Unicode
မနက်ကျတော့ သူ့driverကပဲ သူ့ကိုကျောင်းလိုက်ပို့၏... ပုံမှန်အတိုင်းပဲ သူရောက်လာတော့ မိန်းကလေးတွေက သူ့အနားဝန်းရံလာကာ သူ့တို့ဆီကနေ မတူညီတဲ့ရနံ့တွေ ရနေ၏...
{အီး...author... ဒါဘာအနံ့ကြီးလဲ... ကျွန်တော် ပျို့အန်ချင်လာသလိုပဲ}
Author : အဲ့တာက သူတို့ရဲ့ pheromones တွေ... မင်းကိုဆွဲဆောင်ဖို့ ကြိုးစားနေကြတာ... အခုတော့ မင်းစာသင်ရမယ့်အခန်းကိုသွားတော့ အခန်းနံပါတ်က 1-1...
ချန်းယန်က မြန်မြန်ပဲ စာသင်ခန်းကို သွားလိုက်သည်... သူ့ထိုင်ခုံက ပြတင်းပေါက်ဘေးမှာဖြစ်၏... သူ့လောက်အရပ်ရှိပြီး အနက်ရောင်ဆံပင်နဲ့ မျက်လုံးကျဉ်းကျဉ်းရှိတဲ့ ကောင်လေးတစ်ယောက်က သူ့အနားရောက်လာလေသည်..."ဟေး...Daewon!! မင်းအိမ်စာတွေ လုပ်ပြီးပြီလား"
{author... အခု ငါ့ပုခုံးကိုဖက်ထားတဲ့ တစ်ယောက်က ဘယ်သူလဲ }
Author : သူ့နာမည်က Sunghoo... မင်းရဲ့ အကောင်းဆုံးသူငယ်ချင်း... သူကမင်းနဲ့အသက်တူတူပဲ ပြီးတော့ မင်းနှစ်ယောက်လုံးရဲ့မိဘတွေက စီးပွားဖက်တွေ....
ထို့နောက် ယန်က သူ့အိတ်ဖွင့်ကာ ကိုထုတ်လိုက်၏... "ဝါး! ဒီ Daewon ဆိုတဲ့ကောင်က တော်တော်ချမ်းသာတာပဲ" သူက ရဲ့ နဲ့ ကျောင်းသုံးပစ္စည်းတွေရဲ့ ကိုကြည့်ကာ တွေးလိုက်သည်... ထင်ထားတဲ့အတိုင်း တကယ့် တွေ
"သေစမ်း! ငါလုပ်ဖို့မေ့သွားတယ်"ယန်တစ်ယောက် ခေါင်းကုတ်ကာ ပြောလိုက်သည်...
"အိုး... အဆင့်(၁) ကျောင်းသားက အိမ်စာလုပ်ဖို့မေ့တာပဲ... professorမလာခင် မြန်မြန်လုပ်လိုက်" သူအိမ်စာလုပ်နေတုန်း Sunghoo ဆိုတဲ့တစ်ယောက်က သူ့ရှေ့ကခုံမှာထိုင်လိုက်သည်... ဒီတစ်ယောက်က ကောင်းတဲ့ပုံပဲ....
{author... သူလည်း ကျွန်တော့်လို Alpha လား }
Author : မဟုတ်ဘူး... သူကBeta...
{သူက ကျွန်တော့်ပြိုင်ဘက် ဖြစ်လာမှာလား}
Author : လုံးဝမဟုတ်ဘူး!! သူ့မှာလည်း စိတ်ဝင်စားနေတဲ့လူရှိတယ်... ဒါမဲ့ အဲ့ဒါမင်းအလုပ်မဟုတ်ဘူး....
အတန်းပြီးကာ နားချိန်ရောက်တော့ ကျောင်းသားတွေအားလုံး ကျောင်းcanteenကို သွားကြ၏... canteenကကြီး စားပွဲတွေအားလုံးက အရောင်တူဖြစ်ပြီး ထိုင်ခုံတွေမှာလည်း cushionပါသည်... အစားအစာတွေကလည်း သူ့မျက်လုံးထဲမှာတော့ အရမ်းအရာရှိမယ့်ပုံပေါ်၏...
အစားအသောက်မှာပြီးသွားတော့ ထိုင်ဖို့နေရာရှာလိုက်ပေမဲ့ သူ့မျက်လုံးက ထောင့်မှာတစ်ယောက်တည်းထိုင်နေတဲ့သူပေါ်သို့သာ ကျရောက်နေလေသည် ...
"ကိုယ်ဒီမှာထိုင်လို့ရလား" ယန်က သူ့ရှေ့မှာ စားနေတဲ့ ကောင်လေးကိုမေးလိုက်သည်... ထိုအခါ Jihoon ကခေါင်းညှိမ့်ပြလိုက်၏... သူစားနေတာကတော့ အသင့်စား ခေါက်ဆွဲခြောက်တွေပင်...
"သူတကယ် အဲ့လောက်ဆင်းရဲတာလား... author... ကျွန်တော် သူနဲ့ပက်သက်ပြီး အချက်အလက်တွေထပ်လိုချင်တယ်" ယန်က ကို မသိမသာနှိပ်လိုက်တော့ သုံးဖက်မြင်ဓာတ်ပုံတစ်ုပေါ်လာပြန်ကာ အချက်အလက်တွေကို ပြသည်...
Author : မင်းမြင်တဲ့အတိုင်းပဲ သူက နေမကောင်းတဲ့အဖေနဲ့ အတူတူနေတာ... သူက ကျောင်းဆင်းချိန်တိုင်း JN Entertainment မှာ အဖျော်ဆရာလုပ်ရင်း သူ့အဖေအတွက် ဆေးဝယ်ပေးတယ်... scholarshipရတာကြောင့် ကျောင်းလခအတွက်တော့ ပူစရာမလိုပေမဲ့ စားသောက်ဖို့အတွက်တော့ မလုံလောက်ဘူးလေ...
{JN Entertainment ကရော ဘယ်လိုလဲ.... အဲ့ဒါနဲ့ပက်သက်ပြီး အချက်အလက်တွေရှိလား}
Author : မင်း နောက်တော့သိလိမ့်မယ်.... ကျောင်းပြီးရင် ငါတို့အဲ့ကို သွားရမယ်.. အခုတော့ မင်းလုပ်ရမယ့် mission ကိုပဲအာရုံစိုက်...
ယန်က Jihoonကို ပြန်ကြည့်လိုက်တော့ ခေါင်းငုံ့ကာ ခေါက်ဆွဲခြောက်တွေ စားနေတုန်းပဲ... "Jihoon..." ယန်ခေါ်လိုက်ပြီး "ကိုယ်မှာထားတာတွေ အရမ်းများနေလို့ ကုန်အောင်မစားနိုင်လောက်ဘူး... မင်းကူစားပေးပါလား" ယန်တစ်ယောက် Jihoonကို စကားပြောတိုင်း အညင်သာဆုံးအသံဖြင့်သာ ပြော၏... ဘာလို့လဲဆိုတော့ ကောင်လေးက အလွန်နုနယ်တာကြောင့်ပင်...
ထိုနောက် Jihoon က သူ့ကိုစိုက်ကြည့်ပြီး ခေါင်းခါပြသည်... "စားပါ...ကိုယ်တကယ်မကုန်နိုင်လို့... ပြီးတော့ မဖြုန်းတီးချင်ဘူး" ယန်က တူနှင့် sushiတစ်ခုကိုယူကာ Jihoonရဲ့ နှုတ်ခမ်းနား တိုးပေးလိုက်၏.. "မြန်မြန်.... စားကြည့် အရမ်းအရသာရှိတယ်" ယန် ထပ်ပြောလိုက်သည်...
Jihoon က ယန်ကိုတစ်လှည့် sushiကိုတစ်လှည့်ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ပါးစပ်ဟကာ ကိုစားလိုက်၏.. "ကိုယ်ပြောပါတယ်... အရသာရှိ...."
'အချစ်levelမှာ 20%သို့မြင့်တက်လာပါပြီ"
ယန်တစ်ယောက် Jihoonအစာဝါးနေတဲ့ပုံလေးကိုကြည့်ရင်း ညှို့ယူဖမ်းစားခံလိုက်ရ၏... သူ့ရဲ့ ဗာဒံပုံစံမျက်ဝန်းပြာလေးတွေက ပြုံးယောင်သန်းနေကာ တလက်လက်တောက်ပနေသလို ခံစားနေရသည်... "အား.... အရမ်းချစ်စရာကောင်းတာပဲ" ယန်တစ်ယောက် အော်ပြောတော့မလို ဖြစ်သွား၏...
Author : ကောင်စုတ်လေး... ကိုယ့်ကိုယ်ကိုထိန်းစမ်း... အချစ်levelက အခုလေးတင် 20%ထိရောက်သွားပြီ... အခုတော့ မင်းက အရူးနဲ့တူနေတယ်...
ယန်မှာတော့ authorကိုလျစ်လျူရှုထားပြီး Jihoon စားသောက်နေတာကိုသာ ထိုင်ကြည့်နေလေ၏... sushiကို ပထမဆုံးအကြိမ် စားဖူးတာဖြစ်လောက်မယ်... အဲ့တာကြောင့် သူ့အမူအယာလေးက ကို့ရို့ကားယားနဲ့ အရမ်းချစ်စရာကောင်းနေတာ....
အဆုံးမှာတော့ Jihoonကို သူ့အစားအသောက်တွေအားလုံး ပေးလိုက်သည်...
ကျောင်းဆင်းတော့ ယန်က ကျောင်းဆေးခန်းအပြင်ဘက်မှာ Jihoon ကို စောင့်နေသည်... သူ့ဒဏ်ရာတွေက အခုထိမကောင်းသေးတာမလို့ ဆေးခန်းပြဖို့ လိုနေသေးသည်... "ပြီးပြီလား... ကိုယ်မင်းကို အိမ်ထိ လမ်းလျှောက်ပြီး ပြန်လိုက်ပို့ပေးမယ်" ပြောရင်း ယန်က Jihoonရဲ့အိတ်ကို ယူလိုက်၏...
{အတူတူလမ်းလျှောက်ပြီး အိမ်ပြန်တာ ဘယ်လောက်romantic ဖြစ်လဲ... အခုချက်ချင်းတောင် ကျွန်တော့်ကို ချစ်မိသွားသင့်တယ်}
Author : သူက လူတွေကို လွယ်လွယ်မယုံတတ်ဘူး... ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့....
{ကျွန်တော် ခင်ဗျားရဲ့ အမြင်ကို မလိုဘူး}
ခဏလောက်လမ်းလျှောက်ပြီးတော့ သူတို့Jihoonအိမ်ကို ရောက်သွား၏... တကယ်ပဲ သူ့အိမ်နဲ့ ကျောင်းကနီးနီးလေး.... ယန်က အိမ်ပြန်မယ့်အစား Jihoon ကို အပြင်ဘက်မှာစောင့်နေရင်း authorက ပြောတဲ့အတိုင်းပဲ သူထွက်လာတော့ ရိုးရိုးရှပ်အင်္ကျီနဲ့ ဘောင်းဘီကိုဝတ်ထားပြီး sling bag လွယ်ကာ ထွက်လာလေသည်... သူ ချန်းယန်ကို အိမ်ရှေ့မှာမြင်တော့ ထိတ်လန့်သွားကာ မျက်လုံးတွေကို တဖျတ်ဖျတ်လုပ်ရင်း ထွက်သွားလေ၏...
Author : ငါပြောပါတယ်...သူက လူတွေကို လွယ်လွယ်မယုံတတ်ပါဘူးလို့... သူ့ကို လွယ်လွယ်အရူးလုပ်လို့ မရဘူး...
{မပြောနဲ့.. အဲ့ဒါ သူ့ကိုဒီလိုcharacter မျိုးဖန်တီးထားတဲ့ ခင်ဗျားအမှားလေ}
ယန်က Jihoonကို အမှီလိုက်ပြီး "ဟေး! အခုက မင်းရဲ့ အချိန်ပိုင်း အလုပ်ကိုသွားနေတာလား" ထိုအခါ Jihoonမှာ လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး ယန်ကို မသင်္ကာစွာကြည့်လိုက်လေသည်..." ကိုယ့်ကို အဲ့...အဲ့လိုမကြည့်ပါနဲ့... ကိုယ်မင်းနောက်လိုက်ကြည့်နေတာ မဟုတ်ပါဘူး... အဲ့...အဲ့ဒါကလေး....အင်း... ဟိုဟာ....."
Jihoon မှာ စာရွက်တစ်ရွက်ထုတ်ကာ စာရေးပြောလိုက်ခြင်းဖြင့် ယန်၏စကားကို ဖြတ်လိုက်၏.... သူရေးထားတာက 'ကျွန်တော့်ကို ကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင်ဘဝကို မနှောက်ယှက်ပါနဲ'
"ဒီ...ဒီမှာ ကိုယ်မင်းကို မသက်မသာဖြစ်စေဖို့ မရည်ရွယ်ပါဘူး...အဲ့...အဲ့တာကJihoon ကိုယ်ပြောတာအရင်နားထောင်ပါ...Jihoon!"
{သေစမ်း! သူကျွန်တော့်ဆီက ထွက်ပြေးနေတုန်းပဲ သူစိတ်ကုန်သွားတာသေချာတယ်}
ယန်မှာ သူ့နှဖူးကိုရိုက်လိုက်၏..
Author : မင်းသူငယ်ချင်းကို အကူအညီတောင်းသင့်တယ်
{Sunghooလား သူက ဘာလုပ်နိုင်မှာမလို့လဲ}
Author : သူက JN entertainmentရဲ့ပိုင်ရှင်လေ...
{တကယ်!!? အဲ့ဒါကို ဘာလို့ အခုမှပြောတာလဲ!!}
ယန်တစ်ယောက် သက်ပြင်းချကာ မျက်နှာကို ပွတ်သပ်လိုက်၏...
Author : မင်းမှမမေးတာ
{လူလိမ်!! ကျွန်တော် ခင်ဗျားကို စောစောကမေးသားပဲ}
Zawgyi
Author : မင်းမှမမေးတာ