မူးဝေနေသောခံစားချက်နဲ့အတူ လေပြေအသိတို့ဟာ ရေးတေးတေး။ မျက်လုံးကိုအားယူဖွင့်မိတော့ စူးရှသောအလင်းရောင်နဲ့အတူ သူ့ကိုငုံ့မိုးကြည့်နေတဲ့အရိပ်တစ်ခု..။
"လေပြေ. လေပြေသတိရလာပြီလား"
"ငါ ဆရာ၀န်သွားခေါ်လိုက်မယ်"
အောင်ကျော်က ဆရာ၀န်သွားခေါရန်ထွက်သွားတော့ မောင်ကလေပြေ့လက်ဖဝါးကိုခပ်ကြာကြာနမ်းရှိုက်နေခဲ့၏။ မောင့်အထိအတွေ့က နွေးထွေးပေမယ့် လေပြေ့ပါးပေါ်မျက်ရည်တစ်စလာထိတွေ့သွားတာမို့..။
"မောင် ငိုနေတာလား"
"အင်း"
လေပြေထထိုင်ဖို့အားယူတော့ မောင်ကအသာတွဲထူပေး၏။ မောင့်မျက်ခမ်းစပ်တွေဟာ ရဲစပ်လို့နေခဲ့သည်။ လေပြေ့ငြင်သာစွာပြုံးရင်း မောင့်ပါးပြင်ကိုသပ်ပေးလိုက်၏။
"ကလေးလေးလား မောင်ရယ်. ဘာလို့ငိုနေရတာလဲ"
"လေပြေ့ကို မောင်ဖက်လို့ရမလား"
မောင်က ပါးစပ်ကခွင့်တောင်းပေမယ့် မောင့်ခေါင်းလေးဟာ လေပြေ့ရင်ခွင်ထဲနေရာ၀င်ယူနေခဲ့ပြီဖြစ်သည်။ ဒီလိုပါဘဲ. မောင်ဟာ လူကောင်ကြီးကြီးနဲ့မလိုက်အောင် တခါတလေ ကလေးလိုတွယ်ကပ်တတ်ပါသည်။
သို့်သော် အိမ်မဟုတ်တဲ့နေရာမှာတွယ်ကပ်ခြင်းမှာ ဒီတကြိမ်သည် ပထမဆုံးဖြစ်လေသည်။ မောင်ဟာ လေပြေ့ထက်ရင့်ကျက်သူ၊ လေပြေ့ကိုကာကွယ်နိုင်စွမ်းရှိတဲ့ယောင်္ကျားတစ်ယောက်အဖြစ်သာ ပတ်၀န်းကျင်က သူ့ကိုအသိအမှတ်ပြုစေလိုသူမဟုတ်ပါလား။
"လေပြေ့ကို မောင်ဆုံးရှုံးရတော့မယ်ထင်တာ"
လေပြေက ခွန်ပြည့်ဆံပင်တွေကို သပ်ပေးနေခဲ့သည်။
"မဆုံးရှုံးရပါဘူးကွယ်. ခု ဒီမှာကြည့် မောင့်ရှေ့မှာငါရှိနေတယ်လေ. ကလေးလေးလို ငိုမနေနဲ့တော့။ အောင်ကျော်ပြန်၀င်လာရင် မောင့်ကိုစနေတော့မှာ မကြောက်ဘူးလား"
ရင်ခွင်ထဲကမောင့်မျက်နှာလေးကိုပင့်ယူရင်း မျက်ရည်စတွေသုတ်ပေးရင်း ချော့နေမိသည်။ ဘာလို့များ ပိုင့်စကားတွေကို နားယောင်ခဲ့မိတာလဲ။ ဒီလောက်နွေးထွေးလုံခြုံတဲ့မောင့်ရင်ခွင်ကျယ်ထဲကပြေးထွက်ဖို့ သူစိတ်လွင့်ပါးစွာဆုံးဖြတ်မိတာလဲ။ လေပြေတွေးရင်းက သူ့ကိုယ်သူအပြစ်တင်လို့မဆုံး..။
မောင်ဟာ မိန်းမတွေနဲ့ရှုပ်ခဲ့တယ်ဆိုရင်တောင်လေပြေ့ကိုဘဲလက်ထပ်ယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုလက်ကိုင်ထားသူ။ လေပြေကရော. လေပြေဟာ မောင့်ကိုချစ်တယ်ဆိုသော်ငြား ပိုင့်စကားတွေတိုင်းမှာယိမ်းနွဲ့ဖို့လွယ်တဲ့ကောင်ငယ်လေးတစ်ယောက်။
တကယ်ဆို ချစ်ခြင်းတွေပြိုင်တဲ့အခါ မောင်ကဘဲနိုင်ရော့မလား.. ဒါမှမဟုတ် ဖောက်ပြားမှုမှာ လေပြေကဘဲ မောင့်ထက်ပိုနေခဲ့တာလား။
"ငါ တောင်းပန်ပါတယ်"
လေပြေ့နှုတ်ခမ်းပါးက ထွက်လာခဲ့တဲ့တုန်ရီတဲ့စကားသံ..။
"ဘာကိုလဲ လေပြေ"
"လူနာသတိရလာပြီလား"
၀င်ရောက်လာသော ဆရာ၀န်ကြီးနဲ့အတူ အောင်ကျော့်ကြောင့် စကားစပျက်သွားရ၏။ မောင်ကတော့ ခုဏကချွဲနေခဲ့တာ သူမဟုတ်သလို သတိအနေအထားဖြင့်တောင့်တောင့်ကြီးရပ်နေခဲ့လျက်။
ဆရာ၀န်ရဲ့မှာကြားချက်တွေနဲ့အတူ လေပြေတစ်စုံတစ်ရာကို သတိရသွားရသည်။
ပိုင်တစ်ယောက်ရော...။
...💜...
လေပြေ့ဆေးရုံတက်နေတဲ့အတောအတွင်း အိမ်နဲ့လေပြေ့အခြေအနေ အတော်အသင့်ပြေလည်ခဲ့ရသည်ဟုဆိုရမည်။ ဆေးရုံကို အဖေရော၊ အမေရော၊ မိသားစုလိုက် လိုက်လာကြသည်။ အဖေကတော့ မောင့်ကိုစကားကောင်းကောင်းပြောပေမယ့် အမေကတော့လိုအပ်တာထပ် ပိုမပြော။ သို့သော် မျက်နှာထားကတော့ ကြည်"လင်"ရှိလာသည်။
မောင်ကလဲ အတတ်နိုင်ဆုံး လိုက်လျောညီထွေဖြစ်အောင်နေဖို့ကြိုးစားနေတာကို တွေ့ရတော့ ကျေးဇူးတင်မိသလို မောင့်ကိုအားလဲနာရသည်။ မောင်ဟာ တစ်မိုးအောက်တစ်ယောက်မာနကြီးလွန်းတဲ့ မောင်ပင်မဟုတ်ပါလား။
"မနက်ဖြန်ကျ လေပြေ့ကိုရင်ခွင်ထဲထည့်ပြီး အိပ်လို့ရပြီကွ. ဒီတစ်ညဘဲ သည်းခံလိုက် ဟေ့ရောင်ရေ"
"ကျေးဇူးတင်ပါတယ် မောင်"
ကုတင်ဘေးကခုံပေါ်အိပ်ဖို့နေရာပြင်နေသောမောင်က လေပြေ့ရဲ့အဆုံးအစမရှိတဲ့စကားကို နားထောင်ရင်း
"ဘာကိုလဲ လေပြေရ"
"ဒီလိုဘဲ.."
"ဒီလိုဘဲလို့ပြောလို့မရတော့ဘူး. ဟိုတစ်နေ့ကလဲ လေပြေသတိရရချင်း မောင့်ကိုတောင်းပန်တယ်ပြောတယ်။ ခုကျ ကျေးဇူးတင်ပါတယ်လုပ်ပြန်ရော.. ဒီတခါတော့ရှင်းအောင်ပြောပြတော့ ကောင်လေး"
"ဟင့်အင်း"
"မရဘူး ပြောရမယ်"
"မောင်"
"အင်း"
"ဒီနေ့ ငါတို့ဒီဆေးရုံရဲ့စည်းမျဥ်းတစ်ခုကို ချိုးဖောက်ကြမလား"
"ဟမ်"
မောင်က မျက်မှောင်ကျုံ့ရင်း လေပြေ့ကိုရယ်ကျဲကျဲကြည့်တော့ လေပြေကမျက်နှာလေးရှုံ့ကာပြုံးရင်း ပုခုံးပင့်ပြမိသည်။
"အဟမ်း ဒါဆို မောင်တံခါးလော့ချဖို့လိုတာပေါ့"
မောင်က တံခါးစီခြေလှမ်းကျယ်ဖြင့်လျှောက်သွားရင်း တံခါးလော့ချပြီး ကြာရှည်စွာလေပြေ့ကိုပြုံးရင်းစိုက်ကြည့်နေပါသည်။ မောင်ဟာလေ.. တကယ့်ကို လေပြေ့အတွက်ရင်ခုန်နှုန်းမြန်ဆန်စေတဲ့လူတစ်ယောက်ဖြစ်နေဆဲဘဲ.. နောင်လဲ ဒီလူဟာ သူ့ကိုဒီလိုဘဲ အပိုင်သိမ်းနိုင်ဦးမှာ။
"မောင်မသိဘူး..လူနာကုတင်ပေါ်က လူနာကို ဒါမျိုးကျူးလွန်ရင်ဘာပြစ်မှုမြောက်တယ်ဆိုတာကို"
"အဲ့တော့ မောင်မသိချင်ဘူးလား"
"မောင် သံတိုင်တွေကြားရောက်သွားရင်ရော.. လေပြေက မောင့်ကို ထမင်းလာပို့မှာမလား"
"ငါတော့ အဲ့ထိ မောင်မရောက်လောက်ဘူးထင်ပါတယ်"
မောင့်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လေပြေ့ရင်ခုန်နှုန်းဟာ တဖြည်းဖြည်းမြန်ဆန်လာလေပင်။ တကယ်ဆို လေပြေဟာ မောင့်ရင်ခွင်ထဲမှေးစက်ချင်ရုံလောက်ဘဲ မောင့်ကိုစိန်ခေါ်ခဲ့တာ..။ ဒါပေမယ့် မောင့်ကို မငြင်းဆန်ချင်ဘူး.. မငြင်းဆန်နိုင်ဘူး။ လေပြေလဲ မောင့်အထိအတွေ့ကို လွမ်းနေခဲ့တာမို့။
ဒေါက်...ဒေါက်။
"ဟာ... ကျစ်"
ဒေါက်.. ဒေါက်။
"လာပြီ. လာပြီ"
မောင်က ဆောင့်ကြီးအောင့်ကြီးတံခါးသွားဖွင့်ပေးစဥ် လေပြေကကုတင်ပေါ်မှာ မောင့်ကိုအသည်းယားစွာပြုံးကြည့်နေမိသည်။
"ဟာ အောင်ကျော်.. ခွေးသား ဒီအချိန်ကြီး -ီးလာလုပ်တာလား"
"ဟဲ.ဟဲ အဲ့လောက်လဲလှိုက်လှိုက်လှဲလှဲမကြိုဆိုပါနဲ့ကွာ.. တံခါးတောင်လော့ချထားမှတော့ နှောင့်ယှက်သလိုဖြစ်သွားမှန်းသိပေမယ့်. အမှန်လဲ လာနှောင့်ယှက်တာပါဘဲ။ ဟား.. ဟား ခွေးမသား မင်းတို့မြိုဖို့လာပို့တာကွ။ လေပြေမေ့နေတုန်းကကျ ညတိုင်းငါလာစောင့်ပေးရင် တိတ်နေပြီးတော့"
"ခုက သတိရနေပြီကွ"
"အေးပါကွ.. ငါလဲမြင်ပါတယ်.. မြင်လို့ တမင်သက်သက်လာတာ။ မင်း လူနာကုတင်ပေါ်က လူနာကိုပါ ဒုက္ခပေးနေမှာစိုးလို့"
"ခွေးသူတောင်းစား"
"တော်ပါတော့ မောင်ရာ.. အကောင်းနဲ့လာပို့တာကို။ ၀င်ခဲ့ အောင်ကျော်.. ဘာတွေလာပို့တာလဲ"
"မင်းအမေပို့ခိုင်းလိုက်တာဘဲ.. မင်းအိမ်ပြန်ရင်လဲ စားလို့ရအောင်ထည့်ပေးလိုက်တယ်ပြောတာဘဲ"
"အေး. အေး ကျေးဇူးဘဲ။ မင်းလဲ မစားရသေးဘူးမလား။ တခါထဲ စားကြမလား"
စားပွဲပေါ်မှာ ဟင်းတွေကအစုံ။ အမေက လေပြေ့အကြိုက် ပုဇွန်ကိုအခွံနွှာကာ အဖြူထည်ကြော်ပေးလိုက်၏။ ငါးဖယ်ကြော်၊ ကြက်သားကြော်နဲ့မျိုးစုံ။ ကြက်မွှကြော်ကိုကြည့်ရင်း လေပြေ့သတိရမိတာပိုင်။ ဒါဟာ အမေ့လက်ရာတွေထဲက ပိုင့်အကြိုက်ဆုံးဟင်း။
လေပြေ ပိုင့်အကြောင်းသိချင်သည်. ပိုင်ဘယ်လိုဖြစ်သွားပြီလဲ။ ပြီးတော့ရော.. ဘယ်နေရာမှာ ဘာတွေလုပ်နေပြီလဲ..။ မောင့်ကို မေးသင့်လား.. ဘယ်သူ့ကိုမေးရမလဲ။ လေပြေ့ရင်ထဲ ရုတ်တရတ်လေးပင်လာသလိုခံစားရ၏.. ထို့နောက် အမြင်တွေဝေ့ဝါးလာရသလို။
"လေပြေ ဘာတွေတွေးနေတာလဲ..စားလေ"
"အင်း မောင် ဒါနဲ့..."
"အင်း.. ဘာပြောမလို့လဲ. ပြောလေ"
"ဟင့်အင်း.. ဘာမှမဟုတ်တော့ပါဘူး"
မောင်က ခေါင်းညိတ်ပြရင်း လေပြေ့ကိုခပ်တွေတွေစိုက်ကြည့်နေ၏. အောင်ကျော်က ခွန်ပြည့်ကိုလှမ်းကြည့်ရင်း အကဲခတ်နေခဲ့သည်။
...💜...
"မောင်က အရူးဘဲသိလား. ဒါတွေဘယ်တုန်းကပြင်ဆင်ထားတာလဲ"
လေပြေက ခွန်ပြည့်ကိုပြေးဖက်ပြီး နံရံမှာစီရီစွာနေရာယူနေတဲ့ဓာတ်ပုံတွေနားပြေးသွား၏။ လေပြေနဲ့ခွန်ပြည့်ရဲ့နှစ်ယောက်တွဲပုံများ။ ရွေတိဂုံဘုရားပေါ်ကပုံ. ကမ်းခြေမှာရေဆော့နေကြတဲ့ပုံတွေ.. ရှမ်းပြည်နယ်ခရီးစဥ်ကပုံတွေ။
ပြီးတော့ ကျောင်းတုန်းကနှုတ်ဆက်ပွဲတုန်းကပုံတွေ. စုံညီပွဲတော်နေ့ကပုံတွေ. လေပြေခုမှသတိထားခဲ့တာ ကျောင်းသားတွေနဲ့အုပ်စုလိုက်ရိုက်ထားတဲ့ပုံတွေမှာလည်း မောင်ဟာ လေပြေနဲ့အနီးဆုံးမှာဖြစ်စေ၊ မလှမ်းမကမ်းမှာဖြစ်စေရှိနေတတ်ခဲ့တာကိုပင်။
လေပြေက ကျောင်းကလိုက်ပို့တဲ့လေ့လာရေးခရီးစဥ်ထဲကမောင့်မျက်နှာလေးကိုအနီးကပ်ကာလက်လေးနဲ့ထိကြည့်နေမိသည်။ ဒီပုံလေးထဲမှာ မောင်ကလေပြေ့နောက်နားမလှမ်းမကမ်းမှာရပ်နေခဲ့ပေမယ့် လေပြေ့ကိုငေးကြည့်နေခဲ့သည်။ ဒီပုံကို ခုမှလေပြေသတိထားကြည့်မိတာလား.. ဒါမှမဟုတ် မြင်ကိုမမြင်ခဲ့ဖူးတာလား။
"ဒီလိုကြည့်တော့ မောင်တို့နှစ်ယောက်အတူရှိနေတာအရမ်းကိုကြာသွားပြီနော်"
မောင်က လေပြေ့အနားကိုကပ်လာကာ နောက်ကနေခါးကိုသိုင်းဖက်ရင်း လေပြေ့ပုခုံးပေါ်မေးတင်လိုက်၏။
လေပြေက ပုံကိုသေချာလျှောက်စိုက်ကြည့်နေရင်း ကျောင်းအုပ်ကြီးရဲ့အနီးဆုံးမှာရပ်နေခဲ့တဲ့ပိုင့်ပုံကိုသွားတွေ့မိ၏။ ပိုင်ဟာတည်ငြိမ်စွာပြုံးရယ်နေခဲ့လျက် မျက်လုံးတို့ဟာ ပကတိတည်ငြိမ်လို့နေခဲ့သည်။
နောက်ဆုံးအကြိမ်မှတွေ့ခဲ့ရတဲ့ပိုင့်မျက်၀န်းတွေကို သတိရမိတော့ မျက်၀န်းတွေကိုမှိတ်ချမိလိုက်သည်။ သူ့ပါးပြင်မှာ ခပ်နွေးနွေးအထိအတွေ့ကို ခံစားရသည်။ သူငိုနေခဲ့မိတာလား. ရင်ထဲမှာ ဆို့နင့်သလိုခံစားလာရသည်။
ပိုင့်ကို.. အရင်က ပကတိအေးဆေးတည်ငြိမ်နေခဲ့တဲ့ပိုင့်ကို သူဖျက်ဆီးခဲ့မိတာ။ ပိုင်နဲ့ပထမဆုံးစတွေ့ချိန်ကို သတိရမိသည်။ အဲ့တုန်းက ပိုင်မျက်၀န်းတွေက သိပ်ကိုရိုးသားခဲ့တာ။
ကျောင်းခန်းရှာမတွေ့လို့ သူ့ကိုလှမ်းမေးခဲ့တဲ့ကောင်လေးက ဒုစရိုက်မှုတစ်ခုကိုလွယ်လွယ်ကျူးလွန်နိုင်တဲ့အထိ သူ့ကိုဒုက္ခပေးနိုင်တဲ့ကောင်လေးဖြစ်ကြောင်း ပိုင်ကြိုသိခဲ့ရင် ပိုင်ဟာလေပြေ့ကိုချစ်မိခဲ့ဦးမှာလား။
သူကရော ပိုင့်ကို ဒီအခြေအနေတွေရောက်တဲ့အထိ ဆွဲချခဲ့မိမှာလား။ လူတစ်ယောက်ရဲ့ဘ၀ကိုဖျက်ဆီးခဲ့မိတဲ့လုပ်ရပ်တစ်ခုချင်းစီက လေပြေ့ရင်ထဲအပြစ်စိတ်တွေကိုတရိပ်ရိပ်၀င်ရောက်လာ၏...။
"လေပြေ့ကို မောင်အရမ်းချစ်တယ်"
မောင်က လေပြေ့ကိုပိုတင်းကြပ်စွာဖက်ရင်းပြော၏.. လေပြေ့မျက်ရည်ဝဲနေရာမှ ပြုံးမိသည်။ သူ့ကိုသိုင်းဖက်ထားတဲ့ မောင့်လက်ဖျံကိုငုံ့နမ်းလိုက်ရင်း
"ငါလဲ မောင့်ကိုသိပ်ချစ်တာဘဲ... မောင် င့ါကိုနာကျင်အောင်လုပ်နေချိန်တွေမှာတောင် ရူးရူးမိုက်မိုက်ဖက်တွယ်ထားခဲ့မိတဲ့အထိပေါ့။ မောင်သိလား. မောင်ငါ့ကိုဥပေက္ခာပြုထားတဲ့အချိန်တွေမှာ ငါဘယ်လောက်၀မ်းနည်းခဲ့ရတယ်ထင်လဲ"
"မောင်တောင်းပန်ပါတယ်.. ဒါပေမယ့် အဲ့တုန်းကမောင်လဲအရမ်းနာကျင်ခဲ့ရတယ်ဆိုတာသိလား။ မောင်ပြောချင်ရာပြောလို့ လေပြေငိုပြီးအိပ်သွားတဲ့အချိန်တိုင်း မောင်တညလုံးအိပ်ပျော်နေတဲ့လေပြေ့မျက်နှာကိုကြည့်ရင်း မိုးလင်းခဲ့ရတဲ့ညတွေအများကြီးဘဲ။ ဒါပေမယ့် အကုန်လုံးမောင်မှားခဲ့တာပါ။ မောင်က ဘာမှမဟုတ်တဲ့မာနကို အရူးလိုဖက်တွယ်ထားခဲ့မိတာ"
မောင်က လေပြေ့ပုခုံးသားကို ခပ်ဖွဖွနမ်း၏.. လေးလံနေတဲ့ မောင့်အသက်ရှုသံလေးဟာ မောင်တကယ်ဘဲနောင်တရနေကြောင်းကို သက်သေထူနေသယောင်။
လေပြေဟာ ပိုင့်အကြောင်းအတွက် မည်မျှစိတ်မကောင်းဖြစ်နေပါစေ. မောင်ဆိုတဲ့ နွေးထွေးတဲ့ရပ်၀န်းလေးထဲရောက်သွားရင် အရာရာကိုမေ့လျော့သွားမိမြဲသာ။ မောင်ဆိုတဲ့ဒီလူဟာ လေပြေ့ကိုဒီလောကထဲကအရာမှန်သမျှဆီက ကာကွယ်ပေးသူဖြစ်သည်။ လေပြေ့အတွက် တသီးတသန့်ကမ္ဘာတစ်ခုလဲဖြစ်သည်။
"အဲ့အစားမောင်က ရှေ့လျှောက်ကိုအများကြီးချစ်ပေးပါ့မယ်... နော် မောင့်အိမ်လေး"
"အင်း. ငါယုံတယ်မောင်.. ပြီးတော့ ငါကလဲ ရှေ့လျှောက်မောင့်ကိုအများကြီးချစ်သွားတော့မှာ။ ဒီကမ္ဘာတစ်ခုလုံးမှာ မောင်တစ်ယောက်ထဲရှိသလိုမျိုးလေ.. အချစ်တွေ အကုန်ပုံပြီးတော့ သိလား"
"ဟုတ်လား.. ဒါဆို ယောက္ခမကြီးကိုသွားပြောဦးမှဘဲ.. ကျွန်တော့်လေပြေက ရှေ့လျှောက်ကျွန်တော်တစ်ယောက်ထဲကိုဘဲချစ်တော့မှာမို့ ယောက္ခမကြီးတို့ကို မိဘအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပြီလို့"
"ကြည့်. မောင် အဲ့တာကြောင့်အမေနဲ့မောင်နဲ့မတည့်တာ"
"ဟား.. ဒီကမ္ဘာမှာ ယောက္ခမနဲ့သမက်နဲ့တည့်တာဘယ်မှာရှိလို့လဲကွာ.. ပြီးတော့ မောင်ကသူတို့သားနုနုထွတ်ထွတ်လေးကို အသက်ပြည့်တာနဲ့အတင်းအဓမ္မတန်းခိုးပြေးလာတဲ့ဘ၀င်ရူးကောင်မဟုတ်ဖူးလား"
မောင်က ကျောင်းတုန်းကလေပြေ့မောင့်ကိုရွဲ့ခေါ်နေကျနာမည်ကို ပြန်ပြောရင်း တဟားဟားရယ်နေပြန်သည်။ မောင့်ရဲ့ရယ်သံဟာ ကိုးတန်းတုန်းက သူနဲ့အကြောမတည့်တဲ့အခါ သူမခံချင်အောင်စပြီးအော်ရယ်ခဲ့တဲ့အသံလို့သစ်လွင်နေဆဲပင်။ မောင်ပြောသလို တကယ်ဘဲ မောင်နဲ့သူဟာ အတူရှိတာအတော်ကြာခဲ့ပြီ။
ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ မရေတွက်နိုင်တဲ့ရန်ပွဲတွေဖြစ်ရင်း စကားနိုင်လုခဲ့ကြသည်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ကြိုးစားခဲ့တာရှိသလို တစ်ယောက်နဲ့တစ်ယောက်နာကျင်အောင်လုပ်ခဲ့ကြတာတွေလဲရှိသည်။ သို့သော် ဘယ်သူကပြန်ဆွဲထားမိတဲ့လက်တွေကြောင့်လဲ သေချာမသိပေမယ့် ဒီချိန်ထိ မောင်နဲ့သူ့ရဲ့တွဲလက်တွေဟာ မြဲနေတုန်း။
သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းဖက်ထားတဲ့မောင့်လက်တွေဟာ တင်းကြပ်နေတုန်း။ မောင့်နားမှာရှိနေရတဲ့ သူ့ရင်ခုန်သံတွေဟာလဲ အရင်လိုအတိုင်းအဆမဲ့ခုန်ပေါက်နေတုန်း။
"ဒါပေမယ့် မောင်က လေပြေ့မိဘတွေနဲ့အဆင်ပြေအောင်ဆက်ကြိုးစားမှာဘဲ.. လေပြေကသာအလိုရှိတယ်ဆိုရင် မောင်ဟာဘာမဆိုလုပ်မှာဘဲ"
"ဟုတ်လား.. ဒါဆို ငါ့ကိုဖက်ထားတာလေးလျော့ပေးပါဦး။ မောင့်မျက်နှာလေးကို သေချာကြည့်ချင်လို့"
ခွန်ပြည့်က တချက်ပြုံးရင်း လေပြေကိုယ်လေးကို သူ့ဘက်သို့ခပ်ဖွဖွဆွဲလှည့်၏.. သို့သော် သေးသိမ်သောခါးလေးကိုတော့ သူ့လက်တွေနဲ့သိမ်းကျူံးဆွဲဖက်ထားမြဲပင်။ လေပြေက ခွန်ပြည့်မျက်နှာကို လက်နှစ်ဖက်ဖြင့်ဖွဖွထိကိုင်ရင်း
"မောင့်ရဲ့အငွေ့အသက်တွေကို ဘယ်လောက်လွမ်းနေမိမှန်းမသိဘူး.. မောင့်အနမ်းတွေကိုရော၊ တင်းတင်းကြပ်ကြပ်ဖက်ထားတတ်တဲ့မောင့်လက်တွေကိုရော ပြီးတော့.."
"ပြီးတော့.. ဆက်ပြောလေ။ အန္တရာယ်ကို တကယ်မကြောက်တတ်တဲ့ကောင်လေးဘဲနော် မောင့်လေပြေလေးက.. ဆေးရုံမှာ မောင့်ဆန္ဒတွေကို မောင်ဘယ်လောက်ထိန်းချုပ်ခဲ့ရလဲသိလား"
လေပြေက အဓိပ္ပယ်ဖော်မရသောအပြုံးကိုပြုံးသည်။ ထိုအပြုံးဟာ ခွန်ပြည့်ရဲ့သွေးတွေကို ပိုဆူပွက်လာအောင်စေစားနိုင်စွမ်းရှိသည်။ လေပြေ့ခါးကိုပိုတင်းကြပ်စွာဖက်လိုက်ရင်း လေပြေ့နှုတ်ခမ်းပါးတွေကို ဦးတည်နမ်းရှိုက်လိုက်သည်။ နူးညံ့ရာမှ တဖြည်းဖြည်းပိုပြင်းရှစွာကြမ်းတမ်းလာရင်း။
အနမ်းတွေကို မရပ်တန့်စေဘဲ ခွန်ပြည့် လေပြေ့ကိုကောက်ပွေ့ချီလိုက်၏။ ကုတင်ပေါ်ကို လေပြေ့ကိုညင်သာစွာလှဲချလိုက်ရင်း
"ဆေးရုံဆင်းစလူနာကို မောင်ကြမ်းခဲ့မိရင် ခွင့်လွှတ်မယ်မလား"
"ဟက်. မောင်ကအရူးဘဲ"
လေပြေက မောင့်နှာတံကိုဖွဖွနမ်းရင်း ခပ်သောသောလေးရီသည်။ လေပြေ့ပြောသမျှစကားသံနဲ့ လုပ်သမျှအမူအရာတို့သည် ခွန်ပြည့်ရဲ့အသိစိတ်တွေကိုပျောက်ကွယ်သွားစေတယ်လို့တောင်ထင်ရသည်။
"ပြုစားတဲ့လူက စွမ်းနေရင် မောင်ကရူးရုံကလွဲ ဘာတတ်နိုင်မှာလဲ"
"ဒီလိုဆို မောင်အမြဲရူးနေရတော့မှာဘဲ"
"မောင်ကလဲ ရူးဖို့အသင့်ပါဘဲ"
ခွန်ပြည့်ရဲ့အမှတ်အသားတစ်ခု လေပြေ့လည်တိုင်ပေါ်တွင် နေရာယူသွားသည်။ လေပြေ့ရဲ့ ညည်းသံသဲ့သဲ့ဟာ အခန်းထဲတွင်ခပ်ဖြည်းဖြည်းလေးထွက်ပေါ်လာသည်။ ဒီညဟာ သူတို့ရဲ့ချစ်ခြင်းကို ပြင်းရှစွာပုံဖော်သောပြယုပ်တစ်ခုလည်းဖြစ်ပေသည်။
အကြာကြီးပြစ်ထားမိသလိုဖြစ်သွားရင်တောင်းပန်ပါတယ် ငယ်လေးတို့ရေ။ ပြစ်ထားချင်တာမဟုတ်ပေမဲ့ တကယ်အလုပ်မအားလို့ပါနော်။ နောက်ကျ ဒီလောက်မကြာအောင်ကြိုးစားပါ့မယ်ငယ်လေးတို့ရေ။ အားလုံးဘေးကင်းလုံခြုံကြပါစေနော်။
#Unicode
"မောင် ငိုနေတာလား"
"အင်း"
"ငါ တောင်းပန်ပါတယ်"
"ဘာကိုလဲ လေပြေ"
"လူနာသတိရလာပြီလား"
ပိုင်တစ်ယောက်ရော...။
...💜...
"ဘာကိုလဲ လေပြေရ"
"ဒီလိုဘဲ.."
"ဟင့်အင်း"
"မရဘူး ပြောရမယ်"
"မောင်"
"အင်း"
"ဟမ်"
ဒေါက်...ဒေါက်။
"ဟာ... ကျစ်"
ဒေါက်.. ဒေါက်။
"လာပြီ. လာပြီ"
"ခုက သတိရနေပြီကွ"
"ခွေးသူတောင်းစား"
"အင်း မောင် ဒါနဲ့..."
...💜...