About a girl

By Lilac-179

15.3K 485 30

အစ်ကိုတစ်ယောက်ရဲ့ လွှမ်းမိုးမှု အောက်မှာနေရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ 1500ရော 528ရော ပါမှာပါ punishment... More

Part 1
Part 2
Part 3
Part 5
Part 6

Part 4

2.1K 59 7
By Lilac-179

"ဟယ် သား မတွေ့တာတောင်ကြာပြီ လာလာအိမ်ထဲလာ"
"ဟုတ်ကြီးကြီး ကြီးကြီးတို့အတွက် မုန့်လာပို့တာ"
"ဘာတွေလဲသားရယ် တကူးတက လာပို့ရတာအားနာစရာကြီး"
"ရပါတယ်ကြီးကြီးရယ် အုန်းနို့ခေါက်ဆွဲတွေ အိမ်မှာချက်စားလို့လေ ဆုဆုကကြိုက်တတ်လို့ လာပို့တာ"
"အေးအေး ကျေးဇူးပါကွယ် သားသူငယ်ချင်းကတော့အိပ်တုန်း သွားနိုးလိုက်ဦး"
"ဟုတ် အာ့ဆိုသားအပေါ်တက်သွားလိုက်မယ်နော်"
"အေးအေး သား"

"ဒေါက် ဒေါက်"
စိုင်းမင်းထက်အောင် အခန်းတံခါးကိုခေါက်လိုက်သည် တော်တော်နှင့်လာမဖွင့်။
"ဆုဆုရေ ဆုဆု မိုးလင်းနေပြီ ထတော့ ဒေါက် ဒေါက် ဒေါက်"

"ဘယ်သူလဲ ဒီနေ့ပိတ်ရက်မို့လာမနိုးပါနဲ့ဆို"
အိပ်ချင်မူးတူးနဲ့ပြန်အော်လိုက်သည်
"ငါဟေ့ငါ တံခါးလာဖွင့်ဦး"
ဟိုကောင် င‌စိုင်းပဲ စောစောစီးစီး ဒီကောင်ဘာလာလုပ်ပါလိမ့် ကိုကိုမရှိတဲ့နေ့လေးစောစောအိပ်ပါမယ်ဆို ဒီလဒက တမျိုး
"ပြော ဘာလဲ "
တံခါးဖွင့်ပြီး ဘုတော တောလိုက်သည်။
"နာရီလဲကြည့်ဦး လူအိပ်ရမဲ့အချိန်လား"
"နင်နဲ့ဘာဆိုင်လဲငစိုင်းရယ် ငါအိပ်ရေးမဝသေးဘူး"
"မအိပ်နဲ့တော့ ထမျက်နှာသစ်ပြီး ငါနဲ့သင်တန်းသွားမယ်"
"နင်ကလဲ အစောကြီးရှိသေးတာဟာ"
"မစောတော့ဘူးဟ ထဆို "
ပြောပြောဆိုဆိုနဲ့ ငပျင်းမ မိဆုကို ရေချိုးခန်းထဲတွန်းပို့ခဲ့သည်။
"မြန်မြန်လာခဲ့ ငါအောက်ထပ်ကစောင့်နေမယ်"

စိုင်းမင်းထက်အောင် ဆိုတာ ဆုဆုတို့ကျောင်းကို ၅တန်းနှစ်မှပြောင်းလာတာ သူတို့ကတောင်ကြီးကလေ  ကိုယ်ပိုင်စပျစ်ခြံနဲ့ စပျစ်ဝိုင်ထုတ်တဲ့လုပ်ငန်းလုပ်တယ် သူ့အဖေကတော့ သူငယ်ငယ်လေးထဲကဆုံးသွားတာတဲ့ ဆုတို့၅တန်းနှစ်မှာ အကြောင်းတစ်ခုကြောင့် သူတို့သားအမိ ဆုတို့မြို့ကိုပြောင်းလာကြတယ် စတွေ့တုန်းကတော့ ဆုနဲ့မတည့်ပါဘူး ဆုကိုလိုက်စနေလို့လေ ‌‌ပေါင်းတာကြာလာတော့လဲ မဆိုးပါဘူး ဆုအပေါ်တော်တော်သည်းခံရှာသား သူနဲ့က ၅တန်းထဲက speaking သင်တန်းမှာတူတူတက်တာ လူချစ်လူခင်ပေါအောင်လဲနေတတ်တော့ ဆုတို့နဲ့လဲ မိသားစုလိုဖြစ်နေပြီ တီလေးဆို သားလေး သားလေး ဆိုတာကိုပါးစပ်ကမချ။
စနေ တနင်္ဂနွေတိုင်း speaking သင်တန်းတက်ရဦးမည် ဟူး ပျင်းလိုက်တာ

"ဟဲ့ သင်တန်းပြီးရင်အိမ်လိုက်ခဲ့ဦး အမေကနင့်ကိုမတွေ့တာကြာလို့တဲ့ သတိရနေတယ်"
"အေးအေး ငါလဲအန်တီမြတ်ကိုတွေ့ချင်နေတာ"

အန်တီမြတ်ဆိုတာ ငစိုင်းရဲ့ အမေလေ သူက ဆုဆုကိုသိပ်ချစ်တာ ကိုယ့်အဒေါ်အရင်းထက်တောင် အန်တီမြတ်က ဆုကိုအလိုလိုက်သေးတယ် သင်တန်းပြီးရင် အန်တီမြတ်နဲ့တွေ့ပြီး စကားတွေအကြာကြီးပြောရဦးမယ်။

သာသာနေမကောင်းလို့ အပ်ပုဒိတ်လေးနည်းနည်းကြာသွားပါတယ်။ ဒီအပိုင်းကတော့ punishment မပါဘူး။ နောက်အပိုင်းတွေများများရေးပေးပါမယ်နော် 🤍

Continue Reading

You'll Also Like

4.1M 88K 62
•[COMPLETED]• Book-1 of Costello series. Valentina is a free spirited bubbly girl who can sometimes be very annoyingly kind and sometimes just.. anno...
90K 5.6K 31
{مُكْتمِلة} {مترجمة} كِيمْ تَايْهِيُونْغْ فِي عَلَاقَةٍ سِرِّيَّةٍ مَعَ الْمُدِيرِ التَّنْفِيذِيِّ الَّذِي يَعْمَلُ لَدَيْهِ. جِيُونْ جُونْغِكُوكْ...
3.6M 84.3K 141
Soon to be Published under GSM Darlene isn't a typical high school student. She always gets in trouble in her previous School in her grandmother's pr...
93.4K 2.3K 40
Isabella Ekaterina is the only daughter of the two most powerful mafia families in the world: the Di Luca Italian mafia and the Vasiliev Russian mafi...