သဲသဲမဲမဲရွာနေတဲ့မိုးက သူတို့နှစ်ယောက် အခန်းထဲလည်းရောက်ရော ရပ်တန့်သွားပြီး ကောင်းကင်မှာ သက်တန့်ကြီးတစ်ခုပေါ်ထွက်လာခဲ့သည်။ ဖေ့ချန်က တစ်ကိုယ်လုံးနီးပါး ရွှဲစိုသွားတာကြောင့် အဝတ်တွေချွတ်ပြီး ရေချိုးခန်းဆီကို သွားနေသည်။
နန်ဟွိုင်လင် ဖေ့ချန်ရဲ့ အဝတ်ထည့်လာတဲ့အိတ်ကို ရှာမတွေ့တာကြောင့် သူ့ဗီရိုထဲက သူနဲ့ဆို အပွဆုံးဖြစ်တဲ့အဝတ်တွေကို ရှာဖွေလိုက်ပြီး ဖေ့ချန် ရေချိုးခန်းကထွက်လာရင် ဝတ်ခိုင်းဖို့ လုပ်လိုက်ကာ အဝတ်တွေကို ခုတင်အစွန်းက မြင်သာထင်သာရှိတဲ့နေရာမှာ တင်လိုက်၏။ ဒါမှသာ ဖေ့ချန်ရေချိုးခန်းက ထွက်လာလာချင်း တွေ့မှာဖြစ်သည်။
နန်ဟွိုင်လင် အိပ်ခန်းထဲက ထွက်ဖို့ပြင်နေချိန်မှာ ရုတ်တရက် သူ့ဆီကို ဖုန်းဝင်လာသည်။ အရင်က ကြေကွဲစရာဖုန်းမြည်သံက အခုတော့ ပျော်ရွှင်မြူးကြွတဲ့ အသံလေးကို ပြောင်းလဲသွားပြီဖြစ်သည်။
" ဟယ်လို..အမ ထျန်းကျူ " နန်ဟွိုင်လင် ရေခဲသေတ္တာကိုဖွင့်ကာ အထဲက ရေဘူးတစ်ခုကို ထုတ်ယူလိုက်သည်။
" မင်း ဟိုတယ်ပြန်ရောက်ပြီလား? "
" ဟုတ်...အခုလေးတင်ပြန်ရောက်တာ..ဘာဖြစ်လို့လဲ? "
" ငါ ဒီနေ့ ဘာလုပ်စရာမှ မရှိလို့...အရင်နှစ်လက ငါရိုက်ထားတဲ့ဓာတ်ပုံတွေကို ပြန်ကြည့်မိလိုက်တယ်..အဲ့တာ ငါ မင်းကို ကြည့်စေချင်လို့ "
" ဒါဆို လာခဲ့လေ...ကျတော် အခန်းထဲမှာ ရှိတယ် "
နန်ဟွိုင်လင် ဖုန်းချလိုက်ပြီး ရေဘူးအဖုံးကိုလှည့်ဖွင့်ကာ အေးမြတဲ့ရေတစ်ငုံကို ယူလိုက်သည်။ ထို့နောက် သူ ထိုင်ခုံမှာထိုင်ခါစပဲရှိသေး တံခါးဘဲသံက မြည်လာတော့သည်။
အမကျူလာတာ အရမ်းမြန်တာပဲ။
သူ သွားပြီး တံခါးဖွင့်ပေးတော့ မိန်ထျုန်းကျူက သူမရဲ့ လက်တော့နဲ့အတူ ဝင်ရောက်လာသည်။
" ငါ အကြီးကြီးရှာတွေ့ခဲ့တယ် " မိန်ထျန်းကျူခမျာ အရင်တောင်မထိုင်နိုင်ဘူး...သူ့မှာ အထဲရောက်ခါရှိသေး လမ်းလျှောက်နေရင်းတောင် ပြောနေတော့၏။ " အဲ့တာ ဘယ်လောက် အံ့သြဖို့ကောင်းလဲ မင်းတွေ့လိမ့်မယ် "
နန်ဟွိုင်လင် သူမနောက်ကနေ လိုက်ခဲ့လိုက်ကာ ဆိုဖာပေါ်မှာ ဘေးချင်းကပ်ရပ် ထိုင်လိုက်ကြသည်။
မိန်ထျန်းကျူက သူမလက်တော့ကို စားပွဲပေါ်တင်ကာ အထဲက ဖိုဒါတစ်ခုကို ဖွင့်လိုက်သည်။ " ငါ အရင်နှစ်လက နေ့တိုင်းရိုက်ခဲ့တဲ့ပုံတွေကို ဘာမှ မပြင်ဘဲနဲ့ ရက်စွဲတွေအလိုက် စဥ်ထားတာ...အခု သူတို့အကုန်လုံးကို အစကနေ အဆုံးထိ ကြည့်ကြည့်လိုက် " သူမက ပုံတွေကိုကြည့်ဖို့ slideshowတစ်ခုနဲ့ လုပ်ထား၏။ " အံ့ဖွယ်ဖြစ်ရပ်ကြီးကို ကြည့်ဖို့ အချိန်ကျပြီ "
( TN/ slideshowက presentationတွေမှာ တွေ့ရသလိုမျိုး ဓာတ်ပုံတွေကိုတစ်ခုပြီးတစ်ခု နှိပ်စရာမလိုဘဲ ပြသွားတဲ့ပုံစံမျိုးပါ )
တကယ်တော့ နန်ဟွိုင်လင် နဲနဲစိုးရိမ်နေမိကာ သူ့ရှေ့က ကွန်ပြူတာစခရင်ကိုပဲ မမှိတ်မသုန်စိုက်ကြည့်နေမိတော့သည်။
တစ်ပုံပြီးတစ်ပုံ ပုံတွေပြောင်းလဲသွာတာနှင့်အတူ သူ့မျက်နှာကလဲ တဖြည်းဖြည်း ပြောင်းလဲလာသည်။
နန်ဟွိုင်လင် လူတစ်ယောက်ရဲ့မျက်နှာအပေါ် ဒီနေ့နဲ့ မနေ့က ပြောင်းလဲသွားမှုရှိခဲ့ရင်တောင် သူ ဘယ်တုန်းကမှ မပြောနိုင်ခဲ့ပေ..အဲ့ဒါက မိန်ထျန်းကျူလို သူနဲ့ နေ့တစ်ဒူဝတွေ့နေရတဲ့သူတောင် မရပေ။ ဒါကြောင့် သူမှန်ကြည့်မှ မြင်ရမဲ့ သူ့မျက်နှာက တစ်နေ့တစ်ခြားပြောင်းလဲသွားမှုကို သတိပြုမိဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲသေးသည်။
ဒါပေမယ့် အခုလို မျက်လုံးနဲ့ ဆယ်ပုံကျော်ကျော်ကျော်လောက်ထိကို တစ်ခါတည်း ကြည့်ပြီးနောက်မှာ သူ တခြားပုံတွေကို ထပ်ပြီးကြည့်မိလေလေ သူပိုပြီးတော့ အထိတ်တလန့်ဖြစ်လာလေလေပဲ။ သူ့ကိုယ်မှာ ပြဿနာတစ်ခုခုရှိတယ်ဆိုတာကိုတောင် သူ ယုံကြည်ချင်နေပြီ..မဟုတ်ရင် နှစ်လတည်းနဲ့ သူ့မျက်နှာက ဘာလို့လုပ် အရမ်းပြောင်းလဲနိုင်မှာလဲ? ဒါက လုံးဝကို သိပ္ပံနည်းကျဖြစ်စဥ်နဲ့ ကွဲလွဲနေတယ်။
နှစ်မိနစ်ကြာပြီးနောက် ဒီနေ့မနက် မိတ်ကပ်မလိမ်းခင် ရိုက်ထားတဲ့ ဓာတ်ပုံဆီရောက်ရှိသွားပြီး လက်တော့စခရင်က ရပ်တန့်သွားသည်။
နန်ဟွိုင်လင် ဒီရင်းနှီးသလိုလိုရှိတဲ့ အခုထိ မရင်နှီးနေသေးတဲ့မျက်နှာကို ငေးမောကြည့်နေမိသည်။ အချိန်တော်တော်ကြာသွားမှ သူ မိန်ထျန်းကျူဘက်လှည့်ကာ ပြောလိုက်သည်။
" အမထျန်းကျူ...ဒါက..ဘယ်လိုများ..ဖြစ်သွားတာလဲ? "
" ဒါက ဘဲရုပ်ဆိုးလေးကနေ ငန်းဖြူလေးအဖြစ်ကို ပြောင်းလဲသွားတဲ့ဗားရှင်း အစစ်လေ " မိန်ထျန်းကျူက သူ့ကို သဘောကျလွန်းတဲ့မျက်လုံးတောက်တောက်တွေနဲ့ လှမ်းကြည့်နေသည်။ " မင်းမျက်နှာရဲ့ ဘယ်နားက ပြောင်းလဲသွားလဲဆိုတာကို ငါ့ကိုပြောစေချင်ရင်တော့ ငါလည်း မပြောတက်ဘူး။ မျက်နှာပေါ်က အစိတ်အပိုင်းတွေလား..အမ်..မျက်နှာပုံစံလား..အမ်...သူတို့ကြည့်ရတာလဲ မပြောင်းလဲပါဘူး..ဒါပေမယ့် အကုန်လုံးခြုံကြည့်လိုက်ရင်တော့ ပြောင်းလဲသွားတာ အရမ်းသိသာတယ် "
" အမ..ထျန်းကျူ " နန်ဟွိုင်လင် ရုတ်တရက် ကြောက်ရွံလာသည်။ " ကျတော် မသေလောက်ဘူးမလား...ဟင်? "
" အဲ့တာ ဘာလဲ? ဘာတွေလျှောက်တွေးနေတာလဲ? " မိန်ထျန်းကျူး ရယ်လဲရယ်ချင်တယ် သနားလဲသနားလာတယ်။ " ငါ့အထင်တော့ မင်း ရုတ်တရက် ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာဖြစ်မယ်။ နောက်ဆုံးတော့ ဘုရားက မင်းကို စားစရာတွေနဲ့အတူ ဆုပေးလိုက်တာထင်တယ်။ မင်း ပျော်နေသင့်တယ်..ကိုယ့်ကိုကိုယ် ပြန်ကြောက်မနေနဲ့...အယ်.. "
ရုတ်တရက် ဖေ့ချန်ရဲ့အသံက အိပ်ခန်းထဲကနေ ထွက်ပေါ်လာသည်။
" ကိုယ် ဒီအတွင်းခံကို ဝတ်လို့မရဘူး! ကိုယ့်ကိုတစ်ခြားတစ်ခု ရှာပေး! "
ရုတ်တရက် မိန်ထျန်းကျူရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး နန်ဟွိုင်လင်ကို စိုက်ကြည့်လာသည်။
" ဘယ်သူ....? အဲ့တာ ဘယ်သူလဲ? "
ဖေ့ချန်က နန်ဟွိုင်လင် ပြန်ဖြေတာကိုတောင် မစောင့်ဘူး။ အိပ်ခန်းတံခါးက ပွင့်လာတာနှင့်အတူ ဖေ့ချန်က သူ့ရဲ့စွယ်ကျယ်အင်္ကျီနှင့်အောက်ခံဘောင်းဘီကို ဝတ်ထားကာ ထွက်ပေါ်လာသည်။
မိန်ထျန်းကျူ ရှော့ရသွားကာ သူမရဲ့ပါးစပ်က Oပုံစံပွင့်သွားပြီး ကြက်ဥတစ်လုံးသွတ်ပေးမယ်ဆိုရင်တောင် ဝင်နိုင်တယ်...
" အို့မိုင်ဂေါ့...ဘာ..ဘာ..ဘာတွေလဲ? " သူမက အသံကို ထပ်နှိမ့်ပြီး ပြောလာ၏။ " မင်းနဲ့ Mr.ဖေ့က? မင်းတို့နှစ်ယောက်က....? "
" အမ ထင်နေသလို မဟုတ်ပါဘူး...Mr.ဖေ့က ရှန်ချုန်းဆီ လာလည်တာ..အဲ့တာ ဟိုတယ်အခန်းကပြည့်သွားလို့ ကျတော့်ဆီ လာနေတာ "
ဟမ်.....ဒီစကားထဲက တစ်ခုခုမှားနေတယ်လို့ မိန်ထျန်းကျူ ခံစားမိနေသည်။ ဒါပေမယ့် နန်ဟွိုင်လင်က သူမ ထပ်မေးမှာတွေကိုတောင် မစောင့်ဘူး သူက ထကာ အခန်းထဲကို ဝင်သွားတော့သည်။ " ကျတော် သူ့ပို့ အဝတ်ရှာပေးလိုက်ဦးမယ်...အမ ခနထိုင်နေနော် "
နန်ဟွိုင်လင် အိပ်ခန်းထဲဝင်ဝင်ချင်း မိန်ထျန်းကျူ သူမလက်တော့ကို လက်မှာပိုက်ကာ ထွက်ပြေးလာတော့သည်။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူမထင်သလို ဟုတ်ဟုတ် မဟုတ်ဟုတ် သူမအတွက်က အဲ့ဒီနေရာမှာ ဆက်ရှိနေဖို့ လုံးဝမသင့်တော်ဘူးလေ။
" ဘောင်းဘီက ခါးကျဥ်းလို့လား? " နန်ဟွိုင်လင် ဖေ့ချန်ကို မေးလိုက်၏။
" အမ်..ကိုယ် အပေါ်ဆွဲတင်လို့တောင် မရဘူး...မင်းခါးလေးက ဘာလို့ အဲ့လောက်သေးနေတာလဲ? "
" ကျတော့်ခါးက သေးတာမဟုတ်ပါဘူး...ကျတော့်ရဲ့ အရိုးတည်ဆောက်ပုံက ခင်ဗျားထက်သေးနေလို့သာ " နန်ဟွိုင်လင် ခါးမှာမျှော့ကြိုးပါတဲ့ အောက်ခံဘောင်းဘီကိုတွေ့သွားပြီး ဖေ့ချန်ဆီ ပေးလိုက်၏။ " ခင်ဗျား ဒါနဲ့သာမတော်ဘူးဆိုရင် ဘာမှမဝတ်ဘဲနဲ့သာ ပတ်ပြေးနေတော့ "
" ကိုယ်က အဝတ်မပါဘဲ ပတ်ပြေးရလဲကိစ္စမရှိပါဘူး..မင်းကရော နေနိုင်လို့လား? " ဖေ့ချန်က သူ့ကိုပြုံးကာ လှမ်းစနေသည်။
" လေမပေါနဲ့...ဝတ်တော့ "
ထိုအခါမှ ဖေ့ချန်ကဘောင်းဘီကို မဝတ်ချင်ဝတ်ချင်နဲ့ ဝတ်နေပြီး ဘောင်းဘီက နဲနဲကျပ်တာတာကြောင့် သူ့ခွကြားကဟိုဟာက ဖုဖောင်းထွက်နေပြီး အမှတ်တမဲ့ ကြည့်မိရင်တောင် အရင်ဆုံးမြင်နိုင်သောအရာဖြစ်နေ၏။
" မဆိုးဘူးပဲ နောက်ဆုံးတော့ ဝတ်လို့ရသွားပြီ " နန်ဟွိုင်လင် ရယ်ချင်စိတ်ကို ထိန်းထားရကာ ရေချိုးခန်းဆီကို သွားလိုက်၏။ " ဧည့်ခန်းထဲသွားနေချေ...ကျတော် ခင်ဗျားရဲ့အဝတ်စိုတွေလျှော်လိုက်ဦးမယ် "
" ကိုယ်တစ်ယောက်တည်းနေရမှာ ပျင်းတယ် " ဖေ့ချန်က သူ့နောက်ကနေ ကပ်လိုက်လာ၏။ " ကိုယ်လဲ မင်းနဲ့အတူလျှော်မယ် "
နန်ဟွိုင်လင် လက်ဆေးကန်ရဲ့ရှေ့မှာရပ်ပြီး အဝတ်လျှော်နေတာကို ဖေ့ချန်က ရေစိမ်ကန်ရဲ့ အစွန်းမှာထိုင်ရင်း လက်ကိုထောက်ပြီးမှီထားကာ သူလုပ်တာတွေကို ငေးကြည့်နေ၏။
ဖေ့ချန်က သူ့ကို အကဲခက်ကြည့်နေတယ်လို့ နန်ဟွိုင်လင် ခံစားနေရတာကြောင့် သူ အဝတ်လျှော်နေရင်း ဖေ့ချန်ကိုတစ်ခုခုပြောဖို့ စဥ်းစားကာ အမူအရာ မပြတ်လိုက်မိဖို့ ဟန်ဆောင်နေရသည်။
" ခင်ဗျား ဒီနှစ်လအတွင်း စားရသောက်ရတာ အဆင်ပြေရဲ့လား? "
" ကိုယ်စားပါတယ်...ဘာလဲ ကိုယ့်ကို ဝိတ်ကျသွားတယ်လို့ မြင်လို့လား? "
နန်ဟွိုင်လင်သူ့ကို လှည့်ကြည့်လိုက်မိသည်။ " အင်း..ခင်ဗျား ဝိတ်နဲနဲကျသွားတယ် "
ထိုအခါ ဖေ့ချန်ရဲ့နှုတ်ခမ်းများက ပြုံးယောင်သန်းသွား၏။ " မင်း ပေကျင်းကို ပြန်လာရင် ကိုယ့်ကို အားပြည့်အောင် လုပ်ပေး "
နန်ဟွိုင်လင်လည်း ပြုံးလိုက်မိသည်။ " အိုကေလေ...ကျတော် ခင်ဗျားကို အသားတွေငါးတွေအများကြီး နေတိုင်းကျွေးမယ်...ပေါင်200လောက်ထိ ဝလာအောင်ကိုကျွေးမှာ..."
" ကြိုးစားကြည့်လေ.......မင်းလဲ ပိန်သွားတယ်..ရုပ်ရှင်ရိုက်ရတာက အရမ်းပင်ပန်းလား?"
" ကျတော်ကတော့ တစ်နှစ်မှာ 365ရက်လုံး ဒီလိုမျိုး အလုပ်လုပ်နိုင်ဖို့ ဆုတောင်းတယ်...ကိုယ်နှစ်သက်ရာကို လုပ်နေရတော့ ကောင်းပါတယ်။ ဘယ်လောက်ပင်ပန်းပင်ပန်း ကိစ္စမရှိဘူးရယ်.. " နန်ဟွိုင်လင် ပြုံးကာပြောနေ၏။
ဖေ့ချန်က စကားပြန်မပြောခင် ခနလောက်မှင်သက်နေသေးသည်။
" ကိုယ် အချိန်တိုင်း မင်းကြိုက်တာတွေကိုလုပ်ဖို့ ခွင့်ပြုပေးမှာပါ "
ဒီစကားလုံးတွေကိုကြားရတာက နန်ဟွိုင်လင်အတွက်တော့ " ငါ မင်းကိုကြိုက်တယ်"လို့ အဆတစ်ထောင်ပြောတာထက်ကို ပိုပြီးတော့ အင်အားကြီးမား၏။
စစ်သားတစ်ယောက်က သူ့မြေကို ကာကွယ်ပေးနေသလိုမျိုး သူခံစားရသည်။ ဖေ့ချန်က မြို့တစ်မြို့တိုက်ခိုက်ဖို့ သူ့စစ်သည်ကိုခေါ်ဆောင်လာပြီး သူတို့ကို တစ်မိနစ်အတွင်းမှာပဲ နန်ဟွိုင်လင် ဆုံးရှုံးရတော့မလိုပဲ။ သူ စိတ်ထဲကနေ စကားတစ်ခုကိုပဲ ထပ်ကာထပ်ကာ ရေရွတ်နေမိတော့၏။ ဖေ့ချန်က ဖေ့ကျန်းရဲ့ညီ....ဖေ့ချန်က ဖေ့ကျန်းရဲ့ညီ...ဖေ့ချန်က ဖေ့ကျန်းရဲ့ညီ...
ရုတ်တရက် ရင်းရင်းနှီးနှီးရှိတဲ့ ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာ၏။
ဖေ့ချန်ရဲ့ ဖုန်းကပဲ..
ဖေ့ချန်က ထကာ ဖုန်းပြောဖို့ အပြင်ထွက်သွားပြီးနောက် တိုတောင်းလွန်းတဲ့ စကားနှစ်ခွန်းပြောကာ ဖုန်းချပစ်လိုက်၏။
" ရှန်ချုန်းက ဒီနေ့ညသောက်ဖို့ ကိုယ့်ကိုခေါ်နေတာ " ဖေ့ချန်က တံခါးဘောင်ကိုမှီကာ နန်ဟွိုင်လင်ရဲ့ကျောပြင်လေးကို စိုက်ကြည့်နေ၏။ " မင်း ဘာလို့ ကိုယ်နဲ့ မလိုက်တာလဲ? "
" ကျတော် မသွားသင့်ဘူးထင်လို့....မနက်ဖြန် ရှုတင်နဲနဲရိုက်ဖို့ရှိတယ်..ကျတော် ဇာတ်ညွှန်းတွေမှတ်မိအောင် လုပ်ရဦးမယ်.."
" ဟုတ်ပါပြီ..အဲ့တာဆိုလဲ " ဖေ့ချန် စိတ်နဲနဲညစ်သွားသည်။
နန်ဟွိုင်လင် လျှော်ပြီးတဲ့အဝတ်တွေကို ရေညှစ်ကာ ဝါရံတာမှာ သွားလှမ်းလိုက်သည်။ မိုးရွာပြီးကတည်းက နေကပြန်ပူလာတာကြောင့် နေမဝင်ခင်တောင် အဝတ်တွေပြန်ခြောက်လောက်သည်။
သူ အိပ်ခန်းထဲပြန်ဝင်လာတော့ ဖေ့ချန်က အိပ်ယာပေါ်မှာထိုင်ကာ ဖုန်းကြည့်နေ၏။
'ငါတို့ တစ်ခုခုလုပ်ဖို့တော့ ရှာရမယ်'..နန်ဟွိုင်လင် တွေးနေမိသည်။ 'မဟုတ်ရင် နှစ်တည်း ဒီတိုင်းကြီးနေရတာ တစ်မျိုးကြီးပဲ'
" ခင်ဗျားဘာလုပ်နေတာလဲ? " သူ ဖေ့ချန်ရဲ့ဘေးကို ဘာသိဘာသာနဲ့ သွားထိုင်လိုက်သည်။
" ဘာမှ မလုပ်ဘူး " ဖေ့ချန်က ဖုန်းကို ပိတ်ကာ သူ့ကို မော့ကြည့်လာ၏။
" ခင်ဗျား ဘာလုပ်စရာမှ မရှိဘူးဆိုရင် ကျတော် ဇာတ်ညွှန်းနဲနဲလောက် ပြောကြည့်မလား? "
" ရတယ်လေ "
လူနှစ်ယောက်က ကုတင်ပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဖေ့ချန်က စာအုပ်ကိုကြည့်ပြီး ဇာတ်ညွှန်းတွေဖတ်နေကာ နန်ဟွိုင်လင်က အဲ့တာတွေကို ပြန်ရွတ်ပြနေသည်။
စာမျက်နှာတစ်ခုလုံးက စာကြောင်းတွေကို ပြန်ရွတ်ပြသွားတာ ပြည့်ပြည့်စုံအောင်မှန်နေ၏။ နန်ဟွိုင်လင် ပြောသွားတဲ့ထဲမှာ စာလုံးတစ်လုံးလေးမှကို အမှားအယွင်းမရှိပေ။
" holy shit!...မင်း ဒီလိုပေါက်ကရစာကြောင်းတွေကို ဘယ်လိုများ မှတ်ထားတာလဲ? " ဖေ့ချန်က သူ့ကို အံ့သြစွာ စိုက်ကြည့်လာ၏။ " ကိုယ်သာ ဒါတွေအကုန် မှတ်မိအောင်လုပ်ရရင် ရူးသွားလိမ့်မယ် "
" ကျတော် အရင်ကဆို စာကြောင်းတွေမှတ်တာ အရမ်းတော်တာ...ဒါပေမယ့် အခုနောက်ပိုင်း ဘာဖြစ်တာလဲ မသိဘူး...ကျတော့်ရဲ့ မှတ်ဉာဏ်က ပိုပိုပြီး ဆိုးဆိုးလာတယ်...စာကြောင်းတစ်ကြောင်းကို မှတ်မိဖို့ အချိန်တော်တော်ယူနေရတယ် "
" ညနောက်ကျတဲ့အထိ နေရလို့လား? "
" ဖြစ်နိုင်တယ်...ကျတော် အခုတလော ညပိုင်းရှုတင်တွေ အရမ်းများနေတယ်..နဲနဲတောင် အားနည်းလာသလိုပဲ "
" အဲ့တာဆို ကိုယ် ကူညီပေးရမလား? " ဖေ့ချန်က ပြုံးကာပြောလာ၏။
ဘာလို့လဲတော့မသိဘူး ဖေ့ချန်ရဲ့ အပြုံးက တစ်မျိုးတော့တစ်မျိုးပဲလို့ သူ့စိတ်ထဲ အလိုလိုထင်နေမိသည်။ ဒါကြောင့် သူ သတိထားကာ မေးလိုက်သည်။ " ကျတော်က ဘာလုပ်ရမှာလဲ? "
" ခနစောင့်! " ဖေ့ချန်က ခုတင်ပေါ်က ခုန်ဆင်းကာ အပြင်ကိုထွက်သွား၏။ " ကိုယ့်နောက်ကို မလိုက်ခဲ့နဲ့! "
ဘယ်လိုတောင်လဲ?
နန်ဟွိုင်လင် စောင့်နေရင်း ဇာတ်ညွှန်းဖတ်နေလိုက်သည်။ 10မိနစ်ကြာပြီးတဲ့ထိကို ဖေ့ချန်က ပြန်မလာတာကြောင့် သူ သွားကြည့်ဖို့ပြင်နေချိန်မှာ ဖေ့ချန်က ခွက်တစ်ခုနဲ့အတူ ရောက်ရှိလာ၏။
" သောက်လိုက် " ဖေ့ချန်က ကြွေအဖြူရောင်ခွက်လေးကို သူ့ဆီကမ်းပေးလာ၏။
" ဘာတွေလဲ? " နန်ဟွိုင်လင် ယူကာ အနံ့ခံပြီး ကြည့်လိုက်သည်။ " ဒိန်ချဥ်လား? "
ဖေ့ချန်က ခေါင်းညိမ့်ပြလာသည်။ " စပယ်ရှယ်ဒိန်ချဥ်...ခန္ဓာကိုယ်အတွက် "
သူ ဖေ့ချန်ကို သံသယရှိစွာ လှမ်းကြည့်လိုက်သည်။ " ခင်ဗျား ဒီထဲကို ဘာထည့်ထားတာလဲ?"
" ဟာကွာ..မေးခွန်းတွေ အများကြီး မေးမနေနဲ့..ကိုယ်က မင်းကို အဆိပ်ခတ်ပါ့မလား? " ဖေ့ချန်က လက်တစ်ဖက်နဲ့ သူ့ခေါင်းရဲ့ အနောက်ကိုထိန်းထားပြီး နောက်တစ်ဖက်နဲ့ ခွက်ကို သူ့ပါးစပ်နားရောက်အောင် တွန်းပို့တော့သည်။
" လိမ္မာတယ်...ပါးစပ်ဟလိုက် "
သူ့ခေါင်းက ထိန်းချုပ်ခံထားရတာကြောင့် တစ်ဝက်လောက်ရှိတဲ့ ဒိန်ချဥ်တွေကို သူ တစ်ခါတည်း ငုံလိုက်ရတော့သည်။
" ဒိန်ချဥ်အရသာတိုင်းပဲလေ..ဘာမှ စပယ်ရှယ်တာလဲ မရှိပဲနဲ့ " သူ့မျက်လုံးတွေကို ကျဥ်းကာ ဖေ့ချန်ကို ကြည့်လိုက်သည်။ " ခင်ဗျား ကျတော့်ကို ထူးဆန်းတာတစ်ခုခုသောက်ခိုင်းနေတယ်လို့ ခံစားရတယ် "
ဖေ့ချန်က သူ့ဆံပင်တွေကို အသဲအရမ်းယားနေသလိုမျိုး ဖွပစ်လာ၏။ ပြီးနောက် ခွက်ကိုကိုင်ကာ ပြန်ထွက်သွားသည်။ " အဲ့ဒါကောင်းတဲ့အရာပါ...တခြားသူတွေဆို ဘယ်လိုလုပ်လို့မှတောင် သောက်လို့ရတာမဟုတ်ဘူး "
နန်ဟွိုင်လင်က လျှာပေါက်စလေးထုတ်ကာ သူ့ရဲ့နှုတ်ခမ်းကို လျှက်ကြည့်လာ၏။ ဒိန်ချဥ်အရသာပါပဲ...
'ဒီလူကြီးက သူများကိုသောက်အောင် ဘယ်လိုများ အတင်းလုပ်ရတာလဲ? လန့်တောင်သွားတာပဲ..' သူ ဇဝေဇဝါတွေးနေမိသည်။
ညစာကို ဟိုတယ်က စားသောက်ဆိုင်မှာပဲ စားလိုက်ကြသည်။
ညစာစားပြီးနောက် ဖေ့ချန်က အခန်းကိုပြန်ကာ သူ့ရဲ့ကိုယ်ပိုင်အဝတ်တွေကို လဲလိုက်ပြီးနောက် ရှန်ချုန်းနဲ့ သောက်ဖို့ လိုက်သွားတော့သည်။
ရှုတင်မှာ ပြောရမဲ့စာကြောင်းတွေကိုလဲ မှတ်ထားပြီးသားဆိုတော့ နန်ဟွိုင်လင် ဘာမှ လုပ်စရာမရှိတာကြောင့် ဆိုဖာပေါ်မှာ လက်တော့နဲ့ ရုပ်ရှင်ကြည့်ဖို့ လုပ်လိုက်၏။
ဒီထိန့်လန့်ဖွယ်ရာဇာတ်လမ်းက ထွက်ထားတာ တော်တော်ကြာပြီဆိုပေမယ့် သူ ဒေါင်းလော့လုပ်ပြီး ကြည့်ဖို့ မအားသေးတာကြောင့်ဖြစ်သည်။ ရုပ်ရှင်ကားအားလုံးကို ကြည့်ရတာကြိုက်ပေမယ့် ထိတ်လန့်ဖွယ်ဇာတ်လမ်းတွေကတော့ သူ့စိတ်ကို အထိမခံဖြစ်စေတက်၏။ သရဲပါလို့ပဲဖြစ်ဖြစ် သွေးထွက်သံယိုပါဖြစ်တာပဲဖြစ်ဖြစ်..အဲ့လိုကားတွေကို သူတစ်ခါတစ်ရံမှသာ ကြည့်ဖြစ်၏။ ဒီလိုစိတ်လှုပ်ရှားမှုမျိုးက အထူးသဖြင့် ဖိအားတွေများနေတဲ့အခါမှာ ထိရောက်စွာ သက်သာစေ၏။
ဒါပေမယ့် ဒီKunchi Rockလို့ခေါ်တဲ့ဇာတ်ကာက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းလွန်း၏။ သူ့ဦးခေါင်းခွံက ထုံပြီး လက်တွေခြေထောက်တွေပါ ချွေးအေးတွေ ထွက်ကုန်တဲ့အထိ နန်ဟွိုင်လင် ကြောက်လန့်သွားသည်။ ဇာတ်လမ်းတစ်ဝတ်လောက်ရောက်တော့ သူ လုံးဝကိုဆက်မကြည့်နိုင်တော့ပေ..ဒါကြောင့် သူ ခုတင်ပေါ်ကစောင်အောက်မှာ ကွေးကွေးလေး ဝင်ခွေနေမိတော့သည်။
နန်ဟွိုင်ဟင် ရင်တုန်ပန်းတုန်နဲ့ အိပ်မောကျခါနီးအချိန်မှာ ရုတ်တရက် တံခါးဘဲသံကိုကြားလိုက်ရတော့ သူ့နှလုံးသားက အပြင်ကို ထွက်ကျသွားပြီလားလို့တောင် ထင်မိတော့သည်။
နန်ဟွိုင်လင် တံခါးဆီကို တရွေ့ရွေ့လေးသွားလိုက်တယ်။
တံခါးက ပွင့်လာပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုက သူ့ဆီကို ကျရောက်လာ၏။ အရက်နံ့က နန်ဟွိုင်လင်ကိုပါ မအီမသာဖြစ်လာစေသည်။
ရှန်ချုန်းကလဲ ယိုင်တိုင်တိုင်တိုင်ဖြစ်နေကာ လျှာလိပ်သံကြီးနဲ့ ပြောလာ၏။
" သူ မူးနေတာ..ငါ မင်းဆီထားခဲ့ပြီနော် "
ရှန်ချုန်းက လက်ကိုဝှေ့ယမ်းကာ မျက်နှာချင်းဆိုင်က အခန်းဆီကို မတည်မငြိမ်နဲ့ ယိမ်းထိုးလျှောက်သွားတော့သည်။
နန်ဟွိုင်လင် သူ့ကိုမကူညီတော့ဘဲနဲ့ မူးနေတဲ့ဖေ့ချန်ကိုသာ အခန်းထဲဆွဲခေါ်လာလိုက်သည်။ ဖေ့ချန်ရဲ့ကိုယ်တစ်ခုလုံးက သူ့ပေါ်ကို မှီထားတာကြောင့် နန်ဟွိုင်လင် လမ်းတောင်မနဲလျှောက်ယူရသည်။ ဖေ့ချန်ကို အိပ်ခန်းထဲခေါ်ကာ ကုတင်ပေါ်ကို သေသေချာချာလေး တင်ပေးလိုက်သည်။
နန်ဟွိုင်လင် ပြန်ထဖို့ကြိုးစားတော့ ဖေ့ချန်က လက်တွေနဲ့ သူ့လည်ပင်းကို ရစ်ပက်ထားပြီး သူ့ရဲ့တောင့်တင်းတဲ့ ရင်ဘတ်ပေါ်မှာ နန်ဟွိုင်လင်ကို ဖိထားတာကြောင့် သူ ဖေ့ချန်ရဲ့လက်ကြီးကို အတင်းဆွဲဖယ်ပစ်လိုက်သည်။
" ခင်ဗျား....." နန်ဟွိုင်လင် စကားတစ်ခွန်းပြောရုံပဲရှိသေး ရုတ်တရက် ဖေ့ချန်က ကိုယ်ကိုလိမ့်ကာ သူ့အပေါ်မှာ ခိုင်ခံစွာ တက်ဖိထားတော့သည်။
_______________
10. 10. 22 ( Mon)
TN/ ပျော်ရွှင်ဖွယ်သီတင်းကျွတ်လေး ပိုင်ဆိုင်ကြရဲ့လား
ဒီနေ့ ခလေးတစ်ယောက် upလာတောင်းတာမြင်လို့ တင်ပေးလိုက်ပါတယ်
တစ်ရက်တည်းနဲ့ ပြီးသွားမယ်လို့တောင် မထင်ထားဘူး
ကြားထဲ မီးပြန်လာတာကျေးဇူးတင်ရမှာပေါ့
--------------
Zawgyi
သဲသဲမဲမဲရြာေနတဲ့မိုးက သူတို႔ႏွစ္ေယာက္ အခန္းထဲလည္းေရာက္ေရာ ရပ္တန္႔သြားၿပီး ေကာင္းကင္မွာ သက္တန္႔ႀကီးတစ္ခုေပၚထြက္လာခဲ့သည္။ ေဖ့ခ်န္က တစ္ကိုယ္လံုးနီးပါး ရႊဲစိုသြားတာေၾကာင့္ အဝတ္ေတြခြၽတ္ၿပီး ေရခ်ိဳးခန္းဆီကို သြားေနသည္။
နန္ဟြိုင္လင္ ေဖ့ခ်န္ရဲ့ အဝတ္ထည့္လာတဲ့အိတ္ကို ရွာမေတြ့တာေၾကာင့္ သူ႔ဗီရိုထဲက သူနဲ႔ဆို အပြဆံုးျဖစ္တဲ့အဝတ္ေတြကို ရွာေဖြလိုက္ၿပီး ေဖ့ခ်န္ ေရခ်ိဳးခန္းကထြက္လာရင္ ဝတ္ခိုင္းဖို႔ လုပ္လိုက္ကာ အဝတ္ေတြကို ခုတင္အစြန္းက ျမင္သာထင္သာရိွတဲ့ေနရာမွာ တင္လိုက္၏။ ဒါမွသာ ေဖ့ခ်န္ေရခ်ိဳးခန္းက ထြက္လာလာခ်င္း ေတြ့မွာျဖစ္သည္။
နန္ဟြိုင္လင္ အိပ္ခန္းထဲက ထြက္ဖို႔ျပင္ေနခ်ိန္မွာ ရုတ္တရက္ သူ႔ဆီကို ဖုန္းဝင္လာသည္။ အရင္က ေၾကကြဲစရာဖုန္းျမည္သံက အခုေတာ့ ေပ်ာ္ရႊင္ျမဴးႂကြတဲ့ အသံေလးကို ေျပာင္းလဲသြားၿပီျဖစ္သည္။
" ဟယ္လို..အမ ထ်န္းက်ူ " နန္ဟြိုင္လင္ ေရခဲေသတၲာကိုဖြင့္ကာ အထဲက ေရဘူးတစ္ခုကို ထုတ္ယူလိုက္သည္။
" မင္း ဟိုတယ္ျပန္ေရာက္ၿပီလား? "
" ဟုတ္...အခုေလးတင္ျပန္ေရာက္တာ..ဘာျဖစ္လို႔လဲ? "
" ငါ ဒီေန့ ဘာလုပ္စရာမွ မရိွလို႔...အရင္ႏွစ္လက ငါရိုက္ထားတဲ့ဓာတ္ပံုေတြကို ျပန္ၾကည့္မိလိုက္တယ္..အဲ့တာ ငါ မင္းကို ၾကည့္ေစခ်င္လို႔ "
" ဒါဆို လာခဲ့ေလ...က်ေတာ္ အခန္းထဲမွာ ရိွတယ္ "
နန္ဟြိုင္လင္ ဖုန္းခ်လိုက္ၿပီး ေရဘူးအဖံုးကိုလွည့္ဖြင့္ကာ ေအးျမတဲ့ေရတစ္ငံုကို ယူလိုက္သည္။ ထို႔ေနာက္ သူ ထိုင္ခံုမွာထိုင္ခါစပဲရိွေသး တံခါးဘဲသံက ျမည္လာေတာ့သည္။
အမက်ူလာတာ အရမ္းျမန္တာပဲ။
သူ သြားၿပီး တံခါးဖြင့္ေပးေတာ့ မိန္ထ်ဳန္းက်ူက သူမရဲ့ လက္ေတာ့နဲ႔အတူ ဝင္ေရာက္လာသည္။
" ငါ အႀကီးႀကီးရွာေတြ့ခဲ့တယ္ " မိန္ထ်န္းက်ူခမ်ာ အရင္ေတာင္မထိုင္ႏိုင္ဘူး...သူ႔မွာ အထဲေရာက္ခါရိွေသး လမ္းေလ်ွာက္ေနရင္းေတာင္ ေျပာေနေတာ့၏။ " အဲ့တာ ဘယ္ေလာက္ အံ့ၾသဖို႔ေကာင္းလဲ မင္းေတြ့လိမ့္မယ္ "
နန္ဟြိုင္လင္ သူမေနာက္ကေန လိုက္ခဲ့လိုက္ကာ ဆိုဖာေပၚမွာ ေဘးခ်င္းကပ္ရပ္ ထိုင္လိုက္ၾကသည္။
မိန္ထ်န္းက်ူက သူမလက္ေတာ့ကို စားပြဲေပၚတင္ကာ အထဲက ဖိုဒါတစ္ခုကို ဖြင့္လိုက္သည္။ " ငါ အရင္ႏွစ္လက ေန့တိုင္းရိုက္ခဲ့တဲ့ပံုေတြကို ဘာမွ မျပင္ဘဲနဲ႔ ရက္စြဲေတြအလိုက္ စဥ္ထားတာ...အခု သူတို႔အကုန္လံုးကို အစကေန အဆံုးထိ ၾကည့္ၾကည့္လိုက္ " သူမက ပံုေတြကိုၾကည့္ဖို႔ slideshowတစ္ခုနဲ႔ လုပ္ထား၏။ " အံ့ဖြယ္ျဖစ္ရပ္ႀကီးကို ၾကည့္ဖို႔ အခ်ိန္က်ၿပီ "
( TN/ slideshowက presentationေတြမွာ ေတြ့ရသလိုမ်ိဳး ဓာတ္ပံုေတြကိုတစ္ခုၿပီးတစ္ခု ႏိွပ္စရာမလိုဘဲ ျပသြားတဲ့ပံုစံမ်ိဳးပါ )
တကယ္ေတာ့ နန္ဟြိုင္လင္ နဲနဲစိုးရိမ္ေနမိကာ သူ႔ေရ႔ွက ကြန္ျပဴတာစခရင္ကိုပဲ မမိွတ္မသုန္စိုက္ၾကည့္ေနမိေတာ့သည္။
တစ္ပံုၿပီးတစ္ပံု ပံုေတြေျပာင္းလဲသြာတာႏွင့္အတူ သူ႔မ်က္ႏွာကလဲ တျဖည္းျဖည္း ေျပာင္းလဲလာသည္။
နန္ဟြိုင္လင္ လူတစ္ေယာက္ရဲ့မ်က္ႏွာအေပၚ ဒီေန့နဲ႔ မေန့က ေျပာင္းလဲသြားမႈရိွခဲ့ရင္ေတာင္ သူ ဘယ္တုန္းကမွ မေျပာႏိုင္ခဲ့ေပ..အဲ့ဒါက မိန္ထ်န္းက်ူလို သူနဲ႔ ေန့တစ္ဒူဝေတြ့ေနရတဲ့သူေတာင္ မရေပ။ ဒါေၾကာင့္ သူမွန္ၾကည့္မွ ျမင္ရမဲ့ သူ႔မ်က္ႏွာက တစ္ေန့တစ္ျခားေျပာင္းလဲသြားမႈကို သတိျပဳမိဖို႔ဆိုတာ ပိုၿပီးေတာ့ေတာင္ ခက္ခဲေသးသည္။
ဒါေပမယ့္ အခုလို မ်က္လံုးနဲ႔ ဆယ္ပံုေက်ာ္ေက်ာ္ေက်ာ္ေလာက္ထိကို တစ္ခါတည္း ၾကည့္ၿပီးေနာက္မွာ သူ တျခားပံုေတြကို ထပ္ၿပီးၾကည့္မိေလေလ သူပိုၿပီးေတာ့ အထိတ္တလန္႔ျဖစ္လာေလေလပဲ။ သူ႔ကိုယ္မွာ ျပႆနာတစ္ခုခုရိွတယ္ဆိုတာကိုေတာင္ သူ ယံုၾကည္ခ်င္ေနၿပီ..မဟုတ္ရင္ ႏွစ္လတည္းနဲ႔ သူ႔မ်က္ႏွာက ဘာလို႔လုပ္ အရမ္းေျပာင္းလဲႏိုင္မွာလဲ? ဒါက လံုးဝကို သိပၸံနည္းက်ျဖစ္စဥ္နဲ႔ ကြဲလြဲေနတယ္။
ႏွစ္မိနစ္ၾကာၿပီးေနာက္ ဒီေန့မနက္ မိတ္ကပ္မလိမ္းခင္ ရိုက္ထားတဲ့ ဓာတ္ပံုဆီေရာက္ရိွသြားၿပီး လက္ေတာ့စခရင္က ရပ္တန္႔သြားသည္။
နန္ဟြိုင္လင္ ဒီရင္းႏွီးသလိုလိုရိွတဲ့ အခုထိ မရင္ႏွီးေနေသးတဲ့မ်က္ႏွာကို ေငးေမာၾကည့္ေနမိသည္။ အခ်ိန္ေတာ္ေတာ္ၾကာသြားမွ သူ မိန္ထ်န္းက်ူဘက္လွည့္ကာ ေျပာလိုက္သည္။
" အမထ်န္းက်ူ...ဒါက..ဘယ္လိုမ်ား..ျဖစ္သြားတာလဲ? "
" ဒါက ဘဲရုပ္ဆိုးေလးကေန ငန္းျဖဴေလးအျဖစ္ကို ေျပာင္းလဲသြားတဲ့ဗားရွင္း အစစ္ေလ " မိန္ထ်န္းက်ူက သူ႔ကို သေဘာက်လြန္းတဲ့မ်က္လံုးေတာက္ေတာက္ေတြနဲ႔ လွမ္းၾကည့္ေနသည္။ " မင္းမ်က္ႏွာရဲ့ ဘယ္နားက ေျပာင္းလဲသြားလဲဆိုတာကို ငါ့ကိုေျပာေစခ်င္ရင္ေတာ့ ငါလည္း မေျပာတက္ဘူး။ မ်က္ႏွာေပၚက အစိတ္အပိုင္းေတြလား..အမ္..မ်က္ႏွာပံုစံလား..အမ္...သူတို႔ၾကည့္ရတာလဲ မေျပာင္းလဲပါဘူး..ဒါေပမယ့္ အကုန္လံုးၿခံဳၾကည့္လိုက္ရင္ေတာ့ ေျပာင္းလဲသြားတာ အရမ္းသိသာတယ္ "
" အမ..ထ်န္းက်ူ " နန္ဟြိုင္လင္ ရုတ္တရက္ ေၾကာက္ရြံလာသည္။ " က်ေတာ္ မေသေလာက္ဘူးမလား...ဟင္? "
" အဲ့တာ ဘာလဲ? ဘာေတြေလ်ွာက္ေတြးေနတာလဲ? " မိန္ထ်န္းက်ူး ရယ္လဲရယ္ခ်င္တယ္ သနားလဲသနားလာတယ္။ " ငါ့အထင္ေတာ့ မင္း ရုတ္တရက္ ခႏၶာကိုယ္ဖြံ႔ၿဖိဳးလာတာျဖစ္မယ္။ ေနာက္ဆံုးေတာ့ ဘုရားက မင္းကို စားစရာေတြနဲ႔အတူ ဆုေပးလိုက္တာထင္တယ္။ မင္း ေပ်ာ္ေနသင့္တယ္..ကိုယ့္ကိုကိုယ္ ျပန္ေၾကာက္မေနနဲ႔...အယ္.. "
ရုတ္တရက္ ေဖ့ခ်န္ရဲ့အသံက အိပ္ခန္းထဲကေန ထြက္ေပၚလာသည္။
" ကိုယ္ ဒီအတြင္းခံကို ဝတ္လို႔မရဘူး! ကိုယ့္ကိုတစ္ျခားတစ္ခု ရွာေပး! "
ရုတ္တရက္ မိန္ထ်န္းက်ူရဲ့မ်က္လံုးေတြက ျပဴးက်ယ္သြားၿပီး နန္ဟြိုင္လင္ကို စိုက္ၾကည့္လာသည္။
" ဘယ္သူ....? အဲ့တာ ဘယ္သူလဲ? "
ေဖ့ခ်န္က နန္ဟြိုင္လင္ ျပန္ေျဖတာကိုေတာင္ မေစာင့္ဘူး။ အိပ္ခန္းတံခါးက ပြင့္လာတာႏွင့္အတူ ေဖ့ခ်န္က သူ႔ရဲ့စြယ္က်ယ္အက်ႌႏွင့္ေအာက္ခံေဘာင္းဘီကို ဝတ္ထားကာ ထြက္ေပၚလာသည္။
မိန္ထ်န္းက်ူ ေရွာ့ရသြားကာ သူမရဲ့ပါးစပ္က Oပံုစံပြင့္သြားၿပီး ၾကက္ဥတစ္လံုးသြတ္ေပးမယ္ဆိုရင္ေတာင္ ဝင္ႏိုင္တယ္...
" အို႔မိုင္ေဂါ့...ဘာ..ဘာ..ဘာေတြလဲ? " သူမက အသံကို ထပ္ႏိွမ့္ၿပီး ေျပာလာ၏။ " မင္းနဲ႔ Mr.ေဖ့က? မင္းတို႔ႏွစ္ေယာက္က....? "
" အမ ထင္ေနသလို မဟုတ္ပါဘူး...Mr.ေဖ့က ရွန္ခ်ဳန္းဆီ လာလည္တာ..အဲ့တာ ဟိုတယ္အခန္းကျပည့္သြားလို႔ က်ေတာ့္ဆီ လာေနတာ "
ဟမ္.....ဒီစကားထဲက တစ္ခုခုမွားေနတယ္လို႔ မိန္ထ်န္းက်ူ ခံစားမိေနသည္။ ဒါေပမယ့္ နန္ဟြိုင္လင္က သူမ ထပ္ေမးမွာေတြကိုေတာင္ မေစာင့္ဘူး သူက ထကာ အခန္းထဲကို ဝင္သြားေတာ့သည္။ " က်ေတာ္ သူ႔ပို႔ အဝတ္ရွာေပးလိုက္ၪီးမယ္...အမ ခနထိုင္ေနေနာ္ "
နန္ဟြိုင္လင္ အိပ္ခန္းထဲဝင္ဝင္ခ်င္း မိန္ထ်န္းက်ူ သူမလက္ေတာ့ကို လက္မွာပိုက္ကာ ထြက္ေျပးလာေတာ့သည္။
သူတို႔ႏွစ္ေယာက္ရဲ့ဆက္ဆံေရးက သူမထင္သလို ဟုတ္ဟုတ္ မဟုတ္ဟုတ္ သူမအတြက္က အဲ့ဒီေနရာမွာ ဆက္ရိွေနဖို႔ လံုးဝမသင့္ေတာ္ဘူးေလ။
" ေဘာင္းဘီက ခါးက်ဥ္းလို႔လား? " နန္ဟြိုင္လင္ ေဖ့ခ်န္ကို ေမးလိုက္၏။
" အမ္..ကိုယ္ အေပၚဆြဲတင္လို႔ေတာင္ မရဘူး...မင္းခါးေလးက ဘာလို႔ အဲ့ေလာက္ေသးေနတာလဲ? "
" က်ေတာ့္ခါးက ေသးတာမဟုတ္ပါဘူး...က်ေတာ့္ရဲ့ အရိုးတည္ေဆာက္ပံုက ခင္ဗ်ားထက္ေသးေနလို႔သာ " နန္ဟြိုင္လင္ ခါးမွာေမ်ွာ့ႀကိဳးပါတဲ့ ေအာက္ခံေဘာင္းဘီကိုေတြ့သြားၿပီး ေဖ့ခ်န္ဆီ ေပးလိုက္၏။ " ခင္ဗ်ား ဒါနဲ႔သာမေတာ္ဘူးဆိုရင္ ဘာမွမဝတ္ဘဲနဲ႔သာ ပတ္ေျပးေနေတာ့ "
" ကိုယ္က အဝတ္မပါဘဲ ပတ္ေျပးရလဲကိစၥမရိွပါဘူး..မင္းကေရာ ေနႏိုင္လို႔လား? " ေဖ့ခ်န္က သူ႔ကိုၿပံဳးကာ လွမ္းစေနသည္။
" ေလမေပါနဲ႔...ဝတ္ေတာ့ "
ထိုအခါမွ ေဖ့ခ်န္ကေဘာင္းဘီကို မဝတ္ခ်င္ဝတ္ခ်င္နဲ႔ ဝတ္ေနၿပီး ေဘာင္းဘီက နဲနဲက်ပ္တာတာေၾကာင့္ သူ႔ခြၾကားကဟိုဟာက ဖုေဖာင္းထြက္ေနၿပီး အမွတ္တမဲ့ ၾကည့္မိရင္ေတာင္ အရင္ဆံုးျမင္ႏိုင္ေသာအရာျဖစ္ေန၏။
" မဆိုးဘူးပဲ ေနာက္ဆံုးေတာ့ ဝတ္လို႔ရသြားၿပီ " နန္ဟြိုင္လင္ ရယ္ခ်င္စိတ္ကို ထိန္းထားရကာ ေရခ်ိဳးခန္းဆီကို သြားလိုက္၏။ " ဧည့္ခန္းထဲသြားေနေခ်...က်ေတာ္ ခင္ဗ်ားရဲ့အဝတ္စိုေတြေလ်ွာ္လိုက္ၪီးမယ္ "
" ကိုယ္တစ္ေယာက္တည္းေနရမွာ ပ်င္းတယ္ " ေဖ့ခ်န္က သူ႔ေနာက္ကေန ကပ္လိုက္လာ၏။ " ကိုယ္လဲ မင္းနဲ႔အတူေလ်ွာ္မယ္ "
နန္ဟြိုင္လင္ လက္ေဆးကန္ရဲ့ေရ႔ွမွာရပ္ၿပီး အဝတ္ေလ်ွာ္ေနတာကို ေဖ့ခ်န္က ေရစိမ္ကန္ရဲ့ အစြန္းမွာထိုင္ရင္း လက္ကိုေထာက္ၿပီးမွီထားကာ သူလုပ္တာေတြကို ေငးၾကည့္ေန၏။
ေဖ့ခ်န္က သူ႔ကို အကဲခက္ၾကည့္ေနတယ္လို႔ နန္ဟြိုင္လင္ ခံစားေနရတာေၾကာင့္ သူ အဝတ္ေလ်ွာ္ေနရင္း ေဖ့ခ်န္ကိုတစ္ခုခုေျပာဖို႔ စဥ္းစားကာ အမူအရာ မျပတ္လိုက္မိဖို႔ ဟန္ေဆာင္ေနရသည္။
" ခင္ဗ်ား ဒီႏွစ္လအတြင္း စားရေသာက္ရတာ အဆင္ေျပရဲ့လား? "
" ကိုယ္စားပါတယ္...ဘာလဲ ကိုယ့္ကို ဝိတ္က်သြားတယ္လို႔ ျမင္လို႔လား? "
နန္ဟြိုင္လင္သူ႔ကို လွည့္ၾကည့္လိုက္မိသည္။ " အင္း..ခင္ဗ်ား ဝိတ္နဲနဲက်သြားတယ္ "
ထိုအခါ ေဖ့ခ်န္ရဲ့ႏႈတ္ခမ္းမ်ားက ၿပံဳးေယာင္သန္းသြား၏။ " မင္း ေပက်င္းကို ျပန္လာရင္ ကိုယ့္ကို အားျပည့္ေအာင္ လုပ္ေပး "
နန္ဟြိုင္လင္လည္း ၿပံဳးလိုက္မိသည္။ " အိုေကေလ...က်ေတာ္ ခင္ဗ်ားကို အသားေတြငါးေတြအမ်ားႀကီး ေနတိုင္းေကြၽးမယ္...ေပါင္200ေလာက္ထိ ဝလာေအာင္ကိုေကြၽးမွာ..."
" ႀကိဳးစားၾကည့္ေလ.......မင္းလဲ ပိန္သြားတယ္..ရုပ္ရွင္ရိုက္ရတာက အရမ္းပင္ပန္းလား?"
" က်ေတာ္ကေတာ့ တစ္ႏွစ္မွာ 365ရက္လံုး ဒီလိုမ်ိဳး အလုပ္လုပ္ႏိုင္ဖို႔ ဆုေတာင္းတယ္...ကိုယ္ႏွစ္သက္ရာကို လုပ္ေနရေတာ့ ေကာင္းပါတယ္။ ဘယ္ေလာက္ပင္ပန္းပင္ပန္း ကိစၥမရိွဘူးရယ္.. " နန္ဟြိုင္လင္ ၿပံဳးကာေျပာေန၏။
ေဖ့ခ်န္က စကားျပန္မေျပာခင္ ခနေလာက္မွင္သက္ေနေသးသည္။
" ကိုယ္ အခ်ိန္တိုင္း မင္းႀကိဳက္တာေတြကိုလုပ္ဖို႔ ခြင့္ျပဳေပးမွာပါ "
ဒီစကားလံုးေတြကိုၾကားရတာက နန္ဟြိုင္လင္အတြက္ေတာ့ " ငါ မင္းကိုႀကိဳက္တယ္"လို႔ အဆတစ္ေထာင္ေျပာတာထက္ကို ပိုၿပီးေတာ့ အင္အားႀကီးမား၏။
စစ္သားတစ္ေယာက္က သူ႔ေျမကို ကာကြယ္ေပးေနသလိုမ်ိဳး သူခံစားရသည္။ ေဖ့ခ်န္က ၿမိဳ႔တစ္ၿမိဳ႔တိုက္ခိုက္ဖို႔ သူ႔စစ္သည္ကိုေခၚေဆာင္လာၿပီး သူတို႔ကို တစ္မိနစ္အတြင္းမွာပဲ နန္ဟြိုင္လင္ ဆံုးရႈံးရေတာ့မလိုပဲ။ သူ စိတ္ထဲကေန စကားတစ္ခုကိုပဲ ထပ္ကာထပ္ကာ ေရရြတ္ေနမိေတာ့၏။ ေဖ့ခ်န္က ေဖ့က်န္းရဲ့ညီ....ေဖ့ခ်န္က ေဖ့က်န္းရဲ့ညီ...ေဖ့ခ်န္က ေဖ့က်န္းရဲ့ညီ...
ရုတ္တရက္ ရင္းရင္းႏွီးႏွီးရိွတဲ့ ဖုန္းျမည္သံတစ္ခု ထြက္ေပၚလာ၏။
ေဖ့ခ်န္ရဲ့ ဖုန္းကပဲ..
ေဖ့ခ်န္က ထကာ ဖုန္းေျပာဖို႔ အျပင္ထြက္သြားၿပီးေနာက္ တိုေတာင္းလြန္းတဲ့ စကားႏွစ္ခြန္းေျပာကာ ဖုန္းခ်ပစ္လိုက္၏။
" ရွန္ခ်ဳန္းက ဒီေန့ညေသာက္ဖို႔ ကိုယ့္ကိုေခၚေနတာ " ေဖ့ခ်န္က တံခါးေဘာင္ကိုမွီကာ နန္ဟြိုင္လင္ရဲ့ေက်ာျပင္ေလးကို စိုက္ၾကည့္ေန၏။ " မင္း ဘာလို႔ ကိုယ္နဲ႔ မလိုက္တာလဲ? "
" က်ေတာ္ မသြားသင့္ဘူးထင္လို႔....မနက္ျဖန္ ရႈတင္နဲနဲရိုက္ဖို႔ရိွတယ္..က်ေတာ္ ဇာတ္ၫႊန္းေတြမွတ္မိေအာင္ လုပ္ရၪီးမယ္.."
" ဟုတ္ပါၿပီ..အဲ့တာဆိုလဲ " ေဖ့ခ်န္ စိတ္နဲနဲညစ္သြားသည္။
နန္ဟြိုင္လင္ ေလ်ွာ္ၿပီးတဲ့အဝတ္ေတြကို ေရၫွစ္ကာ ဝါရံတာမွာ သြားလွမ္းလိုက္သည္။ မိုးရြာၿပီးကတည္းက ေနကျပန္ပူလာတာေၾကာင့္ ေနမဝင္ခင္ေတာင္ အဝတ္ေတျြပန္ေျခာက္ေလာက္သည္။
သူ အိပ္ခန္းထဲျပန္ဝင္လာေတာ့ ေဖ့ခ်န္က အိပ္ယာေပၚမွာထိုင္ကာ ဖုန္းၾကည့္ေန၏။
'ငါတို႔ တစ္ခုခုလုပ္ဖို႔ေတာ့ ရွာရမယ္'..နန္ဟြိုင္လင္ ေတြးေနမိသည္။ 'မဟုတ္ရင္ ႏွစ္တည္း ဒီတိုင္းႀကီးေနရတာ တစ္မ်ိဳးႀကီးပဲ'
" ခင္ဗ်ားဘာလုပ္ေနတာလဲ? " သူ ေဖ့ခ်န္ရဲ့ေဘးကို ဘာသိဘာသာနဲ႔ သြားထိုင္လိုက္သည္။
" ဘာမွ မလုပ္ဘူး " ေဖ့ခ်န္က ဖုန္းကို ပိတ္ကာ သူ႔ကို ေမာ့ၾကည့္လာ၏။
" ခင္ဗ်ား ဘာလုပ္စရာမွ မရိွဘူးဆိုရင္ က်ေတာ္ ဇာတ္ၫႊန္းနဲနဲေလာက္ ေျပာၾကည့္မလား? "
" ရတယ္ေလ "
လူႏွစ္ေယာက္က ကုတင္ေပၚမွာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကၿပီး ေဖ့ခ်န္က စာအုပ္ကိုၾကည့္ၿပီး ဇာတ္ၫႊန္းေတြဖတ္ေနကာ နန္ဟြိုင္လင္က အဲ့တာေတြကို ျပန္ရြတ္ျပေနသည္။
စာမ်က္ႏွာတစ္ခုလံုးက စာေၾကာင္းေတြကို ျပန္ရြတ္ျပသြားတာ ျပည့္ျပည့္စံုေအာင္မွန္ေန၏။ နန္ဟြိုင္လင္ ေျပာသြားတဲ့ထဲမွာ စာလံုးတစ္လံုးေလးမွကို အမွားအယြင္းမရိွေပ။
" holy shit!...မင္း ဒီလိုေပါက္ကရစာေၾကာင္းေတြကို ဘယ္လိုမ်ား မွတ္ထားတာလဲ? " ေဖ့ခ်န္က သူ႔ကို အံ့ၾသစြာ စိုက္ၾကည့္လာ၏။ " ကိုယ္သာ ဒါေတြအကုန္ မွတ္မိေအာင္လုပ္ရရင္ ရူးသြားလိမ့္မယ္ "
" က်ေတာ္ အရင္ကဆို စာေၾကာင္းေတြမွတ္တာ အရမ္းေတာ္တာ...ဒါေပမယ့္ အခုေနာက္ပိုင္း ဘာျဖစ္တာလဲ မသိဘူး...က်ေတာ့္ရဲ့ မွတ္ဉာဏ္က ပိုပိုၿပီး ဆိုးဆိုးလာတယ္...စာေၾကာင္းတစ္ေၾကာင္းကို မွတ္မိဖို႔ အခ်ိန္ေတာ္ေတာ္ယူေနရတယ္ "
" ညေနာက္က်တဲ့အထိ ေနရလို႔လား? "
" ျဖစ္ႏိုင္တယ္...က်ေတာ္ အခုတေလာ ညပိုင္းရႈတင္ေတြ အရမ္းမ်ားေနတယ္..နဲနဲေတာင္ အားနည္းလာသလိုပဲ "
" အဲ့တာဆို ကိုယ္ ကူညီေပးရမလား? " ေဖ့ခ်န္က ၿပံဳးကာေျပာလာ၏။
ဘာလို႔လဲေတာ့မသိဘူး ေဖ့ခ်န္ရဲ့ အၿပံဳးက တစ္မ်ိဳးေတာ့တစ္မ်ိဳးပဲလို႔ သူ႔စိတ္ထဲ အလိုလိုထင္ေနမိသည္။ ဒါေၾကာင့္ သူ သတိထားကာ ေမးလိုက္သည္။ " က်ေတာ္က ဘာလုပ္ရမွာလဲ? "
" ခနေစာင့္! " ေဖ့ခ်န္က ခုတင္ေပၚက ခုန္ဆင္းကာ အျပင္ကိုထြက္သြား၏။ " ကိုယ့္ေနာက္ကို မလိုက္ခဲ့နဲ႔! "
ဘယ္လိုေတာင္လဲ?
နန္ဟြိုင္လင္ ေစာင့္ေနရင္း ဇာတ္ၫႊန္းဖတ္ေနလိုက္သည္။ 10မိနစ္ၾကာၿပီးတဲ့ထိကို ေဖ့ခ်န္က ျပန္မလာတာေၾကာင့္ သူ သြားၾကည့္ဖို႔ျပင္ေနခ်ိန္မွာ ေဖ့ခ်န္က ခြက္တစ္ခုနဲ႔အတူ ေရာက္ရိွလာ၏။
" ေသာက္လိုက္ " ေဖ့ခ်န္က ေႂကြအျဖဴေရာင္ခြက္ေလးကို သူ႔ဆီကမ္းေပးလာ၏။
" ဘာေတြလဲ? " နန္ဟြိုင္လင္ ယူကာ အနံ႔ခံၿပီး ၾကည့္လိုက္သည္။ " ဒိန္ခ်ဥ္လား? "
ေဖ့ခ်န္က ေခါင္းညိမ့္ျပလာသည္။ " စပယ္ရွယ္ဒိန္ခ်ဥ္...ခႏၶာကိုယ္အတြက္ "
သူ ေဖ့ခ်န္ကို သံသယရိွစြာ လွမ္းၾကည့္လိုက္သည္။ " ခင္ဗ်ား ဒီထဲကို ဘာထည့္ထားတာလဲ?"
" ဟာကြာ..ေမးခြန္းေတြ အမ်ားႀကီး ေမးမေနနဲ႔..ကိုယ္က မင္းကို အဆိပ္ခတ္ပါ့မလား? " ေဖ့ခ်န္က လက္တစ္ဖက္နဲ႔ သူ႔ေခါင္းရဲ့ အေနာက္ကိုထိန္းထားၿပီး ေနာက္တစ္ဖက္နဲ႔ ခြက္ကို သူ႔ပါးစပ္နားေရာက္ေအာင္ တြန္းပို႔ေတာ့သည္။
" လိမၼာတယ္...ပါးစပ္ဟလိုက္ "
သူ႔ေခါင္းက ထိန္းခ်ဳပ္ခံထားရတာေၾကာင့္ တစ္ဝက္ေလာက္ရိွတဲ့ ဒိန္ခ်ဥ္ေတြကို သူ တစ္ခါတည္း ငံုလိုက္ရေတာ့သည္။
" ဒိန္ခ်ဥ္အရသာတိုင္းပဲေလ..ဘာမွ စပယ္ရွယ္တာလဲ မရိွပဲနဲ႔ " သူ႔မ်က္လံုးေတြကို က်ဥ္းကာ ေဖ့ခ်န္ကို ၾကည့္လိုက္သည္။ " ခင္ဗ်ား က်ေတာ့္ကို ထူးဆန္းတာတစ္ခုခုေသာက္ခိုင္းေနတယ္လို႔ ခံစားရတယ္ "
ေဖ့ခ်န္က သူ႔ဆံပင္ေတြကို အသဲအရမ္းယားေနသလိုမ်ိဳး ဖြပစ္လာ၏။ ၿပီးေနာက္ ခြက္ကိုကိုင္ကာ ျပန္ထြက္သြားသည္။ " အဲ့ဒါေကာင္းတဲ့အရာပါ...တျခားသူေတြဆို ဘယ္လိုလုပ္လို႔မွေတာင္ ေသာက္လို႔ရတာမဟုတ္ဘူး "
နန္ဟြိုင္လင္က လ်ွာေပါက္စေလးထုတ္ကာ သူ႔ရဲ့ႏႈတ္ခမ္းကို လ်ွက္ၾကည့္လာ၏။ ဒိန္ခ်ဥ္အရသာပါပဲ...
'ဒီလူႀကီးက သူမ်ားကိုေသာက္ေအာင္ ဘယ္လိုမ်ား အတင္းလုပ္ရတာလဲ? လန္႔ေတာင္သြားတာပဲ..' သူ ဇေဝဇဝါေတြးေနမိသည္။
ညစာကို ဟိုတယ္က စားေသာက္ဆိုင္မွာပဲ စားလိုက္ၾကသည္။
ညစာစားၿပီးေနာက္ ေဖ့ခ်န္က အခန္းကိုျပန္ကာ သူ႔ရဲ့ကိုယ္ပိုင္အဝတ္ေတြကို လဲလိုက္ၿပီးေနာက္ ရွန္ခ်ဳန္းနဲ႔ ေသာက္ဖို႔ လိုက္သြားေတာ့သည္။
ရႈတင္မွာ ေျပာရမဲ့စာေၾကာင္းေတြကိုလဲ မွတ္ထားၿပီးသားဆိုေတာ့ နန္ဟြိုင္လင္ ဘာမွ လုပ္စရာမရိွတာေၾကာင့္ ဆိုဖာေပၚမွာ လက္ေတာ့နဲ႔ ရုပ္ရွင္ၾကည့္ဖို႔ လုပ္လိုက္၏။
ဒီထိန္႔လန္႔ဖြယ္ရာဇာတ္လမ္းက ထြက္ထားတာ ေတာ္ေတာ္ၾကာၿပီဆိုေပမယ့္ သူ ေဒါင္းေလာ့လုပ္ၿပီး ၾကည့္ဖို႔ မအားေသးတာေၾကာင့္ျဖစ္သည္။ ရုပ္ရွင္ကားအားလံုးကို ၾကည့္ရတာႀကိဳက္ေပမယ့္ ထိတ္လန္႔ဖြယ္ဇာတ္လမ္းေတြကေတာ့ သူ႔စိတ္ကို အထိမခံျဖစ္ေစတက္၏။ သရဲပါလို႔ပဲျဖစ္ျဖစ္ ေသြးထြက္သံယိုပါျဖစ္တာပဲျဖစ္ျဖစ္..အဲ့လိုကားေတြကို သူတစ္ခါတစ္ရံမွသာ ၾကည့္ျဖစ္၏။ ဒီလိုစိတ္လႈပ္ရွားမႈမ်ိဳးက အထူးသျဖင့္ ဖိအားေတြမ်ားေနတဲ့အခါမွာ ထိေရာက္စြာ သက္သာေစ၏။
ဒါေပမယ့္ ဒီKunchi Rockလို႔ေခၚတဲ့ဇာတ္ကာက အရမ္းကို စိတ္လႈပ္ရွားဖို႔ေကာင္းလြန္း၏။ သူ႔ၪီးေခါင္းခြံက ထံုၿပီး လက္ေတြေျခေထာက္ေတြပါ ေခြၽးေအးေတြ ထြက္ကုန္တဲ့အထိ နန္ဟြိုင္လင္ ေၾကာက္လန္႔သြားသည္။ ဇာတ္လမ္းတစ္ဝတ္ေလာက္ေရာက္ေတာ့ သူ လံုးဝကိုဆက္မၾကည့္ႏိုင္ေတာ့ေပ..ဒါေၾကာင့္ သူ ခုတင္ေပၚကေစာင္ေအာက္မွာ ေကြးေကြးေလး ဝင္ေခြေနမိေတာ့သည္။
နန္ဟြိုင္ဟင္ ရင္တုန္ပန္းတုန္နဲ႔ အိပ္ေမာက်ခါနီးအခ်ိန္မွာ ရုတ္တရက္ တံခါးဘဲသံကိုၾကားလိုက္ရေတာ့ သူ႔ႏွလံုးသားက အျပင္ကို ထြက္က်သြားၿပီလားလို႔ေတာင္ ထင္မိေတာ့သည္။
နန္ဟြိုင္လင္ တံခါးဆီကို တေရြ့ေရြ့ေလးသြားလိုက္တယ္။
တံခါးက ပြင့္လာၿပီးေနာက္ ရုတ္တရက္ ခႏၶာကိုယ္တစ္ခုက သူ႔ဆီကို က်ေရာက္လာ၏။ အရက္နံ႔က နန္ဟြိုင္လင္ကိုပါ မအီမသာျဖစ္လာေစသည္။
ရွန္ခ်ဳန္းကလဲ ယိုင္တိုင္တိုင္တိုင္ျဖစ္ေနကာ လ်ွာလိပ္သံႀကီးနဲ႔ ေျပာလာ၏။
" သူ မူးေနတာ..ငါ မင္းဆီထားခဲ့ၿပီေနာ္ "
ရွန္ခ်ဳန္းက လက္ကိုေဝ႔ွယမ္းကာ မ်က္ႏွာခ်င္းဆိုင္က အခန္းဆီကို မတည္မၿငိမ္နဲ႔ ယိမ္းထိုးေလ်ွာက္သြားေတာ့သည္။
နန္ဟြိုင္လင္ သူ႔ကိုမကူညီေတာ့ဘဲနဲ႔ မူးေနတဲ့ေဖ့ခ်န္ကိုသာ အခန္းထဲဆြဲေခၚလာလိုက္သည္။ ေဖ့ခ်န္ရဲ့ကိုယ္တစ္ခုလံုးက သူ႔ေပၚကို မွီထားတာေၾကာင့္ နန္ဟြိုင္လင္ လမ္းေတာင္မနဲေလ်ွာက္ယူရသည္။ ေဖ့ခ်န္ကို အိပ္ခန္းထဲေခၚကာ ကုတင္ေပၚကို ေသေသခ်ာခ်ာေလး တင္ေပးလိုက္သည္။
နန္ဟြိုင္လင္ ျပန္ထဖို႔ႀကိဳးစားေတာ့ ေဖ့ခ်န္က လက္ေတြနဲ႔ သူ႔လည္ပင္းကို ရစ္ပက္ထားၿပီး သူ႔ရဲ့ေတာင့္တင္းတဲ့ ရင္ဘတ္ေပၚမွာ နန္ဟြိုင္လင္ကို ဖိထားတာေၾကာင့္ သူ ေဖ့ခ်န္ရဲ့လက္ႀကီးကို အတင္းဆြဲဖယ္ပစ္လိုက္သည္။
" ခင္ဗ်ား....." နန္ဟြိုင္လင္ စကားတစ္ခြန္းေျပာရံုပဲရိွေသး ရုတ္တရက္ ေဖ့ခ်န္က ကိုယ္ကိုလိမ့္ကာ သူ႔အေပၚမွာ ခိုင္ခံစြာ တက္ဖိထားေတာ့သည္။
_______________
10. 10. 22 ( Mon)
TN/ ေပ်ာ္ရႊင္ဖြယ္သီတင္းကြၽတ္ေလး ပိုင္ဆိုင္ၾကရဲ့လား
ဒီေန့ ခေလးတစ္ေယာက္ upလာေတာင္းတာျမင္လို႔ တင္ေပးလိုက္ပါတယ္
တစ္ရက္တည္းနဲ႔ ၿပီးသြားမယ္လို႔ေတာင္ မထင္ထားဘူး
ၾကားထဲ မီးျပန္လာတာေက်းဇူးတင္ရမွာေပါ့