Dare You Escape?[Completed]

Bởi Daydream-fah

49.2K 3.6K 233

Run away from me,if you dare... {Present for my special one} Xem Thêm

အခန်း(၁)- ငါ့ဒီဇိုင်းကို ခိုးသွားတယ်
အခန်း(၂)- ထပ်ပြီး ဝမ်ရိပေါ်ပဲလား
အခန်း(၃)- ငါလူသတ်တာမဟုတ်ဘူး..
အခန်း(၄)- သူရောက်လာပြီ
အခန်း(၅)- ရန်ငြိုး
အခန်း(၆)- ဝမ်ရိပေါ်ရဲ့ပျော်တော်ဆက်
အခန်း(၇)- ပြယုဂ်
အခန်း(၉)- လက်တုံ့ပြန်ခြင်း နိဒါန်း
အခန်း(၁၀)- ငါ့အပိုင်ကို ဘယ်သူထိရဲလဲ....
အခန်း(၁၁)- လက်စဖျောက်ခြင်း
အခန်း(၁၂)- ဝမ်သခင်လေးရဲ့ပူပင်သောက
အခန်း(၁၃)- သူငယ်ချင်းတဲ့လား....
အခန်း(၁၄)- ခေါင်းဝါကောင်
အခန်း(၁၅)- အမူးသမားနှင့်တစ်ညတာ
အခန်း(၁၆)- သွေးစွန်းသွားတဲ့ရွာကလေး
ဇာတ်သိမ်းပိုင်း- အဆုံးသတ်မမည်သော အဆုံးသတ်ခြင်း
အပိုင်းပို

အခန်း(၈)- ရင်းနှီးနေတဲ့ သူစိမ်း

1.9K 173 5
Bởi Daydream-fah

Unicode

ဂေဟာကပြန်လာပြီးထဲက ဝမ်ရိပေါ်ကသူ့အလုပ်တွေနဲ့သူ ရှုပ်ယှက်ခတ်နေပုံရကာ အိမ်မကပ်တာမို့ ရှောင်းကျန့်ကဒီရက်တွေမှာ စိတ်လက်ပေါ့ပါးလို့နေသည်။ ကောင်းတာတစ်ခုလုပ်ပြပြီးရင် အဲ့ထက်အဆမတန်ပိုများတဲ့ ရာဇဝတ်မှုတွေကိုကျူးလွန်တတ်တာက ဝမ်ရိပေါ်ရဲ့ထုံးစံပဲလေ။ အရှေ့ကိုခြေလှမ်းသုံးလှမ်းတိုးခါနီးမှာ အနောက်ကိုခြေတစ်လှမ်းကြိုဆုတ်ပြီး အရှိန်ယူတယ်ဆိုတဲ့ သဘောမျိုးပေါ့။

ဝမ်ရိပေါ်အိမ်မှာရှိတဲ့အချိန်တွေမှာဆို ရှောင်းကျန့်က အခန်းထဲကအခန်းပြင်ကိုထွက်လေ့မရှိတာမို့ ဒီနေ့တော့ခြံထဲမှာလမ်းဆင်းလျှောက်ဖို့စဥ်းစားထားသည်။ ဝမ်ရိပေါ်ကသူ့ကို ဒီအိမ်တော်အတွင်းက နေရာမှန်သမျှကို တံခါးမရှိဓားမရှိသွားလာခွင့်ပိတ်ထားပေမယ့် ခြံအနောက်ဖက်ကဥယျာဥ်ကိုတော့ သူ့ကိုဝင်ခွင့်မပေးပေ။ တစ်နည်းအားဖြင့် ဝမ်အိမ်တော်ရဲ့မြေအောက်ခန်းရှိရာကိုသွားနိူင်တဲ့ တစ်ခုတည်းသောဝင်ပေါက်ရှိရာ နေရာလည်းဖြစ်သည်။

သူဒီအိမ်တော်ကို စရောက်လာခါစက ထွက်ပြေးရင်းနဲ့တစ်ခါရောက်ဖူးပေမယ့် နောက်ပိုင်းတော့ဝမ်ရိပေါ်က အပြင်းအထန်တားမြစ်ပြီး လူစောင့်တွေပါချထားတာမို့ သူဝင်ဖို့ ဘယ်လိုမှအခွင့်မသာခဲ့ပေ။ ဒါကြောင့် ဝမ်ရိပေါ်မရှိတုန်း ဒီနေ့တော့ ခြံအနောက်ဖက်က ဥယျာဥ်ထဲကိုရောက်အောင်သွားဖို့ ဆုံးဖြတ်ထားသည်။

ဝမ်ရိပေါ်မှာတပည့်တွေအများကြီးရှိတဲ့အနက် အချို့က ဝမ်ရိပေါ်နဲ့အတူပါသွားကြတာမို့ အိမ်တော်ထဲမှာ ရှောင်းကျန့်အပြင် အိမ်တော်ထိန်းဦးလေးလီအပြင် အိမ်အကူသုံးလေးယောက်လောက်သာရှိလေသည်။ ပုံမှန်အတိုင်း အောက်ထပ်ကိုဆင်းလာရင်း အိမ်အဝမှာ ဖန်ရှင်းဆိုတဲ့ကောင်လေးကိုတွေ့လိုက်ရတာမို့ ကျစ်ခနဲစုတ်သတ်လိုက်မိသည်။

ဒီကောင်လေးက ဝမ်ရိပေါ်နဲ့အတူပါသွားတာမဟုတ်ဘူးလား။ ဖန်ရှင်းက အခြားလူတွေထက်ပိုစကားများပြီး ပိုစပ်စုတတ်တာမို့ သူကြည့်မရတဲ့လူစားမျိုးထဲမှာပါသည်။ ကံကောင်းတာတစ်ခုက ဖန်ရှင်းအပါအဝင်ဝမ်ရိပေါ်ရဲ့တပည့်အားလုံးက အမြဲတမ်းတစ်သီးတစ်သန့်သာနေတတ်တဲ့သူ့ကို ဝမ်ရိပေါ်နည်းတူကြောက်ကြတာမို့ သူလာတာမြင်တာနဲ့ ခေါင်းကိုသာတွင်တွင်ငုံ့ထားကြလေသည်။

သူလည်း ခြံထဲကိုခပ်သွက်သွက်လျှောက်လာလိုက်ရင်း မယောင်မလည်ဖြင့် ခြံအနောက်ဖက်ဆီ လျှောက်သွားလိုက်တော့ ဥယျာဥ်ရဲ့အဝင်ဝနားမှာ ဝမ်ရိပေါ်ရဲ့တပည့်နှစ်ယောက်က ရပ်နေတာမို့ စိတ်ထဲကနေမကျေမနပ်ဖြင့် ဝမ်ရိပေါ်ကိုကျိန်ဆဲနေမိသည်။ ဘာလို့ဝမ်ရိပေါ်က သူ့အတွေးတွေအားလုံးကို ရိပ်မိနေရတာလဲ။ သူက အဲ့လောက်တောင်ဖတ်ရတာလွယ်နေလို့လား။

သစ်ပင်တွေအကွယ်ကနေ လူလစ်မယ့်အချိန်ကိုစောင့်နေရင်း ထိုနှစ်ယောက်က နားမှာတပ်ထားတဲ့earpieceကနေတစ်ဆင့်နားစွင့်ရင်း အထဲကိုပြေးဝင်သွားကြတာမို့ အချိန်ကောင်းစောင့်နေတဲ့ရှောင်းကျန့်က ပုန်းနေရာကနေထွက်လာပြီး ဥယျာဥ်ထဲကိုဝင်သွားလိုက်မိသည်။ စမ်းတဝါးဝါးဖြင့်လျှောက်လာရင်း ဂိုထောင်လိုလိုအဆောက်အဦးတစ်ခုကိုမြင်တော့ လွန်ခဲ့တဲ့ငါးနှစ်က အချိန်တွေကိုပြန်တွေးမိသေးသည်။

ဒီဂိုထောင်အဝအထိ သွေးသံတရဲရဲနဲ့ တရွတ်တိုက်ဆွဲပြီးထွက်ပြေးတဲ့ဒေါ်လေးကို ဝမ်ရိပေါ်ကမျက်တောင်တစ်ချက်ပင်မခတ်ပဲ အချက်ပေါင်းများစွာသေနတ်နဲ့ပစ်သတ်ခဲ့တာ။ ပြီးတော့ ဒေါ်လေးက အသက်ထွက်သွားတဲ့အချိန်အထိ တစ်လျှောက်လုံး သူ့မျက်လုံးတွေဆီစိုက်ကြည့်ပြီး အကူအညီတောင်းခံနေခဲ့တာ။

ဒါပေမယ့် သူကတော့ အကူအညီမပေးနိူင်တဲ့အပြင် သူကိုယ်တိုင်ကလည်းဝမ်ရိပေါ်ရဲ့ထောင်ချောက်ထဲမလူးသာမလွန့်သာဖြစ်နေတဲ့ ယုန်သူငယ်လေးတစ်ကောင်သာသာရယ်ဖြစ်နေခဲ့တာ။ သူ့ဘဝကြီးက ဒီလိုမျိုး မကောင်းတဲ့လူတစ်ယောက်ရဲ့လက်ထဲမှာ ထိန်းချုပ်ခံရပြီးအဆုံးသတ်သွားလိမ့်မယ်လို့ သူတစ်ခါမှတွေးတောင်မတွေးမိခဲ့ဘူးရယ်။

အတွေးလွန်ကာ ဂိုထောင်အဝမှာရပ်နေမိရင်းက စကားသံတွေကြားလိုက်ရတာမို့ အလျင်စလိုပင် ဂိုထောင်ရဲ့တံခါးအနောက်မှာ ဝင်ပုန်းလိုက်မိသည်။ တံခါးအပေါက်ကြားကနေ အသာချောင်းကြည့်မိတော့ ဝမ်ရိပေါ်ကသူ့တပည့်တွေနဲ့အတူ ဂိုထောင်ထဲကနေ ထွက်လာတာကိုမြင်လိုက်ရတာမို့ မျက်လုံးပြူးသွားမိသည်။ ဝမ်ရိပေါ်က ဒီအချိန်Leoမှာရှိနေရမှာမဟုတ်ဘူးလား...။

သူအကဲခတ်ကြည့်ပုံအရ ဝမ်ရိပေါ်ရဲ့ပုံစံက အလျင်လိုနေပုံရပြီး ဒေါသလည်းထွက်နေဟန်တူသည်။ တဖြည်းဖြည်းနဲ့ ဝမ်ရိပေါ်တို့က သူရှိရာတံခါးဖက်ကိုလျှောက်လာနေကြတာမို့ ကယောင်ကတမ်းဖြင့် အသက်ပင်အောင့်ထားလိုက်မိသည်။

"ဒီတစ်ခေါက်ဝင်မယ့်ပစ္စည်းတွေက အရင်ကထက်ပိုပြီးအရေးကြီးလို့ အရင်တစ်ခါလို ကြားထဲမှာအချိန်ကြန့်ကြာသွားတာမျိုး ငါမလိုချင်ဘူး။ ပြီးတော့ အဲ့ဒီနေ့ကျရင် ကလပ်ရဲ့လူဝင်လူထွက်စာရင်းကို သေချာစစ်ဆေးပြီး ​အပြင်လူတွေမဝင်နိူင်အောင် မင်းကသေချာစီစဥ်ထားပါ ကျင်းရီ။ ဒီတစ်ခါက ငါတို့ပိုင်နက်ထဲမှာပဲ လုပ်မှာဆိုတော့ ပိုပြီးသတိထားရလိမ့်မယ်"

"ဟုတ်ကဲ့ပါ သခင်လေး.."

"ပြီးတော့..."

ကျင်းရီတို့ကို မှာစရာရှိတာတွေသေချာမှာနေရင်း ဂိုထောင်အဝင်ဝတံခါးက အနည်းငယ်လှုပ်သွားတာကို မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရတာမို့ ရိပေါ်​ပြောလက်စ စကားကိုရပ်ထားလိုက်ရင်း

"တံခါးအနောက်က ဘယ်သူလဲ။ အခုချက်ချင်း ထွက်လာခဲ့စမ်း"

သူ့စကားသံအဆုံး ထင်ထားတဲ့အတိုင်း ရှောင်းကျန့်ကတံခါးအနောက်ကနေထွက်လာတာမို့ စိတ်တိုတိုဖြင့် အနားကိုအမြန်လျှောက်သွားလိုက်ရင်း ထိုလူ့ရဲ့အကျီရင်ဘတ်စကို ဆွဲစုပ်ထားလိုက်မိသည်။

"ခင်ဗျားကို ဒီနေရာလာဖို့ ကျုပ်ခွင့်ပြုထားသလား"

ဒီကမ္ဘာပေါ်မှာ သူအစွဲလမ်းရဆုံးကdrugsတွေဆို အမုန်းဆုံးကတော့ ရှောင်းကျန့်ရဲ့မာနတွေလွှမ်းခြုံလွန်းတဲ့မျက်ဝန်းပဲဖြစ်ပါလိမ့်မည်။ အခုလည်း အကျီရင်ဘတ်စကို ဆုပ်ကိုင်ထားတဲ့သူ့လက်ကိုအပေါ်ကနေ အသာအုပ်ကိုင်ရင်း မထီမဲ့မြင်ပြုံးပြနေတဲ့ရှောင်းကျန့်က သူ့ဒေါသကိုတမင်ဆွပေးနေသလိုပင်။

"ဘာတွေလုပ်ဖို့ကြံစည်နေလို့ ဒီလောက်တောင်ဒေါသတွေထွက်နေရတာလဲ.. မစ္စတာလီယိုဝမ်ရဲ့။ ဘာလဲ ငါ့ကိုရော နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်တော့မလို့လား"

သူ့စကားအဆုံး မခံချိမခံသာဖြစ်သွားပုံရတဲ့ဝမ်ရိပေါ်ရဲ့လက်တွေက သူ့အကျီရင်ဘတ်စကို ဆွဲစုပ်ထားရာကနေ လည်ပင်းဆီကူးပြောင်းလာရင်း

"ကျုပ်မသတ်ရဲဘူးလို့ ခင်ဗျားကထင်နေလို့လား"

ဝမ်ရိပေါ်ရဲ့လက်ချောင်းတွေရဲ့တင်းကြပ်လာမှုကြောင့် အသက်ရှူကြပ်လာပေမယ့် ရှောင်းကျန့်တဟားဟားပင်အော်ရယ်လိုက်မိသည်။ ထို့နောက် ဝမ်ရိပေါ်ရဲ့မျက်ဝန်းညိုတွေထဲတေ့ဆိုင်ကြည့်လို့

"မင်းငါ့ကို မသတ်နိူင်ပါဘူး ဝမ်ရိပေါ်....."

တစ်ထစ်ချသေချာလွန်းနေတဲ့ ရှောင်းကျန့်ရဲ့စကားကြောင့် ဝမ်ရိပေါ်ကမေးရိုးတွေထင်းခနဲပေါ်လာတဲ့အထိ အံကိုကြိတ်ထားရင်း သူ့စိတ်ကိုမနည်းထိန်းနေရပုံပင်။ ကျားနဲ့ဆင်လယ်ပြင်မှာ တွေ့တယ်ဆိုတဲ့ဆိုရိုးအတိုင်း တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းစစ်ခင်းနေမိပြီး ဘယ်ဖက်ကမှစပြီး အလျှော့ပေးမယ့်ပုံမရပေ။

သူ့ကိုစိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှု အလိုမကျမှုတွေကို တွေ့လိုက်ရတဲ့အခါ ရှောင်းကျန့်ဟက်ခနဲရယ်လိုက်မိသည်။ သူ့ကြောင့် ဝမ်ရိပေါ်စိတ်အနှောင့်အယှက်ဖြစ်နေတာကိုမြင်ရတာ ဘယ်လောက်တောင်မှစိတ်ချမ်းသာစရာကောင်းလိုက်သလဲ။

"တစ်နေ့ကျရင် မင်းရဲ့မျက်နှာဖုံးကိုငါကိုယ်တိုင် ဆွဲခွာပစ်မှာ..."

ပြောပြီးတာနဲ့ သူ့လည်ပင်းပေါ်ကဝမ်ရိပေါ်ရဲ့လက်ကိုဆွဲဖယ်လိုက်ရင်း ထိုနေရာကနေ လှည့်ထွက်လာမိသည်။ အနောက်မှာဒေါသတွေနဲ့ကျန်ခဲ့မယ့် ဝမ်ရိပေါ်ရဲ့ပုံစံကိုမြင်ယောင်မိတာမို့လည်း သူ့နှုတ်ခမ်းပါးတွေက ကွေးညွှတ်လို့သွားရသည်။ သူက အခုချိန်ထိ ဝမ်ရိပေါ်အတွက်အသုံးဝင်နေဆဲလူတစ်ယောက်မို့ ဘယ်လိုအကြောင်းမျိုးပဲရှိရှိ ဝမ်ရိပေါ်ကသူ့ကိုသတ်ပစ်မှာမဟုတ်ဘူးဆိုတာ သေချာသိနေသည်။

ဥယျာဥ်ထဲကနေ သူပြန်ထွက်လာတဲ့အချိန် ခြံထဲမှာရပ်ထားတဲ့ ကားတစ်စီးကြောင့် မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် အနီးအနားကိုဝေ့ဝိုက်ကြည့်မိတော့ ထင်ထားတဲ့အတိုင်း အန်ကယ်ဝမ်ကို နှင်းဆီပန်းတွေစိုက်ထားတဲ့နေရာလေးမှာ ရပ်နေတာတွေ့တာမို့ ထိုအနားကိုလျှောက်သွားလိုက်မိသည်။

"ဘယ်လိုလဲ... လီယိုနဲ့ရန်ဖြစ်ရတာငြီးငွေ့နေပြီလား"

ဝမ်ရိပေါ်ရဲ့ဒယ်ဒီပီသစွာပင် နားပါးလွန်းတဲ့အန်ကယ်ဝမ်က ကျောပေးထားရက်ကနေပြောရင်း သူ့ဘက်ကိုခပ်ပြုံးပြုံးဖြင့် လှည့်ကြည့်လာတာမို့ ပခုံးနှစ်ဖက်ကိုအသာတွန့်ပြလိုက်မိသည်။ သူ့ရဲ့တုံ့ပြန်ပုံကို သဘောကျသွားပုံရတဲ့အန်ကယ်ဝမ်က ထုံးစံအတိုင်းတဟားဟားရယ်ရင်း အနီးအနားမှာရှိတဲ့ နှင်းဆီပန်းတွေဆီ အာရုံပြန်ရောက်သွားတာမို့

"အန်ကယ့်ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ။ ဒါမှမဟုတ်..."

သူ့အနေနဲ့ ဆက်ပြီးပြောလို့မကောင်းတာမို့ စကားကိုတစ်ဝက်တစ်ပျက်မှာတင် ရပ်ထားမိတော့ အန်ကယ်ဝမ်က နှင်းဆီပန်းရဲ့ရိုးတံက ဆူးတွေကိုလက်ချောင်းတွေဖြင့် ထိတွေ့နေရင်းက မချိတရီပြုံးရင်း

"နှင်းဆီတွေက လှသလောက် သိပ်ပြီးလည်းအန္တရာယ်များတယ်။ သူ့ကိုဘယ်လောက်ပဲ မြတ်နိုးပါတယ်ဆိုပြီး ဂရုတစိုက်နဲ့စိုက်ပျိုးခဲ့လည်း သေချာမယုယတတ်တဲ့အခါ ကိုယ့်ကိုပြန်ပြီး အန္တရာယ်ဖြစ်စေနိူင်သေးတာ"

သတိလက်လွတ်ဖြင့် ပြောချင်ရာပြောနေမိပြီးမှ အားကျန့်ကိုကြည့်လိုက်တော့ သူ့ကိုအထူးတဆန်းလိုကြည့်နေတာမို့ အရှက်ပြေချောင်းတစ်ချက်ဟန့်လို့ ရယ်လိုက်မိရင်း အားကျန့်ရဲ့ပခုံးကိုအသာပုတ်ကာ သူ့ရဲ့သားတော်မောင်ရှိရာ ခြံအနောက်ဖက်ကိုထွက်လာခဲ့လိုက်သည်။

သူကလည်း သူပါပဲ...။ အသက်တွေကြီးပြီး အချိန်တွေဘယ်လောက်ပဲပြောင်းပြောင်း ဒီအကြောင်းတွေကိုတွေးမိတဲ့အခါတိုင်း စိတ်လွတ်နေတဲ့လူတစ်ယောက်လိုဖြစ်သွားတတ်တာ။

ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အချိန်အထိ သူနဲ့အစစအရာရာမှာ စရိုက်တူလွန်းတဲ့လီယိုကြောင့် သူအမြဲဂုဏ်ယူခဲ့ရပေမယ့် ဒီကိစ္စမှာတော့ လီယိုကိုသူနဲ့မတူဖို့ဆုတောင်းမိသည်။ သူကအချစ်ရေးမှာကံခေခဲ့ပေမယ့် လီယိုကိုတော့ ကံကောင်းစေချင်သည်။

တစ်ချို့သောကိစ္စတွေမှာ လီယိုဘက်ကမှားကောင်းမှားနေနိူင်ပေမယ့် သူကိုယ်တိုင်ထိန်းကျောင်းလာခဲ့တဲ့ကလေးရဲ့အကြောင်းကို သိနေတာမို့ သူ့အတွက်တော့လီယိုပျော်နေဖို့သာ အရေးအကြီးဆုံးဖြစ်သည်။ လီယိုအတွက်ဖခင်ကောင်းတစ်ယောက်မဖြစ်နိူင်ဘူးဆိုရင်တောင် ယုံကြည်လို့ရမယ့် ရင်ဖွင့်ဖော်မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတစ်ယောက်တော့ ဖြစ်ပေးချင်သည်။

အားကျန့်က လူကောင်းလေးတစ်ယောက်ဖြစ်သည်။ လီယိုရဲ့လုပ်ရပ်တွေကြောင့် လီယိုကိုအမုန်းကြီးမုန်းနေပေမယ့်လည်း သူ့ကိုတော့ ရိုသေရှာသည်။ တစ်ခါတစ်လေမှာ လီယိုနဲ့အားကျန့်ကိုမြင်ရတဲ့အခါတိုင်း သူနဲ့လီယိုရဲ့မာမီအကြောင်းကို ပြန်ပြီးအမှတ်ရမိသည်။

သူလည်းတစ်ချိန်က မာနဆိုတဲ့အရာကို တခုတ်တရနဲ့ဖက်တွယ်ခဲ့ဖူးသည်။ ဘယ်သူမှမရှိတော့ရင်တောင် ထိုအရာကတော့သူ့ကိုအဖော်ပြုပေးနိူင်လိမ့်မယ်လို့ ထင်ခဲ့ဖူးသည်။ လူတစ်ယောက်ရဲ့စိတ်ဆိုတာလည်း ခန့်မှန်းရခက်သားလား။ တစ်ချိန်က အရေးမကြီးဘူးလို့သတ်မှတ်ပြီး ဥပေက္ခာပြုခဲ့မိတဲ့ အရာတွေက နောင်တစ်ချိန်မှာ ကိုယ့်ဘဝထဲနောင်တတွေအဖြစ်နဲ့သာကျန်ခဲ့လိမ့်မယ်လို့ ဘယ်သူကတွေးမိပါ့မလဲ။

...

"ဝမ်သခင်မဒီရက်ထဲမှာ တရုတ်ကိုပြန်လာမယ်ဆို... ကောတို့ဆီမှာ ခဏလာနေပါလား ရှောင်းကျန့်။ ကောတို့အိမ်ကို မရောက်ဖြစ်တာလည်း ကြာနေပြီမလား"

ကျိုးချန်ကောရဲ့အဓိပ္ပါယ်ပါလှတဲ့စကားကြောင့် ရှောင်းကျန့်လက်ထဲမှာကိုင်ထားတဲ့ ဗော့ကာကိုတစ်ငုံမော့လိုက်ရင်း ခေါင်းအသာခါပြလိုက်မိသည်။ နားထဲမှာလည်း အရင်ရက်ကအန်ကယ်ဝမ်ပြောသွားတဲ့အကြောင်းအရာတွေကို ပြန်ကြားယောင်နေမိသည်။ ဒီလောက်ကြီးတဲ့အကြောင်းရင်းကြီးရှိနေမှတော့ အန်ကယ်ဝမ်မူပျက်နေတာ မဆန်းတော့ပါဘူးလေ။

အန်ကယ်ဝမ်လိုမဟုတ်ပဲ အဆင့်အတန်းခွဲခြားတတ်လွန်းတဲ့ဝမ်သခင်မက သူ့ကိုနည်းနည်းလေးပင်မကြည်ဖြူပေ။ တစ်လတစ်ခါ ဝမ်ရိပေါ်ဆီလာတွေ့တဲ့အခါတွေမှာ သူ့ကိုတွေ့တဲ့အခါတိုင်း တစ်နည်းမဟုတ်တစ်နည်းဖြင့် အပြစ်ရှာတတ်သည်။ ဝမ်သခင်မရဲ့အမြင်မှာ သူ့လိုသာမန်ဆင်းရဲသားတစ်ယောက်က ဝမ်ရိပေါ်ရဲ့ဘေးမှာရောက်နေခြင်းကို ရာရာစစလို့မြင်နေပုံပင်။

သူက အတင်းကပ်တွယ်နေခြင်းမဟုတ်ပဲ သားဖြစ်သူဝမ်ရိပေါ်ကသာ သူ့ကိုချည်နှောင်ထားခြင်းဖြစ်ကြောင်းကိုတော့ မျက်ကွယ်ပြုထားပုံရသည်။ ဝမ်သခင်မစော်ကားသမျှ သူကငြိမ်ခံနေတတ်တဲ့သူမဟုတ်တဲ့အခါ ဝမ်သခင်မ ဝမ်အိမ်တော်ကိုလာတဲ့အခါတိုင်း သူနဲ့အချေအတင်ဖြစ်တတ်ကြသည်။ ဒါကြောင့်လည်း ကျိုးချန်ကောက ရှောင်းကျန့်ကို သူတို့အိမ်မှာခဏတစ်ဖြုတ်လာနေဖို့ ပြောခြင်းဖြစ်သည်။

သူနဲ့ဝမ်သခင်မ ကတောက်ကဆဖြစ်တဲ့အခါတိုင်း ဝမ်ရိပေါ်ဘယ်သူ့ဘက်က ပါမလဲဆိုတာ သိချင်နေကြမှာပဲ။ ဝမ်သခင်မက ဝမ်ရိပေါ်အတွက်တွယ်တာစရာမိခင်ကောင်းတစ်ယောက်မဟုတ်သလို သူကလည်း ဝမ်ရိပေါ်ရဲ့အချစ်တော်ဟုတ်မနေတဲ့အခါ....။

အဖြေကတော့ ရှင်းပါတယ်။ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့တဲ့အခါတိုင်း ဝမ်ရိပေါ်က ရှောင်ထွက်သွားတတ်သည်။ ဒါဟာ ဝမ်သခင်မအနေနဲ့ကြည့်ရင် ဝမ်သခင်မက သူ့ကိုပညာပေးတဲ့ကိစ္စကို ဝမ်ရိပေါ်ကအားပေးအားမြှောက် လုပ်ထားတယ်လို့မြင်နိူင်သလို သူ့ဘက်ကကြည့်မယ်ဆိုရင်လည်း ဝမ်သခင်မကို သူ့အနေနဲ့ရိုသေကြောက်ရွံ့နေစရာမလိုကြောင်း တရားဝင်ခွင့်ပြုပေးထားသလိုပင်။

ကြားလူတွေအမြင်မှာတော့ ဝမ်ရိပေါ်က သူတို့နှစ်ယောက်လုံးကို ဥပေက္ခာပြုထားသည်ပေါ့။ ထားပါ.. ဒါတွေအားလုံးက လူတစ်ယောက်ချင်းစီရဲ့အတွေးအမြင်သက်သက်ရယ်ပါ။

ခုနကအကြောင်းကို ပြန်ဆက်ရမယ်ဆို ပြီးခဲ့တဲ့နှစ်ကမှ အိမ်ထောင်ဖက်အသစ်နဲ့အတူ ဆစ်ဒနီမှာအပြီးနေတော့မယ်ဆိုပြီး ထွက်သွားတဲ့ဝမ်သခင်မက အခုပြန်ရောက်တော့မယ်ဆိုတော့ ကြည့်ရတာ ထိုတစ်ယောက်နဲ့ဇာတ်လမ်းပြတ်သွားပုံပင်။

သူဝမ်အိမ်တော်ထဲစဝင်တဲ့အချိန်ကစပြီး သူသိရသလောက် ဝမ်သခင်မက အိမ်ထောင်ဖက်တစ်ယောက်ပြီးတစ်ယောက်ပြောင်းတတ်ပေမယ့် အဲ့ဒီလူတွေထဲမှာ အန်ကယ်ဝမ်အတွက် နံပါတ်စဥ်ကပါမနေတော့ခက်သည်။ ဝမ်သခင်မတစ်ခါအိမ်ထောင်ပြုတဲ့အခါတိုင်း အန်ကယ်ဝမ်ကတော့ တစ်ခါအသည်းကွဲရပါသည်ပေါ့။

"ဟိုက်ခွမ်းဆီကနေတစ်ဆင့် ကောကြားတာတော့ ဝမ်သခင်လေးက သူ့ရဲ့အမေနဲ့တူတာတဲ့။ ငယ်ငယ်ကဆို သူတက်တဲ့အခန်းမှာ ဆင်းရဲတဲ့ကလေးတစ်ယောက်ပါနေလို့ဆိုပြီး အဲ့ဒီကလေးကိုကျောင်းထွက်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့တာဆိုပဲ"

ကျိုးချန်ကောရဲ့စကားကြောင့် ရှောင်းကျန့်မဲ့ခနဲပြုံးလိုက်မိသည်။ လူချမ်းသာတွေရဲ့အမြင်မှာ ဆင်းရဲတာက နှိမ်ချချင်စရာဟာသတစ်ခုလို့သတ်မှတ်ထားကြတာလား။ ဝမ်ရိပေါ်ကတော့ တကယ်ကို စိတ်ကြီးဝင်ပြီး ဘဝင်လေဟပ်နေတဲ့အရူးပဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။

"စကားကောင်းနေတာနဲ့ ဟိုက်ခွမ်းနဲ့ချိန်းထားတာကိုမေ့နေတာ။ မင်းရဲ့ဟိုက်ခွမ်းကောက ဝမ်သခင်လေးရှာသမျှပြဿနာတွေကို လိုက်ဖြေရှင်းပေးနေရတာနဲ့ ကောနဲ့မတွေ့ဖြစ်တာတောင်ကြာပြီ။ လူချင်းတွေ့မှ ကောင်းကောင်းဆူပစ်ရမယ်"

မကျေမချမ်းပြောလာတဲ့ ကျိုးချန်ကောကြောင့် ရှောင်းကျန့်ခပ်ဟဟရယ်လိုက်ရင်း

"ဖြည်းဖြည်းသာသာလည်း လုပ်ပါကောရ။ တော်ကြာလူပျိုကြီးက လန့်သွားပါဦးမယ်"

ကျိုးချန်ကောက တဟားဟားအော်ရယ်ရင်း သူ့ပခုံးတစ်ဖက်ကိုအသာဆုပ်ညှစ်ကာ ထွက်သွားတာမို့ ခေါင်းအသာခါလိုက်မိသည်။ ကျိုးချန်ကောက တကယ်တမ်းကျ မချစ်ပဲနေနိူင်တာလည်းမဟုတ်ပါပဲ အ​ပြောဆိုးလွန်းနေတာဖြစ်သည်။ ဒါပေမယ့် ကျိုးချန်ကောဘယ်လောက်ပဲအပြောဆိုးဆိုး သည်းခံပြီးချစ်နေပေးမယ့် ဟိုက်ခွမ်းကောရှိနေတယ်မဟုတ်လား။

တစ်လောကလုံးက ကိုယ့်ကိုအပြစ်တင်ကြမယ်ဆိုရင်တောင် ကောင်းကောင်းဆိုးဆိုးကိုယ်နဲ့အတူ အမြဲမခွာရှိနေပေးမယ့်သူတစ်ယောက်ရှိခြင်းဟာ ဘဝမှာ ကံကောင်းခြင်းဆုလာဘ်တစ်ခုပင်ဖြစ်သည်။

စိတ်ပျက်လက်ပျက်ဖြင့် ခွက်ထဲကလက်ကျန်ကို တစ်ကြိုက်ထဲမော့ချလိုက်ပြီး ထပြန်ဖို့ပြင်လိုက်ပေမယ့် စားပွဲထိုးကောင်လေးက သူ့အရှေ့မှာကော့တေးတစ်ခွက်ကို လာချပေးတာမို့

"ဟေ့.. မှားနေပြီ။ ငါဘာမှမမှာထားဘူး"

"ဟုတ်ပါတယ်ဗျ။ ဒါက ဟိုနားကဝိုင်းမှာထိုင်နေတဲ့အကိုက ဒီကရှောင်းသခင်လေးအတွက် ပို့ပေးဖို့ပြောလိုက်လို့ပါ"

စားပွဲထိုးကောင်လေးညွှန်ပြရာဆီကို လှမ်းကြည့်လိုက်တော့ ထောင့်နားကဝိုင်းမှာထိုင်နေတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က သူနဲ့ပုံစံတူ ကော့တေးခွက်ကိုကိုင်မြှောက်ပြရင်း ပြုံးပြလာတာမို့ သူ့မျက်ခုံးတွေစုကျုံ့သွားမိသည်။ ဒီတစ်ယောက်ကို သူရင်းနှီးနေသလိုမျိုးဘာလို့ခံစားနေရပါလိမ့်။





Zawgyi

ေဂဟာကျပန္လာၿပီးထဲက ဝမ္ရိေပၚကသူ႕အလုပ္ေတြနဲ႕သူ ရႈပ္ယွက္ခတ္ေနပုံရကာ အိမ္မကပ္တာမို႔ ေရွာင္းက်န့္ကဒီရက္ေတြမွာ စိတ္လက္ေပါ့ပါးလို႔ေနသည္။ ေကာင္းတာတစ္ခုလုပ္ျပၿပီးရင္ အဲ့ထက္အဆမတန္ပိုမ်ားတဲ့ ရာဇဝတ္မႈေတြကိုက်ဴးလြန္တတ္တာက ဝမ္ရိေပၚရဲ႕ထုံးစံပဲေလ။ အေရွ႕ကိုေျခလွမ္းသုံးလွမ္းတိုးခါနီးမွာ အေနာက္ကိုေျခတစ္လွမ္းႀကိဳဆုတ္ၿပီး အရွိန္ယူတယ္ဆိုတဲ့ သေဘာမ်ိဳးေပါ့။

ဝမ္ရိေပၚအိမ္မွာရွိတဲ့အခ်ိန္ေတြမွာဆို ေရွာင္းက်န့္က အခန္းထဲကအခန္းျပင္ကိုထြက္ေလ့မရွိတာမို႔ ဒီေန႕ေတာ့ၿခံထဲမွာလမ္းဆင္းေလွ်ာက္ဖို႔စဥ္းစားထားသည္။ ဝမ္ရိေပၚကသူ႕ကို ဒီအိမ္ေတာ္အတြင္းက ေနရာမွန္သမွ်ကို တံခါးမရွိဓားမရွိသြားလာခြင့္ပိတ္ထားေပမယ့္ ၿခံအေနာက္ဖက္ကဥယ်ာဥ္ကိုေတာ့ သူ႕ကိုဝင္ခြင့္မေပးေပ။ တစ္နည္းအားျဖင့္ ဝမ္အိမ္ေတာ္ရဲ႕ေျမေအာက္ခန္းရွိရာကိုသြားနိူင္တဲ့ တစ္ခုတည္းေသာဝင္ေပါက္ရွိရာ ေနရာလည္းျဖစ္သည္။

သူဒီအိမ္ေတာ္ကို စေရာက္လာခါစက ထြက္ေျပးရင္းနဲ႕တစ္ခါေရာက္ဖူးေပမယ့္ ေနာက္ပိုင္းေတာ့ဝမ္ရိေပၚက အျပင္းအထန္တားျမစ္ၿပီး လူေစာင့္ေတြပါခ်ထားတာမို႔ သူဝင္ဖို႔ ဘယ္လိုမွအခြင့္မသာခဲ့ေပ။ ဒါေၾကာင့္ ဝမ္ရိေပၚမရွိတုန္း ဒီေန႕ေတာ့ ၿခံအေနာက္ဖက္က ဥယ်ာဥ္ထဲကိုေရာက္ေအာင္သြားဖို႔ ဆုံးျဖတ္ထားသည္။

ဝမ္ရိေပၚမွာတပည့္ေတြအမ်ားႀကီးရွိတဲ့အနက္ အခ်ိဳ႕က ဝမ္ရိေပၚနဲ႕အတူပါသြားၾကတာမို႔ အိမ္ေတာ္ထဲမွာ ေရွာင္းက်န့္အျပင္ အိမ္ေတာ္ထိန္းဦးေလးလီအျပင္ အိမ္အကူသုံးေလးေယာက္ေလာက္သာရွိေလသည္။ ပုံမွန္အတိုင္း ေအာက္ထပ္ကိုဆင္းလာရင္း အိမ္အဝမွာ ဖန္ရွင္းဆိုတဲ့ေကာင္ေလးကိုေတြ႕လိုက္ရတာမို႔ က်စ္ခနဲစုတ္သတ္လိုက္မိသည္။

ဒီေကာင္ေလးက ဝမ္ရိေပၚနဲ႕အတူပါသြားတာမဟုတ္ဘူးလား။ ဖန္ရွင္းက အျခားလူေတြထက္ပိုစကားမ်ားၿပီး ပိုစပ္စုတတ္တာမို႔ သူၾကည့္မရတဲ့လူစားမ်ိဳးထဲမွာပါသည္။ ကံေကာင္းတာတစ္ခုက ဖန္ရွင္းအပါအဝင္ဝမ္ရိေပၚရဲ႕တပည့္အားလုံးက အၿမဲတမ္းတစ္သီးတစ္သန့္သာေနတတ္တဲ့သူ႕ကို ဝမ္ရိေပၚနည္းတူေၾကာက္ၾကတာမို႔ သူလာတာျမင္တာနဲ႕ ေခါင္းကိုသာတြင္တြင္ငုံ႕ထားၾကေလသည္။

သူလည္း ၿခံထဲကိုခပ္သြက္သြက္ေလွ်ာက္လာလိုက္ရင္း မေယာင္မလည္ျဖင့္ ၿခံအေနာက္ဖက္ဆီ ေလွ်ာက္သြားလိုက္ေတာ့ ဥယ်ာဥ္ရဲ႕အဝင္ဝနားမွာ ဝမ္ရိေပၚရဲ႕တပည့္ႏွစ္ေယာက္က ရပ္ေနတာမို႔ စိတ္ထဲကေနမေက်မနပ္ျဖင့္ ဝမ္ရိေပၚကိုက်ိန္ဆဲေနမိသည္။ ဘာလို႔ဝမ္ရိေပၚက သူ႕အေတြးေတြအားလုံးကို ရိပ္မိေနရတာလဲ။ သူက အဲ့ေလာက္ေတာင္ဖတ္ရတာလြယ္ေနလို႔လား။

သစ္ပင္ေတြအကြယ္ကေန လူလစ္မယ့္အခ်ိန္ကိုေစာင့္ေနရင္း ထိုႏွစ္ေယာက္က နားမွာတပ္ထားတဲ့earpieceကေနတစ္ဆင့္နားစြင့္ရင္း အထဲကိုေျပးဝင္သြားၾကတာမို႔ အခ်ိန္ေကာင္းေစာင့္ေနတဲ့ေရွာင္းက်န့္က ပုန္းေနရာကေနထြက္လာၿပီး ဥယ်ာဥ္ထဲကိုဝင္သြားလိုက္မိသည္။ စမ္းတဝါးဝါးျဖင့္ေလွ်ာက္လာရင္း ဂိုေထာင္လိုလိုအေဆာက္အဦးတစ္ခုကိုျမင္ေတာ့ လြန္ခဲ့တဲ့ငါးႏွစ္က အခ်ိန္ေတြကိုျပန္ေတြးမိေသးသည္။

ဒီဂိုေထာင္အဝအထိ ေသြးသံတရဲရဲနဲ႕ တ႐ြတ္တိုက္ဆြဲၿပီးထြက္ေျပးတဲ့ေဒၚေလးကို ဝမ္ရိေပၚကမ်က္ေတာင္တစ္ခ်က္ပင္မခတ္ပဲ အခ်က္ေပါင္းမ်ားစြာေသနတ္နဲ႕ပစ္သတ္ခဲ့တာ။ ၿပီးေတာ့ ေဒၚေလးက အသက္ထြက္သြားတဲ့အခ်ိန္အထိ တစ္ေလွ်ာက္လုံး သူ႕မ်က္လုံးေတြဆီစိုက္ၾကည့္ၿပီး အကူအညီေတာင္းခံေနခဲ့တာ။

ဒါေပမယ့္ သူကေတာ့ အကူအညီမေပးနိူင္တဲ့အျပင္ သူကိုယ္တိုင္ကလည္းဝမ္ရိေပၚရဲ႕ေထာင္ေခ်ာက္ထဲမလူးသာမလြန့္သာျဖစ္ေနတဲ့ ယုန္သူငယ္ေလးတစ္ေကာင္သာသာရယ္ျဖစ္ေနခဲ့တာ။ သူ႕ဘဝႀကီးက ဒီလိုမ်ိဳး မေကာင္းတဲ့လူတစ္ေယာက္ရဲ႕လက္ထဲမွာ ထိန္းခ်ဳပ္ခံရၿပီးအဆုံးသတ္သြားလိမ့္မယ္လို႔ သူတစ္ခါမွေတြးေတာင္မေတြးမိခဲ့ဘူးရယ္။

အေတြးလြန္ကာ ဂိုေထာင္အဝမွာရပ္ေနမိရင္းက စကားသံေတြၾကားလိုက္ရတာမို႔ အလ်င္စလိုပင္ ဂိုေထာင္ရဲ႕တံခါးအေနာက္မွာ ဝင္ပုန္းလိုက္မိသည္။ တံခါးအေပါက္ၾကားကေန အသာေခ်ာင္းၾကည့္မိေတာ့ ဝမ္ရိေပၚကသူ႕တပည့္ေတြနဲ႕အတူ ဂိုေထာင္ထဲကေန ထြက္လာတာကိုျမင္လိုက္ရတာမို႔ မ်က္လုံးျပဴးသြားမိသည္။ ဝမ္ရိေပၚက ဒီအခ်ိန္Leoမွာရွိေနရမွာမဟုတ္ဘူးလား...။

သူအကဲခတ္ၾကည့္ပုံအရ ဝမ္ရိေပၚရဲ႕ပုံစံက အလ်င္လိုေနပုံရၿပီး ေဒါသလည္းထြက္ေနဟန္တူသည္။ တျဖည္းျဖည္းနဲ႕ ဝမ္ရိေပၚတို႔က သူရွိရာတံခါးဖက္ကိုေလွ်ာက္လာေနၾကတာမို႔ ကေယာင္ကတမ္းျဖင့္ အသက္ပင္ေအာင့္ထားလိုက္မိသည္။

"ဒီတစ္ေခါက္ဝင္မယ့္ပစၥည္းေတြက အရင္ကထက္ပိုၿပီးအေရးႀကီးလို႔ အရင္တစ္ခါလို ၾကားထဲမွာအခ်ိန္ၾကန့္ၾကာသြားတာမ်ိဳး ငါမလိုခ်င္ဘူး။ ၿပီးေတာ့ အဲ့ဒီေန႕က်ရင္ ကလပ္ရဲ႕လူဝင္လူထြက္စာရင္းကို ေသခ်ာစစ္ေဆးၿပီး ​အျပင္လူေတြမဝင္နိူင္ေအာင္ မင္းကေသခ်ာစီစဥ္ထားပါ က်င္းရီ။ ဒီတစ္ခါက ငါတို႔ပိုင္နက္ထဲမွာပဲ လုပ္မွာဆိုေတာ့ ပိုၿပီးသတိထားရလိမ့္မယ္"

"ဟုတ္ကဲ့ပါ သခင္ေလး.."

"ၿပီးေတာ့..."

က်င္းရီတို႔ကို မွာစရာရွိတာေတြေသခ်ာမွာေနရင္း ဂိုေထာင္အဝင္ဝတံခါးက အနည္းငယ္လႈပ္သြားတာကို မ်က္လုံးေထာင့္ကေန လွမ္းျမင္လိုက္ရတာမို႔ ရိေပၚ​ေျပာလက္စ စကားကိုရပ္ထားလိုက္ရင္း

"တံခါးအေနာက္က ဘယ္သူလဲ။ အခုခ်က္ခ်င္း ထြက္လာခဲ့စမ္း"

သူ႕စကားသံအဆုံး ထင္ထားတဲ့အတိုင္း ေရွာင္းက်န့္ကတံခါးအေနာက္ကေနထြက္လာတာမို႔ စိတ္တိုတိုျဖင့္ အနားကိုအျမန္ေလွ်ာက္သြားလိုက္ရင္း ထိုလူ႕ရဲ႕အက်ီရင္ဘတ္စကို ဆြဲစုပ္ထားလိုက္မိသည္။

"ခင္ဗ်ားကို ဒီေနရာလာဖို႔ က်ဳပ္ခြင့္ျပဳထားသလား"

ဒီကမာၻေပၚမွာ သူအစြဲလမ္းရဆုံးကdrugsေတြဆို အမုန္းဆုံးကေတာ့ ေရွာင္းက်န့္ရဲ႕မာနေတြလႊမ္းၿခဳံလြန္းတဲ့မ်က္ဝန္းပဲျဖစ္ပါလိမ့္မည္။ အခုလည္း အက်ီရင္ဘတ္စကို ဆုပ္ကိုင္ထားတဲ့သူ႕လက္ကိုအေပၚကေန အသာအုပ္ကိုင္ရင္း မထီမဲ့ျမင္ၿပဳံးျပေနတဲ့ေရွာင္းက်န့္က သူ႕ေဒါသကိုတမင္ဆြေပးေနသလိုပင္။

"ဘာေတြလုပ္ဖို႔ႀကံစည္ေနလို႔ ဒီေလာက္ေတာင္ေဒါသေတြထြက္ေနရတာလဲ.. မစၥတာလီယိုဝမ္ရဲ႕။ ဘာလဲ ငါ့ကိုေရာ ႏႈတ္ပိတ္တဲ့အေနနဲ႕ သတ္ပစ္ေတာ့မလို႔လား"

သူ႕စကားအဆုံး မခံခ်ိမခံသာျဖစ္သြားပုံရတဲ့ဝမ္ရိေပၚရဲ႕လက္ေတြက သူ႕အက်ီရင္ဘတ္စကို ဆြဲစုပ္ထားရာကေန လည္ပင္းဆီကူးေျပာင္းလာရင္း

"က်ဳပ္မသတ္ရဲဘူးလို႔ ခင္ဗ်ားကထင္ေနလို႔လား"

ဝမ္ရိေပၚရဲ႕လက္ေခ်ာင္းေတြရဲ႕တင္းၾကပ္လာမႈေၾကာင့္ အသက္ရႉၾကပ္လာေပမယ့္ ေရွာင္းက်န့္တဟားဟားပင္ေအာ္ရယ္လိုက္မိသည္။ ထို႔ေနာက္ ဝမ္ရိေပၚရဲ႕မ်က္ဝန္းညိုေတြထဲေတ့ဆိုင္ၾကည့္လို႔

"မင္းငါ့ကို မသတ္နိူင္ပါဘူး ဝမ္ရိေပၚ....."

တစ္ထစ္ခ်ေသခ်ာလြန္းေနတဲ့ ေရွာင္းက်န့္ရဲ႕စကားေၾကာင့္ ဝမ္ရိေပၚကေမးရိုးေတြထင္းခနဲေပၚလာတဲ့အထိ အံကိုႀကိတ္ထားရင္း သူ႕စိတ္ကိုမနည္းထိန္းေနရပုံပင္။ က်ားနဲ႕ဆင္လယ္ျပင္မွာ ေတြ႕တယ္ဆိုတဲ့ဆိုရိုးအတိုင္း တစ္ေယာက္နဲ႕တစ္ေယာက္အၾကည့္ခ်င္းစစ္ခင္းေနမိၿပီး ဘယ္ဖက္ကမွစၿပီး အေလွ်ာ့ေပးမယ့္ပုံမရေပ။

သူ႕ကိုစိုက္ၾကည့္ေနတဲ့ ဝမ္ရိေပၚရဲ႕မ်က္ဝန္းထဲ စိတ္ရႈပ္ေထြးမႈ အလိုမက်မႈေတြကို ေတြ႕လိုက္ရတဲ့အခါ ေရွာင္းက်န့္ဟက္ခနဲရယ္လိုက္မိသည္။ သူ႕ေၾကာင့္ ဝမ္ရိေပၚစိတ္အေႏွာင့္အယွက္ျဖစ္ေနတာကိုျမင္ရတာ ဘယ္ေလာက္ေတာင္မွစိတ္ခ်မ္းသာစရာေကာင္းလိုက္သလဲ။

"တစ္ေန႕က်ရင္ မင္းရဲ႕မ်က္ႏွာဖုံးကိုငါကိုယ္တိုင္ ဆြဲခြာပစ္မွာ..."

ေျပာၿပီးတာနဲ႕ သူ႕လည္ပင္းေပၚကဝမ္ရိေပၚရဲ႕လက္ကိုဆြဲဖယ္လိုက္ရင္း ထိုေနရာကေန လွည့္ထြက္လာမိသည္။ အေနာက္မွာေဒါသေတြနဲ႕က်န္ခဲ့မယ့္ ဝမ္ရိေပၚရဲ႕ပုံစံကိုျမင္ေယာင္မိတာမို႔လည္း သူ႕ႏႈတ္ခမ္းပါးေတြက ေကြးၫႊတ္လို႔သြားရသည္။ သူက အခုခ်ိန္ထိ ဝမ္ရိေပၚအတြက္အသုံးဝင္ေနဆဲလူတစ္ေယာက္မို႔ ဘယ္လိုအေၾကာင္းမ်ိဳးပဲရွိရွိ ဝမ္ရိေပၚကသူ႕ကိုသတ္ပစ္မွာမဟုတ္ဘူးဆိုတာ ေသခ်ာသိေနသည္။

ဥယ်ာဥ္ထဲကေန သူျပန္ထြက္လာတဲ့အခ်ိန္ ၿခံထဲမွာရပ္ထားတဲ့ ကားတစ္စီးေၾကာင့္ မ်က္ခုံးပင့္လိုက္မိသည္။ ထို႔ေနာက္ အနီးအနားကိုေဝ့ဝိုက္ၾကည့္မိေတာ့ ထင္ထားတဲ့အတိုင္း အန္ကယ္ဝမ္ကို ႏွင္းဆီပန္းေတြစိုက္ထားတဲ့ေနရာေလးမွာ ရပ္ေနတာေတြ႕တာမို႔ ထိုအနားကိုေလွ်ာက္သြားလိုက္မိသည္။

"ဘယ္လိုလဲ... လီယိုနဲ႕ရန္ျဖစ္ရတာၿငီးေငြ႕ေနၿပီလား"

ဝမ္ရိေပၚရဲ႕ဒယ္ဒီပီသစြာပင္ နားပါးလြန္းတဲ့အန္ကယ္ဝမ္က ေက်ာေပးထားရက္ကေနေျပာရင္း သူ႕ဘက္ကိုခပ္ၿပဳံးၿပဳံးျဖင့္ လွည့္ၾကည့္လာတာမို႔ ပခုံးႏွစ္ဖက္ကိုအသာတြန့္ျပလိုက္မိသည္။ သူ႕ရဲ႕တုံ႕ျပန္ပုံကို သေဘာက်သြားပုံရတဲ့အန္ကယ္ဝမ္က ထုံးစံအတိုင္းတဟားဟားရယ္ရင္း အနီးအနားမွာရွိတဲ့ ႏွင္းဆီပန္းေတြဆီ အာ႐ုံျပန္ေရာက္သြားတာမို႔

"အန္ကယ့္ကိုၾကည့္ရတာ တစ္ခုခုျဖစ္ေနသလိုပဲ။ ဒါမွမဟုတ္..."

သူ႕အေနနဲ႕ ဆက္ၿပီးေျပာလို႔မေကာင္းတာမို႔ စကားကိုတစ္ဝက္တစ္ပ်က္မွာတင္ ရပ္ထားမိေတာ့ အန္ကယ္ဝမ္က ႏွင္းဆီပန္းရဲ႕ရိုးတံက ဆူးေတြကိုလက္ေခ်ာင္းေတြျဖင့္ ထိေတြ႕ေနရင္းက မခ်ိတရီၿပဳံးရင္း

"ႏွင္းဆီေတြက လွသေလာက္ သိပ္ၿပီးလည္းအႏၲရာယ္မ်ားတယ္။ သူ႕ကိုဘယ္ေလာက္ပဲ ျမတ္နိုးပါတယ္ဆိုၿပီး ဂ႐ုတစိုက္နဲ႕စိုက္ပ်ိဳးခဲ့လည္း ေသခ်ာမယုယတတ္တဲ့အခါ ကိုယ့္ကိုျပန္ၿပီး အႏၲရာယ္ျဖစ္ေစနိူင္ေသးတာ"

သတိလက္လြတ္ျဖင့္ ေျပာခ်င္ရာေျပာေနမိၿပီးမွ အားက်န့္ကိုၾကည့္လိုက္ေတာ့ သူ႕ကိုအထူးတဆန္းလိုၾကည့္ေနတာမို႔ အရွက္ေျပေခ်ာင္းတစ္ခ်က္ဟန့္လို႔ ရယ္လိုက္မိရင္း အားက်န့္ရဲ႕ပခုံးကိုအသာပုတ္ကာ သူ႕ရဲ႕သားေတာ္ေမာင္ရွိရာ ၿခံအေနာက္ဖက္ကိုထြက္လာခဲ့လိုက္သည္။

သူကလည္း သူပါပဲ...။ အသက္ေတြႀကီးၿပီး အခ်ိန္ေတြဘယ္ေလာက္ပဲေျပာင္းေျပာင္း ဒီအေၾကာင္းေတြကိုေတြးမိတဲ့အခါတိုင္း စိတ္လြတ္ေနတဲ့လူတစ္ေယာက္လိုျဖစ္သြားတတ္တာ။

ကေလးဘဝကေန အ႐ြယ္ေရာက္လာတဲ့အခ်ိန္အထိ သူနဲ႕အစစအရာရာမွာ စရိုက္တူလြန္းတဲ့လီယိုေၾကာင့္ သူအၿမဲဂုဏ္ယူခဲ့ရေပမယ့္ ဒီကိစၥမွာေတာ့ လီယိုကိုသူနဲ႕မတူဖို႔ဆုေတာင္းမိသည္။ သူကအခ်စ္ေရးမွာကံေခခဲ့ေပမယ့္ လီယိုကိုေတာ့ ကံေကာင္းေစခ်င္သည္။

တစ္ခ်ိဳ႕ေသာကိစၥေတြမွာ လီယိုဘက္ကမွားေကာင္းမွားေနနိူင္ေပမယ့္ သူကိုယ္တိုင္ထိန္းေက်ာင္းလာခဲ့တဲ့ကေလးရဲ႕အေၾကာင္းကို သိေနတာမို႔ သူ႕အတြက္ေတာ့လီယိုေပ်ာ္ေနဖို႔သာ အေရးအႀကီးဆုံးျဖစ္သည္။ လီယိုအတြက္ဖခင္ေကာင္းတစ္ေယာက္မျဖစ္နိူင္ဘူးဆိုရင္ေတာင္ ယုံၾကည္လို႔ရမယ့္ ရင္ဖြင့္ေဖာ္မိတ္ေဆြေကာင္း သူငယ္ခ်င္းေကာင္းတစ္ေယာက္ေတာ့ ျဖစ္ေပးခ်င္သည္။

အားက်န့္က လူေကာင္းေလးတစ္ေယာက္ျဖစ္သည္။ လီယိုရဲ႕လုပ္ရပ္ေတြေၾကာင့္ လီယိုကိုအမုန္းႀကီးမုန္းေနေပမယ့္လည္း သူ႕ကိုေတာ့ ရိုေသရွာသည္။ တစ္ခါတစ္ေလမွာ လီယိုနဲ႕အားက်န့္ကိုျမင္ရတဲ့အခါတိုင္း သူနဲ႕လီယိုရဲ႕မာမီအေၾကာင္းကို ျပန္ၿပီးအမွတ္ရမိသည္။

သူလည္းတစ္ခ်ိန္က မာနဆိုတဲ့အရာကို တခုတ္တရနဲ႕ဖက္တြယ္ခဲ့ဖူးသည္။ ဘယ္သူမွမရွိေတာ့ရင္ေတာင္ ထိုအရာကေတာ့သူ႕ကိုအေဖာ္ျပဳေပးနိူင္လိမ့္မယ္လို႔ ထင္ခဲ့ဖူးသည္။ လူတစ္ေယာက္ရဲ႕စိတ္ဆိုတာလည္း ခန့္မွန္းရခက္သားလား။ တစ္ခ်ိန္က အေရးမႀကီးဘူးလို႔သတ္မွတ္ၿပီး ဥေပကၡာျပဳခဲ့မိတဲ့ အရာေတြက ေနာင္တစ္ခ်ိန္မွာ ကိုယ့္ဘဝထဲေနာင္တေတြအျဖစ္နဲ႕သာက်န္ခဲ့လိမ့္မယ္လို႔ ဘယ္သူကေတြးမိပါ့မလဲ။

...

"ဝမ္သခင္မဒီရက္ထဲမွာ တ႐ုတ္ကိုျပန္လာမယ္ဆို... ေကာတို႔ဆီမွာ ခဏလာေနပါလား ေရွာင္းက်န့္။ ေကာတို႔အိမ္ကို မေရာက္ျဖစ္တာလည္း ၾကာေနၿပီမလား"

က်ိဳးခ်န္ေကာရဲ႕အဓိပၸါယ္ပါလွတဲ့စကားေၾကာင့္ ေရွာင္းက်န့္လက္ထဲမွာကိုင္ထားတဲ့ ေဗာ့ကာကိုတစ္ငုံေမာ့လိုက္ရင္း ေခါင္းအသာခါျပလိုက္မိသည္။ နားထဲမွာလည္း အရင္ရက္ကအန္ကယ္ဝမ္ေျပာသြားတဲ့အေၾကာင္းအရာေတြကို ျပန္ၾကားေယာင္ေနမိသည္။ ဒီေလာက္ႀကီးတဲ့အေၾကာင္းရင္းႀကီးရွိေနမွေတာ့ အန္ကယ္ဝမ္မူပ်က္ေနတာ မဆန္းေတာ့ပါဘူးေလ။

အန္ကယ္ဝမ္လိုမဟုတ္ပဲ အဆင့္အတန္းခြဲျခားတတ္လြန္းတဲ့ဝမ္သခင္မက သူ႕ကိုနည္းနည္းေလးပင္မၾကည္ျဖဴေပ။ တစ္လတစ္ခါ ဝမ္ရိေပၚဆီလာေတြ႕တဲ့အခါေတြမွာ သူ႕ကိုေတြ႕တဲ့အခါတိုင္း တစ္နည္းမဟုတ္တစ္နည္းျဖင့္ အျပစ္ရွာတတ္သည္။ ဝမ္သခင္မရဲ႕အျမင္မွာ သူ႕လိုသာမန္ဆင္းရဲသားတစ္ေယာက္က ဝမ္ရိေပၚရဲ႕ေဘးမွာေရာက္ေနျခင္းကို ရာရာစစလို႔ျမင္ေနပုံပင္။

သူက အတင္းကပ္တြယ္ေနျခင္းမဟုတ္ပဲ သားျဖစ္သူဝမ္ရိေပၚကသာ သူ႕ကိုခ်ည္ေႏွာင္ထားျခင္းျဖစ္ေၾကာင္းကိုေတာ့ မ်က္ကြယ္ျပဳထားပုံရသည္။ ဝမ္သခင္မေစာ္ကားသမွ် သူကၿငိမ္ခံေနတတ္တဲ့သူမဟုတ္တဲ့အခါ ဝမ္သခင္မ ဝမ္အိမ္ေတာ္ကိုလာတဲ့အခါတိုင္း သူနဲ႕အေခ်အတင္ျဖစ္တတ္ၾကသည္။ ဒါေၾကာင့္လည္း က်ိဳးခ်န္ေကာက ေရွာင္းက်န့္ကို သူတို႔အိမ္မွာခဏတစ္ျဖဳတ္လာေနဖို႔ ေျပာျခင္းျဖစ္သည္။

သူနဲ႕ဝမ္သခင္မ ကေတာက္ကဆျဖစ္တဲ့အခါတိုင္း ဝမ္ရိေပၚဘယ္သူ႕ဘက္က ပါမလဲဆိုတာ သိခ်င္ေနၾကမွာပဲ။ ဝမ္သခင္မက ဝမ္ရိေပၚအတြက္တြယ္တာစရာမိခင္ေကာင္းတစ္ေယာက္မဟုတ္သလို သူကလည္း ဝမ္ရိေပၚရဲ႕အခ်စ္ေတာ္ဟုတ္မေနတဲ့အခါ....။

အေျဖကေတာ့ ရွင္းပါတယ္။ သူတို႔ႏွစ္ေယာက္ထိပ္တိုက္ေတြ႕တဲ့အခါတိုင္း ဝမ္ရိေပၚက ေရွာင္ထြက္သြားတတ္သည္။ ဒါဟာ ဝမ္သခင္မအေနနဲ႕ၾကည့္ရင္ ဝမ္သခင္မက သူ႕ကိုပညာေပးတဲ့ကိစၥကို ဝမ္ရိေပၚကအားေပးအားျမႇောက္ လုပ္ထားတယ္လို႔ျမင္နိူင္သလို သူ႕ဘက္ကၾကည့္မယ္ဆိုရင္လည္း ဝမ္သခင္မကို သူ႕အေနနဲ႕ရိုေသေၾကာက္႐ြံ႕ေနစရာမလိုေၾကာင္း တရားဝင္ခြင့္ျပဳေပးထားသလိုပင္။

ၾကားလူေတြအျမင္မွာေတာ့ ဝမ္ရိေပၚက သူတို႔ႏွစ္ေယာက္လုံးကို ဥေပကၡာျပဳထားသည္ေပါ့။ ထားပါ.. ဒါေတြအားလုံးက လူတစ္ေယာက္ခ်င္းစီရဲ႕အေတြးအျမင္သက္သက္ရယ္ပါ။

ခုနကအေၾကာင္းကို ျပန္ဆက္ရမယ္ဆို ၿပီးခဲ့တဲ့ႏွစ္ကမွ အိမ္ေထာင္ဖက္အသစ္နဲ႕အတူ ဆစ္ဒနီမွာအၿပီးေနေတာ့မယ္ဆိုၿပီး ထြက္သြားတဲ့ဝမ္သခင္မက အခုျပန္ေရာက္ေတာ့မယ္ဆိုေတာ့ ၾကည့္ရတာ ထိုတစ္ေယာက္နဲ႕ဇာတ္လမ္းျပတ္သြားပုံပင္။

သူဝမ္အိမ္ေတာ္ထဲစဝင္တဲ့အခ်ိန္ကစၿပီး သူသိရသေလာက္ ဝမ္သခင္မက အိမ္ေထာင္ဖက္တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းတတ္ေပမယ့္ အဲ့ဒီလူေတြထဲမွာ အန္ကယ္ဝမ္အတြက္ နံပါတ္စဥ္ကပါမေနေတာ့ခက္သည္။ ဝမ္သခင္မတစ္ခါအိမ္ေထာင္ျပဳတဲ့အခါတိုင္း အန္ကယ္ဝမ္ကေတာ့ တစ္ခါအသည္းကြဲရပါသည္ေပါ့။

"ဟိုက္ခြမ္းဆီကေနတစ္ဆင့္ ေကာၾကားတာေတာ့ ဝမ္သခင္ေလးက သူ႕ရဲ႕အေမနဲ႕တူတာတဲ့။ ငယ္ငယ္ကဆို သူတက္တဲ့အခန္းမွာ ဆင္းရဲတဲ့ကေလးတစ္ေယာက္ပါေနလို႔ဆိုၿပီး အဲ့ဒီကေလးကိုေက်ာင္းထြက္ဖို႔ အတင္းအက်ပ္ဖိအားေပးခဲ့တာဆိုပဲ"

က်ိဳးခ်န္ေကာရဲ႕စကားေၾကာင့္ ေရွာင္းက်န့္မဲ့ခနဲၿပဳံးလိုက္မိသည္။ လူခ်မ္းသာေတြရဲ႕အျမင္မွာ ဆင္းရဲတာက ႏွိမ္ခ်ခ်င္စရာဟာသတစ္ခုလို႔သတ္မွတ္ထားၾကတာလား။ ဝမ္ရိေပၚကေတာ့ တကယ္ကို စိတ္ႀကီးဝင္ၿပီး ဘဝင္ေလဟပ္ေနတဲ့အ႐ူးပဲ။ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ။

"စကားေကာင္းေနတာနဲ႕ ဟိုက္ခြမ္းနဲ႕ခ်ိန္းထားတာကိုေမ့ေနတာ။ မင္းရဲ႕ဟိုက္ခြမ္းေကာက ဝမ္သခင္ေလးရွာသမွ်ျပႆနာေတြကို လိုက္ေျဖရွင္းေပးေနရတာနဲ႕ ေကာနဲ႕မေတြ႕ျဖစ္တာေတာင္ၾကာၿပီ။ လူခ်င္းေတြ႕မွ ေကာင္းေကာင္းဆူပစ္ရမယ္"

မေက်မခ်မ္းေျပာလာတဲ့ က်ိဳးခ်န္ေကာေၾကာင့္ ေရွာင္းက်န့္ခပ္ဟဟရယ္လိုက္ရင္း

"ျဖည္းျဖည္းသာသာလည္း လုပ္ပါေကာရ။ ေတာ္ၾကာလူပ်ိဳႀကီးက လန့္သြားပါဦးမယ္"

က်ိဳးခ်န္ေကာက တဟားဟားေအာ္ရယ္ရင္း သူ႕ပခုံးတစ္ဖက္ကိုအသာဆုပ္ညွစ္ကာ ထြက္သြားတာမို႔ ေခါင္းအသာခါလိုက္မိသည္။ က်ိဳးခ်န္ေကာက တကယ္တမ္းက် မခ်စ္ပဲေနနိူင္တာလည္းမဟုတ္ပါပဲ အ​ေျပာဆိုးလြန္းေနတာျဖစ္သည္။ ဒါေပမယ့္ က်ိဳးခ်န္ေကာဘယ္ေလာက္ပဲအေျပာဆိုးဆိုး သည္းခံၿပီးခ်စ္ေနေပးမယ့္ ဟိုက္ခြမ္းေကာရွိေနတယ္မဟုတ္လား။

တစ္ေလာကလုံးက ကိုယ့္ကိုအျပစ္တင္ၾကမယ္ဆိုရင္ေတာင္ ေကာင္းေကာင္းဆိုးဆိုးကိုယ္နဲ႕အတူ အၿမဲမခြာရွိေနေပးမယ့္သူတစ္ေယာက္ရွိျခင္းဟာ ဘဝမွာ ကံေကာင္းျခင္းဆုလာဘ္တစ္ခုပင္ျဖစ္သည္။

စိတ္ပ်က္လက္ပ်က္ျဖင့္ ခြက္ထဲကလက္က်န္ကို တစ္ႀကိဳက္ထဲေမာ့ခ်လိဳက္ၿပီး ထျပန္ဖို႔ျပင္လိုက္ေပမယ့္ စားပြဲထိုးေကာင္ေလးက သူ႕အေရွ႕မွာေကာ့ေတးတစ္ခြက္ကို လာခ်ေပးတာမို႔

"ေဟ့.. မွားေနၿပီ။ ငါဘာမွမမွာထားဘူး"

"ဟုတ္ပါတယ္ဗ်။ ဒါက ဟိုနားကဝိုင္းမွာထိုင္ေနတဲ့အကိုက ဒီကေရွာင္းသခင္ေလးအတြက္ ပို႔ေပးဖို႔ေျပာလိုက္လို႔ပါ"

စားပြဲထိုးေကာင္ေလးၫႊန္ျပရာဆီကို လွမ္းၾကည့္လိုက္ေတာ့ ေထာင့္နားကဝိုင္းမွာထိုင္ေနတဲ့ ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္က သူနဲ႕ပုံစံတူ ေကာ့ေတးခြက္ကိုကိုင္ျမႇောက္ျပရင္း ၿပဳံးျပလာတာမို႔ သူ႕မ်က္ခုံးေတြစုက်ဳံ႕သြားမိသည္။ ဒီတစ္ေယာက္ကို သူရင္းႏွီးေနသလိုမ်ိဳးဘာလို႔ခံစားေနရပါလိမ့္။











Đọc tiếp

Bạn Cũng Sẽ Thích

3.8M 159K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
16.9K 1.2K 11
အျမဲတမ္​းစြာစိလန္​​ေနတဲ့ မင္​းႏႈတ္​​ခမ္း​ေလးကို ကိုက္​စားပစ္​ခ်င္​တယ္​ -ဝမ္​ရီ​ေပၚ ကြၽန္​​ေတာ္​့ကို အျမဲတမ္​း ငို​ေအာင္​စတဲ့ ခင္​မ်ားႀကီး​ကို​ အျမင္​...
235K 16.6K 25
**Wang Yibo*** **Xiao Zhan***
676K 52.1K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...