Dear Friend ||Completed||

By xiaotiantian433

2.2K 311 25

HaruKyu Fan Fiction.. More

1
2
3
4
5
part-6
part-8

part-7

231 36 3
By xiaotiantian433

November လဟာမနက်ရောညရောနှင်းတွေနှင့် ထူထပ်နေပြီး အေးစင်လွန်းလှပါသည်။ ဟာရူတို၏အဆောင်ခန်းလေးက တစ်ယောက်တည်းသီးသန့်အခန်းလေးဖြစ်၏။ဂျွန်ဂယူနဲ့ကလွဲပြီးတခြားသူများနှင့်အတူနေဖို့သူ့အတွက်အဆင်မပြေလှပါ။ ဂျွန်ဂယူကသာ သူမကြိုက်တာ၊ကြိုက်တာတွေကို သိပြီးအလိုက်သင့် နေထိုင်ပေးသူဖြစ်တာကြောင့်ပင်။ သူကျောင်းစတတ်တော့အခြား အခန်းဖေါ်နှင့်နေကြည့်ပါသည်။ အမှန်‌တိုင်းပြောရရင်တော့ ဂျွန်ဂယူနေရာမှာများအစားထိုးရနိုင်မလားပေါ့လေ။ ဒါပေမယ့်အဆင်မပြေခဲ့ပါဘူး။ နောက်လကြရင်မမ ယူရီကို propose လုပ်မယ်လို့စီစဉ်ထားပေမယ့် ဘယ်လိုချစ်ခွင့်ပန်ရမလဲစဉ်းစားရမယ့်အစား ဂျွန်ဂယူအကြောင်းကိုပဲ တွေးမိနေ၏။

“ဂျွန်ဂယူရား ငါမင်းကိုတစ်ကယ်သတိရတယ်။မင်းငါနဲ့အတူကျောင်းတတ်လို့ရနေတာကို ဘာလို့ရုတ်တရက်ကြီး K pop ကြိုက်သွာစတာလဲ။ငါထင်တာ မင်းလဲငါ့လိုသဘ်ောသားလုပ်မယ်ထင်နေတာ”

ဟာရူတိုထိုသို့ ရေရွတ်နေရင်းမှတစ်ခုခုသတိရသွားဟန်ဖြင့် ထထိုင်လိုက်ပြီး..

“မေ့တော့မလို့ 8 နာရီဂျွန်ဂယူရဲ့ တိုက်ရိုက်Live Interview ရှိတယ်”

ဂျွန်ဂယူက ပွဲမှာဧည့်သည်အဖြစ်ပါဝင်တယ်ဆိုပေမယ့် ရုပ်ရည်နှင့်အရည်ချင်းက နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်နေခဲ့သည်။

ဟာရူတို ဖုန်းကနေပဲ Live ကိုဝင်ကြည့်လိုက်တယ် announcer နှစ်ယောက်အာလူးဖုတ်ပြီး အခြားသောအနုပညာရှင်တွေကိုသူစိတ်ရှည်ရှည်စောင့်ကြည့်နေပြီးမှ။ ဂျွန်ဂယူအလှည့်ပေါ်လာ၏။ Video နဲ့ပဲ လှမ်းပြီး အင်တာဗျူးတာဖြစ်တာကြောင့် ဂျွန်ဂယူက မိုးပြာရောင် ဟူဒီလေးနှင့်မိတ်ကပ်မပါသောမျက်နှာလေးက ရှင်းလင်းနေသည်။

“အားလုံးပဲမင်္ဂလာပါ။ကျွန်တော့်နာမည်ဂင်ဂျွန်ဂယူပါ”

“ဟုတ်ကဲ့ တစ်ကယ်ကိုချစ်စရာ‌ လေးနော်”

Announcer ၏စနောက်မှုကြောင့်ဂျွန်ဂယူ ရှက်ပြုံးလေးပြုံးကာခေါင်းငုံ့သွားလေ၏။ဖုန်းမျက်နှာပြင်ကိုကြည့်သည့်ဟာရူတိုမှာလဲ သူ့လက်သည်းကိုကိုက်ကာ သူ့ဘာသာမသိလိုက်ခင်မှာပဲပြုံးမိသွားသည်။

“ဂျွန်ဂယူတစ်ကျောင်းလုံးမှာ အရွေးခံရလို့ဘယ်လိုခံစားရလဲ”

“ကျွန်တော်အရမ်းပျော်ပါတယ်။ဒါပေမယ့်အရွေးမခံရတဲ့သူငယ်ချင်းတွေအတွက်လည်းစိတ်ကောင်းဖြစ်တယ်။ဒါကြောင့်ဒီကနေ အားပေးစကားပြောချင်တယ်။ဘယ်တော့မှ အားမလျှော့ပါနဲ့လို့”

“ဂျွန်ဂယူကတစ်ကယ်ကို စိတ်ထားပြည့်ဝတဲ့လူငယ်လေးပဲ။ခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။”

“ဟုတ်ကဲ့ကျွန်တော်လဲကျေးဇူးတင်ပါတယ်”

“နောက်ဆုံးအနေနဲ့ ပရိတ်သတ်တွေတောင်းဆိုထားတဲ့မေးခွန်းတစ်ခုရှိတယ်”

“ပရိတ်သတ်တွေ”

ဂျွန်ဂယူ အံ့အားသင့်သွားသည်။ social media မှာပဲ ကျောင်း၏ page ကအဆို၊အက video လေးတွေနဲ့သာ လူသိနည်းတဲ့ သူကိုပရိတ်သတ်တွေက သီးသန့်မေးခွန်းလေးမေးတယ်ဆို‌တော့သူဝမ်းသာမိလေ၏။

“ဟုတ်ကဲ့ ဂျွန်ဂယူက သိမလားမသိပေမယ့် မိန်းကလေးတွေကြားမှာ ဂျွန်ဂယူကိုစိတ်ဝင်စားမှုမြင့်တတ်နေပါတယ်။”

“ဝှား ကျွန်တော်တစ်ကယ်မသိဘူး။ကျွန် တော် သဘောကျပေးလို့ကျေးဇူးတင်ပါတယ်”

“အခုမေးမှာက ဂျွန်ဂယူရဲ့အချစ်ရေးပါ”

ဂျွန်ဂယူရဲ့အချစ်ရေးဆိုတော့ ဟာရုတိုကလှုပ်လှုပ်ရရှားဖြစ်သွားလေ၏။သူလဲဒါကိုသိချင်သည်။

“ကျွန်တော် အခုထိချစ်သူမရှိသေးပါဘူး”

“ကဲ...ကဲ အားလုံးကြားတဲ့အတိုင်းစင်ဂယ်ပါတဲ့နော်...ဒါနဲ့သဘောကျဖူးတဲ့လူရောရှိလား”

“ရှိပါတယ်။ငယ်ငယ်တည်းက သဘောကျတဲ့သူတော့ရှိဖူးပါတယ်။”

ဟာရူတိုအရမ်းလဲအံ့ဩပြီး အရမ်းလဲသိချင်သွားသည်။ဂျွန်ဂယူသဘောကျတာဘယ်သူများလဲ။ ငယ်ငယ်ကတည်းကဆိုသူလဲ သိရမှာမဟုတ်လား။ဂျွန်ဂယူကသူ့ကိုလျှို့ဝှက်ထားတာလား။ သူတွေးနေစဉ်မှာပဲ မေးတဲ့သူကဂျွန်ဂယူအားထပ်မေးလေ၏။

“ဖွင့်ပြောခဲ့ဖူးလား။သူကပြန်မကြိုက်ဘူးလား”

ဂျွန်ဂယူကခေါင်းလေး တငြိမ့်ငြိမ့်လုပ်ကာ

“ဖွင့်ပြောခဲ့ဖူးတယ်။ တိုက်ရိုက်တော့မဟုတ်ဘူး။နည်းလမ်းအမျိုးမျိုးနဲ့။အသဲ သကြားလုံးပေးတာတို့ ပန်းစကားနဲ့ပေးတာမျိုးတို့ပေါ့။ ကျွန်တော်အရူးနဲ့တူတယ်မလား။”

ဂျွန်ဂယူဟာ ရယ်လျှက်ပြော၏။

“ရူးတယ်လို့မထင်ပါဘူး။ အရမ်းနူးညံ့ပြီးကဗျာဆန်ပါတယ်။သူသာသိရင် သေချာပေါက်ပြန်ကြိုက်မှာ ဂျွန်ဂယူကဒီလောက် ချောတာကို”

ဂျွန်ဂယူကပြုံး၍သာနေလေ၏။

“အခုလို ဖြေပေးတာ ကျေးဇူးအရမ်းတင်ပါတယ်။ဒီ အင်တာဗျူးကြည့်ပြီး မိန်းကလေးတွေသေချာပေါက်အသဲစွဲဖြစ်ဦးမှာပဲ”

Announcer ပြောတာမှန်ပါသည်။ဂျွန်ဂယူအင်တာဗျူးမှာတင် comment တွေက တဆက်တည်းပင် တရှိန်တိုး တတ်လာလေ၏။

'အိုပါးက နူးညံ့လိုက်တာ'
'အရမ်းချစ်ဖို့ကောင်းတယ်'
'အိုပါးဖွင့်ပြောတာကို မသိတဲ့လူကရူးနေတာဖြစ်မှာ'
'ဟုတ်ပ မခံစားတတ်တာ။ဘယ်လိုမိန်းကလေးမျိုးလဲ'

ဟာရူတိုက ဖုန်းကိုကြည့်ပြီး စိတ်လှုပ်ရှားလာသည်။ ဂျွန်ကယူကသူ့ကိုအသဲပုံသကြားလုံးပေးဖူးခဲ့သည်။ပြီးတော့ပန်းတွေရော...သူဆံပင်တွေဖွပြီးခါထုတ်ပစ်လိုက်သည်။

“မဖြစ်နိုင်ဘူး။”

ဂျွန်ဂယူအင်တာဗျူးပြီးသည့်တိုင်တတ်လာသည့် comment တွေကိုသူမကြည့်ချင်တော့။ ထိုမိန်းကလေးတွေသဲနေ ကဲနေပုံကလိုတာထက်ပိုနေတယ် ဟုသူထင်၏။

Zawgyi

November လဟာမနက္ေရာညေရာႏွင္းေတြႏွင့္ ထူထပ္ေနၿပီး ေအးစင္လြန္းလွပါသည္။ ဟာ႐ူတို၏အေဆာင္ခန္းေလးက တစ္ေယာက္တည္းသီးသန႔္အခန္းေလးျဖစ္၏။ဂြၽန္ဂယူနဲ႕ကလြဲၿပီးတျခားသူမ်ားႏွင့္အတူေနဖို႔သူ႕အတြက္အဆင္မေျပလွပါ။ ဂြၽန္ဂယူကသာ သူမႀကိဳက္တာ၊ႀကိဳက္တာေတြကို သိၿပီးအလိုက္သင့္ ေနထိုင္ေပးသူျဖစ္တာေၾကာင့္ပင္။ သူေက်ာင္းစတတ္ေတာ့အျခား အခန္းေဖၚႏွင့္ေနၾကည့္ပါသည္။ အမွန္‌တိုင္းေျပာရရင္ေတာ့ ဂြၽန္ဂယူေနရာမွာမ်ားအစားထိုးရနိုင္မလားေပါ့ေလ။ ဒါေပမယ့္အဆင္မေျပခဲ့ပါဘူး။ ေနာက္လၾကရင္မမ ယူရီကို propose လုပ္မယ္လို႔စီစဥ္ထားေပမယ့္ ဘယ္လိုခ်စ္ခြင့္ပန္ရမလဲစဥ္းစားရမယ့္အစား ဂြၽန္ဂယူအေၾကာင္းကိုပဲ ေတြးမိေန၏။

“ဂြၽန္ဂယူရား ငါမင္းကိုတစ္ကယ္သတိရတယ္။မင္းငါနဲ႕အတူေက်ာင္းတတ္လို႔ရေနတာကို ဘာလို႔႐ုတ္တရက္ႀကီး K pop ႀကိဳက္သြာစတာလဲ။ငါထင္တာ မင္းလဲငါ့လိုသဘ္ောသားလုပ္မယ္ထင္ေနတာ”

ဟာ႐ူတိုထိုသို႔ ေရ႐ြတ္ေနရင္းမွတစ္ခုခုသတိရသြားဟန္ျဖင့္ ထထိုင္လိုက္ၿပီး..

“ေမ့ေတာ့မလို႔ 8 နာရီဂြၽန္ဂယူရဲ႕ တိုက္ရိုက္Live Interview ရွိတယ္”

ဂြၽန္ဂယူက ပြဲမွာဧည့္သည္အျဖစ္ပါဝင္တယ္ဆိုေပမယ့္ ႐ုပ္ရည္ႏွင့္အရည္ခ်င္းက ႏႈတ္ခမ္းနီမေလးေတြရဲ႕အသဲစြဲျဖစ္ေနခဲ့သည္။

ဟာ႐ူတို ဖုန္းကေနပဲ Live ကိုဝင္ၾကည့္လိုက္တယ္ announcer ႏွစ္ေယာက္အာလူးဖုတ္ၿပီး အျခားေသာအႏုပညာရွင္ေတြကိုသူစိတ္ရွည္ရွည္ေစာင့္ၾကည့္ေနၿပီးမွ။ ဂြၽန္ဂယူအလွည့္ေပၚလာ၏။ Video နဲ႕ပဲ လွမ္းၿပီး အင္တာဗ်ဴးတာျဖစ္တာေၾကာင့္ ဂြၽန္ဂယူက မိုးျပာေရာင္ ဟူဒီေလးႏွင့္မိတ္ကပ္မပါေသာမ်က္ႏွာေလးက ရွင္းလင္းေနသည္။

“အားလုံးပဲမဂၤလာပါ။ကြၽန္ေတာ့္နာမည္ဂင္ဂြၽန္ဂယူပါ”

“ဟုတ္ကဲ့ တစ္ကယ္ကိုခ်စ္စရာ‌ ေလးေနာ္”

Announcer ၏စေနာက္မႈေၾကာင့္ဂြၽန္ဂယူ ရွက္ၿပဳံးေလးၿပဳံးကာေခါင္းငုံ႕သြားေလ၏။ဖုန္းမ်က္ႏွာျပင္ကိုၾကည့္သည့္ဟာ႐ူတိုမွာလဲ သူ႕လက္သည္းကိုကိုက္ကာ သူ႕ဘာသာမသိလိုက္ခင္မွာပဲၿပဳံးမိသြားသည္။

“ဂြၽန္ဂယူတစ္ေက်ာင္းလုံးမွာ အေ႐ြးခံရလို႔ဘယ္လိုခံစားရလဲ”

“ကြၽန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဒါေပမယ့္အေ႐ြးမခံရတဲ့သူငယ္ခ်င္းေတြအတြက္လည္းစိတ္ေကာင္းျဖစ္တယ္။ဒါေၾကာင့္ဒီကေန အားေပးစကားေျပာခ်င္တယ္။ဘယ္ေတာ့မွ အားမေလွ်ာ့ပါနဲ႕လို႔”

“ဂြၽန္ဂယူကတစ္ကယ္ကို စိတ္ထားျပည့္ဝတဲ့လူငယ္ေလးပဲ။ခုလိုေျဖေပးတာေက်းဇူးတင္ပါတယ္။”

“ဟုတ္ကဲ့ကြၽန္ေတာ္လဲေက်းဇူးတင္ပါတယ္”

“ေနာက္ဆုံးအေနနဲ႕ ပရိတ္သတ္ေတြေတာင္းဆိုထားတဲ့ေမးခြန္းတစ္ခုရွိတယ္”

“ပရိတ္သတ္ေတြ”

ဂြၽန္ဂယူ အံ့အားသင့္သြားသည္။ social media မွာပဲ ေက်ာင္း၏ page ကအဆို၊အက video ေလးေတြနဲ႕သာ လူသိနည္းတဲ့ သူကိုပရိတ္သတ္ေတြက သီးသန႔္ေမးခြန္းေလးေမးတယ္ဆို‌ေတာ့သူဝမ္းသာမိေလ၏။

“ဟုတ္ကဲ့ ဂြၽန္ဂယူက သိမလားမသိေပမယ့္ မိန္းကေလးေတြၾကားမွာ ဂြၽန္ဂယူကိုစိတ္ဝင္စားမႈျမင့္တတ္ေနပါတယ္။”

“ဝွား ကြၽန္ေတာ္တစ္ကယ္မသိဘူး။ကြၽန္ ေတာ္ သေဘာက်ေပးလို႔ေက်းဇူးတင္ပါတယ္”

“အခုေမးမွာက ဂြၽန္ဂယူရဲ႕အခ်စ္ေရးပါ”

ဂြၽန္ဂယူရဲ႕အခ်စ္ေရးဆိုေတာ့ ဟာ႐ုတိုကလႈပ္လႈပ္ရရွားျဖစ္သြားေလ၏။သူလဲဒါကိုသိခ်င္သည္။

“ကြၽန္ေတာ္ အခုထိခ်စ္သူမရွိေသးပါဘူး”

“ကဲ...ကဲ အားလုံးၾကားတဲ့အတိုင္းစင္ဂယ္ပါတဲ့ေနာ္...ဒါနဲ႕သေဘာက်ဖဴးတဲ့လူေရာရွိလား”

“ရွိပါတယ္။ငယ္ငယ္တည္းက သေဘာက်တဲ့သူေတာ့ရွိဖူးပါတယ္။”

ဟာ႐ူတိုအရမ္းလဲအံ့ဩၿပီး အရမ္းလဲသိခ်င္သြားသည္။ဂြၽန္ဂယူသေဘာက်တာဘယ္သူမ်ားလဲ။ ငယ္ငယ္ကတည္းကဆိုသူလဲ သိရမွာမဟုတ္လား။ဂြၽန္ဂယူကသူ႕ကိုလွ်ို႔ဝွက္ထားတာလား။ သူေတြးေနစဥ္မွာပဲ ေမးတဲ့သူကဂြၽန္ဂယူအားထပ္ေမးေလ၏။

“ဖြင့္ေျပာခဲ့ဖူးလား။သူကျပန္မႀကိဳက္ဘူးလား”

ဂြၽန္ဂယူကေခါင္းေလး တၿငိမ့္ၿငိမ့္လုပ္ကာ

“ဖြင့္ေျပာခဲ့ဖူးတယ္။ တိုက္ရိုက္ေတာ့မဟုတ္ဘူး။နည္းလမ္းအမ်ိဳးမ်ိဳးနဲ႕။အသဲ သၾကားလုံးေပးတာတို႔ ပန္းစကားနဲ႕ေပးတာမ်ိဳးတို႔ေပါ့။ ကြၽန္ေတာ္အ႐ူးနဲ႕တူတယ္မလား။”

ဂြၽန္ဂယူဟာ ရယ္လွ်က္ေျပာ၏။

“႐ူးတယ္လို႔မထင္ပါဘူး။ အရမ္းႏူးညံ့ၿပီးကဗ်ာဆန္ပါတယ္။သူသာသိရင္ ေသခ်ာေပါက္ျပန္ႀကိဳက္မွာ ဂြၽန္ဂယူကဒီေလာက္ ေခ်ာတာကို”

ဂြၽန္ဂယူကၿပဳံး၍သာေနေလ၏။

“အခုလို ေျဖေပးတာ ေက်းဇူးအရမ္းတင္ပါတယ္။ဒီ အင္တာဗ်ဴးၾကည့္ၿပီး မိန္းကေလးေတြေသခ်ာေပါက္အသဲစြဲျဖစ္ဦးမွာပဲ”

Announcer ေျပာတာမွန္ပါသည္။ဂြၽန္ဂယူအင္တာဗ်ဴးမွာတင္ comment ေတြက တဆက္တည္းပင္ တရွိန္တိုး တတ္လာေလ၏။

'အိုပါးက ႏူးညံ့လိုက္တာ'
'အရမ္းခ်စ္ဖို႔ေကာင္းတယ္'
'အိုပါးဖြင့္ေျပာတာကို မသိတဲ့လူက႐ူးေနတာျဖစ္မွာ'
'ဟုတ္ပ မခံစားတတ္တာ။ဘယ္လိုမိန္းကေလးမ်ိဳးလဲ'

ဟာ႐ူတိုက ဖုန္းကိုၾကည့္ၿပီး စိတ္လႈပ္ရွားလာသည္။ ဂြၽန္ကယူကသူ႕ကိုအသဲပုံသၾကားလုံးေပးဖူးခဲ့သည္။ၿပီးေတာ့ပန္းေတြေရာ...သူဆံပင္ေတြဖြၿပီးခါထုတ္ပစ္လိုက္သည္။

“မျဖစ္နိုင္ဘူး။”

ဂြၽန္ဂယူအင္တာဗ်ဴးၿပီးသည့္တိုင္တတ္လာသည့္ comment ေတြကိုသူမၾကည့္ခ်င္ေတာ့။ ထိုမိန္းကေလးေတြသဲေန ကဲေနပုံကလိုတာထက္ပိုေနတယ္ ဟုသူထင္၏။

Continue Reading

You'll Also Like

169K 12.1K 49
ត្រូវចាំទុកថាគីមថេហ្យុងគឺជារបស់ខ្ញុំតែម្នាក់គត់បើអ្នកហ៊ានប៉ះគេប្រៀបដូចអ្នកហ៊ានប្រឡែងនិងភ្លើងអញ្ចឹងហើយភ្លើងដូចជាខ្ញុំក៏និងដុតកម្លោចអ្នកតែម្ដង បើជឿប៉ះព...
21.9K 2.2K 24
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
65.9K 5K 29
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
157K 10.8K 22
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။