"ရားး ဂျွန်ဂျောင်ကု! !!"
"ဗျာ လာပါပြီ ဘာဖြစ်လို့လဲကလေး"
Jungkook ဆော့ဂျင်မျက်နှာကို ကြည့်လိုက်တော့ ဘာတွေအလိုမျက်ဖြစ်နေတယ်မသိ မျက်နှာလေးက ရှုံ့မဲ့နေ၏။
"ဒီမှာ အီးတွေ! ခင်များခွေးပါထားတာ ကြည့်! နံဟောင်နေတာပဲ"
မျက်နှာလေးရှုံ့မဲ့ကာ ဧည့်ခန်းထဲတွင် Bam ပါထားသော အီးပုံကြည့်ပြီး လက်ညိုးထိုးပြနေတဲ့Seok Jinက တကယ့်ကလေးလေးလိုပင်။
"ဘမ်က အဲ့လိုအကျင့်မရှိပါဘူး ကိုယ်ကျုံးလိုက်မယ်နော် ကိုယ်ကျုံးလိုက်မယ်"
Jungkook ဘမ်ပါထားတဲ့ အီးပုံကိုကျုံးပြီးနောက် အနံ့ထွက်နေသေးသဖြင့် အနံ့ပျောက်စေရန် Sprayဖြန်းလိုက်သည်။
"ရသွားပြီနော် ဘာအနံ့မှမထွက်တော့ဘူး ကလေးဘာလုပ်စရာရှိသေးလဲ"
"ဘာမှလုပ်စရာမရှိဘူး ခင်များကျွန်တော့်ကိုကျောင်းမသွားခိုင်းပဲနေတာ တစ်လလောက်ရှိပြီ အဲဒါကြောင့်မနက်ဖြန်ကျောင်းသွားတော့မယ်"
"ဟုတ်ပါပြီ ကျောင်းအကြိုအပို့တော့ကိုယ်ပဲလုပ်ပေးမယ်နော်"
"ပြီးရော ဒါဆိုကျွန်တော်အပြင်မှာBamနဲ့သွားဆော့လိုက်အုံးမယ်"
"သဘောပါဗျာ"
"ဘမ်! လာ ခြံထဲသွားရအောင်"
Bamကိုခေါ်ကာ ခြံဝင်းထဲကော့တော့ကော့တော့ ဝင်သွားတဲ့Seok Jinကိုသူမျက်စိတစ်ဆုံးငေးကြည့်နေမိသည်။
Jungkookအခုမှစဥ်းစားကြည့်မိသည်။ သူ Seok Jinကိုကျောင်းမသွားခိုင်းပဲသူ့အနားမှာထားထားတာ တစ်လလောက်ရှိနေပြီပဲ။ အကြောင်းအရင်းကတော့ Seok Jinသူ့ကို သံယောဇဥ်တွယ်လာစေရန်ဖြစ်သည်။ ဟိုကောင် Kim Taehyung အနားမှာမမြင်ချင်တာလဲပါတာပေါ့။ တကယ်လဲ Seok Jinက သူ့ကိုအရင်ကတွေထက်စာရင် ပိုပြီး သံယောဇဥ်တွယ်လာပါသည်။ အရင်ကဆို Seok Jinနဲ့အတူညအိပ်ဖို့ မရမကနည်းလမ်းတွေကြံဖန်ခဲ့ရသလောက် အခုဆို ခွင့်တောင်းစရာမလိုဘဲ Seok Jinကခွင့်ပြုနေပြီ။ Seok Jinကသူမလုပ်တတ်တဲ့တစ်ချို့သောအရာတွေဆို သူ့ကိုအားကိုးလာသည်။ မှီတွယ်လာသည်။စကားကိုလဲအရင်ကထက်ပိုပိုပြောလာသည်။ တစ်ခုလေးပဲ...တစ်ချို့အချိန်တွေဆို Seok Jinကအရမ်းကလေးဆန်သည်။ လိုချင်တာမရတတ်တာတို့ သူ့ကိုပစ်ထားမိတဲ့အချိန်တွေတို့ဆိုစိတ်ကောက်ပြီး သူ့ကိုစကားမပြောတော့။ ထိုအခါ မနေနိုင်တဲ့ သူကပဲ ချော့ရပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် Seok Jinရဲ့စိတ်ကိုသူလုံးဝအပိုင်ရနိုင်အောင်လုပ်ရမည်။
ဒီလိုလုပ်ရတဲ့အဓိကအကြောင်းရင်းကလဲSeok Jinသူ့ကိုချစ်လာဖို့အတွက်သာ။ Seok Jinရဲ့နှလုံးသားကိုအပိုင်ရဖို့အတွက်သာ။ သို့မှသာ သူ့စွမ်းအင်တွေပြန်လည်ရရှိမည်ဖြစ်သည်။ သူ မချစ်ပါဘူး Seok Jinကို.. ဟုတ်တယ် သူလုံးဝမချစ်ဘူး ဒီကလေးကို။ တစ်ခါတစ်ခါ စိတ်ယိုင်သွားတတ်တာမျိုး ကိုယ့်ကိုကိုယ် သတိထားမိပေမယ့် Seok Jinကိုသူလုံးဝချစ်လို့မရဘူး ။ သူ့ဘက်ကတော့လုံးဝမချစ်ပါ။ Seok Jinကသာ သူ့ကိုချစ်ရမည်။
~ ~ ~ ~
ဒီနေ့တော့ Seok Jinစိတ်လေးပေါ့သွားသလိုခံစားရသည်။ အကြောင်းရင်းကတော့ သူကျောင်းပြန်တက်ရလို့ပဲ။ကျောင်းတက်ရတာက အိမ်မှာနေနေရတာထက်စာရင် လွတ်လပ်တယ်။ပျော်ဖို့ကောင်းတယ်။ အင်း..ဟိုလူကြီးနဲ့နေရတာလဲ ပျော်ဖို့တော့ကောင်းပါတယ်လေ...
ကျောင်းရောက်တော့ ကားထဲမှဆင်းမည်အလုပ် သူ့လက်လေးဆောင့်ဆွဲခံလိုက်ရသည်။
"ဟင် ဘာလုပ်ပြန်မလို့လဲ"
"morning kissလေးပေးသွားအုံးလေ"
"ရူးနေလား ဘာလို့ပေးရမှာလဲ "
"မပေးရင်မလွတ်ဘူး"
"ခင်များနော် အကျပ်လာမကိုင်နဲ့ လွတ်"
"လွတ်စေချင်ရင် kissပေးလေ"
"မပေးဘူး"
"ဒါဆိုမလွတ်ဘူး"
သူနဲ့အတူပြိုင်ငြင်းနေတဲ့လူကြီးကိုSeok Jinမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။ နေပါအုံး ဒီလူကြီးကသူ့ထက်အသက်အများကြီးကြီးတာရောဟုတ်ရဲ့လား?
"ခင်များ!"
"ကိုကိုလို့ခေါ်လို့ပြောထားတယ်လေ"
"မခေါ်နိုင်ဘူး"
ထိုအခါ Jungkookကပြန်မျက်မှောင်ကြုတ်လိုက်ကာ သူ့အားကြည့်လာသည်။
"သေချာလား"
"သိပ်ကိုသေချာတာပေါ့ "
"ကောင်းပြီလေ အဲဒါဆို ကိုယ်ကပဲမင်းကိုနမ်းရတော့မှာပေါ့"
Smirkတစ်ချက်ပြုံးလိုက်ကာ သူ့နားတစ်ဖြည်းဖြည်းကပ်လာတဲ့Jungkookကြောင့်Seok Jinမျက်လုံးလေးများပြူးသွားရသည်။
"နေ..နေအုံး"
"မနေနိုင်ဘူး"
"ခေါ်..ခေါ်မယ်လို့"
ထိုအခါမှ နီးကပ်နေတဲ့မျက်နှာအားပြန်ခွာသွားကာ သူ့ကိုမျက်တောင်မခပ်တမ်းစိုက်ကြည့်နေသည်။ ဘုရား ဘုရား..သူသာမခေါ်ရင် ပြာကျသွားမယ့်အဖြစ်ပါလား။
"ကို ကိုကို"
"နမ်း"
"ဘာ!!"
"မကြားဘူးလား ထပ်ပြောပြရမှာလား"
"ဘာကိစ္စနမ်းရမှာလဲ"
"Morning kissလို့ပြောပြီးပြီလေ ပြီးတော့ဒါက မနက်တိုင်းလုပ်ရမဲ့မင်းလေးရဲ့တာဝန်ပဲ"
"ခင်များ!! လူလည်မကျလာနဲ့"
"ကိုယ်လူလည်မကျပါဘူး ချစ်တာပါ"
"သွားစမ်းပါ"
"ကိုယ့်ကိုမနမ်းရင်ကားထဲကနေဆင်းရမယ်လို့မမျှော်လင့်နဲ့နော်"
ပြိုင်ငြင်းနေလဲ မထူးတော့တာမို့ သူ့ကိိုစိုက်ကြည့်နေတဲ့လူကြီးရဲ့ နှုတ်ခမ်းပါးတွေကိုဖြတ်ခနဲနမ်းလိုက်သည်။ ဘာလို့မှန်းမသိ ဒီလူကြီးရဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့အကြည့်ဆုံလိုက်တိုင်း သူ့ရင်ဘတ်ထဲကအရာကအရမ်းခုန်နေသည်။
ပြွတ်!
"ပေးပြီးပြီ လွတ်တော့"
"ညနေကိုယ်လာကြိုမယ် စောင့်နေနော်"
"အွန်း"
ကားအနက်ရောင်ကြီးမောင်းထွက်သွားတော့မှ Seok Jinကျောင်းဝင်းထဲသို့ဝင်လာခဲ့သည်။
"ဂျင်.."
ထိုအချိန် ဘေးဘက်မှခေါ်လာတဲ့ သြရှရှအသံလေး..
ဘယ်သူမှန်းလှည့်ကြည့်စရာကိုမလိုအောင် ပြီးပြည့်စုံတဲ့ဒီအသံပိုင်ရှင်လေးကိုသူသိပ်သိတာပေါ့။
"Voo"
"ဟမ်! အရင်က ထယ်လို့ခေါ်တာပါ"
" ငါခေါ်ချင်သလိုခေါ်မယ်ကွာ မကျေနပ်ဘူးလား"
"ကျေနပ်ပါတယ်ဗျာ"
Taehyung ဆော့ဂျင်နားကပ်သွားလိုက်တော့ နှာခေါင်းထဲစူးခနဲဝင်လာသည်က Alphaနံ့...မက်မွန်ရနံ့ခပ်သင်းသင်းလေးက ဆော့ဂျင်ရဲ့Lavenderရနံ့နဲ့ရောနှောနေသည်။
မက်မွန်ရနံ့ဆိုတော့....ဒါ Jeon Jungkookပဲပေါ့
ဒါဆို ဆော့ဂျင်က ဒီတစ်လလုံးလုံး Jeon Jungkookနဲ့အတူရှိနေခဲ့တာလား?
"ဒီတစ်လတိတိလုံးမင်းဘယ်တွေရောက်နေတာလဲ ဆော့ဂျင်"
"ငါ..ငါလား အိမ်မှာလေ"
Seok Jin ဟိုလူကြီးနဲ့အတူရှိနေတာ မသိစေချင်တာကြောင့် လိမ်ပြောမိလိုက်သည်။
"အော်"
Taehyungပြုံးလိုက်သည်။ မလိမ်တတ်ပဲ လိမ်မနေပါနဲ့လား Seok Jinရယ်..ကိုယ့်ရင်ဘတ်ကြီးနာလွန်းလို့ပါ။ မင်းသူနဲ့ရှိနေတာသိပ်ပျော်ရဲ့လားဟင်??
"ကိုယ့်ကိုလွမ်းလား"
ညို့တုတုအကြည့်လေးနဲ့ပြောနေတဲ့Taehyungစကားဟာ အဓိပ္ပါယ်တစ်မျိုးကိုသက်ရောက်စေတာကြောင့် Seok Jinစိတ်ထဲတစ်မျိုးဖြစ်သွားသည်။ ဒါပေမယ့် Taehyungက သူ့အပေါ်ဖြူစင်တဲ့စိတ်သက်သက်နဲ့ပဲမေးတာဖြစ်လောက်မှာပါ။
"လွမ်းတာပေါ့ကွာ"
"သေချာရဲ့လား"
"သေချာတာပေါ့ မင်းကငါ့ရဲ့တစ်ဦးတည်းသောသူပဲလေ"
လုံလောက်ပါပြီ ဒီစကားတစ်ခွန်းနဲ့တင်။ သူ့ကမ္ဘာလေးနောက်ကျပြိုလဲသွားပြီလို့ထင်မိပေမယ့် ဒီစကားလေးတစ်ခွန်းနဲ့တင်ပြန်လည်အားတင်းဖို့လုံလောက်နေပါပြီ။ Kim Taehyungဆိုတဲ့ကိုယ်ဟာ မင်းစကားတစ်ခွန်းနဲ့တင် ဘာမဆိုအကုန်နာခံလိုက်လျောမယ့်ကောင်ပါ Seok Jinရယ်...
"ဘာစားခဲ့သေးလဲ မနက်စာစားပြီးပြီလား"
"အင်း စားခဲ့ပြီ မင်းရော"
"ကိုယ်မင်းကိုစောင့်နေတာ"
"ဟုတ်လား ဒါဆိုကန်တင်းသွားမယ်လေ"
"အင်း"
ဒီနေ့ Taehyungမျက်နှာလေးညိုးနွမ်းနေသည်မို့Seok Jinစိတ်ပူမိသည်။ အရင်ကတောက်ပကြည်လင်နေတဲ့မျက်ဝန်းပြာလေးဟာလဲ အခုဆိုဖျော့တော့နေသည်။
ကျစ်! မင်းကိုစိတ်မကောင်းဖြစ်စေတဲ့အကြောင်းအရာတွေ ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပြရင်သိပ်ကောင်းမှာပဲကွာ..
Seok Jinသူ့ကိုဦးစွာကျောခိုင်းထွက်သွားတဲ့ကျောပြင်ငယ်လေးနဲ့ခေါင်းအနီရောင်လေးကို ငေးကြည့်နေတုန်း သူ့ကိုပြန်လည်လှည့်ကြည့်လာတဲ့ခေါင်းနီနီလေး..
"လာလေ.."
Taehyungကသူ့ကို နူးညံ့လှပတဲ့အပြုံးပြုံးပြလာကာ လက်သွယ်သွယ်ရှည်ရှည်လေးများဖြင့်လက်လှမ်းလာသည်။
သူထိုလက်လေးများအားပြန်လည်ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ Taehyungရဲ့မျက်ဝန်းတွေဟာ အရင်ကလိုအရောင်တောက်ပလာခဲ့သည်။
"Voo"
"..."
"ငါ့ကိုစိတ်ဆိုးနေတာလားဟင်"
ထိုသည်အထိ Taehyungကသူ့အားမည်သည်မျှပြန်မပြော။ မျက်ဝန်းပြာလဲ့လဲ့လေးတွေကတော့ ရှေ့သို့သာအာရုံစိုက်နေသည်။
"ငါတောင်းပန်ပါတယ်ကွာ မင်းဘာကိုစိတ်ဆိုးနေမှန်းမသိပေမယ့် မင်းအဲ့လိုကြီးနေတော့ ငါမနေတတ်ဘူး"
ထိုအခါ Taehyungက သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်သွယ်သွယ်လေးများကို ပြေလျော့လိုက်ကာ သူ့အားလှည့်ကြည့်လာသည်။
"ကိုယ်စိတ်ဆိုးနေတယ်လို့ မင်းကထင်နေတာပေါ့"
"ငါ..ငါ..."
"လာ လိုက်ခဲ့!"
သြရှရှအသံဖြင့်သူ့အားအမိန့်ပေးကာ သူ့လက်ကိုတင်းတင်းပြန်ဆုပ်ကိုင်လာပြီး တစ်နေရာသို့ဆွဲခေါ်သွားသည်ကိုSeok Jinမငြင်းမိ။
ကျောင်းခေါင်မိုးထပ်သို့ရောက်သည်နှင့် Taehyungကသူ့လက်များကိုပြန်လွတ်ပေးလိုက်ပြီး သူ့အားကျောခိုင်းထားကာ မတ်တပ်ရပ်နေသည်။
"Voo.."
Seok Jin ထယ်ယောင်းအနားသို့သွားကာ ပခုံးလေးကို လက်ဖြင့်ပုတ်လိုက်တော့ လှည့်ကြည့်လာတဲ့ အပြာရောင်ရပ်ဝန်းငယ်လေး..
သို့သော် ထိုအပြာရောင်ရပ်ဝန်းငယ်လေးခမျာ မျက်ရည်ကြည်လေးတွေဖုံးလွမ်းနေရဲ့..
"ဟင်...ငိုနေတာလား! "
Taehyungက ဝမ်းနည်းဆွေးရိပ်သန်းနေတဲ့မျက်ဝန်းငယ်များဖြင့်ကြည့်ကာ သူ့ရင်ခွင်ထဲတိုးဝင်လာသည်။
Seok Jin ထယ်ယောင်းအားပြန်လည်ဖက်ထားလိုက်ကာ သူ့ရဲ့စိုးရိမ်စိတ်တွေကလဲတစ်ဟုန်ထိုးထိုးတက်လာသည်။
"Voo! ဘာဖြစ်နေတာလဲကွာ ငါ့ကိုပြောစမ်းပါ "
"ငါတစ်လလုံးလုံး မင်းကိုစောင့်နေခဲ့တာ...ကျောင်းလဲမလာတော့ မင်းများနေမကောင်းတာလားဆိုပြီးမင်းအိမ်ကိုတောင် သွားခဲ့သေးတယ်"
Seok Jinလုံးဝစိတ်မကောင်း။ သူ ဂျွန်ဂျောင်ကုနဲ့တစ်လလုံးလုံးပျော်နေတဲ့ချိန်မှာ Taehyungကိုမေ့လျော့နေခဲ့သည်။ ပြီးတော့ Taehyungကသူ့အိမ်ကိုသွားခဲ့သေးသည်တဲ့..ဒါဆို အစောပိုင်းကသူပြောခဲ့စကားတွေကလိမ်နေတယ်ဆိုတာ သိနေတာပေါ့။
ရင်ခွင်ထဲကခေါင်းနီနီလေးအားသူ့လက်များဖြင့်ပွတ်သပ်ရင်း ဝမ်းနည်းစိတ်များဖြင့်ခပ်တင်းတင်းပွေ့ထားလိုက်သည်။
"တောင်းပန်ပါတယ် Voo..ငါ မင်းကိုပစ်ထားမိတဲ့အတွက် တောင်းပန်ပါတယ် "
"ဟင့်အင်း..ငါတောင်းပန်တာကိုလိုချင်တာမဟုတ်ဘူးဂျင် နောက်တစ်ခါငါ့ကိုထပ်ပြီးထားမသွားဘူးလို့ပဲကတိပေးပါ"
"ငါ ငါကတိပေးပါတယ်နော် နောက်ခါမင်းကိုထားမသွားတော့ပါဘူး"
ထိုအခါ သူ့ကိုဖက်တွယ်ထားတဲ့Taehyungရဲ့လက်တွေဟာ ပိုမိုတင်းကြပ်လာပြီး သူကိုယ်တိုင်လဲ Taehyungရဲ့ဆံနွယ်ပျော့ပျော့လေးများကိုပွတ်သပ်ပေးနေမိသည်။ဒီလိုလုပ်ရပ်ဟာ မိတ်ရှိတဲ့သူ့အတွက်မသင့်တော်မှန်းသိပေမယ့် သူ့ရဲ့တစ်ဦးတည်းသောအဖိုးတန်လေးကဝမ်းနည်းနေသည်မို့ ထိုစည်းမျဥ်းစည်းကမ်းတွေအား လျစ်လျူရှုထားလိုက်သည်။
သူTaehyungကိုချစ်တာအဖြူထည်သက်သက်ပင်။ ဖြူစင်လွန်းတဲ့Taehyungဟာ သူ့အပေါ်တွင်ဂရုစိုက်နွေးထွေးပေးတဲ့ပထမဆုံးသူမို့ သူသိပ်ကိုတန်ဖိုးထားပါသည်။
ရင်ခွင်ထဲငိုနေတဲ့ကိုယ်ငယ်လေးဟာ အတန်ကြာမှ ရုန်းထွက်လာသည်။
"ငါတောင်းပန်ပါတယ်ဆော့ဂျင် ငါမင်းရှေ့မှာပျော့ညံ့တဲ့ပုံစံကိုပြမိသွားတယ်"
"ဘာမှမဖြစ်ပါဘူးကွာ ဒီလိုလေးပဲပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နေပါ"
"ဟင့်အင်း ငါမင်းရှေ့မှာသန်မာတဲ့Alphaတစ်ယောက်အဖြစ်နဲ့ပဲနေချင်တယ် မင်းငါ့ကိုအထင်သေးသွားမှာကိုမလိုချင်ဆုံးပဲ"
ခေါင်းနီနီလေးအား အောက်သို့ငိုက်စိုက်ကျကာ နှာလေးရှုံ့ပြီးပြောနေတာကြောင့် သူ Taehyungရဲ့မျက်နှာလေးအားဆွဲမော့ကာ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုသူ့လက်များဖြင့်ဖွဖွလေးအုပ်ကိုင်လိုက်သည်။
"ငါမင်းကိုဘယ်တုန်းကမှ အထင်မသေးခဲ့ဘူးသလို ဘယ်တော့မှလဲအထင်သေးမှာမဟုတ်ဘူး မင်းဟာငါ့အတွက်တော့အရမ်းကိုသန်မာတဲ့Alphaတစ်ယောက်ပဲ ဒါကြောင့်မင်းရဲ့စိုးရိမ်စိတ်တွေကိုမေ့ဖျောက်လိုက်ပြီး ငါနဲ့ပျော်ပျော်နေပေးပါလားဟင်"
ထိုအခါခေါင်းနီနီလေးက တစ်ဆတ်ဆတ်ငြိမ့်ပြလာတာကြောင့်Seok Jinပြုံးလိုက်ကာ Taehyungရဲ့နဖူးပြင်လေးအားညင်သာစွာနမ်းလိုက်သည်။
သူဒီလိုလုပ်တာဟာ ဘာအရောင်အစွန်းအထင်းမှမပါတဲ့အဖြူရောင်ချစ်စိတ်လေးနဲ့ပင်။ သူ့ရင်ဘတ်ထဲကနှလုံးသားလေးသည်လဲ Jeon Jungkookနဲ့တုန်းကလိုခုန်မလာတာကြောင့် သူ့ရဲ့ဖြူစင်တဲ့စိတ်သက်သက်လေးနဲ့နမ်းလိုက်ခြင်းဖြစ်သည်။ ဒါကို Taehyungလဲသိလိမ့်မယ်လို့မျှော်လင့်သလို သူကိုယ်တိုင်လဲလိပ်ပြာပြာလုံလုံနှင့်အာမခံနိုင်သည်။
သူ့နှလုံးသားရဲ့ပိုင်ရှင်ဟာလဲ Jeon Jungkookဆိုတာကိုဒီနေ့မှသေချာသိလိုက်တာကြောင့်သူပြုံးလိုက်သည်။
ဒါက Taeပြောဖူးခဲ့တဲ့ အချစ်ဆိုတဲ့အရာလား?
နောက်ဆုံးတော့ သူချစ်တတ်လာခဲ့ပြီပဲ...