TYGW's Mr.Lucky (BL) [Myanmar...

Da Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... Altro

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1

1.6K 336 8
Da Comet222

Zawgyi


Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1


႐ွဳလင္းနဲ႔ယြီဂ်င္လီတို႔တ​ေတြက ကတ္လက္မႈအတတ္ပညာေကာလိပ္ရဲ႕ အဓိကစာသင္ေဆာင္ကို ျဖတ္လာၾကၿပီးေတာ့ အေ႐ွ႕ေျမာက္ ေထာင့္စြန္းနားေလးမွာ႐ွိေနတဲ့ အေဆာက္အအံုငယ္ေလးဆီကို ဦးတည္သြားလိုက္ၾကတယ္။

"ဒီေနရာက ပံုမွန္အားျဖင့္ဆိုရင္ အတန္းေတြနဲ႔ ေလ့က်င့္ေရးေတြဆင္းရတဲ့ ေနရာပဲ။ တစ္ခါတစ္ေလက်ရင္ ေကာလိပ္က သင္ၾကားပို႔ခ်ေပးဖို႔အတြက္ ကတ္လက္မႈပညာသည္ ဆရာသခင္ေတြကိုလည္း စီစဥ္ေပးတတ္တယ္။ အဲ့အခ်ိန္မ်ဳိးမွာဆိုရင္ ဆရာမလည္း တစ္ျခားအတန္းေတြနဲ႔အတူ သင္ခန္းစာပို႔ခ်တာကို နားေထာင္ဖို႔အတြက္ ပရိသတ္ေတြ ထိုင္တဲ့ေနရာမွာ သြားထိုင္ရတယ္။" ႐ွဳလင္းက အေသးစိတ္က်က် မိတ္ဆက္ေပးလိုက္တယ္။

အခုခ်ိန္တြင္ လူတိုင္း အတန္းခ်ိန္ေတြ မၿပီးၾကေသးတာေၾကာင့္ ေက်ာင္းဝင္းက အေတာ္ေလး တိတ္ဆိတ္ၿငိမ္သက္ေနေပမဲ့ အတန္း F တည္႐ွိေနတဲ့ သင္ၾကားေရးအေဆာက္အအံုဆီကို နီးကပ္လာတဲ့အခ်ိန္မွာ ယြီဂ်င္လီတစ္ေယာက္ အရမ္းအသက္ဝင္ တက္ႂကြေနတဲ့ ရယ္ေမာသံေတြနဲ႔ ဆူညံသံမ်ဳိးစံုကို သိသိသာသာ ၾကားလိုက္ရတယ္။

႐ွဳလင္းကဒါကို သူမ မၾကားလိုက္ရသလိုမ်ဳိးကို က်င့္သားရေနၿပီ ျဖစ္ၿပီးေတာ့ သူမယြီဂ်င္လီကို အတန္း F သင္ၾကားေရးအေဆာက္အအံုထဲကို ေခၚေဆာင္သြားလိုက္တယ္။ အေဆာက္အအံု အတြင္းဘက္နဲ႔ အျပင္ဘက္ျခမ္းက ကမာၻႏွစ္ခုလိုမ်ဳိးပါပဲ။ အျပင္ဘက္ျခမ္းက တိတ္ဆိတ္ၿငိမ္သက္ေနသေလာက္ အတြင္းဘက္ျခမ္းကေတာ့ အရမ္းကို သက္ဝင္လႈပ္႐ွားေနတယ္။

ေျပးတိုင္းလိုက္တိုင္း ကစားေနၾကရင္း အခ်င္းခ်င္း စေနာက္ေနၾကတဲ့ လူေတြကို ၾကည့္လိုက္မယ္ဆိုရင္ အတိအက်ကို ေက်ာင္းသားႏွစ္ဆယ္မွ်သာ ႐ွိတယ္ဆိုတာ သိသာေနေပမဲ့လည္း သူတို႔ေတြက ေက်ာင္းသားရာေပါင္းမ်ားစြာ အတူတူ႐ွိေနၾကတယ္ဆိုတဲ့ အေငြ႔အသက္ ေလထုမ်ဳိးကို ျဖစ္ေပၚေနေစတယ္။

ယြီဂ်င္လီက ႐ွဳလင္းအေနာက္နားကေန လိုက္လာခဲ့တယ္။ ေက်ာင္းသားေလးေတြက မ်က္ႏွာသစ္ကို ျမင္ေတြ႔လိုက္ၾကတဲ့အခါမွာ သူတို႔ေတြက မတတ္ႏိုင္ပဲ သိခ်င္စိတ္ေတြ ျဖစ္မိသြားၾကတယ္။ သူတို႔လုပ္ေနၾကတဲ့ အရာေတြကို ေဘးခ်ထားလိုက္ၾကၿပီးေတာ့ ႐ွဳလင္းနဲ႔ ယြီဂ်င္လီတို႔ရဲ႕အေနာက္ကို လိုက္လာခဲ့ၾကတယ္။ မ်က္ႏွာသစ္ေလးက ဘယ္သူလဲဆိုတာကို သူတို႔ေတြ သိခ်င္ေနၾကတာျဖစ္တယ္။

သူတို႔ေတြက ကတ္လက္မႈအတတ္ပညာဆိုင္ရာ ေကာလိပ္ရဲ႕ နာမည္ေက်ာ္ၾကားလွတဲ့ အမႈိက္အတန္း၊ ေကာလိပ္ရဲ႕ပစ္ပယ္ျခင္းကို ခံထားရတဲ့ လူတစ္စုျဖစ္တာေၾကာင့္ ပံုမွန္အားျဖင့္ သူတို႔ဘာေတြပဲလုပ္လုပ္ တစ္ျခားအတန္းေတြအေပၚ သက္ေရာက္မႈမ႐ွိသေရြ႕ ေကာလိပ္ဆရာေတြက ဂ႐ုမစိုက္ၾကပါဘူး။

တစ္ျခားေက်ာင္းသားေတြက ပံုမွန္အားျဖင့္ဆိုရင္ သူတို႔ရဲ႕သင္ၾကားေရးအေဆာက္အအံုကို ေ႐ွာင္႐ွားသြားတတ္ၾကတာေၾကာင့္ မ်က္ႏွာသစ္ေတြ ေပၚလာတာကို ျမင္ရခဲပါတယ္။

"အဲ့လူက ဘယ္သူလဲ? သူဒီကို ဘာလာလုပ္တာလဲ?" ပိန္ပါး႐ွည္သြယ္တဲ့ ေကာင္ေလးတစ္ေယာက္က သိခ်င္စိတ္ျပင္းျပစြာ ေမးလိုက္တယ္။

"အတန္းေဖာ္အသစ္ေလး မျဖစ္ႏိုင္ဘူးလား? Haha အဲ့ဒါက ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ?" တစ္ျခားေကာင္ေလးတစ္ေယာက္က ခန္႔မွန္းလိုက္ေပမဲ့ အလ်င္အျမန္ပဲ သူ႔ဘာသာသူ ျငင္းဆိုခ်က္ထုတ္လိုက္ၿပီးေတာ့ သူ႔ရဲ႕ကိုး႐ိုးကားရားႏိုင္တဲ့ ခန္႔မွန္းခ်က္ကို ဖံုးကြယ္ဖို႔အတြက္ သူ႔ကိုယ္သူ ရယ္ေမာလိုက္မိတယ္။

သူတို႔ေတြက ဒီေနရာက အမႈိက္အတန္းျဖစ္တယ္ဆိုတာနဲ႔ ဘယ္သူ႔မွ သူတို႔ဆီကို လံုးဝလာခ်င္ၾကမွာ မဟုတ္ဘူးဆိုတဲ့ကိစၥကို ထည့္မေျပာေသးနဲ႔အံုး။ ေက်ာင္းစဖြင့္ေနတာကပဲ ႏွစ္လေလာက္႐ွိေနၿပီလို႔ ေျပာလို႔ရတယ္ေလ။ ေက်ာင္းသားေတြကို နာမည္စာရင္း စသြင္းရမဲ့အခ်ိန္မို႔လို႔လား? အေနာက္တံခါးကေန ဝင္လာရမဲ့အခ်ိန္မို႔လို႔လား? ဒီအခ်ိန္မွာမွ ေက်ာင္းသားသစ္ေတြက ဘယ္လိုလုပ္ၿပီးေတာ့ ဝင္လာႏိုင္အံုးမွာမို႔လို႔လဲ?

သို႔ေသာ္လည္း တစ္ဖက္လူကို ၾကည့္ရတာက သူနဲ႔ အသက္အရြယ္ အတူတူေလာက္ပါပဲ။ ၿပီးေတာ့ သူက ဆရာအသစ္နဲ႔လည္း မတူပါဘူး။ အဲ့ဒါေၾကာင့္ ယြီဂ်င္လီရဲ႕အေထာက္အထားပံုစံအမွန္ကို ေက်ာင္းသားေတြက ပိုၿပီးေတာ့ေတာင္ သိခ်င္လာၾကတယ္။

႐ွဳလင္းနဲ႔ ယြီဂ်င္လီတို႔တေတြက အတန္း F ရဲ႕ အဓိကစာသင္ေဆာင္ အခန္းတံခါး႐ွိရာဆီကို လမ္းေလွ်ာက္ဝင္လာၾကတယ္။ ဒီေနရာက အတန္း F ရဲ႕စာသင္ၾကားရာေနရာ ျဖစ္တယ္။ သို႔ေသာ္လည္း စင္ျမင့္ေပၚတြင္ သင္ၾကားခ်က္ေတြကိုေရးေနတဲ့ ဆရာတစ္ေယာက္မွလြဲ၍ အတန္းထဲမွာ လူတစ္ေယာက္မွ ႐ွိမေနပါဘူး။

ယြီဂ်င္လီတစ္ေယာက္ ဗလာက်င္းေနတဲ့ စာသင္ခန္းကို ၾကည့္လိုက္မိရင္း မ်က္ေတာင္တစ္ဖ်တ္ဖ်တ္ ခတ္လိုက္မိတယ္။

ဒါက စာသင္ခန္းလို႔ ဆရာမက ခုနေလးတင္ကမွ ေျပာလိုက္တာ မဟုတ္ဘူးလား? အထဲမွာ ဘာလို႔ အတန္းေဖာ္တစ္ေယာက္မွ ႐ွိမေနရတာလဲ? အခုခ်ိန္က အတန္းတက္ရမဲ့အခ်ိန္ မဟုတ္ဘူးလား? ဒါေပမဲ့ ဆရာက စင္ျမင့္ေပၚမွာ စာသင္ၾကားေနတုန္းေလ?

႐ွဳလင္းတစ္ေယာက္ အတန္း F ရဲ႕ အတန္းထဲမွာ အတန္းသားေတြရဲ႕ သူတို႔ကိစၥကိုသူတို႔ ျပဳလုပ္ေနတတ္တဲ့ အမူအက်င့္ေတြကို က်င့္သားရေနၿပီ ဆိုေသာ္ျငားလည္းပဲ စာသင္ခန္းထဲမွာ လူတစ္ေယာက္မွ ႐ွိမေနတဲ့ အေျခအေနကို သူတို႔ေတြ အမွန္တကယ္ မ်က္ႏွာခ်င္းဆိုင္လိုက္ရတဲ့အခါမွာ သူတို႔ရဲ႕မ်က္ႏွာေတြက ညိွဳးငယ္သြားစျမဲပါပဲ။

". . . အဲ့ဒါက အတန္းသားယြီ" ႐ွဳလင္းတစ္ေယာက္ ယြီဂ်င္လီကို တစ္ခုခု႐ွင္းျပမလို႔ လုပ္ေနဆဲမွာပင္ အေနာက္ကေန သူမကို ေခၚလိုက္ၿပီးေတာ့ သူမစကားသံကို ၾကားဝင္ျဖတ္လိုက္သံကို သူမၾကားလိုက္ရတယ္။

"ဆရာမယြီ သူက ဘယ္သူလဲ? သူက ဒီမွာ ဘာလုပ္ေနတာလဲ?" ႐ွဳလင္းအေနာက္နားကေန လိုက္လာၾကတဲ့ အတန္း F ရဲ႕ေက်ာင္းသားေတြက အခုခ်ိန္မွာေတာ့ ယြီဂ်င္လီကို သိခ်င္စိတ္ျပင္းျပစြာ ၾကည့္ေနၾကတယ္။

လူတိုင္းျပန္လာေနၾကၿပီဆိုတာကို ျမင္လိုက္ရေတာ့ ႐ွဳလင္းတစ္ေယာက္ အလ်င္စလို ေျပာလိုက္တယ္။ "လူတိုင္း ကိုယ့္ထိုင္ခံုဆီ ကိုယ္ျပန္ၾကၿပီးေတာ့ အလုပ္ေကာင္းေကာင္းလုပ္ၾက။ ဒီေန႔မွာ ေက်ာင္းသားသစ္တစ္ေယာက္ ေက်ာင္းလာအပ္တယ္။"

"Wow!" အတန္း F ရဲ႕ေက်ာင္းသားေတြက ဒီစကားလံုးေတြကို ၾကားလိုက္ရေတာ့ ႐ုတ္တရက္ အံ့အားသင့္သြားၾကမိတယ္။

လတ္စသတ္ေတာ့ ဒီေကာင္ေလးက အမွန္တကယ္ကို သူတို႔ရဲ႕အတန္းေဖာ္အသစ္ ျဖစ္ေနတာပဲလား? ေက်ာင္းစဖြင့္ေနတာက ႏွစ္လ႐ွိေနၿပီကို အတန္းေဖာ္အသစ္ေတြက ႐ွိေနေသးတုန္းပဲ။ ေက်ာင္းသားေတြက ခ်က္ခ်င္းဆိုသလို စိတ္လႈပ္႐ွားစြာ ယြီဂ်င္လီကို ၾကည့္ေနၾကရင္း သူတိူ႔ရဲ႕ထိုင္ခံုေတြဆီကို အလ်င္အျမန္ ျပန္သြားလိုက္ၾကတယ္။

ကြက္လပ္ျဖစ္ေနတဲ့ စာသင္ခန္းက ႐ုတ္တရက္ဆိုသလို ေက်ာင္းသားေတြနဲ႔ ျပည့္ႏွက္သြားေတာ့တယ္။

"ဆရာမတို႔ရဲ႕အတန္းက အေတာ္ေလး လြတ္လပ္တယ္ေလ။" ႐ွဳလင္းက ယြီဂ်င္လီကို စိတ္ကသိကေအာက္ျဖစ္စြာနဲ႔ ႐ွင္းျပလိုက္ရတယ္။

အတန္း F ရဲ႕ေက်ာင္းသားေတြက ကတ္လက္မႈအတတ္ပညာရပ္ ပင္ကိုယ္စြမ္းရည္ေတြနဲ႔ ပညာအရည္အခ်င္းေတြမွာ မေကာင္းမြန္ၾကေသာ္ျငားလည္းပဲ သူတို႔မိသားစုေနာက္ခံေတြကေတာ့ တစ္ေယာက္ထက္တစ္ေယာက္ ပိုၿပီးသာလြန္ေကာင္းမြန္ၾကတယ္။ သူတို႔ေတြက ဒီေက်ာင္းသားေတြကို မဆန္႔က်င္ရဲၾကတဲ့ ဆရာမ်ား ျဖစ္ၾကတာေၾကာင့္ သူတို႔ေတြက ပံုမွန္အားျဖင့္ ဆင္ဆင္ျခင္ျခင္ ေနေနၾကရတယ္။

႐ွဳလင္းက သင္ခန္းစာပို႔ခ်ေပးေနတဲ့ဆရာကို ႏႈတ္ဆက္လိုက္ၿပီးေနာက္ ဆရာက ႐ွင္းျပေျပာဆိုေနတာေတြကို ရပ္လိုက္ၿပီး ေဘးနားမွာ မတ္တပ္ရပ္ေနလိုက္ၿပီးေတာ့ စင္ျမင့္ေနရာအမ်ားစုကို ႐ွဳလင္းနဲ႔ ယြီဂ်င္လီတို႔အတြက္ ေနရာခ်န္ထားေပးလိုက္တယ္။

"ေက်ာင္းသားယြီက သူ႔ကိုယ္သူ အားလံုးကို မိတ္ဆက္ေပးပါအံုး။" ႐ွဳလင္းက ယြီဂ်င္လီကို အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

အတန္းေဖာ္ေတြ အမ်ားႀကီးကို မ်က္ႏွာခ်င္းဆိုင္ၿပီး စင္ျမင့္ေပၚမွာ မတ္တပ္ရပ္ရတာက ယြီဂ်င္လီအတြက္ ပထမဦးဆံုးအႀကိမ္ ျဖစ္တာမို႔ သူအနည္းငယ္ စိတ္လႈပ္႐ွား ေၾကာက္ရြံ႕ေနမိတယ္။

"ဟဲလို အားလံုးပဲ မဂၤလာပါ။ ကြၽန္ေတာ့္နာမည္က ယြီဂ်င္လီပါ။" ယြီဂ်င္လီက အတန္းေဖာ္ေတြကို အနည္းငယ္႐ွက္ရြံ႕စြာ ၾကည့္လိုက္မိၿပီးေတာ့ ေနာက္ထပ္ ဘာေျပာရမလဲဆိုတာကို သူ မသိေတာ့တာေၾကာင့္ အကူအညီေတာင္းဖို႔အတြက္ သူ႐ွဳလင္းဘက္ကို လွည့္ၾကည့္လိုက္မိတယ္။

"ေနာက္က်ရင္ ေက်ာင္းသားယြီက ဆရာမတို႔ အတန္း F ရဲ႕အတန္းသားတစ္ေယာက္ ျဖစ္လာမွာ။ အားလံုး တစ္ေယာက္နဲ႔တစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ ေျပာဆိုဆက္ဆံၾကလိမ့္မယ္လို႔ ဆရာမ ေမွ်ာ္လင့္တယ္။ အခ်င္းခ်င္း အျပန္အလွန္ ေလ့လာသင္ယူၾကၿပီးေတာ့ သင္ခန္းစာေတြကိုလည္း အတူတူလုပ္ၾက။ ဟုတ္ၿပီလား။ ေက်ာင္းသားယြီ သားထိုင္ဖို႔ ေနရာတစ္ေနရာ ေရြးလို႔ရၿပီ။" ႐ွဳလင္းက ယြီဂ်င္လီကို ေျပာလိုက္တယ္။

ယြီဂ်င္လီကို အတန္း F ဆီ လံုလံုျခံဳျခံဳ ပို႔ေဆာင္ေပးၿပီးတဲ့ေနာက္မွာ ႐ွဳလင္းရဲ႕တာဝန္က ၿပီးေျမာက္သြားၿပီျဖစ္တယ္။ ေနာက္ထပ္ တစ္စကၠန္႔ေလာက္ေတာင္ ထပ္ရပ္မေနေတာ့ပဲနဲ႔ သူမအတန္း F ဆီကို ေရာက္လာခဲ့တုန္းကလိုမ်ဳိးပဲ အတန္း F ထဲကေန အလ်င္အျမန္ ျပန္ထြက္ခြာသြားေတာ့တယ္။

စာသင္ခန္းက ႀကီးမားၿပီးေတာ့ ေက်ာင္းသားက အေယာက္ႏွစ္ဆယ္သာ ႐ွိတာမို႔ ေနရာေတြ အမ်ားအျပား လြတ္ေနပါတယ္။ ယြီဂ်င္လီက သူစားပြဲခံုတစ္ခုတည္းမွာ အတူတူထိုင္ရတာကို စိတ္မဝင္စားသေရြ႕ သူ႔အႀကိဳက္ဆံုးထိုင္ခံုေနရာကို သူစိတ္ထဲ႐ွိသလို ေရြးခ်ယ္ႏိုင္ပါတယ္။

ယြီဂ်င္လီက စာသင္ခန္းထဲမွာ သူမရင္းႏွီးတဲ့ အတန္းေဖာ္ေတြကို မ်က္ႏွာခ်င္းဆိုင္ေနရတာေၾကာင့္ သူ႔ရဲ႕စိတ္လႈပ္႐ွားထိတ္လန္႔ေနမႈက မတည္ၿငိမ္ႏိုင္ေသးပါဘူး။

အတိတ္ဘဝမွာတုန္းက ဆရာနဲ႔ ဆရာတူအစ္ကိုႀကီးတို႔နဲ႔သာ အတူတူေနထိုင္ခဲ့ဖူးတဲ့ koi ငါးတစ္ေကာင္အေနနဲ႔ သူ႔ကို အိမ္ေမြးငါးေလးတစ္ေကာင္လို႔ ယူဆလို႔ရတယ္။ သူ သူစိမ္းေတြနဲ႔ အတူတူသြားလာခဲတာေၾကာင့္ တစ္ျခားလူေတြနဲ႔ ဘယ္လိုမ်ဳိး ေျပာဆိုဆက္ဆံရမလဲဆိုတာကို သူမသိတာမို႔ အားလံုးနဲ႔ ေဝးကြာတဲ့ေနရာတစ္ခုကို သူေရြးခ်ယ္လိုက္ၿပီးေတာ့ ထိုင္ခ်လိုက္တယ္။

ေက်ာင္းလြယ္အိတ္ကို စားပြဲေအာက္က အံဆြဲထဲမွာ ညင္ညင္သာသာေလး ထည့္လိုက္ၿပီးေနာက္ သူ႔အတြက္ ေ႐ွာင္မုလန္ျပင္ဆင္ေပးထားခဲ့တဲ့ စာသင္ေထာက္ကူပစၥည္းေတြကို ယူထုတ္လိုက္ၿပီးေတာ့ ယြီဂ်င္လီတစ္ေယာက္ စာသင္ၾကားတာကို ေကာင္းေကာင္းမြန္မြန္ လိုက္နားေထာင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီ ျဖစ္တယ္။

သို႔ေသာ္လည္း သူ႔အေတြးေတြက အေတာ္ေလးကို ႏံုအလြန္းေနတယ္ဆိုတာ သိသာပါတယ္။ ဆရာက ဒီကိစၥေၾကာင့္ သူ႔ရဲ႕သင္ခန္းစာေတြကို ပို႔ခ်ေနမႈအေပၚမွာ သက္ေရာက္မႈမ႐ွိေပမဲ့လည္း သူ႔ေဘးပတ္လည္က ေက်ာင္းသားေတြကေတာ့ ေကာင္းေကာင္းလိုက္နားေထာင္ဖို႔ အစီအစဥ္မ႐ွိၾကပါဘူး။ သူတို႔အားလံုးက သူ႔ဆီ ေရာက္လာၾကၿပီးေတာ့ သူ႔ကို အလယ္မွာထားရင္း ဝိုင္းရံလာၾကၿပီး ေမးခြန္းအေျမာက္အမ်ားကို ေမးလာၾကေတာ့တယ္။












Unicode


Chapter(85):အစောပိုင်းကာလ ပထမဆုံး ကျောင်းတက်အတွေ့အကြုံ-1



ရှုလင်းနဲ့ယွီဂျင်လီတို့တ​တွေက ကတ်လက်မှုအတတ်ပညာကောလိပ်ရဲ့ အဓိကစာသင်ဆောင်ကို ဖြတ်လာကြပြီးတော့ အရှေ့မြောက် ထောင့်စွန်းနားလေးမှာရှိနေတဲ့ အဆောက်အအုံငယ်လေးဆီကို ဦးတည်သွားလိုက်ကြတယ်။

"ဒီနေရာက ပုံမှန်အားဖြင့်ဆိုရင် အတန်းတွေနဲ့ လေ့ကျင့်ရေးတွေဆင်းရတဲ့ နေရာပဲ။ တစ်ခါတစ်လေကျရင် ကောလိပ်က သင်ကြားပို့ချပေးဖို့အတွက် ကတ်လက်မှုပညာသည် ဆရာသခင်တွေကိုလည်း စီစဉ်ပေးတတ်တယ်။ အဲ့အချိန်မျိုးမှာဆိုရင် ဆရာမလည်း တစ်ခြားအတန်းတွေနဲ့အတူ သင်ခန်းစာပို့ချတာကို နားထောင်ဖို့အတွက် ပရိသတ်တွေ ထိုင်တဲ့နေရာမှာ သွားထိုင်ရတယ်။" ရှုလင်းက အသေးစိတ်ကျကျ မိတ်ဆက်ပေးလိုက်တယ်။

အခုချိန်တွင် လူတိုင်း အတန်းချိန်တွေ မပြီးကြသေးတာကြောင့် ကျောင်းဝင်းက အတော်လေး တိတ်ဆိတ်ငြိမ်သက်နေပေမဲ့ အတန်း F တည်ရှိနေတဲ့ သင်ကြားရေးအဆောက်အအုံဆီကို နီးကပ်လာတဲ့အချိန်မှာ ယွီဂျင်လီတစ်ယောက် အရမ်းအသက်ဝင် တက်ကြွနေတဲ့ ရယ်မောသံတွေနဲ့ ဆူညံသံမျိုးစုံကို သိသိသာသာ ကြားလိုက်ရတယ်။

ရှုလင်းကဒါကို သူမ မကြားလိုက်ရသလိုမျိုးကို ကျင့်သားရနေပြီ ဖြစ်ပြီးတော့ သူမယွီဂျင်လီကို အတန်း F သင်ကြားရေးအဆောက်အအုံထဲကို ခေါ်ဆောင်သွားလိုက်တယ်။ အဆောက်အအုံ အတွင်းဘက်နဲ့ အပြင်ဘက်ခြမ်းက ကမ္ဘာနှစ်ခုလိုမျိုးပါပဲ။ အပြင်ဘက်ခြမ်းက တိတ်ဆိတ်ငြိမ်သက်နေသလောက် အတွင်းဘက်ခြမ်းကတော့ အရမ်းကို သက်ဝင်လှုပ်ရှားနေတယ်။

ပြေးတိုင်းလိုက်တိုင်း ကစားနေကြရင်း အချင်းချင်း စနောက်နေကြတဲ့ လူတွေကို ကြည့်လိုက်မယ်ဆိုရင် အတိအကျကို ကျောင်းသားနှစ်ဆယ်မျှသာ ရှိတယ်ဆိုတာ သိသာနေပေမဲ့လည်း သူတို့တွေက ကျောင်းသားရာပေါင်းများစွာ အတူတူရှိနေကြတယ်ဆိုတဲ့ အငွေ့အသက် လေထုမျိုးကို ဖြစ်ပေါ်နေစေတယ်။

ယွီဂျင်လီက ရှုလင်းအနောက်နားကနေ လိုက်လာခဲ့တယ်။ ကျောင်းသားလေးတွေက မျက်နှာသစ်ကို မြင်တွေ့လိုက်ကြတဲ့အခါမှာ သူတို့တွေက မတတ်နိုင်ပဲ သိချင်စိတ်တွေ ဖြစ်မိသွားကြတယ်။ သူတို့လုပ်နေကြတဲ့ အရာတွေကို ဘေးချထားလိုက်ကြပြီးတော့ ရှုလင်းနဲ့ ယွီဂျင်လီတို့ရဲ့အနောက်ကို လိုက်လာခဲ့ကြတယ်။ မျက်နှာသစ်လေးက ဘယ်သူလဲဆိုတာကို သူတို့တွေ သိချင်နေကြတာဖြစ်တယ်။

သူတို့တွေက ကတ်လက်မှုအတတ်ပညာဆိုင်ရာ ကောလိပ်ရဲ့ နာမည်ကျော်ကြားလှတဲ့ အမှိုက်အတန်း၊ ကောလိပ်ရဲ့ပစ်ပယ်ခြင်းကို ခံထားရတဲ့ လူတစ်စုဖြစ်တာကြောင့် ပုံမှန်အားဖြင့် သူတို့ဘာတွေပဲလုပ်လုပ် တစ်ခြားအတန်းတွေအပေါ် သက်ရောက်မှုမရှိသရွေ့ ကောလိပ်ဆရာတွေက ဂရုမစိုက်ကြပါဘူး။

တစ်ခြားကျောင်းသားတွေက ပုံမှန်အားဖြင့်ဆိုရင် သူတို့ရဲ့သင်ကြားရေးအဆောက်အအုံကို ရှောင်ရှားသွားတတ်ကြတာကြောင့် မျက်နှာသစ်တွေ ပေါ်လာတာကို မြင်ရခဲပါတယ်။

"အဲ့လူက ဘယ်သူလဲ? သူဒီကို ဘာလာလုပ်တာလဲ?" ပိန်ပါးရှည်သွယ်တဲ့ ကောင်လေးတစ်ယောက်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။

"အတန်းဖော်အသစ်လေး မဖြစ်နိုင်ဘူးလား? Haha အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?" တစ်ခြားကောင်လေးတစ်ယောက်က ခန့်မှန်းလိုက်ပေမဲ့ အလျင်အမြန်ပဲ သူ့ဘာသာသူ ငြင်းဆိုချက်ထုတ်လိုက်ပြီးတော့ သူ့ရဲ့ကိုးရိုးကားရားနိုင်တဲ့ ခန့်မှန်းချက်ကို ဖုံးကွယ်ဖို့အတွက် သူ့ကိုယ်သူ ရယ်မောလိုက်မိတယ်။

သူတို့တွေက ဒီနေရာက အမှိုက်အတန်းဖြစ်တယ်ဆိုတာနဲ့ ဘယ်သူ့မှ သူတို့ဆီကို လုံးဝလာချင်ကြမှာ မဟုတ်ဘူးဆိုတဲ့ကိစ္စကို ထည့်မပြောသေးနဲ့အုံး။ ကျောင်းစဖွင့်နေတာကပဲ နှစ်လလောက်ရှိနေပြီလို့ ပြောလို့ရတယ်လေ။ ကျောင်းသားတွေကို နာမည်စာရင်း စသွင်းရမဲ့အချိန်မို့လို့လား? အနောက်တံခါးကနေ ဝင်လာရမဲ့အချိန်မို့လို့လား? ဒီအချိန်မှာမှ ကျောင်းသားသစ်တွေက ဘယ်လိုလုပ်ပြီးတော့ ဝင်လာနိုင်အုံးမှာမို့လို့လဲ?

သို့သော်လည်း တစ်ဖက်လူကို ကြည့်ရတာက သူနဲ့ အသက်အရွယ် အတူတူလောက်ပါပဲ။ ပြီးတော့ သူက ဆရာအသစ်နဲ့လည်း မတူပါဘူး။ အဲ့ဒါကြောင့် ယွီဂျင်လီရဲ့အထောက်အထားပုံစံအမှန်ကို ကျောင်းသားတွေက ပိုပြီးတော့တောင် သိချင်လာကြတယ်။

ရှုလင်းနဲ့ ယွီဂျင်လီတို့တတွေက အတန်း F ရဲ့ အဓိကစာသင်ဆောင် အခန်းတံခါးရှိရာဆီကို လမ်းလျှောက်ဝင်လာကြတယ်။ ဒီနေရာက အတန်း F ရဲ့စာသင်ကြားရာနေရာ ဖြစ်တယ်။ သို့သော်လည်း စင်မြင့်ပေါ်တွင် သင်ကြားချက်တွေကိုရေးနေတဲ့ ဆရာတစ်ယောက်မှလွဲ၍ အတန်းထဲမှာ လူတစ်ယောက်မှ ရှိမနေပါဘူး။

ယွီဂျင်လီတစ်ယောက် ဗလာကျင်းနေတဲ့ စာသင်ခန်းကို ကြည့်လိုက်မိရင်း မျက်တောင်တစ်ဖျတ်ဖျတ် ခတ်လိုက်မိတယ်။

ဒါက စာသင်ခန်းလို့ ဆရာမက ခုနလေးတင်ကမှ ပြောလိုက်တာ မဟုတ်ဘူးလား? အထဲမှာ ဘာလို့ အတန်းဖော်တစ်ယောက်မှ ရှိမနေရတာလဲ? အခုချိန်က အတန်းတက်ရမဲ့အချိန် မဟုတ်ဘူးလား? ဒါပေမဲ့ ဆရာက စင်မြင့်ပေါ်မှာ စာသင်ကြားနေတုန်းလေ?

ရှုလင်းတစ်ယောက် အတန်း F ရဲ့ အတန်းထဲမှာ အတန်းသားတွေရဲ့ သူတို့ကိစ္စကိုသူတို့ ပြုလုပ်နေတတ်တဲ့ အမူအကျင့်တွေကို ကျင့်သားရနေပြီ ဆိုသော်ငြားလည်းပဲ စာသင်ခန်းထဲမှာ လူတစ်ယောက်မှ ရှိမနေတဲ့ အခြေအနေကို သူတို့တွေ အမှန်တကယ် မျက်နှာချင်းဆိုင်လိုက်ရတဲ့အခါမှာ သူတို့ရဲ့မျက်နှာတွေက ညှိုးငယ်သွားစမြဲပါပဲ။

". . . အဲ့ဒါက အတန်းသားယွီ" ရှုလင်းတစ်ယောက် ယွီဂျင်လီကို တစ်ခုခုရှင်းပြမလို့ လုပ်နေဆဲမှာပင် အနောက်ကနေ သူမကို ခေါ်လိုက်ပြီးတော့ သူမစကားသံကို ကြားဝင်ဖြတ်လိုက်သံကို သူမကြားလိုက်ရတယ်။

"ဆရာမယွီ သူက ဘယ်သူလဲ? သူက ဒီမှာ ဘာလုပ်နေတာလဲ?" ရှုလင်းအနောက်နားကနေ လိုက်လာကြတဲ့ အတန်း F ရဲ့ကျောင်းသားတွေက အခုချိန်မှာတော့ ယွီဂျင်လီကို သိချင်စိတ်ပြင်းပြစွာ ကြည့်နေကြတယ်။

လူတိုင်းပြန်လာနေကြပြီဆိုတာကို မြင်လိုက်ရတော့ ရှုလင်းတစ်ယောက် အလျင်စလို ပြောလိုက်တယ်။ "လူတိုင်း ကိုယ့်ထိုင်ခုံဆီ ကိုယ်ပြန်ကြပြီးတော့ အလုပ်ကောင်းကောင်းလုပ်ကြ။ ဒီနေ့မှာ ကျောင်းသားသစ်တစ်ယောက် ကျောင်းလာအပ်တယ်။"

"Wow!" အတန်း F ရဲ့ကျောင်းသားတွေက ဒီစကားလုံးတွေကို ကြားလိုက်ရတော့ ရုတ်တရက် အံ့အားသင့်သွားကြမိတယ်။

လတ်စသတ်တော့ ဒီကောင်လေးက အမှန်တကယ်ကို သူတို့ရဲ့အတန်းဖော်အသစ် ဖြစ်နေတာပဲလား? ကျောင်းစဖွင့်နေတာက နှစ်လရှိနေပြီကို အတန်းဖော်အသစ်တွေက ရှိနေသေးတုန်းပဲ။ ကျောင်းသားတွေက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာ ယွီဂျင်လီကို ကြည့်နေကြရင်း သူတိူ့ရဲ့ထိုင်ခုံတွေဆီကို အလျင်အမြန် ပြန်သွားလိုက်ကြတယ်။

ကွက်လပ်ဖြစ်နေတဲ့ စာသင်ခန်းက ရုတ်တရက်ဆိုသလို ကျောင်းသားတွေနဲ့ ပြည့်နှက်သွားတော့တယ်။

"ဆရာမတို့ရဲ့အတန်းက အတော်လေး လွတ်လပ်တယ်လေ။" ရှုလင်းက ယွီဂျင်လီကို စိတ်ကသိကအောက်ဖြစ်စွာနဲ့ ရှင်းပြလိုက်ရတယ်။

အတန်း F ရဲ့ကျောင်းသားတွေက ကတ်လက်မှုအတတ်ပညာရပ် ပင်ကိုယ်စွမ်းရည်တွေနဲ့ ပညာအရည်အချင်းတွေမှာ မကောင်းမွန်ကြသော်ငြားလည်းပဲ သူတို့မိသားစုနောက်ခံတွေကတော့ တစ်ယောက်ထက်တစ်ယောက် ပိုပြီးသာလွန်ကောင်းမွန်ကြတယ်။ သူတို့တွေက ဒီကျောင်းသားတွေကို မဆန့်ကျင်ရဲကြတဲ့ ဆရာများ ဖြစ်ကြတာကြောင့် သူတို့တွေက ပုံမှန်အားဖြင့် ဆင်ဆင်ခြင်ခြင် နေနေကြရတယ်။

ရှုလင်းက သင်ခန်းစာပို့ချပေးနေတဲ့ဆရာကို နှုတ်ဆက်လိုက်ပြီးနောက် ဆရာက ရှင်းပြပြောဆိုနေတာတွေကို ရပ်လိုက်ပြီး ဘေးနားမှာ မတ်တပ်ရပ်နေလိုက်ပြီးတော့ စင်မြင့်နေရာအများစုကို ရှုလင်းနဲ့ ယွီဂျင်လီတို့အတွက် နေရာချန်ထားပေးလိုက်တယ်။

"ကျောင်းသားယွီက သူ့ကိုယ်သူ အားလုံးကို မိတ်ဆက်ပေးပါအုံး။" ရှုလင်းက ယွီဂျင်လီကို အပြုံးလေးနဲ့ ပြောလိုက်တယ်။

အတန်းဖော်တွေ အများကြီးကို မျက်နှာချင်းဆိုင်ပြီး စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ရတာက ယွီဂျင်လီအတွက် ပထမဦးဆုံးအကြိမ် ဖြစ်တာမို့ သူအနည်းငယ် စိတ်လှုပ်ရှား ကြောက်ရွံ့နေမိတယ်။

"ဟဲလို အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်နာမည်က ယွီဂျင်လီပါ။" ယွီဂျင်လီက အတန်းဖော်တွေကို အနည်းငယ်ရှက်ရွံ့စွာ ကြည့်လိုက်မိပြီးတော့ နောက်ထပ် ဘာပြောရမလဲဆိုတာကို သူ မသိတော့တာကြောင့် အကူအညီတောင်းဖို့အတွက် သူရှုလင်းဘက်ကို လှည့်ကြည့်လိုက်မိတယ်။

"နောက်ကျရင် ကျောင်းသားယွီက ဆရာမတို့ အတန်း F ရဲ့အတန်းသားတစ်ယောက် ဖြစ်လာမှာ။ အားလုံး တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံကြလိမ့်မယ်လို့ ဆရာမ မျှော်လင့်တယ်။ အချင်းချင်း အပြန်အလှန် လေ့လာသင်ယူကြပြီးတော့ သင်ခန်းစာတွေကိုလည်း အတူတူလုပ်ကြ။ ဟုတ်ပြီလား။ ကျောင်းသားယွီ သားထိုင်ဖို့ နေရာတစ်နေရာ ရွေးလို့ရပြီ။" ရှုလင်းက ယွီဂျင်လီကို ပြောလိုက်တယ်။

ယွီဂျင်လီကို အတန်း F ဆီ လုံလုံခြုံခြုံ ပို့ဆောင်ပေးပြီးတဲ့နောက်မှာ ရှုလင်းရဲ့တာဝန်က ပြီးမြောက်သွားပြီဖြစ်တယ်။ နောက်ထပ် တစ်စက္ကန့်လောက်တောင် ထပ်ရပ်မနေတော့ပဲနဲ့ သူမအတန်း F ဆီကို ရောက်လာခဲ့တုန်းကလိုမျိုးပဲ အတန်း F ထဲကနေ အလျင်အမြန် ပြန်ထွက်ခွာသွားတော့တယ်။

စာသင်ခန်းက ကြီးမားပြီးတော့ ကျောင်းသားက အယောက်နှစ်ဆယ်သာ ရှိတာမို့ နေရာတွေ အများအပြား လွတ်နေပါတယ်။ ယွီဂျင်လီက သူစားပွဲခုံတစ်ခုတည်းမှာ အတူတူထိုင်ရတာကို စိတ်မဝင်စားသရွေ့ သူ့အကြိုက်ဆုံးထိုင်ခုံနေရာကို သူစိတ်ထဲရှိသလို ရွေးချယ်နိုင်ပါတယ်။

ယွီဂျင်လီက စာသင်ခန်းထဲမှာ သူမရင်းနှီးတဲ့ အတန်းဖော်တွေကို မျက်နှာချင်းဆိုင်နေရတာကြောင့် သူ့ရဲ့စိတ်လှုပ်ရှားထိတ်လန့်နေမှုက မတည်ငြိမ်နိုင်သေးပါဘူး။

အတိတ်ဘဝမှာတုန်းက ဆရာနဲ့ ဆရာတူအစ်ကိုကြီးတို့နဲ့သာ အတူတူနေထိုင်ခဲ့ဖူးတဲ့ koi ငါးတစ်ကောင်အနေနဲ့ သူ့ကို အိမ်မွေးငါးလေးတစ်ကောင်လို့ ယူဆလို့ရတယ်။ သူ သူစိမ်းတွေနဲ့ အတူတူသွားလာခဲတာကြောင့် တစ်ခြားလူတွေနဲ့ ဘယ်လိုမျိုး ပြောဆိုဆက်ဆံရမလဲဆိုတာကို သူမသိတာမို့ အားလုံးနဲ့ ဝေးကွာတဲ့နေရာတစ်ခုကို သူရွေးချယ်လိုက်ပြီးတော့ ထိုင်ချလိုက်တယ်။

ကျောင်းလွယ်အိတ်ကို စားပွဲအောက်က အံဆွဲထဲမှာ ညင်ညင်သာသာလေး ထည့်လိုက်ပြီးနောက် သူ့အတွက် ရှောင်မုလန်ပြင်ဆင်ပေးထားခဲ့တဲ့ စာသင်ထောက်ကူပစ္စည်းတွေကို ယူထုတ်လိုက်ပြီးတော့ ယွီဂျင်လီတစ်ယောက် စာသင်ကြားတာကို ကောင်းကောင်းမွန်မွန် လိုက်နားထောင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်။

သို့သော်လည်း သူ့အတွေးတွေက အတော်လေးကို နုံအလွန်းနေတယ်ဆိုတာ သိသာပါတယ်။ ဆရာက ဒီကိစ္စကြောင့် သူ့ရဲ့သင်ခန်းစာတွေကို ပို့ချနေမှုအပေါ်မှာ သက်ရောက်မှုမရှိပေမဲ့လည်း သူ့ဘေးပတ်လည်က ကျောင်းသားတွေကတော့ ကောင်းကောင်းလိုက်နားထောင်ဖို့ အစီအစဉ်မရှိကြပါဘူး။ သူတို့အားလုံးက သူ့ဆီ ရောက်လာကြပြီးတော့ သူ့ကို အလယ်မှာထားရင်း ဝိုင်းရံလာကြပြီး မေးခွန်းအမြောက်အများကို မေးလာကြတော့တယ်။








Continua a leggere

Ti piacerà anche

1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
261K 6.9K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."