ရန်ယွီရှန့်လော့ (ဘာသာပြန်)

By Meng_L

77.5K 10.6K 526

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... More

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၂
၃၃
၃၄
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၇
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၅၉ ဒု
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃

၁၆

1.2K 192 10
By Meng_L

人鱼陷落
Ren Yu Xian Luo



UNICODE



ကျည်ထိမှန်ကာသွေးတို့အဆက်မပြတ်ထွက်နေ၍ လုယန်၏ရင်ဘက်ရှေ့ကသွေးပမာဏအတန်းကလည်း သုံးပုံတစ်ပုံခန့်လျော့ကျလို့သွားတော့သည်။ ထို့အပြင် ကားကမိုးရွာသလိုရွာကျနေသည့်ကျည်ဆန်တွေထဲဖြတ်မောင်းနေရ၍ လွင့်လာသည့်ကျည်တို့ထိမှန်ကာ မှန်တွေကလည်းမပြတ်ကွဲကြေလျက်ရှိ၏။

လန်ပေါက ရှေ့ခုံမှနေနောက်ခုံသို့ခုန်ကျော်လာပြီး ငါးအမြီးကြီးဖြင့်လုယန်အားရစ်ပတ်ကာ ဘောလုံးလိုထွေးပတ်ပေးထားရင်း ကားမှန်တို့မှကွဲထွက်ကုန်သည့်မှန်စများနှင့် ကားကိုထိမှန်ကာလွင့်လာသည့်ကျည်ဆန်များမှကာကွယ်ပေးထား၍ သူကိုယ်တိုင်လည်းသွေးတို့လျော့ကုန်ရသည်။

လုယန်မှာ အနည်းငယ်ဖောက်ထွင်းမြင်ရသည့်ငါးအမြီးကြီးအလယ်ကောင်တွင်ခွေခွေလေးရှိနေရ၍ ကွန်ယက်လိုဖြစ်နေသည့်သွေးကြောများနှင့် ကြက်သွေးရောင်အတွင်းကလီစာတို့မှဖောက်ထွင်းကာ အပြင်ကအခြေအနေအားလှမ်းမြင်တွေ့နေရသည်။ သူသည်နာကျင်မှုကိုအံတုလျက် လန်ပေါအမြီးအားပုတ်လိုက်၏။

"မင်းငါ့ကိုလွှတ် ရိုင်ဖယ်ကျည်ဆန်ကသေစေနိုင်တဲ့အထိပြင်းတယ် မင်းမကြာခင်မှာပဲထိမှန်ပြီးတန်းထုတ်ဖယ်ခံရလိမ့်မယ်။"






ပိုင်ချူနျန်က ကားကိုသာအာရုံစိုက်မောင်းနှင်နေပြီး လှလှပပပဲSသဏ္ဌာန်ကွေ့ဝိုက်လို့ သရဲရှာဖွေရေးအဖွဲ့၏တဖွဲဖွဲကျနေသည့်ကျည်ဆန်များမှရှောင်ဖယ်လာလိုက်သည်။ ကားအမိုးကိုဖွင့်၍ ဘေးခုံမှာထောင်ထားသည့် M25စနိုက်ပါအားလန်ပေါထံပစ်ပေးလိုက်ပါသည်။

"သူတို့ကျည်လဲနေပြီ။"

သရဲရှာဖွေရေးအဖွဲ့ကသုံးယောက် ကိုယ်ကိုပြန်ရုတ်ကာကျည်လဲနေသည့်စက္ကန့်ပိုင်းမျှကိုအခွင့်ကောင်းယူလျက် လန်ပေါကM25ကိုယူကာ ကားအမိုးအပြင်ထုတ်လိုက်ပြီး ကားအမိုးဘောင်အလယ်ဗဟိုနှင့်ရှေ့ရင်ဘက်ထိကပ်ထားရင်း ကိုယ်ကိုဝပ်နေလိုက်၏။ အရှိန်နှင့်မောင်းနေခြင်းဖြစ်၍ မလွဲဧကန်ကားကလှုပ်နေမှာဖြစ်သည်။ လေကြောင့်လွင့်နေသည့်ရွှေရောင်ဆံနွယ်တို့အား လန်ပေါကနားရွက်နောက်သပ်တင်လိုက်ပြီး မေးကိုအောက်အနည်းငယ်ချလိုက်သည်။ ပြာလဲလဲ့မျက်ဆန်က အဝေးကြည့်မှန်ပြောင်းမှနေပစ်မှတ်ကိုချိန်ရွယ်လျက် လက်ညှိုးကိုအသာကွေးထည့်လိုက်တော့၏။ နားကွဲမတတ်ဆူညံသည့် ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာကာ အဝေးပြေးလမ်းမနှင့်တောင်မြင့်မြင့်တို့ကြားတစ်လျှောက် တုန်ခါသည့်ပဲတင်သံထပ်လို့သွားတော့သည်။

လန်ပေါကကိုယ်ကိုပြန်ရုတ်ကာ တည်ငြိမ်စွာပင်မူလနေရာ၌ပြန်ထိုင်ရင်း သေနတ်မောင်းကိုဆွဲတင်လိုက်သည်။ သရဲရှာဖွေရေးအဖွဲ့၏ Benz G-Classကားညာဘက်နောက်ဘီးမှာ စနိုက်ပါကျည်ထိမှန်သွားခဲ့ပြီး အရှိန်နှင့်မောင်းနေသည့်ကားကိုယ်ထည်ကလှုပ်ခါသွားလျက် အဝေးပြေးလမ်းမကြီး၏သံတန်းအကာအားဝင်တိုက်မိသွားချေသည်။

ပုံမှန်အခြေအနေမျိုး၌ ထိုသို့သောပြင်းထန်စွာဘီးပေါက်၍ ကားဘီးချော်သွားခြင်းက ပြန်ထိန်းဖို့ခက်လှ၏။ သို့တိုင်အံ့ဩစရာကောင်းသည်မှာ ကားကိုယ်ထည်လည်ထွက်သွားချိန်တွင် ကားတာယာအားအေးအေးလူလူပင်လမ်းကြောင်းပြန်ထိန်းလိုက်နိုင်ခြင်း။ အမှောင်ကျနေသည့်ကားပြတင်းကနေ ပိုင်ချူနောက်ကြည့်မှန်မှတစ်ဆင့် သရဲရှာဖွေရေးအဖွဲ့၏ဒရိုင်ဘာအားလှမ်းကြည့်လိုက်သည် —- —- မြောက်အမေရိကမီးခိုရောင်ဝံပုလွေAlphaတစ်ယောက်က ကားစတီယာရင်ကိုအေးဆေးစွာထိန်းညှိနေပေသည်။ ဝံပုလွေတွေလိုမီးခိုးစိမ်းဖျော့ဖျော့မျက်ဆန်တစ်စုံရှိလျက် တစ်ဝက်မျှကျန်သည့်ဆေးပြင်းလိပ်အားနှုတ်ခမ်းထောင့်ခဲလို့ထားရှိကာ သွားဆွယ်ဖြင့်အရာပေါ်အောင်ထိခဲလို့ထားထား၏။

Alpha၏ရင်ဘက်ရှေ့က သုတ်သင်ထားသည့်အရေအတွက်ပြကိန်းဂဏန်းမှာ 36ဟုရှိနေပြီး လေးယောက်ထဲတွင်အများဆုံး ၊ ထိုသူကားဟယ်ဆော်ဝေ့ဖြစ်ဟန်တူပြီး သရဲရှာဖွေရေးအဖွဲ့၏ခေါင်းဆောင်ဖြစ်ရမည်။





"ဘာလို့ဒရိုင်ဘာကိုမပစ်တာလဲ?"

လုယန်က ထိုအချိန်တွင်းမှာပဲသွေးအပြည့်ပြန်ဖြည့်နိုင်လိုက်လျက် ခေါင်းထောင်ကာကားမောင်းသည့်ဝံပုလွေAlphaထံလှမ်းကြည့်လိုက်သည်။

"ပစ်လို့မရဘူး။"

ပိုင်ချူနျန်က ဘီးချော်သွားသည့်လမ်းကြောင်းကို စိတ်မှတ်ဖြင့်တွက်ကြည့်လိုက်ပြီးနောက် ဆက်သွယ်ရေးစက်ကိုနှိပ်ကာ နောက်တစ်စီးကပိလန်ရှင်းထံလှမ်းဆက်သွယ်လိုက်သည်။

"သူတို့ကိုအစမ်းတွန်းထည့်ပစ်ကြည့်လိုက်။"

သူ့ဆိုလိုရင်းကို ပိလန်ရှင်းကသဘောပေါက်ကာ တစ်ချိန်တည်းမှာပဲ တုတ်ခိုင်သန်မာသည့်အဆိပ်နွယ်ပင်ငါးတန်းအားထုတ်လွှတ်လိုက်၏။ နွယ်ပင်တို့ကကားပြတင်းပေါက်မှထွက်ကာ ခပ်မြန်မြန်ရှင်သန်ကြီးထွားလာလျက် လမ်းမကြီးပေါ်အမြစ်တွယ်ရင်း တိုတောင်းသည့်စက္ကန့်ပိုင်းအတွင်းမှာပဲ သရဲရှာဖွေရေးအဖွဲ့၏ကားရှေ့ရောက်သွားတော့သည်။ အနက်ရောင်စပါးအုံငါးကောင်အလား နွယ်ပင်အချင်းချင်းယှက်နွယ်ကာ နွယ်တို့ဖြင့်ယက်ထားသည့်ပိုက်ကွန်လက်ဝါးသဖွယ်ဖြစ်သွားပြီး သံတန်းအကာအစပ်နားမှောက်ဖို့နီးနေသည့် Benz G-Classကားအား တွန်းထည့်ပစ်ဖို့ပြင်လိုက်၏။

အဆိပ်ရည်တို့စိုရွှဲနေသည့်ပိုက်ကွန်သဖွယ်နွယ်တို့ ကားကိုယ်ထည်အားထိတော့မည့်အခိုက်မှာပဲ တစ်မီတာအချင်းရှိသည့်စက်ဝိုင်းသဏ္ဌာန်ကာကွယ်ရေးအဟန့်အတားတစ်ခုက ထွက်ပေါ်လာခဲ့ပေသည်။ အဟန့်အတားမှ အဝါဖျော့ဖျော့ရောင်ပြန်လက်နေပြီး အတိမ်အနက်မတူညီသည့်စက်ဝိုင်းပုံကလိုင်အခေါင်းမျိုးရှိကာ နွယ်ပင်နှင့်ကားကိုယ်ထည်ကြားလွင့်မျောနေလေလျက်။ စက္ကန့်ပိုင်းအတွင်းကို နွယ်ပင်မှာလက်မဝက်မျှပင်ရှေ့ဆက်မတိုးနိုင်တော့ ၊ ဖျက်စီးတိုက်စားနိုင်စွမ်းသည့်အဆိပ်မှာ စက်ဝိုင်းသဏ္ဌာန်အဟန့်အတားရဲ့စုပ်ယူခြင်းကိုခံနေရပြီး ကားကိုယ်ထည်၏အစွန်အဖျားကလေးကိုမှ ထိပါးလို့မရဘဲရှိသည်။

မြောက်အမေရိကမီးခိုရောင်ဝံပုလွေ၏ J1ခွဲထွက်စွမ်းရည် ၊ အပြည့်အဝလကြတ်ခြင်း - ကာကွယ်ရေးအဟန့်အတားစွမ်းရည်ပုံစံမျိုးပင် ၊ လဝန်းရဲ့ကာကွယ်မှုအတွင်း၌ ဘာထိခိုက်ဒဏ်ရာမှမရရှိ ၊ သို့ပေမယ့်အချိန်နှင့် ထိခိုက်မှုအတိုင်းအတာမတူညီမှုအပေါ်၌ လဝန်းမှာ လပြည့်မှတည်လခြမ်းကွေးသို့ပြောင်းကာ အဆုံးမှာတော့ပျောက်ကွယ်သွားပြီး ကာကွယ်ရေးအဟန့်အတားလည်းတဖြည်းဖြည်းလွင့်ပါးလို့သွားပေမည်။

ထိုအကြောင်းအရင်းကြောင့်ပဲ ပိုင်ချူနျန် လန်ပေါအား ဒရိုင်ဘာကိုမဟုတ်ဘဲ ကားနောက်ဘီးကိုပဲပစ်ခိုင်းဖို့ရွေးချယ်လိုက်ခြင်း။ သရဲရှာဖွေရေးအဖွဲ့က လေးယောက်၏ရင်ဘက်ရှေ့ကသုတ်သင်ထားသည့်အရေအတွက်နှင့် စာမေးပွဲစချိန်မှအခုချိန်ထိကိုအကဲဖြတ်ကြည့်ပါက သရဲရှာဖွေရေးအဖွဲ့၏စစ်နည်းဗျူဟာက ကားနဲ့ပတ်ပြီးကိုလူသတ်နေခြင်းပင် ၊ လိုက်သတ်နေသည့်ဒီလောက်လူအများကြီးထဲ ဒရိုင်ဘာကိုရှင်းပစ်ဖို့လုပ်မည့်စနိုက်ပါသမားတစ်ယောက်မှမရှိဆိုတာမဖြစ်နိုင်။

ဒရိုင်ဘာသည်ကား အဖွဲ့၏အဓိကကျသူဖြစ်လျက် ရှေ့ဘက်မြင်ကွင်တစ်ခုလုံးနှင့် နောက်ကြည့်မှန်သုံးလုံးကိုအသုံးချကာ အခြေအနေကိုစနည်းနာနိုင်ပြီး ဗျူဟာနှင့် ညွှန်ကြားမှုတို့ကိုပြောင်းလဲနိုင်ပေသည်။ ဒရိုင်ဘာသာစနိုက်ပါကြောင့်ကြွသွားတာနှင့် အဖွဲ့သားတွေအချင်းချင်းအပြန်အလှန်နားလည်နေလည်း အချိန်ယူပြီးတော့ကိုပြန်ညှိကြရမှာဖြစ်သည်။

စောနက သရဲရှာဖွေရေးအဖွဲ့ရဲ့ကားမျက်နှာချင်းဆိုင်ဝင်တိုးလာတုန်းကဆို သေနတ်သမားသုံးယောက်စလုံးက အဆက်မပြတ်သာပစ်နေပြီး မည်သူမှဒရိုင်ဘာကိုကာကွယ်ခြင်းမရှိ။ ဒီအဖွဲ့စည်းလုံးမှုနည်းလိုက်တာဆိုသည့်အကြောင်းကိုမသုံးသပ်ခင် ဒရိုင်ဘာကိုယ်တိုင်ကိုကကာကွယ်နိုင်တဲ့စွမ်းရည်ရှိနေကြောင်းဖော်ပြရာရောက်၏။ သုံးယောက်စလုံးပြိုင်တူကျည်လဲကြတာကိုက ဗျူဟာမှားသွားကြခြင်း ၊ စည်းလုံးမှုရှိကြသည့်အဖွဲ့ထဲ၌ထိုသို့မျိုးအခွင့်အရေးကဖြစ်ခဲ၏။ ထို့အပြင် အခွင့်အရေးကိုအရယူကာ သရဲရှာဖွေရေးအဖွဲ့ကိုစနိုက်ပါနဲ့ပစ်ပြီး ကလဲ့စားချေပြန်ပေးဆပ်ရအောင်လုပ်တာထက် နောက်ဘီးကိုပစ်ထည့်လိုက်တာက အကောင်းဆုံးရွေးချယ်ချက်ပါပင်။

သံတန်းအကာရှိရာသို့ကားတစ်ဝက်လောက်ထိချော်ထွက်သွားသည့် Benz G-Classမှာ မထင်မှတ်ထားစွာပင် လမ်းမထက်ပြန်တက်လာခဲ့၏။

ပိုင်ချူနျန် နောက်ကြည့်မှန်မှနေ မီးခိုးရောင်ဝံပုလွေရဲ့သူ့ထံစိန်ခေါ်သည့်သဘောဘယ်ဘက်မျက်လုံးမှိတ်ပြလာပြီး ဆေးပြင်းလိပ်ကိုခဲထားလျက်မှ ပါးစပ်လှုပ်ရုံလှမ်းပြောလာသည်အား တွေ့လိုက်ရသည်။

"တစ်ခရီးတည်းပါလား ဘရို။"

"ဘယ်သူက မင်းနဲ့ယီးကိုတစ်ခရီးတည်းတုန်း။"

ပိုင်ချူနျန် ကိုယ်ကိုလှည့်၍ကားအမိုးပေါ်ထွက်လိုက်ပြီး ဘယ်လက်ထဲSA80ရိုင်ဖယ်ကိုကိုင်ဆွဲကာ လွင့်မျောနေသည့်လဝန်းထံပစ်ထည့်လိုက်သည်။ လဝန်းအကာအကွယ်ကလျင်မြန်စွာပဲပျောက်ကွယ်လျက် လပြည့်ဝန်း၏ထောင့်တစ်နေရာ၌ လကြတ်သလိုနှင့်ဆင်တူသည့်အဟလေးဖြစ်ပေါ်လာခဲ့၏။ တစ်ဆက်တည်းမှာပဲ ပိုင်ချူနျန်က ကားအမိုးပေါ်ညာလက်ကိုထုတ်ကာ Desert Eagleပစ္စတိုအားလက်ထဲနှစ်ပတ်လောက်လှည့်လိုက်ပြီးတန်းကာ ပစ်ထည့်လိုက်၏။ ကျည်ဆန်ကတိတိပပပဲ လကြတ်သည့်အဟလေးမှဖြတ်၍ Benz G-Classကားရှေ့က လေကာမှန်အားဖြတ်ဖောက်သွားခဲ့တော့သည်။ ပိုင်ချူနျန်က လက်ကိုနောက်သို့စမ်းကာ စပါးအုံဆုံလည်သေနတ်ကိုကောက်ယူပြီး တစ်ဆက်တည်းပဲတစ်ချက်ပစ်ထည့်လိုက်ပြန်၏။ ကျည်ဆန်မှာ ရှေ့က Desert Eagleပစ္စတိုဖောက်ဝင်ထားသည့်ကျည်ပေါက်ထဲတန်းဝင်ကာ မီးခိုးရောင်ဝံပုလွေ၏ဘယ်ဘက်ပုခုံးထံ ထိမှန်လျက်သွေးတို့ဖြာထွက်လာချေသည်။

ဟယ်ဆော်ဝေ့၏ရှေ့ရင်ဘက်က သွေးပမာဏအတန်းမှာ ၅ပုံ၁ပုံခန့်လျော့ကျသွားလျက် သွေးထွက်နေသည့်ကျည်ဒဏ်ရာထံလက်ဖြင့်ဖိထားရင်း နောက်ကြည့်မှန်မှနေ ပိုင်ချူနျန်ထံလှမ်းကြည့်လာ၏။ မျက်ဝန်းအကြည့်တို့ထဲ ကျီစယ်ဟန်နှင့် စေ့စေ့စပ်စပ်စူးစမ်းလာမှုတို့ပါ၏။

ထိုသူ့အကြည့်တို့က ရုတ်ခြည်းပင်လန်ပေါကိုယ်ထက်ကျရောက်သွားသည်။ လန်ပေါ၏ပတ်တီးတို့ပတ်ထားသည့်ကြားက လှစ်ဟပေါ်နေသည့်ညှပ်ရိုးမှတည် ခါးပတ်ပတ်ထားသည့်ခါးသွယ်သွယ်ထိစူးစူးရဲရဲကြည့်လာ၏။ တစ်ဖန်စိတ်ဝင်တစားဖြင့် ဆူးတောင်ရေယက်တို့နှင့်ဖုံးကွယ်ထားသည့် ဗိုက်အောက်ပိုင်းနားကprivateနေရာထံသို့စိုက်ကြည့်ကာ ခေါင်းလှည့်၍နောက်ကြည့်မှန်ထဲက ပိုင်ချူနျန်၏သတိပေးတဲ့အကြည့်တို့နှင့်အကြည့်ပြန်ဆုံလျက် ဆေးပြင်းလိပ်ကိုခဲထားရင်း လေတစ်ချက်ချွန်ကာ နှုတ်ခမ်းလှုပ်ရုံကျီစယ်လာပါသည်။

"မင်းကားပေါ်ကOလေးက သိပ်ကိုဟော့လွန်းပါလား ၊ ခဏလောက်ကစားရအောင်ငှားပါဦးလား ၊ ငါ့စီကအဖွဲ့သားတစ်ယောက်နဲ့လဲမယ်လေ။"

"မင်းကိုယ်တိုင်နဲ့လာလဲလိုက်လေ ၊ ငါမင်းကိုအမှတ်အသားပေးပြီး ညည်းသံထွက်ငိုယိုလာတဲ့အထိfxxkပေးမယ်။"

ပိုင်ချူနျန် အေးစက်စွာနှုတ်ခမ်းစွန်းကိုပင့်လိုက်ပြီး ရုတ်ခြည်းပင်ဘရိတ်ကိုနင်းကာလမ်းကြောင်းပြောင်းလိုက်တော့သည်။ ထို့နောက်driftဆွဲကာကားနောက်မြီးကိုယမ်းထည့်လိုက်ပြီး ဘေးနားရှိနေသည့် Benz G-Classအား သံတန်းအကာအပြင်ဘက်ထိအလဲထိုးတွန်းထည့်ပစ်လိုက်တော့၏။ ကိုယ်တိုင်၏ကားကိုယ်ထည်နောက်ပိုင်းတစ်ဝက်လောက်ကလည်း လမ်းမနဲ့လွတ်ကာလေထဲယက်ကန်နေပြီး ကားရှေ့ဘီးမှာဆိုလမ်းမျက်နှာပြင်ထက်ရုန်းကန်ပွတ်တိုက်နေ၍ မီးဖွားတို့ဖြာထွက်လာရ၏။ လန်ပေါက ကားအမိုးမှခုန်ထွက်လိုက်ပြီး လက်နှစ်ဖက်ကသံတန်းအကာကိုထိန်းကိုင်ကာ ငါးအမြီးဖြင့်ကားနောက်ကြည့်မှန်ကိုခပ်တင်းတင်းရစ်ပတ်လို့ ကားကိုယ်ထည်ကိုဖမ်းထိန်းထားလိုက်၏။ ပိလန်ရှင်းကအချိန်မီကားခေါင်းပြန်လှည့်လာပြီး နွယ်ပင်တို့ဖြင့်BMWအား လမ်းမပေါ်ရောက်အောင် အသာပြန်ဆွဲယူလိုက်ပေသည်။

အဝေးပြေးလမ်းမ၏အောက်ဘက်တခွင်တပြင်က မြစ်ရေတို့ဖြစ်ကာ သရဲရှာဖွေရေးအဖွဲ့၏ကားမှာဆို နစ်မြုပ်သွား၍အမိုးပင်မပေါ်တော့ ၊ သို့တိုင်သုတ်သင်လိုက်ကြောင်း ထုတ်ပြန်လာခြင်းကားမရှိ။

ပိုင်ချူနျန် စတီယာရင်ကိုတို့ခေါက်ရင်းတာရိုးပေါ်ကနေ ခဏမျှစောင့်နေမိသည်။ ကျီးကန်းOmegaကခပ်တိုးတိုးဆိုလာ၏။

"သူတို့တွေရေငုပ်ပြီး ငါတို့နဲ့ဝေးရာကိုသွားကြပြီရယ်။"

"သောက်ပိန်း။"

လန်ပေါက သံတန်းအကာပေါ်ငါးအမြီးကိုရစ်ပတ်ထား၏။ မပြုံးမရယ်မျက်နှာထားဖြင့် နေရောင်ကြောင့်တလက်လက်လင်းလဲ့နေသည့်ရေမျက်နှာပြင်ကို စိုက်ကြည့်နေရင်း လက်ချောင်းလေးကိုထောင်ကာ လေထဲလှုပ်ရှားထိုးညွှန်လိုက်ခိုက်မှာပဲ ငြိမ်သက်နေသည့်မြစ်ရေပြင်က ရုတ်တရက်လှိုင်းလုံးတို့ထလာတော့သည်။ သူကအလွယ်တကူပဲ ထိုလှိုင်းလုံးတို့အား မီးခိုးရောင်ဝံပုလွေAlphaနောက်လိုက်စေကာ မြစ်ရေတို့ဖြင့်ရေထဲမျောပါနေသည့်သစ်တုံးကိုထွေးပတ်လို့ ဝံပုလွေAlphaကိုယ်ထက်ရိုက်ချက်တို့ကျစေလျက် မပြတ်သွေးပမာတို့လျော့ကျလာစေ၏။

ပိုင်ချူနျန်ရုတ်တရက်မှာပဲ တစ်ချက်ထရယ်မိရသည်။

"ဆဲတဲ့စကားကြတတ်တာမြန်ချက်ပဲ ၊ မင်းကိုသင်ပေးထားတဲ့ချူကောဆိုတာကိုရော တတ်ပြီလား?"

လန်ပေါနှုတ်ခမ်းကိုစုကာ လေးလေးနက်နက်နောက်ကလိုက်ပြောမိ၏။

"chu...... chu...... g......"

"? စကားကိုကွက်ပြီးတောင်လေ့လာတယ်ပေါ့?"

ပိုင်ချူနျန် ကားခုံအောက်ကကျည်ဆံအခွံတစ်တောင့်ကိုကောက်၍ လန်ပေါခေါင်းထက်ပစ်ပေါက်လိုက်ပါသည်။

"ကားပေါ်တက်။"





ပိလန်ရှင်း လှမ်းမေးလိုက်သည်။

"နောက်ကလိုက်မလား?"

ပိုင်ချူနျန်က မီးခိုးတို့အူထွက်နေသည့်ကားခေါင်းကိုကြည့်ပြီးနောက် ခဏကြာတွေးဆရင်း. .

"မလိုက်ဘူး သူတို့ဘာသာသွားပါစေ။"

"ငါတစ်ခုစဉ်းစားနေတာ။"

ပိုင်ချူနျန်က ပျင်းရိစွာလော်စပီကာကိုနှိပ်နှိပ်ကစားနေရင်းပြောလိုက်သည်။

"ငါ့အထင်တော့ မစ်ရှင်စာရွက်ပေါ်ကမစ်ရှင်တွေကရိုးရှင်းလွန်းတယ် ၊ တည်နေရာတွေကလည်းစု​နေတာ ၊ အခြေခံအားဖြင့်ဆိုငါတို့တွေစုပြီးချလိုက်ကြရုံပဲ ဒါကိုသရဲရှာဖွေရေးအဖွဲ့က လမ်းကြုံနေတုန်းကိုဘာလို့မစ်ရှင်မလုပ်ကြတာလဲ ၊ ခေါင်းဆယ်ခေါင်းမှ ကြယ်တစ်လုံးလေးရမှာကွာ မစ်ရှင်ဆိုတစ်ခုကိုကြယ်တစ်လုံး ပြီးအလျဉ်းသင့်လူသတ်ရုံပဲ ၊ မစ်ရှင်လုပ်တာကပိုအကျိုးရှိမှန်းအသိသာကြီးဟာ။"

"မင်းတို့ပြောကြည့် သရဲရှာဖွေရေးအဖွဲ့ရဲ့မစ်ရှင်အကုန်လုံးက သုတေသနဌာနမှာပဲရှိပြီး ဟို1513စမ်းသပ်ခံခန္ဓာနဲ့များဆက်စပ်နေမလား။"

"Aရှိလားအဖွဲ့ရဲ့မစ်ရှင်အကုန်လုံးက 1513စမ်းသပ်ခံခန္ဓာအကြောင်းသိနားလည်အောင်လုပ်ရမှာ ၊ ဒို့အဖွဲ့ကကြ 1513စမ်းသပ်ခံခန္ဓာကိုမျှားခေါ်ပြီး ဓာတ်ပုံရိုက်ရမှာ ၊ ဒီဖြစ်စဉ်ကိုသုံသပ်ကြည့်ကြည့်ရင် သရဲရှာဖွေရေးအဖွဲ့ရဲ့မစ်ရှင်ကကြ 1513စမ်းသပ်ခံခန္ဓာကိုရှင်းပစ်ရမှာများလားပဲ? ဒါကိုသူတို့ကမလုပ်နိုင်တဲ့အတွက် လူတွေပဲလိုက်သတ်နေတော့တာလေ။"

ပိုင်ချူနျန်ပေါင်ကိုတစ်ချက်ပုတ်ထည့်လိုက်ပြီး လော်စပီကာကိုင်ကာကားခေါင်မိုးပေါ်ထွက်၍ မေးထောက်လျက်မှ အဝေးပြေးလမ်းမအောက်ရှိမြစ်ရေပြင်ထံငုံ့အော်ပြောလိုက်တော့သည်။

"သုတေသနဌာနမှာဆုံမယ် ဘရိုရေ ၊ ကြောက်ချီးပါအောင်ထိမင်းတို့ကိုဆော်ပြမယ်။"







ZAWGYI


၁၆


က်ည္ထိမွန္ကာေသြးတို႔အဆက္မျပတ္ထြက္ေန၍ လုယန္၏ရင္ဘက္ေရွ႕ကေသြးပမာဏအတန္းကလည္း သုံးပုံတစ္ပုံခန့္ေလ်ာ့က်လို႔သြားေတာ့သည္။ ထို႔အျပင္ကားက မိုးရြာသလိုရြာက်ေနသည့္က်ည္ဆန္ေတြထဲျဖတ္ေမာင္းေနရ၍ လြင့္လာသည့္က်ည္တို႔ထိမွန္ကာ မွန္ေတြကလည္းမျပတ္ကြဲေၾကလ်က္ရွိ၏။

လန္ေပါက ေရွ႕ခုံမွေနေနာက္ခုံသို႔ခုန္ေက်ာ္လာၿပီး ငါးအၿမီးႀကီးျဖင့္လုယန္အားရစ္ပတ္ကာ ေဘာလုံးလိုေထြးပတ္ေပးထားရင္း ကားမွန္တို႔မွကြဲထြက္ကုန္သည့္မွန္စမ်ားႏွင့္ ကားကိုထိမွန္ကာလြင့္လာသည့္က်ည္ဆံမ်ားမွကာကြယ္ေပးထား၍ သူကိုယ္တိုင္လည္းေသြးတို႔ေလ်ာ့ကုန္ရသည္။

လုယန္မွာ အနည္းငယ္ေဖာက္ထြင္းျမင္ရသည့္ငါးအၿမီးႀကီးအလယ္ေကာင္တြင္ေခြေခြေလးရွိေနရ၍ ကြန္ယက္လိုျဖစ္ေနသည့္ေသြးေၾကာမ်ားႏွင့္ ၾကက္ေသြးေရာင္အတြင္းကလီစာတို႔မွေဖာက္ထြင္းကာ အျပင္ကအေျခအေနအားလွမ္းျမင္ေတြ႕ေနရသည္။ သူသည္နာက်င္မွုကိုအံတုလ်က္ လန္ေပါအၿမီးအားပုတ္လိုက္၏။

"မင္းငါ့ကိုလႊတ္ ရိုင္ဖယ္က်ည္ဆန္ကေသေစနိုင္တဲ့အထိျပင္းတယ္ မင္းမၾကာခင္မွာပဲထိမွန္ၿပီးတန္းထုတ္ဖယ္ခံရလိမ့္မယ္။"






ပိုင္ခ်ဴန်န္က ကားကိုသာအာ႐ုံစိုက္ေမာင္းႏွင္ေနၿပီး လွလွပပပဲSသဏၭာန္ေကြ႕ဝိုက္လို႔ သရဲရွာေဖြေရးအဖြဲ႕၏တဖြဲဖြဲက်ေနသည့္က်ည္ဆန္မ်ားမွေရွာင္ဖယ္လာလိုက္သည္။ ကားအမိုးကိုဖြင့္၍ ေဘးခုံမွာေထာင္ထားသည့္ M25စနိုက္ပါအားလန္ေပါထံပစ္ေပးလိုက္ပါသည္။

"သူတို႔က်ည္လဲေနၿပီ။"

သရဲရွာေဖြေရးအဖြဲ႕ကသုံးေယာက္ ကိုယ္ကိုျပန္႐ုတ္ကာက်ည္လဲေနသည့္စကၠန့္ပိုင္းမၽွကိုအခြင့္ေကာင္းယူလ်က္ လန္ေပါကM25ကိုယူကာ ကားအမိုးအျပင္ထုတ္လိုက္ၿပီး ကားအမိုးေဘာင္အလယ္ဗဟိုႏွင့္ေရွ႕ရင္ဘက္ထိကပ္ထားရင္း ကိုယ္ကိုဝပ္ေနလိုက္၏။ အရွိန္ႏွင့္ေမာင္းေနျခင္းျဖစ္၍ မလြဲဧကန္ကားကလွုပ္ေနမွာျဖစ္သည္။ ေလေၾကာင့္လြင့္ေနသည့္ေရႊေရာင္ဆံႏြယ္တို႔အား လန္ေပါကနားရြက္ေနာက္သပ္တင္လိုက္ၿပီး ေမးကိုေအာက္အနည္းငယ္ခ်လိုက္သည္။ ျပာလဲလဲ့မ်က္ဆန္က အေဝးၾကည့္မွန္ေျပာင္းမွေနပစ္မွတ္ကိုခ်ိန္ရြယ္လ်က္ လက္ညႇိုးကိုအသာေကြးထည့္လိုက္ေတာ့၏။ နားကြဲမတတ္ဆူညံသည့္ ေပါက္ကြဲသံတစ္ခ်က္ထြက္ေပၚလာကာ အေဝးေျပးလမ္းမႏွင့္ေတာင္ျမင့္ျမင့္တို႔ၾကားတစ္ေလၽွာက္ တုန္ခါသည့္ပဲတင္သံထပ္လို႔သြားေတာ့သည္။

လန္ေပါကကိုယ္ကိုျပန္႐ုတ္ကာ တည္ၿငိမ္စြာပင္မူလေနရာ၌ျပန္ထိုင္ရင္း ေသနတ္ေမာင္းကိုဆြဲတင္လိုက္သည္။ သရဲရွာေဖြေရးအဖြဲ႕၏ Benz G-Classကားညာဘက္ေနာက္ဘီးမွာ စနိုက္ပါက်ည္ထိမွန္သြားခဲ့ၿပီး အရွိန္ႏွင့္ေမာင္းေနသည့္ကားကိုယ္ထည္ကလွုပ္ခါသြားလ်က္ အေဝးေျပးလမ္းမႀကီး၏သံတန္းအကာအားဝင္တိုက္မိသြားေခ်သည္။

ပုံမွန္အေျခအေနမ်ိဳး၌ ထိုသို႔ေသာျပင္းထန္စြာဘီးေပါက္၍ ကားဘီးေခ်ာ္သြားျခင္းက ျပန္ထိန္းဖို႔ခက္လွ၏။ သို႔တိုင္အံ့ဩစရာေကာင္းသည္မွာ ကားကိုယ္ထည္လည္ထြက္သြားခ်ိန္တြင္ ကားတာယာအားေအးေအးလူလူပင္လမ္းေၾကာင္းျပန္ထိန္းလိုက္နိုင္ျခင္း။ အေမွာင္က်ေနသည့္ကားျပတင္းကေန ပိုင္ခ်ဴေနာက္ၾကည့္မွန္မွတစ္ဆင့္ သရဲရွာေဖြေရးအဖြဲ႕၏ဒရိုင္ဘာအားလွမ္းၾကည့္လိုက္သည္ —- —- ေျမာက္အေမရိကမီးခိုေရာင္ဝံပုေလြAlphaတစ္ေယာက္က ကားစတီယာရင္ကိုေအးေဆးစြာထိန္းညႇိေနေပသည္။ ဝံပုေလြေတြလိုမီးခိုးစိမ္းေဖ်ာ့ေဖ်ာ့မ်က္ဆန္တစ္စုံရွိလ်က္ တစ္ဝက္မၽွက်န္သည့္ေဆးျပင္းလိပ္အားႏွုတ္ခမ္းေထာင့္ခဲလို႔ထားရွိကာ သြားဆြယ္ျဖင့္အရာေပၚေအာင္ထိခဲလို႔ထားထား၏။

Alpha၏ရင္ဘက္ေရွ႕က သုတ္သင္ထားသည့္အေရအတြက္ျပကိန္းဂဏန္းမွာ 36ဟုရွိေနၿပီး ေလးေယာက္ထဲတြင္အမ်ားဆုံး ၊ ထိုသူကားဟယ္ေဆာ္ေဝ့ျဖစ္ဟန္တူၿပီး သရဲရွာေဖြေရးအဖြဲ႕၏ေခါင္းေဆာင္ျဖစ္ရမည္။





"ဘာလို႔ဒရိုင္ဘာကိုမပစ္တာလဲ?"

လုယန္က ထိုအခ်ိန္တြင္းမွာပဲေသြးအျပည့္ျပန္ျဖည့္နိုင္လိုက္လ်က္ ေခါင္းေထာင္ကာကားေမာင္းသည့္ဝံပုေလြAlphaထံလွမ္းၾကည့္လိုက္သည္။

"ပစ္လို႔မရဘူး။"

ပိုင္ခ်ဴန်န္က ဘီးေခ်ာ္သြားသည့္လမ္းေၾကာင္းကို စိတ္မွတ္ျဖင့္တြက္ၾကည့္လိုက္ၿပီးေနာက္ ဆက္သြယ္ေရးစက္ကိုႏွိပ္ကာ ေနာက္တစ္စီးကပိလန္ရွင္းထံလွမ္းဆက္သြယ္လိုက္သည္။

"သူတို႔ကိုအစမ္းတြန္းထည့္ပစ္ၾကည့္လိုက္။"

သူ႔ဆိုလိုရင္းကို ပိလန္ရွင္းကသေဘာေပါက္ကာ တစ္ခ်ိန္တည္းမွာပဲ တုတ္ခိုင္သန္မာသည့္အဆိပ္ႏြယ္ပင္ငါးတန္းအားထုတ္လႊတ္လိုက္၏။ ႏြယ္ပင္တို႔ကကားျပတင္းေပါက္မွထြက္ကာ ခပ္ျမန္ျမန္ရွင္သန္ႀကီးထြားလာလ်က္ လမ္းမႀကီးေပၚအျမစ္တြယ္ရင္း တိုေတာင္းသည့္စကၠန့္ပိုင္းအတြင္းမွာပဲ သရဲရွာေဖြေရးအဖြဲ႕၏ကားေရွ႕ေရာက္သြားေတာ့သည္။ အနက္ေရာင္စပါးအုံငါးေကာင္အလား ႏြယ္ပင္အခ်င္းခ်င္းယွက္ႏြယ္ကာ ႏြယ္တို႔ျဖင့္ယက္ထားသည့္ပိုက္ကြန္လက္ဝါးသဖြယ္ျဖစ္သြားၿပီး သံတန္းအကာအစပ္နားေမွာက္ဖို႔နီးေနသည့္ Benz G-Classကားအား တြန္းထည့္ပစ္ဖို႔ျပင္လိုက္၏။

အဆိပ္ရည္တို႔စိုရႊဲေနသည့္ပိုက္ကြန္သဖြယ္ႏြယ္တို႔ ကားကိုယ္ထည္အားထိေတာ့မည့္အခိုက္မွာပဲ တစ္မီတာအခ်င္းရွိသည့္စက္ဝိုင္းသဏၭာန္ကာကြယ္ေရးအဟန့္အတားတစ္ခုက ထြက္ေပၚလာခဲ့ေပသည္။ အဟန့္အတားမွ အဝါေဖ်ာ့ေဖ်ာ့ေရာင္ျပန္လက္ေနၿပီး အတိမ္အနက္မတူညီသည့္စက္ဝိုင္းပုံကလိုင္အေခါင္းမ်ိဳးရွိကာ ႏြယ္ပင္ႏွင့္ကားကိုယ္ထည္ၾကားလြင့္ေမ်ာေနေလလ်က္။ စကၠန့္ပိုင္းအတြင္းကို ႏြယ္ပင္မွာလက္မဝက္မၽွပင္ေရွ႕ဆက္မတိုးနိုင္ေတာ့ ၊ ဖ်က္စီးတိုက္စားနိုင္စြမ္းသည့္အဆိပ္မွာ စက္ဝိုင္းသဏၭာန္အဟန့္အတားရဲ့စုပ္ယူျခင္းကိုခံေနရၿပီး ကားကိုယ္ထည္၏အစြန္အဖ်ားကေလးကိုမွ ထိပါးလို႔မရဘဲရွိသည္။

ေျမာက္အေမရိကမီးခိုေရာင္ဝံပုေလြ၏ J1ခြဲထြက္စြမ္းရည္ ၊ အျပည့္အဝလၾကတ္ျခင္း - ကာကြယ္ေရးအဟန့္အတားစြမ္းရည္ပုံစံမ်ိဳးပင္ ၊ လဝန္းရဲ့ကာကြယ္မွုအတြင္း၌ ဘာထိခိုက္ဒဏ္ရာမွမရရွိ ၊ သို႔ေပမယ့္အခ်ိန္ႏွင့္ ထိခိုက္မွုအတိုင္းအတာမတူညီမွုအေပၚ၌ လဝန္းမွာ လျပည့္မွတည္လျခမ္းေကြးသို႔ေျပာင္းကာ အဆုံးမွာေတာ့ေပ်ာက္ကြယ္သြားၿပီး ကာကြယ္ေရးအဟန့္အတားလည္းတျဖည္းျဖည္းလြင့္ပါးလို႔သြားေပမည္။

ထိုအေၾကာင္းအရင္းေၾကာင့္ပဲ ပိုင္ခ်ဴန်န္ လန္ေပါအား ဒရိုင္ဘာကိုမဟုတ္ဘဲ ကားေနာက္ဘီးကိုပဲပစ္ခိုင္းဖို႔ေရြးခ်ယ္လိုက္ျခင္း။ သရဲရွာေဖြေရးအဖြဲ႕က ေလးေယာက္၏ရင္ဘက္ေရွ႕ကသုတ္သင္ထားသည့္အေရအတြက္ႏွင့္ စာေမးပြဲစခ်ိန္မွအခုခ်ိန္ထိကိုအကဲျဖတ္ၾကည့္ပါက သရဲရွာေဖြေရးအဖြဲ႕၏စစ္နည္းဗ်ဴဟာက ကားနဲ႔ပတ္ၿပီးကိုလူသတ္ေနျခင္းပင္ ၊ လိုက္သတ္ေနသည့္ဒီေလာက္လူအမ်ားႀကီးထဲ ဒရိုင္ဘာကိုရွင္းပစ္ဖို႔လုပ္မည့္စနိုက္ပါသမားတစ္ေယာက္မွမရွိဆိုတာမျဖစ္နိုင္။

ဒရိုင္ဘာသည္ကား အဖြဲ႕၏အဓိကက်သူျဖစ္လ်က္ ေရွ႕ဘက္ျမင္ကြင္တစ္ခုလုံးႏွင့္ ေနာက္ၾကည့္မွန္သုံးလုံးကိုအသုံးခ်ကာ အေျခအေနကိုစနည္းနာနိုင္ၿပီး ဗ်ဴဟာႏွင့္ ညႊန္ၾကားမွုတို႔ကိုေျပာင္းလဲနိုင္ေပသည္။ ဒရိုင္ဘာသာစနိုက္ပါေၾကာင့္ႂကြသြားတာႏွင့္ အဖြဲ႕သားေတြအခ်င္းခ်င္းအျပန္အလွန္နားလည္ေနလည္း အခ်ိန္ယူၿပီးေတာ့ကိုျပန္ညႇိၾကရမွာျဖစ္သည္။

ေစာနက သရဲရွာေဖြေရးအဖြဲ႕ရဲ့ကားမ်က္ႏွာခ်င္းဆိုင္ဝင္တိုးလာတုန္းကဆို ေသနတ္သမားသုံးေယာက္စလုံးက အဆက္မျပတ္သာပစ္ေနၿပီး မည္သူမွဒရိုင္ဘာကိုကာကြယ္ျခင္းမရွိ။ ဒီအဖြဲ႕စည္းလုံးမွုနည္းလိုက္တာဆိုသည့္အေၾကာင္းကိုမသုံးသပ္ခင္ ဒရိုင္ဘာကိုယ္တိုင္ကိုကကာကြယ္နိုင္တဲ့စြမ္းရည္ရွိေနေၾကာင္းေဖာ္ျပရာေရာက္၏။ သုံးေယာက္စလုံးၿပိဳင္တူက်ည္လဲၾကတာကိုက ဗ်ဴဟာမွားသြားၾကျခင္း ၊ စည္းလုံးမွုရွိၾကသည့္အဖြဲ႕ထဲ၌ထိုသို႔မ်ိဳးအခြင့္အေရးကျဖစ္ခဲ၏။ ထို႔အျပင္ အခြင့္အေရးကိုအရယူကာ သရဲရွာေဖြေရးအဖြဲ႕ကိုစနိုက္ပါနဲ႔ပစ္ၿပီး ကလဲ့စားေခ်ျပန္ေပးဆပ္ရေအာင္လုပ္တာထက္ ေနာက္ဘီးကိုပစ္ထည့္လိုက္တာက အေကာင္းဆုံးေရြးခ်ယ္ခ်က္ပါပင္။

သံတန္းအကာရွိရာသို႔ကားတစ္ဝက္ေလာက္ထိေခ်ာ္ထြက္သြားသည့္ Benz G-Classမွာ မထင္မွတ္ထားစြာပင္ လမ္းမထက္ျပန္တက္လာခဲ့၏။

ပိုင္ခ်ဴန်န္ ေနာက္ၾကည့္မွန္မွေန မီးခိုးေရာင္ဝံပုေလြရဲ့သူ႔ထံစိန္ေခၚသည့္သေဘာဘယ္ဘက္မ်က္လုံးမွိတ္ျပလာၿပီး ေဆးျပင္းလိပ္ကိုခဲထားလ်က္မွ ပါးစပ္လွုပ္႐ုံလွမ္းေျပာလာသည္အား ေတြ႕လိုက္ရသည္။

"တစ္ခရီးတည္းပါလား ဘရို။"

"ဘယ္သူက မင္းနဲ႔ယီးကိုတစ္ခရီးတည္းတုန္း။"

ပိုင္ခ်ဴန်န္ ကိုယ္ကိုလွည့္၍ကားအမိုးေပၚထြက္လိုက္ၿပီး ဘယ္လက္ထဲSA80ရိုင္ဖယ္ကိုကိုင္ဆြဲကာ လြင့္ေမ်ာေနသည့္လဝန္းထံပစ္ထည့္လိုက္သည္။ လဝန္းအကာအကြယ္ကလ်င္ျမန္စြာပဲေပ်ာက္ကြယ္လ်က္ လျပည့္ဝန္း၏ေထာင့္တစ္ေနရာ၌ လၾကတ္သလိုႏွင့္ဆင္တူသည့္အဟေလးျဖစ္ေပၚလာခဲ့၏။ တစ္ဆက္တည္းမွာပဲ ပိုင္ခ်ဴန်န္က ကားအမိုးေပၚညာလက္ကိုထုတ္ကာ Desert Eagleပစၥတိုအားလက္ထဲႏွစ္ပတ္ေလာက္လွည့္လိုက္ၿပီးတန္းကာ ပစ္ထည့္လိုက္၏။ က်ည္ဆန္ကတိတိပပပဲ လၾကတ္သည့္အဟေလးမွျဖတ္၍ Benz G-Classကားေရွ႕က ေလကာမွန္အားျဖတ္ေဖာက္သြားခဲ့ေတာ့သည္။ ပိုင္ခ်ဴန်န္က လက္ကိုေနာက္သို႔စမ္းကာ စပါးအုံဆုံလည္ေသနတ္ကိုေကာက္ယူၿပီး တစ္ဆက္တည္းပဲတစ္ခ်က္ပစ္ထည့္လိုက္ျပန္၏။ က်ည္ဆန္မွာ ေရွ႕က Desert Eagleပစၥတိုေဖာက္ဝင္ထားသည့္က်ည္ေပါက္ထဲတန္းဝင္ကာ မီးခိုးေရာင္ဝံပုေလြ၏ဘယ္ဘက္ပုခုံးထံ ထိမွန္လ်က္ေသြးတို႔ျဖာထြက္လာေခ်သည္။

ဟယ္ေဆာ္ေဝ့၏ေရွ႕ရင္ဘက္က ေသြးပမာဏအတန္းမွာ ၅ပုံ၁ပုံခန့္ေလ်ာ့က်သြားလ်က္ ေသြးထြက္ေနသည့္က်ည္ဒဏ္ရာထံလက္ျဖင့္ဖိထားရင္း ေနာက္ၾကည့္မွန္မွေန ပိုင္ခ်ဴန်န္ထံလွမ္းၾကည့္လာ၏။ မ်က္ဝန္းအၾကည့္တို႔ထဲ က်ီစယ္ဟန္ႏွင့္ ေစ့ေစ့စပ္စပ္စူးစမ္းလာမွုတို႔ပါ၏။

ထိုသူ႔အၾကည့္တို႔က ႐ုတ္ျခည္းပင္လန္ေပါကိုယ္ထက္က်ေရာက္သြားသည္။ လန္ေပါ၏ပတ္တီးတို႔ပတ္ထားသည့္ၾကားက လွစ္ဟေပၚေနသည့္ညႇပ္ရိုးမွတည္ ခါးပတ္ပတ္ထားသည့္ခါးသြယ္သြယ္ထိစူးစူးရဲရဲၾကည့္လာ၏။ တစ္ဖန္စိတ္ဝင္တစားျဖင့္ ဆူးေတာင္ေရယက္တို႔ႏွင့္ဖုံးကြယ္ထားသည့္ ဗိုက္ေအာက္ပိုင္းနားကprivateေနရာထံသို႔စိုက္ၾကည့္ကာ ေခါင္းလွည့္၍ေနာက္ၾကည့္မွန္ထဲက ပိုင္ခ်ဴန်န္၏သတိေပးတဲ့အၾကည့္တို႔ႏွင့္အၾကည့္ျပန္ဆုံလ်က္ ေဆးျပင္းလိပ္ကိုခဲထားရင္း ေလတစ္ခ်က္ခၽြန္ကာ ႏွုတ္ခမ္းလွုပ္႐ုံက်ီစယ္လာပါသည္။

"မင္းကားေပၚကOေလးက သိပ္ကိုေဟာ့လြန္းပါလား ၊ ခဏေလာက္ကစားရေအာင္ငွားပါဦးလား ၊ ငါ့စီကအဖြဲ႕သားတစ္ေယာက္နဲ႔လဲမယ္ေလ။"

"မင္းကိုယ္တိုင္နဲ႔လာလဲလိုက္ေလ ၊ ငါမင္းကိုအမွတ္အသားေပးၿပီး ညည္းသံထြက္ငိုယိုလာတဲ့အထိfxxkေပးမယ္။"

ပိုင္ခ်ဴန်န္ ေအးစက္စြာႏွုတ္ခမ္းစြန္းကိုပင့္လိုက္ၿပီး ႐ုတ္ျခည္းပင္ဘရိတ္ကိုနင္းကာလမ္းေၾကာင္းေျပာင္းလိုက္ေတာ့သည္။ ထို႔ေနာက္driftဆြဲကာကားေနာက္ၿမီးကိုယမ္းထည့္လိုက္ၿပီး ေဘးနားရွိေနသည့္ Benz G-Classအား သံတန္းအကာအျပင္ဘက္ထိအလဲထိုးတြန္းထည့္ပစ္လိုက္ေတာ့၏။ ကိုယ္တိုင္၏ကားကိုယ္ထည္ေနာက္ပိုင္းတစ္ဝက္ေလာက္ကလည္း လမ္းမနဲ႔လြတ္ကာေလထဲယက္ကန္ေနၿပီး ကားေရွ႕ဘီးမွာဆိုလမ္းမ်က္ႏွာျပင္ထက္႐ုန္းကန္ပြတ္တိုက္ေန၍ မီးဖြားတို႔ျဖာထြက္လာရ၏။ လန္ေပါက ကားအမိုးမွခုန္ထြက္လိုက္ၿပီး လက္ႏွစ္ဖက္ကသံတန္းအကာကိုထိန္းကိုင္ကာ ငါးအၿမီးျဖင့္ကားေနာက္ၾကည့္မွန္ကိုခပ္တင္းတင္းရစ္ပတ္လို႔ ကားကိုယ္ထည္ကိုဖမ္းထိန္းထားလိုက္၏။ ပိလန္ရွင္းကအခ်ိန္မီကားေခါင္းျပန္လွည့္လာၿပီး ႏြယ္ပင္တို႔ျဖင့္BMWအား လမ္းမေပၚေရာက္ေအာင္ အသာျပန္ဆြဲယူလိုက္ေပသည္။

အေဝးေျပးလမ္းမ၏ေအာက္ဘက္တခြင္တျပင္က ျမစ္ေရတို႔ျဖစ္ကာ သရဲရွာေဖြေရးအဖြဲ႕၏ကားမွာဆို နစ္ျမဳပ္သြား၍အမိုးပင္မေပၚေတာ့ ၊ သို႔တိုင္သုတ္သင္လိုက္ေၾကာင္း ထုတ္ျပန္လာျခင္းကားမရွိ။

ပိုင္ခ်ဴန်န္ စတီယာရင္ကိုတို႔ေခါက္ရင္းတာရိုးေပၚကေန ခဏမၽွေစာင့္ေနမိသည္။ က်ီးကန္းOmegaကခပ္တိုးတိုးဆိုလာ၏။

"သူတို႔ေတြေရငုပ္ၿပီး ငါတို႔နဲ႔ေဝးရာကိုသြားၾကၿပီရယ္။"

"ေသာက္ပိန္း။"

လန္ေပါက သံတန္းအကာေပၚငါးအၿမီးကိုရစ္ပတ္ထား၏။ မျပဳံးမရယ္မ်က္ႏွာထားျဖင့္ ေနေရာင္ေၾကာင့္တလက္လက္လင္းလဲ့ေနသည့္ေရမ်က္ႏွာျပင္ကို စိုက္ၾကည့္ေနရင္း လက္ေခ်ာင္းေလးကိုေထာင္ကာ ေလထဲလွုပ္ရွားထိုးညႊန္လိုက္ခိုက္မွာပဲ ၿငိမ္သက္ေနသည့္ျမစ္ေရျပင္က ႐ုတ္တရက္လွိုင္းလုံးတို႔ထလာေတာ့သည္။ သူကအလြယ္တကူပဲ ထိုလွိုင္းလုံးတို႔အား မီးခိုးေရာင္ဝံပုေလြAlphaေနာက္လိုက္ေစကာ ျမစ္ေရတို႔ျဖင့္ေရထဲေမ်ာပါေနသည့္သစ္တုံးကိုေထြးပတ္လို႔ ဝံပုေလြAlphaကိုယ္ထက္ရိုက္ခ်က္တို႔က်ေစလ်က္ မျပတ္ေသြးပမာတို႔ေလ်ာ့က်လာေစ၏။

ပိုင္ခ်ဴန်န္႐ုတ္တရက္မွာပဲ တစ္ခ်က္ထရယ္မိရသည္။

"ဆဲတဲ့စကားၾကတတ္တာျမန္ခ်က္ပဲ ၊ မင္းကိုသင္ေပးထားတဲ့ခ်ဴေကာဆိုတာကိုေရာ တတ္ၿပီလား?"

လန္ေပါႏွုတ္ခမ္းကိုစုကာ ေလးေလးနက္နက္ေနာက္ကလိုက္ေျပာမိ၏။

"chu...... chu...... g......"

"? စကားကိုကြက္ၿပီးေတာင္ေလ့လာတယ္ေပါ့?"

ပိုင္ခ်ဴန်န္ ကားခုံေအာက္ကက်ည္ဆံအခြံတစ္ေတာင့္ကိုေကာက္၍ လန္ေပါေခါင္းထက္ပစ္ေပါက္လိုက္ပါသည္။

"ကားေပၚတက္။"





ပိလန္ရွင္း လွမ္းေမးလိုက္သည္။

"ေနာက္ကလိုက္မလား?"

ပိုင္ခ်ဴန်န္က မီးခိုးတို႔အူထြက္ေနသည့္ကားေခါင္းကိုၾကည့္ၿပီးေနာက္ ခဏၾကာေတြးဆရင္း. .

"မလိုက္ဘူး သူတို႔ဘာသာသြားပါေစ။"

"ငါတစ္ခုစဥ္းစားေနတာ။"

ပိုင္ခ်ဴန်န္က ပ်င္းရိစြာေလာ္စပီကာကိုႏွိပ္ႏွိပ္ကစားေနရင္းေျပာလိုက္သည္။

"ငါ့အထင္ေတာ့ မစ္ရွင္စာရြက္ေပၚကမစ္ရွင္ေတြကရိုးရွင္းလြန္းတယ္ ၊ တည္ေနရာေတြကလည္းစု​ေနတာ ၊ အေျခခံအားျဖင့္ဆိုငါတို႔ေတြစုၿပီးခ်လိုက္ၾက႐ုံပဲ ဒါကိုသရဲရွာေဖြေရးအဖြဲ႕က လမ္းၾကဳံေနတုန္းကိုဘာလို႔မစ္ရွင္မလုပ္ၾကတာလဲ ၊ ေခါင္းဆယ္ေခါင္းမွ ၾကယ္တစ္လုံးေလးရမွာကြာ မစ္ရွင္ဆိုတစ္ခုကိုၾကယ္တစ္လုံး ၿပီးအလ်ဥ္းသင့္လူသတ္႐ုံပဲ ၊ မစ္ရွင္လုပ္တာကပိုအက်ိဳးရွိမွန္းအသိသာႀကီးဟာ။"

"မင္းတို႔ေျပာၾကည့္ သရဲရွာေဖြေရးအဖြဲ႕ရဲ့မစ္ရွင္အကုန္လုံးက သုေတသနဌာနမွာပဲရွိၿပီး ဟို1513စမ္းသပ္ခံခႏၶာနဲ႔မ်ားဆက္စပ္ေနမလား။"

"Aရွိလားအဖြဲ႕ရဲ့မစ္ရွင္အကုန္လုံးက 1513စမ္းသပ္ခံခႏၶာအေၾကာင္းသိနားလည္ေအာင္လုပ္ရမွာ ၊ ဒို႔အဖြဲ႕ကၾက 1513စမ္းသပ္ခံခႏၶာကိုမၽွားေခၚၿပီး ဓာတ္ပုံရိုက္ရမွာ ၊ ဒီျဖစ္စဥ္ကိုသုံသပ္ၾကည့္ၾကည့္ရင္ သရဲရွာေဖြေရးအဖြဲ႕ရဲ့မစ္ရွင္ကၾက 1513စမ္းသပ္ခံခႏၶာကိုရွင္းပစ္ရမွာမ်ားလားပဲ? ဒါကိုသူတို႔ကမလုပ္နိုင္တဲ့အတြက္ လူေတြပဲလိုက္သတ္ေနေတာ့တာေလ။"

ပိုင္ခ်ဴန်န္ေပါင္ကိုတစ္ခ်က္ပုတ္ထည့္လိုက္ၿပီး ေလာ္စပီကာကိုင္ကာကားေခါင္မိုးေပၚထြက္၍ ေမးေထာက္လ်က္မွ အေဝးေျပးလမ္းမေအာက္ရွိျမစ္ေရျပင္ထံငုံ႔ေအာ္ေျပာလိုက္ေတာ့သည္။

"သုေတသနဌာနမွာဆုံမယ္ ဘရိုေရ ၊ ေၾကာက္ခ်ီးပါေအာင္ထိမင္းတို႔ကိုရိုက္ႏွက္ျပမယ္။"

Continue Reading

You'll Also Like

731K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
32.6K 2.5K 39
BOOK-2 #Eng tran-Kuaikan Comics #Credit to the origin #Translated by Daisy🌼🌼🌼
172K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...