မောင်(ေမာင္)

By Violet_Kort4416

3.7K 463 39

CHOI BEOMGYU × KANG TAEHYUN Short story Both Uni and Zawgyi More

0
1
2
3
4
6
7
8
FINAL

5

238 39 4
By Violet_Kort4416

"ဘောမ်ဂယူ ထယ်ဟွန်းလာတယ်"

အမေက ခုတင်နားထိ လာပြောတယ်။သူက ခေါင်းကိုရမ်းတယ်။နောက် မျက်လုံးအစုံကို မှိတ်ချကာ..

"ဟင့်အင်း ကျွန်တော် သူ့ကို မတွေ့ချင်ဘူး အိပ်ချင်သေးတယ်"

အမေက အလိုမကျသည့်ပုံ။

"မင်းမထချင်ရင် ဒီမှာပဲနေလေ သူ့ကို အပေါ်ခေါ်လိုက်မယ် သူက မင်းကို တွေ့ချင်လွန်းလို့ နှစ်ရက်ဆက်တိုက်တောင် လာခဲ့တာကို"

ဟင့်အင်း။မတွေ့ချင်ပါဘူး။

"မရဘူး အမေ ကျွန်တော် ခေါင်းအရမ်းကိုက်နေတယ် ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး"

အမေက ထပ်ပြီး ပြောချင်သေးပေမယ့် သူ့သား ကျန်းမာရေးကို သူသိတယ်လေ။ဒီအတိုင်းလေး လွှတ်ထားဖို့ ဆုံးဖြတ်ထားတယ်။

"အင်း ပြီးတာပဲ"

အခန်းတံခါးလေးဟာ ခပ်သာသာ လှုပ်ရှားသွားတယ်။ထုံးစံအတိုင်း သူက အခန်းထဲမှာ တစ်ယောက်တည်း ။သူအိပ်ယာပေါ် လဲလျောင်းနေတာ နှစ်ရက်နီးပါးလောက် ရှိပြီထင်တယ်။ခေါင်းက စပ်ဖျဥ်းဖျဥ်းကိုက်ရင်း နာကျင်နေခဲ့တယ်။အနည်းဆုံးတော့ တော်သေးတာပေါ့။မကောင်းတဲ့ ကောလဟာလတွေကို ထပ်မကြားရတော့ဘူးလေ။

ဆရာဝန်ပြောတာတော့ သူက အာဟာရပြတ်သွားတာနဲ့ ရာသီဥတုက ပြောင်းလဲနေတာမို့ ဖျားသွားတာတဲ့။အင်း။သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ဒီအတောအတွင်းမှာ မောင်က သူ့ကို့ မကြာခဏ လာကြည့်ပေမယ့် သူအတွေ့မခံဖြစ်။မောင့်ကိုတွေ့မှ ပိုပြီး ဆိုးလာဦးမယ်။ဟက်။ရင်ဘတ်တစ်နေရာက အောင့်မှာလေ။

"ဆန်ပြုတ်စားမယ် ဘောမ်ဂယူ"

ဂျောင်မီက မပြောမဆို အခန်းထဲ ဝင်လာတယ်။သူမလည်း သူ့အတွက် ကျောင်းပျက်ခံပြီး အိမ်မှာ နေနေတာ။အမေတစ်ယောက်တည်း မနိုင်မှာစိုးလို့ဆိုပြီး သူမချည်းပဲ အကုန် အလုပ်တွေ ကြုံးလုပ်နေတာ။

ဂျောင်မီက သူ့ကုတင် မလှမ်းမကမ်းက ထိုင်ခုံတစ်ခုကို ဆွဲယူလိုက်တယ်။ပြီးတော့ ထိုင်ချရင်း သူ့ကို ကြည့်တယ်။

"ထနိုင်လား? ငါထူပေးရဦးမလား"

"ရတယ် ရတယ် ကိုယ့်ဘာသာကို ထမယ်"

သူက အလျင်အမြန် ထလိုက်ပြီး ခုတင်တိုင်ကို မှီလိုက်တယ်။ဂျောင်မီက သူ့ရဲ့ကုတင်ပေါ်ကို စားပွဲသေးသေးလေးကို ချလိုက်တယ်။စားပွဲပေါ်မှာ ဆန်ပြုတ် တစ်ပန်းကန် ဆေးလုံး အနည်းငယ် နဲ့ ရေတစ်ခွက်ကို တင်ထားတယ်။ဆန်ပြုတ်ပန်းကန်ထဲမှာ ဇွန်းကို အဆင်သင့်စိုက်ထားတယ်။

သူက ဆန်ပြုတ်ပန်းကန်ထဲက ဇွန်းကို ကိုင်ပြီး ပါးစပ်ထဲ ထည့်လုနီးနီး..

"ဇွန်းကို ကိုင်နိုင်ရဲ့လား ငါခွံ့ကျွေးရမလား"

ဒီတစ်ခါ သူဒေါပွသွားတယ်။သူ့ကို လူမမာ ထင်နေတာလား။

"ရပါတယ်ဆို ငါအရမ်းကြီး နေမကောင်း ဖြစ်နေတာ မဟုတ်ဘူး ကိုယ့်ဘာသာကို စားမယ်"

"အေးပါ လူကသာ နေမကောင်းသာ စိတ်တော့တိုနိုင်သေးတယ်နော် ဟွန့်"

သူမက နှာရှုံ့တယ်။ဂျောင်မီက တကယ် သူစားပြီးတဲ့အထိ ထိုင်စောင့်နေခဲ့တယ်။ဆေးသောက်ပြီးတဲ့ အထိပဲ။ကံကောင်းတာက ရေခွက်ကိုင်နိုင်လား မမေးတော့ဘူး။အားလုံးပြီးစီးသွားတော့ သူမအခန်းထဲက ထွက်သွားတယ်။

မကြာလိုက် သူရဲ့မျက်ခွံတွေဟာ လေးလံလာတယ်။မျက်လုံးတွေဟာ ဖွင့်မရအောင် မှေးစင်းနေခဲ့ပြီ။အရာအားလုံးကို မှုန်ဝါးဝါးသာ မြင်ရတော့တယ်။

"ဂယူ!!"

"မောင်!!"

သူက မောင့်ကို လှမ်းခေါ်နေပေမယ့် ထူးသံမကြားရတော့။အနက်ရောင်လွင်ပြင်ကြီးထဲ သူတစ်ယောက်တည်း လမ်းပျောက်လို့နေတယ်။အရာအားလုံးဟာ မှောင်မှောင်မည်းမည်း။

"မောင် မောင် ဘယ်မှာလဲ"

တိတ်ဆိတ်ဆဲ။ရုတ်တရက် လူက ပူလောင်လာသလို ခံစားရတယ်။ရင်တွင်းက တမြိုက်မြိုက်  လောင်ကျွမ်းနေသလိုပဲ။မျက်ရည်တွေဟာ တာကျိုးသလို အဆက်မပြတ် စီးကျလို့လာတယ်။တစ်ကိုယ်လုံး ကျောက်တုံးကြီးတစ်လုံးလို လှုပ်ရှားမရတော့။မောင်ရေ။ကယ်ပါ။

"ဖျောက်!"

မိုးစက်တွေက ကောင်းကင်မည်းကြီးဆီက ကျဆင်းလို့လာတယ်။

"ဂျိမ်း!!!"

မိုးခြိမ်းသံကြီးဟာ ကျယ်လောင်စွာ မြည်ဟည်းတယ်။မိုးတစ်ချက်ခြိမ်းတိုင်း မြေပြင်ကြီးက လင်းလက်လို့သွားတယ်။

မိုးစက်တွေက သူ့တစ်ကိုယ်လုံးကို ပက်ဖြန်းကာ ​မြေပြင်ပေါ် ဆင်းသက်လာတယ်။

"ဂျိမ်း!!!"

ဒုတိယအကြိမ်မြောက် မိုးခြိမ်းသံနောက်မှာ သစ်ပင်ကြီးကို မှီကာ မှေးစက်နေတဲ့ မောင့်ကို တွေ့တယ်။မောင်က အားလုံးကို လျစ်လျူရှုကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေတယ်။

"မောင်!!"

မောင်ဟာ မျက်လုံးတွေကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်တယ်။နောက် သူ့အနားကို လေပြေလေးပမာ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလို့လာတယ်။

"မောင်"

တိုးညှင်းမှုက အရာမထင်။မောင်က သူ့ကို ကြည့်တယ်။သူ့ခေါင်းကို ခပ်သာသာ သပ်ပေးရင်း သူ့ပါးကို ကိုင်လိုက်တယ်။မောင်ရဲ့ စကားသံ​တွေက သစ်ရွက်လေတိုက်သံလေးလို မောင့်နှုတ်ခမ်းပါးကနေ ထွက်ကျလို့လာတယ်။

"ဂယူ မောင်လေ ဂယူ့ကို သဘောကျနေပြီ ထင်တယ်"

"ဂျိမ်း!!"

နောက်ဆုံးအကြိမ် မိုးခြိမ်းမှုပြီးတဲ့အချိန် နှုတ်ခမ်းနှစ်လွှာ ဟာ ထပ်တူကျသွားခဲ့တယ်။ပြီးနောက် တစ်လောကလုံးဟာ လင်းထိန်သွားခဲ့တော့တယ်။

"မောင်!!!!!"

သူက လန့်နိုးလာတယ်။အိမ်မက်?။ဒါက အိမ်မက်တစ်ခုလား။သူက သူ့ရဲ့နှုတ်ခမ်းစိုစိုကို ပြန်ကိုင်ကြည့်ရင်း အလိုလို သတိတောင်မထားမိဘဲ အပြုံးတို့ဖြစ်ထွန်းတယ်။ဘာလို့မှ ဒီလိုအိပ်မက်မျိုးလဲ။မောင့်ကို စိတ်စွဲသွားလို့နေမှာပါ။ဒါပေမယ့် တကယ့်အပြင်မှာလို ခံစားရတာက သူ့အပြစ် မဟုတ်ဘူးမလား။

......

အမေက အညိုရောင်ဆိုဖာကြီးပေါ် ထိုင်နေတယ်။သူဟာလည်း အမေ့ဘေးမှာ နေရာယူထားတယ်။ဂျောင်မီကတော့ အိမ်မှာမရှိ။ပစ္စည်းတစ်ခုခုလိုလို့ စျေးဝယ်ထွက်နေတယ်။သူက အမေ့နားမှာ ထိုင်ရင်း တီဗီကြည့်နေတယ်။သူအခု ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အနည်းငယ်သာ လိုတော့တယ်။နှစ်ရက်နဲ့ နေ့တစ်ပိုင်း ဖျားနာပြီးနောက်မှာပေါ့။

"အမေ မင်းကို မေးစရာရှိတယ်"

အမေရဲ့ စကားကြောင့် သူ အမေ့ကို ကြည့်မိတယ်။

"မင်း ထယ်ဟွန်းကို ဘယ်လိုမြင်လဲ?"

အမေ့ရဲ့ ရုတ်တရက် အမေးကြောင့် သူတောင် ကြောင်သွားရတယ်။

"ဘာကိုလဲ အမေရဲ့ ကျွန်တော် မသိဘူး"

အမေက အခု သက်ပြင်းကြီးကို ချကာ သူ့ကို ကြည့်တယ်။တကယ်ကို အရေးကြီးတဲ့ စကားကို ပြောတော့မည့်ပုံ။အမေက...

"မင်း သူ့ကို သဘောကျနေတာလား"

အမေ့စကားက ရင်ဝကို တုတ်နဲ့ ဆောင့်ထိုးလိုက်သလို ခံစားရတယ်။ဦးနှောက်ထဲမှာလည်း မေးခွန်းတွေက ပေါ်လာတယ်။ခေါင်းကလည်း နာနာကျင်ကျင် ဆောင့်ထိုးလို့။

"အမေ ဘာတွေပြောနေတာလဲ ကျွန်တော်က ဘယ်လိုလုပ်-"

"မလိမ်နဲ့ အမေ လိမ်တာ မကြိုက်ဘူး မင်းနဲ့ထယ်ဟွန်း တစ်ယောက်ကို တစ်ယောက် ဘယ်လိုခေါ်ကြလဲ မင်းကသူ့ကို ဘယ်လောက် ဂရုစိုက်လဲ သူက မိန်းကလေးတစ်ယောက်ယောက် အကြောင်းပြောရင် ပျက်သွားတဲ့ မင်းမျက်နှာက ဘာကိုဆိုလိုလဲ ဆိုတာ အမေသိတယ်"

ဟုတ်ပါရဲ့။အမေ ပြောတဲ့ စကားတွေက အမှန်တွေကြီးပဲကို။ဒါဆို သူက မောင့်ကို သဘောကျမိနေတာလား။မဟုတ်ဘူး။သူက ယောကျ်ားလေးတွေကို သဘောကျတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။အဲ့တာဆို မောင်ကို ဘာလို့ ဘာလို့ သဘောကျနေမိသလို ဖြစ်နေရတာလဲ။

သူက ခေါင်းကို ကြမ်းပြင်နှင့် ထိလုမတတ် ငုံ့ထားလျက်။ခေါင်းမမော့ရဲတာဆို ပိုမှန်မည်။အမေက ဘာစကားမှမဆို။သူ့ကိုသာ တွေတွေကြီး စိုက်ကြည့်နေခဲ့တယ်။

"ရတယ်"

သူက အမေ့ကို မော့ကြည့်မိတယ်။မျက်လုံးတွေဟာ ရဲရဲနီနေအောင်ကို မျက်ရည်တွေ ထွက်ကျနေပြီ။

"မင်းဘယ်လိုဖြစ်ဖြစ် အမေ့အတွက်အကုန် အဆင်ပြေတယ် မင်းစိတ်ချမ်းသာမယ့် အရာကိုသာ ဦးစားပေးပါ သား လူများတွေရဲ့ စကားသံတွေ နားမထောင်ပါနဲ့ မင်းသူ့ကို သဘောကျနေတာ မင်းလက်မခံဘူးဆိုရင် မင်းနောင်တရလိမ့်မယ် နောင်တဆိုတာ နောင်မှရတာမို့လို့ အခုချက်ချင်း လက်ခံလိုက်ပါ အမေက မင်းပျော်ရွှင်နေတာကို ကြည့်ချင်ရုံပါပဲ မှတ်ထားပါ တခြားသူတွေရဲ့ ရှုတ်ချမှုတွေ အပြစ်တင်မှုတွေကို ဂရုမစိုက်နဲ့"

အမေ့ရဲ့ စကားတွေဟာ သူ့ရဲ့ နှလုံးသားထဲကို စူးနစ်စွာ နစ်ဝင်လို့သွားတယ်။အမေရယ်။

"ကျွန်တော် တောင်းပန်ပါတယ် အမေ့အတွက် သားကောင်းတစ်ယောက် မဖြစ်ပေးနိုင်လို့ ပြီးတော့ ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်နေခဲ့လို့ တကယ် တောင်းပန်ပါတယ်"

"မဟုတ်ဘူး မင်းအမေ့ကို တောင်းပန်စရာမလိုဘူး သားကောင်းတစ်ယောက်ဆိုတာ ဘာကိုဆိုလိုလဲ မင်းသိပါတယ် ထူးဆန်းတဲ့ လူတစ်ယောက်? ဟင့်အင်း ဒါက ထူးဆန်းနေတာ မဟုတ်ဘူး ထူးခြားနေတာ တစ်မူထူးနေတာ ဒါကြောင့် မင်းတောင်းပန်နေတယ်ဆိုရင် ဒါဟာ အလကားပဲ"

သူဟာ အမေ့ကို အထင်ကြီးစွာ ကြည့်မိတယ်။အမေတစ်ယောက်အတွက် သားတစ်ယောက်က တခြား ယောကျာ်းလေးတစ်ယောက်ကို သဘောကျနေတာကို လက်ခံနိုင်ဖို့ ခက်ခဲတာ သူသိတယ်။ဒီလို အားပေးနိုင်တာကို တကယ် အံ့သြတယ်။

"တော်တော့ မငိုနဲ့တော့ တိတ်တိတ် ထပ်ဖျားနေလိမ့်မယ်"

သူဟာ အမေ့ရဲ့ ရင်ခွင်ထဲကို တိုးဝင် အိပ်စက်လိုက်တယ်။အမေ့ရဲ့ ရင်ခွင်နွေးနွေးက သူ့အတွက် ငြိမ်းချမ်းစေတယ်။ဒါပေမယ့် သူ သတိမထားမိခဲ့ဘူး။အမေဟာ တိတ်တိတ်ကလေး အားတင်းနေခဲ့တာကို။အမေဟာ ရင်တွင်းမှာ ကြိတ်ငိုနေခဲ့တာကို။အမေဟာ ရူးမတတ် ဖြစ်ခဲ့ကို။အမေဟာ အမေဟာ..

......

ယနေ့ မနက်ခင်းဟာ အေးချမ်းနေပေမယ့် တစ်ခုခုလိုနေသလိုလို။ဆူဘင်းရဲ့ သူငယ်ချင်းလေးဟာ အခုဆို ကျောင်းမလာတာ သုံးရက်ရှိသွားပြီ။ဆူဘင်းဟာ စာသင်ခန်းရှေ့ကနေ စောင့်နေမိတယ်။

မနေ့က ဆူဘင်း သူ့အိမ်သွားတော့ အန်တီနဲ့ပဲ တွေ့ခဲ့တယ်။သူက အိပ်နေလို့တဲ့။ဆူဘင်းလည်း စာတွေကူးစရာရှိတာတွေ ကူးပေးခဲ့တယ်။အန်တီက ဆူဘင်းကို ဆူဘင်းကြိုက်တဲ့မုန့်တွေနဲ့ ဧည့်ခံရင်း မနက်ဖြန် ဘောမ်ဂယူ ကျောင်းလာမယ့် အကြောင်းပြောတယ်။အန်တီက ဘောမ်ဂယူကို ဝင်ကြည့်ခိုင်းပေမယ့် ဆူဘင်း မကြည့်ဖြစ်ခဲ့။ဘောမ်ဂယူက အိပ်နေတာလေ။တော်ကြာ အိပ်ရေးပျက်သွားမှ ပြန်ဖျားနေမယ်။မနက်ဖြန် ကျောင်းလာမှာပဲဆိုပြီး ဝင်မကြည့်ခဲ့တာပါ။

ထိုအချိန်မှာပဲ အညိုရောင်အနွေးထည် ထူထူကြီးကို ဝတ်ဆင်ထားတဲ့ ဘောမ်ဂယူက ရောက်လာတယ်။သူ့ကြည့်ရတာ တောတော်ချမ်းနေတဲ့ပုံပဲ။နှာခေါင်းတွေဆို နီရဲလို့။သူက စာသင်ခန်းရှေ့က ဆူဘင်းကို တွေ့ပြီး...

"ဟင် မင်းဘာလို့ ငါ့ကို ကြည့်နေတာလဲ မင်းနဲ့ ငါနဲ့ သိလို့လား"

နေမကောင်းတာတောင် အခွက်ကပြောင်ချင်တုန်း။ဒါတောင် အသံက ဝင်နေသေးတယ်။ဆူဘင်းက သူ့ရဲ့ ကျောကုန်းကို ဖြန်းခနဲ ရိုက်ချလိုက်တယ်။

"သွား! အခုမှမတွေရတာ သုံးရက်ဘဲ ရှိသေးတယ် အတိတ်တွေတောင် မေ့ချင်နေပြီလား"

သူက ဆူဘင်းရဲ့ စကားကြောင့် ခပ်ဖြီးဖြီး ရယ်ပြတယ်။နောက် ဘာမှမပြောတော့ဘဲ စာသင်ခန်းထဲ ဝင်သွားတော့တယ်။

သူက မတွေ့တာကြာလို့လား။ ဒါမှမဟုတ် အဖျားဒဏ်ကြောင့်လားမသိ။နဂိုက ပိန်ပိန်လေးကို အခု တစ်ဝက်လောက် ကျသွားတယ်။

သူက အရင်ကနဲ့ မတူတော့ဘူး။စာတွေ အသေအချာ ကြိုးစားလာတယ်။အရင်လို ပေါ့ပျက်ပျက် မနေတော့ဘူး။အရာရာကို အလေးအနက်ထားတတ် လာတယ်။အရင်ကလို ထယ်ဟွန်းအကြောင်းပဲ မပြောတော့ဘူး။သူ့ပုံစံက အေးအေးချမ်းချမ်းပဲ။

"ချွဲဆူဘင်းရှီး ဒီနေ့ ကန်တင်းမသွားဘူးလား"

အရမ်းကို ထူးဆန်းနေပြီ။အမြဲတမ်း ကန်တင်းသွားဖို့ ဆူဘင်းဘဲ အမြဲတမ်း ခေါ်ရပြီးတော့။အခု သူကခေါ်နေပါလား။ဘုရား ဘုရား။ဖျားပြီး အသိစိတ်တွေများ လွတ်သွားတာလား။

"တော်ပြီ မသွားတော့ဘူး"

"ပြီးတာပဲ"

သူက စားပွဲခုံပေါ်ကို အသာလေး မှောက်ပြီး အိပ်တယ်။အဲ့အချိန်မှာ စာသင်ခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။

"ဂယူ!!!"

သူဟာ အသံကြောင့် ခေါင်းထောင်မိတယ်။

"မောင်!?"

သူတွေ့ချင်ပေမယ့် မတွေ့ဖြစ်တဲ့ မောင်။သူမောင့်ကို လွမ်းပေမယ့် မလွမ်းဘူး အတင်းငြင်းမိခဲ့တဲ့ မောင်။သူဖျားနေတာကို စိတ်ပူပေးခဲ့တဲ့ မောင်။သုံးရက်လုံးလုံး မောင်လာတွေ့ခဲ့တဲ့ မောင်။မောင့်ကြောင့် တကယ် အားဖြစ်ရပါတယ်။

သူ ဒီတစ်ခါ အသေအချာ ဆုံးဖြတ်ပြီးပါပြီ။မောင့်ကို မရှောင်တော့ဖို့။သူသာ မောင့်ကို ထပ်ရှောင်နေရင် သူနဲ့မောင် နှစ်ယောက်လုံး နာကျင်ရမှာ သိတယ်။သူက မောင့်ကို မတွေရလို့ နာကျင်မယ်။မောင်က သူရှောင်နေတာကြောင့် ကသိကအောက် ဖြစ်မယ်။

မောင်က စိုးရိမ်သောကကြီးစွာ သူတို့အနားကို ရောက်လာတယ်။မောင်က ဂယူ့ကို ကြည့်ကာ...

"ဂယူ့ သက်သာလားဟင် မောင်က ဂယူကို အရမ်းစိတ်ပူနေတာ မောင် ဂယူ့ကို လာတွေ့တယ်လေ ဒါပေမယ့် ဂယူ့က နေမကောင်း ဖြစ်နေတယ်ဆိုလို့ ဝင်မကြည့်ခဲ့တာ အခုရော ဂယူ ဘယ်လိုနေသေးလဲ ကိုယ်ပူနေသေးလား ခေါင်းကောမူးသေးလား ကိုယ်တွေလက်တွေရော နာနေသေးလား"

မောင်က ဂယူ့ကို စကားပြောခွင့်တောင် မပေး။သူချည်းပဲ အကုန်ပြောသွားတယ်။ဂယူ့က မောင် စိတ်ပူနေတာကို သဘောကျမိတယ်။မောင်တကယ် ဂယူ့ကို စိုးရိမ်ပေးနေတာပဲ။ဂယူ့ဟာ ခပ်မှိန်မှိန် ပြုံးတယ်။

"ရပြီ မောင် ငါအဲ့လောက် မဖြစ်တော့ဘူး သက်သာပြီ အသံနည်းနည်း ဝင်နေရုံပဲ ပြီးတော့ ပိစိလေး ချမ်းနေရုံပဲ"

မောင်က စိတ်ပူလို့မပြီးသေး။ဘာတွေ စားရမယ်။မစားရဘူး။ဘယ်လိုနေရမယ်။ဘယ်လို ထိုင်ရမယ် ဆိုတာကစ ဂယူ့ကို ပြောပြနေတယ်။ဂယူ့ဟာ မောင့်ကို စိုက်ကြည့်ရင်းနဲ့သာ ပြုံးနေခဲ့တယ်။မောင်ကို သူအရမ်းစွဲလမ်းမိနေတော့မှာပဲ။

"နေပါဦး ဘောမ်ဂယူရ မင်းနဲ့သူက ဘယ်လိုလုပ် မောင်တွေ ဂယူတွေ ဖြစ်သွားကြတာတုန်း ငါလည်း ဘာမှမသိရပါလား"

ဂယူ သိပါတယ်။ဆူဘင်း ဘယ်လို ထင်နေလဲဆိုတာ။ဂယူက သူနဲ့မောင့် အကြောင်းကို ပြောပြခဲ့တယ်။သန့်ရှင်းရေးလုပ်တဲ့နေ့ကစလို့ အခုအချိန်က ကိစ္စတွေထိကိုပေါ့။

"ပြီးတော့ ငါ မောင့်ကို ချစ်တယ်"

"ဘာ ဘယ်လို ဘယ်လို မင်းက ထယ်ဟွန်းကို ချစ်တယ်"

"အင်း ငါက ယောကျာ်းလေးတွေကို သဘောကျတတ်တဲ့ လူတစ်ယောက် မဟုတ်ပေမယ့် မောင့်တစ်ယောက်တည်းကို သဘောကျတယ် မောင့်ရဲ့အရာရာကို ချစ်တယ်"

ဆူဘင်းက ဘာမှမပြောနိုင်အောင် ဆွံ့အ လို့။ဘာမှ ပြန်မပြောနိုင်လောက်အောင် အံ့သြနေခဲ့တာပါ။

"ဘာလဲ မင်းက ငါ့ကို မပေါင်းချင်တော့တာလား"

"ဟင့်အင်း မဟုတ်ပါဘူး ငါက အံ့သြနေလို့ပါ ပြီးတော့ ငါမင်းကိုခင်တာ အပေါ်ယံခင်တာ မဟုတ်ဘူး ဘောမ်ဂယူ ဒါ​တော့ မင်းသိထားလိုက်"

ထိုအခါမှ ဘောမ်ဂယူက ပြုံးတယ်။

"အင်း ကျေးဇူးပဲ ငါ့ကို နားလည်ပေးလို့"

"ရတယ်"

......

ကျွန်တော် အခုတစ်လော မအားလို့ မupဖြစ်တာပါ။တကယ်ကို အလုပ်တွေရှုပ်နေလို့ပါ။ဒါဒါလေးတွေရဲ့ cmtတွေ ကို reply မပြန်မိရင်လည်း စိတ်မဆိုးပါနဲ့။လိုင်းက မကောင်းလို့ပါဗျာ။ကဲ နောက်တစ်ပိုင်းကတော့ အချိုဖြစ်ဖို့ များပါတယ်။

......

"ေဘာမ္ဂယူ ထယ္ဟြန္းလာတယ္"

အေမက ခုတင္နားထိ လာေျပာတယ္။သူက ေခါင္းကိုရမ္းတယ္။ေနာက္ မ်က္လုံးအစုံကို မွိတ္ခ်ကာ..

"ဟင့္အင္း ကြၽန္ေတာ္ သူ႕ကို မေတြ႕ခ်င္ဘူး အိပ္ခ်င္ေသးတယ္"

အေမက အလိုမက်သည့္ပုံ။

"မင္းမထခ်င္ရင္ ဒီမွာပဲေနေလ သူ႕ကို အေပၚေခၚလိုက္မယ္ သူက မင္းကို ေတြ႕ခ်င္လြန္းလို႔ ႏွစ္ရက္ဆက္တိုက္ေတာင္ လာခဲ့တာကို"

ဟင့္အင္း။မေတြ႕ခ်င္ပါဘူး။

"မရဘူး အေမ ကြၽန္ေတာ္ ေခါင္းအရမ္းကိုက္ေနတယ္ ဘယ္သူ႕ကိုမွ မေတြ႕ခ်င္ဘူး"

အေမက ထပ္ၿပီး ေျပာခ်င္ေသးေပမယ့္ သူ႕သား က်န္းမာေရးကို သူသိတယ္ေလ။ဒီအတိုင္းေလး လႊတ္ထားဖို႔ ဆုံးျဖတ္ထားတယ္။

"အင္း ၿပီးတာပဲ"

အခန္းတံခါးေလးဟာ ခပ္သာသာ လႈပ္ရွားသြားတယ္။ထုံးစံအတိုင္း သူက အခန္းထဲမွာ တစ္ေယာက္တည္း ။သူအိပ္ယာေပၚ လဲေလ်ာင္းေနတာ ႏွစ္ရက္နီးပါးေလာက္ ရွိၿပီထင္တယ္။ေခါင္းက စပ္ဖ်ဥ္းဖ်ဥ္းကိုက္ရင္း နာက်င္ေနခဲ့တယ္။အနည္းဆုံးေတာ့ ေတာ္ေသးတာေပါ့။မေကာင္းတဲ့ ေကာလဟာလေတြကို ထပ္မၾကားရေတာ့ဘူးေလ။

ဆရာဝန္ေျပာတာေတာ့ သူက အာဟာရျပတ္သြားတာနဲ႕ ရာသီဥတုက ေျပာင္းလဲေနတာမို႔ ဖ်ားသြားတာတဲ့။အင္း။သိပ္ေတာ့ စိုးရိမ္စရာ မရွိပါဘူး။ဒီအေတာအတြင္းမွာ ေမာင္က သူ႕ကို႔ မၾကာခဏ လာၾကည့္ေပမယ့္ သူအေတြ႕မခံျဖစ္။ေမာင့္ကိုေတြ႕မွ ပိုၿပီး ဆိုးလာဦးမယ္။ဟက္။ရင္ဘတ္တစ္ေနရာက ေအာင့္မွာေလ။

"ဆန္ျပဳတ္စားမယ္ ေဘာမ္ဂယူ"

ေဂ်ာင္မီက မေျပာမဆို အခန္းထဲ ဝင္လာတယ္။သူမလည္း သူ႕အတြက္ ေက်ာင္းပ်က္ခံၿပီး အိမ္မွာ ေနေနတာ။အေမတစ္ေယာက္တည္း မနိုင္မွာစိုးလို႔ဆိုၿပီး သူမခ်ည္းပဲ အကုန္ အလုပ္ေတြ ႀကဳံးလုပ္ေနတာ။

ေဂ်ာင္မီက သူ႕ကုတင္ မလွမ္းမကမ္းက ထိုင္ခုံတစ္ခုကို ဆြဲယူလိုက္တယ္။ၿပီးေတာ့ ထိုင္ခ်ရင္း သူ႕ကို ၾကည့္တယ္။

"ထနိုင္လား? ငါထူေပးရဦးမလား"

"ရတယ္ ရတယ္ ကိုယ့္ဘာသာကို ထမယ္"

သူက အလ်င္အျမန္ ထလိုက္ၿပီး ခုတင္တိုင္ကို မွီလိုက္တယ္။ေဂ်ာင္မီက သူ႕ရဲ႕ကုတင္ေပၚကို စားပြဲေသးေသးေလးကို ခ်လိဳက္တယ္။စားပြဲေပၚမွာ ဆန္ျပဳတ္ တစ္ပန္းကန္ ေဆးလုံး အနည္းငယ္ နဲ႕ ေရတစ္ခြက္ကို တင္ထားတယ္။ဆန္ျပဳတ္ပန္းကန္ထဲမွာ ဇြန္းကို အဆင္သင့္စိုက္ထားတယ္။

သူက ဆန္ျပဳတ္ပန္းကန္ထဲက ဇြန္းကို ကိုင္ၿပီး ပါးစပ္ထဲ ထည့္လုနီးနီး..

"ဇြန္းကို ကိုင္နိုင္ရဲ႕လား ငါခြံ႕ေကြၽးရမလား"

ဒီတစ္ခါ သူေဒါပြသြားတယ္။သူ႕ကို လူမမာ ထင္ေနတာလား။

"ရပါတယ္ဆို ငါအရမ္းႀကီး ေနမေကာင္း ျဖစ္ေနတာ မဟုတ္ဘူး ကိုယ့္ဘာသာကို စားမယ္"

"ေအးပါ လူကသာ ေနမေကာင္းသာ စိတ္ေတာ့တိုနိုင္ေသးတယ္ေနာ္ ဟြန့္"

သူမက ႏွာရႈံ႕တယ္။ေဂ်ာင္မီက တကယ္ သူစားၿပီးတဲ့အထိ ထိုင္ေစာင့္ေနခဲ့တယ္။ေဆးေသာက္ၿပီးတဲ့ အထိပဲ။ကံေကာင္းတာက ေရခြက္ကိုင္နိုင္လား မေမးေတာ့ဘူး။အားလုံးၿပီးစီးသြားေတာ့ သူမအခန္းထဲက ထြက္သြားတယ္။

မၾကာလိုက္ သူရဲ႕မ်က္ခြံေတြဟာ ေလးလံလာတယ္။မ်က္လုံးေတြဟာ ဖြင့္မရေအာင္ ေမွးစင္းေနခဲ့ၿပီ။အရာအားလုံးကို မႈန္ဝါးဝါးသာ ျမင္ရေတာ့တယ္။

"ဂယူ!!"

"ေမာင္!!"

သူက ေမာင့္ကို လွမ္းေခၚေနေပမယ့္ ထူးသံမၾကားရေတာ့။အနက္ေရာင္လြင္ျပင္ႀကီးထဲ သူတစ္ေယာက္တည္း လမ္းေပ်ာက္လို႔ေနတယ္။အရာအားလုံးဟာ ေမွာင္ေမွာင္မည္းမည္း။

"ေမာင္ ေမာင္ ဘယ္မွာလဲ"

တိတ္ဆိတ္ဆဲ။႐ုတ္တရက္ လူက ပူေလာင္လာသလို ခံစားရတယ္။ရင္တြင္းက တၿမိဳက္ၿမိဳက္  ေလာင္ကြၽမ္းေနသလိုပဲ။မ်က္ရည္ေတြဟာ တာက်ိဳးသလို အဆက္မျပတ္ စီးက်လိဳ႕လာတယ္။တစ္ကိုယ္လုံး ေက်ာက္တုံးႀကီးတစ္လုံးလို လႈပ္ရွားမရေတာ့။ေမာင္ေရ။ကယ္ပါ။

"ေဖ်ာက္!"

မိုးစက္ေတြက ေကာင္းကင္မည္းႀကီးဆီက က်ဆင္းလို႔လာတယ္။

"ဂ်ိမ္း!!!"

မိုးၿခိမ္းသံႀကီးဟာ က်ယ္ေလာင္စြာ ျမည္ဟည္းတယ္။မိုးတစ္ခ်က္ၿခိမ္းတိုင္း ေျမျပင္ႀကီးက လင္းလက္လို႔သြားတယ္။

မိုးစက္ေတြက သူ႕တစ္ကိုယ္လုံးကို ပက္ျဖန္းကာ ​ေျမျပင္ေပၚ ဆင္းသက္လာတယ္။

"ဂ်ိမ္း!!!"

ဒုတိယအႀကိမ္ေျမာက္ မိုးၿခိမ္းသံေနာက္မွာ သစ္ပင္ႀကီးကို မွီကာ ေမွးစက္ေနတဲ့ ေမာင့္ကို ေတြ႕တယ္။ေမာင္က အားလုံးကို လ်စ္လ်ဴရႈကာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္စက္ေနတယ္။

"ေမာင္!!"

ေမာင္ဟာ မ်က္လုံးေတြကို ခပ္ျဖည္းျဖည္း ဖြင့္လိုက္တယ္။ေနာက္ သူ႕အနားကို ေလေျပေလးပမာ ေပါ့ေပါ့ပါးပါး ေလွ်ာက္လွမ္းလို႔လာတယ္။

"ေမာင္"

တိုးညွင္းမႈက အရာမထင္။ေမာင္က သူ႕ကို ၾကည့္တယ္။သူ႕ေခါင္းကို ခပ္သာသာ သပ္ေပးရင္း သူ႕ပါးကို ကိုင္လိုက္တယ္။ေမာင္ရဲ႕ စကားသံ​ေတြက သစ္႐ြက္ေလတိုက္သံေလးလို ေမာင့္ႏႈတ္ခမ္းပါးကေန ထြက္က်လိဳ႕လာတယ္။

"ဂယူ ေမာင္ေလ ဂယူ႕ကို သေဘာက်ေနၿပီ ထင္တယ္"

"ဂ်ိမ္း!!"

ေနာက္ဆုံးအႀကိမ္ မိုးၿခိမ္းမႈၿပီးတဲ့အခ်ိန္ ႏႈတ္ခမ္းႏွစ္လႊာ ဟာ ထပ္တူက်သြားခဲ့တယ္။ၿပီးေနာက္ တစ္ေလာကလုံးဟာ လင္းထိန္သြားခဲ့ေတာ့တယ္။

"ေမာင္!!!!!"

သူက လန့္နိုးလာတယ္။အိမ္မက္?။ဒါက အိမ္မက္တစ္ခုလား။သူက သူ႕ရဲ႕ႏႈတ္ခမ္းစိုစိုကို ျပန္ကိုင္ၾကည့္ရင္း အလိုလို သတိေတာင္မထားမိဘဲ အၿပဳံးတို႔ျဖစ္ထြန္းတယ္။ဘာလို႔မွ ဒီလိုအိပ္မက္မ်ိဳးလဲ။ေမာင့္ကို စိတ္စြဲသြားလို႔ေနမွာပါ။ဒါေပမယ့္ တကယ့္အျပင္မွာလို ခံစားရတာက သူ႕အျပစ္ မဟုတ္ဘူးမလား။

......

အေမက အညိုေရာင္ဆိုဖာႀကီးေပၚ ထိုင္ေနတယ္။သူဟာလည္း အေမ့ေဘးမွာ ေနရာယူထားတယ္။ေဂ်ာင္မီကေတာ့ အိမ္မွာမရွိ။ပစၥည္းတစ္ခုခုလိုလို႔ ေစ်းဝယ္ထြက္ေနတယ္။သူက အေမ့နားမွာ ထိုင္ရင္း တီဗီၾကည့္ေနတယ္။သူအခု ပုံမွန္အေျခအေန ျပန္ေရာက္ဖို႔ အနည္းငယ္သာ လိုေတာ့တယ္။ႏွစ္ရက္နဲ႕ ေန႕တစ္ပိုင္း ဖ်ားနာၿပီးေနာက္မွာေပါ့။

"အေမ မင္းကို ေမးစရာရွိတယ္"

အေမရဲ႕ စကားေၾကာင့္ သူ အေမ့ကို ၾကည့္မိတယ္။

"မင္း ထယ္ဟြန္းကို ဘယ္လိုျမင္လဲ?"

အေမ့ရဲ႕ ႐ုတ္တရက္ အေမးေၾကာင့္ သူေတာင္ ေၾကာင္သြားရတယ္။

"ဘာကိုလဲ အေမရဲ႕ ကြၽန္ေတာ္ မသိဘူး"

အေမက အခု သက္ျပင္းႀကီးကို ခ်ကာ သူ႕ကို ၾကည့္တယ္။တကယ္ကို အေရးႀကီးတဲ့ စကားကို ေျပာေတာ့မည့္ပုံ။အေမက...

"မင္း သူ႕ကို သေဘာက်ေနတာလား"

အေမ့စကားက ရင္ဝကို တုတ္နဲ႕ ေဆာင့္ထိုးလိုက္သလို ခံစားရတယ္။ဦးႏွောက္ထဲမွာလည္း ေမးခြန္းေတြက ေပၚလာတယ္။ေခါင္းကလည္း နာနာက်င္က်င္ ေဆာင့္ထိုးလို႔။

"အေမ ဘာေတြေျပာေနတာလဲ ကြၽန္ေတာ္က ဘယ္လိုလုပ္-"

"မလိမ္နဲ႕ အေမ လိမ္တာ မႀကိဳက္ဘူး မင္းနဲ႕ထယ္ဟြန္း တစ္ေယာက္ကို တစ္ေယာက္ ဘယ္လိုေခၚၾကလဲ မင္းကသူ႕ကို ဘယ္ေလာက္ ဂ႐ုစိုက္လဲ သူက မိန္းကေလးတစ္ေယာက္ေယာက္ အေၾကာင္းေျပာရင္ ပ်က္သြားတဲ့ မင္းမ်က္ႏွာက ဘာကိုဆိုလိုလဲ ဆိုတာ အေမသိတယ္"

ဟုတ္ပါရဲ႕။အေမ ေျပာတဲ့ စကားေတြက အမွန္ေတြႀကီးပဲကို။ဒါဆို သူက ေမာင့္ကို သေဘာက်မိေနတာလား။မဟုတ္ဘူး။သူက ေယာက်္ားေလးေတြကို သေဘာက်တတ္တဲ့ လူတစ္ေယာက္ မဟုတ္ဘူး။အဲ့တာဆို ေမာင္ကို ဘာလို႔ ဘာလို႔ သေဘာက်ေနမိသလို ျဖစ္ေနရတာလဲ။

သူက ေခါင္းကို ၾကမ္းျပင္ႏွင့္ ထိလုမတတ္ ငုံ႕ထားလ်က္။ေခါင္းမေမာ့ရဲတာဆို ပိုမွန္မည္။အေမက ဘာစကားမွမဆို။သူ႕ကိုသာ ေတြေတြႀကီး စိုက္ၾကည့္ေနခဲ့တယ္။

"ရတယ္"

သူက အေမ့ကို ေမာ့ၾကည့္မိတယ္။မ်က္လုံးေတြဟာ ရဲရဲနီေနေအာင္ကို မ်က္ရည္ေတြ ထြက္က်ေနၿပီ။

"မင္းဘယ္လိုျဖစ္ျဖစ္ အေမ့အတြက္အကုန္ အဆင္ေျပတယ္ မင္းစိတ္ခ်မ္းသာမယ့္ အရာကိုသာ ဦးစားေပးပါ သား လူမ်ားေတြရဲ႕ စကားသံေတြ နားမေထာင္ပါနဲ႕ မင္းသူ႕ကို သေဘာက်ေနတာ မင္းလက္မခံဘူးဆိုရင္ မင္းေနာင္တရလိမ့္မယ္ ေနာင္တဆိုတာ ေနာင္မွရတာမို႔လို႔ အခုခ်က္ခ်င္း လက္ခံလိုက္ပါ အေမက မင္းေပ်ာ္႐ႊင္ေနတာကို ၾကည့္ခ်င္႐ုံပါပဲ မွတ္ထားပါ တျခားသူေတြရဲ႕ ရႈတ္ခ်မႈေတြ အျပစ္တင္မႈေတြကို ဂ႐ုမစိုက္နဲ႕"

အေမ့ရဲ႕ စကားေတြဟာ သူ႕ရဲ႕ ႏွလုံးသားထဲကို စူးနစ္စြာ နစ္ဝင္လို႔သြားတယ္။အေမရယ္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ အေမ့အတြက္ သားေကာင္းတစ္ေယာက္ မျဖစ္ေပးနိုင္လို႔ ၿပီးေတာ့ ထူးဆန္းတဲ့ လူတစ္ေယာက္ ျဖစ္ေနခဲ့လို႔ တကယ္ ေတာင္းပန္ပါတယ္"

"မဟုတ္ဘူး မင္းအေမ့ကို ေတာင္းပန္စရာမလိုဘူး သားေကာင္းတစ္ေယာက္ဆိုတာ ဘာကိုဆိုလိုလဲ မင္းသိပါတယ္ ထူးဆန္းတဲ့ လူတစ္ေယာက္? ဟင့္အင္း ဒါက ထူးဆန္းေနတာ မဟုတ္ဘူး ထူးျခားေနတာ တစ္မူထူးေနတာ ဒါေၾကာင့္ မင္းေတာင္းပန္ေနတယ္ဆိုရင္ ဒါဟာ အလကားပဲ"

သူဟာ အေမ့ကို အထင္ႀကီးစြာ ၾကည့္မိတယ္။အေမတစ္ေယာက္အတြက္ သားတစ္ေယာက္က တျခား ေယာက်ာ္းေလးတစ္ေယာက္ကို သေဘာက်ေနတာကို လက္ခံနိုင္ဖို႔ ခက္ခဲတာ သူသိတယ္။ဒီလို အားေပးနိုင္တာကို တကယ္ အံ့ၾသတယ္။

"ေတာ္ေတာ့ မငိုနဲ႕ေတာ့ တိတ္တိတ္ ထပ္ဖ်ားေနလိမ့္မယ္"

သူဟာ အေမ့ရဲ႕ ရင္ခြင္ထဲကို တိုးဝင္ အိပ္စက္လိုက္တယ္။အေမ့ရဲ႕ ရင္ခြင္ႏြေးႏြေးက သူ႕အတြက္ ၿငိမ္းခ်မ္းေစတယ္။ဒါေပမယ့္ သူ သတိမထားမိခဲ့ဘူး။အေမဟာ တိတ္တိတ္ကေလး အားတင္းေနခဲ့တာကို။အေမဟာ ရင္တြင္းမွာ ႀကိတ္ငိုေနခဲ့တာကို။အေမဟာ ႐ူးမတတ္ ျဖစ္ခဲ့ကို။အေမဟာ အေမဟာ..

......

ယေန႕ မနက္ခင္းဟာ ေအးခ်မ္းေနေပမယ့္ တစ္ခုခုလိုေနသလိုလို။ဆူဘင္းရဲ႕ သူငယ္ခ်င္းေလးဟာ အခုဆို ေက်ာင္းမလာတာ သုံးရက္ရွိသြားၿပီ။ဆူဘင္းဟာ စာသင္ခန္းေရွ႕ကေန ေစာင့္ေနမိတယ္။

မေန႕က ဆူဘင္း သူ႕အိမ္သြားေတာ့ အန္တီနဲ႕ပဲ ေတြ႕ခဲ့တယ္။သူက အိပ္ေနလို႔တဲ့။ဆူဘင္းလည္း စာေတြကူးစရာရွိတာေတြ ကူးေပးခဲ့တယ္။အန္တီက ဆူဘင္းကို ဆူဘင္းႀကိဳက္တဲ့မုန့္ေတြနဲ႕ ဧည့္ခံရင္း မနက္ျဖန္ ေဘာမ္ဂယူ ေက်ာင္းလာမယ့္ အေၾကာင္းေျပာတယ္။အန္တီက ေဘာမ္ဂယူကို ဝင္ၾကည့္ခိုင္းေပမယ့္ ဆူဘင္း မၾကည့္ျဖစ္ခဲ့။ေဘာမ္ဂယူက အိပ္ေနတာေလ။ေတာ္ၾကာ အိပ္ေရးပ်က္သြားမွ ျပန္ဖ်ားေနမယ္။မနက္ျဖန္ ေက်ာင္းလာမွာပဲဆိုၿပီး ဝင္မၾကည့္ခဲ့တာပါ။

ထိုအခ်ိန္မွာပဲ အညိုေရာင္အႏြေးထည္ ထူထူႀကီးကို ဝတ္ဆင္ထားတဲ့ ေဘာမ္ဂယူက ေရာက္လာတယ္။သူ႕ၾကည့္ရတာ ေတာေတာ္ခ်မ္းေနတဲ့ပုံပဲ။ႏွာေခါင္းေတြဆို နီရဲလို႔။သူက စာသင္ခန္းေရွ႕က ဆူဘင္းကို ေတြ႕ၿပီး...

"ဟင္ မင္းဘာလို႔ ငါ့ကို ၾကည့္ေနတာလဲ မင္းနဲ႕ ငါနဲ႕ သိလို႔လား"

ေနမေကာင္းတာေတာင္ အခြက္ကေျပာင္ခ်င္တုန္း။ဒါေတာင္ အသံက ဝင္ေနေသးတယ္။ဆူဘင္းက သူ႕ရဲ႕ ေက်ာကုန္းကို ျဖန္းခနဲ ရိုက္ခ်လိဳက္တယ္။

"သြား! အခုမွမေတြရတာ သုံးရက္ဘဲ ရွိေသးတယ္ အတိတ္ေတြေတာင္ ေမ့ခ်င္ေနၿပီလား"

သူက ဆူဘင္းရဲ႕ စကားေၾကာင့္ ခပ္ၿဖီးၿဖီး ရယ္ျပတယ္။ေနာက္ ဘာမွမေျပာေတာ့ဘဲ စာသင္ခန္းထဲ ဝင္သြားေတာ့တယ္။

သူက မေတြ႕တာၾကာလို႔လား။ ဒါမွမဟုတ္ အဖ်ားဒဏ္ေၾကာင့္လားမသိ။နဂိုက ပိန္ပိန္ေလးကို အခု တစ္ဝက္ေလာက္ က်သြားတယ္။

သူက အရင္ကနဲ႕ မတူေတာ့ဘူး။စာေတြ အေသအခ်ာ ႀကိဳးစားလာတယ္။အရင္လို ေပါ့ပ်က္ပ်က္ မေနေတာ့ဘူး။အရာရာကို အေလးအနက္ထားတတ္ လာတယ္။အရင္ကလို ထယ္ဟြန္းအေၾကာင္းပဲ မေျပာေတာ့ဘူး။သူ႕ပုံစံက ေအးေအးခ်မ္းခ်မ္းပဲ။

"ခြၽဲဆူဘင္းရွီး ဒီေန႕ ကန္တင္းမသြားဘူးလား"

အရမ္းကို ထူးဆန္းေနၿပီ။အၿမဲတမ္း ကန္တင္းသြားဖို႔ ဆူဘင္းဘဲ အၿမဲတမ္း ေခၚရၿပီးေတာ့။အခု သူကေခၚေနပါလား။ဘုရား ဘုရား။ဖ်ားၿပီး အသိစိတ္ေတြမ်ား လြတ္သြားတာလား။

"ေတာ္ၿပီ မသြားေတာ့ဘူး"

"ၿပီးတာပဲ"

သူက စားပြဲခုံေပၚကို အသာေလး ေမွာက္ၿပီး အိပ္တယ္။အဲ့အခ်ိန္မွာ စာသင္ခန္းထဲကို လူတစ္ေယာက္ ေရာက္လာတယ္။

"ဂယူ!!!"

သူဟာ အသံေၾကာင့္ ေခါင္းေထာင္မိတယ္။

"ေမာင္!?"

သူေတြ႕ခ်င္ေပမယ့္ မေတြ႕ျဖစ္တဲ့ ေမာင္။သူေမာင့္ကို လြမ္းေပမယ့္ မလြမ္းဘူး အတင္းျငင္းမိခဲ့တဲ့ ေမာင္။သူဖ်ားေနတာကို စိတ္ပူေပးခဲ့တဲ့ ေမာင္။သုံးရက္လုံးလုံး ေမာင္လာေတြ႕ခဲ့တဲ့ ေမာင္။ေမာင့္ေၾကာင့္ တကယ္ အားျဖစ္ရပါတယ္။

သူ ဒီတစ္ခါ အေသအခ်ာ ဆုံးျဖတ္ၿပီးပါၿပီ။ေမာင့္ကို မေရွာင္ေတာ့ဖို႔။သူသာ ေမာင့္ကို ထပ္ေရွာင္ေနရင္ သူနဲ႕ေမာင္ ႏွစ္ေယာက္လုံး နာက်င္ရမွာ သိတယ္။သူက ေမာင့္ကို မေတြရလို႔ နာက်င္မယ္။ေမာင္က သူေရွာင္ေနတာေၾကာင့္ ကသိကေအာက္ ျဖစ္မယ္။

ေမာင္က စိုးရိမ္ေသာကႀကီးစြာ သူတို႔အနားကို ေရာက္လာတယ္။ေမာင္က ဂယူ႕ကို ၾကည့္ကာ...

"ဂယူ႕ သက္သာလားဟင္ ေမာင္က ဂယူကို အရမ္းစိတ္ပူေနတာ ေမာင္ ဂယူ႕ကို လာေတြ႕တယ္ေလ ဒါေပမယ့္ ဂယူ႕က ေနမေကာင္း ျဖစ္ေနတယ္ဆိုလို႔ ဝင္မၾကည့္ခဲ့တာ အခုေရာ ဂယူ ဘယ္လိုေနေသးလဲ ကိုယ္ပူေနေသးလား ေခါင္းေကာမူးေသးလား ကိုယ္ေတြလက္ေတြေရာ နာေနေသးလား"

ေမာင္က ဂယူ႕ကို စကားေျပာခြင့္ေတာင္ မေပး။သူခ်ည္းပဲ အကုန္ေျပာသြားတယ္။ဂယူ႕က ေမာင္ စိတ္ပူေနတာကို သေဘာက်မိတယ္။ေမာင္တကယ္ ဂယူ႕ကို စိုးရိမ္ေပးေနတာပဲ။ဂယူ႕ဟာ ခပ္မွိန္မွိန္ ၿပဳံးတယ္။

"ရၿပီ ေမာင္ ငါအဲ့ေလာက္ မျဖစ္ေတာ့ဘူး သက္သာၿပီ အသံနည္းနည္း ဝင္ေန႐ုံပဲ ၿပီးေတာ့ ပိစိေလး ခ်မ္းေန႐ုံပဲ"

ေမာင္က စိတ္ပူလို႔မၿပီးေသး။ဘာေတြ စားရမယ္။မစားရဘူး။ဘယ္လိုေနရမယ္။ဘယ္လို ထိုင္ရမယ္ ဆိုတာကစ ဂယူ႕ကို ေျပာျပေနတယ္။ဂယူ႕ဟာ ေမာင့္ကို စိုက္ၾကည့္ရင္းနဲ႕သာ ၿပဳံးေနခဲ့တယ္။ေမာင္ကို သူအရမ္းစြဲလမ္းမိေနေတာ့မွာပဲ။

"ေနပါဦး ေဘာမ္ဂယူရ မင္းနဲ႕သူက ဘယ္လိုလုပ္ ေမာင္ေတြ ဂယူေတြ ျဖစ္သြားၾကတာတုန္း ငါလည္း ဘာမွမသိရပါလား"

ဂယူ သိပါတယ္။ဆူဘင္း ဘယ္လို ထင္ေနလဲဆိုတာ။ဂယူက သူနဲ႕ေမာင့္ အေၾကာင္းကို ေျပာျပခဲ့တယ္။သန့္ရွင္းေရးလုပ္တဲ့ေန႕ကစလို႔ အခုအခ်ိန္က ကိစၥေတြထိကိုေပါ့။

"ၿပီးေတာ့ ငါ ေမာင့္ကို ခ်စ္တယ္"

"ဘာ ဘယ္လို ဘယ္လို မင္းက ထယ္ဟြန္းကို ခ်စ္တယ္"

"အင္း ငါက ေယာက်ာ္းေလးေတြကို သေဘာက်တတ္တဲ့ လူတစ္ေယာက္ မဟုတ္ေပမယ့္ ေမာင့္တစ္ေယာက္တည္းကို သေဘာက်တယ္ ေမာင့္ရဲ႕အရာရာကို ခ်စ္တယ္"

ဆူဘင္းက ဘာမွမေျပာနိုင္ေအာင္ ဆြံ႕အ လို႔။ဘာမွ ျပန္မေျပာနိုင္ေလာက္ေအာင္ အံ့ၾသေနခဲ့တာပါ။

"ဘာလဲ မင္းက ငါ့ကို မေပါင္းခ်င္ေတာ့တာလား"

"ဟင့္အင္း မဟုတ္ပါဘူး ငါက အံ့ၾသေနလို႔ပါ ၿပီးေတာ့ ငါမင္းကိုခင္တာ အေပၚယံခင္တာ မဟုတ္ဘူး ေဘာမ္ဂယူ ဒါ​ေတာ့ မင္းသိထားလိုက္"

ထိုအခါမွ ေဘာမ္ဂယူက ၿပဳံးတယ္။

"အင္း ေက်းဇူးပဲ ငါ့ကို နားလည္ေပးလို႔"

"ရတယ္"

......

ကြၽန္ေတာ္ အခုတစ္ေလာ မအားလို႔ မupျဖစ္တာပါ။တကယ္ကို အလုပ္ေတြရႈပ္ေနလို႔ပါ။ဒါဒါေလးေတြရဲ႕ cmtေတြ ကို reply မျပန္မိရင္လည္း စိတ္မဆိုးပါနဲ႕။လိုင္းက မေကာင္းလို႔ပါဗ်ာ။ကဲ ေနာက္တစ္ပိုင္းကေတာ့ အခ်ိဳျဖစ္ဖို႔ မ်ားပါတယ္။

......


Continue Reading

You'll Also Like

17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
308K 52.8K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
180K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
46.7K 6.7K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...