Scared I might be falling for you way too fast. Because my heart is still healing.
•••••
ရင်းနှီးပြီးမှ စိမ်းသွားသော သူစိမ်းတွေသည် ပိုစိမ်းကြသည်။ ဒါဟာ သဘာဝပဲလား။ လူတွေဖန်တီးခဲ့ကြသည့် နိယာမတွေလား။
ရင်းနှီးခဲ့သူတွေ စိမ်းသက်သွားဖို့ သိပ်လွယ်သော်လည်း ထိုသို့စိမ်းသက်ရာမှ ပြန်လည်ရင်းနှီးဖို့ရာ အဘယ်ကြောင့် ခက်ခဲလွန်းရပါသလဲ။ အဘယ်ကြောင့် မဖြစ်နိုင်ရပါသလဲ။
အကြောင်းကြောင့် အကျိုးဖြစ်ရသလို အတိတ်ရဲ့ဒဏ်ရာတွေက လက်ရှိကို ပုံရိပ်ပြန်ထင်လာသောအခါ ရှေ့ဆက်ဖို့အားဆိုသည်မှာ ပျောက်ပျက်ကုန်ကြလေပြီ။
ဘာတွေဘယ်လိုပဲမှားယွင်းခဲ့ပါစေ၊ သူတို့သိပ်ချစ်ခဲ့ကြသည်။ ကမ္ဘာမြေကို ကိုင်လှုပ်နိုင်လောက်သည့် ချစ်ခြင်းတစ်ခု သူတို့နှစ်ယောက်ကြားတွင် ပေါက်ဖွားလာခဲ့ဖူးသည်။
တစ်ယောက်သောသူမှ အရာရာကို မဖျက်ဆီးမိလိုက်ခင်အချိန်အထိ ကဗျာစာဆိုတွေထိုင်ငိုရလောက်အောင် သိမ်မွေ့နက်ရှိုင်းခဲ့သော အနုပညာမြောက်ချစ်ခြင်းတစ်ခုသည် ဒီလောကတွင် ရှင်သန်ခဲ့ဖူးပါသေးသည်။
အတိတ်ရဲ့လွမ်းချင်းတစ်ခု စတင်ဖို့ရာ ကျောင်းကပွဲကို မေ့ထားလို့မဖြစ်ပေ။ ထို့ညနေခင်းသည် ထယ်ဟျောင်းနှင့်ဂျောင်ဂုတို့နှစ်ယောက်စလုံးအတွက် တစ်သက်တာအမှတ်ရနေတော့မည့် အဖိုးတန်အချိန်ကောင်းလေးတစ်ခု ဖြစ်ခဲ့ပါသည်။
ကျောင်းကပွဲကျင်းပသောအခါ စာသင်သံများဖြင့်ဆူညံနေတတ်သည့် ကျောင်းတော်ကြီးအတွင်း၌ ကျောင်းသားတို့၏ပျော်ရွှင်ရယ်မောသံများသည် ပဲ့တင်သံတစ်ခုကဲ့သို့ ပေါ်ထွက်နေခဲ့သည်။
ကပွဲသည် ညနေငါးနာရီတွင်စပြီး ကျောင်း၏အားကစားကွင်းထဲ၌ ကျောင်းသားများပြည့်လျှံနေပါ၏။ ကျောင်းသားများအကြိုက် ဟော့ဒေါ့ ၊ ပန်ကိတ်နှင့် တော့ပိုကီ ဆိုင်ခန်းငယ်များသည်လည်း ကျောင်းကပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျောင်းဝင်းထဲတွင်ရှိနေကြသည်။
ကျောင်းကပွဲမတိုင်ခင်ကပင် ကြိုရောင်းချထားသော လက်မှတ်များဖြင့် အစားအစာဝယ်စားသူကစား ၊ သေးငယ်သောဓာတ်ပုံရိုက်ခန်းလေးတွင် သူငယ်ချင်းများအုပ်စုလိုက် ဓာတ်ပုံဝင်ရိုက်လိုရိုက်နှင့် တစ်ချို့က ဝိုင်းဖွဲ့ကာ ဂိမ်းများကစားနေကြပြီး၊ တစ်ချို့က စတိတ်ရှိုးစမည့်အချိန်ကိုသာ မျှော်နေကြသည်။
အားကစားကွင်း၏အလယ်တွင် စတိတ်စင်တစ်ခု တည်ထားကာ ကျောင်းသားများအတွက် ဖျော်ဖြေမှုများလည်းရှိသေး၏။ ထိုနေ့တွင် စင်ပေါ်တက်သီချင်းဆို၍ ကိုယ်ကြိတ်ကြိုက်နေရသူအား ဖွင့်ပြောကြခြင်းလည်းရှိကာ ကျောင်းတွင် အတွဲအများဆုံးပေါ်ထွက်သောနေ့ပင်ဖြစ်သည်။
ဂျောင်ဂုသည် ကျောင်းသားများဖောသီနေသော အားကစားကွင်းထဲကို ငေးကြည့်ကာ ကျောင်းဂိတ်ပေါက်တွင် ရပ်နေသည်။ လူမကြောက်သော်လည်း လူများသည့်နေရာများကို တစ်ယောက်တည်းသွားရဖို့ အထီးကျန်သည်ဟု ထင်ရသောကြောင့် ထယ်ဟျောင်းလာခေါ်မည်ကို စောင့်နေခြင်းဖြစ်ပါသည်။
ထယ်ဟျောင်းက ဂျောင်ဂုနှင့်မတူပေ။ လူဝင်ဆံ့သည်။ ပေါင်းတတ်သင်းတတ်သည်။ တစ်ယောက်တည်းဖြစ်နေမည်ကိုမပူရကာ မည်သည့်သူငယ်ချင်းအုပ်စုနှင့်မဆို ဝင်ရောလို့ရသည့် လူမှုဆက်ဆံရေးတွင် ဆရာကျသူဖြစ်သည်။
ဂျောင်ဂုက ထိုသို့မဟုတ်ဘဲ သီးသန့်နေတတ်သည်။ သူပေါင်းနေကျ သူငယ်ချင်းများနှင့်သာလျှင် စကားရွှင်သူဖြစ်၏။ ပေါင်းသင်းဆက်ဆံတတ်သော်လည်း မရင်းနှီးသူများနှင့်ဆိုလျှင် စည်းတစ်ခုခြားထားတတ်သောကြောင့် သူငယ်ချင်းအသစ်ရဖို့ခက်ခဲသည်။
ယခုတွင်လည်း အုပ်စုလိုက်နေနေကြမည့် ကျောင်းသားများကြားသွားကာ ထယ်ဟျောင်းကိုမရှာချင်၍ ထယ်ဟျောင်းလာခေါ်မည်ကိုသာ စောင့်နေရပါတော့သည်။
အဝေးတွင်ပြေးလာနေသော ထယ်ဟျောင်းက ဂျောင်ဂုကိုတွေ့သည်နှင့် အပြုံးများ အပီအပြင် စွန့်ကြဲကာ လေဟုန်ကိုဆန်ရင်း အနားသို့ ရောက်လာခဲ့၏။
" အထဲကိုမဝင်လာဘဲ ဘာလို့ဒီမှာရပ်နေတာလဲ "
အသက်ရှူသံတစ်ဝက်နှင့် ထယ်ဟျောင်း၏မေးခွန်းကို ဂျောင်ဂုကပြန်မဖြေခင်တွင် လက်တွင်ပါလာသည့် ထမင်းဘူးလေးကို ထယ်ဟျောင်းမျက်နှာရှေ့သို့ မြှောက်ပြလိုက်သည်။
" ဒီနေ့က အမေ့မွေးနေ့လေ ထယ်ဟျောင်း။ အမေက အသားလုံးစပါဂတီလုပ်ကျွေးတယ်။ မင်းနဲ့အတူတူစားမလို့ ထည့်လာတာ "
" ဆိုတော့.... အစားအသောက်လက်မှတ်တွေမဝယ်တာ ဒါကြောင့်ပေါ့ "
" ဟုတ်တယ်။ အမေ့ရဲ့လက်ရာစပါဂတီကို မင်းကိုလည်းကျွေးချင်လို့ "
စိတ်ပါလက်ပါနှင့် အားတတ်သရောပြောနေသည့် ဂျောင်ဂု၏မျက်နှာလေးကိုကြည့်ပြီး ထယ်ဟျောင်းပြောမည့်စကားများ မပြောထွက်တော့ပေ။
အမှန်တွင် ဂျောင်ဂုမရောက်ခင်တည်းက ဟိုလျှောက်စား ဒီလျှောက်စားနှင့် ထယ်ဟျောင်းတစ်ယောက် အတော်လေးဗိုက်ပြည့်နေပြီဖြစ်သည်။ သူ့အတွက်တွေးပေးသည့် ဂျောင်ဂုကြောင့် ဘာမှမပြောရက်တော့ဘဲ ပြည့်ချင်နေသည့် ဗိုက်ကလေးကိုသာ လက်ဖြင့်ကိုင်ထားမိတော့သည်။
ဂျောင်ဂုနှင့် ခင်မင်ခဲ့ရသည့်အတောအတွင်း ဂျောင်ဂုက ဘယ်လိုလူစားမျိုးလဲဆိုတာကို ထယ်ဟျောင်းက ကောင်းကောင်းသိထားပြီး ဘယ်လိုအကျင့်တွေရှိတယ်ဆိုတာကိုပင် ကောင်းကောင်းလေ့လာပြီးနေပြီဖြစ်၏။
ပိုပြီးခင်မင်လေ ပိုပြီးသဘောကျမိလာလေ ၊ ပိုပြီးသဘောကျမိလာလေ ခံစားချက်တွေကို ပိုထိန်းချုပ်ရခက်လာလေပင်ဖြစ်သည်။
ဖြူဖြူစင်စင်ကောင်ငယ်လေးကို သူငယ်ချင်းအဖြစ်ပဲ ဘေးနားမှာထားထားရလောက်အောင်အထိ ထယ်ဟျောင်း၏သမာဓိအားက မကောင်းပြန်တော့ ရင်ခုန်သံများသည်သာ ခဏခဏ နယ်ကျော်မိနေတော့သည်။
" ဟိုနှစ်ယောက်ကို သွားတွေ့ဦးမလား ဂျောင်ဂု "
" ပွဲအတွက်ပြင်ဆင်နေမှာမဟုတ်ဘူးလား။ ငါတို့သွားနှောင့်ယှက်လို့ဖြစ်ပါ့မလား "
မင်ချောနှင့် အွန်းဟယ်သည် ဒီနေ့တွင် စုံတွဲသီချင်းသီဆိုမည်ဟု သိရ၏။ ကျန်သောအချိန်များ၌ မျက်တောင်တစ်ဖြတ်ခတ်လျှင်ပင် ရန်နှစ်ခါလောက်ဖြစ်သော သူတို့နှစ်ယောက်သည် သီချင်းဆိုရာတွင် ဝါသနာတူကြသောကြောင့် ထိုတစ်ခုနှင့်ပတ်သက်၍ အလွန်သဟဇာတဖြစ်နေကြလေသည်။
မင်ချောတို့ဆီလည်း မသွားချင် ၊ လူများသည့် အားကစားကွင်းထဲလည်း မသွားချင်ဖြစ်နေသော ဂျောင်ဂုကို ထယ်ဟျောင်းတစ်နေရာခေါ်သွားမှ ရတော့မည်ဖြစ်သည်။
" ဂျောင်ဂု လာ ငါနဲ့လိုက်ခဲ့ "
" ဟင် ဘယ်ကိုသွားမလို့လဲ "
အတင်းလက်ကိုလာဆွဲကာ ခေါ်သွားသောကြောင့် ဂျောင်ဂုက ထယ်ဟျောင်းအနောက်သို့ ထိုအတိုင်းလေးပါသွားခဲ့သည်။ ထယ်ဟျောင်းဆိုသည်မှာလည်း အခြားအချိန်များတွင်သာ မခုတ်တတ်သည့်ကြောင်ပေါက်လေးဖြစ်ပြီး ဂျောင်ဂုနှင့်ပတ်သက်လျှင်တော့ အနည်းငယ်ရဲတင်း၏။
မဆင်မခြင်လက်ကိုဆွဲကိုင်တာမျိုး ၊ လမ်းအတူတူလျှောက်နေရင်း ပုခုံးကိုဖက်ကာ သူ့ရင်ခွင်ထဲ ထည့်ထားတတ်တာမျိုး ၊ လူများသည့်နေရာများသွားလျှင် ဂျောင်ဂု၏ခါးကိုဖက်ကာ သူ့အနားဆွဲထားတာမျိုး လုပ်တတ်သည်။
ဂျောင်ဂုကိုယ်တိုင်ကလည်း ခွင့်ပြုထားပါသည်။ အသားချင်းထိလျှင် တော်ရုံမကြိုက်သော ဂျောင်ဂုသည် ထယ်ဟျောင်း၏အထိအတွေ့များကိုတော့ ငြင်းဆန်ခြင်းမရှိပေ။ ထယ်ဟျောင်း သူ့ကို ဂရုစိုက်လျှင်ပင် သူက ပျော်နေတတ်ပါ၏။
ဤသို့ဖြင့် ကာယကံရှင်များမသိလိုက်ခင်ပင် အသိစိတ်၏နောက်ကွယ်တွင် ပုန်းလျှိုနေသော မသိစိတ်ကလေးသည် မျက်စိဖြင့်ကြည့်လို့မမြင်နိုင်သည့် နှလုံးသား၏ချိတ်ကလေးနှစ်ခုကို ချိတ်ပြီးနေပြီဖြစ်ခဲ့ပါသည်။
" ဒီကနေ စတိတ်စင်ကို လှမ်းမြင်ရတယ် ထယ်ဟျောင်း "
ထယ်ဟျောင်းသည် ဂျောင်ဂုကို ကျောင်းခေါင်မိုးထပ်သို့ ခေါ်လာခဲ့သည်။ နေဝင်နေပြီဖြစ်ပြီး နေရောင်ဖြင့်တိမ်တောက်နေကာ ကောင်းကင်ကြီးသည် လိမ္မော်ရောင်တစ်စ အနီရောင်တစ်စွန်းဖြင့် ကျောင်းကပွဲ၏မီးအလင်းရောင်များနှင့် အလွန်အပ်စပ်နေခဲ့သည်။
ကျောင်းခေါင်မိုးထပ်မှ လှမ်းကြည့်လျှင် စတိတ်စင်ကိုလည်း မြင်ရသောကြောင့် ဂျောင်ဂုသဘောကျမည်မှန်း သိလေသော ထယ်ဟျောင်းက ခေါ်လာခဲ့ခြင်းဖြစ်ပါ၏။
မကြာမီပင် စတိတ်ရှိုးစလာခဲ့ပြီး ဂျောင်ဂုကျွေးသော စပါဂတီကို ဗိုက်ပြည့်နေသော ထယ်ဟျောင်းက မြိန်ရည်ရှက်ရည်စားပြရသည်။ သူသိပ်မစားမိလို့ မျက်နှာဝိုင်းဝိုင်းလေး ညှိုးသွားမှာကို ထယ်ဟျောင်းက သိပ်ကြောက်ပါသည်။
စားသောက်ပြီးသောအခါတွင် ခေါင်မိုးထပ်မှနေ၍ အားကစားကွင်းထဲက ဖျော်ဖြေမှုများကို လှမ်းကြည့်နေကြရင်း ထယ်ဟျောင်းက ဂျောင်ဂုကို စကားလှမ်းပြောလိုက်သည်။
" အန်တီ့ကို ငါက မွေးနေ့ဆုတောင်းပေးလိုက်တယ်လို့ ပြောပေးဦးနော် ဂျောင်ဂု "
" အမေတော့ သဘောကျနေတော့မှာပဲ "
စကား၏အဆုံးသတ်တွင် ကလေးတစ်ယောက်လိုမျိုးရယ်သံလေးကိုပါ ဂျောင်ဂုဆီမှာကြားလိုက်ရ၍ ထယ်ဟျောင်းကငေးကြည့်လိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး၏ ကိုယ်ပေါ်သို့ ကောင်းကင်မှ မိုးပေါက်လေးများ သက်ဆင်းလာခဲ့သောကြောင့် ဂျောင်ဂုသည် ကောင်းကင်ကို မော့ကြည့်ကာ အံ့ဩနေဟန်နှင့် ထယ်ဟျောင်းကိုလှည့်ကြည့်လေသည်။
" မိုးရွာနေပြီ ထယ်ဟျောင်း "
ဂျောင်ဂု၏လေသံလေးတွင် ပျော်ရွှင်မှုများရောနှောနေပြီး ထယ်ဟျောင်းကိုကြည့်ပြီးမှသာ စိုးရိမ်စွာဖြင့် ထယ်ဟျောင်း၏ခေါင်းပေါ်သို့ သူ့လက်ကလေးဖြင့် အုပ်ပေးလိုက်၏။
" မင်း မိုးမိလို့ မဖြစ်ဘူးလေ "
မိုးကို သိပ်ကြိုက်သော ကောင်ငယ်လေးက ထိုစဉ်တည်းကပင် သူသိပ်ကြိုက်သော မိုးရေစက်များကြောင့် တစ်စုံတစ်ယောက် ဖျားနာသွားမှာကိုတော့ အလွန်မုန်းတီးခဲ့သည်။
ထယ်ဟျောင်းသည် ဖြစ်ပျက်နေသမျှ အရာအားလုံးကို လျစ်လျူရှုထားချင်ကာ မိုးရေစက်များကြား၌ပင် ထင်ထင်ရှားရှားမြင်နေရသည့် သူ့ကိုစိုးရိမ်နေသော မျက်ဝန်းလေးတွေကိုသာ တစိမ့်စိမ့်ကြည့်နေချင်တော့သည်။
" မင်းသိလား ဂျောင်ဂု ... ငါတို့က သူငယ်ချင်းမဖြစ်နိုင်ဘူး "
ထယ်ဟျောင်း၏ ညင်သာနူးညံ့သောလေသံနှင့် ထိုညနေတွင်ရွာသောမိုးသည် အညှိုးကြီးစွာ သည်းကြီးမည်းကြီးမဟုတ်ဘဲ အချစ်ဇာတ်လမ်းတစ်ခုကို ပံ့ပိုးပေးသည့်အနေဖြင့် ဖြေညှင်းသာယာစွာ ရွာနေခဲ့သည်။
ထယ်ဟျောင်း၏စကားသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသော ဂျောင်ဂု၏ရင်ထဲတွင် ဆိုလိုရင်းကိုမသိပါဘဲနှင့် စိုးရိမ်မှုက အရင်နေရာဝင်ယူသွား၏။
" ဘာဖြစ်လို့လဲ... "
" ငါ မင်းကို ရင်ခုန်မိနေလို့ "
ဂျောင်ဂုသည် ကြားလိုက်ရသည်ကိုပင် မယုံနိုင်စွာ မျက်လုံးလေးများဝိုင်းစက်သွားခဲ့သည်။
မိုးရေစက်များက အေးလွန်း၍ဖြစ်လိမ့်မည်။ ဒါမှမဟုတ် ထယ်ဟျောင်း၏မျက်ဝန်းများကြောင့်ပေလား။ ဂျောင်ဂု၏နှလုံးသားသည် တသိမ့်သိမ့်နှင့် ခုန်လာခဲ့ပါသည်။
" မရိုးသားတဲ့စိတ်နဲ့ ခဏခဏ လောဘတက်မိနေတယ် "
" ထယ်ဟျောင်း... "
အဖျားခတ်တုန်ရီနေသော အသံလေးနှင့် သူ့နာမည်ကိုခေါ်လာသည်က ဆက်ပြောမည့်သူ့ရဲ့စကားများကို ရပ်တန့်ချင်သည်လားဆိုတာ ထယ်ဟျောင်း ဂရုမစိုက်တော့ပေ။
ရူးမိုက်နေသည့် စိတ်က တဒင်္ဂအတွင်းတွင် ဘယ်အရာကိုမှ မတွေးတောနိုင်တော့ဘဲ သိုဝှက်လာခဲ့ရသော ခံစားချက်များကို တဆုံးဖွင့်ချချင်မိတော့သည်။
" ငါ မင်းကို ကြိုက်တယ် ဂျောင်ဂု "
ထိုဝန်ခံခြင်း၏အဆုံးသတ်တွင် နိဂုံးချုပ်အနေဖြင့် နှုတ်ခမ်းတစ်ခုလုံး နွေးထွေးသွားသည်ကို ဂျောင်ဂု ခံစားလိုက်ရသည်။ ထိုအနမ်းကြောင့် အဆမတန်ကျယ်လောင်လာသော ရင်ခုန်သံများကို မိုးနတ်မင်းကြီး ကြားသွားမှာပင် ဂျောင်ဂုက ကြောက်မိခဲ့ပါသည်။
မိုးရွာခြင်းသည် အားကစားကွင်းထဲရှိ ကျောင်းသားများကို ဟိုဒီပြေးလွှားစေကာ ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
ထိုမြင်ကွင်းနှင့် ဆန့်ကျင်ဘက်ပင် ကျောင်းတော်ကြီး၏ ခေါင်မိုးထပ်တွင်တော့ အေးစက်နေသော မိုးရေစက်များကြားတွင် နွေးထွေးသောအနမ်းတစ်ခုနှင့် လိုက်ဖက်ညီသော နှလုံးသားနှစ်ခုသည် စည်းချက်ကျသော ရင်ခုန်သံများဖြင့် လွတ်လပ်စွာ ကခုန်နေခဲ့ကြပါသည် ။
•••••
ယိုင်လဲကျတော့မည့် ခြေထောက်များနှင့် ဂျောင်ဂု အိမ်ကို ပြန်ရောက်လာခဲ့သည်။ ငွေ့ရည်ဖွဲ့နေသောမျက်ရည်များကို ရွာမကျလာအောင် တားဆီးထားနိုင်ခဲ့၏။
ခံစားချက်များ အေးစက်ကုန်ပြီဟု တွေးထင်ခဲ့သော်လည်း ပူနွေးနေသေးကြောင်း ယနေ့ည အဖြစ်အပျက်ကြောင့် သေချာသိသွားခဲ့သည်။ အခါလွန်သော မိုးပြေးလို အသုံးမဝင်တော့သည့် ခံစားချက်များကို ဂျောင်ဂုက စိတ်ကုန်သည်။
သူ့ဦးနှောက်ထဲတွင် ထယ်ဟျောင်းနှင့်ပတ်သက်သမျှ အရာရာကို ဆေးရောင်မလှသော ပန်းချီကားတစ်ချပ်အဖြစ် မှတ်ယူနိုင်ခဲ့သော်လည်း သူ့နှလုံးသားတွင် ထိုသို့မဟုတ်ပြီ။
ဆေးရောင်တွေ နုယဉ်နေသေးသည်။ ရောင်စုံရောထွေးလျက် ပြည့်စုံနေသေးသည်။ သို့သော် ဂျောင်ဂုသည် ဒီတစ်ခါတွင် ခံစားချက်များကို ပိတ်လှောင်ထားတော့မည်။ နောက်တစ်ခေါက် ထပ်နာကျင်ရမည့်အဖြစ်ကို ရူးမိုက်စွာ မရွေးချယ်ချင်တော့ပေ။
တံခါးဖွင့်ကာ အိမ်ထဲဝင်လိုက်သည့်အခါ ဧည့်ခန်းတွင်ထိုင်နေသော အမေ့ကို တွေ့ရ၏။ ဟန်ဆောင်တတ်လာသော ဂျောင်ဂုက စိတ်ထဲတွင် ပြိုလဲနေမှုကို အပြုံးများဖြင့် ချက်ချင်းဖုံးကွယ်လိုက်သည်။
" မအိပ်သေးဘဲ ဘာလို့ ကျွန်တော့်အိမ်ရောက်နေတာလဲ အမေ "
" သား နောက်ကျနေလို့လေ။ ဘယ်သွားနေတာလဲ။ အစည်းအဝေးပြီးတာဖြင့် ကြာလို့ အမေပြန်ရောက်တာလည်း ကြာလှပြီ "
ဂျောင်ဂုသည် ခြေဆင်းနေရာတွင် ဖိနပ်သေချာချွတ်ပြီး ဧည့်ခန်းရှိဆိုဖာတွင်ထိုင်နေသော အမေ့ဆီသို့သွားကာ လူကကြမ်းပြင်တွင်ထိုင်ချပြီးနောက် အမေ့ပေါင်ပေါ်ခေါင်းတင်၍ ခွေးပေါက်လေးလို ဝင်ချွဲတော့သည်။
" တစ်ခုခုဖြစ်လာလို့လား ဂျောင်ဂု "
အမေက ဂျောင်ဂု၏ဆံပင်လေးကို သပ်ပေးကာ သုံးနှစ်အရွယ်ကလေးလေးကို ချော့မြူနေသလိုမျိုး ညင်ညင်သာသာလေးမေးလေ၏။ သားသမီးဆိုသည်မှာ ဘယ်လောက်ပင်အသက်ကြီးလာစေကာမူ မိဘများ၏အမြင်တွင်တော့ အမြဲတစေ ကလေးလေးပင်ဖြစ်သည်။
" ဘာဖြစ်ရမှာလဲ အမေရဲ့။ ဒီအတိုင်း မင်ချောတို့နဲ့ တစ်ခွက်သောက်လာလို့ပါ "
ဂျောင်ဂုက ညာလိုက်ပါသည်။ ဒါပေမယ့် အမေဖြစ်သူက ရိပ်မိ၏။ ဂျောင်ဂု၏ခန္ဓာကိုယ်မှ အရက်နံ့ထွက်ရမည့်အစား ဂျောင်ဂုသုံးနေကျ လက်လိမ်းခရင်မ်နံ့သင်းသင်းလေးသာ ထွက်နေသောကြောင့်ဖြစ်သည်။
" သားကို ပြောစရာရှိတယ် ဂျောင်ဂု "
" ဘာလဲ ဟင် "
ဂျောင်ဂုက ထိုင်လျက်သားလေး မော့ကြည့်ကာ အမေဖြစ်သူကို အာရုံစူးစိုက်မှုအပြည့်ပေးလိုက်သည်။
" ထယ်ဟျောင်းဆိုတဲ့ကောင်လေးလေ လူကောင်းလေးတစ်ယောက်ဖြစ်မယ်ထင်တယ် "
ဂျောင်ဂုသည် နားမလည်စွာ အမေ့ကို ကြည့်နေမိ၏။ ရုတ်တရက်ကြီး အမေ့နှုတ်မှ ထယ်ဟျောင်းအကြောင်း ပြောလာသောကြောင့် လက်ဖျားလေးများပင် အေးစက်လာခဲ့သည်။
" ခုနက စကားပြောကြည့်တော့ တကယ်အဆင်ပြေတဲ့ကောင်လေးပဲ။ လူကြီးတွေကိုလည်း ရိုသေတယ်။ အလိုက်လည်းသိတယ်။ အဘွားဂွန်းဟီနဲ့ပတ်သက်ပြီးလည်း အခုထိဝမ်းနည်းနေတုန်းပဲ ထင်ပါရဲ့ "
ဂျောင်ဂုက ဘာမှပြန်မတုံ့ပြန်ဘဲ အမေပြောသမျှကိုသာ ငြိမ်ပြီးနားထောင်နေခဲ့လေသည်။ အမေဖြစ်သူကလည်း ဂျောင်ဂု၏အမူအရာကို တစ်ချက်ကြည့်ပြီးကာမှ အပြုံးတစ်ခုနှင့် ဆက်ပြောပါ၏။
" မာယာများမယ်လို့ထင်ခဲ့ပေမယ့် တကယ်တော့ ဖြူစင်တဲ့ကလေးပါပဲ "
" အဲ့ဒါကို အမေက ဘယ်လိုသိမှာလဲ "
ထယ်ဟျောင်း၏ကောင်းကြောင်းပြောသောအခါ ဂျောင်ဂုက နည်းနည်းလေးပြန်၍ စကားနာထိုးလိုက်သည်။ အမေဖြစ်သူက သဘောကျစွာရယ်၍
" အမေက သားထက်ပိုပြီး လူကဲခတ်တော်တာ မေ့နေတာလား "
" ကျွန်တော့်ကိုတုံးတယ်လို့ ပြောတာလား အမေ "
ဂျောင်ဂုက မျက်စောင်းလေးထိုး၍ နှုတ်ခမ်းလေးစူကာ ပြန်မေး၏။ ကလေးဆန်လွန်းသော သားဖြစ်သူကြောင့် အမေတစ်ယောက်တော့ ခက်ရလေပြီ။
" အမေ့ရဲ့သားက မတုံးပေမယ့် ခံစားချက်တွေလွန်ပြီး တစ်ဖက်ပိတ်အမြင်နဲ့ တစ်ဖက်သားကို ဆုံးဖြတ်မိမှာဆိုးလို့ပါ။ အမေကတော့ အဲ့ဒီအချိန်တုန်းကလိုမျိုး ငိုနေတဲ့ဂျွန်ဂျောင်ဂုကို နောက်တစ်ခါ ထပ်မမြင်ချင်ဘူး "
ဂျောင်ဂု အံ့ဩသွားရပါသည်။ မျက်လုံးလေးအပြူးသားနှင့် အမေ့ကိုကြည့်ကာ ပွင့်သွားသော ပါးစပ်ကလေးကို လက်ဖြင့်အုပ်ထားရသည်။
" အမေ မသိဘူးလို့ထင်နေတာမလား။ အမေ့မှာ ပြေးကြည့်မှ ဒီသားလေးတစ်ယောက်ပဲရှိတာ ဒီကလေးအကြောင်းမသိရင် ဒီအမေဘယ်ပီသပါတော့မလဲ "
" အမေ... "
" အဲ့ဒါကြောင့် အမေပြောချင်တာက ပြဿနာကိုရှောင်ပြေးမနေဘဲနဲ့ ရင်ဆိုင်ကြည့်ပါလား သား။ မဖြေရှင်းနိုင်ခဲ့လို့ လိုချင်တဲ့ ပျော်ရွှင်မှု မရခဲ့ဘူးဆိုရင်တောင် အနည်းဆုံးတော့ နောင်တတရားမရှိဘဲ ရှင်သန်နိုင်လိမ့်မယ် "
သေချာပြောပြပေးနေသည့် အမေ့ကိုကြည့်ပြီး ဂျောင်ဂုပီတိဖြစ်ရပါသည်။ ဒီလောကကြီးတွင် အမေ့ကိုပိုင်ဆိုင်ရသည့် သူက ကံအကောင်းဆုံးလူသားပင်ဖြစ်လိမ့်မည်။
" ကျွန်တော် မှတ်ထားပါ့မယ် အမေ "
အမေ့မျက်ဝန်းများကိုကြည့်ပြီး ဂျောင်ဂုပြန်ဖြေလိုက်သည်။ သားအမိနှစ်ယောက်လုံး လွတ်လွတ်လပ်လပ် ရယ်မောမိကြပါ၏။
" ကျွန်တော့်ရဲ့မစ်ဟုန်းက ဘယ်တုန်းက ဒီလောက်အထိ အရွယ်ရောက်လာရတာလဲ "
" အဲ့ဒါက ပုံမှန်ဆိုရင် ငါပြောရမယ့်စကားမဟုတ်ဘူးလား ဂျောင်ဂု "
" ဒီနေ့ညတော့ အဲ့ဒီ့စကားကို ကျွန်တော် ခဏငှားပါမယ် မစ်ဟုန်းရေ ... အ! အ! ဘာလို့နားရွက်ဆွဲတာလဲ "
" အမေ့ကို မစ်ဟုန်းလို့ မခေါ်ပါနဲ့လို့ ဘယ်နှခါပြောမှ မှတ်မှာလဲ "
" သူများတွေလည်း အဲ့အတိုင်းပဲခေါ်ကြတာကို ... အ! နာတယ်လို့ မစ်ဟုန်း "
ည၏အမှောင်ထုသည် ဂျောင်ဂု၏စိတ်ဒဏ်ရာများကို တဖြေးဖြေးဝါးမျိုသွားခဲ့သည်။ အမေ့ရဲ့စကားတွေကြောင့် အလင်းရောင်အသစ်တစ်ခု ရှာတွေ့သွားတာလည်း ဖြစ်လိမ့်မည်။
ဒီတစ်ခါ နိုးထလာရသော မနက်ခင်းသည် ဂျောင်ဂုအတွက် အေးအေးချမ်းချမ်းရှိလှ၏။ မနေ့ညက ဖြစ်ခဲ့သမျှကို မေ့ထားနိုင်ကာ စိတ်ဖိစီးမှုများ လျှော့ချရန်အတွက် မနက်စောစောထ၍ ကမ်းခြေတွင် ပတ်ပြေးရန် ဆုံးဖြတ်လိုက်လေသည်။
အကြာကြီးနေမှ ပြန်လုပ်ရသော အားကစားဖြစ်၍ အတော်လေးမောပန်းပါသည်။ သို့ရာတွင် တိုက်ခတ်နေသော လေနုအေးက ဂျောင်ဂု၏မောပန်းမှုများကို ပြေပျောက်စေပါ၏။ နောက်ရက်များတွင်လည်း မကြာမကြာပြေးဦးမည်ဟု ဂျောင်ဂုက စဉ်းစားထားလိုက်သည်။
ကမ်းခြေကိုဖြတ်ပြီးသောအခါ ဈေးထဲတစ်ခေါက် ပတ်လိုက်သေး၏။ မနက်ခြောက်နာရီခွဲအချိန်တွင် မိုးစင်စင်လင်းနေပြီဖြစ်သော်လည်း ဈေးထဲ၌ ဆိုင်ခန်းများသည် ဖွင့်နေတုန်းပင်ရှိသေးသည်။
အားကစားဝတ်စုံနှင့်ဂျောင်ဂုကို လူများက အထူးအဆန်းလိုက်ကြည့်နေကြ၏။ ကော်ဖီဆိုင်ဖွင့်ပြီးနောက်တွင် အားကစားလုပ်တာ မြင်ရခဲသောကြောင့် ဂျောင်ဂုတစ်ယောက် ထီများပေါက်လေသလားဟု တွေးနေကြသေးသည်။
ဈေးကိုကျော်သောအခါ ဈေးထိပ်တွင် အမေ့ရဲ့သူငယ်ချင်း ဒေါ်လေးယွန်းဆု၏ ငါးအသားလွှာစားသောက်ဆိုင်ရှိ၏။ ထိုဆိုင်အရှေ့ကအဖြတ်တွင် ဒေါ်လေးယွန်းဆု၏ခေါ်သံကို ကြားလိုက်ရသည်။
" ဂျောင်ဂုရေ ဒီကို ခဏဝင်ပါဦး "
ဂျောင်ဂုသည် ပြေးနေသည်ကို ရပ်လိုက်ကာ လှမ်းကြည့်လိုက်သောအခါ ဆိုင်ရှေ့တွင်စားပွဲခုံကြီးချ၍ စီးပွားရေးသောင်းကျန်းနေသော ဒေါ်လေးယွန်းဆုကို မြင်လိုက်ရသည်။
ကြည့်ရတာ ငါးအရေခွံကျော်တွေ ရောင်းနေပြန်ပြီထင်ရသောကြောင့် ဂျောင်ဂုလည်းသွားလိုက်လေသည်။ အနားရောက်သည်နှင့် ဒေါ်လေးယွန်းဆုက ငါးအရေခွံကြော်ပန်းကန်ထိုးပေးကာ အတင်းမြည်းခိုင်းတော့၏။
" မြည်းကြည့်ဦး ဂျောင်ဂု။ ဒီမနက်မှ ငါကြော်ထားတာ "
" မြည်းပြီးရင် ဝယ်ရမှာတော့မဟုတ်ဘူးမလား ဒေါ်လေး။ ကျွန်တော်ပိုက်ဆံပါမလာဘူးနော် "
" အမယ်လေး ဂျောင်ဂုရယ် နင့်ကို ငါက အလကား ခေါ်ကျွေးတာပါ "
ထိုအခါမှ ဂျောင်ဂုက ရယ်ကာ ငါးအရေခွံကြော်တစ်ခုကိုယူ၍ အချဉ်ရည်တို့ပြီး စမြည်းကြည့်ပါသည်။
" ဘယ်လိုလဲ ဂျောင်ဂု။ ကျွတ်ကျွတ်ရွရွလေးမလား "
" ဒေါ်လေးရဲ့ ငါးအရေခွံကြော်ကတော့ အကောင်းဆုံးပဲပေါ့။ ဘာပြောစရာလိုသေးလဲ "
ဂျောင်ဂုက လက်မလေးထောင်ကာ ချီးကျူးပြီးနောက် ကျွတ်ရွအီစိမ့်သောအရသာလေးကြောင့် မနက်စာမစားရသေးသည့် အစာအိမ်လေးသည် နိုးထလာခဲ့ပြီး တစ်ခုတည်းနှင့် မတင်းတိမ်ဘဲ ဆက်တိုက်နှိုက်စားနေမိတော့သည်။
" ဒေါ်လေးယွန်းဆု ကျွန်တော်အကုန် နေရာချပြီးပြီ "
အချိန်ကိုက်ဆိုသလိုပင် အလွန်ရင်းနှီးနေသောအသံကို ကြားလိုက်ရ၍ ဂျောင်ဂုက ကြည့်လိုက်သောအခါ ဆိုင်ထဲမှထွက်လာသူက ဂင်ထယ်ဟျောင်းမှ ဟုတ်ပါရဲ့လား။
" မင်းက ဒီမှာဘာလုပ်နေတာလဲ "
လက်တွင် ငါးအရေခွံကြော်တစ်ခုကိုင်၍ ထယ်ဟျောင်းကို ထိုအရေခွံကြော်ကြီးနှင့် ထိုးပြကာ ဂျောင်ဂုက အလောတကြီးထမေး၏။ ဂျောင်ဂုကိုမြင်ရ၍ ထယ်ဟျောင်းကလည်း အူတူတူပုံစံနှင့်ကြည့်နေသောကြောင့် ဒေါ်လေးယွန်းဆုက ဝင်ဖြေပေးရသည်။
" ထယ်ဟျောင်းက မနက်ပိုင်း လမ်းထလျှောက်တာတဲ့။ ဆိုင်ရှေ့ရောက်တော့ ငါးပုံးတွေ မနိုင်မနင်းဖြစ်နေတဲ့ ငါ့ကို ဝင်ကူပေးတာ ဂျောင်ဂုရေ "
ဂျောင်ဂုသည် ထယ်ဟျောင်းကို ချက်ချင်း မသိချင်ယောင်ဆောင်လိုက်သည်။ အစောကြီးထဲက ရည်းစားဟောင်းမျက်နှာကို မြင်နေရပြန်သည့်အတွက် ဂျောင်ဂု၏တစ်နေ့တာက ပျက်စီးစပြုနေပြန်ပါပြီ။
ရုတ်တရက်ကြီးဆိုသလိုပင် ပင်လယ်ပြင်အထက်တွင် မိုးသားများတက်လာကာ မိုးခြိမ်းသံတစ်ခုကိုပင် ဂျိမ်းကနဲ ကြားလိုက်ရလေ၏။
" ဒီနေ့ မိုးရွာဦးမှာလား။ မနေ့ညက သတင်းမှာလည်း ဘာမှမကြားမိပါဘူး "
ဒေါ်လေးယွန်းဆုက ကောင်းကင်ကိုကြည့်ကာ ရေရွတ်ပြီး ထယ်ဟျောင်းကိုလည်း သူ့ရဲ့ငါးအရေခွံကြော်ကို မြည်းကြည့်ဖို့ ခေါ်ပါတော့သည်။
" ထယ်ဟျောင်း ရော့ နင်လည်းမြည်းကြည့်ဦး "
ဂျောင်ဂုသည် အခုချက်ချင်း ထွက်သွားလိုက်ချင်သော်လည်း ထယ်ဟျောင်းရဲ့အမြင်တွင် သူ့ကိုရှောင်နေသည် ဖြစ်မှာစိုး၍ အတတ်နိုင်ဆုံး မသိသာအောင် ငါးအရေခွံကြော်ကိုသာ ငုံ့စားနေပါ၏။
ဒေါ်လေးယွန်းဆုနှင့် ထယ်ဟျောင်းကတော့ ဂျောင်ဂု၏ဘေးတွင် ရယ်မောကာ ရောက်တတ်ရာရာ စကားများပြောနေကြသည်။ ထိုစကားများကို နားထောင်၍ ဂျောင်ဂုကသာလျှင် တစ်ယောက်တည်း အလိုမကျဖြစ်နေမိပါသည်။
" ဆိုးလ်ကို မလွမ်းဘူးလား ထယ်ဟျောင်း။ ဟိုမှာ ကောင်မလေးတွေ ဘာတွေ လွမ်းရမယ့်သူတွေ ကျန်နေခဲ့သေးလား "
" ဟာ ဒေါ်လေးကလည်း ဘယ်ကလွမ်းရမယ့်သူ ကျန်နေခဲ့ရမှာလဲ။ ဆိုးလ်မှာ ကျွန်တော်လွမ်းစရာ တစ်ယောက်မှမရှိဘူး "
" မဖြစ်နိုင်ပါဘူး ထယ်ဟျောင်းရယ်။ မင်းပုံစံက ရည်းစားတွေများမယ့်ပုံပါပဲ။ ကောင်မလေးတွေကြိုက်တဲ့ပုံစံမျိုးလေ "
ထိုအချိန်၌ ဂျွတ်ခနဲမြည်သံသည် ဂျောင်ဂုမှ ငါးအရေခွံကို လက်ဖြင့်နှစ်ပိုင်းပိုင်းလိုက်သည့် အသံပင်ဖြစ်သည်။ ထယ်ဟျောင်းနှင့် ဒေါ်လေးယွန်းဆု၏ စကားသံက ခဏရပ်သွားပြီး နှစ်ယောက်လုံး ဂျောင်ဂုကို လှည့်ကြည့်ကြလေသည်။
" ဂျောင်ဂု စားမကောင်းဘူးလား။ ဘယ်လိုဖြစ်ပြီး ငါ့အကြော်လေးတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်နေတာလဲ "
ဒေါ်လေးယွန်းဆုပြောမှ ဂျောင်ဂုလည်း ပန်းကန်ထဲကြည့်မိသည်။ ပန်းကန်ထဲတွင် ငါးအရေခွံကြော်များသည် သေးငယ်သောအစိတ်အပိုင်းလေးတွေပင် ဖြစ်နေလေပြီ။
" ဒီလိုသေးသေးလေးတွေ ပိုင်းလိုက်တော့ လွယ်လွယ်စားရတာပေါ့ ဒေါ်လေးရဲ့ "
ဂျောင်ဂုက ခပ်ပြုံးပြုံးနှင့် ခပ်သေးသေးလေးတစ်ပိုင်းကို ကောက်ယူကာ အချည်ရည်တို့၍ စားပြ၏။ ထိုအချိန်တွင် ဂျောင်ဂု၏နှုတ်ခမ်းဘေး၌ အချည်ရည်အနီရောင်လေးတစ်စက်ရှိနေခဲ့သည်။ ဘယ်အချိန်တည်းက ပေနေခဲ့မှန်းတော့မသိပေ။
ထယ်ဟျောင်းသည် ထိုအရာလေးကိုတွေ့သည့်အခါ ဂျောင်ဂု၏အနားသို့ကပ်သွားပြီး အချဉ်ရည်ပေနေသော နှုတ်ခမ်းဘေးနားလေးကို သူ့လက်ဖြင့်ပွတ်ဆွဲကာ သုတ်ပေးလိုက်လေသည်။
ထိုအပြုအမူကြောင့် သူတို့နှစ်ယောက်ရှေ့တွင် ရှိနေသော ဒေါ်လေးယွန်းဆုက မျက်လုံးပြူးသွား၏။ ဒေါ်လေးထက်ပို၍ မျက်လုံးပြူးသွားသူမှာ ဂျောင်ဂုပင်ဖြစ်သည်။
ထယ်ဟျောင်းကတော့ သူဘာလုပ်လိုက်မှန်းပင်မသိကာ လက်တွင်ပေသွားသော အချည်ရည်ကိုပင် နှုတ်ခမ်းဖြင့်စုပ်လိုက်သေးသည်။
ပြီးကာမှ သူ့ကို အံ့ဩစွာကြည့်နေသော ဒေါ်လေးယွန်းဆုကိုမြင်သည့်အခါ ခေါင်းများပင်နှစ်ဆကြီးသွားခဲ့ပြီး ဂျောင်ဂုကို ပြန်ကြည့်မိ၏။
" ဂင်ထယ်ဟျောင်း! "
ဂျောင်ဂုက ဒေါသတကြီးဖြင့် အလန့်တကြား ထအော်သည်။ သို့သော် ဒေါသကြီးနေတာမဟုတ် ရှက်သွားတာဖြစ်ကြောင်း ဂျောင်ဂုကိုယ်တိုင်သာသိပါလိမ့်မည်။
ထယ်ဟျောင်းကလည်း ဘာလုပ်ရမှန်းမသိစွာ ကြောင်နေပြီး မျက်နှာများနီရဲလာသော ဂျောင်ဂုကြောင့် ဒေါ်လေးယွန်းဆုကသာ ကြားထဲကနေ ပြာပြာသလဲဖြစ်ရတော့သည်။
" ထယ်ဟျောင်းကပေနေလို့ သုတ်ပေးတာပါ ဂျောင်ဂုရေ ... စိတ်ကိုလျှော့ ... စိတ်ကိုလျှော့ နော် "
ဂျောင်ဂုသည် လက်ထဲမှ ပန်းကန်ကိုချကာ ခြေလှမ်းကျဲများဖြင့် ထွက်သွား၏။
ထိုမြင်ကွင်းကို မြင်သွားသူက ဒေါ်လေးယွန်းဆုတင်မဟုတ်ဘဲ နောက်တစ်ယောက်ရှိပါသေးသည်။ ဆိုင်ထဲမှ ထွက်လာသော ဒေါ်လေးယွန်းဆု၏သမီးဖြစ်သည့် ဆောဂျီဝန်းပင်ဖြစ်၏။
" ပေနေလို့ သုတ်ပေးတာက ထားပါ။ ဘာလို့ အဲ့ဒီ့ပေနေတာကို ပြန်ပြီးစားရတာလဲ ဦးလေးထယ်ဟျောင်း "
အနောက်မှထွက်လာသောအသံကြောင့် ထယ်ဟျောင်း လှည့်ကြည့်လိုက်သောအခါ တရားခံကို စစ်မေးနေသလိုပုံစံနှင့် သူ့ကိုကြည့်နေသော ဂျီဝန်းကို တွေ့လိုက်ရသည်။
ထယ်ဟျောင်း နားလည်လိုက်ပါပြီ။ ဒီမနက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများသည် ရပ်ကွက်ထဲတွင် ထိပ်တန်းသတင်းဖြစ်တော့မည်ဆိုတာ မြေကြီးလက်ခတ်မလွဲပင်။
ဒေါ်လေးယွန်းဆုနှင့် ဂျီဝန်းတို့သည် ရပ်ကွက်၏ သတင်းစာများပင် ဖြစ်သောကြောင့်ဖြစ်၏။
ထယ်ဟျောင်းသည် ထိုသားအမိနှစ်ယောက်ကိုသာ ရှက်ကိုးရှက်ကန်းနှင့် ရယ်ပြနေရပါတော့သည်။
မိုးသားများသည် ရွာကျတော့မလိုနှင့် ထိုမြို့လေးမှ အဝေးဆီသို့ ထွက်ပြေးသွားကြ၏။ ကောင်းကင်ကြီးက တစ်ဖန် ကြည်လင်လာခဲ့သည်။ သာယာသော နေ့တစ်နေ့ပင် ဖြစ်ခဲ့ပါသည် ။
( CWJBHN : Jake Scott & Josie Dunne )
_____6.10.2022
Scared I might be falling for you way too fast. Because my heart is still healing.
•••••
ရင္းႏွီးၿပီးမွ စိမ္းသြားေသာ သူစိမ္းေတြသည္ ပိုစိမ္းၾကသည္။ ဒါဟာ သဘာဝပဲလား။ လူေတြဖန္တီးခဲ့ၾကသည့္ နိယာမေတြလား။
ရင္းႏွီးခဲ့သူေတြ စိမ္းသက္သြားဖို႔ သိပ္လြယ္ေသာ္လည္း ထိုသို႔စိမ္းသက္ရာမွ ျပန္လည္ရင္းႏွီးဖို႔ရာ အဘယ္ေၾကာင့္ ခက္ခဲလြန္းရပါသလဲ။ အဘယ္ေၾကာင့္ မျဖစ္နိုင္ရပါသလဲ။
အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္ရသလို အတိတ္ရဲ႕ဒဏ္ရာေတြက လက္ရွိကို ပုံရိပ္ျပန္ထင္လာေသာအခါ ေရွ႕ဆက္ဖို႔အားဆိုသည္မွာ ေပ်ာက္ပ်က္ကုန္ၾကေလၿပီ။
ဘာေတြဘယ္လိုပဲမွားယြင္းခဲ့ပါေစ၊ သူတို႔သိပ္ခ်စ္ခဲ့ၾကသည္။ ကမၻာေျမကို ကိုင္လႈပ္နိုင္ေလာက္သည့္ ခ်စ္ျခင္းတစ္ခု သူတို႔ႏွစ္ေယာက္ၾကားတြင္ ေပါက္ဖြားလာခဲ့ဖူးသည္။
တစ္ေယာက္ေသာသူမွ အရာရာကို မဖ်က္ဆီးမိလိုက္ခင္အခ်ိန္အထိ ကဗ်ာစာဆိုေတြထိုင္ငိုရေလာက္ေအာင္ သိမ္ေမြ႕နက္ရွိုင္းခဲ့ေသာ အႏုပညာေျမာက္ခ်စ္ျခင္းတစ္ခုသည္ ဒီေလာကတြင္ ရွင္သန္ခဲ့ဖူးပါေသးသည္။
အတိတ္ရဲ႕လြမ္းခ်င္းတစ္ခု စတင္ဖို႔ရာ ေက်ာင္းကပြဲကို ေမ့ထားလို႔မျဖစ္ေပ။ ထို႔ညေနခင္းသည္ ထယ္ေဟ်ာင္းႏွင့္ေဂ်ာင္ဂုတို႔ႏွစ္ေယာက္စလုံးအတြက္ တစ္သက္တာအမွတ္ရေနေတာ့မည့္ အဖိုးတန္အခ်ိန္ေကာင္းေလးတစ္ခု ျဖစ္ခဲ့ပါသည္။
ေက်ာင္းကပြဲက်င္းပေသာအခါ စာသင္သံမ်ားျဖင့္ဆူညံေနတတ္သည့္ ေက်ာင္းေတာ္ႀကီးအတြင္း၌ ေက်ာင္းသားတို႔၏ေပ်ာ္႐ႊင္ရယ္ေမာသံမ်ားသည္ ပဲ့တင္သံတစ္ခုကဲ့သို႔ ေပၚထြက္ေနခဲ့သည္။
ကပြဲသည္ ညေနငါးနာရီတြင္စၿပီး ေက်ာင္း၏အားကစားကြင္းထဲ၌ ေက်ာင္းသားမ်ားျပည့္လွ်ံေနပါ၏။ ေက်ာင္းသားမ်ားအႀကိဳက္ ေဟာ့ေဒါ့ ၊ ပန္ကိတ္ႏွင့္ ေတာ့ပိုကီ ဆိုင္ခန္းငယ္မ်ားသည္လည္း ေက်ာင္းကပြဲ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ေက်ာင္းဝင္းထဲတြင္ရွိေနၾကသည္။
ေက်ာင္းကပြဲမတိုင္ခင္ကပင္ ႀကိဳေရာင္းခ်ထားေသာ လက္မွတ္မ်ားျဖင့္ အစားအစာဝယ္စားသူကစား ၊ ေသးငယ္ေသာဓာတ္ပုံရိုက္ခန္းေလးတြင္ သူငယ္ခ်င္းမ်ားအုပ္စုလိုက္ ဓာတ္ပုံဝင္ရိုက္လိုရိုက္ႏွင့္ တစ္ခ်ိဳ႕က ဝိုင္းဖြဲ႕ကာ ဂိမ္းမ်ားကစားေနၾကၿပီး၊ တစ္ခ်ိဳ႕က စတိတ္ရွိုးစမည့္အခ်ိန္ကိုသာ ေမွ်ာ္ေနၾကသည္။
အားကစားကြင္း၏အလယ္တြင္ စတိတ္စင္တစ္ခု တည္ထားကာ ေက်ာင္းသားမ်ားအတြက္ ေဖ်ာ္ေျဖမႈမ်ားလည္းရွိေသး၏။ ထိုေန႕တြင္ စင္ေပၚတက္သီခ်င္းဆို၍ ကိုယ္ႀကိတ္ႀကိဳက္ေနရသူအား ဖြင့္ေျပာၾကျခင္းလည္းရွိကာ ေက်ာင္းတြင္ အတြဲအမ်ားဆုံးေပၚထြက္ေသာေန႕ပင္ျဖစ္သည္။
ေဂ်ာင္ဂုသည္ ေက်ာင္းသားမ်ားေဖာသီေနေသာ အားကစားကြင္းထဲကို ေငးၾကည့္ကာ ေက်ာင္းဂိတ္ေပါက္တြင္ ရပ္ေနသည္။ လူမေၾကာက္ေသာ္လည္း လူမ်ားသည့္ေနရာမ်ားကို တစ္ေယာက္တည္းသြားရဖို႔ အထီးက်န္သည္ဟု ထင္ရေသာေၾကာင့္ ထယ္ေဟ်ာင္းလာေခၚမည္ကို ေစာင့္ေနျခင္းျဖစ္ပါသည္။
ထယ္ေဟ်ာင္းက ေဂ်ာင္ဂုႏွင့္မတူေပ။ လူဝင္ဆံ့သည္။ ေပါင္းတတ္သင္းတတ္သည္။ တစ္ေယာက္တည္းျဖစ္ေနမည္ကိုမပူရကာ မည္သည့္သူငယ္ခ်င္းအုပ္စုႏွင့္မဆို ဝင္ေရာလို႔ရသည့္ လူမႈဆက္ဆံေရးတြင္ ဆရာက်သဴျဖစ္သည္။
ေဂ်ာင္ဂုက ထိုသို႔မဟုတ္ဘဲ သီးသန႔္ေနတတ္သည္။ သူေပါင္းေနက် သူငယ္ခ်င္းမ်ားႏွင့္သာလွ်င္ စကား႐ႊင္သူျဖစ္၏။ ေပါင္းသင္းဆက္ဆံတတ္ေသာ္လည္း မရင္းႏွီးသူမ်ားႏွင့္ဆိုလွ်င္ စည္းတစ္ခုျခားထားတတ္ေသာေၾကာင့္ သူငယ္ခ်င္းအသစ္ရဖို႔ခက္ခဲသည္။
ယခုတြင္လည္း အုပ္စုလိုက္ေနေနၾကမည့္ ေက်ာင္းသားမ်ားၾကားသြားကာ ထယ္ေဟ်ာင္းကိုမရွာခ်င္၍ ထယ္ေဟ်ာင္းလာေခၚမည္ကိုသာ ေစာင့္ေနရပါေတာ့သည္။
အေဝးတြင္ေျပးလာေနေသာ ထယ္ေဟ်ာင္းက ေဂ်ာင္ဂုကိုေတြ႕သည္ႏွင့္ အၿပဳံးမ်ား အပီအျပင္ စြန႔္ႀကဲကာ ေလဟုန္ကိုဆန္ရင္း အနားသို႔ ေရာက္လာခဲ့၏။
" အထဲကိုမဝင္လာဘဲ ဘာလို႔ဒီမွာရပ္ေနတာလဲ "
အသက္ရႉသံတစ္ဝက္ႏွင့္ ထယ္ေဟ်ာင္း၏ေမးခြန္းကို ေဂ်ာင္ဂုကျပန္မေျဖခင္တြင္ လက္တြင္ပါလာသည့္ ထမင္းဘူးေလးကို ထယ္ေဟ်ာင္းမ်က္ႏွာေရွ႕သို႔ ျမႇောက္ျပလိုက္သည္။
" ဒီေန႕က အေမ့ေမြးေန႕ေလ ထယ္ေဟ်ာင္း။ အေမက အသားလုံးစပါဂတီလုပ္ေကြၽးတယ္။ မင္းနဲ႕အတူတူစားမလို႔ ထည့္လာတာ "
" ဆိုေတာ့.... အစားအေသာက္လက္မွတ္ေတြမဝယ္တာ ဒါေၾကာင့္ေပါ့ "
" ဟုတ္တယ္။ အေမ့ရဲ႕လက္ရာစပါဂတီကို မင္းကိုလည္းေကြၽးခ်င္လို႔ "
စိတ္ပါလက္ပါႏွင့္ အားတတ္သေရာေျပာေနသည့္ ေဂ်ာင္ဂု၏မ်က္ႏွာေလးကိုၾကည့္ၿပီး ထယ္ေဟ်ာင္းေျပာမည့္စကားမ်ား မေျပာထြက္ေတာ့ေပ။
အမွန္တြင္ ေဂ်ာင္ဂုမေရာက္ခင္တည္းက ဟိုေလွ်ာက္စား ဒီေလွ်ာက္စားႏွင့္ ထယ္ေဟ်ာင္းတစ္ေယာက္ အေတာ္ေလးဗိုက္ျပည့္ေနၿပီျဖစ္သည္။ သူ႕အတြက္ေတြးေပးသည့္ ေဂ်ာင္ဂုေၾကာင့္ ဘာမွမေျပာရက္ေတာ့ဘဲ ျပည့္ခ်င္ေနသည့္ ဗိုက္ကေလးကိုသာ လက္ျဖင့္ကိုင္ထားမိေတာ့သည္။
ေဂ်ာင္ဂုႏွင့္ ခင္မင္ခဲ့ရသည့္အေတာအတြင္း ေဂ်ာင္ဂုက ဘယ္လိုလူစားမ်ိဳးလဲဆိုတာကို ထယ္ေဟ်ာင္းက ေကာင္းေကာင္းသိထားၿပီး ဘယ္လိုအက်င့္ေတြရွိတယ္ဆိုတာကိုပင္ ေကာင္းေကာင္းေလ့လာၿပီးေနၿပီျဖစ္၏။
ပိုၿပီးခင္မင္ေလ ပိုၿပီးသေဘာက်မိလာေလ ၊ ပိုၿပီးသေဘာက်မိလာေလ ခံစားခ်က္ေတြကို ပိုထိန္းခ်ဳပ္ရခက္လာေလပင္ျဖစ္သည္။
ျဖဴျဖဴစင္စင္ေကာင္ငယ္ေလးကို သူငယ္ခ်င္းအျဖစ္ပဲ ေဘးနားမွာထားထားရေလာက္ေအာင္အထိ ထယ္ေဟ်ာင္း၏သမာဓိအားက မေကာင္းျပန္ေတာ့ ရင္ခုန္သံမ်ားသည္သာ ခဏခဏ နယ္ေက်ာ္မိေနေတာ့သည္။
" ဟိုႏွစ္ေယာက္ကို သြားေတြ႕ဦးမလား ေဂ်ာင္ဂု "
" ပြဲအတြက္ျပင္ဆင္ေနမွာမဟုတ္ဘူးလား။ ငါတို႔သြားႏွောင့္ယွက္လို႔ျဖစ္ပါ့မလား "
မင္ေခ်ာႏွင့္ အြန္းဟယ္သည္ ဒီေန႕တြင္ စုံတြဲသီခ်င္းသီဆိုမည္ဟု သိရ၏။ က်န္ေသာအခ်ိန္မ်ား၌ မ်က္ေတာင္တစ္ျဖတ္ခတ္လွ်င္ပင္ ရန္ႏွစ္ခါေလာက္ျဖစ္ေသာ သူတို႔ႏွစ္ေယာက္သည္ သီခ်င္းဆိုရာတြင္ ဝါသနာတူၾကေသာေၾကာင့္ ထိုတစ္ခုႏွင့္ပတ္သက္၍ အလြန္သဟဇာတျဖစ္ေနၾကေလသည္။
မင္ေခ်ာတို႔ဆီလည္း မသြားခ်င္ ၊ လူမ်ားသည့္ အားကစားကြင္းထဲလည္း မသြားခ်င္ျဖစ္ေနေသာ ေဂ်ာင္ဂုကို ထယ္ေဟ်ာင္းတစ္ေနရာေခၚသြားမွ ရေတာ့မည္ျဖစ္သည္။
" ေဂ်ာင္ဂု လာ ငါနဲ႕လိုက္ခဲ့ "
" ဟင္ ဘယ္ကိုသြားမလို႔လဲ "
အတင္းလက္ကိုလာဆြဲကာ ေခၚသြားေသာေၾကာင့္ ေဂ်ာင္ဂုက ထယ္ေဟ်ာင္းအေနာက္သို႔ ထိုအတိုင္းေလးပါသြားခဲ့သည္။ ထယ္ေဟ်ာင္းဆိုသည္မွာလည္း အျခားအခ်ိန္မ်ားတြင္သာ မခုတ္တတ္သည့္ေၾကာင္ေပါက္ေလးျဖစ္ၿပီး ေဂ်ာင္ဂုႏွင့္ပတ္သက္လွ်င္ေတာ့ အနည္းငယ္ရဲတင္း၏။
မဆင္မျခင္လက္ကိုဆြဲကိုင္တာမ်ိဳး ၊ လမ္းအတူတူေလွ်ာက္ေနရင္း ပုခုံးကိုဖက္ကာ သူ႕ရင္ခြင္ထဲ ထည့္ထားတတ္တာမ်ိဳး ၊ လူမ်ားသည့္ေနရာမ်ားသြားလွ်င္ ေဂ်ာင္ဂု၏ခါးကိုဖက္ကာ သူ႕အနားဆြဲထားတာမ်ိဳး လုပ္တတ္သည္။
ေဂ်ာင္ဂုကိုယ္တိုင္ကလည္း ခြင့္ျပဳထားပါသည္။ အသားခ်င္းထိလွ်င္ ေတာ္႐ုံမႀကိဳက္ေသာ ေဂ်ာင္ဂုသည္ ထယ္ေဟ်ာင္း၏အထိအေတြ႕မ်ားကိုေတာ့ ျငင္းဆန္ျခင္းမရွိေပ။ ထယ္ေဟ်ာင္း သူ႕ကို ဂ႐ုစိုက္လွ်င္ပင္ သူက ေပ်ာ္ေနတတ္ပါ၏။
ဤသို႔ျဖင့္ ကာယကံရွင္မ်ားမသိလိုက္ခင္ပင္ အသိစိတ္၏ေနာက္ကြယ္တြင္ ပုန္းလွ်ိုေနေသာ မသိစိတ္ကေလးသည္ မ်က္စိျဖင့္ၾကည့္လို႔မျမင္နိုင္သည့္ ႏွလုံးသား၏ခ်ိတ္ကေလးႏွစ္ခုကို ခ်ိတ္ၿပီးေနၿပီျဖစ္ခဲ့ပါသည္။
" ဒီကေန စတိတ္စင္ကို လွမ္းျမင္ရတယ္ ထယ္ေဟ်ာင္း "
ထယ္ေဟ်ာင္းသည္ ေဂ်ာင္ဂုကို ေက်ာင္းေခါင္မိုးထပ္သို႔ ေခၚလာခဲ့သည္။ ေနဝင္ေနၿပီျဖစ္ၿပီး ေနေရာင္ျဖင့္တိမ္ေတာက္ေနကာ ေကာင္းကင္ႀကီးသည္ လိေမၼာ္ေရာင္တစ္စ အနီေရာင္တစ္စြန္းျဖင့္ ေက်ာင္းကပြဲ၏မီးအလင္းေရာင္မ်ားႏွင့္ အလြန္အပ္စပ္ေနခဲ့သည္။
ေက်ာင္းေခါင္မိုးထပ္မွ လွမ္းၾကည့္လွ်င္ စတိတ္စင္ကိုလည္း ျမင္ရေသာေၾကာင့္ ေဂ်ာင္ဂုသေဘာက်မည္မွန္း သိေလေသာ ထယ္ေဟ်ာင္းက ေခၚလာခဲ့ျခင္းျဖစ္ပါ၏။
မၾကာမီပင္ စတိတ္ရွိုးစလာခဲ့ၿပီး ေဂ်ာင္ဂုေကြၽးေသာ စပါဂတီကို ဗိုက္ျပည့္ေနေသာ ထယ္ေဟ်ာင္းက ၿမိန္ရည္ရွက္ရည္စားျပရသည္။ သူသိပ္မစားမိလို႔ မ်က္ႏွာဝိုင္းဝိုင္းေလး ညွိုးသြားမွာကို ထယ္ေဟ်ာင္းက သိပ္ေၾကာက္ပါသည္။
စားေသာက္ၿပီးေသာအခါတြင္ ေခါင္မိုးထပ္မွေန၍ အားကစားကြင္းထဲက ေဖ်ာ္ေျဖမႈမ်ားကို လွမ္းၾကည့္ေနၾကရင္း ထယ္ေဟ်ာင္းက ေဂ်ာင္ဂုကို စကားလွမ္းေျပာလိုက္သည္။
" အန္တီ့ကို ငါက ေမြးေန႕ဆုေတာင္းေပးလိုက္တယ္လို႔ ေျပာေပးဦးေနာ္ ေဂ်ာင္ဂု "
" အေမေတာ့ သေဘာက်ေနေတာ့မွာပဲ "
စကား၏အဆုံးသတ္တြင္ ကေလးတစ္ေယာက္လိုမ်ိဳးရယ္သံေလးကိုပါ ေဂ်ာင္ဂုဆီမွာၾကားလိုက္ရ၍ ထယ္ေဟ်ာင္းကေငးၾကည့္လိုက္သည္။
ထိုအခ်ိန္တြင္ သူတို႔ႏွစ္ေယာက္လုံး၏ ကိုယ္ေပၚသို႔ ေကာင္းကင္မွ မိုးေပါက္ေလးမ်ား သက္ဆင္းလာခဲ့ေသာေၾကာင့္ ေဂ်ာင္ဂုသည္ ေကာင္းကင္ကို ေမာ့ၾကည့္ကာ အံ့ဩေနဟန္ႏွင့္ ထယ္ေဟ်ာင္းကိုလွည့္ၾကည့္ေလသည္။
" မိုး႐ြာေနၿပီ ထယ္ေဟ်ာင္း "
ေဂ်ာင္ဂု၏ေလသံေလးတြင္ ေပ်ာ္႐ႊင္မႈမ်ားေရာႏွောေနၿပီး ထယ္ေဟ်ာင္းကိုၾကည့္ၿပီးမွသာ စိုးရိမ္စြာျဖင့္ ထယ္ေဟ်ာင္း၏ေခါင္းေပၚသို႔ သူ႕လက္ကေလးျဖင့္ အုပ္ေပးလိုက္၏။
" မင္း မိုးမိလို႔ မျဖစ္ဘူးေလ "
မိုးကို သိပ္ႀကိဳက္ေသာ ေကာင္ငယ္ေလးက ထိုစဥ္တည္းကပင္ သူသိပ္ႀကိဳက္ေသာ မိုးေရစက္မ်ားေၾကာင့္ တစ္စုံတစ္ေယာက္ ဖ်ားနာသြားမွာကိုေတာ့ အလြန္မုန္းတီးခဲ့သည္။
ထယ္ေဟ်ာင္းသည္ ျဖစ္ပ်က္ေနသမွ် အရာအားလုံးကို လ်စ္လ်ဴရႈထားခ်င္ကာ မိုးေရစက္မ်ားၾကား၌ပင္ ထင္ထင္ရွားရွားျမင္ေနရသည့္ သူ႕ကိုစိုးရိမ္ေနေသာ မ်က္ဝန္းေလးေတြကိုသာ တစိမ့္စိမ့္ၾကည့္ေနခ်င္ေတာ့သည္။
" မင္းသိလား ေဂ်ာင္ဂု ... ငါတို႔က သူငယ္ခ်င္းမျဖစ္နိုင္ဘူး "
ထယ္ေဟ်ာင္း၏ ညင္သာႏူးညံ့ေသာေလသံႏွင့္ ထိုညေနတြင္႐ြာေသာမိုးသည္ အညွိုးႀကီးစြာ သည္းႀကီးမည္းႀကီးမဟုတ္ဘဲ အခ်စ္ဇာတ္လမ္းတစ္ခုကို ပံ့ပိုးေပးသည့္အေနျဖင့္ ေျဖညွင္းသာယာစြာ ႐ြာေနခဲ့သည္။
ထယ္ေဟ်ာင္း၏စကားသံကို ရွင္းရွင္းလင္းလင္းၾကားလိုက္ရေသာ ေဂ်ာင္ဂု၏ရင္ထဲတြင္ ဆိုလိုရင္းကိုမသိပါဘဲႏွင့္ စိုးရိမ္မႈက အရင္ေနရာဝင္ယူသြား၏။
" ဘာျဖစ္လို႔လဲ... "
" ငါ မင္းကို ရင္ခုန္မိေနလို႔ "
ေဂ်ာင္ဂုသည္ ၾကားလိုက္ရသည္ကိုပင္ မယုံနိုင္စြာ မ်က္လုံးေလးမ်ားဝိုင္းစက္သြားခဲ့သည္။
မိုးေရစက္မ်ားက ေအးလြန္း၍ျဖစ္လိမ့္မည္။ ဒါမွမဟုတ္ ထယ္ေဟ်ာင္း၏မ်က္ဝန္းမ်ားေၾကာင့္ေပလား။ ေဂ်ာင္ဂု၏ႏွလုံးသားသည္ တသိမ့္သိမ့္ႏွင့္ ခုန္လာခဲ့ပါသည္။
" မရိုးသားတဲ့စိတ္နဲ႕ ခဏခဏ ေလာဘတက္မိေနတယ္ "
" ထယ္ေဟ်ာင္း... "
အဖ်ားခတ္တုန္ရီေနေသာ အသံေလးႏွင့္ သူ႕နာမည္ကိုေခၚလာသည္က ဆက္ေျပာမည့္သူ႕ရဲ႕စကားမ်ားကို ရပ္တန႔္ခ်င္သည္လားဆိုတာ ထယ္ေဟ်ာင္း ဂ႐ုမစိုက္ေတာ့ေပ။
႐ူးမိုက္ေနသည့္ စိတ္က တဒဂၤအတြင္းတြင္ ဘယ္အရာကိုမွ မေတြးေတာနိုင္ေတာ့ဘဲ သိုဝွက္လာခဲ့ရေသာ ခံစားခ်က္မ်ားကို တဆုံးဖြင့္ခ်ခ်င္မိေတာ့သည္။
" ငါ မင္းကို ႀကိဳက္တယ္ ေဂ်ာင္ဂု "
ထိုဝန္ခံျခင္း၏အဆုံးသတ္တြင္ နိဂုံးခ်ဳပ္အေနျဖင့္ ႏႈတ္ခမ္းတစ္ခုလုံး ႏြေးေထြးသြားသည္ကို ေဂ်ာင္ဂု ခံစားလိုက္ရသည္။ ထိုအနမ္းေၾကာင့္ အဆမတန္က်ယ္ေလာင္လာေသာ ရင္ခုန္သံမ်ားကို မိုးနတ္မင္းႀကီး ၾကားသြားမွာပင္ ေဂ်ာင္ဂုက ေၾကာက္မိခဲ့ပါသည္။
မိုး႐ြာျခင္းသည္ အားကစားကြင္းထဲရွိ ေက်ာင္းသားမ်ားကို ဟိုဒီေျပးလႊားေစကာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားေစသည္။
ထိုျမင္ကြင္းႏွင့္ ဆန႔္က်င္ဘက္ပင္ ေက်ာင္းေတာ္ႀကီး၏ ေခါင္မိုးထပ္တြင္ေတာ့ ေအးစက္ေနေသာ မိုးေရစက္မ်ားၾကားတြင္ ႏြေးေထြးေသာအနမ္းတစ္ခုႏွင့္ လိုက္ဖက္ညီေသာ ႏွလုံးသားႏွစ္ခုသည္ စည္းခ်က္က်ေသာ ရင္ခုန္သံမ်ားျဖင့္ လြတ္လပ္စြာ ကခုန္ေနခဲ့ၾကပါသည္ ။
•••••
ယိုင္လဲက်ေတာ့မည့္ ေျခေထာက္မ်ားႏွင့္ ေဂ်ာင္ဂု အိမ္ကို ျပန္ေရာက္လာခဲ့သည္။ ေငြ႕ရည္ဖြဲ႕ေနေသာမ်က္ရည္မ်ားကို ႐ြာမက်လာေအာင္ တားဆီးထားနိုင္ခဲ့၏။
ခံစားခ်က္မ်ား ေအးစက္ကုန္ၿပီဟု ေတြးထင္ခဲ့ေသာ္လည္း ပူႏြေးေနေသးေၾကာင္း ယေန႕ည အျဖစ္အပ်က္ေၾကာင့္ ေသခ်ာသိသြားခဲ့သည္။ အခါလြန္ေသာ မိုးေျပးလို အသုံးမဝင္ေတာ့သည့္ ခံစားခ်က္မ်ားကို ေဂ်ာင္ဂုက စိတ္ကုန္သည္။
သူ႕ဦးႏွောက္ထဲတြင္ ထယ္ေဟ်ာင္းႏွင့္ပတ္သက္သမွ် အရာရာကို ေဆးေရာင္မလွေသာ ပန္းခ်ီကားတစ္ခ်ပ္အျဖစ္ မွတ္ယူနိုင္ခဲ့ေသာ္လည္း သူ႕ႏွလုံးသားတြင္ ထိုသို႔မဟုတ္ၿပီ။
ေဆးေရာင္ေတြ ႏုယဥ္ေနေသးသည္။ ေရာင္စုံေရာေထြးလ်က္ ျပည့္စုံေနေသးသည္။ သို႔ေသာ္ ေဂ်ာင္ဂုသည္ ဒီတစ္ခါတြင္ ခံစားခ်က္မ်ားကို ပိတ္ေလွာင္ထားေတာ့မည္။ ေနာက္တစ္ေခါက္ ထပ္နာက်င္ရမည့္အျဖစ္ကို ႐ူးမိုက္စြာ မေ႐ြးခ်ယ္ခ်င္ေတာ့ေပ။
တံခါးဖြင့္ကာ အိမ္ထဲဝင္လိုက္သည့္အခါ ဧည့္ခန္းတြင္ထိုင္ေနေသာ အေမ့ကို ေတြ႕ရ၏။ ဟန္ေဆာင္တတ္လာေသာ ေဂ်ာင္ဂုက စိတ္ထဲတြင္ ၿပိဳလဲေနမႈကို အၿပဳံးမ်ားျဖင့္ ခ်က္ခ်င္းဖုံးကြယ္လိုက္သည္။
" မအိပ္ေသးဘဲ ဘာလို႔ ကြၽန္ေတာ့္အိမ္ေရာက္ေနတာလဲ အေမ "
" သား ေနာက္က်ေနလို႔ေလ။ ဘယ္သြားေနတာလဲ။ အစည္းအေဝးၿပီးတာျဖင့္ ၾကာလို႔ အေမျပန္ေရာက္တာလည္း ၾကာလွၿပီ "
ေဂ်ာင္ဂုသည္ ေျခဆင္းေနရာတြင္ ဖိနပ္ေသခ်ာခြၽတ္ၿပီး ဧည့္ခန္းရွိဆိုဖာတြင္ထိုင္ေနေသာ အေမ့ဆီသို႔သြားကာ လူကၾကမ္းျပင္တြင္ထိုင္ခ်ၿပီးေနာက္ အေမ့ေပါင္ေပၚေခါင္းတင္၍ ေခြးေပါက္ေလးလို ဝင္ခြၽဲေတာ့သည္။
" တစ္ခုခုျဖစ္လာလို႔လား ေဂ်ာင္ဂု "
အေမက ေဂ်ာင္ဂု၏ဆံပင္ေလးကို သပ္ေပးကာ သုံးႏွစ္အ႐ြယ္ကေလးေလးကို ေခ်ာ့ျမဴေနသလိုမ်ိဳး ညင္ညင္သာသာေလးေမးေလ၏။ သားသမီးဆိုသည္မွာ ဘယ္ေလာက္ပင္အသက္ႀကီးလာေစကာမူ မိဘမ်ား၏အျမင္တြင္ေတာ့ အၿမဲတေစ ကေလးေလးပင္ျဖစ္သည္။
" ဘာျဖစ္ရမွာလဲ အေမရဲ႕။ ဒီအတိုင္း မင္ေခ်ာတို႔နဲ႕ တစ္ခြက္ေသာက္လာလို႔ပါ "
ေဂ်ာင္ဂုက ညာလိုက္ပါသည္။ ဒါေပမယ့္ အေမျဖစ္သူက ရိပ္မိ၏။ ေဂ်ာင္ဂု၏ခႏၶာကိုယ္မွ အရက္နံ႕ထြက္ရမည့္အစား ေဂ်ာင္ဂုသုံးေနက် လက္လိမ္းခရင္မ္နံ႕သင္းသင္းေလးသာ ထြက္ေနေသာေၾကာင့္ျဖစ္သည္။
" သားကို ေျပာစရာရွိတယ္ ေဂ်ာင္ဂု "
" ဘာလဲ ဟင္ "
ေဂ်ာင္ဂုက ထိုင္လ်က္သားေလး ေမာ့ၾကည့္ကာ အေမျဖစ္သူကို အာ႐ုံစူးစိုက္မႈအျပည့္ေပးလိုက္သည္။
" ထယ္ေဟ်ာင္းဆိုတဲ့ေကာင္ေလးေလ လူေကာင္းေလးတစ္ေယာက္ျဖစ္မယ္ထင္တယ္ "
ေဂ်ာင္ဂုသည္ နားမလည္စြာ အေမ့ကို ၾကည့္ေနမိ၏။ ႐ုတ္တရက္ႀကီး အေမ့ႏႈတ္မွ ထယ္ေဟ်ာင္းအေၾကာင္း ေျပာလာေသာေၾကာင့္ လက္ဖ်ားေလးမ်ားပင္ ေအးစက္လာခဲ့သည္။
" ခုနက စကားေျပာၾကည့္ေတာ့ တကယ္အဆင္ေျပတဲ့ေကာင္ေလးပဲ။ လူႀကီးေတြကိုလည္း ရိုေသတယ္။ အလိုက္လည္းသိတယ္။ အဘြားဂြန္းဟီနဲ႕ပတ္သက္ၿပီးလည္း အခုထိဝမ္းနည္းေနတုန္းပဲ ထင္ပါရဲ႕ "
ေဂ်ာင္ဂုက ဘာမွျပန္မတုံ႕ျပန္ဘဲ အေမေျပာသမွ်ကိုသာ ၿငိမ္ၿပီးနားေထာင္ေနခဲ့ေလသည္။ အေမျဖစ္သူကလည္း ေဂ်ာင္ဂု၏အမူအရာကို တစ္ခ်က္ၾကည့္ၿပီးကာမွ အၿပဳံးတစ္ခုႏွင့္ ဆက္ေျပာပါ၏။
" မာယာမ်ားမယ္လို႔ထင္ခဲ့ေပမယ့္ တကယ္ေတာ့ ျဖဴစင္တဲ့ကေလးပါပဲ "
" အဲ့ဒါကို အေမက ဘယ္လိုသိမွာလဲ "
ထယ္ေဟ်ာင္း၏ေကာင္းေၾကာင္းေျပာေသာအခါ ေဂ်ာင္ဂုက နည္းနည္းေလးျပန္၍ စကားနာထိုးလိုက္သည္။ အေမျဖစ္သူက သေဘာက်စြာရယ္၍
" အေမက သားထက္ပိုၿပီး လူကဲခတ္ေတာ္တာ ေမ့ေနတာလား "
" ကြၽန္ေတာ့္ကိုတုံးတယ္လို႔ ေျပာတာလား အေမ "
ေဂ်ာင္ဂုက မ်က္ေစာင္းေလးထိုး၍ ႏႈတ္ခမ္းေလးစူကာ ျပန္ေမး၏။ ကေလးဆန္လြန္းေသာ သားျဖစ္သူေၾကာင့္ အေမတစ္ေယာက္ေတာ့ ခက္ရေလၿပီ။
" အေမ့ရဲ႕သားက မတုံးေပမယ့္ ခံစားခ်က္ေတြလြန္ၿပီး တစ္ဖက္ပိတ္အျမင္နဲ႕ တစ္ဖက္သားကို ဆုံးျဖတ္မိမွာဆိုးလို႔ပါ။ အေမကေတာ့ အဲ့ဒီအခ်ိန္တုန္းကလိုမ်ိဳး ငိုေနတဲ့ဂြၽန္ေဂ်ာင္ဂုကို ေနာက္တစ္ခါ ထပ္မျမင္ခ်င္ဘူး "
ေဂ်ာင္ဂု အံ့ဩသြားရပါသည္။ မ်က္လုံးေလးအျပဴးသားႏွင့္ အေမ့ကိုၾကည့္ကာ ပြင့္သြားေသာ ပါးစပ္ကေလးကို လက္ျဖင့္အုပ္ထားရသည္။
" အေမ မသိဘူးလို႔ထင္ေနတာမလား။ အေမ့မွာ ေျပးၾကည့္မွ ဒီသားေလးတစ္ေယာက္ပဲရွိတာ ဒီကေလးအေၾကာင္းမသိရင္ ဒီအေမဘယ္ပီသပါေတာ့မလဲ "
" အေမ... "
" အဲ့ဒါေၾကာင့္ အေမေျပာခ်င္တာက ျပႆနာကိုေရွာင္ေျပးမေနဘဲနဲ႕ ရင္ဆိုင္ၾကည့္ပါလား သား။ မေျဖရွင္းနိုင္ခဲ့လို႔ လိုခ်င္တဲ့ ေပ်ာ္႐ႊင္မႈ မရခဲ့ဘူးဆိုရင္ေတာင္ အနည္းဆုံးေတာ့ ေနာင္တတရားမရွိဘဲ ရွင္သန္နိုင္လိမ့္မယ္ "
ေသခ်ာေျပာျပေပးေနသည့္ အေမ့ကိုၾကည့္ၿပီး ေဂ်ာင္ဂုပီတိျဖစ္ရပါသည္။ ဒီေလာကႀကီးတြင္ အေမ့ကိုပိုင္ဆိုင္ရသည့္ သူက ကံအေကာင္းဆုံးလူသားပင္ျဖစ္လိမ့္မည္။
" ကြၽန္ေတာ္ မွတ္ထားပါ့မယ္ အေမ "
အေမ့မ်က္ဝန္းမ်ားကိုၾကည့္ၿပီး ေဂ်ာင္ဂုျပန္ေျဖလိုက္သည္။ သားအမိႏွစ္ေယာက္လုံး လြတ္လြတ္လပ္လပ္ ရယ္ေမာမိၾကပါ၏။
" ကြၽန္ေတာ့္ရဲ႕မစ္ဟုန္းက ဘယ္တုန္းက ဒီေလာက္အထိ အ႐ြယ္ေရာက္လာရတာလဲ "
" အဲ့ဒါက ပုံမွန္ဆိုရင္ ငါေျပာရမယ့္စကားမဟုတ္ဘူးလား ေဂ်ာင္ဂု "
" ဒီေန႕ညေတာ့ အဲ့ဒီ့စကားကို ကြၽန္ေတာ္ ခဏငွားပါမယ္ မစ္ဟုန္းေရ ... အ! အ! ဘာလို႔နား႐ြက္ဆြဲတာလဲ "
" အေမ့ကို မစ္ဟုန္းလို႔ မေခၚပါနဲ႕လို႔ ဘယ္ႏွခါေျပာမွ မွတ္မွာလဲ "
" သူမ်ားေတြလည္း အဲ့အတိုင္းပဲေခၚၾကတာကို ... အ! နာတယ္လို႔ မစ္ဟုန္း "
ည၏အေမွာင္ထုသည္ ေဂ်ာင္ဂု၏စိတ္ဒဏ္ရာမ်ားကို တေျဖးေျဖးဝါးမ်ိဳသြားခဲ့သည္။ အေမ့ရဲ႕စကားေတြေၾကာင့္ အလင္းေရာင္အသစ္တစ္ခု ရွာေတြ႕သြားတာလည္း ျဖစ္လိမ့္မည္။
ဒီတစ္ခါ နိုးထလာရေသာ မနက္ခင္းသည္ ေဂ်ာင္ဂုအတြက္ ေအးေအးခ်မ္းခ်မ္းရွိလွ၏။ မေန႕ညက ျဖစ္ခဲ့သမွ်ကို ေမ့ထားနိုင္ကာ စိတ္ဖိစီးမႈမ်ား ေလွ်ာ့ခ်ရန္အတြက္ မနက္ေစာေစာထ၍ ကမ္းေျခတြင္ ပတ္ေျပးရန္ ဆုံးျဖတ္လိုက္ေလသည္။
အၾကာႀကီးေနမွ ျပန္လုပ္ရေသာ အားကစားျဖစ္၍ အေတာ္ေလးေမာပန္းပါသည္။ သို႔ရာတြင္ တိုက္ခတ္ေနေသာ ေလႏုေအးက ေဂ်ာင္ဂု၏ေမာပန္းမႈမ်ားကို ေျပေပ်ာက္ေစပါ၏။ ေနာက္ရက္မ်ားတြင္လည္း မၾကာမၾကာေျပးဦးမည္ဟု ေဂ်ာင္ဂုက စဥ္းစားထားလိုက္သည္။
ကမ္းေျခကိုျဖတ္ၿပီးေသာအခါ ေဈးထဲတစ္ေခါက္ ပတ္လိုက္ေသး၏။ မနက္ေျခာက္နာရီခြဲအခ်ိန္တြင္ မိုးစင္စင္လင္းေနၿပီျဖစ္ေသာ္လည္း ေဈးထဲ၌ ဆိုင္ခန္းမ်ားသည္ ဖြင့္ေနတုန္းပင္ရွိေသးသည္။
အားကစားဝတ္စုံႏွင့္ေဂ်ာင္ဂုကို လူမ်ားက အထူးအဆန္းလိုက္ၾကည့္ေနၾက၏။ ေကာ္ဖီဆိုင္ဖြင့္ၿပီးေနာက္တြင္ အားကစားလုပ္တာ ျမင္ရခဲေသာေၾကာင့္ ေဂ်ာင္ဂုတစ္ေယာက္ ထီမ်ားေပါက္ေလသလားဟု ေတြးေနၾကေသးသည္။
ေဈးကိုေက်ာ္ေသာအခါ ေဈးထိပ္တြင္ အေမ့ရဲ႕သူငယ္ခ်င္း ေဒၚေလးယြန္းဆု၏ ငါးအသားလႊာစားေသာက္ဆိုင္ရွိ၏။ ထိုဆိုင္အေရွ႕ကအျဖတ္တြင္ ေဒၚေလးယြန္းဆု၏ေခၚသံကို ၾကားလိုက္ရသည္။
" ေဂ်ာင္ဂုေရ ဒီကို ခဏဝင္ပါဦး "
ေဂ်ာင္ဂုသည္ ေျပးေနသည္ကို ရပ္လိုက္ကာ လွမ္းၾကည့္လိုက္ေသာအခါ ဆိုင္ေရွ႕တြင္စားပြဲခုံႀကီးခ်၍ စီးပြားေရးေသာင္းက်န္းေနေသာ ေဒၚေလးယြန္းဆုကို ျမင္လိုက္ရသည္။
ၾကည့္ရတာ ငါးအေရခြံေက်ာ္ေတြ ေရာင္းေနျပန္ၿပီထင္ရေသာေၾကာင့္ ေဂ်ာင္ဂုလည္းသြားလိုက္ေလသည္။ အနားေရာက္သည္ႏွင့္ ေဒၚေလးယြန္းဆုက ငါးအေရခြံေၾကာ္ပန္းကန္ထိုးေပးကာ အတင္းျမည္းခိုင္းေတာ့၏။
" ျမည္းၾကည့္ဦး ေဂ်ာင္ဂု။ ဒီမနက္မွ ငါေၾကာ္ထားတာ "
" ျမည္းၿပီးရင္ ဝယ္ရမွာေတာ့မဟုတ္ဘူးမလား ေဒၚေလး။ ကြၽန္ေတာ္ပိုက္ဆံပါမလာဘူးေနာ္ "
" အမယ္ေလး ေဂ်ာင္ဂုရယ္ နင့္ကို ငါက အလကား ေခၚေကြၽးတာပါ "
ထိုအခါမွ ေဂ်ာင္ဂုက ရယ္ကာ ငါးအေရခြံေၾကာ္တစ္ခုကိုယူ၍ အခ်ဥ္ရည္တို႔ၿပီး စျမည္းၾကည့္ပါသည္။
" ဘယ္လိုလဲ ေဂ်ာင္ဂု။ ကြၽတ္ကြၽတ္႐ြ႐ြေလးမလား "
" ေဒၚေလးရဲ႕ ငါးအေရခြံေၾကာ္ကေတာ့ အေကာင္းဆုံးပဲေပါ့။ ဘာေျပာစရာလိုေသးလဲ "
ေဂ်ာင္ဂုက လက္မေလးေထာင္ကာ ခ်ီးက်ဴးၿပီးေနာက္ ကြၽတ္႐ြအီစိမ့္ေသာအရသာေလးေၾကာင့္ မနက္စာမစားရေသးသည့္ အစာအိမ္ေလးသည္ နိုးထလာခဲ့ၿပီး တစ္ခုတည္းႏွင့္ မတင္းတိမ္ဘဲ ဆက္တိုက္ႏွိုက္စားေနမိေတာ့သည္။
" ေဒၚေလးယြန္းဆု ကြၽန္ေတာ္အကုန္ ေနရာခ်ၿပီးၿပီ "
အခ်ိန္ကိုက္ဆိုသလိုပင္ အလြန္ရင္းႏွီးေနေသာအသံကို ၾကားလိုက္ရ၍ ေဂ်ာင္ဂုက ၾကည့္လိုက္ေသာအခါ ဆိုင္ထဲမွထြက္လာသူက ဂင္ထယ္ေဟ်ာင္းမွ ဟုတ္ပါရဲ႕လား။
" မင္းက ဒီမွာဘာလုပ္ေနတာလဲ "
လက္တြင္ ငါးအေရခြံေၾကာ္တစ္ခုကိုင္၍ ထယ္ေဟ်ာင္းကို ထိုအေရခြံေၾကာ္ႀကီးႏွင့္ ထိုးျပကာ ေဂ်ာင္ဂုက အေလာတႀကီးထေမး၏။ ေဂ်ာင္ဂုကိုျမင္ရ၍ ထယ္ေဟ်ာင္းကလည္း အူတူတူပုံစံႏွင့္ၾကည့္ေနေသာေၾကာင့္ ေဒၚေလးယြန္းဆုက ဝင္ေျဖေပးရသည္။
" ထယ္ေဟ်ာင္းက မနက္ပိုင္း လမ္းထေလွ်ာက္တာတဲ့။ ဆိုင္ေရွ႕ေရာက္ေတာ့ ငါးပုံးေတြ မနိုင္မနင္းျဖစ္ေနတဲ့ ငါ့ကို ဝင္ကူေပးတာ ေဂ်ာင္ဂုေရ "
ေဂ်ာင္ဂုသည္ ထယ္ေဟ်ာင္းကို ခ်က္ခ်င္း မသိခ်င္ေယာင္ေဆာင္လိုက္သည္။ အေစာႀကီးထဲက ရည္းစားေဟာင္းမ်က္ႏွာကို ျမင္ေနရျပန္သည့္အတြက္ ေဂ်ာင္ဂု၏တစ္ေန႕တာက ပ်က္စီးစျပဳေနျပန္ပါၿပီ။
႐ုတ္တရက္ႀကီးဆိုသလိုပင္ ပင္လယ္ျပင္အထက္တြင္ မိုးသားမ်ားတက္လာကာ မိုးၿခိမ္းသံတစ္ခုကိုပင္ ဂ်ိမ္းကနဲ ၾကားလိုက္ရေလ၏။
" ဒီေန႕ မိုး႐ြာဦးမွာလား။ မေန႕ညက သတင္းမွာလည္း ဘာမွမၾကားမိပါဘူး "
ေဒၚေလးယြန္းဆုက ေကာင္းကင္ကိုၾကည့္ကာ ေရ႐ြတ္ၿပီး ထယ္ေဟ်ာင္းကိုလည္း သူ႕ရဲ႕ငါးအေရခြံေၾကာ္ကို ျမည္းၾကည့္ဖို႔ ေခၚပါေတာ့သည္။
" ထယ္ေဟ်ာင္း ေရာ့ နင္လည္းျမည္းၾကည့္ဦး "
ေဂ်ာင္ဂုသည္ အခုခ်က္ခ်င္း ထြက္သြားလိုက္ခ်င္ေသာ္လည္း ထယ္ေဟ်ာင္းရဲ႕အျမင္တြင္ သူ႕ကိုေရွာင္ေနသည္ ျဖစ္မွာစိုး၍ အတတ္နိုင္ဆုံး မသိသာေအာင္ ငါးအေရခြံေၾကာ္ကိုသာ ငုံ႕စားေနပါ၏။
ေဒၚေလးယြန္းဆုႏွင့္ ထယ္ေဟ်ာင္းကေတာ့ ေဂ်ာင္ဂု၏ေဘးတြင္ ရယ္ေမာကာ ေရာက္တတ္ရာရာ စကားမ်ားေျပာေနၾကသည္။ ထိုစကားမ်ားကို နားေထာင္၍ ေဂ်ာင္ဂုကသာလွ်င္ တစ္ေယာက္တည္း အလိုမက်ျဖစ္ေနမိပါသည္။
" ဆိုးလ္ကို မလြမ္းဘူးလား ထယ္ေဟ်ာင္း။ ဟိုမွာ ေကာင္မေလးေတြ ဘာေတြ လြမ္းရမယ့္သူေတြ က်န္ေနခဲ့ေသးလား "
" ဟာ ေဒၚေလးကလည္း ဘယ္ကလြမ္းရမယ့္သူ က်န္ေနခဲ့ရမွာလဲ။ ဆိုးလ္မွာ ကြၽန္ေတာ္လြမ္းစရာ တစ္ေယာက္မွမရွိဘူး "
" မျဖစ္နိုင္ပါဘူး ထယ္ေဟ်ာင္းရယ္။ မင္းပုံစံက ရည္းစားေတြမ်ားမယ့္ပုံပါပဲ။ ေကာင္မေလးေတြႀကိဳက္တဲ့ပုံစံမ်ိဳးေလ "
ထိုအခ်ိန္၌ ဂြၽတ္ခနဲျမည္သံသည္ ေဂ်ာင္ဂုမွ ငါးအေရခြံကို လက္ျဖင့္ႏွစ္ပိုင္းပိုင္းလိုက္သည့္ အသံပင္ျဖစ္သည္။ ထယ္ေဟ်ာင္းႏွင့္ ေဒၚေလးယြန္းဆု၏ စကားသံက ခဏရပ္သြားၿပီး ႏွစ္ေယာက္လုံး ေဂ်ာင္ဂုကို လွည့္ၾကည့္ၾကေလသည္။
" ေဂ်ာင္ဂု စားမေကာင္းဘူးလား။ ဘယ္လိုျဖစ္ၿပီး ငါ့အေၾကာ္ေလးေတြကို အစိတ္စိတ္အႁမႊာႁမႊာျဖစ္ေအာင္ လုပ္ေနတာလဲ "
ေဒၚေလးယြန္းဆုေျပာမွ ေဂ်ာင္ဂုလည္း ပန္းကန္ထဲၾကည့္မိသည္။ ပန္းကန္ထဲတြင္ ငါးအေရခြံေၾကာ္မ်ားသည္ ေသးငယ္ေသာအစိတ္အပိုင္းေလးေတြပင္ ျဖစ္ေနေလၿပီ။
" ဒီလိုေသးေသးေလးေတြ ပိုင္းလိုက္ေတာ့ လြယ္လြယ္စားရတာေပါ့ ေဒၚေလးရဲ႕ "
ေဂ်ာင္ဂုက ခပ္ၿပဳံးၿပဳံးႏွင့္ ခပ္ေသးေသးေလးတစ္ပိုင္းကို ေကာက္ယူကာ အခ်ည္ရည္တို႔၍ စားျပ၏။ ထိုအခ်ိန္တြင္ ေဂ်ာင္ဂု၏ႏႈတ္ခမ္းေဘး၌ အခ်ည္ရည္အနီေရာင္ေလးတစ္စက္ရွိေနခဲ့သည္။ ဘယ္အခ်ိန္တည္းက ေပေနခဲ့မွန္းေတာ့မသိေပ။
ထယ္ေဟ်ာင္းသည္ ထိုအရာေလးကိုေတြ႕သည့္အခါ ေဂ်ာင္ဂု၏အနားသို႔ကပ္သြားၿပီး အခ်ဥ္ရည္ေပေနေသာ ႏႈတ္ခမ္းေဘးနားေလးကို သူ႕လက္ျဖင့္ပြတ္ဆြဲကာ သုတ္ေပးလိုက္ေလသည္။
ထိုအျပဳအမူေၾကာင့္ သူတို႔ႏွစ္ေယာက္ေရွ႕တြင္ ရွိေနေသာ ေဒၚေလးယြန္းဆုက မ်က္လုံးျပဴးသြား၏။ ေဒၚေလးထက္ပို၍ မ်က္လုံးျပဴးသြားသူမွာ ေဂ်ာင္ဂုပင္ျဖစ္သည္။
ထယ္ေဟ်ာင္းကေတာ့ သူဘာလုပ္လိုက္မွန္းပင္မသိကာ လက္တြင္ေပသြားေသာ အခ်ည္ရည္ကိုပင္ ႏႈတ္ခမ္းျဖင့္စုပ္လိုက္ေသးသည္။
ၿပီးကာမွ သူ႕ကို အံ့ဩစြာၾကည့္ေနေသာ ေဒၚေလးယြန္းဆုကိုျမင္သည့္အခါ ေခါင္းမ်ားပင္ႏွစ္ဆႀကီးသြားခဲ့ၿပီး ေဂ်ာင္ဂုကို ျပန္ၾကည့္မိ၏။
" ဂင္ထယ္ေဟ်ာင္း! "
ေဂ်ာင္ဂုက ေဒါသတႀကီးျဖင့္ အလန႔္တၾကား ထေအာ္သည္။ သို႔ေသာ္ ေဒါသႀကီးေနတာမဟုတ္ ရွက္သြားတာျဖစ္ေၾကာင္း ေဂ်ာင္ဂုကိုယ္တိုင္သာသိပါလိမ့္မည္။
ထယ္ေဟ်ာင္းကလည္း ဘာလုပ္ရမွန္းမသိစြာ ေၾကာင္ေနၿပီး မ်က္ႏွာမ်ားနီရဲလာေသာ ေဂ်ာင္ဂုေၾကာင့္ ေဒၚေလးယြန္းဆုကသာ ၾကားထဲကေန ျပာျပာသလဲျဖစ္ရေတာ့သည္။
" ထယ္ေဟ်ာင္းကေပေနလို႔ သုတ္ေပးတာပါ ေဂ်ာင္ဂုေရ ... စိတ္ကိုေလွ်ာ့ ... စိတ္ကိုေလွ်ာ့ ေနာ္ "
ေဂ်ာင္ဂုသည္ လက္ထဲမွ ပန္းကန္ကိုခ်ကာ ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္သြား၏။
ထိုျမင္ကြင္းကို ျမင္သြားသူက ေဒၚေလးယြန္းဆုတင္မဟုတ္ဘဲ ေနာက္တစ္ေယာက္ရွိပါေသးသည္။ ဆိုင္ထဲမွ ထြက္လာေသာ ေဒၚေလးယြန္းဆု၏သမီးျဖစ္သည့္ ေဆာဂ်ီဝန္းပင္ျဖစ္၏။
" ေပေနလို႔ သုတ္ေပးတာက ထားပါ။ ဘာလို႔ အဲ့ဒီ့ေပေနတာကို ျပန္ၿပီးစားရတာလဲ ဦးေလးထယ္ေဟ်ာင္း "
အေနာက္မွထြက္လာေသာအသံေၾကာင့္ ထယ္ေဟ်ာင္း လွည့္ၾကည့္လိုက္ေသာအခါ တရားခံကို စစ္ေမးေနသလိုပုံစံႏွင့္ သူ႕ကိုၾကည့္ေနေသာ ဂ်ီဝန္းကို ေတြ႕လိုက္ရသည္။
ထယ္ေဟ်ာင္း နားလည္လိုက္ပါၿပီ။ ဒီမနက္ ျဖစ္ပ်က္ခဲ့သမွ် အေၾကာင္းအရာမ်ားသည္ ရပ္ကြက္ထဲတြင္ ထိပ္တန္းသတင္းျဖစ္ေတာ့မည္ဆိုတာ ေျမႀကီးလက္ခတ္မလြဲပင္။
ေဒၚေလးယြန္းဆုႏွင့္ ဂ်ီဝန္းတို႔သည္ ရပ္ကြက္၏ သတင္းစာမ်ားပင္ ျဖစ္ေသာေၾကာင့္ျဖစ္၏။
ထယ္ေဟ်ာင္းသည္ ထိုသားအမိႏွစ္ေယာက္ကိုသာ ရွက္ကိုးရွက္ကန္းႏွင့္ ရယ္ျပေနရပါေတာ့သည္။
မိုးသားမ်ားသည္ ႐ြာက်ေတာ့မလိုႏွင့္ ထိုၿမိဳ႕ေလးမွ အေဝးဆီသို႔ ထြက္ေျပးသြားၾက၏။ ေကာင္းကင္ႀကီးက တစ္ဖန္ ၾကည္လင္လာခဲ့သည္။ သာယာေသာ ေန႕တစ္ေန႕ပင္ ျဖစ္ခဲ့ပါသည္ ။
( CWJBHN : Jake Scott & Josie Dunne )
_____6.10.2022