ကြည်ပြာရောင်နေ့စွဲများ

By Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... More

ရက်စွဲ (၁)
ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ(၄)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၉)
ရက်စွဲ (၁၀)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ(၁၅)
ရက်စွဲ (၁၆)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ (၈)

536 70 6
By Suekyalaung

ဇန်နဝါရီ ဆောင်းဟာ နမ္မတီး အနီးတစ်ဝိုက် မိုးကောင်း၊ဟိုပင်၊ တို့မှာ ပိုအေးနေသလိုခံစားရမိပါသည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်တို့ကုန်လွန်ပြီး ဇန်နဝါရီ လသို့ကူးပြောင်းခဲ့သည့်အလျောက် ဒုတိယ နှစ်ဝက် စာမေးပွဲ အမှတ်စာရင်း တို့လဲ ထွက်ပေါ် ခဲ့သည်။ စူးကျယ်အောင် နှင့်အဒီးတို့အမှတ်စာရင်းများမှာ ထိပ်ဆုံးကျောင်းသားအဖြစ် ကိုယ်စားမပြုနိုင်သည့်တိုင် အလယ်လတ် ကျောင်းသားထက်မကတော့ဖြစ်ခဲ့ရပါသည်။ သူတို့နှစ်ယောက်လုံး သေချာ ပိုင်နိုင်စွာ တွက်ချက်ထားမိလိုက်ကြသည်။ ဒီနှစ်ကို နှစ်ယောက်လုံးနှစ်ချင်းပေါက်အောင်လိမ့်မည်ပေါ့။ မနက်စောစော စူးကျယ်အောင်တစ်ယောက် စျေးထဲ ရောက်နေခဲ့သည်။ အပါကြီးမပါပါ။ အပါကြီး မှာလိုက်သည်များကို စျေးထဲ လှည့်ပတ်ဝယ်လိုက်သည်။ ဘာတွေပါပြီလဲ။ စုံပြီလား။ တစ်ချက်ပြန်စစ်ကြည့်လိုက်သည်။ အများစားကြီးတော့မဟုတ်ပါ၊ ဖတ်ဖယ်ရွယ်က နှစ်စည်း၊ ငါသေးလေး တစ်ထုပ်၊ ကလပ်ဆိုင် ၃စည်း(တစ်ခြားဒေသတွေမှာတော့ ကန့်လန့်ဆိုင်(သို့) ကိုက်လန်ဟုခေါ်သည်) ၊ငရုတ်ကောင်းမှုန့်တစ်ဗူး၊ ကြာညိုတစ်ပုလင်း(ပဲငံပြာရည်ဟုလဲခေါ်သေးသည်)။
ဒီနေ့တော့ စူးကျယ်အောင်အကြိုက် ငါးသေးသေးလေးတွေကို ဖတ်ဖယ်ရွက်အုပ်ကာ အပါကြီးချက်ပေတော့မည်။ အရင်ကတော့ ဖတ်ဖယ်ရွက် ကိုဝယ်စရာမလိုပါ ။စူးကျယ်အောင်တို့ ခြံထဲတွင် တစ်ပိုင်တစ်နိုင် စားလောက်ရုံ စိုက်ပျိုးထားတာရှိပါသည်။ တစ်မြန်နေ့ကမှ ကြက်တွေ လာဆိတ်သွားလို့ ဝယ်လိုက်ရခြင်းဖြစ်သည်။ ဒီဒေသမှာက အိမ်တိုင်းလိုလို မုန်ညှင်း၊ဂေါ်ဖီ၊ ပဲသီး၊ ကန်စွန်းရွက်၊ အစရှိသဖြင့် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်လဲ မုန်ညှင်း တစ်စည်းမှ မြန်မာငွေ ၁၀၀/၁၅၀ သာ ပေး၍ လတ်လတ်ဆတ်ဆတ်စားရနိုင်သည်။ စျေးကအပြန် မေပ ဆိုင်မှာ ထုံးစံအတိုင်း တို့ဟူးပျော့ စားဖို့ ဝင်ထိုင်လိုက်သည်။ ဆန်စီး၊ ခေါက်ဆွဲ၊ တို့ဟူးပျော့ရသည်။ တို့ဟူးပျော့ကိုမှ ခေါက်ဆွဲနှင့်စားမလား ခေါပုပ်ကင်နှင့်စားမလား ရှိသေးသည်။ ခေါပုပ်ပြားလေးတွေကို မီးသွေးမီးဖိုထက် ကင်၍ တို့ဟူးပျော့နှင့် ရောထည့်ကာ ကြာညို များများလေး ဆမ်း၍ စားရသည်မှာ အာခံတွင်းထဲ ဆိမ့်ဝင်သွားပေသည်။ ပန်းကန် ပြောင်ကုန်စင်သည်အထိ ပင် စားလိုက်သည်။ထို့နောက်တော့ စျေးထဲက ဝယ်ခြမ်းလာတဲ့ စားစရာ ထည့်ထားတဲ့ ပလိုင်းလေး လွယ်လို့ အိမ်ပြန်ခဲ့တော့သည်။ ဆောင်းကတော့ အေးဆဲ၊ နေကလဲ ဆောင်းကိုကြောက်၍ ထွက်မလာရဲ။

"သားလေး၊ အောက်မှာ ပဲသီးနည်းနည်း သွားကောက်ခဲ့ပေးအုန်း၊ အရည်သောက်လုပ်ဖို့မရှိဘူး"
"ရေခဲသေတ္တာထဲ ငါးခုတ်သားရှိသေးတယ်မလား အဲ့တာ နဲ့ ပဲသီးနဲ့ လုပ်မှာလားအပါကြီး"
"အဲ့လိုစားချင်လို့လား၊လုပ်ပေးမယ်လေ"
"အော့်"
ဒီဘက်ဒေသမှာတော့ အပင်မှ သီးနှံ ကို ခူးဆွတ်သည့်အခါ ကောက် ဟုဘဲ သုံးကြသည်။
ခဏကြာတော့ စူးကျယ်အောင် ထမင်းချိုင့် ပြင်ဆင်ပြီးသွားသည်။ သည်နေ့တော့ကျောင်းသွားရာ လမ်းမှာ စူးကျယ်အောင်နှင့် နှင်းမြူများသာ ရှိပေလိမ့်မည်။ အဒီး ခွင့်နှစ်ရက် ယူထားသည်လေ။ အဒီးတို့မိသားစုလိုက် ရန်ကုန်ကို သူတို့မိသားစုရေးရာ ကိစ္စတစ်ခုကြောင့်ထွက်သွားခဲ့ခြင်းဖြစ်သည်။ မနက်ဖန်တော့ ပြန်လာလောက်မယ်ထင်ပါတယ်။ သည်နေ့ကျောင်းမှာ စူးကျယ်အောင်ကျောင်းစာထဲ စိတ်မပါ ပါ။ အရင်လိုဘေးကနေ တွတ်ထိုးမယ့် လူမရှိတော့လို့လား၊ ဒါမှ မဟုတ် အမေ့ကိစ္စကလဲ ခုရက်တွေ မှာ အတော်လေး စိတ်ဖိစီးရစေလို့လား၊ဒါမှ မဟုတ် အရင်ဖြစ်နေကျအတိုင်း စိတ်မရွှင်ပျော်လို့လား။ မသိတော့ပါဘူးလေ၊၊ ကျောင်းမှာလဲ မြန်မာစာ ဆရာမက မီးဖွားခွင့်ယူထားသဖြင့် အခြားကျောင်းမှ ဆရာမ တစ်ဦးက အစားထိုးဝင်နေရသည်။ နေ့လယ် ထမင်းစားချိန်ကျောင်းဆင်းတော့ မနက်က အပါကြီးလက်ရာ တွေစားပြီးတာတောင် မတင်းတိမ်နိုင်သေးလို့ ကျောင်းမုန့်စျေးတန်းဖက်ထွက်လာခဲ့သည်။ ကျောင်းမုန့်စျေးတန်းကို ဆရာမ များနားနေခန်းဘေးကို ဖြတ်သွားရသဖြင့်
"စူးကျယ်အောင်"
သူတစ်ချက်တုံ့သွားသည်။
"မင့် ၊ဘယ်လဲ၊မုန့်စျေးတန်းလား"
"ဟုတ်ကဲ့ဆရာမ"
"ဆရာမကိုလေ ၊သရက်ပြား နဲ့ နေကြာစေ့လေး ဝယ်ခဲ့ပေးပါလား ဒီမှာ ပိုက်ဆံ"
"ဟုတ်ကဲ့"
မုန့်စျေးတန်း မှာ ဆရာမ အသစ်မှာလိုက်သည့် သရက်ပြားရှာနေချိန်ဖြစ်သည်။ဆရာမ အသစ်ကလည်းအခြားကျောင်းသားများကိုတော့ သေချာ မှတ်မိပုံမရ။စူးကျယ်အောင်ကိုတော့ မှတ်မိသည်။ အင်းပေါ့လေ စူးကျယ်အောင်ပုံစံကလဲ တစ်ခြားသူတွေထက်အတော်လေးကိုမှ တမူကွဲထွက်သည်ကိုး။ စူးကျယ်အောင်က ဘယ်လိုရေစက် နဲ့အထုံပါရမီလဲတော့မသိပါဘူးလေ။ သူ့အတင်းကို နောက်မှ ပြောနေသည်ကို သူကြားနေရသည်။

"ဟဲ့၊ သူက ချောတာကြီးရော်ဟေ့"
"အမလေး၊ အဲ့လောက်လဲ မဟုတ်ပါဘူးမောင်၊သူက နည်းနည်းလေး ကြည့်ကောင်းရုံနဲ့ မာနကြီးနေတာ"
"သူ့အခန်းထဲမှာလဲ ဘယ်သူနဲ့မှ စကားမပြောဘူး"
တစ်ယောက်မှ ကြားဖြတ်ဝင်၍
"အလား နင်တို့တွေကလည်း အဲ့လောက်တော့မပြောစားပေးကြပါနဲ့ ငါ့အိုပါးက ခပ်ချေချေလေးနေတတ်တာပါဟယ်"
"ဟဲ့ချေတာ မဟုတ်ဘူး ၊သူက သူ့အဒီးကလွဲလို့ ဘယ်သူမှ အပေါင်းသင်းလုပ်တာမဟုတ်ဘူးရယ်"
သူဆက်မနားထောင်ချင်တော့ပါ။ဒီလိုကြားရခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်သလို ဒုတိယ အကြိမ်လဲ မဟုတ်ပြန်ပါ။ကြိမ်ဖန်များစွာဖြစ်ပေသည်။ စူးကျယ်အောင် ဂရုမစိုက်ပါ။ မည်သူ့ကိုမျှဂရုမစိုက်ပါ။ပြောချင်သူတွေပြောချင်သလိုပြောကြပါကုန်လော့ ဟု ခံယူထားသည်။ အင်းလေ သူ့လုပ်ပုံကလဲ သူများပြောရင်လဲ ပြောချင်စရာကိုး။ ခုကျမှ ဒီသရက်သီး ဆိုင်ကလည်း လူတွေ လာတန်းစီနေပြီး တိုးနေရတယ်။စောစောက တစ်ယောက်ကဆက်၍
"ဟဲ့ သူနဲ့ ပေါင်းတဲ့ အဒီးဆိုတဲ့တစ်ယောက်လဲ အမိုက်စားပါနော် သူ့ထက်တောင်မိုက်သေးတယ် ငါတော့ ကြိုက်လိုက်တာ နှစ်ယောက်လုံးကို"
"အလား မိန်းမ နင်သိပ်ကိုယွ ၊ တော်ကြာနေ ဟိုက နှစ်ယောက်က ကြိတ်ပုန်း တွဲနေတယ်ဆိုမှ နင်ရှမယ်"
"အေးဟဲ့ဖြစ်နိုင်တယ်နော်၊xxxxxxxxxxxx"
သရက်သီးသာ ဝယ်၍ပြီးသွားသည် ။ သူတို့ခမျာ အတင်းဆက်လက်တုပ်ကောင်းဆဲ။ အလား မိန်းမတွေများ မလွယ်ပါလားနော်၊
"ဆရာမ"
"အော် အေး၊ကျေးဇူးနော် သား"
"ဟုတ်ဆရာမ"
"ဒါနဲ့လေ သားဘေးက ထိုင်တဲ့တစ်ယောက် ဘယ်သူ၊ဆရာမ နာမည်မေ့နေလို့"
"ယော်ဆောင်ဒီးပါဆရာမ"
"အေး၊ သူကျောင်းမလာတာ ၂/၃ရက်ရှိနေပြီရော်"
"သူ ခွင့်တိုင်ထားတယ်ဆရာမ ၊သူတို့ဖေနဲ့ မေနဲ့ ရန်ကုန်ကို သွားကြလို့"
"အော် သားတို့က ညီကို ဝမ်းကွဲတွေလား"
"ဗျာ"
"မဟုတ်ပါဘူး၊အိမ်နီးနားချင်းတွေပါ"
"အော် ၊ဆရာမက သားတို့နှစ်ယောက်အရမ်း တွဲနေတာ သတိထားမိလို့"
ဆရာမကလည်း စူးကျယ်အောင်နာမည်ကျတော့ မှတ်မိတယ် ။ အဒီးနာမည်ကျ မမှတ်မိဘူး။ အတော်ကောင်းတဲ့ဆရာမ။

ဟုတ်ပါတယ်၊ စူးကျယ်အောင်နဲ့ အဒီးဆိုရင် အကုန်လုံးက တပူးပူး တတွဲတွဲ မြင်ကြပါတယ် ၊ အဓိက အကြောင်းရင်းကတော့ စူးကျယ်အောင်ကြောင့်ပါ။ စူးကျယ်အောင် က ဘယ်သူနဲ့မှ မတွဲဘဲ အဒီးတစ်ယောက်တည်းနဲ့ တွဲတာက တစ်ကြောင်း၊ နှစ်ယောက်လုံးက ခပ်ချောချောလေးတွေ ဖြစ်နေတာကတစ်ကြောင်း၊ သည်အချက်တွေကြောင့်ဘဲ လို့ထင်မိပါတယ်။

ရန်ကုန်ရဲ့ ဇန်နဝါရီလဟာတော့ နမ္မတီး နဲ့ ဆန့်ကျင်ဘက်ပါဘဲ။ နမ္မတီးမှာ ဆို ခုလို ည၈နာရီ ဆိုရင် မီးပုံဘေး ခေါပုပ်ကင်စားကြ၊ ရေနွေးသောက်ကြ၊ မိသားစု အပေါင်းသင်းတွေ ဝိုင်းဖွဲ့ကြ နှင့် ဆောင်းရာသီကို ဆောင်းပီသခွင့်ပေးကြသည်။ ရန်ကုန်မှာတော့ ပူအိုက်လိုက်တာ ဆိုတာလေ။ ပြီးတော့ မီးပုံတွေ ဖို ပြီး ခေါပုပ်ကင်စားဖို့နေနေသာ တိုက်အပေါ်မှ တိုက်အောက်သို့ပင် ဆင်းဖို့အဆင်မပြေ။ လူတွေများပြားတာရယ် ၊ နေရာလွတ်မရှိတာရယ် ကားသံတွေ ဆူညံတာရယ် လေကလဲ မတိုက်၊ နှင်းကတော့ ဝေလာဝေး၊
"ဟင်း"
အဒီးတစ်ယောက် အခန်းပြတင်းပေါက်မှ လမ်းမထက်သို့ငေးကြည့်ရင်းသက်ပြင်းသာ ချမိပါသည်။ နမ္မတီးကို လွမ်းလိုက်တာ။ ခုချိန်ဆို စူးကျယ်အောင် တို့သားအဖ တွေ မီးဖိုဘေး လှုံနေကြပြီလား၊ ဒါမှ မဟုတ် အိပ်ခန်းထဲ စောင် ၂ထပ်၃ထပ်ခြုံပြီး စာလုပ်နေလေမလား၊ လက်ဖက်ရည် ပူပူလေးတစ်ခွက်နဲ့။ နှင်းတွေ ပိတ်နေလို့ လမ်းက ဆိုင်ကယ်မီးရောင်ရော ရှိသေးလား၊ ရေကန် ထဲက ရေတွေရော အငွေ့ပြန်နေပြီလား၊ အို အတွေးပေါင်းစုံပါဘဲ ။ အဒီးတစ်ယောက် နားထဲမှ ဆူညံသံတွေရောက်နေရုံသာမက ၊ ဦးနှောက်ထဲမှာပါလွမ်းစိတ်တွေ ပြည့်နှက်နေလေသည်။ ဒါတောင် သူ ရန်ကုန်မှာ လာနေတာ ၃ရက်တည်းရှိသေးသည်။ အင်း မနက်ဖန်တော့ ပြန်ရတော့မှာပါလေ။ စူးကျယ်အောင်တော့ ငါ့ကို စာတွေ သေချာလေး ကူးထားပေးကောင်းပါရဲ့။

နမ္မတီးဆောင်းဟာတော့ ဗိုလ်နေမြဲ ကျားနေမြဲ ပင်။ နမ္မတီးမြို့လေးဟာ တောင်ကြီးတို့ကလောတို့လို ပေထောင်ချီအထက်မှာ ရှိမနေပါ။ မြန်မာပြည် အထက်ပိုင်းဖြစ်သော်လည်း ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေသာရှိပါသည်။ သို့သော်လည်း စက်ရုံအများစားမရှိ(ရှိခဲ့ဖူးသောတစ်ရုံတည်းသောသကြားစက်လေးလည်းခုဆို ပိတ်ထားတာကြာပြီ) ၊ ကား၊ဆိုင်ကယ် ၊လူနေအိမ်မထူထပ် ၊ ဘေးပတ်ပတ်လည်မှာလည်း အရမ်း မမြင့်သော တောင်များကပတ်ချာလည်ဝန်းရံထားသောကြောင့် မြစ်ကြီးနား၊ မိုးကောင်း၊ စသည် အနီးနားက မြို့များထက်ပင် ပို၍ အေးနေတတ်ပါသည်။ အဒီး ထင်ထားသလို ပါပဲ ။ စူးကျယ်အောင်တစ်ယောက် စောင်ပုံထဲ မှာရောက်နေပါပြီ ။ အဒီးတွက်လဲ ကူးထားသင့်သည့်စာများကို ကူးထားပေးပြီးဖြစ်သည်။ ယခုလဲ စာကြည့်စားပွဲမှာ ရောက်နေသည်။ သူလဲ အဒီးကိုသတိရနေမိပါသည်။ အဒီးသည် သူ့အပေါ် အကိုတစ်ယောက်သဖွယ်၊ သူငယ်ချင်းကောင်းတစ်ယောက်သဖွယ်ရှိလှသည်ဟု မြင်မိပါသည်။ ပြီးတော့ အဒီးသည် သူ့ကို အစစ အရာရာ ဦးစားပေးသည် ။ အရှုံးပေးသည်ဟုလဲ သူ ခံစားမိပါသည်။ သို့သော် သူအဒီးပေါ် အနိုင်မယူချင်ပါ။ ဒါပေမယ့် အဒီး ဦးစားပေးတဲ့အခါမှာတော့ ပျော်မိသည်မှာ အမှန်ပါ။ သူ စိတ်ကူးနေမိသည်။ သူတို့ နှစ်ယောက်ဆယ်တန်းအောင်လျှင် ရန်ကုန်သို့ကျောင်းသွားတက်ကြမည်။ ကျောင်းပြီးလျှင် ရန်ကုန်မှာဘဲ အလုပ်လုပ်ကာ မိဘတွေကို ရန်ကုန်သို့ခေါ်ကြလိမ့်မည်။
"တီ....တီ.....တီ....."
ညဆယ်နာရီထိုး၍ ဆေးသောက်ရန် နာရီမှ အသံမြည်လာခြင်းဖြစ်သည်။
"သားလေး ၊ဆေးသောက်ဖို့"
"ဟုတ်"
ဖအေ ဖြစ်သူ တစ်ဖက်အခန်းမှ ထပ်မံ သတိပေးလိုက်သည်။
အသင့်ထားရှိသော ဆေးဗူးထဲမှ ဆေးတစ်တောင့်အားယူကာ ရေနှင့်မျှောချလိုက်သည်။စူးကျယ်အောင် သည်ဆေးကို ခုလို ညစဉ် ဆယ်နာရီညတိုင်း သောက်နေကျဖြစ်သည်မှာ အချိန်ကာလ အတော်ကြာမြင့်နေပြီ ဖြစ်သည်။
ဆောင်းသည် တုန်နေအောင်အေးလျက်။ မြူသည် ဝါးနေအောင် ဝေလျက်။ ညသည် လိပ်ပြာတောင်ပံခတ်သံလေးပင်မကြားရအောင် တိတ်လျက်။ နှစ်ယောက်လုံးဟာလဲ မိုင် ထောင်ချီဝေးလျက်၊ သို့သော် နှစ်ယောက်လုံးဟာ ရင်ဘတ်ချင်း နီးလျက် ၊တစ်ယောက်ရဲ့ ရင်ဘတ်ကတော့ သူငယ်ချင်း ရင်ဘတ် ၊ တစ်ယောက်ရင်ဘတ်မှာတော့ သူငယ်ချင်းထက်ပိုသော အမည် မတပ်နိုင်သေးသော ရင်ဘတ် ဖြစ်ပေသည်။မနက်ဖန်တော့ အဒီးပြန်လာကောင်းပါရဲ့။

Continue Reading

You'll Also Like

740K 35.1K 58
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
28.8M 914K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
2.1M 109K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
742K 24.8K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...