ချစ်ရတဲ့ထိုလူသားမရှိတော့တဲ့အခါသူ့ရင်ထဲမျာအမြဲမြဲလိုလိုခြောက်သွေ့နေတက်ပြီး တိတ်ဆိတ်ခြင်းတို့နဲ့နေသားကျလာသည်။
သူလိုချင်တဲ့ကာကွယ်မှု့တွေမရှိတော့ပေမယ့်ချစ်ရသူရဲ့အရှိန်အဝါကြီးလိုက်ပုံကသူ့ကိုပင်စေ့စေ့မကြည့်ရဲတဲ့အထိ။
သူ့စိတ်တွေကအမြဲလိုလိုအုံ့မှိုင်းနေပေမယ့်လည်းတစ်လကိုတစ်ခါလောက်အမြဲရောက်လာလေ့ရှိတဲ့ဂျွန့်စာလေးတွေလာမယ့်အချိန်ကိုအမြဲရေတွက်နေလေ့ရှိသည်။
ညိုးငယ်နေတဲ့မျက်ဝန်းညိုတွေကဂျွန့်ဆီကိုစာပြန်မည့်အချိန်ရောက်လျှင်ပြန်အသက်ဝင်လာတက်ပြီး ကလေးတစ်ယောက်လိုသူဘလောက်လွမ်းကြောင်းဘာတွေလုပ်နေကြောင်းအသေးစိတ်ကအစတင်ပြ၏
ဒီနေ့အဘိုးကမြို့တက်မှာမလို့အိမ်အလုပ်တွေကိုတက်ကြွစွာကူလုပ်ပေးရင်းသူ့စာလေးကိုမြို့ကစာတိုက်ဆီရောက်အောင်ကပ်ဖားနေရသည်။
အသဲကွဲလူမိုက်ကြီးလိုဖရိုဖရဲဖြစ်နေတဲ့သူ့ဆံပင်ကိုစုစည်းလိုက်ရင်း ဝါကျင်ကျင်အရောင်မပါတဲ့စာရွက်ကလေးကိုချကာစာစီဖို့ပြင်လိုက်သည်။
ချစ်ရသူလူဆိုးကောင်လိုမချမ်းသာတဲ့အခါစာရွက်လှလှလေးတွေပေါ်မှာလွမ်းရတဲ့အကြောင်းပိုတွေစာမစီနိုင်တော့
သူရေးလေ့ရှိတဲ့စာရွက်ဝါဝါလေးတွေကိုဘဲသုံးကာ အဖိုးပေးတဲ့မုန့်ဖိုးကိုသုံးပြီးဂျွန့်ထံစာလွှာလေးတွေပေးလေ့ရှိတယ်။
စာတစ်ဆောင်ရောက်ဖို့ကခတ်ခဲလှတော့ လွမ်းရကြောင်းတွေသာရိုးအီနေအောင်မပြောဖြစ်ဘဲ သူ့ရဲ့တစ်နေ့တာအသဲကွဲသမားပုံစံကိုဂျွန်မြင်လာအောင်အမြဲပုံဖော်ရေးလေ့ရှိ၏
* ဒီနေ့ငါတို့ဆိမှာမိုးရွာနေတယ်ဂျွန်
ဒယ်ဂူမှာကမိုးရာသီရောက်နေပြီလေ
ငါမင်းကိုစိတ်ဆိုးမပြေသေးပေမယ့်ငါလွမ်းလွန်းလို့စာပြန်ရေးလိုက်တာ အဲ့နေ့ကမင်းကြောင့်မိုးမိပြီးဖျားသွားတဲ့အပြင် ငါဒူးကဒဏ်ရာတောင်အခုထိမပျောက်သေးဘူးရယ်
မင်းကိုသက်သက်စိတ်ပူစေချင်လို့ပြောပြတာ။
ငါအပြင်မထွက်တာကြာပြီဂျွန် အရင်လိုစက်ဘီးလဲမစီးတော့ဘူး ။ မင်းမပါလို့ထင်ပါရဲ့ငါ့စက်ဘီးနောက်ခုံကပေါ့နေပြီးစီးရတာအဆင်မပြေတော့ဘူး
ချစ်တယ်ဂျွန်ငါစောင့်နေတာကိုသိတယ်မလား*
အဝါရောင်စာရွက်ကလေးကိုသေသပ်စွာခေါက်ရင်း သူ့မုန့်ဖိုးနဲ့ဝယ်ထားတဲ့ပန်းရောင်စာအိတ်ကလေးထဲသေချာစွာထည့်လိုက်သည်။
အိမ်အောက်မှာအဘရဲ့သတိပေးသံကလည်းမကြာခနကြားနေရပြီမလို့အမြန်ပြေးဆင်းကာ အဘရဲ့လွယ်အိတ်ထဲကို သူ့စာထည့်လိုက်ပြီးစာတိုက်ကိုပို့ပေးဖို့ဂျီကျနေ၏
" အဘိုး သေချာရောက်အောင်ပို့ပေးအုံးနော် ကျနော့်မုန့်ဖိုးလေးတွေပါသွားတာသိတယ်မလား "
" မုန့်မစားဘဲပေါက်ကရတွေလုပ်နေတယ်ဒီကလေးတော့ ။ အခန်းထဲအောင်းမနေဘဲအပြင်ထွက်အုံးနော် ကျောင်းပိတ်ကတည်းကငြိမ်နေတာမလား "
" အပြင်ထွက်ပြီးဘာလုပ်ရမှာလဲအဖိုးရဲ့ ကျနော်မှာတာကိုသာသေချာပိုးပေးပါဗျာအရေးကြီးတယ်ဆို "
" အင်းဂျီကျမနေနဲ့တော့ဒီအဖိုးကသေချာပို့ပေးမယ်ဟုတ်ပြီလား ကဲသွားအိမ်ထဲဝင်ချေတော့လေစိမ်းတွေတိုက်နေတယ် "
အဖိုးစကားကိုတက်ကြွစွာဘဲ ဟုတ် တစ်လုံးတည်းဆိုကာအခန်းထဲပြန်ဝင်လာခဲ့သည်
မိုးစက်တစ်ချို့စင်နေတဲ့မှန်တခါးကိုကြည့်ကာ ကလေးသဖွယ်အာငွေ့ပေးရင်း Jeonဆိုတဲ့နာမည်လှလှအားရေးလိုက်၏
အပူငွေ့ပြယ်သွားတဲ့အခါသူရေးထားတဲ့ဂျွန်ဆိုတာလေးပျောက်ကွယ်သွားတာကြောင့်နှုတ်ခမ်းလေးကဆူခနဲ
အဖိုးထွက်သွားပြီဖြစ်တဲ့ပုံရိပ်ကလေးကိုအခန်းကနေတစ်ဆင့်ငေးကြည့်မိတော့ ဂျွန်နဲ့ရယ်မောခဲ့တဲ့ပုံရိပ်တွေကထိုလမ်းမပေါ်မှာအပြည့်
အမြတ်တနိုးနမ်းလေးရှိတဲ့ ထိုအနမ်းဖွဖွတွေရဲ့အနွေးဓာတ်ကလည်းတဖြည်းဖြည်းပျောက်ကွယ်လာရင်း ရင်းနှီးတဲ့ထိုအနမ်းတွေကပါသူနဲ့စိမ်းသက်လာလေသည်။
တိကျမှု့မရှိတဲ့စောင့်ဆိုင်းခြင်းက ဘယ်အချိန်ထိရှည်ကြာအုံးမှာလဲဂျွန်
စောင့်ဆိုင်းနေရသူကိုအားနာသဖြင့် အချိန်တွေကိုရစ်ပြစ်ချင်မိတယ် သို့ပေမယ့်ငါဟာအစွမ်းတွေရှိမနေပြန်ဘူး ။
ချစ်ရသူမရှိတဲ့အချိန်ကိုစောင့်ဆိုင်းနေတဲ့သူ့နေ့ရက်တွေကရှည်သည်။
လစဥ်လတိုင်းရောက်နေတက်တဲ့စာတိုလေးတွေက သူ့အတွက်အားအင်တစ်မျိုးသာ
ချစ်တက်အောင်သင်ပေးခဲ့သလို စောင့်ဆိုင်းတက်အောင်လည်းသင်ပေးနေတဲ့ဂျွန်က သူ့စိတ်ထဲစာလာမဲ့အချိန်ကိုသာမျှော်စေ၏
ငါကိုယ်တိုင်လည်း ဦးတည်ချက်မရှိတဲ့သူတစ်ယောက်လိုလွင့်စင်နေမိရင်း
စာတွေနဲ့သာအသက်ဆက်နေရတဲ့သူတို့ဆက်ဆံရေးက ယိုင်နဲ့နဲ့ စွန်ကြိုးလေးအလား လေပေါ်ကိုရောက်တလှည့်ပြတ်ကြတလှည့်နဲ့ကြမ်းတမ်းစွာဖြန်သန်းနေရတာ ။
" အဖိုး စာလာလား "
သူ့အမေးကိုအဖိုးကခေါင်းညိမ့်ပြတဲ့အခါ ခုန်ပေါက်ရင်းအိမ်ပြင်ကိုထွက်လာပြီးစာတိုက်ပုံးလေးဆီကိုခြေချလျှက်
စာလာတိုင်းကြက်ကြီးလည်လိမ်သလိုရုပ်ကနေ ခုန်ပေါက်နေတဲ့သူ့ကိုအဖိုးကမကြည်တော့ပါ ဘယ်သူ့ဆီကစာတွေလဲလို့မေးနေသည်မှာခနခနဖြစ်ပြီး သူငယ်ချင်းဆီကစာတွေဖြစ်ကြောင်းလိမ်ရသည်မှာလဲခနခန
အရင်ကဆိုစာတိုက်ပုံးဘက်ခြေဦးတောင်မလှည့်တဲ့သူက မုန့်ဖိုးလေးတွေပါစုရင်းစာတိုက်အထိ ချစ်ကြောင်းလွမ်းကြောင်းတွေပို့တက်နေပြီ
အဖိုးအသစ်လုပ်ပေးထားတဲ့စာတိုက်ပုံးလေးကိုဖွင့်လိုက်တဲ့အခါ အနီရောင်စာအိတ်လှလှလေးနဲ့အတူ ဂျွန်သုံးနေကြရေမွှေးနံ့ပြေပြေလေးပါရလိုက်သည်။
လွမ်းနေရတဲ့ကိုယ်သင်းရနံ့လေးကိုဂျွန်ပို့လိုက်တဲ့စာတွေတွေဆီမှရလိုက်တဲ့အခါ မျက်ရည်တွေကဝေ့ခနဲ
ချစ်ရသူရဲ့လက်ရေးလှလှတွေကိုမြင်ဖို့မစောင့်နိုင်တော့တယုတယနဲ့ဖွင့်ဖတ်တဲ့အခါ သူ့ကိုဆူပူထားတဲ့စကားလုံးတွေကကြိုဆိုသည်။
သူ့အပိုင်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်လုံးမှာအနာတရဖြစ်တာမကြိုက်ကြောင်းနဲ့ မိုးရေထွက်ချိုးတာပိုအပြင်အထန်တားမြစ်ထားပုံကပိုင်ဆိုးပိုင်နင်းရယ်
" သူကများငါ့ကိုရိုက်ချင်တယ်ရှိသေး "
စာနဲ့သူ့ကိုရိုက်ချင်ကြောင်းလှမ်းပြောထားတာကြောင့်ပါးစပ်ကသာအပြစ်တင်နေပေမယ့်သူ့မျက်နှာကတော့ပြုံးနေသည်မှာမဖုံးနှိင်မဖိနိုင်
နောက်ဆို အဆူခံရအောင်များများလုပ်မှထင်တယ် ဒါမှဂျွန်စိတ်ပူပြီးဒယ်ဂူကိုပြန်လာလောက်မှာ
ငါကိုယ်တိုင်ဖန်တီးထားတဲ့အနီရောင်ကြိုးမျှင်လေးက ခပ်ရော့ရော့ ဘယ်အချိန်ပြတ်သွားမလဲတွေးမိတဲ့အခါ ရင်ထဲနင့်အောင်ငိုရပါသည်။
အထပ်လိုက်ဖြစ်နေတဲ့ဂျွန့်ရဲ့စာရွက်လှလှလေးတွေကြားမကြာသေးမှီကရလာတဲ့စာအိတ်နီနီလေးကိုပါထည့်သိမ်းလိုက်သည်။
စာရွက်လေးတွေရဲ့အရည်အတွက်ကများလာတဲ့အခါ ဂျွန်နဲ့ပိုနီးစပ်လာသလိုသူခံစားရတယ်
ဒီအတောအတွင်း ဂျွန့်ရဲ့ရေမွှေးနံ့ပြေပြေနဲ့ဂျွန်ပေးတဲ့စာတွေသာသူ့အနားမှာရှိနေပြီး အထီးကျန်ဖို့ကလုံလောက်နေပါပြီ
မနေ့ကလိုဘဲဒီနေ့လဲအပြင်မထွက်ချင်တာကြောင့် အခန်းထဲမှာဘဲသူကိုယ်သူပိတ်လှောင်ရင်းအလွမ်းတွေကတစ်မြေ့မြေ့တိုက်စားစေတယ်။
ငါတော့လွမ်းလွန်းလို့ရူးရချည်ရဲ့ဂျွန်ရယ်... ။
___________________________
စာလွှာတွေနဲ့နေသားကျလာတဲ့သူ့ကမာက အချိန်မှန်ရောက်လာတက်တဲ့ဂျွန့်စာလေးတွေကလွဲရင်မျှော်လင့်စရာမရှိ
အချိန်မှန်ရောက်လာတဲ့စာရွက်လှလှလေးတွေရယ် ပုံမှန်ပို့နေကြသူ့ရဲ့စာလွှာတွေကအဖိုးကိုသံသယဖြစ်စေမှန်းသူသိပါသည်။
သို့သော်သူထိုအရာတွေမတွေးဘဲဂျွန်ဆီက ပြန်စာကိုဘဲနေ့စဥ်ရက်ဆက်မျှော်လေ့ရှိတယ်
သူ့တို့ဆက်ဆံရေးက သိပ်ကိုခတ်ခဲလွန်းလို့တစ်ခါတလေ လွှတ်ချချင်ပါရဲ့...အတွေးနဲ့တင်နာကျင်ဖို့လုပ်လောက်နေတာမလို့မျက်ကန်းတစ်ယောက်ပမာသူဟာကမ်းမမြင်လမ်းမမြင် ။
ပုံမှန်ရောက်နေတက်တဲ့စာလွှာလှလှလေးတွေတောင်သူ့ထံရောက်မလာသည်မှာ နှစ်လပင်ပြည့်လုလုရှိပြီ
ဂျွန်မအားလောက်ဘူးအထင်နဲ့သူ့စိတ်ကိုဖြေလျော့ရင်း စာတိုက်ပုံလေးဆီအမှတ်မရှိရောက်ဖြစ်တာလဲခနခန
ဒီနေ့တော့စာပြန်ဖို့မေ့လျှော့နေတဲ့ချစ်ရသူလူဆိုးကောင်အား ခတ်ခတ်ခဲခဲဘဲ စာတစ်ဆောင်ရေးကာ သူ့ကိုသတိရနေဖို့မှာရတော့မည် ။
အခုတစ်လောဂျွန့်ဆီကစာတွေမရတော့တာကြောင့် သူ့စိတ်တွေကလဲလူမရှိတဲ့လမ်းမထက်ကိုငေးမြဲငေးနေတက်ပြီး အဖိုးခေါ်ရင်တောင်ကြားတဲ့အခါမှကြားသည်။
အဖိုးခိုင်းသမျှကိုလဲအမြဲတစ်လွဲတွေလုပ်နေတက်လို့အဆူခံရသည်မှာလဲခနခန သူကတော့အဖိုးဆူနေရင်တောင်တွေတွေလေးအဝေးကိုဘဲငေးနေတက်တယ် ။
ဒီနေ့လည်းအပြင်သိပ်မထွက်ချင်တာကြောင့်လွင့်မြောနေတဲ့အတွေးတွေကိုသတိပေးရင်းသူ့စာလေး စာတိုက်ဆီရောက်ဖို့အတွက်အဖိုးအမြင်ကြည်အောင်နေရသည်။
သူပေးတဲ့စာလေးဂျွန့်ဆီရောက်ခဲ့ရင်တော့ ဂျွန်သူ့ကိုစာပြန်လောက်မှာပါလေ ။
.
.
.
ဂျွန်မရှိတဲ့အချိန်ကနေစပြီးဝမ်းနည်းလွယ်တက်တဲ့သူ့စိတ်တွေကသူ့ကိုမချစ်တော့လေသလားဆိုတဲ့အတွေးကိုအမြဲရိုက်သွင်းသည်။
ထိုအတွေးတွေကြောင့်ဘဲသူ့ကိုယ်သူအပြစ်ရှိသလိုခံစားရတိုင်း ဂျွန့်စာလေးတွေရောက်လာမယ့်အချိန်ကိုစောင့်စေရင်းဒဏ်ခတ်သည်။
ခပ်နွေးနွေးအနမ်းတွေမရရင်တောင် ဂျွန့်ကိုယ်သင့်ရနံ့တွေပါတဲ့စာလေးတွေရရင်ဘဲသူအလွမ်းပြေလှပါပြီ ။
" အဖိုး...ထယ့်ကိုဒီစာလေးရောက်အောင်ပို့ပေးပါအုံး "
" စာတွေအများကြီးကိုဘယ်သူ့ဆီပို့နေတာလဲထယ် ဒီလထဲစာတွေပို့နေတာလဲမနည်းတော့ဘူးမလား အဖိုးပေးတဲ့မုန့်ဖိုးကိုတခြားနေရာမှာသုံးစမ်းပါမြေးရယ် "
" သေချာပေါက်ပို့ရမယ့်သူရှိလို့ပါဖိုးရယ်
ကျနော့်မှာတစ်ခြားသုံးစရာနေရာမှမရှိဘဲ ဒီစာလေးတွေကိုသာရောက်အောင်ပို့ပေးပါဗျာ "
ခေါင်းမာလွန်းတဲ့သူ့ကိုအဖိုးကမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းတစ်ခါခါ
ဟုတ်ပါရဲ့ ဒီလထဲသူစာတွေခနခနပို့နေလို့အဖိုးပေးတဲ့မုန့်ဖိုးတောင်သိပ်မကျန်တော့ဘူး
တစ်ခြားသုံးစာနေရာမရှိတာမျိုးမဟုတ်ဘဲ ဒီစာတွေကသာပိုအရေးပါနေလို့ပါဖိုးရယ်။
စာပို့ခတွေကစျေးကြီးလွန်းလို့ သူ့မှာလိုချင်တာတွေရှိရင်တောင်မျိုသိပ်ရသည်။
မဟုတ်လို့ဂျွန့်ဆီစာမပို့ဖြစ်ရင် သူ့ကိုအထင်လွဲနေမှာဆိုးရတယ် ။
___________
စိတ်တွေကမွန်းကျပ်လွန်းတာကြောင့် ရစ်ဘိန်းလေးနဲ့ အနီရောင်ဆီစိမ်စကူစွန်လေးကိုယူကာ လေတဖြူးဖြူးတိုက်နေတဲ့လမ်းမထက်မှာလွှင့်တင်မိသည်။
သူလွှတ်လိုက်တဲ့စွန်လေးလေပေါ်ရောက်သွားသည့်အခါ သူ့စိတ်တွေမောလာပြီး စွန်လေးပြတ်ကြမည်ကိုစိုးရိမ်လာသည်။
တဖြည်းတဖြည်းနဲ့သူသဘောကျရတဲ့စွန်အနီရောင်လေးက လေပေါ်မှာလွပ်လပ်စွာဝဲပျံရနေသည်မှာ ရစ်ဘိန်းလေးရှိနေတာတောင်မေ့လျော့နေတဲ့အထိ။ ရစ်ဘိန်းလေးကတော့စွန်လေးတဲ့လွပ်လပ်မှု့ကိုကြိုးကိုင်ရင်းမာနကြီးတဲ့စွန်လေးရဲ့လစ်လျှုရှု့ခြင်းကိုသာခံရစမြဲ။
လေပြည်တွေကြမ်းလာတဲ့အခါ အမြင့်ကိုရောက်နေတဲ့စွန်လေးကို ခပ်ယဲ့ယဲ့ရစ်ဘိန့်ကြိုးလေးကဆွဲမထားနိုင်တော့
မာနကြီးတဲ့စွန်လေးကလဲ လေပြည်နောက်ကိုသာလိုက်ပါရင်း ရစ်ဘိန်းလေးကိုစွန့်လွှတ်ခဲ့ပြီ။
ကြိုးလွတ်သွားတဲ့စွန်နီနီလေးကိုကြည့်ရင်းသူ့လက်ထဲကရစ်ဘီးလေးကတော့မြေပြင်ပေါ်မှာ ။
ဆွဲထားရတဲ့ကြိုးတွေတင်းလာတဲ့အခါသူကိုယ်တိုင်ဖြတ်ချပြစ်လိုက်တာမျိုး
လေးလံနေတဲ့အရာတွေက တစ်ခါတစ်လေမှာငါတို့ကိုယ်ဒုခပေးနိုင်တယ်ရစ်ဘိန်းလေးရဲ့
လွှတ်ချလိုက်တဲ့ခံစားချက်ကခတ်ခဲပေမယ့်
ပိုင်ဆိုင်မှု့မရှိတဲ့လူတစ်ယောက်ကဘယ်အရာကိုယ်မှဆိုးရိမ်နေဖို့မလိုဘူးလေ။
__________________
ခ်စ္ရတဲ့ထိုလူသားမရွိေတာ့တဲ့အခါသူ႕ရင္ထဲမ်ာအၿမဲၿမဲလိုလိုေျခာက္ေသြ႕ေနတက္ၿပီး တိတ္ဆိတ္ျခင္းတို႔နဲ႕ေနသားက်လာသည္။
သူလိုခ်င္တဲ့ကာကြယ္မႈ႕ေတြမရွိေတာ့ေပမယ့္ခ်စ္ရသူရဲ႕အရွိန္အဝါႀကီးလိုက္ပုံကသူ႕ကိုပင္ေစ့ေစ့မၾကည့္ရဲတဲ့အထိ။
သူ႕စိတ္ေတြကအၿမဲလိုလိုအုံ႕မွိုင္းေနေပမယ့္လည္းတစ္လကိုတစ္ခါေလာက္အၿမဲေရာက္လာေလ့ရွိတဲ့ဂြၽန့္စာေလးေတြလာမယ့္အခ်ိန္ကိုအၿမဲေရတြက္ေနေလ့ရွိသည္။
.
.
ညိုးငယ္ေနတဲ့မ်က္ဝန္းညိုေတြကဂြၽန့္ဆီကိုစာျပန္မည့္အခ်ိန္ေရာက္လွ်င္ျပန္အသက္ဝင္လာတက္ၿပီး ကေလးတစ္ေယာက္လိုသူဘေလာက္လြမ္းေၾကာင္းဘာေတြလုပ္ေနေၾကာင္းအေသးစိတ္ကအစတင္ျပ၏
ဒီေန႕အဘိုးကၿမိဳ႕တက္မွာမလို႔အိမ္အလုပ္ေတြကိုတက္ႂကြစြာကူလုပ္ေပးရင္းသူ႕စာေလးကိုၿမိဳ႕ကစာတိုက္ဆီေရာက္ေအာင္ကပ္ဖားေနရသည္။
အသဲကြဲလူမိုက္ႀကီးလိုဖရိုဖရဲျဖစ္ေနတဲ့သူ႕ဆံပင္ကိုစုစည္းလိုက္ရင္း ဝါက်င္က်င္အေရာင္မပါတဲ့စာ႐ြက္ကေလးကိုခ်ကာစာစီဖို႔ျပင္လိုက္သည္။
ခ်စ္ရသူလူဆိုးေကာင္လိုမခ်မ္းသာတဲ့အခါစာ႐ြက္လွလွေလးေတြေပၚမွာလြမ္းရတဲ့အေၾကာင္းပိုေတြစာမစီနိုင္ေတာ့
သူေရးေလ့ရွိတဲ့စာ႐ြက္ဝါဝါေလးေတြကိုဘဲသုံးကာ အဖိုးေပးတဲ့မုန့္ဖိုးကိုသုံးၿပီးဂြၽန့္ထံစာလႊာေလးေတြေပးေလ့ရွိတယ္။
စာတစ္ေဆာင္ေရာက္ဖို႔ကခတ္ခဲလွေတာ့ လြမ္းရေၾကာင္းေတြသာရိုးအီေနေအာင္မေျပာျဖစ္ဘဲ သူ႕ရဲ႕တစ္ေန႕တာအသဲကြဲသမားပုံစံကိုဂြၽန္ျမင္လာေအာင္အၿမဲပုံေဖာ္ေရးေလ့ရွိ၏
* ဒီေန႕ငါတို႔ဆိမွာမိုး႐ြာေနတယ္ဂြၽန္
ဒယ္ဂူမွာကမိုးရာသီေရာက္ေနၿပီေလ
ငါမင္းကိုစိတ္ဆိုးမေျပေသးေပမယ့္ငါလြမ္းလြန္းလို႔စာျပန္ေရးလိုက္တာ အဲ့ေန႕ကမင္းေၾကာင့္မိုးမိၿပီးဖ်ားသြားတဲ့အျပင္ ငါဒူးကဒဏ္ရာေတာင္အခုထိမေပ်ာက္ေသးဘူးရယ္
မင္းကိုသက္သက္စိတ္ပူေစခ်င္လို႔ေျပာျပတာ။
ငါအျပင္မထြက္တာၾကာၿပီဂြၽန္ အရင္လိုစက္ဘီးလဲမစီးေတာ့ဘူး ။ မင္းမပါလို႔ထင္ပါရဲ႕ငါ့စက္ဘီးေနာက္ခုံကေပါ့ေနၿပီးစီးရတာအဆင္မေျပေတာ့ဘူး
ခ်စ္တယ္ဂြၽန္ငါေစာင့္ေနတာကိုသိတယ္မလား*
.
.
.
အဝါေရာင္စာ႐ြက္ကေလးကိုေသသပ္စြာေခါက္ရင္း သူ႕မုန့္ဖိုးနဲ႕ဝယ္ထားတဲ့ပန္းေရာင္စာအိတ္ကေလးထဲေသခ်ာစြာထည့္လိုက္သည္။
အိမ္ေအာက္မွာအဘရဲ႕သတိေပးသံကလည္းမၾကာခနၾကားေနရၿပီမလို႔အျမန္ေျပးဆင္းကာ အဘရဲ႕လြယ္အိတ္ထဲကို သူ႕စာထည့္လိုက္ၿပီးစာတိုက္ကိုပို႔ေပးဖို႔ဂ်ီက်ေန၏
.
.
" အဘိုး ေသခ်ာေရာက္ေအာင္ပို႔ေပးအုံးေနာ္ က်ေနာ့္မုန့္ဖိုးေလးေတြပါသြားတာသိတယ္မလား "
.
.
.
" မုန့္မစားဘဲေပါက္ကရေတြလုပ္ေနတယ္ဒီကေလးေတာ့ ။ အခန္းထဲေအာင္းမေနဘဲအျပင္ထြက္အုံးေနာ္ ေက်ာင္းပိတ္ကတည္းကၿငိမ္ေနတာမလား "
.
.
.
" အျပင္ထြက္ၿပီးဘာလုပ္ရမွာလဲအဖိုးရဲ႕ က်ေနာ္မွာတာကိုသာေသခ်ာပိုးေပးပါဗ်ာအေရးႀကီးတယ္ဆို "
.
.
" အင္းဂ်ီက်မေနနဲ႕ေတာ့ဒီအဖိုးကေသခ်ာပို႔ေပးမယ္ဟုတ္ၿပီလား ကဲသြားအိမ္ထဲဝင္ေခ်ေတာ့ေလစိမ္းေတြတိုက္ေနတယ္ "
.
.
.
အဖိုးစကားကိုတက္ႂကြစြာဘဲ ဟုတ္ တစ္လုံးတည္းဆိုကာအခန္းထဲျပန္ဝင္လာခဲ့သည္
မိုးစက္တစ္ခ်ိဳ႕စင္ေနတဲ့မွန္တခါးကိုၾကည့္ကာ ကေလးသဖြယ္အာေငြ႕ေပးရင္း Jeonဆိုတဲ့နာမည္လွလွအားေရးလိုက္၏
အပူေငြ႕ျပယ္သြားတဲ့အခါသူေရးထားတဲ့ဂြၽန္ဆိုတာေလးေပ်ာက္ကြယ္သြားတာေၾကာင့္ႏႈတ္ခမ္းေလးကဆူခနဲ
.
.
.
အဖိုးထြက္သြားၿပီျဖစ္တဲ့ပုံရိပ္ကေလးကိုအခန္းကေနတစ္ဆင့္ေငးၾကည့္မိေတာ့ ဂြၽန္နဲ႕ရယ္ေမာခဲ့တဲ့ပုံရိပ္ေတြကထိုလမ္းမေပၚမွာအျပည့္
အျမတ္တနိုးနမ္းေလးရွိတဲ့ ထိုအနမ္းဖြဖြေတြရဲ႕အႏြေးဓာတ္ကလည္းတျဖည္းျဖည္းေပ်ာက္ကြယ္လာရင္း ရင္းႏွီးတဲ့ထိုအနမ္းေတြကပါသူနဲ႕စိမ္းသက္လာေလသည္။
တိက်မႈ႕မရွိတဲ့ေစာင့္ဆိုင္းျခင္းက ဘယ္အခ်ိန္ထိရွည္ၾကာအုံးမွာလဲဂြၽန္
ေစာင့္ဆိုင္းေနရသူကိုအားနာသျဖင့္ အခ်ိန္ေတြကိုရစ္ျပစ္ခ်င္မိတယ္ သို႔ေပမယ့္ငါဟာအစြမ္းေတြရွိမေနျပန္ဘူး ။
ခ်စ္ရသူမရွိတဲ့အခ်ိန္ကိုေစာင့္ဆိုင္းေနတဲ့သူ႕ေန႕ရက္ေတြကရွည္သည္။
လစဥ္လတိုင္းေရာက္ေနတက္တဲ့စာတိုေလးေတြက သူ႕အတြက္အားအင္တစ္မ်ိဳးသာ
ခ်စ္တက္ေအာင္သင္ေပးခဲ့သလို ေစာင့္ဆိုင္းတက္ေအာင္လည္းသင္ေပးေနတဲ့ဂြၽန္က သူ႕စိတ္ထဲစာလာမဲ့အခ်ိန္ကိုသာေမွ်ာ္ေစ၏
ငါကိုယ္တိုင္လည္း ဦးတည္ခ်က္မရွိတဲ့သူတစ္ေယာက္လိုလြင့္စင္ေနမိရင္း
စာေတြနဲ႕သာအသက္ဆက္ေနရတဲ့သူတို႔ဆက္ဆံေရးက ယိုင္နဲ႕နဲ႕ စြန္ႀကိဳးေလးအလား ေလေပၚကိုေရာက္တလွည့္ျပတ္ၾကတလွည့္နဲ႕ၾကမ္းတမ္းစြာျဖန္သန္းေနရတာ ။
" အဖိုး စာလာလား "
.
.
သူ႕အေမးကိုအဖိုးကေခါင္းညိမ့္ျပတဲ့အခါ ခုန္ေပါက္ရင္းအိမ္ျပင္ကိုထြက္လာၿပီးစာတိုက္ပုံးေလးဆီကိုေျခခ်လွ်က္
စာလာတိုင္းၾကက္ႀကီးလည္လိမ္သလို႐ုပ္ကေန ခုန္ေပါက္ေနတဲ့သူ႕ကိုအဖိုးကမၾကည္ေတာ့ပါ ဘယ္သူ႕ဆီကစာေတြလဲလို႔ေမးေနသည္မွာခနခနျဖစ္ၿပီး သူငယ္ခ်င္းဆီကစာေတြျဖစ္ေၾကာင္းလိမ္ရသည္မွာလဲခနခန
အရင္ကဆိုစာတိုက္ပုံးဘက္ေျခဦးေတာင္မလွည့္တဲ့သူက မုန့္ဖိုးေလးေတြပါစုရင္းစာတိုက္အထိ ခ်စ္ေၾကာင္းလြမ္းေၾကာင္းေတြပို႔တက္ေနၿပီ
.
.
.
အဖိုးအသစ္လုပ္ေပးထားတဲ့စာတိုက္ပုံးေလးကိုဖြင့္လိုက္တဲ့အခါ အနီေရာင္စာအိတ္လွလွေလးနဲ႕အတူ ဂြၽန္သုံးေနၾကေရေမႊးနံ႕ေျပေျပေလးပါရလိုက္သည္။
လြမ္းေနရတဲ့ကိုယ္သင္းရနံ႕ေလးကိုဂြၽန္ပို႔လိုက္တဲ့စာေတြေတြဆီမွရလိုက္တဲ့အခါ မ်က္ရည္ေတြကေဝ့ခနဲ
ခ်စ္ရသူရဲ႕လက္ေရးလွလွေတြကိုျမင္ဖို႔မေစာင့္နိုင္ေတာ့တယုတယနဲ႕ဖြင့္ဖတ္တဲ့အခါ သူ႕ကိုဆူပူထားတဲ့စကားလုံးေတြကႀကိဳဆိုသည္။
သူ႕အပိုင္ျဖစ္တဲ့ ကိုယ့္ရဲ႕ကိုယ္လုံးမွာအနာတရျဖစ္တာမႀကိဳက္ေၾကာင္းနဲ႕ မိုးေရထြက္ခ်ိဳးတာပိုအျပင္အထန္တားျမစ္ထားပုံကပိုင္ဆိုးပိုင္နင္းရယ္
.
.
.
" သူကမ်ားငါ့ကိုရိုက္ခ်င္တယ္ရွိေသး "
.
.
.
စာနဲ႕သူ႕ကိုရိုက္ခ်င္ေၾကာင္းလွမ္းေျပာထားတာေၾကာင့္ပါးစပ္ကသာအျပစ္တင္ေနေပမယ့္သူ႕မ်က္ႏွာကေတာ့ၿပဳံးေနသည္မွာမဖုံးႏွိင္မဖိနိုင္
ေနာက္ဆို အဆူခံရေအာင္မ်ားမ်ားလုပ္မွထင္တယ္ ဒါမွဂြၽန္စိတ္ပူၿပီးဒယ္ဂူကိုျပန္လာေလာက္မွာ
.
.
.
ငါကိုယ္တိုင္ဖန္တီးထားတဲ့အနီေရာင္ႀကိဳးမွ်င္ေလးက ခပ္ေရာ့ေရာ့ ဘယ္အခ်ိန္ျပတ္သြားမလဲေတြးမိတဲ့အခါ ရင္ထဲနင့္ေအာင္ငိုရပါသည္။
အထပ္လိုက္ျဖစ္ေနတဲ့ဂြၽန့္ရဲ႕စာ႐ြက္လွလွေလးေတြၾကားမၾကာေသးမွီကရလာတဲ့စာအိတ္နီနီေလးကိုပါထည့္သိမ္းလိုက္သည္။
စာ႐ြက္ေလးေတြရဲ႕အရည္အတြက္ကမ်ားလာတဲ့အခါ ဂြၽန္နဲ႕ပိုနီးစပ္လာသလိုသူခံစားရတယ္
ဒီအေတာအတြင္း ဂြၽန့္ရဲ႕ေရေမႊးနံ႕ေျပေျပနဲ႕ဂြၽန္ေပးတဲ့စာေတြသာသူ႕အနားမွာရွိေနၿပီး အထီးက်န္ဖို႔ကလုံေလာက္ေနပါၿပီ
မေန႕ကလိုဘဲဒီေန႕လဲအျပင္မထြက္ခ်င္တာေၾကာင့္ အခန္းထဲမွာဘဲသူကိုယ္သူပိတ္ေလွာင္ရင္းအလြမ္းေတြကတစ္ေျမ့ေျမ့တိုက္စားေစတယ္။
ငါေတာ့လြမ္းလြန္းလို႔႐ူးရခ်ည္ရဲ႕ဂြၽန္ရယ္... ။
___________________________
.
.
.
.
စာလႊာေတြနဲ႕ေနသားက်လာတဲ့သူ႕ကမာက အခ်ိန္မွန္ေရာက္လာတက္တဲ့ဂြၽန့္စာေလးေတြကလြဲရင္ေမွ်ာ္လင့္စရာမရွိ
အခ်ိန္မွန္ေရာက္လာတဲ့စာ႐ြက္လွလွေလးေတြရယ္ ပုံမွန္ပို႔ေနၾကသူ႕ရဲ႕စာလႊာေတြကအဖိုးကိုသံသယျဖစ္ေစမွန္းသူသိပါသည္။
သို႔ေသာ္သူထိုအရာေတြမေတြးဘဲဂြၽန္ဆီက ျပန္စာကိုဘဲေန႕စဥ္ရက္ဆက္ေမွ်ာ္ေလ့ရွိတယ္
သူ႕တို႔ဆက္ဆံေရးက သိပ္ကိုခတ္ခဲလြန္းလို႔တစ္ခါတေလ လႊတ္ခ်ခ်င္ပါရဲ႕...အေတြးနဲ႕တင္နာက်င္ဖို႔လုပ္ေလာက္ေနတာမလို႔မ်က္ကန္းတစ္ေယာက္ပမာသူဟာကမ္းမျမင္လမ္းမျမင္ ။
ပုံမွန္ေရာက္ေနတက္တဲ့စာလႊာလွလွေလးေတြေတာင္သူ႕ထံေရာက္မလာသည္မွာ ႏွစ္လပင္ျပည့္လုလုရွိၿပီ
ဂြၽန္မအားေလာက္ဘူးအထင္နဲ႕သူ႕စိတ္ကိုေျဖေလ်ာ့ရင္း စာတိုက္ပုံေလးဆီအမွတ္မရွိေရာက္ျဖစ္တာလဲခနခန
ဒီေန႕ေတာ့စာျပန္ဖို႔ေမ့ေလွ်ာ့ေနတဲ့ခ်စ္ရသူလူဆိုးေကာင္အား ခတ္ခတ္ခဲခဲဘဲ စာတစ္ေဆာင္ေရးကာ သူ႕ကိုသတိရေနဖို႔မွာရေတာ့မည္ ။
အခုတစ္ေလာဂြၽန့္ဆီကစာေတြမရေတာ့တာေၾကာင့္ သူ႕စိတ္ေတြကလဲလူမရွိတဲ့လမ္းမထက္ကိုေငးၿမဲေငးေနတက္ၿပီး အဖိုးေခၚရင္ေတာင္ၾကားတဲ့အခါမွၾကားသည္။
အဖိုးခိုင္းသမွ်ကိုလဲအၿမဲတစ္လြဲေတြလုပ္ေနတက္လို႔အဆူခံရသည္မွာလဲခနခန သူကေတာ့အဖိုးဆူေနရင္ေတာင္ေတြေတြေလးအေဝးကိုဘဲေငးေနတက္တယ္ ။
ဒီေန႕လည္းအျပင္သိပ္မထြက္ခ်င္တာေၾကာင့္လြင့္ေျမာေနတဲ့အေတြးေတြကိုသတိေပးရင္းသူ႕စာေလး စာတိုက္ဆီေရာက္ဖို႔အတြက္အဖိုးအျမင္ၾကည္ေအာင္ေနရသည္။
သူေပးတဲ့စာေလးဂြၽန့္ဆီေရာက္ခဲ့ရင္ေတာ့ ဂြၽန္သူ႕ကိုစာျပန္ေလာက္မွာပါေလ ။
.
.
.
.
ဂြၽန္မရွိတဲ့အခ်ိန္ကေနစၿပီးဝမ္းနည္းလြယ္တက္တဲ့သူ႕စိတ္ေတြကသူ႕ကိုမခ်စ္ေတာ့ေလသလားဆိုတဲ့အေတြးကိုအၿမဲရိုက္သြင္းသည္။
ထိုအေတြးေတြေၾကာင့္ဘဲသူ႕ကိုယ္သူအျပစ္ရွိသလိုခံစားရတိုင္း ဂြၽန့္စာေလးေတြေရာက္လာမယ့္အခ်ိန္ကိုေစာင့္ေစရင္းဒဏ္ခတ္သည္။
ခပ္ႏြေးႏြေးအနမ္းေတြမရရင္ေတာင္ ဂြၽန့္ကိုယ္သင့္ရနံ႕ေတြပါတဲ့စာေလးေတြရရင္ဘဲသူအလြမ္းေျပလွပါၿပီ ။
.
.
.
" အဖိုး...ထယ့္ကိုဒီစာေလးေရာက္ေအာင္ပို႔ေပးပါအုံး "
.
.
.
" စာေတြအမ်ားႀကီးကိုဘယ္သူ႕ဆီပို႔ေနတာလဲထယ္ ဒီလထဲစာေတြပို႔ေနတာလဲမနည္းေတာ့ဘူးမလား အဖိုးေပးတဲ့မုန့္ဖိုးကိုတျခားေနရာမွာသုံးစမ္းပါေျမးရယ္ "
.
.
.
" ေသခ်ာေပါက္ပို႔ရမယ့္သူရွိလို႔ပါဖိုးရယ္
က်ေနာ့္မွာတစ္ျခားသုံးစရာေနရာမွမရွိဘဲ ဒီစာေလးေတြကိုသာေရာက္ေအာင္ပို႔ေပးပါဗ်ာ "
.
.
.
ေခါင္းမာလြန္းတဲ့သူ႕ကိုအဖိုးကမနိုင္ဘူးဆိုတဲ့ပုံစံနဲ႕ေခါင္းတစ္ခါခါ
ဟုတ္ပါရဲ႕ ဒီလထဲသူစာေတြခနခနပို႔ေနလို႔အဖိုးေပးတဲ့မုန့္ဖိုးေတာင္သိပ္မက်န္ေတာ့ဘူး
တစ္ျခားသုံးစာေနရာမရွိတာမ်ိဳးမဟုတ္ဘဲ ဒီစာေတြကသာပိုအေရးပါေနလို႔ပါဖိုးရယ္။
.
.
.
စာပို႔ခေတြကေစ်းႀကီးလြန္းလို႔ သူ႕မွာလိုခ်င္တာေတြရွိရင္ေတာင္မ်ိဳသိပ္ရသည္။
မဟုတ္လို႔ဂြၽန့္ဆီစာမပို႔ျဖစ္ရင္ သူ႕ကိုအထင္လြဲေနမွာဆိုးရတယ္ ။
.
.
.
___________
စိတ္ေတြကမြန္းက်ပ္လြန္းတာေၾကာင့္ ရစ္ဘိန္းေလးနဲ႕ အနီေရာင္ဆီစိမ္စကူစြန္ေလးကိုယူကာ ေလတျဖဴးျဖဴးတိုက္ေနတဲ့လမ္းမထက္မွာလႊင့္တင္မိသည္။
သူလႊတ္လိုက္တဲ့စြန္ေလးေလေပၚေရာက္သြားသည့္အခါ သူ႕စိတ္ေတြေမာလာၿပီး စြန္ေလးျပတ္ၾကမည္ကိုစိုးရိမ္လာသည္။
တျဖည္းတျဖည္းနဲ႕သူသေဘာက်ရတဲ့စြန္အနီေရာင္ေလးက ေလေပၚမွာလြပ္လပ္စြာဝဲပ်ံရေနသည္မွာ ရစ္ဘိန္းေလးရွိေနတာေတာင္ေမ့ေလ်ာ့ေနတဲ့အထိ။ ရစ္ဘိန္းေလးကေတာ့စြန္ေလးတဲ့လြပ္လပ္မႈ႕ကိုႀကိဳးကိုင္ရင္းမာနႀကီးတဲ့စြန္ေလးရဲ႕လစ္လ်ႈရႈ႕ျခင္းကိုသာခံရစၿမဲ။
ေလျပည္ေတြၾကမ္းလာတဲ့အခါ အျမင့္ကိုေရာက္ေနတဲ့စြန္ေလးကို ခပ္ယဲ့ယဲ့ရစ္ဘိန့္ႀကိဳးေလးကဆြဲမထားနိုင္ေတာ့
မာနႀကီးတဲ့စြန္ေလးကလဲ ေလျပည္ေနာက္ကိုသာလိုက္ပါရင္း ရစ္ဘိန္းေလးကိုစြန့္လႊတ္ခဲ့ၿပီ။
ႀကိဳးလြတ္သြားတဲ့စြန္နီနီေလးကိုၾကည့္ရင္းသူ႕လက္ထဲကရစ္ဘီးေလးကေတာ့ေျမျပင္ေပၚမွာ ။
ဆြဲထားရတဲ့ႀကိဳးေတြတင္းလာတဲ့အခါသူကိုယ္တိုင္ျဖတ္ခ်ျပစ္လိုက္တာမ်ိဳး
ေလးလံေနတဲ့အရာေတြက တစ္ခါတစ္ေလမွာငါတို႔ကိုယ္ဒုခေပးနိုင္တယ္ရစ္ဘိန္းေလးရဲ႕
လႊတ္ခ်လိဳက္တဲ့ခံစားခ်က္ကခတ္ခဲေပမယ့္
ပိုင္ဆိုင္မႈ႕မရွိတဲ့လူတစ္ေယာက္ကဘယ္အရာကိုယ္မွဆိုးရိမ္ေနဖို႔မလိုဘူးေလ။
__________________