စာအုပ်ထဲသို့ကူးပြောင်းသွားခြင...

By suyinhtike

33.4K 2.5K 47

This is translation story. World-1 (24 chapters) World-2 (21 chapters) World-3 (..... More

Synopsis
1.A Curse book
2. World-1: Let me hear your voice
3. World-1.2
4. World-1.3
5. World 1.4
7. World-1.6
8. World-1.7
9. World-1.8
10. World-1.9
11. World-1.10
12. World-1.11
13. World-1.12
14. World-1.13
15. World-1.14
16. World-1.15
17. World-1.16
18. World-1.17
19. World-1.18
20. World-1.19
21.World-1.20
22. World-1.21
World-1.22
World-1.23
World-1.24: Memories(Final)

6. World-1.5

976 101 0
By suyinhtike

Unicode

ပထမစာသင်ချိန်သို့ရောက်သော် ကျောင်းသားအားလုံး အတန်းထဲသို့သွားကြသည်... ယန်ကတော့ မတ်တပ်ရပ်နေဆဲပင်... ထို့နောက် ကြော်ငြာဘုတ်ကို ပြင်းပြင်း တစ်ချက်ရိုက်လိုက်ပြီး ကပ်ထားတဲ့ဓာတ်ပုံတွေကိုဆွဲခွာကာ တစ်စစီဆုတ်ဖြဲပစ်လိုက်၏...

ယန်တစ်ယောက် ဒေါသတွေပွက်ပွက်ဆူနေလျက် အတန်းသို့သွားလေသည်...

Author : ဟေး! စိတ်လျှော့ ကိုယ့်စိတ်ကို စုစည်းထား... မင်းပုံရိပ်ကို ထိန်းသိမ်းဖို့လိုတယ်...

သူအတန်းတံခါးကနေဝင်လာတော့ အပါအဝင် လူတိုင်းသူ့ကိုကြည့်နေကြသည်... သူ့အရှိန်အဝါက အေးစက်နေကာ အင်အားကြီးပြီး အနံ့စူးရှသည့် သူ့pheromonesတွေလည်း ပျံ့နှံ့နေ၏...

"Mr.Daewon ကျေးဇူးပြုပြီး pheromonesတွေကိုသိမ်းလိုက်ပါ... အတန်းထဲမှာ Omeagတွေရှိတယ်" professorက သူစိတ်ပြေအောင် ကြိုးစားပြောလေသည်....

ယန်က သူ့ကိုလုံးလုံးလျစ်လျူရှုထားပြီး အတန်းထဲကို လှည့်ပတ်ကြည့်ကာ တစ်စုံတစ်ယောက်ကို ရှာနေလေသည်...

Author : မင်းဘယ်သွားနေတာလဲ... အတန်းတက်ရ....

{ဂရုမစိုက်ဘူး! ကျွန်တော်သူ့ကိုရှာရမယ်}

သူကားပါကင်ကိုမြန်မြန်သွားကာ ကားစက်နှိုးလိုက်၏... သူဘယ်သွားရမလဲဆိုတာ သူသိသည်...

ခဏကြာတော့ Jihoonအိမ်ကိုရောက်သွား၏... သူတံခါးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်...

"Jihoon" သူခေါ်လိုက်ပေမဲ့ ဘယ်သူမှပြန်မဖြေပေ...

{author... ကြည့်ရတာ အိမ်မှာဘယ်သူမှ မရှိလောက်ဘူး}

ထို့နောက် ယန်က အိမ်ထဲဝင်ကာ "Jihoon...မင်းရှိလား.. မင်းအဆင်ပြေလားဆိုတာ ကိုယ်လာကြည့်တာ" သူတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏... သူကြမ်းပြင်ကိုနင်းလိုက်တော့ တကျွီကျွီမြည်နေလေသည်...

အထဲမှာမှောင်နေ၏... နေရာတိုင်းမှာမှောင်နေပေမဲ့ အဝေးဆုံးအခန်းမှာ လင်းနေတာကို ယန်တွေ့လိုက်သည်... အဲ့နေရာကိုသွားလိုက်တော့ ခုတင်တစ်လုံးနဲ့ စားပွဲတစ်လုံးသာဆန့်သည့် သေးငယ်တဲ့အခန်းတစ်ခန်းဖြစ်ပြီး အခန်းရဲ့ညာဘက်ထောင့်မှာတော့ ဗီဒိုတစ်လုံးရှိသည်...

"လူလေးက Jihoonရဲ့ သူငယ်ချင်းဖြစ်မယ်" နူးညံ့ချိုသာတဲ့ အသံတစ်သံက ရုတ်တရတ်ထွက်ပေါ်လာတာကြောင့် ယန်မှာ နှလုံးရပ်မတတ်လန့်သွား၏... ယန်ကြည့်လိုက်တော့ အဘိုးအိုတစ်ယောက်က ကုတင်ပေါ်မှာလှဲနေတာကို ‌တွေ့လိုက်ရလေသည်... သူက မျက်တွင်းများချိုင့်နေသော်လည်း နူးညံ့သိမ်မွေ့ပုံပေါ်နေကာ ဆံပင်တွေမှာ တစ်ခေါင်းလုံးဖြူနေလေ၏... "ကျွန်တော် ခွင့်ပြုချက်မရှိဘဲဝင်လာတဲ့အတွက် တောင်းပန်ပါတယ်" ယန်တစ်ယောက် မြန်မြန်ဦးညွှတ်လိုက်ကာ လေးစားမှုကို ပြလိုက်သည်...

လူအိုကြီးကရယ်မောကာ "ကိစ္စမရှိပါဘူး လူငယ်လေး... ဒီကိုလာ"လူအိုကြီးက သူ့ဘေးရှိကုလားထိုင်အလွတ်ကို ညွှန်ပြရင်းဆို၏.. ယန်ကလည်း နာခံစွာပဲ ထိုင်လိုက်လေသည်...

"Jihoonက ဦးလေးအတွက် ဆေးသွားဝယ်တယ်... အဲ့ကလေးကတော်တော်ခေါင်းမာတယ်... ဒီနေ့ သူအတန်းမတက်ဘူးလား" လူအိုကြီးက မေးလိုက်၏...

"ကျွန်တော်သူ့ကိုစိတ်ပူလို့ လိုက်လာတာပါ" ယန်က ရိုရိုသေသေပြန်ဖြေလိုက်သည်....

"သူစိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံနဲ့ အိမ်ပြန်လာတယ်လေ... ငါ့သားလို့ မပြောရဘူး" လူအိုကြီးကပြောကာ ပြုံးလိုက်၏...

ယန်တစ်ယောက် သူပြောတာကြားတော့ စိတ်ထဲမှာ လိပ်ပြာမလုံသလို တင်းကျပ်နေသလို ခံစားလိုက်ရသည်... သူသာ Jihoonကိုစောစောတွေ့ခဲ့ရင် ဒီလိုကောလဟာလတွေထွက်လာမှာမဟုတ်... ဓာတ်ပုံတွေက JN entertainment မှာတုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်၏... ဘယ်သူကများ ဒီလိုဆိုးဝါးတဲ့ပုံတွေကို ဖြန့်ရဲတာလဲ... သူ Jihoonကိုကူညီဖို့ကြိုးစားခဲ့ပေမဲ့ အခက်အခဲကြားထဲတွန်းပို့သလို ဖြစ်သွားသည်...

"ကျွန်တော်တောင်းပန်ပါတယ်... ကျွန်တော်တကယ်တောင်းပန်ပါတယ်" ယန် ခေါင်းငုံ့ကာ လက်သီးကိုတင်းတင်းဆုပ်လိုက်၏...

"Jihoonမှာ မင်းလိုသူငယ်ချင်းရှိတာ ဦးလေးအရမ်းဂုဏ်ယူတာပဲ... သူက တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ ကလေးလေ... တစ်ခါတစ်လေ သူ့ကိုနားလည်နိုင်ဖို့ အရမ်းခက်ပေမဲ့ စိတ်ထားကောင်းတဲ့ကလေးပါ" လူကြီးက ရယ်မောကာ ပြောလိုက်လေသည်...

ယန်မှာတော့ ငိုချတော့မတတ် တုန်ယင်နေကာ "ကျွန်...ကျွန်တော်ကတိပေးတယ်... သူ့ကိုကာကွယ်ပေးပါမယ်လို့" ဟုပြောလိုက်၏...

ထို့နောက် လူအိုကြီးက ပြုံးရင်း တံခါးဝကိုကြည့်လိုက်သည်..."Jihoon...သားပြန်လာပြီ"

ယန်လည်း အံ့ဩသွားပြီး လှည့်ကြည့်လိုက်တော့ လေးက တံခါးဝမှာ ရပ်နေတာကို မြင်လိုက်သည်... သူကမောပန်းနေပုံရကာ လည်ပင်းတွင်လည်း ချွေးများစီးကျနေ၏..."သား... သတိထားပြီးသွားဖို့ ပြောထားတယ်လေ... ဘာလို့ပြေးလွှားလာတာလဲ" Jihoonက သူဝယ်လာတဲ့ဆေးကို ခုတင်ဘေးက စားပွဲပေါ်တင်လိုက်ပြီးနောက် လူအိုကြီးကပြောသည်...

"ဟင်း.... Jihoon...ကိုယ်အသိမပေးဘဲ ဝင်လာတဲ့အတွက် တောင်းပန်ပါတယ်" ယန်တစ်ယောက် မလုံမလဲနှင့်ပြောလိုက်၏...

ကောင်လေးက သူ့ကို စူးစူးရှရှ တစ်ချက်စိုက်ကြည့်ပြီးနောက် ပြုံးလိုက်၏..

{ author...ကျွန်တော်ဘာလုပ်ရလဲ... သူ့အဖေရှေ့မှာမလို့ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံမယ်လို့တော့ ထင်တာပဲ}

Author : အဲ့ဒါမင်းအမှားလေ... ငါနဲ့မဆိုင်ဘူး...

{အပြင်ရောက်ရင် ကျွန်တော့်ကို ကိုက်ဆွဲတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုလုပ်မယ်လို့ထင်လား}

Author : ငါသာ သူ့သူငယ်ချင်းဆို မင်းကိုသတ်ဖို့ အကြံပေးမှာ...

"လူငယ်လေး... မင်းနာမည်ကဘာလဲ" လူအိုကြီးကမေးလိုက်၏...

"ချန်း...Daewon ပါ... ဦးလေ" ယန်ကဖြေလိုက်သည်...

{တော်သေးတယ်! နာမည်အစစ်ကို ပြောမိတော့မလို့}

"ဒီမှာ နေ့လည်စာစားသွားလေ... Jihoonချက်တာ အရမ်းကောင်းတယ်" လူအိုကြီးရဲ့စကားကြောင့် Jihoonမှာ မျက်နှာ နီသွား၏...

"ကျေး...ကျေးဇူးတင်ပါတယ်" ယန်တစ်ယောက် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်..

{ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေတယ်}

Author : တစ်ချက်လောက်ရိုက်ပေးရမလား

နောက်ဆုံးမှာတော့ ယန် သူတို့နဲ့အတူ နေ့လည်စာစားလိုက်သည်... အစားအသောက်တွေက အရမ်းအရသာရှိတာကြောင့် ယန်မှာ Jihoonကို မချီးကျူးဘဲမနေနိုင်တော့ပေ... သူ မပြန်ခင် ကို ပန်းကန်တွေကူဆေးပေးလိုက်သည်... ထို့နောက် မီးဖိုချောင်ထဲရှိ ဗီရိုပေါ်တွင် ပိုက်ဆံတစ်ချို့ကို တိတ်တိတ်လေးတင်ပေးထားလိုက်၏... ကျောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ်ထဲမှာ မသိုးမသန့်ဖြစ်နေဆဲပင်... က သူနဲ့အတူ အပြင်ကို လမ်းလျှောက်လိုက်လာ၏...

သူတို့တံခါးဝမှာရပ်နေတုန်း " ကျောင်းကကိစ္စနဲ့ ပက်သက်ပြီး ကိုယ်...ကိုယ်တောင်းပန်...."

သူပြောလို့မပြီးခင်မှာပဲ Jihoonဆီက လက်ဝါးတစ်ချက်ရရှိလိုက်လေသည်... ယန်မှာ တစ်ခဏလောက် ကြောင်သွား၏...

{ခ..ခဏ! သူ....သူ ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ}

authorပြန်မဖြေပေ... Jihoonက သူ့ရင်ဘတ်ကို စာရွက်တစ်ရွက်နှင့် ပစ်ပေါက်လိုက်၏... Jihoonက သူ့ကို ခက်ထန်စွာ တစ်ချိန်တည်းမှာပဲ မျက်ရည်တွေဝဲလျက် ကြည့်နေလေသည်... သူဟာ အားကုန်သုံးပြီး ယန်ကို တံခါးဝသို့တွန်းထုတ်လိုက်၏... "ခဏလေး!!"ယန်က Jihoonလက်ကိုဖယ်ရင်း "Jihoon...ကိုယ်တောင်းပန်ပါတယ်နော်.. ဒါပေမဲ့ ကိုယ့်ကိုဘာလို့ ဒေါသထွက်နေတာလဲ" ယန်မေးလိုက်သည်...

Omegaလေးက ပြန်မဖြေဘဲ ယန့်ကို အေးစက်စွာကြည့်နေကာ သူဘယ်လောက် နာကျင်နေတယ်ဆိုတာကို မျက်လုံးထဲမှာ မြင်နေရသည်... "ကောင်းပြီ" ယန်ညင်သာစွာဆို၏... "ကိုယ်သွားတော့မယ်...ကိုယ်တောင်းပန်ပါတယ်" ယန်ထပ်ပြောလိုက်ပြီးနောက် ကားဆီသွားကာ Jihoonရှေ့မှာ ထွက်သွားတော့သည်...

ထိုညတွင် ယန်က ညစာမစားဘဲ အခန်းထဲမှာသာ နေနေ၏... သူငေးမောနေရင်း ဘာလို့ Jihoon သူ့ကို ဒေါသထွက်လဲဆိုတာ တွေးနေသည်...

'ကျွန်တော့်နားကို ထပ်မလာနဲ့... ခင်ဗျားရဲ့ အပျော်ကစားပွဲမှာ မပါဝင်ချင်ဘူး'

စာရွက်ပေါ်မှာ ရေးထားတဲ့စကားလုံးတွေက သူ့ကို ပဟေဠိဖြစ်နေသည်...

Author : ငေးမနေနဲ့တော့!!

'အချစ် Level မှာ 5%ကျဆင်းသွားပြီး 30%သာ ကျန်ရှိပါတော့သည်'

{ဟန်! ဘာပြောတာ!!}

'အချက်အလက်အသစ် လက်ခံရရှိပါသည်'

သုံးဖက်မြင်ပုံရိပ်က ပေါ်လာပြန်ကာ 'အချစ်Levelသည် MC၏စိတ်ခံစားချက်အရ အတက်အကျရှိနိုင်ပါသည်' ဟုပြသည်

{ဟေး! ဒါဘာလဲ? ဘာကိုဆိုလိုတာလဲ?!!}

Author : မင်းကြားတဲ့အတိုင်းဘဲလေ...

{သောက်ကျိုးနည်း နားလည်တယ်! အစထဲက ဘာလို့မပြောတာလဲ!}

Author : မင်းကို မပြောခဲ့ဘူးဆိုတာက မင်းရဲ့ missionတိုးတက်မှုအရ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်းပွင့်သွားမှာ....

{မတရားဘူး!!}

Authoe : ပါးစပ်ပိတ်ထားလိုက်တော့!







Zawgyi

ပထမစာသင္ခ်ိန္သို႔ေရာက္ေသာ္ ေက်ာင္းသားအားလံုး အတန္းထဲသို႔သြားၾကသည္... ယန္ကေတာ့ မတ္တပ္ရပ္ေနဆဲပင္... ထို႔ေနာက္ ေၾကာ္ျငာဘုတ္ကို ျပင္းျပင္း တစ္ခ်က္ရိုက္လိုက္ၿပီး ကပ္ထားတဲ့ဓာတ္ပံုေတြကိုဆြဲခြာကာ တစ္စစီဆုတ္ၿဖဲပစ္လိုက္၏...

ယန္တစ္ေယာက္ ေဒါသေတြပြက္ပြက္ဆူေနလ်က္ အတန္းသို႔သြားေလသည္...

Author : ေဟး! စိတ္ေလ်ွာ့ ကိုယ့္စိတ္ကို စုစည္းထား... မင္းပံုရိပ္ကို ထိန္းသိမ္းဖို႔လိုတယ္...

သူအတန္းတံခါးကေနဝင္လာေတာ့ အပါအဝင္ လူတိုင္းသူ႔ကိုၾကၫ့္ေနၾကသည္... သူ႔အရိွန္အဝါက ေအးစက္ေနကာ အင္အားႀကီးၿပီး အနံ႔စူးရွသၫ့္ သူ႔pheromonesေတြလည္း ပ်ံ့ႏွံ႔ေန၏...

"Mr.Daewon ေက်းဇူးျပဳျပီး pheromonesေတြကိုသိမ္းလိုက္ပါ... အတန္းထဲမွာ Omeagေတြရိွတယ္" professorက သူစိတ္ေျပေအာင္ ႀကိဳးစားေျပာေလသည္....

ယန္က သူ႔ကိုလံုးလံုးလ်စ္လ်ူရႈထားၿပီး အတန္းထဲကို လွၫ့္ပတ္ၾကၫ့္ကာ တစ္စံုတစ္ေယာက္ကို ရွာေနေလသည္...

Author : မင္းဘယ္သြားေနတာလဲ... အတန္းတက္ရ....

{ဂရုမစိုက္ဘူး! ကြၽန္ေတာ္သူ႔ကိုရွာရမယ္}

သူကားပါကင္ကိုျမန္ျမန္သြားကာ ကားစက္ႏိႈးလိုက္၏... သူဘယ္သြားရမလဲဆိုတာ သူသိသည္...

ခဏၾကာေတာ့ Jihoonအိမ္ကိုေရာက္သြား၏... သူတံခါးကိုျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္...

"Jihoon" သူေခၚလိုက္ေပမဲ့ ဘယ္သူမျွပန္မေျဖေပ...

{author... ၾကၫ့္ရတာ အိမ္မွာဘယ္သူမွ မရိွေလာက္ဘူး}

ထို႔ေနာက္ ယန္က အိမ္ထဲဝင္ကာ "Jihoon...မင္းရိွလား.. မင္းအဆင္ေျပလားဆိုတာ ကိုယ္လာၾကၫ့္တာ" သူတံခါးကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္၏... သူၾကမ္းျပင္ကိုနင္းလိုက္ေတာ့ တကြၽီကြၽီျမည္ေနေလသည္...

အထဲမွာေမွာင္ေန၏... ေနရာတိုင္းမွာေမွာင္ေနေပမဲ့ အေဝးဆံုးအခန္းမွာ လင္းေနတာကို ယန္ေတြ့လိုက္သည္... အဲ့ေနရာကိုသြားလိုက္ေတာ့ ခုတင္တစ္လံုးနဲ႔ စားပြဲတစ္လံုးသာဆန႔္သၫ့္ ေသးငယ္တဲ့အခန္းတစ္ခန္းျဖစ္ၿပီး အခန္းရဲ့ညာဘက္ေထာင့္မွာေတာ့ ဗီဒိုတစ္လံုးရိွသည္...

"လူေလးက Jihoonရဲ့ သူငယ္ခ်င္းျဖစ္မယ္" ႏူးညံ့ခ်ိဳသာတဲ့ အသံတစ္သံက ရုတ္တရတ္ထြက္ေပၚလာတာေၾကာင့္ ယန္မွာ ႏွလံုးရပ္မတတ္လန႔္သြား၏... ယန္ၾကၫ့္လိုက္ေတာ့ အဘိုးအိုတစ္ေယာက္က ကုတင္ေပၚမွာလွဲေနတာကို ‌ေတြ့လိုက္ရေလသည္... သူက မ်က္တြင္းမ်ားခ်ိဳင့္ေနေသာ္လည္း ႏူးညံ့သိမ္ေမြ့ပံုေပၚေနကာ ဆံပင္ေတြမွာ တစ္ေခါင္းလံုးျဖဴေနေလ၏... "ကြၽန္ေတာ္ ခြင့္ျပဳခ်က္မရိွဘဲဝင္လာတဲ့အတြက္ ေတာင္းပန္ပါတယ္" ယန္တစ္ေယာက္ ျမန္ျမန္ဦးၫႊတ္လိုက္ကာ ေလးစားမႈကို ျပလိုက္သည္...

လူအိုႀကီးကရယ္ေမာကာ "ကိစၥမရိွပါဘူး လူငယ္ေလး... ဒီကိုလာ"လူအိုႀကီးက သူ႔ေဘးရိွကုလားထိုင္အလြတ္ကို ၫႊန္ျပရင္းဆို၏.. ယန္ကလည္း နာခံစြာပဲ ထိုင္လိုက္ေလသည္...

"Jihoonက ဦးေလးအတြက္ ေဆးသြားဝယ္တယ္... အဲ့ကေလးကေတာ္ေတာ္ေခါင္းမာတယ္... ဒီေန့ သူအတန္းမတက္ဘူးလား" လူအိုႀကီးက ေမးလိုက္၏...

"ကြၽန္ေတာ္သူ႔ကိုစိတ္ပူလို႔ လိုက္လာတာပါ" ယန္က ရိုရိုေသေသျပန္ေျဖလိုက္သည္....

"သူစိတ္အေနွာက္အယွက္ျဖစ္ေနတဲ့ပံုနဲ႔ အိမ္ျပန္လာတယ္ေလ... ငါ့သားလို႔ မေျပာရဘူး" လူအိုႀကီးကေျပာကာ ၿပံဳးလိုက္၏...

ယန္တစ္ေယာက္ သူေျပာတာၾကားေတာ့ စိတ္ထဲမွာ လိပ္ျပာမလံုသလို တင္းက်ပ္ေနသလို ခံစားလိုက္ရသည္... သူသာ Jihoonကိုေစာေစာေတြ့ခဲ့ရင္ ဒီလိုေကာလဟာလေတြထြက္လာမွာမဟုတ္... ဓာတ္ပံုေတြက JN entertainment မွာတုန္းက ျဖစ္ခဲ့တဲ့ အေၾကာင္းအရာေတျြဖစ္၏... ဘယ္သူကမ်ား ဒီလိုဆိုးဝါးတဲ့ပံုေတြကို ျဖန႔္ရဲတာလဲ... သူ Jihoonကိုကူညီဖို႔ႀကိဳးစားခဲ့ေပမဲ့ အခက္အခဲၾကားထဲတြန္းပို႔သလို ျဖစ္သြားသည္...

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္... ကြၽန္ေတာ္တကယ္ေတာင္းပန္ပါတယ္" ယန္ ေခါင္းငံု႔ကာ လက္သီးကိုတင္းတင္းဆုပ္လိုက္၏...

"Jihoonမွာ မင္းလိုသူငယ္ခ်င္းရိွတာ ဦးေလးအရမ္းဂုဏ္ယူတာပဲ... သူက တိတ္တိတ္ဆိတ္ဆိတ္ေနတတ္တဲ့ ကေလးေလ... တစ္ခါတစ္ေလ သူ႔ကိုနားလည္ႏိုင္ဖို႔ အရမ္းခက္ေပမဲ့ စိတ္ထားေကာင္းတဲ့ကေလးပါ" လူႀကီးက ရယ္ေမာကာ ေျပာလိုက္ေလသည္...

ယန္မွာေတာ့ ငိုခ်ေတာ့မတတ္ တုန္ယင္ေနကာ "ကြၽန္...ကြၽန္ေတာ္ကတိေပးတယ္... သူ႔ကိုကာကြယ္ေပးပါမယ္လို႔" ဟုေျပာလိုက္၏...

ထို႔ေနာက္ လူအိုႀကီးက ၿပံဳးရင္း တံခါးဝကိုၾကၫ့္လိုက္သည္..."Jihoon...သားျပန္လာၿပီ"

ယန္လည္း အံ့ဩသြားၿပီး လွၫ့္ၾကၫ့္လိုက္ေတာ့ ေလးက တံခါးဝမွာ ရပ္ေနတာကို ျမင္လိုက္သည္... သူကေမာပန္းေနပံုရကာ လည္ပင္းတြင္လည္း ေခြၽးမ်ားစီးက်ေန၏..."သား... သတိထားၿပီးသြားဖို႔ ေျပာထားတယ္ေလ... ဘာလို႔ေျပးလႊားလာတာလဲ" Jihoonက သူဝယ္လာတဲ့ေဆးကို ခုတင္ေဘးက စားပြဲေပၚတင္လိုက္ၿပီးေနာက္ လူအိုႀကီးကေျပာသည္...

"ဟင္း.... Jihoon...ကိုယ္အသိမေပးဘဲ ဝင္လာတဲ့အတြက္ ေတာင္းပန္ပါတယ္" ယန္တစ္ေယာက္ မလံုမလဲႏွင့္ေျပာလိုက္၏...

ေကာင္ေလးက သူ႔ကို စူးစူးရွရွ တစ္ခ်က္စိုက္ၾကၫ့္ၿပီးေနာက္ ၿပံဳးလိုက္၏..

{ author...ကြၽန္ေတာ္ဘာလုပ္ရလဲ... သူ႔အေဖေရ႔ွမွာမလို႔ ကြၽန္ေတာ့္ကို ေကာင္းေကာင္းဆက္ဆံမယ္လို႔ေတာ့ ထင္တာပဲ}

Author : အဲ့ဒါမင္းအမွားေလ... ငါနဲ႔မဆိုင္ဘူး...

{အျပင္ေရာက္ရင္ ကြၽန္ေတာ့္ကို ကိုက္ဆြဲတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ တစ္ခုခုလုပ္မယ္လို႔ထင္လား}

Author : ငါသာ သူ႔သူငယ္ခ်င္းဆို မင္းကိုသတ္ဖို႔ အႀကံေပးမွာ...

"လူငယ္ေလး... မင္းနာမည္ကဘာလဲ" လူအိုႀကီးကေမးလိုက္၏...

"ခ်န္း...Daewon ပါ... ၪီးေလ" ယန္ကေျဖလိုက္သည္...

{ေတာ္ေသးတယ္! နာမည္အစစ္ကို ေျပာမိေတာ့မလို႔}

"ဒီမွာ ေန့လည္စာစားသြားေလ... Jihoonခ်က္တာ အရမ္းေကာင္းတယ္" လူအိုႀကီးရဲ့စကားေၾကာင့္ Jihoonမွာ မ်က္ႏွာ နီသြား၏...

"ေက်း...ေက်းဇူးတင္ပါတယ္" ယန္တစ္ေယာက္ ေခါင္းငံု႔ကာ ျပန္ေျဖလိုက္သည္..

{ကြၽန္ေတာ္အရမ္းစိတ္လႈပ္ရွားေနတယ္}

Author : တစ္ခ်က္ေလာက္ရိုက္ေပးရမလား

ေနာက္ဆံုးမွာေတာ့ ယန္ သူတို႔နဲ႔အတူ ေန့လည္စာစားလိုက္သည္... အစားအေသာက္ေတြက အရမ္းအရသာရိွတာေၾကာင့္ ယန္မွာ Jihoonကို မခ်ီးက်ူးဘဲမေနႏိုင္ေတာ့ေပ... သူ မျပန္ခင္ ကို ပန္းကန္ေတြကူေဆးေပးလိုက္သည္... ထို႔ေနာက္ မီးဖိုေခ်ာင္ထဲရိွ ဗီရိုေပၚတြင္ ပိုက္ဆံတစ္ခ်ိဳ႕ကို တိတ္တိတ္ေလးတင္ေပးထားလိုက္၏... ေက်ာင္းမွာ ျဖစ္ခဲ့တဲ့ကိစၥနဲ႔ပက္သက္ၿပီး စိတ္ထဲမွာ မသိုးမသန႔္ျဖစ္ေနဆဲပင္... က သူနဲ႔အတူ အျပင္ကို လမ္းေလ်ွာက္လိုက္လာ၏...

သူတို႔တံခါးဝမွာရပ္ေနတုန္း " ေက်ာင္းကကိစၥနဲ႔ ပက္သက္ၿပီး ကိုယ္...ကိုယ္ေတာင္းပန္...."

သူေျပာလို႔မၿပီးခင္မွာပဲ Jihoonဆီက လက္ဝါးတစ္ခ်က္ရရိွလိုက္ေလသည္... ယန္မွာ တစ္ခဏေလာက္ ေၾကာင္သြား၏...

{ခ..ခဏ! သူ....သူ ကြၽန္ေတာ့္ကို ဘာလို႔ရိုက္တာလဲ}

authorျပန္မေျဖေပ... Jihoonက သူ႔ရင္ဘတ္ကို စာရြက္တစ္ရြက္ႏွင့္ ပစ္ေပါက္လိုက္၏... Jihoonက သူ႔ကို ခက္ထန္စြာ တစ္ခ်ိန္တည္းမွာပဲ မ်က္ရည္ေတြဝဲလ်က္ ၾကၫ့္ေနေလသည္... သူဟာ အားကုန္သံုးၿပီး ယန္ကို တံခါးဝသို႔တြန္းထုတ္လိုက္၏... "ခဏေလး!!"ယန္က Jihoonလက္ကိုဖယ္ရင္း "Jihoon...ကိုယ္ေတာင္းပန္ပါတယ္ေနာ္.. ဒါေပမဲ့ ကိုယ့္ကိုဘာလို႔ ေဒါသထြက္ေနတာလဲ" ယန္ေမးလိုက္သည္...

Omegaေလးက ျပန္မေျဖဘဲ ယန္႔ကို ေအးစက္စြာၾကၫ့္ေနကာ သူဘယ္ေလာက္ နာက်င္ေနတယ္ဆိုတာကို မ်က္လံုးထဲမွာ ျမင္ေနရသည္... "ေကာင္းၿပီ" ယန္ညင္သာစြာဆို၏... "ကိုယ္သြားေတာ့မယ္...ကိုယ္ေတာင္းပန္ပါတယ္" ယန္ထပ္ေျပာလိုက္ၿပီးေနာက္ ကားဆီသြားကာ Jihoonေရ႔ွမွာ ထြက္သြားေတာ့သည္...

ထိုညတြင္ ယန္က ညစာမစားဘဲ အခန္းထဲမွာသာ ေနေန၏... သူေငးေမာေနရင္း ဘာလို႔ Jihoon သူ႔ကို ေဒါသထြက္လဲဆိုတာ ေတြးေနသည္...

'ကြၽန္ေတာ့္နားကို ထပ္မလာနဲ႔... ခင္ဗ်ားရဲ့ အေပ်ာ္ကစားပြဲမွာ မပါဝင္ခ်င္ဘူး'

စာရြက္ေပၚမွာ ေရးထားတဲ့စကားလံုးေတြက သူ႔ကို ပေဟဠိျဖစ္ေနသည္...

Author : ေငးမေနနဲ႔ေတာ့!!

'အခ်စ္ Level မွာ 5%က်ဆင္းသြားၿပီး 30%သာ က်န္ရိွပါေတာ့သည္'

{ဟန္! ဘာေျပာတာ!!}

'အခ်က္အလက္အသစ္ လက္ခံရရိွပါသည္'

သံုးဖက္ျမင္ပံုရိပ္က ေပၚလာျပန္ကာ 'အခ်စ္Levelသည္ MC၏စိတ္ခံစားခ်က္အရ အတက္အက်ရိွႏိုင္ပါသည္' ဟုျပသည္

{ေဟး! ဒါဘာလဲ? ဘာကိုဆိုလိုတာလဲ?!!}

Author : မင္းၾကားတဲ့အတိုင္းဘဲေလ...

{ေသာက္က်ိဳးနည္း နားလည္တယ္! အစထဲက ဘာလို႔မေျပာတာလဲ!}

Author : မင္းကို မေျပာခဲ့ဘူးဆိုတာက မင္းရဲ့ missionတိုးတက္မႈအရ လုပ္ေဆာင္ခ်က္ေတြက တျဖည္းျဖည္းပြင့္သြားမွာ....

{မတရားဘူး!!}

Authoe : ပါးစပ္ပိတ္ထားလိုက္ေတာ့!


Continue Reading

You'll Also Like

468K 15.2K 145
Genre: Space, Doting, Farming, Time travel, Healing Synopsis: Xu Linyue from the 21st century crossing over with the heavenly space soul penetration...
54.1K 2.4K 25
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
33.5K 3.3K 76
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
429K 16.3K 68
Isabelle loves reading books, especially novels. One time, she read a famous novel called 'Grow Old with You'. Isabelle was betrayed by her sister f...