" မောင် ငါတို့..လမ်းခွဲရအောင်။ "
" ဘာရယ်.. "
ရိပေါ်လက်တော့ပေါ်တွင် အာရုံစိုက်နေရင်းမှ ရုတ်ခြည်းလမ်းခွဲမယ်ဟုပြောလာသော ရှောင်းကျန့် အား နားမလည်စွာကြည့်လိုက်သည်။
" ဒါပါပဲ..နှုတ်ဆက်ခဲ့ပါတယ်။ "
" နေဦး..နေဦး ဘာဖြစ်လို့လဲ။ မောင့်ကိုပြော "
" ကိုယ်စိတ်ကုန်နေပြီ။ကိုယ်က အနာဂတ်အတွက်ပြောနေချိန်ဆို မင်းက မင်းအိမ်အတွက်ပဲ တွေးတယ် ရိပေါ်..မင်း အိမ်မှာ မင်းတစ်ယောက်ထဲပဲ ရှိတာလည်း မဟုတ်ဘူး...မင်း အကိုနဲ့ မင်းရဲ့ အဖေ နှစ်ယောက်တောင်ရှိတယ်။အဲ့တာကို မင်းက အိမ်အတွက် ငွေထောက်ပေးနေတုန်းပဲ။ဒါကို မင်းက ငါတို့အနာဂတ်အထိပါ မင်းသယ်လာမှာလား "
ရိပေါ ဒေါသက ဒိုင်းကနဲထွက်သွားသည်။ဒေါသထွက်နေတဲ့အပြင် အလုပ်ကအကြောင်းပါ တွေးမိပြီး ရှောင်းကျန့် အား..
ဖြန်း!!!
" ခင်ဗျား..သိပ်မလွန်လာနဲ့ ရှောင်းကျန့်။ကျုပ်က ကျုပ်အိမ်၊ ကျုပ်အမေ၊ ကျုပ်အဖေ၊ ကျုပ်မိသားစုကို ပြန်ကျေးဇူးဆပ်တာ ဘာဖြစ်သလဲ။ခင်ဗျားကို ဘာများ ထိခိုက်စေခဲ့သလဲ..ကျုပ် အမေတောင် ခင်ဗျားကို သားအရင်းလို ဆက်ဆံခဲ့တာ မဟုတ်ဘူးလား။အင်းလေ..ဘယ်သိပါ့မလဲ ခင်ဗျားက တစ်ကောင်ကြွက် မိဘမဲ့လေ "
" မင်း အရမ်း ရက်စက်လွန်းတယ် ဝမ်ရိပေါ်.. "
ရှောင်းကျန့် စကားတစ်ခွန်းသာပြောပြီး ထိုနေရာမှ ထွက်လာခဲ့သည်။သူ ပင်ပန်းနေပြီ။အကုန်လုံးကို လွှတ်ချပစ်လိုင်ချင်ပြီ။ဘဝမှာ တစ်ခါပဲ ချစ်ချင်ခဲ့တာပါ...ဘာများ မှားသွားလို့လဲ။
ရှောင်းကျန့် ပြေးထွက်သွားပြီး ငါးမိနစ်လောက်ကြာသည်အထိ ဝမ်ရိပေါ် ထိုနေရာတွင် မတ်တပ်ရပ်နေမိသည်။
သူ ဘာတွေလုပ်လိုက်မိပြီလဲ။ပါးရိုက်လိုက်တဲ့အပြင်..ပြောလိုက်တဲ့ စကားလုံးက " တစ်ကောင်ကြွက်..မိဘမဲ့ " တဲ့လား။
သူဘယ်လို ခံစားရမလဲ မင်း မတွေးမိဘူးလား ဝမ်ရိပေါ်။ဒါပေမယ့် ဒီစကားလုံး ထွက်လာအောင် လုပ်ခဲ့တာက ရှောင်းကျန့်..ခင်ဗျားက စပြီးမှားတာ..။
ရိပေါ် ရှောင်းကျန့်ရဲ့ အဝတ်အစားအိတ်ကို အခန်းထဲပြန်ထည့်ကာ အလုပ်ပြန်လုပ်နေလိုက်သည်။ဖုန်းလည်း မခေါ်မိသလို စာတစ်စောင်ပင် မပို့ဖြစ်လိုက်ပါ။
ရိပေါ်ထင်ခဲ့တာ..မနက်ဖြန် သို့မဟုတ် နှစ်ရက်လောက်ကြာလျှင် "မောင်" ဆိုသည့် နာမ်စားနှင့်အတူ ယုန်သွားလေးတွေ ပေါ်သည်အထိ ပြုံးပြပြီး ပြန်လာချော့မည်ဟုပင်။
သို့သော်လည်း ဝမ်ရိပေါ်၏ အထင်နှင့်အမြင်ဟာ တပ်တပ်ဆင်အောင် လွဲမှားခဲ့ပါသည်။
•••••
ထိုနေ့ကစ၍ တစ်ပတ်ကြာသောအခါ..
" ဖုန်းကိုင်စမ်းပါ ခင်ဗျားရယ်..ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တာလည်း မဟုတ်ပဲနဲ့ "
ဟုတ်ပါသည်။ရိပေါ် ဖုန်းတွေကို ရက်ဆက်ခေါ်ခဲ့ပါသည်။သို့သော် တစ်ဖက်မှ " လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့်..ခတ္တစောင့်ဆိုင်းပြီးမှ ထပ်မံခေါ်ဆိုပါရှင် " ဆိုသည့် အော်ပရေတာ၏အသံကိုသာ ကြားခဲ့ရသည်။
ဆက်သွယ်လို့ ရသမျှ Gmail , Wechat , Doyin , Phone Massage ရှိရှိသမျှသော Social Platform တွေမှ ဆက်သွယ်ခဲ့ပါသော်လည်း သီတင်းအစအနပင် မရခဲ့ပေ။
" ခင်ဗျားကို အိမ်ပြန်လာမှ အပစ်ကြီးကြီးပေးပစ်မယ်။ကျုပ်ကို စိတ်ပူအောင်လုပ်လို့!! "
" အား!!!! "
ဝမ်နည်းမှု နဲ့ ဒေါသတွေကို အနားရှိ ပန်းကန်၊ ဖန်ခွက်၊ ပန်းအိုး တွေအကုန်လုံးတို့အပေါ် ပေါက်ကွဲပစလိုက်သည်။
သို့သော် စိုးရိမ်စိတ်က စက္ကန့် တစ်စက္ကန့်ကြာတိုင်း ကြာတိုင်း တစ်ဖြည်းဖြည်းကြီးမားလာသည်။
သူအဆင်ပြေပါ့မလာ။
အေးခဲလှတဲ့ ဆောင်းတွင်းမှာ သူနွေးနွေးထွေးထွေး ရှိပါ့မလား။
ထမင်းကောစားရဲ့လား။
ပိုက်ဆံကော ပါသွားရဲ့လား။
ဖုန်းကော..အားရှိပါ့မလား။
" မောင်.. "
ဧည့်ခန်းတွင် မတ်တပ်ရပ်ကာ ဖုန်းခေါ်နေတုန်း နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ရိပေါ် လှည့်ကြည့်လိုက်သည်။
" ကျန့်ကော..ဘယ်တွေသွားနေတာလဲဗျာ "
" ငါ..ငါ လေကောင်းလေသန့် သွားရှုတာ "
" ရပြီ..ရပြီ မရှင်းပြနဲ့တော့။အေးနေလား..အနွေးထည်ရော ခဏလေး "
ရှောင်းကျန့်ရဲ့ အေးစက်နေတဲ့ လက်တွေကိုကိုင်ကာ အနွေးဓာတ်ပေးဖို့ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်။
သို့သော် သူတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လေလေ လက်က နာကျင်လာလေလေဖြစ်သည်။
" ကျန့်ကော..ဟင်..ကျန့်ကော ရော။ ကျ့န်ကော "
ဝမ်ရိပေါ် ငိုရသည်ဒဏ်နှင့် ငါးရက်လုံးထမင်းမစားရသေးသောကြောင့် ပင်ပန်းလွန်း၍ ခုဏ ဖန်ကွဲစများပြန့်ကျဲနေသော နေရာတွင် အိပ်ပျော်သွားခဲ့သည်။
ရိပေါ်နိုးလာတော့ ကျန့်ကောမရှိတောပေ။ လက်မှာလည်း သွေးစတို့ ချင်းချင်းနီလျှက်။သူ အိမ်မက်မက်နေခဲ့တာလား။
" ကျန့်ကောရာ ပြန်လာခဲ့ပါတော့..ကျွန်တော် လွမ်းလှပြီ။ဒီထပ် ထက်ပြီး မနှိပ်စက်ပါနဲ့တော့.. "
ဖန်ကွဲစများ ပြန်ကျဲနေသော ကြမ်းပြင်ကို တစ်ဖုန်းဖုန်းဖြင့် ထုရိုက်ကာ အော်ငိုနေသော ဝမ်ရိပေါ်ဟာ သနားစရာအတိ။သို့သော် ကံကြမ္မာက သူ့ဘက်ကို မျက်နှာသာမပေးခဲ့ပေ..။
" Qing Fei De Yi ပဲ.. "
ရှောင်းကျန့် အိမ်ကနေ ထွက်ပြေးခဲ့ပြီး တစ်နေရာအရောက်မှာ ရင်းနှီးနေသော သီချင်းသံ သဲ့သဲ့ကိုကြားတာမို့ အသံလာရာဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။
ခြေတစ်လှမ်းတိုးလေလေ သီချင်းသံသာ ပိုပြီးရှင်းလင်းစွာ ကြားလာရသည်။
သီချင်းသံကို ရှင်းရှင်းလင်းလင်း ကြားရချိန်၌ ရှောင်ကျန့် အာရုံသေချာစိုက်ပြီး သီချင်းဆိုနေသည့်သူကို လိုက်ရှာမိသည်။
ငိုထားသည့် အရှိန်နှင့် လမ်းလျှောက်ရသည့်အချိန်က ကြာလွန်းတာမို့ ခြေထောက်တို့က ယိုင်နဲ့ချင်လာသည်။
ရှောင်းကျန့် မသိလိုက်ခင် အချိန်အတွင်းမှာပဲ..ရုတ်တရက် ရလိုက်သည့် ရေမွှေးနံ့..ဒီအနံ့ပဲ။
မောင် သိပ်ကြိုက်တဲ့အနံ့။
" မောင်.. "
ဘေးနားမှ ဖြတ်သွားသော သူက ရိပေါ်အထင်နဲ့ အားကိုးတကြီး လှမ်းခေါ်လိုက်သည်။
ထို့နောက် ခေါင်းက မူးဝေလာကာ မျက်လုံးတို့က မှေးစဉ်းလာသည်။
" ဟေ့...သတိထားဦး "
" မောင်~~ "
" မောင် " ဟု တစ်ခွန်းတည်းပြောကာ သတိမေ့သွားတဲ့ လူကိုကြည့်ပြီး ဝမ်ဟဲ့တိ သက်ပြင်းချမိသည်။ပြီးတော့ သူ့ကိုလည်း "မောင်" ဟုခေါ်လိုက်သေး။အိမ်က ချစ်ဇနီးသာကြားရင်တော့ မတွေးရဲစရာပင်။
" ဟေ့..သတိမေ့မသွားနဲ့လေ။ဘယ်လိုလုပ်ရမလဲ..ငါနဲ့မှ မဆိုင်တာ ထားလိုက်တော့တယ် တစ်ယောက်ယောက်က ကူညီမှာပေါ့နော်...ဆောရီးပါ ကောင်လေးရယ် မင်းက ငါနဲ့မှလာတွေ့တာကိုး "
မေ့လဲသွားတဲ့ ထိုလူ၏ အင်္ကျီအိတ်ကပ်ထဲသို့ ယွမ်နှစ်ရာ ထည့်ပေးလိုက်ပြီး ထိုနေရာမှ ဂီတာလေးသယ်ကာ ထွက်လာခဲ့သည်။
•••••
Zawgyi
" မောင် ငါယ္တို႔..လမ္းခြဲရေအာင္။ "
" ဘာရယ္.. "
ရိေပၚလက္ေတာ့ေပၚတြင္ အာ႐ုံစိုက္ေနရင္းမွ ႐ုတ္ျခည္းလမ္းခြဲမယ္ဟုေျပာလာေသာ ေရွာင္းက်န႔္ အား နားမလည္စြာၾကည့္လိုက္သည္။
" ဒါပါပဲ..ႏွုတ္ဆက္ခဲ့ပါတယ္။ "
" ေနဦး..ေနဦး ဘာျဖစ္လို႔လဲ။ ေမာင့္ကိုေျပာ "
" ကိုယ္စိတ္ကုန္ေနၿပီ။ကိုယ္က အနာဂတ္အတြက္ေျပာေနခ်ိန္ဆို မင္းက မင္းအိမ္အတြက္ပဲ ေတြးတယ္ ရိေပၚ..မင္း အိမ္မွာ မင္းတစ္ေယာက္ထဲပဲ ရွိတာလည္း မဟုတ္ဘူး...မင္း အကိုနဲ႔ မင္းရဲ့ အေဖ ႏွစ္ေယာက္ေတာင္ရွိတယ္။အဲ့တာကို မင္းက အိမ္အတြက္ ေငြေထာက္ေပးေနတုန္းပဲ။ဒါကို မင္းက ငါတို႔အနာဂတ္အထိပါ မင္းသယ္လာမွာလား "
ရိေပါ ေဒါသက ဒိုင္းကနဲထြက္သြားသည္။ေဒါသထြက္ေနတဲ့အျပင္ အလုပ္ကအေၾကာင္းပါ ေတြးမိၿပီး ေရွာင္းက်န႔္ အား..
ျဖန္း!!!
" ခင္ဗ်ား..သိပ္မလြန္လာနဲ႔ ေရွာင္းက်န႔္။က်ဳပ္က က်ဳပ္အိမ္၊ က်ဳပ္အေမ၊ က်ဳပ္အေဖ၊ က်ဳပ္မိသားစုကို ျပန္ေက်းဇူးဆပ္တာ ဘာျဖစ္သလဲ။ခင္ဗ်ားကို ဘာမ်ား ထိခိုက္ေစခဲ့သလဲ..က်ဳပ္ အေမေတာင္ ခင္ဗ်ားကို သားအရင္းလို ဆက္ဆံခဲ့တာ မဟုတ္ဘူးလား။အင္းေလ..ဘယ္သိပါ့မလဲ ခင္ဗ်ားက တစ္ေကာင္ႂကြက္ မိဘမဲ့ေလ "
" မင္း အရမ္း ရက္စက္လြန္းတယ္ ဝမ္ရိေပၚ.. "
ေရွာင္းက်န႔္ စကားတစ္ခြန္းသာေျပာၿပီး ထိုေနရာမွ ထြက္လာခဲ့သည္။သူ ပင္ပန္းေနၿပီ။အကုန္လုံးကို လႊတ္ခ်ပစ္လိုင္ခ်င္ၿပီ။ဘဝမွာ တစ္ခါပဲ ခ်စ္ခ်င္ခဲ့တာပါ...ဘာမ်ား မွားသြားလို႔လဲ။
ေရွာင္းက်န႔္ ေျပးထြက္သြားၿပီး ငါးမိနစ္ေလာက္ၾကာသည္အထိ ဝမ္ရိေပၚ ထိုေနရာတြင္ မတ္တပ္ရပ္ေနမိသည္။
သူ ဘာေတြလုပ္လိုက္မိၿပီလဲ။ပါးရိုက္လိုက္တဲ့အျပင္..ေျပာလိုက္တဲ့ စကားလုံးက " တစ္ေကာင္ႂကြက္..မိဘမဲ့ " တဲ့လား။
သူဘယ္လို ခံစားရမလဲ မင္း မေတြးမိဘူးလား ဝမ္ရိေပၚ။ဒါေပမယ့္ ဒီစကားလုံး ထြက္လာေအာင္ လုပ္ခဲ့တာက ေရွာင္းက်န႔္..ခင္ဗ်ားက စၿပီးမွားတာ..။
ရိေပၚ ေရွာင္းက်န႔္ရဲ့ အဝတ္အစားအိတ္ကို အခန္းထဲျပန္ထည့္ကာ အလုပ္ျပန္လုပ္ေနလိုက္သည္။ဖုန္းလည္း မေခၚမိသလို စာတစ္ေစာင္ပင္ မပို႔ျဖစ္လိုက္ပါ။
ရိေပၚထင္ခဲ့တာ..မနက္ျဖန္ သို႔မဟုတ္ ႏွစ္ရက္ေလာက္ၾကာလၽွင္ "ေမာင္" ဆိုသည့္ နာမ္စားႏွင့္အတူ ယုန္သြားေလးေတြ ေပၚသည္အထိ ျပဳံးျပၿပီး ျပန္လာေခ်ာ့မည္ဟုပင္။
သို႔ေသာ္လည္း ဝမ္ရိေပၚ၏ အထင္ႏွင့္အျမင္ဟာ တပ္တပ္ဆင္ေအာင္ လြဲမွားခဲ့ပါသည္။
•••••
ထိုေန႔ကစ၍ တစ္ပတ္ၾကာေသာအခါ..
" ဖုန္းကိုင္စမ္းပါ ခင္ဗ်ားရယ္..ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္နိုင္တာလည္း မဟုတ္ပဲနဲ႔ "
ဟုတ္ပါသည္။ရိေပၚ ဖုန္းေတြကို ရက္ဆက္ေခၚခဲ့ပါသည္။သို႔ေသာ္ တစ္ဖက္မွ " လူႀကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိတ္ထားပါသျဖင့္..ခတၱေစာင့္ဆိုင္းၿပီးမွ ထပ္မံေခၚဆိုပါရွင္ " ဆိုသည့္ ေအာ္ပေရတာ၏အသံကိုသာ ၾကားခဲ့ရသည္။
ဆက္သြယ္လို႔ ရသမၽွ Gmail , Wechat , Doyin , Phone Massage ရွိရွိသမၽွေသာ Social Platform ေတြမွ ဆက္သြယ္ခဲ့ပါေသာ္လည္း သီတင္းအစအနပင္ မရခဲ့ေပ။
" ခင္ဗ်ားကို အိမ္ျပန္လာမွ အပစ္ႀကီးႀကီးေပးပစ္မယ္။က်ဳပ္ကို စိတ္ပူေအာင္လုပ္လို႔!! "
" အား!!!! "
ဝမ္နည္းမွု နဲ႔ ေဒါသေတြကို အနားရွိ ပန္းကန္၊ ဖန္ခြက္၊ ပန္းအိုး ေတြအကုန္လုံးတို႔အေပၚ ေပါက္ကြဲပစလိုက္သည္။
သို႔ေသာ္ စိုးရိမ္စိတ္က စကၠန႔္ တစ္စကၠန႔္ၾကာတိုင္း ၾကာတိုင္း တစ္ျဖည္းျဖည္းႀကီးမားလာသည္။
သူအဆင္ေျပပါ့မလာ။
ေအးခဲလွတဲ့ ေဆာင္းတြင္းမွာ သူေႏြးေႏြးေထြးေထြး ရွိပါ့မလား။
ထမင္းေကာစားရဲ့လား။
ပိုက္ဆံေကာ ပါသြားရဲ့လား။
ဖုန္းေကာ..အားရွိပါ့မလား။
" ေမာင္.. "
ဧည့္ခန္းတြင္ မတ္တပ္ရပ္ကာ ဖုန္းေခၚေနတုန္း ေနာက္ေက်ာဘက္မွ ထြက္ေပၚလာသည့္ အသံေၾကာင့္ ရိေပၚ လွည့္ၾကည့္လိုက္သည္။
" က်န႔္ေကာ..ဘယ္ေတြသြားေနတာလဲဗ်ာ "
" ငါ..ငါ ေလေကာင္းေလသန႔္ သြားရွုတာ "
" ရၿပီ..ရၿပီ မရွင္းျပနဲ႔ေတာ့။ေအးေနလား..အေႏြးထည္ေရာ ခဏေလး "
ေရွာင္းက်န႔္ရဲ့ ေအးစက္ေနတဲ့ လက္ေတြကိုကိုင္ကာ အေႏြးဓာတ္ေပးဖို႔ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားမိသည္။
သို႔ေသာ္ သူတင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ေလေလ လက္က နာက်င္လာေလေလျဖစ္သည္။
" က်န႔္ေကာ..ဟင္..က်န႔္ေကာ ေရာ။ က်႕န္ေကာ "
ဝမ္ရိေပၚ ငိုရသည္ဒဏ္ႏွင့္ ငါးရက္လုံးထမင္းမစားရေသးေသာေၾကာင့္ ပင္ပန္းလြန္း၍ ခုဏ ဖန္ကြဲစမ်ားျပန႔္က်ဲေနေသာ ေနရာတြင္ အိပ္ေပ်ာ္သြားခဲ့သည္။
ရိေပၚနိုးလာေတာ့ က်န႔္ေကာမရွိေတာေပ။ လက္မွာလည္း ေသြးစတို႔ ခ်င္းခ်င္းနီလၽွက္။သူ အိမ္မက္မက္ေနခဲ့တာလား။
" က်န႔္ေကာရာ ျပန္လာခဲ့ပါေတာ့..ကၽြန္ေတာ္ လြမ္းလွၿပီ။ဒီထပ္ ထက္ၿပီး မႏွိပ္စက္ပါနဲ႔ေတာ့.. "
ဖန္ကြဲစမ်ား ျပန္က်ဲေနေသာ ၾကမ္းျပင္ကို တစ္ဖုန္းဖုန္းျဖင့္ ထုရိုက္ကာ ေအာ္ငိုေနေသာ ဝမ္ရိေပၚဟာ သနားစရာအတိ။သို႔ေသာ္ ကံၾကမၼာက သူ႔ဘက္ကို မ်က္ႏွာသာမေပးခဲ့ေပ..။
" Qing Fei De Yi ပဲ.. "
ေရွာင္းက်န႔္ အိမ္ကေန ထြက္ေျပးခဲ့ၿပီး တစ္ေနရာအေရာက္မွာ ရင္းႏွီးေနေသာ သီခ်င္းသံ သဲ့သဲ့ကိုၾကားတာမို႔ အသံလာရာဆီသို႔ ျဖည္းျဖည္းခ်င္း လမ္းေလၽွာက္သြားလိုက္သည္။
ေျခတစ္လွမ္းတိုးေလေလ သီခ်င္းသံသာ ပိုၿပီးရွင္းလင္းစြာ ၾကားလာရသည္။
သီခ်င္းသံကို ရွင္းရွင္းလင္းလင္း ၾကားရခ်ိန္၌ ေရွာင္က်န႔္ အာ႐ုံေသခ်ာစိုက္ၿပီး သီခ်င္းဆိုေနသည့္သူကို လိုက္ရွာမိသည္။
ငိုထားသည့္ အရွိန္ႏွင့္ လမ္းေလၽွာက္ရသည့္အခ်ိန္က ၾကာလြန္းတာမို႔ ေျခေထာက္တို႔က ယိုင္နဲ႔ခ်င္လာသည္။
ေရွာင္းက်န႔္ မသိလိုက္ခင္ အခ်ိန္အတြင္းမွာပဲ..႐ုတ္တရက္ ရလိုက္သည့္ ေရေမႊးနံ႔..ဒီအနံ႔ပဲ။
ေမာင္ သိပ္ႀကိဳက္တဲ့အနံ႔။
" ေမာင္.. "
ေဘးနားမွ ျဖတ္သြားေသာ သူက ရိေပၚအထင္နဲ႔ အားကိုးတႀကီး လွမ္းေခၚလိုက္သည္။
ထို႔ေနာက္ ေခါင္းက မူးေဝလာကာ မ်က္လုံးတို႔က ေမွးစဥ္းလာသည္။
" ေဟ့...သတိထားဦး "
" ေမာင္~~ "
" ေမာင္ " ဟု တစ္ခြန္းတည္းေျပာကာ သတိေမ့သြားတဲ့ လူကိုၾကည့္ၿပီး ဝမ္ဟဲ့တိ သက္ျပင္းခ်မိသည္။ၿပီးေတာ့ သူ႔ကိုလည္း "ေမာင္" ဟုေခၚလိုက္ေသး။အိမ္က ခ်စ္ဇနီးသာၾကားရင္ေတာ့ မေတြးရဲစရာပင္။
" ေဟ့..သတိေမ့မသြားနဲ႔ေလ။ဘယ္လိုလုပ္ရမလဲ..ငါနဲ႔မွ မဆိုင္တာ ထားလိုက္ေတာ့တယ္ တစ္ေယာက္ေယာက္က ကူညီမွာေပါ့ေနာ္...ေဆာရီးပါ ေကာင္ေလးရယ္ မင္းက ငါနဲ႔မွလာေတြ႕တာကိုး "
ေမ့လဲသြားတဲ့ ထိုလူ၏ အကၤ်ီအိတ္ကပ္ထဲသို႔ ယြမ္ႏွစ္ရာ ထည့္ေပးလိုက္ၿပီး ထိုေနရာမွ ဂီတာေလးသယ္ကာ ထြက္လာခဲ့သည္။
•••••