IDOL

By Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

63 (Uni)

375 31 0
By Thurein__

"မြန်မာ့နန်းတွင်းယဥ်ကျေးမှုများကို ထည့်သွင်းထားသည့်သီချင်းဖြင့် Billboard Hot 100 သို့ ခြေချနိုင်ခဲ့သည့်အပြင် အောင်မြင်စွာတစ်ကိုယ်တော်ပွဲဦးထွက်နိုင်ခဲ့သည့် မြန်မာ့ပထမဆုံးနှင့်တစ်ဦးတည်းသော အနုပညာရှင် Eagle"

ညီညီ့ဂုဏ်သတင်းတွေ နိုင်ငံတဝှမ်းမွှေးပျံ့နေသည်။ မြန်မာအနုပညာရှင်တစ်ယောက်အနေနှင့် အံ့မခန်းစွမ်းဆောင်နိုင်ခဲ့သည့် အ​ခြေအနေကြောင့် သောင်းသောင်းဖျဖျကိုချီးကျူးကြသည်။ Hot 100 စာရင်းထွက်လာပြီးနောက်မှာပင် ပြည်တွင်းရော အင်တာနေရှင်နယ်မှာပါ ညီညီနှင့်ပတ်သတ်သည့် ဆောင်းပါးများတန်းစီတက်နေသည်။

အရင်အပတ်ကပဲ ညီညီ့ Solo ပွဲဦးထွက်ခဲ့သည်။ Tour လှည့်ပြီးပြီးချင်း တစ်လအကြာတွင် မန်ဘာတစ်ယောက်ချင်းစီ၏ အချိန်ဇယားတွေပြန်စဖြစ်သည်။ ခုနှစ်အတွက် အဖွဲ့လိုက် Comeback မရှိဘဲ Solo သွားမည့်သူနှင့်၊ ဒရမ်မာရိုက်မည့်သူနှင့်၊ Oversea ပွဲတွေပတ်တက်ရမည့်သူနှင့် ဖြစ်လာသည်။

ညီညီက Artist-K အဖွဲ့၏ တတိယမြောက် Solo ပွဲဦးထွက်သူပေါ့။ ညီညီ Hiatus နေစဥ်အတွင်း ထယ်ဆော့ပါ Solo ထွက်ခဲ့သည်။

ခုကညီညီ့အလှည့်။ Solo ထွက်တော့မယ်ဆိုတော့ "ဝိုး ငါ့အလှည့်ရောက်ပြီပေါ့။ ငါတောက်ပရမယ့်အချိန်ပဲပေါ့။ တစ်ချက်တည်းနဲ့တစ်ခါတည်း Eagle ရယ်လို့လူတွေသိသွားအောင် လုပ်ပစ်လိုက်မယ်ပေါ့"ဟု မာန်ရှိခဲ့၏။

ကိုယ်တစ်ချိန်လုံးတွေးတောစဥ်းစားခဲ့တဲ့ ကိုယ့် Solo ပွဲဦးထွက်မှာ ကိုယ်လုပ်ချင်ခဲ့တာတွေကို အကောင်အထည် ဖော်ခွင့်ရတော့မည်ဆိုတော့ အသေးစိတ်ကမှအစ ဖန်တီးမှုများထဲတွင် ညီညီ့အတွေးစိတ်ကူးတွေပါဝင်ခဲ့သည်။ မေမေက ညီညီ့ Solo ကျရင် မြန်မာမှုတွေပိုထည့်မည်ဟု ပြောခဲ့သလိုပင် ခေါင်းစဥ်သီချင်းမှာပင် အများကြီးထည့်သွင်းခဲ့သည်။

MV တစ်ခုလုံးတွင် ပုဂံခေတ်အဆင်အယင်များပါပြီး ညီညီကိုယ်တိုင်က ငယ်ရွယ်နုနယ်သည့် တော်ဝင်မင်းညီမင်းသားတစ်ပါး အသွင်ရော သည်ဘက်ခေတ် မြန်မာအမျိုးသားတစ်ယောက်အသွင်ပါ ခေတ်နှစ်ခေတ်ယောက်ျားသားတစ်ယောက်၏ တော်ဝင်ဆန်သည့်အချစ်အကြောင်းကို နှဲသံ၊ ချလူသံ၊ စည်ကြီးသံ၊ ပတ္တလားသံ၊ ဒိုးပတ်ဗုံသံနှင့် ခေတ်ပေါ် Drop Beat ကြမ်းကြမ်းများဖြင့် ပေါင်းစပ်ထားသည့် အေးလာလိုက်မြူးသွားလိုက်တေးသွားနှင့် ခပ်မိုက်မိုက်သီချင်းတစ်ပုဒ်ဖြစ်သည်။

ကိုရီးယားဘာသာစကားနှင့်သာဖြစ်ပြီး သီချင်းနောက်ဆုံးတွင် မြန်မာစကားလုံးဖြစ်သည့် "ချစ်တယ်"နှင့် အဆုံးသတ်ကြ၍ မြန်မာပြည်သူလူထုတစ်ရပ်လုံးက သဘောကျကြသည်။ "ချစ်တယ်"ဟူသောဝေါဟာရပင်လျှင် အတော်ခေတ်စားနေလေသည်။ မြန်မာမှုများပါဝင်နေသည့် သီချင်းဖြစ်သည်နှင့်အညီ ကမ္ဘာကိုယခုကဲ့သို့ ဖျော်ဖြေမှုကဏ္ဍဘက်မှ တစ်နည်းတစ်ဖုံပြလိုက်နိုင်၍ ညီညီ့ကိုကျေးဇူးတင်ကြောင်းလည်း ပြောကြသည်။ အကျိုးဆက်အနေနှင့် မြန်မာအနုပညာရှင်များအနေနှင့် ရောက်ရန်မဖြစ်နိုင်သည့် Hot 100 လို ကမ္ဘာ့အကြီးဆုံး Music Chart ထဲသို့ ဝင်ရောက်နိုင်ခဲ့သည့် ပထမဆုံးနှင့်တစ်ဦးတည်းသောသူဖြစ်လာခဲ့သည်။

သို့သော် ဆွမ်းဆန်ထဲကြွက်ချေးရော ဆိုသကဲ့သို့ ညီညီ့ကိုမကြိုက်နှစ်သက်သော လူတစ်စုတော့ရှိစမြဲ။ ယဥ်ကျေးမှူအမွေအနှစ်များကို K pop လိုတိုင်းတစ်ပါးတီးလုံးများနှင့် ပေါင်းစပ်ပြီးဖျက်ဆီးသည်၊ အိန္ဒြေရမင်းယောက်ျားတစ်ယောက်ပုံစံပျောက်ကာ ကခုန်နေခြင်းသည် ရှေးမင်းယောက်ျားများကို စော်ကားခြင်းဖြစ်သည် စသဖြင့်အကြောင်းအရာမျိုးစုံနှင့် ဝေဖန်ကြသည်။

အများစုကတော့ တိုင်းတစ်ပါးအပထား ကိုယ့်လူမျိုးကပင်လျှင် မသိချင်တန်ဖိုးမထားချင်တော့သည့် ရှေးဟောင်းအမွေအနှစ်များကို ကိုယ့်နိုင်ငံထွက်  ငယ်ငယ်ရွယ်ရွယ်ယောက်ျားလေးတစ်ယောက်က ယခုကဲ့သို့ အများကပါစိတ်ဝင်တစားဖြစ်လာကြသည်အထိ လုပ်နိုင်စွမ်းရှိတာဖြစ်ကြောင်းနှင့် တီထွင်ဆန်းသစ်မှုသဘောများဘက်က ကာကွယ်ပြောဆိုပေးကြသည်။

မည်သို့ပင်ဆိုစေကာမူ ညီညီ့ Impact ဟုပင်ဆိုရမည်လား။ တစ်ပတ်အတွင်း မြန်မာ့ပုဆိုးလုံချည်သာမက မိန်းကလေးဝတ်ထဘီထည်များပါ ကမ္ဘာ့စျေးကွက်သို့ တင်ပို့ရောင်းချရမှု ဒုတိယအကြိမ်မြောက်ထိုးတက်နေခဲ့ပြီး ပထမတစ်ကြိမ်တုန်းကထက် အဆပေါင်းများစွာရောင်းအားပိုနေသည်ဟု သိရသည်။ ကမ္ဘာတစ်ဝှမ်းမှ ပုဆိုးလုံချည်ထဘီများကို Trend တစ်ခုအနေနှင့်သော်လည်းကောင်း၊ အိမ်နေရင်းဝတ်ရန်အဆင်ပြေသည့် အဝတ်အစား တစ်ခုအနေနှင့်သော်လည်းကောင်း ဝယ်ယူအားပေးမှာအားပေးကြလေရာ တစ်ဆင့်လက်တစ်ဆင့်ကမ်းဆိုသလို စက်ယက်ကန်းများလည်း မနားရ၊ လက်ယက်ကန်းလုပ်ငန်းများပင် ပြန်လည်အသက်ဝင်လာကာ စျေးကောင်းရ၍ မတိမ်ကောသင့်သည့်လုပ်ငန်းလေးများကမှ အစပြန်လည်အသက်ဝင်လာသည်အထိတဲ့။

မိမိနိုင်ငံသို့လာရောက်လည်ပတ်သည့် ခရီးသွားများမှအပ စိတ်ဝင်စားမှုအားနည်းသည် မြန်မာ့ရှေးနန်းသုံးကိရိယာတန်ဆာပလာ အဝတ်အထာ်များပေါ် လူများပိုစိတ်ဝင်စားလာကြသည်။ ဆက်သွယ်ရေးဝန်ကြီးဌာနမှလည်း ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားအရေအတွက် သုံးဆလောက်ပိုများမည်ဟုခန့်မှန်းချက်ထုတ်ထားသည်။

ထို့အပြင် Background Dancer များလိမ်းခြယ်ခဲ့သည့် သနပ်ခါးအခြယ်အသကြောင့် ပြည်တွင်းသနပ်ခါးတုံးပေါင်းများစွာနှင့် သနပ်ခါးအစစ်ကို​အခြေခံထားသည့် အလှကုန် Brand မျိုးစုံတို့ပင်လျှင် ပစ္စည်းပြတ်လပ်ကုန်ကြသည့် သတင်းများသည် နေ့စဥ်နှင့်အမျှ ကြားလာရသည်။

ထိုကဲ့သို့ နိုင်ငံအတွင်းမဖြစ်စဖူးအပြောင်းအလဲများဖြစ်သွားခြင်းကပင်လျှင် ကိုယ့်ကြောင့်ဟုဆိုကြကာ ညီညီသည်မြန်မာ့ထိပ်ခေါင်အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပြီ။

"တော်တယ် ညီ....။ တကယ်အများကြီးချီးကျူးတယ်သိလား။ ငါ့ရဲ့ညီက ရှေ့လျှောက်ပိုနာမည်ကြီးတော့မှာ"

ဇေက နောက်ကနေသိုင်းဖက်လာသည်။ လည်ပင်းများဆီမှာ ဖက်တွယ်ထားသည့် ဇေ့လက်မောင်းကို ညီညီလက်ပြန်ကိုင်ထားကာ ဖြည်းညင်းစွာပွတ်သပ်ပေးလိုက်သည်။ ဇေက ညီညီ့လည်တိုင်များကို နှာဖျားလေးနှင့်ပွတ်တိုက်ကာ တရှိုက်မက်မက်နမ်းသည်။

ညီညီတို့လက်ထပ်ဖို့က နီးသထက်နီးလာခဲ့ပြီ။ ထို့အတွက်လည်း ရင်အမြဲခုန်နေရပါ၏။ မြန်မြန်လည်းရောက်ချင်ပြီဖြစ်သလို မရောက်လာသေးရင်လည်းကောင်းမည်ဟုတွေးမိသည်။ ရောက်မလာ​ချင်သေးဘူးဆိုတာက ရင်တွေခုန်လွန်းလို့ အဆင်သင့်မဖြစ်လောက်သေးဘူးထင်လို့ပါ။

ဇေနဲ့လက်ထပ်ခြင်းမှာ အမှားမရှိ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြစ်သွားချင်တယ်။ အမှားအယွင်းမရှိတဲ့စံပြမင်္ဂလာဆောင်လေးဖြစ်နေချင်သည်။ ထို့အတွက် ညီညီ့မှာအဆင်သင့်မဖြစ်သေးပါ။ တစ်ဖက်မှာလည်း မြန်မြန်လက်ထပ်ချင်ပါ၏။ ဇေ့ကိုတရားဝင်ပိုင်ဆိုင်သူဖြစ်ချင်လှပြီ။
ဇေ့ရဲ့တရားဝင်ပိုင်ဆိုင်သူဖြစ်ချင်လှပြီ။ စာချုပ်နှစ်ခု လက်စွပ်နှစ်ကွင်းလို သက်မဲ့ပစ္စည်းနှစ်ခုအောက်မှ ချည်နှောင်ခံလိုက်ရတာမျိုးဖြစ်ချင်ပြီ။

"ဘာတွေတွေးနေတာလဲ"

စကားပြန်မလာသည့် ညီညီ့ကို ဇေကမေး၏။

"ဘာရယ်မဟုတ်ပါဘူး။ ငါတို့နှစ်ယောက်ပေါင်းရဖို့ဖြစ်လာတာကို မယုံနိုင်သေးလို့ပါ"

ဇေက ညီညီ့ဘေးဝင်ထိုင်သည်။ ညီညီသည် အခန်းထဲကဆိုဖာပေါ်မှာဖြစ်သည်။ TV ကြည့်ရင်းကနေ နိုင်ငံပိုင်သတင်းဌာနမှ ညီညီ့အကြောင်းပါလာ၍ကြည့်နေရင်းက ဇေရောက်လာခြင်း။

ဝင်ထိုင်ပြီး ညီညီ့လက်ဖဝါးများကို ဆွဲယူကာ လက်ချောင်းချင်းယှက်သည်။

"မယုံနိုင်သေးစရာလားကွာ။ အိပ်မက်လည်းမဟုတ်ဘူး။ စိတ်ကူးယဥ်နေတာလည်းမဟုတ်ဘူး။ တကယ့်လက်တွေ့အစစ်"

"ယုံပါတယ်။ မင်းကိုသိပ်မြတ်နိုးတာပဲ"

"ငါလည်းထပ်တူပါကွာ"

"ဘယ်အချိန်ကတည်းက ငါ့ကိုစကြိုက်သွားတာလဲ"

ညီညီ့မေးခွန်းကို ဇေကတန်းမဖြေ။ စဥ်းစားနေပုံပေါ်တာမို့ ညီညီလည်းအဖြေကိုစောင့်သည်။

"အင်... အတိအကျမသိဘူး။ သတိထားမိတော့ မင်းကိုချစ်နေမိပြီ"

"အဟင်း"

"အမယ် ရယ်တယ်ပေါ့။ ဘာလို့ရယ်တာလဲ"

"ဟုတ်ပါဘူး ငါ့ကိုယ်ငါ အဖြောင့်ကြီးကိုကွေးအောင်လုပ်နိုင်တဲ့လူလို့တွေးမိသွားလို့ အဟင်း"

"မဟုတ်တာကို ကြံဖန် စကားလုပ်ပြောနေတယ်ကွာ ဟက်ဟက်။ မင်းကရော ဘယ်ချိန်ကတည်းကစကြိုက်တာလဲ ပြောပါဦး"

ဇေက ဟက်ဟက်ပက်ပက်ရယ်မောသည်။ သွားဖြူဖြူလေးတွေပေါ်သည်အထိ။

"ငါလည်းမသိဘူး။ သတိထားမိချိန်မှာ မင်းကိုကြိုက်နေပြီရယ်။ တစ်ခုအသေအချာပြောနိုင်တာက မင်းကငါ့ရဲ့အချစ်ဦးပဲ"

ညီညီ့မျက်လုံးများသည် စူးစူးနစ်နစ်ကြည့်ခံရသည်။ မယုံသင်္ကာမျက်လုံးများတော့မဟုတ်။

"သူ့ထက်အရင်လား"

သူ တဲ့။ မည်သူကိုဆိုလိုမှန်းညီညီသိသည်။

"အင်း..."

ထိုအခါ ညီညီ့လက်ဖဝါးများကို ဆုပ်ကိုင်ထားသည့်ဇေ့လက်များ ပိုတင်းကြပ်လာသည်။ ဝမ်းသာမှုမျက်လုံးများနှင့် ကြင်ကြင်နာနာ ကြည့်သည်။
ညီညီကအမှန်တရားကိုပြောလိုက်ခြင်းသာ။

ဒီနှစ်တွေထဲမှာ အကြိမ်ကြိမ်အခါခါပြန်စဥ်းစားကြည့်ခဲ့ပြီပြီ။ ဇေ့အပေါ်ရင်ခုန်သံတွေ ဘယ်အချိန်ကစခဲ့လဲဆိုတာကမှအစ ခံစားချက်တွေဘယ်လောက်ထိနက်ရှိုင်းပြီးချစ်မိနေပြီဆိုတာထိ။ ဘယ်အချိန်ကစလဲဆို​တာတော့ သေသေချာချာမတွေ့ခဲ့ပေမယ့် သူနဲ့ကိုယ် အမှတ်မထင်တွေ့တိုင်း ကိုယ့်ရင်ထဲကကြိတ်ပျော်နေခဲ့မိတာတော့ သိခဲ့သည်။

ညီညီ့နှလုံးသားကို မှားယွင်းပေးအပ်လိုက်ခဲ့သည့်သူနှင့် တွေ့ဆုံချိန်က ရင်ခုန်မှုနှင့် ဇေသုခလင်းဆိုသည့် အညတရကောင်လေးနဲ့တွေ့သည့်အချိန် ရင်ခုန်မှုကမတူပါ။

အစ်ကိုနဲ့တုန်းက ပရိတ်သတ်တစ်ယောက်ရဲ့ ရှိရင်းစွဲအချစ်ပေါ် ထပ်ပေါင်းချစ်မိတဲ့ အချစ်သာဖြစ်ပြီး ဇေ့အပေါ်ကိုကျ သဘာဝကျကျ သူ့အလိုလိုဖြစ်တည်လာသည့် ထောင့်ငါးရာအချစ်စစ်။ ကိုယ့်အိမ်ကို စတင်ရောက်လာချိန်၊ သူနဲ့ကိုယ်ခရီးထွက်ကြချိန်၊ သူနဲ့ကိုယ်ပိုခင်မင်လာကြချိန်ကတည်းက အခြေစပြုခဲ့တယ်လို့ ယူဆရသည့်အချစ်မို့ ဇေကညီညီ့ဘဝရဲ့အစောဆုံးအချစ်ဦးဖြစ်ခဲ့ပါသည်။

"ညီရယ်.....အချိန်တွေနောက်ပြန်ဆုတ်ပြီး မင်းကိုပဲအရင်ဆုံးဖွင့်ပြောလိုက်ချင်လိုက်တာကွာ"

"ဟင့်အင်း ငါတော့ မသွားချင်တော့ဘူး။ အတိတ်ကဟာတွေကိုနှစ်ခါထပ်မကြုံချင်ဘူး။ မင်းနဲ့စောနီးစပ်ရမယ်ဆိုရင်တောင်မှ ပြန်သွားရမှာကြောက်တယ်"

ညီညီ့ဆံပင်လေးတွေကို ဇေကသပ်ပေးသည်။ အဲ့လိုသပ်ပေးတိုင်း ညီညီသိပ်သဘောကျသည်။

"ကိုယ်ကစကားအဖြစ်ပြောတာကွာ။ မင်းလေးကိုကိုယ့်ရဲ့အချစ်ဦးမဖြစ်စေခဲ့လို့ နောင်တရလို့ပါ။ ခုတော့မင်းကကိုယ့်ရဲ့အချစ်ဆုံးနဲ့အချစ်စစ်ပါ"

နောက်တစ်ကြိမ် ညီညီတို့နှစ်ယောက်အကြည့်ချင်ဆုံမိကြပြန်သည်။ သည်လူနဲ့တွေ့ရင် ရင်ခုန်သံတွေရပ်သွားတယ်ဆိုတာမရှိ။ အမြဲတမ်းဆူလပူကြဲနေတုန်းပဲ။ ရင်ခုန်သံတစ်ချက်နှင့်အမျှ သည်လူကိုတစ်ဆပိုချစ်မိသည်။ ထို့နောက် ဦးတည်သည်က သာယာလှပသည့်အနမ်းတစ်ခုဆီသို့။

ထာဝရလတ်ဆတ်နေမြဲဖြစ်သည့် အနမ်းတစ်ပွင့်သည် ပို၍​ချစ်ခြင်းကိုဖြစ်စေသော ဆင့်ကဲပြောင်းလဲမှုကိုသာဖြစ်စေသည်။ နူးညံ့ပြီးပူနွေးသောနှုတ်ခမ်းလွှာနှစ်ခု ဂဟေဆက်ရာရပ်ဝန်းသည် အတန်ငယ်ကြာမြင့်လေသည်။

.........

"၂၀၂၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် နံပါတ်တစ်ပြေးလျက်ရှိသည့် ထာဝစဥ်ရွှေ"

နှစ်တစ်နှစ်ပြီးတိုင်းပြီးတိုင်း လူအများအာရုံအစိုက်ကြဆုံးပွဲတစ်ခုဖြစ်သည့် အကယ်ဒမီပေးပွဲသို့ တဖန်ပြန်ရောက်ခါနီးလာပေပြီ။ နောက်တစ်ပတ်ထဲမို့ ရက်ပိုင်းသာလိုတော့သည်။ တစ်နှစ်တာအတွက် လူတွေအမျှော်လင့်ကြဆုံးပွဲတွေထဲက တစ်ခုအပါအဝင်ဆိုလည်း မမှား။

သက်ဆိုင်ရာဆုတွေအလိုက် ကြိုတင်ခန့်မှန်းတစ်ကြိုပေးကြသည့်အထဲ ထာဝစဥ်ရွှေ၏စန်းတစ်ခေတ်ထတောက်မှုကြောင့် ပြိုင်စံရှားတစ်ပြေးနေတော့သည်။

အမှားကိုသိပြီး အမှန်ပြင်နိုင်ခဲ့သည့် ထာဝစဥ်ရွှေသည် နှစ်ဆုံးခါနီးလေးကမှ အမေငယ်ငယ်ခန်းသရုပ်ဖြင့် ဝင်ချလာပြီး နောက်ဆုံးဘိတ်အိတ်နှင့်လွယ်ထားလိုက်သလို။

တစ်ချိန်တည်းမှာပင် နာမည်ဆိုးနှင့် ခုနစ်နှစ်ခန့်မျှ ရုပ်ရှင်လောကပေါ်မှ ပျောက်ချင်းမလှပျောက်သွားပြီး ယခုကဲ့သို့အရှိန်အဟုန်နှင့် ပြန်လာခဲ့ခြင်းအပေါ် ပရိတ်သတ်ထုက စိတ်ဝင်တစားရှိကြသည်။ အင်တာ​ဗျူးတိုင်းမှာ အတိတ်ကကိစ္စတွေချည်းမေးကြတာမို့ အရွှေအသက်ရှူကြပ်ရတာခပ်များများ။

အနုပညာလောကကို ပြန်မဝင်တော့ဘူးလို့ ဆုံးဖြတ်ပြီးကာမှ ဤကားကိုရိုက်ဖြစ်ခဲ့ခြင်းသည် အရွှေ့ဘဝရဲ့နောက်ဆုံးအပြီးသတ်ဇာတ်ကားအဖြစ် အရွှေ့ဘဝရဲ့အထူးခြားဆုံးလက်ရာမြောက်ကားတစ်ခုနှင့် ရုတ်တရက်ရပ်ခဲ့ရသည့် အရွှေ့အနုပညာလမ်းတုံးတိကို ကောင်းကောင်းအဆုံးသတ်ပေးချင်လို့ပင်။

အရွှေ့စေတနာတွေ မှန်တယ်ပြောရမလား။ တစ်ချိန်ကဆိုးခဲ့မိုက်ခဲ့၍ နာမည်ပျက်ခဲ့သည်ဆိုသော်လည်း အနားယူလိုက်လို့ ဂေဟာမှာဝင်လုပ်နေချိန်တစ်ချိန်လုံးက အရွှေ့စိတ်ရင်းတွေနဲ့ချည်းသာ။

ကိုယ့်အပျိုစင်ဘဝက ကြာရိုးကိုကတ်ကြေးနှင့်အဖြတ်ခံရသလို တိခနဲကျိုးပျက်ခဲ့ရသည်ဆိုပေသိ ကံကောင်းထောက်မစွာနှင့် အဖေခေါ်စရာမရှိသော၊ မကြည်ဖြူသောအကောင်အထည်ကိုယ်ဝန်တစ်ခု တင်မကျန်ခဲ့သော်လည်း အရွှေ့နဲ့အဖြစ်တူသည့် တခြားအမျိုးသမီးလောင်းများမှာ Single mother ဘဝနဲ့ ပတ်ဝန်းကျင်တွင် ခက်ခဲစွာရှင်သန်နေကြတာကိုတွေ့ရင် ကိုယ်ကပါအလိုလိုမိခင်စိတ်ဝင်လာမိသည်။ ထို့ကြောင့် မိဘရယ်လို့ခေါ်စရာမရှိသည့် ဂေဟာတွင်
အရွှေ့ရဲ့သားသမီးအရင်းအချာများလို မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်ပေးဂရုစိုက်ပေးခဲ့သည်။ ပူလောင်သောကရောက်နေတဲ့ အရွှေ့ဘဝကို အေးချမ်းစေခဲ့သည့်နေရာလေးပေါ့။

ဂုဏ်ရည်ညီညီကပြောတယ်။ အမှားဆိုတာ ကိုယ့်ဘာသာသိရင်ရပြီတဲ့။ ကိုယ့်ဘာသာသိပြီးကိုယ်ဘာသာပြင်ရမယ်တဲ့။ လတ်တလောတော့အပိုတွေလုပ်ပြတယ်ထင်ချင်ထင်ကြမယ်၊ အချိန်ကြာလာရင်အမြင်တွေပြောင်းသွားကြမှာတဲ့။ "နင်က သူတို့ပြန်လက်ခံ​လာအောင် ကောင်းတာကိုဗန်းပြပြီးလုပ်နေတာ"လို့ထင်ကြပြီး သူတို့ကအာရုံမစိုက်ရင် နင်လက်လျော့ပြီးနောက်တစ်နည်းပြောင်းလုပ်မှာပဲလို့ တွေးကြတာတဲ့။ သိပ်မှန်တာပဲ။ အရွှေ့မှာအချိန်နဲ့သက်သေပြခဲ့ရတာ။

အလကားသက်သက်မဲ့ ပုတ်ခတ်ကြလွန်းလို့ ဂေဟာကိုလာပြီးလုပ်တဲ့ အင်တာဗျူးတိုင်းမှာ မဝေကချည်းဒိုင်ခံဖြေရတယ်ဆိုပေမယ့် ဂေဟာအကူကောင်မလေးတွေ တစ်ယောက်စနှစ်ယောက်စဖြေရတာမျိုး၊ ကလေးတွေကိုရိုက်ကူးသွားတာမျိုးဆို အရွှေ့တစ်နေရာရာမှာပြေးပုန်းနေလိုက်မိတော့တာ။ အရွှေကတော့ ကိုယ့်အမှားတွေကိုကောင်းမှုတွေနဲ့ဖြေဖျောက်ချင်တဲ့ ဆန္ဒကြောင့်ရယ်သာ ဒီလမ်းကိုရွေးခဲ့တာ။ သူတို့လက်ခံခံမခံခံကိစ္စမရှိ။ ကိုယ်ကောင်းတာကိုယ်သိရင်ရပြီရယ်။

သူတို့ထင်သလို အပေါ်ယံနှမ်းဖြူးတာမဟုတ်ဘဲ ကောင်းသောအလုပ်ကို နှစ်နဲ့ချီ​ပြီးတစိုက်မတ်မတ်လုပ်နေတာကိုတွေ့ကြတော့ အရွှေ့အမှားပြင်ဆင်ချက်ကိုကောင်းကောင်းချီးကျူးကြပါသည်။ ထို့အတွက်လည်း အကြာကြီးနေမှပြန်ရလာတဲ့ သည်အခွင့်အရေးကိုပြန်ရခဲ့ခြင်းပါပင်။

အနုပညာကိုချစ်မြတ်နိုးတဲ့စိတ်က အခံရှိနေသေးတော့ အရွှေတန်းလက်ခံလိုက်သည်။ ဇာတ်ရုပ်ကလည်း အရွှေ့နဲ့သိပ်ရင်းနှီးတဲ့ဇာတ်ရုပ်။ အရွယ်ငယ်ငယ်နဲ့မိခင်ဘဝရောက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်း။ ​အရွှေ့အတွက်သိပ်လွယ်ကူတဲ့ကားပေါ့။ နှစ်နဲ့ချီပြီး အမေတစ်ယောက်လိုဖြစ်နေတာ ငိုရယိုရမယ့်ခံစားချက်က အရွှေနဲ့ရင်းနှီးပြီးသား။

ရိုက်ကွင်းမှာဆိုလည်း မျက်ရည်အစစ်တွေနဲ့ချည်းရိုက်ကူးခဲ့သည်။ ခုတော့ ဇာတ်ဆောင်ဆုအတွက် ပြိုင်စံရှား တစ် ပြေးနေသည်တဲ့လား။
အရွှေပျော်ပါ၏။ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးသည့် သတင်းမျိုးကြားရတာ အရွှေဝမ်းသာပါ၏။

အရွှေ့ဆီကံကောင်းခြင်းတွေ ပြန်ရောက်လာတာလား။

အခွင့်အလမ်းတွေ ပြန်လမ်းမှားလာတာလား။ အရွှေကတော့ ဆက်လုပ်ဖြစ်မယ်မလုပ်ဖြစ်ဘူး သေချာမဆုံးဖြတ်ရသေးပေမယ့် လုပ်ဖို့မသေချာပါ။ အရွှေ့နောက်ဆုံးရုပ်ရှင်လို့ တွေးပြီးလုပ်ခဲ့တာမို့ အကယ်ဒမီရရမရရ အရွှေ့အတွက်ပြောင်းလဲမှုမရှိ။ အနုပညာကိုချစ်တာကတစ်ပိုင်း ဖြူစင်ရာရပ်ဝန်းလေးတွေကို မခွဲနိုင်တော့တာကတစ်ပိုင်း။

"စိတ်တိုင်းကျရဲ့လား ကြည့်ပါဦး"

"ကိုမျိုးလက်ရာဆိုယုံပြီးသားပါ"

အရွှေ ဒီဇိုင်နာမျိုးမျိုးမြတ်ဆီရောက်​နေခြင်းဖြစ်သည်။ ပွဲတက်ဝတ်စုံလာအပ်သည်ဆိုပါတော့။

"အဲ့လိုလည်းဘယ်ဟုတ်ပါ့မလဲ။ ကြည့်ကြည့်ပါဦး။ အရွှေကရိုးရိုးဆိုလို့သာရိုးရတယ်။ ဒီနှစ်အကယ်ဒမီထိပ်တန်း​မင်းသမီးရဲ့ဖက်ရှင်ကလန်းထွက်နေသင့်တာ။ အေးလေ ပရဟိတမင်းသမီးလေးဆိုတော့ ဘယ်လိုဝတ်ဝတ် လူတွေအမြင်မှာလှနေမှာပါပဲ"

ကိုမျိုးက တစ်ချိန်ကရန်ဖြစ်ဖူးခဲ့သူမဟုတ်သည့်အတိုင်း နှုတ်ဆက်ပြောဆိုသည်။ သူ့ဘက်ကလျှော်လိုက်ပြီတဲ့။ အရွှေလည်းတောင်းပန်ပြီးပြီ။ ကိုမျိုးကလည်း အရွှေ့ကိုသူကိုယ်တိုင်ချစ်သည်တဲ့။ အရွှေများအစောကတည်းက လိမ္မာခဲ့ရမှာ။ ဘာကိုအထင်ကြီးပြီးဇွတ်မာနတွေထောင်မိတယ်မသိ။ လူတွေဆီမှာအာရုံစိုက်ခံရတာချင်းအတူတူ ခုလိုလေးကစိတ်ချမ်းသာလို့။

"ကိုမျိုးလက်ရာဆင်လိုက်ရရင်ကို အလိုလိုလှသွားမှာပါ"

"ကြည့်ပါဦး အေးချမ်းလိုက်တာ။ တကယ်အများကြီးပြောင်းလဲသွားတာပဲ"

"ချီးကျူးတယ်လို့ပဲမှတ်လိုက်ပါ့မယ်"

"ဟက်ဟက် ချီးကျူးတာပါနော်"

ကိုမျိုးဆီကအပြန် ဂေဟာကိုတစ်ခါဝင်သည်။
ခုရက်ထဲ နည်းနည်းအလုပ်များနေတာနဲ့ ဂေဟာမှာရှိနေချိန်ကနည်းသွားသည်။ မဝေက "ကလေးတွေကအရွှေ့ကိုမေးနေကြတယ်"ဆိုလို့ ဒီနေ့မျက်နှာတော့ဝင်ပြရပါဦးမည်။ ဂေဟာထဲ အရွှေဝင်လာလျှင်ပဲ အပေါက်ဝတွင်ဖိနပ်အချို့တွေ့ရသည်။ ဧည့်သည်ရောက်နေတာ​နေမည်။

"မမ....."

"ဟေး"

ကလေး​ လေးငါးယောက်လောက်က အရွှေ့ကိုမြင်သည်နှင့်ပြေးချလာသည်။ အိမ်ခေါင်မိုးပုံစံ အဖြူရောင် စိန်အနားကွပ်ပိုက်ဆံအိတ်လေး ကြမ်းပေါ်ချလို့ အရွှေထိုင်ချလိုက်သည်။ အငယ်ဆုံးလေးတစ်ယောက်ကို ကောက်ချီလိုက်ပြီး ဂေဟာထဲဝင်ခဲ့သည်။

အဝင်ပေါက်ဘေးက ဧည့်ခန်းထဲ မဝေကိုအရွှေရောက်ကြောင်း အသိလှမ်းပေးရန် လှည့်လိုက်စဥ်မှာပင် အရွှေမင်သက်သွားသည်။ ဧည့်သည်က သူတဲ့လား။ အရွှေ့ရင်ထဲမှာစူးခနဲတစ်ချက်ဖြစ်သွား၏။

ကြောင်ကြည့်​နေမိရင်းက အကြည့်ပြန်လွှဲကာ​ ရင်တုန်လွန်း၍ နောက်ဖေးဘက်ထဲဝင်သွားလိုက်သည်။

မကြာခင်ပင် မဝေလိုက်လာသည်။ မဝေကလည်းအားနာနေသည့်ပုံနှင့်။ အားနာစရာမှမဟုတ်တာ။ သူ့ဟာသူဘယ်သူဖြစ်နေနေ ကိုယ်နဲ့သာအတိတ်ဆိုးရှိခဲ့တာ ဒီဂေဟာအတွက်တော့ အလှူရှင်ပဲ။ အဖြူအမည်းမခွဲခြားသင့်ဘူးမလား။

"အရွှေ....အရွှေနဲ့သူကစကားပြောချင်တယ်တဲ့"

"ဟင့်အင်း မဝေ အရွှေမပြောချင်ဘူး"

"သွားပြောကြည့်ပါ။ အရွှေသန်မာကြောင်းကိုသွားပြလိုက်ပါ"

မဝေပြောမှ အရွှေ့ရင်ထဲမခံချင်စိတ်ကလေး တစ်စခန်းပြန်ထလာသည်။ "အင်အားကြီးစွာနဲ့ပြန်လာပြမယ်။ အဖြူစင်ဆုံးစိတ်ဓာတ်တွေနဲ့ ပရိတ်သတ်ချစ်တဲ့မင်းသမီးတစ်ယောက်အနေနဲ့ ပြန်လာပြမယ်" လို့ ကျုံးဝါးခဲ့တဲ့အတိုင်း ကိုယ်ယိုင်နဲ့နဲ့မဟုတ်တော့ကြောင်း ပြလိုက်ချင်မိသည်။

​ရှေ့ခန်းကိူပြန်ထွက်လာရင်ပဲ အကြည့်ရဲရဲသူ့မျက်လုံးများနှင့်တိုးသည်။ အရွှေလည်းမာန်တင်းကာ စေ့စေ့ပြန်ကြည့်လိုက်မိပါ၏။ သိူ့နှင့်သူနဲ့အရွှေ ဂေဟာအပြင်ဘက်ဝန်ထဲတွင် စကားပြောရဖို့ဖြစ်လာသည်။

"မင်းတအားအောင်မြင်နေတယ်နော်"

သူ့အသံကခပ်ဖျော့ဖျော့။

"ဘာလို့လဲ စိုးရိမ်နေတာလား"

"ငါက ဘာကို...."

"မပိတ်တော့တာလား။ ပိတ်လို့မရတော့တာလား"

တစ်ချိန်က ကိုယ်နဲ့ပတ်သတ်တာမှန်သမျှ တားမြစ်ကန့်သတ်ပိတ်ပင်ခဲ့ခြင်းကိုဆိုလိုသည်။ ကိုယ်ပြန်ပေါ်လာမှာစိုးလို့ အရာအားလုံးလုပ်ခဲ့တာလေ သူက။

"ခုထိစိတ်ဆိုးနေတုန်းလား"

"ကလေးကလားကိစ္စဖြစ်ခဲ့တာမှ မဟုတ်တာရှင်။ အဲ့ကိစ္စကိုမှစိတ်မနာဘဲ သည်းခံတတ်နေရင် ကျွန်မနိဗ္ဗာန်ရောက်နေပြီပေါ့"

"အရွှေကပြောင်းလဲသွားပြီမှတ်နေတာ။ မပြောင်းလဲသေးဘူးပဲ"

"ကျွန်မရဲ့အပြောင်းအလဲက လူရွေးပါတယ် ကိုမြတ်ကောင်းစျာန်။ ပြောစရာစကားမရှိတော့ရင် ခွင့်ပြုပါဦး"

အရွှေကပင်စ၍ထွက်မည်ပြုသည်။

"နေပါဦး အရွှေ ခဏလေးပါ"

အရွှေပြန်လှည့်လာပြီး သူနှင့် မျက်နှာချင်းဆိုင် သည်။ အသက်သုံးဆယ့်ရှစ်နှစ်အရွယ်ရှိ သူ့မျက်နှာသည် ယခုထိနုပျိုနေဆဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်းကြီးဖြစ်နေဆဲ။ အိမ်ထောင်ကျသွားတာကလွဲရင် ဘာမှမပြောင်းလဲသည့် သူ့မျက်နှာမှာ အရင်လိုအပျော်တွေမတွေ့ရတော့ဘဲ ဝမ်းနည်းစိတ်ပျက်အားငယ်နေသည့်အရိပ်အယောင်တွေသာ တွေ့ရသည်။ သို့သော် အရွှေစိတ်မဝင်စား။

"ကိုယ်....ကွာရှင်းလိုက်ပြီ"

"ဟုတ်ကဲ့"

"ကိုယ်မှားခဲ့မှန်းသိပါတယ်။ ကိုယ့်ယုတ်မာပက်စက်ခဲ့မှန်းလည်းသိပါတယ်။ ခုနောင်တရနေပါပြီ။ အသက်အရွယ်ရလာလို့လားမသိဘူး ကိုယ့်အနားမှာရောက်လာလိုက်ထွက်သွားလိုက်နဲ့ လူတွေရှုပ်နေတာကိုမကြိုက်တော့ဘူး။ တစ်ယောက်တည်းပဲ တည်တည်မြဲမြဲတွဲချင်တော့တယ်။ အဲ့တာ အရွှေကကိုယ့်အနားမှာအကြာဆုံးနေခဲ့တဲ့မိန်းကလေးမို့ ကိုယ်ပိုသံယောဇဥ်ဖြစ်မိတယ်။ အရွှေကိုယ့်ကိုပြန်လက်ခံပေးပါလားဟင်"

အရွှေ့နားထဲမယ် မိုးကြိုးပစ်သံကြီးကြားလိုက်ရသလိုပဲ။ သံရည်ပူတွေလောင်းထည့်တယ်ဆိုတာ ဒါမျိုးပဲနေမှာ။ ဘာတွေလာပြောနေတာပါလဲ။ ဒီစကားကိုသူမို့လို့ပြောထွက်...။ အော်ဂလီဆန်စရာ။

"ကျွန်မပုံက အညာလွယ်တဲ့ပုံပေါက်နေသေးလို့လား"

"မဟုတ်...."

"ရှင့်ကိုယ်ရှင်မှားမှန်းသိရင်လည်း မလာခဲ့သင့်ဘူး။ အသက်အရွယ်အားဖြင့်ကြီးနေလို့ ရိုသေသမှုနဲ့ပြောနေတာ။ အမှန်က ကျွန်မဘဝကိုနှိမ်ချိုးခဲ့တဲ့ရှင့်ကို ဒီ့ထက်ပြင်းပြင်းပြောရမှာ။ ပြီးခဲ့တဲ့အတိတ်ကအကြောင်းတွေပြန်တွေးပြီး စားမြုံပြန်မနေပါနဲ့ရှင်။ ရှင်လည်းရှင့်ဘဝနှင့်ရှင်ပါ။ ရှင်ဟာလူလွတ်ပေမယ့် တစ်ခု​လတ်ပါ။ တစ်ခုလတ်မကလို လူပျိုဆိုရင်တောင် ကျွန်မစိတ်မဝင်စားပါဘူး။ ကျွန်မစကားအကုန်ပြောပါရစေ။ ရှင့်ဆီလာဖို့မပြောနဲ့ ရှင့်မိသားစုရှင့်အသိုင်းအဝိုင်းနဲ့ အဝေးဆုံးမှာနေချင်ပါတယ်။ နောက်ကိုထပ်လည်းမတွေ့ပါရစေနဲ့တော့"

အရွှေဂေဟာထဲပြေးဝင်ခဲ့သည်။ သူလိုက်တော့မလာလောက်ပါဘူးဟုထင်ပါသည်။ ကလေးတွေကြားထဲရောက်ရင်ပင် အရွှေလူံခြုံသွားသလိုခံစားရသည်။

ရှင်ပြန်သွားလိုက်ပါ ဦးမြတ်ကောင်းစျာန်။ မကျေနပ်လို့ ပိတ်ချင်သပဆိုလည်း ပိတ်လိုက်ပေါ့။

ရှင်သိထားရမှာက ကျွန်မကစပွန်ဆာအားကိုးနဲ့မိုက်ခဲ့တဲ့ အရင်ကထာဝစဥ်ရွှေမဟုတ်​တော့ဘူး ဆိုတာပဲ။

.......

#Yoe

Sept 10 2022 9:11 PM

Continue Reading

You'll Also Like

867K 9.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
196K 33.1K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
165K 16.9K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)