှောင်းကျန့်လည်း လက်ပြန်ကမ်းလိုက်ကာ နှုတ်ဆက်လိုက်သည်​။

" ကျန့်ကောက ဒီနေ့ သီချင်းဆိုမှာလေ။ယွမ် ၁၀၀၀ ဟုတ် "

တိတိက ထိုလူအား လက်ညှိုးတစ်ချောင်းထောင်ပြတော့ ထိုလူက ရှောင်းကျန့်အား ကြည့်ကာ ခေါင်းငြိမ့်ပြသည်။

" ကျွန်တော့် နာမည်က William ပါ။တရုတ်လို ဝမ် လို့တစ်လုံးတည်းခေါ်လည်းရတယ်.. "

" အာ..ဟုတ်ဟုတ် "

ရှောင်းကျန့် ဝတ်ကျေတမ်းကျေသာ ပြန်ဖြေမိသည်။ဘာလို့ရယ်မသိ ထိုလူ မိမိကို ကြည့်သည့်အကြည့်တွေက ရိုးသားတယ်ဟု မထင်မိပင်။စစချင်း တိတိနဲ့ စကားပြောနေကတည်းက ခြေစွန်းခေါင်းစွန်း အကုန်လိုက်ကြည့်နေတဲ့ထိုလူ။

လက်ဆွဲကာ နှုတ်ဆက်ပြန်တော့လည်း လက်ကိုအတင်းဆုပ်ကိုင်ထားသေးသည်။ရှောင်းကျန့် အားအနည်းငယ်သုံးပြီး ရုန်းလိုက်ရသေးသည်။

" ကဲ..ကျန့်ကော သီချင်းဆိုရတော့မယ် သွားရအောင် စင်ပေါ်။ "

" ဟုတ်ပြီ.. "

ရှောင်းကျန့် စင်ပေါ်ရောက်တော့ William ဆိုသည့်သူက ထိပ်ဆုံးက ခုံတွင်ထိုင်ကာ အရက်တစ်ခွက်ကိုင်ကာကြည့်နေသည်။

* မောင်..ငါကြောက်တယ်။မောင် ရှိနေရင် ကောင်းမယ် *

" ကျန့်ကော..စကြမလား "

" အွန်းအွန်း "
ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည်။တိတိကတော့ ပြုံးပြရုံသာပြုံးပြပြီး ပုလွေစပြီးမှုတ်သည်။

Bar တစ်ခုလုံးကို တိတိရဲ့ ပုလွေသံဟာ ဖုံးလွှမ်းစေခဲ့သည်။ရှောင်းကျန့် သီချင်းဆိုနေသည့်အခိုက် မျက်ရည်စတို့ဟာလည်း ကျဆင်းခဲ့ပြန်သည်။

•••••

( Zawgyi )

အိပ္ရာစိမ္းျဖစ္ေနသည္ဟု ထင္သည္။ေရွာင္းက်န႔္ ညက ေတာ္ေတာ္ႏွင့္ အိပ္မေပ်ာ္ခဲ့ေပ။

" က်န႔္ေကာ..နိုးၿပီလား။ "

" ဟုတ္ နိုးပါၿပီ။အလုပ္သြားေတာ့မလို႔လား တိတိ "

" ဟုတ္တယ္ေလ..က်န႔္ေကာ လိုက္ခဲ့မလို႔လား။ကၽြန္ေတာ္ ဒီေန႔ Band ပဲတီးမွာေလ။က်န႔္ေကာက သီခ်င္းလိုက္ဆိုရင္ ဆိုေပါ့..ယြမ္ ၁၀၀၀ ေလာက္ေတာ့ ရမွာပါ ဘာလို႔ဆို က်န႔္ေကာက ေခ်ာလည္းေခ်ာတယ္ေလ"

အကၤ်ီကို ေသခ်ာျပင္ကာ ဂ်ယ္လူးထားတဲ့ဆံပင္ကို တစ္ခ်က္ျပန္ျပင္ရင္ ေျဖလာသည္။

" မဟုတ္တာဗ်ာ...တိတိေလာက္ ဘယ္ေခ်ာပါ့မလဲ။ေကာလည္း လိုက္ခဲ့မယ္ "

" ဟုတ္ၿပီဗ်ာ..ကၽြန္ေတာ္ အျပင္မွာေစာင့္ေနမယ္ "

ေရွာင္းက်န႔္ ေခါင္းသာၿငိမ့္ျပလိုက္သည္။မေန႔ညကမွ စသိတဲ့သူေတြဆိုေပမယ့္ သေဘာေကာင္းစြာပဲ သူ႔ကို ကုတင္ေပၚမွာ အိပ္ခိုင္းၿပီး တိတိက ၾကမ္းျပင္မွာ အခင္းနဲ႔အိပ္တယ္။

သူ႔ရဲ့ဇရီး ရွင္းရွင္းကေတာ့ တစ္ခန္းသပ္သပ္ေနတာမို႔ စိတ္ပူစရာမလို။အခုလည္း နိုးလာေတာ့ သြားတိုက္တံက အစ အဝတ္အစားအဆုံး အသစ္ကေလးေတြ စားပြဲေပၚမွာ တင္ေပးထားျပန္တယ္​။

" ေက်းဇူးပါ..ကၽြန္ေတာ္ ေက်းဇူးျပန္ဆပ္မွာပါ "

စားပြဲေပၚမွာရွိတဲ့ ႂကြပ္ႂကြပ္အိတ္အထုပ္ေလးကို ကိုင္
င္း ခပ္တိုးတိုးေက်းဇူးတင္မိသည္။

​" အခ်စ္ေရ..ကိုယ္တို႔ သြားေတာ့မယ္ေနာ္။ "

" ေနဦးေနဦး..ေရာ့ ဒါယူသြား "

ေရွာင္းက်န႔္အျပင္ထြက္လာေတာ့ တိတိက အိမ္ထဲက ဇနီးျဖစ္သူကို လွမ္းေအာ္ေျပာလိုက္သည္။

တိတိအသံၾကားေတာ့ ရွင္းရွင္းက ဗူးေလးတစ္ခုနဲ႔အတူ ေျပးထြက္လာသည္။ထို႔ေနာက္ တိတိရဲ့ ပါးျပင္အား တစ္ခ်က္ ႁပြတ္ခနဲျမည္ေအာင္ နမ္းလိုက္ေသးသည္။

ထိုအျဖစ္အပ်က္ကို ၾကည့္ေနရတဲ့ ေရွာင္းက်န႔္က ရင္နာလာသလို ဝမ္းနည္းလာသည္။

* ေမာင္ရယ္..လြမ္းလိုက္တာ *

" အခ်စ္ကလည္း..ဒီမွာ က်န႔္ေကာရွိေနတာကို... "

တိတိက ေရွာင္းက်န႔္အား လက္ညႇိုးညႊန္ကာ ေျပာေတာ့ ရွင္းရွင္းက ႏွုတ္ခမ္းဆူၿပီး ခါးေထာင္ကာ

" အဲ့ေတာ့..ရွင္က ကၽြန္မနမ္းတာကို မႀကိဳက္ဘူးေပါ့။ ရတယ္ေလ ေနာက္ေန႔ မနမ္းဘူး ဒါပဲ..တာ့တာ လစ္ေတာ့ "

စကားတရပ္စပ္ေျပာၿပီး တံခါးကို ဒုန္းကနဲ ျမည္ေအာင္ ပိတ္ခ်လိုက္သည္။တိတိကေတာ့ စကားေျပာမည္လုပ္ေနတုန္း တန္းလန္းေလးက်န္ခဲ့သည္။

" ဟီးဟီး..အဲ့လိုပဲ ကၽြန္ေတာ့္ မိန္းမက။ ေဗြမယူပါနဲ႔ "

" ရပါတယ္..တိတိတို႔အတြဲက တစ္ကယ္လိုက္တယ္။ခ်စ္စရာေလး.. "

" ဟုတ္လား ဟီးဟီး "

တိတိက ေခါင္းေလးကုတ္ကာ ရွက္ရမ္းရမ္းျဖင့္ ျပန္ေျဖလာသည္။ထို႔ေနာက္ ႏွစ္ေယာက္သား စကားတစ္ေျပာေျပာႏွင့္ လမ္းေလၽွာက္လာတာ ဘတ္စ္ကားဂိတ္ သို႔ ေရာက္လာသည္။

" ဒီေန႔..ကၽြန္ေတာ္က နည္းနည္း feel တဲ့သီခ်င္းတီးဖို႔ စဥ္းစားေနတာ။က်န႔္ေကာ ဆိုတတ္တဲ့ သီခ်င္းသိလား "

" အြန္းသိတယ္...Wuji ရွိတယ္ေလ။အဲ့တာေလး ကၽြန္ေတာ္ဆိုတတ္တယ္ "

" ဟာ..Wuji က ကၽြန္ေတာ္ အတီးတတ္ဆုံးဆိုလဲမမွားဘူး။flute နဲ႔တီးမယ္.. "

" ဟုတ္ၿပီ..ဟိုမွာ ကားလာၿပီ။သြားၾကရေအာင္ "

တိတိက ေခါင္းၿငိမ့္ျပၿပီး ဘတ္စ္ကားေပၚတက္သြားသည္။ေရွာင္းက်န႔္လည္း အေနာက္မွ လိုက္တက္လိုက္သည္။

ေရွာင္းက်န႔္ ကားေပၚတြင္ထိုင္ေနၿပီး ျပတင္းေပါက္ဘက္ကိုသာ မ်က္ႏွာလွည့္ထားလိုက္ သည္။

" က်န႔္ေကာ..ေရာက္ၿပီ ဆင္းရေအာင္ "

" ဪ ေရာက္ၿပီလား..သြားၾကမယ္ေလ "

တိတိက ကားေပၚကေန အရင္ဆင္းသြားသည္။ေရွာင္းက်န႔္ ကားေပၚကေနဆင္းလိုက္ေတာ့ ျမင္လိုက္ရသည့္ ခပ္နိမ့္နိမ့္ အေဆာက္အဦးတစ္ခု။

" လာ..က်န႔္ေကာ။ဒါ ကၽြန္ေတာ္တီးေနက် Bar ကၽြန္ေတာ္ ဒီေန႔ feel တဲ့သီခ်င္းတီးမယ္ဆိုတာ ဒီ Bar ပိုင္ရွင္ ကၽြန္ေတာ့္သူငယ္ခ်င္းက ဘဲနဲ႔ပ်က္သြားလို႔တဲ့ဗ်ာ.. "

ေရွာင္းက်န႔္ မရယ္ရဲပါ။သူလည္း ရန္ျဖစ္ခဲ့တာမဟုတ္လား။တိတိကေတာ့ တစ္ဟားဟားနဲ႔ ရယ္ေနေလရဲ့။

" ကဲကဲ..ခဏေန ဆိုရေတာ့မွာ။က်န႔္ေကာ စာသားအလြတ္ရတယ္ဟုတ္.. "

" အြန္း..ရပါတယ္ "

ေရွာင္းက်န႔္ သီခ်င္းကိုအေတြးထဲတြင္ တဖန္ျပန္လည္ သီဆိုလိုက္သည္။ေမာင့္ အသံေလးကေတာ့ မပါမျဖစ္ေပါ့။

" ဟာ...ေဟ့ေကာင္ မင္း ငါ့ဆီလာေသးတယ္ေနာ္။ "

တိတိလည္ပင္းကိုဖက္ကာ စကားေျပာလာတဲ့ ထိုလူ။တ႐ုတ္အသံထြက္ မပီမသ နဲ႔ အသားခပ္လတ္လတ္..ၾကည့္ရတာ တ႐ုတ္လူမ်ိဳးျဖစ္ဟန္ မေပၚ။

" လာရမွာေပါ့..က်ဳပ္ သူငယ္ခ်င္းက ဘဲအပစ္ခံေလးျဖစ္ေနတာေလ။သီခ်င္းေလးနဲ႔ ႏွစ္သိမ့္ရတာေပါ့.. "

" ဒီေကာင္ကေတာ့..ဒါနဲ႔ ဒါက.. "

​တိတိ နဲ႔ ႏွစ္ေယာက္သား စကားေျပာေနရာမွ ေရွာင္းက်န႔္ဘက္ကို ေမးေငါ့ကာ တိတိအား ေမးခြန္းထုတ္သည္။

" သူလား..သူက ေရွာင္းက်န႔္။က်ဳပ္တို႔ထက္ အသက္ႀကီးတယ္..က်န႔္ေကာလို႔ေခၚ။ "

" အာ..အိုေခ။ေတြ႕ရတာဝမ္းသာပါတယ္.. "

လက္ကမ္းေပးလာေသာ ထိုလူ။ေရွာင္းက်န႔္လည္း လက္ျပန္ကမ္းလိုက္ကာ ႏွုတ္ဆက္လိုက္သည္​။

" က်န႔္ေကာက ဒီေန႔ သီခ်င္းဆိုမွာေလ။ယြမ္ ၁၀၀၀ ဟုတ္ "

တိတိက ထိုလူအား လက္ညႇိုးတစ္ေခ်ာင္းေထာင္ျပေတာ့ ထိုလူက ေရွာင္းက်န႔္အား ၾကည့္ကာ ေခါင္းၿငိမ့္ျပသည္။

" ကၽြန္ေတာ့္ နာမည္က William ပါ။တ႐ုတ္လို ဝမ္ လို႔တစ္လုံးတည္းေခၚလည္းရတယ္.. "

" အာ..ဟုတ္ဟုတ္ "

ေရွာင္းက်န႔္ ဝတ္ေက်တမ္းေက်သာ ျပန္ေျဖမိသည္။ဘာလို႔ရယ္မသိ ထိုလူ မိမိကို ၾကည့္သည့္အၾကည့္ေတြက ရိုးသားတယ္ဟု မထင္မိပင္။စစခ်င္း တိတိနဲ႔ စကားေျပာေနကတည္းက ေျခစြန္းေခါင္းစြန္း အကုန္လိုက္ၾကည့္ေနတဲ့ထိုလူ။

လက္ဆြဲကာ ႏွုတ္ဆက္ျပန္ေတာ့လည္း လက္ကိုအတင္းဆုပ္ကိုင္ထားေသးသည္။ေရွာင္းက်န႔္ အားအနည္းငယ္သုံးၿပီး ႐ုန္းလိုက္ရေသးသည္။

" ကဲ..က်န႔္ေကာ သီခ်င္းဆိုရေတာ့မယ္ သြားရေအာင္ စင္ေပၚ။ "

" ဟုတ္ၿပီ.. "

ေရွာင္းက်န႔္ စင္ေပၚေရာက္ေတာ့ William ဆိုသည့္သူက ထိပ္ဆုံးက ခုံတြင္ထိုင္ကာ အရက္တစ္ခြက္ကိုင္ကာၾကည့္ေနသည္။

* ေမာင္..ငါေၾကာက္တယ္။ေမာင္ ရွိေနရင္ ေကာင္းမယ္ *

" က်န႔္ေကာ..စၾကမလား "

" အြန္းအြန္း "
ေရွာင္းက်န႔္ ေခါင္းၿငိမ့္ျပလိုက္သည္။တိတိကေတာ့ ျပဳံးျပ႐ုံသာျပဳံးျပၿပီး ပုေလြစၿပီးမွုတ္သည္။

Bar တစ္ခုလုံးကို တိတိရဲ့ ပုေလြသံဟာ ဖုံးလႊမ္းေစခဲ့သည္။ေရွာင္းက်န႔္ သီခ်င္းဆိုေနသည့္အခိုက္ မ်က္ရည္စတို႔ဟာလည္း က်ဆင္းခဲ့ျပန္သည္။

•••••

Continue Reading

You'll Also Like

644K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
939K 21.5K 49
In wich a one night stand turns out to be a lot more than that.
2.9K 243 10
" နမ်း " " ကျွန်တော့်ကို ချစ်လို့လား " " ဟင့်အင်း "