ကြည်ပြာရောင်နေ့စွဲများ

By Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... More

ရက်စွဲ (၁)
ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ(၄)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၈)
ရက်စွဲ (၁၀)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ(၁၅)
ရက်စွဲ (၁၆)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ (၉)

515 69 10
By Suekyalaung

သည်နေ့တော့ထူးထူးခြားခြား လင်းလင်းထင်းထင်းလေးရှိနေသည်။ ပုံမှန်ဆိုရင် မနက် ၁၁ နာရီလောက်ဟာ မှေးမှိန်ဆဲ။ အဒီးတို့ပြန်လာ မယ့်ရက်မို့ထင်ပါရဲ့။ညနေ ၄နာရီ မှာ စူးကျယ်အောင်တစ်ယောက် တစ်ယောက်ခြံထဲတွင် အပင်များကို ရေပိုက်နှင့် ဖျန်းနေခဲ့သည်။

"အိပ်ချင်လို့၊အိပ်ချင်လို့"
ကချင်သံဝဲဝဲလေးတစ်ခု ခြံရှေ့မှ ပေါ်ထွက်ခဲ့သည်။ ဟိုကောင်ငပြောင် အိမ်ရှင်တို့ ကို အိပ်ချင်လို့ဟု အော်နေခြင်းဖြစ်သည်။ ချက်ချင်းဆိုသလိုပင် စူးကျယ်အောင် လက်ထဲမှ ရေပိုက်ကို လွှတ်ချ အပြေးတစ်ပိုင်းနှင့် ခြံတံခါး နားထိရောက်သွားသည်။ အဒီးကတော့ ခြံတံခါး ကိုယ်တိုင်ဖွင့်ဝင်ခဲ့ပြီး ခြံထဲ ပင်ရောက်နေပြီ။

"ဘာအိပ်ချင်တာလဲ၊ ရူးကျားကျားနဲ့၊ လက်ထဲက ဘာတွေလဲ ၊လက်ဆောင်တွေမလား၊ ချပြီး ၊လစ်တော့"

"မင်းကိုလာပေးတယ်များထင်နေတာလား၊အပါကြီးအတွက်ပဲ ပါတယ် မင်းအတွက်မပါဘူး"

"မညယ်"
"အဒီး ပြန်လာခဲ့ကြပြီလား"
"အော့်၊ ခုဘဲ ပြန်ရောက်တာပါ့အေ့"
အဒီး အိမ်ပေါ်တက်လာသည်။ စူးကျယ်အောင်လဲ ထပ်ကြပ်မကွာ လိုက်လာသည်။
"ဘာတွေလဲကွ၊ အလိမ္မာတုံးလေးရဲ့"
စူးကျယ်အောင် လေချိုသွေးသလိုနှင့် ထေ့ လိုက်သည်။
"အငတ်က ခေါ်စရာတောင်မလိုဘူး မောင်"

သည် ဝန်းကျင်ဒေသမှာက မောင် ဟူသော စကားနှင့်အဆုံးသတ်လေ့ရှိသလို မောင်ဟူသော စကားနှင့်ပင် အစပျိုးသည်လည်း ရှိကြသည်။

"ဒါက အပါကြီးအတွက် ရွှေပုစွန်က ကွတ်ကီး၊ ပြီးတော့ ဒါက ကားထဲ ထည့်တဲ့ရေမွှေး၊ ပြီးတော့ ဒါက အပါကြီးမှာတဲ့အာရုံကြောအားဆေး၊ မုန့်ကလေ အရမ်းမချိုတော့ အပါကြီး ကြိုက်မှာ၊ မင်းကတော့အချိုကြိုက်တော့ မစားတော့နဲ့ပေါ့ ၊နော့်"

"အလား ဘယ်လိုတောင် စေးကုတ်တာကြီးလဲရော်ဟေ့၊ ငါ့အတွက်လဲ ဘာမှပါမလာဘူးရော်"
အပါကြီးရှိနေသောကြောင့် ၊တိုးတိုးတိတ်တိတ် ဆဲပြီး ခြံထဲ ထဆင်းသွားသည်။

"ဟေ့ရောင် ၊စိတ်ဆိုးသွားတာလား၊ ဒိုးနတ်( Doughnut) ပါတယ်ကွ"

စူးကျယ်အောင်မျက်လုံးလေး အရောင်လတ်သွားသည်။
"ငါတို့တောင်ပေါ် သွားစားမလား"
"အာ ခုချိန်ကြီး တက်လို့ ဘယ်လိုရမှာလဲကွ"
"အပါကြီးကို ကား နဲ့လိုက်ပို့ခိုင်းမယ်လေ"
___________________________

ဆောင်းရိပ်လေး ကျနေသော်လည်း နေသာ ထားသဖြင့် အလင်းရောင်လေးရနေဆဲပင်။တောင်ပေါ်လေးကနေ အောက်ကို လှမ်းကြည့်မိလိုက်ကြသည်။ မြို့သေးသေးလေးဟာ အရမ်းမလှပသော်လည်း၊ ကြည့်ရတာ ကြည်နူးဖို့ကောင်းသည်။ ပြီးတော့ မြို့သေးသေးလေးကိုလည်း သဲသဲကွဲကွဲ မမြင်ရပါ။ မြူလိုလို တိမ်လိုလို အငွေ့များက တောင်ပတ်လည် ဖုံးထားသဖြင့် မသဲကွဲပါ။ အများစားကြီးတော့ မဟုတ်ပါဘူး။ တိမ်မျှင်ပါးပါးလေးတွေက ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် မြို့ နှင့်တောင်ကြား နေရာယူကာ တိမ်ပင်လယ် အဖြစ်သို့ အမည်ခံယူနိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်။ တောင် စောင်းနားမှာတော့ စူးကျယ်အောင်နှင့် အဒီး တို့နှစ်ယောက် ဒိုးနတ် ထိုင်စားနေကြသည်။ စင်စစ်အားဖြင့် အဒီးက ကချင်ပီပီ အစပ် အချဉ် ကြိုက်သည်။အရမ်းချိုလျှင်မကြိုက်ပါ။ စူးကျယ်အောင်ကတော့ အချို ကြိုက်ပုံမှာ ကလေးတစ်ယောက်လိုပင်။ အဒီးသည် အချို မကြိုက်သော်လည်း စူးကျယ်အောင် ကြိုက်သောကြောင့် သူပါ တစ်ခဏ လိုက်ကြိုက်ပေးမိသည်။ အရာရာဟာ စူးကျယ်အောင်ထက် ဘယ်မှာ ပိုချိုလိမ့်မည်နည်းဟု ခံယူထားပေသည်လားမသိ။

"မင်း ရန်ကုန်မှာ ပျော်ခဲ့လား"
"မပျော်ပါဘူးကွာ၊ ငါ လူကသာ ရန်ကုန်မှာ ငါ့စိတ်က နမ္မတီးမှာဘဲ အရမ်းပြန်ချင်နေတာကြီးရော်"
"အင်း ငါတော့ ရန်ကုန်မှာ ပျော်တယ်"
"ရန်ကုန် သည်လောက် ညစ်ပတ်ကြီးရော မောင်"
"ဒါပေမယ့် အဲ့မှာ ငါစားချင်တာနဲ့ လိုချင်တာတွေ ကို ဝယ်လို့ရတယ်ရော်"

"အင်း အဲ့တာတော့ဟုတ်တယ်"
သူတို့နှစ်ယောက်က စကားတစ်ဝိုင်း၊ အပါကြီးနှင့် တောင်ပေါ်က ဆရာတော်က စကားတစ်ဝိုင်း၊ မြို့လေးနှင့် တောင်လေးကလဲ စကားတစ်ဝိုင်း၊ စူးကျယ်အောင်လက် မှာ ဒိုးနတ်မှ အချို နည်းနည်းပေနေသည်။ အဒီး သူ့ကျောပိုးအိတ်ထဲမှ တစ်သျှူးစိုလေး ထုတ်ကာ စူးကျယ်အောင်လက်လေးကို သုတ်ပေးဖို့ ဟန်ပြင်ကာ လက်လေးကို ကောက်ဆွဲလိုက်သည်။
"ရပါတယ်ဟ၊ ကိုယ့်ဘာသာ သုတ်တတ်ပါတယ်"

ဟုဆိုကာ အဒီးလက်ထဲမှ တစ်သျှူးကို ယူကာ သုတ်လိုက်သည်။ အဒီး အလိုက်သိတတ်ပုံမှာ လွန်လှပါလေစွ။ ဒါစားလျှင် ဒီလိုပေ မည်ဆိုတာ ကြိုသိနေသဖြင့် တစ်သျှူးကြိုဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဒီး အိတ်ထဲမှ တစ်ခုခုထုတ်နေသည်။ စူးကျယ်အောင်၏ဘယ်ဘက်လက်ကို ဖမ်းယူလိုက်ကာ ဝတ်ပေးလိုက်သည်။ နာရီအဖြူလေး တစ်လုံး။စူးကျယ်အောင် ပျော်ရွှင်သွားသည်။
"အလား ထင်မထားဘူးရော်၊ အဟီး"
"မင်းပျော်တယ်မလား"
"ပျော်တာပါ့အေ့၊ ငါ လိုချင်နေတာ ကြာပြီ၊ ဒီမြို့မှာ ခုလိုလှတာလေး မရှိလို့"
"သိတယ်လေ အဲ့တာကြောင့် ဝယ်ခဲ့ပေးတာ"
"ဘယ်လိုသိတာလဲရော်"
"ရော်ဟေ့ ၊မေ့တတ်ပါရော မောင်၊ မင်းဟိုတစ်ခါပြောဖူးတယ်ရော်"
"ဘာဘဲဖြစ်ဖြစ် ကျေနပ်တယ်"

နာရီလေးကို တစ်ကြည့်ကြည့်နှင့် သွားများအကုန်ပေါ်အောင်ပြုံးနေသည်မှာ ပွဲစျေးတန်းမှ မိုးပျံပူဖောင်း ရသွားသည့် ကလေးနှယ်။ နေဝင်သွားခဲ့ပါသည်။ အဒီးက စူးကျယ်အောင်ကို နာရီ လက်ဆောင်ပေးသလို၊ တောင်တန်းလေးကလဲ မြို့သေးသေးအား တိမ်ပင်လယ်ကြီး လက်ဆောင်ပေးလိုက်ပါသည်။ ဆရာတော်ကလဲ အပါကြီးကို လက်ဖက်ခြောက်နှင့် ပယင်း ပုတီးလေး လက်ဆောင်ပေးလိုက်သည်။ ထို့နောက် ကားလေးသည်တောင်စောင်းအတိုင်းပျော်ရွှင်စွာလျှောလိမ့်ဆင်းခဲ့ပါတော့သည်။

______________________________

ညစာကြည့်စားပွဲမှာ စူးကျယ်အောင်စာရေးနေသည်။ အပါကြီးကတော့ ရေဒီယိုနားထောင်နေသည်။ ညဦးပိုင်းက ဖိုခဲ့သော မီးပုံလဲ ပြာဖုံးသွားကာ မထင်မရှား မီးခဲရဲရဲလေးသာ ရှိတော့သည်။ခေါင်မိုးသွပ်ပေါ်ကိုတော့ နှင်းကျသံ တစ်ဖြောက်ဖြောက် နှင့်ဖြည့်စွက်ထားသည်။စူးကျယ်အောင်စာရေးနေသည်။ကျောင်းစာတော့မဟုတ်ပါချေ

"ဒီနေ့ ငါအရမ်းပျော်တာဘဲ၊ ငါ့သူငယ်ချင်းလေးက အရမ်းချစ်ဖို့ကောင်းနေရောဟေ့၊ ငါ့ဘဝမှာ သူငယ်ချင်း ဆိုလို့မင်းတစ်ယောက်တည်းရှိတာပါ။ ငါ့ဘဝမှာ မင်းကို အခင်ဆုံးဘဲ။ နာရီ လက်ဆောင်ရလို့ပြောတာ မဟုတ်ဘူးနော်၊ ငါ့အပေါ် အမြဲတမ်း သည်းခံပေးတယ်။ နားလည်ပေးတယ် ။ အလျှော့ပေးတယ်။ သူငယ်ချင်းကောင်းပီသတယ် ၊ သေချာပါတယ် ၊ မင်းထက်ကိုပြီး ခင်ရမယ့် သူငယ်ချင်း ငါ့မှာ မရှိတော့ဘူး၊ ဒီနာရီလေးကိုလဲ ငါ သေေသေချာချာ ဝတ်ပါ့မယ်။ ငါ့သူငယ်ချင်းလေး နဲ့ငါ ဘယ်တော့မှ မဝေးရအောင် ဆုတောင်းပါတယ်။ ငါတစ်ခု တော့ စိုးရိမ်မိတယ်၊ မင်းကောင်မလေးရည်းစား ရသွားရင် ငါ့ကို ခုလို ခင်ပါတော့မလားလို့ပေါ့။ ဒါပေမယ့် ငါမင်းကို ယုံကြည်ပါတယ်။ မင်းနဲ့ငါ ထာဝရ သူငယ်ချင်းတွေ လုပ်ကြမယ်နော်။ ဘယ်နေရာရောက်ရောက် ငါက မင်းကို သတိရနေမှာ ၊ ပြီးတော့ ငါ သတိရတိုင်း မင်းပေးတဲ့ နာရီလေးကို ထုတ်ကြည့်နေမှာ၊ မင်းမခင်တော့တဲ့နေ့အထိ ဆက်လက်ခင်နေမယ့် သူငယ်ချင်းလေး"

"တီ——-တီ——-တီ"
နာရီမှ ညဆယ်နာရီ ဝတ္တရားအတိုင်း နှိုးစက်မြည်လာသည်။ ဆေးသောက်ဖို့ပြင်ဆင်လိုက်သည်။

_____________________

အိပ်ယာပေါ်မှာ ဝမ်းလျားမှောက်ကာ အဒီးတစ်ယောက် စာရေးနေမိသည်။

"မင်းမျက်နှာလေး ဒီနေ့ပျော်ပုံလေးက အရမ်းချစ်စရာကောင်းတယ် ၊ မင်းလိုချင်တာလေးတွေကို ငါ အကုန်သိချင်မိတယ်။ မင်းကို ပျော်စေချင်တယ်၊ မင်းလိုချင်တာတွေကိုလဲ ဖြည့်ဆည်းပေးချင်နေမိတယ်။ ငါ့မှာ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မင်းကို ငါအချစ်ဆုံးဘဲ၊ ဒါပေမယ့် တစ်ခါတစ်လေ ကျရင် မင်းငါ့အပေါ်မှာ ဆက်ဆံတာ သိပ်မရင်းနှီးသလို ခံစားရတယ်၊ ဒါပေမယ့်လည်း ဒါဟာ မင်းပုံစံဘဲဆိုတော့ ငါ နားလည်ပါတယ်၊ ငါက မင်းပြောတဲ့အရာလေးတွေကို အကုန် မှတ်မိနေတယ်၊ တမင် လုပ်ပြီး မှတ်ထားတာမဟုတ်ဘဲ မှတ်မိနေတာ ဘာကြောင့်လဲ ၊ ငါလဲ မသိတတ်တော့ပါဘူးကွာ ၊ ငါထင်တာတော့ ငါမင်းကိုချစ်မိနေပြီ ထင်တယ်။ ဒါပေမယ့် ဒါမဖြစ်သင့်ဘူးလေကွာ၊ ငါလဲ ဘာဆက်လုပ်ရမလဲ မသိဘူး။ ငါအခြောက်မဟုတ်ဘူး၊ ဒါပေမယ့် ငါမင်းကိုချစ်တယ်၊ သူငယ်ချင်းလိုလဲ ချစ်တယ် ၊ချစ်သူလိုလဲချစ်တယ်။ ဖြူဖြူစင်စင် ချစ်သူ သူငယ်ချင်း အနေနဲ့ ဖြစ်ချင်တယ်။မင်းလဲ သိလောက်မှာပါ ၊ရပါတယ် မင်းငါ့ကို ချစ်သူလို မချစ်လဲ သူငယ်ချင်းလိုဘဲ ချစ်ပေးရင် ငါအဆင်ပြေပါတယ်။ ဒါပေမယ့် မင်း နဲ့တွေ့တိုင်း ငါ မင်းလက်လေးကို ထိမိတဲ့အခါတိုင်း မင်းပါးလေးကို ခပ်ဖွဖွလေးတော့ ကိုင်ချင်မိတယ်၊ အဲ့စိတ်တွေ အရမ်း ဖြစ်နေတာ ဟုတ်တယ် ၊ပြီးတော့ ငါတစ်ခါလောက်ဖြစ်ဖြစ် မင်းနဖူးလေးကို ဖွဖွလေး နမ်းရချင်တယ်၊ သိပ်ချစ်နေမိပြီ စူးကျယ်အောင်လေးရယ်"

______________________________
ညသည် အေးစက်စက်၊၊

Continue Reading

You'll Also Like

6.7K 297 20
နေခအက္ခရာ + ခေတ်သောတ နေခအက္ခရာ + ခေတ်သောတ Start Date 23.01.2023 End Date
6.8K 196 16
A.G} 𝑃𝐸𝑇𝐸𝑅 𝑃𝐴𝑅𝐾𝐸𝑅 𝑥 𝑚𝑎𝑙𝑒!𝑂𝐶 ---- "Spider-Boys? That's the best they could come up with?" "I mean, at least it's not spider-du...
18.9K 891 16
BL Fiction By - ချည်နှောင် Artist - A Nai Unicode + Zawgyi 13.11.2023 စာရေးသူ၏စိတ်ကူးသက်သက်ဖြင့်သာရေးသားထားခြင်းဖြစ်ပါသည်။ BL Fiction By - ခ်ည္ႏွောင...
2.1M 108K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...