စာအုပ်ထဲသို့ကူးပြောင်းသွားခြင...

By suyinhtike

33.5K 2.5K 47

This is translation story. World-1 (24 chapters) World-2 (21 chapters) World-3 (..... More

Synopsis
1.A Curse book
2. World-1: Let me hear your voice
3. World-1.2
4. World-1.3
5. World 1.4
6. World-1.5
7. World-1.6
8. World-1.7
10. World-1.9
11. World-1.10
12. World-1.11
13. World-1.12
14. World-1.13
15. World-1.14
16. World-1.15
17. World-1.16
18. World-1.17
19. World-1.18
20. World-1.19
21.World-1.20
22. World-1.21
World-1.22
World-1.23
World-1.24: Memories(Final)

9. World-1.8

788 87 5
By suyinhtike

Unicode

ယန်လည်း စိတ်မကောင်းဖြစ်နေသေးပေမဲ့ အနည်းဆုံးတော့Jihoonကို နည်းနည်းလောက် စိတ်သက်သာရာရအောင် လုပ်လိုက်နိုင်သည်... ဆရာဝန်ပြောတာက သူ့အဖေက စိတ်လှုပ်ရှားပြီး မေ့လဲသွားတာလို့ပြော၏... ဖြစ်နိုင်တာက သူနဲ့ အပြင်ထွက်သွားတာကို စိတ်ပူတာဖြစ်နိုင်သည်...

ယန်က သူ့ပုခုံးကိုမှီကာ အိပ်နေတဲ့ Omegaလေးကို ကြည့်လိုက်၏.... သူတို့လက်တွေက တစ်ယောက်ကိုတစ်ယောက် ဆုပ်ကိုင်ထားပြီး ဒီလိုလေး လက်တွေကိုဆုပ်ကိုင်ထားတာက အနည်းငယ် စိတ်သက်သာရာရမည်ဟု ယန်ထင်သည်...

"Jihoon...ထတော့" သူညင်သာစွာ နှိုးလိုက်၏...

Jihoonက ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်ပြီး သူ့ကို ပြုံးပြနေသည့် ယန်ကိုကြည့်လိုက်သည်... "အဆင်ပြေသွားပြီလား" ယန်ကမေးလိုက်တော့ Jihoonက ခေါင်းညှိမ့်ပြလိုက်သည်... ထို့နောက် သူတို့လက်တွေဆုပ်ကိုင်ထားတာကိုတွေ့တော့ Jihoonတစ်ယောက် ရှက်သွားလေ၏... သူမြန်မြန်ပဲလက်ကိုလွှတ်လိုက်လေသည်...

ယန်က Jihoonကို သူ့အဖေနှင့်သီးသန့်စကားပြောဖို့ထားခဲ့ပြီး သူကတော့ဆေးရုံပန်းခြံသို့ ဆင်းလာခဲ့သည်... 

Author : မင်းအိမ်မပြန်ဘူးလား...

{ဟင့်အင်း...ကျွန်တော်Jihoonဘေးမှာ ရှိနေရမယ်... သူကျွန်တော့်ကိုလိုအပ်တယ်}  

Author : မင်းဒီအခွင့်အရေးကိုသုံးပြီး missionပြီးဖို့လုပ်နေတာပါ...

{အဲ့ဒါလည်းပါတာပေါ့! ဒါပေမဲ့ ကျွန်တော်စိတ်မကောင်းဖြစ်နေတုန်းပဲ}

Author : ဒါဆို အခုက အပြစ်ရှိသလိုခံစားနေရတဲ့ပုံပေါ့...

{ကျွန်တော့်ကို ဘယ်လိုတောင်တွေးထားတာလဲ! ဒီမှာ..ကျွန်တော်က နှလုံးသားမရှိတဲ့လူမဟုတ်ပါဘူးနော်}

Author : Oh! Jihoonလာနေပြီ... 

Omegaရောက်လာတော့ သူကယန်ရဲ့ဘေးမှာထိုင်ကာ သူ့ပုခုံးတွေကတော့ Alphကိုထိနေ၏...

"ပြီးသွားပြီလား...မင်းအဖေဘယ်လိုနေသေးလဲ" ယန်ပြောလိုက်တော့ Jihoonကခေါင်းသာပြန်ညှိမ့်ပြ၏...

ဒါပေါ့...ယန်က သူပြန်ဖြေလာဖို့ကိုလည်း မမျှော်လင့်ထားပါဘူး... Jihoonက စကားမှမပြောနိုင်တာ...သူတို့နှစ်ယောက်ကြားဒီလိုကြီး တိတ်ဆိတ်နေမယ့်အစား ယန်က စကားစပြောလိုက်သည်..."မင်းသိလား...ကိုယ်ပန်းတွေကို သဘောကျတယ်... မရီရဘူးလား... ကိုယ်က Alphaတစ်ယောက်ဆိုပေမဲ့ ပန်းတွေကို သဘောကျတယ်" သူက Jihoonကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်၏... 

Author : လူလိမ်! 

{ပါးစပ်ပိတ်ထား! ကျွန်တော့်ကို မနှောက်ယှက်နဲ့} 

"ပန်းလေးတွေက အရမ်းနူးညံ့ပြီး လှပတယ်...မင်းလိုပဲလေ..Jihoon မင်းက ကိုယ့်မျက်လုံးထဲမှာတော့ ပန်းလေးတစ်ပွင့်လိုပဲ"ယန်မှာ Omegaလေးက သူ့စကားတွေကြောင့် ရှက်သွေးဖြာသွားတာကိုတွေ့တော့ ကိုယ့်ကိုယ်ကိုဂုဏ်ယူနေလေသည်...

Jihoonက သူကြားလိုက်ရတဲ့စကားတွေကြောင့် အလွန်ရှက်နေ၏... ဒါက ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်က သူ့ကိုချီးမွမ်းတာပင်... သူယန်ကို အရမ်းကျေးဇူးတင်သည်... သူအခက်အခဲတွေ့နေတဲ့အချိန်တိုင်း ယန်က သူ့ဘေးမှာရှိနေပေးသည်... ယန်သာမရှိရင် အခုချိန်မှာ သူ့အဖေအသက်အန္တရာယ်ရှိနေလောက်ပြီ... အတိတ်တုန်းက အိပ်မက်ဆိုးတွေကို သူကြောက်လန့်နေတုန်းပဲ... အဲ့ဒီ့ယုတ်မာတဲ့Alphaတွေရဲ့ မျက်နှာတွေကို သူရှင်းရှင်းလင်းမှတ်မိနေဆဲပင်... အဲ့တုန်းက သူက ကလေးတစ်ယောက်သာသာမလို့ သူ့အမေကို မကယ်တင်လိုက်နိုင်ပေ... 

အဲ့ဒီအရာတွေကို ပြန်သတိရတော့ သူအသက်ရှူကြပ်လာ၏.... သူ့ပါးပေါ်မှာ မျက်ရည်တွေစီးကျနေတာကိုတောင် သတိမထားမိပေ... "Jihoon!ဘာလို့ငိုနေတာလဲ" ယန်က ထိတ်လန့်သွားပေမဲ့ Omegaလေးကို သူ့ရင်ခွင်ထဲမှာ မှီစေလျက် နောက်ကျောကို အသာအယာပွတ်သပ်ပေးနေသည်... "ကိုယ်အမှားတစ်ခုခုလုပ်လိုက်မိလို့လား...ကိုယ်တောင်းပန်ပါတယ်..OKလား" ယန်က ချော့မော့တဲ့ လေသံနှင့်ပြောလိုက်၏...

{ကျွန်တော့်စကားတွေက သူ့ကိုဒီလောက်ထိငိုသွားစေတာလား}

Author : အရူးကောင်! သူကသူ့မိဘတွေအကြောင်းကို ပြန်စဉ်းစားနေတာ...

ယန်က သူ့ရင်ခွင်ထဲက Omegaလေးကိုကြည့်လိုက်ကာ ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်၏... "Jihoon...မကြောက်ပါနဲ့" သူက Jihoonပါးလေးကိုကိုင်ကာ သူ့ကိုမော့ကြည့်စေလိုက်သည်... "ကိုယ်ရှိတယ်....မင်းအနားမှာ ကိုယ်ရှိနေပါတယ်" ယန်က Jihoonပါးပေါ်က မျက်ရည်တွေကို သူ့လက်ချောင်းတွေနဲ့ သုတ်ပေးကာ "မငိုနဲ့တော့...နော် ကိုယ်သာမင်းကိုစောစောတွေ့ခဲ့ရင် မင်းကို ဒီလိုမျိုးမခံစားစေရဘူးဆိုတာ ကိုယ်ကတိပေးတယ်"ယန်ဆိုသည်...

"ကိုယ်လာတာအရမ်းနောက်ကျသွားလို့ တောင်းပန်ပါတယ်" ယန်က သူဘာကိုဆိုလိုချင်တာလဲဆိုတာ သူကိုယ်တိုင်သာသိ၏... သူသာ စာအုပ်ကို စောစောကောက်မိရင် Jihoonတစ်ယောက်တည်း ဒီလိုမခံစားနေရလောက်ဘူးဟု သူတွေးနေသည်... ဒီအမျိုးသားဇာတ်လိုက်လေးရဲ့ဘဝကို သူအရမ်းသနားသည်...

{သူက ဒီလိုဒုက္ခတွေနဲ့ မထိုက်တန်ပါဘူး}

Author : မင်းခံစားချက်ကိုသိပေမဲ့ ဇာတ်ကြောင်းကို မဖျက်ဆီးပါနဲ့...

မိနစ်အနည်းငယ်လောက်ကြာတော့ Jihoonပြန်အဆင်ပြေသွားသည်... အရမ်းနောက်ကျနေတာကြောင့် ဆေးရုံစောင့်တွေက ဧည့်တွေ့ချိန်ကုန်သွားပြီဟု လာပြော၏... ထို့ကြောင့် Jihoonက ဆေးရုံမှာနေလို့မရတော့ဘဲ ယန်ကသူ့ကို အိပ်ပြန်ခေါ်လာလိုက်သည်...

"တံခါးကိုသေချာသော့ခတ်ပြီး နိုးနိုးကြားကြားနေနော်... ကိုယ်မင်းကို စိတ်မချဘူး" ယန်က ပြောလိုက်ပေမဲ့ Omega လေးက ဘာမှပြန်မပြောပေ...

"ကိုယ်သွားတော့မယ်...မနက်ဖြန်တွေ့မယ်နော်" ယန်ကပြောပြီး လှည့်ထွက်သွားလိုက်ပေမဲ့ သူ့အင်္ကျီစကိုလာဆွဲသလို ခံစားလိုက်ရတာကြောင့် လမ်းတစ်ဝက်မှာတင် ရပ်လိုက်၏...Jihoonက သူ့ကို မသွားစေချင်သလို ဆွဲထားတာပင်....

"မင်း...မင်း ကိုယ့်ကို ဒီမှာနေစေချင်တာလား" သူမေးတော့ Omegaလေးက ခေါင်းညှိမ့်ပြ၏...

အဆုံးမှာတော့ ယန်ဟာ Jihoonအိမ်တွင်နေရန် အခွင့်အရေးရခဲ့ပြီဖြစ်သည်..... 

"ကိုယ်ဆိုဖာပေါ်မှာအိပ်လိုက်မယ်...ကိုယ့်အတွက် စိတ်အနှောက်အယှက် အဖြစ်မခံပါနဲ့" ယန်ပြောပြီး Jihoonပေးတဲ့ ခေါင်းအုံးနဲ့စောင်ကိုယူကာ လှဲလိုက်သည်... 

ယန်က ဒီညမှာ ဘာမှမတွေးခဲ့ပေ... သူအရမ်းပင်ပန်းနေတာကြောင့် အိပ်ပျော်တော့မယ့်အချိန်မှာပဲ ဧည့်ခန်းထဲမှာ ကျယ်လောင်တဲ့အသံတစ်ခုက သူ့ကိုနှောက်ယှက်လိုက်တော့သည်....

Alert! Alert! Warning!

ယန်က Systemရဲ့အသံကြောင့် နိုးလာ၏... သူ့နားထဲမှာ အရမ်းကိုကျယ်လောင်နေသော်လည်း သမ်းဝေလိုက်ပြီး ခေါင်းအုံးနောက်တစ်လုံးဆွဲကာ သူ့နားကိုအုပ်ထားလိုက်လေသည်... ထို့နောက် သူ့ရင်ဘတ်ပေါ်ကို တစ်စုံတစ်ခုရောက်လာပြီး ရွေ့လျားနေတာကို ခံစားရလိုက်လေသည်... အရမ်းမှောင်နေတာကြောင့် သူ့ဖုန်းကို မြန်မြန်ဆွဲယူကာမီးထွန်းလိုက်၏...

"Jihoon! မင်းဘာလုပ်နေတာလဲ!" သူပြောကာ omegaလေးကို ကြမ်းပြင်ပေါ်သို့တွန်းလိုက်သည်... 

 ထို့နောက် Systemမှ အနီရောင်မီးတွေပေါ်လာပြန်လေ၏... 'Warning! He Is In Heat! Repeat! He Is In Heat!'

{တကယ်ကြီးလား!} 

"Jihoon...စိတ်လျှော့ထား ဟုတ်ပြီလား ခဏစော......" သူမြန်မြန်နှာခေါင်းပိတ်လိုက်၏...

{author...ကျွန်တော်ဘာလုပ်ရမလဲ သူ့ pheromonesတွေက အရမ်းပြင်းနေတယ်"  

Author : အရမ်းနောက်မကျခင် သူ့ကိုမြန်မြန်ထိန်းချုပ်ဆေးပေးလိုက်....

Jihoonရဲ့Pheromonesတွေက သူ့အပေါ်မှာ သက်ရောက်နေပြီဆိုတာ ယန်ဝန်ခံသည်... Jihoonက Dominant Omegaတစ်ယောက်မလို့ သူ့ရဲ့Heat Cycleက ပုံမှန်တွေOmegaထက်ပိုသန်မာ၏... သူမြန်မြန်ထကာ Jihoonအိပ်ခန်းထဲကို သွားလိုက်ပြီး အံဆွဲတိုင်းကိုရှာပေမဲ့ ဘယ်နေရာမှာမှ ထိန်းချုပ်ဆေးကိုမတွေ့ပေ.... 

{သေစမ်း! သူအခန်းထဲဝင်လာပြီး တံခါးကို လော့ချလိုက်ပြီ}

Author : တစ်ခုခုလုပ်လေ... စိတ်မလွတ်သွားစေနဲ့...

{အင်း... ကျွန်...ကျွန်တော်ထိန်းထားပေမဲ့ သူ့....သူ့ Pheromonesတွေက သန်....သန်မာလွန်းနေတယ်}

Author : မရှူနဲ့လေ! မင်းသူ့ကို လိုချင်....

{တော်! အဲ့လိုတွေပြောမနေနဲ့... ဒီမှာ ကျွန်တော် မနည်းထိန်းချုပ်ထားတာ}

Omegaလေးက သူ့ဆီကို လျှောက်လာတာကြောင့် ချန်းယန်က နောက်တစ်လှမ်းဆုတ်လိုက်၏...

 Author : ဒါပေမဲ့ မင်းအတွေးထဲမှာ သူ့ညည်းသံလေးတွေကို ပိုကြားချင်နေတယ်မလား...

{ပါးစပ်ပိတ်ထား! ကျွန်တော့်အတွေးတွေကို ဝင်မဖတ်နဲ့!} 

ယန်ရဲ့အကြည့်က မတော်တဆ Jihoonရဲ့ boxerကိုရောက်သွား၏...

"Shit! သူတကယ်မာနေပြီး....စိုလည်း...စိုနေပြီ"  





Zawgyi
















Author : လူလိမ်! 












"တံခါးကိုသေချာသော့ခတ်ပြီး နိုးနိုးကြားကြားနေနော်... ကိုယ်မင်းကို စိတ်မချဘူး" ယန်က ပြောလိုက်ပေမဲ့ Omega လေးက ဘာမြှပန်မပြောပေ...






Alert! Alert! Warning!




{တကယ်ကြီးလား!} 


















Continue Reading

You'll Also Like

34.5K 3.4K 78
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
143K 7.1K 44
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
64.5K 1.8K 23
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
162K 3.8K 83
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...