The story of first love ( Com...

By Jeon_Audery

9.3K 901 51

ငါတို့ဘယ်ရထားမှာများလွဲခဲ့သလဲထယ် နှစ်ဦးလုံးကဆုံမှတ်တူနေသည့်တိုင်တွေ့ဆုံခွင့်မရှိအောင်ဘလိုများလွဲချော်နေရတာလ... More

The story of first love
The story of first Love
The Story Of First Love
The Story Of First Love
The Story Of First Love
The Story Of First Love
The Story Of First Love
Final

The Story of First Love

683 81 4
By Jeon_Audery


မပျက်မကွက်အမြဲပို့နေတဲ့သူ့စာတွေဟာဂျွန့်ဆီမရောက်လေသလား

အမြဲလိုလိုစာတွေပို့နေပေမယ့်တုန့်ပြန်ခြင်းမရှိတဲ့အခါသူ့စာတွေကပါတစ်ဖက်သက်ဆန်လာသည်။

ထိုအခြေအနေထိတိုင် သူ့ဟာမပြောင်းမလဲစာတွေပို့မြဲသာ

သူ့အ​ပေါ်တစ်ခါမှ​ဒေါ်သထွက်လေ့မရှိတဲ့အဖိုးက စာတွေနဲ့ပက်သက်လာတော့ထူးထူးဆန်းဆန်းပင်ဒေါသတကြီးဆူသည်။

သူကိုယ်တိုင်လည်းပင်ပန်းလာတာတစ်ကြောင်း အသက်ကြီးနေပြီဖြစ်တဲ့အဖိုးကိုသောကမပေးချင်တာကြောင့်ပါစာတွေရေးတဲ့အပေါ်လက်လျှော့လိုက်ရသည်။

ငြိမ်နေရင်လဲအတွေးတွေကမသက်ဆိုင်တဲ့နေရာဆီရောက်သွားတက်တာကြောင့် အဖိုးမပင်ပန်းရအောင်ပါအိမ်အလုပ်တွေသိမ်းကျုံးလုပ်နေရတယ်...အနည်းဆုံးတော့စာတွေအကြောင်းမတွေးဖြစ်တော့ဘူး...။

" အဖိုးအဲ့တာတွေချထားလိုက်တော့ ကျနော်လုပ်လိုက်မယ်"

တက်ကြွနေတာမျိုးမဟုတ်ဘဲ အလုပ်တွေရှာဖွေလုပ်နေသည့်အခါ ရှေးလူကြီးဖြစ်တဲ့အဖိုးကသဘောကျနေပုံ

စိတ်မြန်လက်မြန်ရှိတဲ့အဖိုးက အလုပ်နဲ့လက်နဲ့မပြတ်စေအောင်အမြဲတကုပ်ကုပ်လုပ်နေတက်ပြီး သူ့ကိုလဲအပျင်းကြီးနေရင်မကြိုက်ပါ ။

သူ့စကားအတိုင်းစတော်ဘယ်ရီစိုက်ခင်းထဲကထွက်လာတဲ့အဖိုးကို ငြိမ်နေဖို့မှာရင်း ပွယောင်းယောင်းအဝတ်တွေနဲ့ဦးထုပ်တစ်လုံးဆောင်းကာ စိုက်ခင်းထဲအသီခူးဖို့ဝင်လာခဲ့သည်။

ခပ်ရဲရဲစတော်ဘယ်ရီသီးတစ်ချို့ကိုဂရုတစိုက်ခူးရင်း အတွေးတွေက စတော်ဘယ်ရီသကြားလုံးသူ့ခေါင်းပေါ်ပြစ်ပေါက်တဲ့အချိန်ကိုရောက်လို့သွားချေပြီ

ဂျစ်ကန်ကန်ထိုလူဆိုးကောင်ကိုအဖိုးမသိအောင်ခိုးပြီးသူငယ်ချင်းလုပ်ရာကနေ အချစ်ဦးဖြစ်လာလိမ့်မယ်လို့သူမတွေးထားမိခဲ့ဘူး

အကျိုးအကြောင်းမသင့်ဘဲစတော်ဘယ်ရီတစ်လုံးတောင်သူ့ကိုဝမ်းနည်းစေသည်မှာအတော်ကိုလွန်နေပါပြီ။

" ထယ်ယောင်း...မြေးလေး!  မင်းသူငယ်ချင်းတဲ့ကောင်မလေးတစ်ယောက်ရောက်နေတယ်"

" ဗျာ!...ဘာပြောလိုက်တာလဲအဖိုးကျနော်မကြားလိုက်ဘူး "

ရူးကြောင်ကြောင်စတော်ဘယ်ရီသီးကြောင့်အသံတုန်ရင်နေတဲ့သူ့စိတ်ကိုပြန်ထိန်းလိုက်သည်။

အဖိုးကတော့သူ့ သူငယ်ချင်းဆိုသူရောက်နေကြောင်းလှမ်းအော်၏

ဂျွန်ဂျောင်ကုကလွဲလို့သူငယ်ချင်းမရှိတဲ့သူ့ဆီကိုဘယ်သူများရောက်လာသနည်း။

သိချင်စိတ်ကြောင့်လှမ်းကြည့်တော့ အဖိုးဘေးနားကနေစက်ဘီးလေးကိုင်ထားရင်းလက်လှမ်းပြနေတဲ့ယူဂျင်းကိုတွေ့ရသည်။

ယူဂျင်းကသူ့ဆီကိုဘာလာလုပ်တာပါလိမ့်

" အော ယူဂျင်းနင်ကဘလိုလုပ်ပြီး...? "

" နင့်ကိုတွေ့ချင်လို့လိုက်လာတာလေ ကျောင်းပိတ်ကတည်းကမတွေ့ရဘူးမလား"

" အင်းအဲ့လိုဆိုပေမယ့် ငါ့အိမ်လိပ်စာကိုနင့်ကိုမပြောပြမိဘူးထင်တာဘဲ"

တကယ်လဲမပြောပြမိသလိုရင်းနှီးတဲ့ဆက်ဆံရေးမရှိတဲ့ယူဂျင်းနဲ့က မေးထူးခေါ်ပြောအဆင့်သာ

" ငါကအတန်းခေါင်းဆောင်လေ ဒါလေးသိတာအံ့သြစရာမရှိပါဘူး "

" အင်း...ငါမေ့သွားတာ"

" ကဲ သူငယ်ချင်းနှစ်ယောက်အပြင်လေးဘာလေးသွားကြပေါ့ မြေးမလေးရဲ့သူငယ်ချင်းကကျောင်းပိတ်ကတည်းကအပြင်မထွက်တာရယ် နှစ်ယောက်သားအပြင်ထွက်ကြအဖိုးမုန့်ဖိုးပေးလိုက်မယ်"

သူ့ကိုအပြင်ထွက်ခိုင်းဖို့တက်ကြွနေတဲ့အဖိုးက အနွေးထည်တွေသေချာဝတ်ပေးလိုက်ကာကလေးတစ်ယောက်လိုလေအရမ်းမတိုက်ခံဖို့နဲ့မုန့်ဖိုးတစ်ချို့ကိုလက်ထဲထည့်ပေးလာ၏

ယူဂျင်းကတော့သူတို့မြေးအဖိုးပုံစံကိုကြည့်ပြီးခပ်အုပ်အုပ်သာရယ်သည်။

" မျက်နှာကြီးဆူပုတ်မနေနဲ့ နည်းနည်းပါးပါးပျော်အောင်နေပါ အဖိုးရဲ့မြေးလေးထယ်ယောင်းကိုပြန်လိုချင်တယ် "

ဘာအဓိပယ်လဲမသိပေမယ့်အဖိုးစိတ်ချမ်းသာအောင်သူ့စက်ဘီးလေးယူရင်းအပြင်ထွက်ဖို့တာဆူရသည်။

" ထယ်ယောင်းငါစက်ဘီးမနင်းချင်တော့လို့နင့်စက်ဘီးနောက်ကလိုက်ခဲ့မယ်ရလား ငါ့စက်ဘီးကိုတော့ဒီမှာထားခဲ့မယ်လေအပြန်ကျလာယူတာပေါ့ "

" မရဘူး"

" အောအော..ငါကညောင်းလာလို့ပါနင်မကြိုက်ရင်လဲမလိုက်ဘူးတော့ဘူး

စိတ်ဆိုးသွားတာမျိုးမဟုတ်ဘဲစိတ်ခုသွားပုံရတဲ့ယူဂျင်းက သူ့ရှေ့ကနေအရင်ထွက်သွားလေသည်။

သူကတော့မပြောင်းလဲတဲ့ခံစားချက်ကြီးဖြင့်လစ်ဟာနေတဲ့သူ့နောက်ကခုံကိုလစ်လျှူရှု့ကာသူ့ရှေ့ကယူဂျင်းနောက်ကိုလိုက်ရတော့သည်။

ထယ်ယောင်းနဲ့ယူဂျင်းတို့ထွက်သွားကာမှပင့်သက်ရှိုက်မိရင်း ဒီနေ့မေ့ပြီးမယူဖြစ်တဲ့စာတိုက်ပုံးထဲကစာကိုသွားယူရသည်။

မြေးဖြစ်သူထယ်ယောင်းက စာတွေဆက်မပို့ပေမယ့် အရင်ရက်တွေကထက် ပိုစိပ်လာတဲ့စာအဆောင်ရည်က စာတိုက်ပုံးထဲအမြဲရောက်ရောက်နေ၏

အစိမ်းရင့်ရင့်စာအိတ်ကလေးကိုစာတိုက်ပုံးထဲကထုတ်ယူလိုက်ရင်း သူဖွက်ထားတဲ့စာအိတ်တွေထဲထိုစာအိတ်ကလေးကိုပါထည့်လိုက်သည်။

အထပ်လိုက်ဖြစ်နေတဲ့စာအိတ်တွေက ပုံးထဲမဆံ့အောင်ပြည့်ကျပ်ညက်နေပြီး မြေးဖြစ်သူပေးတဲ့စာအိတ်တွေပါသိမ်းထားရသည့်အတွက် အတော်ကိုပြည့်လုလုပင်

သူကိုယ်တိုင်ထိုအရာတွေကိုလုပ်နေတဲ့အကြောင်းအရင်းမှာမြေးလေးထယ်ယောင်းကို တစ်ခြားသူလက်ထဲမထည့်ချင်ယုံသာ

ဒီအဖိုးကြီးအသက်ရှိနေတဲ့အချိန်ထိတော့ အတ ကြီးစွာဘဲ သူ့ရဲ့တစ်ဦးတည်းသောခင်တွယ်ရာလေးကိုအနားရှိစေချင်သည်။

မူပျက်နေတဲ့မြေးကိုမယုံကြည်ရာကနေ ပထမဆုံးကိုယ်ရေးကိုယ်တာကိုဝင်စွတ်ဖတ်သည့်အခါ သူ့မြေးကိုရင်ခွင်ထဲကဆွဲထုတ်ချင်တဲ့စာတစ်ဆောင်ဖြစ်သည်။

အဖိုးကိုယုံကြည်လို့အမြဲပို့ခိုင်းနေကြစာတွေကလည်း သူ့ဆီမှာသာသောင်တင်နေပြီး ထယ်ယောင်းမသိအောင် တစ်ဖက်ကစာတွေကိုသိမ်ထားရသည်မှာသူ့အလုပ်တစ်ခု

စာတွေမလာလို့မှိုင်တွေနေသည့်အခါသူစိတ်မကောင်းဖြစ်ယုံမှတစ်ပါးတစ်ခြားမတက်နိုင်
သူကတော့ထိုစာတွေကိုထယ်ယောင်းလက်ထဲမရောက်အောင်လုပ်နေအုံးမှာ

_______________

" ထယ်ယောင်းငါတို့ဘယ်သွားကြမလဲ "

" ဘယ်သွားမလဲမတွေးဘဲငါ့ကိုခေါ်လာတာလားယူဂျင်း "

" ငါကနင့်ကိုတွေ့ချင်ယုံလေးဘဲလေ ဘယ်သွားမယ်လို့မှတွေးမလာတာ "

" အောထားတော့ ငါသိတဲ့နေရာဘဲသွားတော့မယ် "

ထယ်ယောင်းသိတဲ့နေရာဆိုတာ ကားဂိတ်ခုံတန်းလေးဖြစ်နေတာကြောင့်ယူဂျင်းကြောင်သွားရ၏

လှတဲ့နေရာတစ်ခုဖြစ်ဖြစ် လေကောင်းလေသန့်ရမယ့်နေရာမျိုးဖြစ်ဖြစ်ခေါ်သွားမယ်ထင်ခဲ့တာ

အခုတော့ဘာမှရေရေရာရာမရှိတဲ့ကားဂိတ်အဟောင်းလေးဆီလာပြီး ကားအလာနည်းတဲ့ထိုနေရာမှာအဓိပယ်မရှိထိုင်စောင့်နေကြရသည်။

" ဘာလို့ဒီနေရာလဲ ငါကတခြားတစ်ခုထင်တာ"

" ကားတွေကိုကြည့်ရတာပိုအဓိပယ်ရှိလို့ပါ သူတို့က သွားချင်တဲ့နေရာကိုသွားနိုင်တယ်လေ"

" ဆီရှိမှရတာပါနော် နင်သဘောကျရင်လဲငါကအတူနေပေးရုံဘဲမလား"

သူထိုအရာတွေလိုဖြစ်ချင်နေတာကိုတော့မပြောပြမိပါ

တစ်ခါတစ်လေသူဟာသက်မဲ့တဲ့ကားလေးတစ်စီးဖြစ်ချင်နေပြီး တစ်ခါတစ်လေလေယျာဥ်ပျံလေးတစ်ဆင်းဖြစ်ချင်သည်။

အသက်မရှိတဲ့အရာတစ်ခုဆိုပေမယ့် သူလိုချင်တဲ့နေရာကိုခရီးနှင်နှိင်သည်မှာဘလောက်တောင်ကောင်းလိုက်သလဲ

" နင်သိပြီးပြီလားမသိပေမယ့် မြို့တော်ဝန်အသစ်ပြောင်းသွားပြီသိလား "

လောကကြီးနဲ့အဆက်အသွယ်ပျက်နေတော့အံ့သြတာမျိုးလဲမလုပ်နိုင်ဘဲ "အော် "တစ်လုံးသာထွက်နိုင်တော့တာ ။ ယူဂျင်းဆိုလိုချင်တဲံအဓိပယ်က သူ့ရင်ထဲတည့်တည့်ထိပါသည်။

" ဂျောင်ကုပြန်လာတော့ဖို့ကမသေချာလောက်ဘူးထယ်ယောင်းရဲ့ သူငယ်ချင်းအသစ်မထားချင်ဘူးလား ငါကအကောင်းဆုံးသူငယ်ချင်းဖြစ်ပေးမယ်လေ "

" သူငယ်ချင်း?......ငါတို့ကသူငယ်ချင်းမှမဟုတ်တာယူဂျင်းရဲ့ ပြီးတော့ငါ့မှာသူငယ်ချင်းမလိုပါဘူး နင်လဲလုပ်နိုင်မှာမဟုတ်ဘူး "

" ဘာလို့လဲ..သူနင့်ကိုအဆက်အသွယ်တောင်မလုပ်ဘူးမလား ငါကဘာလို့မဖြစ်နိုင်ရမှာလဲ"

ဂျွန်ဂျောင်ကုမဟုတ်လို့ဆိုတဲ့စကားကိုတော့သူမပြောမိလိုက်ဘူး တစ်ဖက်သားလူခံစားစေရဖို့ကိုလဲသူမရည်ရွယ်ရဲတော့ပါ

ဝတ်ကျွေးတစ်ခုဆိုရင်တောင်ငါကကြေအောင်ဆပ်နေတာမလို့တစ်ခြားသူဆီကဝဋ်ကျွေးတွေကိုသူထပ်မလိုချင်တော့ဘူး

" သူအဆက်အသွယ်မလုပ်ဘူးဆိုတာကိုဘာလို့ပြောရတာလဲ ငါ့ဆီမှာသူပို့တဲ့စာတိုင်းရှိနေပြီးငါတို့ဆက်ဆံရေးကဝေးနေပေမယ့်နွေးထွေးပါတယ် "

" ဘာလို့လဲဆိုတော့ ဂျောင်ကုအဖေ Mr.Jeonနဲ့ငါ့အဖေတို့ကသိနေလို့လေ နင်တို့ဆက်ဆံရေးကိုလဲသိထားပြီး ဂျွန်ဂျောင်ကုမှာစေ့စပ်ထားတဲ့သူရှိတာကိုလဲနင့်ကိုသိစေချင်တယ် "

" ငါဂရုမစိုက်ဘူး နင်ပြောတာကိုလဲငါမယုံဘူးယူဂျင်း ဂျွန်ကသူပြန်လာမယ်လို့ပြောခဲ့တာဘဲ"

ဂျွန်ကိုတိုင်သူ့ကိုမပြောသ၍သူဟာယုံမှာမဟုတ်တာကြောင့်နှုတ်ခမ်းကိုသာခပ်တင်းတင်းကိုက်ရင်းယူဂျင်းရဲ့သပုပ်လေလွင့်စကားကိုသာပြန်ချေပလိုက်သည်။

" ငါပြောတာကိုယုံလိုက်သင့်တယ် တစ်ချို့အရာတွေကိုပင်ပန်းခံပြီးဆွဲမထားသင့်ဘူးထယ်ယောင်းရဲ့ နင့်ကိုပင်ပန်းစေတယ်မလား "

" ပြောပြပေးလို့ကျေဇူးပါဘဲ ငါ့ဆုံးဖြတ်ချက်နဲ့ငါမလို့ ဂျွန်မပြောသ၍ငါသူ့ကိုယုံတယ် "

" ပင်ပန်းနေရင်လွှတ်ချရတယ်လေ နင့်ကိုယ်နင်ချစ်စမ်းပါထယ်ယောင်းရယ် "

" အင်း ကျေးဇူးငါသွားတော့မယ် "

ကင်ထယ်ယောင်းရဲ့ပြစ်ပြစ်ခါခါလုပ်ရက်ပုံကနည်းနည်းတော့နာကျဥ်းစရာ ကောင်းသည် ။ သို့ပေမယ့်သူဟာအမှတ်မရှိတဲ့သူတစ်ယောက်မလို့ ဝေးကွာသွားတဲ့ထယ်ယောင်းကျောပြင်လေးကိုသာငေးမြဲငေးဆဲ

ချစ်ခြင်းမေတာဆိုတာ တစ်စုံတစ်ယောက်ကိုငေးကြည့်ခြင်းပဲ​ပေါ့ထယ်ယောင်း..။ မင်းကိုပြ​န် ချစ်ပါမယ်လို့တော့မပါဘူးလေ ။
____________

စိတ်ထဲကမယုံကြည်ဘူးလို့​ကြွေးကြော်နေသည့်တိုင် သူ့အတွေးတွေကအမှန်တရားဖြစ်ကြောင်းထောက်ပြနေသည်

ထိုအရာကမှားယွင်းနေကြောင်းသက်သေပြချင်ပေမယ့် ယုံကြည်လောက်ရတဲ့သက်သေအထောက်ထားမျိုးကိုသူရှာမတွေ့

တစ်ပါးသူယုံကြည်မှု့ထက် ကိုယ်စိတ်ကိုယုံကြည်အောင်လုပ်ဆောင်ရသည့်အခါအခတ်အခဲတွေက တစ်ခုပြီတစ်ခုရယ်

ကံကြမာကိုအပြစ်ပုံချကြည့်မလား...။ ယုံကြည်မှု့ဆိုတာလူကိုယ်တိုင်လုပ်တာဘဲလေသူ့မှာမှအပြစ်မရှိဘဲ။

မွန်းကျပ်လာတဲ့သူ့စိတ်တွေကိုခပ်ပြင်းပြင်းလေစိမ်းတွေသာသယ်ဆောင်သွားစေချင်သည်။ နင်းနေတဲ့စက်ဘီးကလည်းအားမရှိတော့တဲ့သူပမာလိုရာခရီးကိုမရောက်နိုင် ။

ရှုပ်ထွေးလှတဲ့ချည်စတွေက တစ်စချင်းရှုပ်ထွေးနေရင်း ပြသနာရဲ့အစက ပျောက်ကွယ်နေသည်။

တိုက်ပိတ်ခံထားရတဲ့သူတစ်ယောက်လိုအသက်ရှုကျပ်စေတဲ့အရာတွေကိုလွှတ်ချရင်း လေးလံနေတဲ့စက်ဘီးလက်ကိုင်ကိုပါလွှတ်ချမိ၏

ကြွမ်းကျင်နေတဲ့စက်ဘီးစီးခြင်းကြောင့်မှောက်သွားတာမျိုးမရှိဘဲ သူ့လက်နှစ်ဖက်က လေတွေထဲဆန့်တန်းရင်း

ထွက်ပေါက်ဆိုတာဒါမျိုးဖြစ်မယ်လို့တွေးမိပြီး လွတ်မြောက်ချင်လာတဲ့အခါ အဖိုးဖြစ်သူရဲ့အိုမင်းနေပြီဖြစ်သောအသက်အရွယ်ကသူ့အုံးနှောက်ထဲဝင်ရောက်လာသည်။

ငါဟာသိပ်ကို တကိုယ်ကောင်းဆန်လွန်းနေပါလား ။

___________________







.
.





.
.
.
.
.
.
.
.




.
.
.
.
.
.
.
" အင်းအဲ့လိုဆိုပေမယ့် ငါ့အိမ်လိပ်စာကိုနင့်ကိုမပြောပြမိဘူးထင်တယ် "
.
.
.
.
.
.
.
.
" အင်းငါမေ့သွားတာ"
.
.
.
.
.

.
.
.
.
.
.
.
.
.
.
.
.
" မရဘူး"
.
.
" အောအော..နင်ကလည်းငါကညောင်းလာလို့ပါမကြိုက်ရင်လဲမလိုက်ဘူးဟယ်"
.
.











_______________
.
.
.
.
.
.
.
.
.
.
.
.


.
.
.
.
.
.
.
.
.


.
.
.
.
.
.
.
.
.
.
.
.
.
.
.

ဝတ်ကျွေးတစ်ခုဆိုရင်တောင်ငါကကြေအောင်ဆပ်နေတာမလို့တစ်ခြားသူဆီကဝတ်ကျွေးတွေကိုသူထပ်မလိုချင်တော့ဘူး
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

.
.
_____________
.
.










___________________

Continue Reading

You'll Also Like

61.6K 16.1K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
6.4K 678 18
"ငါတို့တွေမှားနေတယ်လို့..မထင်ဘူးလားဂျောင်ကု" "အင်း..အဲ့တာကြာင့်မှားလက်စနဲ့ဆက်မှားကြရအောင်" ⚠️ဝါးနင်း!! By_Kim Mari
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...