'' တိမ်တိုက် အဆင်ပြေရဲ့လား။ မောင်တို့ အိမ်ပဲ ပြန်ကြမလား ''
ဘေးခုံတွင် ပင်ပန်းစွာ လျော့လျော့ရဲရဲ ထိုင်နေသော တိမ်တိုက် ကို ကားမောင်းရင်း ခွန်းလှည့် ကြည့်ကာ တယုတယမေးလိုက်သည်။
ရဲရဲနီနေကျ နှုတ်ခမ်းလေးက သည်နေ့မှ သူမတူစြာ အရောင်ဖျော့နေလေသည်။ ထိုနှုတ်ခမ်းသားတို့ကို အားယူ၍ အပေါ်သို့ ကွေးကာ ပြုံးပြုရင်း
'' ရပါတယ် ဆို မောင်ရာ။ ဆေးသောက်ထားတာပဲ ခနေန ကောင်းသွားမှာပါ ''
ခွန်းကို ပြုံးပြနေတုန်း အနောက်ကနေ အညိုရောင် လက်သေးသေးလေးက တိမ်တိုက်နဖူးပေါ်ရောက်လာသည်။
'' ခွန်ဖော့်.....အပူမကျသေးဘူး ဖေဖေ ''
ဆည်းဆာက နဖူးစမ်းရင်းပြောတော့ ခွန်းက သူ့လက်တစ်ဖက်ဖြင့် တိမ်တိုက် နဖူးကို လှမ်းစမ်းပြန်သည်။ သည်သားအဖနှစ်ယောက် သူ့နဖူးကို တစ်ယောက်ပြီးတစ်ယောက်လာစမ်းနေကြတာပင်။
'' ဟင် မောင်...ဒါက ကျောင်းသွားတဲ့လမ်းမှ မဟုတ်တာ ''
လမ်းချိူးတစ်ခုမှာ ကွေ့လိုက်ပြီး တိမ်တိုက် ကို ဘာမှ ပြန်မဖြေပဲ ခွန်းက ကားကိုသာ ဆက်မောင်းနေသည်။
ဒါက အိမ်ပြန်သည့်လမ်းလည်းမဟုတ်....
မနေ့ ညနေကတည်းက မိုးတွေအုံ့ကာ လေတွေတိုက်နေခဲ့တာဖြစ်သည်။ ရေချိူးနောက်ကျရသည့်အထဲ ညဘက် ဝရံတာ ကို လေညင်းက ထွက်ခံလိုက်သေးတာကြောင့် တိမ်တိုက်တို့ ဖျားလေပြီ။
ဖြစ်ချင်တော့ ဒီနေ့ကလည်း ကျောင်းမှာ အရေးကြီးကိစ္စရှိသဖြင့် ခွန်း သြားကိုသြားမှ ဖြစ်မည်။ တိမ်တိုက်ကလည်း ဖျားနေတာကြောင့် မနက်နိုးကတည်းက ခွန်း ကျောင်းမသွားဖို့ကို ဆုံးဖြတ်လိုက်သည်။
နောက်ကိစ္စနောက်မှဖြေရှင်းမည်။ လောလောဆယ် ချစ်သောလေး.....နေမကောင်းဖြစ်နေသည်။
အရေးကြီး ကိစ္စမှန်း သိ၍ တိမ်တိုက် ကလည်း ကပ္မ နေတော့ပဲ ကျောင်းကိုသာ သွားဖို့် ပြောသည်။ ခွန်းကလည်း နေမကောင်းသည့် ခင်ပွန်းကို ကလေးတစ်ယောက်နဲ့ ထားခဲ့ဖို့ရာလည်း ဘယ္လိုမှ မဖြစ်နိုင်။
စကားအခြေအတင်ဖြစ်ပြီးချိန်တွင် တိမ်တိုက်တို့ သားအဖကို ကျောင်းသို့ ခေါ်သွားရန် သဘောတူလိုက်ကြသည်။
အခုတော့ ခွန်းက ကျောင်းသို့မမောင်းပဲ ဘယ်ကိုမောင်းနေမှန်း တိမ်တိုက်မသိ။ ကားထိုးရပ်လိုက်တော့မှ အပြင်ဘက်ကို ကြည့်မိတော့ အပြင် ဆေးခန်းလေးတစ်ခု ဖြစ်သည်။
အလယ်အလတ်တန်းစားလောက်ရှိသည့် ဆေးခန်းလေးက နှစ်ထပ်တိုက်မှာ ဖွင့်ထားတာဖြစ်ပြီး မနက်ပိုင်း မှာတောင် လူ အနည်းငယ်ရှိနေသည်။
'' မောင့်...ကျွန်တော် ဆေးမထိုးချင်ဘူးနော် ဟင့် ''
နေမကောင်းလျှင် အိမ်မှာပဲ ခွန်းနားကပ်နေပြီး ခွန်း ကုပေးသည့်အတိုင်းသာနေနေကျ။ ဘာလို့ဆို တိမ်တိုက်ကြိုးက ဆေးထိုးအပ်နဲ့ ကမ္ဘာ့ရန်သူတွေလေ။
သည်ဆေးထိုးအပ်တွေကို သူနေမကောင်းစဥ်က သူလုံလုံလောက်လောက် ထိတွေ့ဖူးပြီးသွားတာမို့ ထပ်ပြီး မသုံးချင်တော့။
ဘယ်ဆေးခန်းသွားသွား ဘယ်ဆေးရုံရောက်ရောက် ဖျားနေလျှင် ဆေးတစ်လူံးတော့ ထိုးပေးကြတာချည်းပင်။ ဒါကြောင့်တိမ်တိုက် တစ်ယောက် ဆေးခန်းထဲတောင် မဝင်ရသေး မျက်ရည်က ဝဲလာနေပြီ။
'' ဟာ တိမ်တိုက် ကကွာ ဆေးထိုးလိုက်ရင် ချက်ချင်းသက်သာသွားမှာလေ။ ပြီးတော့ ဒီနေ့ မင်းဘေးနား မောင်အကြာကြီးမှ မရှိပေးနိုင်တာ။ ဆေးထိုးလိုက်နော် အျမန်သက်သာ သွားအောင် ''
'' ဟင့်အင်း...''
ကလေးတစ်ယောက်လို ခေါင်းကိုတွင်တွင်ခါကာ ငြင်းနေသော သက်လတ်ပိုင်း အမျိူးသားတစ်ယောက်။
တိမ်တိုက်ခေါင်းလေးကို သပ်ကာတလှည့် ပုခုံးလေးကို ပုတ်ကာတစ်မျိူး ခွန်းချော့မော့ ပြောသော်လည်း တိမ္တိုက်က ခေါင်းသာ ခါနေ၏ ။
နောက်ခုံက ဆည်းဆာတစ်ယောက်ကတော့ အရှေ့က အဖေနှစ်ယောက်ရဲ့ သဲကဲနေမှုကြီးကို မျက်လုံး အဝိုင်းသားဖြင့် ကြည့်နေလေသည်။
တိမ်တိုက် နေမကောင်းလျှင် ခွေးပေါက်လေးလို အမြဲ ကပ်နေတတ်ပြီး ဒီအရွယ်ထိ ချီပြီး သိပ်နေရတာကြောင့် နေမကောင်းလျှင် ဆည်းဆာကို ဒေါ်ယုယမြိုင် အိမ် ဒါမှမဟုတ် ရှန်မင်းတို့ဆီ ပို့ထားတတ်သည်။
ထို့ကြောင့် နေမကောင်းစဥ် တိမ်တိုက်၏ ပုံစံကို ဆည်းဆာတစ်ယောက် သိပ်မတွေ့ဖူးတာမို ့သေချာကြည့်နေသည်။
အခုတော့ တိမ်တိုက် ၏ နေမကောင်းသည့်အချိန် ချွဲနေပုံကို ဆည်းဆာမောင် တစ်ယောက် မျက်ဝါးထင်ထင် အနီးကပ်ကြီး မြင်နေရလေပြီ။
ပြီးတော့ သူ့ဖေဖေ ခွန်းမာနမောင် ရဲ့ အပျော့ပျောင်းဆုံးလေသံကို အခုမှ ကြားဖူးတော့သည်။
တိမ်တိုက်လည်း ဝေ့ချင်နေတဲ့မျက်ရည်တွေကို ထိန်းထားရသည်။ ခွန်းနှင့် နှစ်ယောက်တည်းသာဆို ငိုချပြီးနှင့်နေပြီ ဆိုပေမယ့် အခုက သားပါသည်။ သားစိတ်ထဲမှာ သူ့ကို ပျော့ညံ့သည့်အဖေတစ်ယောက်ပုံစံ မစွဲသွားစေချင်ပါ။
'' ဟုတ်ပြီ ဒါဆို မောင်တို့ ဝင်တော့ပြကြည့်ကြမယ်။ ဆေးလုံးဝ မထိုးဘူး ။ အခြေအနေလေးသိရအောင်လို့... နော်...တိမ်တိုက် ''
တိမ်တိုက်လက်လေးကို အုပ်ကိုင်ပြီး သေချာပြောပြတာတောင် သူက တကယ်နော်...ဆိုသည့် အကြည့်တွေနဲ့ လူကိုပြန်ကြည့်လိုက်သေးတာ။ ခွန်းက ခေါင်းကို တစ်ချက်ငြိမ့်ပြလိုက်တော့မှ သူလည်း ခေါင်းပြန်ငြိမ့်ပြ ပြီး ဆေးခန်းပြ ဖို့သဘောတူလိုက်သည်။
'' သား....ကားထဲမှာနေခဲ့မလား ဖေဖေတို့နဲ့ လိုက်ချင်လား ''
'' ဒီမှာပဲ နေခဲ့မယ်ဖေဖေ.... ''
သားအသံက နည်းနည်း မာနေသလိုလို...စိတ်ဆိုးသလိုလို...အသံဖြစ်နေတာကို ခွန်းသတိထားမိသည်။
'' အင်းအင်း ဟုတ်ပြီ။ ဂိမ်းဆော့မလား... ''
'' စာအုပ်ပဲ ဖတ်တော့မယ် ''
သူ့လွယ်အိတ်လေးထဲက ရုပ်ပြ စာအုပ်လေးကို ထုတ်ပြီး ဟိုလှန်ဒီလှန်ဖြင့် ပုံတွေလိုက်ကြည့်နေသည်။
ခွန်းလည်း တိမ်တိုက်ကို ခေါ်ကာ ဆေးခန်းထဲသို့ ဝင်လာလိုက်သည်။
ကျောင်းအုပ်ဆိုပေမယ့် တိုက်ပုံ သိပ်ဝတ်လေ့မရှိသော်လည်း ဒီနေ့မှ အရေးကြီး အစည်းအဝေးရှိတာကြောင့် တိုက်ပုံ ဝတ်လာရသည်။
ဆေးခန်း အတွင်းဘက်က Reception နေရာတွင် ရပ်နေသော ကောင်မလေးက အမျိုးသားနှစ်ယောက် ဆေးခန်းထဲသို့ လျှောက်လာတာကို တွေ့လိုက်ရသည်မို့ နေရာမှ ထလိုက်သည်။
လည်ကတုံး အဖြူပေါ်မှာမှ အဖြူရောင် တိုက်ပုံထပ်ဝတ်ထားသော အမျိူးသား၏ ကျောက်စိမ်းရောင် ပုဆိုး အစွန်းနား... အညိုရောင်ခြေဖမိုးပေါ်မှာ အနက်ရောင် ကတ္တီပါ သဲကြိုးဟာ သိပ်ကို တင့်တယ် ထည်ဝါနေသယောင်ယောင်ရှိသည်။
ထို အရှိန်အဝါကြီးမားလှသော အမျိူးသား၏ ဘေးတွင် ဖြူဖျော်နေသော မျက်နှာလေးနှင့် ကောင်ငယ်လေး....
စိမ်းနုရောင် ရှပ်လက်ရှည်နှင့် ပုဆိုး အစိမ်းရင့်အကွက်ကို ဝတ်ဆင်ထားသော ကောင်ငယ်လေးက အားနည်းနေဟန်တူသည်။ ဘေးက အမျိူးသား ရဲ့ လက်အား အားကိုးတကြီး ဆုပ်ကိုင်ထားကာ ထိုအမျိူးသားကလည်း လက်မောင်းကျယ်ကြီးဖြင့် ထို ကောင်ငယ်လေးကို ပုခုံးမှ ထိန်းထားပေးသည်။
'' မင်္ဂလာပါ ဆရာ ဘာများ ကူညီပေးရမလဲရှင် ''
အဖြူအစိမ်းဝတ်ထားသော ခွန်းအား ကောင်မလေးက တစ်ရိုတသေ နှုတ်ဆတ်လေသည်။
'' ဆရာတို့ ဆေးခန်းပြချင်လို့ပါ။ အကြာကြီး စောင့်ရမလား မသိဘူး ''
'' ဟုတ်ကဲ့ သိပ်တော့မကြာပါဘူး ဆရာ။ ဆေးခန်းစာအုပ်လေးမရှိသေး ရင် အသစ်လုပ်ရမယ် ဆရာ ''
'' အင်း ဒါဆို ဆရာတို့ အသစ်လုပ်လိုက်ပါ့မယ်။ ''
'' ဟုတ်ကဲ့ ဒီဘက် လာပေးပါနော် ''
ကောင်မလေး ညွှန်ပြသည့် ကောင်တာနားကိုသွားကာ ဆေးခန်းစာအုပ်လုပ်ပြီး ခဏ ထိုင်စောင့်နေလိုက်သည်။
'' မောင့်.....ဆေးမထိုးဘူးနော် ''
စောင့်နေရင်း ထိုစကားကိုပဲ တတွတ်တွတ်ကို ပြောနေတော့သည်။
'' အင်းပါ မောင်သိတယ် ''
ဆယ်မိနစ်လောက် စောင့်ပြီးသည့်တိုင် တိမ်တိုက်အလှည့်ကမရောက်သေး။
'' မောင် ''
'' အင်း ''
'' သားကို သွားခေါ်လိုက်ပါလား တစ်ယောက်တည်း ပျင်းနေပြီလားမသိဘူး။ ''
'' သားက ကောက်နေတယ်ထင်တယ် တိမ်တိုက်။ ခေါ်လို့ရမှာ မဟုတ်ဘူး ။ သားစိတ်လည်း မင်းသိသားနဲ့ ''
'' ဘာလို့လည်း မောင် ''
'' မောင်လည်း မသိဘူး။ ဒါပေမယ့် မောင်တို့ကို တစ်ခုခုမကျေနပ်နေတာတော့ မောင်သိတယ်။ ကဲပါ ခနလေးပဲဟာ သားကိုစိတ်ပူမနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက် ''
''မောင့်.... သားက ကျွန်တော့်သားလေ ကျွန်တော် စိတ်ပူရမှာပေါ့ ''
တိမ်တိုက်အသံနည်းနည်းကျယ်သွား၍ ဆေးခန်းထဲက တစ်ချိူ့ ကွက်ကြည့်လာကြသည်။
တိမ်တိုက် တို့ နေမကောင်းလျှင် အဲ့လိုမျိူး။ နည်းနည်းလေးတောင် ဆတ်ဆတ်ထိမခံတော့။ ခွန်းလည်း သူစကားမှားသွားတာမို့....
'' အာ...ဟုတ်ပြီ ဟုတ်ပြီ ။ စိတ်လျော့နော်။ မောင်သွားခေါ်ကြည့်လိုက်မယ်။ ဒီမှာ ခနနေခဲ့။ ''
'' ကျွန်တော် လည်းလိုက်...''
'' တိမ်တိုက်ကြိုး ''
'' အင်းအင်း နေခဲ့မယ် ''
ယိုင်နဲ့နဲ့ ခန္ဓာကိုယ်နဲ့ လျှောက်လိုက်ချင်နေသေးသည်။ ကောက်ချီသွားရအောင်လည်း ဝတ်ထားတာက ယူနီဖောင်း။ တိုက်ပုံတောင်အစစ်ပါနေသေးသည်။
ခွန်း ခပ်သွက်သွက် ထွက်သွားပြီး ပြန်ဝင်လာတော့ ဆည်းဆာလေးက ပါမလာ။
ခွန်း ကတိမ်တိုက်ကို ခေါင်းခါပြရင်း ဘေးနားဝင်ထိုင်လိုက်သည်။
'' သား ဘာဖြစ်နေတာလဲ မောင် ''
'' မောင် ကျောင်းရောက်မှ မေးကြည့်လိုက်မယ် ''
ထိုစဥ်....
တိမ်တိုက် အလှည့်ရောက်လာသဖြင့် ဆရာဝန်အခန်းထဲ ဝင်ရတော့မည်။
'' မောင်....ဆေးမထိုးဘူးနော် ''
ခွန်းခေါင်းငြိမ့်ပြရင်း အထဲကိုခေါ်သွားလိုက်သည်။ စဝင်သွားကတည်းက '' ကျွန်တော်တို့ ဆေးမထိုးဘူး '' ဆိုတာကနေ စပြောလေတော့သည်။
ဆရာဝန်လည်း ဆေးမထိုးဘူးချည်းပြောနေသည့် နှစ်ယောက် ကြောင့် နောက်ဆုံး လက်လျော့ကာ သောက်ဆေးတွေကိုသာ ပေးလိုက်တော့သည်။
'' မင်းတို့နှယ့် ခက်တာပဲ အမြန်ပျောက်ရမယ့်ကိစ္စကို.....ဆေးထိုးအပ်ကြောက်ရမယ့်အရွယ်တွေလည်း မဟုတ်တော့ဘူး။ ''
ဆရာဝန်က ဆူဖြစ်အောင် ဆူလိုက်သေးသည်။ နောက်ဆုံး တိမ်တိုက် တို့လည်း ဆေးပေးကောင်တာတွင် ဆေးထုတ်ယူပြီး ကားဆီပြန်လာကြသည်။
ဆေးထိုးအပ်ကို ကြောက်တာ မဟုတ်ပဲ မုန်းတာ ဆိုသည်ကိုတော့ ပြန်ရှင်းမပြခဲ့လိုက်မိ။
ကားထဲမဝင်ခင် ခွန်း... ရှန်မင်းကို ဖုန်းဆက်ကာ...
'' meeting ကို ညနေပိုင်းရွှေ့လိုက်လို့ရလား တစ်ချက် ညှိပေး ''
'' ကျွန်တော်လည်း ခုပဲ ဆက်တော့မလို့ meeting ကို ညနေ ရွှေ့လိုက်ပြီလို့...''
'' ဟိုဘက်က ဘာဖြစ်လို့တဲ့လဲ ''
'' မဟုတ်ဘူး ကိုကို နေမကောင်းလို့ ။ meeting မထိုင်နိုင်သေးဘူး။ အဖျားက ခုထိ မကျဘူး ။ ပြီးတော့ ဟိုဘက်ကလည်း နည်းနည်းနောက်ရွှေ့ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ် ''
'' အင်းအင်း အာ့ဆို ဂရုစိုက်လိုက်ဦး။ ကိုယ်တို့်လည်း နောက်ကျမယ် ''
'' ဪ ဟုတ်ဟုတ်....ဒါနဲ့ ကိုခွန်း...တီ...တီ...တီ...''
ပြောနေရင်း ခွန်းက ဖုန်းအရင်ချသွားတာပင်။
သည်လိုနဲ့ ခွန်း တို့ သားအဖတွေ ကျောင်းကို ရောက်လာခဲ့ကြသည်။
ကျောင်းတက်နေပြီမို့ အပြင်မှာ ဘယ်သူမှ မရှိတော့ အကုန်လုံးက အတန်းထဲမှာပင်။
ဆည်းဆာကို လက်တစ်ဖက်ဖြင့်ချီထားသော ခွန်းကို ဘေးကနေ တိမ်တိုက်ကလည်း ခွန်းရဲ့ တိုက်ပုံလေးကို ကိုင်ထားပေးရင်း ခွန်း လက်မောင်း တစ်ဖက်ကို ကိုင်ပြီး ကျောင်းထဲ လျှောက်လာခဲ့သည်။
သည်လက်မောင်းတွေက ကြီး လည်းကြီး အားလည်း ကိုးရပေသည်။ ဒါကို မြင်သည့်သူများလည်း ရှိသလို မမြင်လိုက်သည့်သူများလည်းရှိသည်။
သို့သော် K'Cloudy ၏ connection ကို အထင်သေးလို့တော့မရ ။ နာရီပိုင်းအတွင်း ကျောင်းအုပ်က ယောကျာ်းရော ကလေးရောကို ချီပြီး ခေါ်လာသည်ဟူသော သတင်းက ပျံ့နှံ့သွားလေသည်။
တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြောကြတာကြောင့် အလိုလိုနေရင်း တိမ်တိုက် ပါအချီခံရသလို ဖြစ်နေသည်။
အပြင်မှာ ဝက်ဝက်ကွဲ ဂယက်ထနေသော်လည်း စည်းကမ်းထိမ်းသိမ်းရေး အခန်းထဲက နှစ်ယောက်ကတော့ အပြင်လောကနဲ့အဆက်အသွယ်ပြတ်နေသည်။
ကိုကိုကလည်း နေမကောင်းတာကြောင့် ရှန်မင်းက ကိုကို့အနားက နည်းနည်းလေးမှ မခွာ။
'' ကိုယ်လုပ်စရာရှိတာ သွားလုပ်ပါလားကွာ ''
အနားမှာချည်းကပ်နေ၍ ကိုကို အနေကြပ်နေလေပြီ။
'' ဘာမှ လုပ်စရာမရှိလို့ ကိုကို့အနားနေနေတာပေါ့ ''
'' meeting ကိစ္စအကုန်ပြင်ဆင်ပြီးပြီလား အရေးကြီးတယ်နော် ''
'' အဒွေးနဲ့လွှဲထားတယ် ပြီးရင် မောင် သွားစစ်ယုံပဲ။ ''
ကိုကို တစ်ယောက် ရှန်မင်းကို မနိုင်ဘူး ဟူသော သဘောဖြင့် ခေါင်းရမ်းလေသည်။
'' ကိုကို ခနနေဦး နော် မောင် အပြင်ခနသွားဦးမယ် ။ ''
'' အင်း အင်းသွားသွား။ ''
ရှန်မင်းလည်း ကိုကို့ဘေးက ထကာ အံဆွဲထဲက ကားသော့ကိုထုတ်လိုက်တော့...
'' ကားသော့က ဘာလုပ်ဖို့လဲ ''
'' အပြင်ခနသွားမလို့။ ဆန်ပြုတ်မှာထားတာ ရလောက်ပြီ ''
'' ကျောင်းကဟာ စားလည်း ရပါတယ် မောင်ရာ။ တကူးတကကြီး ''
'' မကြာပါဘူး ဒီနားလေးတင်.... ခနပဲ မောင်ပြန်လာခဲ့မယ် ''
ကိုကို့ နဖူးကို အသာတစ်ချက်နမ်းပြီး ကားသော့ယူပြီး ထွက်လာခဲ့လိုက်သည်။
ကျောင်းသို့်အထွက်လမ်းတွင်....အဒွေးနှင့်တွေ့တော့..
'' ရှန်မင်း ငါပြောစရာရှိ ''
'' နောက်မှ ပြောကွာ မအားဘူး ''
လှည့်တောင်မကြည့်ပဲ ပြောကာ သုတ်ခြေတင်ကာ မပြေးရုံတမယ် ကျောင်းထဲက ထွက်သွားလေတော့သည်။ အဒွေးလည်း ရှန်မင်းကို မပြောရတော့... ကိုကို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတော့သည်။
ရှန်မင်း ထွက်သွားပြီး သိပ်မကြာလိုက်ပါ ၁၅မိနစ်နေတော့ ဆန်ပြုတ် ချိူင့်လေး ဆွဲကာ ကိုကို့ဆီ ပြန်ရောက်လာသည်။
ကျောင်းထဲတွင် ဆရာ ဆရာမတွေ စုစုရုံးရုံး ဖြစ်နေတာကို သတိထားမိပါသည်။ သို့သော် မေးဖို့ အချိန်မရှိသလို ဂရုလည်း မစိုက်အားသေးပေ။
ကိုကို့ဆီသာ တန်းပြန်လာပြီး ကိုကိုစားဖို့ ဆန်ပြုတ်ကို လေမှုတ်ပြီး အအေးခံပေးနေလေသည်။
'' မောင် ''
'' အင်းပြောလေ ကိုကို ဘာဖြစ်လို့လဲ ''
'' ဆည်းဆာလေးတို့ ရောက်နေတယ်တဲ့ ''
'' အင်း မောင်ထင်တော့ထင်လိုက်သားပဲ ''
ဆန်ပြုတ် ကို တဖူးဖူး မှုတ်နေသည်က မပြတ် ကိုကို ပြောတာကိုလည်း နားထောင်ပေးနေသည်။
'' တိမ်တိုက် ပါလာတယ် ....တော်တော် နေမကောင်းဘူး လို့ပြောတယ် ''
လုပ်လက်စတွေ မပြတ်ပဲ ရှန်မင်းက အေးဆေးနေသည်။ ခါတိုင်း တိမ်တိုက် နေမကောင်းဘူးဆိုတာကြားလျှင် ချက်ချင်းမျက်နှာအရောင်ပြောင်းသွားတတ်သော သူက အခု အေးဆေးပင်။
'' မောင့်....ကြားလား ငါပြောတာ ''
'' ကြားတယ်လေ ကိုကိုရဲ့....အင့် စားကြည့် မပူတော့ဘူး ''
ဆန်ပြုတ်တစ်ဇွန်းကို ခပ်ပြီး ကိုကို့နှုတ်ခမ်းနား ထိုးပေးသည်။ ကိုကိုလည်း စားလိုက်ပြီး ရှန်မင်းမျက်နှာကိုသာ မျက်တောင်မခတ်လိုက်ကြည့်နေမိသည်။
'' မောင် စိတ်မပူဘူးလားဟင် အရမ်းဖျားနေတာတဲ့ ''
ရှန်မင်း သာသာလေး ပြုံးလိုက်မိသည်။ နောက်ပြီး ဆန်ပြုတ်ကိုလည်း အခွံ့မပြတ်။
'' မောင်....လို့ ''
'' ဒီမှာ ဆရာ ဦးစောမဟာသွေး...ခင်ဗျား ကိုယ်တိုင်တောင် နေမကောင်းတာကို ဘယ်သူ့ လိုက်စိတ်ပူနေတာလဲ ''
ဆန်ပြုတ်ပန်းကန်ကို ချပြီး ရှန်မင်းမေးတော့သည်။
'' မဟုတ်ဘူး ငါက...မင်းများ စိတ်မပူဘူးလားလို့....''
'' ဒီမှာ ကိုကို .... ကိုကိုဘာပြောချင်နေတာလဲ မောင်သိတယ်။ ကိုကို့ကို မောင် အချစ်ဆုံးဆိုတာ ဘာလို့မယုံသေးတာလဲဟင်။ တိမ်တိုက်ကို မောင်စိတ်ပူတယ်ဆိုတာတော့ ဒါက ပုံမှန်ပါပဲ... ဒါပေမယ့် အခုချိန် မောင့် ခေါင်းထဲ ကိုကိုတစ်ယောက်ပဲရှိတယ်။ ''
အသံလေး မဆိုသလောက် တင်းသွားသောအခါ
'' မောင် ...ငါက အဲ့လိုပြောတာမဟုတ်....''
'' ကိုကို အခုနေမကောင်းဘူး ကျွန်တော် စိတ်လည်းအရမ်းပူသလို အရမ်းလည်း ဝမ်းနည်းရတယ်။ ကိုကိုက လူပဲ နေမကောင်းဖြစ်တာ ကျွန်တော်က ကိုကိုဖျားရင် စိတ်ရော လူရော နေလို့မကောင်းတော့ဘူး။ ''
''. ....''
''တစ်စုံတစ်ယောက်ကို နက်နက်နဲနဲ ချစ်ခဲ့ဖူးတဲ့ ဒီနှလုံးသားက အခု ကိုကို့ ကိုလည်း နက်နက်နဲနဲ ထပ်ချစ်မိ နေနိုင်တယ်ဆိုတာကို ကိုကိုဘာလို့ မယုံတာလဲ ''
''. ......''
'' ကိုကိုဗျာ....ကျွန်တော့်အချစ်တွေကို ခဏခဏ စော်ကားတယ် ''
'' အဲ့လိုမဟုတ်ပါဘူး ကွာ ''
''. ....''
'' ဟင်.... မောင်... ဘာလို့ငိုနေတာလဲ ''
ခေါင်းကြီးငုံ့သွားပြီးမှ ပုဆိုး ပေါ်ကို မျက်ရည်တစ်စက် ပေါက်ခနဲ ကျလာတာ မြင်တော့မှ ရှန်မင်းငိုနေမှန်း ကိုကိုသိတော့သည်။
'' ကျွန်တော် ဒီလောက်ချစ်တာကိုဗျာ ''
'' အင်းပါ ငါတောင်းပန်ပါတယ် မောင်ရာ... ငါ အဲ့သဘောမျိူးပြောတာမဟုတ်ပါဘူး ''
''. ....''
'' တိတ်ပါတော့ ရှန်မင်းခက်ရယ်.... နေမကောင်းတာ ငါလေကွာ ''
ရှန်မင်းကို ကိုကို ချော့နေချိန်....
'' ဒယ်ဒီ.... ငိုနေတယ် ''
အခန်းထဲ ဘယ်အချိန် ဝင်လာမှန်းမသိသော ဆည်းဆာကို ငိုနေရင်း လှမ်းကြည့်မိသည်။ ခဲရောင် ဝမ်းဆက်နဲ့ဆည်းဆာက မျက်လုံး အဝိုင်းသားလေးနဲ့ သူတို့နှစ်ယောက်ကိုကြည့်နေသည်။ ခဲရောင် အဆင်ဆိုရင် ရှန်မင်းတို့ကိုဆင်ပေးထားတာပင်။
ဒီနေ့အဖို့ ဆည်းဆာတစ်ယောက် ဘာတွေမြင်နေရမှန်းမသိ။ မမြင်ဖူးတာတွေ မြင်နေရသည်။
'' ဘေဘီ ''
ကိုကို ခေါ်လိုက်တော့ ဆည်းဆာ ကိုကိုတို့အနား ရောက်လာသည်။ ရှန်မင်းလည်း မျက်ရည်တွေ သုတ်ကာ ဆည်းဆာကို ပေါင်ပေါ် ပွေ့တင်လိုက်သည်။
'' မင်း အဖေ နေမကောင်းတာ အနားမှာ မနေပဲ ဘာလာလုပ်တာလဲ ဘေဘီ ''
'' ဟွန့်....ဖေဖေတို့နဲ့စိတ်ကောက်ထားတယ်။ ပြီးတော့ ပါးပါးလည်း နေမကောင်းဘူးဆိုလို့ ခနဆိုပြီး ထွက်လာတာ ။ ဒါနဲ့ ဒယ်ဒီ ကဘာလို့ငို ''
'' ဟာကွာ...ဘေဘီက သိပ်သိတတ်တာပဲ။ အာ့ကြောင့်ချစ်နေရတာ ။ ကဲ ပြောပါဦး မွေးဖခင်တွေနဲ့ ဘာတွေ ကောက်လာတာလဲ ''
ကိုကို တစ်ယောက် ဆည်းဆာကို အသည်းယားစွာ ပါးတစ်ဖက်ကို နစ်ဝင်အောင် နမ်းလိုက်သေးသည်။ စိတ်ကောက်သည့်အကြောင်းအရင်းကိုမေးတော့ ထိုကလေးပုစိက သက်ပြင်းလေး တောင် အရင်ချလိုက်သေး။
'' ပါးပါး စဥ်းစားကြည့်...ဟိုတခါ သားနေမကောင်းတုန်းက ဆေးမထိုးချင်လို့ ငိုယိုပြီးတောင် တောင်းပန်တာကို ဖေဖေက အတင်းထိုးခိုင်းတယ်လေ မှတ်မိလား ။ ''
'' အင်း ''
ရှန်မင်းနဲ့ကိုကို ဆည်းဆာ ပြောတာကို ဂရုတစိုက်နားထောင်ပေးနေကြသည်။ အဲ့နေ့က ဆည်းဆာ ဖျားတော့ ဆေးထိုးရမှာကြောက်တယ်ဆိုပြီး အာပြဲနဲ့ အော်ငိုနေခဲ့တာပင်။ အဲ့ဒါကို ခွန်းက ငေါက်ပြီး အတင်းထိုးပေးလိုက်တာကို မှတ်ထားပုံပင်။
'' ဒီနေ့ကျတော့လေ ခွန်ဖော့်က ဆေးမထိုးချင်တာကို ငိုတောင်မပြရသေးဘူး ဖေဖေက အင်း ဆိုပြီး မထိုးခိုင်းတော့ဘူး။ ''
'' ဪ အဲ့ဒါကြောင့်လား....''
နှုတ်ခမ်း လေးဆူကာ ဆူကာဖြင့် ပြောနေ၍
ရှန်မင်းတို့ သဘောအလွန်ကျကာ ရယ်ချင်စိတ်ကိုထိန်းထားရသည်။ တော်ကြာ သူတို့ကိုပါ ကိုယ်တော်လေးက ထပ်ကောက်သွားမှဖြင့်။
'' ကဲပါ ဟုတ်ပါပြီ ။ နောက်ခါ ဘေဘီ့ကို ဆေးထိုးခိုင်းရင် ဒယ်ဒီတို့အိမ်ဘက် ပြေးခဲ့ ကြားလား ''
ဆည်းဆာ တစ်ယောက် အားရပါးရကို ခေါင်းညိမ့်ပြလိုက်တော့ ကိုကိုက ရှန်မင်း လက်မောင်းကို ဖတ်ခနဲရိုက်လိုက်ပြီး အံ ကြိတ်ပြလေသည်။
ဒီဘက်မှာတော့ တိမ်တိုက်တစ်ယောက် ခွန်းရုံးခန်းက ဆိုဖာပေါ်မှာ စောင်ပါးလေးတစ်ထည်ကို ကိုယ်ေပါ် လွှမ်းထားရင်း ခွေခွေလေး လှဲနေသည်။ ဒီလိုမြင်ရပြန်တော့လည်း ခွန်း ရင်ထဲမကောင်း။ ကျောင်းကမလာမဖြစ်မို့သာ လာရသည်။ တိမ်တိုက် အခုလိုပုံစံက သူ့ရင်ကို နာကျင်စေသည်။ တိမ်တိုက် ကုတင်ပေါ် ငြိမ်ငြိမ်လေး လှဲလျောင်းနေတာကို သူအမုန်းဆုံးပင်။
ပံုမှန်နေမကောင်းလျှင် အနားမှာနေပြီး ရင်ခွင်ထဲသာ ထည့်ထားလိုက်ပြီး အဲ့သည့်ကောင်လေးရဲ့ အသက်ရှူသံတိုင်းကို လိုက်ရေတွက်သည်။
သည် အသက်ရှူသံတစ်ချက်စီတိုင်းက သူ့အတွက်မျှော်လင့်ချက်တွေ ဖြစ်ခဲ့ဖူးတာကြောင့် သိပ်ကို မြတ်နိုးရလေသည်။
ဆိုဖာပေါ် သက်သာသလို လှဲနေသော်လည်း ဒီကနေ့အစည်းအဝေးကြောင့် ရုံးခန်းဟာ လူဝင်လူထွက်များနေသည်။ ထို့ကြောင့် တိမ်တိုက်တစ်ယောက် ကောင်းကောင်း အနားယူမရပါ။
'' တိမ်တိုက်...... ကလေး...''
နူးညံ့သော ခေါ်သံကြောင့် မှိ်တ်ထားသော မျက်လုံးတို့ကို ဖွင့်ကာ ခွန်းဘက် လှမ်းကြည့်လိုက်သည်။
'' သက်သာလား ''
တိမ်တိုက်ခေါင်းကို အသာညိမ့်ပြတော့ ခွန်း လုပ်လက်စကို ခနရပ်ကာ တိမ်တိုက်နားသွားပြီး ကိုယ်ပူစမ်းကြည့်လိုက်သည်။
'' အင်း နည်းနည်းတော့ အပူကျသွားပြီ ''
''. ......''
'' အိပ်ပဲ အိပ်နေရင် သွေးတွေလေးကုန်မှာပေါ့ ကလေးရဲ့ ။ ထိုင်နေနော် ခနနေမှ ပြန်လှဲ ''
ခွန်း က ထူပေးတော့ တိမ်တိုက် ထလာပြီး ဆိုဖာပေါ် တပလ္လင် ခွေ ထိုင်လိုက်သည်။
'' သားရော.....ပြန်မလာသေးဘူးလားဟင် ''
" အင်း ရှန်မင်းတို့ဆီမှာ နေမယ်တဲ့ ''
'' ကိုကိုလည်း နေမကောင်းဘူးဆို ။ ရှန်မင်းအလုပ်ပိုနေပါဦးမယ် ''
'' မောင် ဖုန်းဆက် ပြီးပြီ သားကို သူတို့ခေါ်ထားမယ် လို့ပြောတယ်။ စောမဟာသွေးလည်း စိတ်အပြောင်းအလဲ ဖြစ်အောင်ဆိုပြီး ခေါ်ထားချင်တယ်တဲ့။ သားက မောင်တို့်ကို စိတ်ကောက်နေတယ်လို့လည်း ပြောတယ် ''
'' သားက ဘာကိုကောက်နေတာလဲ မောင်ရယ် ''
'' ကားပေါ်မှာ မောင် တို့ စကားတစ်ခုခုမှားသွားတာပဲနေမှာ ။ ကဲ ကဲ မင်း သက်သာအောင်ပဲ အမြန်လုပ်.... ပြီးမှ မောင်တို့အတူ သားကို ချော့မေးကြတာပေါ့... ''
ခွန်းပြောတော့ တိမ်တိုက် လက်ခံကာ ခေါင်းငြိမ့်လေတော့သည်။
'' ဒါဆို ခနထိုင်နော် နောက်မှ ပြန်လှဲ ''
ခွန်း ညနေအစည်းအဝေးအတွက် ပြင်ဆင်နေတာ မပြီးသေးပေ။
နေ့လည် ထမင်းစားချိန် ရောက်တော့ ခွန်း ရှန်မင်းတို့်ကို ဖုန်းဆက်ကြည့်တော့...ကိုကိုရော ဆည်းဆာရော နေ့လည်စာ စားပြီး အိပ်ပျော်နေကြသည်တဲ့လေ။
အင်းလေ.....မနက်က တိမ်တိုက်နေမကောင်းတာကြောင့် သူလည်း အစောကြီး နိုးနေခဲ့တာကိုး။
နောက် အခန်းတံခါး ခေါက်ကာ ကျောင်းလုံခြုံရေး ဦးဝင်းက ချိူင့်တစ်ခု ဆွဲ ပြီး ဝင်လာသည်။
ခွန်း တရုိတသေ ယူလိုက်ပြီး ပိုက်ဆံတစ်သောင်းထုတ်ပေးလိုက်သည်။
'' ကျေးဇူး ပါ ဦးဝင်းရယ်။ ဒါနဲ့ ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလား ''
'' ပြောလေ ဆရာ ရပါတယ် ''
'' ကျွန်တော့် အဆောင် အောက်ဖက်မှာ ၂နာရီလောက် ခနထိုင်ပေးပါလား။ ကလေးတွေနဲ့ တခြားဆရာ ဆရာမတွေကို တက်မလာဖို့ တစ်ချက်ကြည့်ပေးပါ။ ပြောစရာရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်ခိုင်းလိုက်ပါ။ ''
'' ဪ ဟုတ်ကဲ့ ရပါတယ် ဆရာ ကျွန်တော်စောင့်ပေးပါ့မယ်။ ဒါနဲ့ မောင်တိမ်တိုက်ရော သက်သာလား ဆရာ ''
'' အင်းသက်သာပါတယ် ''
'' ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦးနော်။ ''
'' ဟုတ်ကဲ့ ဦးဝင်း ''
ဦးဝင်းပေးခဲ့သော ချိူင့်ထဲမှာ ခွန်းသေချာမှာထားသော ဆန်ပြုတ်ပါသည်။ အစာစားပြီး ဆေးတိုက်ကာ တိမ်တိုက်ကို တရေးအိပ်ခိုင်းရမည်။
ချိူင့်ကို ဖွင့်ကာ အအေးခံနေလိုက်သည်။ Toilet ထဲဝင်သွားသော တိမ်တိုက်ကတော့ ခုထိ ပြန်ထွက်မလာသေးတာကြောင့် ခွန်း အောက်ထပ်က ရုံးစာရေးအခန်းကို ဆင်းလာခဲ့သည်။
'' ဆရာ ဘာများ လိုချင်လို့လဲမသိဘူး ''
'' မဟုတ်ပါဘူး ကျွန်တော်မှာစရာလေးရှိလို့ပါ။ နောက်နှစ်နာရီလောက် ကျွန်တော့် အခန်းကို တက်မလာကြဖို့ပါ။ တိမ်တိုက်က နေမကောင်းတော့ အေးဆေး အနားယူစေချင်လို့ပါ။ ဆရာမတို့ ပြောစရာရှိရင် ဖုန်းဆက်လိုက်လို့ရပါတယ်။ ပြီးတော့ တခြားသူတွေ တက်လာတာမြင်ရင်လည်း တက်မလာဖို့ပြောပေးပါဦး ''
'' ဟုတ်ဟုတ် ရပါတယ် ဆရာ။ ကိုတိမ်တိုက်ရော သက်သာလား မသိဘူး။ မနက်က ကြည့်ရတာ အရမ်း အားနည်းနေသလိုပဲ ''
'' အခုတော့ သက်သာနေပါပြီ နည်းနည်းအနားထပ်ယူဖို့လိုနေလို့။ ကူညီကြပါဦးနော် ''
'' ဟုတ်ကဲ့ ဆရာစိတ်ချပါ အယ်....ဆရာ...''
စာရေးမလေးတွေက စကားပြောနေရင်း အခန်းအပေါက်ဝက ရပ်နေသော အစိမ်းရောင် ကောင်လေးကို ကြည့်ကာ...အံ့ဩနေကြသည်။ တိမ်တိုက်ယခုမျက်နှာက ပြိုတော့မည့် မိုးလိုပင်။
ခွန်းလည်း အနောက်လှည့်ကြည့်ကာ တိမ်တိုက်ကိုတွေ့တော့မှ သူပျောက်သွားလို့ လိုက်ရှာနေတာဖြစ်လိမ့်မည် ဟု တွေးကာ အနားအမြန်သွားပြီး ပုခုံးကို ထိန်းကိုင်ပေးကာ အပေါ်သို့ ပြန်တက်လာခဲ့သည်။
'' ဆန်ပြုတ် အရင်သောက်ကြမယ်နော် ပြီးရင် ဆေးသောက်ရမယ် ''
တိမ်တိုက် ခေါင်းညိမ့်တော့ ခွန်း သူ့ရဲ့ လက်ရှည်အဖြူကို တံတောင်ဆစ်ထိခေါက်တင်ကာ ဆန်ပြုတ်ကို တစ်လုတ်ချင်းမှုတ်ကာ အအေးခံပြီး စိတ်ရှည်လက်ရှည် ထိုင်ကျွေးသည်။
နောက်တော့ ဆေးတိုက်ပြီး ခနအိပ်ဖို့ ပြောလိုက်သည်။
'' မောင် ဘာမှ မစားဘူးလား ''
ဘေးတစောင်းလှဲနေရင်း မေးလာတော့
'' အင်း...မောင်နောက်မှ စားလိုက်မယ် အခု အိပ်ပျော်အောင် အိပ်လိုက်နော် နိုးလာရင် ကောင်းသွားလိမ့်မယ် ''
သိပ်မကြာလိုက်ပါ ဆေးအရှိန်နှင့်တိမ်တိုက် အိပ်ပျော်သွားတော့သည်။ ထိုအခါမှ ခွန်း သက်ပြင်းလေး ခိုးချမိသည်။
တိမ်တိုက်ပုံကြည့်ရတာ ဂျီချင်နေမှန်းသိသည်။ သို့ပေမယ့် ကျောင်းမှာ ဖြစ်နေသောကြောင့် ထိန်းနေရပုံပေါ်သည်။ သူကိုယ်တိုင်လည်း လုံးဝ မအားလပ်နေတာမို့ ကိုယ့်ကိုယ်ကို စိတ်ဆိုးလို့မဆုံး။ အဲ့ကလေး အခု သေချာပေါက် ဝမ်းနည်း နေမှာ အမှန်ပင်။
စောင်က အပေါ်တက်ကာ ခြေဖျားချောင်းလေးတွေ ပေါ်နေသည်မို့ ခွန်းထကာ စောင်ကို အောက်ဆွဲ ခြုံပေးရင်း...အစာစားလိုက်၍ သွေးရောင်နည်းနည်းပြန်လိုက်လာသော မျက်နှာလေးကို သေချာကြည့်မိသည်။
ထိုအခါမှ ဘယ်တုန်းကတည်းက စီးကျနေမှန်းမသိသော မျက်ရည်တစ်စက်ဟာ စောင်းအိပ်နေတာကြောင့် နှာရိုးတံပေါ်မှ ဖြတ်ပြီး သည်ဘက် မျက်ခမ်းစပ်လေးမှာ လာတင်နေလေသည်။ ခွန်း လက်မလေးနှင့် အသာ ဖယ်ရှားပေးပြီ နဖူးပေါ်မှ ဆံနွယ်အုပ်အုပ်ကို အသာဖယ်ကာ ကိုယ်ပူစမ်းကြည့်တော့ အဖျားက ကျလာနေပြီဖြစ်သည်။
ခွန်း လည်း လုပ်လက်စများကို သွားပြန်လုပ်နေတုန်း....နာရီဝက်လောက်အကြာတွင် ဆိုဖာရှည်ပေါ်က တိမ်တိုက်ကိုယ်လေးက လှုပ်လာတာကို မျက်လုံးထောင့်က တွေ့လိုက်သည်။
သည်ကလေး နိုးနေလေပြီ။ အိပ်တာဖြင့် ဘယ်လောက်မှ မရှိသေးပြန်နိုးလာလေသလား။
မျက်လုံး အဝိုင်းသားလေးနှင့် သူ့ဘက်စောင်းကာ သူအလုပ်လုပ်နေတာကို ကြည့်နေသည်။
ခွန်းလည်း သူ့ကိုကြည့်နေတာမို့ သေချာပြန်ကြည့်လိုက်ကာအလိုမကျနေသော တိမ်တိုက်မျက်ဝန်းတွေထဲ တစ်ခုခုကိုတွေ့လိုက်ရသည်။ ခွန်း သက်ပြင်းညှင်းလေး ချကာ...
'' မောင့်ဆီ လာမလား... ''
ခွန်းက ပေါင်ပေါ်ပုတ်ပြပြီးမေးတော့ အရောင်လက်သွားတဲ့မျက်ဝန်းလေးတွေက သူလိုချင်တာ ရသွားပုံပင်။
စောင်အပါးလေးကို ခြုံကာ သူ့နား ဖြည်းဖြည်းချင်းလျှောက်လာသည်။ အနားရောက်တော့ ထိုင်တော့မလိုလိုနဲ့ နောက်ပြန်ဆုတ်သွားသော တိမ်တိုက်...
'' လာလေ ဘာဖြစ်လို့လဲ ''
ဝစီပိတ်ကို မနက်ကတည်း ကျင့်နေသော တိမ်တိုက်ကတော့ သနားစရာမျက်လုံးလေးနဲ့ အခန်းတံခါးပေါက်ဝကို လှမ်းကြည့်ကာ ခွန်းကို ပြန်ကြည့်လာသည်။
'' ဘယ်သူမှ မဝင်လာဖို့ မောင်မှာထားပြီးပြီ ''
ထိုသို့ ပြောတာတောင် တိမ်တိုက် တောင့်တောင့်ကြီးရပ်နေတုန်းမို့ ခွန်း တိမ်တိုက် လက်တစ်ဖက်ကို ဆွဲယူကာ..
'' ကဲ မောင့်ကို သေချာပြောပြမှပေါ့ ကလေးရဲ့။ ဘာဖြစ်လို့လဲ ဟမ် ''
'' မောင့် အင်္ကျီ တွေ ကြေကုန်မှာ ''
ခွန်း မျက်မှောင်တစ်ချက် ကြုံ့လိုက်ပြီး တိမ်တိုက်ကို သူ့ပေါင်ပေါ် ဆွဲချကာ တိမ်တိုက် ခေါင်းလေးအား သူ့ရင်ဘတ်ကို မှီထားစေသည်။ လက်ကလည်း တိမ်တိုက် ဆံပင် အိအိတို့အား အသာအယာ သပ်ပေးနေသည်။
'' ထပ်အိပ်လိုက်ဦး ''
ထိုအခါမှ တိမ်တိုက် လည်း ခွန်းပေါင်ပေါ် တပလ္လင်
ခွေတက်ထိုင်ကာ တစ်ကိုယ်လုံးကို ရင်ခွင်ထဲတိုးပြီး အိပ်တော့သည်။
တိမ်တိုက်ကိုယ်သေးသေးလေးက ယခု ဆိုလျှင် ခွန်း၏ အဖြူရောင်ရင်ခွင်ကျယ်ကြီးထဲတွင် ကလေးပမာ ပစ်ဝင်ကာ နှစ်နှစ်ချိူက်ချိူက် အိပ်နေတော့သည်။
တိမ်တိုက် အိပ်ပျော်သွားတာ သေချာမှ ခွန်း အရှေ့နည်းနည်းပြန်တိုးကာ အစည်းအဝေး အတွက် နောက်ဆုံး စာတမ်းကို လက်စသတ်နေလိုက်တော့သည်။ သည်လိုအနေအထားမျိူးက နှစ်ယောက်လုံးနှင့်စိမ်းသက်မနေခဲ့တာအမှန်ပင်။
နေမကောင်း၍ ကျောင်းမသွားသည့်အခါတိုင်း အိမ်မှာ ခွန်းအလုပ်လုပ်နေရင် တိမ်တိုက်က ရင်ခွင်ထဲတိုးပြီး လာလာအိပ်နေကျ ဖြစ်သည်။
ယခု အလုပ်တွေ ပြီးသွားသော်လည်း တိမ်တိုက်က မနိုးသေး၍ ခွန်း ဒီတိုင်းသာ နေနေလိုက်သည်။
ကလေးတွေတောင် ကျောင်းဆင်းသွားချိန်တွင် အစည်းအဝေး စချိန်ကလည်း တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်၍ ရှန်မင်းကလည်း အထက်လူကြီးပိုင်းတွေ ရောက်နေပြီ ဖြစ်ကြောင်း ဆက်လာသည်။
'' ဟယ်လို ဦးဝင်း ဆရာရှန်မင််းခက် လာရင် အပေါ်တက်ခိုင်းလိုက်ပါ ''
''. ...''
'' ဟယ်လို ဆရာမ...ဆရာ ရှန်မင်းခက် တက်လာရင် ဝင်ခိုင်းလိုက်ပါ ''
ခွန်း အောက်ထပ်က လူတွေအား ဖုန်းလှမ်းဆက်ထားလိုက်သည်။ ရှန်မင်းလည်း အစည်းအဝေး စတော့မှာမို့ခွန်းကို ခေါ်ဖို့တက်လာခဲ့တော့သည်။
ရုံးခန်းထဲ ဝင်ဝင်ချင်းမြင်ကွင်းကြောင့် ရှန်မင်းအနည်းငယ် တွန့်သွားသော်လည်း ဘာမှ မဖြစ်သလိုသာ ဝင်လာခဲ့သည်။
ကျောင်းအုပ်ကြီးရင်ခွင်ထဲက တိမ်တိုက်ကြိုးတို့က စိတ်ချလက်ချကို အိပ်ပျော်နေတုန်းဖြစ်သည်။
'' သက်သာသွားပြီလား ''
'' အင်း အဖျားတော့ကျသွားပြီ ''
ခွန်းရင်ခွင်ထဲက တိမ်တိုက်ကို လှမ်းကြည့်ရင်း မေးလေသည်။
'' လူစုံနေပြီ ကိုခွန်း သွားမှ ရမယ်။ ''
'' အင်းအင်း ခနလေး ''
ခွန်း တိမ်တိုက်ကို မတ်တပ်ထကာပွေ့ချီလိုက်တော့ သူ့ရင်ခွင်ထဲက အကောင်လေးက တအီးအီးနဲ့ လှုပ်လာသည်။ နောက် ဆိုဖာပေါ် ဖြည်းဖြည်း ချပေးလိုက်ကာ စောင်ကို သေချာပြန်ခြုံပေးလိုက်ပြီး...
'' တိမ်တိုက်....မောင် meeting ဝင်တော့မယ်နော်။ ကြားလား ''
'' အင်း....မြန်မြန်ပြန်လာခဲ့ ''
အိပ်ချင်မူးတူး အသံလေးကတော့ နည်းနည်း လန်းလာသလိုရှိနေပြီဖြစ်သည်။ အကြာကြီးအိပ်ထား၍ အားနည်းနည်းပြည့်လာပုံပင်။
'' သွားမယ် ရှန်မင်း..... ကိုကို နဲ့ သားရော နိုးပြီလား ''
ကြေနေသော အင်္ကျီ ကို အနည်းငယ် ခါလိုက်ပြီး တိုက်ပုံကို ထပ်ဝတ်ရင်း မေးတော့
'' အင်း နိုးပြီ ကိုကို့ အခန်းထဲမှာ ''
နှစ်ယောက်သားလမ်းမှာ အစည်းအဝေး ကိစ္စ ပြောရင်း meeting room ဆီမသွားခင် ကိုကို့ အခန်းကို အရင်လာခဲ့ကြသည်။
ဆည်းဆာကတော့ ကိုကို ကျွေး ထားသော မုန့်နှင့် ဇိမ်ကျနေတာကို ခွန်းတွေ့လိုက်ရသည်။
'' သား လာဦး ''
ဆည်းဆာလေး အနားရောက်လာတော့ ခွန်း ကောက်ချီလိုက်ပြီး...
'' ဖေဖေ့ ရုံးခန်းထဲမှာ သား အဖေ တစ်ယောက်တည်း အိပ်နေတယ်။ သား သွားစောင့်ပေးမလား။ ''
'' ဟုတ် ''
ဆည်းဆာလေးက ခေါင်းကို ဆတ်ခါဆတ်ခါ ငြိမ့်ပြသည်။ စိတ်ဆိုးစိတ်ကောက်တာတွေက မုန့်စားလိုက်လို့ သတိတောင်မရတော့ပေ။
'' ကျောင်းထဲ လျှောက်မသွားပဲ အဖေ့နားမှာပဲ နေနော် ''
'' ဟုတ် ''
'' စိတ်ချမယ်နော် ''
'' ဟုတ် ''
ခေါင်းတငြိမ့်ငြိမ့်နှင့် ခွန်းပြောတာကို နာခံနေသော ဆည်းဆာကို ခွန်း သဘောကျကာ အုန်းမုက်ခွက် အသေးစား ဆံပင်အုပ်လေးကို ထိုးဖွလိုက်သေးသည်။
နောက်တော့ ဆည်းဆာအား ဦးဝင်းကို လိုက်ပို့ခိုင်းလိုက်ပြီး သူတို့ သုံးယောက်ကတော့ အစည်းအဝေး ခန်းဆီ ထွက်လာခဲ့ကြသည်။
တိမ်တိုက်တစ်ယောက် အိပ်ယာကနိုးလာတော့ သူ့ဘေးတွင် ထိုင်ကာ ဂိမ်းဆော့နေသော ဆည်းဆာလေးကိုတွေ့လိုက်ရသည်။
'' ခွန်ဖော့် နိုးပြီလား။ နေလို့ရော ကောင်းသွားပြီလား ''
ထုံးစံအတိုင်း လက်သေးသေးလေးနှင့် နဖူးကိုစမ်းရင်း မေးလေသည်။
အခုမှ တိမ်တိုက်မျက်နှာလေးက ပန်းရောင်ပြန်သန်းလာကာ လန်းလန်း ဆန်းဆန်း ဖြစ်သွားတော့သည်။
'' သား ဖေဖေ...ရော ပြန်မလာသေးဘူးလား ''
'' မလာသေးဘူး ဖော့် ''
" ခွန်ဖော့် ''
မရဲတရဲလေး ခေါ်လာသော ဆည်းဆာကို တိမ်တိုက်ကြည့်လိုက်တော့ တစ်ခုခုကို ပြောချင်နေပုံရသည်။
'' ဘာလဲ သား ပြောလေ ''
'' ဟို ဖော့် လည်း နိုးပြီဆိုတော့လေ ဟို....အောက်မှာ ဘောလုံး ခနသွားဆော့ချင်လို့ အဲ့တာ ရလားဟင် ''
'' ဪ ရတယ်လေ.... သွားဆော့.... ဖော့်လည်း လိုက်ခဲ့မယ် ။ ''
သားအဖနှစ်ယောက် တိတ်ဆိတ်နေသော ကျောင်းဝင်းထဲသို့ ဆင်းခဲ့သည်။ ဆည်းဆာကတော့ ဘောလုံးတစ်လုံးကို သူတစ်ယောက်တည်း လှည့်ပတ်ကန်ကာ ဆော့နေတော့သည်။
'' ဆည်းဆာ အရမ်းမပြေးနဲ့ ချော်လဲမယ် ''
တိမ်တိုက်မှာ သူ့သားဆော့တာ ထိုင်ကြည့်ရင်း ရင်တမမ။ ဆည်းဆာကလည်း ယောကျာ်း လေးဆိုသည့်အတိုင်း ဆော့လိုက်တာမှ ဗြောင်းဆန်နေတာပင်။ ဒါတောင် အဖော်မပါသေး။
'' ဆည်းဆာ... ဒီနားမှာပဲဆော့နော် ဖော့် Toilet ခနသွားဦးမယ် ''
'' ဟုတ် ဟုတ် ''
တိမ်တိုက်လည်း နီးစပ်ရာ အိမ်သာ ထဲပဲ ဝင်လိုက်တော့သည်။
ခွန်းတို့အစည်းအဝေးက ထင်ထားတာထက်ကြာနေသည်။ မကြာခင်လည်း ညနေစောင်းတော့မည့်အပြင်....လေတွေတိုက်ကာ မိုးသားတွေလည်း တက်လာနေပြီ ။
ဆည်းဆာလည်း တစ်ယောက်တည်း ကန်ရင်း ကန်ရင်း ကျောင်းတစ်ခုလုံးရဲ့ အစွန်ဆုံး အဆောင်နား ရောက်လာသည်။
လေတိုက်သည့်အရှိန်နဲ့ ဆည်းဆာ၏ ပြင်းသော ကန်ချက်တို့ကြောင့် ဆီလီကွန် ဘောလုံး အပေါ့လေးဟာ တံခါးတစ်ဖက် ပွင့်နေသော စာသင်ခန်းတစ်ခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်သွားတော့သည်။
တိမ်တိုက် အိမ်သာထဲကထွက်လာတော့ ဆော့နေကျ နေရာတွင် ဆည်းဆာ မရှိတော့ ခပ်လှမ်းလှမ်းကို ကြည့်မိတော့ ဆည်းဆာက စာသင်ခန်းတစ်ခုထဲကို ဝင်သွားတာတွေ့လိုက်သည်မို့ လိုက်ရပြန်သည်။
'' ဖအေကို ဒုက္ခ ပေးပြန်ပြီး ဆည်းဆာရာ။ အရေးထဲ ကျောင်းကလည်း ကျယ်လို်က်တာ ''
တစ်ယောက်တည်း ရေရွတ်ရင်း ခပ်ဝေးဝေး မှာရှိနေတဲ့ စာသင်ခန်းဆီ တိမ်တိုက် အမြန်လျှောက်သွားလိုက်တော့သည်။
'' ဝိုး....မိုက်တယ် ''
အခန်းထဲ ဝင်သွားသော ဘောလုံးကို ကောက်ပြီး ပြန်ထွက်မည်အလုပ်... စားပွဲတစ်ခုပေါ်တွင်တင်ထားသော ဆေးရည်စိမ် ပုလင်းတွေကို ဆည်းဆာ စိတ်ဝင်စားနေသည်။
အဲ့ထဲကမှ ဖား တစ်ကောင်ကို ဆေးရည်စိမ်ထားသည့် ပုလင်းကို ဆည်းဆာ မော့ကြည့်ရင်း သဘောကျနေသည်။
အခန်းအပေါက်ဝက နံရံမှာတော့ Grade - 9 ( Bio A)ဆိုပြီး ဆိုင်းဘုတ်တပ်ထားသည်။
တိမ်တိုက် တစ်ယောက် ဆည်းဆာဝင်သွားသော အခန်းနားရောက်လေ... ခြေလှမ်းတွေက အလိုလိုလေးလာလေ ဖြစ်နေသည်။ ထိုအခန်းနားကို သူ့စိတ်က လုံးဝ မသွားချင်။
သို့သော် သူ့သား ဆည်းဆာကို သူပြန်ခေါ်ရဦးမယ်။
အလိုလိုကြောက်စိတ်ကို တွန်းလှန်ကာ အခန်းအပေါက်ဝရောက်သွားပြီး ပိတ်နေသော တံခါးတစ်ချပ်ကိုပါ ဖွင့်လိုက်သည်။ အထဲမှာတော့ စားပွဲတစ်ခုပေါ်ကို မော့ကြည့်နေသော သူ့သား ဆည်းဆာ။
'' သားငယ်.... ဘောလုံး ကောက်ပြီးရင် ထွက်လာလေ ''
'' ဒီမှာကြည့်စမ်း ခွန်ဖော့် ဖားကြီး ''
ဆည်းဆာမျက်လုံးက ထို ပုလင်းဆီက လုံးဝမခွါ။ တိမ်တိုက်ကလည်း ထိုအခန်းထဲ လုံးဝမဝင်ပဲ ဆည်းဆာကို ရအောင်ခေါ်နေသည်။
'' လာတော့ ဆည်းဆာ မင်း...ဖေဖေ တော်ကြာနေ ထွက်လာလို့ မတွေ့ရင် နှစ်ယောက်လုံး ကြိမ်လုံးစာမိနေမယ် ''
'' ခနလေးပါပဲ ဖော့်ရဲ့.... ဖော့် လည်း လာ ကြည့်ကြည့် အရမ်းမိုက်တယ်။ ''
ဆည်းဆာကလည်း အထဲကနေ တိမ်တိုက်ကို ဇွတ်ခေါ်နေသည်။ မီးသီးများကို လိုတာထက်ပိုထွန်း ထားသော ထိုအခန်းက လင်းထင်းနေသော်လည်း တိမ်တိုက် မျက်လုံးထဲ မှောင်နေသလို ခံစားရသည်။ ထို့အပြင် အထဲကို ဝင်ဖို့ရာ သူ့ခြေထောက်တွေက လုံးဝ ခွင့်မပြု။
တစ်ဖက်က အစည်းအဝေးကလည်း တစ်နာရီ ကျော် နှစ်နာရီနီးပါး ထိုင်ပြီးသည့်အခါ နိဂုံးချူပ်ဖို့ လုပ်နေပြီဖြစ်သည်။ ခွန်းကလည်း အစည်းအဝေး ကိုမြန်မြန်ပြီးချင်နေပြီ။သူ့ရုံးခန်းဆိုပေမယ့် တိမ်တိုက်နှင့် ဆည်းဆာ နှစ်ယောက်တည်းကို သူစိတ်မချ။ ဒီကျောင်းက တိမ်တိုက်အတွက် အတိတ်ဆိုးတွေထဲက တစ်ခု ဖြစ်နေတာကြောင့် ကျောင်းမှာ တိမ်တိုက်ရှိနေတာကို သိပ်သဘောမကျ။
'' ဆည်းဆာ လျှောက်မကိုင်နဲ့ လေ ''
မမှီတမီ ထိုပုလင်းကို ခြေဖျားထောက်ကာ လှမ်းဆွဲ နေသော ဆည်းဆာကို တိမ်တိုက် အမြန်ဝင်တားလိုက်ရသည်။ ပုလင်းက သေးသေးလေးမဟုတ် မတော်လို့ ဆည်းဆာပေါ်ကျရင် အနာတရက ဖြစ်ဦးမည်။
သို့သော် သတိမထားမိချိန်မှာပဲ တိမ်တိုက် က အခန်းထဲဝင်နှင့်ပြီးသားဖြစ်လာသည်။ ဘာကြောင့်ရယ်မှန်းမသိ အစိုးမရသည့် ကြောက်စိတ်တွေက ရှိရှိသမျှ အာရုံတွေကနေ တိုးဝင်လာပြီး တိမ်တိုက် တစ်ကိုယ်လုံး ကို လွှမ်းခြုံသွားသည်။
ခြေဖျားလက်ဖျားတွေ အေး လာပြီး ချွေးတွေထွက်လာသည်။
ဆည်းဆာကို ခေါ်ပြီး အပြင်ပြန်ထွက်မည်အလုပ်မှာ လေပြင်းတစ်ချက်က ဆောင့်တိုက်လိုက်တော့....
ဝုန်း...
'' အား.........''
အခန်းတံခါးနှစ်ချပ်က အရှိန်ပြင်းပြင်း လာပိတ်ဆောင့်သည်နှင့်တစ်ပြိုင်တည်း တိမ်တိုက်လည်း နားနှစ်ဖက်ကို ပိတ်ကာ မျက်လုံး စုံမှိတ်ပြီး စူးစူးဝါးဝါး အော်ချလိုက်သည်။ ရုတ်တရက်ကြီး ထိုင်ချကာ မျက်လုံးမှိတ်ပြီးအော်နေသော အဖေဖြစ်သူကြောင့် ဆည်းဆာလည်း လန့်သွားကာ ဘာလုပ်ရမယ်မသိ။
ခွန်းတစ်ယောက် အစည်းအဝေးပြီးခါနီးလေ ရင်တွေ လေးလာလေ ဖြစ်နေတာကြောင့် ဖင်တကြွကြွ ဖြစ်နေချိန်.... ရုတ်တရက် တိမ်တိုက် အော်သံလိုလို ကြားလိုက်ရတာကြောင့် အစည်းအဝေး ခန်းကနေ ဝုန်းခနဲထကာ ထွက်လာပြီး အောက်ကိုပြေးဆင်းတော့သည်။
အစည်းအဝေးကပြီးနေပြီမို့ ရှန်မင်းကပဲ ကျန်သည့် ကိစ္စတွေအား ဆောင်ရွက်လိုက်သည်။
ခွန်း ကမန်းကတန်းပြေးဆင်းလာတာကို မြင်သော ဦးဝင်းက အပြေးလာပြီး ဘာဖြစ်တာလဲ ဟု မေးတော့
'' တိမ်တိုက်နဲ့ သားရော ဦးဝင်း ''
'' ဆော့နေရင်း သားလေး ဟိုဘက်ရောက်သွားလို့ မောင်တိမ်တိုက်က လိုက်ခေါ်နေတယ်ဆရာ ''
ဦးဝင်း လက်ညိုးထိုးပြရာ ဘက်ကိုကြည့်ပြီး ခွန်း နားတွေပူထူကာ စိုးရိမ်စိတ်တွေ ဆောင့်တက်လာသည်။
ထိုအဆောင်ဘက်ကို မပြေးရုံတမယ်ခြေလှမ်းကျယ်ကြီးတွေနှင့်လျှောက်နေရင်း.... စိတ်ထဲက တိမ်တိုက် ဘာမှ မဖြစ်ပါစေနဲ့ ဟု အကြိမ်ကြိမ် ဆုတောင်းနေမိသည်။...
'' ဖော့်..... ခွန်ဖော့်....ဘာဖြစ်တာလဲ အီး...ဟီး....''
မျက်လုံး မှိတ်ပြီး ငိုနေသော တိမ်တိုက်ကြောင့် ဆည်းဆာလည်း လန့်နေပြီဖြစ်သည်။ သူ့အဖေက ခေါ်လို့လည်းမရပဲ မျက်စိမှိတ်ပြီး ခေါင်းသာ တွင်တွင်ရမ်းနေလေသည်။
'' အား....မောင့်.....ကယ်ပါဦး....ကြောက်တယ် အီး....''
'' အီး....ခွန်ဖော့်....ဟီး....အီး....''
အခန်းထဲ သားအဖနှစ်ယောက်ငိုသံ တွေ ညံသွားတော့သည်။
ခွန်း အနားကပ်လာတော့ ငိုသံတွေကြားနေရတာကြောင့် အမြန်ပြေးကာ လေတိုက်သွားတာ ကြောင့်ပိတ်သွားသော တံခါးကို ဆွဲဖွင့်လိုက်တော့....ကြမ်းပြင်ပေါ် ပုံကျကာ သူ့ကို တပြီး ငိုနေသော တိမ်တိုက်နှင့် တိမ်တို်က်ကို လက်လေးသေးသေးလေးတွေဖြင့် ဖက်ကာ ငိုနေသော ဆည်းဆာ။
'' တိမ်တိုက်.... တိမ်တိုက်......သား...ဆည်းဆာ ''
လှုပ်ကာ ခေါ်သော်လည်း တိမ်တိုက် က ပြန်ထူးမလာ။ ဆည်းဆာကတော့ ခွန်းဆီ ပြေးကပ်ကာ တင်းနေအောင်ဖက်ထားသည်။ အမှန်တော့ သူကြောက်နေပြီ။ ခေါ်မရသော တိမ်တိုက်က ဒီတိုင်းငိုယိုနေတာကြောင့် ဆည်းဆာ ကြောက်နေလေပြီ။
'' တိမ်တိုက်ကြိုး..... မောင်လာပြီလေ ကလေး....''
ဆည်းဆာကို လက်တစ်ဖက်က ပွေ့ရင်း တိမ်တိုက်ကိုလည်း သူ့ရင်ခွင်ထဲရောက်အောင်ဆွဲထည့်လေသည်။
'' ဟင့်... မောင်.....ကြောက်တယ် ''
'' အင်း..မောင်ရှိတယ်နော် မောင်ရှိတယ်... ''
ထိုအခါမှ ကယောင်ကတမ်းရေရွတ်နေတာတွေ ရပ်သွားပြီး ခွန်းရင်ခွင်ကို မျက်နှာအပ်ကာ တရှုတ်ရှုတ်ငိုနေလေသည်။
'' သား.. ဆည်းဆာမောင်.....ဖေဖေ့ကို ကြည့်စမ်း ''
သူလေးကလည်း ရှိုက်သံလေးတွေဖြင့် ခွန်းကိုကြည့်လာသည်။
'' ဖေဖေရှိတယ်နော် ဘာမှ မဖြစ်တော့ဘူး မကြောက်နဲ့။ ''
ခွန်းပေးလိုက်သော ခွန်အားကို ဆည်းဆာ ရလိုက်သည်နှင့်တူသည်။ ရှိုက်သံတွေ သိမ်ဝင်သွားကာ ပုံမှန်အတိုင်းဖြစ်လာပြီး ခွန်းရင်ခွင်ထဲက သူအဖေ တိမ်တိုက်ကိုသာ ကြည့်နေမိသည်။
'' ခွန်ဖော့်...ခွန်ဖော့်..... သားလည်းရှိတယ် မငိုနဲ့တော့နော် ...''
ခွန်းရင်ခွင်ထဲ တိုးနေတဲ့ တိမ်တိုက် ခေါင်းလုံးလေးကို သူကပါ ဝင်ဖက်လိုက်ပြီး ချော့နေလေသည်။
'' တိမ်တိုက်....ကလေးလေး....ဘာမှ မဖြစ်တော့ဘူးနော် တိတ်....တိတ် .... ''
ခွန်းတို့ အညိုစင် သားအဖတွေ တိမ်တိုက်အား ချော့နေလေသည်။
'' တိမ်တိုက်! ''
တုန်လှုပ်စိုးရိမ်မှုတွေနဲ့ ခေါ်သံက သေချာပေါက် ရှန်မင်းခက်အသံ။
အနား ချက်ချင်းရောက်လာပြီး ရှန်မင်းကြည့်လိုက်တော့ ခွန်းက မျက်လုံး တစ်ချက် အသာမှိတ်ကာ ခေါင်းရမ်းပြသည်။
'' ဘေဘီ လာ ဒယ်ဒီတို့ အပြင်သွားရအောင် ''
တိမ်တိုက်ကို ဖက်ထားသည့် ဆည်းဆာလေးကို ရှန်မင်းကောက်ချီလိုက်သည်။ တိမ်တိုက် သည်ပုံစံက ခွန်းတစ်ယောက်တည်းသာ တတ်နိုင်လိမ့်မည်။
'' သား ဒယ်ဒီရှန်မင်း နဲ့ ခနလိုက်သွားနော် ပြီးတော့ ဖေဖေ လာခေါ်မယ် ''
'' ဒါပေမယ့် ဖော့်...က ''
'' ဖေဖေ ခေါ်ခဲ့လိုက်မယ်နော်... သားက လိမ္မာတယ် ''
ရှန်မင်းလည်း ဆည်းဆာကို ခေါ်ကာ အပြင်သို့ထွက်လာခဲ့တော့သည်။
ထိုအခါမှ သူ့ရင်ဘက်က တိမ်တိုက်မျက်နှာကို ခွာကာ အကြည့်ချင်းစုံလိုက်သည်။ မျက်ရည်တွေစိုစွတ်နေသော မျက်တောင်ရှည်တွေက မခတ်ပဲ တည်ငြိမ်နေပုံကို သူမကြိုက်။ ဒါ့ကြောင့် ခွန်း တိမ်တိုက် မျက်ခွံလေးကို အသာ ဖိကပ်ကာ နမ်းလိုက်သည်။
ထိုအခါမှ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာသော တိမ်တိုက်.....အထူးတလည်ငြိမ်သက်ကာ မျက်တောင်ရှည်တွေ ခတ်ရင်း ခွန်းကိုသာ ဆက်တိုက်ကြည့်နေသည်။
ထိုအကြည့်တွေထဲ တွင် ဘာမှ မပါဝင်နေသလို...ဘာခံစားချက်မှလဲ ရှိမနေခဲ့ပါ။ ဒီတိုင်း သူ့မျက်စိရှေ့က အရာကို သာ ကြည့်နေတာဖြစ်ပြီး... ခွန်းကိုကြည့်နေတာမဟုတ်။
ခွန်းလည်း....အသိစိတ်ပြန်မဝင်သေးသော တိမ်တိုက်ကို နဖူးကနေ တစ်ချက်ချင်း တယုတယ စနမ်းသည်။
တစ်ခါနမ်းတိုင်း မျက်လုံးတစ်ခါ ပိတ်ကျသွားပြီး ပြန်ဖွင့်လာလျှင် အကြည့်တွေ ပြောင်းလဲနေစေဖို့ ခွန်းမျှော်လင့်သည်။
နဖူး....ပါး..နှစ်ဖက်....နှာခေါင်း...မေးစေ့....နောက်ဆုံး ကြံရာမရတော့ပဲ တိမ်တိုက် ၏ နှုတ်ခမ်းဖူးလေးအား စတင် နမ်းရှိုက်လိုက်တော့သည်။ တုံ့ပြန်မှုမရှိသည့် နှုတ်ခမ်းတစ်စုံအား ခွန်း မက်မက်မောမော နမ်းလိုက်ပြီး မိနစ်စွန်းသည်အထိ အနမ်းရှည်တစ်ခုကို ဖန်တီးလိုက်သည်။
အကြောင်းပြချက်မဲ့စွာ ခွန်း မျက်ရည်ကျမိသည်။ ရင်ဘက်ထဲက အတွင်းတစ်နေရာမှ နက်နက်ရှိုင်းရှိုင်းထိုးဖောက်ထွက်လာသော မျက်ရည်စက်ဖြစ်သည်။
ထိုမျက်ရည်စက်ကို တိမ်တိုက် နှုတ်ခမ်းတွေကြား အရသာခံမိတော့မှ နမ်းခြင်းအမှုကို အဆုံးသတ်လိုက်သည်။
ပြန်လည် ဖွင့်လာသော တိမ်တိုက်မျက်ဝန်းအိမ်တွေထဲ သူ့ကိုကြည့်နေသည့် ချစ်ရိပ်တွေ ပြန်မြင်လိုက်ရသည့်အခါမှ ခွန်း စိတ်အေးရသည်။
'' မောင်...အိမ်ပြန်ချင်တယ် ''
'' အင်း မောင်တို့ ပြန်ကြမယ် ''
မျက်ရည်စတွေကို ဖယ်ပေးလိုက်ပြီး တိမ်တိုက်ကို ပွေ့ချီကာ ထိုအခန်းထဲမှ ထွက်လာခဲ့တော့သည်။
လမ်းလျှောက်နေရင်း တခဏလေးအတွင်းမှာပဲ တိမ်တိုက်က ခွန်းလက်ပေါ် အိပ်ပျော်သွားခဲ့သည်။ မေ့ပျောက်ထားသော အတိတ်ဆိုးတွေက သိပ်ပင်ပန်းတယ်ထင်ပါရဲ့။
ကားထဲ တစ်ခါတည်းထည့်လိုက်ပြီး ရှန်မင်းကို ဖုန်းဆက်လိုက်တော့ မကြာခင်မှာပဲ ရှန်မင်းနှင့်ကိုကိုက ဆည်းဆာကို ခေါ်ပြီး ထွက်လာကြသည်။
'' ကိုခွန်း.... သားကို ကျွန်တော်တို့ ခေါ်သွားလိုက်မယ် ''
ခွန်း ခေါင်းငြိမ့်ပြလိုက်ပြီး....
'' သား....ဖေဖေ့ဆီ ခနလာ ''
ကိုကို့လက်ထဲကနေ ဆည်းဆာကို လွှဲယူလိုက်ပြီး
'' ဒီနေ့ ဒယ်ဒီ တို့ ပါးပါး တို့နဲ့ အိပ်လိုက်နော်။ ခွန်ဖော့်က အရမ်းနေမကောင်းဖြစ်နေလို့ သားကိုကူးသွားမှာစိုးလို့ ။ သားနားလည်တယ်မလား ''
ဆည်းဆာကို ချီထားပြီး သေချာပြောပြသည်။
'' သားကို ဖေဖေတို့နှစ်ယောက်က နောက်မှ သီးသန့်ချော့မယ်နော်။ ဘာပဲ ပြောပြော ဖေဖေက သားရော သားရဲ့ ခွန်ဖော့်ကိုရော အများကြီးချစ်တယ် ဆိုတာ ယုံတယ်မလား ''
'' ဟုတ် ဖေဖေ ''
'' နောက်ဆုံး မှာစရာရှိတယ် ဘာလဲ သိလား ''
'' ဒယ်ဒီတို့ ပါးပါးတို့ စကားနားထောင်ရမယ်။ မဆိုးရဘူး။ အိပ်ခါနီးတိုင်း သွားတိုက်ရမယ်။ အိပ်ယာထဲ ရှူးမပေါက်ချရဘူး ''
'' ဟား...ဟား...အဲ့လို လိမ္မာလို့ ချစ်နေရတာ ''
သား ပါးတစ်ဖက်ကို နစ်ဝင်သွားအောင်နမ်းလိုက်ပြီး ကိုကို့ဆီ ပြန်ပေးလိုက်တော့သည်။
အဲ့သည့်နောက် အိပ်နေသော တိမ်တိုက်ကို အိမ်သို့ ခွန်း ပြန်ခေါ်ခဲ့တော့သည်။ ရှန်မင်းတို့်ကတော့ သား လန့်ထားတာကြောင့် မုန့်ကျွေးပြီးမှ ပဲ ပြန်တော့မည်ဟုပြောကာ အိမ်တန်းမပြန်ကြပေ။
တိမ်တိုက်ကို ရေပတ် သေချာတိုက်ပေးပြီး နိုးလာရင် စားဖို့ရာ ဆန်ပြုတ် ကို သူကိုယ်တိုင် ပြုတ်သည်။
အဖျားက လုံးဝ မရှိတော့ပဲ ။ တိမ်တိုက်က ပုံမှန် အိပ်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဖြစ်သည်။
တိမ်တိုက် ပြန်နိုးလာတော့ လည်း ဘာမှ သိပ်မမှတ်မိ။ ဆည်းဆာကို အခန်းထဲထိလိုက်ခေါ်တာအထိပဲ မှတ်မိနေသည်။
ခွန်းလည်း မထူးဆန်းတော့တာမို့ စကားကို လွှဲပြောကာ ဆန်ပြုတ်တိုက်ပြီး ဆေးတစ်ခွက် ထပ်တိုက်ထားလိုက်သည်။
တစ်နေကုန် အိပ်ပဲ အိပ်နေသော တိမ်တိုက်ကတော့ ညလူအိပ်ချိန်တွင် သူအိပ်ဖို့ရာ မစွမ်းသာတော့။ နေလည်းပြန်ကောင်းနေပြီဖြစ်တာကြောင့် သားအကြောင်းပြောလိုက် ဂီတာတီးလိုက် သီချင်းဆိုလိုက်ဖြစ် အချိန်ဖြုန်းသည်။ ခွန်း ပင်ပန်းနေပေမယ့်လည်း ကော်ဖီတွေသောက်ကာ တိမ်တိုက်နဲ့အတူ တစ်ညလုံး အဖော်ပြုပေးသည်။
အဲ့ညက အဲ့သည့် အဝါရောင်တိုက်လေးမှာ ဂီတာသံ ရယ်မောသံတွေနဲ့အတူ အဝါရောင် ညလေးက သိပ်ကို ကဗျာဆန်ကာ လှပခဲ့လေသည်။
29.9.2021
အရှည်ကြီးနော် ဟွန့် 😒
edit; cmt တွေရေးပေးနော် မိုတီယူရအောင် 😗
( Zawgyi)
'' တိမ္တိုက္ အဆင္ေျပရဲ႕လား။ ေမာင္တို႔ အိမ္ပဲ ျပန္ၾကမလား ''
ေဘးခုံတြင္ ပင္ပန္းစြာ ေလ်ာ့ေလ်ာ့ရဲရဲ ထိုင္ေနေသာ တိမ္တိုက္ ကို ကားေမာင္းရင္း ခြန္းလွည့္ ၾကည့္ကာ တယုတယေမးလိုက္သည္။
ရဲရဲနီေနက် ႏႈတ္ခမ္းေလးက သည္ေန႕မွ သူမတူျစာ အေရာင္ေဖ်ာ့ေနေလသည္။ ထိုႏႈတ္ခမ္းသားတို႔ကို အားယူ၍ အေပၚသို႔ ေကြးကာ ၿပဳံးျပဳရင္း
'' ရပါတယ္ ဆို ေမာင္ရာ။ ေဆးေသာက္ထားတာပဲ ခနေန ေကာင္းသြားမွာပါ ''
ခြန္းကို ၿပဳံးျပေနတုန္း အေနာက္ကေန အညိုေရာင္ လက္ေသးေသးေလးက တိမ္တိုက္နဖူးေပၚေရာက္လာသည္။
'' ခြန္ေဖာ့္.....အပူမက်ေသးဘူး ေဖေဖ ''
ဆည္းဆာက နဖူးစမ္းရင္းေျပာေတာ့ ခြန္းက သူ႕လက္တစ္ဖက္ျဖင့္ တိမ္တိုက္ နဖူးကို လွမ္းစမ္းျပန္သည္။ သည္သားအဖႏွစ္ေယာက္ သူ႕နဖူးကို တစ္ေယာက္ၿပီးတစ္ေယာက္လာစမ္းေနၾကတာပင္။
'' ဟင္ ေမာင္...ဒါက ေက်ာင္းသြားတဲ့လမ္းမွ မဟုတ္တာ ''
လမ္းခ်ိဴးတစ္ခုမွာ ေကြ႕လိုက္ၿပီး တိမ္တိုက္ ကို ဘာမွ ျပန္မေျဖပဲ ခြန္းက ကားကိုသာ ဆက္ေမာင္းေနသည္။
ဒါက အိမ္ျပန္သည့္လမ္းလည္းမဟုတ္....
မေန႕ ညေနကတည္းက မိုးေတြအုံ႕ကာ ေလေတြတိုက္ေနခဲ့တာျဖစ္သည္။ ေရခ်ိဴးေနာက္က်ရသည့္အထဲ ညဘက္ ဝရံတာ ကို ေလညင္းက ထြက္ခံလိုက္ေသးတာေၾကာင့္ တိမ္တိုက္တို႔ ဖ်ားေလၿပီ။
ျဖစ္ခ်င္ေတာ့ ဒီေန႕ကလည္း ေက်ာင္းမွာ အေရးႀကီးကိစၥရွိသျဖင့္ ခြန္း ၾသားကိုၾသားမွ ျဖစ္မည္။ တိမ္တိုက္ကလည္း ဖ်ားေနတာေၾကာင့္ မနက္နိုးကတည္းက ခြန္း ေက်ာင္းမသြားဖို႔ကို ဆုံးျဖတ္လိုက္သည္။
ေနာက္ကိစၥေနာက္မွေျဖရွင္းမည္။ ေလာေလာဆယ္ ခ်စ္ေသာေလး.....ေနမေကာင္းျဖစ္ေနသည္။
အေရးႀကီး ကိစၥမွန္း သိ၍ တိမ္တိုက္ ကလည္း ကပၼ ေနတာ့ပဲ ေက်ာင္းကိုသာ သြားဖို႔္ ေျပာသည္။ ခြန္းကလည္း ေနမေကာင္းသည့္ ခင္ပြန္းကို ကေလးတစ္ေယာက္နဲ႕ ထားခဲ့ဖို႔ရာလည္း ဘယႅိုမွ မျဖစ္နိုင္။
စကားအေျခအတင္ျဖစ္ၿပီးခ်ိန္တြင္ တိမ္တိုက္တို႔ သားအဖကို ေက်ာင္းသို႔ ေခၚသြားရန္ သေဘာတူလိုက္ၾကသည္။
အခုေတာ့ ခြန္းက ေက်ာင္းသို႔မေမာင္းပဲ ဘယ္ကိုေမာင္းေနမွန္း တိမ္တိုက္မသိ။ ကားထိုးရပ္လိုက္ေတာ့မွ အျပင္ဘက္ကို ၾကည့္မိေတာ့ အျပင္ ေဆးခန္းေလးတစ္ခု ျဖစ္သည္။
အလယ္အလတ္တန္းစားေလာက္ရွိသည့္ ေဆးခန္းေလးက ႏွစ္ထပ္တိုက္မွာ ဖြင့္ထားတာျဖစ္ၿပီး မနက္ပိုင္း မွာေတာင္ လူ အနည္းငယ္ရွိေနသည္။
'' ေမာင့္...ကြၽန္ေတာ္ ေဆးမထိုးခ်င္ဘူးေနာ္ ဟင့္ ''
ေနမေကာင္းလွ်င္ အိမ္မွာပဲ ခြန္းနားကပ္ေနၿပီး ခြန္း ကုေပးသည့္အတိုင္းသာေနေနက်။ ဘာလို႔ဆို တိမ္တိုက္ႀကိဳးက ေဆးထိုးအပ္နဲ႕ ကမၻာ့ရန္သူေတြေလ။
သည္ေဆးထိုးအပ္ေတြကို သူေနမေကာင္းစဥ္က သူလုံလုံေလာက္ေလာက္ ထိေတြ႕ဖူးၿပီးသြားတာမို႔ ထပ္ၿပီး မသုံးခ်င္ေတာ့။
ဘယ္ေဆးခန္းသြားသြား ဘယ္ေဆး႐ုံေရာက္ေရာက္ ဖ်ားေနလွ်င္ ေဆးတစ္လူံးေတာ့ ထိုးေပးၾကတာခ်ည္းပင္။ ဒါေၾကာင့္တိမ္တိုက္ တစ္ေယာက္ ေဆးခန္းထဲေတာင္ မဝင္ရေသး မ်က္ရည္က ဝဲလာေနၿပီ။
'' ဟာ တိမ္တိုက္ ကကြာ ေဆးထိုးလိုက္ရင္ ခ်က္ခ်င္းသက္သာသြားမွာေလ။ ၿပီးေတာ့ ဒီေန႕ မင္းေဘးနား ေမာင္အၾကာႀကီးမွ မရွိေပးနိုင္တာ။ ေဆးထိုးလိုက္ေနာ္ အ်မန္သက္သာ သြားေအာင္ ''
'' ဟင့္အင္း...''
ကေလးတစ္ေယာက္လို ေခါင္းကိုတြင္တြင္ခါကာ ျငင္းေနေသာ သက္လတ္ပိုင္း အမ်ိဴးသားတစ္ေယာက္။
တိမ္တိုက္ေခါင္းေလးကို သပ္ကာတလွည့္ ပုခုံးေလးကို ပုတ္ကာတစ္မ်ိဴး ခြန္းေခ်ာ့ေမာ့ ေျပာေသာ္လည္း တိမၱိုက္က ေခါင္းသာ ခါေန၏ ။
ေနာက္ခုံက ဆည္းဆာတစ္ေယာက္ကေတာ့ အေရွ႕က အေဖႏွစ္ေယာက္ရဲ႕ သဲကဲေနမႈႀကီးကို မ်က္လုံး အဝိုင္းသားျဖင့္ ၾကည့္ေနေလသည္။
တိမ္တိုက္ ေနမေကာင္းလွ်င္ ေခြးေပါက္ေလးလို အၿမဲ ကပ္ေနတတ္ၿပီး ဒီအ႐ြယ္ထိ ခ်ီၿပီး သိပ္ေနရတာေၾကာင့္ ေနမေကာင္းလွ်င္ ဆည္းဆာကို ေဒၚယုယၿမိဳင္ အိမ္ ဒါမွမဟုတ္ ရွန္မင္းတို႔ဆီ ပို႔ထားတတ္သည္။
ထို႔ေၾကာင့္ ေနမေကာင္းစဥ္ တိမ္တိုက္၏ ပုံစံကို ဆည္းဆာတစ္ေယာက္ သိပ္မေတြ႕ဖူးတာမို ့ေသခ်ာၾကည့္ေနသည္။
အခုေတာ့ တိမ္တိုက္ ၏ ေနမေကာင္းသည့္အခ်ိန္ ခြၽဲေနပုံကို ဆည္းဆာေမာင္ တစ္ေယာက္ မ်က္ဝါးထင္ထင္ အနီးကပ္ႀကီး ျမင္ေနရေလၿပီ။
ၿပီးေတာ့ သူ႕ေဖေဖ ခြန္းမာနေမာင္ ရဲ႕ အေပ်ာ့ေပ်ာင္းဆုံးေလသံကို အခုမွ ၾကားဖူးေတာ့သည္။
တိမ္တိုက္လည္း ေဝ့ခ်င္ေနတဲ့မ်က္ရည္ေတြကို ထိန္းထားရသည္။ ခြန္းႏွင့္ ႏွစ္ေယာက္တည္းသာဆို ငိုခ်ၿပီးႏွင့္ေနၿပီ ဆိုေပမယ့္ အခုက သားပါသည္။ သားစိတ္ထဲမွာ သူ႕ကို ေပ်ာ့ညံ့သည့္အေဖတစ္ေယာက္ပုံစံ မစြဲသြားေစခ်င္ပါ။
'' ဟုတ္ၿပီ ဒါဆို ေမာင္တို႔ ဝင္ေတာ့ျပၾကည့္ၾကမယ္။ ေဆးလုံးဝ မထိုးဘူး ။ အေျခအေနေလးသိရေအာင္လို႔... ေနာ္...တိမ္တိုက္ ''
တိမ္တိုက္လက္ေလးကို အုပ္ကိုင္ၿပီး ေသခ်ာေျပာျပတာေတာင္ သူက တကယ္ေနာ္...ဆိုသည့္ အၾကည့္ေတြနဲ႕ လူကိုျပန္ၾကည့္လိုက္ေသးတာ။ ခြန္းက ေခါင္းကို တစ္ခ်က္ၿငိမ့္ျပလိုက္ေတာ့မွ သူလည္း ေခါင္းျပန္ၿငိမ့္ျပ ၿပီး ေဆးခန္းျပ ဖို႔သေဘာတူလိုက္သည္။
'' သား....ကားထဲမွာေနခဲ့မလား ေဖေဖတို႔နဲ႕ လိုက္ခ်င္လား ''.
ဆည္းဆာကို ခြန္းလွည့္ေမးေတာ့....
'' ဒီမွာပဲ ေနခဲ့မယ္ေဖေဖ.... ''
သားအသံက နည္းနည္း မာေနသလိုလို...စိတ္ဆိုးသလိုလို...အသံျဖစ္ေနတာကို ခြန္းသတိထားမိသည္။
'' အင္းအင္း ဟုတ္ၿပီ။ ဂိမ္းေဆာ့မလား... ''
'' စာအုပ္ပဲ ဖတ္ေတာ့မယ္ ''
သူ႕လြယ္အိတ္ေလးထဲက ႐ုပ္ျပ စာအုပ္ေလးကို ထုတ္ၿပီး ဟိုလွန္ဒီလွန္ျဖင့္ ပုံေတြလိုက္ၾကည့္ေနသည္။
ခြန္းလည္း တိမ္တိုက္ကို ေခၚကာ ေဆးခန္းထဲသို႔ ဝင္လာလိုက္သည္။
ေက်ာင္းအုပ္ဆိုေပမယ့္ တိုက္ပုံ သိပ္ဝတ္ေလ့မရွိေသာ္လည္း ဒီေန႕မွ အေရးႀကီး အစည္းအေဝးရွိတာေၾကာင့္ တိုက္ပုံ ဝတ္လာရသည္။
ေဆးခန္း အတြင္းဘက္က Reception ေနရာတြင္ ရပ္ေနေသာ ေကာင္မေလးက အမ်ိဳးသားႏွစ္ေယာက္ ေဆးခန္းထဲသို႔ ေလွ်ာက္လာတာကို ေတြ႕လိုက္ရသည္မို႔ ေနရာမွ ထလိုက္သည္။
လည္ကတုံး အျဖဴေပၚမွာမွ အျဖဴေရာင္ တိုက္ပုံထပ္ဝတ္ထားေသာ အမ်ိဴးသား၏ ေက်ာက္စိမ္းေရာင္ ပုဆိုး အစြန္းနား... အညိုေရာင္ေျခဖမိုးေပၚမွာ အနက္ေရာင္ ကတၱီပါ သဲႀကိဳးဟာ သိပ္ကို တင့္တယ္ ထည္ဝါေနသေယာင္ေယာင္ရွိသည္။
ထို အရွိန္အဝါႀကီးမားလွေသာ အမ်ိဴးသား၏ ေဘးတြင္ ျဖဴေဖ်ာ္ေနေသာ မ်က္ႏွာေလးႏွင့္ ေကာင္ငယ္ေလး....
စိမ္းႏုေရာင္ ရွပ္လက္ရွည္ႏွင့္ ပုဆိုး အစိမ္းရင့္အကြက္ကို ဝတ္ဆင္ထားေသာ ေကာင္ငယ္ေလးက အားနည္းေနဟန္တူသည္။ ေဘးက အမ်ိဴးသား ရဲ႕ လက္အား အားကိုးတႀကီး ဆုပ္ကိုင္ထားကာ ထိုအမ်ိဴးသားကလည္း လက္ေမာင္းက်ယ္ႀကီးျဖင့္ ထို ေကာင္ငယ္ေလးကို ပုခုံးမွ ထိန္းထားေပးသည္။
'' မဂၤလာပါ ဆရာ ဘာမ်ား ကူညီေပးရမလဲရွင္ ''
အျဖဴအစိမ္းဝတ္ထားေသာ ခြန္းအား ေကာင္မေလးက တစ္ရိုတေသ ႏႈတ္ဆတ္ေလသည္။
'' ဆရာတို႔ ေဆးခန္းျပခ်င္လို႔ပါ။ အၾကာႀကီး ေစာင့္ရမလား မသိဘူး ''
'' ဟုတ္ကဲ့ သိပ္ေတာ့မၾကာပါဘူး ဆရာ။ ေဆးခန္းစာအုပ္ေလးမရွိေသး ရင္ အသစ္လုပ္ရမယ္ ဆရာ ''
'' အင္း ဒါဆို ဆရာတို႔ အသစ္လုပ္လိုက္ပါ့မယ္။ ''
'' ဟုတ္ကဲ့ ဒီဘက္ လာေပးပါေနာ္ ''
ေကာင္မေလး ၫႊန္ျပသည့္ ေကာင္တာနားကိုသြားကာ ေဆးခန္းစာအုပ္လုပ္ၿပီး ခဏ ထိုင္ေစာင့္ေနလိုက္သည္။
'' ေမာင့္.....ေဆးမထိုးဘူးေနာ္ ''
ေစာင့္ေနရင္း ထိုစကားကိုပဲ တတြတ္တြတ္ကို ေျပာေနေတာ့သည္။
'' အင္းပါ ေမာင္သိတယ္ ''
ဆယ္မိနစ္ေလာက္ ေစာင့္ၿပီးသည့္တိုင္ တိမ္တိုက္အလွည့္ကမေရာက္ေသး။
'' ေမာင္ ''
'' အင္း ''
'' သားကို သြားေခၚလိုက္ပါလား တစ္ေယာက္တည္း ပ်င္းေနၿပီလားမသိဘူး။ ''
'' သားက ေကာက္ေနတယ္ထင္တယ္ တိမ္တိုက္။ ေခၚလို႔ရမွာ မဟုတ္ဘူး ။ သားစိတ္လည္း မင္းသိသားနဲ႕ ''
'' ဘာလို႔လည္း ေမာင္ ''
'' ေမာင္လည္း မသိဘူး။ ဒါေပမယ့္ ေမာင္တို႔ကို တစ္ခုခုမေက်နပ္ေနတာေတာ့ ေမာင္သိတယ္။ ကဲပါ ခနေလးပဲဟာ သားကိုစိတ္ပူမေနနဲ႕ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ ''
''ေမာင့္.... သားက ကြၽန္ေတာ့္သားေလ ကြၽန္ေတာ္ စိတ္ပူရမွာေပါ့ ''
တိမ္တိုက္အသံနည္းနည္းက်ယ္သြား၍ ေဆးခန္းထဲက တစ္ခ်ိဴ႕ ကြက္ၾကည့္လာၾကသည္။
တိမ္တိုက္ တို႔ ေနမေကာင္းလွ်င္ အဲ့လိုမ်ိဴး။ နည္းနည္းေလးေတာင္ ဆတ္ဆတ္ထိမခံေတာ့။ ခြန္းလည္း သူစကားမွားသြားတာမို႔....
'' အာ...ဟုတ္ၿပီ ဟုတ္ၿပီ ။ စိတ္ေလ်ာ့ေနာ္။ ေမာင္သြားေခၚၾကည့္လိုက္မယ္။ ဒီမွာ ခနေနခဲ့။ ''
'' ကြၽန္ေတာ္ လည္းလိုက္...''
'' တိမ္တိုက္ႀကိဳး ''
'' အင္းအင္း ေနခဲ့မယ္ ''
ယိုင္နဲ႕နဲ႕ ခႏၶာကိုယ္နဲ႕ ေလွ်ာက္လိုက္ခ်င္ေနေသးသည္။ ေကာက္ခ်ီသြားရေအာင္လည္း ဝတ္ထားတာက ယူနီေဖာင္း။ တိုက္ပုံေတာင္အစစ္ပါေနေသးသည္။
ခြန္း ခပ္သြက္သြက္ ထြက္သြားၿပီး ျပန္ဝင္လာေတာ့ ဆည္းဆာေလးက ပါမလာ။
ခြန္း ကတိမ္တိုက္ကို ေခါင္းခါျပရင္း ေဘးနားဝင္ထိုင္လိုက္သည္။
'' သား ဘာျဖစ္ေနတာလဲ ေမာင္ ''
'' ေမာင္ ေက်ာင္းေရာက္မွ ေမးၾကည့္လိုက္မယ္ ''
ထိုစဥ္....
တိမ္တိုက္ အလွည့္ေရာက္လာသျဖင့္ ဆရာဝန္အခန္းထဲ ဝင္ရေတာ့မည္။
'' ေမာင္....ေဆးမထိုးဘူးေနာ္ ''
ခြန္းေခါင္းၿငိမ့္ျပရင္း အထဲကိုေခၚသြားလိုက္သည္။ စဝင္သြားကတည္းက '' ကြၽန္ေတာ္တို႔ ေဆးမထိုးဘူး '' ဆိုတာကေန စေျပာေလေတာ့သည္။
ဆရာဝန္လည္း ေဆးမထိုးဘူးခ်ည္းေျပာေနသည့္ ႏွစ္ေယာက္ ေၾကာင့္ ေနာက္ဆုံး လက္ေလ်ာ့ကာ ေသာက္ေဆးေတြကိုသာ ေပးလိုက္ေတာ့သည္။
'' မင္းတို႔ႏွယ့္ ခက္တာပဲ အျမန္ေပ်ာက္ရမယ့္ကိစၥကို.....ေဆးထိုးအပ္ေၾကာက္ရမယ့္အ႐ြယ္ေတြလည္း မဟုတ္ေတာ့ဘူး။ ''
ဆရာဝန္က ဆူျဖစ္ေအာင္ ဆူလိုက္ေသးသည္။ ေနာက္ဆုံး တိမ္တိုက္ တို႔လည္း ေဆးေပးေကာင္တာတြင္ ေဆးထုတ္ယူၿပီး ကားဆီျပန္လာၾကသည္။
ေဆးထိုးအပ္ကို ေၾကာက္တာ မဟုတ္ပဲ မုန္းတာ ဆိုသည္ကိုေတာ့ ျပန္ရွင္းမျပခဲ့လိုက္မိ။
ကားထဲမဝင္ခင္ ခြန္း... ရွန္မင္းကို ဖုန္းဆက္ကာ...
'' meeting ကို ညေနပိုင္းေ႐ႊ႕လိုက္လို႔ရလား တစ္ခ်က္ ညွိေပး ''
'' ကြၽန္ေတာ္လည္း ခုပဲ ဆက္ေတာ့မလို႔ meeting ကို ညေန ေ႐ႊ႕လိုက္ၿပီလို႔...''
'' ဟိုဘက္က ဘာျဖစ္လို႔တဲ့လဲ ''
'' မဟုတ္ဘူး ကိုကို ေနမေကာင္းလို႔ ။ meeting မထိုင္နိုင္ေသးဘူး။ အဖ်ားက ခုထိ မက်ဘဴး ။ ၿပီးေတာ့ ဟိုဘက္ကလည္း နည္းနည္းေနာက္ေ႐ႊ႕ခ်င္ေနတာနဲ႕ အေတာ္ပဲ ျဖစ္သြားတယ္ ''
'' အင္းအင္း အာ့ဆို ဂ႐ုစိုက္လိုက္ဦး။ ကိုယ္တို့္လည္း ေနာက္က်မယ္ ''
'' ဪ ဟုတ္ဟုတ္....ဒါနဲ႕ ကိုခြန္း...တီ...တီ...တီ...''
ေျပာေနရင္း ခြန္းက ဖုန္းအရင္ခ်သြားတာပင္။
သည္လိုနဲ႕ ခြန္း တို႔ သားအဖေတြ ေက်ာင္းကို ေရာက္လာခဲ့ၾကသည္။
ေက်ာင္းတက္ေနၿပီမို႔ အျပင္မွာ ဘယ္သူမွ မရွိေတာ့ အကုန္လုံးက အတန္းထဲမွာပင္။
ဆည္းဆာကို လက္တစ္ဖက္ျဖင့္ခ်ီထားေသာ ခြန္းကို ေဘးကေန တိမ္တိုက္ကလည္း ခြန္းရဲ႕ တိုက္ပုံေလးကို ကိုင္ထားေပးရင္း ခြန္း လက္ေမာင္း တစ္ဖက္ကို ကိုင္ၿပီး ေက်ာင္းထဲ ေလွ်ာက္လာခဲ့သည္။
သည္လက္ေမာင္းေတြက ႀကီး လည္းႀကီး အားလည္း ကိုးရေပသည္။ ဒါကို ျမင္သည့္သူမ်ားလည္း ရွိသလို မျမင္လိုက္သည့္သူမ်ားလည္းရွိသည္။
သို႔ေသာ္ K'Cloudy ၏ connection ကို အထင္ေသးလို႔ေတာ့မရ ။ နာရီပိုင္းအတြင္း ေက်ာင္းအုပ္က ေယာက်ာ္းေရာ ကေလးေရာကို ခ်ီၿပီး ေခၚလာသည္ဟူေသာ သတင္းက ပ်ံ့ႏွံ႕သြားေလသည္။
တစ္စိတ္ကို တစ္အိတ္လုပ္ၿပီး ေျပာၾကတာေၾကာင့္ အလိုလိုေနရင္း တိမ္တိုက္ ပါအခ်ီခံရသလို ျဖစ္ေနသည္။
အျပင္မွာ ဝက္ဝက္ကြဲ ဂယက္ထေနေသာ္လည္း စည္းကမ္းထိမ္းသိမ္းေရး အခန္းထဲက ႏွစ္ေယာက္ကေတာ့ အျပင္ေလာကနဲ႕အဆက္အသြယ္ျပတ္ေနသည္။
ကိုကိုကလည္း ေနမေကာင္းတာေၾကာင့္ ရွန္မင္းက ကိုကို႔အနားက နည္းနည္းေလးမွ မခြာ။
'' ကိုယ္လုပ္စရာရွိတာ သြားလုပ္ပါလားကြာ ''
အနားမွာခ်ည္းကပ္ေန၍ ကိုကို အေနၾကပ္ေနေလၿပီ။
'' ဘာမွ လုပ္စရာမရွိလို႔ ကိုကို႔အနားေနေနတာေပါ့ ''
'' meeting ကိစၥအကုန္ျပင္ဆင္ၿပီးၿပီလား အေရးႀကီးတယ္ေနာ္ ''
'' အေဒြးနဲ႕လႊဲထားတယ္ ၿပီးရင္ ေမာင္ သြားစစ္ယုံပဲ။ ''
ကိုကို တစ္ေယာက္ ရွန္မင္းကို မနိုင္ဘူး ဟူေသာ သေဘာျဖင့္ ေခါင္းရမ္းေလသည္။
'' ကိုကို ခနေနဦး ေနာ္ ေမာင္ အျပင္ခနသြားဦးမယ္ ။ ''
'' အင္း အင္းသြားသြား။ ''
ရွန္မင္းလည္း ကိုကို႔ေဘးက ထကာ အံဆြဲထဲက ကားေသာ့ကိုထုတ္လိုက္ေတာ့...
'' ကားေသာ့က ဘာလုပ္ဖို႔လဲ ''
'' အျပင္ခနသြားမလို႔။ ဆန္ျပဳတ္မွာထားတာ ရေလာက္ၿပီ ''
'' ေက်ာင္းကဟာ စားလည္း ရပါတယ္ ေမာင္ရာ။ တကူးတကႀကီး ''
'' မၾကာပါဘူး ဒီနားေလးတင္.... ခနပဲ ေမာင္ျပန္လာခဲ့မယ္ ''
ကိုကို႔ နဖူးကို အသာတစ္ခ်က္နမ္းၿပီး ကားေသာ့ယူၿပီး ထြက္လာခဲ့လိုက္သည္။
ေက်ာင္းသို့္အထြက္လမ္းတြင္....အေဒြးႏွင့္ေတြ႕ေတာ့..
'' ရွန္မင္း ငါေျပာစရာရွိ ''
'' ေနာက္မွ ေျပာကြာ မအားဘူး ''
လွည့္ေတာင္မၾကည့္ပဲ ေျပာကာ သုတ္ေျခတင္ကာ မေျပး႐ုံတမယ္ ေက်ာင္းထဲက ထြက္သြားေလေတာ့သည္။ အေဒြးလည္း ရွန္မင္းကို မေျပာရေတာ့... ကိုကို႔ဆီ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္သြားေတာ့သည္။
ရွန္မင္း ထြက္သြားၿပီး သိပ္မၾကာလိုက္ပါ ၁၅မိနစ္ေနေတာ့ ဆန္ျပဳတ္ ခ်ိဴင့္ေလး ဆြဲကာ ကိုကို႔ဆီ ျပန္ေရာက္လာသည္။
ေက်ာင္းထဲတြင္ ဆရာ ဆရာမေတြ စုစု႐ုံး႐ုံး ျဖစ္ေနတာကို သတိထားမိပါသည္။ သို႔ေသာ္ ေမးဖို႔ အခ်ိန္မရွိသလို ဂ႐ုလည္း မစိုက္အားေသးေပ။
ကိုကို႔ဆီသာ တန္းျပန္လာၿပီး ကိုကိုစားဖို႔ ဆန္ျပဳတ္ကို ေလမႈတ္ၿပီး အေအးခံေပးေနေလသည္။
'' ေမာင္ ''
'' အင္းေျပာေလ ကိုကို ဘာျဖစ္လို႔လဲ ''
'' ဆည္းဆာေလးတို႔ ေရာက္ေနတယ္တဲ့ ''
'' အင္း ေမာင္ထင္ေတာ့ထင္လိုက္သားပဲ ''
ဆန္ျပဳတ္ ကို တဖူးဖူး မႈတ္ေနသည္က မျပတ္ ကိုကို ေျပာတာကိုလည္း နားေထာင္ေပးေနသည္။
'' တိမ္တိုက္ ပါလာတယ္ ....ေတာ္ေတာ္ ေနမေကာင္းဘူး လို႔ေျပာတယ္ ''
လုပ္လက္စေတြ မျပတ္ပဲ ရွန္မင္းက ေအးေဆးေနသည္။ ခါတိုင္း တိမ္တိုက္ ေနမေကာင္းဘူးဆိုတာၾကားလွ်င္ ခ်က္ခ်င္းမ်က္ႏွာအေရာင္ေျပာင္းသြားတတ္ေသာ သူက အခု ေအးေဆးပင္။
'' ေမာင့္....ၾကားလား ငါေျပာတာ ''
'' ၾကားတယ္ေလ ကိုကိုရဲ႕....အင့္ စားၾကည့္ မပူေတာ့ဘူး ''
ဆန္ျပဳတ္တစ္ဇြန္းကို ခပ္ၿပီး ကိုကို႔ႏႈတ္ခမ္းနား ထိုးေပးသည္။ ကိုကိုလည္း စားလိုက္ၿပီး ရွန္မင္းမ်က္ႏွာကိုသာ မ်က္ေတာင္မခတ္လိုက္ၾကည့္ေနမိသည္။
'' ေမာင္ စိတ္မပူဘူးလားဟင္ အရမ္းဖ်ားေနတာတဲ့ ''
ရွန္မင္း သာသာေလး ၿပဳံးလိုက္မိသည္။ ေနာက္ၿပီး ဆန္ျပဳတ္ကိုလည္း အခြံ႕မျပတ္။
'' ေမာင္....လို႔ ''
'' ဒီမွာ ဆရာ ဦးေစာမဟာေသြး...ခင္ဗ်ား ကိုယ္တိုင္ေတာင္ ေနမေကာင္းတာကို ဘယ္သူ႕ လိုက္စိတ္ပူေနတာလဲ ''
ဆန္ျပဳတ္ပန္းကန္ကို ခ်ၿပီး ရွန္မင္းေမးေတာ့သည္။
'' မဟုတ္ဘူး ငါက...မင္းမ်ား စိတ္မပူဘူးလားလို႔....''
'' ဒီမွာ ကိုကို .... ကိုကိုဘာေျပာခ်င္ေနတာလဲ ေမာင္သိတယ္။ ကိုကို႔ကို ေမာင္ အခ်စ္ဆုံးဆိုတာ ဘာလို႔မယုံေသးတာလဲဟင္။ တိမ္တိုက္ကို ေမာင္စိတ္ပူတယ္ဆိုတာေတာ့ ဒါက ပုံမွန္ပါပဲ... ဒါေပမယ့္ အခုခ်ိန္ ေမာင့္ ေခါင္းထဲ ကိုကိုတစ္ေယာက္ပဲရွိတယ္။ ''
အသံေလး မဆိုသေလာက္ တင္းသြားေသာအခါ
'' ေမာင္ ...ငါက အဲ့လိုေျပာတာမဟုတ္....''
'' ကိုကို အခုေနမေကာင္းဘူး ကြၽန္ေတာ္ စိတ္လည္းအရမ္းပူသလို အရမ္းလည္း ဝမ္းနည္းရတယ္။ ကိုကိုက လူပဲ ေနမေကာင္းျဖစ္တာ ကြၽန္ေတာ္က ကိုကိုဖ်ားရင္ စိတ္ေရာ လူေရာ ေနလို႔မေကာင္းေတာ့ဘူး။ ''
''. ....''
''တစ္စုံတစ္ေယာက္ကို နက္နက္နဲနဲ ခ်စ္ခဲ့ဖူးတဲ့ ဒီႏွလုံးသားက အခု ကိုကို႔ ကိုလည္း နက္နက္နဲနဲ ထပ္ခ်စ္မိ ေနနိုင္တယ္ဆိုတာကို ကိုကိုဘာလို႔ မယုံတာလဲ ''
''. ......''
'' ကိုကိုဗ်ာ....ကြၽန္ေတာ့္အခ်စ္ေတြကို ခဏခဏ ေစာ္ကားတယ္ ''
'' အဲ့လိုမဟုတ္ပါဘူး ကြာ ''
''. ....''
'' ဟင္.... ေမာင္... ဘာလို႔ငိုေနတာလဲ ''
ေခါင္းႀကီးငုံ႕သြားၿပီးမွ ပုဆိုး ေပၚကို မ်က္ရည္တစ္စက္ ေပါက္ခနဲ က်လာတာ ျမင္ေတာ့မွ ရွန္မင္းငိုေနမွန္း ကိုကိုသိေတာ့သည္။
'' ကြၽန္ေတာ္ ဒီေလာက္ခ်စ္တာကိုဗ်ာ ''
'' အင္းပါ ငါေတာင္းပန္ပါတယ္ ေမာင္ရာ... ငါ အဲ့သေဘာမ်ိဴးေျပာတာမဟုတ္ပါဘူး ''
''. ....''
'' တိတ္ပါေတာ့ ရွန္မင္းခက္ရယ္.... ေနမေကာင္းတာ ငါေလကြာ ''
ရွန္မင္းကို ကိုကို ေခ်ာ့ေနခ်ိန္....
'' ဒယ္ဒီ.... ငိုေနတယ္ ''
အခန္းထဲ ဘယ္အခ်ိန္ ဝင္လာမွန္းမသိေသာ ဆည္းဆာကို ငိုေနရင္း လွမ္းၾကည့္မိသည္။ ခဲေရာင္ ဝမ္းဆက္နဲ႕ဆည္းဆာက မ်က္လုံး အဝိုင္းသားေလးနဲ႕ သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနသည္။ ခဲေရာင္ အဆင္ဆိုရင္ ရွန္မင္းတို႔ကိုဆင္ေပးထားတာပင္။
ဒီေန႕အဖို႔ ဆည္းဆာတစ္ေယာက္ ဘာေတြျမင္ေနရမွန္းမသိ။ မျမင္ဖူးတာေတြ ျမင္ေနရသည္။
'' ေဘဘီ ''
ကိုကို ေခၚလိုက္ေတာ့ ဆည္းဆာ ကိုကိုတို႔အနား ေရာက္လာသည္။ ရွန္မင္းလည္း မ်က္ရည္ေတြ သုတ္ကာ ဆည္းဆာကို ေပါင္ေပၚ ေပြ႕တင္လိုက္သည္။
'' မင္း အေဖ ေနမေကာင္းတာ အနားမွာ မေနပဲ ဘာလာလုပ္တာလဲ ေဘဘီ ''
'' ဟြန့္....ေဖေဖတို႔နဲ႕စိတ္ေကာက္ထားတယ္။ ၿပီးေတာ့ ပါးပါးလည္း ေနမေကာင္းဘူးဆိုလို႔ ခနဆိုၿပီး ထြက္လာတာ ။ ဒါနဲ႕ ဒယ္ဒီ ကဘာလို႔ငို ''
'' ဟာကြာ...ေဘဘီက သိပ္သိတတ္တာပဲ။ အာ့ေၾကာင့္ခ်စ္ေနရတာ ။ ကဲ ေျပာပါဦး ေမြးဖခင္ေတြနဲ႕ ဘာေတြ ေကာက္လာတာလဲ ''
ကိုကို တစ္ေယာက္ ဆည္းဆာကို အသည္းယားစြာ ပါးတစ္ဖက္ကို နစ္ဝင္ေအာင္ နမ္းလိုက္ေသးသည္။ စိတ္ေကာက္သည့္အေၾကာင္းအရင္းကိုေမးေတာ့ ထိုကေလးပုစိက သက္ျပင္းေလး ေတာင္ အရင္ခ်လိဳက္ေသး။
'' ပါးပါး စဥ္းစားၾကည့္...ဟိုတခါ သားေနမေကာင္းတုန္းက ေဆးမထိုးခ်င္လို႔ ငိုယိုၿပီးေတာင္ ေတာင္းပန္တာကို ေဖေဖက အတင္းထိုးခိုင္းတယ္ေလ မွတ္မိလား ။ ''
'' အင္း ''
ရွန္မင္းနဲ႕ကိုကို ဆည္းဆာ ေျပာတာကို ဂ႐ုတစိုက္နားေထာင္ေပးေနၾကသည္။ အဲ့ေန႕က ဆည္းဆာ ဖ်ားေတာ့ ေဆးထိုးရမွာေၾကာက္တယ္ဆိုၿပီး အာၿပဲနဲ႕ ေအာ္ငိုေနခဲ့တာပင္။ အဲ့ဒါကို ခြန္းက ေငါက္ၿပီး အတင္းထိုးေပးလိုက္တာကို မွတ္ထားပုံပင္။
'' ဒီေန႕က်ေတာ့ေလ ခြန္ေဖာ့္က ေဆးမထိုးခ်င္တာကို ငိုေတာင္မျပရေသးဘူး ေဖေဖက အင္း ဆိုၿပီး မထိုးခိုင္းေတာ့ဘူး။ ''
'' ဪ အဲ့ဒါေၾကာင့္လား....''
ႏႈတ္ခမ္း ေလးဆူကာ ဆူကာျဖင့္ ေျပာေန၍
ရွန္မင္းတို႔ သေဘာအလြန္က်ကာ ရယ္ခ်င္စိတ္ကိုထိန္းထားရသည္။ ေတာ္ၾကာ သူတို႔ကိုပါ ကိုယ္ေတာ္ေလးက ထပ္ေကာက္သြားမွျဖင့္။
'' ကဲပါ ဟုတ္ပါၿပီ ။ ေနာက္ခါ ေဘဘီ့ကို ေဆးထိုးခိုင္းရင္ ဒယ္ဒီတို႔အိမ္ဘက္ ေျပးခဲ့ ၾကားလား ''
ဆည္းဆာ တစ္ေယာက္ အားရပါးရကို ေခါင္းညိမ့္ျပလိုက္ေတာ့ ကိုကိုက ရွန္မင္း လက္ေမာင္းကို ဖတ္ခနဲရိုက္လိုက္ၿပီး အံ ႀကိတ္ျပေလသည္။
ဒီဘက္မွာေတာ့ တိမ္တိုက္တစ္ေယာက္ ခြန္း႐ုံးခန္းက ဆိုဖာေပၚမွာ ေစာင္ပါးေလးတစ္ထည္ကို ကိုယ္ေပါ် လႊမ္းထားရင္း ေခြေခြေလး လွဲေနသည္။ ဒီလိုျမင္ရျပန္ေတာ့လည္း ခြန္း ရင္ထဲမေကာင္း။ ေက်ာင္းကမလာမျဖစ္မို႔သာ လာရသည္။ တိမ္တိုက္ အခုလိုပုံစံက သူ႕ရင္ကို နာက်င္ေစသည္။ တိမ္တိုက္ ကုတင္ေပၚ ၿငိမ္ၿငိမ္ေလး လွဲေလ်ာင္းေနတာကို သူအမုန္းဆုံးပင္။
ပံုမှန်နေမကောင်းလျှင် အနားမွာေနၿပီး ရင္ခြင္ထဲသာ ထည့္ထားလိုက္ၿပီး အဲ့သည့္ေကာင္ေလးရဲ႕ အသက္ရႉသံတိုင္းကို လိုက္ေရတြက္သည္။
သည္ အသက္ရႉသံတစ္ခ်က္စီတိုင္းက သူ႕အတြက္ေမွ်ာ္လင့္ခ်က္ေတြ ျဖစ္ခဲ့ဖူးတာေၾကာင့္ သိပ္ကို ျမတ္နိုးရေလသည္။
ဆိုဖာေပၚ သက္သာသလို လွဲေနေသာ္လည္း ဒီကေန႕အစည္းအေဝးေၾကာင့္ ႐ုံးခန္းဟာ လူဝင္လူထြက္မ်ားေနသည္။ ထို႔ေၾကာင့္ တိမ္တိုက္တစ္ေယာက္ ေကာင္းေကာင္း အနားယူမရပါ။
'' တိမ္တိုက္...... ကေလး...''
ႏူးညံ့ေသာ ေခၚသံေၾကာင့္ မွိ္တ္ထားေသာ မ်က္လုံးတို႔ကို ဖြင့္ကာ ခြန္းဘက္ လွမ္းၾကည့္လိုက္သည္။
'' သက္သာလား ''
တိမ္တိုက္ေခါင္းကို အသာညိမ့္ျပေတာ့ ခြန္း လုပ္လက္စကို ခနရပ္ကာ တိမ္တိုက္နားသြားၿပီး ကိုယ္ပူစမ္းၾကည့္လိုက္သည္။
'' အင္း နည္းနည္းေတာ့ အပူက်သြားၿပီ ''
''. ......''
'' အိပ္ပဲ အိပ္ေနရင္ ေသြးေတြေလးကုန္မွာေပါ့ ကေလးရဲ႕ ။ ထိုင္ေနေနာ္ ခနေနမွ ျပန္လွဲ ''
ခြန္း က ထူေပးေတာ့ တိမ္တိုက္ ထလာၿပီး ဆိုဖာေပၚ တပလႅင္ ေခြ ထိုင္လိုက္သည္။
'' သားေရာ.....ျပန္မလာေသးဘူးလားဟင္ ''
" အင္း ရွန္မင္းတို႔ဆီမွာ ေနမယ္တဲ့ ''
'' ကိုကိုလည္း ေနမေကာင္းဘူးဆို ။ ရွန္မင္းအလုပ္ပိုေနပါဦးမယ္ ''
'' ေမာင္ ဖုန္းဆက္ ၿပီးၿပီ သားကို သူတို႔ေခၚထားမယ္ လို႔ေျပာတယ္။ ေစာမဟာေသြးလည္း စိတ္အေျပာင္းအလဲ ျဖစ္ေအာင္ဆိုၿပီး ေခၚထားခ်င္တယ္တဲ့။ သားက ေမာင္တို့္ကို စိတ္ေကာက္ေနတယ္လို႔လည္း ေျပာတယ္ ''
'' သားက ဘာကိုေကာက္ေနတာလဲ ေမာင္ရယ္ ''
'' ကားေပၚမွာ ေမာင္ တို႔ စကားတစ္ခုခုမွားသြားတာပဲေနမွာ ။ ကဲ ကဲ မင္း သက္သာေအာင္ပဲ အျမန္လုပ္.... ၿပီးမွ ေမာင္တို႔အတူ သားကို ေခ်ာ့ေမးၾကတာေပါ့... ''
ခြန္းေျပာေတာ့ တိမ္တိုက္ လက္ခံကာ ေခါင္းၿငိမ့္ေလေတာ့သည္။
'' ဒါဆို ခနထိုင္ေနာ္ ေနာက္မွ ျပန္လွဲ ''
ခြန္း ညေနအစည္းအေဝးအတြက္ ျပင္ဆင္ေနတာ မၿပီးေသးေပ။
ေန႕လည္ ထမင္းစားခ်ိန္ ေရာက္ေတာ့ ခြန္း ရွန္မင္းတို့္ကို ဖုန္းဆက္ၾကည့္ေတာ့...ကိုကိုေရာ ဆည္းဆာေရာ ေန႕လည္စာ စားၿပီး အိပ္ေပ်ာ္ေနၾကသည္တဲ့ေလ။
အင္းေလ.....မနက္က တိမ္တိုက္ေနမေကာင္းတာေၾကာင့္ သူလည္း အေစာႀကီး နိုးေနခဲ့တာကိုး။
ေနာက္ အခန္းတံခါး ေခါက္ကာ ေက်ာင္းလုံၿခဳံေရး ဦးဝင္းက ခ်ိဴင့္တစ္ခု ဆြဲ ၿပီး ဝင္လာသည္။
ခြန္း တရုိတသေ ယူလိုက္ၿပီး ပိုက္ဆံတစ္ေသာင္းထုတ္ေပးလိုက္သည္။
'' ေက်းဇူး ပါ ဦးဝင္းရယ္။ ဒါနဲ႕ ကြၽန္ေတာ့္ကို တစ္ခုေလာက္ ကူညီပါလား ''
'' ေျပာေလ ဆရာ ရပါတယ္ ''
'' ကြၽန္ေတာ့္ အေဆာင္ ေအာက္ဖက္မွာ ၂နာရီေလာက္ ခနထိုင္ေပးပါလား။ ကေလးေတြနဲ႕ တျခားဆရာ ဆရာမေတြကို တက္မလာဖို႔ တစ္ခ်က္ၾကည့္ေပးပါ။ ေျပာစရာရွိရင္ ကြၽန္ေတာ့္ဆီ ဖုန္းဆက္ခိုင္းလိုက္ပါ။ ''
'' ဪ ဟုတ္ကဲ့ ရပါတယ္ ဆရာ ကြၽန္ေတာ္ေစာင့္ေပးပါ့မယ္။ ဒါနဲ႕ ေမာင္တိမ္တိုက္ေရာ သက္သာလား ဆရာ ''
'' အင္းသက္သာပါတယ္ ''
'' ဒါဆို ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦးေနာ္။ ''
'' ဟုတ္ကဲ့ ဦးဝင္း ''
ဦးဝင္းေပးခဲ့ေသာ ခ်ိဴင့္ထဲမွာ ခြန္းေသခ်ာမွာထားေသာ ဆန္ျပဳတ္ပါသည္။ အစာစားၿပီး ေဆးတိုက္ကာ တိမ္တိုက္ကို တေရးအိပ္ခိုင္းရမည္။
ခ်ိဴင့္ကို ဖြင့္ကာ အေအးခံေနလိုက္သည္။ Toilet ထဲဝင္သြားေသာ တိမ္တိုက္ကေတာ့ ခုထိ ျပန္ထြက္မလာေသးတာေၾကာင့္ ခြန္း ေအာက္ထပ္က ႐ုံးစာေရးအခန္းကို ဆင္းလာခဲ့သည္။
'' ဆရာ ဘာမ်ား လိုခ်င္လို႔လဲမသိဘူး ''
'' မဟုတ္ပါဘူး ကြၽန္ေတာ္မွာစရာေလးရွိလို႔ပါ။ ေနာက္ႏွစ္နာရီေလာက္ ကြၽန္ေတာ့္ အခန္းကို တက္မလာၾကဖို႔ပါ။ တိမ္တိုက္က ေနမေကာင္းေတာ့ ေအးေဆး အနားယူေစခ်င္လို႔ပါ။ ဆရာမတို႔ ေျပာစရာရွိရင္ ဖုန္းဆက္လိုက္လို႔ရပါတယ္။ ၿပီးေတာ့ တျခားသူေတြ တက္လာတာျမင္ရင္လည္း တက္မလာဖို႔ေျပာေပးပါဦး ''
'' ဟုတ္ဟုတ္ ရပါတယ္ ဆရာ။ ကိုတိမ္တိုက္ေရာ သက္သာလား မသိဘူး။ မနက္က ၾကည့္ရတာ အရမ္း အားနည္းေနသလိုပဲ ''
'' အခုေတာ့ သက္သာေနပါၿပီ နည္းနည္းအနားထပ္ယူဖို႔လိုေနလို႔။ ကူညီၾကပါဦးေနာ္ ''
'' ဟုတ္ကဲ့ ဆရာစိတ္ခ်ပါ အယ္....ဆရာ...''
စာေရးမေလးေတြက စကားေျပာေနရင္း အခန္းအေပါက္ဝက ရပ္ေနေသာ အစိမ္းေရာင္ ေကာင္ေလးကို ၾကည့္ကာ...အံ့ဩေနၾကသည္။ တိမ္တိုက္ယခုမ်က္ႏွာက ၿပိဳေတာ့မည့္ မိုးလိုပင္။
ခြန္းလည္း အေနာက္လွည့္ၾကည့္ကာ တိမ္တိုက္ကိုေတြ႕ေတာ့မွ သူေပ်ာက္သြားလို႔ လိုက္ရွာေနတာျဖစ္လိမ့္မည္ ဟု ေတြးကာ အနားအျမန္သြားၿပီး ပုခုံးကို ထိန္းကိုင္ေပးကာ အေပၚသို႔ ျပန္တက္လာခဲ့သည္။
'' ဆန္ျပဳတ္ အရင္ေသာက္ၾကမယ္ေနာ္ ၿပီးရင္ ေဆးေသာက္ရမယ္ ''
တိမ္တိုက္ ေခါင္းညိမ့္ေတာ့ ခြန္း သူ႕ရဲ႕ လက္ရွည္အျဖဴကို တံေတာင္ဆစ္ထိေခါက္တင္ကာ ဆန္ျပဳတ္ကို တစ္လုတ္ခ်င္းမႈတ္ကာ အေအးခံၿပီး စိတ္ရွည္လက္ရွည္ ထိုင္ေကြၽးသည္။
ေနာက္ေတာ့ ေဆးတိုက္ၿပီး ခနအိပ္ဖို႔ ေျပာလိုက္သည္။
'' ေမာင္ ဘာမွ မစားဘူးလား ''
ေဘးတေစာင္းလွဲေနရင္း ေမးလာေတာ့
'' အင္း...ေမာင္ေနာက္မွ စားလိုက္မယ္ အခု အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ေနာ္ နိုးလာရင္ ေကာင္းသြားလိမ့္မယ္ ''
သိပ္မၾကာလိုက္ပါ ေဆးအရွိန္ႏွင့္တိမ္တိုက္ အိပ္ေပ်ာ္သြားေတာ့သည္။ ထိုအခါမွ ခြန္း သက္ျပင္းေလး ခိုးခ်မိသည္။
တိမ္တိုက္ပုံၾကည့္ရတာ ဂ်ီခ်င္ေနမွန္းသိသည္။ သို႔ေပမယ့္ ေက်ာင္းမွာ ျဖစ္ေနေသာေၾကာင့္ ထိန္းေနရပုံေပၚသည္။ သူကိုယ္တိုင္လည္း လုံးဝ မအားလပ္ေနတာမို႔ ကိုယ့္ကိုယ္ကို စိတ္ဆိုးလို႔မဆုံး။ အဲ့ကေလး အခု ေသခ်ာေပါက္ ဝမ္းနည္း ေနမွာ အမွန္ပင္။
ေစာင္က အေပၚတက္ကာ ေျခဖ်ားေခ်ာင္းေလးေတြ ေပၚေနသည္မို႔ ခြန္းထကာ ေစာင္ကို ေအာက္ဆြဲ ၿခဳံေပးရင္း...အစာစားလိုက္၍ ေသြးေရာင္နည္းနည္းျပန္လိုက္လာေသာ မ်က္ႏွာေလးကို ေသခ်ာၾကည့္မိသည္။
ထိုအခါမွ ဘယ္တုန္းကတည္းက စီးက်ေနမွန္းမသိေသာ မ်က္ရည္တစ္စက္ဟာ ေစာင္းအိပ္ေနတာေၾကာင့္ ႏွာရိုးတံေပၚမွ ျဖတ္ၿပီး သည္ဘက္ မ်က္ခမ္းစပ္ေလးမွာ လာတင္ေနေလသည္။ ခြန္း လက္မေလးႏွင့္ အသာ ဖယ္ရွားေပးၿပီ နဖူးေပၚမွ ဆံႏြယ္အုပ္အုပ္ကို အသာဖယ္ကာ ကိုယ္ပူစမ္းၾကည့္ေတာ့ အဖ်ားက က်လာေနၿပီျဖစ္သည္။
ခြန္း လည္း လုပ္လက္စမ်ားကို သြားျပန္လုပ္ေနတုန္း....နာရီဝက္ေလာက္အၾကာတြင္ ဆိုဖာရွည္ေပၚက တိမ္တိုက္ကိုယ္ေလးက လႈပ္လာတာကို မ်က္လုံးေထာင့္က ေတြ႕လိုက္သည္။
သည္ကေလး နိုးေနေလၿပီ။ အိပ္တာျဖင့္ ဘယ္ေလာက္မွ မရွိေသးျပန္နိုးလာေလသလား။
မ်က္လုံး အဝိုင္းသားေလးႏွင့္ သူ႕ဘက္ေစာင္းကာ သူအလုပ္လုပ္ေနတာကို ၾကည့္ေနသည္။
ခြန္းလည္း သူ႕ကိုၾကည့္ေနတာမို႔ ေသခ်ာျပန္ၾကည့္လိုက္ကာအလိုမက်ေနေသာ တိမ္တိုက္မ်က္ဝန္းေတြထဲ တစ္ခုခုကိုေတြ႕လိုက္ရသည္။ ခြန္း သက္ျပင္းညွင္းေလး ခ်ကာ...
'' ေမာင့္ဆီ လာမလား... ''
ခြန္းက ေပါင္ေပၚပုတ္ျပၿပီးေမးေတာ့ အေရာင္လက္သြားတဲ့မ်က္ဝန္းေလးေတြက သူလိုခ်င္တာ ရသြားပုံပင္။
ေစာင္အပါးေလးကို ၿခဳံကာ သူ႕နား ျဖည္းျဖည္းခ်င္းေလွ်ာက္လာသည္။ အနားေရာက္ေတာ့ ထိုင္ေတာ့မလိုလိုနဲ႕ ေနာက္ျပန္ဆုတ္သြားေသာ တိမ္တိုက္...
'' လာေလ ဘာျဖစ္လို႔လဲ ''
ဝစီပိတ္ကို မနက္ကတည္း က်င့္ေနေသာ တိမ္တိုက္ကေတာ့ သနားစရာမ်က္လုံးေလးနဲ႕ အခန္းတံခါးေပါက္ဝကို လွမ္းၾကည့္ကာ ခြန္းကို ျပန္ၾကည့္လာသည္။
'' ဘယ္သူမွ မဝင္လာဖို႔ ေမာင္မွာထားၿပီးၿပီ ''
ထိုသို႔ ေျပာတာေတာင္ တိမ္တိုက္ ေတာင့္ေတာင့္ႀကီးရပ္ေနတုန္းမို႔ ခြန္း တိမ္တိုက္ လက္တစ္ဖက္ကို ဆြဲယူကာ..
'' ကဲ ေမာင့္ကို ေသခ်ာေျပာျပမွေပါ့ ကေလးရဲ႕။ ဘာျဖစ္လို႔လဲ ဟမ္ ''
'' ေမာင့္ အကၤ်ီ ေတြ ေၾကကုန္မွာ ''
ခြန္း မ်က္ေမွာင္တစ္ခ်က္ ႀကဳံ႕လိုက္ၿပီး တိမ္တိုက္ကို သူ႕ေပါင္ေပၚ ဆြဲခ်ကာ တိမ္တိုက္ ေခါင္းေလးအား သူ႕ရင္ဘတ္ကို မွီထားေစသည္။ လက္ကလည္း တိမ္တိုက္ ဆံပင္ အိအိတို႔အား အသာအယာ သပ္ေပးေနသည္။
'' ထပ္အိပ္လိုက္ဦး ''
ထိုအခါမွ တိမ္တိုက္ လည္း ခြန္းေပါင္ေပၚ တပလႅင္
ေခြတက္ထိုင္ကာ တစ္ကိုယ္လုံးကို ရင္ခြင္ထဲတိုးၿပီး အိပ္ေတာ့သည္။
တိမ္တိုက္ကိုယ္ေသးေသးေလးက ယခု ဆိုလွ်င္ ခြန္း၏ အျဖဴေရာင္ရင္ခြင္က်ယ္ႀကီးထဲတြင္ ကေလးပမာ ပစ္ဝင္ကာ ႏွစ္ႏွစ္ခ်ိဴက္ခ်ိဴက္ အိပ္ေနေတာ့သည္။
တိမ္တိုက္ အိပ္ေပ်ာ္သြားတာ ေသခ်ာမွ ခြန္း အေရွ႕နည္းနည္းျပန္တိုးကာ အစည္းအေဝး အတြက္ ေနာက္ဆုံး စာတမ္းကို လက္စသတ္ေနလိုက္ေတာ့သည္။ သည္လိုအေနအထားမ်ိဴးက ႏွစ္ေယာက္လုံးႏွင့္စိမ္းသက္မေနခဲ့တာအမွန္ပင္။
ေနမေကာင္း၍ ေက်ာင္းမသြားသည့္အခါတိုင္း အိမ္မွာ ခြန္းအလုပ္လုပ္ေနရင္ တိမ္တိုက္က ရင္ခြင္ထဲတိုးၿပီး လာလာအိပ္ေနက် ျဖစ္သည္။
ယခု အလုပ္ေတြ ၿပီးသြားေသာ္လည္း တိမ္တိုက္က မနိုးေသး၍ ခြန္း ဒီတိုင္းသာ ေနေနလိုက္သည္။
ကေလးေတြေတာင္ ေက်ာင္းဆင္းသြားခ်ိန္တြင္ အစည္းအေဝး စခ်ိန္ကလည္း တျဖည္းျဖည္း နီးကပ္လာေနၿပီျဖစ္၍ ရွန္မင္းကလည္း အထက္လူႀကီးပိုင္းေတြ ေရာက္ေနၿပီ ျဖစ္ေၾကာင္း ဆက္လာသည္။
'' ဟယ္လို ဦးဝင္း ဆရာရွန္မင္္းခက္ လာရင္ အေပၚတက္ခိုင္းလိုက္ပါ ''
''. ...''
'' ဟယ္လို ဆရာမ...ဆရာ ရွန္မင္းခက္ တက္လာရင္ ဝင္ခိုင္းလိုက္ပါ ''
ခြန္း ေအာက္ထပ္က လူေတြအား ဖုန္းလွမ္းဆက္ထားလိုက္သည္။ ရွန္မင္းလည္း အစည္းအေဝး စေတာ့မွာမို႔ခြန္းကို ေခၚဖို႔တက္လာခဲ့ေတာ့သည္။
႐ုံးခန္းထဲ ဝင္ဝင္ခ်င္းျမင္ကြင္းေၾကာင့္ ရွန္မင္းအနည္းငယ္ တြန့္သြားေသာ္လည္း ဘာမွ မျဖစ္သလိုသာ ဝင္လာခဲ့သည္။
ေက်ာင္းအုပ္ႀကီးရင္ခြင္ထဲက တိမ္တိုက္ႀကိဳးတို႔က စိတ္ခ်လက္ခ်ကိဳ အိပ္ေပ်ာ္ေနတုန္းျဖစ္သည္။
'' သက္သာသြားၿပီလား ''
'' အင္း အဖ်ားေတာ့က်သြားၿပီ ''
ခြန္းရင္ခြင္ထဲက တိမ္တိုက္ကို လွမ္းၾကည့္ရင္း ေမးေလသည္။
'' လူစုံေနၿပီ ကိုခြန္း သြားမွ ရမယ္။ ''
'' အင္းအင္း ခနေလး ''
ခြန္း တိမ္တိုက္ကို မတ္တပ္ထကာေပြ႕ခ်ီလိုက္ေတာ့ သူ႕ရင္ခြင္ထဲက အေကာင္ေလးက တအီးအီးနဲ႕ လႈပ္လာသည္။ ေနာက္ ဆိုဖာေပၚ ျဖည္းျဖည္း ခ်ေပးလိုက္ကာ ေစာင္ကို ေသခ်ာျပန္ၿခဳံေပးလိုက္ၿပီး...
'' တိမ္တိုက္....ေမာင္ meeting ဝင္ေတာ့မယ္ေနာ္။ ၾကားလား ''
'' အင္း....ျမန္ျမန္ျပန္လာခဲ့ ''
အိပ္ခ်င္မူးတူး အသံေလးကေတာ့ နည္းနည္း လန္းလာသလိုရွိေနၿပီျဖစ္သည္။ အၾကာႀကီးအိပ္ထား၍ အားနည္းနည္းျပည့္လာပုံပင္။
'' သြားမယ္ ရွန္မင္း..... ကိုကို နဲ႕ သားေရာ နိုးၿပီလား ''
ေၾကေနေသာ အကၤ်ီ ကို အနည္းငယ္ ခါလိုက္ၿပီး တိုက္ပုံကို ထပ္ဝတ္ရင္း ေမးေတာ့
'' အင္း နိုးၿပီ ကိုကို႔ အခန္းထဲမွာ ''
ႏွစ္ေယာက္သားလမ္းမွာ အစည္းအေဝး ကိစၥ ေျပာရင္း meeting room ဆီမသြားခင္ ကိုကို႔ အခန္းကို အရင္လာခဲ့ၾကသည္။
ဆည္းဆာကေတာ့ ကိုကို ေကြၽး ထားေသာ မုန့္ႏွင့္ ဇိမ္က်ေနတာကို ခြန္းေတြ႕လိုက္ရသည္။
'' သား လာဦး ''
ဆည္းဆာေလး အနားေရာက္လာေတာ့ ခြန္း ေကာက္ခ်ီလိုက္ၿပီး...
'' ေဖေဖ့ ႐ုံးခန္းထဲမွာ သား အေဖ တစ္ေယာက္တည္း အိပ္ေနတယ္။ သား သြားေစာင့္ေပးမလား။ ''
'' ဟုတ္ ''
ဆည္းဆာေလးက ေခါင္းကို ဆတ္ခါဆတ္ခါ ၿငိမ့္ျပသည္။ စိတ္ဆိုးစိတ္ေကာက္တာေတြက မုန့္စားလိုက္လို႔ သတိေတာင္မရေတာ့ေပ။
'' ေက်ာင္းထဲ ေလွ်ာက္မသြားပဲ အေဖ့နားမွာပဲ ေနေနာ္ ''
'' ဟုတ္ ''
'' စိတ္ခ်မယ္ေနာ္ ''
'' ဟုတ္ ''
ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ခြန္းေျပာတာကို နာခံေနေသာ ဆည္းဆာကို ခြန္း သေဘာက်ကာ အုန္းမုက္ခြက္ အေသးစား ဆံပင္အုပ္ေလးကို ထိုးဖြလိုက္ေသးသည္။
ေနာက္ေတာ့ ဆည္းဆာအား ဦးဝင္းကို လိုက္ပို႔ခိုင္းလိုက္ၿပီး သူတို႔ သုံးေယာက္ကေတာ့ အစည္းအေဝး ခန္းဆီ ထြက္လာခဲ့ၾကသည္။
တိမ္တိုက္တစ္ေယာက္ အိပ္ယာကနိုးလာေတာ့ သူ႕ေဘးတြင္ ထိုင္ကာ ဂိမ္းေဆာ့ေနေသာ ဆည္းဆာေလးကိုေတြ႕လိုက္ရသည္။
'' ခြန္ေဖာ့္ နိုးၿပီလား။ ေနလို႔ေရာ ေကာင္းသြားၿပီလား ''
ထုံးစံအတိုင္း လက္ေသးေသးေလးႏွင့္ နဖူးကိုစမ္းရင္း ေမးေလသည္။
အခုမွ တိမ္တိုက္မ်က္ႏွာေလးက ပန္းေရာင္ျပန္သန္းလာကာ လန္းလန္း ဆန္းဆန္း ျဖစ္သြားေတာ့သည္။
'' သား ေဖေဖ...ေရာ ျပန္မလာေသးဘူးလား ''
'' မလာေသးဘူး ေဖာ့္ ''
" ခြန္ေဖာ့္ ''
မရဲတရဲေလး ေခၚလာေသာ ဆည္းဆာကို တိမ္တိုက္ၾကည့္လိုက္ေတာ့ တစ္ခုခုကို ေျပာခ်င္ေနပုံရသည္။
'' ဘာလဲ သား ေျပာေလ ''
'' ဟို ေဖာ့္ လည္း နိုးၿပီဆိုေတာ့ေလ ဟို....ေအာက္မွာ ေဘာလုံး ခနသြားေဆာ့ခ်င္လို႔ အဲ့တာ ရလားဟင္ ''
'' ဪ ရတယ္ေလ.... သြားေဆာ့.... ေဖာ့္လည္း လိုက္ခဲ့မယ္ ။ ''
သားအဖႏွစ္ေယာက္ တိတ္ဆိတ္ေနေသာ ေက်ာင္းဝင္းထဲသို႔ ဆင္းခဲ့သည္။ ဆည္းဆာကေတာ့ ေဘာလုံးတစ္လုံးကို သူတစ္ေယာက္တည္း လွည့္ပတ္ကန္ကာ ေဆာ့ေနေတာ့သည္။
'' ဆည္းဆာ အရမ္းမေျပးနဲ႕ ေခ်ာ္လဲမယ္ ''
တိမ္တိုက္မွာ သူ႕သားေဆာ့တာ ထိုင္ၾကည့္ရင္း ရင္တမမ။ ဆည္းဆာကလည္း ေယာက်ာ္း ေလးဆိုသည့္အတိုင္း ေဆာ့လိုက္တာမွ ေျဗာင္းဆန္ေနတာပင္။ ဒါေတာင္ အေဖာ္မပါေသး။
'' ဆည္းဆာ... ဒီနားမွာပဲေဆာ့ေနာ္ ေဖာ့္ Toilet ခနသြားဦးမယ္ ''
'' ဟုတ္ ဟုတ္ ''
တိမ္တိုက္လည္း နီးစပ္ရာ အိမ္သာ ထဲပဲ ဝင္လိုက္ေတာ့သည္။
ခြန္းတို႔အစည္းအေဝးက ထင္ထားတာထက္ၾကာေနသည္။ မၾကာခင္လည္း ညေနေစာင္းေတာ့မည့္အျပင္....ေလေတြတိုက္ကာ မိုးသားေတြလည္း တက္လာေနၿပီ ။
ဆည္းဆာလည္း တစ္ေယာက္တည္း ကန္ရင္း ကန္ရင္း ေက်ာင္းတစ္ခုလုံးရဲ႕ အစြန္ဆုံး အေဆာင္နား ေရာက္လာသည္။
ေလတိုက္သည့္အရွိန္နဲ႕ ဆည္းဆာ၏ ျပင္းေသာ ကန္ခ်က္တို႔ေၾကာင့္ ဆီလီကြန္ ေဘာလုံး အေပါ့ေလးဟာ တံခါးတစ္ဖက္ ပြင့္ေနေသာ စာသင္ခန္းတစ္ခန္းထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္သြားေတာ့သည္။
တိမ္တိုက္ အိမ္သာထဲကထြက္လာေတာ့ ေဆာ့ေနက် ေနရာတြင္ ဆည္းဆာ မရွိေတာ့ ခပ္လွမ္းလွမ္းကို ၾကည့္မိေတာ့ ဆည္းဆာက စာသင္ခန္းတစ္ခုထဲကို ဝင္သြားတာေတြ႕လိုက္သည္မို႔ လိုက္ရျပန္သည္။
'' ဖေအကို ဒုကၡ ေပးျပန္ၿပီး ဆည္းဆာရာ။ အေရးထဲ ေက်ာင္းကလည္း က်ယ္လို္က္တာ ''
တစ္ေယာက္တည္း ေရ႐ြတ္ရင္း ခပ္ေဝးေဝး မွာရွိေနတဲ့ စာသင္ခန္းဆီ တိမ္တိုက္ အျမန္ေလွ်ာက္သြားလိုက္ေတာ့သည္။
'' ဝိုး....မိုက္တယ္ ''
အခန္းထဲ ဝင္သြားေသာ ေဘာလုံးကို ေကာက္ၿပီး ျပန္ထြက္မည္အလုပ္... စားပြဲတစ္ခုေပၚတြင္တင္ထားေသာ ေဆးရည္စိမ္ ပုလင္းေတြကို ဆည္းဆာ စိတ္ဝင္စားေနသည္။
အဲ့ထဲကမွ ဖား တစ္ေကာင္ကို ေဆးရည္စိမ္ထားသည့္ ပုလင္းကို ဆည္းဆာ ေမာ့ၾကည့္ရင္း သေဘာက်ေနသည္။
အခန္းအေပါက္ဝက နံရံမွာေတာ့ Grade - 9 ( Bio A)ဆိုၿပီး ဆိုင္းဘုတ္တပ္ထားသည္။
တိမ္တိုက္ တစ္ေယာက္ ဆည္းဆာဝင္သြားေသာ အခန္းနားေရာက္ေလ... ေျခလွမ္းေတြက အလိုလိုေလးလာေလ ျဖစ္ေနသည္။ ထိုအခန္းနားကို သူ႕စိတ္က လုံးဝ မသြားခ်င္။
သို႔ေသာ္ သူ႕သား ဆည္းဆာကို သူျပန္ေခၚရဦးမယ္။
အလိုလိုေၾကာက္စိတ္ကို တြန္းလွန္ကာ အခန္းအေပါက္ဝေရာက္သြားၿပီး ပိတ္ေနေသာ တံခါးတစ္ခ်ပ္ကိုပါ ဖြင့္လိုက္သည္။ အထဲမွာေတာ့ စားပြဲတစ္ခုေပၚကို ေမာ့ၾကည့္ေနေသာ သူ႕သား ဆည္းဆာ။
'' သားငယ္.... ေဘာလုံး ေကာက္ၿပီးရင္ ထြက္လာေလ ''
'' ဒီမွာၾကည့္စမ္း ခြန္ေဖာ့္ ဖားႀကီး ''
ဆည္းဆာမ်က္လုံးက ထို ပုလင္းဆီက လုံးဝမခြါ။ တိမ္တိုက္ကလည္း ထိုအခန္းထဲ လုံးဝမဝင္ပဲ ဆည္းဆာကို ရေအာင္ေခၚေနသည္။
'' လာေတာ့ ဆည္းဆာ မင္း...ေဖေဖ ေတာ္ၾကာေန ထြက္လာလို႔ မေတြ႕ရင္ ႏွစ္ေယာက္လုံး ႀကိမ္လုံးစာမိေနမယ္ ''
'' ခနေလးပါပဲ ေဖာ့္ရဲ႕.... ေဖာ့္ လည္း လာ ၾကည့္ၾကည့္ အရမ္းမိုက္တယ္။ ''
ဆည္းဆာကလည္း အထဲကေန တိမ္တိုက္ကို ဇြတ္ေခၚေနသည္။ မီးသီးမ်ားကို လိုတာထက္ပိုထြန္း ထားေသာ ထိုအခန္းက လင္းထင္းေနေသာ္လည္း တိမ္တိုက္ မ်က္လုံးထဲ ေမွာင္ေနသလို ခံစားရသည္။ ထို႔အျပင္ အထဲကို ဝင္ဖို႔ရာ သူ႕ေျခေထာက္ေတြက လုံးဝ ခြင့္မျပဳ။
တစ္ဖက္က အစည္းအေဝးကလည္း တစ္နာရီ ေက်ာ္ ႏွစ္နာရီနီးပါး ထိုင္ၿပီးသည့္အခါ နိဂုံးခ်ဴပ္ဖို႔ လုပ္ေနၿပီျဖစ္သည္။ ခြန္းကလည္း အစည္းအေဝး ကိုျမန္ျမန္ၿပီးခ်င္ေနၿပီ။သူ႕႐ုံးခန္းဆိုေပမယ့္ တိမ္တိုက္ႏွင့္ ဆည္းဆာ ႏွစ္ေယာက္တည္းကို သူစိတ္မခ်။ ဒီေက်ာင္းက တိမ္တိုက္အတြက္ အတိတ္ဆိုးေတြထဲက တစ္ခု ျဖစ္ေနတာေၾကာင့္ ေက်ာင္းမွာ တိမ္တိုက္ရွိေနတာကို သိပ္သေဘာမက်။
'' ဆည္းဆာ ေလွ်ာက္မကိုင္နဲ႕ ေလ ''
မမွီတမီ ထိုပုလင္းကို ေျခဖ်ားေထာက္ကာ လွမ္းဆြဲ ေနေသာ ဆည္းဆာကို တိမ္တိုက္ အျမန္ဝင္တားလိုက္ရသည္။ ပုလင္းက ေသးေသးေလးမဟုတ္ မေတာ္လို႔ ဆည္းဆာေပၚက်ရင္ အနာတရက ျဖစ္ဦးမည္။
သို႔ေသာ္ သတိမထားမိခ်ိန္မွာပဲ တိမ္တိုက္ က အခန္းထဲဝင္ႏွင့္ၿပီးသားျဖစ္လာသည္။ ဘာေၾကာင့္ရယ္မွန္းမသိ အစိုးမရသည့္ ေၾကာက္စိတ္ေတြက ရွိရွိသမွ် အာ႐ုံေတြကေန တိုးဝင္လာၿပီး တိမ္တိုက္ တစ္ကိုယ္လုံး ကို လႊမ္းၿခဳံသြားသည္။
ေျခဖ်ားလက္ဖ်ားေတြ ေအး လာၿပီး ေခြၽးေတြထြက္လာသည္။
ဆည္းဆာကို ေခၚၿပီး အျပင္ျပန္ထြက္မည္အလုပ္မွာ ေလျပင္းတစ္ခ်က္က ေဆာင့္တိုက္လိုက္ေတာ့....
ဝုန္း...
'' အား.........''
အခန္းတံခါးႏွစ္ခ်ပ္က အရွိန္ျပင္းျပင္း လာပိတ္ေဆာင့္သည္ႏွင့္တစ္ၿပိဳင္တည္း တိမ္တိုက္လည္း နားႏွစ္ဖက္ကို ပိတ္ကာ မ်က္လုံး စုံမွိတ္ၿပီး စူးစူးဝါးဝါး ေအာ္ခ်လိဳက္သည္။ ႐ုတ္တရက္ႀကီး ထိုင္ခ်ကာ မ်က္လုံးမွိတ္ၿပီးေအာ္ေနေသာ အေဖျဖစ္သူေၾကာင့္ ဆည္းဆာလည္း လန့္သြားကာ ဘာလုပ္ရမယ္မသိ။
ခြန္းတစ္ေယာက္ အစည္းအေဝးၿပီးခါနီးေလ ရင္ေတြ ေလးလာေလ ျဖစ္ေနတာေၾကာင့္ ဖင္တႂကြႂကြ ျဖစ္ေနခ်ိန္.... ႐ုတ္တရက္ တိမ္တိုက္ ေအာ္သံလိုလို ၾကားလိုက္ရတာေၾကာင့္ အစည္းအေဝး ခန္းကေန ဝုန္းခနဲထကာ ထြက္လာၿပီး ေအာက္ကိုေျပးဆင္းေတာ့သည္။
အစည္းအေဝးကၿပီးေနၿပီမို႔ ရွန္မင္းကပဲ က်န္သည့္ ကိစၥေတြအား ေဆာင္႐ြက္လိုက္သည္။
ခြန္း ကမန္းကတန္းေျပးဆင္းလာတာကို ျမင္ေသာ ဦးဝင္းက အေျပးလာၿပီး ဘာျဖစ္တာလဲ ဟု ေမးေတာ့
'' တိမ္တိုက္နဲ႕ သားေရာ ဦးဝင္း ''
'' ေဆာ့ေနရင္း သားေလး ဟိုဘက္ေရာက္သြားလို႔ ေမာင္တိမ္တိုက္က လိုက္ေခၚေနတယ္ဆရာ ''
ဦးဝင္း လက္ညိုးထိုးျပရာ ဘက္ကိုၾကည့္ၿပီး ခြန္း နားေတြပူထူကာ စိုးရိမ္စိတ္ေတြ ေဆာင့္တက္လာသည္။
ထိုအေဆာင္ဘက္ကို မေျပး႐ုံတမယ္ေျခလွမ္းက်ယ္ႀကီးေတြႏွင့္ေလွ်ာက္ေနရင္း.... စိတ္ထဲက တိမ္တိုက္ ဘာမွ မျဖစ္ပါေစနဲ႕ ဟု အႀကိမ္ႀကိမ္ ဆုေတာင္းေနမိသည္။...
'' ေဖာ့္..... ခြန္ေဖာ့္....ဘာျဖစ္တာလဲ အီး...ဟီး....''
မ်က္လုံး မွိတ္ၿပီး ငိုေနေသာ တိမ္တိုက္ေၾကာင့္ ဆည္းဆာလည္း လန့္ေနၿပီျဖစ္သည္။ သူ႕အေဖက ေခၚလို႔လည္းမရပဲ မ်က္စိမွိတ္ၿပီး ေခါင္းသာ တြင္တြင္ရမ္းေနေလသည္။
'' အား....ေမာင့္.....ကယ္ပါဦး....ေၾကာက္တယ္ အီး....''
'' အီး....ခြန္ေဖာ့္....ဟီး....အီး....''
အခန္းထဲ သားအဖႏွစ္ေယာက္ငိုသံ ေတြ ညံသြားေတာ့သည္။
ခြန္း အနားကပ္လာေတာ့ ငိုသံေတြၾကားေနရတာေၾကာင့္ အျမန္ေျပးကာ ေလတိုက္သြားတာ ေၾကာင့္ပိတ္သြားေသာ တံခါးကို ဆြဲဖြင့္လိုက္ေတာ့....ၾကမ္းျပင္ေပၚ ပုံက်ကာ သူ႕ကို တၿပီး ငိုေနေသာ တိမ္တိုက္ႏွင့္ တိမ္တို္က္ကို လက္ေလးေသးေသးေလးေတြျဖင့္ ဖက္ကာ ငိုေနေသာ ဆည္းဆာ။
'' တိမ္တိုက္.... တိမ္တိုက္......သား...ဆည္းဆာ ''
လႈပ္ကာ ေခၚေသာ္လည္း တိမ္တိုက္ က ျပန္ထူးမလာ။ ဆည္းဆာကေတာ့ ခြန္းဆီ ေျပးကပ္ကာ တင္းေနေအာင္ဖက္ထားသည္။ အမွန္ေတာ့ သူေၾကာက္ေနၿပီ။ ေခၚမရေသာ တိမ္တိုက္က ဒီတိုင္းငိုယိုေနတာေၾကာင့္ ဆည္းဆာ ေၾကာက္ေနေလၿပီ။
'' တိမ္တိုက္ႀကိဳး..... ေမာင္လာၿပီေလ ကေလး....''
ဆည္းဆာကို လက္တစ္ဖက္က ေပြ႕ရင္း တိမ္တိုက္ကိုလည္း သူ႕ရင္ခြင္ထဲေရာက္ေအာင္ဆြဲထည့္ေလသည္။
'' ဟင့္... ေမာင္.....ေၾကာက္တယ္ ''
'' အင္း..ေမာင္ရွိတယ္ေနာ္ ေမာင္ရွိတယ္... ''
ထိုအခါမွ ကေယာင္ကတမ္းေရ႐ြတ္ေနတာေတြ ရပ္သြားၿပီး ခြန္းရင္ခြင္ကို မ်က္ႏွာအပ္ကာ တရႈတ္ရႈတ္ငိုေနေလသည္။
'' သား.. ဆည္းဆာေမာင္.....ေဖေဖ့ကို ၾကည့္စမ္း ''
သူေလးကလည္း ရွိုက္သံေလးေတြျဖင့္ ခြန္းကိုၾကည့္လာသည္။
'' ေဖေဖရွိတယ္ေနာ္ ဘာမွ မျဖစ္ေတာ့ဘူး မေၾကာက္နဲ႕။ ''
ခြန္းေပးလိုက္ေသာ ခြန္အားကို ဆည္းဆာ ရလိုက္သည္ႏွင့္တူသည္။ ရွိုက္သံေတြ သိမ္ဝင္သြားကာ ပုံမွန္အတိုင္းျဖစ္လာၿပီး ခြန္းရင္ခြင္ထဲက သူအေဖ တိမ္တိုက္ကိုသာ ၾကည့္ေနမိသည္။
'' ခြန္ေဖာ့္...ခြန္ေဖာ့္..... သားလည္းရွိတယ္ မငိုနဲ႕ေတာ့ေနာ္ ...''
ခြန္းရင္ခြင္ထဲ တိုးေနတဲ့ တိမ္တိုက္ ေခါင္းလုံးေလးကို သူကပါ ဝင္ဖက္လိုက္ၿပီး ေခ်ာ့ေနေလသည္။
'' တိမ္တိုက္....ကေလးေလး....ဘာမွ မျဖစ္ေတာ့ဘူးေနာ္ တိတ္....တိတ္ .... ''
ခြန္းတို႔ အညိုစင္ သားအဖေတြ တိမ္တိုက္အား ေခ်ာ့ေနေလသည္။
'' တိမ္တိုက္! ''
တုန္လႈပ္စိုးရိမ္မႈေတြနဲ႕ ေခၚသံက ေသခ်ာေပါက္ ရွန္မင္းခက္အသံ။
အနား ခ်က္ခ်င္းေရာက္လာၿပီး ရွန္မင္းၾကည့္လိုက္ေတာ့ ခြန္းက မ်က္လုံး တစ္ခ်က္ အသာမွိတ္ကာ ေခါင္းရမ္းျပသည္။
'' ေဘဘီ လာ ဒယ္ဒီတို႔ အျပင္သြားရေအာင္ ''
တိမ္တိုက္ကို ဖက္ထားသည့္ ဆည္းဆာေလးကို ရွန္မင္းေကာက္ခ်ီလိုက္သည္။ တိမ္တိုက္ သည္ပုံစံက ခြန္းတစ္ေယာက္တည္းသာ တတ္နိုင္လိမ့္မည္။
'' သား ဒယ္ဒီရွန္မင္း နဲ႕ ခနလိုက္သြားေနာ္ ၿပီးေတာ့ ေဖေဖ လာေခၚမယ္ ''
'' ဒါေပမယ့္ ေဖာ့္...က ''
'' ေဖေဖ ေခၚခဲ့လိုက္မယ္ေနာ္... သားက လိမၼာတယ္ ''
ရွန္မင္းလည္း ဆည္းဆာကို ေခၚကာ အျပင္သို႔ထြက္လာခဲ့ေတာ့သည္။
ထိုအခါမွ သူ႕ရင္ဘက္က တိမ္တိုက္မ်က္ႏွာကို ခြာကာ အၾကည့္ခ်င္းစုံလိုက္သည္။ မ်က္ရည္ေတြစိုစြတ္ေနေသာ မ်က္ေတာင္ရွည္ေတြက မခတ္ပဲ တည္ၿငိမ္ေနပုံကို သူမႀကိဳက္။ ဒါ့ေၾကာင့္ ခြန္း တိမ္တိုက္ မ်က္ခြံေလးကို အသာ ဖိကပ္ကာ နမ္းလိုက္သည္။
ထိုအခါမွ ပုတ္ခတ္ပုတ္ခတ္ျဖစ္လာေသာ တိမ္တိုက္.....အထူးတလည္ၿငိမ္သက္ကာ မ်က္ေတာင္ရွည္ေတြ ခတ္ရင္း ခြန္းကိုသာ ဆက္တိုက္ၾကည့္ေနသည္။
ထိုအၾကည့္ေတြထဲ တြင္ ဘာမွ မပါဝင္ေနသလို...ဘာခံစားခ်က္မွလဲ ရွိမေနခဲ့ပါ။ ဒီတိုင္း သူ႕မ်က္စိေရွ႕က အရာကို သာ ၾကည့္ေနတာျဖစ္ၿပီး... ခြန္းကိုၾကည့္ေနတာမဟုတ္။
ခြန္းလည္း....အသိစိတ္ျပန္မဝင္ေသးေသာ တိမ္တိုက္ကို နဖူးကေန တစ္ခ်က္ခ်င္း တယုတယ စနမ္းသည္။
တစ္ခါနမ္းတိုင္း မ်က္လုံးတစ္ခါ ပိတ္က်သြားၿပီး ျပန္ဖြင့္လာလွ်င္ အၾကည့္ေတြ ေျပာင္းလဲေနေစဖို႔ ခြန္းေမွ်ာ္လင့္သည္။
နဖူး....ပါး..ႏွစ္ဖက္....ႏွာေခါင္း...ေမးေစ့....ေနာက္ဆုံး ႀကံရာမရေတာ့ပဲ တိမ္တိုက္ ၏ ႏႈတ္ခမ္းဖူးေလးအား စတင္ နမ္းရွိုက္လိုက္ေတာ့သည္။ တုံ႕ျပန္မႈမရွိသည့္ ႏႈတ္ခမ္းတစ္စုံအား ခြန္း မက္မက္ေမာေမာ နမ္းလိုက္ၿပီး မိနစ္စြန္းသည္အထိ အနမ္းရွည္တစ္ခုကို ဖန္တီးလိုက္သည္။
အေၾကာင္းျပခ်က္မဲ့စြာ ခြန္း မ်က္ရည္က်မိသည္။ ရင္ဘက္ထဲက အတြင္းတစ္ေနရာမွ နက္နက္ရွိုင္းရွိုင္းထိုးေဖာက္ထြက္လာေသာ မ်က္ရည္စက္ျဖစ္သည္။
ထိုမ်က္ရည္စက္ကို တိမ္တိုက္ ႏႈတ္ခမ္းေတြၾကား အရသာခံမိေတာ့မွ နမ္းျခင္းအမႈကို အဆုံးသတ္လိုက္သည္။
ျပန္လည္ ဖြင့္လာေသာ တိမ္တိုက္မ်က္ဝန္းအိမ္ေတြထဲ သူ႕ကိုၾကည့္ေနသည့္ ခ်စ္ရိပ္ေတြ ျပန္ျမင္လိုက္ရသည့္အခါမွ ခြန္း စိတ္ေအးရသည္။
'' ေမာင္...အိမ္ျပန္ခ်င္တယ္ ''
'' အင္း ေမာင္တို႔ ျပန္ၾကမယ္ ''
မ်က္ရည္စေတြကို ဖယ္ေပးလိုက္ၿပီး တိမ္တိုက္ကို ေပြ႕ခ်ီကာ ထိုအခန္းထဲမွ ထြက္လာခဲ့ေတာ့သည္။
လမ္းေလွ်ာက္ေနရင္း တခဏေလးအတြင္းမွာပဲ တိမ္တိုက္က ခြန္းလက္ေပၚ အိပ္ေပ်ာ္သြားခဲ့သည္။ ေမ့ေပ်ာက္ထားေသာ အတိတ္ဆိုးေတြက သိပ္ပင္ပန္းတယ္ထင္ပါရဲ႕။
ကားထဲ တစ္ခါတည္းထည့္လိုက္ၿပီး ရွန္မင္းကို ဖုန္းဆက္လိုက္ေတာ့ မၾကာခင္မွာပဲ ရွန္မင္းႏွင့္ကိုကိုက ဆည္းဆာကို ေခၚၿပီး ထြက္လာၾကသည္။
'' ကိုခြန္း.... သားကို ကြၽန္ေတာ္တို႔ ေခၚသြားလိုက္မယ္ ''
ခြန္း ေခါင္းၿငိမ့္ျပလိုက္ၿပီး....
'' သား....ေဖေဖ့ဆီ ခနလာ ''
ကိုကို႔လက္ထဲကေန ဆည္းဆာကို လႊဲယူလိုက္ၿပီး
'' ဒီေန႕ ဒယ္ဒီ တို႔ ပါးပါး တို႔နဲ႕ အိပ္လိုက္ေနာ္။ ခြန္ေဖာ့္က အရမ္းေနမေကာင္းျဖစ္ေနလို႔ သားကိုကူးသြားမွာစိုးလို႔ ။ သားနားလည္တယ္မလား ''
ဆည္းဆာကို ခ်ီထားၿပီး ေသခ်ာေျပာျပသည္။
'' သားကို ေဖေဖတို႔ႏွစ္ေယာက္က ေနာက္မွ သီးသန့္ေခ်ာ့မယ္ေနာ္။ ဘာပဲ ေျပာေျပာ ေဖေဖက သားေရာ သားရဲ႕ ခြန္ေဖာ့္ကိုေရာ အမ်ားႀကီးခ်စ္တယ္ ဆိုတာ ယုံတယ္မလား ''
'' ဟုတ္ ေဖေဖ ''
'' ေနာက္ဆုံး မွာစရာရွိတယ္ ဘာလဲ သိလား ''
'' ဒယ္ဒီတို႔ ပါးပါးတို႔ စကားနားေထာင္ရမယ္။ မဆိုးရဘူး။ အိပ္ခါနီးတိုင္း သြားတိုက္ရမယ္။ အိပ္ယာထဲ ရႉးမေပါက္ခ်ရဘူး ''
'' ဟား...ဟား...အဲ့လို လိမၼာလို႔ ခ်စ္ေနရတာ ''
သား ပါးတစ္ဖက္ကို နစ္ဝင္သြားေအာင္နမ္းလိုက္ၿပီး ကိုကို႔ဆီ ျပန္ေပးလိုက္ေတာ့သည္။
အဲ့သည့္ေနာက္ အိပ္ေနေသာ တိမ္တိုက္ကို အိမ္သို႔ ခြန္း ျပန္ေခၚခဲ့ေတာ့သည္။ ရွန္မင္းတို့္ကေတာ့ သား လန့္ထားတာေၾကာင့္ မုန့္ေကြၽးၿပီးမွ ပဲ ျပန္ေတာ့မည္ဟုေျပာကာ အိမ္တန္းမျပန္ၾကေပ။
တိမ္တိုက္ကို ေရပတ္ ေသခ်ာတိုက္ေပးၿပီး နိုးလာရင္ စားဖို႔ရာ ဆန္ျပဳတ္ ကို သူကိုယ္တိုင္ ျပဳတ္သည္။
အဖ်ားက လုံးဝ မရွိေတာ့ပဲ ။ တိမ္တိုက္က ပုံမွန္ အိပ္သလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာျဖစ္သည္။
တိမ္တိုက္ ျပန္နိုးလာေတာ့ လည္း ဘာမွ သိပ္မမွတ္မိ။ ဆည္းဆာကို အခန္းထဲထိလိုက္ေခၚတာအထိပဲ မွတ္မိေနသည္။
ခြန္းလည္း မထူးဆန္းေတာ့တာမို႔ စကားကို လႊဲေျပာကာ ဆန္ျပဳတ္တိုက္ၿပီး ေဆးတစ္ခြက္ ထပ္တိုက္ထားလိုက္သည္။
တစ္ေနကုန္ အိပ္ပဲ အိပ္ေနေသာ တိမ္တိုက္ကေတာ့ ညလူအိပ္ခ်ိန္တြင္ သူအိပ္ဖို႔ရာ မစြမ္းသာေတာ့။ ေနလည္းျပန္ေကာင္းေနၿပီျဖစ္တာေၾကာင့္ သားအေၾကာင္းေျပာလိုက္ ဂီတာတီးလိုက္ သီခ်င္းဆိုလိုက္ျဖစ္ အခ်ိန္ျဖဳန္းသည္။ ခြန္း ပင္ပန္းေနေပမယ့္လည္း ေကာ္ဖီေတြေသာက္ကာ တိမ္တိုက္နဲ႕အတူ တစ္ညလုံး အေဖာ္ျပဳေပးသည္။
အဲ့ညက အဲ့သည့္ အဝါေရာင္တိုက္ေလးမွာ ဂီတာသံ ရယ္ေမာသံေတြနဲ႕အတူ အဝါေရာင္ ညေလးက သိပ္ကို ကဗ်ာဆန္ကာ လွပခဲ့ေလသည္။
29.9.2021
အရွည္ႀကီးေနာ္ ဟြန့္ 😒
edit; cmt ေတြေရးေပးေနာ္ မိုတီယူရေအာင္ 😗