Unicode
သူ့ရဲ့သိန်းငှက်လိုမျက်ခုံးနှစ်ဖက်ကို မာန်ပါပါ တွန့်ချိုးပြီး ရှေ့ကလူကို မမှိန်မသုန်စိုက်ကြည့်နေလိုက်တယ်။
မျက်နှာကိုမမြင်ရခင်က ဒေါသထွက်နေဆဲစိတ်တွေဟာ ဒီလူ့မျက်နှာမြင်လိုက်ရတော့ ပျောက်သွားသလိုလို....။
သူက သူ့မိသားစုနဲ့ရန်ဖြစ်လာပြီး စိတ်ပြေလက်ပျောက် ဂျုံခင်းထဲလာထိုင်နေခြင်း။
သူ့ဘ၀မှာအရမ်းအဆင်ပြေခဲ့တယ်။ အစစအရာရာ လိုတိုင်းရခဲ့တယ်။ လူတိုင်းက အားကျပါချည်ရဲ့ဆိုတဲ့ဘ၀ကို သူပိုင်ဆိုင်ထားတယ်။
ဒါတွေအားလုံးက သူ့ကိုစိတ်ကျေနပ်စေတယ်။ ဒီနေ့မတိုင်ခင်ထိပေါ့။
သူအရာအားလုံးကို လက်တွေ့ကျကျမြင်ကြည့်ဖို့ကြိုးစားရတော့မယ်။ ကိုယ်တိုင်ကိုယ်ကျရှာဖွေခြင်းရဲ့ ရလဒ်ကိုလဲသင်ယူရတော့မယ်။
ဒီလိုအတွေးနဲ့ ဒီနေ့ကစပြီး သူ့ရဲ့အမြင်အာရုံကို တစ်ဆုံးဖွင့်လှစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူသစ်ပင်ခပ်ကြီးကြီးကိုရှာပြီး ထိုအပင်ခြေရင်းမှာထိုင်ကာ ပင်စည်ကိုကျောမှီရင်းထိုင်လိုက်တယ်။ မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး အေးချမ်းစွာ အနားယူနေတယ်။ ဒီလိုနေရာမှာတော့ ဆူညံသံတွေမရှိလောက်ဘူးမလား....။
ဒါပေမယ့်....
သူ့ရဲ့နောက်ကျောဘက်ဆီမှ တစ်စုံတစ်ရာကို မကျေနပ်စွာ ပြောနေသံကိုကြားလိုက်ရတယ်။
အစပိုင်းတိုးညင်းပေမယ့် တဖြည်းဖြည်းကျယ်လောင်လာတယ်။
ဒါကသူ့ဒေါသကိုဆွနေတာပဲ။
နောက်ဆုံး ငိုသံတစ်ချို့ကပ်ပါလာတယ်။ သူသာ ဘာမှမပြောရင် ဒီနေရာမှာတင်ငိုချတော့မယ့် သဘောရှိနေတယ်။
မှိတ်ထားတဲ့မျက်လုံးတွေဖွင့်ကာ စိတ်ကိုလျှော့ရင်း ပင်စည်နောက်ကျောဘက်ကို လှည့်ရင်း ပြောလိုက်တယ်။
"ကျေးဇူးပြုပြီးတိတ်တိတ်နေပေးလို့မရဘူးလား"
"ဟင်"
သူပြောလိုက်တော့အံ့အြသွားပုံရတဲ့ ကောင်လေးက ဖြူဖွေးဖွေး ပန်းလေးတစ်ပွင့်လိုမျိုး။
ခနလောက်အံ့အြမှင်သက်သွားရသည်။
ယောကျာ်းတစ်ယောက်အတွက်မသင့်လျော်သော စကားစုဖြစ်သော်ငြား ကောင်ငယ်လေးသည် လှပသော ပန်းတစ်ပွင့်နှင့် အလားတူသည်။
ဒေစီဖြူလေးလိုမျိုး...
အပြစ်ကင်းစင်ပြီး လှပနေလိုက်တာ...
"အဟမ်း"
သူအကြာကြီးစိုက်ကြည့်သွားမိလို့ထင်ပါရဲ့။ ကောင်ငယ်လေးရဲ့ ပါးပြင်ပေါ်မှာ ခုနကလေးတင် သူဖြတ်လာခဲ့တဲ့ နီနီဆွေးဆွေး နှင်းဆီပန်းခင်းကြီးရောက်နေသလိုပါပဲ။
"ခုနက မိတ်ဆွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ် ကျွန်တော်က ဒီမှာဘယ်သူမှမရှိဘူးထင်မိလို့"
"အိုး အခုလိုပြောပေးတာ ချီးကျုးစရာပါပဲ တကယ်တော့ မင်းလွတ်လွတ်လပ်လပ် ရင်ဖွင့်နိုင်ပါတယ်"
ဒါကိုတော့ ဘယ်လိုပြောထွက်မိသွားတယ်မသိ။
စကားလွန်ပြီးမှတော့ နားထောင်ရတော့မည်ပေါ့။
"မိတ်ဆွေ တကယ်ပြောတာလား?"
"ကိုယ်က အဲ့လိုလိမ်ညာမဲ့သူမဟုတ်ပါဘူး ပြီးတော့ ကိုယ့်နာမည်က J"
"J? မဟုတ်မှလွဲ တော်၀င်မင်းသားလား!"
"မင်း...ဘယ်လို"
"မင်းသား PARK JAY ရဲ့ ငယ်နာမည်က Jလေ
ပြီးတော့ အဲ့ဒါကို တခြားသူမှသုံးခွင့်မရှိတာ"
/N:ဒါကထိုခေတ်ကာလ ထိုနိုင်ငံ၏ စည်းမျဉ်းတစ်ခုဖြစ်တယ်။ မင်းညီမင်းသားတစ်ပါးရဲ့ တော်၀င်မျိုးနွယ်တွေရဲ့ အမည်နာမနဲ့ မင်းကဆင်တူနေခွင့်မရှိဘူး။
ဒါကြောင့် Jungwonက သူဟာတော်၀င်မင်းသားမှန်းခွဲခြားနိုင်ခြင်းသာ ဖြစ်တယ်။/
"အိုး ကိုယ် ဒီအချက်ကိုမေ့သွားတယ် မင်းက အံ့အားသင့်စရာကောင်းလောက်အောင် ညဏ်ရည်ထက်မြတ်နေတာပဲ"
"မဟုတ်တာ အရှင် ကျွန်တော်မျိုး ရိုင်းပျမိတာဗွေ မယူပါနဲ့"
ဂျေးက နှုတ်ခမ်းတစ်ဖက်ကို ကော့ညွှတ်ကာ ပြုံးလိုက်တယ်။ ပြီးတော့ခေါင်းရမ်းတယ်။
"မင်းကရော ကိုယ့်ကို ဒီလိုပဲဆက်ဆံမှာလား"
"ဗျာ"
"ကိုယ့်မှာသူငယ်ချင်းမရှိဘူး မင်းနဲ့ကိုယ်နဲ့သူငယ်ချင်းလုပ်ကြမလား?"
"သူငယ်ချင်း? မဖြစ်နိုင်တာ အရှင်က တော်၀င်မင်းသားတစ်ပါးပဲ ကျွန်တော်မျိုးနဲ့မိတ်ဆွေမဖွဲ့သင့်ပါဘူး"
"ရှူး!"
ဂျေးက ဂျောင်၀န်းရဲ့ နားအနီးသို့ တိုးကပ်သွားတယ်။
"ကိုယ်မင်းသားဆိုတာ မင်းပဲသိသေးတယ်"
"...."
"ကိုယ် နန်းတော်ကနေ စိတ်ပြေလက်ပျောက်ထွက်လာခဲ့တာ မင်းနဲ့မိတ်ဆွေဖွဲ့မယ် ပြီးတော့မင်းနဲ့ လိုက်နေမယ် မင်းလက်ခံနိုင်ရဲ့လား"
"အဲ့ဒါက မသင့်လျှော်..."
"သင့်လျှော်တယ်"
"...."
"အကယ်၍ တစ်စုံတစ်ရာသောကိစ္စတွေဖြစ်လာရင်တောင် မင်းကိုမထိခိုက်စေရဘူးလို့ ကိုယ်အာမခံတယ်"
ဂျောင်၀န်းတွေဝေစွာ စဉ်းစားနေမိတယ်။ ဦးနှောက်က လက်မခံဖို့တွန်းအားပေးနေပေမယ့် မင်းသားရဲ့ စူးရှတဲ့ မျက်၀န်းတွေကို မတွန်းလှန်နိုင်ခဲ့။
"ကျွန်တော့်ရဲ့ကိုယ်ပိုင်အိမ်ရှိတယ် ပိတ်ရက်ဆို ကျွန်တော်က ဒီမှာလာနေ နေကြလေ ကျွန်တော့်အိမ်က အများကြီးမကောင်းမွန်တာမို့ အရှင် နေနိုင်ပါ့မလား"
"ဒါက ကိုယ့်အတွက်အတွေ့အကြုံအသစ်ဖြစ်တာပေါ့ လိုက်နေမယ်"
"...."
နောက်ဆုံးထိ အရှင်က အလျှော့မပေးခဲ့ဘူးပဲ။
ဒါဆိုငါကရော ဘာလို့ နောက်ဆုံးထိ ပစ်ပစ်ခါခါ မငြင်းနိုင်ရတာလဲ။
__________
ဂျေးက အိမ်ကိုလိုက်လံကြည့်ရှုနေတယ်။ ဒါက တော်၀င်နန်းဆောင်လောက်မခမ်းနားပေမယ့် တောင်၀င်နန်းဆောင်ထက် အေးချမ်းပြီးလှပတယ်လို့ သူတွေးမိတယ်။
နံရံတွေဆီ အကြည့်ပို့မိတော့ သူတစ်ချက်ရယ်လိုက်တယ်။ ပန်းချီကားတွေကိုကြည့်ရတာ ကလေးတစ်ယောက်ယောက် လက်ဆော့ထားတာနဲ့တူတယ်။
"ဘာရယ်တာလဲ အရှင်"
"အဲ့ပန်းချီကားတွေ ဘယ်သူဆွဲတာလဲ"
"ကျိန်းသေပေါက်ကို ကျွန်တော်ဆွဲတာပေါ့"
"မလှဘူးဆိုတာရော မင်းသိရဲ့လား"
"...."
"...."
"သိပါတယ်..."
စိတ်မကောင်းဖြစ်သွားပုံရတဲ့ ကောင်ငယ်လေးကိုကြည့်ရင်း သူစကားမှားသွားတာကို ဂျေးသိလိုက်တယ်။
"ကိုယ်က ဒီတိုင်းပြောလိုက်တာပါ..."
"...."
"ဒါမှမဟုတ် ကိုယ်သင်ပေးရမလား?"
"ဟင်"
ကြယ်တာရာတွေလိုလင်းလက်နေတဲ့မျက်လုံးဝိုင်းတွေကိုမြင်မှ ဂျေးစိတ်ထဲသက်သာရာရတော့တယ်။
သူလဲ ဒီကောင်ငယ်လေးနဲ့မှ အသေးအဖွဲ့လေးတောင် လိုက်ကြည့်နေမိတာပဲ။
"ကိုယ်က ပန်းချီနဲ့ပတ်သတ်ပြီး ဆုတွေရခဲ့ဖူးတယ်လေ ကိုယ်သင်ပေးနိုင်ပါတယ်"
"သိတာပေါ့"
"ဟင်"
"အာ မဟုတ်ဘူး"
"ဟုတ်ပြီ ဒါဆို မနက်ဖြန်ကစ သင်ပေးမယ်လေ ဒီလိုဆို မင်းကိုယ့်ကိုခေါ်ထားရတာ အကျိုးရှိသွားပြီနော် အပြန်အလှန်ကူညီကြတာပေါ့"
"ဟုတ်..ကဲ့.."
"ညစာစားချိန်တောင်ရောက်ပြီ မင်းဟင်းချက်တတ်လား"
"ဟို...ဟီး မချက်တတ်ဘူးအရှင်"
"ဟမ် ဒါဆို မင်းတစ်ယောက်ထဲဘယ်လိုစားလဲ"
"ဒီလိုပဲ..."
"ဒါကြောင့် ဒီလိုသေးကွေးနေတာ"
"...."
"ကိုယ်ချက်ကျွေးမယ်"
"မသင့်လျှော်ပါဘူးအရှင်"
"မသင့်လျှော်လဲ မသိချင်ယောင်ဆောင်လိုက်တော့ နှစ်ယောက်လုံး ထမင်းငတ်ကုန်လိမ့်မယ်"
ဂျောင်၀န်းဘာမှမပြောမိတော့ မင်းသားလုပ်သမျှကိုသာ ထိုင်ကြည့်နေမိသည်။ အချိန်၃နာရီကြာပြီးမှာ အရသာရှိသော စားကောင်းသောက်ဖွယ်များက မျက်စိရှေ့သို့ရောက်လာသည်။
အချိန်က အတော်လင့်နေပြီဆိုပေမယ့်လို့ပေါ့။
"စားကောင်းလိုက်တာ စားဖူးသမျှထဲ အကောင်းဆုံးပဲ"
"ဒါက မြှောက်ပင့်နေတာလား"
"မဟုတ်ရပါဘူးအရှင်ရဲ့ ကျွန်တော်တကယ်ပြောတာ"
ဂျောင်၀န်းကထိုသို့ပြောတော့ ဂျေးက နှုတ်ခမ်းစွန်းတစ်ဖက်ကို ကွေးရုံမျှပြုံးသည်။
အိုး! ချောလိုက်တာ။ ဒီလိုသာဆက်သွားနေရင် ကျွန်တော်အရှင့်လက်ထဲက ရုန်းထွက်နိုင်မှာမဟုတ်တော့ဘူးထင်ပါရဲ့။
အိပ်ရာ၀င်ခါနီးမှာ ဂျောင်၀န်းအခန်းရှေ့ငူငူကြီးရပ်နေမိတယ်။ သူ့နောက်မှာ ကိုယ်လက်ဆေးပြီးသွားတဲ့ ဂျေးပါရောက်လာတယ်။
"ဘာလို့လဲ"
"အိပ်ရာက...တစ်ခုပဲရှိတယ်အရှင်"
"အင်း...တကယ်တော့ ကိုယ်မအိပ်ချင်သေးဘူး အိမ်နောက်မှာ မီးဖိုမွှေးထားတယ် ကိုယ်နဲ့စကားပြောမလား?"
"အာ...ဟုတ်ကဲ့"
အေးမြတဲ့ မြောက်လေက ညချမ်းရဲ့ သဘာ၀ကို အပြည့်အ၀ ခံစားနိုင်ဖို့ရာ တိုက်ခတ်နေတယ်။
လတ်ဆတ်တဲ့ဂျုံနံ့တွေကတော့ လေတစ်ချက်ဝေ့လိုက်တိုင်း တစ်၀ကြီးရှူရှိုက်မိစေတယ်။
ကြယ်ရောင်တွေက ကောင်းကင်တစ်ခုလုံးအပြည့် မရှိသေးပေမယ့် လခြမ်းကွေးကွေးလေးကတော့ ၀င်းလက်နေတာပဲ။
မီးဖိုနားမှာထိုင်ရင်း မီးခိုးငွေ့လေးတွေကိုလဲ တစ်ချက်ချက်ရတယ်။ ဒါက မွှေးပျံတဲ့သဘာ၀ရဲ့ ရနံ့တွေပဲ။
အရမ်းလှပပြီး အရမ်းနူးညံ့တယ်!
"မင်းနာမည်ကိုယ့်ကိုမပြောရသေးဘူးနော်"
"အော် ဟုတ်သား ကျွန်တော့်နာမည်က Yang JungWonပါ"
"အင်း ပြောပါအုံး Mr.Yangက ကိုယ်နဲ့အတူနေရမှာ အဆင်ပြေရဲ့လား"
"အရှင်နဲ့နေရတာ တကယ်ကြုံတောင့်ကြုံခဲတစ်ခုပါ ကျွန်တော်က မသင့်လျှော်မှာကိုပဲစိတ်...."
"ထပ်ပြီး မသင့်လျှော်ပြန်ဘူးလား အဲ့စကားကို အတော်ကြိုက်ပုံရတယ်နော်"
"မဟုတ်ပါဘူး..."
"ကိုယ် အရမ်းမွန်းကြပ်နေလို့ အဲ့ဒါကြောင့် လွတ်လွတ်လပ်လပ်နဲ့ နေဖူးချင်တယ် ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါက်ရှာချင်တယ်"
"...."
"မင်းကိုယ့်ကိုယ်ကူညီနိုင်မလား Mr.Won"
"ကျွန်တော်က ဘယ်လို...."
"အပြင်မှာအေးလာပြီ အထဲ၀င်ကြရအောင်"
"...."
ဂျောင်၀န်းကြောင်အအနဲ့ မင်းသားနောက်မှလိုက်မိသည်။
အိပ်ဖို့ကိစ္စမှာတော့ အလိုက်သိစွာ ဧည့်ခန်းထဲသို့ ထွက်သွားပေး၏။
ဂျေးကဘာမှမပြောသေးဘဲ သူ့အိတ်ထဲမှ ဒိုင်ယာရီစာအုပ်အသစ်ကလေးကို ထုတ်ကာ ပထမဆုံးစာမျက်နှာမှာလက်ရေးခပ်သော့သော့ဖြင့်ရေးသည်။
ပြီးတော့ ဧည့်ခန်းထဲတစ်ဖန်သွားကြည့်တော့ အိပ်မောကျနေတဲ့ ကောင်ငယ်လေးအားတွေ့ရသည်။
ငြင်သာစွာစောင်ခြုံပေးလိုက်ပြီး အိပ်ခန်းထဲသို့ပြန်၀င်ကာအိပ်စက်သည်။
ဂျောင်၀န်းအတွက်တော့ ညတာရှည်လျားအုံးမည်ထင်။
သူ့တွင်စဉ်းစားစရာကိစ္စတွေများသည်မဟုတ်ပါလား။
မင်းသားငယ်အကြောင်း သူအကုန်သိသည်။
ထိုထဲတွင်
မင်းသားက မှော်ဆရာတွေကိုမုန်းတယ်!
-ttb-
#tbc
ZawGyi
သူ႕ရဲ႕သိန္းငွက္လိုမ်က္ခုံးႏွစ္ဖက္ကို မာန္ပါပါ တြန႔္ခ်ိဳးၿပီး ေရွ႕ကလူကို မမွိန္မသုန္စိုက္ၾကည့္ေနလိုက္တယ္။
မ်က္ႏွာကိုမျမင္ရခင္က ေဒါသထြက္ေနဆဲစိတ္ေတြဟာ ဒီလူ႕မ်က္ႏွာျမင္လိုက္ရေတာ့ ေပ်ာက္သြားသလိုလို....။
သူက သူ႕မိသားစုနဲ႕ရန္ျဖစ္လာၿပီး စိတ္ေျပလက္ေပ်ာက္ ဂ်ဳံခင္းထဲလာထိုင္ေနျခင္း။
သူ႕ဘ၀မွာအရမ္းအဆင္ေျပခဲ့တယ္။ အစစအရာရာ လိုတိုင္းရခဲ့တယ္။ လူတိုင္းက အားက်ပါခ်ည္ရဲ႕ဆိုတဲ့ဘ၀ကို သူပိုင္ဆိုင္ထားတယ္။
ဒါေတြအားလုံးက သူ႕ကိုစိတ္ေက်နပ္ေစတယ္။ ဒီေန႕မတိုင္ခင္ထိေပါ့။
သူအရာအားလုံးကို လက္ေတြ႕က်က်ျမင္ၾကည့္ဖို႔ႀကိဳးစားရေတာ့မယ္။ ကိုယ္တိုင္ကိုယ္က်ရွာေဖြျခင္းရဲ႕ ရလဒ္ကိုလဲသင္ယူရေတာ့မယ္။
ဒီလိုအေတြးနဲ႕ ဒီေန႕ကစၿပီး သူ႕ရဲ႕အျမင္အာ႐ုံကို တစ္ဆုံးဖြင့္လွစ္လိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။
သူသစ္ပင္ခပ္ႀကီးႀကီးကိုရွာၿပီး ထိုအပင္ေျခရင္းမွာထိုင္ကာ ပင္စည္ကိုေက်ာမွီရင္းထိုင္လိုက္တယ္။ မ်က္လုံးေတြကိုမွိတ္ခ်လိဳက္ၿပီး ေအးခ်မ္းစြာ အနားယူေနတယ္။ ဒီလိုေနရာမွာေတာ့ ဆူညံသံေတြမရွိေလာက္ဘူးမလား....။
ဒါေပမယ့္....
သူ႕ရဲ႕ေနာက္ေက်ာဘက္ဆီမွ တစ္စုံတစ္ရာကို မေက်နပ္စြာ ေျပာေနသံကိုၾကားလိုက္ရတယ္။
အစပိုင္းတိုးညင္းေပမယ့္ တျဖည္းျဖည္းက်ယ္ေလာင္လာတယ္။
ဒါကသူ႕ေဒါသကိုဆြေနတာပဲ။
ေနာက္ဆုံး ငိုသံတစ္ခ်ိဳ႕ကပ္ပါလာတယ္။ သူသာ ဘာမွမေျပာရင္ ဒီေနရာမွာတင္ငိုခ်ေတာ့မယ့္ သေဘာရွိေနတယ္။
မွိတ္ထားတဲ့မ်က္လုံးေတြဖြင့္ကာ စိတ္ကိုေလွ်ာ့ရင္း ပင္စည္ေနာက္ေက်ာဘက္ကို လွည့္ရင္း ေျပာလိုက္တယ္။
"ေက်းဇူးျပဳၿပီးတိတ္တိတ္ေနေပးလို႔မရဘူးလား"
"ဟင္"
သူေျပာလိုက္ေတာ့အံ့ျအသြားပုံရတဲ့ ေကာင္ေလးက ျဖဴေဖြးေဖြး ပန္းေလးတစ္ပြင့္လိုမ်ိဳး။
ခနေလာက္အံ့ျအမွင္သက္သြားရသည္။
ေယာက်ာ္းတစ္ေယာက္အတြက္မသင့္ေလ်ာ္ေသာ စကားစုျဖစ္ေသာ္ျငား ေကာင္ငယ္ေလးသည္ လွပေသာ ပန္းတစ္ပြင့္ႏွင့္ အလားတူသည္။
ေဒစီျဖဴေလးလိုမ်ိဳး...
အျပစ္ကင္းစင္ၿပီး လွပေနလိုက္တာ...
"အဟမ္း"
သူအၾကာႀကီးစိုက္ၾကည့္သြားမိလို႔ထင္ပါရဲ႕။ ေကာင္ငယ္ေလးရဲ႕ ပါးျပင္ေပၚမွာ ခုနကေလးတင္ သူျဖတ္လာခဲ့တဲ့ နီနီေဆြးေဆြး ႏွင္းဆီပန္းခင္းႀကီးေရာက္ေနသလိုပါပဲ။
"ခုနက မိတ္ေဆြအတြက္ စိတ္အႏွောင့္အယွက္ျဖစ္ေစခဲ့ရင္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္က ဒီမွာဘယ္သူမွမရွိဘူးထင္မိလို႔"
"အိုး အခုလိုေျပာေပးတာ ခ်ီးက်ဳးစရာပါပဲ တကယ္ေတာ့ မင္းလြတ္လြတ္လပ္လပ္ ရင္ဖြင့္နိုင္ပါတယ္"
ဒါကိုေတာ့ ဘယ္လိုေျပာထြက္မိသြားတယ္မသိ။
စကားလြန္ၿပီးမွေတာ့ နားေထာင္ရေတာ့မည္ေပါ့။
"မိတ္ေဆြ တကယ္ေျပာတာလား?"
"ကိုယ္က အဲ့လိုလိမ္ညာမဲ့သူမဟုတ္ပါဘူး ၿပီးေတာ့ ကိုယ့္နာမည္က J"
"J? မဟုတ္မွလြဲ ေတာ္၀င္မင္းသားလား!"
"မင္း...ဘယ္လို"
"မင္းသား PARK JAY ရဲ႕ ငယ္နာမည္က Jေလ
ၿပီးေတာ့ အဲ့ဒါကို တျခားသူမွသုံးခြင့္မရွိတာ"
/N:ဒါကထိုေခတ္ကာလ ထိုနိုင္ငံ၏ စည္းမ်ဥ္းတစ္ခုျဖစ္တယ္။ မင္းညီမင္းသားတစ္ပါးရဲ႕ ေတာ္၀င္မ်ိဳးႏြယ္ေတြရဲ႕ အမည္နာမနဲ႕ မင္းကဆင္တူေနခြင့္မရွိဘူး။
ဒါေၾကာင့္ Jungwonက သူဟာေတာ္၀င္မင္းသားမွန္းခြဲျခားနိုင္ျခင္းသာ ျဖစ္တယ္။/
"အိုး ကိုယ္ ဒီအခ်က္ကိုေမ့သြားတယ္ မင္းက အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ညဏ္ရည္ထက္ျမတ္ေနတာပဲ"
"မဟုတ္တာ အရွင္ ကြၽန္ေတာ္မ်ိဳး ရိုင္းပ်မိတာေဗြ မယူပါနဲ႕"
ေဂ်းက ႏႈတ္ခမ္းတစ္ဖက္ကို ေကာ့ၫႊတ္ကာ ၿပဳံးလိုက္တယ္။ ၿပီးေတာ့ေခါင္းရမ္းတယ္။
"မင္းကေရာ ကိုယ့္ကို ဒီလိုပဲဆက္ဆံမွာလား"
"ဗ်ာ"
"ကိုယ့္မွာသူငယ္ခ်င္းမရွိဘူး မင္းနဲ႕ကိုယ္နဲ႕သူငယ္ခ်င္းလုပ္ၾကမလား?"
"သူငယ္ခ်င္း? မျဖစ္နိုင္တာ အရွင္က ေတာ္၀င္မင္းသားတစ္ပါးပဲ ကြၽန္ေတာ္မ်ိဳးနဲ႕မိတ္ေဆြမဖြဲ႕သင့္ပါဘူး"
"ရႉး!"
ေဂ်းက ေဂ်ာင္၀န္းရဲ႕ နားအနီးသို႔ တိုးကပ္သြားတယ္။
"ကိုယ္မင္းသားဆိုတာ မင္းပဲသိေသးတယ္"
"...."
"ကိုယ္ နန္းေတာ္ကေန စိတ္ေျပလက္ေပ်ာက္ထြက္လာခဲ့တာ မင္းနဲ႕မိတ္ေဆြဖြဲ႕မယ္ ၿပီးေတာ့မင္းနဲ႕ လိုက္ေနမယ္ မင္းလက္ခံနိုင္ရဲ႕လား"
"အဲ့ဒါက မသင့္ေလွ်ာ္..."
"သင့္ေလွ်ာ္တယ္"
"...."
"အကယ္၍ တစ္စုံတစ္ရာေသာကိစၥေတြျဖစ္လာရင္ေတာင္ မင္းကိုမထိခိုက္ေစရဘူးလို႔ ကိုယ္အာမခံတယ္"
ေဂ်ာင္၀န္းေတြေဝစြာ စဥ္းစားေနမိတယ္။ ဦးႏွောက္က လက္မခံဖို႔တြန္းအားေပးေနေပမယ့္ မင္းသားရဲ႕ စူးရွတဲ့ မ်က္၀န္းေတြကို မတြန္းလွန္နိုင္ခဲ့။
"ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္အိမ္ရွိတယ္ ပိတ္ရက္ဆို ကြၽန္ေတာ္က ဒီမွာလာေန ေနၾကေလ ကြၽန္ေတာ့္အိမ္က အမ်ားႀကီးမေကာင္းမြန္တာမို႔ အရွင္ ေနနိုင္ပါ့မလား"
"ဒါက ကိုယ့္အတြက္အေတြ႕အႀကဳံအသစ္ျဖစ္တာေပါ့ လိုက္ေနမယ္"
"...."
ေနာက္ဆုံးထိ အရွင္က အေလွ်ာ့မေပးခဲ့ဘူးပဲ။
ဒါဆိုငါကေရာ ဘာလို႔ ေနာက္ဆုံးထိ ပစ္ပစ္ခါခါ မျငင္းနိုင္ရတာလဲ။
__________
ေဂ်းက အိမ္ကိုလိုက္လံၾကည့္ရႈေနတယ္။ ဒါက ေတာ္၀င္နန္းေဆာင္ေလာက္မခမ္းနားေပမယ့္ ေတာင္၀င္နန္းေဆာင္ထက္ ေအးခ်မ္းၿပီးလွပတယ္လို႔ သူေတြးမိတယ္။
နံရံေတြဆီ အၾကည့္ပို႔မိေတာ့ သူတစ္ခ်က္ရယ္လိုက္တယ္။ ပန္းခ်ီကားေတြကိုၾကည့္ရတာ ကေလးတစ္ေယာက္ေယာက္ လက္ေဆာ့ထားတာနဲ႕တူတယ္။
"ဘာရယ္တာလဲ အရွင္"
"အဲ့ပန္းခ်ီကားေတြ ဘယ္သူဆြဲတာလဲ"
"က်ိန္းေသေပါက္ကို ကြၽန္ေတာ္ဆြဲတာေပါ့"
"မလွဘူးဆိုတာေရာ မင္းသိရဲ႕လား"
"...."
"...."
"သိပါတယ္..."
စိတ္မေကာင္းျဖစ္သြားပုံရတဲ့ ေကာင္ငယ္ေလးကိုၾကည့္ရင္း သူစကားမွားသြားတာကို ေဂ်းသိလိုက္တယ္။
"ကိုယ္က ဒီတိုင္းေျပာလိုက္တာပါ..."
"...."
"ဒါမွမဟုတ္ ကိုယ္သင္ေပးရမလား?"
"ဟင္"
ၾကယ္တာရာေတြလိုလင္းလက္ေနတဲ့မ်က္လုံးဝိုင္းေတြကိုျမင္မွ ေဂ်းစိတ္ထဲသက္သာရာရေတာ့တယ္။
သူလဲ ဒီေကာင္ငယ္ေလးနဲ႕မွ အေသးအဖြဲ႕ေလးေတာင္ လိုက္ၾကည့္ေနမိတာပဲ။
"ကိုယ္က ပန္းခ်ီနဲ႕ပတ္သတ္ၿပီး ဆုေတြရခဲ့ဖူးတယ္ေလ ကိုယ္သင္ေပးနိုင္ပါတယ္"
"သိတာေပါ့"
"ဟင္"
"အာ မဟုတ္ဘူး"
"ဟုတ္ၿပီ ဒါဆို မနက္ျဖန္ကစ သင္ေပးမယ္ေလ ဒီလိုဆို မင္းကိုယ့္ကိုေခၚထားရတာ အက်ိဳးရွိသြားၿပီေနာ္ အျပန္အလွန္ကူညီၾကတာေပါ့"
"ဟုတ္..ကဲ့.."
"ညစာစားခ်ိန္ေတာင္ေရာက္ၿပီ မင္းဟင္းခ်က္တတ္လား"
"ဟို...ဟီး မခ်က္တတ္ဘူးအရွင္"
"ဟမ္ ဒါဆို မင္းတစ္ေယာက္ထဲဘယ္လိုစားလဲ"
"ဒီလိုပဲ..."
"ဒါေၾကာင့္ ဒီလိုေသးေကြးေနတာ"
"...."
"ကိုယ္ခ်က္ေကြၽးမယ္"
"မသင့္ေလွ်ာ္ပါဘူးအရွင္"
"မသင့္ေလွ်ာ္လဲ မသိခ်င္ေယာင္ေဆာင္လိုက္ေတာ့ ႏွစ္ေယာက္လုံး ထမင္းငတ္ကုန္လိမ့္မယ္"
ေဂ်ာင္၀န္းဘာမွမေျပာမိေတာ့ မင္းသားလုပ္သမွ်ကိုသာ ထိုင္ၾကည့္ေနမိသည္။ အခ်ိန္၃နာရီၾကာၿပီးမွာ အရသာရွိေသာ စားေကာင္းေသာက္ဖြယ္မ်ားက မ်က္စိေရွ႕သို႔ေရာက္လာသည္။
အခ်ိန္က အေတာ္လင့္ေနၿပီဆိုေပမယ့္လို႔ေပါ့။
"စားေကာင္းလိုက္တာ စားဖူးသမွ်ထဲ အေကာင္းဆုံးပဲ"
"ဒါက ျမႇောက္ပင့္ေနတာလား"
"မဟုတ္ရပါဘူးအရွင္ရဲ႕ ကြၽန္ေတာ္တကယ္ေျပာတာ"
ေဂ်ာင္၀န္းကထိုသို႔ေျပာေတာ့ ေဂ်းက ႏႈတ္ခမ္းစြန္းတစ္ဖက္ကို ေကြး႐ုံမွ်ၿပဳံးသည္။
အိုး! ေခ်ာလိုက္တာ။ ဒီလိုသာဆက္သြားေနရင္ ကြၽန္ေတာ္အရွင့္လက္ထဲက ႐ုန္းထြက္နိုင္မွာမဟုတ္ေတာ့ဘူးထင္ပါရဲ႕။
အိပ္ရာ၀င္ခါနီးမွာ ေဂ်ာင္၀န္းအခန္းေရွ႕ငူငူႀကီးရပ္ေနမိတယ္။ သူ႕ေနာက္မွာ ကိုယ္လက္ေဆးၿပီးသြားတဲ့ ေဂ်းပါေရာက္လာတယ္။
"ဘာလို႔လဲ"
"အိပ္ရာက...တစ္ခုပဲရွိတယ္အရွင္"
"အင္း...တကယ္ေတာ့ ကိုယ္မအိပ္ခ်င္ေသးဘူး အိမ္ေနာက္မွာ မီးဖိုေမႊးထားတယ္ ကိုယ္နဲ႕စကားေျပာမလား?"
"အာ...ဟုတ္ကဲ့"
ေအးျမတဲ့ ေျမာက္ေလက ညခ်မ္းရဲ႕ သဘာ၀ကို အျပည့္အ၀ ခံစားနိုင္ဖို႔ရာ တိုက္ခတ္ေနတယ္။
လတ္ဆတ္တဲ့ဂ်ဳံနံ႕ေတြကေတာ့ ေလတစ္ခ်က္ေဝ့လိုက္တိုင္း တစ္၀ႀကီးရႉရွိုက္မိေစတယ္။
ၾကယ္ေရာင္ေတြက ေကာင္းကင္တစ္ခုလုံးအျပည့္ မရွိေသးေပမယ့္ လျခမ္းေကြးေကြးေလးကေတာ့ ၀င္းလက္ေနတာပဲ။
မီးဖိုနားမွာထိုင္ရင္း မီးခိုးေငြ႕ေလးေတြကိုလဲ တစ္ခ်က္ခ်က္ရတယ္။ ဒါက ေမႊးပ်ံတဲ့သဘာ၀ရဲ႕ ရနံ႕ေတြပဲ။
အရမ္းလွပၿပီး အရမ္းႏူးညံ့တယ္!
"မင္းနာမည္ကိုယ့္ကိုမေျပာရေသးဘူးေနာ္"
"ေအာ္ ဟုတ္သား ကြၽန္ေတာ့္နာမည္က Yang JungWonပါ"
"အင္း ေျပာပါအုံး Mr.Yangက ကိုယ္နဲ႕အတူေနရမွာ အဆင္ေျပရဲ႕လား"
"အရွင္နဲ႕ေနရတာ တကယ္ႀကဳံေတာင့္ႀကဳံခဲတစ္ခုပါ ကြၽန္ေတာ္က မသင့္ေလွ်ာ္မွာကိုပဲစိတ္...."
"ထပ္ၿပီး မသင့္ေလွ်ာ္ျပန္ဘူးလား အဲ့စကားကို အေတာ္ႀကိဳက္ပုံရတယ္ေနာ္"
"မဟုတ္ပါဘူး..."
"ကိုယ္ အရမ္းမြန္းၾကပ္ေနလို႔ အဲ့ဒါေၾကာင့္ လြတ္လြတ္လပ္လပ္နဲ႕ ေနဖူးခ်င္တယ္ ၿပီးေတာ့ ကိုယ္တိုင္ကိုယ္က် ထြက္ေပါက္ရွာခ်င္တယ္"
"...."
"မင္းကိုယ့္ကိုယ္ကူညီနိုင္မလား Mr.Won"
"ကြၽန္ေတာ္က ဘယ္လို...."
"အျပင္မွာေအးလာၿပီ အထဲ၀င္ၾကရေအာင္"
"...."
ေဂ်ာင္၀န္းေၾကာင္အအနဲ႕ မင္းသားေနာက္မွလိုက္မိသည္။
အိပ္ဖို႔ကိစၥမွာေတာ့ အလိုက္သိစြာ ဧည့္ခန္းထဲသို႔ ထြက္သြားေပး၏။
ေဂ်းကဘာမွမေျပာေသးဘဲ သူ႕အိတ္ထဲမွ ဒိုင္ယာရီစာအုပ္အသစ္ကေလးကို ထုတ္ကာ ပထမဆုံးစာမ်က္ႏွာမွာလက္ေရးခပ္ေသာ့ေသာ့ျဖင့္ေရးသည္။
ၿပီးေတာ့ ဧည့္ခန္းထဲတစ္ဖန္သြားၾကည့္ေတာ့ အိပ္ေမာက်ေနတဲ့ ေကာင္ငယ္ေလးအားေတြ႕ရသည္။
ျငင္သာစြာေစာင္ၿခဳံေပးလိုက္ၿပီး အိပ္ခန္းထဲသို႔ျပန္၀င္ကာအိပ္စက္သည္။
ေဂ်ာင္၀န္းအတြက္ေတာ့ ညတာရွည္လ်ားအုံးမည္ထင္။
သူ႕တြင္စဥ္းစားစရာကိစၥေတြမ်ားသည္မဟုတ္ပါလား။
မင္းသားငယ္အေၾကာင္း သူအကုန္သိသည္။
ထိုထဲတြင္
မင္းသားက ေမွာ္ဆရာေတြကိုမုန္းတယ္!