Uni
" အိမ်ရှင်တို့...၊ အိမ်ရှင်တို့ ရှိကြလားဗျ "
ကိုကိုဦး ခင်ထွေးမွန်တို့ခြံရှေ့တွင် ရပ်၍အော်နေခြင်းဖြစ်သည် ။
ခြံရှေ့ကအသံကြောင့် ဒေါ်ခင်ခင်ခြံတံခါးဆီသို့လာလိုက်သည် ။
" ဘယ်သူနဲ့ တွေ့ချင်လို့လဲ "
" ကျွန်တော် ခင်ထွေးမွန်နဲ့ တွေ့ချင်လို့ပါ ဒေါ်ဒေါ် "
" သားက ဘယ်သူလဲကွယ့် ။ စိတ်တော့မရှိပါနဲ့ ။ အထွေးက အခုတလော ဘယ်သူနဲ့မှမတွေ့ချင်ဘူးလို့ပြောထားလို့ပါ "
" ခင်ထွေးမွန်ကို ကံ့ကော်လှိုင်နဲ့ပတ်သတ်ပြီး ကျွန်တော် ပြောပြစရာလေးတွေရှိလို့ပါ ။ ခင်ထွေးမွန် သိထားသင့်တဲ့အရာလေးတွေကို ပြောပြချင်လို့ပါ "
ဒေါ်ခင်ခင် ကိုကိုဦးကို အကဲခတ်ကြည့်လိုက်သည် ။
" အင်း.. ၊ ကံ့ကော်လှိုင်နဲ့ပတ်သတ်ပြီး အထွေးက တော်တော်လေးစိတ်ဆင်းရဲနေရှာတာ ။ ကဲပါ.. မင်း အိမ်ထဲဝင်ခဲ့ပါ "
ဒေါ်ခင်ခင် ကိုကိုဦးအား ဧည့်ခန်းထဲအထိ ခေါ်လာခဲ့လိုက်သည် ။
" ဒီမှာ ခဏ ထိုင်ပါဦးကွယ် ။ ဒေါ်ဒေါ် ခင်ထွေးမွန်ကို သွားခေါ်လိုက်ဦးမယ် "
ကိုကိုဦး ဧည့်ခန်းထဲက ထိုင်ခုံတစ်ခုပေါ်ကို ဝင်ထိုင်လိုက်သည် ။ ခဏကြာတော့ ဒေါ်ခင်ခင်နှင့် ခင်ထွေးမွန်တို့ ဧည့်ခန်းထဲသို့ရောက်လာကြသည် ။
" တွေးတို့တွေကြားမှာ ဘာများပြောစရာရှိသေးလို့လဲ "
ခင်ထွေးမွန် ကိုကိုဦးနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည် ။
" ထွေး သိသင့်တယ်ထင်တာလေးတွေကို ကျွန်တော်ပြောပြချင်လို့ပါ "
" ထွေးတော့ ဘာကိုမှ ထပ်မသိချင်တော့ဘူး "
ခင်ထွေးမွန်အသံက အရာရာကို အရှုံးပေးထားသည့်နှယ် ။
" ကျွန်တော့်ကို အချိန်နည်းနည်းပဲပေးပါ ။ ကျွန်တော့်စကားတွေကို နားထောင်ပြီးရင် ထွေးနဲ့ဒေါ်ဒေါ်တို့ ကြိုက်သလိုဆုံးဖြတ်ချက်ချကြပါ "
" ကောင်းပါပြီကွယ် ။ သားပြောတာတွေကို ဒေါ်ဒေါ်တို့ နားထောင်ကြည့်ပါ့မယ် "
ခင်ထွေးမွန်က ငြိမ်ငြိမ်ကလေးသာ ထိုင်နေသည် ။
" ပြသာနာတွေအားလုံးရဲ့အစက လွန်ခဲ့တဲ့ လေးနှစ်လောက်ကလို့ဆိုရမှာပေါ့ ။ အဲ့ဒီအချိန်တုန်းက လှိုင့်မှာ သိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိခဲ့တယ် ။ သူ့နာမည်က ပြည့်စုံတဲ့ ။ လှိုင်က အချစ်ကြီးတယ် ၊ အယုံလွယ်တယ် ။ ဒါပေမယ့် လှိုင့်မှာက ချစ်ပေးစရာလူက ခပ်ရှားရှားပါပဲ ။ အင်း.. နောက်တော့ လှိုင်က ပြည့်စုံနဲ့ကိုယ်ဝန်ရခဲ့တယ် "
" ရှင် "
ထွေး ကိုယ့်နားကိုပင် အယုံနိုင်ဖြစ်သွားရသည် ။ အံ့သြခြင်း ၊ ဝမ်းနည်းခြင်း ၊ ဝန်တိုခြင်း ၊ ဒေါသထွက်ခြင်းတို့က ထွေးရင်ဘက်ထဲတွင် အလုအယက်နေရာယူနေကြသည် ။
ဒေါ်ခင်ခင်ကတော့ သမီးဖြစ်သူရဲ့လက်ကို ခပ်တင်းတင်းပင်ဆုပ်ကိုင်ပေးထားသည် ။
" မမလှိုင် ထွေးကို ဒီအကြောင်းတွေကို ဘာလို့ ပေးမသိခဲ့ရတာလဲ ။ အမှန်ဆို ထွေးကို သူပြောပြထားသင့်တယ်လေ "
ခင်ထွေးမွန်အသံက အနည်းငယ်မာလာသည် ။ သူနှင့်မပတ်သတ်ခင်ကတည်းက ဖြစ်ခဲ့တဲ့အရာတွေမှန်းသိသော်ငြား လှိုင်က ဖုံးကွယ်ထားခဲ့တာမို့ ထွေး သစ္စာဖောက်ခံရသလိုပင် ခံစားလိုက်ရသည် ။
" လှိုင် ကြောက်ခဲ့လို့ဖြစ်ပါလိမ့်မယ် ။ ဒီလိုကိစ္စမျိုးကို ဘယ်မိန်းကလေးကများ လွယ်လွယ်နဲ့ပြောထွက်ပါ့မလဲ "
" အဲ့ဒီကလေးကရော အခုဘယ်မှာလဲ "
ဒေါ်ခင်ခင်က ကြားဖြတ်ကာ ဝင်မေးလိုက်သည် ။
" ဟုတ်ကဲ့ဗျ ၊ ပြည့်စုံက လှိုင့်ကိုယ်ဝန်ကို တာဝန်မယူခဲ့ဘူး ။ နောက်တော့ အမေလည်းဆုံး ၊ ချစ်သူကလည်းပစ်.. အင်း လှိုင့် စိတ်ကျန်းမာရေးက အဲ့ဒီအချိန်ကစပြီးချို့ယွင်းလာခဲ့တာပဲ ။ လှိုင်က အဲ့ဒီလူနှစ်ယောက်အပေါ်မှာပဲ သူ့ရှိသမျှအချစ်တွေ ပုံပေးထားခဲ့တာလေ ။ နှစ်ယောက်လုံးက ရှေ့ဆင့်နောက်ဆင့် သူ့ကိုပစ်သွားတာ ။ ရှင်းရှင်းပြောရရင် လှိုင်က အဲ့ဒီစိတ်တွေနဲ့ပဲ ယဥ်ယဥ်ကလေးနဲ့ရူးသွားခဲ့တာ ။ လှိုင် အဲ့ဒီကလေးကိုမွေးတော့ လှိုင့်စိတ်ကျန်မာရေးက လုံးလုံးပြန်မကောင်းသေးဘူးလေ ။ ဒါကြောင့် ကလေးရှေ့ရေးအတွက် လှိုင့်မေမေရဲ့သူငယ်ချင်းက အဲ့ဒီကလေးကိုမွေးစားလိုက်တယ် ။ လှိုင် နေပြန်ကောင်းတော့ လှိုင့်ကလေးက အဖက်မတင်ဘူးလို့ပဲ လှိုင့်ကိုပြောလိုက်ကြတယ် "
" ဖြစ်ရလေ မမလှိုင်ရယ် ။ ကလေးအကြောင်းကို အခုထိ မမလှိုင်မသိသေးဘူးလား "
ထွေး လှိုင်နှင့်လှိုင့်ကလေးကို ကရုဏာသက်မိပြန်သည် ။
" အခုတော့ သိသွားပါပြီ ။ ပြည့်စုံက အခုအချိန်ကျမှ သူ့ကလေးကိုလိုချင်လို့ဆိုပြီး အန်တီနုဆီက လာတောင်းတယ်လေ ။ အခု ကလေးကို လှိုင်က အန်တီနုဆီကနေ စာချုပ်စာတန်းနဲ့ ပြန်ယူထားလိုက်နိုင်ပြီလေ ။ ဒါပေမယ့် ပြည့်စုံကတော့ လှိုင်တို့သားအမိကို အခုထိ နှောက်ယှတ်တုန်းပဲ ။ ကလေးကိုလည်း ရအောင်ယူမယ်လို့ ခြိမ်းခြောက်နေတုန်းပဲ "
" ဒါပေမယ့် မမလှိုင်က အခု ကိုကိုဦးနဲ့စေ့စပ်ထားတယ်မဟုတ်လား ။ ဒီအကြောင်းတွေးက ထွေးနဲ့မဆိုင်တော့ဘူးလေ ။ မမလှိုင်က ထွေးနဲ့မဆိုင်တော့ပါဘူးလေ "
ခင်ထွေးမွန်အသံက ယိုင်နဲ့နဲ့ပင် ။ မျက်ဝန်းမှာထဲတွက်လည်း မျက်ရည်စတို့က တွဲလဲခိုလာသည် ။
" လှိုင်က ခင်ထွေးမွန်နဲ့ပဲ ဆိုင်ပါတယ် ။ လှိုင်နဲ့ကျွန်တော် စေ့စပ်တယ်ဆိုတာကလည်း ဟန်ပြသပ်သပ်ပါ ။ လှိုင့်မေမေက အန်တီနုကို သူမဆုံးခင်မှာခဲ့တယ်လေ ။ လှိုင်နဲ့ကျွန်တော့်ကို လက်မထပ်ပေးရင်နေပါ ၊ စေ့စပ်ပေးလိုက်ပါတဲ့ ။ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာပြီးရင် သဘောကျသွားကြမှာပါတဲ့ ။ အဲ့ဒါကြောင့် အန်တီနုက ကျွန်တော်တို့ကို စေ့စပ်ဖို့ အရင်ကတည်းကအမြဲပြောလေ့ရှိတယ် ။ ဒါပေမယ့် ကျွန်တော်နဲ့လှိုင်နဲ့က အမြဲငြင်းပစ်ခဲ့တာချည်းပါပဲ ။ အခုစေ့စပ်ဖြစ်တယ်ဆိုတာက လှိုင့်မှာ အားကိုးစရာလူရှိကြောင်း ပြည့်စုံကိုသိစေ၊ထင်စေချင်ဖို့အတွက်ပါ ။ နောက်ပြီး... "
ကိုကိုဦး စကားကို ထိုနေရာတွင် ရပ်ပစ်လိုက်သည် ။
" သူက ထွေးနဲ့မတန်လို့ပါတဲ့ ။ ခင်ထွေးမွန်ဆိုတဲ့ကလေး သူ့ကိုမချစ်တော့ရင်ကောင်းမယ်တဲ့လေ ။ သူ့မှာ ထွေးကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိတော့လို့ ဒီလိုတွေလုပ်နေတာပဲ ။ ကျွန်တော် ခင်ထွေးမွန်ကို တစ်ခုလောက် တောင်းဆိုချင်ပါတယ် "
" ဟုတ်ကဲ့ "
" လှိုင့်ကို ခင်ထွေးမွန်ဘက်ပဲကစပြီးဆက်သွယ်လိုက်ပါ ။ လှိုင့်မှာ မင်းကို စဆက်သွယ်ရဲတဲ့ သတ္တိလည်း ကျန်တော့မယ်မထင်ဘူး "
" ဆက်သွယ်ရမှာပေါ့ ။ တကယ်ပါ ၊ မမလှိုင်ကလေ ဘာလို့တစ်ယောက်တည်းကြိတ်ခံစားနေတာလဲမသိဘူး ။ ဘာပဲဖြစ်ဖြစ် ထွေး ကိုကိုဦးကို ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့ပါ ။ ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်"
" အေးအေး သား ၊ ဂရုစိုက်ပြန်ကွယ် "
ဒေါ်ခင်ခင်က ခေါင်းကိုတဆတ်ဆတ်ညိမ့်လိုက်လိုက်သည် ။
ကိုကိုဦးပြန်သွားတော့ ခင်ထွေးမွန်ရဲ့အတွေးစတွေက ခပ်များများပင်ဖြစ်လာရသည် ။
ညဘက်ရောက်တော့ ခင်ထွေးမွန်တို့မိသားစု ထမင်းအတူစားဖြစ်ကြသည် ။
" သမီး ဘယ်လိုလုပ်မယ် စဥ်စားထားသလဲ "
တိတ်ဆိတ်နေသည့် ထမင်းဝိုင်းကို တော်ခင်ခင်က သဘောမကျဖြစ်နေသည် ။
" ထွေး မမလှိုင်ဆီကို သွားချင်တယ် မေမေ ။ ထွေးကို မမလှိုင်ဆီသွားခွင့်ပြုပါနော် "
" အင်း... ၊ သမီးသေချာဆုံးဖြတ်ပြီးပြီဆိုရင်တော့
မေမေတို့ မတားလိုပါဘူးကွယ် "
" ဟုတ်ကဲ့ "
ထမင်းဝိုင်းက တဖန်တိတ်ဆိတ်သွားပြန်သည် ။ စကားတွေကို နှုတ်မှမဆိုကြသော်ငြား စိတ်ထဲတွင်တော့ အတွေးကိုယ်စီရှိနေကြသည် ။
********
လှိုင်တို့ခြံဝန်းထဲသို့ ကားလေးတစ်စီးက ဝင်လာသည် ။ ကားပေါ်ကဆင်းလာတဲ့သူတွေကို တွေ့တော့ ဒေါ်မြမော် ဝမ်းသာမိသွားသည် ။
" သမီး ခင်ထွေးမွန် "
ဒေါ်မြမော် ထွေးရှိရာသို့ ပြေးလာလိုက်သည် ။ ထွေးနားရောက်တော့ ထွေးနှင့်အတူပါလာသည့် လူနှစ်ယောက်ဆီကို အကြည့်တို့ကရောက်မိသွားပြန်သည် ။
" ထွေးမေမေနဲ့ ထွေးအစ်ကိုပါ "
" သြော်... ဟုတ်ကဲ့ ။ အထဲကို ဝင်ကြပါဦးနော် "
ခင်ထွေးတို့မိသားစုကို ဒေါ်မြမော် ဧည့်ခန်းထဲကိုခေါ်လာလိုက်သည် ။
" ထိုင်ကြပါဦးရှင့် ။ ဟို ... ခင်ထွေးမွန်ကတော့ သမီးလှိုင်ဆီကိုပဲ အရင်သွားလိုက်ပါနော် ။ နေ့လည်ရောက်နေတာတောင် အဲ့ကလေး အခန်းထဲကနေထွက်မလာသေးဘူးကွယ် ။ ဘာမှလည်းမစားရသေးဘူး "
" ဟုတ်ကဲ့ ၊ ဒါဆို ထွေး မမလှိုင်ဆီကို သွားလိုက်ဦးမယ်နော် "
ခင်ထွေးမွန် အပေါ်ထပ်ကလှိုင့်အခန်းဆီသို့သွားလိုက်သည် ။ အခန်းတံခါးကိုပင် ခေါက်မနေတော့ဘဲ အခန်းထဲသို့ဝင်လိုက်သည် ။
လှိုင်က ထိုင်ခုံတစ်ခုပေါ်မှာထိုင်နေသည် ။ သူ့ရှေ့ကစားပွဲပေါ်ကိုမှောက်ကာ အိပ်ပျော်နေပုံပေါ်သည် ။
" မမလှိုင် "
ခင်ထွေးမွန်အသံကိုကြားလိုက်ရတာကြောင့် လှိုင်
ခေါင်းမော့လိုက်သည် ။ သူ့ဆီသို့ တည့်တည့်လျှောက်လာသော ထွေးကိုကြည့်ကာ လှိုင် မျက်ရည်များပင်စို့လာသည် ။
" မမလှိုင်... "
ခင်ထွေးမွန် လှိုင့်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်မိသည် ။ ထိုင်ခုံပေါ်တွင်ထိုင်နေသည့် လှိုင့်ရဲ့
လက်လက်ဖမိုးကို ထွေး ရှိုက်ကာနမ်းလိုက်သည် ။ ခင်ထွေးမွန်ရဲ့မျက်ရည်စတချို့က လှိုင့်လက်မဖိုးပေါ်သို့ပင် ကျသွားသည် ။
သူတောင့်တနေသည့်အရာ ၊ သူအလိုချင်ဆုံးအရာက သူ့ရှေ့ရောက်နေသော်ငြား လှိုင့်နှုတ်ဖျားမှ ဘာစကားသံမှထွက်ကျမလာပေ ။ မျက်ရည်တို့သည်လည်း စကားသံဖြစ်ပေါ်ပေါ်သည် ။ မျက်ဝန်းတို့သည်လည်း စကားပြောတတ်ဟန်တူသည် ။ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည့် မျက်ဝန်းတို့မှာ စကားသံတွေပါနေသည် ။
" မမလှိုင်ရယ် ၊ ပိန်သွားလိုက်တာများ ။ မမလှိုင် အရမ်းမိုက်ရူးရဲဆန်တယ် ။ ဘယ်အချိန်ကျမှ တစ်ယောက်တည်း ကြိတ်ခံစားတတ်တဲ့အကျင့်ကို ပြင်မှာလဲ "
ခင်ထွေးမွန် မတ်တပ်ရပ်လိုက်တော့ လှိုင်လည်း မတ်တပ်ထရပ်လိုက်သည် ။
" မင်းကို အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ ။ မင်းလို ဖြူဖြူစင်စင်လေးကို တို့ အားနာလွန်း
လို့ ဘယ်လိုလုပ်ရမလဲ ။ တို့က မင်းနဲ့မတန်လို့ ဘယ်လိုလုပ်ရမလဲကွယ် "
လှိုင် ခင်ထွေးမွန်ကို တင်းတင်းကျပ်ကျပ်ပင် ဖက်ထားမိသည် ။
" အားနာပေမယ့် မင်းကို တို့အပိုင်ပဲဖြစ်စေချင်တယ် "
" ထွေးက မမလှိုင်အပိုင်ပါပဲ ။ ထွေး မမလှိုင်ရဲ့အတိတ်အကြောင်းတွေကို သိပြီးပါပြီ ။ ထွေးတော့လေ မမလှိုင်ရဲ့ဖြစ်တည်မှုအားလုံးကို ချစ်တယ် ။ ထွေးကို အဝေးကိုတွန်းမပို့ပါတော့နဲ့နော် "
ခင်ထွေးမွန် လှိုင့်မျက်ဝန်းတို့ကို တည့်တည့်ကြည့်ကာပြောလိုက်သည် ။
" အင်း "
လှိုင် ထွေးကို ခေါင်းလေးတစ်ချက်ညိမ့်ပြလိုက်သည် ။
" တစ်နေကုန်ဘာမှမစားထားရသေးဘူးဆို ။ အောက်ထပ်သွားပြီး တစ်ခုခုစားရအောင် မမလှိုင် ။ ကျန်းမာရေးကို ဂရုစိုက်စမ်းပါ မမလှိုင်ရယ် "
လှိုင်က ထွေးစကားကိုနားထောင်ကာ အောက်ထပ်ကိုလိုက်လာလိုက်သည် ။ လှိုင်တို့ အောက်ဆင်းလာတော့ ဧည့်ခန်းထဲတွင် ထွေးမိသားစုဝင်တွေအပြင် အိမ်အကူအဒေါ်ကြီးနဲ့ကလေးတစ်ယောက်ပါရှိနေသည် ။ လူကြီးတွေက ထိုကလေးဘေးမှာဝိုင်းနေပြီး ကလေးနှင့်အတူဆော့ပေးနေသည် ။ ခင်ထွေးမွန် ထိုကလေးကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည် ။
" တို့ကလေးလေ "
လှိုင်က ခင်ထွေးမွန်ကိုပြောလိုက်သည် ။
ခင်ထွေးမွန် ထိုကလေးနားသို့သွားလိုက်သည် ။ ကလေးက ထွေးကို မျက်လုံးအဝိုင်းသားနှင့်ကြည့်နေသည် ။ ထွေး ထိုကလေးကိုကြည့်ကာ သဘောကျစွာပြုံးလိုက်မိသည် ။ ခင်ထွေးမွန် ကလေးရဲ့နဖူးကို နမ်းဖြစ်အောင်နမ်းလိုက်သေးသည် ။ လှိုင်က ထွေးရဲ့ကျောပြင်ကိုဖွဖွလေးသပ်လိုက်သည် ။
" သမီးလှိုင် ဆင်းလာပြီပဲ ။ အန်တီမော် ဆန်ပြုတ်ကလေးနွှေးထားတာ ။ ပူတုန်းနွေးတုန်းလေး သောက်လိုက်နော် "
ဒေါ်မြမော် ထွေးတို့နားကိုရောက်လာသည် ။
လှိုင်ကတော့ ဘာမှပြန်မပြောပါချေ ။ ထွေးနဲ့အတူ ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သည် ။
လှိုင် ထွေးခွံ့ကျွေးတဲ့ ဆန်ပြုတ်ကိုသောက်ရင်း ထွေးရဲ့ခါးနားက အက်ျီစကို လက်တစ်ဖက်နှင့်သေချာလေးဆုပ်ကိုင်ထားသည် ။
" အဝေးရောက်အောင်တွန်းတုန်းကတွန်းပြီး သူ့အပိုင်ဆိုတာသေချာပါတယ်ပြောနေခါမှ သေချာဆွဲထားနေတယ် "
ထွေးစကားကြောင့် လှိုင်ကိုင်ထားတဲ့အက်ျီစကို လက်ကနေလွှတ်လိုက်မိသည် ။ ထွေးမျက်နှာလေးကိုကြည့်နေရာမှ လှိုင် မျက်လွှာချလိုက်သည် ။ ခင်ထွေးမွန်ကတော့ လှိုင့်ကိုကြည့်ကာပြုံးမိသွားသည် ။
" မမလှိုင်ကလေ ... "
" တို့က ဘာဖြစ်လို့လဲ ။ ဆက်ပြောလေထွေးငယ် "
" ကလေးပဲ ။ ဟိုလိုကလေးမဟုတ်ပေမယ့် ကလေးပုံစံမျိုး ... "
လှိုင် ခင်ထွေးမွန်ကို မျက်မှောင်ကလေးကြုတ်ကာကြည့်လိုက်သည် ။
" မင်းအမျိုးသမီးက လူကြီးဖြစ်နေပါပြီကွယ် "
လှိုင် ထွေးပါးကလေးကို လက်နဲ့ဖဲ့လိုက်သည် ။
" မင်းကမှ ကလေး ။ မင်းကမှ ချစ်စရာကောင်းတဲ့ကလေးပဲ ထွေးငယ် "
ထွေးခွံ့ကျွေးသည်မို့ လှိုင် ဆန်ပြုတ်တစ်ပန်းကန်ကုန်အောင်သောက်လိုက်သည် ။
ညဘက်ရောက်တော့ လှိုင်က ကလေးကိုချော့သိပ်နေသည် ။ ခင်ထွေးမွန်ကလည်း ကလေးဘေးမှာ လှဲနေလိုက်သည် ။
" ကလေးက ချစ်စရာလေး မမလှိုင်ရယ် ။ မမလှိုင်နဲ့တူတယ် "
" ကလေးကိုမြင်ရင် မင်းကိုအားနာမိတယ် ထွေးငယ် "
" မလိုတာတွေ မမလှိုင်ရယ် ။ မမလှိုင်ရဲ့ဖြစ်တည်မှုအလုံးစုံကို ထွေးချစ်ပါတယ်လို့ပြောပြီးသားပဲ ။ ကလေးနိုးသွားဦးမယ် "
လှိုင် အိပ်ယာပေါ်မှထကာ ခင်ထွေးမွန်လက်ကိုဆွဲလိုက်သည် ။ ထို့နောက် ခင်ထွေးမွန်ကို ဝရန်တာဆီကိုခေါ်လာလိုက်သည် ။
" မမလှိုင်ပြောဖူးတာမှန်တယ် သိလား ။ လမင်းကြီးက လေးကိုင်းလေးလိုကွေးနေတဲ့အခါ ပိုလှတယ် " ထွေး ကောင်းကင်ကိုမော့ကြည့်ကာပြောလိုက်သည် ။
" ကလေးရဲ့အဖေက လာနှောက်ယှက်သေးလား "
" ဟင့်အင်း ။ သူလာမနှောက်ယှတ်တာ တစ်ပတ်လောက်ရှိပြီ "
" သူက ဘာလို့ အခုအချိန်ကျမှ ကလေးကို အသည်းအသန်လိုချင်သွားရတာလဲ မမလှိုင် "
" သူလက်ထပ်ထားတဲ့အမျိုးသမီး၊သူတကယ်ချစ်ရတဲ့အမျိုးသမီးက ကလေးမရနိုင်ဘူးတဲ့လေ ။ သူ ဝဋ်လည်တယ်ပဲပြောရမှာပေါ့ ထွေးငယ်ရယ် "
" ထွေးတို့ အတူနေကြမယ်မဟုတ်လား မမလှိုင် ။ ဒီတစ်ခေါက် ထွေးလာတာက မမလှိုင်ကို အပိုင်ယူတော့ဖို့အတွက်ပဲ "
" တို့ မင်းကို ငြင်းနိုင်မယ်လို့ ထင်သလား ထွေးငယ် "
" ပြောရတာမဟုတ်ဘူး ။ မမလှိုင်ကလေ တခါတလေ ထွေးရှိတာကို မေ့နေတတ်တာမဟုတ်လား "
" ဘယ်တုန်းကမှ မမေ့ပါဘူးကွယ် "
" မမေ့ရင် ထွေးကို ဘာလို့ပစ်ထားခဲ့လဲ ။ ထွေးရှိပါတယ်ဆိုတာကို ဘာလို့ ထွေးကို တိုင်တိုင်ပင်ပင်မလုပ်ခဲ့တာလဲ "
" မင်းကို အားနာလို့လို့ တို့ပြောပြီးသားပဲ ကလေးရယ် ။ ဘာလို့များ ကိုယ့်ကိုယ်ကိုယ်နာကျင်စေမယ့် စကားတွေကိုပြောနေတာလဲ ။ ဘာမှပေါက်ကရတွေမတွေးတော့နဲ့နော် ။ အိပ်ကြရအောင် ကလေးရယ် "
" ဟုတ် "
လှိုင် ထွေးခေါင်းလေးကို တစ်ချက်ပုတ်လိုက်သည် ။
နောက်တစ်နေ့မနက်ရောက်တော့ ထွေးအမေနဲ့အစ်ကိုက မန္တလေးကိုပြန်သွားကြသည် ။
ထွေးရောက်လာသည့်အချိန်မှစလို့ လှိုင်က အအိပ်အစားလည်းမှန်လာသည် ။ စိတ်ရောလူရော လန်းလန်းဆန်းဆန်းပင်ဖြစ်လာပေသည် ။
ခြံဝန်းထဲက မြက်ခင်းပြင်ပေါ်တွင် လှိုင်နဲ့ထွေးက ကလေးနဲ့အတူဆော့ကစားပေးနေသည် ။
" မေမေလို့ ခေါ်ပါဦးကွယ် "
လှိုင်အသံက ချိုမြမြပင် ။
" မေမေ "
ခင်ထွေးမွန်က လှိုင်တို့သားအမိကိုကြည့်ကာ ပြုံးနေမိသည် ။
ရုတ်တရက်ခြံရှေ့မှ ကားဟွန်းတီးသံကိုကြားလိုက်ရသည် ။ အိမ်အကူအဒေါ်ကြီးက ခြံတံခါးဖွင့်ပေးလိုက်တာမို့ ကားလေးက ခြံထဲအထိဝင်လာသည် ။ ထို့နောက် ထိုကားထဲမှ အမျိုးသမီးတစ်ဦးဆင်းလာသည် ။ လှိုင် ထိုအမျိုးသမီးကို သိပေသည် ။ ထိုအမျိုးသမီးရဲ့မျက်နှာကို လှိုင် မမှတ်မိစရာအကြောင်းမရှိပါချေ ။ ထိုအမျိုးသမီးက လှိုင်တို့ဆီသို့တည့်တည့်လျှောက်လာသည် ။
" ကျွန်မ ကံ့ကော်လှိုင်ကို ပြောစရာရှိလို့ပါ "
ထိုအမျိုးသမီးအသံက တည်တည်ငြိမ်ငြိမ်ပင် ။ ထိုအမျိုးသမီးရဲ့အမူအယာတို့ကလည်း အေးအေးချမ်းချမ်းပင် ။ ခင်ထွေးမွန်ပင် ထိုအမျိုးသမီးကိုလှသည်ဟု စိတ်ထဲမှချီးကျူးမိသည် ။
" ကလေးကိုလိုချင်တယ်လို့ပြောမှာတော့ မဟုတ်ပါစေနဲ့ ဒေစီခင် "
လှိုင့်အသံက မာကြောလွန်းသည် ။
" အဲ့တာနဲ့ဆန့်ကျင်ဘက်ပါပဲ "
" ဘာကိုဆိုလိုတာလဲ "
လှိုင် ဒေစီခင့််ကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည် ။
" ကိုယ့်ချစ်လင်က တခြားမိန်းမနဲ့ရပြီးမွေးတဲ့ကလေးကို ကျွန်မချစ်နိုင်မယ်လို့ ကံ့ကော်လှိုင်က ထင်နေတာလား ။ ကျွန်မ အဲ့သလောက် သဘောထားကြီးတဲ့သူမဟုတ်ပါဘူး "
" ဒါဆို ပြည့်စုံက ... "
" မောင်ကတော့ သူ့ကလေးကိုလိုချင်မှာပေါ့ ။ ကျွန်မ ကလေးမွေးစားချင်တယ်လို့ပဲပြောခဲ့တာ ။
ကံ့ကော်လှိုင်ရဲ့ကလေးကိုတော့ ကျွန်မတို့လုယူဖြစ်တော့မှာမဟုတ်ပါဘူး ။ ကျွန်မကတော့ ကျွန်မသွေးရော ၊ မောင့်သွေးရောမပါတဲ့ကလေးကိုပဲ မွေးစားချင်တယ် ။ မောင့်ကို ကျွန်မ နားချထားပြီးပြီမို့ လှိုင်တို့သားအမိ စိတ်အေးလက်အေးနေလို့ရပါပြီ "
လှိုင့်နှုတ်က စကားတစ်ခွန်းမှမဆိုသော်ငြား မျက်ဝန်းတွေကတော့ ဒေစီခင့်ကို ကျေးဇူးတင်စကားဆိုနေသည် ။
ဒေစီခင်က လှိုင့်ကလေးကို တစ်ချက်ကြည့်လိုက်သည် ။
" ကိုယ်ချစ်တဲ့အမျိုးသားနဲ့ကလေးမရနိုင်တဲ့ခံစားချက်ထက်ပိုဆိုးတယ် ။ ပိုပြီးရင်ထဲနင့်နေအောင်ခံစားရတယ် ။ ကျွန်မက သဘောထားကြီးတဲ့အမျိုးသမီးတစ်ယောက်မဖြစ်နိုင်ဘူးထင်ပါရဲ့... ။ ကဲပါ ..ကျွန်မ ပြန်ပါဦးမယ် "
ဒေစီခင်ပြန်သွားတော့ လှိုင့်မျက်နှာက တစ်ကမ္ဘာလုံးကိုအစိုးရသွားသည့်အမျိုးသမီးတစ်ဦးနှယ် ။ ခင်ထွေးမွန်နဲ့ကလေးကို တစ်လှည့်စီကြည့်ကာ ပြုံးနေမိသည် ။
*****
နှစ်ပတ်ခန့်ကြာသော်...
မန္တလေးမြို့တစ်နေရာက ခြံလေးတစ်ခြံထဲတွင် ရယ်သံတို့က ဝေဆာနေသည် ။ ဝါလွင်လွင်ဝမ်းဆက်ကို ဆင်တူဝတ်ထားသည့်အမျိုးသမီးနှစ်ဦးက တစ်ယောက်လက်တစ်ယောက်ကိုင်ထားကာ လှေကားပေါ်မှဆင်းလာသည်။ ထိုအမျိုးနှစ်ဦး၏ဘေးတွင်ကား ကလေးငယ်လေးတစ်ယောက်လည်းတွဲလျက်ပါလာသည် ။
ဧည့်ခန်းထဲတွင်ကား ထိုအမျိုးသမီးနှစ်ဦး၏ နှစ်ဖက်မိဘများရှိနေကြသည် ။ ဒေါ်နုယဥ်နှင့် လှိုင့်သူငယ်ချင်းဆုဝေတို့လည်း ရှိနေပြန်သေးသည် ။
လှိုင်နဲ့ထွေးတို့ ခုံတစ်ပေါ်မှာထိုင်လိုက်ကြသည် ။
" မေမေတို့ကို ဘာလို့ခေါ်ထားတာလဲ သမီးလှိုင် ။ သမီးတို့ချင်း အဆင်မပြေများဖြစ်ကြလို့လား "
ဒေါ်ခင်ခင်က လှိုင့်ကို မေးလိုက်သည် ။
" အဲ့လိုမဟုတ်ပါဘူး ဒေါ်ဒေါ်ရယ် "
လှိုင် ဒေါ်ခင်ခင့်ကို ပြုံးပြလိုက်သည် ။
" ဒါဖြင့် လာလို့လဲ ပြောပါဦးသမီးရယ် "
ဒေါ်မြမော်က ကြားထဲမှ ဝင်ပြောလိုက်သည် ။
" အခု လှိုင်တို့က အတူနေကြဆိုပေမယ့် လှိုင်တို့က လက်မထပ်ကြရသေးဘူးမဟုတ်လား ။ အင်း... တရားဝင်လက်ထပ်လို့လည်းမရတာဆိုတော့ ... "
လှိုင် ထွေးဘက်ကိုမျက်နှာမူလိုက်ကာ ထွေးလက်လေးတွေကိုဆုပ်ကိုင်ထားလိုက်သည် ။
" လှိုင် ထွေးငယ်ကို တစ်သက်လုံးချစ်သွားမယ်လို့ ဒီလူတွေအားရဲ့ရှေ့မှာ ကတိကဝတ်ပြုပါတယ် " လှိုင် ခင်ထွေးမွန်ရဲ့လက်ကို လက်စွပ်လေးတစ်ကွင်းစွပ်ပေးလိုက်သည် ။
ထွေး လှိုင့်ကိုကြည့်ကာ မျက်ဝန်းတို့ကလည်းပြုံးနေသည် ။ နှုတ်ခမ်းတို့ကလည်းပြုံးနေသည် ။ ကြည်နူးရလွန်း၍ မျက်ရည်ပင်ဝဲလာသည် ။
" တို့ဘေးမှာ တစ်သက်လုံးနေမယ်လို့ ကတိပေးနိုင်မလား ထွေးငယ် "
" ထွေး ကတိပေးပါတယ် ။ နှစ်ဖက်မိဘတွေအားလုံးကိုသက်သေထားပြီး ဆိုပါ့မယ် မမလှိုင်ရယ် "
လှိုင်က လူအများရှေ့မှာပင် ထွေးနဖူးကိုဖွဖွနမ်းလိုက်မိသည် ။
မင်းလွင်နှင့် ဦးမြင်မောင်တို့က လှိုင်တို့ကိုမကြည့်တော့ဘဲ မျက်လုံးထောင့်ကပ်လိုက်သည် ။ ဒေါ်ခင်ခင်နှင့်ဒေါ်မြမော်ကတော့ မင်လွင်တို့ကိုကြည့်ကာ စိတ်ထဲမှကြိတ်ရယ်လိုက်မိသည် ။
" လှိုင် အကန်းဖြစ်ပြီး အန်တီမော့်ကို အကောင်းမမြင်ခဲ့တာတွေအတွက်လည်း အားလုံးရှေ့မှာပဲတောင်းပန်ချင်ပါတယ် "
လှိုင် ဒေါ်မြမော်ဘေးကိုသွားထိုင်လိုက်သည် ။
" သမီးအပြစ်မှမဟုတ်ဘဲကွယ် ။ သမီးနေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်လည်း ဒီလိုပဲဖြစ်မှာပဲ "
လှိုင်နဲ့ဒေါ်မြမော်တို့ပြေလည်သွားတာကိုကြည့်ပြီး အားလုံးကပီတိဖြစ်နေရသည် ။
" ကဲပါ သမီးတို့ လုပ်စရာရှိတာတွေလုပ်ကြလေ ။ မေမေတို့ပြန်တော့မယ်လေ "
ဒေါ်ခင်ခင် လှိုင်တို့ကို ပြောလိုက်သည် ။
ခဏကြာတော့ အားလုံးပြန်သွားသည့်တိုင်အောင် တစ်ယောက်သောသူက ပေါ်မလာသေးပါချေ ။
အိမ်ပြောင်းလာတာမကြာသေးတာမို့ လှိုင်က အခန်းကို သေသေချာချာမပြင်ဆင်ရသေးပေ ။ လှိုင် သေတ္တာအသေးလေးတစ်ခုထဲမှ ရုပ်သေးရုပ်ကလေးကို ထုတ်ကာ နံရံပေါ်မှာ ချိတ်လိုက်သည် ။
မမလှိုင် "
ထွေး လှိုင့်ခါးကို အနောက်မှဖက်လိုက်သည် ။
လှိုင် ထွေးဘက်ကိုလှည့်ကာ ထွေးပါးပြင်ကိုဖွဖွကိုင်လိုက်သည် ။ ထို့နောက် ထွေးနှုတ်ခမ်းလွှာတို့ကို ဖိနမ်းပစ်လိုက်သည် ။
" ကလေးရှိတယ်လေ မမလှိုင်ရဲ့ "
" ကျွန်မရဲ့အရှုပ်ကလေးရှိနေတာပဲ "
လှိုင် ယမင်းငယ်ကိုကြည့်ကာ နှုတ်ခမ်းလေးကိုစူလိုက်မိသည် ။
ယမင်းငယ်ကလေးက အခန်းထဲမှာ ပြေးလွှားဆော့ကစားနေသည် ။ စန္ဒယားလေးကလည်း အခန်းထဲမှ လှလှပပနေရာယူထားသည် ။ နံရံမှာကပ်နေသည့် စာအုပ်စင်ကလေးကလည်း ထည်ထည်ဝါဝါပင်..။
" မေမေရဲ့အငွေ့အသက်တွေကျန်ရှိနေတဲ့ ဒီအိမ်ကလေး ၊ တို့အမြဲရှိနေမယ့်ဒီအိမ်ကလေးထဲမှာ တို့နဲ့အတူတူဘယ်အချိန်ထိနေပေးမလဲ ထွေးငယ် "
လှိုင် ခင်ထွေးမွန်ကို သူ့ရင်ခွင်ထဲ ဇွတ်အတင်းဝင်စေလိုက်သည် ။
" ထာဝရထိပေါ့ မမလှိုင် ၊ ထာဝရအထိပေါ့... "
**********ပြီးပါပြီ*********
Zg
" အိမ္ရွင္တို႔...၊ အိမ္ရွင္တို႔ ရွိၾကလားဗ် "
ကိုကိုဦး ခင္ေထြးမြန္တို႔ၿခံေရွ႕တြင္ ရပ္၍ေအာ္ေနျခင္းျဖစ္သည္ ။
ၿခံေရွ႕ကအသံေၾကာင့္ ေဒၚခင္ခင္ၿခံတံခါးဆီသို႔လာလိုက္သည္ ။
" ဘယ္သူနဲ႕ ေတြ႕ခ်င္လို႔လဲ "
" ကြၽန္ေတာ္ ခင္ေထြးမြန္နဲ႕ ေတြ႕ခ်င္လို႔ပါ ေဒၚေဒၚ "
" သားက ဘယ္သူလဲကြယ့္ ။ စိတ္ေတာ့မရွိပါနဲ႕ ။ အေထြးက အခုတေလာ ဘယ္သူနဲ႕မွမေတြ႕ခ်င္ဘူးလို႔ေျပာထားလို႔ပါ "
" ခင္ေထြးမြန္ကို ကံ့ေကာ္လွိုင္နဲ႕ပတ္သတ္ၿပီး ကြၽန္ေတာ္ ေျပာျပစရာေလးေတြရွိလို႔ပါ ။ ခင္ေထြးမြန္ သိထားသင့္တဲ့အရာေလးေတြကို ေျပာျပခ်င္လို႔ပါ "
ေဒၚခင္ခင္ ကိုကိုဦးကို အကဲခတ္ၾကည့္လိုက္သည္ ။
" အင္း.. ၊ ကံ့ေကာ္လွိုင္နဲ႕ပတ္သတ္ၿပီး အေထြးက ေတာ္ေတာ္ေလးစိတ္ဆင္းရဲေနရွာတာ ။ ကဲပါ.. မင္း အိမ္ထဲဝင္ခဲ့ပါ "
ေဒၚခင္ခင္ ကိုကိုဦးအား ဧည့္ခန္းထဲအထိ ေခၚလာခဲ့လိုက္သည္ ။
" ဒီမွာ ခဏ ထိုင္ပါဦးကြယ္ ။ ေဒၚေဒၚ ခင္ေထြးမြန္ကို သြားေခၚလိုက္ဦးမယ္ "
ကိုကိုဦး ဧည့္ခန္းထဲက ထိုင္ခုံတစ္ခုေပၚကို ဝင္ထိုင္လိုက္သည္ ။ ခဏၾကာေတာ့ ေဒၚခင္ခင္ႏွင့္ ခင္ေထြးမြန္တို႔ ဧည့္ခန္းထဲသို႔ေရာက္လာၾကသည္ ။
" ေတြးတို႔ေတြၾကားမွာ ဘာမ်ားေျပာစရာရွိေသးလို႔လဲ "
ခင္ေထြးမြန္ ကိုကိုဦးႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္ ။
" ေထြး သိသင့္တယ္ထင္တာေလးေတြကို ကြၽန္ေတာ္ေျပာျပခ်င္လို႔ပါ "
" ေထြးေတာ့ ဘာကိုမွ ထပ္မသိခ်င္ေတာ့ဘူး "
ခင္ေထြးမြန္အသံက အရာရာကို အရႈံးေပးထားသည့္ႏွယ္ ။
" ကြၽန္ေတာ့္ကို အခ်ိန္နည္းနည္းပဲေပးပါ ။ ကြၽန္ေတာ့္စကားေတြကို နားေထာင္ၿပီးရင္ ေထြးနဲ႕ေဒၚေဒၚတို႔ ႀကိဳက္သလိုဆုံးျဖတ္ခ်က္ခ်ၾကပါ "
" ေကာင္းပါၿပီကြယ္ ။ သားေျပာတာေတြကို ေဒၚေဒၚတို႔ နားေထာင္ၾကည့္ပါ့မယ္ "
ခင္ေထြးမြန္က ၿငိမ္ၿငိမ္ကေလးသာ ထိုင္ေနသည္ ။
" ျပသာနာေတြအားလုံးရဲ႕အစက လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ကလို႔ဆိုရမွာေပါ့ ။ အဲ့ဒီအခ်ိန္တုန္းက လွိုင့္မွာ သိပ္ခ်စ္ရတဲ့ ခ်စ္သူတစ္ေယာက္ရွိခဲ့တယ္ ။ သူ႕နာမည္က ျပည့္စုံတဲ့ ။ လွိုင္က အခ်စ္ႀကီးတယ္ ၊ အယုံလြယ္တယ္ ။ ဒါေပမယ့္ လွိုင့္မွာက ခ်စ္ေပးစရာလူက ခပ္ရွားရွားပါပဲ ။ အင္း.. ေနာက္ေတာ့ လွိုင္က ျပည့္စုံနဲ႕ကိုယ္ဝန္ရခဲ့တယ္ "
" ရွင္ "
ေထြး ကိုယ့္နားကိုပင္ အယုံနိုင္ျဖစ္သြားရသည္ ။ အံ့ၾသျခင္း ၊ ဝမ္းနည္းျခင္း ၊ ဝန္တိုျခင္း ၊ ေဒါသထြက္ျခင္းတို႔က ေထြးရင္ဘက္ထဲတြင္ အလုအယက္ေနရာယူေနၾကသည္ ။
ေဒၚခင္ခင္ကေတာ့ သမီးျဖစ္သူရဲ႕လက္ကို ခပ္တင္းတင္းပင္ဆုပ္ကိုင္ေပးထားသည္ ။
" မမလွိုင္ ေထြးကို ဒီအေၾကာင္းေတြကို ဘာလို႔ ေပးမသိခဲ့ရတာလဲ ။ အမွန္ဆို ေထြးကို သူေျပာျပထားသင့္တယ္ေလ "
ခင္ေထြးမြန္အသံက အနည္းငယ္မာလာသည္ ။ သူႏွင့္မပတ္သတ္ခင္ကတည္းက ျဖစ္ခဲ့တဲ့အရာေတြမွန္းသိေသာ္ျငား လွိုင္က ဖုံးကြယ္ထားခဲ့တာမို႔ ေထြး သစၥာေဖာက္ခံရသလိုပင္ ခံစားလိုက္ရသည္ ။
" လွိုင္ ေၾကာက္ခဲ့လို႔ျဖစ္ပါလိမ့္မယ္ ။ ဒီလိုကိစၥမ်ိဳးကို ဘယ္မိန္းကေလးကမ်ား လြယ္လြယ္နဲ႕ေျပာထြက္ပါ့မလဲ "
" အဲ့ဒီကေလးကေရာ အခုဘယ္မွာလဲ "
ေဒၚခင္ခင္က ၾကားျဖတ္ကာ ဝင္ေမးလိုက္သည္ ။
" ဟုတ္ကဲ့ဗ် ၊ ျပည့္စုံက လွိုင့္ကိုယ္ဝန္ကို တာဝန္မယူခဲ့ဘူး ။ ေနာက္ေတာ့ အေမလည္းဆုံး ၊ ခ်စ္သူကလည္းပစ္.. အင္း လွိုင့္ စိတ္က်န္းမာေရးက အဲ့ဒီအခ်ိန္ကစၿပီးခ်ိဳ႕ယြင္းလာခဲ့တာပဲ ။ လွိုင္က အဲ့ဒီလူႏွစ္ေယာက္အေပၚမွာပဲ သူ႕ရွိသမွ်အခ်စ္ေတြ ပုံေပးထားခဲ့တာေလ ။ ႏွစ္ေယာက္လုံးက ေရွ႕ဆင့္ေနာက္ဆင့္ သူ႕ကိုပစ္သြားတာ ။ ရွင္းရွင္းေျပာရရင္ လွိုင္က အဲ့ဒီစိတ္ေတြနဲ႕ပဲ ယဥ္ယဥ္ကေလးနဲ႕႐ူးသြားခဲ့တာ ။ လွိုင္ အဲ့ဒီကေလးကိုေမြးေတာ့ လွိုင့္စိတ္က်န္မာေရးက လုံးလုံးျပန္မေကာင္းေသးဘူးေလ ။ ဒါေၾကာင့္ ကေလးေရွ႕ေရးအတြက္ လွိုင့္ေမေမရဲ႕သူငယ္ခ်င္းက အဲ့ဒီကေလးကိုေမြးစားလိုက္တယ္ ။ လွိုင္ ေနျပန္ေကာင္းေတာ့ လွိုင့္ကေလးက အဖက္မတင္ဘူးလို႔ပဲ လွိုင့္ကိုေျပာလိုက္ၾကတယ္ "
" ျဖစ္ရေလ မမလွိုင္ရယ္ ။ ကေလးအေၾကာင္းကို အခုထိ မမလွိုင္မသိေသးဘူးလား "
ေထြး လွိုင္ႏွင့္လွိုင့္ကေလးကို က႐ုဏာသက္မိျပန္သည္ ။
" အခုေတာ့ သိသြားပါၿပီ ။ ျပည့္စုံက အခုအခ်ိန္က်မွ သူ႕ကေလးကိုလိုခ်င္လို႔ဆိုၿပီး အန္တီႏုဆီက လာေတာင္းတယ္ေလ ။ အခု ကေလးကို လွိုင္က အန္တီႏုဆီကေန စာခ်ဳပ္စာတန္းနဲ႕ ျပန္ယူထားလိုက္နိုင္ၿပီေလ ။ ဒါေပမယ့္ ျပည့္စုံကေတာ့ လွိုင္တို႔သားအမိကို အခုထိ ႏွောက္ယွတ္တုန္းပဲ ။ ကေလးကိုလည္း ရေအာင္ယူမယ္လို႔ ၿခိမ္းေျခာက္ေနတုန္းပဲ "
" ဒါေပမယ့္ မမလွိုင္က အခု ကိုကိုဦးနဲ႕ေစ့စပ္ထားတယ္မဟုတ္လား ။ ဒီအေၾကာင္းေတြးက ေထြးနဲ႕မဆိုင္ေတာ့ဘူးေလ ။ မမလွိုင္က ေထြးနဲ႕မဆိုင္ေတာ့ပါဘူးေလ "
ခင္ေထြးမြန္အသံက ယိုင္နဲ႕နဲ႕ပင္ ။ မ်က္ဝန္းမွာထဲတြက္လည္း မ်က္ရည္စတို႔က တြဲလဲခိုလာသည္ ။
" လွိုင္က ခင္ေထြးမြန္နဲ႕ပဲ ဆိုင္ပါတယ္ ။ လွိုင္နဲ႕ကြၽန္ေတာ္ ေစ့စပ္တယ္ဆိုတာကလည္း ဟန္ျပသပ္သပ္ပါ ။ လွိုင့္ေမေမက အန္တီႏုကို သူမဆုံးခင္မွာခဲ့တယ္ေလ ။ လွိုင္နဲ႕ကြၽန္ေတာ့္ကို လက္မထပ္ေပးရင္ေနပါ ၊ ေစ့စပ္ေပးလိုက္ပါတဲ့ ။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ေလ့လာၿပီးရင္ သေဘာက်သြားၾကမွာပါတဲ့ ။ အဲ့ဒါေၾကာင့္ အန္တီႏုက ကြၽန္ေတာ္တို႔ကို ေစ့စပ္ဖို႔ အရင္ကတည္းကအၿမဲေျပာေလ့ရွိတယ္ ။ ဒါေပမယ့္ ကြၽန္ေတာ္နဲ႕လွိုင္နဲ႕က အၿမဲျငင္းပစ္ခဲ့တာခ်ည္းပါပဲ ။ အခုေစ့စပ္ျဖစ္တယ္ဆိုတာက လွိုင့္မွာ အားကိုးစရာလူရွိေၾကာင္း ျပည့္စုံကိုသိေစ၊ထင္ေစခ်င္ဖို႔အတြက္ပါ ။ ေနာက္ၿပီး... "
ကိုကိုဦး စကားကို ထိုေနရာတြင္ ရပ္ပစ္လိုက္သည္ ။
" သူက ေထြးနဲ႕မတန္လို႔ပါတဲ့ ။ ခင္ေထြးမြန္ဆိုတဲ့ကေလး သူ႕ကိုမခ်စ္ေတာ့ရင္ေကာင္းမယ္တဲ့ေလ ။ သူ႕မွာ ေထြးကို ရင္ဆိုင္ရဲတဲ့ သတၱိမရွိေတာ့လို႔ ဒီလိုေတြလုပ္ေနတာပဲ ။ ကြၽန္ေတာ္ ခင္ေထြးမြန္ကို တစ္ခုေလာက္ ေတာင္းဆိုခ်င္ပါတယ္ "
" ဟုတ္ကဲ့ "
" လွိုင့္ကို ခင္ေထြးမြန္ဘက္ပဲကစၿပီးဆက္သြယ္လိုက္ပါ ။ လွိုင့္မွာ မင္းကို စဆက္သြယ္ရဲတဲ့ သတၱိလည္း က်န္ေတာ့မယ္မထင္ဘူး "
" ဆက္သြယ္ရမွာေပါ့ ။ တကယ္ပါ ၊ မမလွိုင္ကေလ ဘာလို႔တစ္ေယာက္တည္းႀကိတ္ခံစားေနတာလဲမသိဘူး ။ ဘာပဲျဖစ္ျဖစ္ ေထြး ကိုကိုဦးကို ေက်းဇူးတင္ပါတယ္ "
" ဟုတ္ကဲ့ပါ ။ ဒါဆို ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္"
" ေအးေအး သား ၊ ဂ႐ုစိုက္ျပန္ကြယ္ "
ေဒၚခင္ခင္က ေခါင္းကိုတဆတ္ဆတ္ညိမ့္လိုက္လိုက္သည္ ။
ကိုကိုဦးျပန္သြားေတာ့ ခင္ေထြးမြန္ရဲ႕အေတြးစေတြက ခပ္မ်ားမ်ားပင္ျဖစ္လာရသည္ ။
ညဘက္ေရာက္ေတာ့ ခင္ေထြးမြန္တို႔မိသားစု ထမင္းအတူစားျဖစ္ၾကသည္ ။
" သမီး ဘယ္လိုလုပ္မယ္ စဥ္စားထားသလဲ "
တိတ္ဆိတ္ေနသည့္ ထမင္းဝိုင္းကို ေတာ္ခင္ခင္က သေဘာမက်ျဖစ္ေနသည္ ။
" ေထြး မမလွိုင္ဆီကို သြားခ်င္တယ္ ေမေမ ။ ေထြးကို မမလွိုင္ဆီသြားခြင့္ျပဳပါေနာ္ "
" အင္း... ၊ သမီးေသခ်ာဆုံးျဖတ္ၿပီးၿပီဆိုရင္ေတာ့
ေမေမတို႔ မတားလိုပါဘူးကြယ္ "
" ဟုတ္ကဲ့ "
ထမင္းဝိုင္းက တဖန္တိတ္ဆိတ္သြားျပန္သည္ ။ စကားေတြကို ႏႈတ္မွမဆိုၾကေသာ္ျငား စိတ္ထဲတြင္ေတာ့ အေတြးကိုယ္စီရွိေနၾကသည္ ။
********
လွိုင္တို႔ၿခံဝန္းထဲသို႔ ကားေလးတစ္စီးက ဝင္လာသည္ ။ ကားေပၚကဆင္းလာတဲ့သူေတြကို ေတြ႕ေတာ့ ေဒၚျမေမာ္ ဝမ္းသာမိသြားသည္ ။
" သမီး ခင္ေထြးမြန္ "
ေဒၚျမေမာ္ ေထြးရွိရာသို႔ ေျပးလာလိုက္သည္ ။ ေထြးနားေရာက္ေတာ့ ေထြးႏွင့္အတူပါလာသည့္ လူႏွစ္ေယာက္ဆီကို အၾကည့္တို႔ကေရာက္မိသြားျပန္သည္ ။
" ေထြးေမေမနဲ႕ ေထြးအစ္ကိုပါ "
" ေၾသာ္... ဟုတ္ကဲ့ ။ အထဲကို ဝင္ၾကပါဦးေနာ္ "
ခင္ေထြးတို႔မိသားစုကို ေဒၚျမေမာ္ ဧည့္ခန္းထဲကိုေခၚလာလိုက္သည္ ။
" ထိုင္ၾကပါဦးရွင့္ ။ ဟို ... ခင္ေထြးမြန္ကေတာ့ သမီးလွိုင္ဆီကိုပဲ အရင္သြားလိုက္ပါေနာ္ ။ ေန႕လည္ေရာက္ေနတာေတာင္ အဲ့ကေလး အခန္းထဲကေနထြက္မလာေသးဘူးကြယ္ ။ ဘာမွလည္းမစားရေသးဘူး "
" ဟုတ္ကဲ့ ၊ ဒါဆို ေထြး မမလွိုင္ဆီကို သြားလိုက္ဦးမယ္ေနာ္ "
ခင္ေထြးမြန္ အေပၚထပ္ကလွိုင့္အခန္းဆီသို႔သြားလိုက္သည္ ။ အခန္းတံခါးကိုပင္ ေခါက္မေနေတာ့ဘဲ အခန္းထဲသို႔ဝင္လိုက္သည္ ။
လွိုင္က ထိုင္ခုံတစ္ခုေပၚမွာထိုင္ေနသည္ ။ သူ႕ေရွ႕ကစားပြဲေပၚကိုေမွာက္ကာ အိပ္ေပ်ာ္ေနပုံေပၚသည္ ။
" မမလွိုင္ "
ခင္ေထြးမြန္အသံကိုၾကားလိုက္ရတာေၾကာင့္ လွိုင္
ေခါင္းေမာ့လိုက္သည္ ။ သူ႕ဆီသို႔ တည့္တည့္ေလွ်ာက္လာေသာ ေထြးကိုၾကည့္ကာ လွိုင္ မ်က္ရည္မ်ားပင္စို႔လာသည္ ။
" မမလွိုင္... "
ခင္ေထြးမြန္ လွိုင့္ေရွ႕တြင္ ဒူးေထာက္ထိုင္ခ်လိဳက္မိသည္ ။ ထိုင္ခုံေပၚတြင္ထိုင္ေနသည့္ လွိုင့္ရဲ႕
လက္လက္ဖမိုးကို ေထြး ရွိုက္ကာနမ္းလိုက္သည္ ။ ခင္ေထြးမြန္ရဲ႕မ်က္ရည္စတခ်ိဳ႕က လွိုင့္လက္မဖိုးေပၚသို႔ပင္ က်သြားသည္ ။
သူေတာင့္တေနသည့္အရာ ၊ သူအလိုခ်င္ဆုံးအရာက သူ႕ေရွ႕ေရာက္ေနေသာ္ျငား လွိုင့္ႏႈတ္ဖ်ားမွ ဘာစကားသံမွထြက္က်မလာေပ ။ မ်က္ရည္တို႔သည္လည္း စကားသံျဖစ္ေပၚေပၚသည္ ။ မ်က္ဝန္းတို႔သည္လည္း စကားေျပာတတ္ဟန္တူသည္ ။ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနၾကသည့္ မ်က္ဝန္းတို႔မွာ စကားသံေတြပါေနသည္ ။
" မမလွိုင္ရယ္ ၊ ပိန္သြားလိုက္တာမ်ား ။ မမလွိုင္ အရမ္းမိုက္႐ူးရဲဆန္တယ္ ။ ဘယ္အခ်ိန္က်မွ တစ္ေယာက္တည္း ႀကိတ္ခံစားတတ္တဲ့အက်င့္ကို ျပင္မွာလဲ "
ခင္ေထြးမြန္ မတ္တပ္ရပ္လိုက္ေတာ့ လွိုင္လည္း မတ္တပ္ထရပ္လိုက္သည္ ။
" မင္းကို အားနာလြန္းလို႔ ဘယ္လိုလုပ္ရမလဲ ။ မင္းလို ျဖဴျဖဴစင္စင္ေလးကို တို႔ အားနာလြန္း
လို႔ ဘယ္လိုလုပ္ရမလဲ ။ တို႔က မင္းနဲ႕မတန္လို႔ ဘယ္လိုလုပ္ရမလဲကြယ္ "
လွိုင္ ခင္ေထြးမြန္ကို တင္းတင္းက်ပ္က်ပ္ပင္ ဖက္ထားမိသည္ ။
" အားနာေပမယ့္ မင္းကို တို႔အပိုင္ပဲျဖစ္ေစခ်င္တယ္ "
" ေထြးက မမလွိုင္အပိုင္ပါပဲ ။ ေထြး မမလွိုင္ရဲ႕အတိတ္အေၾကာင္းေတြကို သိၿပီးပါၿပီ ။ ေထြးေတာ့ေလ မမလွိုင္ရဲ႕ျဖစ္တည္မႈအားလုံးကို ခ်စ္တယ္ ။ ေထြးကို အေဝးကိုတြန္းမပို႔ပါေတာ့နဲ႕ေနာ္ "
ခင္ေထြးမြန္ လွိုင့္မ်က္ဝန္းတို႔ကို တည့္တည့္ၾကည့္ကာေျပာလိုက္သည္ ။
" အင္း "
လွိုင္ ေထြးကို ေခါင္းေလးတစ္ခ်က္ညိမ့္ျပလိုက္သည္ ။
" တစ္ေနကုန္ဘာမွမစားထားရေသးဘူးဆို ။ ေအာက္ထပ္သြားၿပီး တစ္ခုခုစားရေအာင္ မမလွိုင္ ။ က်န္းမာေရးကို ဂ႐ုစိုက္စမ္းပါ မမလွိုင္ရယ္ "
လွိုင္က ေထြးစကားကိုနားေထာင္ကာ ေအာက္ထပ္ကိုလိုက္လာလိုက္သည္ ။ လွိုင္တို႔ ေအာက္ဆင္းလာေတာ့ ဧည့္ခန္းထဲတြင္ ေထြးမိသားစုဝင္ေတြအျပင္ အိမ္အကူအေဒၚႀကီးနဲ႕ကေလးတစ္ေယာက္ပါရွိေနသည္ ။ လူႀကီးေတြက ထိုကေလးေဘးမွာဝိုင္းေနၿပီး ကေလးႏွင့္အတူေဆာ့ေပးေနသည္ ။ ခင္ေထြးမြန္ ထိုကေလးကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည် ။
" တို႔ကေလးေလ "
လွိုင္က ခင္ေထြးမြန္ကိုေျပာလိုက္သည္ ။
ခင္ေထြးမြန္ ထိုကေလးနားသို႔သြားလိုက္သည္ ။ ကေလးက ေထြးကို မ်က္လုံးအဝိုင္းသားႏွင့္ၾကည့္ေနသည္ ။ ေထြး ထိုကေလးကိုၾကည့္ကာ သေဘာက်စြာၿပဳံးလိုက္မိသည္ ။ ခင္ေထြးမြန္ ကေလးရဲ႕နဖူးကို နမ္းျဖစ္ေအာင္နမ္းလိုက္ေသးသည္ ။ လွိုင္က ေထြးရဲ႕ေက်ာျပင္ကိုဖြဖြေလးသပ္လိုက္သည္ ။
" သမီးလွိုင္ ဆင္းလာၿပီပဲ ။ အန္တီေမာ္ ဆန္ျပဳတ္ကေလးႏႊေးထားတာ ။ ပူတုန္းႏြေးတုန္းေလး ေသာက္လိုက္ေနာ္ "
ေဒၚျမေမာ္ ေထြးတို႔နားကိုေရာက္လာသည္ ။
လွိုင္ကေတာ့ ဘာမွျပန္မေျပာပါေခ် ။ ေထြးနဲ႕အတူ ထမင္းစားခန္းထဲသို႔ ဝင္သြားလိုက္သည္ ။
လွိုင္ ေထြးခြံ႕ေကြၽးတဲ့ ဆန္ျပဳတ္ကိုေသာက္ရင္း ေထြးရဲ႕ခါးနားက အက္်ီစကို လက္တစ္ဖက္ႏွင့္ေသခ်ာေလးဆုပ္ကိုင္ထားသည္ ။
" အေဝးေရာက္ေအာင္တြန္းတုန္းကတြန္းၿပီး သူ႕အပိုင္ဆိုတာေသခ်ာပါတယ္ေျပာေနခါမွ ေသခ်ာဆြဲထားေနတယ္ "
ေထြးစကားေၾကာင့္ လွိုင္ကိုင္ထားတဲ့အက္်ီစကို လက္ကေနလႊတ္လိုက္မိသည္ ။ ေထြးမ်က္ႏွာေလးကိုၾကည့္ေနရာမွ လွိုင္ မ်က္လႊာခ်လိဳက္သည္ ။ ခင္ေထြးမြန္ကေတာ့ လွိုင့္ကိုၾကည့္ကာၿပဳံးမိသြားသည္ ။
" မမလွိုင္ကေလ ... "
" တို႔က ဘာျဖစ္လို႔လဲ ။ ဆက္ေျပာေလေထြးငယ္ "
" ကေလးပဲ ။ ဟိုလိုကေလးမဟုတ္ေပမယ့္ ကေလးပုံစံမ်ိဳး ... "
လွိုင္ ခင္ေထြးမြန္ကို မ်က္ေမွာင္ကေလးၾကဳတ္ကာၾကည့္လိုက္သည္ ။
" မင္းအမ်ိဳးသမီးက လူႀကီးျဖစ္ေနပါၿပီကြယ္ "
လွိုင္ ေထြးပါးကေလးကို လက္နဲ႕ဖဲ့လိုက္သည္ ။
" မင္းကမွ ကေလး ။ မင္းကမွ ခ်စ္စရာေကာင္းတဲ့ကေလးပဲ ေထြးငယ္ "
ေထြးခြံ႕ေကြၽးသည္မို႔ လွိုင္ ဆန္ျပဳတ္တစ္ပန္းကန္ကုန္ေအာင္ေသာက္လိုက္သည္ ။
ညဘက္ေရာက္ေတာ့ လွိုင္က ကေလးကိုေခ်ာ့သိပ္ေနသည္ ။ ခင္ေထြးမြန္ကလည္း ကေလးေဘးမွာ လွဲေနလိုက္သည္ ။
" ကေလးက ခ်စ္စရာေလး မမလွိုင္ရယ္ ။ မမလွိုင္နဲ႕တူတယ္ "
" ကေလးကိုျမင္ရင္ မင္းကိုအားနာမိတယ္ ေထြးငယ္ "
" မလိုတာေတြ မမလွိုင္ရယ္ ။ မမလွိုင္ရဲ႕ျဖစ္တည္မႈအလုံးစုံကို ေထြးခ်စ္ပါတယ္လို႔ေျပာၿပီးသားပဲ ။ ကေလးနိုးသြားဦးမယ္ "
လွိုင္ အိပ္ယာေပၚမွထကာ ခင္ေထြးမြန္လက္ကိုဆြဲလိုက္သည္ ။ ထို႔ေနာက္ ခင္ေထြးမြန္ကို ဝရန္တာဆီကိုေခၚလာလိုက္သည္ ။
" မမလွိုင္ေျပာဖူးတာမွန္တယ္ သိလား ။ လမင္းႀကီးက ေလးကိုင္းေလးလိုေကြးေနတဲ့အခါ ပိုလွတယ္ " ေထြး ေကာင္းကင္ကိုေမာ့ၾကည့္ကာေျပာလိုက္သည္ ။
" ကေလးရဲ႕အေဖက လာႏွောက္ယွက္ေသးလား "
" ဟင့္အင္း ။ သူလာမႏွောက္ယွတ္တာ တစ္ပတ္ေလာက္ရွိၿပီ "
" သူက ဘာလို႔ အခုအခ်ိန္က်မွ ကေလးကို အသည္းအသန္လိုခ်င္သြားရတာလဲ မမလွိုင္ "
" သူလက္ထပ္ထားတဲ့အမ်ိဳးသမီး၊သူတကယ္ခ်စ္ရတဲ့အမ်ိဳးသမီးက ကေလးမရနိုင္ဘူးတဲ့ေလ ။ သူ ဝဋ္လည္တယ္ပဲေျပာရမွာေပါ့ ေထြးငယ္ရယ္ "
" ေထြးတို႔ အတူေနၾကမယ္မဟုတ္လား မမလွိုင္ ။ ဒီတစ္ေခါက္ ေထြးလာတာက မမလွိုင္ကို အပိုင္ယူေတာ့ဖို႔အတြက္ပဲ "
" တို႔ မင္းကို ျငင္းနိုင္မယ္လို႔ ထင္သလား ေထြးငယ္ "
" ေျပာရတာမဟုတ္ဘူး ။ မမလွိုင္ကေလ တခါတေလ ေထြးရွိတာကို ေမ့ေနတတ္တာမဟုတ္လား "
" ဘယ္တုန္းကမွ မေမ့ပါဘူးကြယ္ "
" မေမ့ရင္ ေထြးကို ဘာလို႔ပစ္ထားခဲ့လဲ ။ ေထြးရွိပါတယ္ဆိုတာကို ဘာလို႔ ေထြးကို တိုင္တိုင္ပင္ပင္မလုပ္ခဲ့တာလဲ "
" မင္းကို အားနာလို႔လို႔ တို႔ေျပာၿပီးသားပဲ ကေလးရယ္ ။ ဘာလို႔မ်ား ကိုယ့္ကိုယ္ကိုယ္နာက်င္ေစမယ့္ စကားေတြကိုေျပာေနတာလဲ ။ ဘာမွေပါက္ကရေတြမေတြးေတာ့နဲ႕ေနာ္ ။ အိပ္ၾကရေအာင္ ကေလးရယ္ "
" ဟုတ္ "
လွိုင္ ေထြးေခါင္းေလးကို တစ္ခ်က္ပုတ္လိုက္သည္ ။
ေနာက္တစ္ေန႕မနက္ေရာက္ေတာ့ ေထြးအေမနဲ႕အစ္ကိုက မႏၱေလးကိုျပန္သြားၾကသည္ ။
ေထြးေရာက္လာသည့္အခ်ိန္မွစလို႔ လွိုင္က အအိပ္အစားလည္းမွန္လာသည္ ။ စိတ္ေရာလူေရာ လန္းလန္းဆန္းဆန္းပင္ျဖစ္လာေပသည္ ။
ၿခံဝန္းထဲက ျမက္ခင္းျပင္ေပၚတြင္ လွိုင္နဲ႕ေထြးက ကေလးနဲ႕အတူေဆာ့ကစားေပးေနသည္ ။
" ေမေမလို႔ ေခၚပါဦးကြယ္ "
လွိုင္အသံက ခ်ိဳျမျမပင္ ။
" ေမေမ "
ခင္ေထြးမြန္က လွိုင္တို႔သားအမိကိုၾကည့္ကာ ၿပဳံးေနမိသည္ ။
႐ုတ္တရက္ၿခံေရွ႕မွ ကားဟြန္းတီးသံကိုၾကားလိုက္ရသည္ ။ အိမ္အကူအေဒၚႀကီးက ၿခံတံခါးဖြင့္ေပးလိုက္တာမို႔ ကားေလးက ၿခံထဲအထိဝင္လာသည္ ။ ထို႔ေနာက္ ထိုကားထဲမွ အမ်ိဳးသမီးတစ္ဦးဆင္းလာသည္ ။ လွိုင္ ထိုအမ်ိဳးသမီးကို သိေပသည္ ။ ထိုအမ်ိဳးသမီးရဲ႕မ်က္ႏွာကို လွိုင္ မမွတ္မိစရာအေၾကာင္းမရွိပါေခ် ။ ထိုအမ်ိဳးသမီးက လွိုင္တို႔ဆီသို႔တည့္တည့္ေလွ်ာက္လာသည္ ။
" ကြၽန္မ ကံ့ေကာ္လွိုင္ကို ေျပာစရာရွိလို႔ပါ "
ထိုအမ်ိဳးသမီးအသံက တည္တည္ၿငိမ္ၿငိမ္ပင္ ။ ထိုအမ်ိဳးသမီးရဲ႕အမူအယာတို႔ကလည္း ေအးေအးခ်မ္းခ်မ္းပင္ ။ ခင္ေထြးမြန္ပင္ ထိုအမ်ိဳးသမီးကိုလွသည္ဟု စိတ္ထဲမွခ်ီးက်ဴးမိသည္ ။
" ကေလးကိုလိုခ်င္တယ္လို႔ေျပာမွာေတာ့ မဟုတ္ပါေစနဲ႕ ေဒစီခင္ "
လွိုင့္အသံက မာေၾကာလြန္းသည္ ။
" အဲ့တာနဲ႕ဆန့္က်င္ဘက္ပါပဲ "
" ဘာကိုဆိုလိုတာလဲ "
လွိုင္ ေဒစီခင့္္ကို မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လိုက္သည္ ။
" ကိုယ့္ခ်စ္လင္က တျခားမိန္းမနဲ႕ရၿပီးေမြးတဲ့ကေလးကို ကြၽန္မခ်စ္နိုင္မယ္လို႔ ကံ့ေကာ္လွိုင္က ထင္ေနတာလား ။ ကြၽန္မ အဲ့သေလာက္ သေဘာထားႀကီးတဲ့သူမဟုတ္ပါဘူး "
" ဒါဆို ျပည့္စုံက ... "
" ေမာင္ကေတာ့ သူ႕ကေလးကိုလိုခ်င္မွာေပါ့ ။ ကြၽန္မ ကေလးေမြးစားခ်င္တယ္လို႔ပဲေျပာခဲ့တာ ။
ကံ့ေကာ္လွိုင္ရဲ႕ကေလးကိုေတာ့ ကြၽန္မတို႔လုယူျဖစ္ေတာ့မွာမဟုတ္ပါဘူး ။ ကြၽန္မကေတာ့ ကြၽန္မေသြးေရာ ၊ ေမာင့္ေသြးေရာမပါတဲ့ကေလးကိုပဲ ေမြးစားခ်င္တယ္ ။ ေမာင့္ကို ကြၽန္မ နားခ်ထားၿပီးၿပီမို႔ လွိုင္တို႔သားအမိ စိတ္ေအးလက္ေအးေနလို႔ရပါၿပီ "
လွိုင့္ႏႈတ္က စကားတစ္ခြန္းမွမဆိုေသာ္ျငား မ်က္ဝန္းေတြကေတာ့ ေဒစီခင့္ကို ေက်းဇူးတင္စကားဆိုေနသည္ ။
ေဒစီခင္က လွိုင့္ကေလးကို တစ္ခ်က္ၾကည့္လိုက္သည္ ။
" ကိုယ္ခ်စ္တဲ့အမ်ိဳးသားနဲ႕ကေလးမရနိုင္တဲ့ခံစားခ်က္ထက္ပိုဆိုးတယ္ ။ ပိုၿပီးရင္ထဲနင့္ေနေအာင္ခံစားရတယ္ ။ ကြၽန္မက သေဘာထားႀကီးတဲ့အမ်ိဳးသမီးတစ္ေယာက္မျဖစ္နိုင္ဘူးထင္ပါရဲ႕... ။ ကဲပါ ..ကြၽန္မ ျပန္ပါဦးမယ္ "
ေဒစီခင္ျပန္သြားေတာ့ လွိုင့္မ်က္ႏွာက တစ္ကမၻာလုံးကိုအစိုးရသြားသည့္အမ်ိဳးသမီးတစ္ဦးႏွယ္ ။ ခင္ေထြးမြန္နဲ႕ကေလးကို တစ္လွည့္စီၾကည့္ကာ ၿပဳံးေနမိသည္ ။
*****
ႏွစ္ပတ္ခန့္ၾကာေသာ္...
မႏၱေလးၿမိဳ႕တစ္ေနရာက ၿခံေလးတစ္ၿခံထဲတြင္ ရယ္သံတို႔က ေဝဆာေနသည္ ။ ဝါလြင္လြင္ဝမ္းဆက္ကို ဆင္တူဝတ္ထားသည့္အမ်ိဳးသမီးႏွစ္ဦးက တစ္ေယာက္လက္တစ္ေယာက္ကိုင္ထားကာ ေလွကားေပၚမွဆင္းလာသည္။ ထိုအမ်ိဳးႏွစ္ဦး၏ေဘးတြင္ကား ကေလးငယ္ေလးတစ္ေယာက္လည္းတြဲလ်က္ပါလာသည္ ။
ဧည့္ခန္းထဲတြင္ကား ထိုအမ်ိဳးသမီးႏွစ္ဦး၏ ႏွစ္ဖက္မိဘမ်ားရွိေနၾကသည္ ။ ေဒၚႏုယဥ္ႏွင့္ လွိုင့္သူငယ္ခ်င္းဆုေဝတို႔လည္း ရွိေနျပန္ေသးသည္ ။
လွိုင္နဲ႕ေထြးတို႔ ခုံတစ္ေပၚမွာထိုင္လိုက္ၾကသည္ ။
" ေမေမတို႔ကို ဘာလို႔ေခၚထားတာလဲ သမီးလွိုင္ ။ သမီးတို႔ခ်င္း အဆင္မေျပမ်ားျဖစ္ၾကလို႔လား "
ေဒၚခင္ခင္က လွိုင့္ကို ေမးလိုက္သည္ ။
" အဲ့လိုမဟုတ္ပါဘူး ေဒၚေဒၚရယ္ "
လွိုင္ ေဒၚခင္ခင့္ကို ၿပဳံးျပလိုက္သည္ ။
" ဒါျဖင့္ လာလို႔လဲ ေျပာပါဦးသမီးရယ္ "
ေဒၚျမေမာ္က ၾကားထဲမွ ဝင္ေျပာလိုက္သည္ ။
" အခု လွိုင္တို႔က အတူေနၾကဆိုေပမယ့္ လွိုင္တို႔က လက္မထပ္ၾကရေသးဘူးမဟုတ္လား ။ အင္း... တရားဝင္လက္ထပ္လို႔လည္းမရတာဆိုေတာ့ ... "
လွိုင္ ေထြးဘက္ကိုမ်က္ႏွာမူလိုက္ကာ ေထြးလက္ေလးေတြကိုဆုပ္ကိုင္ထားလိုက္သည္ ။
" လွိုင္ ေထြးငယ္ကို တစ္သက္လုံးခ်စ္သြားမယ္လို႔ ဒီလူေတြအားရဲ႕ေရွ႕မွာ ကတိကဝတ္ျပဳပါတယ္ " လွိုင္ ခင္ေထြးမြန္ရဲ႕လက္ကို လက္စြပ္ေလးတစ္ကြင္းစြပ္ေပးလိုက္သည္ ။
ေထြး လွိုင့္ကိုၾကည့္ကာ မ်က္ဝန္းတို႔ကလည္းၿပဳံးေနသည္ ။ ႏႈတ္ခမ္းတို႔ကလည္းၿပဳံးေနသည္ ။ ၾကည္ႏူးရလြန္း၍ မ်က္ရည္ပင္ဝဲလာသည္ ။
" တို႔ေဘးမွာ တစ္သက္လုံးေနမယ္လို႔ ကတိေပးနိုင္မလား ေထြးငယ္ "
" ေထြး ကတိေပးပါတယ္ ။ ႏွစ္ဖက္မိဘေတြအားလုံးကိုသက္ေသထားၿပီး ဆိုပါ့မယ္ မမလွိုင္ရယ္ "
လွိုင္က လူအမ်ားေရွ႕မွာပင္ ေထြးနဖူးကိုဖြဖြနမ္းလိုက္မိသည္ ။
မင္းလြင္ႏွင့္ ဦးျမင္ေမာင္တို႔က လွိုင္တို႔ကိုမၾကည့္ေတာ့ဘဲ မ်က္လုံးေထာင့္ကပ္လိုက္သည္ ။ ေဒၚခင္ခင္ႏွင့္ေဒၚျမေမာ္ကေတာ့ မင္လြင္တို႔ကိုၾကည့္ကာ စိတ္ထဲမွႀကိတ္ရယ္လိုက္မိသည္ ။
" လွိုင္ အကန္းျဖစ္ၿပီး အန္တီေမာ့္ကို အေကာင္းမျမင္ခဲ့တာေတြအတြက္လည္း အားလုံးေရွ႕မွာပဲေတာင္းပန္ခ်င္ပါတယ္ "
လွိုင္ ေဒၚျမေမာ္ေဘးကိုသြားထိုင္လိုက္သည္ ။
" သမီးအျပစ္မွမဟုတ္ဘဲကြယ္ ။ သမီးေနရာမွာ တစ္ျခားတစ္ေယာက္ဆိုရင္လည္း ဒီလိုပဲျဖစ္မွာပဲ "
လွိုင္နဲ႕ေဒၚျမေမာ္တို႔ေျပလည္သြားတာကိုၾကည့္ၿပီး အားလုံးကပီတိျဖစ္ေနရသည္ ။
" ကဲပါ သမီးတို႔ လုပ္စရာရွိတာေတြလုပ္ၾကေလ ။ ေမေမတို႔ျပန္ေတာ့မယ္ေလ "
ေဒၚခင္ခင္ လွိုင္တို႔ကို ေျပာလိုက္သည္ ။
ခဏၾကာေတာ့ အားလုံးျပန္သြားသည့္တိုင္ေအာင္ တစ္ေယာက္ေသာသူက ေပၚမလာေသးပါေခ် ။
အိမ္ေျပာင္းလာတာမၾကာေသးတာမို႔ လွိုင္က အခန္းကို ေသေသခ်ာခ်ာမျပင္ဆင္ရေသးေပ ။ လွိုင္ ေသတၱာအေသးေလးတစ္ခုထဲမွ ႐ုပ္ေသး႐ုပ္ကေလးကို ထုတ္ကာ နံရံေပၚမွာ ခ်ိတ္လိုက္သည္ ။
မမလွိုင္ "
ေထြး လွိုင့္ခါးကို အေနာက္မွဖက္လိုက္သည္ ။
လွိုင္ ေထြးဘက္ကိုလွည့္ကာ ေထြးပါးျပင္ကိုဖြဖြကိုင္လိုက္သည္ ။ ထို႔ေနာက္ ေထြးႏႈတ္ခမ္းလႊာတို႔ကို ဖိနမ္းပစ္လိုက္သည္ ။
" ကေလးရွိတယ္ေလ မမလွိုင္ရဲ႕ "
" ကြၽန္မရဲ႕အရႈပ္ကေလးရွိေနတာပဲ "
လွိုင္ ယမင္းငယ္ကိုၾကည့္ကာ ႏႈတ္ခမ္းေလးကိုစူလိုက္မိသည္ ။
ယမင္းငယ္ကေလးက အခန္းထဲမွာ ေျပးလႊားေဆာ့ကစားေနသည္ ။ စႏၵယားေလးကလည္း အခန္းထဲမွ လွလွပပေနရာယူထားသည္ ။ နံရံမွာကပ္ေနသည့္ စာအုပ္စင္ကေလးကလည္း ထည္ထည္ဝါဝါပင္..။
" ေမေမရဲ႕အေငြ႕အသက္ေတြက်န္ရွိေနတဲ့ ဒီအိမ္ကေလး ၊ တို႔အၿမဲရွိေနမယ့္ဒီအိမ္ကေလးထဲမွာ တို႔နဲ႕အတူတူဘယ္အခ်ိန္ထိေနေပးမလဲ ေထြးငယ္ "
လွိုင္ ခင္ေထြးမြန္ကို သူ႕ရင္ခြင္ထဲ ဇြတ္အတင္းဝင္ေစလိုက္သည္ ။
" ထာဝရထိေပါ့ မမလွိုင္ ၊ ထာဝရအထိေပါ့... "
**********ၿပီးပါၿပီ*********