" ထပ်ပြီးဒီစာအုပ်ကိုဘဲကိုင်နေပြန်ပြီလား "
ဟောင်းနွမ်းနေတဲ့အညိုရောင်စာအုပ်ကလေးက သက်တမ်းတစ်ခုကိုရောက်လို့နေတာမလို့ အဖြူရောင်စာရွက်လေးတွေကလည်းအဝါရောင်စာရွက်ဟောင်းလေးတွေအဖြစ်သို့ပြောင်းချေပြီ
မည်မျှပင်အိုဟောင်းနေပါစေ မပြောင်းမလဲတဲ့သူတို့ရဲ့အတိတ်ပုံပြင်လေးကထိုစာရွက်တွေထဲအသက်ဝင်ဆဲ ။
သတိရတိုင်း ။ ထိုစာအုပ်လေးကိုတွေ့တိုင်းပြန်ဖတ်တက်တဲ့သူ့ကြောင့် ဂျွန်ဂျောင်ကုကလည်းတွေ့တိုင်းဆူပူတက်ပါသည်။
အခုတော့ဝါကျင်ကျင်စာရွက်ပေါ်က စာလုံးမှုံမှုံဝါးဝါးလေးတွေကို ပါဝါတိုးထားတာမကြာသေးတဲ့မျက်မှန်နဲ့ဖတ်သည့်အခါ ခေါင်းတွေပါမူးနောက်ကျန်ခဲ့ရသည်။
ဂျောင်ကုကလည်းသူ့အကျင့်ကိုသိတာကြောင့် ထိုစာအုပ်အဟောင်းလေးကို သူမမြင်အောင်ပြန်ဖွက်ထားရင်း အရင်လိုမသန်မာတော့တဲ့လက်တစ်စုံနဲ့သူ့ကိုနှိပ်နယ်ပေး၏
" ဘာလို့ဒီစာအုပ်ကိုဘဲထပ်တလဲလဲဖတ်နေရတာလဲထယ် ။ ပျော်စရာလဲမကောင်းဘဲ ငါတို့မြေးမလေးကိုတောင်ပုံပြင်လိုပြောပြလို့ငိုသွားသေးတယ်မလား
" ငါတော့အဲ့လိုမထင်ပါဘူးဂျွန်။ မင်းနဲ့အတူရှိခဲ့တဲ့အချိန်တိုင်းကငါ့အတွက်ပျော်ရွှင်စရာပါဘဲ "
အသက်အရွယ်တစ်ခုကိုရောက်သွားသည့်တိုင် ။ အရင်လိုငယ်ရွယ်မှု့တွေမရှိတော့သည့်တိုင် အရေပြားတစ်ချို့တွန့်ကာအိုမင်းလာပေမယ့်လည်းမျက်ဝန်းထဲမှာတည်ရှိနေတဲ့အချစ်ရိပ်တွေဟာပြောင်းလဲခြင်းမရှိ
ငယ်ဘဝရဲ့ပုံရိပ်တွေဟာဆုံဆည်းဖို့သိပ်ကိုခတ်ခဲတယ် ။ သတ်မှတ်ပေးတဲ့ကံကြမာကိုယ်တိုင်ဟာလွဲမှားနေတဲ့အခါ နှစ်ဦးစလုံးမှာနာကျင်စရာတွေအပြည့်
အချစ်ဦးနဲ့ညားဖို့သိပ်ခတ်ခဲတယ်ဆိုတဲ့စကားကိုသူ့ဒိုင်ယာရီစာရွက်ဟောင်းတွေကသက်သေပါပဲလေ။
" ကိုယ်နဲ့အတူလမ်းလျှောက်ထွက်မလားမျက်မှန်လေး "
" ငါ့ကိုတွန်းနှိင်လို့လား ဂျွန်ဂျောင်ကုရဲ့ မင်းနေမကောင်းဖြစ်ထားတာအားမရှိဘဲနေမှာပေါ့ ငါ့အကူကလည်းခွင့်ယူထားတယ်မလား "
လွန်ခဲ့တဲ့နှစ်အတော်ကြာက ကားတိုက်မှု့မှာ ထယ်ယောင်းရဲ့ခြေထောက်က ဒဏ်ရာအပြင်းအထန်ရသွားသည်။
ဆယ်ကျော်သက်အရွယ်မှာ သန်မာဖြတ်လတ်နေမယ့်အစား wheelChair နဲ့နှစ်ပါးသွားခဲ့ရတာနှစ်အတော်အကြာ
သူကိုယ်တိုင်ဒီအဖြစ်အပျက်တွေကိုမသိပါဘဲ
ထားခဲ့ပြီဆိုကာအပြစ်တွေတင်နေခဲ့တာ
ထယ်ယောင်းကတော့အတော်ကိုခတ်ခဲပြီးဒုခရောက်ခဲ့တာ လမ်းပြန်လျှောက်နိုင်ဖို့ကိုတောင်လက်လျှော့ခဲ့တဲ့အထိပေါ့ ။
" ငါ့ကိုအဖိုးကြီးဖြစ်နေလို့အားမရှိတော့ဘူးထင်နေတာလား ထယ်
ကိုယ်မင်းကိုချီးပြီးဒယ်ဂူတစ်ခွင်ကောင်းကောင်းလျှောက်သွားနိုင်သေးတယ် "
အရမ်းကိုစိတ်အားထက်သန်နေတဲ့ဂျောင်ကုကြောင့်သူကဘာမှမတက်နိုင်
အသက်ကြီးပိုင်းရောက်နေပြီမလို့နေမကောင်းတာမျိုးဖြစ်ရင်လူငယ်တွေထက်ကိုယ်ခံအားပြည့်တာနှေးတာကိုသူကတွေးပြီးစိတ်ပူနေပေမယ့် ဂျွန်အဖိုးကြီးကတော့နားမထောင်ပါ။
ရာသီဥတုက မိုးအုံ့နေပြီးခပ်စိမ့်စိမ့်ဖြစ်နေတာမလို့ သူ့ကိုသာအနွေးထည်သေချာဝတ်ပေးပြီး wheelChair လေးကိုတွန်းကာတစ်ချိန်ကအိမ်ပြန်လမ်းလေးဆီဦးတည်လာ၏
အရင်ကထက်တိုးတက်လာတဲ့လမ်းမထက်မှာ ဦးတည်ချက်မျိုးစုံနဲ့သွားလာနေသူကအများအပြား
လက်လျှော့ခဲ့တဲ့အရာတွေထဲထိုလမ်းမထက်မှာပြေးလွှားခဲ့ဘူးတဲ့အတိတ်တစ်ချို့ပါပါဝင်သည်။
အဲ့ဒီ့အချိန် ဂျွန်သာသူ့ဆီပြန်မလာခဲ့ရင် ဆယ်ကျော်သက်ဘဝကိုယ်ဘီးတပ်ထားတဲ့ခုံပေါ်မှာသူကုန်ဆုံးခဲ့ရမှာ ။ လက်ရှိအချိန်မှာသူလမ်းမလျှောက်နိုင်တော့ပေမယ့်လည်းကျေနပ်ပါသည်။
ကံပေးသလောက်ပေါ့လေ
" ဘယ်သွားကြမလဲဂျွန် "
" အမ်း...ခြေဦးတည့်ရာ "
အရင်ကအတိုင်းမပြောင်းလဲတဲ့မျက်မှန်လေးက သူနောက်နေပြန်တယ်အထင်နဲ့မျက်မှောင်ကြုံကာ wheelChair ပေါ်ကနေမော့ကြည့်လာသည်
အရင်ကလိုပါးဖောင်းဖောင်းတွေမရှိတော့ပေမယ့် ဒီအဖိုးကြီးကိုသူချစ်မြတ်နိုးနေတုန်းပါဘဲ
" အသက်ကကြီးနေပြီ အခုထိပြောင်ချော်ချော်လုပ်နေတုန်းဘဲလား "
" အရင်အတိုင်းဘဲကင်ထယ်ယောင်းက ဘာမှမပြောင်းလဲသွားဘူးအူတူတူလေးဖြစ်နေတုန်း"
" ဟော!မင်းရဲ့ပြောင်ချော်ချော်စကားကိုငါကအတည်ယုံပေးရမှာလားပြော ခြေဦးတည့်ရာလျှောက်သွားရအောင်လဲငါတို့ကဆယ်ကျော်
သက်လေးတွေလား ဟမ်! ဒီ wheelChair ကြီးနဲ့ဒယ်ဂူကိုပတ်မယ်ပေါ့လေ"
" ငါ့ကိုယုံတယ်မလားထယ်ယောင်း အရင်ကလိုဘဲလျှောက်သွားရအောင် ငါမင်းကိုတွန်းဖို့အင်အားတွေကျန်သေးပါတယ် ဆက်ပြီးမသွားနိုင်တော့ရင်လဲသမီးကိုဖုန်းဆက်ခေါ်ကြတာပေါ့ "
တကယ်ပါဂျွန်ဂျောင်ကုကိုသူလုံးဝမနိုင်ဘူး
အသက်ကကြီးနေပြီအခုချိန်ထိပေါက်ကရလုပ်တုံး ကိုယ့်သမီးဆီကနေပြန်ပြီးအဆူခံချင်နေတဲ့ပုံရတယ်။
ဒီတစ်ခါတော့သူတို့စတင်ခဲ့တဲ့ခြေလှမ်းတွေက လီလီပန်းတွေဆီ
သူကိုယ်လီလီတွေဆီခေါ်သွားပေးမယ်ပြောတဲ့ဂျွန်အဖိုးကြီးက ကတိတည်စွာဘဲလီလီပန်းခင်းထဲခေါ်လာခဲ့တယ်
တိမ်ပြာပြာတွေနောက်လိုက်ရင်း ခြေလှမ်းတွေကဦးတည်ရာကင်းမဲ့သည်
ပျောက်ဆုံးနေတဲ့အတိတ်ကပုံရိပ်တစ်ချို့ကိုတူးစွရင်း ပျော်စရာရပ်ဝန်းတစ်ခုကိုဂျွန်ကိုယ်တိုင်ဖန်ဆင်းပေး၏
ဒီအငွေ့အသက် ဒီလွပ်လပ်မှု့ ဒီအရာတွေကနေတစ်ဆင့်ခံစားလိုက်ရတဲ့အငွေ့အသက်တွေ အရာရာကိုယှဥ်တွဲလိုက်ရင် ဒါသေချာပေါက် သူရှာဖွေနေတဲ့ အိမ်ဘဲ
သူအိမ်ပြန်ရောက်ခဲ့ပါပြီ။ သူ့အိမ်ကဂျွန်ဂျောင်ကုကိုယ်တိုင်ပါဘဲ ။
ဒီအခိုက်အတံ့တွေကိုသူမလွမ်းဘူးဆိုရင်လိမ်ရာကျနေမလား....
လွပ်လပ်ခြင်းကိုအပြည့်အဝခံစားမိတဲ့ ဦးတည်ချက်မဲ့သောခြေလှမ်းတွေ
အနှောင်အဖွဲ့ကင်းတဲ့အိမ်ပြန်လမ်းမျိုးကိုသူပိုင်ဆိုင်ထားသ၍ အိမ်ပြန်လမ်းဆိုတာမရှိဘူး
သူ့ဘေးနားမှာဂျွန်ဂျောင်ကုဆိုတဲ့အိမ်လေးရှိနေသ၍ ဘယ်နေရာကိုဘဲရောက်နေပါစေသူဟာပြန်လာမည်မဟုတ်ပါ။
ငါတို့အချစ်ကရိုးရှင်းလွန်းပါတယ်ဂျွန် မင်းကြည့်တက်ရင်သိပ်ကိုရိုးရှင်းလွန်းပါတယ်။
ငါတို့နှစ်ယောက်နီးစပ်ဖို့ စာလွှာတွေမလိုဘူးဂျွန် အိမ်ပြန်လမ်းရောပေါ့ ။
ငါတို့ချစ်နေနိုင်ဖို့ ရေမြေတွေမလိုအပ်သလို နေ့ရက်တွေထပ်တူကျနေဖို့လဲမလိုဘူး
အတူရှိနေတိုင်းလည်းမနီးစပ်နိုင်သလို ဝေးနေတိုင်းလဲကွဲကွာသွားတာမျိုးမှမဟုတ်ဘဲလေ
ငါတို့နှစ်ယောက်ချစ်နေနိုင်ဖို့ဆိုတာမင်းဖြစ်နေဖို့ဘဲလိုတာပါအချစ်ရေ။
_________________________
ဒါလေးကိုအစက SEလုပ်ထားတာ ဒါပေမယ့်လည်းရအောင်HEပြစ်ပါတယ်။
ခုနကအပ်ပေးမလို့ဘဲမီးပြတ်သွားလို့
ထပ္ၿပီးဒီစာအုပ္ကိုဘဲကိုင္ေနျပန္ၿပီလား "
.
.
.
ေဟာင္းႏြမ္းေနတဲ့အညိုေရာင္စာအုပ္ကေလးက သက္တမ္းတစ္ခုကိုေရာက္လို႔ေနတာမလို႔ အျဖဴေရာင္စာ႐ြက္ေလးေတြကလည္းအဝါေရာင္စာ႐ြက္ေဟာင္းေလးေတြအျဖစ္သို႔ေျပာင္းေခ်ၿပီ
မည္မွ်ပင္အိုေဟာင္းေနပါေစ မေျပာင္းမလဲတဲ့သူတို႔ရဲ႕အတိတ္ပုံျပင္ေလးကထိုစာ႐ြက္ေတြထဲအသက္ဝင္ဆဲ ။
သတိရတိုင္း ။ ထိုစာအုပ္ေလးကိုေတြ႕တိုင္းျပန္ဖတ္တက္တဲ့သူ႕ေၾကာင့္ ဂြၽန္ေဂ်ာင္ကုကလည္းေတြ႕တိုင္းဆူပူတက္ပါသည္။
အခုေတာ့ဝါက်င္က်င္စာ႐ြက္ေပၚက စာလုံးမႈံမႈံဝါးဝါးေလးေတြကို ပါဝါတိုးထားတာမၾကာေသးတဲ့မ်က္မွန္နဲ႕ဖတ္သည့္အခါ ေခါင္းေတြပါမူးေနာက္က်န္ခဲ့ရသည္။
ေဂ်ာင္ကုကလည္းသူ႕အက်င့္ကိုသိတာေၾကာင့္ ထိုစာအုပ္အေဟာင္းေလးကို သူမျမင္ေအာင္ျပန္ဖြက္ထားရင္း အရင္လိုမသန္မာေတာ့တဲ့လက္တစ္စုံနဲ႕သူ႕ကိုႏွိပ္နယ္ေပး၏
.
.
.
" ဘာလို႔ဒီစာအုပ္ကိုဘဲထပ္တလဲလဲဖတ္ေနရတာလဲထယ္ ။ ေပ်ာ္စရာလဲမေကာင္းဘဲ ငါတို႔ေျမးမေလးကိုေတာင္ပုံျပင္လိုေျပာျပလို႔ငိုသြားေသးတယ္မလား
.
.
.
" ငါေတာ့အဲ့လိုမထင္ပါဘူးဂြၽန္။ မင္းနဲ႕အတူရွိခဲ့တဲ့အခ်ိန္တိုင္းကငါ့အတြက္ေပ်ာ္႐ႊင္စရာပါဘဲ "
.
.
အသက္အ႐ြယ္တစ္ခုကိုေရာက္သြားသည့္တိုင္ ။ အရင္လိုငယ္႐ြယ္မႈ႕ေတြမရွိေတာ့သည့္တိုင္ အေရျပားတစ္ခ်ိဳ႕တြန့္ကာအိုမင္းလာေပမယ့္လည္းမ်က္ဝန္းထဲမွာတည္ရွိေနတဲ့အခ်စ္ရိပ္ေတြဟာေျပာင္းလဲျခင္းမရွိ
.
.
.
ငယ္ဘဝရဲ႕ပုံရိပ္ေတြဟာဆုံဆည္းဖို႔သိပ္ကိုခတ္ခဲတယ္ ။ သတ္မွတ္ေပးတဲ့ကံၾကမာကိုယ္တိုင္ဟာလြဲမွားေနတဲ့အခါ ႏွစ္ဦးစလုံးမွာနာက်င္စရာေတြအျပည့္
အခ်စ္ဦးနဲ႕ညားဖို႔သိပ္ခတ္ခဲတယ္ဆိုတဲ့စကားကိုသူ႕ဒိုင္ယာရီစာ႐ြက္ေဟာင္းေတြကသက္ေသပါပဲေလ။
.
.
" ကိုယ္နဲ႕အတူလမ္းေလွ်ာက္ထြက္မလားမ်က္မွန္ေလး "
.
.
.
" ငါ့ကိုတြန္းႏွိင္လို႔လား ဂြၽန္ေဂ်ာင္ကုရဲ႕ မင္းေနမေကာင္းျဖစ္ထားတာအားမရွိဘဲေနမွာေပါ့ ငါ့အကူကလည္းခြင့္ယူထားတယ္မလား "
.
.
.
လြန္ခဲ့တဲ့ႏွစ္အေတာ္ၾကာက ကားတိုက္မႈ႕မွာ ထယ္ေယာင္းရဲ႕ေျခေထာက္က ဒဏ္ရာအျပင္းအထန္ရသြားသည္။
ဆယ္ေက်ာ္သက္အ႐ြယ္မွာ သန္မာျဖတ္လတ္ေနမယ့္အစား wheelChair နဲ႕ႏွစ္ပါးသြားခဲ့ရတာႏွစ္အေတာ္အၾကာ
သူကိုယ္တိုင္ဒီအျဖစ္အပ်က္ေတြကိုမသိပါဘဲ
ထားခဲ့ၿပီဆိုကာအျပစ္ေတြတင္ေနခဲ့တာ
ထယ္ေယာင္းကေတာ့အေတာ္ကိုခတ္ခဲၿပီးဒုခေရာက္ခဲ့တာ လမ္းျပန္ေလွ်ာက္နိုင္ဖို႔ကိုေတာင္လက္ေလွ်ာ့ခဲ့တဲ့အထိေပါ့ ။
.
.
.
" ငါ့ကိုအဖိုးႀကီးျဖစ္ေနလို႔အားမရွိေတာ့ဘူးထင္ေနတာလား ထယ္
ကိုယ္မင္းကိုခ်ီးၿပီးဒယ္ဂူတစ္ခြင္ေကာင္းေကာင္းေလွ်ာက္သြားနိုင္ေသးတယ္ "
.
.
.
အရမ္းကိုစိတ္အားထက္သန္ေနတဲ့ေဂ်ာင္ကုေၾကာင့္သူကဘာမွမတက္နိုင္
အသက္ႀကီးပိုင္းေရာက္ေနၿပီမလို႔ေနမေကာင္းတာမ်ိဳးျဖစ္ရင္လူငယ္ေတြထက္ကိုယ္ခံအားျပည့္တာႏွေးတာကိုသူကေတြးၿပီးစိတ္ပူေနေပမယ့္ ဂြၽန္အဖိုးႀကီးကေတာ့နားမေထာင္ပါ။
ရာသီဥတုက မိုးအုံ႕ေနၿပီးခပ္စိမ့္စိမ့္ျဖစ္ေနတာမလို႔ သူ႕ကိုသာအႏြေးထည္ေသခ်ာဝတ္ေပးၿပီး wheelChair ေလးကိုတြန္းကာတစ္ခ်ိန္ကအိမ္ျပန္လမ္းေလးဆီဦးတည္လာ၏
အရင္ကထက္တိုးတက္လာတဲ့လမ္းမထက္မွာ ဦးတည္ခ်က္မ်ိဳးစုံနဲ႕သြားလာေနသူကအမ်ားအျပား
လက္ေလွ်ာ့ခဲ့တဲ့အရာေတြထဲထိုလမ္းမထက္မွာေျပးလႊားခဲ့ဘူးတဲ့အတိတ္တစ္ခ်ိဳ႕ပါပါဝင္သည္။
အဲ့ဒီ့အခ်ိန္ ဂြၽန္သာသူ႕ဆီျပန္မလာခဲ့ရင္ ဆယ္ေက်ာ္သက္ဘဝကိုယ္ဘီးတပ္ထားတဲ့ခုံေပၚမွာသူကုန္ဆုံးခဲ့ရမွာ ။ လက္ရွိအခ်ိန္မွာသူလမ္းမေလွ်ာက္နိုင္ေတာ့ေပမယ့္လည္းေက်နပ္ပါသည္။
ကံေပးသေလာက္ေပါ့ေလ
.
.
.
" ဘယ္သြားၾကမလဲဂြၽန္ "
.
.
.
" အမ္း...ေျခဦးတည့္ရာ "
.
.
.
အရင္ကအတိုင္းမေျပာင္းလဲတဲ့မ်က္မွန္ေလးက သူေနာက္ေနျပန္တယ္အထင္နဲ႕မ်က္ေမွာင္ႀကဳံကာ wheelChair ေပၚကေနေမာ့ၾကည့္လာသည္
အရင္ကလိုပါးေဖာင္းေဖာင္းေတြမရွိေတာ့ေပမယ့္ ဒီအဖိုးႀကီးကိုသူခ်စ္ျမတ္နိုးေနတုန္းပါဘဲ
.
.
.
" အသက္ကႀကီးေနၿပီ အခုထိေျပာင္ေခ်ာ္ေခ်ာ္လုပ္ေနတုန္းဘဲလား "
.
.
.
" အရင္အတိုင္းဘဲကင္ထယ္ေယာင္းက ဘာမွမေျပာင္းလဲသြားဘူးအူတူတူေလးျဖစ္ေနတုန္း"
.
.
.
" ေဟာ!မင္းရဲ႕ေျပာင္ေခ်ာ္ေခ်ာ္စကားကိုငါကအတည္ယုံေပးရမွာလားေျပာ ေျခဦးတည့္ရာေလွ်ာက္သြားရေအာင္လဲငါတို႔ကဆယ္ေက်ာ္
သက္ေလးေတြလား ဟမ္! ဒီ wheelChair ႀကီးနဲ႕ဒယ္ဂူကိုပတ္မယ္ေပါ့ေလ"
.
.
.
" ငါ့ကိုယုံတယ္မလားထယ္ေယာင္း အရင္ကလိုဘဲေလွ်ာက္သြားရေအာင္ ငါမင္းကိုတြန္းဖို႔အင္အားေတြက်န္ေသးပါတယ္ ဆက္ၿပီးမသြားနိုင္ေတာ့ရင္လဲသမီးကိုဖုန္းဆက္ေခၚၾကတာေပါ့ "
.
.
.
တကယ္ပါဂြၽန္ေဂ်ာင္ကုကိုသူလုံးဝမနိုင္ဘူး
အသက္ကႀကီးေနၿပီအခုခ်ိန္ထိေပါက္ကရလုပ္တုံး ကိုယ့္သမီးဆီကေနျပန္ၿပီးအဆူခံခ်င္ေနတဲ့ပုံရတယ္။
.
.
.
ဒီတစ္ခါေတာ့သူတို႔စတင္ခဲ့တဲ့ေျခလွမ္းေတြက လီလီပန္းေတြဆီ
သူကိုယ္လီလီေတြဆီေခၚသြားေပးမယ္ေျပာတဲ့ဂြၽန္အဖိုးႀကီးက ကတိတည္စြာဘဲလီလီပန္းခင္းထဲေခၚလာခဲ့တယ္
တိမ္ျပာျပာေတြေနာက္လိုက္ရင္း ေျခလွမ္းေတြကဦးတည္ရာကင္းမဲ့သည္
ေပ်ာက္ဆုံးေနတဲ့အတိတ္ကပုံရိပ္တစ္ခ်ိဳ႕ကိုတူးစြရင္း ေပ်ာ္စရာရပ္ဝန္းတစ္ခုကိုဂြၽန္ကိုယ္တိုင္ဖန္ဆင္းေပး၏
ဒီအေငြ႕အသက္ ဒီလြပ္လပ္မႈ႕ ဒီအရာေတြကေနတစ္ဆင့္ခံစားလိုက္ရတဲ့အေငြ႕အသက္ေတြ အရာရာကိုယွဥ္တြဲလိုက္ရင္ ဒါေသခ်ာေပါက္ သူရွာေဖြေနတဲ့ အိမ္ဘဲ
သူအိမ္ျပန္ေရာက္ခဲ့ပါၿပီ။ သူ႕အိမ္ကဂြၽန္ေဂ်ာင္ကုကိုယ္တိုင္ပါဘဲ ။
ဒီအခိုက္အတံ့ေတြကိုသူမလြမ္းဘူးဆိုရင္လိမ္ရာက်ေနမလား....
လြပ္လပ္ျခင္းကိုအျပည့္အဝခံစားမိတဲ့ ဦးတည္ခ်က္မဲ့ေသာေျခလွမ္းေတြ
အႏွောင္အဖြဲ႕ကင္းတဲ့အိမ္ျပန္လမ္းမ်ိဳးကိုသူပိုင္ဆိုင္ထားသ၍ အိမ္ျပန္လမ္းဆိုတာမရွိဘူး
သူ႕ေဘးနားမွာဂြၽန္ေဂ်ာင္ကုဆိုတဲ့အိမ္ေလးရွိေနသ၍ ဘယ္ေနရာကိုဘဲေရာက္ေနပါေစသူဟာျပန္လာမည္မဟုတ္ပါ။
ငါတို႔အခ်စ္ကရိုးရွင္းလြန္းပါတယ္ဂြၽန္ မင္းၾကည့္တက္ရင္သိပ္ကိုရိုးရွင္းလြန္းပါတယ္။
ငါတို႔ႏွစ္ေယာက္နီးစပ္ဖို႔ စာလႊာေတြမလိုဘူးဂြၽန္ အိမ္ျပန္လမ္းေရာေပါ့ ။
ငါတို႔ခ်စ္ေနနိုင္ဖို႔ ေရေျမေတြမလိုအပ္သလို ေန႕ရက္ေတြထပ္တူက်ေနဖို႔လဲမလိုဘူး
အတူရွိေနတိုင္းလည္းမနီးစပ္နိုင္သလို ေဝးေနတိုင္းလဲကြဲကြာသြားတာမ်ိဳးမွမဟုတ္ဘဲေလ
ငါတို႔ႏွစ္ေယာက္ခ်စ္ေနနိုင္ဖို႔ဆိုတာမင္းျဖစ္ေနဖို႔ဘဲလိုတာပါအခ်စ္ေရ။
_________________________