It's you
By Rockeain
4.7K 263 25
မတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအ... More
par(1)❤uni
par(1)❤Zawgyi
par(2)uni
par(3)uni
par(3)Zawgyi
par(4)uni
par(4)Zawgyi
par(5)uni
par(6)
par(7)
par(8)
par(9)
par(10)
par(11)
par(12)
par(13)
par(2)Zawgyi
171 8 0
By Rockeain
ဝမ်ယန်းယန်းဟာ မြေးဖြစ်သူရဲ့ မင်္ဂလာကိစ္စကို
စီစဉ်ချင်သူမို့ ယခုလည်းပဲ ရှောင်းအိမ်တော်ဆီသူမ
ရောက်လာတော့သည်။
"တွေ့များတွေ့ပါ့မလားလို့ ရှောင်းချန်းရယ်..."
"aww..အမ ဝမ်ယန်းယန်းပါလား အစောကြီးရောက်ချလာတော့ ကျွန်မက မမှတ်မိသလိုဖြစ်သွားတာ စိတ်မဆိုးနဲ့နော်အမ။"
"ရပါတယ်.. ငါက အရေးတကြီး လာခဲ့ရတာကိုး
အပြစ်မယူသလို စိတ်လည်းမဆိုးနိုင်ပါဘူး။"
"ကောင်းပါပြီရှင်..ဒါနဲ့အမ ဘာများသုံးဆောင်မလဲ
အိမ်တော်ထိန်းကြီးကို ယူခိုင်းမလို့ပါ။"
"ငါ အကြမ်းရည်ကောင်းကောင်းလေးပဲသောက်ချင်တယ် ရှောင်းချန်းရယ်။"
"ဟုတ်ကဲ့အမ..ယူလာခိုင်းလိုက်မယ်နော်
ကျွန်မတို့အခု ပန်းခြံထဲသွားရအောင် လေကောင်းလေသန့်လေး ခံရင်းနဲ့အမရဲ့ လာရင်းကိစ္စလေး ပြောကြရအောင်။"
"အေး..အေး ရှောင်းချန်း သွားကြတာပေါ့။"
ဝမ်အိမ်တော်တွင် ကျန်ရစ်ခဲ့သည့် ဝမ်ရိပေါ်နဲ့ရှောင်ကျန့်မှာ ရန်ဖြစ်နေခဲ့ပြီး..
"ငါ့ကိုလွှတ်.. ဝမ်ရိပေါ်။"
"မလွှတ်နိုင်ဘူး..ကျန့်ကျန့်။"
"လွှတ်ဆို..ငါ့ကိုအခုလွှတ်ပေး ငါအိမ်ပြန်ရမယ်။"
"ဒါကမင်းရဲ့လင်ပိုင်တဲ့အိမ်မဟုတ်လို့လား ရှောင်ကျန့်ရ။မင်းကဘယ်ကိုပြန်ဦးမလို့လည်း။"
"မင်း..."
"အဟက်..ငါကမင်းရဲ့လင်လေ..မကြာခင်မှာ မင်းကငါ့အပိုင်ဖြစ်ကိုဖြစ်လာစေရမယ် ရှောင်ကျန့်။"
"မဟုတ်ဘူး.. မဖြစ်နိုင်ဘူး..ဝမ်ရိပေါ်။
ငါမင်းနဲ့လက်မထပ်နိုင်သလို လက်လည်းခံမှာမဟုတ်ဘူး။"
"ဒါဆိုရင်.. ဒီဗိုက်ထဲက ကလေးကရော ရှောင်ကျန့်"
"ငါမပြောတတ်ဘူး.."
"ရမလား..သူကငါ့ရဲ့သွေးသား မင်းမွေးပေးရမယ်
ရှင်းလား။"
"ငါမလုပ်နိုင်ဘူး... မလုပ်နိုင်ဘူးဆို။"
''လုပ်ရမယ်..ငါ့ကိုမုန်းနေတယ်ဆိုရင်တောင်မှ
သူ့မှာအပြစ်မရှိဘူး..ရှောင်ကျန့်။''
''အဟင့်..အဟင့်..မင်းအရမ်းအတ္တကြီးလွန်းတယ်
ဝမ်ရိပေါ် ငါ့ရဲ့ဘဝကိုဖျက်စီးတယ်"
''ကိုယ်တောင်းပန်ပါတယ် ရှောင်ကျန့်..ကိုယ်မင်းကို တာဝန်ယူချင်တယ်''
''မလိုဘူး...ငါနဲ့လာပြီးတော့ မပက်သက်ပဲနေပေးပါ ဝမ်ရိပေါ်..ငါမင်းကိုလက်မခံဘူး''
''ရှောင်ကျန့်...ဒီစကားကိုဒီမှာတင်ရပ်ပါ။
မင်းကို ဘယ်မှမသွားနိုင်အောင် ကိုယ့်ဘက်ကလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မမေ့လိုက်နဲ့။''
''အား..ငါမင်းကိုမုန်းတယ် မုန်းတယ်လို့''
''မင်းကြိုက်သလောက်သာမုန်းစမ်း..ကိုယ့်ဘက်ကတော့ မမုန်းနိုင်ဘူး။''
ထိုသို့ပြောပြီး အခန်းတံခါးအားပိတ်၍ထွက်သွားတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်မှာ တံခါးအားထုရိုက်ရင်းကျန်ရစ်ခဲ့လေသည်။
''ငါ့ကိုလွှတ်ပေးပါ ဝမ်ရိပေါ်... ငါ့ကိုသွားခွင့်ပေးပါ။''
မောပမ်းလာတာနဲ့အမျှ ရှောင်ကျန့်မှာဆက်ပြီးမငိုနိုင်တော့ပေ။
ထိုနေရာမှာပဲ တံခါးအားကျောပေးမှီရင်း ထိုင်နေမိတာ နှစ်နာရီနီးပါးပင်ရှိနေပြီဖြစ်သည်။
'ပါး..ကျွန်တော် မားချန်နဲ့မနေချင်ဘူးပါး။
မားက ကျွန်တော်ဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်မပေးဘူး။ပြီးတော့ ဟိုဝမ်မျိုးရိုးကလူနဲ့ အတင်းစီစဉ်တဲ့အတွက် ကျွန်တော်အိမ်တော်ကနေ ထွက်ပြေးပုန်းကွယ်နေခဲ့ရတာကြာပြီပါး။
ဒါတောင်မှ သူနဲ့ကျွန်တော် ဘယ်လိုဆုံပြီး မှားယွင်းခဲ့ပါလိမ့်ဗျာ။အခု ကျွန်တော်ဘာဆက်လုပ်ရမလဲပါး။ပါးသာ ကျွန်တော့်အနားမှာရှိနေရင်
သိပ်ကောင်းမှာပဲ ကျွန်တော်အခုချိန်မှာ လမ်းပျောက်နေပြီပါး။
မားက ငွေအရမ်းမက်တာပဲ ပါး။ကျွန်တော့်ကို ငွေနဲ့လဲယူမဲ့ မားကို ဘယ်လိုစိတ်နဲ့ ယုံကြည်ရမလဲ ပါး။'
ငိုလည်းမငိုနိုင်တော့တာကြောင့် စားပွဲပေါ်ကရေဘူးကိုယူ၍မော့သောက်မိပြန်သည်။
အဲ့ဒီနောက် ကုတင်ပေါ် အသာအယာလှဲချလိုက်ကာ ရှေ့ဆက်ရမယ့် လမ်းအတွက်တွေးတောမိပြန်တယ်။သူ့မှာက ဝမ်မျိုးရိုးရဲ့ သွေးသားကိုလွယ်ထားရတဲ့အခြေအနေမှာမို့ အဖက်ဖက်က
တွေးပေးရပြန်တယ်။
''ကလေးလေး မင်းက မမျှော်လင့်ပဲနဲ့ ပါးပါးရဲ့ဘဝထဲကိုဝင်လာခဲ့တဲ့အတွက် ပါးပါးကိုအခက်တွေ့အောင်မလုပ်ရဘူးနော်။ပြီးတော့ ပါးပါးကို
ဒီနေရာနဲ့အဝေးဆုံးကိုခေါ်သွားပေးရမယ်။''
'အာ..ဟုတ်ပြီ.. ငါ
ထွက်ပြေးရမယ်..အခြေအနေပေးရင်ပေါ့။
ခုလက်ရှိမှာတော့ သူ့ဘက်ကိုအယုံသွင်းပြီးနေရအုံးမှာပဲ။'
တစ်ပတ်ကြာပြီးနောက်...
ဝမ်ယန်းယန်းနဲ့ရှောင်းချန်တို့နှစ်ယောက် ကလေးတွေရဲ့ မင်္ဂလာကိစ္စကို တိုင်ပင်ကြပြီးနောက်..
မင်္ဂလာပွဲကိစ္စကို အကျဉ်းချုံးသာ စီစဉ်ပေးခဲ့တော့သည်။
ရှောင်ကျန့်မှာ အငိုမျက်ရည်တွေရင်ထဲ၌မြိုသိပ်ထားရလေတဲ့အဖြစ်ပေ။သူထွက်ပြေးလို့မရနိုင်ဘူးလေ...ဒီအချိန်မှာပဲ ဝမ်ရိပေါ်ရဲ့ချစ်သူ
လီကျင်းယုံမှာ မင်္ဂလာပွဲသို့ ေဒါသတကြီးဖြင့်ရောက်ချလာခဲ့သည်။
''ကိုကို..လုပ်ရက်လိုက်တာ ပြောတော့ လီကျင်းကိုပဲချစ်တယ်ဆို ဘာလို့သူနဲ့ကိုကိုက။''
စကားကိုဆက်မပြောတော့ပဲ ရှောင်ကျန့်ရဲ့ပုံပန်းသဏ္ဍာန်ကို အကဲခတ်နေပြန်တဲ့သူမကြောင့်..
ဝမ်ယန်းယန်းမှာ။
''ဒီမှာကလေးမ မင်းနဲ့ငါ့မြေးနဲ့က ပက်သက်စရာ
အကြောင်းလုံးဝမရှိနိုင်တော့တဲ့အခြေအနေမှာမို့
မင်းဘက်က လျော်ကြေးလိုချင်လို့ လာနွယ်နေတာလား။ဘယ်လောက်လိုချင်သလဲ...ပြော။''
''ကျွန်မက ကိုကို့ကိုပဲလိုချင်တာ..အဲ့ဒီငွေတွေက
ကျွန်မကို ပျော်ရွှင်နိုင်အောင်မလုပ်နိုင်ဘူး ဖွားဝမ်။''
ထိုစကားကိုကြားပြီးနောက်..
တချိန်လုံး ငြိမ်သက်နေတဲ့ ရှောင်ကျန့်မှာ ထိုင်နေရာမှာထလာပြီးနောက်..ဝမ်ရိပေါ်ရှိရာဆီသို့ ရောက်လာတော့တယ်။
''ဝမ်ရိပေါ်... မင်းနဲ့ငါ အခုပဲကွာရှင်းကြတာပေါ့။''
ဘေးမှ ဝမ်ယန်းယန်းနဲ့ရှောင်းချန်မှာ
''မဟုတ်တာ..ဒီကလေးကတော့။''
သူတို့နှစ်ယောက် ထိုသို့ပြောလိုက်ကြပေမဲ့..
လီကျင်းယုံရဲ့မျက်ဝန်းများကတောက်ပသွားခဲ့ပေမဲ့ ဝမ်ရိပေါ်ကတော့ မျက်လုံးများ နီကျင်စပြုလာတော့တယ်။သူသိပ်ကိုနာကျင်သွားသလိုခံစားလိုက်ရတယ်။နှလုံးသားတစ်ခုလုံး ကြေမွပျက်စီးသွားသလို ဖြစ်သွားတဲ့ ခံစားချက်ကြီးနဲ့မို့..
''မလုပ်ပေးနိုင်ဘူး..ရှောင်ကျန့် မင်းကိုလုံးဝကွာရှင်းမပေးဘူးဆိုရင်ရော။''
''ကောင်းပြီလေ..ငါဒီကိုယ်ဝန်ကိုမွေးဖွားပြီးတာနဲ့မင်းနဲ့ကွာရှင်းမယ် မင်းက မင်းရဲ့သွေးသားကိုလိုချင်တာမဟုတ်လား ရစေရမယ်ဝမ်ရိပေါ်။
''ငါမဆိုလိုဘူးနော် ရှောင်ကျန့်..မင်းရဲ့ဆန္ဒအတွက်ဆိုရင်တော့..
ငါသဘောတူတယ်...''
''အဟက်..မင်းကတိကိုမင်းတည်ပါစေ ဝမ်ရိပေါ်။''
ထိုသို့ပြောပြီးတာနဲ့ရှောင်ကျန့်မှာ သူ့အခန်းရှိရာဆီ ဝင်ရောက်သွားကာ အကြီးအကျယ်ငိုနေမိသည်။
သူ့ဘဝက ဘယ်အခြေအနေမှာ ရှိနေတာလဲ။
ပြီးတော့ သူက ခံစားတတ်တဲ့လူပါ..အရာရာကို
သူရင်မဆိုင်နိုင်ရင်တောင်မှပဲ သူ့ဘဝအတွက်ဆိုရင် လုပ်သင့်သလို စီစဉ်မိမှာပဲလေ။ဒါပေမဲ့ ထိုသို့ရွေးချယ်ခွင့်ပင်မရရှာတဲ့သူ့ဘဝက စိတ်ပျက်ဖွယ်ကောင်းနေသည်မဟုတ်လား။
ကံတရားကိုပဲအပြစ်တင်ရမလား..ဝမ်ရိပေါ်ကိုပဲမုန်းတီးရမလား ငွေမက်တဲ့သူ့မားကိုပဲ အပြစ်ဖို့ရမလားဆိုတာ ရှောင်ကျန့်မသိပြီ။သူအခုချိန်မှာငိုနေဖို့ပဲတတ်နိုင်တယ်..
'ရက်စက်လိုက်ကြတာ..ငါဘာတွေများမှားခဲ့မိလို့လည်း။'
''ကလေးရေ ပါးပါးကို ကူညီဖို့စိတ်ကူးမရှိတော့ဘူးလားဟင်။ပါးပါးဒီမှာမနေချင်ဘူး ကလေးရယ်
ဟင့်..အဟင့်..အဟင့်..မုန်းတယ် မုန်းတယ်အရမ်း။''
သူငိုနေစဉ်မှာပဲ သူ့ရဲ့ဖုန်းလေးထဲသို့ စာတိုတစ်စောင်ရောက်လာတော့တယ်။
တင်း!!..
ရှောင်ကျန့် ဖုန်းကိုဖွင့်ကြည့်မိလေရာမှာတော့
သူ့ရဲ့မျက်ဝန်းလေးများအရောင်လက်လာတော့သည်။
*ကောကောကျန့် ညီမလေးပါ ကောကောအခုဘယ်မှာလဲဟင် အိမ်ကိုတော့ပြန်လာမယ်မဟုတ်လား။
ညီမလေးစိတ်ပူလို့ပါ။
ပြီးတော့ မားက ပါးနဲ့ဖုန်းဆက်နေတာ ညီမလေးကြားခဲ့တယ်။ကောကောကျန့်က ညီမလေးရဲ့အကိုအရင်းမဟုတ်ဘူးဆို ဘာပဲဖြစ်ဖြစ်ပါ ညီမလေးကတော့ ကောကောကိုပဲအကိုတစ်ယောက်လိုသတ်မှတ်ထားတယ်။အခု ကောကောအဲ့ဒီမှာအဆင်ပြေမယ်လို့ ညီမလေးမထင်ဘူး။ဒါကြောင့်
မနက်ဖြန် ညီမလေးနဲ့မားက အဲ့ဒီအိမ်တော်ကိုပြန်လာရမှာ ညီမလေးကူညီပေးမယ်နော်..ကောကောကျန့် အားတင်းပေးထားပါ ချစ်တယ်ကောကောကျန့်။*
*ကောစောင့်နေမယ် ညီမလေး..*
ထိုသို့စာပြန်ပို့လိုက်တဲ့ ရှောင်ကျန့်မှာ အခုမှပြုံးနိုင်တော့တယ်။''ပါးပါးတို့အဆင်ပြေမှာပါ ကလေးရယ်
ပါးပါးကိုစိတ်မဆိုးရဘူးနော်။''
ထိုတစ်ညတာကိုတော့ ရှောင်ကျန့်အားတင်းပြီးတော့ ဖြတ်ကျော်ရပေမယ်။သို့သော် သူ့အခန်းထဲသို့ ဝင်ရောက်လာတဲ့ခြေတစ်စုံကြောင့် မျက်ဝန်းတို့ဝိုင်းစက်လာတဲ့သူ။
''ဘာလာလုပ်တာလဲ..မင်း''
''ပြောစရာရှိလို့လာတာ..မလာရဘူးလားဒီကို
ငါပိုင်တဲ့နေရာပဲဟာ''
''ထွက်သွား''
''ထွက်ပြေးဖို့မကြိုးစားနဲ့ရှောင်ကျန့်..မင်းရဲ့ခြေလှမ်းတွေမလွန်ခင် အေးဆေးနေတာကောင်းမယ်နော်..ကိုယ်သတိအကြိမ်ကြိမ်ပေးထားရက်နဲ့မင်းထွက်ပြေးမယ်ဆိုရင်တော့ ကိုယ်ဘာလုပ်မိမယ်မသိဘူး။''
''ရူးနေလား ဝမ်ရိပေါ်..''
''ဟုတ်တယ် ကိုယ်ရူးရတော့မယ်။ မင်းကြောင့်လေ''
''မကြားချင်ဘူး..ထွက်သွား။''
''မသွားနိုင်ဘူး..မင်းကကိုယ့်ရဲ့သက်ဆိုင်သူဖြစ်သွားပြီ ရှောင်ကျန့်''
ပြောလို့မရတဲ့အဆုံး..ရှောင်ကျန့်မှာ
''ဒါဆိုရင် ငါသွားရတာပေါ့ နေခဲ့အဲ့ဒီမှာ''
ကုတင်ပေါ်မှဝရန်တာရှိရာဆီထွက်လာခဲ့ကာလော့ပါချပစ်လိုက်တဲ့ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်တံခါးကိုလှမ်းဆွဲဖို့အချိန်မရလိုက်ပါ။
ဂျိမ်းခနဲပဲ ပိတ်သွားတဲ့ တံခါးချပ်ကြောင့်ရိပေါ်ရဲ့လက်သီးကထိုတံခါးချပ်အားထိုးမိခဲ့တော့သည်။
''ဒုန်း..''
'ရှောင်ကျန့်မင်းသိပ်ပြီးတော့ခေါင်းမာလွန်းတယ်'
ဝရန်တာဘက်ဆီမှကောင်လေးမှာ လေအေးတွေကြောင့်ချမ်းနေခဲ့ပြီး ဒေါင့်အကွယ်လေးမှာ ကျုံ့ကျုံ့ကလေးထိုင်နေမိလေသည်။
'တောင်းပန်ပါတယ် ကံတရားကြီးရယ်..
ငါ့ကိုဒီအိမ်မက်ဆိုးကြီးကနေ နိုးထခွင့်ပေးပါတော့
ငါကြောက်လို့ပါ။'
အရမ်းအေးလာတာနဲ့အမျှရှောင်ကျန့်ရဲ့အားနည်းမှု့တို့ကမခုခံနိုင်ပဲ မေ့လဲသွားရရှာသည်။
ဒါပေမဲ့ရှောင်ကျန့်မသိသည်က သူလော့ချခဲ့သည့်တံခါးကို သော့ရှာပြီးဖွင့်နေတဲ့လက်တစ်စုံရှိသည်ကိုပေါ့။
'ကိုယ်မင်းကို ချစ်နေမိပြီ ရှောင်ကျန့်..မင်းကိုကိုယ့်အနားမှာပဲ ထာဝရနေစေချင်တာ ကိုယ့်အမှားမဟုတ်ဘူးထင်တယ်။မင်းပြန်ချစ်လာတဲ့အထိကိုယ်ကြိုးစားသွားမှာပါ ရှောင်ကျန့်ရာ။'
သော့ပွင့်သွားတာနဲ့ သူမြင်လိုက်ရတဲ့လူသားလေးကြောင့် ဝမ်ရိပေါ်ရဲ့စိုးရိမ်မှု့က ငယ်ထိပ်ပွင့်မတတ်ပင်။(သွေးဆောင့်တက်သွားတဲ့သဘောပါ)
''ကျန့်ကျန့်..ကျန့်ကျန့်..ကိုယ်ခေါ်နေတယ်လေ မျက်လုံးတွေဖွင့်ကြည့်စမ်းပါ ခင်ဗျားလေးရဲ့။''
mp Rockeain🍁
Continue Reading
You'll Also Like
13.6K 753 2
171K 10.3K 47
ចន ជុងហ្គុក / គីម ថេយ៉ុង
630K 1.2K 29
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
830K 7.5K 21
အလွန်ရိုင်းပါတယ် ဘာဗဟုသုတမှမရှိပါဘူး ကိုယ်စိတ်ကိုနှိုင်အောင်ထိန်း wattpad ကိစ္စ wattpad မှာထားခဲ့ ဖင်မယားနဲ့ ok အသက်မပြည့်သေးရင် ဝေးဝေးဂျောင်း not for...