စာသင်နှစ်ကြီးပြီးသွားတော့ ဂျွန်ဂယူလည်း ဆိုလ်းမှာအလုပ်လုပ်နေသည့်အဒေါ်အိမ်မှာသွားနေရင်း ဝင်ခွင့်အတွက်အချိန်ပိုင်းအလုပ်လုပ်ကာ စောင့်ရမည်ဟုဖြစ်လာသည်။အဒေါ်ကကော်ဖီဆိုင်ရဲ့မန်နေဂျာဖြစ်တာကြောင့် ဂျွန်ဂယူအတွက်အချိန်ပိုင်းအလုပ်လေးအလွယ်တကူရနိုင်မှာဖြစ်သည်။ ဆိုလ်းကိုနောက်တစ်ပတ်နေရင်သွားရတော့မှာဖြစ်ပြီး ဒီကြားထဲဟာရူတိုကသူ့ဆီ မိုးလင်းတာနဲ့ရောက်နေလေပြီ။
“ဂျွန်ဂယူယား မင်းတစ်ကယ်ပဲသွားရက်တာလား”
သူ့ရဲ့cool guy ရုပ်ကြီးမှအားမနာချွဲပြောနေသည့် လူကိုကြည့်ပြီး ဂျွန်ဂရူသဘောကျစွာပြုံးလိုက်သည်။
“မင်းရော အဆောင်နေပြီးကျောင်းတတ်ရတော့မှာမဟုတ်လား။ငါဒီမှာရှိရင်လည်း ငါတို့နေ့တိုင်းတွေ့ရမှာမဟုတ်တော့ဘူး”
“အနည်းဆုံးတစ်ပတ်တစ်ခါတော့တွေ့ရတယ်လေ”
ဟာရူတိုကသူ့ကိုရူးအောင်လုပ်နေတာပဲ။သူကသူငယ်ချင်းကိုမခွဲချင်လို့ပြောနေတာဆိုပေမယ့် မရိုးမသားစိတ်ရှိနေတဲ့သူကအရမ်းခံစားရသည်။သူညတိုင်းငိုတာ ဘယ်သူမှမသိနိုင်ပါ။ မဖြစ်နိုင်တဲ့ဘဝကြီးမှာ သံယောဇာဉ်ကြိုးတွေခိုင်မာလာမှာ မလိုလားဘူး။ဒါကြောင့်သူနဲ့အဝေးဆုံးမှာနေပြီးအဝေးကနေပဲချစ်မယ်။မပိုင်ဆိုင်ရလဲ ငေးကြည့်နေရတာနဲ့တင် ဂျွန်ဂယူအတွက်လုံလောက်ပါတယ်။အနည်းဆုံးတော့တစ်သက်လုံး သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ် ရင်ထဲမှာရှိနေမှာလေ။ဒီလောက်နဲ့ပဲ........
---------
“ဂျွန်ဂယူရား မင်းတစ်နေကုန်ဘယ်တွေပျောက်နေတာလဲ”
ဂျွန်ဂယူကဟာရူတိုကို Comos ပန်းခင်းတွေရိရာလမ်းပေါ်သို့လှမ်းခေါ်လိုက်သည်။သူအရဲစွန့်ပြီး နောက်ဆုံးအနေနဲ့ ဒီတစ်ခုကိုလုပ်သွားချင်သည်။ဟာရူတိုကချက်ချင်းသဘောပေါက်ခဲ့ရင်ဆိုတဲ့အတွေးဟာလဲ သူ့ရင်ထဲကိုဗြောင်းဆန်လှုပ်ရှားစေ၏။
“ဟာရူတိုငါမင်းကိုပေးစရာရှိတယ်”
“.......”
ဟာရူတိုက သူ့အားရပ်ပြီးကြည့်နေစဉ် လက်အနောက်မှာဖွက်ထားသည့်ပန်းလေးတစ်ပွင့်ကိုဂျွန်ဂရူကထုတ်ပေးလိုက်သည်။
“ဟင်! ငါ့ကိုဘာလို့အဲ့တာပေးချင်တာလဲ။ဒီပန်းကတစ်ခုခုထူးခြားလို့လား”
“ဘာထူးခြားတာမြင်လဲ”
“ဒီမှာရှိတဲ့ ပန်းတွေနဲ့အရောင်ကွဲထွက်နေတယ်။သူကအညိုရောင်လေး။အဲ့အညိုရောင် Comos ကတစ်ခုခုထူးခြားလို့လား”
“အင်း ချောကလက်ရောင်လေးလေ။ ပန်းလေးတွေတိုင်းမှာ သူ့အရောင်နဲ့သူ သူ့အမျိုးစားနဲ့သူအဓိပ္ပါယ်ရှိကြတယ်တဲ့”
“အာ ဒီအကြောင်းဆို မမယူရီနဲ့ဆွေးနွေးသင့်တာ”
“ဒါပေမယ့်ဒါက မင်းအတွက်နော်။”
“အင်းပါ။ မင်းပေးတာဘာမဆို ငါသိမ်းထားပါ့မယ်”
“ဒါပေမယ့်ပန်းလေးတွေက ကြာကြာမခံဘူးနော်”
ဟာရူတိုပန်းလေးကိုကိုင်ပြီး ဂျွန်ဂယူအားမှင်သေသေကြည့်လာကာ..
“မင်းအရမ်းထူးဆန်းနေတယ်။ပြောချင်တာတစ်ခုခုရှိရင်ပြောလိုက်ပါလား”
“မရှိပါဘူး။ဒါဆိုငါသွားပြီ။မနက်ဖြန်ငါ့ကိုရှာချင်တာဖြစ်ဖြစ်ငါ့ဦးလေးအိမ်ကိုလာနော်။ငါအဲ့ကနေ ထွက်မှာ”
“အင်းပါ”
ဂျွန်ဂယူအရမ်းထူးဆန်းနေတာတော့အမှန်ပင်။
-----------
ဂျွန်ဂယူတစ်ယောက် စိတ်လှုပ်ရှားနေသည်။ဟာရူတိုများပန်းလေးရဲ့အဓိပ္ပါယ်ကိုသိသွားပြီလား။သူသာ သိသွားခဲ့လို့လက်ခံမယ်ဆို ဆိုလ်းကိုသွားမယ့်အစီစဉ်ဖျက်လိုက်တော့မှာ။
ညနေ၄နာရီရထားထွက်တော့မှာ အခု၂နာရီရှိပြီ။ဟာရူတို၏အရိပ်ယောင်ကိုသူမမြင်သေး။ဒီအတိုင်းဆိုရင်တောင်မနက်တည်းကရောက်လာမှာ။ပန်းလေးအဓိပ္ပါယ်ကိုသိသွားလို့များလား။ သူထိုသို့တွေးနေစဉ်မှာပဲ
“ဂျွန်ဂယူရား ....”
ဂျွန်ဂယူအရမ်းပျော်သွားသည်။ဟာရူတိုကလက်ထဲမှာ အထုတ်ပိုးတွေနှင့်သူဆီပြေးလာနေတာဖြစ်၏။
“ဟာရူတို”
ဟာရူတိုကမောနေတာကြောင့်ရုတ်တရက်စကားမပြောနိုင်ပဲအမောဖြေနေရာ ဂျွန်ဂယူ၏နှလုံးသားလေးမှာခုန်ပေါက်နေရ၏။
“ဆောရီးပါ။ငါမင်းအတွက် မုန့်တွေလုပ်နေလို့နောက်ကျသွားတယ်”
“ကျေးဇူးပါပဲ”
“ကောင်းကောင်းသွားနော်”
ဟာရူတိုက ထိုသို့ပြောပြီးသူ့ကိုကြည့်ကာပြုံးနေ၏။
“တစ်ခုခုပြောစရာမရှိဘူးလား”
“အာ ...ဟိုရောက်ရင် ကျန်းမာရေဂရုစိုက်နော်”
ဂျွန်ဂယူလိုချင်တာဒီစကားမဟုတ်။
“ပန်းလေးတွေအကြောင်းလေ့လာဖြစ်လား”
“ငါမလေ့လာဖြစ်ဘူး။မနေ့ကမင်းပေးတဲ့ပန်းမျိုးငါလိုက်ရှာတာတစ်နေရာမှမတွေ့ဘူး။ငါတောင်းပန်ပါတယ်။မင်းသဘောကျတဲ့ဟာမရှာပေးနိုင်ခဲ့ဘူး။”
“ရပါတယ်။ငါသဘောကျတာမဟုတ်ပါဘူး။မင်းကိုပေးချင်တာပါ”
“မင်း အရမ်းထူးဆန်းနေတယ်။”
“ဂျွန်ဂရူ ရထားချိန်နီးပြီ”
“ဟုတ် လာပြီ လေးလေး”
---------
ရထားကြီးကတရွေ့ရွေ့မွေးရပ်မြေလေးအားစွန့်ခွာနေသည်။တဖြည်းဖြည်းနဲ့ ကျန်ခဲ့သည့် အလွန်လှပလွမ်းမောဖွယ်ကောင်းသော မွေးရပ်မြေလေးကို ရထားပြတင်းပေါက်မှခေါင်းလေးမှီကာ ဂျွန်ဂယူငေးရင်းမျက်ရည်စလေးတွေကလေနှင့်အတူလွင့်ပါနေ၏။
“ငါမင်းကိုဘယ်သူထက်မဆိုပိုချစ်တယ် ဟာရူတို။ငါမင်းကိုအဲ့ဒီပန်းလေးနဲ့ချစ်ခွင့်ပန်နေတာမင်းမသိဘူးလား”
ချောကလက်ရောင် Comos ပန်းလေးရဲ့အဓိပ္ပါယ်က ငါမင်းကိုဘယ်သူထက်မဆိုပိုချစ်တယ်တဲ့။
Zawgyi
စာသင္ႏွစ္ႀကီးၿပီးသြားေတာ့ ဂြၽန္ဂယူလည္း ဆိုလ္းမွာအလုပ္လုပ္ေနသည့္အေဒၚအိမ္မွာသြားေနရင္း ဝင္ခြင့္အတြက္အခ်ိန္ပိုင္းအလုပ္လုပ္ကာ ေစာင့္ရမည္ဟုျဖစ္လာသည္။အေဒၚကေကာ္ဖီဆိုင္ရဲ႕မန္ေနဂ်ာျဖစ္တာေၾကာင့္ ဂြၽန္ဂယူအတြက္အခ်ိန္ပိုင္းအလုပ္ေလးအလြယ္တကူရနိုင္မွာျဖစ္သည္။ ဆိုလ္းကိုေနာက္တစ္ပတ္ေနရင္သြားရေတာ့မွာျဖစ္ၿပီး ဒီၾကားထဲဟာ႐ူတိုကသူ႕ဆီ မိုးလင္းတာနဲ႕ေရာက္ေနေလၿပီ။
“ဂြၽန္ဂယူယား မင္းတစ္ကယ္ပဲသြားရက္တာလား”
သူ႕ရဲ႕cool guy ႐ုပ္ႀကီးမွအားမနာခြၽဲေျပာေနသည့္ လူကိုၾကည့္ၿပီး ဂြၽန္ဂ႐ူသေဘာက်စြာၿပဳံးလိုက္သည္။
“မင္းေရာ အေဆာင္ေနၿပီးေက်ာင္းတတ္ရေတာ့မွာမဟုတ္လား။ငါဒီမွာရွိရင္လည္း ငါတို႔ေန႕တိုင္းေတြ႕ရမွာမဟုတ္ေတာ့ဘူး”
“အနည္းဆုံးတစ္ပတ္တစ္ခါေတာ့ေတြ႕ရတယ္ေလ”
ဟာ႐ူတိုကသူ႕ကို႐ူးေအာင္လုပ္ေနတာပဲ။သူကသူငယ္ခ်င္းကိုမခြဲခ်င္လို႔ေျပာေနတာဆိုေပမယ့္ မရိုးမသားစိတ္ရွိေနတဲ့သူကအရမ္းခံစားရသည္။သူညတိုင္းငိုတာ ဘယ္သူမွမသိနိုင္ပါ။ မျဖစ္နိုင္တဲ့ဘဝႀကီးမွာ သံေယာဇာဥ္ႀကိဳးေတြခိုင္မာလာမွာ မလိုလားဘူး။ဒါေၾကာင့္သူနဲ႕အေဝးဆုံးမွာေနၿပီးအေဝးကေနပဲခ်စ္မယ္။မပိုင္ဆိုင္ရလဲ ေငးၾကည့္ေနရတာနဲ႕တင္ ဂြၽန္ဂယူအတြက္လုံေလာက္ပါတယ္။အနည္းဆုံးေတာ့တစ္သက္လုံး သူ႕ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းအျဖစ္ ရင္ထဲမွာရွိေနမွာေလ။ဒီေလာက္နဲ႕ပဲ........
---------
“ဂြၽန္ဂယူရား မင္းတစ္ေနကုန္ဘယ္ေတြေပ်ာက္ေနတာလဲ”
ဂြၽန္ဂယူကဟာ႐ူတိုကို Comos ပန္းခင္းေတြရိရာလမ္းေပၚသို႔လွမ္းေခၚလိုက္သည္။သူအရဲစြန႔္ၿပီး ေနာက္ဆုံးအေနနဲ႕ ဒီတစ္ခုကိုလုပ္သြားခ်င္သည္။ဟာ႐ူတိုကခ်က္ခ်င္းသေဘာေပါက္ခဲ့ရင္ဆိုတဲ့အေတြးဟာလဲ သူ႕ရင္ထဲကိုေျဗာင္းဆန္လႈပ္ရွားေစ၏။
“ဟာ႐ူတိုငါမင္းကိုေပးစရာရွိတယ္”
“.......”
ဟာ႐ူတိုက သူ႕အားရပ္ၿပီးၾကည့္ေနစဥ္ လက္အေနာက္မွာဖြက္ထားသည့္ပန္းေလးတစ္ပြင့္ကိုဂြၽန္ဂ႐ူကထုတ္ေပးလိုက္သည္။
“ဟင္! ငါ့ကိုဘာလို႔အဲ့တာေပးခ်င္တာလဲ။ဒီပန္းကတစ္ခုခုထူးျခားလို႔လား”
“ဘာထူးျခားတာျမင္လဲ”
“ဒီမွာရွိတဲ့ ပန္းေတြနဲ႕အေရာင္ကြဲထြက္ေနတယ္။သူကအညိုေရာင္ေလး။အဲ့အညိုေရာင္ Comos ကတစ္ခုခုထူးျခားလို႔လား”
“အင္း ေခ်ာကလက္ေရာင္ေလးေလ။ ပန္းေလးေတြတိုင္းမွာ သူ႕အေရာင္နဲ႕သူ သူ႕အမ်ိဳးစားနဲ႕သူအဓိပၸါယ္ရွိၾကတယ္တဲ့”
“အာ ဒီအေၾကာင္းဆို မမယူရီနဲ႕ေဆြးေႏြးသင့္တာ”
“ဒါေပမယ့္ဒါက မင္းအတြက္ေနာ္။”
“အင္းပါ။ မင္းေပးတာဘာမဆို ငါသိမ္းထားပါ့မယ္”
“ဒါေပမယ့္ပန္းေလးေတြက ၾကာၾကာမခံဘူးေနာ္”
ဟာ႐ူတိုပန္းေလးကိုကိုင္ၿပီး ဂြၽန္ဂယူအားမွင္ေသေသၾကည့္လာကာ..
“မင္းအရမ္းထူးဆန္းေနတယ္။ေျပာခ်င္တာတစ္ခုခုရွိရင္ေျပာလိုက္ပါလား”
“မရွိပါဘူး။ဒါဆိုငါသြားၿပီ။မနက္ျဖန္ငါ့ကိုရွာခ်င္တာျဖစ္ျဖစ္ငါ့ဦးေလးအိမ္ကိုလာေနာ္။ငါအဲ့ကေန ထြက္မွာ”
“အင္းပါ”
ဂြၽန္ဂယူအရမ္းထူးဆန္းေနတာေတာ့အမွန္ပင္။
-----------
ဂြၽန္ဂယူတစ္ေယာက္ စိတ္လႈပ္ရွားေနသည္။ဟာ႐ူတိုမ်ားပန္းေလးရဲ႕အဓိပၸါယ္ကိုသိသြားၿပီလား။သူသာ သိသြားခဲ့လို႔လက္ခံမယ္ဆို ဆိုလ္းကိုသြားမယ့္အစီစဥ္ဖ်က္လိုက္ေတာ့မွာ။
ညေန၄နာရီရထားထြက္ေတာ့မွာ အခု၂နာရီရွိၿပီ။ဟာ႐ူတို၏အရိပ္ေယာင္ကိုသူမျမင္ေသး။ဒီအတိုင္းဆိုရင္ေတာင္မနက္တည္းကေရာက္လာမွာ။ပန္းေလးအဓိပၸါယ္ကိုသိသြားလို႔မ်ားလား။ သူထိုသို႔ေတြးေနစဥ္မွာပဲ
“ဂြၽန္ဂယူရား ....”
ဂြၽန္ဂယူအရမ္းေပ်ာ္သြားသည္။ဟာ႐ူတိုကလက္ထဲမွာ အထုတ္ပိုးေတြႏွင့္သူဆီေျပးလာေနတာျဖစ္၏။
“ဟာ႐ူတို”
ဟာ႐ူတိုကေမာေနတာေၾကာင့္႐ုတ္တရက္စကားမေျပာနိုင္ပဲအေမာေျဖေနရာ ဂြၽန္ဂယူ၏ႏွလုံးသားေလးမွာခုန္ေပါက္ေနရ၏။
“ေဆာရီးပါ။ငါမင္းအတြက္ မုန႔္ေတြလုပ္ေနလို႔ေနာက္က်သြားတယ္”
“ေက်းဇူးပါပဲ”
“ေကာင္းေကာင္းသြားေနာ္”
ဟာ႐ူတိုက ထိုသို႔ေျပာၿပီးသူ႕ကိုၾကည့္ကာၿပဳံးေန၏။
“တစ္ခုခုေျပာစရာမရွိဘူးလား”
“အာ ...ဟိုေရာက္ရင္ က်န္းမာေရဂ႐ုစိုက္ေနာ္”
ဂြၽန္ဂယူလိုခ်င္တာဒီစကားမဟုတ္။
“ပန္းေလးေတြအေၾကာင္းေလ့လာျဖစ္လား”
“ငါမေလ့လာျဖစ္ဘူး။မေန႕ကမင္းေပးတဲ့ပန္းမ်ိဳးငါလိုက္ရွာတာတစ္ေနရာမွမေတြ႕ဘူး။ငါေတာင္းပန္ပါတယ္။မင္းသေဘာက်တဲ့ဟာမရွာေပးနိုင္ခဲ့ဘူး။”
“ရပါတယ္။ငါသေဘာက်တာမဟုတ္ပါဘူး။မင္းကိုေပးခ်င္တာပါ”
“မင္း အရမ္းထူးဆန္းေနတယ္။”
“ဂြၽန္ဂ႐ူ ရထားခ်ိန္နီးၿပီ”
“ဟုတ္ လာၿပီ ေလးေလး”
---------
ရထားႀကီးကတေ႐ြ႕ေ႐ြ႕ေမြးရပ္ေျမေလးအားစြန႔္ခြာေနသည္။တျဖည္းျဖည္းနဲ႕ က်န္ခဲ့သည့္ အလြန္လွပလြမ္းေမာဖြယ္ေကာင္းေသာ ေမြးရပ္ေျမေလးကို ရထားျပတင္းေပါက္မွေခါင္းေလးမွီကာ ဂြၽန္ဂယူေငးရင္းမ်က္ရည္စေလးေတြကေလႏွင့္အတူလြင့္ပါေန၏။
“ငါမင္းကိုဘယ္သူထက္မဆိုပိုခ်စ္တယ္ ဟာ႐ူတို။ငါမင္းကိုအဲ့ဒီပန္းေလးနဲ႕ခ်စ္ခြင့္ပန္ေနတာမင္းမသိဘူးလား”
ေခ်ာကလက္ေရာင္ Comos ပန္းေလးရဲ႕အဓိပၸါယ္က ငါမင္းကိုဘယ္သူထက္မဆိုပိုခ်စ္တယ္တဲ့။