စာအုပ်ထဲသို့ကူးပြောင်းသွားခြင...

By suyinhtike

33.4K 2.5K 47

This is translation story. World-1 (24 chapters) World-2 (21 chapters) World-3 (..... More

Synopsis
1.A Curse book
2. World-1: Let me hear your voice
3. World-1.2
4. World-1.3
5. World 1.4
6. World-1.5
8. World-1.7
9. World-1.8
10. World-1.9
11. World-1.10
12. World-1.11
13. World-1.12
14. World-1.13
15. World-1.14
16. World-1.15
17. World-1.16
18. World-1.17
19. World-1.18
20. World-1.19
21.World-1.20
22. World-1.21
World-1.22
World-1.23
World-1.24: Memories(Final)

7. World-1.6

928 99 0
By suyinhtike


Unicode

နောက်တစ်နေ့ Jihoon ကျောင်းရောက်တော့ စင်္ကြံမှာ လမ်းလျှောက်နေတုန်း သူ့ကိုထိုးဖောက်မတတ်ကြည့်နေကြတဲ့ အကြည့်တွေကို ခံစားမိသည်... တချို့တွေက သူ့ကို ကြည့်ပြီး ခံရခက်တဲ့ စကားတွေ တိုးတိုးပြောနေပေမဲ့ သူကတော့ ခေါင်းငုံ့ထားပြီး အားလုံးကိုလျစ်လျူရှုထား၏....

"class 1-1က Jihoon Chungလားမသိဘူး... ဆရာနဲ့အတူ ရုံးခန်းလိုက်ခဲ့ပါ" အခန်းတစ်ခန်းထဲက ထွက်လာတဲ့ professorက သူ့ကိုပြောလိုက်တာကြောင့် သူနောက်က မြန်မြန်လိုက်သွား၏...

"ထိုင်ပါ...Mr.Chung" ကျောင်းအုပ်ကြီးက သူ့ကိုပြောလိုက်တာကြောင့် စားပွဲရှေ့က ထိုင်ခုံမှထိုင်လိုက်သည်...

"မင်းရဲ့scholarshipကို ရပ်ဆိုင်းဖို့လုပ်ခဲ့တဲ့အတွက် ဆရာတို့ဘက်က တောင်းပန်ပါတယ်...  Mr.Daewon Wong နဲ့ မင်းရဲ့ ဓာတ်ပုံတွေကို ဖြန့်တဲ့တရားခံကိုလည်း သိပြီးပြီ" ကျောင်းအုပ်ကြီးဆက်ရှင်းပြတာတွေကို နားထောင်ပြီးနောက် Jihoon ရှော့ရနေ၏... သူအခန်းထဲကမထွက်ခင် ကျေးဇူးတင်ကြောင်းပြောကာ လေးစားမှုပြခဲ့သည်....

Jihoonတစ်ယောက် ခေါင်းထဲမှာ တွေးတောနေရင်း စာသင်ခန်းကို ပြန်လာခဲ့၏... သူ့အသိစိတ်က သူ့ကို နှောက်ယှက်နေကာ အပြစ်ရှိသလို ခံစားနေရသည်... မနေ့က သူDaewonကိုပါးရိုက်ခဲ့တယ် ဘာလို့လဲဆိုတော့ ဓာတ်ပုံတွေရဲ့တရားခံက Daewonလို့ထင်ပြီး သူ့ခံစားချက်တွေကို လာကစားနေတယ်လို့ ထင်ခဲ့တာကြောင့်ပင်... Daewonက ပထမအချိန်ပြီးတဲ့အထိ အတန်းမလာခဲ့ပေ... အတန်းထဲကလူတွေအကုန် canteenသွားတာကြောင့် အတန်းထဲတွင် Jihoonတစ်ယောက်သာကျန်ခဲ့၏....

Sunghooက သူ့ပါးကို အေးနေတဲ့colaဗူးနဲ့ ကပါကာ "Jihoon!နေ့လည်စာမလွတ်စေနဲ့... ဒါယူလိုက်" betaကောင်လေးက ပြုံးရင်းဆို၏... omegaလေးက ကျေးဇူးတင်သည့်အနေနဲ့ ခေါင်းညှိမ့်ပြလိုက်သည်..."မင်းက တကယ် တည်ငြိမ်တာပဲ အာ... အဲ့တာကြောင့်Daewonကလဲ တည်ငြိမ်တဲ့ပုံစံကြိုက်တာ" သူရယ်မောကာပြောလိုက်တာကြောင့်Jihoonရဲ့ပါးလေးတွေ အနီရောင်သမ်းသွား၏... 

"သူက ကျောင်းပန်းခြံထဲမှာလေ... ငါသူ့ကို အတန်းမလစ်ဖို့ပြောသေးတယ်... မင်းသူ့ကိုတားသင့်တယ်"  သူ ခေါင်းကို ဖွဖွလေးပုတ်လိုက်ကာ "မြန်မြန်သွားလိုက် နားချိန်က မိနစ်နှစ်ဆယ်ပဲကျန်တော့တယ်" သူထပ်ပြောလိုက်၏...

Jihoonတစ်ယောက် အချိန်မဆွဲဘဲ တတ်နိုင်သမျှ မြန်မြန်ပြေးသွားလိုက်သည်... ကျောင်းပန်းခြံကိုရောက်တော့ သူ့မှာ အသက်လုရှူနေရ၏... လျှောက်လမ်းဘေးက ပန်းလေးတွေရဲ့ ရနံ့မှာ ချိုမြန်နေကာ လေညှင်းက ဖြည်းဖြည်းလေးတိုက်ခတ်နေသည်... အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ယန်ကိုတွေ့တာကြောင့် သူ့ဆီ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏... သူ့အမြင်မမှားပေ ယန်မှာ အိပ်ပျော်တာဖြစ်သည်.... သူတိတ်တိတ်လေး ဘေးမှာထိုင်ပြီး ယန့်ရဲ့ ပြီးပြည့်စုံတဲ့မျက်နှာလေးကို သေချာကြည့်နေလိုက်၏... သူထိတွေ့နေတဲ့ aquiline ပုံစံနှာခေါင်းလေးက  သူ့ရဲ့ထင်ရှားတဲ့ ပါးရိုးကို ဖြည့်စွက်ပေးထားသည်... နှိမ့်ချပြီးပြောရင်တောင် ချောမောနေပြီး ထင်ရှားတဲ့မေးရိုးနဲ့ ကျစ်လျစ်တဲ့ပုခုံးတို့က ယန့်ရဲ့ခွန်အားကိုပြသနေ၏... ၊သူ့ရဲ့ထူထဲတဲ့ မျက်ခုံးမွေးနဲ့ မျက်တောင်တွေမှာတော့ မျက်ဝန်းပြာလေးတွေနဲ့ ပနံသင့်နေ၏... တကယ့်ကို Dominent Alphaပင် ....

"ကိုယ့်ကို စိုက်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ" ယန်က ရုတ်တရတ်ပြောလိုက်တာကြောင့် Jihoonမှာ လန့်သွားကာ နောက်ဆုတ်သွား၏... ထို့နောက် သူကAlphaကြီးရဲ့လက်ကိုယူက စာရွက်တစ်ရွက်ထည့်ပေးလိုက်ပြီးနောက် ပြေးထွက်သွားလေသည်... စာရွက်ထဲမှာ ရေးထားတာက 'ရိုက်လိုက်မိတဲ့အတွ် တောင်းပန်ပါတယ်' ဟုပင်... ကျန်ခဲ့တဲ့ယန်မှာတော့ ကြောင်အနေပေမဲ့ ကို့ရို့ကားယာားပြုံးနေလေ၏...

'အချစ်Levelမှာ 40%သို့ မြင့်တက်လာပါသည်' 

{author! ကြားလား... အခုပဲ အချစ် Levelက 40% ထိရောက်သွားပြီ... ကျွန်တော် missionတစ်ဝက်ရောက်နေပြီ! } 

Author : ဘာကိုတစ်ဝက်လဲ...  50ကမှ 100ရဲ့တစ်ဝက်လေ အရူးရဲ့! missionတစ်ဝက်ရောက်ဖို့ 10% တောင် လိုသေးတယ်...

{ဟန့်! 10%တည်းကို... အနည်းဆုံး ဒီတစ်ကြိမ်လောက်တော့ ကျွန်တော်နဲ့အတူမပျော်နိုင်ဘူးလား } 

Author : အနည်းဆုံး မင်းပျော်နေမယ့်အစားသင်္ချာလုပ်သင့်တယ်...

{မုန်းလိုက်တာ! }  

Author : မင်းကိုရော ဘယ်သူက ချစ်နေလို့လဲ...

 {....}

အတန်းပြီးနောက် ထုံးစံအတိုင်း ယန်က စာမလိုက်နိုင်တဲ့အတန်းဖော်တွေကို ကူညီပေးဖို့နဲ့ သူလွတ်သွားတဲ့စာတွေပြန်ကူးဖို့ ထွက်လာလိုက်သည်.... သူက ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ရုံသာမက  ကျောင်းကောင်စီဥက္ကဌလည်းဖြစ်သေး၏... ဒီနေ့ကတော့ သူ့အတွက် ကံမကောင်းပေ... ‌ကျောင်းက ပွဲတစ်ပွဲကျင်းပတော့မှာဖြစ်လို့ သူက အဲ့ပွဲအတွက် တာဝန်တွေခွဲပေးရမယ်... အဲ့တော့ သူ၆နာရီထိုးမှ အလုပ်ပြီးသွားကာ နေတောင်ဝင်နေပြီဖြစ်သည်...

"Jihoon!" omegaက တံခါးဝမှာရပ်နေတာတွေ့လိုက်တော့ ယန်တစ်ယောက် အထိတ်ထိတ်အပြာပြာဖြင့် ထခုန်မတတ်ဖြစ်သွားလေ၏...

"ကိုယ့်ကို စောင့်...စောင့်နေတာလား... တစ်ချိန်လုံး?"ယန်ပြောလိုက်တော့ Jihoonက ခေါင်းညှိမ့်ပြကာ သူ့လက်ထဲစာရွက်တစ်ရွက် ထည့်လာသည်.... သူ့လက်တွေမှာတော့ တုန်ရီနေ၏...

'ကျွန်တော် ခင်ဗျားကို ရိုက်လိုက်တုန်းက နာသွားမယ်ဆိုတာ သိပါတယ်... ကျွန်တော်တစ်ခုခုပြန်လုပ်ပေးချင်ပေမဲ့ ဘာလုပ်ရမလဲမသိဘူး... အဲ့ဒါကြောင့် ခင်ဗျားလုပ်စေချင်တာမှန်သမျှ ဘာဘဲဖြစ်ဖြစ်လုပ်ပေးမယ်' 

ယန်တစ်ယောက် လူယုတ်မာပြုံးပြုံးကာ  Jihoonကို အခန်းထောင့်နံရံသို့ဆွဲကပ်ပြီး လက်နှစ်ဖက်နှင့်ချုပ်ထားရင်း "တကယ် ဘာမဆိုလား" သူတိုးတိုးလေးပြောလိုက်သည်...

Jihoonတစ်ယောက် အံ့အားသင့်ကာ မတုန်မလှုပ်ဖြစ်နေ၏... သူရင်တွေအဆက်မပြတ်ခုန်နေကာ ယန်တောင် ကြားနိုင်သည်... Alphaကြီးက သူ့မျက်လုံးထဲကို စိုက်ကြည့်နေတာကြောင့် သူ့မှာ အကြည့်မလွဲနိုင်ပေ... "အနမ်းတစ်ပွင့်ဆိုရင်ရော" ယန်က ပြောပြီး သူ့မျက်နှာနားကိုကပ်လာတော့ Jihoonမျက်လုံးပြူးသွား၏... တစ်ယောက်ရဲ့ ဝင်လေထွက်လေကို တစ်ယောက်က ခံစားမိနေသည်...

Omegaလေးမှာတော့ အနမ်းတစ်ပွင့်ကို အတည်ကြီးစောင့်နေကာ မျက်လုံးတွေကို တင်းတင်းကျပ်ကျပ်မှိတ်ထား၏... ယန်မှာတော့ Jihoonရှက်နေတာကိုကြည့်ပြီး ပြုံးနေသည်... သူနမ်းမယ့်အစား Omegaလေးရဲ့နှဖူးကိုအသာပုတ်ကာ "ဘာလို့အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ... ကိုယ်နောက်နေတာပါ" သူပြောလိုက်၏...

ယန် Jihoonရဲ့လက်ကို ကိုင်ကာ "သွားစို" သူဆိုကာ နှစ်ယောက်အတူလမ်လျှောက်သွားကြသည်... "ညစာသွားစားရအောင်... ဟင်း! ကိုယ်အရမ်းဗိုက်ဆာနေပြီ... မင်းကိုယ့်ကို ကူညီသင့်တာ... နောက်တစ်ခါ တံခါးဝမှာပဲ ရပ်မနေနဲ့နော်...မင်းဘာစားချင်လဲ... ကိုယ်တော့ အသားကင်စားချင်တယ်"

Omegaလေးက Alphaကြီးရဲ့လက်ကိုကိုင်ထားရင်း ပြုံးနေလျက် နောက်ကလိုက်လာလေသည်... သူ့အနားမှာ ယန်ဘယ်လောက် သက်တောင့်သက်သာရှိတယ်ဆိုတာမြင်နိုင်၏... သူစိတ်ထဲလုံခြုံသလို ခံစားနေရသည်... ဒီလို ခံစားမှုမျိုးကို ယန်တစ်ယောက်သာ ပေးနိုင်၏... အရာအားလုံးက သူ့အတွက်အသစ်အဆန်းဖြစ်နေပေမဲ့ ဘာကြောင့်မှန်းမသိ သူအဲ့ဒါကိုကြောက်နေသည်...

နောက်ဆုံးမှာတော့ Jihoonက ယန့်အား သူ့အိမ်ကိုဖိတ်ပြီး ညစာချက်ကျွေးလိုက်သည်... သူ့အဖေနဲ့အတူ ညစာစားကာ ထုံးစံအတိုင်း ယန်က သူ့ကို ပန်းကန်ကူဆေးပေးပြီး သူက ဆေးပြီးသားပန်းကန်တွေကို သုတ်၏... သူတို့ပုံစံက လက်ထပ်ထားတဲ့ စုံတွဲတွေအတိုင်းပင်...

"Jihoon... မင်းသဘောကျနေတဲ့လူရှိလား" ယန်က ရုတ်တရတ်မေးလိုက်၏... 

ထိုအခါ Jihoonလက်ထဲကကြွေပန်းကန်ပြားမှာ လက်ထဲကချော်ထွက်ပြီး ကျကွဲသွားလေသည်... "ကိုယ်တောင်းပန်ပါတယ်! ကိုယ့်ကြောင့်ပါ" ယန်က ပန်းကန်ကွဲစတွေကိုကောက်လိုက်ပေမဲ့ မတော်တဆ သူ့လက်ကိုရှသွား၏.. "အာ့" သူအော်လိုက်၏... Jihoonမှာ ချက်ချင်း အမှိုက်တွေကို ရှင်းကာ ယန့်လက်ကဒဏ်ရာကို ဆေးထည့်ပေးလေသည်...

ယန်တစ်ယောက် အားမလိုအားမရဖြစ်စွာပဲ အိမ်ပြန်လာခဲ့သည်... Jihoonကို ဘာလို့ အဲ့လိုရူးကြောင်ကြောင်မေးခွန်းမေးလိုက်ရသလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေ၏...

{author... ကျွန်တော်ဘာလုပ်သင့်လဲ... သူ့ကိုစိတ်ဆိုးအောင် လုပ်လိုက်မိပြီလား}

Author : မင်းဘယ်လိုထင်လဲ...

{ဟေ့လူ! ကျွန်တော့်မေးခွန်းကို နောက်ထပ်မေးခွန်းတစ်ခုနဲ့ ပြန်ဖြေနေတာလား! အတည်ကြီး?!}

Author : အဲ့တာ မင်းအမှားလေ... ငါမင်းကို ဖြည်းဖြည်းချင်းလုပ်ဖို့ပြောသားပဲ...

'အချစ်levelမှာ 45% သို့မြင့်တက်လာပါသည်'

"ခဏ...ဘာဖြစ်တယ်! တကယ်ကြီးလား!" ယန်မှာ လိပ်ပြာလွင့်မတတ်ဖြစ်သွား၏...

 {ဒါဆို Jihoonက ကျွန်တော့်ကို သဘောကျတာပေါ့!}

Author :  ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့... အခုထိ100%မပြည့်သေးဘူး...

{ဒါပေမဲ့ ကျွန်တော့်မှာအခွင့်အရေးရှိတယ်! ဟန့်! ဒီအချစ် level တိုင်းတဲ့အရာကို ကျွန်တော်သဘောကျလာပြီ}  

ယန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် စောင်ထဲမှာလုံးထွေးနေပြီး ပါးစပ်က နားရွက်တက်ချိတ်မတတ်ပြုံးနေလေ၏...

"ဒီနေ့တော့ ကောင်းကောင်းအိပ်ပျော်တော့မှာပဲ" သူတွေးလိုက်၏...






Zawgyi

ေနာက္တစ္ေန့ Jihoon ေက်ာင္းေရာက္ေတာ့ စႄကၤံမွာ လမ္းေလ်ွာက္ေနတုန္း သူ႔ကိုထိုးေဖာက္မတတ္ၾကၫ့္ေနၾကတဲ့ အၾကၫ့္ေတြကို ခံစားမိသည္... တခ်ိဳ႕ေတြက သူ႔ကို ၾကၫ့္ၿပီး ခံရခက္တဲ့ စကားေတြ တိုးတိုးေျပာေနေပမဲ့ သူကေတာ့ ေခါင္းငံု႔ထားၿပီး အားလံုးကိုလ်စ္လ်ူရႈထား၏....

"class 1-1က Jihoon Chungလားမသိဘူး... ဆရာနဲ႔အတူ ရံုးခန္းလိုက္ခဲ့ပါ" အခန္းတစ္ခန္းထဲက ထြက္လာတဲ့ professorက သူ႔ကိုေျပာလိုက္တာေၾကာင့္ သူေနာက္က ျမန္ျမန္လိုက္သြား၏...

"ထိုင္ပါ...Mr.Chung" ေက်ာင္းအုပ္ႀကီးက သူ႔ကိုေျပာလိုက္တာေၾကာင့္ စားပြဲေရ႔ွက ထိုင္ခံုမွထိုင္လိုက္သည္...

"မင္းရဲ့scholarshipကို ရပ္ဆိုင္းဖို႔လုပ္ခဲ့တဲ့အတြက္ ဆရာတို႔ဘက္က ေတာင္းပန္ပါတယ္...  Mr.Daewon Wong နဲ႔ မင္းရဲ့ ဓာတ္ပံုေတြကို ျဖန႔္တဲ့တရားခံကိုလည္း သိၿပီးၿပီ" ေက်ာင္းအုပ္ႀကီးဆက္ရွင္းျပတာေတြကို နားေထာင္ၿပီးေနာက္ Jihoon ေရွာ့ရေန၏... သူအခန္းထဲကမထြက္ခင္ ေက်းဇူးတင္ေၾကာင္းေျပာကာ ေလးစားမႈျပခဲ့သည္....

Jihoonတစ္ေယာက္ ေခါင္းထဲမွာ ေတြးေတာေနရင္း စာသင္ခန္းကို ျပန္လာခဲ့၏... သူ႔အသိစိတ္က သူ႔ကို ေနွာက္ယွက္ေနကာ အျပစ္ရိွသလို ခံစားေနရသည္... မေန့က သူDaewonကိုပါးရိုက္ခဲ့တယ္ ဘာလို႔လဲဆိုေတာ့ ဓာတ္ပံုေတြရဲ့တရားခံက Daewonလို႔ထင္ၿပီး သူ႔ခံစားခ်က္ေတြကို လာကစားေနတယ္လို႔ ထင္ခဲ့တာေၾကာင့္ပင္... Daewonက ပထမအခ်ိန္ၿပီးတဲ့အထိ အတန္းမလာခဲ့ေပ... အတန္းထဲကလူေတြအကုန္ canteenသြားတာေၾကာင့္ အတန္းထဲတြင္ Jihoonတစ္ေယာက္သာက်န္ခဲ့၏....

Sunghooက သူ႔ပါးကို ေအးေနတဲ့colaဗူးနဲ႔ ကပါကာ "Jihoon!ေန့လည္စာမလြတ္ေစနဲ႔... ဒါယူလိုက္" betaေကာင္ေလးက ၿပံဳးရင္းဆို၏... omegaေလးက ေက်းဇူးတင္သၫ့္အေနနဲ႔ ေခါင္းၫွိမ့္ျပလိုက္သည္..."မင္းက တကယ္ တည္ၿငိမ္တာပဲ အာ... အဲ့တာေၾကာင့္Daewonကလဲ တည္ၿငိမ္တဲ့ပံုစံႀကိဳက္တာ" သူရယ္ေမာကာေျပာလိုက္တာေၾကာင့္Jihoonရဲ့ပါးေလးေတြ အနီေရာင္သမ္းသြား၏... 

"သူက ေက်ာင္းပန္းၿခံထဲမွာေလ... ငါသူ႔ကို အတန္းမလစ္ဖို႔ေျပာေသးတယ္... မင္းသူ႔ကိုတားသင့္တယ္"  သူ ေခါင္းကို ဖြဖြေလးပုတ္လိုက္ကာ "ျမန္ျမန္သြားလိုက္ နားခ်ိန္က မိနစ္ႏွစ္ဆယ္ပဲက်န္ေတာ့တယ္" သူထပ္ေျပာလိုက္၏...

Jihoonတစ္ေယာက္ အခ်ိန္မဆြဲဘဲ တတ္ႏိုင္သမ်ွ ျမန္ျမန္ေျပးသြားလိုက္သည္... ေက်ာင္းပန္းၿခံကိုေရာက္ေတာ့ သူ႔မွာ အသက္လုရႉေနရ၏... ေလ်ွာက္လမ္းေဘးက ပန္းေလးေတြရဲ့ ရနံ႔မွာ ခ်ိဳျမန္ေနကာ ေလၫွင္းက ျဖည္းျဖည္းေလးတိုက္ခတ္ေနသည္... အရိပ္ေကာင္းတဲ့ သစ္ပင္ေအာက္မွာ ယန္ကိုေတြ့တာေၾကာင့္ သူ႔ဆီ ျဖည္းျဖည္းခ်င္းေလ်ွာက္သြားလိုက္၏... သူ႔အျမင္မမွားေပ ယန္မွာ အိပ္ေပ်ာ္တာျဖစ္သည္.... သူတိတ္တိတ္ေလး ေဘးမွာထိုင္ၿပီး ယန႔္ရဲ့ ၿပီးျပၫ့္စံုတဲ့မ်က္ႏွာေလးကို ေသခ်ာၾကၫ့္ေနလိုက္၏... သူထိေတြ့ေနတဲ့ aquiline ပံုစံႏွာေခါင္းေလးက  သူ႔ရဲ့ထင္ရွားတဲ့ ပါးရိုးကို ျဖၫ့္စြက္ေပးထားသည္... ႏိွမ့္ခ်ၿပီးေျပာရင္ေတာင္ ေခ်ာေမာေနၿပီး ထင္ရွားတဲ့ေမးရိုးနဲ႔ က်စ္လ်စ္တဲ့ပုခံုးတို႔က ယန႔္ရဲ့ခြန္အားကိုျပသေန၏... ၊သူ႔ရဲ့ထူထဲတဲ့ မ်က္ခံုးေမြးနဲ႔ မ်က္ေတာင္ေတြမွာေတာ့ မ်က္ဝန္းျပာေလးေတြနဲ႔ ပနံသင့္ေန၏... တကယ့္ကို Dominent Alphaပင္ ....

"ကိုယ့္ကို စိုက္ၾကၫ့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ" ယန္က ရုတ္တရတ္ေျပာလိုက္တာေၾကာင့္ Jihoonမွာ လန႔္သြားကာ ေနာက္ဆုတ္သြား၏... ထို႔ေနာက္ သူကAlphaႀကီးရဲ့လက္ကိုယူက စာရြက္တစ္ရြက္ထၫ့္ေပးလိုက္ၿပီးေနာက္ ေျပးထြက္သြားေလသည္... စာရြက္ထဲမွာ ေရးထားတာက 'ရိုက္လိုက္မိတဲ့အတြ္ ေတာင္းပန္ပါတယ္' ဟုပင္... က်န္ခဲ့တဲ့ယန္မွာေတာ့ ေၾကာင္အေနေပမဲ့ ကို႔ရို႔ကားယားၿပံဳးေနေလ၏...

'အခ်စ္Levelမွာ 40%သို႔ ျမင့္တက္လာပါသည္' 

{author! ၾကားလား... အခုပဲ အခ်စ္ Levelက 40% ထိေရာက္သြားၿပီ... ကြၽန္ေတာ္ missionတစ္ဝက္ေရာက္ေနၿပီ! } 

Author : ဘာကိုတစ္ဝက္လဲ...  50ကမွ 100ရဲ့တစ္ဝက္ေလ အရူးရဲ့! missionတစ္ဝက္ေရာက္ဖို႔ 10% ေတာင္ လိုေသးတယ္...

{ဟန႔္! 10%တည္းကို... အနည္းဆံုး ဒီတစ္ႀကိမ္ေလာက္ေတာ့ ကြၽန္ေတာ္နဲ႔အတူမေပ်ာ္ႏိုင္ဘူးလား } 

Author : အနည္းဆံုး မင္းေပ်ာ္ေနမယ့္အစားသခ်ၤာလုပ္သင့္တယ္...

{မုန္းလိုက္တာ! }  

Author : မင္းကိုေရာ ဘယ္သူက ခ်စ္ေနလို႔လဲ...

 {....}

အတန္းၿပီးေနာက္ ထံုးစံအတိုင္း ယန္က စာမလိုက္ႏိုင္တဲ့အတန္းေဖာ္ေတြကို ကူညီေပးဖို႔နဲ႔ သူလြတ္သြားတဲ့စာေတျြပန္ကူးဖို႔ ထြက္လာလိုက္သည္.... သူက ထိပ္တန္းေက်ာင္းသားတစ္ေယာက္ ျဖစ္ရံုသာမက  ေက်ာင္းေကာင္စီဥကၠဌလည္းျဖစ္ေသး၏... ဒီေန့ကေတာ့ သူ႔အတြက္ ကံမေကာင္းေပ... ‌ေက်ာင္းက ပြဲတစ္ပြဲက်င္းပေတာ့မွာျဖစ္လို႔ သူက အဲ့ပြဲအတြက္ တာဝန္ေတြခြဲေပးရမယ္... အဲ့ေတာ့ သူ၆နာရီထိုးမွ အလုပ္ၿပီးသြားကာ ေနေတာင္ဝင္ေနၿပီျဖစ္သည္...

"Jihoon!" omegaက တံခါးဝမွာရပ္ေနတာေတြ့လိုက္ေတာ့ ယန္တစ္ေယာက္ အထိတ္ထိတ္အျပာျပာျဖင့္ ထခုန္မတတ္ျဖစ္သြားေလ၏...

"ကိုယ့္ကို ေစာင့္...ေစာင့္ေနတာလား... တစ္ခ်ိန္လံုး?"ယန္ေျပာလိုက္ေတာ့ Jihoonက ေခါင္းၫွိမ့္ျပကာ သူ႔လက္ထဲစာရြက္တစ္ရြက္ ထၫ့္လာသည္.... သူ႔လက္ေတြမွာေတာ့ တုန္ရီေန၏...

'ကြၽန္ေတာ္ ခင္ဗ်ားကို ရိုက္လိုက္တုန္းက နာသြားမယ္ဆိုတာ သိပါတယ္... ကြၽန္ေတာ္တစ္ခုခုျပန္လုပ္ေပးခ်င္ေပမဲ့ ဘာလုပ္ရမလဲမသိဘူး... အဲ့ဒါေၾကာင့္ ခင္ဗ်ားလုပ္ေစခ်င္တာမွန္သမ်ွ ဘာဘဲျဖစ္ျဖစ္လုပ္ေပးမယ္' 

ယန္တစ္ေယာက္ လူယုတ္မာၿပံဳးၿပံဳးကာ  Jihoonကို အခန္းေထာင့္နံရံသို႔ဆြဲကပ္ၿပီး လက္ႏွစ္ဖက္ႏွင့္ခ်ဳပ္ထားရင္း "တကယ္ ဘာမဆိုလား" သူတိုးတိုးေလးေျပာလိုက္သည္...

Jihoonတစ္ေယာက္ အံ့အားသင့္ကာ မတုန္မလႈပ္ျဖစ္ေန၏... သူရင္ေတြအဆက္မျပတ္ခုန္ေနကာ ယန္ေတာင္ ၾကားႏိုင္သည္... Alphaႀကီးက သူ႔မ်က္လံုးထဲကို စိုက္ၾကၫ့္ေနတာေၾကာင့္ သူ႔မွာ အၾကၫ့္မလြဲႏိုင္ေပ... "အနမ္းတစ္ပြင့္ဆိုရင္ေရာ" ယန္က ေျပာၿပီး သူ႔မ်က္ႏွာနားကိုကပ္လာေတာ့ Jihoonမ်က္လံုးျပဴးသြား၏... တစ္ေယာက္ရဲ့ ဝင္ေလထြက္ေလကို တစ္ေယာက္က ခံစားမိေနသည္...

Omegaေလးမွာေတာ့ အနမ္းတစ္ပြင့္ကို အတည္ႀကီးေစာင့္ေနကာ မ်က္လံုးေတြကို တင္းတင္းက်ပ္က်ပ္မိွတ္ထား၏... ယန္မွာေတာ့ Jihoonရွက္ေနတာကိုၾကၫ့္ၿပီး ၿပံဳးေနသည္... သူနမ္းမယ့္အစား Omegaေလးရဲ့ႏွဖူးကိုအသာပုတ္ကာ "ဘာလို႔အဲ့ေလာက္ စိတ္လႈပ္ရွားေနတာလဲ... ကိုယ္ေနာက္ေနတာပါ" သူေျပာလိုက္၏...

ယန္ Jihoonရဲ့လက္ကို ကိုင္ကာ "သြားစို" သူဆိုကာ ႏွစ္ေယာက္အတူလမ္ေလ်ွာက္သြားၾကသည္... "ညစာသြားစားရေအာင္... ဟင္း! ကိုယ္အရမ္းဗိုက္ဆာေနၿပီ... မင္းကိုယ့္ကို ကူညီသင့္တာ... ေနာက္တစ္ခါ တံခါးဝမွာပဲ ရပ္မေနနဲ႔ေနာ္...မင္းဘာစားခ်င္လဲ... ကိုယ္ေတာ့ အသားကင္စားခ်င္တယ္"

Omegaေလးက Alphaႀကီးရဲ့လက္ကိုကိုင္ထားရင္း ၿပံဳးေနလ်က္ ေနာက္ကလိုက္လာေလသည္... သူ႔အနားမွာ ယန္ဘယ္ေလာက္ သက္ေတာင့္သက္သာရိွတယ္ဆိုတာျမင္ႏိုင္၏... သူစိတ္ထဲလံုၿခံဳသလို ခံစားေနရသည္... ဒီလို ခံစားမႈမ်ိဳးကို ယန္တစ္ေယာက္သာ ေပးႏိုင္၏... အရာအားလံုးက သူ႔အတြက္အသစ္အဆန္းျဖစ္ေနေပမဲ့ ဘာေၾကာင့္မွန္းမသိ သူအဲ့ဒါကိုေၾကာက္ေနသည္...

ေနာက္ဆံုးမွာေတာ့ Jihoonက ယန႔္အား သူ႔အိမ္ကိုဖိတ္ၿပီး ညစာခ်က္ေကြၽးလိုက္သည္... သူ႔အေဖနဲ႔အတူ ညစာစားကာ ထံုးစံအတိုင္း ယန္က သူ႔ကို ပန္းကန္ကူေဆးေပးၿပီး သူက ေဆးၿပီးသားပန္းကန္ေတြကို သုတ္၏... သူတို႔ပံုစံက လက္ထပ္ထားတဲ့ စံုတြဲေတြအတိုင္းပင္...

"Jihoon... မင္းသေဘာက်ေနတဲ့လူရိွလား" ယန္က ရုတ္တရတ္ေမးလိုက္၏... 

ထိုအခါ Jihoonလက္ထဲကေႂကြပန္းကန္ျပားမွာ လက္ထဲကေခ်ာ္ထြက္ၿပီး က်ကြဲသြားေလသည္... "ကိုယ္ေတာင္းပန္ပါတယ္! ကိုယ့္ေၾကာင့္ပါ" ယန္က ပန္းကန္ကြဲစေတြကိုေကာက္လိုက္ေပမဲ့ မေတာ္တဆ သူ႔လက္ကိုရွသြား၏.. "အာ့" သူေအာ္လိုက္၏... Jihoonမွာ ခ်က္ခ်င္း အမိႈက္ေတြကို ရွင္းကာ ယန႔္လက္ကဒဏ္ရာကို ေဆးထၫ့္ေပးေလသည္...

ယန္တစ္ေယာက္ အားမလိုအားမရျဖစ္စြာပဲ အိမ္ျပန္လာခဲ့သည္... Jihoonကို ဘာလို႔ အဲ့လိုရူးေၾကာင္ေၾကာင္ေမးခြန္းေမးလိုက္ရသလဲဆိုၿပီး ကိုယ့္ကိုယ္ကို အျပစ္တင္ေန၏...

{author... ကြၽန္ေတာ္ဘာလုပ္သင့္လဲ... သူ႔ကိုစိတ္ဆိုးေအာင္ လုပ္လိုက္မိၿပီလား}

Author : မင္းဘယ္လိုထင္လဲ...

{ေဟ့လူ! ကြၽန္ေတာ့္ေမးခြန္းကို ေနာက္ထပ္ေမးခြန္းတစ္ခုနဲ႔ ျပန္ေျဖေနတာလား! အတည္ႀကီး?!}

Author : အဲ့တာ မင္းအမွားေလ... ငါမင္းကို ျဖည္းျဖည္းခ်င္းလုပ္ဖို႔ေျပာသားပဲ...

'အခ်စ္levelမွာ 45% သို႔ျမင့္တက္လာပါသည္'

"ခဏ...ဘာျဖစ္တယ္! တကယ္ႀကီးလား!" ယန္မွာ လိပ္ျပာလြင့္မတတ္ျဖစ္သြား၏...

 {ဒါဆို Jihoonက ကြၽန္ေတာ့္ကို သေဘာက်တာေပါ့!}

Author :  ကိုယ့္ကိုယ္ကို အထင္ႀကီးမေနနဲ႔... အခုထိ100%မျပၫ့္ေသးဘူး...

{ဒါေပမဲ့ ကြၽန္ေတာ့္မွာအခြင့္အေရးရိွတယ္! ဟန႔္! ဒီအခ်စ္ level တိုင္းတဲ့အရာကို ကြၽန္ေတာ္သေဘာက်လာၿပီ}  

ယန္တစ္ေယာက္ စိတ္လႈပ္ရွားစြာျဖင့္ ေစာင္ထဲမွာလံုးေထြးေနၿပီး ပါးစပ္က နားရြက္တက္ခ်ိတ္မတတ္ၿပံဳးေနေလ၏...

"ဒီေန့ေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ေတာ့မွာပဲ" သူေတြးလိုက္၏...



Continue Reading

You'll Also Like

63.9K 1.8K 23
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
615K 28.1K 61
Freya Antinea Laphinia woke up from an assassination attempt with memories of her previous life. She reincarnated into a novel she read! It wasn't a...
972K 41.7K 87
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
201K 7.9K 48
(Male Yandere DemonsxFemale Reader) You are just a normal high school girl living a normal life. . . . Until your life is not normal anymore. ______...