You Are My Necessity

By _wangmochi_

10.7K 765 16

start date - 3. 7. 2022 end date - More

အာလူးခဏဖုတ်ပါမယ်
1
2
3
4
5
6
7

8

971 72 9
By _wangmochi_

Unicode

ကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ပျော်ဖို့ကောင်းတဲ့နွေရာသီလဲ ကုန်လွန်ခဲ့ပြန်ပြီ။ နေရာအသစ်မှာ ရှောင်းကျန့်အဆင်ပြေရဲ့လားလဲ ဝမ်ရိပေါ်မှာ တွေးပူရပါသေးတယ်။

သူကတော့ပုံမှန်ပဲကျောင်းကိုသွားတယ်။ ဘေးမှာအတူသွားနေကျ ရှောင်းကျန့်ကတော့ မပါဘူး။ ရှောင်းကျန့်လက်ရှိတက်နေတဲ့ကျောင်းက အိမ်နဲ့နည်းနည်းဝေးတော့ အဆောင်မှာသွားနေရတယ်။

ွသူတို့တစ်ပတ်တစ်ခါလောက်တော့ တွေ့ဖြစ်ကြပါတယ်။ ညတိုင်းလဲ ဖုန်းပြောဖြစ်တယ်။ ဝမ်ရိပေါ်ကို မာမားက ဖုန်းသိမ်းမယ်ပြောတုန်းက ဝမ်ရိပေါ်အသာတကြည်ပဲ ပေးခဲ့လိုက်တယ်။

မာမားဖုန်းဘယ်နားသိမ်းမယ်ဆိုတာ သူက သိတယ်။ ဒီတော့ နောက်မှ အဲ့ဒီဖုန်းကို သူပြန်ယူထားလိုက်တယ်။ ေရှာင်းကျန့်နဲ့ ဆက်သွယ်လို့ရမယ့်နည်းက ဒီတစ်နည်းပဲရှိတာမို့ သူလည်းမတတ်နိုင်ဘူးလေ။ မာမားကိုတော့ စိတ်ထဲကနေပဲ တောင်းပန်လိုက်ရပါတယ်။

အခန်းပြတင်းကို ဖွင့်လိုက်တာနဲ့ တန်းတန်းက ရှောင်းကျန့်အခန်းလေးကိုလှမ်းမြင်ရတယ်။ ရှောင်းကျန့်တော့ရှိမနေပေမယ့် ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်အခန်းဆိုတဲ့အသိနဲ့တင် ငေးနေတော့တာပဲ။

မာမားအိပ်လောက်ပြီဆိုမှ အိတ်ကပ်ထဲထည့်ထားတဲ့ဖုန်းလေးထုတ်ပြီး ရှောင်းကျန့်ဆီ ဖုန်းခေါ်ရတယ်။ ဖုန်းဝင်ပြီးမကြာဘူး။ ရှောင်းကျန့်ရဲ့အသံလေးက ကြည်ကြည်လင်လင် ထွက်လာပါတယ်။

"ဟဲလို"

"လွမ်းလိုက်တာဗျာ"

သူဒီလိုပြောတော့ ရှောင်းကျန့်ရယ်သံလေးကြားရတယ်။

"ငါတို့နေ့ခင်းကမှ တွေ့ထားကြတာလေ"

"အဲ့လိုဆိုလည်းလွမ်းတာပဲ၊ ကိုကို"

"အဟမ်း!"

ရှောင်းကျန့်ရဲ့ ချောင်းဟန့်သံလေး။ အရင်ကဆို ဝမ်ရိပေါ် ကိုကိုလို့ခေါ်ရင် ရှောင်းကျန့်ဘယ်လိုမှမနေပေမယ့် ရည်းစားဖြစ်ပြီးနောက်ပိုင်း အဲ့လိုခေါ်တာနဲ့ ရှောင်းကျန့်ကရှက်တော့တာပဲ။

အခုလည်း ရှောင်းကျန့်ရှက်နေမှာသိတယ်။ နားရွက်လေးတွေ ရဲနေရောပေါ့။

"ဒီတစ်ပတ်စနေနေ့ ငါပြန်လာမယ်ရိပေါ်"

"တကယ်လား၊ ဘာလို့လဲ"

"အင်း.. မားနဲ့ပါးကိုလည်း တွေ့ချင်သေးတယ်၊ ပြီးတော့ မင်းလာတွေ့စရာလည်း မလိုအောင်လေ"

"ကျွန်တော်က ကိစ္စမရှိပါဘူး၊ ကိုကိုပင်ပန်းမှာပဲ စိုးရိမ်တာ"

ဟုတ်တယ်။ ရှောင်းကျန့်တက်နေတဲ့ကျောင်းက အိမ်နဲ့အရမ်းဝေးတာကြောင့် ဝမ်ရိပေါ်ကပဲ ရှောင်းကျန့်ဆီအမြဲသွားတွေ့ခဲ့တာ။

လိုင်းကား ၃ခါလောက်ပြောင်းစီးရပြီး ၂နာရီလောက်ကြာတယ်။ ရုံးပိတ်ရက်ဖြစ်တာကြောင့် လူတွေလည်း ကြပ်တယ်။ ဝမ်ရိပေါ်ဆို ရှောင်းကျန့်ဆီရောက်တာနဲ့ ရေအရင်တောင်းသောက်ရတော့တာပဲ။ ဒါကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကို တော်ရုံကိစ္စနဲ့ ပြန်မလာစေချင်ဘူး။

ဝမ်ရိပေါ်စိုးရိမ်နေတာကိုသိတဲ့ရှောင်းကျန့်က...

"ငါမပင်ပန်းပါဘူး၊ ငါအိမ်ကိုလည်း တကယ်သတိရတယ်၊ ဒီလောက်ခရီးက ဘာမှမဖြစ်ပါဘူး၊ မင်းစိတ်မပူလည်းရတယ်"

"ကျွန်တော်က..."

"မင်းကပဲ အမြဲလာတွေ့နေတော့ ငါဘယ်စိတ်ကောင်းမလဲ၊ ငါ့ဘက်ကလဲ လာတွေ့ချင်တာပေါ့၊ မဟုတ်ရင် မင်းကပဲငါ့ကိုချစ်ပြီး ငါကတော့မချစ်လို့ဆိုတဲ့ပုံစံမျိုးမဖြစ်ချင်ဘူး"

"မလိုတာတွေတွေးပြီဗျာ"

"လိုတယ်၊ ငါ့အတွက်တော့လိုတယ်လို့"

ဇွတ်ငြင်းနေတဲ့ ရှောင်းကျန့်အသံလေးကြားရုံနဲ့ နှုတ်ခမ်းလေးလဲစူနေမှာ ဝမ်ရိပေါ်သိတယ်။ ဘေးနားမှာသာရှိရင် အဲ့နှုတ်ခမ်းလေးကို ကိုက်မိလောက်တယ်။

"အဲ့တာကြောင့် ကျွန်တော်က ကိုကို့ထက်အသက်ကြီးချင်တာ၊ တဇွတ်ထိုးလေးသိပ်လုပ်လွန်းလို့ ငါအကြီး ငါ့စကားနားထောင်ဆိုပြီး စောဒကတက်လိုက်ချင်တယ်"

ဝမ်ရိပေါ်ဒီလိုပြောနေပေမယ့် ရှောင်းကျန့်ရဲ့ဆန္ဒကို မလိုက်လျောမှာတော့မဟုတ်ဘူး။ ရှောင်းကျန့်လည်း အိမ်ကိုလွမ်းနေမှာပဲ။ သူကနားလည်ပေးတတ်ပါတယ်။ ဒါပေမယ့် နည်းနည်းလေးတော့ ရစ်ချင်သေးလို့သာ။

"အခုလည်း မင်းကအကြီးလိုပြုမူနေတာပဲလေ၊ အကုန်လိုက်ပိတ်ပင်နေတာဘယ်သူလဲ"

"ကိုကို့ကိုစိုးရိမ်လို့ပြောနေရတာပဲမဟုတ်ဘူးလား"

"ငါက ကလေးလား"

"ကလေးဆိုရင်တောင် မုန့်ကျွေးပြီးပြောရင် နာခံတတ်သေးတယ်၊ ကိုကိုက ကလေးလူကြီး၊ လူကြီးလိုလည်း ပြန်ခံပြောတတ်တယ်၊ ကလေးလိုလည်း ချစ်ဖို့ကောင်းတယ်၊ ချစ်တယ်ဗျ"

"ငါတော့မချစ်ဘူး"

"အဲ့လိုမပြောပါနဲ့ဗျာ၊ ကျွန်တော်မကြိုက်ဘူး"

"ကလေးက မင်းမှအစစ်၊ စလို့စမှန်းမသိ"

"စမှန်းသိပေမယ့် မကြိုက်တာတော့မကြိုက်တာပဲ၊ ကိုကို့ကို ကျွန်တော်က အဲ့လိုပြောရင်ရော ကိုကိုကြိုက်မလားပြော"

"ကြိုက်တယ်လေ၊ ပြောကြည့်ပါလား"

"မပြောပါဘူး၊ အဲ့လိုပြောတာကို ကြိုက်တယ်ပေါ့၊ သိတယ် ကိုကိုကမချစ်မှန်း"

"ဟောဗျာ"

ရှောင်းကျန့်စိတ်ဆိုးတိုင်း ဝမ်ရိပေါ်က ချက်ချင်းချော့လေရှိပေမယ့် ဝမ်ရိပေါ်စိတ်ဆိုးရင်တော့ ရှောင်းကျန့်က မချော့တတ်ဘူး။ ဒီလိုနဲ့ နှစ်ဖက်လုံး တိတ်ဆိတ်နေရင်းမှ ဝမ်ရိပေါ်ဆီက အသံထွက်လာပါတယ်။

"မချော့တော့ဘူးမလား၊ ကိုယ့်ဟာကိုယ်ပဲ စိတ်ဆိုးပြေလိုက်ပြီ"

"ဟားဟားဟား"

ရှောင်းကျန့်အားရပါးရအော်ရယ်မိတော့တာပဲ။ ဒါအမြဲဝမ်ရိပေါ်လုပ်နေကျလေ။

ရှောင်းကျန့်စိတ်ဆိုးရင် ဝမ်ရိပေါ်ချော့တယ်။ ဝမ်ရိပေါ်စိတ်ဆိုးရင်လဲ ဝမ်ရိပေါ်ပဲသူ့ဟာသူစိတ်ဆိုးပြေရတယ်။ ရှောင်းကျန့်ကလဲ ဝမ်ရိပေါ်ရဲ့ အဲ့လိုပုံစံလေးတွေကိုပဲ ချစ်နေရတာ။

"သားရေ၊ မအိပ်သေးဘူးလား၊ ဘာတွေလုပ်နေတာလဲ"

ဝမ်မာမားတံခါးလာခေါက်တော့ ဝမ်ရိပေါ်ပြာသွားရတယ်။

"ကိုကို ခနနော်"

ရှောင်းကျန့်ကလည်း အလိုက်တသိ တိတ်ဆိတ်နေပေးတယ်။ အဲ့ဒီအချိန်မှာ ဝမ်ရိပေါ်လူလည်လေးက ပြောတယ်။

"စာကျက်နေတာမား"

"အော် အဲ့ဒါကြောင့် အသံတွေကြားနေတာကိုး၊ တော်ရုံပဲလုပ်လေသားရယ်၊ ည၁၁ပဲ ထိုးနေပြီကို"

"ဟုတ်မား၊ သားအိပ်တော့မှာ"

"အေးအေး"

ပြောပြီးတာနဲ့ မာမားကပြန်ဆင်းသွားတယ်ထင်တယ်။ ခြေသံမကြားရတော့တာသေချာမှ ဝမ်ရိပေါ်က လေသံကို အတတ်နိုင်ဆုံးတိုးပြီး ရှောင်းကျန့်ကိုပြောတယ်။

"မာမားသွားပြီ"

တစ်ဖက်က ဘာသံမှထွက်မလာသေးဘူး။

"ကိုကို... အိပ်ပျော်သွားတာလား"

"...."

"တကယ်အိပ်ပျော်.."

ဝမ်ရိပေါ်ပြောလို့ပင်မဆုံးသေး။ ရှောင်းကျန့်ရဲ့ တစ်ခစ်ခစ်ရယ်သံလေး မပီမပြင်ကြားလိုက်ရတယ်။

"ကိုကို ရယ်နေတာလား"

"ဟားဟား ဝမ်ရိပေါ်ရာ၊ စာကျက်နေတာတဲ့လား၊ ငါတော့ ဝမ်မားကို လာတိုင်မှဖြစ်တော့မယ်"

"ဘယ်လိုလာတိုင်မှာလဲ"

ဝမ်ရိပေါ်က နည်းနည်းအင်တင်တင်ဖြစ်နေတဲ့လေသံနဲ့မေးတော့ ရှောင်းကျန့်ကဖြေတယ်။

"ဝမ်ရိပေါ်က ညဘက်စာမကျက်ဘူး၊ ရည်းစားနဲ့ဖုန်းခိုးပြောနေတာဆိုပြီးလေ"

"ပြောပေါ့၊ အဲ့လိုပြောတဲ့နေ့ကျ 'ဟုတ်ပါတယ်၊ အဲ့ဒီရည်းစားက အခုပြောနေတဲ့ရှောင်းကျန့်ပါပဲ' လို့ တစ်ခါတည်းအသိပေးပြီး လက်ထပ်လိုက်မယ်"

ကိုယ့်ရှူးကိုယ်ပြန်ပက်သွားတာမို့ ရှောင်းကျန့်တိတ်သွားမှ ဝမ်ရိပေါ်လည်း ရယ်နိုင်တော့တယ်။

ဒီလိုနဲ့ငြင်းခုန်ရင်း ည၁၂ထိုးမှ သူတို့ဖုန်းချဖြစ်ကြတယ်။

အရင်ကတွေးဖူးတယ်။ သမီးရည်းစားတွေဖုန်းပြောရင် ဘာလို့များ အရမ်းကြာကြသလဲ၊ သူတို့ ဘာတွေများပြောကြလဲလို့ပေါ့။

ကိုယ်တိုင်ရည်းစားရှိလာမှ ဝမ်ရိပေါ်လဲသဘောပေါက်တော့တယ်။ ချစ်မိသွားရင် ဘာမဟုတ်တဲ့ အကြောင်းအရာလေးကအစ မျှဝေချင်လာပြီး အဲ့ဒီလူနဲ့စကားပြောနေရရင် အချိန်တွေ အကုန်မြန်တယ်လို့ ခံစားလာရတာမျိုးဖြစ်မယ်။

နောက်တစ်ပတ် ရှောင်းကျန့်အိမ်ပြန်လာတော့ ရှောင်မားနဲ့ပါးက သိပ်ပျော်နေကြတယ်။ သူတို့လည်း တစ်ဉီးတည်းသောသားလေးကို လွမ်းနေကြရောပေါ့။

ဒါပေမယ့် လွမ်းလို့ဆိုပြီး သူတို့သားလေးကို သူတို့နဲ့တစ်နေကုန် အချိန်ဖြုန်းခိုင်းတာကိုတော့ ဝမ်ရိပေါ်သဘောမကျပါဘူး။ ရှောင်းကျန့်အိမ်ကို သွားလို့ရပေမယ့် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ပြီးတည်းက ဝမ်ရိပေါ်က ေရှာင်းကျန့်အိမ်ကို တော်ရုံအဝင်အထွက်မလုပ်ဖို့ဆုံး​​​ဖြတ်လိုက်တယ်။ ဉီးလေးနဲ့အန်တီ့ကို မျက်နှာပူလို့ပါပဲ။

ဒီအဖြစ်ကို သင်ခန်းစာယူပြီး ဝမ်ရိပေါ်တွေးလိုက်တယ်။ နောက်တစ်ခါ ရှောင်းကျန့်ကို ဘယ်တော့မှ အိမ်ပြန်မလာခိုင်းတော့ဘူးလို့။

တော်သေးတာက တနင်္ဂနွေမှာတော့ နေ့လယ်ပိုင်းသူတို့အတူရှိဖြစ်ကြတယ်။ အရင်ကသွားဖူးတဲ့နေရာဟောင်းလေးတွေကို ပြန်သွားဖြစ်ကြတယ်။

ညနေဘက်မှာ ဝမ်ရိပေါ်က ရှောင်းကျန့်အဆောင်ကို ပြန်လိုက်ပို့တယ်။ လမ်းမှာလဲ သူတို့စကားတွေအများကြီးပြောဖြစ်ကြသေးတယ်။

တစ်နေ့တာရဲ့ မငြီးငွေ့စရာလေးက ရှောင်းကျန့်ပဲလို့ဝမ်ရိပေါ်ထင်တယ်။ ရှောင်းကျန့်မျက်နှာလေးကိုသာ တစ်နေကုန်ထိုင်ကြည့်ရမယ်ဆို ဝမ်ရိပေါ်ကထမင်းမစားရလည်းဖြစ်တယ်။

ရူးကြောင်ကြောင်နိုင်တယ်လို့ တွေးတယ်မလား။ အင်း... ရည်းစားရှိမှ နားလည်နိုင်မယ့် အရာတွေပါပဲ။

..........

ဘယ်သူသိမလဲ?
ကြည်နူးစရာတွေဟာ အခိုက်အတန့်ပဲလေ
မုန်တိုင်းမလာခင် လေပြေသွေးတဲ့သဘောတွေပေါ့...။

.^^.^^.^^.

30. 9. 2022

Zawgyi

ေက်ာင္းေတြ ျပန္ဖြင့္ပါၿပီ။ ေပ်ာ္ဖို႔ေကာင္းတဲ့ႏြေရာသီလဲ ကုန္လြန္ခဲ့ျပန္ၿပီ။ ေနရာအသစ္မွာ ေရွာင္းက်န့္အဆင္ေျပရဲ႕လားလဲ ဝမ္ရိေပၚမွာ ေတြးပူရပါေသးတယ္။

သူကေတာ့ပုံမွန္ပဲေက်ာင္းကိုသြားတယ္။ ေဘးမွာအတူသြားေနက် ေရွာင္းက်န့္ကေတာ့ မပါဘူး။ ေရွာင္းက်န့္လက္ရွိတက္ေနတဲ့ေက်ာင္းက အိမ္နဲ႕နည္းနည္းေဝးေတာ့ အေဆာင္မွာသြားေနရတယ္။

ြသူတို႔တစ္ပတ္တစ္ခါေလာက္ေတာ့ ေတြ႕ျဖစ္ၾကပါတယ္။ ညတိုင္းလဲ ဖုန္းေျပာျဖစ္တယ္။ ဝမ္ရိေပၚကို မာမားက ဖုန္းသိမ္းမယ္ေျပာတုန္းက ဝမ္ရိေပၚအသာတၾကည္ပဲ ေပးခဲ့လိုက္တယ္။

မာမားဖုန္းဘယ္နားသိမ္းမယ္ဆိုတာ သူက သိတယ္။ ဒီေတာ့ ေနာက္မွ အဲ့ဒီဖုန္းကို သူျပန္ယူထားလိုက္တယ္။ ေရွာင္းက်န့္နဲ႕ ဆက္သြယ္လို႔ရမယ့္နည္းက ဒီတစ္နည္းပဲရွိတာမို႔ သူလည္းမတတ္နိုင္ဘူးေလ။ မာမားကိုေတာ့ စိတ္ထဲကေနပဲ ေတာင္းပန္လိုက္ရပါတယ္။

အခန္းျပတင္းကို ဖြင့္လိုက္တာနဲ႕ တန္းတန္းက ေရွာင္းက်န့္အခန္းေလးကိုလွမ္းျမင္ရတယ္။ ေရွာင္းက်န့္ေတာ့ရွိမေနေပမယ့္ ဝမ္ရိေပၚကေတာ့ ေရွာင္းက်န့္အခန္းဆိုတဲ့အသိနဲ႕တင္ ေငးေနေတာ့တာပဲ။

မာမားအိပ္ေလာက္ၿပီဆိုမွ အိတ္ကပ္ထဲထည့္ထားတဲ့ဖုန္းေလးထုတ္ၿပီး ေရွာင္းက်န့္ဆီ ဖုန္းေခၚရတယ္။ ဖုန္းဝင္ၿပီးမၾကာဘူး။ ေရွာင္းက်န့္ရဲ႕အသံေလးက ၾကည္ၾကည္လင္လင္ ထြက္လာပါတယ္။

"ဟဲလို"

"လြမ္းလိုက္တာဗ်ာ"

သူဒီလိုေျပာေတာ့ ေရွာင္းက်န့္ရယ္သံေလးၾကားရတယ္။

"ငါတို႔ေန႕ခင္းကမွ ေတြ႕ထားၾကတာေလ"

"အဲ့လိုဆိုလည္းလြမ္းတာပဲ၊ ကိုကို"

"အဟမ္း!"

ေရွာင္းက်န့္ရဲ႕ ေခ်ာင္းဟန့္သံေလး။ အရင္ကဆို ဝမ္ရိေပၚ ကိုကိုလို႔ေခၚရင္ ေရွာင္းက်န့္ဘယ္လိုမွမေနေပမယ့္ ရည္းစားျဖစ္ၿပီးေနာက္ပိုင္း အဲ့လိုေခၚတာနဲ႕ ေရွာင္းက်န့္ကရွက္ေတာ့တာပဲ။

အခုလည္း ေရွာင္းက်န့္ရွက္ေနမွာသိတယ္။ နား႐ြက္ေလးေတြ ရဲေနေရာေပါ့။

"ဒီတစ္ပတ္စေနေန႕ ငါျပန္လာမယ္ရိေပၚ"

"တကယ္လား၊ ဘာလို႔လဲ"

"အင္း.. မားနဲ႕ပါးကိုလည္း ေတြ႕ခ်င္ေသးတယ္၊ ၿပီးေတာ့ မင္းလာေတြ႕စရာလည္း မလိုေအာင္ေလ"

"ကြၽန္ေတာ္က ကိစၥမရွိပါဘူး၊ ကိုကိုပင္ပန္းမွာပဲ စိုးရိမ္တာ"

ဟုတ္တယ္။ ေရွာင္းက်န့္တက္ေနတဲ့ေက်ာင္းက အိမ္နဲ႕အရမ္းေဝးတာေၾကာင့္ ဝမ္ရိေပၚကပဲ ေရွာင္းက်န့္ဆီအၿမဲသြားေတြ႕ခဲ့တာ။

လိုင္းကား ၃ခါေလာက္ေျပာင္းစီးရၿပီး ၂နာရီေလာက္ၾကာတယ္။ ႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္ လူေတြလည္း ၾကပ္တယ္။ ဝမ္ရိေပၚဆို ေရွာင္းက်န့္ဆီေရာက္တာနဲ႕ ေရအရင္ေတာင္းေသာက္ရေတာ့တာပဲ။ ဒါေၾကာင့္ ဝမ္ရိေပၚက ေရွာင္းက်န့္ကို ေတာ္႐ုံကိစၥနဲ႕ ျပန္မလာေစခ်င္ဘူး။

ဝမ္ရိေပၚစိုးရိမ္ေနတာကိုသိတဲ့ေရွာင္းက်န့္က...

"ငါမပင္ပန္းပါဘူး၊ ငါအိမ္ကိုလည္း တကယ္သတိရတယ္၊ ဒီေလာက္ခရီးက ဘာမွမျဖစ္ပါဘူး၊ မင္းစိတ္မပူလည္းရတယ္"

"ကြၽန္ေတာ္က..."

"မင္းကပဲ အၿမဲလာေတြ႕ေနေတာ့ ငါဘယ္စိတ္ေကာင္းမလဲ၊ ငါ့ဘက္ကလဲ လာေတြ႕ခ်င္တာေပါ့၊ မဟုတ္ရင္ မင္းကပဲငါ့ကိုခ်စ္ၿပီး ငါကေတာ့မခ်စ္လို႔ဆိုတဲ့ပုံစံမ်ိဳးမျဖစ္ခ်င္ဘူး"

"မလိုတာေတြေတြးၿပီဗ်ာ"

"လိုတယ္၊ ငါ့အတြက္ေတာ့လိုတယ္လို႔"

ဇြတ္ျငင္းေနတဲ့ ေရွာင္းက်န့္အသံေလးၾကား႐ုံနဲ႕ ႏႈတ္ခမ္းေလးလဲစူေနမွာ ဝမ္ရိေပၚသိတယ္။ ေဘးနားမွာသာရွိရင္ အဲ့ႏႈတ္ခမ္းေလးကို ကိုက္မိေလာက္တယ္။

"အဲ့တာေၾကာင့္ ကြၽန္ေတာ္က ကိုကို႔ထက္အသက္ႀကီးခ်င္တာ၊ တဇြတ္ထိုးေလးသိပ္လုပ္လြန္းလို႔ ငါအႀကီး ငါ့စကားနားေထာင္ဆိုၿပီး ေစာဒကတက္လိုက္ခ်င္တယ္"

ဝမ္ရိေပၚဒီလိုေျပာေနေပမယ့္ ေရွာင္းက်န့္ရဲ႕ဆႏၵကို မလိုက္ေလ်ာမွာေတာ့မဟုတ္ဘူး။ ေရွာင္းက်န့္လည္း အိမ္ကိုလြမ္းေနမွာပဲ။ သူကနားလည္ေပးတတ္ပါတယ္။ ဒါေပမယ့္ နည္းနည္းေလးေတာ့ ရစ္ခ်င္ေသးလို႔သာ။

"အခုလည္း မင္းကအႀကီးလိုျပဳမူေနတာပဲေလ၊ အကုန္လိုက္ပိတ္ပင္ေနတာဘယ္သူလဲ"

"ကိုကို႔ကိုစိုးရိမ္လို႔ေျပာေနရတာပဲမဟုတ္ဘူးလား"

"ငါက ကေလးလား"

"ကေလးဆိုရင္ေတာင္ မုန့္ေကြၽးၿပီးေျပာရင္ နာခံတတ္ေသးတယ္၊ ကိုကိုက ကေလးလူႀကီး၊ လူႀကီးလိုလည္း ျပန္ခံေျပာတတ္တယ္၊ ကေလးလိုလည္း ခ်စ္ဖို႔ေကာင္းတယ္၊ ခ်စ္တယ္ဗ်"

"ငါေတာ့မခ်စ္ဘူး"

"အဲ့လိုမေျပာပါနဲ႕ဗ်ာ၊ ကြၽန္ေတာ္မႀကိဳက္ဘူး"

"ကေလးက မင္းမွအစစ္၊ စလို႔စမွန္းမသိ"

"စမွန္းသိေပမယ့္ မႀကိဳက္တာေတာ့မႀကိဳက္တာပဲ၊ ကိုကို႔ကို ကြၽန္ေတာ္က အဲ့လိုေျပာရင္ေရာ ကိုကိုႀကိဳက္မလားေျပာ"

"ႀကိဳက္တယ္ေလ၊ ေျပာၾကည့္ပါလား"

"မေျပာပါဘူး၊ အဲ့လိုေျပာတာကို ႀကိဳက္တယ္ေပါ့၊ သိတယ္ ကိုကိုကမခ်စ္မွန္း"

"ေဟာဗ်ာ"

ေရွာင္းက်န့္စိတ္ဆိုးတိုင္း ဝမ္ရိေပၚက ခ်က္ခ်င္းေခ်ာ့ေလရွိေပမယ့္ ဝမ္ရိေပၚစိတ္ဆိုးရင္ေတာ့ ေရွာင္းက်န့္က မေခ်ာ့တတ္ဘူး။ ဒီလိုနဲ႕ ႏွစ္ဖက္လုံး တိတ္ဆိတ္ေနရင္းမွ ဝမ္ရိေပၚဆီက အသံထြက္လာပါတယ္။

"မေခ်ာ့ေတာ့ဘူးမလား၊ ကိုယ့္ဟာကိုယ္ပဲ စိတ္ဆိုးေျပလိုက္ၿပီ"

"ဟားဟားဟား"

ေရွာင္းက်န့္အားရပါးရေအာ္ရယ္မိေတာ့တာပဲ။ ဒါအၿမဲဝမ္ရိေပၚလုပ္ေနက်ေလ။

ေရွာင္းက်န့္စိတ္ဆိုးရင္ ဝမ္ရိေပၚေခ်ာ့တယ္။ ဝမ္ရိေပၚစိတ္ဆိုးရင္လဲ ဝမ္ရိေပၚပဲသူ႕ဟာသူစိတ္ဆိုးေျပရတယ္။ ေရွာင္းက်န့္ကလဲ ဝမ္ရိေပၚရဲ႕ အဲ့လိုပုံစံေလးေတြကိုပဲ ခ်စ္ေနရတာ။

"သားေရ၊ မအိပ္ေသးဘူးလား၊ ဘာေတြလုပ္ေနတာလဲ"

ဝမ္မာမားတံခါးလာေခါက္ေတာ့ ဝမ္ရိေပၚျပာသြားရတယ္။

"ကိုကို ခနေနာ္"

ေရွာင္းက်န့္ကလည္း အလိုက္တသိ တိတ္ဆိတ္ေနေပးတယ္။ အဲ့ဒီအခ်ိန္မွာ ဝမ္ရိေပၚလူလည္ေလးက ေျပာတယ္။

"စာက်က္ေနတာမား"

"ေအာ္ အဲ့ဒါေၾကာင့္ အသံေတြၾကားေနတာကိုး၊ ေတာ္႐ုံပဲလုပ္ေလသားရယ္၊ ည၁၁ပဲ ထိုးေနၿပီကို"

"ဟုတ္မား၊ သားအိပ္ေတာ့မွာ"

"ေအးေအး"

ေျပာၿပီးတာနဲ႕ မာမားကျပန္ဆင္းသြားတယ္ထင္တယ္။ ေျခသံမၾကားရေတာ့တာေသခ်ာမွ ဝမ္ရိေပၚက ေလသံကို အတတ္နိုင္ဆုံးတိုးၿပီး ေရွာင္းက်န့္ကိုေျပာတယ္။

"မာမားသြားၿပီ"

တစ္ဖက္က ဘာသံမွထြက္မလာေသးဘူး။

"ကိုကို... အိပ္ေပ်ာ္သြားတာလား"

"...."

"တကယ္အိပ္ေပ်ာ္.."

ဝမ္ရိေပၚေျပာလို႔ပင္မဆုံးေသး။ ေရွာင္းက်န့္ရဲ႕ တစ္ခစ္ခစ္ရယ္သံေလး မပီမျပင္ၾကားလိုက္ရတယ္။

"ကိုကို ရယ္ေနတာလား"

"ဟားဟား ဝမ္ရိေပၚရာ၊ စာက်က္ေနတာတဲ့လား၊ ငါေတာ့ ဝမ္မားကို လာတိုင္မွျဖစ္ေတာ့မယ္"

"ဘယ္လိုလာတိုင္မွာလဲ"

ဝမ္ရိေပၚက နည္းနည္းအင္တင္တင္ျဖစ္ေနတဲ့ေလသံနဲ႕ေမးေတာ့ ေရွာင္းက်န့္ကေျဖတယ္။

"ဝမ္ရိေပၚက ညဘက္စာမက်က္ဘူး၊ ရည္းစားနဲ႕ဖုန္းခိုးေျပာေနတာဆိုၿပီးေလ"

"ေျပာေပါ့၊ အဲ့လိုေျပာတဲ့ေန႕က် 'ဟုတ္ပါတယ္၊ အဲ့ဒီရည္းစားက အခုေျပာေနတဲ့ေရွာင္းက်န့္ပါပဲ' လို႔ တစ္ခါတည္းအသိေပးၿပီး လက္ထပ္လိုက္မယ္"

ကိုယ့္ရႉးကိုယ္ျပန္ပက္သြားတာမို႔ ေရွာင္းက်န့္တိတ္သြားမွ ဝမ္ရိေပၚလည္း ရယ္နိုင္ေတာ့တယ္။

ဒီလိုနဲ႕ျငင္းခုန္ရင္း ည၁၂ထိုးမွ သူတို႔ဖုန္းခ်ျဖစ္ၾကတယ္။

အရင္ကေတြးဖူးတယ္။ သမီးရည္းစားေတြဖုန္းေျပာရင္ ဘာလို႔မ်ား အရမ္းၾကာၾကသလဲ၊ သူတို႔ ဘာေတြမ်ားေျပာၾကလဲလို႔ေပါ့။

ကိုယ္တိုင္ရည္းစားရွိလာမွ ဝမ္ရိေပၚလဲသေဘာေပါက္ေတာ့တယ္။ ခ်စ္မိသြားရင္ ဘာမဟုတ္တဲ့ အေၾကာင္းအရာေလးကအစ မွ်ေဝခ်င္လာၿပီး အဲ့ဒီလူနဲ႕စကားေျပာေနရရင္ အခ်ိန္ေတြ အကုန္ျမန္တယ္လို႔ ခံစားလာရတာမ်ိဳးျဖစ္မယ္။

ေနာက္တစ္ပတ္ ေရွာင္းက်န့္အိမ္ျပန္လာေတာ့ ေရွာင္မားနဲ႕ပါးက သိပ္ေပ်ာ္ေနၾကတယ္။ သူတို႔လည္း တစ္ဉီးတည္းေသာသားေလးကို လြမ္းေနၾကေရာေပါ့။

ဒါေပမယ့္ လြမ္းလို႔ဆိုၿပီး သူတို႔သားေလးကို သူတို႔နဲ႕တစ္ေနကုန္ အခ်ိန္ျဖဳန္းခိုင္းတာကိုေတာ့ ဝမ္ရိေပၚသေဘာမက်ပါဘူး။ ေရွာင္းက်န့္အိမ္ကို သြားလို႔ရေပမယ့္ သူတို႔ႏွစ္ေယာက္ခ်စ္သူေတြျဖစ္ၿပီးတည္းက ဝမ္ရိေပၚက ေရွာင္းက်န့္အိမ္ကို ေတာ္႐ုံအဝင္အထြက္မလုပ္ဖို႔ဆုံး​​​ျဖတ္လိုက္တယ္။ ဉီးေလးနဲ႕အန္တီ့ကို မ်က္ႏွာပူလို႔ပါပဲ။

ဒီအျဖစ္ကို သင္ခန္းစာယူၿပီး ဝမ္ရိေပၚေတြးလိုက္တယ္။ ေနာက္တစ္ခါ ေရွာင္းက်န့္ကို ဘယ္ေတာ့မွ အိမ္ျပန္မလာခိုင္းေတာ့ဘူးလို႔။

ေတာ္ေသးတာက တနဂၤႏြေမွာေတာ့ ေန႕လယ္ပိုင္းသူတို႔အတူရွိျဖစ္ၾကတယ္။ အရင္ကသြားဖူးတဲ့ေနရာေဟာင္းေလးေတြကို ျပန္သြားျဖစ္ၾကတယ္။

ညေနဘက္မွာ ဝမ္ရိေပၚက ေရွာင္းက်န့္အေဆာင္ကို ျပန္လိုက္ပို႔တယ္။ လမ္းမွာလဲ သူတို႔စကားေတြအမ်ားႀကီးေျပာျဖစ္ၾကေသးတယ္။

တစ္ေန႕တာရဲ႕ မၿငီးေငြ႕စရာေလးက ေရွာင္းက်န့္ပဲလို႔ဝမ္ရိေပၚထင္တယ္။ ေရွာင္းက်န့္မ်က္ႏွာေလးကိုသာ တစ္ေနကုန္ထိုင္ၾကည့္ရမယ္ဆို ဝမ္ရိေပၚကထမင္းမစားရလည္းျဖစ္တယ္။

႐ူးေၾကာင္ေၾကာင္နိုင္တယ္လို႔ ေတြးတယ္မလား။ အင္း... ရည္းစားရွိမွ နားလည္နိုင္မယ့္ အရာေတြပါပဲ။

..........

ဘယ္သူသိမလဲ?
ၾကည္ႏူးစရာေတြဟာ အခိုက္အတန့္ပဲေလ
မုန္တိုင္းမလာခင္ ေလေျပေသြးတဲ့သေဘာေတြေပါ့...။

.^^.^^.^^.

30. 9. 2022

Continue Reading

You'll Also Like

605K 21.8K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
798K 18.2K 47
In wich a one night stand turns out to be a lot more than that.
920K 56.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
341K 11.1K 56
When he denied his own baby calling her a cheater. "This baby is not mine." But why god planned them to meet again? "I would like you to transfer in...